Tuesday, July 13, 2021

Windows 11 အကြောင်းပြောကြည့်မယ်

 [Unicode]Windows 11 အကြောင်းပြောကြည့်မယ်

===============




PC အသုံးပြုများ အနေနဲ့ ဒီနှစ်အကုန်ပိုင်းလောက်မှာ မိမိတို့ရဲ့ Windows operating system မှာ အပြောင်းအလဲကြီးကြီးမားမားတွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ရှေ့လက Microsoft ဟာ သူတို့ရဲ့ နောက်ဆုံးထွက် operating system တစ်ခုဖြစ်တဲ့ Windows 11 ကို ထုတ်ဖော်ပြလာတာဖြစ်ပါတယ်။ ပြီးတော့ Microsoft က ဒီ operating system ကို ၂၀၂၁ နှောင်းပိုင်းကနေစလို့ ၂၀၂၂ အတွင်းမှာ စတင်ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။

Microsoft က Windows 11 ရဲ့ feature အသစ်တွေဟာဆိုရင် ဒီကပ်ရောဂါကာလအတွင်း WFH (Work from Home) ကာလမှာ computer အသုံးပြုသူတွေ ပိုမိုများပြားလာတဲ့အချက်ကနေ အကြံဉာဏ်တွေရရှိခဲ့တာဖြစ်ပါတယ် လို့ဆိုပါတယ်။

ဒီ article မှာ Windows 11 နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

.

Windows 11 ကိုဘယ်အချိန်မှာ စတင်အသုံးပြုနိုင်မှာလဲ

-------------

၂၀၂၁ နှောင်းပိုင်း ကနေစပြီးတော့ ၂၀၂၂ တစ်နှစ်လုံးအတွင်း တောက်လျှောက် update တွေထွက်နေမှာဖြစ်ပြီးတော့ လက်ရှိ Windows 10 ကို License Key အစစ်တွေနဲ့ အသုံးပြုနေသူတွေအနေနဲ့ အခမဲ့ update ပြုလုပ်လို့ရမှာဖြစ်ပါတယ်။

.

Windows 11 ကိုဘယ် PC တွေမှာ အသုံးပြုလို့ရမှာလဲ

--------------

ဒီနှစ်နှောင်းပိုင်းကစလို့ Windows 11 တင်ထားတဲ့ PC အသစ်တွေကို ဈေးကွက်အတွင်း ဝယ်ယူနိုင်၊ မြင်တွေ့နိုင် ကြရမှာဖြစ်ပါတယ်။ ပြီးတော့ လက်ရှိ Windows 10 တင်ထားတဲ့ PC အများစုဟာလည်း requirements specs တချို့ နဲ့ကိုက်ညီမှုရှိမယ်ဆိုရင် Windows 11 ကို update လုပ်လို့ရမှာဖြစ်ပါတယ်။ System requirements တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Processor: 1 GHz (သို့) သူ့ထက်မြန်တဲ့ core 2 လုံး (သို့) သူ့ထက်ပိုတဲ့ 64 bit processor

RAM: အနည်းဆုံး 4 GB

Storage: အနည်းဆုံး 64 GB

Firmware: UEFI ကိုမှ Secure Boot ပါဝင်တဲ့ firmware

TPM: Trusted Platform Module (TPM) version 2.0

Graphics card: အနိမ့်ဆုံး DirectX 12 ဖြစ်ပြီး တော့ WDDM 2.0 driver ရှိရပါမယ်။

Display: High definition (720p) ရှိရမှာဖြစ်ပြီးတော့ ဒေါင့်ဖြတ် screen 9 လက်မ၊ color channel တစ်ခုမှာ 8 bit ရှိရမှာဖြစ်ပါတယ်။ 8 bit ကတော့ PC အများစုမှာရှိတတ်ကြပါတယ်။

နောက်ပြီးတော့ Internet connection ရယ် တချို့သော feature တွေအတွက် Microsoft account လည်း လိုအပ်မှာဖြစ်ပါတယ်။

မိမိရဲ့ လက်ရှိ PC မှာ Windows 11 အသုံးပြုလို့ ရ မရ ကို WhyNotWindows11 ဆိုတဲ့ application နဲ့လည်း စစ်ကြည့်လို့ရမှာဖြစ်ပါတယ်။ အဲ့ဒီ application ကိုတော့ အောက်ပါ link ကနေ ဒေါင်းလို့ရပါတယ်။

https://bit.ly/3xAmNHh

.

Windows 11 ရဲ့ key features များ

-----------------

အသိသာဆုံးဖြစ်မဲ့ feature တော့ အမြင်ပိုင်းဖြစ်ပါတယ်။ တခြား version တွေထက် ပိုပြီးတော့ အမြင်ပိုင်းမှာ လှပချောမွတ်သေသပ်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ Snap layout ကိုလည်း ပိုမို အဆင်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ Snap layout ဆိုတာကတော့ maximize button ပေါ်မှာ mouse ကို click မလုပ်ဘဲ တင်လိုက်ရင် ပေါ်လာတဲ့ box လေးမှာ လက်ရှိ ဖွင့်ထားတဲ့ application ကို screen ရဲ့ဘယ်နေရာမှာ ဘယ်လိုထားနိုင်မလဲဆိုတာကို ပြပေးတာပဲဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီ snap layout ကိုလည်း မိမိအဆင်ပြေရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ပါသေးတယ်။ macOS လိုမျိုး screen ရဲ့အောက်ခြေမှာရှိတဲ့ docking စနစ်လည်း ပါဝင်လာတာဖြစ်ပါတယ်။ Windows search button ကိုလည်း screen ရဲ့ ဒေါင်းစွန်းမှာ မဟုတ်တော့တာကို တွေ့မြင်ရမှာပါ။ နောက်ပြီးထူးခြားချက်တစ်ခုအနေနဲ့ Android app တွေကိုလည်း ဘာ emulator software မှာ အသုံးပြုစရာမလိုတော့ဘဲ Windows 11 မှာ အသုံးပြုလာနိုင်တော့မှာဖြစ်ပါတယ်။ App အသစ်တွေကို Amazon appstore ကနေပြီးတော့ install ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ အခြား အနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ Microsoft Store၊ အချက်အလက်တွေ ပိုမိုပြည့်ပြည့်စုံစုံဖော်ပြမဲ့ widgets နဲ့ စာရိုက်ရာမှာလည်း Surface tablet ကို အသုံးပြုနေတယ်ဆိုရင် one-handed mode စတာတွေ ပါဝင်လာမှာဖြစ်ပါတယ်။

ပြီးတော့ Windows 11 မှာ “Blue screen of death” လို့လူသိများတဲ့ screen အပြာရောင်ဖြစ် သွားပြီး error တက်တဲ့ ပုံစံကိုလည်း တွေ့ရမှာ မဟုတ်တော့ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ Error လုံးဝ မရှိတော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ “Blue screen of death” နေရာမှာ screen အနက်ရောင်ကို ပြောင်းသုံးတော့မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ပြီးတော့ PC ဖွင့်လိုက်လို့ Windows တက်လာရင် ကြားရမယ့် အသံနဲ့ အခြားသောအသံ တို့ကိုလည်း ပြောင်းလဲထားပါသေးတယ်။

.

Windows 11 update ပြီးမှ Windows 10 ကို ပြန်သွားချင်ရင်

-----------------

Windows 11 တင်ပြီးလို့ ၁၀ရက် အတွင်းမှာ Windows 10 ဆီကို ပြန်သွားလို့ရပါတယ်။ ဒီနေရမှာ တင်တယ်ဆိုတာ clean install ကိုပြောတာမဟုတ်ပါဘူး။ System upgrade လုပ်တာကိုပြောတာပါ။ ဒီ ၁၀ ရက်အတွင်းမှာဆိုရင်တော့ Windows 10 ကိုပြန်သွားရင် နဂိုရှိပြီးသား file တွေ အားလုံးနဲ့ Windows 10 ကို ပြန်ရနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ၁၀ ရက် ကျော်သွားမှသာ ပြန်ပြောင်းချင်တယ်ဆိုရင်တော့ file တွေကို မိမိကိုယ်တိုင် backup လုပ်ထားမှာသာ နဂို file တွေပြန်ရမှာဖြစ်ပါတယ်။

.

Windows 10 ကိုပဲ ဆက်သုံးနေချင်သေးတယ်ဆိုရင်

------------

Microsoft ရဲ့အဆိုအရ windows 10 ကို ၂၀၂၅ ခုနှစ်အထိ support လုပ်ပေးနေဦးမှာဖြစ်တဲ့ အတွက် အလျှင်စလို ချက်ချင်းကြီး update လုပ်ဖို့ မလိုသေးပါဘူး။

.

Windows 10 နဲ့ 11 တို့ရဲ့ ကွာခြားချက်များ

-----------------

အသိသာဆုံးကွာခြားချက်တစ်ခုကတော့ အလယ်ခေါင်ကိုရောက်လာတဲ့ taskbar ပဲဖြစ်ပါတယ်။ Windows 10 မှာတုန်းက ထောင့်စွန်းမှာဖြစ်ပါတယ်။ ဒါကြောင့် MacOs နဲ့ ပုံစံတောင်နည်းနည်း ခပ်ဆင်ဆင် လိုဖြစ်လာပါတယ်။ နောက်တစ်ခုက snap desktop ဆိုတဲ့ feature အသစ် ကြောင့် multitasking ပိုင်းမှာ ပိုမို အားကောင်းလာပါတယ်။ Windows 10 ကလည်း multitasking လုပ်နိုင်ပေမဲ့ ဖွင့်ထားတဲ့ application တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ drag and drop လုပ်ပြီး position ကိုယ်တိုင်ထားရတာဖြစ်ပါတယ်။ သို့ပေမဲ့ 11 မှာတော့ snap layout ဆိုတာက application တွေအများကြီး တစ်ခါတည်းဖွင့်ထားပြီးတော့ အသင့်ရှိနေတဲ့ layout တွေထဲက တစ်ခုခု ကိုရွေးလိုက်ရင် app တွေက အလိုအလျောက် layout ထဲက အကွက်တွေထဲကို ရောက်သွားမှာဖြစ်တဲ့ အတွက် positioning ကတော့ perfect လို့ပြောလို့ရမှာပါ။ အောက်ကပုံတွေထဲမှာ Teams, Edge နဲ့ Powerpoint တို့ကို ယှဉ်ပြထားတဲ့ပုံဟာ snap layout ဖြစ်ပါတယ်။ Teams chat ကိုလည်း taskbar မှာတစ်ခါတည်း ထည့်ထားတာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ အဲ့ဒါက ဘာလည်းဆိုတော့ Skype တို့ Slack တို့လို့ messaging နဲ့ video calling software ပဲဖြစ်ပါတယ်။ Microsoft ကထုတ်ထားတာဖြစ်ပါတယ်။ Chat feature က taskbar ပေါ်မှာ တစ်ပေါင်းတည်းဖြစ်လို့ လွယ်ကူ မြန်ဆန်စွာ စာတိုတွေပို့ လို့ရနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ Microsoft Store ကို အစကနေ ပြန်လည် ရေးဆွဲထားတာဖြစ်တယ်လို့သိရပါတယ်။ Design ပိုင်းအရရောဖြစ်ပါတယ်။ အဓိကအချက်က store မှာ Amazon appstore မှာရှိတဲ့ App တွေကိုဒေါင်းပြီး Windows 11 မှာ Bluestack တို့လို emulator တွေ မလိုအပ်ပဲနဲ့ အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။ App တွေကိုလည်း Microsoft store ကနေဒေါင်းလို့ရမှာဖြစ်ပါတယ်။ လုံးဝသေချာတာတစ်ခုကတော့ Windows 11 ဟာ 10 ထက်စာရင် Gaming ပိုင်းမှာ ပိုကောင်းတဲ့ OS တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ Windows 11 မှာ X Box Series X ထဲက feature ဖြစ်တဲ့ Auto HDR ကိုယူပြီး Gaming visual ပိုင်းတွေကို ပိုကောင်းအောင်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ DirectStorage ဆိုတဲ့ feature အသစ်က NVMe SSD ပါတဲ့ device တွေမှာ Game Loading Time သိသိသာသာ မြန်ဆန်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် Gamer ဆိုရင် Windows 11 ကိုအ သုံးပြုချင်မှာဖြစ်ပါတယ်။ Windows 11 ကတော့ သတင်းကောင်းတွေချည်း သယ်လာတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ system requirements တွေကလည်း ပိုလိုအပ်လာလို့ပါ။ ဥပမာ TPM module version 2.0။ TPM ကတော့ hardware module ဖြစ်ပါတယ်။ အလွယ်ပြောရရင် Security နဲ့သက်ဆိုင်တဲ့ Module ဖြစ်ပါတယ်။  သူက encryption key တွေကို ထုတ်ပေးဖို့၊ သိမ်းဆည်းပေးဖို့ပဲဖြစ်ပါတယ် အကြမ်းအားဖြင့်ဆိုရရင်။ System requirements ကွာခြားချက်တွေကို အောက်ကပုံတွေထဲမှာလည်း ထည့်သွင်းထားပါတယ်။

.

Windows 10 နဲ့ 11 ဘယ်ဟာကပိုကောင်းလဲ

--------------------------

ဘယ်ဟာက ပိုကောင်းလဲဆိုတဲ့ မေးခွန်းကတော့ Windows 11 လက်ရှိမှာ insider preview ပဲဖြစ်နေသေးလို့ 10 လောက်တော့ ကောင်းဦးမှာ မဟုတ်သေးပါဘူး။ သို့ပေမဲ့ အချိန်တွေကြာလာတာနဲ့ အမျှ 11 က 10 ထက်ပိုကောင်းလာမယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း 11 ကို update လုပ်လို့ မရတဲ့ PC တွေအနေနဲ့ကတော့ Microsoft က Windows 10 ကို 2025 ခုနှစ်အထိ ဆက်လက်ပြီးတော့ support ပေးနေဦးမှာဖြစ်ပါတယ်။


ကိုးကား - Microsoft အင်တာနက်စာမျက်နှာ၊ USA Today အင်တာနက်စာမျက်နှာ၊ trustedreviews အင်တာနက်စာမျက်နှာ။

zer0eXploit


[Zawgyi]Windows 11 အေၾကာင္းေျပာၾကၫ့္မယ္

===============




PC အသံုးျပဳမ်ား အေနနဲ႔ ဒီႏွစ္အကုန္ပိုင္းေလာက္မွာ မိမိတို႔ရဲ့ Windows operating system မွာ အေျပာင္းအလဲႀကီးႀကီးမားမားေတြကို ျမင္ေတြ့ၾကရမွာျဖစ္ပါတယ္။

ေရ႔ွလက Microsoft ဟာ သူတို႔ရဲ့ ေနာက္ဆံုးထြက္ operating system တစ္ခုျဖစ္တဲ့ Windows 11 ကို ထုတ္ေဖာ္ျပလာတာျဖစ္ပါတယ္။ ၿပီးေတာ့ Microsoft က ဒီ operating system ကို ၂၀၂၁ ေနွာင္းပိုင္းကေနစလို႔ ၂၀၂၂ အတြင္းမွာ စတင္ျဖန႔္ျဖဴးေပးမွာျဖစ္ပါတယ္။

Microsoft က Windows 11 ရဲ့ feature အသစ္ေတြဟာဆိုရင္ ဒီကပ္ေရာဂါကာလအတြင္း WFH (Work from Home) ကာလမွာ computer အသံုးျပဳသူေတြ ပိုမိုမ်ားျပားလာတဲ့အခ်က္ကေန အႀကံဉာဏ္ေတြရရိွခဲ့တာျဖစ္ပါတယ္ လို႔ဆိုပါတယ္။

ဒီ article မွာ Windows 11 နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို ေရးသားေဖာ္ျပသြားမွာျဖစ္ပါတယ္။

.

Windows 11 ကိုဘယ္အခ်ိန္မွာ စတင္အသံုးျပဳႏိုင္မွာလဲ

-------------

၂၀၂၁ ေနွာင္းပိုင္း ကေနစၿပီးေတာ့ ၂၀၂၂ တစ္ႏွစ္လံုးအတြင္း ေတာက္ေလ်ွာက္ update ေတြထြက္ေနမွာျဖစ္ၿပီးေတာ့ လက္ရိွ Windows 10 ကို License Key အစစ္ေတြနဲ႔ အသံုးျပဳေနသူေတြအေနနဲ႔ အခမဲ့ update ျပဳလုပ္လို႔ရမွာျဖစ္ပါတယ္။

.

Windows 11 ကိုဘယ္ PC ေတြမွာ အသံုးျပဳလို႔ရမွာလဲ

--------------

ဒီႏွစ္ေနွာင္းပိုင္းကစလို႔ Windows 11 တင္ထားတဲ့ PC အသစ္ေတြကို ေဈးကြက္အတြင္း ဝယ္ယူႏိုင္၊ ျမင္ေတြ့ႏိုင္ ၾကရမွာျဖစ္ပါတယ္။ ၿပီးေတာ့ လက္ရိွ Windows 10 တင္ထားတဲ့ PC အမ်ားစုဟာလည္း requirements specs တခ်ိဳ႕ နဲ႔ကိုက္ညီမႈရိွမယ္ဆိုရင္ Windows 11 ကို update လုပ္လို႔ရမွာျဖစ္ပါတယ္။ System requirements ေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

Processor: 1 GHz (သို႔) သူ႔ထက္ျမန္တဲ့ core 2 လံုး (သို႔) သူ႔ထက္ပိုတဲ့ 64 bit processor

RAM: အနည္းဆံုး 4 GB

Storage: အနည္းဆံုး 64 GB

Firmware: UEFI ကိုမွ Secure Boot ပါဝင္တဲ့ firmware

TPM: Trusted Platform Module (TPM) version 2.0

Graphics card: အနိမ့္ဆံုး DirectX 12 ျဖစ္ၿပီး ေတာ့ WDDM 2.0 driver ရိွရပါမယ္။

Display: High definition (720p) ရိွရမွာျဖစ္ၿပီးေတာ့ ေဒါင့္ျဖတ္ screen 9 လက္မ၊ color channel တစ္ခုမွာ 8 bit ရိွရမွာျဖစ္ပါတယ္။ 8 bit ကေတာ့ PC အမ်ားစုမွာရိွတတ္ၾကပါတယ္။

ေနာက္ၿပီးေတာ့ Internet connection ရယ္ တခ်ိဳ႕ေသာ feature ေတြအတြက္ Microsoft account လည္း လိုအပ္မွာျဖစ္ပါတယ္။

မိမိရဲ့ လက္ရိွ PC မွာ Windows 11 အသံုးျပဳလို႔ ရ မရ ကို WhyNotWindows11 ဆိုတဲ့ application နဲ႔လည္း စစ္ၾကၫ့္လို႔ရမွာျဖစ္ပါတယ္။ အဲ့ဒီ application ကိုေတာ့ ေအာက္ပါ link ကေန ေဒါင္းလို႔ရပါတယ္။

https://bit.ly/3xAmNHh

.

Windows 11 ရဲ့ key features မ်ား

-----------------

အသိသာဆံုးျဖစ္မဲ့ feature ေတာ့ အျမင္ပိုင္းျဖစ္ပါတယ္။ တျခား version ေတြထက္ ပိုၿပီးေတာ့ အျမင္ပိုင္းမွာ လွပေခ်ာမြတ္ေသသပ္မႈေတြကို ေတြ့ရမွာျဖစ္ပါတယ္။ Snap layout ကိုလည္း ပိုမို အဆင္ျမႇင့္တင္မႈေတြ ျပဳလုပ္ထားပါတယ္။ Snap layout ဆိုတာကေတာ့ maximize button ေပၚမွာ mouse ကို click မလုပ္ဘဲ တင္လိုက္ရင္ ေပၚလာတဲ့ box ေလးမွာ လက္ရိွ ဖြင့္ထားတဲ့ application ကို screen ရဲ့ဘယ္ေနရာမွာ ဘယ္လိုထားႏိုင္မလဲဆိုတာကို ျပေပးတာပဲျဖစ္ပါတယ္။ ၿပီးေတာ့ အဲ့ဒီ snap layout ကိုလည္း မိမိအဆင္ေျပရာ ျပဳျပင္ေျပာင္းလဲမႈေတြကို လုပ္ေဆာင္ႏိုင္ပါေသးတယ္။ macOS လိုမ်ိဳး screen ရဲ့ေအာက္ေျခမွာရိွတဲ့ docking စနစ္လည္း ပါဝင္လာတာျဖစ္ပါတယ္။ Windows search button ကိုလည္း screen ရဲ့ ေဒါင္းစြန္းမွာ မဟုတ္ေတာ့တာကို ေတြ့ျမင္ရမွာပါ။ ေနာက္ၿပီးထူးျခားခ်က္တစ္ခုအေနနဲ႔ Android app ေတြကိုလည္း ဘာ emulator software မွာ အသံုးျပဳစရာမလိုေတာ့ဘဲ Windows 11 မွာ အသံုးျပဳလာႏိုင္ေတာ့မွာျဖစ္ပါတယ္။ App အသစ္ေတြကို Amazon appstore ကေနၿပီးေတာ့ install ျပဳလုပ္လာႏိုင္မွာျဖစ္ပါတယ္။ အျခား အေနနဲ႔ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ထားတဲ့ Microsoft Store၊ အခ်က္အလက္ေတြ ပိုမိုျပၫ့္ျပၫ့္စံုစံုေဖာ္ျပမဲ့ widgets နဲ႔ စာရိုက္ရာမွာလည္း Surface tablet ကို အသံုးျပဳေနတယ္ဆိုရင္ one-handed mode စတာေတြ ပါဝင္လာမွာျဖစ္ပါတယ္။

ၿပီးေတာ့ Windows 11 မွာ “Blue screen of death” လို႔လူသိမ်ားတဲ့ screen အျပာေရာင္ျဖစ္ သြားၿပီး error တက္တဲ့ ပံုစံကိုလည္း ေတြ့ရမွာ မဟုတ္ေတာ့ဘူးလို႔ သတင္းေတြ ထြက္ေနပါတယ္။ Error လံုးဝ မရိွေတာ့ဘူးလို႔ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ “Blue screen of death” ေနရာမွာ screen အနက္ေရာင္ကို ေျပာင္းသံုးေတာ့မယ္လို႔လည္း သတင္းေတြ ထြက္ေနပါတယ္။ ၿပီးေတာ့ PC ဖြင့္လိုက္လို႔ Windows တက္လာရင္ ၾကားရမယ့္ အသံနဲ႔ အျခားေသာအသံ တို႔ကိုလည္း ေျပာင္းလဲထားပါေသးတယ္။

.

Windows 11 update ၿပီးမွ Windows 10 ကို ျပန္သြားခ်င္ရင္

-----------------

Windows 11 တင္ၿပီးလို႔ ၁၀ရက္ အတြင္းမွာ Windows 10 ဆီကို ျပန္သြားလို႔ရပါတယ္။ ဒီေနရမွာ တင္တယ္ဆိုတာ clean install ကိုေျပာတာမဟုတ္ပါဘူး။ System upgrade လုပ္တာကိုေျပာတာပါ။ ဒီ ၁၀ ရက္အတြင္းမွာဆိုရင္ေတာ့ Windows 10 ကိုျပန္သြားရင္ နဂိုရိွၿပီးသား file ေတြ အားလံုးနဲ႔ Windows 10 ကို ျပန္ရႏိုင္မွာျဖစ္ပါတယ္။ ဒါမွမဟုတ္ဘဲ ၁၀ ရက္ ေက်ာ္သြားမွသာ ျပန္ေျပာင္းခ်င္တယ္ဆိုရင္ေတာ့ file ေတြကို မိမိကိုယ္တိုင္ backup လုပ္ထားမွာသာ နဂို file ေတျြပန္ရမွာျဖစ္ပါတယ္။

.

Windows 10 ကိုပဲ ဆက္သံုးေနခ်င္ေသးတယ္ဆိုရင္

------------

Microsoft ရဲ့အဆိုအရ windows 10 ကို ၂၀၂၅ ခုႏွစ္အထိ support လုပ္ေပးေနဦးမွာျဖစ္တဲ့ အတြက္ အလ်ွင္စလို ခ်က္ခ်င္းႀကီး update လုပ္ဖို႔ မလိုေသးပါဘူး။

.

Windows 10 နဲ႔ 11 တို႔ရဲ့ ကြာျခားခ်က္မ်ား

-----------------

အသိသာဆံုးကြာျခားခ်က္တစ္ခုကေတာ့ အလယ္ေခါင္ကိုေရာက္လာတဲ့ taskbar ပဲျဖစ္ပါတယ္။ Windows 10 မွာတုန္းက ေထာင့္စြန္းမွာျဖစ္ပါတယ္။ ဒါေၾကာင့္ MacOs နဲ႔ ပံုစံေတာင္နည္းနည္း ခပ္ဆင္ဆင္ လိုျဖစ္လာပါတယ္။ ေနာက္တစ္ခုက snap desktop ဆိုတဲ့ feature အသစ္ ေၾကာင့္ multitasking ပိုင္းမွာ ပိုမို အားေကာင္းလာပါတယ္။ Windows 10 ကလည္း multitasking လုပ္ႏိုင္ေပမဲ့ ဖြင့္ထားတဲ့ application ေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ drag and drop လုပ္ၿပီး position ကိုယ္တိုင္ထားရတာျဖစ္ပါတယ္။ သို႔ေပမဲ့ 11 မွာေတာ့ snap layout ဆိုတာက application ေတြအမ်ားႀကီး တစ္ခါတည္းဖြင့္ထားၿပီးေတာ့ အသင့္ရိွေနတဲ့ layout ေတြထဲက တစ္ခုခု ကိုေရြးလိုက္ရင္ app ေတြက အလိုအေလ်ာက္ layout ထဲက အကြက္ေတြထဲကို ေရာက္သြားမွာျဖစ္တဲ့ အတြက္ positioning ကေတာ့ perfect လို႔ေျပာလို႔ရမွာပါ။ ေအာက္ကပံုေတြထဲမွာ Teams, Edge နဲ႔ Powerpoint တို႔ကို ယွဉ္ျပထားတဲ့ပံုဟာ snap layout ျဖစ္ပါတယ္။ Teams chat ကိုလည္း taskbar မွာတစ္ခါတည္း ထၫ့္ထားတာကို ေတြ့ျမင္ရဦးမွာျဖစ္ပါတယ္။ အဲ့ဒါက ဘာလည္းဆိုေတာ့ Skype တို႔ Slack တို႔လို႔ messaging နဲ႔ video calling software ပဲျဖစ္ပါတယ္။ Microsoft ကထုတ္ထားတာျဖစ္ပါတယ္။ Chat feature က taskbar ေပၚမွာ တစ္ေပါင္းတည္းျဖစ္လို႔ လြယ္ကူ ျမန္ဆန္စြာ စာတိုေတြပို႔ လို႔ရႏိုင္မွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ Microsoft Store ကို အစကေန ျပန္လည္ ေရးဆြဲထားတာျဖစ္တယ္လို႔သိရပါတယ္။ Design ပိုင္းအရေရာျဖစ္ပါတယ္။ အဓိကအခ်က္က store မွာ Amazon appstore မွာရိွတဲ့ App ေတြကိုေဒါင္းၿပီး Windows 11 မွာ Bluestack တို႔လို emulator ေတြ မလိုအပ္ပဲနဲ႔ အသံုးျပဳလို႔ရေတာ့မွာ ျဖစ္ပါတယ္။ App ေတြကိုလည္း Microsoft store ကေနေဒါင္းလို႔ရမွာျဖစ္ပါတယ္။ လံုးဝေသခ်ာတာတစ္ခုကေတာ့ Windows 11 ဟာ 10 ထက္စာရင္ Gaming ပိုင္းမွာ ပိုေကာင္းတဲ့ OS တစ္ခုျဖစ္လာမွာျဖစ္ပါတယ္။ Windows 11 မွာ X Box Series X ထဲက feature ျဖစ္တဲ့ Auto HDR ကိုယူၿပီး Gaming visual ပိုင္းေတြကို ပိုေကာင္းေအာင္လုပ္ေပးႏိုင္မွာျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ DirectStorage ဆိုတဲ့ feature အသစ္က NVMe SSD ပါတဲ့ device ေတြမွာ Game Loading Time သိသိသာသာ ျမန္ဆန္လာေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Gamer ဆိုရင္ Windows 11 ကိုအ သံုးျပဳခ်င္မွာျဖစ္ပါတယ္။ Windows 11 ကေတာ့ သတင္းေကာင္းေတြခ်ည္း သယ္လာတာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔မွာ system requirements ေတြကလည္း ပိုလိုအပ္လာလို႔ပါ။ ဥပမာ TPM module version 2.0။ TPM ကေတာ့ hardware module ျဖစ္ပါတယ္။ အလြယ္ေျပာရရင္ Security နဲ႔သက္ဆိုင္တဲ့ Module ျဖစ္ပါတယ္။  သူက encryption key ေတြကို ထုတ္ေပးဖို႔၊ သိမ္းဆည္းေပးဖို႔ပဲျဖစ္ပါတယ္ အၾကမ္းအားျဖင့္ဆိုရရင္။ System requirements ကြာျခားခ်က္ေတြကို ေအာက္ကပံုေတြထဲမွာလည္း ထၫ့္သြင္းထားပါတယ္။

.

Windows 10 နဲ႔ 11 ဘယ္ဟာကပိုေကာင္းလဲ

--------------------------

ဘယ္ဟာက ပိုေကာင္းလဲဆိုတဲ့ ေမးခြန္းကေတာ့ Windows 11 လက္ရိွမွာ insider preview ပဲျဖစ္ေနေသးလို႔ 10 ေလာက္ေတာ့ ေကာင္းဦးမွာ မဟုတ္ေသးပါဘူး။ သို႔ေပမဲ့ အခ်ိန္ေတြၾကာလာတာနဲ႔ အမ်ွ 11 က 10 ထက္ပိုေကာင္းလာမယ္ဆိုတာကေတာ့ အေသအခ်ာပဲျဖစ္ပါတယ္။ သို႔ေပမဲ့လည္း 11 ကို update လုပ္လို႔ မရတဲ့ PC ေတြအေနနဲ႔ကေတာ့ Microsoft က Windows 10 ကို 2025 ခုႏွစ္အထိ ဆက္လက္ၿပီးေတာ့ support ေပးေနဦးမွာျဖစ္ပါတယ္။


ကိုးကား - Microsoft အင္တာနက္စာမ်က္ႏွာ၊ USA Today အင္တာနက္စာမ်က္ႏွာ၊ trustedreviews အင္တာနက္စာမ်က္ႏွာ။

zer0eXploit

No comments: