Wednesday, July 21, 2021

မိမိကိုယ်ကို အောက်ဆီဂျင်ဖြည့်နိုင်သော နည်းလမ်းကောင်းမျာ

 [Unicode]မိမိကိုယ်ကို အောက်ဆီဂျင်ဖြည့်နိုင်သော နည်းလမ်းကောင်းများ

=======================

#ဆောင်းပါးရှင် ပေါက်ပေါက်




            ကိုဗစ်ရောဂါဖြစ်လျှင် ရုတ်တရက် သွေးတွင်း အောက်ဆီဂျင်ကျသည့် အခြေအနေများရှိလာသည်။ ကိုဗစ်နှင့်ထိတွေ့မိသူတချို့မှာ ကိုယ်ပူ ခြင်းမရှိဘဲ အနံ့ပျောက်ခြင်းလက္ခဏာများ နှင့် ၄င်းမှတဆင့် အသက်ရှုလမ်းကြောင်းထဲ ပိုးဝင်သည့်အချိန်တွင် သွေးတွင်းအောက်ဆီဂျင်များ ရုတ်တရက် ကျ ဆင်းတတ်သည်။ ကိုဗစ်ပိုးက  မျက်စိ (သို့မဟုတ်) အသက်ရှုလမ်းကြောင်းမှတဆင့် အဆုထ်ထိရောက်သွားကာ၊ အဆုတ်ရောင်သည့် အခြေအနေထိ မဖြစ် သေးသော်လည်း သူ့အလိုလို အောက်ဆီဂျင် တိတ်တဆိတ်ကျနေတတ်သည်။ ကိုယ်ခံစွမ်းအား မကောင်းသူ၊ ခံနိုင်ရည်အားနည်းသူတို့တွင် ပထမအဆင့်  မှာပင် အောက်ဆီဂျင် သိသိသာသာ ကျနေသည်။ ထို့ကြောင့် ၄င်းပိုးများကို ခုခံနိုင်ရန်အတွက် မိမိခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် ပြည့်ဝနေဖို့လိုပါသည်။ ဦး နှောက်၏အလေးချိန်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ နှစ်ရာခိုင်နှုန်းအလေးချိန်ရှိပြီး၊ အကယ်၍ ဦးနှောက်ထဲ အောက်စီဂျင်ပြတ်လပ်ပါက အသက်အန္တရာယ် ကြုံတွေ့နိုင်ပါသည်။


အောက်ဆီဂျင်ပြည့်ဝစေမည့် အမူအကျင့်လေးများ။


နိစ္စဓူဝနေထိုင်မှု စနစ်တွင် အောက်ဖော်ပြပါ နည်းလမ်းကောင်းများဖြင့် မိမိကိုယ်ကို အောက်ဆီဂျင်ဖြည့်တင်းနိုင်ပါလိမ့်မည်။


·         အောက်၁ီဂျင် အလုံအလောက်ရရှိစေရန်အတွက် သန့်ရှင်းသောလေကို၀၀ရှူပါ။


·         ရေသောက်များခြင်းက ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် ပြည့်ဝနိုင်သည့်အပြင်၊ ခံတွင်းနှင့် အစာရေမျိုလမ်းကြောင်း တစ်လျှောက်ရှိ ကူးစက် ဗိုင်းရပ်စပ်ပိုးမွှားများကိုလည်း ရှင်းလင်းသုတ်သင်ပေးပါသည်။ ထို့ကြောင့် COVID-19 ကူးစက်မြန်ဆန်နေသော ကာလအတွင်း သန့်ရှင်း သော ရေကို ယခင်ထက် ပို၍သောက်သင့်ပါသည်။


·         အိပ်ရေး၀၀ အိပ်စက်ပါ။ အခန်းထဲမှာ အောက်ဆီဂျင်နည်းနေပါက အိပ်မောကျခြင်းကို မဖြစ်စေနိုင်တော့ပေ။ အထူးသဖြင့် အိပ်ပျော်နေစဉ် ဟောက်လေ့ရှိသူများ၊ နှလုံးသည်ခြေ အားနည်းသူများ နှင့် အဆုတ်ရောဂါရှိသူများအတွက် အိပ်ခန်းထဲတွင် လေ၀င် လေထွက်ကောင်းဖို့ လိုအပ်သည်။ ထို့ကြောင့် ညအိပ်သည့်အခါ အိပ်ခန်း ပြူတင်းပေါက်များ ဖွင့်အိပ်ပါ။


·         အားရပါးရ ရီ(ရယ်)မောခြင်းကလည်း သွေးထဲမှာ အောက်ဆီဂျင်တိုးပွားစေရန်သာမက၊ ခန္ဓာကိုယ်တွင်း ကလီစာများ၏ ကျန်းမာရေးအ တွက်ကိုပါ များစွာ အထောက်အကူဖြစ်စေပါသည်။


·         နိစ္စဓူဝလှုပ်ရှားမှုတိုင်းကို လေ့ကျင့်ခန်းဆန်ဆန် သွက်လက်စွာလှုပ်ရှားပေးပါ။ ကိုယ်လက်လှုပ်ရှားခြင်းက သွေးများ ကောင်းစွာလည်ပတ် စီးဆင်းစေကာ၊ ၄င်းသွေးကြောများမှတဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသို့ အောက်ဆီဂျင် ပြန့်နှံ့ရောက်ရှိစေသည်။ ထိုအခါ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ချိုတဲ့မှု မဖြစ်စေတော့ပေ။


·         ယောဂကျင့်ခြင်း နှင့် တရုတ်ရိုးရာ ထိုက်ချိကစားနည်းကဲ့သို့သော Qigong Shaking ကစားနည်းကလည်း သွေးလည်ပတ်မှု အားကောင်း စေကာ၊ ဦးနှောက်ထဲသို့ အချိန်တိုတွင်းမှာပင် အောက်ဆီဂျင် ရောက်ရှိစေရန် ပံ့ပိုးပေးနိုင်ပါသည်။


·         အနှိပ်ခံ အကြောဖြေခြင်းကလည်း အာရုံကြောများ၊ သွေးဖြူဥ နှင့် သွေးနီဥများကို အောက်ဆီဂျင်အာဟာရ ပြည့်ဝ၍  ကောင်းစွာလည် ပတ်စေသည်။ ထို့ပြင်ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ရှင်းလင်းပေးပါသည်။ ထို့ကြောင့် အခါအား လျော်စွာ အနှိပ်ခံသင့်ပါသည်။


အောက်ဆီဂျင်ဓာတ် ဖြည့်တင်းပေးနိုင်သည့် အစားအစာများ။


ဗီတာမင်အေက သွေးနီဥဆဲလ်များအတွက် လိုအပ်သော အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်ပြီး၊ ဗီတာမင်ဘီ-၁၂ နှင့် ဖောလိပ် (ခေါ်) ဗီတာမင် ဘီ-၉ တို့ကလည်း သွေးထဲရှိ အောက်ဆီဂျင် ပမာဏကို တိုးပွားစေပါသည်။ စိမ်းရောင်ခြယ် ကလိုရိုဖီးဓာတ်က လူ့ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်တိုး ပွားအောင် ဆောင်ရွက်ပေးကာ သွေးအားနည်းခြင်းမှ ကာကွယ်ပေးသည်။ ထို့ကြောင့် ၄င်းဗီတာမင်ဓာတ်များ နှင့် အယ်လ်ကာလီတို့ရရှိရာ အရင်းမြစ်များ ဖြစ်ကြသည့် အောက်ဖော်ပြပါ အစားအသောက်များက သွေးကြောများအတွင်း သွေးစီးဆင်းမှုအားကောင်းစေ၍ နေ့စဉ် အစားအသောက်စာရင်း (menu) တွင် အထူး အလေးပေး စားသုံးသင့်ပါသည်။


·         အောက်ဆီဂျင် အများဆုံးပါရှိသော သစ်သီးမှာ သံပုရာသီးဖြစ်သည်။ သံပုရာသီးက ကိုယ်တွင်းကိုယ်ပ အယ်လ်ကာလီ မျှတစေကာ၊ ကိုယ်ခံအားကောင်းစေသည့်အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုအပါအ၀င် အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်ရောဂါပိုးများ အလွယ်တကူ ၀င်ရောက်ခြင်းမှ တားဆီးကာကွယ်ပေးနိုင်သည်။


·         သောက်ရေဖန်ခွက်ထဲသို့ ရေတစ်ဝက် နှင့် ဆော်ဒါမှုန့်ကို  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်သောက်ပါ။ ၄င်းဖျော်ရည်ကို နံနက်အိပ် ယာထတစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း PH ပမာဏကို မျှတစေပြီး အောက်ဆီဂျင် ပြည့်ဝေပါသည်။


·         အောက်ဆီဂျင်ကြွယ်ဝသော ထောပတ်သီး၊ ဘယ်ရီသီးအမျိုးမျိုး၊ မုန်လာဥနီ၊ ငှက်ပျောသီးအမှည့်၊ ကြက်သွန်မြိတ်၊ တရုတ်နံနံပင်ကြီး၊ စွံပလွန်သီးတို့က လူ့ခန္ဓာကိုယ်ကို PH မျှတစေကာ သွေးဖိအားကို ပုံမှန်ဖြစ်စေသည်။


·         ပဲပင်ပေါက်၊ အနီရောင်ပန်းသီး နှင့် တရုတ်ဆီးသီးတို့တွင် လူသားအကျိုးပြု အမျှင်ဓာတ် နှင့် အင်ဇိုင်းများပါရှိနေ၍ ဟော်မုန်း အတက်အကျ ကို ထိန်းသိမ်းပေးသည်။ ထိုဇီဝြဖစ်စဉ်က ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်တိုးပွားလာစေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပေး သည်။


·         စပျစ်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်၊ နာနတ်သီး၊ စပျစ်သီးခြောက်၊ ပင်မှည့်သီး၊ သဘာဝ ဟင်းသီးဟင်းရွက် ဖျော်ရည် နှင့် သစ်သီးစုံ ဖျော်ရည်တို့တွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်ဝ စွာပါရှိနေကြသည်။ ထိုကဲ့သို့ ရုက္ခမူလ အောက်စီဂျင်ဓာတ်များပြည့်ဝနေသော အစားအစာများဖြစ်ကြသည့်အတွက် စားသုံးသူကို သွေးလေညှိပေးကာ ကျန်းမာစေပါသည်။


·         အရသာ ချဉ်ပြုံးပြုံး ကီဝီသီးများက PH ပမာဏ လွန်စွာမြင့်မားကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပေါများလှသဖြင့်၊ လူ့ခန္ဓာကိုယ် အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို ကီဝီသီး တစ်နေ့တစ်လုံးစားခြင်းဖြင့် လုံလောက်စွာ ရရှိနိုင်ပါသည်။


 


·         ကညွတ်၊ ရေညှိ နှင့် ကန်စွန်းရွက်တို့တွင် ရေဓာတ်ပါဝင်မှု ညွှန်းကိန်း ၈.၅ ထိ မြင့်မားစွာပါရှိနေကြသည်။ ၄င်းတို့ကို စားသုံးခြင်းဖြင့် လူ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖြစ်စေတတ်သော အက်ဆစ်တွေကို ပြေလျော့သွားကာ၊ အောက်ဆီဂျင်တိုးပွားလာစေသည်။ ထို့ပြင် ၄င်းအစာအစာတွေက အမိုင်နိုအက်ဆစ်အစွမ်းသတ္တိရှိ၍ အာရုံကြောစနစ်ကို ကောင်းမွန်စေပါသည်။


·         အောက်ဆီဂျင်အမြောက်အများပါရှိသော သရက်သီး၊ သံပုရာသီး၊ ဖရဲသီး၊ တရုတ်နံနံပင်၊ သင်္ဘောသီးတို့ကလည်း ကျောက်ကပ်ကို သဘာဝနည်းအတိုင်း သန့်ရှင်းပေးသည်။ ထို့ပြင် အစာခြေစနစ်ဆိုင်ရာ ဇီဝြဖစ်စဉ်လုပ်ဆောင်နေစဉ်အတွင်း အယ်လ်ကာလီကို မျှခြေဖြစ် စေကာ ကျင်ကြီး၊ ကျင်ငယ် အားလုံး ကောင်းစွာ ဆင်းသက်စေပါသည်။


·         သခွားမွှေးစားပါ။ ရေဓာတ် နှင့် အင်ဇိုင်းများ အပြည့်အ၀ပါရှိသော သခွားမွှေးက စားသုံးသူတိုင်း၏ ဟော်မုန်းဆိုင်ရာ ဂလင်းများအားလုံးကို ကောင်းကျိုးပြုစေသည်။ ထို့ပြင် ပန်ကရိယကိုလည်း လွန်စွာကောင်းကျိုးပြု၍ ဆီးချိုသွေးချို ဝေဒနာသည်များက သခွားမွှေးကို အထူး ရွေးချယ်စားသင့်သည်။


·         ပင်လယ်စာအမျိုးမျိုး နှင့် အနီရောင်အသားတို့ကလည်း သွေးနီဆဲလ်များ ကောင်းစွာတည်ဆောက်မှုကို အားပေးသဖြင့်၊ စားသုံးသူများ အတွက် အောက်ဆီဂျင်ပြည့်ဝရန် တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုပေးနိုင်ပါသည်။


·         အောက်ဆီဂျင်ပါဝင်မှု အမြင့်မားဆုံးအစားအစာ စာရင်းထဲတွင် ပဲစေ့အမျိုးမျိုးလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အထူးသဖြင့် ပဲပိစပ်၊ ပဲလွန်းနီ၊ ပဲလွန်းဖြူ၊ ကုလားပဲခြမ်း တို့က သံဓာတ်အားကောင်းစေကာ သွေးထဲမှာ အောက်ဆီဂျင် ရောက်ရှိအောင် ပံ့ပိုးပေးနိုင်သည်။


·         လူး၊ ဆပ်၊ ပြောင်း စသည့်ကောက်နှံများတွင် သံဓာတ်အပြည့်အ၀ပါရှိနေသည့်အပြင်၊ ဗီတာမင်ဘီ ရာနှုန်းပြည့်ပါဝင် နေ၍ မကြာခဏစား ပေးသင့်ပါသည်။


 


·         ဟင်းနုနယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လံ၊ မုန်ညင်းစိမ်း၊ စိမ်းပြာရေညှိ၊ ဘာလီမြက် စသည့် စိမ်းရောင်ခြယ် ဟင်းသီး ဟင်းရွက်အမျိုးမျိုးတွင် သဘာဝကလိုရိုဖီးဓာတ်များစွာပါရှိသဖြင့် ခန္ဓာကိုယ်ကြီးအတွက်လိုအပ်နေသော အောက်ဆီဂျင်ကို ပေးစွမ်းနိုင်ပါသည်။


အထက်ဖော်ပြပါ အစားအစာများအပြင် ရှောက်သီး၊ ထောပတ်၊ မုန်လာဥနီ၊ စပျစ်သီးခြောက်၊ ကြက်သွန်ဖြူ၊ စွံပလွန်သီး၊ ပဲပင်ပေါက်၊ တရုတ်ဆီး သီး၊ အနီရောင်ပန်းသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ပန်းသစ်တော်၊ ဂေါ်ရခါးသီး၊ နာနတ်သီး၊ ဟင်းသီးဟင်းရွက်ဖျော်ရည်များ၊ သစ်သီးဖျော်ရည်များ၊ ရေမှော်၊ စိမ်းပြာရေညှိ၊ ပန်းဂေါ်ဖီစိမ်း စသည်တို့လည်း အောက်ဆီဂျင်ကြွယ်ဝသော အကောင်းဆုံးအစားအစာများ ဖြစ်ကြသည်။ ထို့ပြင် ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်စီ နှင့် Coenzyme Q10 တို့လည်း ပါရှိနေကြ၍ ၄င်းဓာတ်ပေါင်းစုက ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် အစွမ်းအာနိသင် ဖြစ်စေပါသည်။


Antioxidant ကလည်း အောက်ဆီဂျင်ကြွယ်ဝစေရန် ထောက်ပံ့နိုင်။


ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုးကလည်း လူ့ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း အောက်ဆီဂျင် ကြွယ်ဝစေရန် တစ်ဖက်တစ် လမ်းမှ အထောက်အကူပေးနိုင်ပါသည်။ ထို့ကြောင့် ၄င်း Antioxidant ပြည့်ဝစွာပါရှိသော အစားအစာများ ဖြစ်ကြသည့် ကြက်သွန်ဖြူ၊ ဂျင်း(ချင်း)၊ အုန်းဆီ၊ နနွင်းမှုန့်၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ ဘယ်ရီသီးအမျိုးမျိုး၊ ပဲလွန်းနီ၊ မုန်လာထုပ်၊ စတော်ဘယ်ရီ၊ ဆီး(ဇီး)သီး နှင့် မက်မန်းသီးတို့ကို အခါအားလျော်စွာ စားပေးသင့်ပါသည်။


အချုပ်အားဖြင့်ဆိ်ုသော် ကူးစက်မြန်ဆန် COVID-19 ကာလတစ်ခုတွင်သာ မဟုတ်ဘဲ၊ လူ့ဘ၀တစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာ အသက် ရှည်ရှည်နေနိုင်ရေးအတွက် အောက်ဆီဂျင်၏ အခန်းကဏ္ဍက ရာနှုန်းပြည့်အရေးပါလှသည်။ အဖုအကြိတ် ကင်ဆာဆဲလ်တွေကလည်း အောက်ဆီဂျင်ကို ကြောက်သဖြင့်၊ ကင်ဆာရောဂါမျိုးမျိုးမှ ကြိုတင်ကာကွယ်ထားရန်အတွက် မိမိခန္ဓာကိုယ်တွင်း အောက်ဆီဂျင် ပြည့်ဝနေဖို့လိုပါသည်။ ထို့ကြောင့် အထက် ဖော်ပြပါ ဘဝနေထိုင်မှုပုံစံလေးများအတိုင်း နေထိုင်၍ အောက်ဆီဂျင်ဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကို သဘာဝနည်းအတိုင်း ဖြည့်တင်းပေးနိုင် သော အစားအစာလေးများကို ရွေးချယ်စားသုံးကြစေလိုပါသည်။


စေတနာများစွာဖြင့်


ဆောင်းပါးရှင် ပေါက်ပေါက် Tin Htet Htet Zaw ရေးသားမျှဝေသည်။


[Zawgyi]မိမိကိုယ္ကို ေအာက္ဆီဂ်င္ျဖၫ့္ႏိုင္ေသာ နည္းလမ္းေကာင္းမ်ား

=======================

#ေဆာင္းပါးရွင္ ေေပါက္ေပါက္




            ကိုဗစ္ေရာဂါျဖစ္လ်ွင္ ရုတ္တရက္ ေသြးတြင္း ေအာက္ဆီဂ်င္က်သၫ့္ အေျခအေနမ်ားရိွလာသည္။ ကိုဗစ္ႏွင့္ထိေတြ့မိသူတခ်ိဳ႕မွာ ကိုယ္ပူ ျခင္းမရိွဘဲ အနံ႔ေပ်ာက္ျခင္းလကၡဏာမ်ား ႏွင့္ ၄င္းမွတဆင့္ အသက္ရႈလမ္းေၾကာင္းထဲ ပိုးဝင္သၫ့္အခ်ိန္တြင္ ေသြးတြင္းေအာက္ဆီဂ်င္မ်ား ရုတ္တရက္ က် ဆင္းတတ္သည္။ ကိုဗစ္ပိုးက  မ်က္စိ (သို႔မဟုတ္) အသက္ရႈလမ္းေၾကာင္းမွတဆင့္ အဆုထ္ထိေရာက္သြားကာ၊ အဆုတ္ေရာင္သၫ့္ အေျခအေနထိ မျဖစ္ ေသးေသာ္လည္း သူ႔အလိုလို ေအာက္ဆီဂ်င္ တိတ္တဆိတ္က်ေနတတ္သည္။ ကိုယ္ခံစြမ္းအား မေကာင္းသူ၊ ခံႏိုင္ရည္အားနည္းသူတို႔တြင္ ပထမအဆင့္  မွာပင္ ေအာက္ဆီဂ်င္ သိသိသာသာ က်ေနသည္။ ထို႔ေၾကာင့္ ၄င္းပိုးမ်ားကို ခုခံႏိုင္ရန္အတြက္ မိမိခႏၶာကိုယ္ထဲမွာ ေအာက္စီဂ်င္ ျပၫ့္ဝေနဖို႔လိုပါသည္။ ဦး ေနွာက္၏အေလးခ်ိန္သည္ ခႏၶာကိုယ္တစ္ခုလံုး၏ ႏွစ္ရာခိုင္ႏႈန္းအေလးခ်ိန္ရိွၿပီး၊ အကယ္၍ ဦးေနွာက္ထဲ ေအာက္စီဂ်င္ျပတ္လပ္ပါက အသက္အႏၲရာယ္ ႀကံဳေတြ့ႏိုင္ပါသည္။


ေအာက္ဆီဂ်င္ျပၫ့္ဝေစမၫ့္ အမူအက်င့္ေလးမ်ား။


နိစၥဓူဝေနထိုင္မႈ စနစ္တြင္ ေအာက္ေဖာ္ျပပါ နည္းလမ္းေကာင္းမ်ားျဖင့္ မိမိကိုယ္ကို ေအာက္ဆီဂ်င္ျဖၫ့္တင္းႏိုင္ပါလိမ့္မည္။


·         ေအာက္၁ီဂ်င္ အလံုအေလာက္ရရိွေစရန္အတြက္ သန႔္ရွင္းေသာေလကို၀၀ရႉပါ။


·         ေရေသာက္မ်ားျခင္းက ခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္ ျပၫ့္ဝႏိုင္သၫ့္အျပင္၊ ခံတြင္းႏွင့္ အစာေရမ်ိဳလမ္းေၾကာင္း တစ္ေလ်ွာက္ရိွ ကူးစက္ ဗိုင္းရပ္စပ္ပိုးမႊားမ်ားကိုလည္း ရွင္းလင္းသုတ္သင္ေပးပါသည္။ ထို႔ေၾကာင့္ COVID-19 ကူးစက္ျမန္ဆန္ေနေသာ ကာလအတြင္း သန႔္ရွင္း ေသာ ေရကို ယခင္ထက္ ပို၍ေသာက္သင့္ပါသည္။


·         အိပ္ေရး၀၀ အိပ္စက္ပါ။ အခန္းထဲမွာ ေအာက္ဆီဂ်င္နည္းေနပါက အိပ္ေမာက်ျခင္းကို မျဖစ္ေစႏိုင္ေတာ့ေပ။ အထူးသျဖင့္ အိပ္ေပ်ာ္ေနစဉ္ ေဟာက္ေလ့ရိွသူမ်ား၊ ႏွလံုးသည္ေျခ အားနည္းသူမ်ား ႏွင့္ အဆုတ္ေရာဂါရိွသူမ်ားအတြက္ အိပ္ခန္းထဲတြင္ ေလ၀င္ ေလထြက္ေကာင္းဖို႔ လိုအပ္သည္။ ထို႔ေၾကာင့္ ညအိပ္သၫ့္အခါ အိပ္ခန္း ျပဴတင္းေပါက္မ်ား ဖြင့္အိပ္ပါ။


·         အားရပါးရ ရီ(ရယ္)ေမာျခင္းကလည္း ေသြးထဲမွာ ေအာက္ဆီဂ်င္တိုးပြားေစရန္သာမက၊ ခႏၶာကိုယ္တြင္း ကလီစာမ်ား၏ က်န္းမာေရးအ တြက္ကိုပါ မ်ားစြာ အေထာက္အကူျဖစ္ေစပါသည္။


·         နိစၥဓူဝလႈပ္ရွားမႈတိုင္းကို ေလ့က်င့္ခန္းဆန္ဆန္ သြက္လက္စြာလႈပ္ရွားေပးပါ။ ကိုယ္လက္လႈပ္ရွားျခင္းက ေသြးမ်ား ေကာင္းစြာလည္ပတ္ စီးဆင္းေစကာ၊ ၄င္းေသြးေၾကာမ်ားမွတဆင့္ ကိုယ္ခႏၶာတစ္ခုလံုးသို႔ ေအာက္ဆီဂ်င္ ျပန႔္ႏွံ႔ေရာက္ရိွေစသည္။ ထိုအခါ ခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္ခ်ိဳတဲ့မႈ မျဖစ္ေစေတာ့ေပ။


·         ေယာဂက်င့္ျခင္း ႏွင့္ တရုတ္ရိုးရာ ထိုက္ခ်ိကစားနည္းကဲ့သို႔ေသာ Qigong Shaking ကစားနည္းကလည္း ေသြးလည္ပတ္မႈ အားေကာင္း ေစကာ၊ ဦးေနွာက္ထဲသို႔ အခ်ိန္တိုတြင္းမွာပင္ ေအာက္ဆီဂ်င္ ေရာက္ရိွေစရန္ ပံ့ပိုးေပးႏိုင္ပါသည္။


·         အႏိွပ္ခံ အေၾကာေျဖျခင္းကလည္း အာရံုေၾကာမ်ား၊ ေသြးျဖဴဥ ႏွင့္ ေသြးနီဥမ်ားကို ေအာက္ဆီဂ်င္အာဟာရ ျပၫ့္ဝ၍  ေကာင္းစြာလည္ ပတ္ေစသည္။ ထို႔ျပင္ခႏၶာကိုယ္တြင္း အဆိပ္အေတာက္မ်ားကို ရွင္းလင္းေပးပါသည္။ ထို႔ေၾကာင့္ အခါအား ေလ်ာ္စြာ အႏိွပ္ခံသင့္ပါသည္။


ေအာက္ဆီဂ်င္ဓာတ္ ျဖၫ့္တင္းေပးႏိုင္သၫ့္ အစားအစာမ်ား။


ဗီတာမင္ေအက ေသြးနီဥဆဲလ္မ်ားအတြက္ လိုအပ္ေသာ ေအာက္ဆီဂ်င္ကို ထုတ္လႊတ္ေပးႏိုင္ၿပီး၊ ဗီတာမင္ဘီ-၁၂ ႏွင့္ ေဖာလိပ္ (ေခၚ) ဗီတာမင္ ဘီ-၉ တို႔ကလည္း ေသြးထဲရိွ ေအာက္ဆီဂ်င္ ပမာဏကို တိုးပြားေစပါသည္။ စိမ္းေရာင္ျခယ္ ကလိုရိုဖီးဓာတ္က လူ႔ခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္တိုး ပြားေအာင္ ေဆာင္ရြက္ေပးကာ ေသြးအားနည္းျခင္းမွ ကာကြယ္ေပးသည္။ ထို႔ေၾကာင့္ ၄င္းဗီတာမင္ဓာတ္မ်ား ႏွင့္ အယ္လ္ကာလီတို႔ရရိွရာ အရင္းျမစ္မ်ား ျဖစ္ၾကသၫ့္ ေအာက္ေဖာ္ျပပါ အစားအေသာက္မ်ားက ေသြးေၾကာမ်ားအတြင္း ေသြးစီးဆင္းမႈအားေကာင္းေစ၍ ေန့စဉ္ အစားအေသာက္စာရင္း (menu) တြင္ အထူး အေလးေပး စားသံုးသင့္ပါသည္။


·         ေအာက္ဆီဂ်င္ အမ်ားဆံုးပါရိွေသာ သစ္သီးမွာ သံပုရာသီးျဖစ္သည္။ သံပုရာသီးက ကိုယ္တြင္းကိုယ္ပ အယ္လ္ကာလီ မ်ွတေစကာ၊ ကိုယ္ခံအားေကာင္းေစသၫ့္အတြက္ အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုအပါအ၀င္ အသက္ရႈလမ္းေၾကာင္းမွ တဆင့္ ကူးစက္ေရာဂါပိုးမ်ား အလြယ္တကူ ၀င္ေရာက္ျခင္းမွ တားဆီးကာကြယ္ေပးႏိုင္သည္။


·         ေသာက္ေရဖန္ခြက္ထဲသို႔ ေရတစ္ဝက္ ႏွင့္ ေဆာ္ဒါမႈန႔္ကို  လက္ဖက္ရည္ဇြန္း ေလးပံုတစ္ပံုထၫ့္ေသာက္ပါ။ ၄င္းေဖ်ာ္ရည္ကို နံနက္အိပ္ ယာထတစ္ႀကိမ္၊ ညအိပ္ယာဝင္ခါနီးတစ္ႀကိမ္ တစ္ေန့ႏွစ္ႀကိမ္ ပံုမွန္ေသာက္ျခင္းျဖင့္ ခႏၶာကိုယ္တြင္း PH ပမာဏကို မ်ွတေစၿပီး ေအာက္ဆီဂ်င္ ျပၫ့္ေဝပါသည္။


·         ေအာက္ဆီဂ်င္ႂကြယ္ဝေသာ ေထာပတ္သီး၊ ဘယ္ရီသီးအမ်ိဳးမ်ိဳး၊ မုန္လာဥနီ၊ ငွက္ေပ်ာသီးအမွၫ့္၊ ၾကက္သြန္ၿမိတ္၊ တရုတ္နံနံပင္ႀကီး၊ စြံပလြန္သီးတို႔က လူ႔ခႏၶာကိုယ္ကို PH မ်ွတေစကာ ေသြးဖိအားကို ပံုမွန္ျဖစ္ေစသည္။


·         ပဲပင္ေပါက္၊ အနီေရာင္ပန္းသီး ႏွင့္ တရုတ္ဆီးသီးတို႔တြင္ လူသားအက်ိဳးျပဳ အမ်ွင္ဓာတ္ ႏွင့္ အင္ဇိုင္းမ်ားပါရိွေန၍ ေဟာ္မုန္း အတက္အက် ကို ထိန္းသိမ္းေပးသည္။ ထိုဇီျဝဖစ္စဉ္က ခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္တိုးပြားလာေစရန္ တစ္ဖက္တစ္လမ္းက အေထာက္အကူေပး သည္။


·         စပ်စ္သီး၊ သစ္ေတာ္သီး၊ ပန္းသစ္ေတာ္၊ နာနတ္သီး၊ စပ်စ္သီးေျခာက္၊ ပင္မွၫ့္သီး၊ သဘာဝ ဟင္းသီးဟင္းရြက္ ေဖ်ာ္ရည္ ႏွင့္ သစ္သီးစံု ေဖ်ာ္ရည္တို႔တြင္ ဗီတာမင္ေအ၊ ဗီတာမင္ဘီ၊ ဗီတာမင္စီ ႏွင့္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ား ျပၫ့္ဝ စြာပါရိွေနၾကသည္။ ထိုကဲ့သို႔ ရုကၡမူလ ေအာက္စီဂ်င္ဓာတ္မ်ားျပၫ့္ဝေနေသာ အစားအစာမ်ားျဖစ္ၾကသၫ့္အတြက္ စားသံုးသူကို ေသြးေလၫွိေပးကာ က်န္းမာေစပါသည္။


·         အရသာ ခ်ဉ္ၿပံဳးၿပံဳး ကီဝီသီးမ်ားက PH ပမာဏ လြန္စြာျမင့္မားကာ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားလည္း ေပါမ်ားလွသျဖင့္၊ လူ႔ခႏၶာကိုယ္ အတြက္ လိုအပ္လ်က္ရိွေသာ ေအာက္ဆီဂ်င္ကို ကီဝီသီး တစ္ေန့တစ္လံုးစားျခင္းျဖင့္ လံုေလာက္စြာ ရရိွႏိုင္ပါသည္။


 


·         ကၫြတ္၊ ေရၫွိ ႏွင့္ ကန္စြန္းရြက္တို႔တြင္ ေရဓာတ္ပါဝင္မႈ ၫႊန္းကိန္း ၈.၅ ထိ ျမင့္မားစြာပါရိွေနၾကသည္။ ၄င္းတို႔ကို စားသံုးျခင္းျဖင့္ လူ႔ ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ ျဖစ္ေစတတ္ေသာ အက္ဆစ္ေတြကို ေျပေလ်ာ့သြားကာ၊ ေအာက္ဆီဂ်င္တိုးပြားလာေစသည္။ ထို႔ျပင္ ၄င္းအစာအစာေတြက အမိုင္ႏိုအက္ဆစ္အစြမ္းသတၲိရိွ၍ အာရံုေၾကာစနစ္ကို ေကာင္းမြန္ေစပါသည္။


·         ေအာက္ဆီဂ်င္အေျမာက္အမ်ားပါရိွေသာ သရက္သီး၊ သံပုရာသီး၊ ဖရဲသီး၊ တရုတ္နံနံပင္၊ သေဘၤာသီးတို႔ကလည္း ေက်ာက္ကပ္ကို သဘာဝနည္းအတိုင္း သန႔္ရွင္းေပးသည္။ ထို႔ျပင္ အစာေျခစနစ္ဆိုင္ရာ ဇီျဝဖစ္စဉ္လုပ္ေဆာင္ေနစဉ္အတြင္း အယ္လ္ကာလီကို မ်ွေျချဖစ္ ေစကာ က်င္ႀကီး၊ က်င္ငယ္ အားလံုး ေကာင္းစြာ ဆင္းသက္ေစပါသည္။


·         သခြားေမႊးစားပါ။ ေရဓာတ္ ႏွင့္ အင္ဇိုင္းမ်ား အျပၫ့္အ၀ပါရိွေသာ သခြားေမႊးက စားသံုးသူတိုင္း၏ ေဟာ္မုန္းဆိုင္ရာ ဂလင္းမ်ားအားလံုးကို ေကာင္းက်ိဳးျပဳေစသည္။ ထို႔ျပင္ ပန္ကရိယကိုလည္း လြန္စြာေကာင္းက်ိဳးျပဳ၍ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာသည္မ်ားက သခြားေမႊးကို အထူး ေရြးခ်ယ္စားသင့္သည္။


·         ပင္လယ္စာအမ်ိဳးမ်ိဳး ႏွင့္ အနီေရာင္အသားတို႔ကလည္း ေသြးနီဆဲလ္မ်ား ေကာင္းစြာတည္ေဆာက္မႈကို အားေပးသျဖင့္၊ စားသံုးသူမ်ား အတြက္ ေအာက္ဆီဂ်င္ျပၫ့္ဝရန္ တစ္ဖက္တစ္လမ္းမွ ေကာင္းက်ိဳးျပဳေပးႏိုင္ပါသည္။


·         ေအာက္ဆီဂ်င္ပါဝင္မႈ အျမင့္မားဆံုးအစားအစာ စာရင္းထဲတြင္ ပဲေစ့အမ်ိဳးမ်ိဳးလည္း တစ္ခုအပါအ၀င္ျဖစ္သည္။ အထူးသျဖင့္ ပဲပိစပ္၊ ပဲလြန္းနီ၊ ပဲလြန္းျဖဴ၊ ကုလားပဲျခမ္း တို႔က သံဓာတ္အားေကာင္းေစကာ ေသြးထဲမွာ ေအာက္ဆီဂ်င္ ေရာက္ရိွေအာင္ ပံ့ပိုးေပးႏိုင္သည္။


·         လူး၊ ဆပ္၊ ေျပာင္း စသၫ့္ေကာက္ႏွံမ်ားတြင္ သံဓာတ္အျပၫ့္အ၀ပါရိွေနသၫ့္အျပင္၊ ဗီတာမင္ဘီ ရာႏႈန္းျပၫ့္ပါဝင္ ေန၍ မၾကာခဏစား ေပးသင့္ပါသည္။


 


·         ဟင္းႏုနယ္ရြက္၊ ပန္းေဂၚဖီစိမ္း၊ ကိုက္လံ၊ မုန္ညင္းစိမ္း၊ စိမ္းျပာေရၫွိ၊ ဘာလီျမက္ စသၫ့္ စိမ္းေရာင္ျခယ္ ဟင္းသီး ဟင္းရြက္အမ်ိဳးမ်ိဳးတြင္ သဘာဝကလိုရိုဖီးဓာတ္မ်ားစြာပါရိွသျဖင့္ ခႏၶာကိုယ္ႀကီးအတြက္လိုအပ္ေနေသာ ေအာက္ဆီဂ်င္ကို ေပးစြမ္းႏိုင္ပါသည္။


အထက္ေဖာ္ျပပါ အစားအစာမ်ားအျပင္ ေရွာက္သီး၊ ေထာပတ္၊ မုန္လာဥနီ၊ စပ်စ္သီးေျခာက္၊ ၾကက္သြန္ျဖဴ၊ စြံပလြန္သီး၊ ပဲပင္ေပါက္၊ တရုတ္ဆီး သီး၊ အနီေရာင္ပန္းသီး၊ စပ်စ္သီး၊ သစ္ေတာ္သီး၊ ပန္းသစ္ေတာ္၊ ေဂၚရခါးသီး၊ နာနတ္သီး၊ ဟင္းသီးဟင္းရြက္ေဖ်ာ္ရည္မ်ား၊ သစ္သီးေဖ်ာ္ရည္မ်ား၊ ေရေမွာ္၊ စိမ္းျပာေရၫွိ၊ ပန္းေဂၚဖီစိမ္း စသည္တို႔လည္း ေအာက္ဆီဂ်င္ႂကြယ္ဝေသာ အေကာင္းဆံုးအစားအစာမ်ား ျဖစ္ၾကသည္။ ထို႔ျပင္ ဗီတာမင္ေအ၊ ဗီတာမင္အီး၊ ဗီတာမင္စီ ႏွင့္ Coenzyme Q10 တို႔လည္း ပါရိွေနၾက၍ ၄င္းဓာတ္ေပါင္းစုက ဓာတ္တိုးဆန႔္က်င္ပစၥည္း အျဖစ္ အစြမ္းအာနိသင္ ျဖစ္ေစပါသည္။


Antioxidant ကလည္း ေအာက္ဆီဂ်င္ႂကြယ္ဝေစရန္ ေထာက္ပံ့ႏိုင္။


ဓာတ္တိုးဆန႔္က်င္ပစၥည္း (Antioxidant) တစ္မ်ိဳးကလည္း လူ႔ခႏၶာကိုယ္ရိွ ေသြးေၾကာမ်ားအတြင္း ေအာက္ဆီဂ်င္ ႂကြယ္ဝေစရန္ တစ္ဖက္တစ္ လမ္းမွ အေထာက္အကူေပးႏိုင္ပါသည္။ ထို႔ေၾကာင့္ ၄င္း Antioxidant ျပၫ့္ဝစြာပါရိွေသာ အစားအစာမ်ား ျဖစ္ၾကသၫ့္ ၾကက္သြန္ျဖဴ၊ ဂ်င္း(ခ်င္း)၊ အုန္းဆီ၊ နႏြင္းမႈန႔္၊ လက္ဖက္စိမ္းေရႏြေးၾကမ္း၊ ဘယ္ရီသီးအမ်ိဳးမ်ိဳး၊ ပဲလြန္းနီ၊ မုန္လာထုပ္၊ စေတာ္ဘယ္ရီ၊ ဆီး(ဇီး)သီး ႏွင့္ မက္မန္းသီးတို႔ကို အခါအားေလ်ာ္စြာ စားေပးသင့္ပါသည္။


အခ်ဳပ္အားျဖင့္ဆိ္ုေသာ္ ကူးစက္ျမန္ဆန္ COVID-19 ကာလတစ္ခုတြင္သာ မဟုတ္ဘဲ၊ လူ႔ဘ၀တစ္သက္တာလံုး က်န္းမာေပ်ာ္ရႊင္စြာ အသက္ ရွည္ရွည္ေနႏိုင္ေရးအတြက္ ေအာက္ဆီဂ်င္၏ အခန္းက႑က ရာႏႈန္းျပၫ့္အေရးပါလွသည္။ အဖုအႀကိတ္ ကင္ဆာဆဲလ္ေတြကလည္း ေအာက္ဆီဂ်င္ကို ေၾကာက္သျဖင့္၊ ကင္ဆာေရာဂါမ်ိဳးမ်ိဳးမွ ႀကိဳတင္ကာကြယ္ထားရန္အတြက္ မိမိခႏၶာကိုယ္တြင္း ေအာက္ဆီဂ်င္ ျပၫ့္ဝေနဖို႔လိုပါသည္။ ထို႔ေၾကာင့္ အထက္ ေဖာ္ျပပါ ဘဝေနထိုင္မႈပံုစံေလးမ်ားအတိုင္း ေနထိုင္၍ ေအာက္ဆီဂ်င္ဓာတ္ ႏွင့္ ဓာတ္တိုးဆန႔္က်င္ပစၥည္းမ်ားကို သဘာဝနည္းအတိုင္း ျဖၫ့္တင္းေပးႏိုင္ ေသာ အစားအစာေလးမ်ားကို ေရြးခ်ယ္စားသံုးၾကေစလိုပါသည္။


ေစတနာမ်ားစြာျဖင့္


ေဆာင္းပါးရွင္ ေပါက္ေပါက္ Tin Htet Htet Zaw ေရးသားမ်ွေဝသည္။

No comments: