Friday, February 25, 2022

ထိုင်းဟင်းလျာအခှု့

ထိုင်း စတိုင်လ် ဆာတေးလ်ကင် 




Chicken satay..
      Gai satae....
With peanut dipping sauce and
Cucumber dipping sauce (a jab)

ကြက်ဆာတေးကင်၊မြေပဲဆော့စ်နဲ့ သခွားသီးသုပ်ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ နာမည်ကြီး Snack (popular menu)ပါပဲ။ ကြိုက်နှစ်သက်ရာ အသားနဲ့လုပ်စားလို့ရပါတယ်။

Marinade လုပ်ပုံ၊ အသားနှပ်တာနဲ့ ဆော့စ် တွေကတော့ တနေရာနဲ့ တနေရာ တူညီကြမှာမဟုတ်ပါဘူး။ ကြက်ရင်အုပ်သားကို သုံးလည်းရပါတယ်။ ဒါပေမယ့် ကြက်ရင်အုပ်အတွင်းသားကိုသုံးတာ ပိုပြီးနုအိလို့ စားကောင်းတယ်။


Chicken Inner Fillet အသားနှပ်နည်း...

Coconut milk. 160ml 2 can
အုန်းနို့ ဘူးအသေး ၂ ဗူး

Curry powder. 2 Tbsp
ကာရီ မှုန့်

Tumeric powder. 1/2Tbsp
နနွင်းမှုန့်.

Corainder powder 1 Tbsp
နံနံစေ့ အမှုန့်

Cumin powder 1 teaspoon
စမုံနက် မှုန့်

ကြက်သားမှုန့် 2 teaspoon

Plum sugar. 2 Tbsp
ထန်းညက် ပျော့

Salt 1/2 teaspoon
ဆား

(Chicken Inner Fillet 2 .5 kg
ကြက် သား ၂ ကီလို့ ခွဲ အတွက်ပါ။)

Marinade လုပ်ပြီးနောက် အချိန်
မိနစ်၃၀ သို့မဟုတ် ၁နာရီ လောက် ထားပြီး
ဝါးချောင်း မှာ ထိုးပြီး ကင်လို့ ရပါ ပြီ။

၁။ cucumber dipping sauce (a jab)
သခြားသီး သုပ် ဆော့

Cucumber sliced
သခွားသီး ပါးပါးလှီး 

White sugar 1 teaspoon
သကြား အဖြူ

Vinegar 4 Tbsp
အချဉ် ရည်

Salt
ဆား...အနည်းငယ်

Thai shallot sliced 2
ကြက်သွန်နီ ပါးပါးလှီး

Thai red chilli sliced
ငရုတ်သီးအနီ ပါးပါးလှီး အလှဆင်ရန်

Corainder lesves
နံနံရွက် အလှဆင် ရန်

ချိုချဉ်. အရသာ လေး ပါ..
.,........

၂။ peanut dipping sauce
မြေပဲ အုန်းနို့ ဆော့

Coconut milk 50g
အုန်းနို့

Tamarind paste 30g
မန်းကျည်းမှည့် အနှစ်

Brown sugar 50g
သကြားအညို

Water 1 cup
ရေ

Roasted peanut 30g
မြေပဲလှော် ထောင်းထားပြီး အမှု့န့်.. မညက်တညက်

Fish sauce 1Tbsp
ငါးငံပြာ ရည်

Salt.
ဆား

(အရသာ မြည်းပြီး မှထည့်ရန် )
ချို ချဉ် အရသာ နဲ့ မြေပဲ အနံ မွှေး...ပါတယ်။
အိုးတလုံး မီးအပူပေးပြီး ဆော့စ် ဖြစ်လာတဲ့ အထိ ကြို ပေး ရမယ်။

မှတ်ချက်.. မြေပဲလှော် ကို နောက်ဆုံးမှာ ထည့်ရ ပါမယ်..။

Kip Smile
4 November 2017
😘😍😌😇


ကင်းမွန် ဆားဘဲဥ ကြော် ...




ကြိုက် ကြမယ် လို့ ထင်ပါတယ်နော် ..။


Stir fried squid with salted duck egg ..

Pla meuk pad kai kem 

ပါမုန့်ဖက်ခိုင်စ်ခမ်


****လိုအပ်တဲ့ပစ္စည်း ****

ကင်းမွန် 200g (အဆင့်သင့် အနေအထား) 

ဆားဘဲဥ 1 လုံး အနှစ် အဝါရောင် ကို သုံးရန် 

ကြက်သွန်အဝါ အနေတော် တလုံး ပါးပါးလှီး

ငရုတ်သီး အနီ 1 တောင့် ..။

ကြက်သွန်ဖြူ 2 မွှာ

ဆီ ၃ ဇွန်း (အကြီး)

ကြက်သွန် မိတ် 2 ပင် 

တရုတ် နံနံပင် 2 ပင် 


 ဆော့လုပ် နည်း

  ခရုဆီ ၂ ဇွန်း အကြီး ထမင်းစားဇွန်း

  ပဲငံပြာ ရည် ၁ ဇွန်း ။

 ကြက် ပြုတ်ရည် 1/4 ခွက် 

 ငရုတ်ကြော် ဆီ ၁ ဇွန်း ။

 ငရုတ်ကောင်း အဖြူ .အနဲငယ် 


 ပြုလုပ် ပုံ 

*ဆီ ထည့် ပြီး နောက်ကြက်သွန်ဖြူ စင်းထားတာထည့်ပြီး ဆားဘဲဥ အနှစ် အဝါ ကို ဆီ နဲ့ လှိမ့်ပြီးကြော်ပါ..မီး အေးအေး နဲ့ နော် ။

ကြေသွားပြီဆို ကင်းမွန်ထည့်ပါ ။

ကြက်ဆွတ်ပြုတ် ရည် ထည့်ပါ ။

ရေ အနဲငယ် ခြောက် လာ ရင် တော့ ဆော့စ် လုပ်တဲ့ နည်း အတိုင်း လိုက်ထည့် ပေး ပါ ။

အဲနောက် ကြက်သွန် အဝါ ..ငရုတ်သီး ပါးပါးလှီးထားတာထည့် အရသာ မြည်း ကြည့်ပါ 

စိမ့် တဲ့ အရသာ ..

သကြား ကြိုက်ရင်တော့ အနဲငယ် ထည့် လို့ ရပါတယ် ...။

နောက် ဆုံး မှာ ကြက်သွန်မိတ် တရုတ်နံနံပင် 

ငရုတ်ကောင်း အဖြူ ကို ထည့်ပါ ..

ပန်းကန် မှာ ထည့် ပြီး အပေါ် က နေ ငရုတ်ကြော်ဆီ ကို ဆမ်း လိုက်ပါ ..။

အရောင်လဲလှ အရသာလည်း ရှိတဲ့

ကင်းမွန် ဆားဘဲဥ ကြော် ကို ရမှာပါ ။

လုပ္စား ကြည့်ပါ နော် ။


Love all !😍

Kip Smile

23 /2/ 2018 


 ထိုင်း ထမင်းကြော်   

Thai style fried rice 

ခေါက်ဖက်စ်




အရမ်း ကို လွယ်ကူပြီး ကြိုက်သူ များတဲ့ထမင်းကြော် ..

ထမင်းကြော် ဆိုတာ ကလဲ အမျိုးမျိုး ကို ရှိပါတယ် ။ ပုံစံ အမျိုးမျိုး ပါဝင်ပစ္စည်းအမျိုးမျိုးပေါ့ နော် ကြိုက်ရာ အသားငါး ပင်လယ်စာ စသသည့်ဖြစ်ပေါ့...။


အခု ပြော မဲ့ပုံစံကေတာ့ ဆိုင်မှာရောင်းနေတဲ့ပုံစံ

ပါ ...။


*********ပါဝင်ပစ္စည်း ****

(တပွဲစာ )


ထမင်း တခွက် 

ကြက်ဥ ၁ လုံး 

အသား 60g

ဆီ ၂ ထမင်းစာဇွန်း 

ကြက်သွန်ဖြူ 

ကြက်သွန်အဝါ ၊ ခရမ်းချဉ်သီး ၊ ဥ နီ ၊ ကြက်သွန်မိတ် (သို့) ခိုက်လန် kana ရွက်

ဒါတွေ ကို အရွယ်အစားတူ small Dice အံစာတုံး ပုံ အရွယ်အသေးလေးတွေ ရအောင် လွီးထားပါ ။*တချို့နေရာမှာလဲ ဒီလို့ မျိုးတော့ လှီးပြီးသုံးချင်မှ သုံးမှာပါ ..မိမိကြိုက်သလို

သလိုသုံး နိုင်ပါတယ်။


ကြော်နည်း 

အယ်အိုးမာ ဆီ ထည့်ပြီး အနည်းငယ်ပူ လာရင်တော့ ကြက်သွန်ဖြူ ကို ဓားပြား နဲ့ ရိုက်ပြီး ထည့်ပါ ၊

အသား ထည့်ပါ ပဲငံပြာရည်ဆော့ (သို့) seasoning sauce အနည်းငယ်ထည့်ပါ ။

အရသာ ရှိစေဖို့ ကျက် လောက်ပြီးဆို လှီးထားတာတွေ ထည့် ...အနည်းငယ်ကြော် ပြီး ကြက်ဥ ခေါက်ထည့်ပါ...အရွက် တွေ အနည်းငယ်ချက် ဖို့တော့ လိုပါ ..အစိမ်းနံ မရအောင်ပါ..ကြက်ဥ ကို မွှေကြော် ပေးပြီး နဲနဲ ခြောက်မှတာ ထမင်းထည့်ပါ ။

ကြက်ဥ မခြောက် ထမင်းထည့်တော့ ထမင်းကြော် စို စို ကြီး စားမကောင်းပါဘူး နော် ...။


ခရုဆီ ထမင်းစားဇွန်း တ ဝက် 

ပဲငပြာရည် .သို့ seasoning sauce 

  ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ ..

ဆား ၊ သကြား ၊ ငရုတ်ကောင်း ၊ လက်နဲ့ အနည်းငယ် ထည့်ပါ ..

ဆား နဲ့ ကြော် တဲ့ ထမင်းကြော် အရမ်းအရသာ ရှိတယ်နော် ..အရင်တုန်း က ဆော့ မရွိ ငယ်ငယ်တုန်းက အဒေါ် ကြော်ကျွေး တဲ့ မနက်စာ ထမင်းကြော် ကို သတိရမိပါတယ် ..

မီး ပြင်းပြင်း နဲ့ ကြော် ပါ 

အရသာ မြည်း ...ပေါ့ နေ ဖို့ လိုပါတယ် 

အရသာ မငံ စေပါနဲ့ ..

ဘာကြောင့် လဲဆို တော့ ထိုင်း ထမင်းကြော် ငံပြာရည် နမ့်ပါဖစ် (သို့) ဖစ်နမ့်ပါ 

ဆိုတဲ့ ငံပြာရည် fish sauce 

           ငရုတ်သီး အစမ် ပါးပါးလှီး

           ကြက်သွန်ဖြူ ။

           သံပုရာသီး ။


 အားလုံး ပေါင်း ပြီး ပန်းကန်လုံး ထမင်းကြော် ပန်းကန်နဲ့ တွဲပြီး ဧသည့် ကို ပေးရပါတယ် ...မပါ မဖြစ် ပေါ့နော် ထိုင်း စတိုင်

ပန်းကန်ပြင်ဆင် ဖို့ ကေတာ့ 

ဘေးမှာ သခွားသီး ပါးပါးလှီး ၅ ခု 

             ကြက်သွန်မိတ် တ ပင် ပုံပါ 

             သံပုရာသီး တ စိတ် 

    မပါ မဖြစ် မထည့် မရ ..ထိုင်း ထမင်းကြော် 

အပေါ် က အလှဆင် တာကေတာ့ နနံရွက် 

   သို့ 

ကြက်သွန်မိတ် ပါးပါးလှီးပြီး ဖြူး ပေးရင်လဲရပါတယ် ...

ဒါ ကေတာ့ kip ဆိုင်မာ ရောင်းနေတဲ့ ပုံစံ ပေါ့နော် 

တချို့ နေရာ ဈေး တွေ street foods ဆိုင်တွေမာ လဲ ပုံစံ အမျိုးမျိုး နဲ့ ထိုင်း ကျု ရောက်ဖူး တဲ့ မိတ်ဆွေ မ်ား က တွေ့ဖူးမာပါ..။


စေတနာဖြင့်မျှဝေ ..

အမှားပါရင် ပြင်ဖတ်ပေးပါ နော် 

အစဉ်အမြဲ ကြိုးစားလျက် 

အားလုံးချစ်ခင်လေးစားတဲ့ 

Kip Smile

6 /5/2018 😍

မင်္ဂလာပါ နော် 😍


Stir fried wild rice noodle soy sauce with meat ,egg,vegetables 

(Pad see we )

ဖက်စအီစ်း   




*ဆန်ပြား ခေါက်ဆွဲ ဆို ပေမဲ့လဲ 

တခြား ခေါက်ဆွဲနဲ့လဲ ကြော်လို့ ရပါတယ် ။

ဆန်ကြာဇံ နဲ့ လဲစားကောင်းပါတယ်နော်😍


**အသားငါး က တော့ မိမိကြိုက်နှစ်သက်ရာ ကိုထည့်ပါ။


*** အသီးအရွက် ကေတာ့ အဓိ က 

  ကိုက်လန်(သို့) ခနားရွက် ဥနီ စသည့်ဖြစ်

 အဆင်ပြေရာ .ကြိုက်ရာ ကို ထည့်ကြော်ပါ

သက်သက်လွတ်ကြော် လဲ တယ် ။


ပါဝင်ပစ္စည်း 

*******တစ်ပွဲစာ


Wide white noodle ဆန်ပြားခေါက်ဆွဲ 120 g 

   Meat အသားငါး ကြိုက်ရာပေါ့နော် 60 g

Whole egg ကြက်ဥ တ လုံး 

Vegetable အသီးအရွက် ရွိတာ နဲ့ ကြိုက်တာ

Garilc chopped ကြက်သွန်ဖြူ ၁ဇွန်း ကော်ဖီဇွန်း 

Oil ဆီ ၂ ဇွန်း ထမင်းစားဇွန်း

Oyster sauce ၁ ။ ။

   ခရုဆီ               

Soy sauce ၂ ။ ။

ပဲငံပြာရည် 

Dark soy sauce တစက် ...အနည်းငယ် 

ပဲငံပြာရည် အမဲ 

Sugar သကြား အနည်းငယ် 

White pepper ငရုတ်ကောင်း အဖြူ အနည်းငယ် 

Seasoning sauce ၂ ဇွန်း ထမင်းစားဇွန်း 

အဖုံး အစိမ်းရောင် 


ကြော်ပုံ

******

အကြံပေး ချင်တာကတော့ ..

😗ခေါက်ဆွဲပြား ကို အယ်အိုး နဲ့ အများ စားဖို့ ကြော်မယ်ဆို 

ခေါက်ဆွဲပြား ကို အရင်ဆုံး ပဲငံပြာရည် အမဲ နဲ့ရော ပြီး သမ အောင်မွှေပေးပါ ။

အညွိ ရောင် ရအောင် ထိ ..နှံစပ် အောင် လောင်းထည့် ပါ။

အရောင် ရမှ ကြော်လိုက်ရင် လှမှာ

တရောင် ထဲ တပြေ ထဲ ရ မာပါ ။


😍 ထည့်မဲ့ အသီးအရွက်တွေ ကို ရေနွေး မာ ခဏေလး ဖျော့ ထားပြီးဇကာ နဲ့ စင်ထည့် ပါ

အစိမ်း နံ မထွက်ရအောင်ပေါ့ နော် ။

အယ်အိုး မာ ဆီ ထည့် ပူ လာရင် ကြက်သွန်ဖြူ

ထည့်ပါ ။

အဝါ ရောင် တမ်း လာပြီဆို ရင် အသား ထည့်ပါ ။

ကျက်ပြီ ဆို ကြက်ဥ ဖောက်ထည့်ပါ။

ကြက်ဥ နဲ့ အသားတွေ ကို ရော မွေ ပြီး ခြောက်တဲ့ အေနအထား လောက်မာ ခေါက်ဆွဲပြား ကိုထည့် 

အရသာ တွေ ထည့် ၊

ခဏလောက် မွှေကြော် ပြီးရင် ၊

အပေါ် ကေန ငရုတ်ကောငွးမှုန့် ဖြူးပေးပြီး 

ပန်းကန်မာထည့် ပြီး ရင် သုံးဆောင်နိုင်ပါပြီ

  ပန်းကန်ဘေး မှာ  

ငရုတ်သီးမှုန့် 

သံပုရာသီး တစ်ခြမ်း

  (သို့ ) စားပြဲမာ 

ငရုတ်သီးမှုန့် 

 သြကား

ငံပြာရည် 

အချဉ်ရည် .ငရုတ်သီး အကြီး ပါးပါးလှီးး 

Street foods 

ထိုင်းမှာ လာလည်ဖူးသူများလဲ သိကြမှာပါ။

မိမိ ဆိုင်မာ ရောင်း ချင်သူများ အတွက် လဲ

အဆင်ပြေ မဲ့ menu လေးပါ ။


အဆင်ပြေပါစေ 


အစဉ်အမြဲကြိုးစားလျက် 

အားလုံး ကို ချစ်ခင်လေးစား လျက် 

Kip Smile

Love all !

😙😗😍

No comments: