Friday, July 30, 2021

ငါးပေါင်းချက် နှင့် ငါးထမင်

ငါးပေါင်းချက် နှင့် ငါးထမင်း


ဥရောပမြောက်ပိုင်းဒေသတွေမှာ ချက်စားတတ်တဲ့ဟင်းလျာတွေထဲက Scandinavian လူမျိုးအချို့ချက်စားတဲ့ ဟင်းလျာနှစ်ခုကို တုပပြီး ချက်ပြုတ်စားသောက်ကြည့်ရအောင်။ ငါးပေါင်းချက်လို့ဆိုတဲ့ဟင်းလျာကတော့ ငါးအသားလုံး (fish balls) လို့အဓိပ္ပာယ်ရတဲ့ Fiskeboller ဟင်းလျာနဲ့ဆင်ပါတယ်။ Norwegian ရိုးရာဟင်းလျာတစ်ခွက်ပေါ့။ နောက်တစ်ခုကတော့ ချက်ပြီးသားထမင်း ငါးအသားနဲ့ ပြန်ပေါင်းစားတဲ့ ငါးထမင်းပါ။ လွယ်ကူရိုးရှင်းပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သည်မှာရှိတဲ့ ဟင်းအမယ်တွေကိုပဲဦးစားပေးထားတယ် ဗျ။


ငါးပေါင်းချက်




ငါး(အရိုးလွတ်) ၂၅ကျပ်သား၊ ထောပတ် သင့်ရုံ၊ ကြက်ဥ ၄လုံး၊ ဂျုံမှုန့် ၃ဇွန်း၊ ငရုတ်ကောင်း/ဆား သင့်ရုံ၊ နို့ချဉ် ၄ဇွန်း၊ ပေါင်မုန့် သင့်ရုံ။

ပြင်ဆင်ချက်ပြုတ်ပုံ

ငါးကို ထောပတ်နှင့်ရောပြီး အစေးပေါက်အောင် ထောင်းပါ။ ကြက်ဥ (၄)လုံး၏ အနှစ်၊ ဆား၊ ငရုတ်ကောင်း၊ ဂျုံမှုန့်တို့ကိုရောခေါက်ပါ။

ထောင်းပြီးသည့် ငါး၊ နို့ချဉ်တို့ကိုထည့်ပြီး တစ်နာရီခန့်ကြာအောင်မွှေပါ။

ချိုင့်ငယ်တစ်ခုကို ထောပတ်သုတ်၍ ငါး နို့ချဉ်အရောကိုထည့်ပါ။ ပေါင်မုန့်ချေပြီးသား၊ ကြက်ဥ အကာရည်တို့ကိုအပေါ်မှ လောင်းထည့်ပါ။

စက္ကူ သို့မဟုတ် ဖက်ကို ဆီသုတ်ပြီးဖုံးအုပ်၍ နပ်အောင်ပေါင်းရပါမည်။


ငါးထမင်း




ပါဝင်ပစ္စည်းများ

ကြိုက်နှစ်သက်ရာ ငါးအသားလွှာ အနည်းငယ်၊ ဆန် (တစ်ဘူးချက်)မှရသည့် ထမင်း၊ ကြက်ဥ ၂လုံး၊ ဆား အနည်းငယ်။

ပြင်ဆင်ချက်ပြုတ်ပုံ

ဆန်တစ်ဗူးချက်မှရသည့် ထမင်းကို အအေးခံပါ။ ငါးကို သေးသေးမျှင်မျှင်လှီးထားပါ။

ထမင်း၊ ငါးမျှင်များနှင့် ကြက်ဥ ၂လုံး ဖောက်ထည့်၊ ဆားထည့်ပြီး သမအောင်နယ်ပါ။

ဒယ်အိုးကိုဆီသုတ်ပြီး ထမင်းများထည့်ပါ။ ဖက် သို့မဟုတ် အဖုံးကို ထောပတ်သုတ်ပြီး ဖုံးပါ။ မီးကျီခဲနှင့် နပ်အောင်နှပ်ပါ။


[Zawgyi]ငါးေပါင္းခ်က္ ႏွင့္ ငါးထမင္း


ဥေရာပေျမာက္ပိုင္းေဒသေတြမွာ ခ်က္စားတတ္တဲ့ဟင္းလ်ာေတြထဲက Scandinavian လူမ်ိဳးအခ်ိဳ႕ခ်က္စားတဲ့ ဟင္းလ်ာႏွစ္ခုကို တုပၿပီး ခ်က္ျပဳတ္စားေသာက္ၾကၫ့္ရေအာင္။ ငါးေပါင္းခ်က္လို႔ဆိုတဲ့ဟင္းလ်ာကေတာ့ ငါးအသားလံုး (fish balls) လို႔အဓိပၸာယ္ရတဲ့ Fiskeboller ဟင္းလ်ာနဲ႔ဆင္ပါတယ္။ Norwegian ရိုးရာဟင္းလ်ာတစ္ခြက္ေပါ့။ ေနာက္တစ္ခုကေတာ့ ခ်က္ၿပီးသားထမင္း ငါးအသားနဲ႔ ျပန္ေပါင္းစားတဲ့ ငါးထမင္းပါ။ လြယ္ကူရိုးရွင္းပါတယ္။ ပါဝင္ပစၥည္းေတြကေတာ့ သည္မွာရိွတဲ့ ဟင္းအမယ္ေတြကိုပဲဦးစားေပးထားတယ္ ဗ်။


ငါးေပါင္းခ်က္





ငါး(အရိုးလြတ္) ၂၅က်ပ္သား၊ ေထာပတ္ သင့္ရံု၊ ၾကက္ဥ ၄လံုး၊ ဂ်ံဳမႈန႔္ ၃ဇြန္း၊ ငရုတ္ေကာင္း/ဆား သင့္ရံု၊ ႏို႔ခ်ဉ္ ၄ဇြန္း၊ ေပါင္မုန႔္ သင့္ရံု။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ငါးကို ေထာပတ္ႏွင့္ေရာၿပီး အေစးေပါက္ေအာင္ ေထာင္းပါ။ ၾကက္ဥ (၄)လံုး၏ အႏွစ္၊ ဆား၊ ငရုတ္ေကာင္း၊ ဂ်ံဳမႈန႔္တို႔ကိုေရာေခါက္ပါ။

ေထာင္းၿပီးသၫ့္ ငါး၊ ႏို႔ခ်ဉ္တို႔ကိုထၫ့္ၿပီး တစ္နာရီခန႔္ၾကာေအာင္ေမႊပါ။

ခ်ိဳင့္ငယ္တစ္ခုကို ေထာပတ္သုတ္၍ ငါး ႏို႔ခ်ဉ္အေရာကိုထၫ့္ပါ။ ေပါင္မုန႔္ေခ်ၿပီးသား၊ ၾကက္ဥ အကာရည္တို႔ကိုအေပၚမွ ေလာင္းထၫ့္ပါ။

စကၠူ သို႔မဟုတ္ ဖက္ကို ဆီသုတ္ၿပီးဖံုးအုပ္၍ နပ္ေအာင္ေပါင္းရပါမည္။


ငါးထမင္း




ပါဝင္ပစၥည္းမ်ား

ႀကိဳက္ႏွစ္သက္ရာ ငါးအသားလႊာ အနည္းငယ္၊ ဆန္ (တစ္ဘူးခ်က္)မွရသၫ့္ ထမင္း၊ ၾကက္ဥ ၂လံုး၊ ဆား အနည္းငယ္။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ဆန္တစ္ဗူးခ်က္မွရသၫ့္ ထမင္းကို အေအးခံပါ။ ငါးကို ေသးေသးမ်ွင္မ်ွင္လွီးထားပါ။

ထမင္း၊ ငါးမ်ွင္မ်ားႏွင့္ ၾကက္ဥ ၂လံုး ေဖာက္ထၫ့္၊ ဆားထၫ့္ၿပီး သမေအာင္နယ္ပါ။

ဒယ္အိုးကိုဆီသုတ္ၿပီး ထမင္းမ်ားထၫ့္ပါ။ ဖက္ သို႔မဟုတ္ အဖံုးကို ေထာပတ္သုတ္ၿပီး ဖံုးပါ။ မီးက်ီခဲႏွင့္ နပ္ေအာင္ႏွပ္ပါ။

No comments: