Friday, July 9, 2021

အမဲနံရိုး မုန်လာဥဟင်း - ပဲပြားဟင်းချို - ကြက်သွန်မြိတ်ချဉ်အစပ်

 [Unicode]အမဲနံရိုး မုန်လာဥဟင်း - ပဲပြားဟင်းချို - ကြက်သွန်မြိတ်ချဉ်အစပ်

(ကိုရီးယားစတိုင်လ်)


ကိုရီးယားလူမျိုးတွေချက်ပြုတ်တတ်တဲ့ ဟင်းလျာအချို့ကို စားချင်သလိုတွဲစပ်ချက်ထားတာဖြစ်ပြီး သူတို့တွေသည်လို တွဲဖက်ချက်ပြုတ်မှု ရှိမရှိ မသိပါဘူး။ သူတို့သုံးတတ်တဲ့ ငရုတ်သီးအနှစ်၊ ဆန်အရက်၊ ဟင်းချက်ဝိုင်၊ စပျစ်ရည်စတဲ့ ပါဝင်ပစ္စည်းတွေကတော့ ကိုရီးယားအစား အသောက် ကောင်တာရှိတဲ့ စူပါးမားကတ်တွေဘက်မှာဝယ်လို့ရပါတယ်။


အမဲနံရိုးနှင့် မုန်လာဥဟင်း




ပါဝင်ပစ္စည်းများ

အမဲနံရိုး ၅၀ကျပ်သား၊ မုန်လာဥဖြူ ၁စည်း၊ ကြက်ဥ တစ်လုံး၊ ဆန်အရက် သင့်ရုံ၊ သကြား သင့်ရုံ၊ ၀ိုင် သင့်ရုံ၊ နှမ်းဆီ ၂ဇွန်း(ကြွေဇွန်း)၊ ကြက်သွန်မြိတ် တစ်စည်း။

ပြင်ဆင်ချက်ပြုတ်ပုံ

ပထမဦးစွာ အမဲနံရိုးတွင် တွယ်ကပ်နေသော သွေးခဲများ၊ အညစ်အကြေးများကို သန့်စင်ပြီး ရေစစ်ထားရပါမည်။ ၄င်းနောက် ဆန်အရက်၊ ၀ိုင်၊ သကြား၊ ဆော့စ်တို့ဖြင့် အမဲနံရိုးကိုရောမွှေပြီး ရေခဲသေတ္တာထဲတွင် တစ်ညစိမ်ထားပါ။ မုန်လာဥအဖြူကို တစ်လက်မပတ်လည်အတုံးများ လှီးပြီး အိုးတစ်လုံးတွင် ပေါင်းပါ။

ပြီးလျှင် အမဲနံရိုးသားများကို နူးအိလာသည်အထိ ပေါင်းပါ။ ကြက်ဥတစ်လုံးကို ခေါက်ချေပြီး ကြော်ပါ။ ဆနွင်းမကင်းပုံသဏ္ဌာန် ၄တောင့်တုံး ကလေးများအရွယ် ၁လက်မပတ်လည်လှီးထားပါ။

ဒယ်အိုးထဲသို့ နှမ်းဆီထည့်ပြီး အမဲနံရိုးသားနှင့် မုန်လာဥဖြူတို့ကိုထည့်မွှေပါ။ ၄င်းနောက် ဆော့စ်ကို လောင်းထည့်ပါ။

ပြီးလျှင် ကြက်ဥတုံးကလေးများကို အပေါ်မှတင်၍ အလှဆင်ပါ။ ကြက်သွန်မြိတ် အနည်းငယ် ထပ်ဖြူးပေးပါ။


ဟင်းမွှေးပါ ပဲပြားဟင်းချို




ပါဝင်ပစ္စည်းများ

ပဲပြား ၂တုံး၊ ကြက်သွန်နီ ၃လုံး၊ ပန်းငရုတ်ပွ ၁၀ကျပ်သား၊ ကြက်သွန်မြိတ် ၁စည်း၊ ကြက်သွန်ဖြူ ၂ဥ၊ ဂျင်း သင့်ရုံ၊ မှိုခြောက် ၁၀ကျပ်သား၊ ၀က်သား ၁၀ကျပ်သား၊ ပဲငံပြာရည် အနည်းငယ်၊ ဆီ အနည်းငယ်၊ ငရုတ်သီး အနည်းငယ်၊ တို့ဖူး တစ်တုံး။

ပြင်ဆင်ချက်ပြုတ်ပုံ

ပဲပြားကို ရေသန့်စင်အောင်ဆေးပြီး အတုံးကလေးများပုံစံလှီးဖြတ်ပါ။ ကြက်သွန်နီနှင့် ပန်းငရုတ်ပွတို့ကို ခပ်ထူထူတုံးပေးပါ။ ကြက်သွန်မြိတ်ကို ခပ်ရှည်ရှည်လှီးထားပါ။ ၀က်သား အနည်းငယ်ပါးပါးလွှာပြီး ပဲငံပြာရည်ဖြင့် နယ်၍နှပ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ရောကြိတ်ပါ။ ပြီးလျှင် ၀က်သားထဲသို့ ၄င်းအရည်များထည့်ပါ။ ငရုတ်ကောင်းမှုန့်၊ ၀ိုင်တို့ထည့်ပြီးနှပ် ထားပါ။ မှိုခြောက်ကို ရေစိမ်ပြီး အရှည်လိုက်လှီးပါ။ 

အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး အသားများကိုလှိမ့်ပါ။ ခဏကြာလျှင် ရေအသင့်အတင့်ကို ဆူလာသည်အထိ ထည့်တည်ပါ။ ပြီးလျှင် ငရုတ်သီးအနှစ်ထည့်ပြီးမွှေပါ။ ပြီးလျှင် ပဲပြား၊ ပန်းငရုတ်ပွ၊ တို့ဖူး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပါ။ ဆူလာလျှင် စားသုံးနိုင်ပါသည်။


ရာသီစာကြက်သွန်မြိတ်ချဉ် အစပ်ပြုလုပ်နည်း




ပါဝင်သောပစ္စည်းများ

ကြက်သွန်မြိတ် ၃စည်း၊ စပျစ်ရည် အနည်းငယ်၊ ငရုတ်သီးအနှစ် ၁ဇွန်း(ကြွေဇွန်း)၊ နှမ်းဆီ ၁ဇွန်း(ကြွေဇွန်း)၊ သကြား သင့်ရုံ၊ ပဲငါးပိ သင့်ရုံ၊ ရှလကာရည် လဖက်ရည်တစ်ခွက်စာ။

ပြင်ဆင်ပြုလုပ်ပုံ

ကြက်သွန်မြိတ်ကို အရင့်များဖယ်ပြီး ဥများကိုပါ ရေဆေးသန့်စင်၍ ၃လက်မခန့် ဖြတ်ထားပါ။ ၄င်းကို စပျစ်ရည်တွင် ခဏစိမ်ထားရပါမည်။ အနည်းငယ်ချဉ်သော အရသာဖြစ်စေရန်အတွက်ဖြစ်သည်။

ငရုတ်သီးအနှစ်၊ ပဲငါးပိ၊ သကြား၊ ရှာလကာရည်၊ ဆား၊ နှမ်းဆီတို့ကို အချိုးကျနစွာထည့်ပြီး သမအောင်မွှေပါ။ 

ပြီးလျှင် ကြက်သွန်မြိတ် ထည့်နှပ်ပါ။


[Zawgyi]အမဲနံရိုး မုန္လာဥဟင္း - ပဲျပားဟင္းခ်ိဳ - ၾကက္သြန္ၿမိတ္ခ်ဉ္အစပ္

(ကိုရီးယားစတိုင္လ္)


ကိုရီးယားလူမ်ိဳးေတြခ်က္ျပဳတ္တတ္တဲ့ ဟင္းလ်ာအခ်ိဳ႕ကို စားခ်င္သလိုတြဲစပ္ခ်က္ထားတာျဖစ္ၿပီး သူတို႔ေတြသည္လို တြဲဖက္ခ်က္ျပဳတ္မႈ ရိွမရိွ မသိပါဘူး။ သူတို႔သံုးတတ္တဲ့ ငရုတ္သီးအႏွစ္၊ ဆန္အရက္၊ ဟင္းခ်က္ဝိုင္၊ စပ်စ္ရည္စတဲ့ ပါဝင္ပစၥည္းေတြကေတာ့ ကိုရီးယားအစား အေသာက္ ေကာင္တာရိွတဲ့ စူပါးမားကတ္ေတြဘက္မွာဝယ္လို႔ရပါတယ္။


အမဲနံရိုးႏွင့္ မုန္လာဥဟင္း




ပါဝင္ပစၥည္းမ်ား

အမဲနံရိုး ၅၀က်ပ္သား၊ မုန္လာဥျဖဴ ၁စည္း၊ ၾကက္ဥ တစ္လံုး၊ ဆန္အရက္ သင့္ရံု၊ သၾကား သင့္ရံု၊ ဝိုင္ သင့္ရံု၊ ႏွမ္းဆီ ၂ဇြန္း(ေႂကြဇြန္း)၊ ၾကက္သြန္ၿမိတ္ တစ္စည္း။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ပထမဦးစြာ အမဲနံရိုးတြင္ တြယ္ကပ္ေနေသာ ေသြးခဲမ်ား၊ အညစ္အေၾကးမ်ားကို သန႔္စင္ၿပီး ေရစစ္ထားရပါမည္။ ၄င္းေနာက္ ဆန္အရက္၊ ဝိုင္၊ သၾကား၊ ေဆာ့စ္တို႔ျဖင့္ အမဲနံရိုးကိုေရာေမႊၿပီး ေရခဲေသတၲာထဲတြင္ တစ္ညစိမ္ထားပါ။ မုန္လာဥအျဖဴကို တစ္လက္မပတ္လည္အတံုးမ်ား လွီးၿပီး အိုးတစ္လံုးတြင္ ေပါင္းပါ။

ၿပီးလ်ွင္ အမဲနံရိုးသားမ်ားကို ႏူးအိလာသည္အထိ ေပါင္းပါ။ ၾကက္ဥတစ္လံုးကို ေခါက္ေခ်ၿပီး ေၾကာ္ပါ။ ဆႏြင္းမကင္းပံုသဏၭာန္ ၄ေတာင့္တံုး ကေလးမ်ားအရြယ္ ၁လက္မပတ္လည္လွီးထားပါ။

ဒယ္အိုးထဲသို႔ ႏွမ္းဆီထၫ့္ၿပီး အမဲနံရိုးသားႏွင့္ မုန္လာဥျဖဴတို႔ကိုထၫ့္ေမႊပါ။ ၄င္းေနာက္ ေဆာ့စ္ကို ေလာင္းထၫ့္ပါ။

ၿပီးလ်ွင္ ၾကက္ဥတံုးကေလးမ်ားကို အေပၚမွတင္၍ အလွဆင္ပါ။ ၾကက္သြန္ၿမိတ္ အနည္းငယ္ ထပ္ျဖဴးေပးပါ။


ဟင္းေမႊးပါ ပဲျပားဟင္းခ်ိဳ




ပါဝင္ပစၥည္းမ်ား

ပဲျပား ၂တံုး၊ ၾကက္သြန္နီ ၃လံုး၊ ပန္းငရုတ္ပြ ၁၀က်ပ္သား၊ ၾကက္သြန္ၿမိတ္ ၁စည္း၊ ၾကက္သြန္ျဖဴ ၂ဥ၊ ဂ်င္း သင့္ရံု၊ မိႈေျခာက္ ၁၀က်ပ္သား၊ ၀က္သား ၁၀က်ပ္သား၊ ပဲငံျပာရည္ အနည္းငယ္၊ ဆီ အနည္းငယ္၊ ငရုတ္သီး အနည္းငယ္၊ တို႔ဖူး တစ္တံုး။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ပဲျပားကို ေရသန႔္စင္ေအာင္ေဆးၿပီး အတံုးကေလးမ်ားပံုစံလွီးျဖတ္ပါ။ ၾကက္သြန္နီႏွင့္ ပန္းငရုတ္ပြတို႔ကို ခပ္ထူထူတံုးေပးပါ။ ၾကက္သြန္ၿမိတ္ကို ခပ္ရွည္ရွည္လွီးထားပါ။ ၀က္သား အနည္းငယ္ပါးပါးလႊာၿပီး ပဲငံျပာရည္ျဖင့္ နယ္၍ႏွပ္ထားပါ။

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ဂ်င္းတို႔ကို ေရာႀကိတ္ပါ။ ၿပီးလ်ွင္ ၀က္သားထဲသို႔ ၄င္းအရည္မ်ားထၫ့္ပါ။ ငရုတ္ေကာင္းမႈန႔္၊ ဝိုင္တို႔ထၫ့္ၿပီးႏွပ္ ထားပါ။ မိႈေျခာက္ကို ေရစိမ္ၿပီး အရွည္လိုက္လွီးပါ။ 

အိုးထဲသို႔ ဆီအနည္းငယ္ထၫ့္ၿပီး အသားမ်ားကိုလိွမ့္ပါ။ ခဏၾကာလ်ွင္ ေရအသင့္အတင့္ကို ဆူလာသည္အထိ ထၫ့္တည္ပါ။ ၿပီးလ်ွင္ ငရုတ္သီးအႏွစ္ထၫ့္ၿပီးေမႊပါ။ ၿပီးလ်ွင္ ပဲျပား၊ ပန္းငရုတ္ပြ၊ တို႔ဖူး၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္နီ၊ ဆား၊ ဟင္းခတ္မႈန႔္တို႔ထၫ့္ပါ။ ဆူလာလ်ွင္ စားသံုးႏိုင္ပါသည္။


ရာသီစာၾကက္သြန္ၿမိတ္ခ်ဉ္ အစပ္ျပဳလုပ္နည္း




ပါဝင္ေသာပစၥည္းမ်ား

ၾကက္သြန္ၿမိတ္ ၃စည္း၊ စပ်စ္ရည္ အနည္းငယ္၊ ငရုတ္သီးအႏွစ္ ၁ဇြန္း(ေႂကြဇြန္း)၊ ႏွမ္းဆီ ၁ဇြန္း(ေႂကြဇြန္း)၊ သၾကား သင့္ရံု၊ ပဲငါးပိ သင့္ရံု၊ ရွလကာရည္ လဖက္ရည္တစ္ခြက္စာ။

ျပင္ဆင္ျပဳလုပ္ပံု

ၾကက္သြန္ၿမိတ္ကို အရင့္မ်ားဖယ္ၿပီး ဥမ်ားကိုပါ ေရေဆးသန႔္စင္၍ ၃လက္မခန႔္ ျဖတ္ထားပါ။ ၄င္းကို စပ်စ္ရည္တြင္ ခဏစိမ္ထားရပါမည္။ အနည္းငယ္ခ်ဉ္ေသာ အရသာျဖစ္ေစရန္အတြက္ျဖစ္သည္။

ငရုတ္သီးအႏွစ္၊ ပဲငါးပိ၊ သၾကား၊ ရွာလကာရည္၊ ဆား၊ ႏွမ္းဆီတို႔ကို အခ်ိဳးက်နစြာထၫ့္ၿပီး သမေအာင္ေမႊပါ။ 

ၿပီးလ်ွင္ ၾကက္သြန္ၿမိတ္ ထၫ့္ႏွပ္ပါ။

No comments: