Thursday, July 29, 2021

COVID 19 ဖြစ်ပြီးနောက်ဆက်တွဲပြဿနာများ

COVID 19 ဖြစ်ပြီးနောက်ဆက်တွဲပြဿနာများ




Prof. Dr. Than Than Aye ကျေးဇူးပါ 

Credit- Prof. Than Than Aye


#Covid_ဖြစ်ပြီးပြီ

Oxygen_မကျတော့ပေမယ့်

လူကကောင်းမလာဘူး_ဆရာ


#Post_Covid_လက္ခဏာများ_နှင့်_အကြံပြုချက်များ


1. အားမရှိဘူး ၊ နုံးနေတယ်၊ မလှုပ်ချင်ဘူး

2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်

3. ရင်ကြပ်တယ် သလိပ်ထွက်တယ်

4. ချောင်းဆိုးတယ် (အေးရင် ပိုဆိုးတယ်)

5. အစားမစားချင်ဘူး ၊ အစာဝင်ရင် ပျို့တယ် အန်တယ်

6. ခေါင်းကိုက်တယ်

7. ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး)

8. စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်

9. ည အိပ်မပျော်ဘူး

___________


1. #အားမရှိဘူး_နုံးနေတယ်


နေမကောင်းတုန်း အစားဘယ်လောက်ပဲ စားတယ်ပြောပြော ကောင်းနေစဉ်ကလောက် မစားနိုင်ပါဘူး၊ 

Virus အသစ်ကို သတ်ဖို့အတွက် ကိုယ်ခံအားက အစွမ်းကုန်ထုတ်ပြီး တိုက်ထားရတဲ့အတွက် #ခရီးအဝေးကြီးကိုပြေးထားရတဲ့_မာရသွန်အပြေးသမား လို ပင်ပန်းနွမ်းနယ်ပြီး အားမရှိဖြစ်ကာ နည်းနည်းလှုပ် လိုက်တာနဲ့ မောနေရတာပါ။


- ပုံမှန်အတိုင်း အစာပြန်စားပါ (ထမင်း၊ အသား/ငါး၊ အဆီ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံမျှတအောင်စားပါ)

- ရေများများသောက်ပါ (ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ်ရပါတယ်)

- ချွေးထွက်များပါက (သွေးတိုးမရှိပါက ဓာတ်ဆားရည်သောက်ပါ)

- အားဆေးဆိုသည့် Multivitamins များကို အရမ်းကြီးအားမကိုးကြပါနဲ့ (Multivitamins တွေဟာ => ဟင်းသီးဟင်းရွက်တွေနဲ့ တူတူပဲမို့ အားဆေးလို့ခေါ်ပေမယ့် အားရှိစေတဲ့ဆေး မဟုတ်ပါဘူး)


2. အသက်ရှူရခက်တယ်၊ နည်းနည်း လှုပ်တာနဲ့ မောတယ်


Virus ဟာ အဆုတ်ကို အဓိက ဖျက်ဆီးတာဖြစ်လို့ လူတိုင်းမှာ အနည်း နဲ့ အများတော့ အဆုတ်က ဒဏ်ဖြစ်ပါတယ်

SpO2 ကျခဲ့တဲ့ လူနာတွေက ဒဏ်ရာပိုပြီးကြီးပါတယ် ၊ ရောဂါ သက်သာလာပြီး SpO2 ပြန်တက်လာပေမယ့် 

👉 ဒဏ်ရာတွေကို ကုစားဖို့ အချိန်ယူရပါသေးတယ်

👉 ဒဏ်ရာတွေ ပို မဆိုးလာစေဖို့လည်း ဂရုစိုက်ရပါတယ်


- ဆေးလိပ် လုံးဝ (လုံးဝ) မသောက်ပါနဲ့

- ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မလုပ်ပါနဲ့ 

- အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်ပါ


3. ရင်ကြပ်တယ် သလိပ်ထွက်တယ်


ရောဂါပြင်းထန်တုန်းက ထွက်ထားပြီး ခဲနေတဲ့ ချွဲသလိပ်တွေ ပြန်ပျော်နေတာ ဖြစ်လို့ သလိပ်ထွက်ပါတယ်၊

- Position ခဏခဏ ပြောင်းပေးခြင်း

- ကျောကုန်းကို ပုတ်ပေးခြင်း

- ရေနွေးသောက်ပေးခြင်း

- ရေနွေးငွေ့ရှူပေးခြင်း (ခဏပဲလုပ်ပါ အလွန်အကျွံမလုပ်ပါနဲ့ ရေပူငွေ့တွေက အသက်ရှူလမ်းကြောင်းကို အပူလောင်စေပြီး ပြန်ပြီးရောင်စေနိုင်ပါတယ်) 


သလိပ်စွန့်ပစ်မှုကလည်း အလွန် အရေးကြီးပါတယ် (တပါးသူများကို ကူးစက်မှုမရှိအောင် အထူးဂရုစိုက်ပြီး စွန့်ပစ်ဖို့လိုပါတယ်)


4. ချောင်းခြောက်ဆိုးတယ်


အဆုတ်ကရောင်ထားတော့ လေပြွန်လေးတွေ ကျဉ်းသွားတဲ့အတွက် ရှူတဲ့လေကအေးပြီး ခြောက်သွေ့တဲ့အခါ၊ လှဲအိပ်တဲ့အခါ လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်


- နွေးနွေးထွေးထွေးနေပါ (စွပ်ကျယ်ဂျိုင်းပြတ်၊ လက်ပြတ်၊ ဘောင်းဘီတို ထက်စာရင် T-shirt, ဘောင်းဘီရှည်နှင့်နေပါ)

- ရေနွေးသောက်ပေးပါ (ချောင်းဆိုးချင်လာလျှင် ရေနွေးကို နည်းနည်း နည်းနည်း ခဏ ခဏ သောက်ပေးပါ)

- ဆားရည် + ရေနွေးဖြင့်ပါးလုတ်ကျင်းပါ (ပါးလုတ်ကျင်းတာ မျိုချတာမဟုတ်လို့ သွေးမတိုးပါဘူး) ဆားရည်မသုံးချင်လျှင် (ပိုက်ဆံပေါလျှင်) Betadine mouthwash သုံးပါ

- ငုံဆေးလေးငုံထားပါ (Lozenges - အဆင်ပြေရာ/ဝယ်လို့ရတာ ငုံလို့ရပါတယ်)

- မသက်သာရင် သောက်နေကျ ချောင်းဆိုးပျောက်ဆေး သောက်ပါ။ 


5. အစားမစားချင်ဘူး၊ အစာဝင်ရင် ပျို့တယ်


သာမန်နေကောင်းကာစ နလန်ထ လူနာတွေဟာ ဖျားနာတုန်းက ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ဖြည့်ဖို့အတွက် အစားများများပြန်စားကြပါတယ်၊ (နေကောင်းတာနဲ့ စားချင်သောက်ချင်စိတ် တိုးလာတယ်ပေါ့)

           ကိုဗစ်လူနာတွေကြတော့ 

👉 နောက်ဆက်တွဲအနေ နဲ့ အနံ့ပျောက်တာ၊ အရသာပျက်တာတွေကြောင့် (အာရုံ နှစ်ပါးချို့တဲ့ပြီး) စားချင်သောက်ချင်စိတ် မရှိကြပါဘူး၊ 

👉 တချို့ ရောဂါပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့ လူတွေမှာ ရောဂါခံစားရစဉ် အစာစားလည်း မောတဲ့အတွက် ရောဂါသက်သာလာလည်း အစာစားရမှာ ကြောက်နေတတ်ကြပါတယ်။

👉 Virus နဲ့ ကိုယ်ခံအား တိုက်ပွဲကြီးဖြစ်တော့ ခန္ဓာကိုယ်တစ်ခုလုံး ရောင်ရမ်းမှုတွေဖြစ်တဲ့အတွက် အစာအိမ်နှင့်အူလမ်းကြောင်းပါ ထိခိုက်မိရင် အစာအိမ်အနာအခံရှိသူတွေ ရောဂါပြန်ကြွတတ်ပါတယ်

👉 အူက ကောင်းကောင်း မလှုပ်တဲ့အခါ (Gastric emptying ကြာတဲ့အတွက်) စားလိုက်တာနဲ့ ရင်ပြည့်ပြီး အန်ချင်တာပါ။


- မစားချင်လည်း၊ အရသာမရှိလည်း ကြိုးစားပြီး စားကြပါ။

- အများကြီး မစားပဲ နည်းနည်းနဲ့ ခဏခဏ စားပါ

- ဘယ်လိုမှ ကိုမရဘူး နည်းနည်းဝင်တာနဲ့ကို ပျို့လာတယ်၊ အန်ပါတယ် ဆိုတဲ့ သူများကတော့ (Motilium M (သို့မဟုတ်) Maxalon ဆိုတဲ့ဆေးကို မနက်စာ၊နေ့လည်စာ၊ ညစာ မစားမီ မိနစ် (၃၀) ကြိုသောက်ပါ။


အရေးတကြီးမှာလိုတာက


👌 အရသာမရတာဟာ လျှာပေါ်မှာရှိတဲ့ အရသာခံတဲ့ အဖုလေးတွေ ခေတ္တခဏ အလုပ်မလုပ်နိုင်တာဖြစ်ပြီး သူ့အလိုလိုပြန်ကောင်းပါတယ်

 #အရသာမရဘူး (ပွင့်ထွက်သွားအောင် ဆိုပြီး) အရသာပြင်းလွန်းတဲ့ ချဉ်လွန်း စပ်လွန်း ပူလွန်းတဲ့ အစားများ ကို မစားကြပါနှင့်

           တကယ်ပွင့်ထွက်သွားမှာက အစာအိမ်ပါ 😰 ပါးစပ်ကသာ အရသာမရတာ စားတဲ့ဟာတွေရဲ့ ဒဏ်ကို ကျန်းမာရေးသိပ်မကောင်းတဲ့အစာအိမ်က ခံရပြီး အစာအိမ်ပေါက်သွားပါလိမ့်မယ်

          

6. ခေါင်းကိုက်တယ် ၊ (7) ဘာလုပ်လုပ် အာရုံမလာဘူး (စိတ်မဝင်စားဘူး) ၊ (8)စိတ်ဖိစီးမှုများတယ်၊ ကြောက်တယ် လန့်နေတတ်တယ်၊ (9) ည အိပ်မပျော်ဘူး


ကျန်တဲ့ အချက်တွေကတော့ စိတ်နဲ့ပဲ ဆိုင်တာပါ။

ကျွန်တော် စာတစ်ပုဒ်ရေးဖူးပါတယ် (Pandemic stress reactions ) ကပ်ရောဂါကို အကြောက်ကြီးကြောက်နေရာက ကိုယ့်မှာဖြစ်လိုက်ရတဲ့ အခါ အကြောက်ကြီးကြောက်သွားတဲ့အတွက်


👉 ပြန်ဖြစ်ရင် ဘယ်လိုဖြစ်မှာလဲ

👉 ငါ့ ခန္ဓာကိုယ်ကြီးရော ဘယ်လောက်ပျက်စီးသွားပြီလဲ

👉 အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေခံစားရတော့တကယ်ပြန်ကောင်းတာရောဟုတ်ရဲ့လား


စတဲ့ အတွေးတွေနဲ့က ညအိပ်မပျော်ပဲ အထက်ပါ (6,7,8,9) ကို ခံစားကြရပါတယ်။


- စိတ်အေးအေးထားပါ

- အဆိုးဆုံးအခြေအနေကို ကျော်ဖြတ်ပြီးပြီ ကောင်းလာမှာပါ

- ချက်ချင်းကြီး မကောင်းနိုင်ပေမယ့် တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်

- Post-covid မှာ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ သတင်းတွေဖတ်ပြီး စိုးရိမ်မနေပါနဲ့ (ကိုယ့်အလုပ်ကိုယ်လုပ်ပါ 👉 နားနားနေနေ နေ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်၊ အစားဝင်အောင်စား၊ အိပ်ပျော်အောင်အိပ်

- ဖြစ်နိုင်တယ် ဒါပေမယ့် ရှားတယ်လေ (တစ်ကမ္ဘာလုံးမှာ တစ်ယောက်လောက်တွေ့လည်း) ဆောင်းပါးရေးတော့ (လူကိုခွေးက ကိုက်တာ သတင်းမဟုတ်ပေမယ့် ခွေးကိုလူကသွားကိုက်တာရေးတော့) နာမည်ကြီးတာပေါ့

- အိပ်ပျော်ရင် အားလုံးသက်သာလာပါလိမ့်မယ်

- ဘယ်လိုမှ အိပ်မရရင်တော့ Melatonin 3mg သောက်အိပ်ပါ။

(Melatonin နဲ့မရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး စိတ်ငြိမ်ဆေးသာသောက်ပါ)


သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ


                                              


#credit Prof Than Than Aye


via Swe Lwin Prof. Than Than Aye


[Zawgyi]COVID 19 ျျဖစ္ၿပီးေနာက္ဆက္တြဲျပႆနာမ်ာ



Prof. Dr. Than Than Aye ေက်းဇူးပါ 

Credit- Prof. Than Than Aye


#Covid_ျဖစ္ၿပီးၿပီ

Oxygen_မက်ေတာ့ေပမယ့္

လူကေကာင္းမလာဘူး_ဆရာ


#Post_Covid_လကၡဏာမ်ား_ႏွင့္_အႀကံျပဳခ်က္မ်ား


1. အားမရိွဘူး ၊ ႏံုးေနတယ္၊ မလႈပ္ခ်င္ဘူး

2. အသက္ရႉရခက္တယ္၊ နည္းနည္း လႈပ္တာနဲ႔ ေမာတယ္

3. ရင္ၾကပ္တယ္ သလိပ္ထြက္တယ္

4. ေခ်ာင္းဆိုးတယ္ (ေအးရင္ ပိုဆိုးတယ္)

5. အစားမစားခ်င္ဘူး ၊ အစာဝင္ရင္ ပ်ိဳ႕တယ္ အန္တယ္

6. ေခါင္းကိုက္တယ္

7. ဘာလုပ္လုပ္ အာရံုမလာဘူး (စိတ္မဝင္စားဘူး)

8. စိတ္ဖိစီးမႈမ်ားတယ္၊ ေၾကာက္တယ္ လန႔္ေနတတ္တယ္

9. ည အိပ္မေပ်ာ္ဘူး

___________


1. #အားမရိွဘူး_ႏံုးေနတယ္


ေနမေကာင္းတုန္း အစားဘယ္ေလာက္ပဲ စားတယ္ေျပာေျပာ ေကာင္းေနစဉ္ကေလာက္ မစားႏိုင္ပါဘူး၊ 

Virus အသစ္ကို သတ္ဖို႔အတြက္ ကိုယ္ခံအားက အစြမ္းကုန္ထုတ္ၿပီး တိုက္ထားရတဲ့အတြက္ #ခရီးအေဝးႀကီးကိုေျပးထားရတဲ့_မာရသြန္အေျပးသမား လို ပင္ပန္းႏြမ္းနယ္ၿပီး အားမရိျွဖစ္ကာ နည္းနည္းလႈပ္ လိုက္တာနဲ႔ ေမာေနရတာပါ။


- ပံုမွန္အတိုင္း အစာျပန္စားပါ (ထမင္း၊ အသား/ငါး၊ အဆီ၊ ဟင္းသီးဟင္းရြက္၊ အသီးအႏွံမ်ွတေအာင္စားပါ)

- ေရမ်ားမ်ားေသာက္ပါ (ေရႏြေးျဖစ္ျဖစ္၊ ေရေအးျဖစ္ျဖစ္ရပါတယ္)

- ေခြၽးထြက္မ်ားပါက (ေသြးတိုးမရိွပါက ဓာတ္ဆားရည္ေသာက္ပါ)

- အားေဆးဆိုသၫ့္ Multivitamins မ်ားကို အရမ္းႀကီးအားမကိုးၾကပါနဲ႔ (Multivitamins ေတြဟာ => ဟင္းသီးဟင္းရြက္ေတြနဲ႔ တူတူပဲမို႔ အားေဆးလို႔ေခၚေပမယ့္ အားရိွေစတဲ့ေဆး မဟုတ္ပါဘူး)


2. အသက္ရႉရခက္တယ္၊ နည္းနည္း လႈပ္တာနဲ႔ ေမာတယ္


Virus ဟာ အဆုတ္ကို အဓိက ဖ်က္ဆီးတာျဖစ္လို႔ လူတိုင္းမွာ အနည္း နဲ႔ အမ်ားေတာ့ အဆုတ္က ဒဏ္ျဖစ္ပါတယ္

SpO2 က်ခဲ့တဲ့ လူနာေတြက ဒဏ္ရာပိုၿပီးႀကီးပါတယ္ ၊ ေရာဂါ သက္သာလာၿပီး SpO2 ျပန္တက္လာေပမယ့္ 

👉 ဒဏ္ရာေတြကို ကုစားဖို႔ အခ်ိန္ယူရပါေသးတယ္

👉 ဒဏ္ရာေတြ ပို မဆိုးလာေစဖို႔လည္း ဂရုစိုက္ရပါတယ္


- ေဆးလိပ္ လံုးဝ (လံုးဝ) မေသာက္ပါနဲ႔

- ျပင္းထန္တဲ့လႈပ္ရွားမႈေတြ မလုပ္ပါနဲ႔ 

- အသက္ရႉေလ့က်င့္ခန္း မွန္မွန္လုပ္ပါ


3. ရင္ၾကပ္တယ္ သလိပ္ထြက္တယ္


ေရာဂါျပင္းထန္တုန္းက ထြက္ထားၿပီး ခဲေနတဲ့ ခြၽဲသလိပ္ေတြ ျပန္ေပ်ာ္ေနတာ ျဖစ္လို႔ သလိပ္ထြက္ပါတယ္၊

- Position ခဏခဏ ေျပာင္းေပးျခင္း

- ေက်ာကုန္းကို ပုတ္ေပးျခင္း

- ေရႏြေးေသာက္ေပးျခင္း

- ေရႏြေးေငြ့ရႉေပးျခင္း (ခဏပဲလုပ္ပါ အလြန္အကြၽံမလုပ္ပါနဲ႔ ေရပူေငြ့ေတြက အသက္ရႉလမ္းေၾကာင္းကို အပူေလာင္ေစၿပီး ျပန္ၿပီးေရာင္ေစႏိုင္ပါတယ္) 


သလိပ္စြန႔္ပစ္မႈကလည္း အလြန္ အေရးႀကီးပါတယ္ (တပါးသူမ်ားကို ကူးစက္မႈမရိွေအာင္ အထူးဂရုစိုက္ၿပီး စြန႔္ပစ္ဖို႔လိုပါတယ္)


4. ေခ်ာင္းေျခာက္ဆိုးတယ္


အဆုတ္ကေရာင္ထားေတာ့ ေလႁပြန္ေလးေတြ က်ဉ္းသြားတဲ့အတြက္ ရႉတဲ့ေလကေအးၿပီး ေျခာက္ေသြ့တဲ့အခါ၊ လွဲအိပ္တဲ့အခါ လည္ေခ်ာင္းယားၿပီး ေခ်ာင္းဆိုးပါတယ္


- ေနြးေနြးေထြးေထြးေနပါ (စြပ္က်ယ္ဂ်ိဳင္းျပတ္၊ လက္ျပတ္၊ ေဘာင္းဘီတို ထက္စာရင္ T-shirt, ေဘာင္းဘီရွည္ႏွင့္ေနပါ)

- ေရႏြေးေသာက္ေပးပါ (ေခ်ာင္းဆိုးခ်င္လာလ်ွင္ ေရႏြေးကို နည္းနည္း နည္းနည္း ခဏ ခဏ ေသာက္ေပးပါ)

- ဆားရည္ + ေရႏြေးျဖင့္ပါးလုတ္က်င္းပါ (ပါးလုတ္က်င္းတာ မ်ိဳခ်တာမဟုတ္လို႔ ေသြးမတိုးပါဘူး) ဆားရည္မသံုးခ်င္လ်ွင္ (ပိုက္ဆံေပါလ်ွင္) Betadine mouthwash သံုးပါ

- ငံုေဆးေလးငံုထားပါ (Lozenges - အဆင္ေျပရာ/ဝယ္လို႔ရတာ ငံုလို႔ရပါတယ္)

- မသက္သာရင္ ေသာက္ေနက် ေခ်ာင္းဆိုးေပ်ာက္ေဆး ေသာက္ပါ။ 


5. အစားမစားခ်င္ဘူး၊ အစာဝင္ရင္ ပ်ိဳ႕တယ္


သာမန္ေနေကာင္းကာစ နလန္ထ လူနာေတြဟာ ဖ်ားနာတုန္းက ကုန္ဆံုးသြားတဲ့ စြမ္းအင္ေတြ ျဖၫ့္ဖို႔အတြက္ အစားမ်ားမ်ားျပန္စားၾကပါတယ္၊ (ေနေကာင္းတာနဲ႔ စားခ်င္ေသာက္ခ်င္စိတ္ တိုးလာတယ္ေပါ့)

           ကိုဗစ္လူနာေတြၾကေတာ့ 

👉 ေနာက္ဆက္တြဲအေန နဲ႔ အနံ႔ေပ်ာက္တာ၊ အရသာပ်က္တာေတြေၾကာင့္ (အာရံု ႏွစ္ပါးခ်ိဳ႕တဲ့ၿပီး) စားခ်င္ေသာက္ခ်င္စိတ္ မရိွၾကပါဘူး၊ 

👉 တခ်ိဳ႕ ေရာဂါျပင္းျပင္းထန္ထန္ ခံစားလိုက္ရတဲ့ လူေတြမွာ ေရာဂါခံစားရစဉ္ အစာစားလည္း ေမာတဲ့အတြက္ ေရာဂါသက္သာလာလည္း အစာစားရမွာ ေၾကာက္ေနတတ္ၾကပါတယ္။

👉 Virus နဲ႔ ကိုယ္ခံအား တိုက္ပြဲႀကီးျဖစ္ေတာ့ ခႏၶာကိုယ္တစ္ခုလံုး ေရာင္ရမ္းမႈေတျြဖစ္တဲ့အတြက္ အစာအိမ္ႏွင့္အူလမ္းေၾကာင္းပါ ထိခိုက္မိရင္ အစာအိမ္အနာအခံရိွသူေတြ ေရာဂါျပန္ႂကြတတ္ပါတယ္

👉 အူက ေကာင္းေကာင္း မလႈပ္တဲ့အခါ (Gastric emptying ၾကာတဲ့အတြက္) စားလိုက္တာနဲ႔ ရင္ျပၫ့္ၿပီး အန္ခ်င္တာပါ။


- မစားခ်င္လည္း၊ အရသာမရိွလည္း ႀကိဳးစားၿပီး စားၾကပါ။

- အမ်ားႀကီး မစားပဲ နည္းနည္းနဲ႔ ခဏခဏ စားပါ

- ဘယ္လိုမွ ကိုမရဘူး နည္းနည္းဝင္တာနဲ႔ကို ပ်ိဳ႕လာတယ္၊ အန္ပါတယ္ ဆိုတဲ့ သူမ်ားကေတာ့ (Motilium M (သို႔မဟုတ္) Maxalon ဆိုတဲ့ေဆးကို မနက္စာ၊ေန့လည္စာ၊ ညစာ မစားမီ မိနစ္ (၃၀) ႀကိဳေသာက္ပါ။


အေရးတႀကီးမွာလိုတာက


👌 အရသာမရတာဟာ လ်ွာေပၚမွာရိွတဲ့ အရသာခံတဲ့ အဖုေလးေတြ ေခတၲခဏ အလုပ္မလုပ္ႏိုင္တာျဖစ္ၿပီး သူ႔အလိုလိုျပန္ေကာင္းပါတယ္

 #အရသာမရဘူး (ပြင့္ထြက္သြားေအာင္ ဆိုၿပီး) အရသာျပင္းလြန္းတဲ့ ခ်ဉ္လြန္း စပ္လြန္း ပူလြန္းတဲ့ အစားမ်ား ကို မစားၾကပါႏွင့္

           တကယ္ပြင့္ထြက္သြားမွာက အစာအိမ္ပါ 😰 ပါးစပ္ကသာ အရသာမရတာ စားတဲ့ဟာေတြရဲ့ ဒဏ္ကို က်န္းမာေရးသိပ္မေကာင္းတဲ့အစာအိမ္က ခံရၿပီး အစာအိမ္ေပါက္သြားပါလိမ့္မယ္

          

6. ေခါင္းကိုက္တယ္ ၊ (7) ဘာလုပ္လုပ္ အာရံုမလာဘူး (စိတ္မဝင္စားဘူး) ၊ (8)စိတ္ဖိစီးမႈမ်ားတယ္၊ ေၾကာက္တယ္ လန႔္ေနတတ္တယ္၊ (9) ည အိပ္မေပ်ာ္ဘူး


က်န္တဲ့ အခ်က္ေတြကေတာ့ စိတ္နဲ႔ပဲ ဆိုင္တာပါ။

ကြၽန္ေတာ္ စာတစ္ပုဒ္ေရးဖူးပါတယ္ (Pandemic stress reactions ) ကပ္ေရာဂါကို အေၾကာက္ႀကီးေၾကာက္ေနရာက ကိုယ့္မွာျဖစ္လိုက္ရတဲ့ အခါ အေၾကာက္ႀကီးေၾကာက္သြားတဲ့အတြက္


👉 ျပန္ျဖစ္ရင္ ဘယ္လိုျဖစ္မွာလဲ

👉 ငါ့ ခႏၶာကိုယ္ႀကီးေရာ ဘယ္ေလာက္ပ်က္စီးသြားၿပီလဲ

👉 အေပၚက ေျပာခဲ့တဲ့ လကၡဏာေတြခံစားရေတာ့တကယ္ျပန္ေကာင္းတာေရာဟုတ္ရဲ့လား


စတဲ့ အေတြးေတြနဲ႔က ညအိပ္မေပ်ာ္ပဲ အထက္ပါ (6,7,8,9) ကို ခံစားၾကရပါတယ္။


- စိတ္ေအးေအးထားပါ

- အဆိုးဆံုးအေျခအေနကို ေက်ာ္ျဖတ္ၿပီးၿပီ ေကာင္းလာမွာပါ

- ခ်က္ခ်င္းႀကီး မေကာင္းႏိုင္ေပမယ့္ တျဖည္းျဖည္း တိုးတက္လာပါလိမ့္မယ္

- Post-covid မွာ ဘာျဖစ္တယ္ ညာျဖစ္တယ္ ဆိုတဲ့ သတင္းေတြဖတ္ၿပီး စိုးရိမ္မေနပါနဲ႔ (ကိုယ့္အလုပ္ကိုယ္လုပ္ပါ 👉 နားနားေနေန ေန၊ အသက္ရႉေလ့က်င့္ခန္းလုပ္၊ အစားဝင္ေအာင္စား၊ အိပ္ေပ်ာ္ေအာင္အိပ္

- ျဖစ္ႏိုင္တယ္ ဒါေပမယ့္ ရွားတယ္ေလ (တစ္ကမ႓ာလံုးမွာ တစ္ေယာက္ေလာက္ေတြ့လည္း) ေဆာင္းပါးေရးေတာ့ (လူကိုေခြးက ကိုက္တာ သတင္းမဟုတ္ေပမယ့္ ေခြးကိုလူကသြားကိုက္တာေရးေတာ့) နာမည္ႀကီးတာေပါ့

- အိပ္ေပ်ာ္ရင္ အားလံုးသက္သာလာပါလိမ့္မယ္

- ဘယ္လိုမွ အိပ္မရရင္ေတာ့ Melatonin 3mg ေသာက္အိပ္ပါ။

(Melatonin နဲ႔မရရင္ေတာ့ ဆရာဝန္နဲ႔ေဆြးေနြးၿပီး စိတ္ၿငိမ္ေဆးသာေသာက္ပါ)


သက္ရွည္က်န္းမာ စိတ္ခ်မ္းသာၾကပါေစ


                                              


#credit Prof Than Than Aye


via Swe Lwin Prof. Than Than Aye

No comments: