Wednesday, October 12, 2016

နှလုံးသွေးကြောကျဉ်းရောဂါအတွက် အိမ်လုပ် Remedies

နှလုံးသွေးကြောကျဉ်းရောဂါအတွက် အိမ်လုပ် Remedies



နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရပြီ နှလုံးခုန်သံတွေမမှန်တော့ဘူးဆိုရင် ပုံမှန်လေးမှီဝဲဖို့ရမယ့် သဘာဝ Remedies တစ်မျိုးကို ဖော်ပြချင်ပါတယ်။ အထူးအထွေအမယ်သိပ်မများသလို ဈေးကြီးဆေးတွေကို ၀ယ်သောက်ဖို့ အဆင်မသင့်ချိန် မှာသင့်မှာ မှီဝဲလို့ရတာပေါ့နော်။

ဆေးဖော်စပ်ရန်လိုအပ်သည်များ -
(၁) သစ်သီးဖျော်စက် (Blender) တစ်လုံး သို့မဟုတ် ငရုတ်ဆုံတစ်လုံး
(၂) ပန်းသီးရှာလကာရည်(Apple Vinegar)
(၃) သံပယိုရည် သို့မဟုတ် ရှောက်သီးအရည်
(၄) ဂျင်း(ချင်း) အရည်
(၅) ကြက်သွန်ဖြူ အရည်
(အဓိကလိုအပ်တာက ပန်းသီးရှာလကာရည်(Apple Vinegar)ပါပဲ။ အဲဒါကလည်း ရန်ကုန် - မန္တလေးမြို့ကြီးတွေက Citymart တွေမှာဝယ်ပြီးအိမ်မှာသိမ်းထားလို့ရပါတယ်။)

ဆေးဖော်ရန် ဆေးအမယ်များနှင့်အချိုး အစား။
(၁) သံပုယို(သို့)ရှောက်သီးအရည် ၁ ခွက်။
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်။
(၃)  ကြက်သွန်ဖြူ အရည် ၁ ခွက်။
(၄) ပန်းသီးရှာလကာရည် ၁ ခွက်။

အထက်ဖော်ပြပါ အမယ်(၄)မျိုးကိုရောစပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်(သို့) ၄ခွက်တွင် ၃ခွက်ကျန်သည်အထိကြို ပါ။ပြီးလျင် အအေးခံထားပါ။၎င်းနောက်ပျားရည်စစ်စစ် ၃ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင်ထည့်၍ သုံးဆောင်နိုင် ပါသည်။

ဥပမာအနေဖြင့်အားလုံးနားလည်လွယ်အောင်ပြန်ရေးပြရရင် -
အခွံခွာရလွယ်သောကြက်သွန်ဖြူ ဥတစ်လုံးများအား အခွံခွာ၍ သစ်သီးဖျော်စက် (Blender) (သို့) ငရုတ်ဆုံတွင် ကြေညက်နေအောင်ပြုလုပ်ပါ။အကြမ်းပုဂံလုံးနီးပါရလျှင်ရေကျက်အေးဖြင့်အကြမ်းပုဂံလုံးပြည့်အောင်ဖြည့်ပါ၊(Blender)နှင့်ဖျော်မယ်ဆိုရင်အကြမ်းပုဂံလုံးတစ်လုံးစာပါးပါးလှီးထားတဲ့ကြက်သွန်ဖြူတွေကိုအရင်ထည့်ပါပြီးနောက်ရေသန့်(သို့)ရေကျက်အေးအကြမ်းပုဂံတစ်လုံးအပြည့်ထည့်ပါ။ပြီးလျှင်ကြေညှက်နေအောင်ပြုလုပ်ပေးပါ။

ထိုနည်းအတိုင်းပဲ ဂျင်းကို ရေပြောင်အောင်ဆေး အခွံခွာပြီးပါးပါးလှီးကာညှက်အောင်ပြုလုပ်ပေးပါ။ အကြမ်းပုဂံလုံးပြည့် ရေကျက်အေးနှင့်ရောပါ။နောက်..ရှောက်သီး(သို့)သံပုယိုသီးကိုလည်း အကြမ်းပုဂံလုံး(၁)လုံးပြည့်အောင် အရည်ညှစ် ပေးပါ။စိတ်ချရအောင် ပန်းသီးရှာလကာရည်ကို USA/Korea/Italy Brand ထဲမှရွေးချယ်ဝယ်ယူ၍ အကြမ်းပုဂံလုံးတစ်လုံး ပြည့်အောင်ထည့်ပါ။ပြီးနောက်အကြမ်းပုဂံလုံး တစ်လုံးစီတွင်ထည့်ထားတဲ့အမယ်(၄)မျိုး ကိုရောစပ်ပြီး မီးအေးအေးလေး ဖြင့် (မိနစ် ၆၀ )ခန့် (သို့)အကြမ်းပုဂံလုံး၎ခွက် မှ အကြမ်းပုဂံလုံး (၃)လုံးခန့်ကျန်သည်အထိကြို ပေးပါ။ပြီးလျင် အအေးခံ ထားပြီး ပျားရည်စစ်စစ် အကြမ်းပုဂံလုံး (၃)လုံးဖြင့်သမအောင်မွှေ၍ အိမ်ရှိဖန်ပုလင်းတစ်လုံးထဲထည့်ကာ သုံးဆောင်နိုင် ပါပြီ။များများလိုချင်လျှင် ထိုနည်းအတိုင်ဆတူတိုး၍ဖော်စပ်နိုင်ပါသည်။

ဆေးသောက်ရန်မှာ နံနက်အိပ်ယာထဘာမှမစားရသေးခင် ထမင်းစားဇွန်းနှင့်အပြည့်တစ်ဇွန်း သောက်ရပါမည်။ ၅မိနစ်လောက်နေမှ ရေသောက်ပါ။ ပြီးလျှင် စားနေကြအစားအစာများ၊သောက်နေကြ အခြားဆေးများအား ပုံမှန်သောက်သုံးလို့ရပါပြီ။
ဤဆေးရည်ကသင်၏ပိတ်နေ/ကျ ဉ်းနေသော သွေးကြောများကိုပြန်ဖွင့်ပေးပါလိမ့်မည်။ ဆေး၏အရသာ မှာလည်းကောင်းပါသည်။
 Credit: ကိုဇော်+မမိုး(ပိုင်အိုးနီးယား ၁၁၅မိုင်)

အစာလည်းဆေး ဆေးလည်းအစာ (Garlic_Milk)


နွားနို့ထဲ ကြက်သွန်ဖြူထည့်တဲ့ အခါ
နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီင်္း သောက်ကြည့်ဖူးပါသလား? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ရောဂါပိုးတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို မြင့်တင်ပေးတဲ့ အတွက် အစာခြေဖျက်အားကို ကောင်းမွန်စေပါတယ်။ အစာအိမ်နဲ့ အူမကြီးအတွက်တော့ ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးပါ။ ဒါ့အပြင် ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေ အနေနဲ့ အမျိုးသားရော အမျိုးသမီးပါ သောက်ပေးသင့်ပါတယ်။ မျိုးပွားကျန်းမာရေးကို အထောက်အကူ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ နွားနို့ကို တစ်ပတ်ကျော်ကျော် ဆက်တိုက်သောက်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ အဆီတွေကို ချပေးနိုင်ပြီး ကိုယ်အလေးချိန် ကျသွားစေနိုင်ပါတယ်။

garlic-milk
ကြက်သွန်ဖြူနွားနို့ ပြုလုပ်ရာမှာ အဓိက လိုအပ်တာတွေကတော့
နွားနို့
ကြက်သွန်ဖြူ ၁၀မွှာ
ရေ
သကြား – ၂ဇွန်း

ကြက်သွန်ဖြူတွေကို နုတ်နုတ်စင်းထားပါ။ ကျိုမယ့် ဒယ်အိုးထဲကို ရေနဲ့ရောစပ်ပြီးသား နွားနို့ အရင်ထည့်ပါ။ ကြက်သွန်ဖြူတွေကို ထည့်ပါ။ တစ်ဝက်လောက် ကျသွားတဲ့ အထိ ကျိုပေးပါ။ ပျစ်လာတဲ့အချိန်မှာတော့ မီးပိတ်ပြီး ခဏ အအေးခံပြီး သောက်လို့ ရပါပြီ။

#ST

No comments: