Tuesday, July 20, 2021

ဓာတ်ပုံရိုက်ဖို့ ဘယ်လို စလေ့လာရမှာလဲ

 [Unicode]ဓာတ်ပုံရိုက်ဖို့ ဘယ်လို စလေ့လာရမှာလဲ




#ဓာတ်ပုံရိုက်ကူးခြင်းအနုပညာ

#Photography

#Learning_Articles


(သိပြီးသားလူတွေကတော့ အဆန်းတကြယ်မဟုတ်ပေမယ့် မသိသေးသူတွေအတွက်တော့ ဆောင်းပါးအသစ်တစ်ပုဒ်ဖြစ်ပါတယ်။ ဖလင်တွေနဲ့ ရိုက်ကူးရတဲ့ ခေတ်ကနေ ဒစ်ဂျစ်တယ်ကင်မရာအမျိုးမျိုးပေါ်ထွက်လာသလို လက်ကိုင်တယ်လီဖုန်းကင်မရာတွေနဲ့ပါ ရိုက်ကူးနေကြတဲ့ ဓာတ်ပုံတစ်ပုံက ဘာတွေကွာခြားသလဲမေးရင် ပုံထွက်အရည်အသွေးပေါ့။ အခြေခံ ကင်မရာကိုယ်ထည်အပြင် လိုအပ်တဲ့ အနေအထားရဖို့ မှန်ဘီလူးအမျိုးမျိုးကလည်းအရေးပါပြန်ရော။ မိမိမှန်းချက်နဲ့ နှမ်းထွက်ကိုက်ဖို့ကတော့ လက်ထဲရှိတဲ့ ငွေပမာဏနဲ့ ဘယ်လုပ်ငန်းမှာ သုံးမယ့်ကင်မရာလည်းအရင်စဉ်းစားသင့်တယ်။ စဉ်းစားပြီးပြီဆိုရင်တော့ ဓာတ်ပုံရိုက်ကူးခြင်း ပညာကို ဘယ်လိုစတင်လေ့လာသင့်သလဲဆိုတာ စူးစမ်းကြည့်ရအောင်။)


ကျွန်တော်/ကျွန်မက အခုမှ ကင်မရာ စကိုင်တာ ဓာတ်ပုံရိုက်ဖို့ ဘယ်လို လေ့လာရမှာလည်း။ဆိုတဲ့ မေးခွန်းကို အမြဲလိုလို အမေးခံရပါ တယ်။ ဒီလို မေးကြတာကောင်းပါတယ်။ သိလိုစိတ် ရှိလို့ တက်ချင်လို့ မေးကြတာပါ။ သိလိုစိတ်၊ တတ်လိုစိတ် ရှိမှသာ သိလာတတ် လာကြမှာပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ကြဖို့လည်း အများကြီးလိုအပ်ပါတယ်။ ကိုယ်တိုင်ကြိုးစားအားထုတ်မှသာ မြန်မြန်ဆန်ဆန် သိလာ၊ တတ်မြောက်လာကြမှာပါ။ ဒီလိုလေ့လာဖို့အတွက်ကလည်း ဒီဘက်ခေတ်မှာ အများကြီးလွယ်ကူလာခဲ့ပါပြီ။ ဓာတ်ပုံပညာနဲ့ ပက်သက်တဲ့ စာအုပ်စာတမ်းတွေဆိုရင်လည်း မြန်မာဘာသာနဲ့ ထွတ်တာ အများကြီး ရှိလာပါပြီ။ နောက်ပြီး online Internet မှာ နည်းမျိုးနဲ့ လေ့လာနိုင်ပါပြီ။ ဆောင်းပါးတွေ၊ စာအုပ်တွေ အချက်အလက်တွေအပြင်၊ video တွေ နဲ့ပါ ပေါပေါများများ လွယ်လွယ်ကူကူ ရနိုင်ပါတယ်။ ဒီတော့ ပြောချင်တာက တကယ်နားမလည်တာ မသိတာတွေအတွက် မေးခွန်းတွေလည်း မေးကြပါ၊ ကိုယ်ကိုယ်တိုင်ကလည်း ရနိုင်သမျှနည်းလမ်းတွေနဲ့ လေ့လာသင်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဓာတ်ပုံရိုက်တဲ့ ပညာရပ်ဟာ တကယ်လုပ်မှ တကယ်တတ်တဲ့ ပညာရပ် ဖြစ်ပါတယ်။


အခုမှ ဓာတ်ပုံစရိုက်ကြတဲ့သူတွေအတွက် အခြေခံအားဖြင့်တော့ ကျွန်တော်တို့ ဆရာသမားတွေလည်း ဖြေခဲ့ကြတဲ့ အဖြေတခု ရှိပါတယ်။ အဲဒါကတော့ ဓာတ်ပုံတွေ များများကြည့် ၊ ဓာတ်ပုံတွေများများရိုက် ဆိုတဲ့ အဖြေပါပဲ။ ဒါက တော်တော်လေးလှတဲ့ အဖြေပါ။ ကျွန်တော်တို့လည်း ဒီလိုပဲ တည်ဆောက်ခဲ့ကြရသလို၊ ဒီလိုပဲ ကြိုးစားလာခဲ့ကြရတာပါ။ မြန်မာပြည်က ဓာတ်ပုံသမားအများစုလည်း ဒီနည်းအတိုင်း တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို များများကြည့်ရင် အဲဒီ ဓာတ်ပုံတွေကနေတဆင့် အယူအဆတွေ၊ ရိုက်ချက်တွေ၊ တွေးခေါ်ပုံတွေ၊ အမြင်တွေကို လေ့လာလို့ ရပါတယ်။ ဓာတ်ပုံတွေ များများရိုက်ရင် များများ အတွေ့အကြုံ ရှိလာမယ်။ ဓာတ်ပုံရိုက်ဖို့အတွက် ပိုပိုပြီး မြင်တတ်လာမယ်။ ကိုယ့်အမှားတွေ အားနည်းချက်တွေကို ပိုသိလာမယ်။ ကင်မရာကို ပိုပြီး ကျွမ်းကျင်ပိုင်နိုင်လာမယ်။ဘယ်လိုအကြောင်းအရာကို ဘယ်လိုရိုက်ရင် ပိုကောင်းမယ်၊ ဘယ်လိုအချိန်မှာ ဘယ်လိုရိုက်သင့်တယ် အစရှိသဖြင့် ဓာတ်ပုံဆိုတာ ဘယ်လိုဆိုတာတွေ ပိုသိလာပါလိမ့်မယ်။


ဓာတ်ပုံပညာမှာက အတတ်ပညာရပ်တွေရယ်၊ အသိပညာ တနည်းအားဖြင့် အနုပညာနဲ့ ဆိုင်တဲ့ အတတ်တွေရယ် ပေါင်းထားပါတယ်။ ဓာတ်ပုံတွေ ရိုက်တတ်ဖို့ဆိုရင် အရင်ဦးဆုံး အဓိက အခြေခံဖြစ်တဲ့ Aperture, Shutter Speed, ISO ဆိုတာတွေရယ်။ သူတို့ရဲ့ သဘောသဘာဝနဲ့ ဘယ်လို အလုပ်လုပ်တယ်။ ဘယ်လို ထိမ်းချုပ်ရတယ် ဆိုတာလောက်တော့ သိထားဖို့ လိုပါတယ်။ ။အရင်ဦးဆုံး လေ့လာကြဖို့ လိုပါတယ်။ ဓာတ်ပုံရိုက်ကင်မရာ၊ ဖုန်းကင်မရာ အစရှိသဖြင့် ဘယ်လို ကင်မရာမျိုးကိုပဲ သုံးသုံး ဓာတ်ပုံရိုက်ဖို့အတွက်ဆိုရင် Exposure အတွက် အခြေခံအကျဆုံးဖြစ်တဲ့ Aperture, Shutter Speed, ISO သဘောတရားတွေက အတူတူပဲ ဖြစ်ပါတယ်။ ဒါတွေကလည်း နားလွယ်ဖို့အတွက် သိပ်မခက်ခဲလှ ပါဘူး။ ဒီသဘောတရားတွေကို သေသေချာချာ နားလည်သွားပြီဆိုရင် အရာရာက လွယ်ကူသွားပါပြီ။


Aperture, Shutter, ISO အကြောင်းတွေကို အချိန်ရတဲ့အခါ အသေးစိတ် ရေးပါမယ်။


နောက်ပြီး ကင်မရာဝယ်ပြီးတိုင်းမှာ Camera Manual Book စာအုပ်ကို သေသေချာချာ ဖတ်ဖို့ လိုပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ ကင်မရာတလုံးက ဘယ်လိုအလုပ်လုပ်တယ်။ ဘယ်ခလုတ်ကတော့ ဘာအတွက်ထည့်ထားတာ၊ ဘယ်ခလုတ်ကို နှိပ်ရင် ဘာရတယ်။ ကိုယ်လိုချင်တာ ရဖို့ ၊ကိုယ်ရိုက်ချင်သလို ဖြစ်လာဖို့ ဘယ်ခလုတ်ကိုသုံးရမယ် အစရှိသဖြင့် အသေးစိတ် သိနေဖို့ လိုပါတယ်။ အဲဒါတွေ အကုန်လုံးက Camera Manual Book ထဲမှာ အကုန်ပါပါတယ်။ ဒါပေမယ့် အများစုက မဖတ်ကြပါဘူး။ မဖတ်ချင်ကြပါဘူး။ အဲဒါက စပြီး လွဲနေတာပါပဲ။ ကိုယ့်ကင်မရာအကြောင်းကိုကိုယ်မသိပဲနဲ့တော့ ဘယ်လိုလုပ်ပြီး အသုံးချနိုင်တော့မှာလည်း။ ဘယ်လိုလုပ်ပြီး ဓာတ်ပုံကောင်းတွေ ရိုက်တော့မှာလည်း။


ခေတ်အဆက်ဆက်မှာ ကင်မရာတည်ဆောက်ပုံတွေ၊နည်းပညာရပ်တွေ၊ စွမ်းဆောင်နိုင်မှုတွေက ကောင်းသည်ထက် ကောင်းလာကြပါ တယ်။ ဒီလိုနည်းပညာတွေ၊ စွမ်းဆောင်နိုင်မှုတွေအတွက် ကျွန်တော်တို့က ကင်မရာတွေကို ဈေးကြီးပေး ဝယ်သုံးနေကြရတာပါ။ ကိုယ့်ကင်မရာက စွမ်းဆောင်နိုင်တာတွေကို မသိရင် ၊ အသုံးမချနိုင်ရင် ကင်မရာကို ဈေးကြီးပေးဝယ်ထားရတာ အလကားပါပဲ။ ကင်မရာတွေမှာပါတဲ့ စွမ်းဆောင်ရည် ကောင်းတွေ၊ စွမ်းဆောင်နိုင်စွမ်းတွေက သူ့အလိုလို ထွတ်ကျလာတာ မဟုတ်ပါဘူး။ ကိုယ်က သုံးရတာပါ။ ခိုင်းပေးရတာပါ။ ကိုယ်က မခိုင်းနိုင်ရင်၊ မသုံးနိုင်ရင် ဘယ်လောက်တန်ဖိုးရှိတဲ့ ကင်မရာ ဖြစ်ဖြစ် အလကားပါ။ ဈေးကြီးပေးရတဲ့ ကင်မရာမို့ ပုံကောင်းတွေ ထွတ်လာတာ မဟုတ်ပါဘူး။ ကင်မရာကို သုံးပြီး ဓာတ်ပုံရိုက်သူကြောင့် ဓာတ်ပုံကောင်းတွေ ထွတ်လာတာပါ။ အဖြူအမည်း Film ခေတ် ရှေးနှစ်ပေါင်း ၇၀ ကျော်လောက်ကတည်းက ကမ္ဘာကျော်တဲ့ ၊ အနုပညာမြောက်တဲ့ ဓာတ်ပုံကောင်းတွေ ရှေးခေတ်ကင်မရာတွေနဲ့ ရိုက်ခဲ့ကြပြီးသားပါ။ Digital Camera ခေတ်ကျမှ ဓာတ်ပုံကောင်းတွေ၊ ကမ္ဘာကျော် ဓာတ်ပုံတွေ ထွတ်ပေါ်လာကြတာ မဟုတ်ပါဘူး။


နောက်တချက်သိရမှာကတော့ ဓာတ်ပုံရိုက် မှန်ဘီလူးတွေ အကြောင်းပါ။ မှန်ဘီလူးတွေ အားလုံးအကြောင်းမသိဘူး ဆိုရင်တောင်၊ ကိုယ့်ကင်မရမှာ တပ်သုံးနေတဲ့ မှန်ဘီလူးအကြောင်းကိုတော့ ကိုယ်သိထားသင့်ပါတယ်။ ဘယ်မှန်ဘီလူးကတော့ မြင်ကွင်းကျယ် မှန်ဘီလူး Wide-angle Lens ဖြစ်တယ်။ ဘယ်မှန်ဘီလူးကိုတော့ စံမှန်ဘီလူး၊ Standard Lens/ Normal Lens လို့ သတ်မှတ်ထားတယ်။ ဘယ်မှန်ဘီလူးမျိုးကတော့ အဝေးရိုက်မှန်ဘီလူး Tele-photo Lens ဖြစ်တယ် ဆိုတာလောက်တော့ သိထားရပါမယ်။ နောက်ပြီး မှန်ဘီလူးတွေက ကိုယ်ဓာတ်ပုံရိုက်ယူမယ့် ပုံရိုက်ပေါ်မှာ သက်ရောက်မှုတွေ ရှိပါတယ်။ အပြင်မှာ ရှိနေတဲ့အတိုင်း မျက်စိနဲ့မြင်နေတဲ့ အတိုင်း ဓာတ်ပုံထဲမှာ ပေါ်လာတာမဟုတ်ပါဘူး။ ကိုယ်အသုံးပြုလိုက်တဲ့ မှန်ဘီလူးဆုံတာ Focal Length ကို လိုက်ပြီး ပုံရိပ်တွေရဲ့ ပုံသဏ္ဏန်အနေအထားက ပြောင်းလဲသွားပါတယ်။ အဲဒီလို အပြင်မှာ ရှိနေတဲ့အတိုင်းမဟုတ်ပဲ ပြောင်းလဲသွားတာကို Distortion ဝင်တယ်။ ပုံပျက်တယ်လို့ ခေါ်ပါတယ်။သတ်မှတ်ပါတယ်။ မြင်ကွင်းကျယ် မှန်ဘီလူးတွေရဲ့ ပုံပျက်တဲ့ Distortion ဝင်တဲ့အနေအထားက ကင်မရာမှန်ဘီလူးနဲ့ နီးတဲ့အရာတွေကို ပိုကြီးလာစေပြီး ကင်မရာမှန်ဘီလူးနဲ့ ဝေးတဲ့အရာတွေကို ပိုသေးသွားစေပါတယ်။ ဒီလိုပုံပျက်ခြင်း က လူတွေရဲ့ အနေအထားကို ယိုယွင်းသွားစေတာမို့ လူပုံရိုက်တဲ့ မြင်ကွင်းကျယ် မှန်ဘီလူးကို သိပ်သုံးလေ့ မရှိကြပါဘူး။


စံမှန်ဘီလူးနဲ့ ပက်သက်ပြီး အမှတ်လွဲနေကြတဲ့ အချက်ကတော့ 50mm မှန်ဘီလူးကိုပဲ စံမှန်ဘီလူးအဖြစ် သိနေ၊ မှတ်နေကြတဲ့ အချက်ပါ။ ဒါက Film ခေတ်ကနေ စွဲလာတဲ့အချက်ပါ။ Film ခေတ်မှာတုန်းက အားလုံးနီးပါက 35mm Film တွေကိုပဲ သုံးကြတာ ဆိုတော့ Focal Length 50mm ရှိတဲ့ မှန်ဘီလူးက စံမှန်ဘီလူး တရားသေနီးပါး မှန်ပါတယ်။ တကယ်တော့ စံမှန်ဘီလူးဆိုတာ ပုံရိပ်ပေါ်မှာ ဘာမှ သက်ရောက်မှုမရှိတဲ့၊ အပြင်မှာရှိနေတဲ့ အချိုးအစား အနေအထား အရှိအတိုင်း ပုံရိပ်ဖမ်းပေးနိုင်တဲ့ မှန်ဘီလူးကို ပြောတာပါ။ မှန်ဘီလူးဆုံတာ Focal Length အားဖြင့်လည်း 50mm အသေမဟုတ်ပဲ အသုံးပြုရတဲ့ Film အရွယ်အစား၊ ဒီနေ့ ခေတ်မှာတော့ ကင်မရာထဲမှာပါတဲ့ Image Sensor အရွယ်အစားကို မူတည်ပြီး ပြောင်းလဲသွားကြပါတယ်။ Full Frame Sensor အရွယ်အစား ကင်မရာတွေအတွက်ကမှ 50mm က စံမှန်ဘီလူး ဖြစ်ပါတယ်။ Full Frame Sensor အောက် ငယ်တဲ့ Cross Frame Sensor အရွယ်အစား ကင်မရာတွေဆိုရင် 50mm မှန်ဘီလူးက စံမှန်ဘီလူး မဟုတ်တော့ပဲ Sensor အရွယ်အစားကို လိုက်ပြီး စံမှန်ဘီလူးတွေက 35mm, 25mm, 18.5mm အစရှိသည်ဖြင့် ပြောင်းသွားကြပါတယ်။ အဲဒီလိုပဲ Sensor အရွယ်အစားကြီးမားတဲ့ Medium Format ကင်မရာမှာဆိုရင်လည်း 50mm မှန်ဘီလူးက စံမှန်ဘီလူး မဟုတ်တော့ပဲ Sensor အရွယ်အစားကို လိုက်ပြီး 63mm,80mm အစရှိသည်ဖြင့် ပြောင်းလဲသွားပါတယ်။ ကျွန်တော်အဓိက ပြောချင်တာကတော့ စံမှန်ဘီလူးဆိုတာ 50mm အသေမဟုတ်ဘူးဆိုတာ ပါပဲ။


နောက်တဆင့်တက်ပြီးရင်တော့ အခြေခံ ဓာတ်ပုံဖွဲ့စည်းပုံ composition တို့ ၊ဓာတ်ပုံအယူအဆတို့ ၊ အလင်းအမှောင်တို့၊ အလင်းပေးနည်းတွေတို့ စသည်အားဖြင့် တဆင့်ချင်း တဆင့်ချင်း လေ့လာကြဖို့ လိုပါတယ်။ ဒါတွေကို လေ့လာဖို့ကတော့ အချိန်ပေးဖို့ လိုပါတယ်။ အရင်ဦးဆုံး Rule of third ဆိုတာ ဘာလည်းကစပြီး အရာရာကို အခြေခံကျကျ လေ့လာသင့်ပါတယ်။ ပန်းချီနဲ့ ဓာတ်ပုံမှာ Composition ဖွဲ့စည်းမှု အယူအဆနဲ့ အရောင်သဘောတရားတွေက အခြေခံအားဖြင့် တူညီကြပါတယ်။ Composition ဖွဲ့စည်းမှု နဲ့ပက်သက်ပြီး တကယ်တမ်း ကျွမ်းကျွမ်းကျင်ကျင် ဖြစ်ချင်ရင်တော့ (သချာင်္) ဂျီသြမေတြိ အခြေခံကစပြီး လေ့လာရမယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့တတွေ ဒီနေ့ပြောနေကြတဲ့ Rule of Third တို့ Golden Ratio တို့ဆိုတာ ဂျီသြမေတြိက စလာတာပါ။ 


ရသမြောက်တဲ့ ဓာတ်ပုံတွေဟာ အလင်းနဲ့အမှောင်ဖြစ်ဖြစ်၊ အရောင်တွေနဲ့ ဖြစ်ဖြစ်၊ Tone တွနဲ့ ဖြစ်ဖြစ် ကစားထားကြတာပါ။ အလင်းချည်းပဲလည်း မရိုကိပါနဲ့။ အမှောင်ချည်းပဲလည်း မရိုက်ပါနဲ့။ ကိုယ်ဓာတ်ပုံထဲမှာ အလင်းနဲ့အမှောင် ပါအောင် ရိုက်ပါ။ ကိုယ်မြင်နေကြမဟုတ်တဲ့ အမြင်တွေကနေ ရိုက်ပါ။ 


အားလုံးအတွက် အရေးကြီးဆုံးတချက်ကို ပြောပါမယ်။ ကင်မရာမှာ ပါလာတဲ့ ဓာတ်ပုံဖို့ Mode တွေဖြစ်တဲ့ P(Program), A (AV), S (TV), M, Auto, Scenes ခလုတ်တွေ အားလုံးက သူနေရာနဲ့တူ အသုံးတည့်ပါတယ်။ ဒီခလုတ်တွေအားလုံးက လိုအပ်လို ထည့်ထား တာပါ။ ဒီခလုတ်တွေ ကင်မရာမှာ ထည့်နိုင်ဖို့အတွက်ကိုလည်း ကင်မရာထုတ်လုပ်သူတွေက နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး ရှာဖွေထားကြတာပါ။ အခုထက်ထိလည်း ဆက်လုပ်ရှာဖွေ နေကြတုန်းပါပဲ။ Manual နဲ့ ရိုက်မှ ဓာတ်ပုံရိုက်တတ်မယ်ဆိုတဲ့ တရားသေ အယူအဆဟာ မမှန်ပါဘူး။ Manual နဲ့ ရိုက်လို့လည်း ထူးပြီး ဂုဏ်ရှိလာမှာ မဟုတ်သလို၊ ပိုထူးပြီး အထင်ကြီးစရာလည်း မရှိပါဘူး။ ဘာမှ နားမလည်ပဲ Manual နဲ့ ဇွတ်အတင်း ရိုက်နေတာက တော်တော် ရူးမိုက်တဲ့ ကိစ္စပါ။ အဲလိုလူတွေ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲလိုလူတွေကို ကျွန်တော်ကတော့ အထင်မကြီးတဲ့အပြင် ရှုံ့ချပါတယ်။ အဓိကကတော့ Mode တွေ အားလုံးရဲ့ သဘောကို နားလည်ဖို့ပါ။ Manual နဲ့ ရိုက်ပြီး မကောင်းတဲ့ပုံနဲ့ Auto နဲ့ ရိုက်ပြီး ကောင်းတဲ့ပုံဆိုရင် လူတိုင်းက ကောင်းတဲ့ပုံကိုပဲ လက်ခံကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ Mode တွအားလုံးကို လိုအပ်သလိုပဲသုံးပါတယ်။ အမြဲတမ်း Manual နဲ့ ရိုက်နေတာ မဟုတ်ပါ။


ဓာတ်ပုံတွေကို ကြည့်တဲ့အခါ ၊ ခံစားတဲ့အခါ၊ စံနှုန်းသတ်မှတ်ကြတဲ့အခါ ဘာ Mode နဲ့ ရိုက်ထားတယ်ဆိုတာ ဘယ်သူမှ ထည့်မစဉ်းစားကြပါဘူး။ သူ့ဘယ်လိုမြင်တယ်။ သူ့ဓာတ်ပုံကို ဘယ်လို ရိုက်ယူထားတယ်။ ဘယ်လောက်အထိ ဖမ်းစားနိုင်တယ်။ ဘယ်လောက်အထိ ကောင်းတယ်ဆိုတာတွေပဲ ကြည့်ကြပါတယ်။ ခင်ဗျတို့တတွေလည်း ဓာတ်ပုံတွေကို ကြည့်တဲ့ ခံစားတဲ့အခါ ဓာတ်ပုံအပေါ်မှာပဲ ကြည့်ကြ၊ ခံစားကြတာ မဟုတ်ဘူးလား။ ဘယ် Mode နဲ့ ရိုက်တယ်ဆိုတဲ့ အပေါ်မှာ ကြည့်ကြ ခံစားကြတာမှ မဟုတ်ပဲ။ သူ့ဘာသူ ဘာMode နဲ့ ရိုက်ရိုက် သူ့ ဓာတ်ပုံ ကောင်းတယ်၊ မကောင်းဘူးကတာ အဓိက ကျတာပါ။ 


ဓာတ်ပုံပြိုင်ပွဲတွေမှာ ဓာတ်ပုံတွေကို အကဲဖြတ်တဲ့ အခါမှာလည်း ဘာ Mode နဲ့ ရိုက်သလည်းဆိုတာ ထည့်ကို မတွက်ကြပါဘူး။ ဓာတ်ပုံတွေအပေါ်မှာပဲ စံထားပြီး၊ ခံစားပြီး အကဲဖြတ် ရွေးချယ်ကြပါတယ်။ နောက်ဆုံးအရင်းစစ်လိုက်တော့ ဓာတ်ပုံဆိုတာ အမြင်နဲ့ အနုပညာကသာ အဓိကကျပါတယ်။ အခုမှ စရိုက်တာမို့ မရိုက်တတ်ရင် အလွယ်ဆုံး Mode နဲ့ စရိုက်ပါ။ ကင်မရာ Mode တွေကို လေ့လာဖို့ အချိန်မပေးနိုင်ရင်လည်း ထားလိုက်ပါ။ ကိုယ့်ရဲ့အမြင်တွေ စူးရှတောက်ပလာအောင်၊ကိုယ့်ရဲ့တင်ပြပုံ ဆန်းသစ်လာအောင်၊ ကိုယ့်ရဲ့အနုပညာ ပြောင်မြောက်လာအောင်ပဲ ကြိုးစားပါ။ ကိုယ်ယုံကြည်တာကို ရဲရဲဝံ့ဝံ့နဲ့သာ ရိုက်ကြပါ။ ကင်မရာဆိုတာကလည်း ကိုယ့်လက်ထဲမှာ ရှိနေတာက ကိုယ့်အတွက် အကောင်းဆုံး ကင်မရာ ဖြစ်ပါတယ်။


#ကျော်ကျော်ဝင်း (X-Photographer) 

မူရင်း Page သို့လည်းသွားရောက်လေ့လာနိုင်ပါတယ်။ ဓာတ်ပုံပညာဗဟုသုတအကြောင်းအရာတွေအပြင် ကင်မရာအကြောင်းတွေပါ မျှဝေလေ့ရှိတဲ့သူပါ။ လိပ်စာက https://www.facebook.com/xpotographer/


[Zawgyi]ဓာတ္ပံုရိုက္ဖို႔ ဘယ္လို စေလ့လာရမွာလဲ




#ဓာတ္ပံုရိုက္ကူးျခင္းအႏုပညာ

#Photography

#Learning_Articles


(သိၿပီးသားလူေတြကေတာ့ အဆန္းတၾကယ္မဟုတ္ေပမယ့္ မသိေသးသူေတြအတြက္ေတာ့ ေဆာင္းပါးအသစ္တစ္ပုဒ္ျဖစ္ပါတယ္။ ဖလင္ေတြနဲ႔ ရိုက္ကူးရတဲ့ ေခတ္ကေန ဒစ္ဂ်စ္တယ္ကင္မရာအမ်ိဳးမ်ိဳးေပၚထြက္လာသလို လက္ကိုင္တယ္လီဖုန္းကင္မရာေတြနဲ႔ပါ ရိုက္ကူးေနၾကတဲ့ ဓာတ္ပံုတစ္ပံုက ဘာေတြကြာျခားသလဲေမးရင္ ပံုထြက္အရည္အေသြးေပါ့။ အေျခခံ ကင္မရာကိုယ္ထည္အျပင္ လိုအပ္တဲ့ အေနအထားရဖို႔ မွန္ဘီလူးအမ်ိဳးမ်ိဳးကလည္းအေရးပါျပန္ေရာ။ မိမိမွန္းခ်က္နဲ႔ ႏွမ္းထြက္ကိုက္ဖို႔ကေတာ့ လက္ထဲရိွတဲ့ ေငြပမာဏနဲ႔ ဘယ္လုပ္ငန္းမွာ သံုးမယ့္ကင္မရာလည္းအရင္စဉ္းစားသင့္တယ္။ စဉ္းစားၿပီးၿပီဆိုရင္ေတာ့ ဓာတ္ပံုရိုက္ကူးျခင္း ပညာကို ဘယ္လိုစတင္ေလ့လာသင့္သလဲဆိုတာ စူးစမ္းၾကၫ့္ရေအာင္။)


ကြၽန္ေတာ္/ကြၽန္မက အခုမွ ကင္မရာ စကိုင္တာ ဓာတ္ပံုရိုက္ဖို႔ ဘယ္လို ေလ့လာရမွာလည္း။ဆိုတဲ့ ေမးခြန္းကို အၿမဲလိုလို အေမးခံရပါ တယ္။ ဒီလို ေမးၾကတာေကာင္းပါတယ္။ သိလိုစိတ္ ရိွလို႔ တက္ခ်င္လို႔ ေမးၾကတာပါ။ သိလိုစိတ္၊ တတ္လိုစိတ္ ရိွမွသာ သိလာတတ္ လာၾကမွာပါ။ ဒါေပမယ့္ ကိုယ္ကိုယ္တိုင္ ႀကိဳးစားအားထုတ္ၾကဖို႔လည္း အမ်ားႀကီးလိုအပ္ပါတယ္။ ကိုယ္တိုင္ႀကိဳးစားအားထုတ္မွသာ ျမန္ျမန္ဆန္ဆန္ သိလာ၊ တတ္ေျမာက္လာၾကမွာပါ။ ဒီလိုေလ့လာဖို႔အတြက္ကလည္း ဒီဘက္ေခတ္မွာ အမ်ားႀကီးလြယ္ကူလာခဲ့ပါၿပီ။ ဓာတ္ပံုပညာနဲ႔ ပက္သက္တဲ့ စာအုပ္စာတမ္းေတြဆိုရင္လည္း ျမန္မာဘာသာနဲ႔ ထြတ္တာ အမ်ားႀကီး ရိွလာပါၿပီ။ ေနာက္ၿပီး online Internet မွာ နည္းမ်ိဳးနဲ႔ ေလ့လာႏိုင္ပါၿပီ။ ေဆာင္းပါးေတြ၊ စာအုပ္ေတြ အခ်က္အလက္ေတြအျပင္၊ video ေတြ နဲ႔ပါ ေပါေပါမ်ားမ်ား လြယ္လြယ္ကူကူ ရႏိုင္ပါတယ္။ ဒီေတာ့ ေျပာခ်င္တာက တကယ္နားမလည္တာ မသိတာေတြအတြက္ ေမးခြန္းေတြလည္း ေမးၾကပါ၊ ကိုယ္ကိုယ္တိုင္ကလည္း ရႏိုင္သမ်ွနည္းလမ္းေတြနဲ႔ ေလ့လာသင္ယူၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။ ဓာတ္ပံုရိုက္တဲ့ ပညာရပ္ဟာ တကယ္လုပ္မွ တကယ္တတ္တဲ့ ပညာရပ္ ျဖစ္ပါတယ္။


အခုမွ ဓာတ္ပံုစရိုက္ၾကတဲ့သူေတြအတြက္ အေျခခံအားျဖင့္ေတာ့ ကြၽန္ေတာ္တို႔ ဆရာသမားေတြလည္း ေျဖခဲ့ၾကတဲ့ အေျဖတခု ရိွပါတယ္။ အဲဒါကေတာ့ ဓာတ္ပံုေတြ မ်ားမ်ားၾကၫ့္ ၊ ဓာတ္ပံုေတြမ်ားမ်ားရိုက္ ဆိုတဲ့ အေျဖပါပဲ။ ဒါက ေတာ္ေတာ္ေလးလွတဲ့ အေျဖပါ။ ကြၽန္ေတာ္တို႔လည္း ဒီလိုပဲ တည္ေဆာက္ခဲ့ၾကရသလို၊ ဒီလိုပဲ ႀကိဳးစားလာခဲ့ၾကရတာပါ။ ျမန္မာျပည္က ဓာတ္ပံုသမားအမ်ားစုလည္း ဒီနည္းအတိုင္း တည္ေဆာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဓာတ္ပံုေတြကို မ်ားမ်ားၾကၫ့္ရင္ အဲဒီ ဓာတ္ပံုေတြကေနတဆင့္ အယူအဆေတြ၊ ရိုက္ခ်က္ေတြ၊ ေတြးေခၚပံုေတြ၊ အျမင္ေတြကို ေလ့လာလို႔ ရပါတယ္။ ဓာတ္ပံုေတြ မ်ားမ်ားရိုက္ရင္ မ်ားမ်ား အေတြ့အႀကံဳ ရိွလာမယ္။ ဓာတ္ပံုရိုက္ဖို႔အတြက္ ပိုပိုၿပီး ျမင္တတ္လာမယ္။ ကိုယ့္အမွားေတြ အားနည္းခ်က္ေတြကို ပိုသိလာမယ္။ ကင္မရာကို ပိုၿပီး ကြၽမ္းက်င္ပိုင္ႏိုင္လာမယ္။ဘယ္လိုအေၾကာင္းအရာကို ဘယ္လိုရိုက္ရင္ ပိုေကာင္းမယ္၊ ဘယ္လိုအခ်ိန္မွာ ဘယ္လိုရိုက္သင့္တယ္ အစရိွသျဖင့္ ဓာတ္ပံုဆိုတာ ဘယ္လိုဆိုတာေတြ ပိုသိလာပါလိမ့္မယ္။


ဓာတ္ပံုပညာမွာက အတတ္ပညာရပ္ေတြရယ္၊ အသိပညာ တနည္းအားျဖင့္ အႏုပညာနဲ႔ ဆိုင္တဲ့ အတတ္ေတြရယ္ ေပါင္းထားပါတယ္။ ဓာတ္ပံုေတြ ရိုက္တတ္ဖို႔ဆိုရင္ အရင္ဦးဆံုး အဓိက အေျခခံျဖစ္တဲ့ Aperture, Shutter Speed, ISO ဆိုတာေတြရယ္။ သူတို႔ရဲ့ သေဘာသဘာဝနဲ႔ ဘယ္လို အလုပ္လုပ္တယ္။ ဘယ္လို ထိမ္းခ်ဳပ္ရတယ္ ဆိုတာေလာက္ေတာ့ သိထားဖို႔ လိုပါတယ္။ ။အရင္ဦးဆံုး ေလ့လာၾကဖို႔ လိုပါတယ္။ ဓာတ္ပံုရိုက္ကင္မရာ၊ ဖုန္းကင္မရာ အစရိွသျဖင့္ ဘယ္လို ကင္မရာမ်ိဳးကိုပဲ သံုးသံုး ဓာတ္ပံုရိုက္ဖို႔အတြက္ဆိုရင္ Exposure အတြက္ အေျခခံအက်ဆံုးျဖစ္တဲ့ Aperture, Shutter Speed, ISO သေဘာတရားေတြက အတူတူပဲ ျဖစ္ပါတယ္။ ဒါေတြကလည္း နားလြယ္ဖို႔အတြက္ သိပ္မခက္ခဲလွ ပါဘူး။ ဒီသေဘာတရားေတြကို ေသေသခ်ာခ်ာ နားလည္သြားၿပီဆိုရင္ အရာရာက လြယ္ကူသြားပါၿပီ။


Aperture, Shutter, ISO အေၾကာင္းေတြကို အခ်ိန္ရတဲ့အခါ အေသးစိတ္ ေရးပါမယ္။


ေနာက္ၿပီး ကင္မရာဝယ္ၿပီးတိုင္းမွာ Camera Manual Book စာအုပ္ကို ေသေသခ်ာခ်ာ ဖတ္ဖို႔ လိုပါတယ္။ ကိုယ္ဝယ္လိုက္တဲ့ ကင္မရာတလံုးက ဘယ္လိုအလုပ္လုပ္တယ္။ ဘယ္ခလုတ္ကေတာ့ ဘာအတြက္ထၫ့္ထားတာ၊ ဘယ္ခလုတ္ကို ႏိွပ္ရင္ ဘာရတယ္။ ကိုယ္လိုခ်င္တာ ရဖို႔ ၊ကိုယ္ရိုက္ခ်င္သလို ျဖစ္လာဖို႔ ဘယ္ခလုတ္ကိုသံုးရမယ္ အစရိွသျဖင့္ အေသးစိတ္ သိေနဖို႔ လိုပါတယ္။ အဲဒါေတြ အကုန္လံုးက Camera Manual Book ထဲမွာ အကုန္ပါပါတယ္။ ဒါေပမယ့္ အမ်ားစုက မဖတ္ၾကပါဘူး။ မဖတ္ခ်င္ၾကပါဘူး။ အဲဒါက စၿပီး လြဲေနတာပါပဲ။ ကိုယ့္ကင္မရာအေၾကာင္းကိုကိုယ္မသိပဲနဲ႔ေတာ့ ဘယ္လိုလုပ္ၿပီး အသံုးခ်ႏိုင္ေတာ့မွာလည္း။ ဘယ္လိုလုပ္ၿပီး ဓာတ္ပံုေကာင္းေတြ ရိုက္ေတာ့မွာလည္း။


ေခတ္အဆက္ဆက္မွာ ကင္မရာတည္ေဆာက္ပံုေတြ၊နည္းပညာရပ္ေတြ၊ စြမ္းေဆာင္ႏိုင္မႈေတြက ေကာင္းသည္ထက္ ေကာင္းလာၾကပါ တယ္။ ဒီလိုနည္းပညာေတြ၊ စြမ္းေဆာင္ႏိုင္မႈေတြအတြက္ ကြၽန္ေတာ္တို႔က ကင္မရာေတြကို ေဈးႀကီးေပး ဝယ္သံုးေနၾကရတာပါ။ ကိုယ့္ကင္မရာက စြမ္းေဆာင္ႏိုင္တာေတြကို မသိရင္ ၊ အသံုးမခ်ႏိုင္ရင္ ကင္မရာကို ေဈးႀကီးေပးဝယ္ထားရတာ အလကားပါပဲ။ ကင္မရာေတြမွာပါတဲ့ စြမ္းေဆာင္ရည္ ေကာင္းေတြ၊ စြမ္းေဆာင္ႏိုင္စြမ္းေတြက သူ႔အလိုလို ထြတ္က်လာတာ မဟုတ္ပါဘူး။ ကိုယ္က သံုးရတာပါ။ ခိုင္းေပးရတာပါ။ ကိုယ္က မခိုင္းႏိုင္ရင္၊ မသံုးႏိုင္ရင္ ဘယ္ေလာက္တန္ဖိုးရိွတဲ့ ကင္မရာ ျဖစ္ျဖစ္ အလကားပါ။ ေဈးႀကီးေပးရတဲ့ ကင္မရာမို႔ ပံုေကာင္းေတြ ထြတ္လာတာ မဟုတ္ပါဘူး။ ကင္မရာကို သံုးၿပီး ဓာတ္ပံုရိုက္သူေၾကာင့္ ဓာတ္ပံုေကာင္းေတြ ထြတ္လာတာပါ။ အျဖဴအမည္း Film ေခတ္ ေရွးႏွစ္ေပါင္း ၇၀ ေက်ာ္ေလာက္ကတည္းက ကမ႓ာေက်ာ္တဲ့ ၊ အႏုပညာေျမာက္တဲ့ ဓာတ္ပံုေကာင္းေတြ ေရွးေခတ္ကင္မရာေတြနဲ႔ ရိုက္ခဲ့ၾကၿပီးသားပါ။ Digital Camera ေခတ္က်မွ ဓာတ္ပံုေကာင္းေတြ၊ ကမ႓ာေက်ာ္ ဓာတ္ပံုေတြ ထြတ္ေပၚလာၾကတာ မဟုတ္ပါဘူး။


ေနာက္တခ်က္သိရမွာကေတာ့ ဓာတ္ပံုရိုက္ မွန္ဘီလူးေတြ အေၾကာင္းပါ။ မွန္ဘီလူးေတြ အားလံုးအေၾကာင္းမသိဘူး ဆိုရင္ေတာင္၊ ကိုယ့္ကင္မရမွာ တပ္သံုးေနတဲ့ မွန္ဘီလူးအေၾကာင္းကိုေတာ့ ကိုယ္သိထားသင့္ပါတယ္။ ဘယ္မွန္ဘီလူးကေတာ့ ျမင္ကြင္းက်ယ္ မွန္ဘီလူး Wide-angle Lens ျဖစ္တယ္။ ဘယ္မွန္ဘီလူးကိုေတာ့ စံမွန္ဘီလူး၊ Standard Lens/ Normal Lens လို႔ သတ္မွတ္ထားတယ္။ ဘယ္မွန္ဘီလူးမ်ိဳးကေတာ့ အေဝးရိုက္မွန္ဘီလူး Tele-photo Lens ျဖစ္တယ္ ဆိုတာေလာက္ေတာ့ သိထားရပါမယ္။ ေနာက္ၿပီး မွန္ဘီလူးေတြက ကိုယ္ဓာတ္ပံုရိုက္ယူမယ့္ ပံုရိုက္ေပၚမွာ သက္ေရာက္မႈေတြ ရိွပါတယ္။ အျပင္မွာ ရိွေနတဲ့အတိုင္း မ်က္စိနဲ႔ျမင္ေနတဲ့ အတိုင္း ဓာတ္ပံုထဲမွာ ေပၚလာတာမဟုတ္ပါဘူး။ ကိုယ္အသံုးျပဳလိုက္တဲ့ မွန္ဘီလူးဆံုတာ Focal Length ကို လိုက္ၿပီး ပံုရိပ္ေတြရဲ့ ပံုသဏၰန္အေနအထားက ေျပာင္းလဲသြားပါတယ္။ အဲဒီလို အျပင္မွာ ရိွေနတဲ့အတိုင္းမဟုတ္ပဲ ေျပာင္းလဲသြားတာကို Distortion ဝင္တယ္။ ပံုပ်က္တယ္လို႔ ေခၚပါတယ္။သတ္မွတ္ပါတယ္။ ျမင္ကြင္းက်ယ္ မွန္ဘီလူးေတြရဲ့ ပံုပ်က္တဲ့ Distortion ဝင္တဲ့အေနအထားက ကင္မရာမွန္ဘီလူးနဲ႔ နီးတဲ့အရာေတြကို ပိုႀကီးလာေစၿပီး ကင္မရာမွန္ဘီလူးနဲ႔ ေဝးတဲ့အရာေတြကို ပိုေသးသြားေစပါတယ္။ ဒီလိုပံုပ်က္ျခင္း က လူေတြရဲ့ အေနအထားကို ယိုယြင္းသြားေစတာမို႔ လူပံုရိုက္တဲ့ ျမင္ကြင္းက်ယ္ မွန္ဘီလူးကို သိပ္သံုးေလ့ မရိွၾကပါဘူး။


စံမွန္ဘီလူးနဲ႔ ပက္သက္ၿပီး အမွတ္လြဲေနၾကတဲ့ အခ်က္ကေတာ့ 50mm မွန္ဘီလူးကိုပဲ စံမွန္ဘီလူးအျဖစ္ သိေန၊ မွတ္ေနၾကတဲ့ အခ်က္ပါ။ ဒါက Film ေခတ္ကေန စြဲလာတဲ့အခ်က္ပါ။ Film ေခတ္မွာတုန္းက အားလံုးနီးပါက 35mm Film ေတြကိုပဲ သံုးၾကတာ ဆိုေတာ့ Focal Length 50mm ရိွတဲ့ မွန္ဘီလူးက စံမွန္ဘီလူး တရားေသနီးပါး မွန္ပါတယ္။ တကယ္ေတာ့ စံမွန္ဘီလူးဆိုတာ ပံုရိပ္ေပၚမွာ ဘာမွ သက္ေရာက္မႈမရိွတဲ့၊ အျပင္မွာရိွေနတဲ့ အခ်ိဳးအစား အေနအထား အရိွအတိုင္း ပံုရိပ္ဖမ္းေပးႏိုင္တဲ့ မွန္ဘီလူးကို ေျပာတာပါ။ မွန္ဘီလူးဆံုတာ Focal Length အားျဖင့္လည္း 50mm အေသမဟုတ္ပဲ အသံုးျပဳရတဲ့ Film အရြယ္အစား၊ ဒီေန့ ေခတ္မွာေတာ့ ကင္မရာထဲမွာပါတဲ့ Image Sensor အရြယ္အစားကို မူတည္ၿပီး ေျပာင္းလဲသြားၾကပါတယ္။ Full Frame Sensor အရြယ္အစား ကင္မရာေတြအတြက္ကမွ 50mm က စံမွန္ဘီလူး ျဖစ္ပါတယ္။ Full Frame Sensor ေအာက္ ငယ္တဲ့ Cross Frame Sensor အရြယ္အစား ကင္မရာေတြဆိုရင္ 50mm မွန္ဘီလူးက စံမွန္ဘီလူး မဟုတ္ေတာ့ပဲ Sensor အရြယ္အစားကို လိုက္ၿပီး စံမွန္ဘီလူးေတြက 35mm, 25mm, 18.5mm အစရိွသည္ျဖင့္ ေျပာင္းသြားၾကပါတယ္။ အဲဒီလိုပဲ Sensor အရြယ္အစားႀကီးမားတဲ့ Medium Format ကင္မရာမွာဆိုရင္လည္း 50mm မွန္ဘီလူးက စံမွန္ဘီလူး မဟုတ္ေတာ့ပဲ Sensor အရြယ္အစားကို လိုက္ၿပီး 63mm,80mm အစရိွသည္ျဖင့္ ေျပာင္းလဲသြားပါတယ္။ ကြၽန္ေတာ္အဓိက ေျပာခ်င္တာကေတာ့ စံမွန္ဘီလူးဆိုတာ 50mm အေသမဟုတ္ဘူးဆိုတာ ပါပဲ။


ေနာက္တဆင့္တက္ၿပီးရင္ေတာ့ အေျခခံ ဓာတ္ပံုဖြဲ႔စည္းပံု composition တို႔ ၊ဓာတ္ပံုအယူအဆတို႔ ၊ အလင္းအေမွာင္တို႔၊ အလင္းေပးနည္းေတြတို႔ စသည္အားျဖင့္ တဆင့္ခ်င္း တဆင့္ခ်င္း ေလ့လာၾကဖို႔ လိုပါတယ္။ ဒါေတြကို ေလ့လာဖို႔ကေတာ့ အခ်ိန္ေပးဖို႔ လိုပါတယ္။ အရင္ဦးဆံုး Rule of third ဆိုတာ ဘာလည္းကစၿပီး အရာရာကို အေျခခံက်က် ေလ့လာသင့္ပါတယ္။ ပန္းခ်ီနဲ႔ ဓာတ္ပံုမွာ Composition ဖြဲ႔စည္းမႈ အယူအဆနဲ႔ အေရာင္သေဘာတရားေတြက အေျခခံအားျဖင့္ တူညီၾကပါတယ္။ Composition ဖြဲ႔စည္းမႈ နဲ႔ပက္သက္ၿပီး တကယ္တမ္း ကြၽမ္းကြၽမ္းက်င္က်င္ ျဖစ္ခ်င္ရင္ေတာ့ (သခ်ာင္္) ဂ်ီၾသေမႀတိ အေျခခံကစၿပီး ေလ့လာရမယ္လို႔ ဆိုပါတယ္။ ကြၽန္ေတာ္တို႔တေတြ ဒီေန့ေျပာေနၾကတဲ့ Rule of Third တို႔ Golden Ratio တို႔ဆိုတာ ဂ်ီၾသေမႀတိက စလာတာပါ။ 


ရသေျမာက္တဲ့ ဓာတ္ပံုေတြဟာ အလင္းနဲ႔အေမွာင္ျဖစ္ျဖစ္၊ အေရာင္ေတြနဲ႔ ျဖစ္ျဖစ္၊ Tone တြနဲ႔ ျဖစ္ျဖစ္ ကစားထားၾကတာပါ။ အလင္းခ်ည္းပဲလည္း မရိုကိပါနဲ႔။ အေမွာင္ခ်ည္းပဲလည္း မရိုက္ပါနဲ႔။ ကိုယ္ဓာတ္ပံုထဲမွာ အလင္းနဲ႔အေမွာင္ ပါေအာင္ ရိုက္ပါ။ ကိုယ္ျမင္ေနၾကမဟုတ္တဲ့ အျမင္ေတြကေန ရိုက္ပါ။ 


အားလံုးအတြက္ အေရးႀကီးဆံုးတခ်က္ကို ေျပာပါမယ္။ ကင္မရာမွာ ပါလာတဲ့ ဓာတ္ပံုဖို႔ Mode ေတျြဖစ္တဲ့ P(Program), A (AV), S (TV), M, Auto, Scenes ခလုတ္ေတြ အားလံုးက သူေနရာနဲ႔တူ အသံုးတၫ့္ပါတယ္။ ဒီခလုတ္ေတြအားလံုးက လိုအပ္လို ထၫ့္ထား တာပါ။ ဒီခလုတ္ေတြ ကင္မရာမွာ ထၫ့္ႏိုင္ဖို႔အတြက္ကိုလည္း ကင္မရာထုတ္လုပ္သူေတြက ႏွစ္ေပါင္းမ်ားစြာ သုေတသနလုပ္ၿပီး ရွာေဖြထားၾကတာပါ။ အခုထက္ထိလည္း ဆက္လုပ္ရွာေဖြ ေနၾကတုန္းပါပဲ။ Manual နဲ႔ ရိုက္မွ ဓာတ္ပံုရိုက္တတ္မယ္ဆိုတဲ့ တရားေသ အယူအဆဟာ မမွန္ပါဘူး။ Manual နဲ႔ ရိုက္လို႔လည္း ထူးၿပီး ဂုဏ္ရိွလာမွာ မဟုတ္သလို၊ ပိုထူးၿပီး အထင္ႀကီးစရာလည္း မရိွပါဘူး။ ဘာမွ နားမလည္ပဲ Manual နဲ႔ ဇြတ္အတင္း ရိုက္ေနတာက ေတာ္ေတာ္ ရူးမိုက္တဲ့ ကိစၥပါ။ အဲလိုလူေတြ ဘယ္ေတာ့မွ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ အဲလိုလူေတြကို ကြၽန္ေတာ္ကေတာ့ အထင္မႀကီးတဲ့အျပင္ ရႈံ႔ခ်ပါတယ္။ အဓိကကေတာ့ Mode ေတြ အားလံုးရဲ့ သေဘာကို နားလည္ဖို႔ပါ။ Manual နဲ႔ ရိုက္ၿပီး မေကာင္းတဲ့ပံုနဲ႔ Auto နဲ႔ ရိုက္ၿပီး ေကာင္းတဲ့ပံုဆိုရင္ လူတိုင္းက ေကာင္းတဲ့ပံုကိုပဲ လက္ခံၾကမွာပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ဒီ Mode တြအားလံုးကို လိုအပ္သလိုပဲသံုးပါတယ္။ အၿမဲတမ္း Manual နဲ႔ ရိုက္ေနတာ မဟုတ္ပါ။


ဓာတ္ပံုေတြကို ၾကၫ့္တဲ့အခါ ၊ ခံစားတဲ့အခါ၊ စံႏႈန္းသတ္မွတ္ၾကတဲ့အခါ ဘာ Mode နဲ႔ ရိုက္ထားတယ္ဆိုတာ ဘယ္သူမွ ထၫ့္မစဉ္းစားၾကပါဘူး။ သူ႔ဘယ္လိုျမင္တယ္။ သူ႔ဓာတ္ပံုကို ဘယ္လို ရိုက္ယူထားတယ္။ ဘယ္ေလာက္အထိ ဖမ္းစားႏိုင္တယ္။ ဘယ္ေလာက္အထိ ေကာင္းတယ္ဆိုတာေတြပဲ ၾကၫ့္ၾကပါတယ္။ ခင္ဗ်တို႔တေတြလည္း ဓာတ္ပံုေတြကို ၾကၫ့္တဲ့ ခံစားတဲ့အခါ ဓာတ္ပံုအေပၚမွာပဲ ၾကၫ့္ၾက၊ ခံစားၾကတာ မဟုတ္ဘူးလား။ ဘယ္ Mode နဲ႔ ရိုက္တယ္ဆိုတဲ့ အေပၚမွာ ၾကၫ့္ၾက ခံစားၾကတာမွ မဟုတ္ပဲ။ သူ႔ဘာသူ ဘာMode နဲ႔ ရိုက္ရိုက္ သူ႔ ဓာတ္ပံု ေကာင္းတယ္၊ မေကာင္းဘူးကတာ အဓိက က်တာပါ။ 


ဓာတ္ပံုၿပိဳင္ပြဲေတြမွာ ဓာတ္ပံုေတြကို အကဲျဖတ္တဲ့ အခါမွာလည္း ဘာ Mode နဲ႔ ရိုက္သလည္းဆိုတာ ထၫ့္ကို မတြက္ၾကပါဘူး။ ဓာတ္ပံုေတြအေပၚမွာပဲ စံထားၿပီး၊ ခံစားၿပီး အကဲျဖတ္ ေရြးခ်ယ္ၾကပါတယ္။ ေနာက္ဆံုးအရင္းစစ္လိုက္ေတာ့ ဓာတ္ပံုဆိုတာ အျမင္နဲ႔ အႏုပညာကသာ အဓိကက်ပါတယ္။ အခုမွ စရိုက္တာမို႔ မရိုက္တတ္ရင္ အလြယ္ဆံုး Mode နဲ႔ စရိုက္ပါ။ ကင္မရာ Mode ေတြကို ေလ့လာဖို႔ အခ်ိန္မေပးႏိုင္ရင္လည္း ထားလိုက္ပါ။ ကိုယ့္ရဲ့အျမင္ေတြ စူးရွေတာက္ပလာေအာင္၊ကိုယ့္ရဲ့တင္ျပပံု ဆန္းသစ္လာေအာင္၊ ကိုယ့္ရဲ့အႏုပညာ ေျပာင္ေျမာက္လာေအာင္ပဲ ႀကိဳးစားပါ။ ကိုယ္ယံုၾကည္တာကို ရဲရဲဝံ့ဝံ့နဲ႔သာ ရိုက္ၾကပါ။ ကင္မရာဆိုတာကလည္း ကိုယ့္လက္ထဲမွာ ရိွေနတာက ကိုယ့္အတြက္ အေကာင္းဆံုး ကင္မရာ ျဖစ္ပါတယ္။


#ေက်ာ္ေက်ာ္ဝင္း (X-Photographer) 

မူရင္း Page သို႔လည္းသြားေရာက္ေလ့လာႏိုင္ပါတယ္။ ဓာတ္ပံုပညာဗဟုသုတအေၾကာင္းအရာေတြအျပင္ ကင္မရာအေၾကာင္းေတြပါ မ်ွေဝေလ့ရိွတဲ့သူပါ။ လိပ္စာက https://www.facebook.com/xpotographer/

No comments: