[Unicode]တောင်ရိုးတိုင်းရင်းသားလူမျိုးတို့၏သမိုင်း
တောင်ရိုးဒေသ
========
တောင်ရိုးတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ် နေရာအနှံ့အပြားမှာ ပျံ့နှံ့နေထိုင်ကြတာ ဖြစ်ပါတယ်။ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ရွာငံနဲ့ ပင်းတယဒေသများ တွင်လည်းကောင်း၊ တောင်ကြီးမြို့နယ်နဲ့ ကလောမြို့နယ်တွင်းရှိ ကျေးရွာများ၊ အောင်ပန်း၊ ဟဲဟိုးဒေသများ၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ပင်လုံမြို့တို့တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ကလောဒသေတစ်ဝိုက်တွင် အများဆုံး နေထိုင်ကြကာ ပအိုဝ့်နဲ့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုကြားမှာ တည်ရှိ၍ ပင်လောင်းတောင်ခြေရှိ ရမည်းသင်းအစပ်နားမှာလည်း နေထိုင်ကြပါသေးတယ်။
တောင်ရိုးများဟာ ရခိုင်လူမျိုးကနေ ဆင်းသက်လာကြတယ်လို့လည်း ဆိုကြပါတယ်။ စကားပြောရာမှာ ရခိုင်နဲ့ အနည်းငယ် ဆင်တူတာရှိပြီးတော့ အင်းသား၊ ဓနုတို့မှာ ရခိုင်နဲ့တူတဲ့ စကားမရှိဘူးလို့လည်း ဆိုတယ်။ တောင်ရိုးဘာသာ စာပေနဲ့ စကားကို ဆရာတော်၊ သံဃာတော်များနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဘာသာစကား အရေးအသားတစ်ရပ်ကို တီထွင်ဖော်ထုတ်ပြီးဖြစ်ကြောင်း သိရပါတယ်။
တောင်ရိုးတိုင်းရင်းသားများသည် စာပေ၊ စကားနဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ ပိုင်ဆိုင်ထားသော လူမျိုးစုတစ်စုဖြစ်ကြောင်း ဝံ့ကြွားစွာ ပြောဆိုကြပါတယ်။ စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အားထားလုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ကြကာ ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်း တတ်ကြပါတယ်။
တောင်ရိုးတိုင်းရင်းသူလေးများဟာ ကျေးလက်တောရွာမှာ အများစုနေထိုင်ကြတဲ့အတွက် ချောမောလှပကြပြီးတော့ မြို့သူများနဲ့မတူဘဲ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေးများဖြစ်ကာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းထားကြသူများ ဖြစ်ပါတယ်။
တောင်ရိုးလူမျိုး ဆင်းသက်လာပုံ
==================
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က ပုဂံခေတ်တွင် ရခိုင်မိဖုရားတစ်ပါးဟာ တိုင်းပြည်အခြေအနေ အန္တရာယ်ပဋိပက္ခများကြောင့် ရှောင်တိမ်းရင်း အခြွေအရံများနဲ့ ရှမ်းရိုးမတောင်ပေါ်သို့ ရွှေ့ပြောင်းအခြေချရင်း တောင်ရိုးမျိုးနွယ်စု ပေါက်ဖွားလာကြောင်း အထောက်အထားများအရ သိရပါတယ်။
တောင်ရိုးမျိုးနွယ်စု၏ ရာဇ၀င်ကို ရှေ့မီနောက်မီ သက်ကြီးဝါကြီးပုဂ္ဂိုလ်များဖြင့် ဖော်ထုတ်ထားကြခြင်းဖြစ်ကာ သမိုင်းဆရာများနဲ့ ပြုစုထားခြင်းမဟုတ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။
====================
တောင်ရိုးတိုင်းရင်းသားများဟာ အမျိုးသမီးတို့ဟာ အနက်ရောင်ဝမ်းဆက် (အထက်အောက်တွဲလျက်ဝတ်စုံ) သင်တိုင်းခေါ်သော ၀တျစုံကို ၀တျဆငျလေ့ရှိပွီး ခေါင်းတွင် တဘက်ဖြင့် ရောင်စုံခေါင်းပေါင်းများကို ၀တ်ဆင်လေ့ရှိပါတယ်။အမျိုးသားများကတော့ နက်ပြာရောင်ဘောင်းဘီနဲ့ ကောင်းကင်ပြာရောင်၊ မိုးပြာရောင်အကျီကိုဝတ်ပြီး ခေါင်းပေါင်းများ ပေါင်းထားလေ့ရှိကြပါတယ်။
၀တ်စားဆင်ယင်မှုသည် ပုဂံခေတ်က နှစ်ပေါင်းထောင်ချီခဲ့ပြီဖြစ်သဖြင့် မတူညီတော့ဘဲ တောင်ပေါ်တွင် ရှေးလူကြီးများနေခဲ့သော ရိုးရာကို ကိုယ်ပိုင်ရိုးရာအဖြစ် သတ်မှတ်ခဲ့ကာ ချည်ဖြင့်ဂျပ်ခုတ်ရက်လုပ်သော သင်တိုင်းအနက်ရောင်ကို ၀တျကာ အမျိုးသားသည် နက်ပြာရောင်ဘောင်းဘီ၊ မိုးပြာရောင်ဖျင်အင်္ကျီကို မဲနယ်ဆိုးပြီး ၀တျဆငျကွပါတယျ။
တောင်ရိုးတံဆိပ်
=========
တောင်ရိုးမင်းတစ်ပါးဖြစ်သူ ဖိုးဆော်ချောင်ဖြူမင်းသည် တပေါင်းလဆန်း ၃ ရက်တွင် မင်းဖြစ်ချိန်၊ မင်းဖြစ်ဖို့ မင်းလောင်းဘ၀ကနေ တောင်ရိုးဒေသကနေ ပုဂံပြည်ကိုသွားရန် အသုံးပြုသော မြင်းဖြူကိုအစွဲပြု၍ တောင်ရိုးတိုင်းရင်းသား အမှတ်တံဆိပ်အဖြစ် မြင်းဖြူကြီးကို တန်ဖိုးထား သတ်မှတ်ခြင်းဖြစ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဖိုးကျော်လှက ပြောပါတယ်။
အလံတွင် အပြာရောင်က တောင်ရိုးတိုင်းရင်းသားတို့ဟာ အေးချမ်းစွာနေတတ်ခြင်း၊ အနီရောင်က အမိမြန်မာနိုင်ငံအတွက် လိုအပ်လျှင် ရွပ်ရွပ်ချွန်ချွန်ရဲရင့်ခြင်း၊ ကြယ်မကြီးက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ကြယ်ဖြူလေးသုံးလုံးက တို့တာဝန်အရေး (၃) ပါးကို ဖော်ကျူးထားခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နစ်နာမှုများ ရှိနေခြင်း
===========
တောင်ရိုးတိုင်းရင်းသားများဟာ စာ/ ယဉ်အဖွဲ့ကနေ ကောက်ခံရရှိထားတဲ့ စာရင်းတွေအရ လူဦးရေ ၈၀,၀၀၀ ကျော်ပြီဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ဒသမ ၁ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဖြစ်သောကြောင့် တောင်ရိုးတိုင်းရင်းသား ၀နျကွီးကိုယျစားလှယျ တစ်နေရာကို လွှတ်တော်တွင်ရရှိမည်ဖြစ်ကာ နိုင်ငံတော်မှ တရားဝင်စာရင်း မထုတ်ပြန်သဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း၊ အမြန်ဆုံးစာရင်းထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရပါတယ်။
ရှေးယခင်တုန်းကလည်း အခွင့်အရေး မရှိခင်တုန်းက မှတ်ပုံတင်များကို ပြီးစလွယ်လုပ်လိုက်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ရှိနေလျှင် ပအိုဝ်းဟုရေးခြင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရောက်ရှိနေထိုင်သူများကို ဓနုဟု ရေးသွင်းခြင်းမျိုး ကြုံတွေ့ခဲ့ရဖူးကြောင်း၊ ယခုအချိန်တွင် တောင်ရိုးတိုင်းရင်းသား မျိုးနွယ်စုတစ်ခုအဖြစ် ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ပြီဖြစ်ကြောင်း အတွင်းရေးမှူး ဦးဖိုးကျော်လှက ပြောပါတယ်။
ယခုအခါမှာ တောင်ရိုးတိုင်းရင်းသားများ စုရပ်အဖြစ် တောင်ရိုးတိုင်းရင်းသားများ ရုံးခန်းတည်ဆောက်ဖို့ကိုလည်း ကြိုးပမ်းနေပြီဖြစ်ကြောင်း ဥက္ကဋ္ဌဦးသောင်းရွှေက ပြောပါတယ်။ ကလောဘက်မှလာရင် အောင်ပန်းမြို့အ၀င်တွင် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ရုံးချုပ်ကို တည်ဆောက်သွားမည်ဖြစ်ကာ အစိုးရအဖွဲ့နဲ့ ဒေသတွင်းဖွံ့ဖြိုးရေးများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်စရာများကို ဆွေးနွေးတိုင်ပင်ရန် လည်းကောင်း၊ ရုံးခန်းသည် အသက်သွေးကြောကဲ့သို့ မရှိမဖြစ်လိုအပ်သောကြောင့် အမြန်ဆုံး တည်ဆောက်မည်ဖြစ်ကြောင်း တောင်ရိုးအမျိုးသားနေ့တွင် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။
တောင်ရိုးတွေရဲ့ လိုအပ်ချက်
===============
တောင်ရိုးများဟာ ပအိုဝ်းနဲ့ ဓနုဒေသကြားမှာ ပျံ့နှံ့နေထိုင်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးဟာ တိုးတက်မှု နှေးကွေးနေပါတယ်။ တောင်ပေါ်ဒေသတွေမှာ နေထိုင်သူများဟာ နှစ်စဉ်ရေလိုအပ်ချက် မြင့်မားပါတယ်။ ညောင်ရွှေနဲ့ ကလောဒေသအကြားမှာရှိတဲ့ လက်မောင်းကွေးတောင်ပေါ်လို ဒေသတွေဟာ ပေပေါင်းများစွာ မြင့်တဲ့အတွက် နှစ်စဉ်ရေလိုအပ်ချက်များပြီး မနှစ်က ဆိုးရွားစွာ ရေခန်းခြောက်ခြင်းကြောင့် အလှူရှင်များ သွားရောက်လှူဒါန်းကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒေသနှစ်ခုကြားထဲမှာ နေထိုင်ကြတဲ့အတွက် နှစ်ဖက်စလုံးက ဌာနဆိုင်ရာတွေကလည်း ပစ်ပယ်ထားခြင်းကိုခံနေရပြီး ကြားညပ်ခံနေရတယ်လို့လည်း တောင်ရိုးတိုင်းရင်းသားတွေက ဆိုကြပါတယ်။
ဒေသဖွံ့ဖြိုးရေးအဖြစ် ရေလိုအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးများစွာ လိုအပ်ချက်များစွာရှိနေကြောင်း ပင်လောင်းမြို့နယ် နောင်မူရွာဒေသခံတွေက ပြောပါတယ်။
နောင်မူရွာမှာ ရေရှားလို့ မိုးရာသီဆိုရင် ရေလှောင်ကန်ကြီးနဲ့ ထိန်းသိမ်းထားရှိပြီး တစ်နှစ်ပတ်လုံး ရေကိုခြွေတာ သုံးစွဲရခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးလိုအပ်ချက်ကြောင့် တိုက်နယ်ဆေးရုံရှိရာ ဒေသများကိုဝေးလံစွာ သွားရောက်ဆေးကုသနေရပါတယ်။ ပညာရေးအတွက် စာသင်ကျောင်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ များစွာလိုအပ်သေးတယ်ဆိုတာကို ထိုကျေးရွာများသို့ သွားရောက်ရင်း မြင်တွေ့ခဲ့ရပါတယ်။ လမ်းတွေက လုံးဝမကောင်းသေးပါဘူး။ နောင်မူရွာကို အ၀င်လမ်းမှာ ဖုန်တသောသောနဲ့ဖြစ်ပြီး ကျေးရွာလမ်းတိုင်းဟာ မြေသားလမ်းတွေပဲ ရှိပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မယ်ဆိုရင် ဒေသတွင်းကုန်စည် စီးဆင်းမှု မြန်ဆန်လာခြင်းအပြင် ကျန်းမာရေး၊ လူမှုရေးအတွက်လည်း လမ်းပွင့်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Writer - စည်သာ (တောင်ကြီး)
#credit
#naturemyanmar
[Zawgyi]တောင်ရိုးတိုင်းရင်းသားလူမျိုးတို့၏သမိုင်
း
တောင်ရိုးဒေသ
========
==================
တောင်ရိုးဓလေ့ ၀တ်စားဆင်ယင်မႈ
====================
တောင်ရိုးတံဆိပ်
=========
===========
===============
#credit
#naturemyanmar
No comments:
Post a Comment