Showing posts with label ခရီးသြား. Show all posts
Showing posts with label ခရီးသြား. Show all posts
Friday, February 23, 2024
Dubai (ဒူဘိုင်းသွားမယ်ဆိုရင်)
ဒူဘိုင်းသွားမယ်ဆိုရင် သိသင့်သိထိုက်တာလေးတွေ ပါ။
✅️
ပထမဆုံးသိရမှာက ဒူဘိုင်း ဆိုတာ နိုင်ငံမဟုတ်ပါ။ ဒူဘိုင်း ဟာ ၇ ပြည်နယ် (အဘူဒါဘီ၊ရှားဂျာ၊အာဂျမန်း၊ရာစယ်ခိုင်းမား၊အိုမယ်လ်ကွင်းနဲ့ဖူဂျားရား) စုဖွဲ့ထားတဲ့ United Arab Emirates (UAE) အာရပ်စော်ဘွားများပြည်ထောင်စုထဲက ပြည်နယ်တစ်ခုကို ဆိုလိုတာပါ။ 
ဒါပေမယ့် လူအများစုကတော့ ဒူဘိုင်း မြို့လို့ပဲအလွယ်ခေါ်ကြပါတယ်။ မြို့တော်ကတော့ အဘူဒါဘီ မြို့ဖြစ်ပါတယ်။
✅️
ဒူဘိုင်း ဟာ 2000 ခုနှစ်ဝန်းကျင်လောက်မှာ infrastructure development နဲ့အတူတိုးတက်လာပြီး အခုဆိုရင် 
-ကမ္ဘာ့အမြင့်ဆုံး တာဝါ Burj Khalifa , Burj Al Arab Hotel, Atlantis Hotel၊ Address Hotel အစရှိသဖြင့်ဇိမ်ခံဟိုတယ်များ၊ Amusement parks ၊ shopping malls တွေနဲ့ ကမ္ဘာတဝှမ်း လူသိများတဲ့ tourism spot တခုဖြစ်လာပါတယ်။
✅️  မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေ။
၁။ language
 ရုံးသုံးက Arabic ဖြစ်ပေမယ့် English language ကိုနေရာအနှံ့သုံးစွဲကြလို့ အီဂျစ်၊ ယီမင်၊ဆူဒန်၊ ဆီးရီးယား၊ လက်ဘနွန် စတဲ့နိုင်ငံကလူတွေလဲ Arabic ​သုံးစွဲပြောဆိုကြပါတယ်။ နောက်ထပ်စကားကတော့ Hindi ဟင်ဒီဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံကလူအားလုံးနဲ့ပြောဆိုဆက်သွယ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ 
၂။ ငွေကြေး
သုံးစွဲတဲ့ငွေကြေးက ဒါဟမ်း Dirham ဖြစ်ပြီး 1 USD ကို 3.675 Dirham ပါ။ ဆိုလိုတာက လစာ 1500 Dirham ဆို USD 400 လောက်နဲ့ညီပါတယ်။ အခု ပေါက်တဲ့ ပြင်ပ ဒေါ်လာစျေးနဲ့ဆို မြန်မာငွေကျပ်  ၁၂,၀၀,၀၀၀ လောက်ရပါမယ်။ 
၃။ အလုပ်အကိုင်
(က)Hotel staffs
4 or 5 stars ဟိုတယ်ကြီးများတွင် waiter/waitress သို့ front office desk staff သို့ housekeeping attendant သို့ Comis 3 chef ဆိုလျှင် နေရာထိုင်ခင်း+ three meals + uniform + medical insurance + Annual leave ၁နှစ်ကို ရက်၃၀ လခအပြည့်နှင့်  + ၂နှစ်တခါ air ticket + လခ Dirhams 1000 မှ 1800 ကြား (လုပ်ရတဲ့ဟိုတယ်နဲ့ ရာထူးပေါ်မူတည်၍) ရနိုင်ပါတယ်။ တပတ်တရက်အနားရကြပြီး public holidays တွေအတွက် အစားပြန်ရကြပါတယ်။ တချို့ဟိုတယ်တွေက service charge ၃လတခါပေးပြီး တလကို Dirhams 150 လောက်ကနေ 700/800 လောက်ထိရကြပါတယ်။  Overtime လည်းပေးကြတာများပါတယ်။ Tip ကတော့ waiter/waitress/chef/housekeeping attendant တွေဆိုရင်ရနိုင်ပါတယ်။ FO staff တွေကတော့ customer ကို room upgrade လုပ်ဖို့ဆွယ်နိုင်ရင် hotel policy အရ သတ်မှတ်ထားရင် commission ရလေ့ရှိပါတယ်။  Supervisor ရာထူးဆိုလျှင် Dirhams 1600 လောက်ကနေ Dirhams 2500 လောက်ထိရနိုင်ပါတယ်။ 
၃(ခ) Restaurant staffs
ဒီခေါင်းစဉ်အောက်မှာ fine dining restaurant သို့ fastfood chains တွေက cashier/waiter/waiteress/cleaner တွေထိအကျုံးဝင်ပါတယ်။ နေရာထိုင်ခင်းစီစဉ်ပေးရရင် လခက Dirhams 900 ကနေ Dirhams 1500 လောက်ထိပဲရကြပါတယ်။ duty meal တနပ်ပဲကျွေးလေ့ရှိပြီး အလုပ်ချိန်များပါတယ်။ overtime တွေဘာတွေရတာလည်းနည်းပါတယ်။ ၂နှစ်တခါ airticket ပေးပေမယ့် စိတ်ပျက်ပြီး ၂နှစ်ပြည့်တာနဲ့ သို့မဟုတ် မပြည့်ခင်ပြန်ကြတာများပါတယ်။ နေရာထိုင်ခင်း မစီစဉ္ပေးရင်တော့ Dirhams 1800 ကနေ 2700 လောက်ထိပေးလေ့ရှိပါတယ်။ Tip ကတော့ Fine Dining သို့ Mall တွေက restaurant တွေဆိုရနိုင်ပါတယ်။ အလုပ်ရှင်ပေါ်မူတည်ပြီး ရတဲ့အခွင့်အရေးနဲ့ လခကတော့ အပြောင်းအလဲရှိပါလိမ့်မယ်။
၃(ဂ)Sales staff
Duty free sales staff နဲ့ shopping malls sales staff လည်း ဒီအတိုင်းပါပဲ။
Duty free staffs တွေကတော့ အခန်းမယူရင် Dirhams 4000~4800 လောက်ရကြပြီး အခန်းယူရင်တော့ Dirhams 1,000 အဖြတ်ခံရမှာဖြစ်ပါတယ်။ Transport ရှိပြီး meals တော့မပါပါဘူး။ Overtime အပြင် တနှစ်တခါ လခတိုးတာ  အလုပ်ထွက်တဲ့အချိန်မှာ ရရှိမဲ့ သတ်မှတ်အကျိုးခံစားခွင့် gratuity ပိုရတာတွေရှိပါတယ်။ အခန်းယူတဲ့သူတွေကလည်း ကျယ်ဝန်းသပ်ယပ်ပြီး facilty အပြည့်အစုံရှိတဲ့ အခန်းတွေမှာနေထိုင်ရပြီး gym တို့ swimming pool facility တို့လဲပါလေ့ရှိပါတယ်။
Shopping mall sales staffs တွေကတော့ ကုမ္ပဏီကြီးတွေမှာလုပ်ရတဲ့သူတွေဆိုရင်တော့ Dirhams 3500~5000 လောက်ထိရကြပေမယ့် transport အခန်း meal ဘာမှမပါပါဘူး။ ကုမ္ပဏီအသေးတွေဆိုရင် Dirhams 2,000 ကနေ Dirhams 3500 လောက်ပဲပေးပြီး အပေါ်ကပြောသလိုပဲ transport meal အခန်းတို့လဲ မပေးပါဘူး။
၃(ဃ)Engineering/Accounting/IT/Petroleum Staffs
အပေါ်ကခေါင်းစဉ္အောက်မှာတော့ ရာထူးနဲ့ လုပ်ရတဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လုပ်ခလစာတွေက Dirhams 3,000/4,000 လောက်ကနေ Dirhams 40,000/ 50,000 လောက်ထိရကြတဲ့သူတွေရှိပါတယ်။ Foreign Experience မရှိတဲ့သူတွေဆိုရင်တော့ Entry level လခဖြစ်တဲ့ Dirhams 3,000~5,000 လောက်ပဲရမှာဖြစ်ပါတယ်။
၃(င) Housemaid
အခုတလော အလုပ်အကိုင်ရှားပါးမှုကြောင့် Dubai ကို Housemaid နဲ့သွားကြတဲ့သူတွေအတော်များများရှိလာတာ ကြားနေမြင်နေရပါတယ်။ ပထမဆုံးပြောလိုတာက UAE ရဲ့ housemaid စျေးကွက်မှာ နေရာယူထားသူတွေက အင်ဒိုနီရှန်း၊ဖိလစ်ပင်းနဲ့ ဆူဒန်နီလ်းတွေဖြစ်ပါတယ်။ ဆူဒန်နဲ့အင်ဒိုက အာရဗီရပြီး ဖိလစ်ပင်းက English ကောင်းကြပါတယ်။ သူတို့ရဲ့ သံရုံးတွေလည်း အဲဒီမှာရှိကြပါတယ်။ အဲဒါတောင် အိမ်ရှင်တိုင်းမဟုတ်ပေမယ့် တချို့အိမ်ရှင်တွေရဲ့ နားချိန်မရမတရားအခိုင်းခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လိင်အမြတ်ထုတ်ခံရတာတွေ ရှိခဲ့ဖူးတယ်၊ရှိနေဆဲဆိုတာ သတိချပ်စေချင်ပါတယ်။ ဖုန်းသိမ်းထားတာ၊ ပတ်စ်ပို့သိမ်းထားတာ၊ လစာကိုပါမပေးတာ စတဲ့ ကိစ္စတွေပါရှိတယ်ဆိုတာသိစေချင်ပါတယ်။ လစာက Dirhams 900~1400 လောက်ထိပေးပေမယ့် တိုးတက်လမ်းအလွန်တရာနည်းပါးတဲ့အတွက် အတတ်နိုငိဆုံးတော့ ဒီအလုပ်မရွေးစေလိုပါ။ အခက်အခဲတခုခုကြုံလာဆုံလာရင် မိမိဘက်မှာဘာမှရှိမနေပါ။ အထူးသဖြင့် မိန်းကလေးတွေအတွက် ဥပဒေရဲ့အထောက်အပံ့ခံရမှုက တော်တော်လေးအားနည်းပါတယ်။
(၄) Employment Contract & Visa
Employment contract က အဓိက ၂မျိုးရှိပြီး Limited type (Fixed term) ဆိုလျှင် maximum ၂ နှစ်ဖြစ်ပြီး notice period ပါထည့်သွင်းချုပ်ဆိုရမှာဖြစ်ပါတယ်။
နောက်တမျိုးကတော့ unlimited type (အလုပ်ရှင်နှင့် အလုပ်သမား အဆင်ပြေနေသ၍ လုပ်လို့ရတဲ့ contract) ဖြစ်ပါတယ်။
Dubai မှာ employment contract နဲ့ အလုပ်လုပ်နေတဲ့ expats တွေအားလုံး residence visa အောက်မှာ အကျုံးဝင်ပြီး ၁နှစ် သို့ ၂နှစ်သက်တမ်းရှိပါတယ်။
ယခင်တုန်းကတော့ Freezone Authority ရဲ့အောက်မှာ လုပ်တဲ့သူတွေကလွဲပြီး ကျန်တဲ့အလုပ်သမားတွေဟာ အလုပ်ပြောင်းချင်လို့ အလုပ်ရှင်က NOC မထုတ်ပေးခဲ့ရင် သတ်မှတ်ထားတဲ့ rules အရ အလိုအလျောက် ၆လ visa ban ခြင်းခံရပေမယ့် အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ law အရ လက်ရှိအလုပ်မှာလုပ်တာ ၆လကျော်မယ်၊ ပြီးရင် စာချုပ်မှာ သတ်မှတ်ထားတဲ့ notice period ကို အပြည့်လုပ်ပေးမယ်ဆိုရင် visa ban ကကင်းလွတ်ပါလိမ့်မယ်။ ဒီနေရာမှာ မိမိအလုပ်ပြောင်းတာကို လက်ရှိအလုပ်ရှင်သဘောတူလက်ခံပြီး NOC ထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ NOC မရခဲ့ဘူးဆိုရင် visa transfer process က ရှုပ်ထွေးမှုရှိပြီး လုပ်ငန်းအသစ်က ပိုင်ရှင် သို့ PRO (visa ကိစ္စတွေဆောင်ရွက်ပေးသူ) ရဲ့ ပေါက်ရောက်မှုပေါ်မှာလည်းမူတည်ပါတယ်။
လစာ Dirhams ၃၀၀၀ သို့ ၄၀၀၀ နဲ့အထက်ရပြီး အလုပ်ကစီစဉ္ပေးတဲ့နေရာထိုင်ခင်းရှိပါက Supervisorနဲ့ အထက်ရာထူးရှိသူတွေဟာ မိသားစုရှိယင် dependent visa လျှောက်လို့ရပါတယ်။ အလုပ်က NOC ပေးဖို့တော့လိုပါတယ်။တချို့အလုပ်တွေက အလုပ်ခန့်ကတည်းက family status နဲ့ခန့်တာဆိုရင် မိသားစုရဲ့ visa ကိစ္စကို အလုပ်က ဆောင်ရွက်ပေးပြီး ကုန်ကျစရိတ်လည်း သူတို့ပေးပါတယ်။
(၅) နေရာထိုင်ခင်း
အလုပ်ကနေရာထိုင်ခင်းစီစဉ္ပေးလျှင် entry level ဆိုပါက ၂ ယောက် ၁ ခန်း သို့  ၄ယောက် ၁ခန်း နေရလေ့ရှိပါတယ်။ ရေချိုးခန်း အိမ်သာကတော့ အဆောက်အဉီးထဲမှာ ဘုံသုံးဖို့ထားပေးထားတာများပါတယ်။
တချို့လုပ်ငန်းရှင်တွေက တခန်းကို ၇ယောက် ၈ယောက်ခန့် ၂ ထပ်ကုတင်တွေနဲ့ထားတာလည်းရှိပါတယ်။ 
မိမိဘာသာ နေရာထိုင်ခင်းစီစဉ္နေထိုင်ရပါက bed space တအိပ်ရာစာဆိုပါက Dirhams 500/600 လောက်ကစပြီး ၂ထပ်ကုတင်လောက်နဲ့ပဲနေရမှာ ဖြစ်ပါတယ်။ တဦးတည်းသီးသန့် ကုတင်ဆိုပါက ရေဖိုးမီးဖိုးအပါ အနည်းဆုံး Dirhams 700/800 ခန့်ရှိပြီး partition room (gypsum board နဲ့ ကန့်ပေးထားတဲ့ အခန်း) ဆိုလျှင် Dirhams 1,200 လောက်ကစပါတယ်။
ဒူဘိုင်းမှာ အိမ်ကိုနာမည်ခံငှားထားသူက ၎င်း၏ aparment သို့ villa ကို Sharing room အဖြစ်ပြန်လည်ငှားတဲ့ စနစ်တွင်ကျယ်ပါတယ်။ 
ဒါ့အပြင် အခန်းထဲမှာ မီးဖိုချောင် ရေချိုးခန်းအိမ်သာ အားလုံးပါတဲ့ Studio room ဆုိတာမျိုးလဲ ရှိပါတယ်။ ၁၂×၂၀ ပေလောက်ပဲရှိပြီး ငှားရမ်းခ Dirhams 1800/1900 ကစပါတယ်။အကျယ်အဝန်းပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှာဖြစ်ပါတယ်။ အိမ်ရှင် Landlord နဲ့တိုက်ရိုက်တနှစ်စာချုပ်ချုပ်ရပြီး တနှစ်စာအတွက် post dated cheque ၁၂ စောင်တခါတည်းပေးထားရပါတယ်။ ဒါကရေဖိုးမီးဖိုးမပါသေးပါ။ ရေဖိုးမီးဖိုးက ပူတဲ့ရာသီတွေမှာ ပျမ်းမျှ တဦးကို Dirhams 150~250 လောက်ကျပါလိမ့်မယ်။ 
တလ Dirhams 3000ခန့်ပေးရတဲ့ Studio Room or အိပ်ခန်းတခန်းသီးသန့်ပါတဲ့ one bhk လိုမျိုးကနေ တလကို Dirhams 20000/25000 ပေးရတဲ့ Villa မျိုးတွေထိရှိပါတယ်။ 
(၆) အစားအသောက်
ပုံမှန်ဗမာ အစားအသောက်အားလုံးနီးပါးရပါတယ်။ အသားငါးပုဇွန် အစုံရပါတယ်။ ကြက်သားကတော့ အတန်ဆုံးဖြစ်လို့ ဒူဘိုင်းရောက်ဗမာ အတော်များများဟာ ဗမာပြည်ပြန်ရောက်လို့ ကြက်သားဟင်းချက်ကျွေးရင် တို့တောင်မတို့ချင်ကြပါဘူး။  ဝက်သားကတော့ Spinney Choithram အစရှိတဲ့ Super Market တွေရဲ့ Non Muslim Section မှာ ခေါင်းအစ ခြေအဆုံးရပါတယ်။ချဉ္ပေါင်လည်း တချို့ Super Market တွေနဲ့ Vegetable Wet Market မှာရတတ်ပါတယ်။ နိုင်ငံစုံက အသီးအနှံတွေရပြီး ပန်းသီး လိ​္မ္မော်သီးတို့ကတော့ အတန်ဆုံးထဲမှာပါပါတယ်။ ဗမာတွေအကြိုက် သရက်သီး၊ ဒူးရင်းသီးစတာတွေကတော့ စျေးကြီးပေးဝယ်စားရပါတယ်။
အခုဆို ဗမာစားသောက်ဆိုင်  ၃/၄ ဆိုင်လောက်ရှိသလို ဗမာစာတွေချက်ရောင်းချသူတွေရှိတာကြောင့် ဗမာအစားအသောက် အလွမ်းပြေစားနိုင်ပြီဖြစ်ပါတယ်။ 
(၇) သွားရေးလာရေး
Dubai Metro က ဒူဘိုင်း မြို့အနှံ့နီးပါးရောက်နေပြီမို့ သွားရေးလာရေးက တော်တော်အဆင်ပြေပါတယ်။red line နဲ့ green line လို့ ၂ခုရှိပြီး စုစုပေါင်း Zone ၇ခုရှိပါတယ်။ Metro စီးရင်ပဲဖြစ်ဖြစ်၊ Bus စီးရင်ပဲဖြစ်ဖြစ်၊ Tram စီးရင်ပဲဖြစ်ဖြစ်၊ Water bus စီးရင်ပဲဖြစ်ဖြစ် Cashless payment system ဖြစ်ပြီး Nol silver card ဆိုတဲ့ ကဒ်ထဲငွေသွင်းပြီးသုံးရတဲ့စနစ်ကိုကျင့်သုံးပါတယ်။ ဆိုလိုတာက အဲဒီကဒ်ထဲငွေသွင်းထားပြီး ကျသင့်ငွေကို အကွာအဝေးပေါ်မူတည်ပြီး ဖြတ်သွားတဲ့စနစ်ဖြစ်ပါတယ်။ ကျသင့်ငွေက Zone အလိုက် အပေါ်မှာဖော်ပြထားတဲ့ Transport system အားလုံးအတွက်အကျုံးဝင်ပါတယ်။ ဥပမာ Zone A ထဲမှာ Metro လည်းစီးတယ် Bus လည်းစီးတယ်ဆိုပါက Zone တခုထဲမှာပဲသွားတာမလို့ Zone ၁ခုစာစီးနင်းခပဲကျမှာဖြစ်ပါတယ်။ ကောင်းတာကတော့ တလစာအတွက် Zone အလိုက် ပုံသေနှုန်းထားနဲ့ စီးနင်းတာပဲဖြစ်ပါတယ်။ Zone ၁ခုအတွင်းထဲမှာပဲဆို ၁လစာအတွက် Dirhams 140၊ ၂ခုဆို Dirhams 230၊ ၂ခုနဲ့အထက်ဆို Dirhams 350 အစရှိသဖြင့် ကျသင့်ပါတယ်။ Nol Card ကို Taxi စီးတဲ့အခါမှာလည်းသုံးလို့ရပါတယ်။
(၈)ဘာသာရေး
နိုင်ငံသားအားလုံးနီးပါး အစ္စလာမ်ဘာသာအဓိကကိုးကွယ်ကြပါတယ်။ လာရောက်လုပ်ကိုင်သူအတော်များများလည်း အစ္စလာမ်ဘာသာဝင်တွေဖြစ်ပေမယ့် ခရစ်ယာန်တွေအတွက်20 Chruches ၊ ဟိန္ဒူတွေအတွက် 1 temple နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် Monastery တကျောင်း၊ ဆစ်ခ်ဘာသာဝင်တွေအတွက် 1 temple ရှိနေပြီဖြစ်ပါတယ်။ 
(၉)သတိပြုရန်အချက်များ
ရမည့်လခက Dirhams နဲ့ဖြစ်ပြီး US$ နဲ့မဟုတ်ပါ။ 1500 ရမယ်ဆိုတာ US$ 1500 ရမယ်လို့မှတ်ပြီး ရောက်လာကြသူတွေရှိပါတယ်။
UAE မှာ ဥပဒေအရ အလုပ်ခန့်ထားခြင်းခံရတဲ့ သူတွေအတွက် visa ခကို Company ကကျခံရတာဖြစ်ပါတယ်။ သို့သော် Company က visa ခလခထဲက နှုတ်ယူတာမျိုးပြုလုပ်မယ်လို့ Agency ကတဆင့်ပြောရင် အဲဒီလို Company မျိုးမှာ လုံးဝမလုပ်သင့်ပါ။ တခြားကိစ္စ အလုပ်ချိန်၊ပိတ်ရက်၊ overtime အစရှိတာတွေမှာလည်း ကိုယ့်အပေါ်မှာမမှန်မကန်ပြုလုပ်တာခံရနိုင်လို့ဖြစ်ပါတယ်။
Hepatics B ပိုး Cပိုးရှိသူများနဲ့ TB ရောဂါဖြစ်ဖူးပြီး အဆုတ်မှာ အမာရွတ်ရှိသူများ အလုပ်ရယင်တောင်မှ Visa လျှောက်လို့ ဆေးစစ်တဲ့အချိန်မှာပေါ်လျှင် visa reject ထိမည်ဖြစ်၍ မသွားသင့်ပါ။ အချို့ကလည်း TB ကြောင့်အမာရွတ်ရှိတာလက်ခံတယ်လို့လဲပြောပေမယ့် တချို့ အဆုတ်အမာရွတ်ကြောင့် reject ထိတယ်လို့ ပြောသူများလည်းရှိတာကြောင့် reject ထိနိုင်​ခြေ risk ရှိတယ်ဆိုတာကိုလက်ခံနိုင်မှ သွားစေလိုပါတယ်။
Local company တွေဟာ Multi National Company သို့ International hotel chains တွေနဲ့ နှိုင်းယှဉ္လျှင် အလုပ်သမားကိုပေးတဲ့ အခွင့်အရေးမှာ လွန်စွာကွာခြားပါတယ်။ အလုပ်ရပြီးရောဟု သွားမည်ဆိုပါက ၂နှစ်ခန့်သည်းညည်းခံလုပ်နိုင်မှ သွားဖို့အကြံပြုချင်ပါတယ်။
အလုပ်ရသည်ဆိုပါက Offer letter ထုတ်ပေးသည့် Company မှ တာဝန်ယူပြီး employment permit လျှောက်ထားပေးရမှာဖြစ်ပြီး travel agency သို့ recruitment agency သို့ agency ခအယင်ပေးရမည်ဟုဆိုပါက ၁၀၀% လိမ်ညာတာဖြစ်ပါသည်။ မြန်မာပြည်ဘက်က Agency က မိမိကိုအလုပ်ခန့်အပ်သည့် Company က visa လျှောက်ပေးတာကျလို့ visa ပြလျှင် visa type တွင် employmentဟုပါရမည်။ Sponsorship သို့ visa applicant နေရာ၌ Offer letter ထုတ်ပေးသည့် Company၏ Name ဖြစ်ရပါမည်။ အရေးအကြီးဆုံးမှာ ၎င်း visa မှန်မမှန်နှင့် valid ဖြစ်သည့်ကာလကို www.amer.ae ဆိုသည့် UAE goverment ၏ official Website တွင်စစ်ဆေးကြည့်နိုင်ပါတယ်။
မိမိပညာအရည်အချင်း၊အတွေ့အကြုံနှင့် မကိုက်ညီသည့် ရာထူးနှင့်လစာကမ်းလှမ်းခြင်းခံရပြီး visa လျှောက်ရန် Agency ခ ကြိုတင်ပေးဆောင်ရမည်ဆိုပါက ၁၀၀% အလိမ်အညာဖြစ်ပါတယ်။
Employment permit မဟုတ်ပဲ visit visaနဲ့ခေါ်ပြီး ဟိုရောက်မှ employment visa လျှောက်ပေးမည်ဆိုပါက တဘက်မှာ ရင်းနှီးခင်မင်စိတ်ချရသည့် လူခံမရှိပါက အလွန်အန္တရာယ်ကြီးပါသည်။ အခုကိုပဲ လူ ၅၀၀ခန့် ဒုက္ခရောက်သောင်တင်နေကြတယ်လို့ ဖတ်လိုက်ရပါတယ်။
နောက်ထပ်သတိပြုရမဲ့အချက်တွေကတော့ လက်ထပ်စာချုပ်မရှိပဲ ယောက်ကျားလေး၊မိန်းကလေးအတူနေလို့မရပါ။ အတူနေမိလို့ ကိုယ်ဝန်ရှိသွားလို့ ဆေးခန်းသွားပြတာနဲ့ လက်ထပ်စာချုပ်မရှိယင် ပြစ်ဒဏ်ပေးထောင်ချပါတယ်။ လူမြင်ကွင်းမှာ လက်တွဲသွားလာခြင်း၊နမ်းရှုံ့ခြင်းတို့မပြုလုပ်သင့်ပါ။ တိုင်သူ သို့ စောင့်ကြည့်သူနှင့်တိုးလျှင် အချုပ်ရောက်သွားပါလိမ့်မယ်။ သတ်မှတ်ထားတဲ့နေရာ Hotel အစရှိသဖြင့်ကလွဲပြီး လိုင်စင်မရှိပဲ အရက်သေစာသောက်စားလို့မရပါ။ လူမြင်ကွင်းမှာ သောက်စားလို့မရသလို၊ သောက်စား၍ အပြင်သွားပြီး အမှားအယွင်းတစုံတရာလုပ်တာ၊ မူးပြီးရမ်းကားတာနဲ့ အချုပ်ထဲရောက်မှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှ  ဘာသာရေးကိုထိခိုက်အောင် (သို့) နှိမ့်ချရေးသားခြင်း၊ အစိုးရနဲ့အစိုးရအဖွဲ့အစည်းများကို ဝေဖန်ခြင်းတို့ဆိုလျှင် ပြင်းထန်စွာ အရေးယူခံရမှာဖြစ်ပါတယ်။
ရေးသားမျှဝေသူ -
Khin Zar Zar Myint
Sunday, December 24, 2023
စျေးချို (Zay Cho)
 (ဈေးချိုအစစ်ကိုမသိကြတော့ဘူး)
ရေးသားသူ - ဆူးငှက်
 သည်ကနေ့ အသက်၂ဝကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလဈေးချို အစစ်အကြောင်း မသိကြတော့ပေ။ အထူးသဖြင့် သာမန်လူငယ်များထက် မီဒီယာများနှင့် ပတ်သက်သော လူငယ်များ မသိကြခြင်းက  အရုပ်ဆိုးသည်။ မူလဈေးချိုအစစ်ဆိုသည်မှာ ဤသို့ဖြစ် သည်။
 ဈေးသည် တိုင်းပြည်၏ ဝမ်းစာ    
မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနစ်ဌာန အပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်း ပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏ ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွား ရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့်  မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ  ဈေးများကို စနစ် တကျနေရာချခဲ့သည်။
မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော  “မလွန်ဈေး” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည် များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ 
မတ္တရာနယ်တစ်ဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် အသီးအနှံများ    ဝင်ရောက်လာရာ    ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း  အရှေ့နှင့်အနောက်  ကပ်လျက် ဖြစ်သည်။
မလွန်ဈေး
မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင် မြောက်ရှည်၍ အရှေ့အနောက်အနေဖြင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပေအနေဖြင့်တွက်ပါမူ တောင်မြောက် ပေ၂၀၀ဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆၀ဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီး ဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်းအမျိုးအစားလိုက် တူရာစု ကာ တစ်ထပ်မျှရှိသော လုံခြုံသည့် အဆောက်အအုံများ ဖြင့်လည်း ရောင်းချရသည်။ မြောက်မှစ၍ အရှေ့အနောက် ၃၁လမ်းကို  မလွန်ဈေးတွင် မြောက်ယွန်းတန်းဟု ခေါ် သည်။ ထို့နောက် တောင်ဘက်တစ်ပြ  ၃၂ လမ်းကို တောင် ယွန်းတန်းဟု ခေါ်တွင်ပြီး ထိုနှစ်လမ်းအကြား တစ်ပြ အရှည်တွင် တောင်မြောက်တိုးလျှိုပေါက် အနောက်မှစ၍ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံး တန်းဟူ ၍ ရှိသည်။ ဈေးတန်းများအကြား လှည်းနှစ်စီး ရှောင်နိုင်သည့် လမ်းရှိသည်။ ဤပုံစံအတိုင်း ၃၂ လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြား တွင်  ကြက်သွန်တန်း၊  ချင်းတန်း၊ ငါးပိတန်း၊  ဆားတန်း၊ ကွမ်းသီးတန်းဟူ၍ လည်းကောင်း၊  ၃၃ လမ်း ကျောက်စိမ်း တန်းနှင့် ၃၄ လမ်း ညောင်ဇင်တန်းအကြားတွင် နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဟူ၍ သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြား၍ စနစ်တကျတည်ပေးခဲ့သည့် လက်ကားပွဲ ရုံဈေးကြီး ဖြစ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားဆဲ ဖြစ်၏။
မလွန်ဈေးကို ကြိုသောကြောင့်
လက်ကားဈေးကြီးဖြစ်သော မလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်း  မြောက်ဘက်မလှမ်းမကမ်းတွင် အတူတည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့် “ဈေးကြို”ဟု ခေါ်တွင်သည်။ “ဈေးကြို”ကို နောက်တစ်ခါ “ဈေးချိုတော်”ဟု ခေါ်တွင်ခဲ့သည်။ ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့သော အင်းဝနေပြည်တော်၊  အမရပူရ နေပြည်တော်၏ ပန္နက်များတွင်လည်း ပါရှိခဲ့သည်။
“ဈေးကြို”၏ မူလနေရာသည် ယခုငါးပိတန်း လက် ကြား  (ဈေးချိုတော်တိုက်တန်းကြီး၏   အရှေ့ဘက်) ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇ လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်သည်။ မူလမန္တလေး “ဈေးကြို”က အမရပူရ “ဈေးကြို”ပုံစံအတိုင်း တည်ဆောက်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် မူလ “ဈေးကြိုတော်” ကို ပြင်ဆင်တည် ဆောက်လိုက်၏။  သစ်သားများဖြင့်သာ  ပြန်လည် တည်ဆောက်ခဲ့သည့် အဆိုပါ ဈေးကြို (ဈေးချို) မှာ ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်)တွင် မီးကြီးလောင်ကျွမ်းသည်။ 
ထို့နောက် နှစ် ၉၀ ကျော်ကြာ သက်တမ်းရှည်၍ ကမ္ဘာကျော်ခဲ့သော ၁၂ ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး” ဟူသော နေ့နာမ်သင့်အတိုင်း ၁၂၆၅ ခု (၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့သည်။ 
ဗိသုကာမှာ မန္တလေးမြူနီစီပယ်၏ ပထမဆုံးအတွင်း ရေးမှူး အီတလီလူမျိုးဖြစ်သည်။
အေ၊ ဘီ၊ စီ ဟူ၍
၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း (သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅၀ဝ နီးပါး) ရှည်၍ အရှေ့ အနောက်အနေဖြင့် ၈၄ လမ်းအထိ တစ်ပြ (ပေ ၆၀ဝ နီး ပါး) ကျယ်သည်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက်ရှိသော ရုံကြီးသုံးရုံတွဲပြီး ကြားတွင်  မလွယ်ပေါက်။  ထို့နောက် နောက်ထပ် သုံးရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသော အလယ်ပေါက် ကြီးထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ခြောက်ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ် အထိရှိသည်။ ရုံအလိုက် အမျိုးအစားတူ  ကုန်ပစ္စည်းများကိုပဲ တစုတစည်းတည်း ရောင်းချကြ သည်။
ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝ ရှိသည်။ ၁၂ ရုံတွင် ဆိုင်ခန်းပေါင်း ၂၀၀ဝ နီးပါး ရှိမည်။ ထိုအရေအတွက်သည် ရုံကြီးအတွင်း ဝင်လမ်း၊ ထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိ စေရန် နှစ် ၉ဝ စလုံး နေရာချထားခဲ့သည့်စနစ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရ သည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းသည်။ ထို့ပြင် မလွယ် ပေါက်လမ်းများနှင့် အလယ်ပေါက်လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာ ဝင်နိုင်ပြီး ထွက်လမ်းများလည်း ရှိသည်။ ထိုလမ်းများပေါ် ၌ မီးသတ်ရေကန်များလည်း ရှိသည်။ ရုံတစ်ရုံနှင့် တစ်ရုံ ကြားတန်းများတွင်လည်း မီးသတ်ကန်များထားရှိကာ ရေအပြည့်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း
မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ ရုံအပြင် အရှေ့ ဘက်၌ ၈၄ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာ ပြု၍ ၂၆ ဘီလမ်းနှင့် ၂၈ လမ်းကြား၌ တိုက်တန်းကြီး တည်ရှိပြီး  ၂၆ ဘီလမ်း၊ ၈၄ လမ်းနှင့် ရွှေတချောင်းမြောင်း ကြားတွင် တိုက်တန်းလေးတည်ရှိသည်။ ၁၉၇ဝ ဝန်းကျင် တွင် အဆိုပါ တိုက်တန်းလေးကို ဖျက်သိမ်းပြီး မန္တလေး မြူနီစီပယ်  (ယခုစည်ပင်သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူ၍ ခေတ်မီ နှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့သည်။ အပေါ် ထပ်တွင် ခန်းမများထားရှိပြီး အောက်ထပ်တွင် ကုန် ပဒေသာဆိုင်များ၊ ရုံးခန်းများနှင့် တစ်ချိန်က နာမည်ကျော် ကြားခဲ့သည့် မန္တလေးတိုင်းသမဝါယမအသင်းစု၏ သမ ဝါယမစာနယ်ဇင်း စာအုပ်အရောင်းဆိုင်ကြီးတို့ ဖွင့်လှစ်ခဲ့၏။
မြို့တော်ခန်းမ(၂)နှင့် ခန်းမ(၃)တို့တွင် မင်္ဂလာဧည့်ခံပွဲ များ ကျင်းပလေ့ရှိပြီး ယခုအခါ ခန်းမ(၃) နေရာတွင် ရတနာပုံဘဏ်အဆောက်အအုံနှင့် အရောင်းပြခန်းများ ပြုပြင်တည်ဆောက်ခဲ့သည်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ ရုံ၏ တောင်ဘက်ခြမ်းရုံ  ခြောက်ရုံတွဲ၏ အနောက်ဘက် တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်း တို့ တည်ရှိပြီး မြောက်ဘက် ခြောက်ရုံတွဲ၏ အနောက် ဘက်တွင်  ငှက်ပျောတန်း၊  မွေ့ရာတန်း၊  လင်းရောင်ခြည် ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိသည်။ 
သံဖြူတန်းကြီး
ဈေးချိုတော်ကြီး၏ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅  လမ်းကြားကို  သံဖြူတန်းကြီးဟု  ခေါ်တွင်ပြီး  သံ သေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော  အထည်များ ရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်၏ ရွှေဥဒေါင်းသံသေတ္တာ ဆိုင်တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်၏ တိုက်လည်းရှိသည်။ ထို့ပြင် မြို့မဒိုးတီးအကျော် ဦးလှဒင် ကလည်း သံဖြူတန်းကြီးတွင် နေထိုင်သည်။ ထို ၂၈ လမ်း ကိုပင် ၈၅ လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟု ခေါ်ပြီး မြေအိုး၊ စဉ့်အိုးများ ရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၅ လမ်းနှင့် ရွှေတချောင်း ကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။
၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၆ လမ်းပေါ်တွင်လည်း မုန့်စုံတန်းနှင့် ပျံကျဈေးတန်းတို့ တည်ရှိပြီး အဆိုပါ ၈၆ လမ်းပေါ်တွင် ဆင်ကြီးနှစ်ကောင်ရှိသည်။ 
ဆင်ကြီးနှစ်ကောင်
ဆင်ကြီး နှစ်ကောင်ဟူသည်မှာ ၈၆ လမ်းမှ အနောက် ဘက်အိမ်တော်ရာဘုရားအရှေ့မုခ်အထိတည်ဆောက် ထားသော အုတ်တံတားကြီး၏ ထိပ်၌တည်ရှိကာ အုတ် ဆင်ရုပ်ကြီးနှစ်ကောင်ကို အစွဲပြုကာ ထိုနေရာကို “ဆင် ကြီးနှစ်ကောင်” ဟု ခေါ်ဝေါ်ကြသည်။ အိမ်တော်ရာ ဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂၀၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတား ဒါယကာမှာ “နိဗ္ဗာနပစ္စယနာဂဆဒ္ဒန်ဆင်မင်း” ကြီးဖြစ် သည်။  ထိုဆင်မင်းမှာ  ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက်    နိဗ္ဗာန်ရွာ၏    အရှေ့ဘက် ကုန်းသာယာအမည်ရှိ     တောတွင်းမှ    ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ပုဂံမင်းက  အိမ်တော်ရာစေတီတော်  တည်ထားပြီးနောက် ၁၂၁ဝ  ခုနှစ်တွင်  ဆင်မင်းပိုင်ငွေတော်များဖြင့်   အုတ် တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင် ရုပ်ကြီးနှစ်ရုပ်  တည်ဆောက်ပြီး  အလှူတော်ပြုလုပ်ပေးခဲ့ ၏။
အိမ်တော်ရာထီး
ထိုဆင်တံတားပေါ်တွင်    ယခင်က    မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်းချ ခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူ ဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။    အိမ်တော်ရာထီးကို    တစ်ပြည်လုံး ကျယ်ပြန့်စွာရောင်းချရသဖြင့်     ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။  ယခုအိမ်တော်ရာထီး  ပျောက် ကွယ်ခဲ့သည်မှာ ကြာပေပြီ။ ယခုတိုင်မန္တလေးတွင် အခိုင် အမာတည် ရှိနေဆဲဖြစ်သော ပွဲစားကုန်သည် စက်ပိုင်များ ၏ ကထိန်တော်အသင်းကြီးသည် ၁၉၃ဝ ဝန်းကျင်ကာလ များက အိမ်တော်ရာဆင်ကြီး နှစ်ကောင်အနီး ပွဲစားကြီး ဦးသန့်အိမ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ် သည်။
ညပိုင်းတွင်လည်း ဈေးချိုတော်ရုံကြီး ၁၂ရုံနှင့် တိုက် တန်းကြီးကြားတွင် ညဈေးတန်းတည်ရှိခဲ့သည်။ နေ့ခင်း ပိုင်း မအားလပ်သဖြင့် မဝယ်ခြမ်းရသူများ ဈေးချို ညဈေး တန်းတွင် စိတ်ချလက်ချ ဝယ်ယူနိုင်သည်။ အနယ်နယ် အရပ်ရပ်သာမက နိုင်ငံတကာအထိ စိတ်ဝင်စားခဲ့သော ညဈေးတန်းကြီးဖြစ်သည်။
ဈေးရပ်ကွက်ကြီး
ဈေးချိုတော်၏ မြောက်ဘက် ၂၅လမ်းနှင့် ၂၆ ဘီ လမ်းကြား၊ ၈၆လမ်း ရွှေတချောင်းမြောင်း အရှေ့ဘက် တွင်လည်း မန်းသီရိဈေးဟူ၍ တည်ရှိခဲ့၏။ ယခင်က ပင်လယ်ငါးနှင့် အသားငါးကုန်ခြောက်ဈေးကြီး ဖြစ် သည်။ ယခုအခါ အထပ်မြင့်ဈေးကြီး တည်ဆောက်ပြီး ဖြစ်သည်။ ဈေးချိုတော် တိုက်တန်းကြီး၏ အရှေ့ဘက် ၂၅လမ်းမှ ၂၈လမ်းကြား၊ ၈၃လမ်းမှ  ၈၄လမ်းကြားတွင် ဆောက်လုပ်ရေး ကုန်မာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဒီဇယ်အင်ဂျင် နှင့် ရေစုပ်စက်ပစ္စည်းများ ရောင်းချကြသည့် ဆိုင်ခန်းကြီး များ တည်ရှိကြသည်။ ယခင်က ၂၇ လမ်းနှင့် ၂၈လမ်းကြား၊ ၈၃ လမ်းနှင့် တောင်ဘက် တိုက်တန်းကြီးကြားတွင် သေတ္တာဝင်းဟု တည်ရှိခဲ့ပြီး ထင်းရှူးသေတ္တာများ၊ ကုန် ပစ္စည်းထည့် အသားကြမ်းသေတ္တာများ ပြုလုပ်ရောင်းချ ကြသည်။ ဈေးချိုတော်ကြီးကို ဗဟိုပြု၍ မြောက်မှ တောင် ဘက် ၂၅လမ်းမှ လမ်း၃ဝ အတွင်း၊ အရှေ့မှ အနောက် သို့ ၈၃လမ်းမှ ၈၈လမ်းအတွင်း နေရာကြီးသည် ဈေး ရပ်ကွက်ကြီးဖြစ်ခဲ့၏။ ၂၉လမ်းရှိ ဝါးတန်းရပ်သည်လည်း ဈေးလမ်းမကြီးဖြစ်သည်။ သကျသီဟဘုရား အနီးတွင် လည်း ပွဲရုံတန်း၊ ဆန်တန်းများ တည်ရှိသည်။ အဆိုပါ ဈေးရပ်ကွက်ကြီးလည်း    မလွန်ဈေးရပ်ကွက်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွား၏။
မန္တလေးမြို့၏ စီးပွားရေးအချက်အချာ
ထို့ကြောင့် မလွန်ဈေးနှင့် ဈေးချိုတော်ကြီးသည် မန္တလေးမြို့၏ စီးပွားရေးအချက်အချာ အသည်းနှလုံး ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးရေချိန်ကြီး ဖြစ်ခဲ့ သည်။ မြန်မာလူမျိုးတို့၏ စီးပွားရေးအတက်အကျ ပြဒါး တိုင်လည်း ဖြစ်ခဲ့သည်။ မြို့တည်ကတည်းက တည်ရှိခဲ့ သော အခင်းအကျင်းဖြစ်သဖြင့် ထိုရပ်ကွက်ကြီးများ၊ ဈေးကြီးများ၏ လူမှုဆက်ဆံရေးများသည် မြန်မာ့လူမှု ဆက်ဆံရေးစစ်စစ်ဖြစ်ခဲ့သည်။      ထို့ကြောင့်   ဈေးချို တော်ရုံကြီး ၁၂ ရုံအတွင်းရှိ ဆိုင်ခန်းများမှာ အခန်းမရှိ၊ အကာမရှိ၊ အကန့်မရှိ။ ဟိုဘက်ဆိုင် ဒီဘက်ဆိုင် လှမ်းမြင် နေရသည်။  ဘိုးဘွားမှအစ  သားသမီးမြေးမြစ်အထိ ပိုင်ဆိုင်မှုမပြောင်းလဲသဖြင့်  အစဉ်အဆက်  မိသားစု သဖွယ် ဖြစ်သည်။ ဤသို့ဖြင့် ဈေးရုံတစ်ရုံလုံး မိသားစုဖြစ်၏။ ဈေးရုံတစ်ရုံလုံးသာမက ဈေးချိုတော်ကြီးတစ်ခုလုံးကလည်း မိသားစုများပင် ဖြစ်ခဲ့သည်။
၁၉ရာစု ကနဦးအစက ဗိသုကာ
ထို့ကြောင့် ဈေးချိုတော်ရုံကြီး ၁၂ ရုံ၏ သက်တမ်း ၉ဝ အတွင်း (၁၉၀၉ ခုနှစ်မှ အဆိုပါရှေးဟောင်းဈေးရုံကြီးများ စတင်ဖျက်သိမ်းသည့် ၁၉၉၁ ခုနှစ်အတွင်း) ဈေးချိုမှ စတင်၍ ကြီးကြီးမားမားမီးဘေးမရှိခဲ့။ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့။ ယုတ်စွအဆုံး စစ်ကြီးအတွင်းမှာပင် ဈေးချို တော်က ဘေးမသင့်ခဲ့ပေ။ ၁၉ရာစု ကနဦးအစက ဗိသုကာ သည် ရေမြေဒေသနှင့်အညီ ခေတ်မီစနစ်ကျလှပါပေ၏။ ၁၉၀၂ ခုနှစ် ဧပြီလ ၁၂ရက် (သက္ကရာဇ် ၁၂၆၃ခု တန်ခူး လဆန်း ၅ရက်) မီးကြီးလောင်၍ ယခင်သစ်သား ဈေးချို အဆောက်အအုံကြီး မီးသင့်သောကြောင့် ထိုကဲ့သို့ စနစ် ကျသော အုတ်တိုက်ဈေးချိုတော်ကြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလကြီးမှာပင်  ထိုဈေးချိုကြီး မီးဘေးမသင့်ခဲ့။ ၁၉၉ဝ ခုနှစ်က ဖျက်သိမ်းလိုက်မှသာ နိဋ္ဌိတံခဲ့ခြင်းဖြစ်သည်။
(TheMandalay NewsJournal)
Saturday, December 23, 2023
မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု
 မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု
       မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။
✳️ မုန့်တီ
      မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။
မန္တလေးမုန့်တီစားမယ်ဆိုရင် 
နန်းသေး = 0.1 - 0.2 cm
နန်းလတ် =0.4 - 0.5 cm
နန်းကြီး  =  0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့
ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။
✳️ မုန့်ဟင်းခါးသောက်မယ်
      မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ  ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။
✳️ မန္တလေးထမင်းပေါင်း
      မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။
✳️ တိုရ/ပဲပင်ပေါက်
      မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။  ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။
✳️ ခါကျက်ဥ
      ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။
(Gaajar Root)= ခါကျက်ဥ
(Aloo)= အာလူး
(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ
✳️ ဒူးမလိုင်
      မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။
✳️ Co Co /ခေါခေါ
      မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။
✳️ တပြ၊ နှစ်ပြ
      နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။
✳️ ဘူတာကြီး
      မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့  ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။  လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။
✳️ ကျွန်တော်
      မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။ 
      စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။ 
 (Mandalarian - ယဉ်ယဉ်နှောင်း)
Thursday, December 7, 2023
ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်
(Dr. Thurein Hlaing Winမှ အချက်အလက် စစ်ဆေးထားပါသည်။ 
Yun Sandi Nan Mon မှ ရေးသားသည်။)
ခရီးသွားရင်း တွေ့ကရာစားပြီး အစာအိမ်မထိခိုက်အောင် ကာကွယ်မယ်
ပိတ်ရက်တွေရောက်လာပြီဆို အပီအပြင်လည်ဖို့ ဒါမှမဟုတ် ခရီးထွက်ဖို့ စီစဉ်ထားကြမှာပဲ။  ဒါပေမယ့် ခရီးကိုရောက်တာ တစ်ရက်ပဲရှိသေးတယ် နေမကောင်းဖြစ်သွားရပြီဆို ပလန်တွေအကုန် ပလုံသွားမှာနော်။
အရေးကြီးဆုံးက လမ်းမှာ ဒါမှမဟုတ် ခရီးရောက်တဲ့အခါ  စားမယ့်အစားအသောက်ကိစ္စပါပဲ။ ခရီးသွားရင်း ပျော်ရင်းရွှင်ရင်း လမ်းမှာစားစရာဆိုင်တွေ့ရင်ပဲ ရတနာတွေ့သလို ပြေးဝယ်စားကြ၊ သောက်ကြ တာ ပျော်စရာ။ ဒါပေမယ့် တွေ့ရာစားဖို့ ကိုယ့်ဗိုက်ကရော ကောင်းလို့လား။ ဘယ်အချိန်မဆို ဆင်ခြင်စားသင့်တဲ့ အစားအသောက်စာရင်းကို သတိပေးလိုက်ပါဦးမယ်။
ဆီကြော်စာ
ဆီကြော်တွေက ချေဖျက်ရခက်ရတဲ့အထဲ နေရာဒေသအပြောင်း၊ ရာသီအပြောင်းမှာ အစာပိုပြီးမကြေတော့ပါဘူး။ နဂိုတည်းက အစာခြေရည်ပြန်ဆန်တက်တတ်တဲ့၊ ဒါမှမဟုတ် အစာမကြေဖြစ်လွယ်၊ လေထတတ်တဲ့ ဗိုက်ဆို ပိုဆိုးပါတယ်။ ကားမူးတာနဲ့ပေါင်းရင် ပိုဆိုး။
ပြုပြင်စီမံထားတဲ့အစားအစာ
ဟော့ဒေါ့လို့ ခေါ်တဲ့ အချောင်းလေးတွေက ပြုပြင်စီမံထားတဲ့အစားအစာတွေပေါ့။ နောက်ပြီး ယူတို့လမ်းမှာ ဖောက်စားတတ်ကြတဲ့ အာလူးကြော် ဘာညာလည်း ဒီထဲပါတာပဲ။ အဲဒါတွေက လေပွစေနိုင်တယ်၊ ဗိုက်အောင့်စေနိုင်တယ်၊ မအီမသာဖြစ်စေနိုင်တယ်နော်။
အစပ်
ကမ်းခြေရောက်ပြီ၊ ပင်လယ်စာတွေ တွယ်ပြီဆိုပြီး အပူအစပ်တွေတရှူးရှူးစားခြင်းက ယူတို့ကို စမတ်မဖြစ်စေပါဘူး။ အခန့်မသင့်ရင် ဗိုက်အောင့်မယ်နော်။ အရမ်းစပ်အောင်မစားပါနဲ့။ အရင်တည်းက အစာအိမ်ပြဿနာရှိရင် သတိထားရမယ့်အချက်ပါ။
အကင်
အကင်တွေက အမြည်းလုပ်ရတာ အရသာရှိပေမယ့် မသန့်ရင်၊ မလတ်ရင် အစာအိမ်ကို E.coli လို ရောဂါပိုးတွေအတွက် လမ်းဖွင့်ပေးလိုက်နိုင်ပါတယ်။ အဲဒီဘက်တီးရီးယားဝင်ရင် ဝမ်းလျှောမယ်၊ ဗိုက်အောင့်မယ် Listeria ဆိုရင် ဖျားမယ်၊ခေါင်းကိုက်မယ်၊ ဗိုက်အောင့်မယ်။ ကဲ ပျော်နိုင်ပါတော့မလား။ ဒါ့ကြောင့် ကမ်းခြေရောက်လို့ စားမယ်ဆို ချက်ချင်းလတ်လတ်ဆတ်ဆတ်ကင်ခိုင်းတာ အကောင်းဆုံးပါ။
မလတ်ဆတ်တဲ့အစားအစာ
မလတ်ဆတ်တဲ့ အစားအသောက်တွေစားမိရင် ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်ဗိုက်နာတွေအပြင် အစာအဆိပ်သင့်တာတွေအထိပါ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပင်လယ်စာဖြစ်ဖြစ်၊ ဒေသစာဖြစ်ဖြစ် ဘာကိုစားစား အခြေအနေကောင်းမှ၊ လတ်ဆတ်သန့်ရှင်းမှုရှိမှ ဝယ်စားပါ။
အရက်
အယ်ကိုဟောပါတာတွေ အရက်ဘီယာအတူတူပဲနော်။ ဝိုင်လည်းအရက်မဟုတ်ဘူးလို့ ကပ်မငြင်းနဲ့။ အယ်ကိုဟောဆိုတာ အစာအိမ်ကိုပူလောင်စေတာအမှန်ပဲကို။ နည်းနည်းသောက်ရင်တောင် ရင်ပူတာ၊ အစာအိမ်အက်စစ်ပြန်ဆန်တက်တာတွေ ဖြစ်လာစေနိုင်တယ်။ သောက်တာများရင် အစာအိမ်နံရံတွေကို ရောင်ရမ်းစေလိမ့်မယ်။
ကော်ဖီ
ရေကူးပြီးလို့ ချမ်းတဲ့အချိန် ကော်ဖီလေးသောက်လိုက် နွေးသွားတာပဲမလား။ ဒါပေမယ့် အစာမရှိဘဲ သောက်လိုက်ရင် အစာအိမ်နံရံကို ဆွသလိုဖြစ်စေနိုင်ပါတယ်။ ကော်ဖီကြောင့် ရင်ပူတာ၊ အစာအိမ်အက်စစ်ပြန်ဆန်တက်တာ၊ ဗိုက်အောင့်တာ စတာတွေ ဖြစ်လာတတ်တယ်။
Friday, June 23, 2023
Bagan အကြောင်း
ပုဂံ 🙏
ပုဂံ  (ခေါ်) တမ္ပဒီပ သည် မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်လည်းကောင်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်လည်း‌ေကာင်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို ဆွဲဆောင်ရာနေရာအဖြစ်လည်းကောင်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
🟡 ဝေါဟာရရင်းမြစ်
များသောအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်မှ ပုဂံဖြစ်လာခဲ့သည်ဟု ဖော်ပြလေ့ရှိကြသည်။ ဤကဲ့သို့ ဖော်ပြခြင်းမှာ မှန်နန်းရာဇဝင်ကြီး စသည်များတွင် သရေခေတ္တရာပြည် ပျက်ပြီးနောက် သရေခေတ္တရာမှ ပျူအစုတို့သည် တောင်ညိုအရပ်၊ ၎င်းနောက် ပန်းတောင်းသက်သာအရပ်၊ ထိုမှ မင်းတုန်းအရပ်၊ တဖန် ယုန်လွှတ်ကျွန်းအရပ်သို့ အဆင့်ဆင့် အဆင့်ဆင့် ပြောင်းရွှေ့လာခဲ့ကြပြီးနောက် ထိုယုန်လွှတ်ကျွန်းအရပ် ရွာပေါင်း တစ်ဆယ့်ကိုး ရွာသားတို့နှင့် သမုဒ္ဒရာဇ်မင်းသည် အရိမဒ္ဒနာမည်သော ပုဂံပြည်ကို တည်လေသည်ဟု ပါရှိခြင်းများကို အထောက်အထားပြု၍ ဖော်ပြကြခြင်းပင် ဖြစ်ဟန်ရှိလေသည်။ တုရင်တောင်အရှေ့ ယုန်လွှတ်ကျွန်း ဒေသတွင် လာရောက်တည်ထောင်သော ပျူအမျိုးစုတို့နှင့် ရွာတစ်ဆယ့်ကိုးရွာဟူသော စကားပေါင်းစပ်၍ ပျူဂါမဟူသောအမည် ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
ရှေးပုဂံခေတ် ကျောက်စာများတွင် "'ပုကံ"'ဟူ၍ ရေးသားပြီး ပုဂံဟူသော အရေးအသားမှာ အလွန်နည်းပါးသည်။ ပုဂံခေတ်ကျောက်စာများတွင်သာမက ပင်းယ၊ အင်းဝ ကျောက်စာများတွင်လည်း ပုကံဟူသော အရေးအသားမှာ များပြားပါသည်။
ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး (၄၄၆-၄၇၅) ရေးထိုးခဲ့သော မွန်ဘာသာ ကျောက်စာများတွင် ပုဂံအမည်ကို ပါဠိဘာသာတွင် "'ပေါကာမ"'ဟု လည်းကောင်း ၊ မွန်ဘာသာတွင် "'ပေါကာမ်"'ဟု လည်းကောင်း ပါရှိသည်။
🟡တည်နေရာ
မန္တလေးတိုင်းအတွင်းရှိ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိသည်။ မန္တလေးမြို့မှ အနောက်တောင်ဘက် မိုင် ၉ဝ အကွာတွင်တည်ရှိသည်။
🟡သမိုင်းကြောင်း
ပျူမြို့ပြနိုင်ငံများခေတ် ကုန်ဆုံးပြီးနောက် တကောင်းနယ်မှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အတွင်းသို့ အုပ်စုများဖွဲ့ကာ ဝင်ရောက်လာသည့် ဗမာလူမျိုးတို့သည် မူရင်းဌာနေလူမျိုးများဖြစ်သည့် ပျူ တို့ထံမှ စာပေ၊ လယ်ယာစိုက်ပျိုးခြင်း နှင့် ယဉ်ကျေးမှုများကို ဆက်ခံရယူကာ တဖြည်းဖြည်း အင်အားကောင်းသည့် အဆင့်သို့ရောက်လာသည်။ မူလအစက စစ်တိုက်ခိုက်ခြင်းဖြင့် ကျော်ကြားသော လူမျိုးသည် စည်းလုံးခြင်းဖြင့်သာ မိမိတို့၏အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်နိုင်မည်ဟုသော စစ်ရေးအမြင်ဖြင့် မြို့ရွာများကို စုစည်းတည်ထောင်လာကြသည်။ သို့ဖြင့် လမ်းခရီးနှင့်ဆက်သွယ်ရေး လွယ်ကူပြီး မိမိတို့ အခြေချရာ ရပ်ဝန်း၏ ဗဟိုတွင်ရှိသည့် ဒေသမှ ကျေးရွာများကို စုစည်းကာ ပုဂံမြို့အဖြစ် တည်ထောင်လိုက်ကြသည်။
ပုဂံသည် စတုတ္ထပုဂံ မင်းဆက်များ နန်းတည်သွားသော နေရာဖြစ်သည်။ ပျဉ်ပြားမင်း(၈၄၆-၈၇၆)လက်ထက်မှ စောမွန်နစ်မင်း(၁၃၂၅-၁၃၆၈)အထိ စိုးစံခဲ့ကြသည်။
🟡ပုဂံနိုင်ငံတော်
အစောပိုင်း ပုဂံမင်းဆက်များနှင့် ပတ်သက်၍ တိကျသည့် သမိုင်းအထောက်အထားများကို မတွေ့ရပဲ ပါးစပ်ရာဇဝင်များအနေဖြင့်သာ မှတ်သားလာခဲ့ကြပြီး အနော်ရထာမင်းလက်ထက်ရောက်မှသာ တိကျသည့် သမိုင်းအထောက်အထားများကို စတင်တွေ့ရှိလာကြရသည်။ အနော်ရထာ၏ သိမ်းသွင်းမှုကြောင့် ပုဂံနိုင်ငံတော်သည် ပဒေသရာဇ် အဆင့်မှ ဧကရာဇ် (အင်ပါယာ) အဆင့်တို့ တက်လှမ်းလာနိုင်ခဲ့သည်။ သူ့နောက် ဆက်ခံသည့် စောလူးမင်းလက်ထက်တွင် တိုင်းပြည်အခြေအနေဆိုးရွားသွားခဲ့သော်လည်း ကျန်စစ်သား၊ အလောင်းစည်သူ အစရှိသည့် မင်းများလက်ထက်တွင်မူ တိုင်းပြည်အင်အား ပြန်လည်ပြည့်ဝလာပြန်သည်။
🟡ပုဂံနိဂုံး
အလောင်းစည်သူနောက် နန်းတက်သည့် မင်းများလက်ထက်တွင် ပုဂံ၏ဩဇာအာဏာကျဆင်းလာသလို၊ နယ်ခြားမှ ရန်သူများ၏ လုပ်ကြံမှုကြောင့် ထီးဆောင်းမင်းတစ်ပါးကျဆုံးရသည့် အဖြစ်၊ နရသီဟပတေ့ကဲ့သို့ အစားကျူးပြီး အမျက်ဒေါသကြီးသည့်မင်း အစရှိသဖြင့် ပေါ်ပေါက်လာသည်။ ခရစ်နှစ် ၁၂၈၇ တွင် မွန်ဂိုတို့၏ ကျူးကျော်မှုကြောင့် နရသီဟပတေ့ ပုဂံကိုစွန့်ခွာထွက်ပြေးရခြင်းဖြင့် ပုဂံ၏ဩဇာမှာ လုံးဝကျဆင်းတော့သည်။ ရှင်ဒိသာပါမောက်၏ သံတမန်ရေးကျွမ်းကျင်စွာ အရေးဆိုမှုကြောင့် မွန်ဂိုဘုရင် ကူဗလိုင်ခန်က တပ်များကို ပြန်ဆုတ်စေသည်။ ထိုမှစကာ ပုဂံမင်းဆိုသည်မှာ အဆောင်အယောင်မျှသာ ဖြစ်၍ အမှန်ဩဇာကြီးသူများမှာ ရှမ်းညီနောင်သုံးဦး ဖြစ်သည်။
🟡ယနေ့ပုဂံ
ယနေ့ပုဂံမှာ ရှေးဟောင်းလက်ရာများနှင့် ပြည့်နက်နေသည့် မြို့ဟောင်းကြီးအသွင်မျှသာ ကျန်ရှိတော့သည်။ သို့သော် အဆိုပါရှေးဟောင်းလက်ရာများမှာ ပြည်တွင်း၊ ပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်သည်ဖြစ်၍ အတော်ပင်ကျော်ကြားလှပေသည်။ ကမ္ဘာလှည့်ခရီးသည်များ၏ အဓိကလှည်ပတ်ရာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ သို့သော် သီးခြားမြို့အဖြစ် ရပ်တည်နိုင်ခြင်းမရှိပဲ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အဖြစ်ထည့်သွင်းထားသဖြင့် အများအခေါ်တွင် ပုဂံ-ညောင်ဦး ဟူ၍ထင်ရှားသည်။ ညောင်ဦးမြို့သည် ယခင်က ရွာကြီး ၁၉ရွာစုစည်း၍ ယုန်လွှတ်ကျွန်းအရပ်၌ နန်းတည်စဉ်က ညောင်ဦးရွာဟူ၍ ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၅)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် တစ်ခုလှုပ်ရှားသွားသဖြင့် ပုဂံရှိ စေတီပုထိုး ၆၅ဆူခန့် ထိခိုက်ပျက်စီးခဲ့သည်။
🟡မြေမျက်နှာသွင်ပြင်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မြောက်ဘက်တွင် ညောင်ဦး နှင့် တောင်ဘက်တွင် ပုဂံမြို့သစ်တို့ တည်ရှိပြီး ဧရာဝတီမြစ်ဘေး မြန်မာနိုင်ငံအထက်ပိုင်း ကျယ်ပြောလှသော လွင်ပြင်တွင် တည်ရှိသည်။ မန္တလေးမြို့ မှ အနောက်တောင်ဘက် ကီလိုမီတာ ၂၉၀ (မိုင် ၁၈၀) ကွာဝေးပြီး ရန်ကုန်မြို့မှ မြောက်ဘက် ကီလိုမီတာ ၇၀၀ (မိုင် ၄၃၀) အကွာတွင် တည်ရှိသည်။
🟡ရာသီဥတု
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးဖြစ်သည်။
🟡ယဉ်ကျေးမှု
ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မီ အထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊ လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူမင်းလက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူးယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
🟡ပြတိုက်
ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း တစ်ခုတည်းသော ရှေးဟောင်းသုတေသနပြတိုက်ဖြစ်သည်။ (၃) ထပ်အဆောက်အဦးဖြစ်ပြီး မြစေတီကျောက်စာမူရင်း အပါအဝင် ရှေးဟောင်းအမွေအနှစ်များကို ပြသထားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂံရှေးဟောင်းသုတေသန ပြတိုက်ကို ၁၉၀၄ ခုနှစ်တွင် ပုဂံမြို့ဟောင်း အာနန္ဒာဘုရား၏မြောက်ဘက်စောင်းတန်းအနီးတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၉ ခုနှစ်အောက်တိုဘာလတွင် ကန်တော့ပလ္လင်ဘုရား တောင်ဘက်၌ ရှစ်မြှောင့်ပုံသဏ္ဌာန်ရှိသော ရှေးဟောင်းသုတေသနပြတိုက်ကို ထပ်မံတည်ဆောက်ဖွင့်လှစ်ခဲ့သည်။ ယခုလက်ရှိကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို ၁၉၉၈ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။ ပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေးပန်းချီပြခန်းစသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားသည်။၂၀၁၇ခုနှစ်တွင် ကလေးများပြတိုက်ကို ပြတိုက်ကြီး၏ မြောက်ဘက်ရှိရှစ်မြှောင့်ပုံသဏ္ဌာန်အဆောက်အဦ၌ ခင်းကျင်းပြသထားသည်။
🟡နန်းတော်
အနော်ရထာမင်း နန်းတော် - ၂၀၀၃ ခုနှစ်တွင် ယခင်တည်ရှိခဲ့သော နန်းတော်ပေါ်မူတည်၍ ပြန်လည်တည်ဆောက်ခဲ့သည်။ သို့သော် မြေပြင်အထက်မှာ စိတ်ကူးသက်သက် ပြန်လည်ပုံဖော်တည်ဆောက်ထားခြင်း ဖြစ်သည်။
🟡သယ်ယူပို့ဆောင်ရေး
ပုဂံသို့ လေယာဉ်၊ ရထား၊ ကား တို့အပြင် သင်္ဘောဖြင့်ပါ လာရောက်နိုင်သည်။ လည်ပတ်စရာအနေဖြင့် e-bike ငှားရမ်းအသုံးပြုနိုင်သည်။
🟡လေကြောင်းလိုင်း
နိုင်ငံခြားသားခရီးသွား အများစုသည် လေကြောင်းလိုင်းကို အသုံးပြု၍ ပုဂံသို့ လာရောက်လည်ပတ်ကြသည်။ ညောင်ဦးလေဆိပ်မှာ ပုဂံဒေသ၏ လေကြောင်းဝင်ထွက်သွားလာရာ ဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ ပုဂံသို့ ဆင်းသက်ကြသည်။ ရန်ကုန်မြို့မှ လာပါက မိနစ် ၈၀ ခန့် ကြာမြင့်ပြီး မန္တလေးမြို့မှ လာပါက မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်သည်။ ညောင်ဦးလေဆိပ်သည် ညောင်ဦးမြို့အပြင်ဘက်တွင် တည်ရှိပြီး ပုဂံသို့ ရောက်ရှိရန် ကားဖြင့် (၁၅) မိနစ် ခန့် ကြာမြင့်မည် ဖြစ်သည်။
🟡ရထား
ပုဂံရထားလမ်းသည် ရန်ကုန် - မန္တလေး ရထားလမ်းမှ ပျဉ်းမနား ဘူတာတွင်လမ်းခွဲပါသည်။ ယခင် ပျဉ်းမနား - ကျောက်ပန်းတောင်းရထားလမ်းမှ ဆက်ဖောက်ထားသောလမ်းဖြစ်ပြီး ယ္ခုအခါ ပခုက္ကူ နှင့် မြင်းခြံတို့ထိဆက်ထားသည်။ မြန်မာ့မီးရထားမှ နေ့စဉ် ရန်ကုန် - ပုဂံ ခရီးစဉ်ကို ပြေးဆွဲပေးလျက် ရှိသည်။ ရန်ကုန် မှ ပုဂံသို့ (၁၈) နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ရထားတွင် အိပ်စဉ်၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ပါဝင်သည်။]မန္တလေး - ပုဂံ ရထားမှာ ၁ ရက်လျှင် ၂ ကြိမ် ပြေးဆွဲလျက် ရှိပြီး (၈) နာရီခန့် ကြာမြင့်သည်။ သို့သော် အိပ်စဉ်တွဲ မပါဝင်ဘဲ အထက်တန်း နှင့် ရိုးရိုးတန်းသာ ပါဝင်သည်။
🟡ကားလမ်း
ရန်ကုန်မှ ပုဂံသို့ ကားလမ်းမှ လာလျှင် ၉ နာရီ နှင့် ၁၀ နာရီ အသီးသီးကြာမြင့်သည်။ မန္တလေးမှ ပုဂံသို့ ကားလမ်းမှသွားလျှင် ၃ နာရီ နှင့် ၄ နာရီ ကြာမြင့်သည်။
ရေကြောင်း
မန္တလေး - ပုဂံ အသွားအပြန် သင်္ဘောများ ရှိပြီး ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကီလိုမီတာ ၁၇၀ သွားလာရန် ၉ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ ခရီးသွားရာသီတွင် နေ့စဉ်ခရီးစဉ် ရှိပြီး တစ်ခါတစ်ရံ ညအိပ်ခရီးစဉ်များပါ ရှိသည်။
🟡ထင်ရှားသည့် ပုဂံဘုရားပုထိုးများ
• ရွှေစည်းခုံစေတီ
• အလိုတော်ပြည့်ဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ကန်တော့ပလ္လင်ဘုရား
• သဗဗြညုဘုရား
• ဗူးဘုရား
• ရွှေဆံတော်စေတီ
• ဓမ္မရံကြီးဘုရား
• လောကထိပ်ပန်ဘုရား
• မြစေတီ
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• လောကနန္ဒာဘုရား
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• သကျမုနိ
• ရှင်ပင်သာလျောင်း
• ဂူပြောက်ကြီး
• ငှက်ပစ်တောင်ဘုရား(ညောင်ဦး)
• စူဠာမဏိဘုရား
• ဘုရားသုံးဆူ(ပုဂံ)
• သမ္ဘူလဘုရား
• တရုတ်ပြေးဘုရားကြီး
• အပယ်ရတနာဘုရား
• ရွှေဂူကြီး( နန်းဦး) ဘုရား
🟡စွယ်တော်လေးဆူ
• ရွှေစည်းခုံစေတီ
• တန့်ကြည့်တောင်စေတီ
• လောကနန္ဒာစေတီ
• တုရင်တောင်စေတီ
🟡ဘုရားပုထိုးများ
• ဂူပြောက်ကြီး (ဝက်ကြီးအင်း)
• ဂူပြောက်ငယ် (ဝက်ကြီးအင်း)
• ဆပဒစေတီ
• ကျောက်ဂူဥမင်ဘုရား
• ကုန်းတော်ကြီးဂူဘုရား
• သကျမုနိဂူဘုရား
• ထီးလိုမင်းလိုဘုရား
• အာနန္ဒာဘုရား
• ရွှေဂူကြီးဘုရား
• သံတော်ကြားဘုရား
• သဗဗြညုဘုရား
• ဓမ္မရံကြီးဘုရား
• ရွှေဆံတော်စေတီ
• ရှင်ပင်သာလျောင်း
• မင်္ဂလာစေတီ
• ပုထိုးသားများဂူဘုရား
• ကန်တော့ပလ္လင်ဘုရား
• မဟာဗောဓိစေတီ
• ဗူးဘုရား
• ဂူပြောက်ကြီး (မြင်းကပါ)
• ဂူပြောက်ငယ် (မြင်းကပါ)
• မြင်းကပါစေတီ
• ပေါ်တော်မူဘုရား
• မနူဟာဘုရား
• နန်းဘုရားကျောင်း
• အပယ်ရတနာဘုရား
• နဂါးရုံဂူဘုရား
• စိမ်းညက်အစ်မဘုရား
• စိမ်းညက်ညီမဘုရား
• နန္ဒာမညာဂူဘုရား
• သမ္ဘူလဘုရား
• ဘုရားသုံးဆူ
• လေးမျက်နှာဂူဘုရား
• ဓမ်မရာဇိကဘုရား
• စူဠာမဏိဘုရား
• မြစေတီ
• ပြဿဒါးကြီး (ပြဿဒ်ကြီး)
• အလိုတော်ပြည့်ဂူဘုရား
• ရှင်မထီးဘုရား
• ငကျွဲနားတောင်းစေတီ
• လောကထိပ်ပန်ဘုရား
• စိုးမင်းကြီးစေတီ
• ဖက်လိပ်ဘုရားများ
• စေတနာကြီးဘုရား (စည်စနာ)
• ဂူပြောက် (ဗိုလ်ချိုမိဂူပြောက်)
• တရုတ်ပြေးဘုရားကြီး
• ရပ်စောက်ဂူဘုရား
• တောင်ပုံလောကနာထ ဂူဘုရား
• တိုင်းချွတ်ဂူဘုရား
• ပုတ္တလင်ပုထိုး
• မြင်းပြဂူဘုရား
• ကျဆင်းဂူဘုရား
• အဇ္ဇဂေါဏဂူဘုရား
• ငလူးဂူဘုရား
• စောလှဝန်းဂူဘုရား
• မလာဖြစ်ဂူဘုရား
• မလုံးဖြစ်ဂူဘုရား
• လက်ပွတ်ကန်ဂူဘုရား
• သင်္ကန်းရုံဂူဘုရား
• သမန်းဂူဘုရား
• ဇံသီးဂူဘုရား
• ထောက်လှော်ကားဂူဘုရား
• တပ်ခလေးဂူဘုရား
• ပိန်နဲဂူဘုရား
• ဇေယျသွတ်ဂူဘုရား
• ကဇွန်းအိုဘုရား
• သုံးနယ်ခြားဂူဘုရား
• ဆင်များရှင်ဘုရား
• ရှင်ပင်သက်ရှည်ဘုရား
• သက်တော်ရစေတီတော်
• ထီးတန်ဆောင်ဘုရား
• ငှက်ပစ်တောင်ဘုရား
• နရသီဟပတေ့မင်းကောင်းမှုဘုရား
• အိမ်ရာကျောင်းငါးမျက်နှာ
• တန်ဆောင်းဂူဘုရား
• မြေပုံသာဘုရားလှ(လောကမုနိ)
• တာမနိဘုရား
• ချောက်ဘုရားလှ
• ချောက်ဘုရားလှငယ်
• ဂူနီဘုရား
🟡အထင်ကရ နေရာများ
• ပုဂံမြို့ဟောင်း
• ပုဂံမြို့သစ်
• ပုဂံရှေးဟောင်းသုတေသနပြတိုက်
• ပုဂံနန်းတော်ရာ
• သရပါတံခါး
• ငှက်ပစ်တောင်
• မြင်းကပါ
• ဥပါလိသိမ်
• နတ်လှောင်ကျောင်း
• ရှင်အာနန္ဒာအုတ်ကျောင်း
• ကျန်စစ်သားဥမင်
• မြကန် -ပိဋကတ်တိုက်
• မီးမလောင်ကျောင်း
• စိုးမင်းကြီးကျောင်း
• အာမနာကျောင်း -ဖွားစောရွာ -မင်းနန်သူရွာ
• သူဌေးမုခ်ဂူ
• ကျောက်စာဂူ
• စာသင်ဂူ
• တုရင်တောင်
• မြကန်စက္ကူတိုက်
• တန့်ကြည့်တောင်
• သမီးဝှက်ဥမင်နှင့် မြားသဂူ
• သီရိပစ္စယာ
ကူးယူမျှဝေသူ - HT HT (ထွေးထွေး)
(စာကြွင်း။ သမိုင်းအချက်အလက် အကြောင်းအရာအချို့ မှားယွင်းကောင်း မှားယွင်းနိုင်ပါတယ်။ ထပ်ဆင့် ကူးယူမျှဝေထားတာကြောင့်ပါနော်။)
Monday, July 19, 2021
မန္တလေးတောင်ရဲ့ ဘူမိဗေဒ
မန္တလေးတောင်ရဲ့ ဘူမိဗေဒ
#ဒေါက်တာသိန်း
#မန္တလေးတောင်
#Geography_of_Mandalay_Hills
(မန္တလေးမြို့ရဲ့ ပြယုဂ်ကို ဓာတ်ပုံရိုက်ချင်လို့ပဲဖြစ်ဖြစ် ပန်းချီဆွဲချင်လို့ပဲဖြစ်ဖြစ် မပါမဖြစ်မြင်ကွင်းကတော့ ရွှေနန်းတော်ကို ကာရံထားတဲ့ မြို့ရိုးကြီးရယ်၊ ကျုံးရယ်၊ ပြီးတော့ ခပ်လှမ်းလှမ်းစီက မန္တလေးတောင်ကြီးရယ်ပေါ့။ သျှမ်းရိုးမတောင်တန်းတွေနဲ့ သိပ်မဝေးတဲ့ မန္တလေး တောင်အကြောင်း အဖွဲ့အနွဲ့တွေမဟုတ်သော်လည်း ဘူမိဗေဒအနေနဲ့ ဗဟုသုတရစေဖို့ ဆောင်းပါးတိုတစ်ပုဒ်ကို ပြန်လည်ကူးယူဝေငှ လိုက်ပါတယ်။)
 မန္တလေးတောင်ရဲ့ ဘူမိဗေဒ ဘူမိဗေဒသမိုင်းအကြောင်းတွေကို မကျဉ်းမကျယ် ရေးပါတယ်။ ပူးတွဲမြေပုံမှာ ပါတဲ့ အချက်အလက်တွေ အပြင် နောက်ထပ်ရတဲ့ ဘူမိသက်တမ်းတွေနဲ့ အချက်အလက်တွေ အပေါ်မှာလည်း တစ်စိတ်တစ်ပိုင်း အခြေခံထားပါတယ်။
#ဘူမိဗေဒ
မန္တလေးတောင်မှာ အများဆုံး ပေါ်ထွက်နေတဲ့ ကျောက်တွေကတော့ အသွင်ပြောင်းကျောက်တစ်မျိုးဖြစ်တဲ့ မာဘယ်ကျောက် (marble) တွေပဲ။ မာဘယ်ကျောက် ခြောက်မျိုးရှိနေတယ်။ အဲဒီအထဲက တစ်မျိုးကတော့ စကျင်ကျောက်လို့ လူသိများတဲ့ အဖြူရောင် မာဘယ်ကျောက်ဖြစ်တယ်။ စကျင်ကျောက် ပေါ်ထွက်နေတာကတော့ နည်းပါးတယ်။ တောင်ရဲ့ အနောက်မြောက် အောက်ခြေပိုင်းမှာပဲ ရှိတယ်။ မာဘယ်ကျောက်တွေထဲမှာ ကယ်လဆိုက်အပြင် အဓိက ပါတဲ့ အသွင်ပြောင်းတွင်းထွက် တွေကတော့ အစိမ်းရောင် ဒိုက်အော့ပဆိုက် (diopside)၊ ညိုဝါရောင် ဖလိုရိုပိုက် (phlogopite) နဲ့ အစိမ်းရင့်ရောင် ဖော့စတာရိုက် (forsterite) တို့ ဖြစ်ကြတယ်။ ရှစ်၊ နိုက်စ် စတဲ့ တခြားအသွင်ပြောင်းကျောက် တွေကတော့ နည်းနည်းပဲရှိတယ်။
 မာဘယ်ကျောက်လွှာတွေဟာ အများအားဖြင့် တောင်မြောက်အတိုင်း သွယ်တန်းနေပြီး အရှေ့ဘက် သို့မဟုတ် အနောက်ဘက်ကို တိမ်းစောင်းနေကြတယ်။ မြေပုံရဲ့ အောက်ပိုင်းမှာပါတဲပ အရှေ့အနောက် ဘူမိဖြတ်ပိုင်းပုံမှာ ပြထားတဲ့အတိုင်း မာဘယ်ကျောက်လွှာတွေဟာ တောင်ထိပ်ပိုင်းမှာ လွှာတွန့်ချိုင့်အနေအထားနဲ့ အရှေ့ဘက်ပိုင်းမှာ လွှာတွန့်ခုံးအနေအထားနဲ့ တွန့်ခေါက်နေကြတယ်။
 မန္တလေးတောင် မာဘယ်ကျောက်တွေမှာပါတဲ့ အသွင်ပြောင်း တွင်းထွက်တွေအပေါ် အခြေခံပြီး ကောက်ချက်ချရင် အသွင်ပြောင်းဆင့် (metamorphic grade) က အတော်မြင့်ပါတယ်။ ပညာရှင်တချို့ရဲ့ ဓာတုစမ်းသပ် ဖော်ထုတ်ချက်တွေနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ မန္တလေးတောင် မာဘယ်ကျောက်တွေဟာ အပူချိန် စင်တီဂရိတ် ဒီဂရီ ၅၀၀ က ၆၅၀ အထိနဲ့ ဖိအား ၄ကီလိုဗားက ၆ ကီလိုဗားအထိ (မြေအောက်အနက် ၈မိုင် က ၁၂မိုင် လောက်မှာ ရှိတဲ့ ဖိအားမျိုး) အခြေအနေတွေမှာ အသွင်ပြောင်း လာခဲ့တယ်လို့ သတ်မှတ် နိုင်ပါတယ်။
 မာဘယ်ကျောက်လွှာတွေကို ဂရက်နက် (granite) ခေါ် နှမ်းဖတ်ကျောက်စိုင်တွေက နေရာအများမှာ ဖြတ်ထိုးနေကြတယ်။ တချို့နေရာတွေမှာတော့ မာဘယ်ကျောက်လွှာတွေနဲ့ အလိုက်သင့် ရှည်မျောပုံသဏ္ဍာန်တွေနဲ့ တိုးဝင်နေတာ တွေ့ရတယ်။ ဂရက်နစ်ကျောက်ဆိုတာ တိုးဝင်မီးသင့်ကျောက် တစ်မျိုးဖြစ်လို့ လွှာမဲ့ဖြစ်ပါတယ်။ အဓိက ဂရက်နစ်ကျောက်နှစ်မျိုးကို တွေ့ရတယ်။ လချေးညိုပါတဲ့အမျိုးနဲ့ အစိမ်းရောင် ဟွန်းဗလင်းပါတဲ့ အမျိုးတွေပဲ။ တစ်မျိုးကို တစ်မျိုး တိုးဝင်နေတဲ့ အနေအထားအရ လချေးညိုဂရက်နစ်ကျောက်က အသက်ပိုငယ်တယ် ဆိုတာ သိရတယ်။ လချေးညိုဂရက်နစ်ကျောက် တိုးဝင်နေတဲ့ အချိန်က လွန်ခဲ့တဲ့ နှစ်သန်း ၂၀ လောက်ကပါပဲ။ အတိအကျ အချိန်ကတော့ ၁၉.၉- ၀.၃ သန်း ဖြစ်ပါတယ်။ ရေဒီယိုသတ္တိတိုင်းတာ သက်တမ်းရှာနည်း (radiometric dating) နဲ့ လချေးညို သက်တမ်းကို ရှာထားတာ ဖြစ်ပါတယ်။
 ဖြစ်ပေါ်နေတဲ့ မာဘယ်ကျောက် အမျိုးအစားတွေနဲ့ မန္တလေးမြို့ အရှေ့ဘက်က တောင်တန်းကြီးရဲ့ အနောက်ဘက်ပိုင်းမှာ ပေါ်ထွက်နေတဲ့ ကျောက်လွှာစုတို့အပေါ် အခြေခံပြီး ပြောရရင် မန္တလေးတောင်မှာရှိတဲ့ မာဘယ်ကျောက်တွေဟာ အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း (Middle Ordovician) သက်တမ်းရှိတဲ့ နောင်ခမ်းကြီး ထုံးကျောက်လွှာစုက အသွင်ပြောင်းလာတယ်လို့ ယူဆရပါတယ်။ အဲဒီသက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၆၀ က ၄၈၅ သန်း အထိ အချိန်ကာလ ဖြစ်ပါတယ်။ (ဒီနေရာမှာ ရှင်းပြချင်တာက အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း သက်တမ်းဆိုတာ နောင်ခန်းကြီး ထုံးကျောက်လွှာတွေမှာပါတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေအရ သိရပြီးတော့ ကမ္ဘာ့ဒေသတချို့မှာ အဲဒီသက်တမ်းရှိတဲ့ ကျောက်လွှာတွေကို ရေဒီယို သတ္တိတိုင်းတာ သက်တမ်းရှာနည်းနဲ့ ရှာလိုက်တဲ့အခါ နှစ်သန်း ၄၆၀ က ၄၈၅ သန်းအထိ သက်တမ်းရထားလို့ ပါပဲ။)
 အသွင်ပြောင်းခဲ့တဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၁သန်း လောက်ကလို့ ဆိုရပါမယ်။ မန္တလေးတောင် မာဘယ်ကျောက်တွေမှာပါတဲ့ အသွင်ပြောင်းတွင်းထွက် ဖလိုဂိုပိုက်ရဲ့ သက်တမ်းကို အထက်မှာ ဖော်ပြထားတဲ့ နည်းနဲ့ တိုင်းတာရှာဖွေတဲ့အခါ နှစ်ပေါင်း ၂၁သန်းလောက် ရထားလို့ပါပဲ။ (အတိအကျ သက်တမ်းကတော့ ၂၁.၃- ၀.၅ သန်း ဖြစ်ပါတယ်။)
#ဘူမိသမိုင်း
နက္ခတ္တဗေဒပညာရှင်တွေဟာ “နေရာ” နဲ့ ပတ်သက်ရင် မိုင်ကုဋေကဋာနဲ့ချီပြီး ပြောတတ်ကြတယ်။ ဘူမိဗေဒပညာရှင်တွေကတော့ “အချိန်” နဲ့ ပတ်သက်ရင် နှစ်သန်းပေါင်း ရာနဲ့ချီပြီး ပြောတတ်ကြတယ်။ ဘူမိသက်တမ်း ပညာရှင် (geochronologists) တွေ ရှာဖွေ ဖော်ထုတ်ထားတဲ့ ကမ္ဘာကြီးရဲ့ အသက် နှစ်သန်းပေါင်း ၄၆၀၀ နဲ့ နှိုင်းစာရင်တော့ နှစ်ပေါင်း သန်းရာချီတဲ့ အချိန်ကာလတွေဟာ မရှည်ကြာလှပါ။ လူသားမျိုးနွယ် စတင်ဖြစ်ပေါ်လာတဲ့ နှစ် ၂သန်းလောက်နဲ့စာရင်တော့ အတော်ရှည်ကြာပါတယ်။
 မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်းကို အစီအစဉ်အတိုင်း မပြောခင် တစ်ခုသိစေချင်တာကတော့ ကမ္ဘာ့ဒေသကြီး အားလုံးနီးပါးမှာလိုပဲ မြန်မာပြည်ဖြစ်လာမည့် ဒေသကြီးဟာလည်း ရှေးအတိတေဘူမိ ခေတ်ကာလတွေတုန်းက အခုတည်ရှိနေတဲ့ နေရာမှာ မရှိခဲ့ဘူးဆိုတဲ့ အချက်ပါပဲ။ ဘူမိသိပ္ပံဆိုင်ရာ ခေတ်ပြောင်း အယူအဆကြီးဖြစ်တဲ့ မြေထုချပ်တက်တိုးနစ် (plate tectonics) ဖြစ်စဉ်အရ ကမ္ဘာ့တိုက်ကြီးတွေနဲ့ ဒေသကြီးတွေဟာ အချိန်နဲ့အမျှ ရွှေ့လျားနေခဲ့တယ်။ ရွှေလျား နေဆဲလည်း ဖြစ်တယ်။ ဒေသအလိုက် တစ်နှစ်မှာ ၂စင်တီမီတာက ၁၁စင်တီမီတာအထိ နှုန်းတွေနဲ့ ရွှေ့လျားနေလို့သာ သတိမထားမိကြတာပါ။ သိထားသလောက် အချက်အလက်တွေအရ ဘယ် ဘူမိခေတ်မှာ မြန်မာပြည် ဘယ်အပိုင်းဟာ ဘယ်နေရာလောက်မှာ ရှိခဲ့နိုင်လောက်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိပါတယ်။ (လွန်ခဲ့တဲ့ နှစ်တစ်သန်း လောက်ရောက်တော့မှာ လက်ရှိ မြန်မာပြည် အနေအထား စပြီး ပေါ်လာတာပါ)။ မလိုအပ်ဘဲ ရှုပ်ထွေး မသွားရအောင် မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်းမှာ ဒီအချက်မျိုးတွေကို ထည့်မပြောတော့ပါ။ ဒါ့အပြင် ဖတ်ရာမှာ “လေး” မနေရအောင် ဘူမိသမိုင်းကြောင်း အဖြစ်အပျက်တွေအတွက် အထောက်အထားတချို့ကို ရှင်းမပြတော့ပါ။
#မန္တလေးတောင်ရဲ့ ဘူမိသမိုင်းကြောင်း အချုပ်ကတော့ -
၁။ အော်ဒိုဗီစီယမ်ယုဂ် အလယ်ပိုင်း (လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၄၆၀ က ၄၈၅ သန်းအထိ) အချိန်ကာလအတွင်းမှာ ပင်လယ်တိမ် တစ်ခုမှာ ထုံးကျောက်လွှာတွေ ကျရောက်ခဲ့တယ်။
၂။ ဒီကျောက်လွှာတွေဟာ တဖြည်းဖြည်းနဲ့ မြေအနက်ပိုင်းကို နိမ့်ဆင်းသွားတယ်။ အပေါ်မှာ အသက်ပိုငယ်တဲ့ ကျောက်လွှာစုတွေ ထပ်ကျန်ခဲ့မယ်လို့ ယူဆနိုင်တယ်။ အဲဒီ ထုံးကျောက်လွှာတွေထဲမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့မယ်။ မြေတွင်းလှုပ်ရှားမှုတွေကြောင့် တွန့်ခေါက် ပြတ်ရွေ့တာတွေ ဖြစ်ပြီး အသွင်းပြောင်းတာပါ တွဲပြီး ဖြစ်ခဲ့နိုင်တယ်။ (အလွန်ရှည်ကြာတဲ့ ကာလကြီးတစ်လျှောက်မှာ ဒီဖြစ်စဉ်မျိုးတွေဟာ တစ်ကြိမ်ထက်မက ဖြစ်ခဲ့မယ်လို့ ဆိုနိုင်ပါတယ်။)
၃။ မိုင်အိုဆင်းအဏုယုဂ် အစောပိုင်းကာလ (Early Miocene Epoch) အတွင်း လွန်ခဲ့တဲ့နှစ် ၂၁သန်း အချိန်လောက်မှာ ဟိမ၀န္တာတောင်ဖြစ်စဉ် အလယ်ကာလ (Middle Himalayan Orogeny) မြေတွင်းလှုပ်ရှားမှုတွေကြောင့် တွန့်ခေါက်တာနဲ့အတူ မြေအောက်မှာ နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် အသွင်ပြောင်းခဲ့လို့ မာဘယ်ကျောက်တွေ ဖြစ်လာခဲ့တယ်။
၄။ နောက် နှစ်တစ်သန်းလောက်အကြာမှာ ဂရက်နစ်ကျောက်စိုင်တွေ တိုးဝင်ခဲ့တယ်။
၅။ မိုင်အိုဆင်းအဏုယုဂ် နှောင်းပိုင်းကာလ (Late Miocene Epoch) အတွင်း လွန်ခဲ့တဲ့ နှစ် ၇သန်း အချိန်လောက်မှာ ဟိမ၀န္တာတောင်ဖြစ်စဉ် နှောင်းကာလ (Late Himalayan Orogeny) မြေတွင်းလှုပ်ရှားမှုတွေကြောင့် မန္တလေးတောင် ဖြစ်လာမယ့် ကျောက်တွေဟာ တွန့်ခေါက်ပြီး မြေပြင်ကို မြင့်တက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး တိုက်စားမှု ခံခဲ့ရတယ်။
၆။ အဲဒီနောက်ပိုင်း မြစ်ဝှမ်းကျ၊ ဧရာဝတီသဲကျောက်လွှာတွေ၊ မြစ်ပြုဆင့် အနည်လွှာတွေနဲ့ နုန်းမြေလွှာတွေ ဆက်တိုက် ပို့ချခဲပတာကြောင့် မန္တလေးတောင်နဲ့ အလားတူ မြင့်တက်လာခဲ့တဲ့ သခင်မတောင်။ စကျင်တောင် စတဲ့ တောင်တွေဟာ မြေပြန့်လွင်ပြင်မှာ ကျွန်းလေးတွေလို ထီးတည်းပေါ်ထွက်နေကြတယ်။ တိုက်စားမှုဒဏ်ကိုလည်း ဆက်ခံနေရလို့ မြေကန်တောင်တွေ ဖြစ်လာကြရတယ်။
(မန္တလေးတက္ကသိုလ် ဘူမိဗေဒဌာန နှစ် (၅၀)ပြည့် ရွှေရတုမဂ္ဂဇင်း (၁၉၅၃-၂၀၀၃) မှ ကူးယူဖော်ပြပါသည်။)
[Zawgyi]မန္တလေးတောင်ရဲ့ ဘူမိဗေဒ
#ဒေါက်တာသိန်း
#မန္တလေးတောင်
#ဘူမိဗေဒ
#ဘူမိသမိုင်း
Monday, March 8, 2021
ကမ္ဘောဒီးယားနိုင်ငံမှ ဝါးရထား
ကမ္ဘောဒီးယားနိုင်ငံမှ ဝါးရထား
#Travelling
#Cambodia 
#ခရီးသွားဗဟုသုတ
(တစ်နေရာကနေ တစ်နေရာ၊ ဒေသတစ်ခုကနေ အခြားဒေသတစ်ခုကို အလုပ်သဘောအရပဲဖြစ်ဖြစ်၊ ဒေသန္တရဗဟုသုတရဖို့ပဲဖြစ်ဖြစ် ခရီးထွက်တဲ့အခါ အဲသည်ဒေသက ထူးခြားတဲ့နေရာ၊အစားအသောက်၊ခရီးလမ်းကြောင်းသာမက ဝန်ဆောင်မှုလုပ်ငန်းတွေအကြောင်း စပ်စုလေ့လာမှ သွားရကြိုးနပ်မှာပါ။ အောက်မှာတော့ ကမ္ဘောဒီးယားက ရထားလမ်းကိုအသုံးပြုပြီး ခရီးသွားလာခြင်းကို အသုံးပြုကြတဲ့ ဝါးရထားအကြောင်း သိရအောင် ပြန်လည်ကူးယူမျှဝေထားပါတယ်။)
နော်ရီ (norry) သို့မဟုတ် နိုရီ (nori) သည် ပြင်သစ်စကား လော်ရီ (lorry) မှတစ်ဆင့် ခမာစကား “ကား”မှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး ကမ္ဘောဒီးယားဒေသခံတို့ တီထွင်ထားသော ရထားဖြစ်သည်။ Lonely Planet မဂ္ဂဇင်းက ၎င်းကို “ကမ္ဘောဒီးယား ဝါးရထား” ဟုဖော်ပြသည်။
ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ဘက်တမ်လမ်မြို့နှင့် ထိုင်းနယ်စပ်ရှိ ပိုအီပက်မြို့ထိ မီလီမီတာ ၁၀၀၀စနစ်သုံး မီးရထား လမ်းများပေါ်တွင် ဝါးရထားများသည် တစ်နာရီလျှင် ၃၁မိုင်နှုန်းဖြင့်ပြေးဆွဲလျက်ရှိသည်။ အစိုးရက စီစဉ်ထားသော မီးရထားဝန်ဆောင်မှု တစ်ခုရှိသော်လည်း တစ်နာရီလျှင် ၁၈မိုင်နှုန်းဖြင့်သာ ပြေးဆွဲနေသဖြင့် အလွန်နှေးကွေးလှသည်။ ပြင်သစ်ကိုလိုနီတို့ အုပ်စိုးခဲ့စဉ် မူလက တည်ဆောက်ခဲ့သော ရထားလမ်းကွန်ရက်များကို ခမာနီစစ်အစိုးရလက်ထက်တွင် ပိတ်သိမ်းခဲ့ပြီးနောက် မီးရထားများ မှာ ပြေးဆွဲမှု မရှိတော့ဘဲ အကြီးအကျယ်စွန့်ပစ်ခြင်း ခံခဲ့ရသည်။
၂၀၀၆ခုနှစ်တွင် ဘီဘီစီမှ ဖော်ပြခဲ့ရာ ကမ္ဘောဒီးယားရထားများမှာ ရက်သတ္တပတ်လျှင် ပုံမှန်ဝန်ဆောင်မှုတစ်ခုသာရှိပြီး လမ်းလျှောက်နှုန်း ထက်အနည်းငယ်သာ ပိုမြန်သည်ဟုဆိုသည်။ နှစ်ပေါင်းများစွာ ကမ္ဘောဒီးယားရှိ ခရီးသွားများသည် ကမ္ဘာ့အဆိုးဆုံးမီးရထားကွန်ရက်များ ထဲမှ တစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ ကျေးရွာများအကြား ရထားများသည် မကြာခဏ စက်ပျက်ခြင်းနှင့် လမ်းချော်ခြင်းများဖြစ်လေ့ရှိသည်။ ထို့ကြောင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိလူများသည် ကမ္ဘောဒီးယား၏ ဒုတိယမြို့တော် ဘက်တမ်လန်အနီးရှိ ခရီးသွားကိစ္စရပ်များကို ၎င်းတို့ဘာသာ ဖြေရှင်းရန်အတွက် ဝါးရထားကို တီထွင် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ 
၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ပိုအီပက်မြို့မှ မြို့တော်ဖနွမ်ပင်ထိ ရထားလမ်းပြန်လည် ဖောက်လုပ်ရန် ကြိုးပမ်းလာမှုကြောင့် ဝါးရထားကို ယခင်ကကဲ့သို့ လမ်းကြောင်းရှည်လျားစွာ အသုံးမပြုနိုင်တော့ပေ။ သို့သော် ဒေသတွင်း ခရီးသွား လုပ်ငန်းကို အထောက်အကူပြုနိုင်ရန် ဝါးရထားကို ဘက်တမ်လန်မြို့ရှိ ဝပ်ဘာနန်(Wat Banan) ဘုရားကျောင်းအနီးသို့ ပြန်လည် ပြောင်းရွှေ့ပြေးဆွဲပေးခဲ့ပြီး အဆိုပါနေရာကို ၂၀၁၈ခုနှစ် ဇန်နဝါရီလလယ်တွင် ဖွင့်လှစ်ခဲ့သည်။
ဝါးရထားများသည် စီးခနှုန်းထား သက်သာသော်လည်း တစ်ခါတစ်ရံတွင် အတော်လေးမြန်သည်ကို တွေ့ရသည်။ မူလတည်ဆောက်ပုံ ဒီဇိုင်းအရ ဝါးရထားတွင် ဘရိတ်မရှိခြင်း၊ မကြာခဏ ရထားလမ်းများ ပြတ်တောက်နေခြင်း၊ ရထားလမ်းတွန့်လိမ်နေခြင်း၊ တရားဝင် လည်ပတ်မှုစနစ်မရှိခြင်းတို့ တွေ့ရသော်လည်း လူကြိုက်များလှသည်။ ၎င်း၏ ရိုးရှင်းသောတည်ဆောက်ထားပုံနှင့် ပေါ့ပါးသော အလေးချိန်တို့ကြောင့် ဝါးရထားကို ရထားလမ်းပေါ်မှ အလွယ်တကူဖယ်ရှားပေးနိုင်သည်။ အကယ်၍ ဝါးရထားနှစ်စီးသည် ရထားသံလမ်းပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံပါက ပါလာသောဝန်စည်များကို ဘေးချပြီး ဝါးရထားကို သံလမ်းပေါ်မှဖယ်ကာ အခြားတစ်ဖက်သို့ မ၍ သယ်ဆောင်သွားနိုင်သည်။
ရထားလမ်းဆုံးသွားပါကလည်း ဝါးရထားကိုမ၍ရွှေ့ကာ လာရာလမ်းဘက်သို့ပြန်လှည့်ထားနိုင်သည်။ ယခင်က ဘရိတ်မရှိခဲ့သော ဝါးရထားသည် ၂၀၁၆ခုနှစ် သြဂုတ်လတွင် ဘရိတ်စနစ်ကို တီထွင်ခဲ့သည်။ ဝါးရထားကို လူကြိုက်များမှုမှာ ယခင်ကတည်းက ထုံးတမ်းစဉ်လာအချို့ရှိသည်။ ၁၉၈၀နှင့် ၁၉၉၀ပြည့်နှစ်များတွင် ကမ္ဘောဒီးယားပြည်တွင်းစစ်ကြောင့် ရထားများကို လက်နက်များ တပ်ဆင်ထားကာ သံချပ်ကာများ ကာရံ၍ ခုတ်မောင်းခဲ့ရသည်။ ထိပ်ဆုံးမှ ရထားတွဲသည် ရထားလမ်းပေါ်တွင် ထောင်ထားသော မိုင်းများကို ရှင်းလင်းရန်အတွက် ပြားချပ်ချပ် ပက်လက်ရထားတွဲများ (ဝါးရထားနှင့်တူသည်)ဖြစ်ပြီး  အခမဲ့စီးနင်းနိုင်ကာ ဒုတိယတွဲသည် ခရီးစဉ်နှုန်းထား၏ တစ်ဝက်ဈေးသာပေးရသည်။ ထိပ်ဆုံးတွဲမှ စီးနင်းရခြင်းသည် အန္တရာယ်များ၍ စွန့်စားမှုများရှိသော်လည်း လူကြိုက် များခဲ့သည်။
ဝါးရထားတည်ဆောက်ရေးသည် ရထားလမ်းအနီးရှိ ကျေးရွာများတွင် ပြုလုပ်သော အိမ်တွင်းစက်မှုလုပ်ငန်းဖြစ်သည်။ စွန့်ပစ်ထားသည့် တင့်ကားများမှ ဘီးများပေါ်တွင် ဝါးပြားများနှင့် သံကိုယ်ထည်တပ်ဆင်ထားသည့် ဝါးရထားတစ်စီး တည်ဆောက်ရန် အချိန်လေးရက်ခန့် ပေးရသည်။ ဝါးရထားတစ်စီးတွင် အရှည် သုံးမီတာရှည်သော သစ်သားပေါင်ပါဝင်ပြီး ပေါ့ပါးသော ဝါးကိုခွဲကာ အခင်း ခင်းထားသည်။ သံဘီး၏ ဝင်ရိုးပေါ်တွင် အပေါ်ပေါင်အောက်တွင်တပ်ထားသော ထောင့်ခွထဲထည့်ကာ ဘော်ဒီနှင့် ဘီးကိုတပ်ဆင်ထားခြင်းဖြစ်သည်။ မူလက ဝင်ရိုးများကို တိုင်ဖြင့်ဆက်၍ လက်တွန်းအားကို အသုံးပြုကာ မောင်းနှင်ရသည်။
ယခုအခါ သေးငယ်သည့် မော်တော်ဆိုင်ကယ် သို့မဟုတ် ထွန်စက်အင်ဂျင်များအသုံးပြု၍ အနောက်ဘက်ဝင်ရိုးကို မော်တာခါးပိတ်ကြိုး တပ်ဆင်ပြီး မောင်နှင်မှုကြောင့် အမြန်နှုန်းကို တစ်နာရီလျှင် ၂၅မိုင်နှုန်းနှင့်အထက် ပို့ဆောင်ပေးနိုင်သည်။ ဝါးရထားမောင်းသူများက ၎င်းတို့ရထားသည် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံစိတ်ချရကြောင်း အခိုင်အမာပြောဆိုကြသည်။ ခရီးသွားများ၊ အိမ်မွေးတိရစ္ဆာန် များ၊ မော်တော်ဆိုင်ကယ်များနှင့် ဆန်များအပါအဝင် မည့်သည်ဝန်ကိုမဆို သယ်ဆောင်နိုင်ပြီး လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ရထားမောင်းရန် လိုအပ်သောလောင်စာဆီကို ဝယ်ယူရရှိနိုင်သည်။
၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘောဒီးယားတောင်ဘက် သီဟာနုဗီလာမှ မြို့တော်ဖနွမ်းပင်ကိုဖြတ်၍ ပိုအီပက်မြို့မှ ထိုင်းနယ်စပ်ရှိ ဆီဆိုဖွန်မြို့ထိ မီးရထားလမ်းများ ပြန်လည်တည်ဆောက်မည့်စီမံကိန်းကို ကြေညာခဲ့ပြီး ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းခဲ့ သော်လည်း ၂၀၁၁ခုနှစ် မေလထိ ဖနွမ်းပင်မှ သီဟာနုဗီလာထိသာ ပြီးစီးခဲ့သည်။ ၂၀၁၁ခုနှစ် မေလတွင် ဘက်တမ်လန်မြို့၏ သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဝါးရထားသည် မြို့တစ်ဝိုက်တွင် လည်ပတ်နေသည့် တစ်ခုတည်းသော ရထားအဖြစ်ရှိနေကာ မြို့ဆင်ခြေဖုံး အုတ်စက်ရုံရှိသောရွာသို့ လူတစ်ဦးလျှင် ငါးဒေါ်လာနှုန်းဖြင့် ခရီးသွားဝန်ဆောင်မှု ပေးနေပြီး ၎င်းဝါးရထားကို ဒေသခံခရီးသွားရဲတပ်ဖွဲ့က ကြီးကြပ်လျက်ရှိသည်။ ၂၀၁၄ခုနှစ်တွင် ဇန်နဝါရီလထိ ကမ္ဘောဒီးယားအလယ်ပိုင်းရှိ ပါဆပ်မြို့တွင် ဝါးရထားစီးနင်းနေဆဲဖြစ်သည်။
ဒေသခံများအနေဖြင့် ဆိုင်ကယ်တက္ကစီများသည် ဝါးရထားများထက်ပို၍ မြန်ဆန်သော်လည်း လုံခြုံစိတ်ချရမှုမရှိသဖြင့် အိပ်ငိုက်၍ သက်သောင့်သက်သာ စီးနိုင်သော ဝါးရထားကို ပိုမိုနှစ်သက်ကြသည်။ တစ်ချိန်က ရထားသံလမ်းများရှိသည့် မည်သည့်နေရာတွင်မဆို ပြည်နယ်မြို့ကြီးများ၏ အပြင်ဘက်တွင် ဝါးရထားများကို တွေ့ရှိနိုင်ခဲ့ရသော်လည်း ယနေ့အချိန်တွင် မီးရထားလမ်းများကို အစိုးရက ထိန်းသိမ်းပြုပြင်မွမ်းမံမှုများ ပြုလုပ်လာသောကြောင့် ရထားလမ်းကြောင်းများ ပြတ်တောက်သွားသည့်အပြင် အာဏာပိုင်များက အသုံးပြုခွင့်မပေးတော့၍ ဝါးရထားများ ပျောက်ကွယ်သွားနေပြီဖြစ်သည်။ ဘက်တမ်လန်မြို့အပြင်ဘက်တွင် ဝါးရထားများတည်ရှိနေခြင်း သည်သာ နောက်ဆုံးဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဘာသာပြန်ရေးသားသူ - ထက်ဝန်း
(ဇန်နဝါရီလ ၁၀ရက် ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာတွင်ပါရှိခဲ့သောဆောင်းပါးဖြစ်သည်။)
(Zawgyi) 
#Travelling
#Cambodia 
#ခရီးသွားဗဟုသုတ
Thursday, October 24, 2019
👉ခရီးထွက်ခါနီး ပြင်ဆင်သင့်သည့်အရာများ✌️
#Unicode
👉ခရီးထွက်ခါနီး ပြင်ဆင်သင့်သည့်အရာများ✌️
သီတင်းကျွတ်ပြီဆိုတာနဲ့ ခရီးသွားရာသီ စနေပါပြီ ။ ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေကတော့ အားလုံးပဲ သိကြမှာပါ။
ဒီတစ်ခေါက်မှာတော့ ခရီးတစ်ခု သွားတော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။  👇👇
ကျွန်တော်တို့ အများစုဟာ မိရိုးဖလာအတိုင်း ခရီးထွက်ကြပြီး မိရိုးဖလာအတိုင်း ခရီးစဉ်တစ်လျှောက်ကြိုတင်ပြင်ဆင်မှုမရှိပဲ ရောက်တဲ့အရပ်မှာ အဆင်ပြေသလို ဖြေရှင်းကြပြီး လိုရာခရီးကို သွားလေ့ရှိတတ်ကြပါတယ်။
ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အချိန်ဆို ကြုံဖူးကြမှာ ခရီးစထွက်လို့ အိမ်နဲ့ မိုင်အဝေးကို ရောက်တော့မှ
ဟာ… သွားပြီကွာ… ပစ္စည်းကတော့ ကျန်ခဲ့ပြီ၊
…. အရေးထဲ ဖုန်းနားကြပ်က ပါမလာပြန်ဘူး......
… ဖုန်းအားက မခံပါဘူးဆိုမှ ပါဝါဘဏ်လေးထည့်ယူလာဖို့ မေ့ကျန်ခဲ့ပြန်ပြီ….
မထင်ဘူးနော်……… ငါ့ပိုက်ဆံလောက်ပါ့မလားဆိုတာ……… ဘယ်လိုကြံလိုက်ရမလဲ…
ပါလာသည့်အိတ်ထုပ်ကို ဖွင့်ကြည့်လိုက်ရင် သွားခါနီး ခေါင်းထဲစဉ်ထားတဲ့ ပစ္စည်းများနဲ့ ဝတ်မည့် မိမိအကြိုက်ဆုံး အဝတ်အစား တော်တော်များများကျန်ခဲ့တာများပါတယ်။
အရေးအကြောင်းဆို ထိပ်ဆုံးကနေ မေ့ကျန်လေ့ရှိတာကတော့ မိမိကျန်းမာရေးအတွက် ချောင်းဆိုး/နှာစီး သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးလေးတစ်လုံးလောက်တောင် မှားပြီးထည့်မလာဖြစ်ခဲ့တာပါပဲ။ ကြိုတင်ပြင်ဆင်မှုများ မရှိရင်တော့ ရောက်ချင်တာ တစ်နေရာ၊ စားချင်တာတစ်ခု၊ ဝယ်ချင်တာတစ်မျိုးနဲ့ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခု မဟုတ်ခဲ့ပဲ အားရစရာမကောင်းတဲ့အပြင် နောက်ဆုံးတော့ မလုပ်ခဲ့ရ၊ မဝယ်ခဲ့ရ၊ မစားခဲ့ရ၊ မရောက်ခဲ့ရ ဆိုပြီး မကျေနပ်တဲ့ ဂါထာများကို တဖွဖွရွတ်ဆိုပြီး အိမ်ပြန်ရပါလိမ့်မယ်။
ခရီးစဉ်အရ ဒေသန္တာရ ဗဟုသုတများကို ရှာဖွေစုဆောင်း ဖတ်ရှုထားရမှာဖြစ်ပါသလို၊ အသုံးဆောင်ပစ္စည်းများနှင့်၊ လုံလောက်သည့်ငွေပမာဏကို တွက်ချက်ပြီးယူဆောင်သွားပါ။
ဒါကြောင့် ခရီးထွက်မယ်လို့ စိတ်ကူးမိတာနဲ့ မိမိသွားရောက်လည်ပတ်မည့် နေရာဒေသ၊ ရာသီဥတု၊ အစားအသောက်၊ ဒေသအယူအဆ၊ ဆေးဝါးပစ္စည်း စသည်ဖြင့် လိုအပ်မည့် အချက်အလက်များကို ကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။
ခရီးထွက်ခါနီး ပြင်ဆင်သင့်သည့်အရာများထဲမှ အောက်ပါအချက်ကလေးတွေကိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြည့်ဦးနော်…
(က) တစ်လကြို ပြင်ဆင်ပါ
ခရီးသွားမှာတော့ ဟုတ်ပါပြီ။ ဘယ်နေရာကို သွားမလဲ ၊ ဘယ်သူတွေနဲ့ သွားမလဲ ၊ ဘာနဲ့ သွားမလဲ ၊ ဘယ်လောက် ကြာမလဲ ၊ ကုန်ကျစရိတ်ကော ဘယ်လောက်ရှိနိုင်မလဲ၊ ဘယ်မှာ တည်းမလဲ စသည်ဖြင့် မေးစရာတွေ ရှိလာပါပြီ။ ဒီတော့ မိမိသွားမည့် ခရီးစဉ်တစ်လျှောက်လုံးအတွက် တစ်လလောက် အချိန်ယူပြီး စီစဉ်ပြုလုပ်ပါ။
(ခ) ပိုက်ဆံစုပါ
ခရီးထွက်မယ်လို့ စိတ်ကူးကတည်းက မိမိရဲ့ ပုံမှန်အသုံးစရိတ်ကို လျော့ချပြီး အိတ်ကပ်တစ်နေရာမှာ ပိုက်ဆံအပိုလေးတွေ စုစုထားရတော့မှာပါ။ စုဖြစ်အောင်စုပါ၊ နီးမှ ကပ်ပြီး ပိုက်ဆံ ရှာတာထက် တစ်လချင်းတစ်လချင်း ငွေ ၃ သောင်းတန်သည် ၅ သောင်း တန်သည် ဘေးကပ်ထားပြီး ပုံမှန်စုသွားမယ်ဆိုရင် ငွေလည်း ပိုစုဖြစ်သလို ခရီးသွားချိန်မှာလည်း မိမိပိုက်ဆံအိတ်ထဲ ငွေအလုံအလောက် ပါလာမှာ ဖြစ်ပါတယ်။
(ဂ) အသုံးအဆောင်တွေ စုဆောင်းထားပါ
ခရီးစဉ်အရ နေရာဒေသအလိုက် ရာသီဥတုများကို ကြိုတင်လေ့လာပြီး မိမိအသုံးဆောင်ပစ္စည်းများကို စုဆောင်းရမှာဖြစ်ပါတယ်။ ဥပမာ လာမယ့် နိုဝင်ဘာ ၊ ဒီဇင်ဘာတွေမှာသွားမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဆောင်းတွင်းကို ရောက်ပါပြီ။
အေးစက်စက်ဆောင်းရာသီမှာ ခရီးသွားရမှာ ဖြစ်လို့  နွေးနွေးထွေးထွေးရှိမယ့် ဂျာကင်တို့ ဆွယ်တာတို့ အပြင် လိုအပ်ရင် ခေါင်းစွပ်တွေ ၊ ခြေအိတ်တွေလည်း အသစ်ဝယ်စုဆောင်းရတော့မှာပါ။ ဒီအတွက် လိုအပ်တာလေးတွေ အခုကတည်းက တတ်နိုင်သမျှ ဝယ်ထားသင့်ပါတယ်။
(ဃ) ကျန်းမာအောင်နေပါ
ဘဝမှာ အရေးကြီးဆုံးအရာက ကျန်မာရေးကောင်းနေဖို့ပါပဲ၊ ကျန်မာရေးကောင်းနေမှ ခရီးထွက်နိုင်မှာဖြစ်သလို ပျော်စရာခရီးစဉ်ဖြစ်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းကျန်းမာမာ ရှိနေအောင်လည်း ဂရုစိုက်ထားသင့်ပါတယ်။
ရေများများသောက် ၊ လမ်းများများလျှောက် ၊ ချွေးလေးဘာလေး ထွက်ပြီး ကိုယ်ရည်စစ်အောင်နေထိုင်ပြီး၊ လိုအပ်မယ်ဆိုရင် Gym လေးဘာလေး ကစား ၊ အစားအသောက်   ကိုလည်းဆင်ခြင်ပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်မယ့် မိမိနဲ့တည့်သည့်အရာကိုစားသောက်ပြီး ကျန်းမာအောင်နေပါ။ ကျန်းမာမှလည်း ခရီးသွားရတာ ပိုပျော်စရာကောင်းပြီး အမှတ်ရစရာခရီးစဉ်လေးတစ်ခုဖြစ်မှာပါ။
Ref - kwee.co
Wai Yan (Blogger)
#Zawggyi
👉ခရီးထွက်ခါနီး ပြင်ဆင်သင့်သည့်အရာများ✌️
သီတင်းကျွတ်ပြီဆိုတာနဲ့ ခရီးသွားရာသီ စနေပါပြီ ။ ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေကတော့ အားလုံးပဲ သိကြမှာပါ။
ဒီတစ်ခေါက်မှာတော့ ခရီးတစ်ခု သွားတော့မယ်ဆိုရင် ဘာတွေ ပြင်ဆင်ထားသင့်သလဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။  👇👇
ကျွန်တော်တို့ အများစုဟာ မိရိုးဖလာအတိုင်း ခရီးထွက်ကြပြီး မိရိုးဖလာအတိုင်း ခရီးစဉ်တစ်လျှောက်ကြိုတင်ပြင်ဆင်မှုမရှိပဲ ရောက်တဲ့အရပ်မှာ အဆင်ပြေသလို ဖြေရှင်းကြပြီး လိုရာခရီးကို သွားလေ့ရှိတတ်ကြပါတယ်။
ကြိုတင်ပြင်ဆင်မှုမရှိတဲ့ အချိန်ဆို ကြုံဖူးကြမှာ ခရီးစထွက်လို့ အိမ်နဲ့ မိုင်အဝေးကို ရောက်တော့မှ
ဟာ… သွားပြီကွာ… ပစ္စည်းကတော့ ကျန်ခဲ့ပြီ၊
…. အရေးထဲ ဖုန်းနားကြပ်က ပါမလာပြန်ဘူး......
… ဖုန်းအားက မခံပါဘူးဆိုမှ ပါဝါဘဏ်လေးထည့်ယူလာဖို့ မေ့ကျန်ခဲ့ပြန်ပြီ….
မထင်ဘူးနော်……… ငါ့ပိုက်ဆံလောက်ပါ့မလားဆိုတာ……… ဘယ်လိုကြံလိုက်ရမလဲ…
ပါလာသည့်အိတ်ထုပ်ကို ဖွင့်ကြည့်လိုက်ရင် သွားခါနီး ခေါင်းထဲစဉ်ထားတဲ့ ပစ္စည်းများနဲ့ ဝတ်မည့် မိမိအကြိုက်ဆုံး အဝတ်အစား တော်တော်များများကျန်ခဲ့တာများပါတယ်။
အရေးအကြောင်းဆို ထိပ်ဆုံးကနေ မေ့ကျန်လေ့ရှိတာကတော့ မိမိကျန်းမာရေးအတွက် ချောင်းဆိုး/နှာစီး သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးလေးတစ်လုံးလောက်တောင် မှားပြီးထည့်မလာဖြစ်ခဲ့တာပါပဲ။ ကြိုတင်ပြင်ဆင်မှုများ မရှိရင်တော့ ရောက်ချင်တာ တစ်နေရာ၊ စားချင်တာတစ်ခု၊ ဝယ်ချင်တာတစ်မျိုးနဲ့ ပျော်ရွှင်စရာ ခရီးစဉ်တစ်ခု မဟုတ်ခဲ့ပဲ အားရစရာမကောင်းတဲ့အပြင် နောက်ဆုံးတော့ မလုပ်ခဲ့ရ၊ မဝယ်ခဲ့ရ၊ မစားခဲ့ရ၊ မရောက်ခဲ့ရ ဆိုပြီး မကျေနပ်တဲ့ ဂါထာများကို တဖွဖွရွတ်ဆိုပြီး အိမ်ပြန်ရပါလိမ့်မယ်။
ခရီးစဉ်အရ ဒေသန္တာရ ဗဟုသုတများကို ရှာဖွေစုဆောင်း ဖတ်ရှုထားရမှာဖြစ်ပါသလို၊ အသုံးဆောင်ပစ္စည်းများနှင့်၊ လုံလောက်သည့်ငွေပမာဏကို တွက်ချက်ပြီးယူဆောင်သွားပါ။
ဒါကြောင့် ခရီးထွက်မယ်လို့ စိတ်ကူးမိတာနဲ့ မိမိသွားရောက်လည်ပတ်မည့် နေရာဒေသ၊ ရာသီဥတု၊ အစားအသောက်၊ ဒေသအယူအဆ၊ ဆေးဝါးပစ္စည်း စသည်ဖြင့် လိုအပ်မည့် အချက်အလက်များကို ကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။
ခရီးထွက်ခါနီး ပြင်ဆင်သင့်သည့်အရာများထဲမှ အောက်ပါအချက်ကလေးတွေကိုတော့ ဖတ်ဖြစ်အောင်ဖတ်ကြည့်ဦးနော်…
(က) တစ်လကြို ပြင်ဆင်ပါ
ခရီးသွားမှာတော့ ဟုတ်ပါပြီ။ ဘယ်နေရာကို သွားမလဲ ၊ ဘယ်သူတွေနဲ့ သွားမလဲ ၊ ဘာနဲ့ သွားမလဲ ၊ ဘယ်လောက် ကြာမလဲ ၊ ကုန်ကျစရိတ်ကော ဘယ်လောက်ရှိနိုင်မလဲ၊ ဘယ်မှာ တည်းမလဲ စသည်ဖြင့် မေးစရာတွေ ရှိလာပါပြီ။ ဒီတော့ မိမိသွားမည့် ခရီးစဉ်တစ်လျှောက်လုံးအတွက် တစ်လလောက် အချိန်ယူပြီး စီစဉ်ပြုလုပ်ပါ။
(ခ) ပိုက်ဆံစုပါ
ခရီးထွက်မယ်လို့ စိတ်ကူးကတည်းက မိမိရဲ့ ပုံမှန်အသုံးစရိတ်ကို လျော့ချပြီး အိတ်ကပ်တစ်နေရာမှာ ပိုက်ဆံအပိုလေးတွေ စုစုထားရတော့မှာပါ။ စုဖြစ်အောင်စုပါ၊ နီးမှ ကပ်ပြီး ပိုက်ဆံ ရှာတာထက် တစ်လချင်းတစ်လချင်း ငွေ ၃ သောင်းတန်သည် ၅ သောင်း တန်သည် ဘေးကပ်ထားပြီး ပုံမှန်စုသွားမယ်ဆိုရင် ငွေလည်း ပိုစုဖြစ်သလို ခရီးသွားချိန်မှာလည်း မိမိပိုက်ဆံအိတ်ထဲ ငွေအလုံအလောက် ပါလာမှာ ဖြစ်ပါတယ်။
(ဂ) အသုံးအဆောင်တွေ စုဆောင်းထားပါ
ခရီးစဉ်အရ နေရာဒေသအလိုက် ရာသီဥတုများကို ကြိုတင်လေ့လာပြီး မိမိအသုံးဆောင်ပစ္စည်းများကို စုဆောင်းရမှာဖြစ်ပါတယ်။ ဥပမာ လာမယ့် နိုဝင်ဘာ ၊ ဒီဇင်ဘာတွေမှာသွားမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဆောင်းတွင်းကို ရောက်ပါပြီ။
အေးစက်စက်ဆောင်းရာသီမှာ ခရီးသွားရမှာ ဖြစ်လို့  နွေးနွေးထွေးထွေးရှိမယ့် ဂျာကင်တို့ ဆွယ်တာတို့ အပြင် လိုအပ်ရင် ခေါင်းစွပ်တွေ ၊ ခြေအိတ်တွေလည်း အသစ်ဝယ်စုဆောင်းရတော့မှာပါ။ ဒီအတွက် လိုအပ်တာလေးတွေ အခုကတည်းက တတ်နိုင်သမျှ ဝယ်ထားသင့်ပါတယ်။
(ဃ) ကျန်းမာအောင်နေပါ
ဘဝမှာ အရေးကြီးဆုံးအရာက ကျန်မာရေးကောင်းနေဖို့ပါပဲ၊ ကျန်မာရေးကောင်းနေမှ ခရီးထွက်နိုင်မှာဖြစ်သလို ပျော်စရာခရီးစဉ်ဖြစ်ဖို့ အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းကျန်းမာမာ ရှိနေအောင်လည်း ဂရုစိုက်ထားသင့်ပါတယ်။
ရေများများသောက် ၊ လမ်းများများလျှောက် ၊ ချွေးလေးဘာလေး ထွက်ပြီး ကိုယ်ရည်စစ်အောင်နေထိုင်ပြီး၊ လိုအပ်မယ်ဆိုရင် Gym လေးဘာလေး ကစား ၊ အစားအသောက်   ကိုလည်းဆင်ခြင်ပြီး ကျန်းမာရေးအတွက်အထောက်အကူဖြစ်မယ့် မိမိနဲ့တည့်သည့်အရာကိုစားသောက်ပြီး ကျန်းမာအောင်နေပါ။ ကျန်းမာမှလည်း ခရီးသွားရတာ ပိုပျော်စရာကောင်းပြီး အမှတ်ရစရာခရီးစဉ်လေးတစ်ခုဖြစ်မှာပါ။
Ref - kwee.co
Wai Yan (Blogger)
Wednesday, October 2, 2019
ထူးခြားသည့်နေရာ အခု(၅၀) နှင့် ပုဂံဘုရားသမိုင်းကြောင်းများ
ပုဂံမြို့မှာ လေ့လာကြည့်ရှုသင့်သည့် ထူးခြားသည့်နေရာ
အခု(၅၀) နှင့်  ပုဂံဘုရားသမိုင်းကြောင်းများ
Bagan History  By Ma Thanegi  |snapshot
●●●●●●●●●●●●●●●●●●●●●
မြန်မာမှန်လျှင် ပုဂံကိုရောက်ဖူးရမယ်"
++++++++++++++++++++++++
ဆိုတဲ့စကားအတိုင်း မြန်မာအများစုဟာ ပုဂံကိုရောက်ဖူးတတ်ကြတယ်။
သို့သော်လည်းပဲ နာမည်ကြီးပြီး ထုထည်ကြီးသည့် ဘုရားပုထိုးများသာ သွားရောက်တတ်ကြတာမို့  ပုဂံရဲ့အနှစ်သာရကို မခံစားနိုင်ပဲဖြစ်တတ်ကြတယ်။
ပုဂံမှာ ရောက်ဖူးနေကျနေရာတွေနဲ့မတူပဲ လူသိနည်းပြီး ထူးခြားတဲ့နေရာတွေအကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင်တော့  အောက်ပါ နေရာ ၅၀ ကိုလမ်းညွှန်ပါရစေ။
၁_ရွှေစည်းခုံဘုရား
+++++++++++++
 တောင်ဘက်တန်ဆောင်းအတွင်းမှာ
အင်မတန်ကြီးမားသည့် ပုဂံခေတ်လက်ရာသစ်သားတံခါးရွက်ကြီးကို သိမ်းဆည်းထိန်းသိမ်းထားပါတယ်။
ယင်းတံခါးရွက်ကြီးရဲ့အပေါ်တွင်ပုဂံခေတ် တီးမှုကခုန်ဟန်များကို အဆန်းတကြယ်ထုလုပ်ထားသည်။
၂_ရွှေစည်းခုံဘုရား  အပြင်၃၇မင်းနတ်နန်းအတွင်းတွင် ကြီးမားသည့် သိကြားမင်းရုပ်ထုကြီးကို ထိန်းသိမ်းထားရှိပါသည်။ ပုဂံခေတ်ပန်းပုလက်ရာဖြစ်ပြီး ပုဂံခေတ် မြန်မာ့ပန်းပုလက်ရာအဆင့်အတန်းမြင့်မားပုံကို ဖော်ညွှန်းလျက်ရှိသည်။
၃_ရွှေစည်းခုံဘုရား  ခေါင်းလောင်းတိုက်တွင် ဘုရင်းနောင်မင်းတရားကြီးရဲ့  ခေါင်းလောင်းကြီးကို သိမ်းဆည်းထားပါသည်။ယင်းခေါင်းလောင်းကြီးရဲ့ထူးခြားချက်မှာ ဒုတိယမြန်မာနိုင်ငံတော်သမိုင်းကို ရက်စွဲနှင့်တကွ ဖော်ပြရေးသားထားသည်။မြန်မာ့သမိုင်းအတွက်အင်မတန်အရေးပါသော ခေါင်းလောင်းကြီးဖြစ်သည်။
၎_ရွှေစည်းခုံဘုရား  တောင်ဘက်အုတ်စောင်းတန်းထိပ်အနီးတွင်
ကျန်စစ်သားဥမင်ရှိသည်။ကျန်စစ်သားဥမင်တွင်  မွန်ဂိုစစ်သည်များပုံကို ထူးခြားစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။
၅_ညောင်ဦးဘက်မှပုဂံဘက်သို့ ကားလမ်းအတိုင်းလာခဲ့သောအခါဝက်ကြီးအင်းရွှေချောင်းမရောက်မီ လမ်းအရှေ့ဘက်တွင်ဝက်ကြီးအင်းဂူရှိလေသည်။
ဝက်ကြီးအင်းဘုရားတွင် အဝင်တွင် ပဒေသာပင်ပုံကိုရေးဆွဲထားလေသည်။ယင်းပဒေသာပင်တွင် စောင်း ဗုံစသည့်တူရိယာများချိတ်ဆွဲထားသည်။ဂျာမန်လူမျိုး ထောမန်သည် ယင်းဂူမှ ပန်းချီများကို လွှဖြင့်တိုက်ဖြတ်ကာခိုးယူခဲ့လေသည်။
ယနေ့လွှရာများကိုတွေ့မြင်နိုင်သည်။
၆_ကားလမ်းအတိုင်းသွားလျှင်  အလိုတော်ပြည့်ဘုရားအနီး ဘုရားအမှတ် (၃၇၇\၂၃၀) တွင် စဥ့်ပုထိုးဟုခေါ်သည့်စေတီတစ်ဆူတည်ရှိသည်။ယင်းစေတီသည် နာမည်ကျော် အလိုတော်ပြည့်ဘုရားနှင့်  ကပ်လျက်တည်ရှိသော်လည်း စေတီတစ်ဆူလုံး စဥ့်ရည်အပြည့်သုတ်ထားသည့် အုတ်ချပ်များဖြင့်တည်ဆောက်ထားသည်ကိုမူ သတိပြုမိသူနည်းပါးလှသည်။
၇_အလိုတော်ပြည့်ဘုရားမှ အနောက်တောင်ဘက်တွင်  နပဲတောဘုရားစုတည်ရှိသည်။
လိုဏ်နှစ်ဆင့်ဂူဘုရား(၃၅၇\၂၁၇_က)ဟပြင်ဘက်တွင် ပုဂံဒေသတွင် အကောင်းမွန်ဆုံးသော ခြင်္သေ့၊ဘီလူး၊ကိန္ဒရာစသည့် အဂ်တေလက်ရာများကိုလေ့လာရမည်ဖြစ်သည်
၈_နပဲတောဘုရားအစုမှ အရှေ့မြောက်ယွန်းသို့သွားပါက ဆူးလေကုန်းဘုရားအစုသို့ရောက်မည်။ဆူလေကုန်းဘုရား  အရှေ့တောင်ဘက်တွင် တောင်ပုံ လောကနာထဘုရားရှိသည်။ယင်းဘုရားရဲ့  ထူးခြားချက်မှာ လောကနာထဗောဓိသတ်အထိုင်ပုံအမြောက်အများကိုလှပဆန်းကြယ်စွာထုလုပ်ထားသည်။ယင်းဘုရားမူလ ဆင်းတုတော် လက်တော်အကြိုးအတွင်းမှ ဌာပနာထားသည့် ပုဂံခေတ်အဝတ်ပန်းချီလိပ်ကြီးကိုရရှိခဲ့လေသည်။ယခုအခါ ယင်းပန်းချီလိပ်ကြီးကို ပုဂံပြတိုက်တွင်ပြသထားသည်။
၉_အာနန္ဒာဂူတော်ကြီး မြောက်ဘက်စောင်းတန်းအဆုံးတွင် အာနန္ဒာအုတ်ကျောင်းတည်ရှိသည်။
ယင်းအုတ်ကျောင်းအတွင်းနံရံများတွင် အင်မတန်မှ လက်ရာမြောက်ပြီး ပြိုင်ဘက်ကင်းသည့် ကုန်းဘောင်ခေတ်ရှုခင်းနှင့်  ပန်းချီများရေးဆွဲထားသည်။ထူးခြားချက်မှာ အင်္ဂလိပ်လူမျိုးများ၊ပေါ်တူဂီအမျိုးသားများ၊မြန်မာ့ဆိုင်းဝိုင်း
၊စောင်းပတ္တလား တီးခတ်နေသည့်ပုံများကိုထည့်သွင်းရေးဆွဲထားသည်။
၁၀_ရွှေဂူကြီးဘုရားသည် ပုဂံနန်းတော်ရာနှင့်ကပ်လျက်တည်ရှိသည်။ယင်းဂူဘုရား  ဝင်ပေါက်ဝဲယာနံရံတွင် ထည့်သွင်းမြှုပ်နှံထားသောကျောက်စာနှစ်ချပ်ရှိလေသည်။ယင်းကျောက်စာချပ်ကြီးများတွင် ရွှေဂူကြီးဘုရား  တည်ဆောက်ခြင်းအကြောင်းနှင့်  အလောင်းစည်သူမင်းကြီးအကြောင်းကို ထည့်သွင်းရေးထိုးထားလေသည်။
၁၁_ရွှေဂူကြီးဘုရား  အရှေ့တောင်ဘက်တွင် သံတော်ကြားဘုရားတည်ရှိသည်။ယင်းဘုရားအတွင်း  မီးတောင်ချော်ကျောက်အစိမ်းချပ်ကြီးများဖြင့်တည်ဆောက်ထားသော ဆင်းတုတော်ကြီးရှိသည်။
၁၂_သဗ္ဗညုဘုရား  အရှေ့တောင်ဘက်တွင် အလောင်းစည်သူမင်းကြီးကောင်းမှု ကြေးစင်တစ်သောင်းကိုသွန်းသော ခေါင်းလောင်းကြီးဆွဲချိတ်ရာ ကျောက်တိုင်ကြီးများတည်ရှိသည်။
၁၃_သဗ္ဗညုဂူဘုရားကြီးအနောက်ဘက်တွင် နတ်လျောင်းကျောင်းတည်ရှိသည်။ပုဂံဒေသရှိ တစ်ခုတည်းသောဟိန္ဒူဘုရားကျောင်းဖြစ်သည်။ဟိန္ဒူဘာသာရေးဆိုင်ရာ နတ်ရုပ်များနှင့် နံရံပန်းချီများရေးဆွဲထုလုပ်ထားသည်။
၁၄_နတ်လျောင်းကျောင်းနှင့်  မျက်နှာချင်းဆိုင်အနေအထားတွင်ငကျွဲနားထောင်းပုထိုးတည်ရှိသည်။အုတ်ချပ်တစ်ခုနှင့်  တစ်ခုကြားပင် စဥ့်စိမ်းများဆက်အောင်သုတ်လိမ်းထားသဖြင့်  ပုဂံခေတ်စဥ့်ပညာအဆင့်အတန်းကို အံ့အားသင့်ဖွယ်လေ့လာနိုင်သည်။
၁၅_ငကျွဲနားတောင်းပုထိုးမှ လမ်းအတိုင်းသွားလျှင်  ပုထိုးသားများဘုရားကိုရောက်သည်။ယင်းဘုရားသည်  ပုဂံခေတ် အလင်းယူပုံပညာနှင့်  ဗိသုကာအဆင့်အတန်းကိုဖော်ပြနေသည့်ဂူဘုရားတစ်ဆူဖြစ်သည်။fleshမဖွင့်ပဲ ဓာတ်ပုံရိုက်ကူးပါက ဘုရားဆင်းတုတော် တစ်ခုတည်းသား ကွက်တိ ပြတ်သားစွာထိန်လင်းလျက်ကျန်အရာများအမှောင်တိဖြစ်နေသည်ကို တွေ့မြင်ကြရမည်။
၁၆_ပုဂံမြို့တောင်ဘက်မှ ထွက်လာသောလမ်းအတိုင်းသည် ညောင်ဦးမှလာသော ရှေးလမ်းဟောင်းကြီးနှင့်  အဆုံအနီးတွင် မြင်းပြဂူဘုရားတည်ရှိသည်။ပုဂံခေတ်ရဲ့ရှေးကျသောပန်းချီများကိုလေ့လာနိုင်သည်။ယင်းမြင်းပြဂူမှ ဗုဒ္ဓရုပ်ပွားတော်ပုံပါကြေးချပ်ကြီးများကိုရရှိခဲ့သည်။ယနေ့ပြတိုက်တွင်ပြသထားသည်။
၁၇_မြင်းပြဂူမှတောင်သို့ထွက်ပြီး လမ်းအတိုင်းလိုက်သွားသော် ပဲနံ့သာရဂူအစုသို့ရောက်သည်။ပဲနံ့သာဂူအစုအနီးတွင် သိမ္မစည်းဂူ(၁၄၇၁\၇၈၄)ဘုရားရှိသည်။ယင်းဂူအဝတွင် စောင်းပိုက်ထားသောပဉ္စသိခ်နတ်သားပုံကိုလူတစ်ရပ်ခန့်ရေးဆွဲထားသည်။ဂူအတွင်းဝဲဖက်နံရံတွင် ကောသလအိမ်မက်ကိုသရုပ်ဖော်ရေးဆွဲထားသော ပုဂံခေတ်ပန်းချီများကိုလေ့လာကြရမည်။
၁၈_သိမ္ဗစည်းဂူအနီးတွင် ဘုရားအမှတ်(၁၅၅၄\၈၆၇)တည်ရှိသည်။ယင်းဘုရားအတွင်း  အဝင်နံရံညာဖက်တွင် မြင်းမိုရ်တောင်နှင့်  နတ်ပြည်တည်ဟန် ကျွန်းကြီးလေးကျွန်းနှင့်  သက်ဆိုင်ရာပေါက်ပင်များကိုအသေးစိတ်ရေးဆွဲထားသည်။
ပုဂံခေတ် ဂူဘုရားကွမ်းတောင်အများစုသည် ယင်းမြင်းမိုရ်တောင်ပုံစံကိုယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။
၁၉_ယင်းဘုရားအနီး ဆင်ပြဂူဘုရားတွင်ထူးခြားချက်မှာ ပုဂံခေတ်တွင် ဂူဘုရားများအတွင်းရှိ ပဓာနဗုဒ္ဓရုပ်ပွားတော်ကြီးများတည်ဆောက်သောအခါ ခေါင်း၊ရင်ဘတ်၊ဝမ်းဗိုက်၊ချက်စသောနေရာတို့တွင် ဌာပနာပစ္စည်းများထည့်ထားသော ကျောက်ကြုပ်ငယ်များ သွင်းထားပြုလုပ်လေ့ရှိသည်။ယခုဆင်ပြဂူဘုရားတွင် မသမာသူတို့ရဲ့လက်ချက်ဖြင့်  ဌာပနများကို ခိုးယူခံရသော်လည်း ဆင်းတုတော်ကြီးရဲ့  ရင်ဘတ်နှင့်ချက်နေရာတို့တွင် မူလကျောက်ဌာပနာကြုပ်များကိုတွေ့မြင်ကြရခြင်းဖြစ်သည်။
၂၀_ဆင်ပြဂူဘုရားနှင့်ကပ်လျက်တည်ရှိသော မာရ်အောင်ဘုရားတွင် ကနေသူ  စည်တီးနေသူ နတ်သမီးပုံစဥ့်ချပ်ကြီးများဖြင့်ကပ်လှူထားသည်။
ယင်းစဥ့်စိမ်းချပ်ကြီးများသည် မသမာသူတို့ရဲ့ခွာယူခိုးယူခြင်းခံခဲ့ရကာအချို့ကို ရန်ကုန်နှင့်  ပုဂံပြတိုက်တွင်ထိန်းသိမ်းပြသထားသည်။
၂၁_ယင်းဘုရားမြေလမ်းအတိုင်းဆက်သွားလျှင်   လောကထိပ်ပန်  ဘုရားသို့ရောက်ရှိမည်။ယင်းဘုရားတွင် ပုဂံခေတ်ရဲ့  အကောင်းဆုံးဟု
ဆိုအပ်သောပန်းချီများရေးဆွဲထားသည်။
မဟော်သဓာဇာတ်တော်နှင့်  ဗုဒ္ဓဝင်ကို တခမ်းတနားရေးဆွဲထားပြီး  ပုဂံခေတ် ဘုရင်၊မိဘုရား၊မှူးကြီးမတ်ရာတို့ရဲ့  ဝတ်စားဆင်ယင်ပုံကို အသေးစိတ်လေ့လာနိုင်သည်။
၂၂_ယင်းမြေလမ်းအတိုင်းသွားလျှင်  နေဝင်ကြည့်သည့် နာမည်ကျော်ရွှေဆံတော်ဘုရားသို့ရောက်ရှိမည်။ရွှေဆံတော်ဘုရားကို ယခင်က မဟာပိန္နဲဘုရားဟုခေါ်ကြသည်။အကြောင်းမှာ ဘုရားထောင့်များတွင် မဟာပိန္နဲနတ်ရုပ်များကိုထားရှိခဲ့ခြင်းဖြစ်သည်။ယနေ့တွင်
ရုပ်တု အကျိုးအပဲ့များကို ဘုရားထောင့်အချို့နှင့်  စေတီတော်မြောက်ဘက်ခြေရင်းတွင်တွေ့မြင်ကြရမည်
၂၃_ရွှေဆံတော်စေတီ အနောက်ဘက်ရှိအုတ်တိုက်ရှည်ကြီးတွင် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးတည်ထားသည်။ပုဂံခေတ်လျောင်းတော်မူဆင်းတုများအနက် ရှေးအကျဆုံးနဲ့ အကြီးမားဆုံးဖြစ်သည်။ယင်းဆင်းတုတော်ကြီးရဲ့ထူးခြားချက်မှာ ပရိနိဗ္ဗာန်ပြုဟန်ထုလုပ်ထားသော်လည်း တောင်ဘက်သို့ခေါင်းပြုထားခြင်းဖြစ်သည်။
၂၄_ရွှေဆံတော်ဘုရားတောင်ဘက် မနီးမဝေးတွင် ဂူအမှတ်(၁၅၃၆)အတွင်းတွင် စိတ်ဝင်စားဖွယ်ကောင်းသော စက်ဝန်းပန်းချီများရေးဆွဲထားသည်။ငဖုန်းသင်ယောင်။ငပြည်သင်ဟု လူအမည်ကမ္ဗည်းစာများရေးထိုးထားသည်။
၂၅_ရွှေဆံတော်ဘုရား  အရှေ့မြောက်ဘက် ဂူအမှတ်(၁၅၁၂) မြေဘုံသာဘုရားရှိလေသည်။ယင်းဂူအတွင်း  ပလ္လင်အောက်ခြေများတွင် ကျောက်ဗြဟာရုပ်များ မြှပ်ထားလေသည်။ထိုပလ္လင်မှ မြေတွင်မြှုပ်နေသော အကောင်းပကတိတူးဖော်ရရှိသည့် ကျောက်ဗြသာရုပ်များကို ပုဂံပြတိုက်တွင်ပြသထားလေသည်။
၂၆_ပုဂံမြို့တောင်ဘက်သို့ဆက်သွားမည်ဆိုပါက မင်္ဂလာစေတီသို့ရောက်ရှိမည်။
မြန်မာပြည်ရှိစေတီအများစုသည် ယင်းမင်္ဂလာစေတီကိုပုစံယူတည်ဆောက်ကြခြင်းဖြစ်သည်။၅၅၀ နိပါတော် စဥ့်ကွင်းများတည်ရှိပြီး အချို့မှာ ခိုးယူခံခဲ့ရသည်။
၂၇_ဓမ္မရံကြီးဘုရားသည် မြန်မာပြည်ရဲ့  အကြီးမားဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အုံးဖြစ်သည်။ထူးခြားချက်မှာ
မူလက အတွင်း  ဆင်းတုလေးဆူနှင့်  လိုဏ်ပတ်လမ်းများတည်ဆောက်ခဲ့သည်။  ပန်းချီများရေးဆွဲပြီးကာမှ မခန့်မှန်းနိုင်သော အကြောင်းအရာတစ်ခုကြောင့် အတွင်း လိုဏ်ပတ်လမ်းကို အုတ်ဖြင့်  အပြည့်စီပိတ်ခဲ့သည်။
၂၈_ဓမ္မရုံကြီးဘုရား  မြောက်ဘက်မုခ်တွင် ပလ္လင်တစ်ခုတည်းအပေါ်တွင် ဗုဒ္ဓဆင်းတုနှစ်ဆူကိုတည်ကာ မျက်နှာတော်ကိုရွှေချထားလေသည်။ယင်းဆင်းတုတော်နှစ်ဆူသည် ကျန်အရာအားလုံးပုံစံတူသော်လည်း  ထင်ရှားစွာကွဲပြားခြားနားသည့် အပြုံးကိုယ်စီရှိကြလေသည်။
၂၉_ဓမ္မရံကြီးဘုရားမှ လမ်းအတိုင်းသွားလျှင်  စူဌာမဏိစေတီကိုရောက်မည်။  ယင်းနာမည်ကျော်ဂူဘုရားအား ကာရံထားသည့် တံတိုင်းရဲ့  အုတ်စီလက်ရာမှာ ကမ္ဘာကပင်အံ့အားသင့်လောက်အောင်
ကောင်းမွန်လှသည်။အုတ်ချပ်တစ်ခုနှင့်တစ်ခုအကြား အပ်ထိုးလို့ပင်မရနိုင်ပေ။ပုဂံခေတ် ပန်းရံအတတ်ပညာရဲ့  ကြီးကျယ်ခမ်းနားခဲ့ပုံကိုလေ့လာနိုင်သည်။ပုဂံဒေသရှိအကောင်းဆုံးသော အုတ်စီလက်ရာဖြစ်သည်။
၃၀_မြင်းကပါရွာမြောက်ဘက်၊လမ်းအရှေ့ဘက်တွင် ဂူပြောက်ကြီးနှင့်  မြစေတီတို့ကား အလွန်ထင်ရှားပြီး နာမည်ကျော်ကြားသည်။ယင်းဂူပြောက်ကြီးဘုရားအတွင်း  အကောင်းပကတိကျန်ရှိနေသေးသော ပုဂံခေတ် နံရံဆေးရေးများကိုရေးဆွဲထားသည်။ထူးခြားချက်မှာ တာဝတိသာနတ်ပြည်မှာဆင်းသက်တော်မူခန်း၊
သင်္ဂါယနာတင်မှတ်တမ်းများ၊ တိတ္တိတို့အားတန်ခိုးပြခန်း၊လင်းနို့ငါးရာအားတရားဟောခန်း စသည့်ထူးခြားပြီးရှားပါးသည့်ဗုဒ္ဓဝင်များကိုထည့်သွင်းရေးဆွဲထားသည်။
၃၁_ယင်းအနီး စေတီအနီးအတွင်းမှ ကျောက်စာတစ်ချပ်ကိုတူးဖော်တွေ့ခဲ့ရာ မြစေတီကျောက်စာဟုအမြင်တွင်သည်။အမှန်မှာ ဂူပြောက်ကြီးဘုရားနှင့်သက်ဆိုင်သည့်ကျောက်စာဖြစ်သည်။ပျူ၊မွန်၊မြန်မာ၊ပါဌိ  လေးဘာသာဖြင့်  အကြောင်းအရာတစ်ခုတည်းကိုရေးထိုးထားသဖြင့်  မြန်မာစာပေသမိုင်းအတွက် အဖိုးမဖြတ်နိုင်သောရတနာဖြစ်သည်။မူရင်းကျောက်စာကို ပုဂံပြတိုက်တွင်ပြသထားသည်။
၃၂_ကားလမ်းအတိုင်းဆက်သွားလျှင်  မနူဟာဘုရားသို့ရောက်မည်။ယင်းဘုရားနှင့်  မနီးမဝေးတွင် နန်းဘုရားရှိသည်။ယင်းဘုရားအတွင်းနှင့်အပြင်တွင် ထုဆစ်ထားသော ဗြဟာပုံကြီးများနှင့်ကျောက်ဆစ်လက်ရာများသည် ပုဂံခေတ် ပန်းတမော့လက်ရာအဆင့်အတန်းကိုဖော်ပြလျက်ရှိသည်။
၃၃_မြင်းကပါရွာ အနောက်ဘက်သို့သွားလျှင်  ဖြတ်စရွှေဂူ  ဘုရားသို့ရောက်မည်။ယင်းဂူဘုရားအတွင်းတွင်  ရှေးဟောင်းမွန်ဘာသာဖြင့်ကဗ္ဗည်းထိုးထားသည့် ဇာတ်ကွက်ပန်းချီများမှာစိတ်ဝင်စားဖွယ်ကောင်းလှသည်
၃၄_မြင်းကပါရွာငွေစေတီ ဥတ္တမဂူတောင်ဘက်တွင် ကျဆင်းဂူတည်ရှိသည်။တြိလောကဗိုလ်ဟုလည်းခေါ်သည်။ယင်းဂူဝင်ပေါက်ဝဲယာနံရံများတွင် ရေးသားထားသော မင်စာများအရ အဆောက်အုံတည်ဆောက်သောဒါယကာ၊တည်ဆောက်သောခုနှစ်၊အဆောက်အအုံအမည်တို့ကို ပုဂံခေတ်အတိုင်း
တိကျစွာသိရပုံမှာ ပုဂံဒေသတွင်အလွန်ရှားပါးလေသည်။ယင်းဂူတိုက်မကြီးတွင် ခြေစုံမြေသို့ချထားသော ဗုဒ္ဓဆင်းတုနှစ်ဆူနှင့်  အလယ် ထိုင်တော်မူဆင်းတုတော်ကြီးတစ်ဆူရှိသည်။ယခင်က ဌာပနာဖောက်ကာ ခေါင်းဖြတ်ခိုးယူခံရသော်လည်း ပြန်လည်ပြုပြင်ထားသည်။
၃၅_ကျဆင်းဂူမှ ကားလမ်းအတိုင်းသွားသော် အပယ်ရတနာဂူသို့ရောက်လေသည်။ယင်းဂူအတွင်းတွင် မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ ဘုရားလောင်းဗောဓိသတ်အမျိုးမျိုးကို တစ်ခန်းတနားရေးဆွဲထားလေသည်။ယင်းအပြင် အတွင်းပတ်လမ်းအပြင်နံရံတွင် အရိုးတပ်စက်ဝိုင်းများအတွင်း  ဟိန္ဒူဘာသာရေးဆိုင်ရာဗိဿနိုး၊သီဝနှင့်  ဗြဟညဆိုင်ရာအယူဝါဒများကို ထူးခြားစွာရေးဆွဲထားလေသည်။
၃၆_အပယ်ရတနာဘုရားနှင့်  မျက်နှာချင်းဆိုင်တွင် နဂါးရုံဘုရားတည်ရှိသည်။ယင်းဘုရားကြီးရဲ့ထူးခြားချက်မှာ စဥ့်သုတ်အုတ်ချပ်များကို ဘုရားအတွင်း ယနေ့ခေတ် ကြွေပြားအသွင်  ခင်းထားခြင်းဖြစ်သည်။လူတော်တော်များများသည် မိမိတို့ခြေထောက်အောက်ရှိ စဥ့်စိမ်းရောင် အုတ်ချပ်ကြီးများကိုသတိမထားမိကြချေ။
၃၇_ယင်းဘုရားမှကားလမ်းအတိုင်းသွားသော် စိုးမင်းကြီးအုတ်ကျောင်းနှင့်  စေတီသို့ရောက်ရှိမည်။စိုးမင်းကြီးစေတီရဲ့ထူးခြားချက်မှာ ပစ္စယံအဆင့်ဆင့်တွင် စဥ့်ရည်သုတ် ရုပ်ချပ်တန်းကြီးများဖြင့်  ညက်လျက်တန်ဆာဆင်ထားခြင်းဖြစ်သည်။ယင်းစဥ့်ချပ်ကြီးများတွင် ကနေသူ၊ဗုံတီးနေသူများကို ထည့်သွင်းထုလုပ်ထားသည်။ပုဂံခေတ်ရှားပါးပြီးထူးခြားသည့်လက်ရာတစ်ခုဖြစ်သည်။
၃၈_စိုးမင်းကြီးအုတ်ကျောင်း အနောက်တောင်ဖက်တွင် ဂူအမှတ်(၁၀၇၇)မှာ  ပန်းချီလေ့လာသူတို့အဖို့မရောက်တော့မယ်ဖြစ် ထူးခြားသည့်နေရာတစ်ခုဖြစ်သည်။ယင်းဂူအတွင်း  အောက်ခြေအခင်းပေါ်တွင် မြေစာများပို့နေခဲ့ရာ ရှေးဟောင်းဌာဓမှရှင်းလင်းလိုက်သောအခါ မူလရေးဆွဲထားသောပန်းချီများ မပျက်မစီးပဲအကောင်းပကတိ အသစ်စက်စက်ရေးဆွဲထားသည့်ပမာပေါ်ထွန်းလာခဲ့သည်။
ပုဂံခေတ်တွင် ဆန်းပြားသည့်အရောင်များအသုံးပြုကာပန်းချီများ
ရေးဆွဲခဲ့ကြကြောင်းသက်သေပြစရာ
ဂူဘုရားဖြစ်သဖြင့်ထူးခြားသည်။
၃၉_သီရိပစ္စယာရွာတောင်ဘက်တွင် ဖက်လိပ်ဘုရားများတည်ရှိသည်။ယင်းဘုရားများတွင် စဥ့်ရည်မသုတ်သော မြေမီးဖုတ်အုပ်ကြွပ်ရုပ်ကြွများကို
ထူးခြားစွားလေ့လာနိုင်သည်။မြန်မာ့သမိုင်းတွင်အရပ်အရှည်ဆုံးဟုစံချိန်ချိုးခဲ့သည့်  ဇီးကွက်စိန်ရဲ့မွေးရပ်မြေဖြစ်သည်။
၄၀_သီရိပစ္စယာရွာရွာအဝင်ကားလမ်းတောင်ဘက်သို့ဆက်သွားသော် ဂူပြောက်ဘုရားသို့ရောက်ရှိမည်။မြန်မာ့တော်လှန်ရေးခေါင်းဆောင်ကြီး ပုဂံဗိုလ်ချိုပုန်းအောင့်ခဲ့ရာဂူဘုရားဖြစ်သည်*။ အင်္ဂလိပ်တို့က ဗိုလ်ချို့ကိုယင်းဂူဘုရားတွေဖမ်းမိသဖြင့်  ဗိုလ်ချိုမိဘုရားဟုခေါ်သည်။
၄၁_မင်းနန်သူအရပ်သို့ဆက်သွားသော် ဘုရားသုံးဆူသည်နာမည်ကျော်သည်။ဂူဘုရားသုံးဆူကို လိုဏ်ဖြင့်ဆက်သွယ်ထားသည်။ညာဖက်ဆုံးဂူတွင် ပန်းချီများရေးဆွဲထားခြင်းမရှိပဲ ဘယ်ဖက်ဆုံးဂူတွင် ပန်းချီကိုပြည့်စုံစွာရေးဆွဲထားလေသည်။အလယ်ဂူတွင် ဆွဲလက်စပန်းချီများတွေ့ရသဖြင့်  ပုဂံခေတ်ပန်းချီရေးဆွဲပုံအဆင့်ဆင့်ကိုလေ့လာနိုင်ပေသည်။
အလယ်ဂူတွင် ပုဂံခေတ်နန်းတော်ပုံများကိုရေးဆွဲထားလေသည်။
၄၂_ဘုရားသုံးဆူအရှေ့ဘက်တွင် ဂူငယ်လေးတစ်ဆူတည်ရှိသည်။ယင်းဂူရဲ့ထူးခြားချက်မှာ ပုဂံတွင်တွေ့ရသော အခြားသောဘုရားပုထိုးများကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်နှင့်  ပလ္လင်ကို အုတ်အဂ်တေဖြင့်တည်ထားခြင်းမပြုပဲ နံရံတွင်သာ ဗုဒ္ဓပုံကြီးကို ရေးဆွဲပူဇော်ထားခြင်းဖြစ်သည်။ယင်းပုံစံကို ပုဂံတွင် ယခုဂူငယ်တွင်သာတွေ့ရလေသည်။
၄၃_ဘုရားသုံးဆူနှင့်  မနီးမဝေးတွင် သမ္ဗူလဂူဘုရားတည်ရှိသည်။ယင်းဂူသည် ပုဂံဒေသတစ်ဝိုက်  အရေးကြီးပြီး ပုဂံခေတ်လက်ရေးလှပညာနှင့်  ပုဂံဗုဒ္ဓစာပေနှင့်စပ်လျဉ်းသော လေ့လာဖွယ်အကောင်းဆုံးဖြစ်သည်။နံရံပေါ်တွင် မှင်ဖြင့်ရေးထိုးထားသော စာလုံးများသည် သေသပ်လှပလွန်းလှသဖြင့်  ယနေ့ခေတ်ပုံနှိပ်စာလုံးများပင်အရှုံးပေးရလေသည်။
၄၄_ယင်းဂူမှ ကားလမ်းအတိုင်းသွားသော် နန္ဒမညာဂူဘုရားသို့ရောက်သည်။
ယင်းဂူတွင်ရေးဆွဲထားသော ပန်းချီများကြောင့်ပင် ပုဂံတွင်ပန်းဦးလွှတ်ခြင်းနှင့်  အရည်းကြီးများရှိခဲ့သည်ဟုပြောဆိုရေးသားခဲ့ကြသည်။
သို့သော်မှန်ကန်မှုမရှိပေ။ယင်းဂူတွင်ထူးခြားချက်မှာ ညာဖက်နံရံပြတင်းပေါက်အောက်တွင် ရေနစ်နေသော လူသုံးဦးပုံကိုရေးဆွဲထားလေသည်။လောဘ၊ဒေါသ၊မောဟတို့မှ မလွတ်ကင်းနိုင်ပဲ သံသရာရေယာဉ်ကြောတွင်နစ်မွန်းကြရခြင်းကိုသွယ်ဝိုက်သောနည်းလမ်းဖြင့်အသိပေးခဲ့ခြင်းဖြစ်သည်။အထက်နံရံတွင်မူ ပုဂံခေတ်မင်းသားတစ်ပါး မြင်းစီးလျက်အဆောင်အယောင်နှင့်တကွကြွချီဟန်ကိုရေးဆွဲထားသည်မှာ အငမတန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။
၄၅_ပုဂံညောင်ဦးကားလမ်း ပုဂံအဝင်ညာဖက်တွင်ခေမင်္ဂဘုရားစုတည်ရှိသည်။
ယင်းဂူအစုတွင် ပုဂံတွင် အင်မတန်ရှားပါးသည့် အဝတ်ပန်းချီကို နံရံတွင် ကော်ဖြင့်ကပ်လျက်
ရေးဆွဲထားသည်။ယနေ့ခေတ်အခေါ်
wall paperပုံစံဖြစ်သည်။ယင်းဂူအစုတွင်ပင် ပုဂံရှိရှေးဟောင်းပစ္စည်းအများအပြားကိုခိုးယူသွားခဲ့သော  ဂျာမန်လူမျိုးထောမန်းရဲ့  ရေးထိုးထားခဲ့သော လက်မှတ်ကိုထူးခြားစွာလေ့လာနိုင်သည်။
၄၆_ညောင်ဦးမြို့မြောက်ဘက် သကျမုနိဘုရားတွင် အသောကမင်းကြီးသမီးတော်သဃမိတ္တာ  မဟာဗောဓိပင်အား သီဟိုဠ်သို့ပင့်ဆောင်ပုံ များကိုထူးခြားရှားပါးစွာရေးဆွဲမှတ်တမ်းတင်ထားလေသည်။
၄၇_မြတ်စွာဘုရားရဲ့  စွယ်တော်လေးဆူများ တရုပ်ပြည်၊သီဟိုဠ်ပြည်၊နတ်ပြည်၊နဂါးပြည်တို့တွင်တည်ရှိ
ကြောင်းထူးခြားစွာရေးဆွဲထားသော ပုဂံခေတ်ပန်းချီကိုဘုရားအမှတ်(၁၀၇၇)တွင်လေ့လာနိုင်ပါသည်။ထူးခြားချက်မှာ ယင်းပန်းချီပါ စွယ်တော်ကြုပ်မှာ မျက်မှောက်ခေတ် တရုပ်ပြည် နှင့်  သီရိလကာတို့ရှိ စွယ်တော်ကြုပ်များနှင့်  ပုံစံတစ်ထေရာတည်းဖြစ်ကြောင်း အံ့ဩဖွယ်လေ့လာနိုင်သည်။
၄၈_သစ္စဗန္ဓရရသေ့နှင့်  နမန္တာနဂါးမင်းတို့တောင်းပန်မှုကြောင့်  မြတ်စွာဘုရားခြေတော်ရာချပေးနေပုံကို ဘုရားအမှတ်(၅၃၈)နန္ဒဘုရားအရှေ့ဖက်ဂူတွင် ထူးခြားစွာလေ့လာနိုင်သည်။
၄၉_ကုသဘုရားနှင့်  ဝိနည်းဓိုရ်ဘုရားတို့တွင် စကြဝဠာတည်နေဟန် ပန္ဒက်ပုံကိုထူးခြားစွာရေးဆွဲထားလေးသည်။ပုဂံခေတ် ဗုဒ္ဓဘာသာဆိုင်ရာ စကြာဝဠာအယူအဆကိုလေ့လာနိုင်သည်။ယင်းအပြင် မြတ်စွာဘုရားရဲ့ မူရင်းကဗ္ဗည်းဇာတာတော်ပုံပါထည့်သွင်းရေးဆွဲထားသည်။
၅၀_ဖွားစောရွာ သစ္စာဝတီဘုရား  အရှေ့တောင်အနီး မင်းမရဲဂူဘုရားတိုက်မမြောက်ဖက်နံရံတွင် ရေးထိုးထားသောမင်စာတွင်  အရိမဒ္ဒနပူရမည်သော ပုဂံပြည်၊မြန်မာပြည် စသောစကားလုံးများကိုသုံးနှုန်းရေးထိုးထားပုံကို အလွယ်တကူလေ့လာကြည့်ရှုနိုင်မည်
ဖော်ပြပါနေရာများသည် ပုဂံခေတ်တွင်ထွန်းကားခဲ့သည် ပန်းဆယ်မျိုးသော မြန်မာ့အတတ်ပညာနှင့်  မြန်မာ့အနုသုခုမပညာရပ်များ၊မြန်မာစာပေနှင့်  အခြားသောအနုပညာရပ်များကို ထင်ဟပ်စေနိုင်သည့် ထူးခြားပြီးလူသနည်းသောနေရာများဖြစ်သည် ။
Credit to Simon Htoo Thant
Bagan History
By Ma Thanegi
|snapshot
Oct 2016
The first Myanmar Empire of the 11th Century based in Bagan left remnants of its glory not in forts or palaces but in the thousands of pagodas, stupas (Zedi) and temples. (Pagodas are any place of worship regardless of shape, size or design. Stupas or Zedi are pointed spires in all sizes with a gem-crusted ornate crown called umbrella at the tip. Temples are square-based halls of various levels, including those called ‘cave; temples a term given to caves on the side of hills or some buildings with very little natural light.)
According to the 1993 report by the Department of Archaeology, 2230 remain plus ordination halls and meditation centers, all living places of worship throughout the past centuries.
They marked the time that Theravada Buddhism first flourished through the support of King Anawrahta.
Anawrahta ruled from 1044-1077. He strengthened the borders of his kingdom against invaders from the east. He travelled all over the landmass that one day would become the Union of Myanmar, as far south as the old town of Twante across the river from Yangon, at the time only a small settlement of fishermen. In a Twante pagoda he enshrined votive tablets cast with his own hands and signed with his name. In Bagan he built the the Shwezigon, Shwe Sandaw and Lawka Nanda Pagodas as well as the less known Myin Pya Gu enshrined with votive tablets cast by him and his heir Saw Lu, East and West Hpet Laik Pagodas with many with terracotta plaques of the Jataka Takes are also attributed to him.
His son Sawlu succeeded him, reigning from 1077 to 1084 during which he built the Pahto Thamya Temple in Bagan, the earliest temple with wall paintings. Sawlu was not popular with court or countrymen and when he was killed by a companion since childhood the court replaced him with Kyansittha, who killed the murderer of Saw Lu as well as being the right hand man of Anawrahta.
Kyansittha was not of royal blood but he was a great king, ruling from 1084 to 1112.
He encased the Shwezgon with only a slightly bigger pagoda in the exact shape, perhaps to combine his merit with Anaarahta who was like a father to him in spite of a brief time of discord when he was exiled. He built the Ananda and Naga Yon Temples and the Kyansittha Umin meditation cave not far from the Shwezigon with fascinating murals believed painted at a much later date,
He had three beloved queens, one being Khin Oo or a Mon princess through whom he created good relations and culture exchanges with the Mon kingdom of the south. Another was Abeyadana a princess of the Mahayana Buddhist sect who built the temple now only known by her name. It has beautiful wall paintings of Theravada, Mahayana and Hindu symbols. The thirds was Thambula a country girl he met while in brief exile and who late arrived at court with his son, Raja Kurma. By then Kyansittha had decreed a grandson as crown prince but this late-arrival prince was to leave his mark in the country’s history, for he built Myinkaba Gubyauk Gyi Temple dedicated to his father when the old king lay dying; he erected a square stone pillar with his dedication on each side with one of the four languages in use at the period: Pali, Pyu, Burmese and Mon. This was our Rossetti Stone which enabled us to decipher other Pyu writings. In addition his temple has the most beautiful and best preserved murals in Bagan. To this day he is regarded as the ideal prince and gentleman.
The next to rule was Alaung Sithu from 1112 to 1166 and it was a time of peace and prosperity. He built the majestic Thatbyinnyu Temple and the small but beautiful the Shwegu Gyi which he could look over from his palace. However at the age of 101 it was within this temple that he was suffocated by his son Narathu whose four years’ reign that ended in 1170 was marked with cruelty. He began work on the Dhammayan Gyi Temple, demanding the finest brick work but was assassinated before it was complete. His son Minyin Naratheinkha ruled only three years as he was killed by this younger brother Narapati Sithu whose wife he stole.
Narapati Sithu ruled in peace for 37 years during which the Burmese language became more popular and refined as seen in stone inscriptions. He added upper levels to the Kyauk Gu Umin, built the Dhamma Yarzika Pagoda and the two great temples Gawtaw Palin and Sulamuni. Gawtaw Palin was left incomplete while Sulamuni Temple has wonderful murals painted In the early 18th century.
He was succeeded by his younger son Htilominlo who finished the construction of the Gawtaw Palin Temple. He was so loved by his four older brothers that none of them objected to being bypassed for the throne. He was much loved by court and commoner but he reigned only 25 years. His merit, the Htilominlo Temple is a beautiful work of architecture with wonderful masonry details. He also built Maha Bhodi Temple.
His Commander in Chief General Ananda Thura and wife built Lay Myet Hna Complex in 1223 of temples, pagodas, monasteries and a large water tank.
Htilominlo’s son Kya Swar who succeeded him for 15 years was famous for being a Buddhist scholar although he also enjoyed martial arts. He spent his days studying the texts on the banks of a beautiful lake and left the affairs of State to his son Uzana who was more interested in sports and travel. Kya Swar’s Nanda Manya Temple is decorated with beautiful paintings but his immense Pya Tha Da Temple was not finished by the time of his death as his son was not paying the laborers. However the incomplete outer walls allowed future engineers to study the double arches of brickwork used in many Bagan Temples.
Uzana who took over the Kingdom had a queen named Thambula who left a small and elegant temple now known only by her name. He had other queens as well as a country girl he met on his travels. Upon his death the son of this union, Narathiha Pati was chosen by the court to be king, instead of his arrogant older brother from a more royal bloodline. However he turned out to be even more arrogant as well as cruel.
This king Narathiha Pati who ruled from 1254 to 1287 virtually ended the Bagan Dynasty.
In 1287 he was unwisely arrogant towards Kublai Khan which led to the invasion of the Mongol armies. While some minor prices and nobles stayed to fight, Narathiha Pati fled down the Ayeyarwaddy River with his queens and became known as “The King Who led from the Chinese” as ancient historians did not consider Mongolia a different State from China. He sought sanctuary from another son who was governor of a riverside town and who forced him to eat poisoned food the same evening. Famous for his gluttony he died with a wish that in all future lives he might not have sons.
Before his escaped he built a beautiful temple which is only known by his act of cowardice..
The greatness of Bagan ended, with a weak, puppet king set on the throne by the Mongolian generals who returned home in victory
မြန်မာ့ပုဂံ 
++++++
ပုဂံအလှ အညာဘဝ
စာသလို့ မကုန်
ဘုရားစေတီအစုံနဲ့ 
ထနောင်းရိပ်ကိုခိုလှုံ ။
အနော်ရထာ ဟိုတခေတ်
လွမ်းရစ်ကယ်ကြုံ ။
မျိုးချစ်သွေး ဇာတိအဟုန်
လုံခြုံရဲ့ ပြည်တွင်း ။
မြတ်ဗုဒ္ဓ သာသနာ
လင်းလက်ကာ ရောင်ဝါဝင်းတဲ့
မြန်မာ့ ရှုခင်း ။ ။
ရွှေမိုးညို l ရန်ကုန် l