Monday, July 26, 2021

ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား

ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလား




ရေးသားသူ Dr.Thant Zin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.


(ထိုးသွင်းမှုမရှိဘဲ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်ခြေရှိလားဆိုတဲ့ မေးခွန်းအဓိပ္ပာယ်ကို စာဖတ်သူတွေကို သဘောပေါက်ပါတယ်နော်။ Sexual Intercourse လုပ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ လိင်ဆက်ဆံပါတယ်ဆိုမှတော့ ထိုးသွင်းဆက်ဆံခြင်းကိစ္စမှာ ဇာတ်သိမ်းကြတာ များပေမယ့် အချို့စုံတွဲတွေက အထူးတဆန်းပြုကျင့်ကြတာလည်းရှိတာမို့ ဆောင်းပါးခေါင်းစဉ်လိုမေးခွန်းမေးဖို့ဖြစ်လာတာပါ။ ဆောင်းပါက တိုပေမယ့် ဖတ်ရှုပြီး အဖြေသိနိုင်တာမို့ ပြန်လည်ဝေငှလိုက်ပါတယ်။ ထုံးစံအတိုင်း Hello ဆရာဝန်စာမျက်နှာကပါပဲ။)


ကြားဖူးနေကြ မေးခွန်းဟောင်းတခုကတော့ ထိုးသွင်းခြင်းမရှိတဲ့ အတူနေခြင်းဟာ ကိုယ်ဝန်ရနိုင်သလား ဆိုတာပါပဲ။ အဖြေကတော့ yes ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။ ကိုယ်ဝန်ကိုရှောင်လွှဲဖို့ အကောင်းဆုံး နည်းလမ်းကတော့ အတူနေချိန်မှာ အကာအကွယ် သုံးဖို့ပါပဲ။


ကိုယ်ဝန်ရဖို့ဆိုရင် မျိုးဥဟာ သုတ်ပိုးနဲ့တွေ့ပြီး သန္ဓေအောင်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သုတ်ရည်ဟာ မိန်းမကိုယ်ထဲကို ၀င်ရောက်သွားချိန်မှာ သန္ဓေအောင်နိုင်ပါတယ်။ အမျိုးသား သုတ်ရည်မှာ သုတ်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်ပြီး သန္ဓေအောင်ဖို့ အတွက်တော့ သုတ်ပိုးတကောင်ပဲ လိုအပ်ပါတယ်။


ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းကနေ ကိုယ်ဝန်ရနိုင် မရနိုင်နဲ့ ပတ်သက်ပြီး ယုံတမ်းစကား အချို့ရှိပါတယ်။ တခုပြီးတခု လေ့လာကြည့်ရအောင်။


#ယုံတမ်းစကား ၁။ သုတ်ရည်အပြီးမထွက်ခင်လာတဲ့ အရည်ကြည်များကနေ ကိုယ်ဝန်ရနိုင်တယ်။


သုတ်ရည်ပန်းမထွက်ခင်မှာ ယောက်ျားတန်ဆာကနေ pre-cum လို့ခေါ်တဲ့ အည်ကြည်လေးများ ထွက်လာပါတယ်။ အဲဒီအရည်ကြည်များကို ထိန်းချုပ်ထားဖို့ နည်းလမ်းမရှိပါဘူး။ Pre-cum အရည်မှာ သက်ရှင်ကျန်းမာတဲ့ သုတ်ပိုးတွေ မပါဝင်ပါဘူး။ သေနေတဲ့ သုတ်ပိုးတွေ ပါဝင်တာ၊ ဒါမှမဟုတ် လုံးဝမပါဝင်တာဘဲ ရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်မရနိုင်ပါဘူး။


ဒါပေမယ့် ဒီယုံတမ်းစကားဟာ ဖြစ်နိုင်ခြေ အနည်းငယ်တော့ ရှိနေပါတယ်။ ယခင်သုတ်ရည်ထွက်ချိန်က ဆီးပြွန်ထဲမှာ ကျန်ခဲ့တဲ့ အသက်ရှင်နေတဲ့ သုတ်ပိုးတွေဟာ အဲဒီအရည်ကြည်နဲ့ ပါသွားရင် ဖြစ်နိုင်ပါတယ်။


#ယုံတမ်းစကား ၂။ အပြင်ပန်း ထိတွေ့ပွတ်သပ်ရုံကနေ ကိုယ်ဝန် ရနိုင်တယ်။


အဖြေကတော့ ၉၉.၉% No ဖြစ်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ ကိုယ်ဝန်ရဖို့ဆိုရင် သုတ်ပိုးဟာ မျိုးဥနဲ့ ထိတွေ့ရပါတယ်။ အပြင်ပန်း ထိတွေ့ပွတ်သပ်ခြင်းဟာ အ၀တ်အစားများ ၀တ်ထားမယ်ဆိုရင် မဖြစ်နိုင်ပါဘူး။ အ၀တ်ဗလာဆိုရင်တော့ ဖြစ်နိုင်ခြ နည်းနည်းတော့ ရှိပါတယ်။


သုတ်ပိုးဟာ မျိုးဥဆီရောက်ဖို့ဆိုရင် မိန်းမကိုယ်၊ သားအိမ်ခေါင်း၊ သားအိမ်၊ မျိုးဥပြွန်၊ မျိုးဥအိမ် စသဖြင့် အဆင့်ဆင့် ဖြတ်သန်းရပါတယ်။ အမြန်ဆုံးသွားတဲ့ သုတ်ပိုးတကောင်ဟာ ဒီခရီးဆုံးဖို့ ၄၅မိနစ် အချိန်ယူရပါတယ်။ မိန်းမကိုယ်အပြင် (သို့) အနီးမှာ သုတ်ပိုးရောက်သွားရင် ဒီခရီးကိုဆက်ဖို့ မဖြစ်နိုင်ပါဘူး။ မိန်းမကိုယ်အ၀လောက် ရောက်မယ်ဆိုရင်တော့ မိန်းမကိုယ်လမ်းကြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအရမ်းနည်းပေမယ့် ဖြစ်တော့ ဖြစ်နိုင်ပါသေးတယ်။


#ယုံတမ်းစကား ၃။ လက်နဲ့အာသာဖြေခြင်းကနေ ကိုယ်ဝန်ရနိုင်တယ်။


မိမိဖာသာ အာသာဖြေရင်တော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မိမိအဖော်နဲ့ အပြန်အလှန် အာသာဖြေချိန်မှာ သုတ်ပိုးဟာ တယောက်ယောက်ရဲ့လက်ကိုပေရာကနေ မိန်းမကိုယ်လမ်းကြောင်းထဲပါ ရောက်နိုင်ပါတယ်။


#ယုံတမ်းစကား ၄။ ရေနွေးကန်၊ ရေကန်ကတဆင့် ကိုယ်ဝန်ရနိုင်တယ်။


မဖြစ်နိုင်ပါဘူး။ သုတ်ပိုးတွေ အသက်ရှင်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ အယ်ကာလီ(Alkali)များတဲ့ အချွဲထဲမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မိန်းမကိုယ်ဟာ အက်ဆစ်ဓာတ်ကဲတဲ့နေရာဖြစ်ပေမယ့် ရာသီစက်ဝန်းရဲ့ တချိန်မှာ သုတ်ပိုးတွေရှင်သန်နိုင်အောင် သူ့ရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပေးပါတယ်။


အဲဒီအချွဲတွေမရှိရင် သုတ်ပိုးဟာ နာရီပိုင်းအတွင်း သေနိုင်ပါတယ်။ ဒါကြောင့်မို့ ရေနွေးကန်၊ ရေကန်ထဲ သုတ်လွှတ်မိရင် မိန်းမကိုယ်ဆီ မရောက်ခင်မှာပဲ သုတ်ပိုးများဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။


ထိုးသွင်းမှုမရှိတဲ့ အတူနေခြင်းမှာ ကိုယ်ဝန်ရနိုင်ခြေဟာ ရှိပေမယ့် အင်မတန်နည်းပါတယ်။ ကိုယ်ဝန်မရချင်ရင် မိမိရော မိမိအဖော်ပါ အကာအကွယ်သုံးပြီး ဘေးကင်းစိတ်ချရတဲ့ နှီးနှောခြင်းမျိုးပဲ လေ့လာ လုပ်ဆောင်ဖို့ လိုပါတယ်။



[Zawgyi]ထိုးသြင္းမႈမရိွဘဲ အတူေနျခင္းဟာ ကိုယ္ဝန္ရႏိုင္ေျခရိွလား




ေရးသားသူ Dr.Thant Zin

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar.


(ထိုးသြင္းမႈမရိွဘဲ အတူေနျခင္းဟာ ကိုယ္ဝန္ရႏိုင္ေျခရိွလားဆိုတဲ့ ေမးခြန္းအဓိပၸာယ္ကို စာဖတ္သူေတြကို သေဘာေပါက္ပါတယ္ေနာ္။ Sexual Intercourse လုပ္ျခင္းကိုဆိုလိုတာျဖစ္ပါတယ္။ လိင္ဆက္ဆံပါတယ္ဆိုမွေတာ့ ထိုးသြင္းဆက္ဆံျခင္းကိစၥမွာ ဇာတ္သိမ္းၾကတာ မ်ားေပမယ့္ အခ်ိဳ႕စံုတြဲေတြက အထူးတဆန္းျပဳက်င့္ၾကတာလည္းရိွတာမို႔ ေဆာင္းပါးေခါင္းစဉ္လိုေမးခြန္းေမးဖို႔ျဖစ္လာတာပါ။ ေဆာင္းပါက တိုေပမယ့္ ဖတ္ရႈၿပီး အေျဖသိႏိုင္တာမို႔ ျပန္လည္ေဝငွလိုက္ပါတယ္။ ထံုးစံအတိုင္း Hello ဆရာဝန္စာမ်က္ႏွာကပါပဲ။)


ၾကားဖူးေနၾက ေမးခြန္းေဟာင္းတခုကေတာ့ ထိုးသြင္းျခင္းမရိွတဲ့ အတူေနျခင္းဟာ ကိုယ္ဝန္ရႏိုင္သလား ဆိုတာပါပဲ။ အေျဖကေတာ့ yes ပါပဲ။ ဒါေပမယ့္ ျဖစ္ႏိုင္ေျခေတာ့ နည္းပါတယ္။ ကိုယ္ဝန္ကိုေရွာင္လႊဲဖို႔ အေကာင္းဆံုး နည္းလမ္းကေတာ့ အတူေနခ်ိန္မွာ အကာအကြယ္ သံုးဖို႔ပါပဲ။


ကိုယ္ဝန္ရဖို႔ဆိုရင္ မ်ိဳးဥဟာ သုတ္ပိုးနဲ႔ေတြ့ၿပီး သႏၶေအာင္ဖို႔ လိုပါတယ္။ ပံုမွန္အားျဖင့္ သုတ္ရည္ဟာ မိန္းမကိုယ္ထဲကို ၀င္ေရာက္သြားခ်ိန္မွာ သႏၶေအာင္ႏိုင္ပါတယ္။ အမ်ိဳးသား သုတ္ရည္မွာ သုတ္ပိုးေပါင္း သန္းနဲ႔ခ်ီ ပါဝင္ၿပီး သႏၶေအာင္ဖို႔ အတြက္ေတာ့ သုတ္ပိုးတေကာင္ပဲ လိုအပ္ပါတယ္။


ထိုးသြင္းမႈမရိွတဲ့ အတူေနျခင္းကေန ကိုယ္ဝန္ရႏိုင္ မရႏိုင္နဲ႔ ပတ္သက္ၿပီး ယံုတမ္းစကား အခ်ိဳ႕ရိွပါတယ္။ တခုၿပီးတခု ေလ့လာၾကၫ့္ရေအာင္။


#ယံုတမ္းစကား ၁။ သုတ္ရည္အၿပီးမထြက္ခင္လာတဲ့ အရည္ၾကည္မ်ားကေန ကိုယ္ဝန္ရႏိုင္တယ္။


သုတ္ရည္ပန္းမထြက္ခင္မွာ ေယာက္်ားတန္ဆာကေန pre-cum လို႔ေခၚတဲ့ အည္ၾကည္ေလးမ်ား ထြက္လာပါတယ္။ အဲဒီအရည္ၾကည္မ်ားကို ထိန္းခ်ဳပ္ထားဖို႔ နည္းလမ္းမရိွပါဘူး။ Pre-cum အရည္မွာ သက္ရွင္က်န္းမာတဲ့ သုတ္ပိုးေတြ မပါဝင္ပါဘူး။ ေသေနတဲ့ သုတ္ပိုးေတြ ပါဝင္တာ၊ ဒါမွမဟုတ္ လံုးဝမပါဝင္တာဘဲ ရိွပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္မရႏိုင္ပါဘူး။


ဒါေပမယ့္ ဒီယံုတမ္းစကားဟာ ျဖစ္ႏိုင္ေျခ အနည္းငယ္ေတာ့ ရိွေနပါတယ္။ ယခင္သုတ္ရည္ထြက္ခ်ိန္က ဆီးႁပြန္ထဲမွာ က်န္ခဲ့တဲ့ အသက္ရွင္ေနတဲ့ သုတ္ပိုးေတြဟာ အဲဒီအရည္ၾကည္နဲ႔ ပါသြားရင္ ျဖစ္ႏိုင္ပါတယ္။


#ယံုတမ္းစကား ၂။ အျပင္ပန္း ထိေတြ့ပြတ္သပ္ရံုကေန ကိုယ္ဝန္ ရႏိုင္တယ္။


အေျဖကေတာ့ ၉၉.၉% No ျဖစ္ပါတယ္။ ေစာေစာက ေျပာခဲ့သလိုပဲ ကိုယ္ဝန္ရဖို႔ဆိုရင္ သုတ္ပိုးဟာ မ်ိဳးဥနဲ႔ ထိေတြ့ရပါတယ္။ အျပင္ပန္း ထိေတြ့ပြတ္သပ္ျခင္းဟာ အ၀တ္အစားမ်ား ၀တ္ထားမယ္ဆိုရင္ မျဖစ္ႏိုင္ပါဘူး။ အ၀တ္ဗလာဆိုရင္ေတာ့ ျဖစ္ႏိုင္ျခ နည္းနည္းေတာ့ ရိွပါတယ္။


သုတ္ပိုးဟာ မ်ိဳးဥဆီေရာက္ဖို႔ဆိုရင္ မိန္းမကိုယ္၊ သားအိမ္ေခါင္း၊ သားအိမ္၊ မ်ိဳးဥႁပြန္၊ မ်ိဳးဥအိမ္ စသျဖင့္ အဆင့္ဆင့္ ျဖတ္သန္းရပါတယ္။ အျမန္ဆံုးသြားတဲ့ သုတ္ပိုးတေကာင္ဟာ ဒီခရီးဆံုးဖို႔ ၄၅မိနစ္ အခ်ိန္ယူရပါတယ္။ မိန္းမကိုယ္အျပင္ (သို႔) အနီးမွာ သုတ္ပိုးေရာက္သြားရင္ ဒီခရီးကိုဆက္ဖို႔ မျဖစ္ႏိုင္ပါဘူး။ မိန္းမကိုယ္အ၀ေလာက္ ေရာက္မယ္ဆိုရင္ေတာ့ မိန္းမကိုယ္လမ္းေၾကာင္းထဲ ေရာက္သြားႏိုင္ပါတယ္။ ျဖစ္ႏိုင္ေျခအရမ္းနည္းေပမယ့္ ျဖစ္ေတာ့ ျဖစ္ႏိုင္ပါေသးတယ္။


#ယံုတမ္းစကား ၃။ လက္နဲ႔အာသာေျဖျခင္းကေန ကိုယ္ဝန္ရႏိုင္တယ္။


မိမိဖာသာ အာသာေျဖရင္ေတာ့ လံုးဝမျဖစ္ႏိုင္ပါဘူး။ ဒါေပမယ့္ မိမိအေဖာ္နဲ႔ အျပန္အလွန္ အာသာေျဖခ်ိန္မွာ သုတ္ပိုးဟာ တေယာက္ေယာက္ရဲ့လက္ကိုေပရာကေန မိန္းမကိုယ္လမ္းေၾကာင္းထဲပါ ေရာက္ႏိုင္ပါတယ္။


#ယံုတမ္းစကား ၄။ ေရႏြေးကန္၊ ေရကန္ကတဆင့္ ကိုယ္ဝန္ရႏိုင္တယ္။


မျဖစ္ႏိုင္ပါဘူး။ သုတ္ပိုးေတြ အသက္ရွင္ႏိုင္တဲ့ ပတ္ဝန္းက်င္ဟာ အယ္ကာလီ(Alkali)မ်ားတဲ့ အခြၽဲထဲမွာ ျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ မိန္းမကိုယ္ဟာ အက္ဆစ္ဓာတ္ကဲတဲ့ေနရာျဖစ္ေပမယ့္ ရာသီစက္ဝန္းရဲ့ တခ်ိန္မွာ သုတ္ပိုးေတြရွင္သန္ႏိုင္ေအာင္ သူ႔ရဲ့ ဓာတ္သဘာဝကို ေျပာင္းလဲေပးပါတယ္။


အဲဒီအခြၽဲေတြမရိွရင္ သုတ္ပိုးဟာ နာရီပိုင္းအတြင္း ေသႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ေရႏြေးကန္၊ ေရကန္ထဲ သုတ္လႊတ္မိရင္ မိန္းမကိုယ္ဆီ မေရာက္ခင္မွာပဲ သုတ္ပိုးမ်ားဟာ ေသဆံုးသြားမွာ ျဖစ္ပါတယ္။


ထိုးသြင္းမႈမရိွတဲ့ အတူေနျခင္းမွာ ကိုယ္ဝန္ရႏိုင္ေျခဟာ ရိွေပမယ့္ အင္မတန္နည္းပါတယ္။ ကိုယ္ဝန္မရခ်င္ရင္ မိမိေရာ မိမိအေဖာ္ပါ အကာအကြယ္သံုးၿပီး ေဘးကင္းစိတ္ခ်ရတဲ့ ႏွီးေနွာျခင္းမ်ိဳးပဲ ေလ့လာ လုပ္ေဆာင္ဖို႔ လိုပါတယ္။


No comments: