Saturday, July 10, 2021

“ရေးချထားသော အတွေးစများ”

 [Unicode]“ရေးချထားသော အတွေးစများ”




ဒီကာလအတွင်း စိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို ချရေးထားတဲ့ သဘောပါ။ ဘာလို့ သီးခြားခွဲပြီး ခေါင်းစဉ်ပေးရတာလဲ ဆိုတော့ အရင်ဖတ်နေကျ ပုံစံတွေနဲ့ နည်းနည်းကွဲမှာမို့လို့ပဲ။ တစ်ယောက်တည်း စကားပြောဖော် မရှိလို့ စာဖတ်သူတွေကို ကျွန်တော့်အတွေးတွေ ပြောပြနေတယ် သဘောထားပြီး ရေးထားတာတွေပါ။ စာရှည်ချင် ရှည်မယ်။ နဂိုကတည်းက စာအရှည်ကြီးတွေ ရေးနေကျ ဆိုပေမဲ့ အဲဒီထက် ပိုရှည်နိုင်တယ်။ ဟိုရောက် ဒီရောက်လည်း ဖြစ်မယ်။ တွေးစရာလေးတွေလည်း ပါနိုင်တယ်။ ဒါကြောင့် အချိန် ၅ မိနစ် ၁၀ မိနစ် ကောင်းကောင်းရတယ်ဆိုမှ အေးဆေးဖတ်ကြည့်စေချင်တယ်။


ဒီအပိုင်း ၁ ကိုတော့ “ကျွန်တော်နှင့် ဗုဒ္ဓဝါဒ” လို့ နာမည်ပေးထားတယ်။


ဒီလတွေမှာ ကိုယ့်ထက် ပိုဆိုးတဲ့သူတွေ အများကြီးမို့လို့သာ မပြောဖြစ်တာ။ ထိခိုက်ရတာတွေ အတော်များပါတယ်။ ၂၀၂၁ ထဲ လုပ်မယ်လို့ တွေးထားတဲ့ အစီအစဉ်တွေ ပျက်သွားတယ်။ မိဘကို အိမ်ကောင်းကောင်း ဝယ်ပေးမယ်ဆိုတဲ့ ရည်မှန်းချက် ပျက်စီးသွားတယ်။ ချစ်ရခင်ရသူတွေနဲ့ ခွဲခွာရတယ်။ ပြောမယ်ဆို အများကြီးပေါ့လေ။ 


သို့သော် အဆိုးထဲက အကောင်းတစ်ခုကတော့ ဒီရက်တွေအတွင်း တရားတွေ နာဖြစ်သွားတာပဲ။ အချိန်ကလည်း ပိုလာတဲ့အခါ အရင်က သိပ်လုပ်လေ့မရှိခဲ့တဲ့ တရားထိုင်တာမျိုးတွေ လုပ်ဖြစ်တယ်။ ပိုပြီးလည်း တွေးဖြစ်တယ်။ သေချာစဉ်းစားဖြစ်တယ်။ ဒီတော့ ဗုဒ္ဓအဆုံးအမတွေနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ နားလည်မှုတွေက အရင်နဲ့ မတူတော့ဘူး။ အခု အဲဒါတွေထဲက တချို့ကို ပြောပြချင်တယ်။


◾◾◾◾◾◾◾


ကျွန်တော်တို့ ကလေးဘဝကဆို မိဘတွေကနေ သြကာသ သင်ပေးတယ်။ ဂါထာတွေ သင်ပေးတယ်။ ဒါတွေ ရွတ်နိုင်တယ်ဆို တော်လိုက်တာ ဆိုပြီး လူကြီးတွေက ချီးကျူးကြတယ်။ ကုသိုလ်ရတယ်၊ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်တယ်၊ စာမေးပွဲဆို စာတွေ မှတ်မိအောင် နတ်တွေက ကူညီပေးတယ် အစရှိတဲ့ မက်လုံးတွေနဲ့ပေါ့လေ။ 


နောက်ကျ ကိုးနဝင်းအဓိဌာန်တွေ ဘာတွေ ဝင်တယ်။ အဓိပ္ပါယ်သိလားဆို မသိဘူး။ သိလည်း အဲဒါကို နှလုံးသွင်းပြီး ရွတ်တာ မဟုတ်ဘူး။ တစ်ခါတလေ ဂိမ်းဆော့ရင်း၊ ဘောလုံးပွဲကြည့်နေရင်းက ည ၁၂ နာရီ မထိုးခင်၊ နေ့မကူးခင်လေး အသည်းအသန် ထရွတ်ရတာတောင် ရှိသေးတယ်။ စဉ်းစားကြည့်။ ဘာအဓိပ္ပါယ်မှကို မရှိဘူး။


ဒါကြောင့် ငယ်ငယ်က ဘုရားကိုးကွယ်တယ် ဆိုတာ ကုသိုလ်တို့၊ လက်ရှိဘ၀ ကံကောင်းဖို့တို့လို လိုချင်တဲ့စိတ်ရယ်၊ ဘာဖြစ်မှာ၊ ညာဖြစ်မှာ စိုးတဲ့ အကြောက်တရားရယ်ကြောင့်သာ ကိုးကွယ်ခဲ့တယ်လို့ ပြောရင် ပိုမှန်မယ်။


နောက်တစ်ခုကတော့ ကံ ဆိုတဲ့ စကားလုံး။ အဲဒါဆိုလည်း ကံစီမံရာပဲလေ၊ ကံပေါ့၊ ဘယ်တတ်နိုင်မလဲ၊ ဒီလိုစကားတွေပဲ အများစု ကြားခဲ့ရတယ်။ ချမ်းသာလည်း သူ ကြိုးစားလို့ မဟုတ်ဘူး။ အဲဒါ ကံကောင်းလို့။ ဆင်းရဲလည်း သူ လောင်းကစားလုပ်လို့၊ သုံးဖြုန်းလို့ မဟုတ်ဘူး။ သူ ကံမကောင်းလို့ ဖြစ်တာ။ 


ပြောရရင် ကံ ဆိုတဲ့ ကြိုတင်ချမှတ်ထားပြီးသား အရာတစ်ခုရဲ့အောက်မှာ ဘာမှ မပြောင်းလဲနိုင်၊ မလွန်ဆန်နိုင်ဘဲ ရှင်သန်နေရတဲ့ သတ္တဝါတွေလို ကိုယ့်ကိုယ်ကိုယ် ထင်နေခဲ့ကြတယ်။


တကယ်တမ်း အဲ့လိုသာဆို ဗုဒ္ဓဘာသာဟာ တခြားဘာသာတွေနဲ့ အနှစ်သာရချင်း သိပ်မကွာတော့ဘူး ဖြစ်သွားမယ်။ စဉ်းစားကြည့်လေ။ ကံက စီမံထားတယ်၊ ဂါထာတွေ ရွတ်ရင်၊ ဆုတောင်းရင် လိုချင်တာ ရတယ်၊ အန္တရာယ်ကင်းတယ် ဆိုတော့ သ​ဘောတရားချင်းက ဆင်တူလာတယ်။ (ဒါ တခြားဘာသာတွေကို စော်ကားလိုတဲ့စိတ်နဲ့ ရေးတာ မဟုတ်ပါဘူးနော်။)


နောက်ပြီး တခြားဘာသာတွေမှာက လူလူချင်း စောင့်ရှောက်ဖို့၊ မေတ္တာထားဖို့နဲ့ ပတ်သက်ပြီး ဆုံးမထားတာတွေ အများကြီး ရှိတယ်။ အဲဒါတွေကို လိုက်နာကျင့်သုံးကြတယ်။ ဒီအခါ သူတို့နိုင်ငံ၊ သူတို့ဒေသတွေဟာ ငြိမ်းချမ်းကြတယ်။ သာယာကြတယ်။ လူတွေကို ကြည့်လိုက်ရင်လည်း ပြုံးရွှင်အေးချမ်းနေတာပဲ။


ဒါဖြင့် ဗုဒ္ဓဘာသာမှာရော မရှိဘူးလားဆို ရှိတာပေါ့။ ဥပမာ၊ တစ်ခါက ရဟန်းတစ်ပါး ဝမ်းတွေသွားတော့ ပြုစုမဲ့သူ မရှိဘူး။ အဲဒီအခါ မြတ်စွာဘုရားက ကိုယ်တော်တိုင် သွားပြုစုတယ်။ ပြီးတဲ့အခါ ဟောတယ်၊ "နာဖျားနေတဲ့သူကို ပြုစုစောင့်ရှောက်ခြင်းဟာ ငါဘုရားကို ပြုစုစောင့်ရှောက်တာနဲ့ အတူတူပဲ" တဲ့။ ဒီထက် ရှင်းတာ မရှိတော့ဘူး။


ဒါပေမဲ့ အနာကြီးရောဂါတွေ ဖြစ်တယ်။ HIV တွေ ဖြစ်တယ်။ မျက်စိမမြင်၊ ဆွံ့အနားမကြား ကလေးတွေ မွေးလာတယ်။ ရိုးရိုးအဘိုးအဘွား၊ မိဘမဲ့​က​လေး​တွေ မဟုတ်ဘဲ ဒီလိုကူးစက်​ရောဂါ ရထားသူ​တွေ၊ အထူး​စောင့်​ရှောက်ဖို့ လိုတဲ့သူ​တွေကို ဘယ်သူတွေ ကူညီနေတာ များလဲ ကြည့်ကြည့်။ မြင်မိသလောက် ဗုဒ္ဓဘာသာက အတော်လေး နည်းတယ်။


နောက်ပြီး အလှူလုပ်တယ် ဆိုပါတော့။ ဗုဒ္ဓဘာသာမှာ အမြတ်ဆုံးအလှူက ဘာလဲဆို တရားအလှူ (ဓမ္မဒါန) တဲ့။ တော်တော်များများ သိကြတယ်။ ဘာလို့ အမြတ်ဆုံး ဖြစ်နေတာလဲရော စဉ်းစားမိဖူးလား။


ဘာဖြစ်လို့လဲ ဆိုတော့တဲ့၊ လူတစ်ယောက်ဟာ တရားနာလိုက်ရတယ်ဆို သူ့စိတ်က ကြည်လင်သွားတယ်။ အေးချမ်းသွားတယ်။ ဒီတော့ ကောင်းတာတွေပဲ လုပ်တော့တယ်။ အလှူတွေ လုပ်တယ်။ သီလစောင့်ထိန်းတယ်။ ကုသိုလ်ရတယ်။

 

ဒီဘက်က ပေးလှူလိုက်တဲ့လူက ဘာမှ မရဘူး။ တရားနာလိုက်ရတဲ့သူကတော့ အကျိုးတွေ အများကြီး ရသွားတယ်။ သူ့ကို အကျီလှူရင် ဒါပဲ ဝတ်ရမယ်။ အစားအစာလှူရင် ခဏပဲ စားရမယ်။ တရားအလှူကျ သူ့တစ်သက်လုံး ကောင်းတာတွေပဲ လုပ်သွားစေတယ်။ 


ဆိုလိုတာက အလှူခံပုဂ္ဂိုလ်မှာ ရတဲ့ အကျိုးကျေးဇူးကို ကြည့်ပြီး အကျိုးအများဆုံးမို့ ဒါက အမြတ်ဆုံး အလှူလို့ ပြောတာ။ အလှူတစ်ခုရဲ့ တန်ဖိုးဆိုတာ ပေးလှူတဲ့သူက ဘယ်လောက် ပေးလိုက်ရတယ် ဆိုတာနဲ့ တိုင်းတာ မဟုတ်ဘူး။ အလှူခံပုဂ္ဂိုလ် ဘယ်လောက် အကျိုးရှိသွားသလဲနဲ့ တိုင်းတာ။


ကဲ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ စစ်ဘေးရှောင်တွေကို အဝတ်အစားလှူမယ်။ ကိုယ့်အိမ်မှာ ပိုနေတဲ့ အစုတ်အပြတ်တွေ လှူလိုက်တယ်။ ဟေး ငါတို့ အလှူလိုက်နိုင်ပြီကွ ပေါ့။ မဟုတ်ဘူး။ ကိုယ်ကသာ လှူလိုက်တယ်၊ ကုသိုလ်ရတယ် ဆိုပြီး ပျော်နေတာ။ အလှူခံပုဂ္ဂိုလ်က အဝတ်စုတ်တွေ ရလိုက်တာ။ အဲဒါ မြတ်စွာဘုရား တိုက်တွန်းတဲ့ အလှူလုပ်ပုံမျိုး မဟုတ်ဘူး။ 


ပြောင်ဝင်းနေတဲ့ စေတီမှာ ရွှေသင်္ကန်းကပ်တာတွေ၊ မလိုအပ်တဲ့နေရာမှာ ဘုရားတည်တာတွေနဲ့လည်း ဆက်စပ်စဉ်းစားကြည့်။ ဘယ်သူ့အတွက် ရည်ရွယ်ပြီး လှူနေတာတွေလဲ ဆိုတာ။ ဒါကြောင့်လည်း ကျွန်တော်တို့လောက် လှူတဲ့သူ မရှိသလို ကျွန်တော်တို့လောက် ဆင်းရဲတဲ့သူလည်း မရှိ ဖြစ်နေတာပေါ့။


ဗုဒ္ဓ ဟောကြားခဲ့တဲ့အထဲမှာ ဒီလိုမျိုး အခြေခံကျတဲ့ တရားတော်တွေ အများကြီးပဲ။ ဘဝမှာ လူတော်လူကောင်း ဖြစ်အောင် ဘယ်လိုနေရထိုင်ရမယ်၊ လူအချင်းချင်း ဘယ်လိုစောင့်ရှောက်ရမယ်၊ စီးပွားဥစ္စာ ဘယ်လိုရှာရမယ်၊ ဘယ်လိုသုံးစွဲရမယ် စသဖြင့် ဟောကြားခဲ့တယ်။ သို့သော် ဒါတွေက ဗုဒ္ဓဘာသာဝင်တွေကြားမှာ ခုနက ဂါထာတို့၊ ပရိတ်တို့လောက် ပျံ့နှံ့မှု မရှိဘူး။ 


ငယ်တုန်းရွယ်တုန်းမှာ ဂါထာရွတ်၊ ကံကောင်းဖို့ ဆုတောင်း လုပ်လာရာကနေ ဟော အသက်လည်း ကြီးသွားရော၊ ချက်ချင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်သွားရော။ 


ဒါကြောင့် ဗုဒ္ဓဘာသာဟာ စိတ်ညစ်စရာကောင်းတယ်၊ ဒုက္ခတွေ၊ မမြဲတာတွေပဲ ဟောနေတာလို့ မြင်တဲ့သူရယ်၊ ဗုဒ္ဓဘာသာဆိုတာ ဂါထာတွေ၊ ပရိတ်တွေရွတ်၊ ဘုရားရှိခိုးနည်းပေါင်းစုံ ရှိခိုးပြီး ကံကောင်းအောင် ဆုတောင်းရတာလို့ မြင်တဲ့သူရယ်က ခပ်များများ ဖြစ်လာတာ။ 


အဲဒါရဲ့ ရလဒ်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ -


◾၁။ ပျင်းတယ်။ ဘဝကို ကြိုးစားအားထုတ်ရမဲ့အစား ကံကောင်းဖို့ကိုပဲ ဆုတောင်းနေကြတာကိုး။ 


◾၂။ ဂါထာရွတ်တာ များတယ်။ အဲ့လိုသာ များများရွတ်နိုင်ရင် ချမ်းသာပြီ။ ကံကောင်းပြီ။ အန္တရာယ်ကင်းပြီ။ ဒီလိုယူဆကြတယ်။ အဲဒီကနေမှ ပိုဆိုးလာရင် ဘုရားဟောတဲ့ ပရိတ်တွေ ရွတ်ရုံနဲ့တင် အားမရတော့ဘူး။ လက်မှာ အပတ်ပေါင်းစုံ၊ ပုတီးပေါင်းစုံ ပတ်တယ်။ လည်ပင်းမှာ ဆွဲတယ်။ လက်မှာ စွပ်တယ်။ ဒါက ချမ်းသာစေတဲ့ အဆောင်၊ ဒါကတော့ ဘေးကင်းစေတဲ့ အဆောင်၊ အဆောင်ပေါင်းများစွာ ဖြစ်လာတယ်။


◾၃။ လူလူချင်း မေတ္တာမထားတတ်ဘူး။ မစောင့်ရှောက်တတ်ဘူး။ အလှူတောင်မှ အလှူခံပုဂ္ဂိုလ်အတွက် ရည်ရွယ်ပြီး မလှူတတ်ဘူး။ ကဗ္ဗည်းထိုးချင်ရတာနဲ့၊ အလှူခံဖြတ်ပိုင်းရမှ ကျေနပ်တာနဲ့ ဖြစ်နေကြတာ။


◾၄။ အသက်ကြီးလာရင် အော်တိုမက်တစ် တရားရသွားတယ်လို့ ထင်တယ်။ ဒါန၊ သီလ မရှိဘဲ ဘာဝနာ ပွားတယ်။ သီလ၊ သမာဓိ မရှိဘဲ ပညာရှာတယ်။ ဝိပသနာ အားထုတ်တယ်။ ကိုယ့်ရဲ့ နေ့စဉ်နဲ့အမျှ ဆက်ဆံနေရတဲ့ လူတွေအပေါ်မှာတောင် မေတ္တာမထားနိုင်၊ ကောင်းကောင်းမဆက်ဆံနိုင်၊ ကြုံတွေ့ရသမျှကို ယောနိသော မနသိကာရ (အင်္ဂလိပ်လို ပြောတော့ Positive thinking) မှန်ကန်စွာ နှလုံးမသွင်းနိုင်ဘဲ တရားစခန်း ဝင်ကြတယ်။ အဲ့တော့ ဘာထူးလဲဆို ဘာမှမထူးဘူးလို့ပဲ ဖြေရမှာပဲ။


ဒါက အများစုလား၊ အနည်းစုလား ကျွန်တော်လည်း သုတေသန လုပ်မထားတဲ့အတွက် ရာခိုင်နှုန်း အတိအကျ မပြောနိုင်ဘူး။ သို့သော် ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်မိ၊ တွေ့မိသလောက် အဲ့ဒီအတိုင်း ဖြစ်နေတာ များတယ်။


◾◾◾◾◾◾◾


ဒါဖြင့် ဗုဒ္ဓဝါဒဆိုတာ ဘာလဲ။ ကျွန်တော် နားလည်တဲ့အတိုင်း ရှင်းပြမယ်။


တကယ်တော့ ဗုဒ္ဓဝါဒဆိုတာ သဘာဝတရား Universal truth ပဲ။ ဒါကို ရှာဖွေတွေ့ရှိပြီး ဟောကြားခဲ့လို့ ကျွန်တော်တို့ သိခွင့်ရတယ်။ ဒီအတွက် မြတ်စွာဘုရားကို ကိုးကွယ်တယ်။ သူ့အဆုံးအမတိုင်း လိုက်နာနေထိုင်တယ်။ ကျင့်ကြံအားထုတ်တယ်။ သိပ်ကိုမှ ကြည်ညိုလာတဲ့အခါ သူ့ရဲ့ ဂုဏ်တော်တွေကို ပူဇော်တယ်။ ပရိတ်ရွတ်တယ်ပေါ့။ (လူတစ်ယောက်ကို သိပ်သဘောကျ လေးစားလာရင် သူ့အကြောင်း ထုတ်ဖော်ပြောသလိုပဲ။)


ကံ ကံ၏အကျိုး ဆိုတာ အမြဲတမ်းမှန်နေမဲ့ သဘာဝတရားပဲ။ ကိုယ် ဒါလုပ်တယ်။ ဒါရဲ့ တူသောအကျိုးကို ပြန်ခံစားရမယ်။ မြတ်စွာဘုရားကနေ သူကတော့ ကောင်းတယ်၊ သူ့ကို ဒါ လုပ်ပေးလိုက်၊ သူကတော့ဖြင့် ဆိုးတယ်၊ သူ့ကိုတော့ အပြစ်ပေးလိုက် ဆိုပြီး ကောင်းကင်ဘုံကနေ ဆုံးဖြတ်ပေးနေတာ မဟုတ်ဘူး။ ဒါ သဘာဝတရားပဲ။ ဒါကို ရှာဖွေတွေ့ရှိပြီး ကျွန်တော်တို့ကို ဟောခဲ့တာ။ သူကိုယ်တိုင်သည်ပင်လျှင် ဒီသဘာဝကို မလွန်ဆန်နိုင်ဘူး။ ဘယ်နိုင်ငံ၊ ဘယ်ဒေသက ဘယ်လူမျိုးမဆိုလည်း မလွန်ဆန်နိုင်ဘူး။


ဒီအကျိုး လိုချင်လား။ ဒီအကြောင်းတရားကို ရအောင်လုပ်။ စာမေးပွဲအောင်ချင်လား။ စာကျက်။ နိဗ္ဗာန်လိုချင်လား။ တရားအားထုတ်။ အဲ့လိုအားထုတ်နိုင်အောင်၊ သမာဓိ တည်ဆောက်နိုင်အောင် သီလစောင့်ထိန်း။ ကိုယ့်ဘ၀ တိုးတက်ဖို့ကနေ နောက်ဆုံးပန်းတိုင် နိဗ္ဗာန်ရောက်ဖို့ထိ အကုန်လုံးသည် အကြောင်းနဲ့ အကျိုး (Cause & Effect) ပဲ။


ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဆုတောင်းတယ် ဆိုတာ မရှိဘူး။ ကိုယ့်လုပ်ရပ်ရဲ့ တူသောအကျိုးကို ပြန်ခံစားရမှာပဲ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်။ တကူးတက ဘုရားရှေ့မှာ ဆုတောင်းမနေနဲ့။ မကောင်းတာ လုပ်ပြီးရင်လည်း ယတြာချေမနေနဲ့။ တစ်နေ့ ပြန်ခံရမှာပဲ။ အဲ့လိုပဲ၊ ဘုရားရိုက်တယ် ဆိုတာ မရှိသလို ဘုရားမ,တယ် ဆိုတာလည်း မရှိဘူး။ အားလုံးဟာ ကိုယ်လုပ်တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကိုပဲ စံစား၊ ခံစားကြရမှာပဲ။


မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘောတွေ၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေ၊ ဒါတွေဟာလည်း ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သဘာဝတရားတွေပဲလေ။ သစ္စာ ၄ ပါး၊ ပဌာန်း၊ အကုန်လုံးက သဘာဝတရားတွေကိုချည်း ဟောခဲ့တာပဲ။ 


ဒီလို နားလည်သဘောပေါက်လာတဲ့အခါ -


◾၁။ ဘုရားကန်တော့ရတာ အရင်နဲ့ မတူတော့ဘူး။ ငယ်ငယ်ကလို တန်ခိုးရှိလို့၊ တခုခု လိုချင်လို့ ရှိခိုးတာမျိုး မဟုတ်တော့ဘဲ ကြည်ညိုတဲ့စိတ်နဲ့ ကန်တော့ဖြစ်လာတယ်။ 


◾၂။ ကိုယ်လုပ်နေတဲ့ ဘာသာ​ရေးအလုပ်တွေကို ပိုနားလည်လာတယ်။ ရည်ရွယ်ချက်ကို ဦးစားပေးတတ်လာတယ်။ 


ဟိုနေ့က ရေးထားတဲ့ “ဗုဒ္ဓအလိုကျ Minimalism” ဆောင်းပါးထဲကလိုပဲ၊ ဥပုသ်စောင့်ရတာကို ကုသိုလ်ရတဲ့ အလုပ်သက်သက်ထက် ကိုယ့်ဘဝနေနည်းလို ခံယူကျင့်သုံးဖြစ်လာတယ်။ ငယ်ငယ်ကဆို ဥပုသ်စောင့်နေတုန်း မှန်ကြည့်မိရင် သွားပါပြီ၊ ငါတော့ ဥပုသ်ကျိုးပြီ၊ ကုသိုလ်မရတော့ဘူးပေါ့။ တကယ်တမ်းကျ ကိုယ့်ကိုယ်ကိုယ် တပ်မက်တဲ့စိတ်၊ သူတစ်ပါး ကိုယ့်ကို တပ်မက်လာအောင် လုပ်ချင်တဲ့စိတ်တွေ နည်းသွားအောင် စောင့်ထိန်းခိုင်းတာ။ 


မှန်ကြည့်မိတယ်။ ကိုယ့်ကိုယ်ကိုယ် တွေ့ပြီး ငါ လှတယ်၊ ချောတယ် စသဖြင့် တွေးမိသွားတယ်။ အဲ့ဒါ ဘာကို ပြလဲဆိုတော့ တပ်မက်စိတ်တွေ ရှိနေသေးတာကို ပြတာပဲ။ ဥပုသ်ကျိုးတာ၊ မကျိုးတာ၊ ကုသိုလ်ရတာ၊ မရတာ ထား။ မှန်တော့ မကြည့်မိလို့ ဒီနေ့ ဥပုသ်မကျိုးဘူး။ နက်ဖြန်ကျ ခြေသည်းလက်သည်းတွေ သွားဆိုး၊ ပေါင်းတွေတင်၊ လုပ်နေရင်ရော ဘာထူးလဲ။ အဓိကက အဲဒီစိတ်တွေ လုံးဝကုန်မသွားတောင် တိုးမလာအောင်၊ တဖြည်းဖြည်း လျော့လျော့သွားအောင် ကြိုးစားရမှာ။ အဲ့လိုရည်ရွယ်ချက်ကို နားလည်လာတော့ ဘာလုပ်လုပ် အရသာ ရှိလာတယ်။ 


◾၃။ ကံ ကံ၏အကျိုး ဆိုတဲ့ သဘာဝတရားကို ဘယ်သူမှ မလွန်ဆန်နိုင်တဲ့အတွက် ကိုယ့်လုပ်ရပ် ကောင်းအောင်ပဲ ကိုယ်ဂရုစိုက်တော့တယ်။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတာမျိုး မပြောတော့ဘူး။ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းမယ်။ ဘာလို့ဆိုတော့ သူ မကောင်းရင် အဲဒီရဲ့အကျိုးကို သူပြန်ခံရမယ်။ ကိုယ်ကောင်းရင်လည်း အဲဒါနဲ့ တူသောအကျိုးကို ကိုယ်ပြန်ခံစားရမယ်။ ဒီတော့ ဘယ်သူ့ကိုမဆို စေတနာ ထားတတ်လာတယ်။ အကောင်းဆုံး ဆက်ဆံပေးတတ်လာတယ်။


(ဒီနေရာမှာ သူ မကောင်းလည်း ကိုယ့်ဘက်က ကောင်းပေးလိုက် ဆိုတာက လူတကာကို အန္တရာယ်ပေးနေတဲ့သူကို ဒီအတိုင်း လွှတ်ထားပေးရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။ ဒီလူ့ကို ဖမ်းဆီးလိုက်ခြင်းက တခြားလူတွေ အများကြီးအတွက် အကျိုးရှိစေမယ်ဆို ဖမ်းရမယ်။ ခု တော်လှန်ရေး လုပ်နေတာလည်း ဒီသဘောပဲ။ ကျွန်တော် ရေးထားတာက နေ့စဉ်လူနေမှုဘဝနဲ့ ပတ်သက်လို့ပဲ ပြောတာ။ သူ့အကုသိုလ် သူအကျိုးပေးလိမ့်မယ် ဆိုပြီး မတရားမှုကို လက်ပိုက်ကြည့်နေဖို့ မဟုတ်ဘူး။)


◾၄။ မမြဲခြင်းသ​ဘောကို သိထားတော့ ခုလို မမျှော်လင့်ထားတာတွေ၊ ဆုံးရှုံးမှုတွေနဲ့ ကြုံရတဲ့အခါ ပိုရင်ဆိုင်နိုင်လာတယ်။ ခံနိုင်ရည် ရှိလာတယ်။ 


တကယ်တော့ မမြဲခြင်းတရား ဆိုတာ မြဲမှ မမြဲတာပဲလေ၊ ဘာလို့ ကြိုးစားနေမလဲ ဆိုပြီး ပျင်းရိနေဖို့ မဟုတ်ဘူး။ ရယူပိုင်ဆိုင်နိုင်အောင် ကြိုးစားစဉ်မှာလည်း သမ္မာအာဇီဝကျကျ ကြိုးစားတယ်။ ပိုင်ဆိုင်နေတုန်းမှာလည်း သူများနဲ့ မျှဝေတယ်။ လှူတန်းတယ်။ ဆုံးရှုံးလိုက်ရချိန်မှာလည်း သောကတွေ အကြီးအကျယ် ရောက်မနေဘူး။ အလွယ်တကူ လက်သင့်ခံနိုင်တယ်။ ရှေ့ဆက်နိုင်တယ်။


◾၅။ နိဗ္ဗာန်ချမ်းသာ ဆိုတဲ့ အဆင့်ထိ မ​ရောက်ခင် လူ​ကောင်းဖြစ်​အောင် လူပီသ​အောင်​နေဖို့၊ တာဝန်​ကျေဖို့၊​မေတ္တာထားဖို့၊ ဘဝကို Positive thinking နဲ့​နေထိုင်ရှင်သန်ဖို့၊ ကြိုးစားအားထုတ်ဖို့ စတဲ့ အ​ခြေခံအ​ကြောင်းအချက်​တွေ အရင်လုပ်ရမှာပါလား ဆိုတာကို သ​ဘော​ပေါက်လာတယ်။


Foundation မခိုင်တဲ့ အ​ဆောက်အဦတစ်ခုဟာ ပြိုလဲလွယ်သလို၊​ဒီလိုအ​ခြေခံအချက်​တွေ ပြည့်စုံ​အောင် အရင်မလုပ်ခဲ့ဘဲ တရား​အားထုတ်​နေတာတွေဟာလည်း ဘာအကျိုးမှ မရှိတဲ့ ဟန်ပြသာသာပဲ။ မြတ်စွာဘုရားအလိုကျလည်း မဟုတ်ဘူးလို့ မြင်မိတယ်။


ဒါတွေကတော့ ဗုဒ္ဓဝါဒနဲ့ ပတ်သက်လို့ ကျွန်တော် လတ်တလောမှာ စဉ်းစားဆင်ခြင်မိတာတွေ ဖြစ်ပါတယ်။ အလုံးစုံ မှန်နေမယ်လို့တော့ မယူဆပါဘူး။ ဒီအတိုင်း မျှဝေလိုက်တာပဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ်၊ တခြားဘာသာဝင်တွေဖြစ်ဖြစ် ဒီစာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာရှိရင်လည်း တောင်းပန်ပါတယ်။ အချိန်ပေးဖတ်ရကျိုး နပ်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။


အပြင်မှာသာ စကားနဲ့ ပြောရရင် ဒီထက် သိုင်းဝိုင်းပြီး ပြောလို့ ရသေးပေမဲ့ စာကျ သိပ်ရှည်လွန်းရင်လည်း မကောင်းလို့ ဒီမှာပဲ ရပ်လိုက်တယ်။ နောက်တစ်ပိုင်း အပိုင်း ၂ ကိုတော့ “ကျွန်တော်နှင့် သံဃာရတနာ” လို့ နာမည်ပေးထားပါတယ်။ ဘယ်နေ့ အပြီးသတ် ရေးဖြစ်မယ်တော့ မသိသေးပေမဲ့ ဒီရက်ထဲ တင်နိုင်အောင် ကြိုးစားပါမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။


ဒေါက်တာ ဖြိုးသီဟ

၆.၇.၂၀၂၁


[Zawgyi]“ေရးခ်ထားေသာ အေတြးစမ်ား”




ဒီကာလအတြင္း စိတ္ထဲ ေပၚလာတဲ့ အေတြးေတြကို ခ်ေရးထားတဲ့ သေဘာပါ။ ဘာလို႔ သီးျခားခြဲၿပီး ေခါင္းစဉ္ေပးရတာလဲ ဆိုေတာ့ အရင္ဖတ္ေနက် ပံုစံေတြနဲ႔ နည္းနည္းကြဲမွာမို႔လို႔ပဲ။ တစ္ေယာက္တည္း စကားေျပာေဖာ္ မရိွလို႔ စာဖတ္သူေတြကို ကြၽန္ေတာ့္အေတြးေတြ ေျပာျပေနတယ္ သေဘာထားၿပီး ေရးထားတာေတြပါ။ စာရွည္ခ်င္ ရွည္မယ္။ နဂိုကတည္းက စာအရွည္ႀကီးေတြ ေရးေနက် ဆိုေပမဲ့ အဲဒီထက္ ပိုရွည္ႏိုင္တယ္။ ဟိုေရာက္ ဒီေရာက္လည္း ျဖစ္မယ္။ ေတြးစရာေလးေတြလည္း ပါႏိုင္တယ္။ ဒါေၾကာင့္ အခ်ိန္ ၅ မိနစ္ ၁၀ မိနစ္ ေကာင္းေကာင္းရတယ္ဆိုမွ ေအးေဆးဖတ္ၾကၫ့္ေစခ်င္တယ္။


ဒီအပိုင္း ၁ ကိုေတာ့ “ကြၽန္ေတာ္ႏွင့္ ဗုဒၶဝါဒ” လို႔ နာမည္ေပးထားတယ္။


ဒီလေတြမွာ ကိုယ့္ထက္ ပိုဆိုးတဲ့သူေတြ အမ်ားႀကီးမို႔လို႔သာ မေျပာျဖစ္တာ။ ထိခိုက္ရတာေတြ အေတာ္မ်ားပါတယ္။ ၂၀၂၁ ထဲ လုပ္မယ္လို႔ ေတြးထားတဲ့ အစီအစဉ္ေတြ ပ်က္သြားတယ္။ မိဘကို အိမ္ေကာင္းေကာင္း ဝယ္ေပးမယ္ဆိုတဲ့ ရည္မွန္းခ်က္ ပ်က္စီးသြားတယ္။ ခ်စ္ရခင္ရသူေတြနဲ႔ ခြဲခြာရတယ္။ ေျပာမယ္ဆို အမ်ားႀကီးေပါ့ေလ။ 


သို႔ေသာ္ အဆိုးထဲက အေကာင္းတစ္ခုကေတာ့ ဒီရက္ေတြအတြင္း တရားေတြ နာျဖစ္သြားတာပဲ။ အခ်ိန္ကလည္း ပိုလာတဲ့အခါ အရင္က သိပ္လုပ္ေလ့မရိွခဲ့တဲ့ တရားထိုင္တာမ်ိဳးေတြ လုပ္ျဖစ္တယ္။ ပိုၿပီးလည္း ေတြးျဖစ္တယ္။ ေသခ်ာစဉ္းစားျဖစ္တယ္။ ဒီေတာ့ ဗုဒၶအဆံုးအမေတြနဲ႔ ပတ္သက္တဲ့ ကြၽန္ေတာ့္ရဲ့ နားလည္မႈေတြက အရင္နဲ႔ မတူေတာ့ဘူး။ အခု အဲဒါေတြထဲက တခ်ိဳ႕ကို ေျပာျပခ်င္တယ္။


◾◾◾◾◾◾◾


ကြၽန္ေတာ္တို႔ ကေလးဘဝကဆို မိဘေတြကေန ၾသကာသ သင္ေပးတယ္။ ဂါထာေတြ သင္ေပးတယ္။ ဒါေတြ ရြတ္ႏိုင္တယ္ဆို ေတာ္လိုက္တာ ဆိုၿပီး လူႀကီးေတြက ခ်ီးက်ူးၾကတယ္။ ကုသိုလ္ရတယ္၊ နတ္ေကာင္းနတ္ျမတ္ေတြက ေစာင့္ေရွာက္တယ္၊ စာေမးပြဲဆို စာေတြ မွတ္မိေအာင္ နတ္ေတြက ကူညီေပးတယ္ အစရိွတဲ့ မက္လံုးေတြနဲ႔ေပါ့ေလ။ 


ေနာက္က် ကိုးနဝင္းအဓိဌာန္ေတြ ဘာေတြ ဝင္တယ္။ အဓိပၸါယ္သိလားဆို မသိဘူး။ သိလည္း အဲဒါကို ႏွလံုးသြင္းၿပီး ရြတ္တာ မဟုတ္ဘူး။ တစ္ခါတေလ ဂိမ္းေဆာ့ရင္း၊ ေဘာလံုးပြဲၾကၫ့္ေနရင္းက ည ၁၂ နာရီ မထိုးခင္၊ ေန့မကူးခင္ေလး အသည္းအသန္ ထရြတ္ရတာေတာင္ ရိွေသးတယ္။ စဉ္းစားၾကၫ့္။ ဘာအဓိပၸါယ္မွကို မရိွဘူး။


ဒါေၾကာင့္ ငယ္ငယ္က ဘုရားကိုးကြယ္တယ္ ဆိုတာ ကုသိုလ္တို႔၊ လက္ရိွဘ၀ ကံေကာင္းဖို႔တို႔လို လိုခ်င္တဲ့စိတ္ရယ္၊ ဘာျဖစ္မွာ၊ ညာျဖစ္မွာ စိုးတဲ့ အေၾကာက္တရားရယ္ေၾကာင့္သာ ကိုးကြယ္ခဲ့တယ္လို႔ ေျပာရင္ ပိုမွန္မယ္။


ေနာက္တစ္ခုကေတာ့ ကံ ဆိုတဲ့ စကားလံုး။ အဲဒါဆိုလည္း ကံစီမံရာပဲေလ၊ ကံေပါ့၊ ဘယ္တတ္ႏိုင္မလဲ၊ ဒီလိုစကားေတြပဲ အမ်ားစု ၾကားခဲ့ရတယ္။ ခ်မ္းသာလည္း သူ ႀကိဳးစားလို႔ မဟုတ္ဘူး။ အဲဒါ ကံေကာင္းလို႔။ ဆင္းရဲလည္း သူ ေလာင္းကစားလုပ္လို႔၊ သံုးျဖဳန္းလို႔ မဟုတ္ဘူး။ သူ ကံမေကာင္းလို႔ ျဖစ္တာ။ 


ေျပာရရင္ ကံ ဆိုတဲ့ ႀကိဳတင္ခ်မွတ္ထားၿပီးသား အရာတစ္ခုရဲ့ေအာက္မွာ ဘာမွ မေျပာင္းလဲႏိုင္၊ မလြန္ဆန္ႏိုင္ဘဲ ရွင္သန္ေနရတဲ့ သတၲဝါေတြလို ကိုယ့္ကိုယ္ကိုယ္ ထင္ေနခဲ့ၾကတယ္။


တကယ္တမ္း အဲ့လိုသာဆို ဗုဒၶဘာသာဟာ တျခားဘာသာေတြနဲ႔ အႏွစ္သာရခ်င္း သိပ္မကြာေတာ့ဘူး ျဖစ္သြားမယ္။ စဉ္းစားၾကၫ့္ေလ။ ကံက စီမံထားတယ္၊ ဂါထာေတြ ရြတ္ရင္၊ ဆုေတာင္းရင္ လိုခ်င္တာ ရတယ္၊ အႏၲရာယ္ကင္းတယ္ ဆိုေတာ့ သ​ေဘာတရားခ်င္းက ဆင္တူလာတယ္။ (ဒါ တျခားဘာသာေတြကို ေစာ္ကားလိုတဲ့စိတ္နဲ႔ ေရးတာ မဟုတ္ပါဘူးေနာ္။)


ေနာက္ၿပီး တျခားဘာသာေတြမွာက လူလူခ်င္း ေစာင့္ေရွာက္ဖို႔၊ ေမတၲာထားဖို႔နဲ႔ ပတ္သက္ၿပီး ဆံုးမထားတာေတြ အမ်ားႀကီး ရိွတယ္။ အဲဒါေတြကို လိုက္နာက်င့္သံုးၾကတယ္။ ဒီအခါ သူတို႔ႏိုင္ငံ၊ သူတို႔ေဒသေတြဟာ ၿငိမ္းခ်မ္းၾကတယ္။ သာယာၾကတယ္။ လူေတြကို ၾကၫ့္လိုက္ရင္လည္း ၿပံဳးရႊင္ေအးခ်မ္းေနတာပဲ။


ဒါျဖင့္ ဗုဒၶဘာသာမွာေရာ မရိွဘူးလားဆို ရိွတာေပါ့။ ဥပမာ၊ တစ္ခါက ရဟန္းတစ္ပါး ဝမ္းေတြသြားေတာ့ ျပဳစုမဲ့သူ မရိွဘူး။ အဲဒီအခါ ျမတ္စြာဘုရားက ကိုယ္ေတာ္တိုင္ သြားျပဳစုတယ္။ ၿပီးတဲ့အခါ ေဟာတယ္၊ "နာဖ်ားေနတဲ့သူကို ျပဳစုေစာင့္ေရွာက္ျခင္းဟာ ငါဘုရားကို ျပဳစုေစာင့္ေရွာက္တာနဲ႔ အတူတူပဲ" တဲ့။ ဒီထက္ ရွင္းတာ မရိွေတာ့ဘူး။


ဒါေပမဲ့ အနာႀကီးေရာဂါေတြ ျဖစ္တယ္။ HIV ေတြ ျဖစ္တယ္။ မ်က္စိမျမင္၊ ဆြံ႔အနားမၾကား ကေလးေတြ ေမြးလာတယ္။ ရိုးရိုးအဘိုးအဘြား၊ မိဘမဲ့​က​ေလး​ေတြ မဟုတ္ဘဲ ဒီလိုကူးစက္​ေရာဂါ ရထားသူ​ေတြ၊ အထူး​ေစာင့္​ေရွာက္ဖို႔ လိုတဲ့သူ​ေတြကို ဘယ္သူေတြ ကူညီေနတာ မ်ားလဲ ၾကၫ့္ၾကၫ့္။ ျမင္မိသေလာက္ ဗုဒၶဘာသာက အေတာ္ေလး နည္းတယ္။


ေနာက္ၿပီး အလႉလုပ္တယ္ ဆိုပါေတာ့။ ဗုဒၶဘာသာမွာ အျမတ္ဆံုးအလႉက ဘာလဲဆို တရားအလႉ (ဓမၼဒါန) တဲ့။ ေတာ္ေတာ္မ်ားမ်ား သိၾကတယ္။ ဘာလို႔ အျမတ္ဆံုး ျဖစ္ေနတာလဲေရာ စဉ္းစားမိဖူးလား။


ဘာျဖစ္လို႔လဲ ဆိုေတာ့တဲ့၊ လူတစ္ေယာက္ဟာ တရားနာလိုက္ရတယ္ဆို သူ႔စိတ္က ၾကည္လင္သြားတယ္။ ေအးခ်မ္းသြားတယ္။ ဒီေတာ့ ေကာင္းတာေတြပဲ လုပ္ေတာ့တယ္။ အလႉေတြ လုပ္တယ္။ သီလေစာင့္ထိန္းတယ္။ ကုသိုလ္ရတယ္။

 

ဒီဘက္က ေပးလႉလိုက္တဲ့လူက ဘာမွ မရဘူး။ တရားနာလိုက္ရတဲ့သူကေတာ့ အက်ိဳးေတြ အမ်ားႀကီး ရသြားတယ္။ သူ႔ကို အက်ီလႉရင္ ဒါပဲ ဝတ္ရမယ္။ အစားအစာလႉရင္ ခဏပဲ စားရမယ္။ တရားအလႉက် သူ႔တစ္သက္လံုး ေကာင္းတာေတြပဲ လုပ္သြားေစတယ္။ 


ဆိုလိုတာက အလႉခံပုဂၢိုလ္မွာ ရတဲ့ အက်ိဳးေက်းဇူးကို ၾကၫ့္ၿပီး အက်ိဳးအမ်ားဆံုးမို႔ ဒါက အျမတ္ဆံုး အလႉလို႔ ေျပာတာ။ အလႉတစ္ခုရဲ့ တန္ဖိုးဆိုတာ ေပးလႉတဲ့သူက ဘယ္ေလာက္ ေပးလိုက္ရတယ္ ဆိုတာနဲ႔ တိုင္းတာ မဟုတ္ဘူး။ အလႉခံပုဂၢိုလ္ ဘယ္ေလာက္ အက်ိဳးရိွသြားသလဲနဲ႔ တိုင္းတာ။


ကဲ ကြၽန္ေတာ္တို႔ ဘာလုပ္ၾကလဲ။ စစ္ေဘးေရွာင္ေတြကို အဝတ္အစားလႉမယ္။ ကိုယ့္အိမ္မွာ ပိုေနတဲ့ အစုတ္အျပတ္ေတြ လႉလိုက္တယ္။ ေဟး ငါတို႔ အလႉလိုက္ႏိုင္ၿပီကြ ေပါ့။ မဟုတ္ဘူး။ ကိုယ္ကသာ လႉလိုက္တယ္၊ ကုသိုလ္ရတယ္ ဆိုၿပီး ေပ်ာ္ေနတာ။ အလႉခံပုဂၢိုလ္က အဝတ္စုတ္ေတြ ရလိုက္တာ။ အဲဒါ ျမတ္စြာဘုရား တိုက္တြန္းတဲ့ အလႉလုပ္ပံုမ်ိဳး မဟုတ္ဘူး။ 


ေျပာင္ဝင္းေနတဲ့ ေစတီမွာ ေရႊသကၤန္းကပ္တာေတြ၊ မလိုအပ္တဲ့ေနရာမွာ ဘုရားတည္တာေတြနဲ႔လည္း ဆက္စပ္စဉ္းစားၾကၫ့္။ ဘယ္သူ႔အတြက္ ရည္ရြယ္ၿပီး လႉေနတာေတြလဲ ဆိုတာ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔ေလာက္ လႉတဲ့သူ မရိွသလို ကြၽန္ေတာ္တို႔ေလာက္ ဆင္းရဲတဲ့သူလည္း မရိွ ျဖစ္ေနတာေပါ့။


ဗုဒၶ ေဟာၾကားခဲ့တဲ့အထဲမွာ ဒီလိုမ်ိဳး အေျခခံက်တဲ့ တရားေတာ္ေတြ အမ်ားႀကီးပဲ။ ဘဝမွာ လူေတာ္လူေကာင္း ျဖစ္ေအာင္ ဘယ္လိုေနရထိုင္ရမယ္၊ လူအခ်င္းခ်င္း ဘယ္လိုေစာင့္ေရွာက္ရမယ္၊ စီးပြားဥစၥာ ဘယ္လိုရွာရမယ္၊ ဘယ္လိုသံုးစြဲရမယ္ စသျဖင့္ ေဟာၾကားခဲ့တယ္။ သို႔ေသာ္ ဒါေတြက ဗုဒၶဘာသာဝင္ေတြၾကားမွာ ခုနက ဂါထာတို႔၊ ပရိတ္တို႔ေလာက္ ပ်ံ့ႏွံ႔မႈ မရိွဘူး။ 


ငယ္တုန္းရြယ္တုန္းမွာ ဂါထာရြတ္၊ ကံေကာင္းဖို႔ ဆုေတာင္း လုပ္လာရာကေန ေဟာ အသက္လည္း ႀကီးသြားေရာ၊ ခ်က္ခ်င္း အနိစၥ၊ ဒုကၡ၊ အနတၲ ျဖစ္သြားေရာ။ 


ဒါေၾကာင့္ ဗုဒၶဘာသာဟာ စိတ္ညစ္စရာေကာင္းတယ္၊ ဒုကၡေတြ၊ မၿမဲတာေတြပဲ ေဟာေနတာလို႔ ျမင္တဲ့သူရယ္၊ ဗုဒၶဘာသာဆိုတာ ဂါထာေတြ၊ ပရိတ္ေတြရြတ္၊ ဘုရားရိွခိုးနည္းေပါင္းစံု ရိွခိုးၿပီး ကံေကာင္းေအာင္ ဆုေတာင္းရတာလို႔ ျမင္တဲ့သူရယ္က ခပ္မ်ားမ်ား ျဖစ္လာတာ။ 


အဲဒါရဲ့ ရလဒ္အေနနဲ႔ ဗုဒၶဘာသာဝင္ေတြဟာ -


◾၁။ ပ်င္းတယ္။ ဘဝကို ႀကိဳးစားအားထုတ္ရမဲ့အစား ကံေကာင္းဖို႔ကိုပဲ ဆုေတာင္းေနၾကတာကိုး။ 


◾၂။ ဂါထာရြတ္တာ မ်ားတယ္။ အဲ့လိုသာ မ်ားမ်ားရြတ္ႏိုင္ရင္ ခ်မ္းသာၿပီ။ ကံေကာင္းၿပီ။ အႏၲရာယ္ကင္းၿပီ။ ဒီလိုယူဆၾကတယ္။ အဲဒီကေနမွ ပိုဆိုးလာရင္ ဘုရားေဟာတဲ့ ပရိတ္ေတြ ရြတ္ရံုနဲ႔တင္ အားမရေတာ့ဘူး။ လက္မွာ အပတ္ေပါင္းစံု၊ ပုတီးေပါင္းစံု ပတ္တယ္။ လည္ပင္းမွာ ဆြဲတယ္။ လက္မွာ စြပ္တယ္။ ဒါက ခ်မ္းသာေစတဲ့ အေဆာင္၊ ဒါကေတာ့ ေဘးကင္းေစတဲ့ အေဆာင္၊ အေဆာင္ေပါင္းမ်ားစြာ ျဖစ္လာတယ္။


◾၃။ လူလူခ်င္း ေမတၲာမထားတတ္ဘူး။ မေစာင့္ေရွာက္တတ္ဘူး။ အလႉေတာင္မွ အလႉခံပုဂၢိုလ္အတြက္ ရည္ရြယ္ၿပီး မလႉတတ္ဘူး။ ကဗၺည္းထိုးခ်င္ရတာနဲ႔၊ အလႉခံျဖတ္ပိုင္းရမွ ေက်နပ္တာနဲ႔ ျဖစ္ေနၾကတာ။


◾၄။ အသက္ႀကီးလာရင္ ေအာ္တိုမက္တစ္ တရားရသြားတယ္လို႔ ထင္တယ္။ ဒါန၊ သီလ မရိွဘဲ ဘာဝနာ ပြားတယ္။ သီလ၊ သမာဓိ မရိွဘဲ ပညာရွာတယ္။ ဝိပသနာ အားထုတ္တယ္။ ကိုယ့္ရဲ့ ေန့စဉ္နဲ႔အမ်ွ ဆက္ဆံေနရတဲ့ လူေတြအေပၚမွာေတာင္ ေမတၲာမထားႏိုင္၊ ေကာင္းေကာင္းမဆက္ဆံႏိုင္၊ ႀကံဳေတြ့ရသမ်ွကို ေယာနိေသာ မနသိကာရ (အဂၤလိပ္လို ေျပာေတာ့ Positive thinking) မွန္ကန္စြာ ႏွလံုးမသြင္းႏိုင္ဘဲ တရားစခန္း ဝင္ၾကတယ္။ အဲ့ေတာ့ ဘာထူးလဲဆို ဘာမွမထူးဘူးလို႔ပဲ ေျဖရမွာပဲ။


ဒါက အမ်ားစုလား၊ အနည္းစုလား ကြၽန္ေတာ္လည္း သုေတသန လုပ္မထားတဲ့အတြက္ ရာခိုင္ႏႈန္း အတိအက် မေျပာႏိုင္ဘူး။ သို႔ေသာ္ ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာ ျမင္မိ၊ ေတြ့မိသေလာက္ အဲ့ဒီအတိုင္း ျဖစ္ေနတာ မ်ားတယ္။


◾◾◾◾◾◾◾


ဒါျဖင့္ ဗုဒၶဝါဒဆိုတာ ဘာလဲ။ ကြၽန္ေတာ္ နားလည္တဲ့အတိုင္း ရွင္းျပမယ္။


တကယ္ေတာ့ ဗုဒၶဝါဒဆိုတာ သဘာဝတရား Universal truth ပဲ။ ဒါကို ရွာေဖြေတြ့ရိွၿပီး ေဟာၾကားခဲ့လို႔ ကြၽန္ေတာ္တို႔ သိခြင့္ရတယ္။ ဒီအတြက္ ျမတ္စြာဘုရားကို ကိုးကြယ္တယ္။ သူ႔အဆံုးအမတိုင္း လိုက္နာေနထိုင္တယ္။ က်င့္ႀကံအားထုတ္တယ္။ သိပ္ကိုမွ ၾကည္ညိုလာတဲ့အခါ သူ႔ရဲ့ ဂုဏ္ေတာ္ေတြကို ပူေဇာ္တယ္။ ပရိတ္ရြတ္တယ္ေပါ့။ (လူတစ္ေယာက္ကို သိပ္သေဘာက် ေလးစားလာရင္ သူ႔အေၾကာင္း ထုတ္ေဖာ္ေျပာသလိုပဲ။)


ကံ ကံ၏အက်ိဳး ဆိုတာ အၿမဲတမ္းမွန္ေနမဲ့ သဘာဝတရားပဲ။ ကိုယ္ ဒါလုပ္တယ္။ ဒါရဲ့ တူေသာအက်ိဳးကို ျပန္ခံစားရမယ္။ ျမတ္စြာဘုရားကေန သူကေတာ့ ေကာင္းတယ္၊ သူ႔ကို ဒါ လုပ္ေပးလိုက္၊ သူကေတာ့ျဖင့္ ဆိုးတယ္၊ သူ႔ကိုေတာ့ အျပစ္ေပးလိုက္ ဆိုၿပီး ေကာင္းကင္ဘံုကေန ဆံုးျဖတ္ေပးေနတာ မဟုတ္ဘူး။ ဒါ သဘာဝတရားပဲ။ ဒါကို ရွာေဖြေတြ့ရိွၿပီး ကြၽန္ေတာ္တို႔ကို ေဟာခဲ့တာ။ သူကိုယ္တိုင္သည္ပင္လ်ွင္ ဒီသဘာဝကို မလြန္ဆန္ႏိုင္ဘူး။ ဘယ္ႏိုင္ငံ၊ ဘယ္ေဒသက ဘယ္လူမ်ိဳးမဆိုလည္း မလြန္ဆန္ႏိုင္ဘူး။


ဒီအက်ိဳး လိုခ်င္လား။ ဒီအေၾကာင္းတရားကို ရေအာင္လုပ္။ စာေမးပြဲေအာင္ခ်င္လား။ စာက်က္။ နိဗၺာန္လိုခ်င္လား။ တရားအားထုတ္။ အဲ့လိုအားထုတ္ႏိုင္ေအာင္၊ သမာဓိ တည္ေဆာက္ႏိုင္ေအာင္ သီလေစာင့္ထိန္း။ ကိုယ့္ဘ၀ တိုးတက္ဖို႔ကေန ေနာက္ဆံုးပန္းတိုင္ နိဗၺာန္ေရာက္ဖို႔ထိ အကုန္လံုးသည္ အေၾကာင္းနဲ႔ အက်ိဳး (Cause & Effect) ပဲ။


ဒါေၾကာင့္ ဗုဒၶဘာသာမွာ ဆုေတာင္းတယ္ ဆိုတာ မရိွဘူး။ ကိုယ့္လုပ္ရပ္ရဲ့ တူေသာအက်ိဳးကို ျပန္ခံစားရမွာပဲ။ ေကာင္းတာလုပ္ရင္ ေကာင္းတာ ျဖစ္မယ္။ တကူးတက ဘုရားေရ႔ွမွာ ဆုေတာင္းမေနနဲ႔။ မေကာင္းတာ လုပ္ၿပီးရင္လည္း ယၾတာေခ်မေနနဲ႔။ တစ္ေန့ ျပန္ခံရမွာပဲ။ အဲ့လိုပဲ၊ ဘုရားရိုက္တယ္ ဆိုတာ မရိွသလို ဘုရားမ,တယ္ ဆိုတာလည္း မရိွဘူး။ အားလံုးဟာ ကိုယ္လုပ္တဲ့ လုပ္ရပ္ရဲ့ အက်ိဳးဆက္ကိုပဲ စံစား၊ ခံစားၾကရမွာပဲ။


မၿမဲျခင္းသေဘာ၊ ဆင္းရဲျခင္းသေဘာေတြ၊ အိုျခင္း၊ နာျခင္း၊ ေသျခင္းေတြ၊ ဒါေတြဟာလည္း ဘယ္သူမွ မလြန္ဆန္ႏိုင္တဲ့ သဘာဝတရားေတြပဲေလ။ သစၥာ ၄ ပါး၊ ပဌာန္း၊ အကုန္လံုးက သဘာဝတရားေတြကိုခ်ည္း ေဟာခဲ့တာပဲ။ 


ဒီလို နားလည္သေဘာေပါက္လာတဲ့အခါ -


◾၁။ ဘုရားကန္ေတာ့ရတာ အရင္နဲ႔ မတူေတာ့ဘူး။ ငယ္ငယ္ကလို တန္ခိုးရိွလို႔၊ တခုခု လိုခ်င္လို႔ ရိွခိုးတာမ်ိဳး မဟုတ္ေတာ့ဘဲ ၾကည္ညိုတဲ့စိတ္နဲ႔ ကန္ေတာ့ျဖစ္လာတယ္။ 


◾၂။ ကိုယ္လုပ္ေနတဲ့ ဘာသာ​ေရးအလုပ္ေတြကို ပိုနားလည္လာတယ္။ ရည္ရြယ္ခ်က္ကို ဦးစားေပးတတ္လာတယ္။ 


ဟိုေန့က ေရးထားတဲ့ “ဗုဒၶအလိုက် Minimalism” ေဆာင္းပါးထဲကလိုပဲ၊ ဥပုသ္ေစာင့္ရတာကို ကုသိုလ္ရတဲ့ အလုပ္သက္သက္ထက္ ကိုယ့္ဘဝေနနည္းလို ခံယူက်င့္သံုးျဖစ္လာတယ္။ ငယ္ငယ္ကဆို ဥပုသ္ေစာင့္ေနတုန္း မွန္ၾကၫ့္မိရင္ သြားပါၿပီ၊ ငါေတာ့ ဥပုသ္က်ိဳးၿပီ၊ ကုသိုလ္မရေတာ့ဘူးေပါ့။ တကယ္တမ္းက် ကိုယ့္ကိုယ္ကိုယ္ တပ္မက္တဲ့စိတ္၊ သူတစ္ပါး ကိုယ့္ကို တပ္မက္လာေအာင္ လုပ္ခ်င္တဲ့စိတ္ေတြ နည္းသြားေအာင္ ေစာင့္ထိန္းခိုင္းတာ။ 


မွန္ၾကၫ့္မိတယ္။ ကိုယ့္ကိုယ္ကိုယ္ ေတြ့ၿပီး ငါ လွတယ္၊ ေခ်ာတယ္ စသျဖင့္ ေတြးမိသြားတယ္။ အဲ့ဒါ ဘာကို ျပလဲဆိုေတာ့ တပ္မက္စိတ္ေတြ ရိွေနေသးတာကို ျပတာပဲ။ ဥပုသ္က်ိဳးတာ၊ မက်ိဳးတာ၊ ကုသိုလ္ရတာ၊ မရတာ ထား။ မွန္ေတာ့ မၾကၫ့္မိလို႔ ဒီေန့ ဥပုသ္မက်ိဳးဘူး။ နက္ျဖန္က် ေျခသည္းလက္သည္းေတြ သြားဆိုး၊ ေပါင္းေတြတင္၊ လုပ္ေနရင္ေရာ ဘာထူးလဲ။ အဓိကက အဲဒီစိတ္ေတြ လံုးဝကုန္မသြားေတာင္ တိုးမလာေအာင္၊ တျဖည္းျဖည္း ေလ်ာ့ေလ်ာ့သြားေအာင္ ႀကိဳးစားရမွာ။ အဲ့လိုရည္ရြယ္ခ်က္ကို နားလည္လာေတာ့ ဘာလုပ္လုပ္ အရသာ ရိွလာတယ္။ 


◾၃။ ကံ ကံ၏အက်ိဳး ဆိုတဲ့ သဘာဝတရားကို ဘယ္သူမွ မလြန္ဆန္ႏိုင္တဲ့အတြက္ ကိုယ့္လုပ္ရပ္ ေကာင္းေအာင္ပဲ ကိုယ္ဂရုစိုက္ေတာ့တယ္။ သင္ေကာင္းလ်ွင္ ကြၽႏ္ုပ္မဆိုးပါ ဆိုတာမ်ိဳး မေျပာေတာ့ဘူး။ သူေကာင္းေကာင္း မေကာင္းေကာင္း ကိုယ္ေကာင္းမယ္။ ဘာလို႔ဆိုေတာ့ သူ မေကာင္းရင္ အဲဒီရဲ့အက်ိဳးကို သူျပန္ခံရမယ္။ ကိုယ္ေကာင္းရင္လည္း အဲဒါနဲ႔ တူေသာအက်ိဳးကို ကိုယ္ျပန္ခံစားရမယ္။ ဒီေတာ့ ဘယ္သူ႔ကိုမဆို ေစတနာ ထားတတ္လာတယ္။ အေကာင္းဆံုး ဆက္ဆံေပးတတ္လာတယ္။


(ဒီေနရာမွာ သူ မေကာင္းလည္း ကိုယ့္ဘက္က ေကာင္းေပးလိုက္ ဆိုတာက လူတကာကို အႏၲရာယ္ေပးေနတဲ့သူကို ဒီအတိုင္း လႊတ္ထားေပးရမယ္လို႔ ေျပာတာ မဟုတ္ဘူးေနာ္။ ဒီလူ႔ကို ဖမ္းဆီးလိုက္ျခင္းက တျခားလူေတြ အမ်ားႀကီးအတြက္ အက်ိဳးရိွေစမယ္ဆို ဖမ္းရမယ္။ ခု ေတာ္လွန္ေရး လုပ္ေနတာလည္း ဒီသေဘာပဲ။ ကြၽန္ေတာ္ ေရးထားတာက ေန့စဉ္လူေနမႈဘဝနဲ႔ ပတ္သက္လို႔ပဲ ေျပာတာ။ သူ႔အကုသိုလ္ သူအက်ိဳးေပးလိမ့္မယ္ ဆိုၿပီး မတရားမႈကို လက္ပိုက္ၾကၫ့္ေနဖို႔ မဟုတ္ဘူး။)


◾၄။ မၿမဲျခင္းသ​ေဘာကို သိထားေတာ့ ခုလို မေမ်ွာ္လင့္ထားတာေတြ၊ ဆံုးရႈံးမႈေတြနဲ႔ ႀကံဳရတဲ့အခါ ပိုရင္ဆိုင္ႏိုင္လာတယ္။ ခံႏိုင္ရည္ ရိွလာတယ္။ 


တကယ္ေတာ့ မၿမဲျခင္းတရား ဆိုတာ ၿမဲမွ မၿမဲတာပဲေလ၊ ဘာလို႔ ႀကိဳးစားေနမလဲ ဆိုၿပီး ပ်င္းရိေနဖို႔ မဟုတ္ဘူး။ ရယူပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားစဉ္မွာလည္း သမၼာအာဇီဝက်က် ႀကိဳးစားတယ္။ ပိုင္ဆိုင္ေနတုန္းမွာလည္း သူမ်ားနဲ႔ မ်ွေဝတယ္။ လႉတန္းတယ္။ ဆံုးရႈံးလိုက္ရခ်ိန္မွာလည္း ေသာကေတြ အႀကီးအက်ယ္ ေရာက္မေနဘူး။ အလြယ္တကူ လက္သင့္ခံႏိုင္တယ္။ ေရ႔ွဆက္ႏိုင္တယ္။


◾၅။ နိဗၺာန္ခ်မ္းသာ ဆိုတဲ့ အဆင့္ထိ မ​ေရာက္ခင္ လူ​ေကာင္းျဖစ္​ေအာင္ လူပီသ​ေအာင္​ေနဖို႔၊ တာဝန္​ေက်ဖို႔၊​ေမတၲာထားဖို႔၊ ဘဝကို Positive thinking နဲ႔​ေနထိုင္ရွင္သန္ဖို႔၊ ႀကိဳးစားအားထုတ္ဖို႔ စတဲ့ အ​ေျခခံအ​ေၾကာင္းအခ်က္​ေတြ အရင္လုပ္ရမွာပါလား ဆိုတာကို သ​ေဘာ​ေပါက္လာတယ္။


Foundation မခိုင္တဲ့ အ​ေဆာက္အဦတစ္ခုဟာ ၿပိဳလဲလြယ္သလို၊​ဒီလိုအ​ေျခခံအခ်က္​ေတြ ျပၫ့္စံု​ေအာင္ အရင္မလုပ္ခဲ့ဘဲ တရား​အားထုတ္​ေနတာေတြဟာလည္း ဘာအက်ိဳးမွ မရိွတဲ့ ဟန္ျပသာသာပဲ။ ျမတ္စြာဘုရားအလိုက်လည္း မဟုတ္ဘူးလို႔ ျမင္မိတယ္။


ဒါေတြကေတာ့ ဗုဒၶဝါဒနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္ လတ္တေလာမွာ စဉ္းစားဆင္ျခင္မိတာေတြ ျဖစ္ပါတယ္။ အလံုးစံု မွန္ေနမယ္လို႔ေတာ့ မယူဆပါဘူး။ ဒီအတိုင္း မ်ွေဝလိုက္တာပဲ။ ဗုဒၶဘာသာဝင္ျဖစ္ျဖစ္၊ တျခားဘာသာဝင္ေတျြဖစ္ျဖစ္ ဒီစာေၾကာင့္ စိတ္အေနွာင့္အယွက္ ျဖစ္ရတာရိွရင္လည္း ေတာင္းပန္ပါတယ္။ အခ်ိန္ေပးဖတ္ရက်ိဳး နပ္လိမ့္မယ္လို႔ေတာ့ ေမ်ွာ္လင့္ပါတယ္။


အျပင္မွာသာ စကားနဲ႔ ေျပာရရင္ ဒီထက္ သိုင္းဝိုင္းၿပီး ေျပာလို႔ ရေသးေပမဲ့ စာက် သိပ္ရွည္လြန္းရင္လည္း မေကာင္းလို႔ ဒီမွာပဲ ရပ္လိုက္တယ္။ ေနာက္တစ္ပိုင္း အပိုင္း ၂ ကိုေတာ့ “ကြၽန္ေတာ္ႏွင့္ သံဃာရတနာ” လို႔ နာမည္ေပးထားပါတယ္။ ဘယ္ေန့ အၿပီးသတ္ ေရးျဖစ္မယ္ေတာ့ မသိေသးေပမဲ့ ဒီရက္ထဲ တင္ႏိုင္ေအာင္ ႀကိဳးစားပါမယ္။ ေက်းဇူးတင္ပါတယ္ခင္ဗ်။


ေဒါက္တာ ၿဖိဳးသီဟ

၆.၇.၂၀၂၁

No comments: