Thursday, February 10, 2022

အသျှင်အဘိဇာတာဘိဝံသ စစ်ကိုင်းဆရာတော်

 ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းမျှ ကူးယူဖော်ပြအပ်ပါသည်🙏 🙏 🙏

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




ဓမ္မာစရိယ (၁၀)ဘွဲ့၊ပါဠိပါရဂူ (၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊

မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ရ

 မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓါရုံကျောင်းတိုက်၊ 

ဒွါဒသမ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

အသျှင်အဘိဇာတာဘိဝံသ  စစ်ကိုင်းဆရာတော်


***********************************

ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်း

*************************************


မုံရွာမြို့ သဒ္ဓမ္မဇောတက သုဗောဓါရုံကျောင်းတိုက်၊ 

နာယကဆရာတော်

ရန်ကုန်မြို့ သဒ္ဓမ္မမာနိတာရုံကျောင်းတိုက်

နာယကဆရာတော်

ဒွါဒသမ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋက ဓရ ဓမ္မဘဏ္ဍာဂါရိက 

ဆရာတော် အသျှင်အဘိဇာတာလင်္ကာရာဘိဝံသ


ဝိဇာတမင်္ဂလာ

~~~~~~~~~~~~


ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင် ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀-ပြည့်နှစ် သီတင်းကျွတ်လဆန်း (၈)ရက်၊ (၂၉-၉-၁၉၆၈)ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ခဲ့သော သားရတနာ ဖြစ်သည်။ မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်သည်။ ဆရာတော် သည် (၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင် မိဘနှစ်ပါး၏ ပစ္စယာ နုဂ္ဂဟဖြင့် ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာကျောင်း ဆရာတော်က ဦးပဇ္စျာယ်ပြု၍ ရှင်သမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။


(၁) ဘဒ္ဒန္တမာနိတာလင်္ကာရာဘိဝံသ (ဓမ္မမာနိတာရုံဆရာတော်၊ စက်မှု-၂၊ မန္တလေး)

(၂) (မောင်ချစ်အောင်) (ငယ်စဉ်က ဆုံးပါး)

(၃) တိပိဋကဓရဆရာတော်

(၄) ကိုအောင်သောင်း

(၅) ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ (Delhi University, New Delhi, India)

(၆) မသိန်းသိန်းဆယ်

(၇) မသိန်းသိန်းဆွေ ဟု မွေးချင်း ခုနှစ်ယောက် ရှိရာ တတိယမြောက် သားသရတနာ ဖြစ်သည်။


~~~~~~

ပဗ္ဗဇ္ဇမင်္ဂလာ

~~~~~~


၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း (၁၁)ရက် (၂၉-၁၀-၁၉၇၉) ကြာသာပတေးနေ့တွင် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဆင်နှင်းကျေးရွာ ဇမ္ဗူ့မင်္ဂလာ ရွှေရပ်သာကျောင်းဆရာတော်ကို ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့သည်။


~~~~~~

သိပ္ပမင်္ဂလာ

~~~~~~


၁၃၄၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁)ရက်၊ (၁၄-၁၂-၁၉၇၉) ရက်နေ့မှာပင် ဦးလေးတော်၊ နောင်တော်များရှိရာ စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံ ကျောင်းတိုက်သို့ ပညာရင်နို့ သောက်စို့ရန် ရောက်ရှိခဲ့သည်။ ရှင်သာမဏေဘဝတွင် ဦးလေးတော်၊ နောင်တော်တို့၏ အနီးကပ် ကြပ်မတ်ပဲ့ပြင်မှုဖြင့် ပညာင်ကြားခဲ့ရာ 'သာသနာလင်္ကာရ သာမဏေကျော်' ဘွဲ့နှင့် 'သာသန ဓဇဓမ္မာစရိယ' ဘွဲ့တော်တို့ကို ရှင်သာမဏေ ဘဝမှာပင် ရရှိခဲ့သည်။ 


~~~~~~

ဥပသမ္ပဒမင်္ဂလာ

~~~~~~


၁၃၄၉-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်၊ ( ၄- ၁-၁၉၈၈ )ရက် တနလာင်္နေ့တွင် ဝက်လက်မြို့၊ ကြံ့ခိုင်ရပ်၊ ဦးသန်းထွန်း +ဒေါ်ဟန်ညွန့်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ဝက်လက်မြို့၊ သီရိရပ်၊ ဓမ္မာရုံကျောင်း၊ သာသနဝိလာသိနီသိမ်တော်တွင် မြင့်မြတ်သော ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။ ဥပဇ္စျာယ်ဆရာတော်မှာ နောင်တွင် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဖြစ်လာမည့် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဖြစ်သည်။ 

နောင်တွင် ကုသိုလ်ရှင် များစွာတို့က သိက္ခာထပ်မင်္ဂလာ ပြုလုပ်ခဲ့ကြသည်။ 


~~~~~~

ဝိဇယမင်္ဂလာ

~~~~~~


ဆရာတော်သည် တစ်ဖက်တွင်ကျောင်းတိုက် အတွက် စာပေပို့ချမှု၊ အုပ်ချုပ်မှုတာဝန်များကို အထက် မထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိအတွက် အထက်တန်းပိဋကစာပေများကို လေ့လာဆည်းပူးကာ မြန်မာပြည်အရပ်ရပ်ရှိ စာပြန်ပွဲ၊ စာမေးပွဲများ၌ တတ်စွမ်းသမျှ ဝင်ရောက်ပြန်ဆို ဖြေဆိုခဲ့ရာ ယခု(၁၃၇၁)ခုနှစ် အထိ စာပြန်ပွဲ၊ စာမေးပွဲပေါင်း (၅ဝ)ကျော် (၆ဝ)ခန့်ကို ပြန်ဖြေဆို အောင်မြင်ခဲ့သည်။ 

ဓမ္မာစရိယ (၁၀)ဘွဲ့၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၅)ဘွဲ့နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၇)ဘွဲ့ကို ဆွတ်ခူး ရရှိခဲ့သည်။ 


(နှစ်စဉ်အလိုက် ရရှိခဲ့သော ဘွဲ့တံဆိပ်များကို သီးသန့် ဖော်ပြထားသည်။)


~~~~~~

စာပေကျေးဇူးရှင်များ

~~~~~~


ဘဒ္ဒန္တအဘိဇာတာဘိဝံသ၏ စာပေကျေးဇူးရှင်များမှာ-

(၁)ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာ ကျောင်းဆရာတော်၊

 (၂)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အာရာမသမုဋ္ဌာပက ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် နိကာယ ဥပက္ကဋ္ဌ မဟာနာယက (တွဲဖက်ရွှေကျင်သာသနာပိုင်) ဆရာတော်၊ 

(၃)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်(ဒုတိယ) ပဓာနနာယက၊ ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ပါမောက္ခချုပ် ၊အဘိဓမ္မာမဟာသိပ္ပံပါမောက္ခချုပ်၊ စစ်ကိုင်းမြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ၊ 

(၄)မတ္တရာမြို့၊ သာသနဇောတာရုံ ကျောင်းတိုက် နာယကဆရာတော်၊ 

(၅) သုဗောဓက ဂဏဝါစကများ ဖြစ်ကြသော အရှင်အဓိဝါသ၊ အရှင်ဓိနောရသ၊ အရှင်ပိဏ္ဍောလာဘိဝံသ၊ 

(၆) ဦးလေးတော် နောင်ချိုမြို့၊ ကတီပင်ကျောင်း ဆရာတော် ဘဒ္ဒန္တ ဥတ္တမ၊ 

(၇)နောင်တော်-မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)၊ ဓမ္မမာနိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊ 

(၈)နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။ 


ဆရာတော်၏ ထူးခြားချက်တစ်ခုမှာ နောင်တော် ဘဒ္ဒန္တမာနိတာဘိဝံသနှင့် ညီတော် ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ ( သစသအ ) ဓမ္မာစရိယတို့နှင့် အတူ ညီအစ်ကို (၃)ဦးစလုံး သာသနာလင်္ကာရ ဘွဲ့ကို သာမဏေဘဝတွင် ရရှိခဲ့သူဖြစ်သည်။ 


~~~~~~

သာသနာ့တာဝန်ထမ်းဆောင်ခြင်း

~~~~~~


ဘဒ္ဒန္တအဘိဇာတာဘိဝံသသည် ရဟန်းဖြစ်သည့်နှစ်မှ စ၍ယနေ့တိုင်အောင် နှစ်ရှည်လများ သောတုဇနတို့အား စာဝါများပို့ချခဲ့သည်။ ကျေးဇူးရှင် (ပထမ) ပဓာန နာယက ဆရာတော် ဘုရားကြီး ၏ ၁၃၆၀-ပြည့်နှစ် (၁၉၉၈-ခုနှစ်)တွင် "တွဲဖက် ဒုတိယတိုက်ကြပ်" အဖြစ်လည်းကောင်း၊ ၁၃၆၉နှစ် (၂၀၀၇-ခုနှစ်)တွင် "ဒုတိယတိုက်ကြပ်" အဖြစ်လည်းကောင်း၊ တာဝန်ပေးအပ် ချီးမြှောက်မှုကို ခံယူခဲ့ရသည်။


ထို့အပြင် ဆရာတော် ဘုရားကြီး ၏ အမိန့်အရ သောတုဇနငယ်များ လေ့လာရန်...


၁၊ သုဗောဓက အင်္ဂုတ္တရနီတိ (ပထမအဆင့်)

၂၊ သုဗောဓက ဓမ္မပဒနီတိ (ပထမအဆင့်)

၃၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလပထမအဆင့်)

၄၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလဒုတိယအဆင့်)

၅၊ သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလတတိယအဆင့်)

ကျမ်းစာငယ်တို့ကို ပြန်လည်စုစည်း ဖေါ်ထုတ်ရေးသားခဲ့ကာ ဓမ္မဒါနပြုခဲ့သည်


ဆရာတော်၏ စာရေးဆရာ ကလောင်အမည်များမှာ မေ့သားလှ(အောင်မြေ)နှင့် ဓမ္မာစရိယဓမ္မအောင်စည်တို့ ဖြင့်လည်း သာသနာပြု ကဗျာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။ 


၁၃၇၀-ပြည့်နှစ်၊ တပို့တွဲလပြည့် (ပါတိမောက်အခါတော်နေ့) (၉-၂-၂၀၀၉) တွင် နောင်တော်, ညီတော်များ နှင့်အတူ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)၊ ၆၃x၆၄ လမ်းကြား၌ "ဓမ္မဓာနိတာရုံစာသင်တိုက်" ကို တည်ထောင်ဖွင့် လှစ်ခဲ့သည်။ ၁၃၇၅-ခု၊ နယုန်လတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရှမ်းတဲကြီး ရပ်ကွက်၌ "သဒ္ဓမ္မမာနိတာရုံ ကျာင်းတိုက်" ကိုတည်ထောင်ဖွင့်လှစ်ခဲ့သည်။


~~~~~~

နှစ် အလိုက်ရရှိခဲ့သော ဘွဲ့တံဆိပ်များ

~~~~~~


၁၊ မန္တလေး ပရိယတ္တိသာသန ဟိတ သာသနာလင်္ကာရ သာမေဏေကျော်။ (၁၃၄၈-ခု)

၂၊ အစိုးရ သာသနဓဇဓမ်မာစရိယ။ (၁၃၄၈-ခု)

၃၊ အစိုးရ သာသနဓဇသိရီပဝရ ဓမ္မာစရိယ (အင်္ဂုတ္တိုရ်မြန်မာဂုဏ်ထူး) (၁၃၅၀-ပြည့်)

၄၊ ကျောင်းတိုက် သုဗောဓက ဓမ္မာစရိယ။ (၁၃၅၂-ခု)

၅၊ အစိုးရ သာသနဓဇဓမ္မာစရိယ ဝိနိယပါဠိပါရဂူ။ (၁၃၅၂-ခု)

၆၊ မြင်းခြံ ပရိယတ္တိသဒ္ဓမ္မပါလ ဓမ္မာစရိယ။ (၁၃၅၄-ခု)

၇၊ ရန်ကုန် စေတိယဂင်္ပရိယတ္တိဓမ္မာစရိယ ဂဏဝါစက (၁၃၅၄-ခု)

၈၊ အစိုးရ သာသနဓဇဓမ္မာစရိယ ဒီဃနိကာယပါဠိပါရဂူ (၁၃၅၄-ခု)

၉၊ မန္တလေး ပရိယတ္တိသာသနဟိတဓမ္မာစရိယ (၁၃၅၆-ခု)

၁၀၊ မော်လမြိုင် သုသမာစာရဓမ္မာစရိယ ပိဋိကတ္တယ အဂ္ဂဝိသိဠ ကောဝိဒ။ (၁၃၅၇)

၁၁။ အစိုးရ ဥဘတောဝိဘင်္ဂဓရ။ (၁၃၅၇-ခု)

၁၂။ အစိုးရ ဥဘတောဝိဘင်္ဂကောဝိဒ။ (၁၃၅၈-ခု)

၁၃။ ရန်ကုန်-နိကာယုဇ္ဇောတက ဓမ္မဝိသာရဒ ဝိနယဓရ (နှစ်ချင်း) (မစိုးရိမ်ဆရာတော်ကြီးဆု)။ (၁၃၅၉-ခု)

၁၄။ အစိုးရ ဝိနယဓရ။ (၁၃၅၉-ခု)

၁၅။ အစိုးရ ဝိနယကောဝိဒ။ (၁၃၅၉-ခု) (အာဂုံရေးဖြေ ပူးတွဲအောင်မြင်သည်)။

၁၆။ ရန်ကုန်-နိကာယုဇ္ဇောတက ဓမ္မဝိသာရဒဒီဃဘာဏက။ (နှစ်ချင်း) (ရေစကြိုဆရာတော်ကြီးဆု) (၁၃၆၀-ခု)

၁၇။ အစိုးရ ဝိသိဋ္ဌဝိနယဝိဒူ။ (တစ်နိုင်ငံလုံးပထမ) (၁၃၆၀-ပြည့်နှစ်)

၁၈။ အစိုးရ ဒီဃဘာဏက။ (၁၃၆၀-ပြည့်နှစ်)

၁၉။ ရန်ကုန် နိကာယုဇ္ဇောတက ဒီဃနိကာယ အဂ္ဂမဟာဓမ္မာစရိယ။ (မစိုးရိမ်ဆရာတော်ကြီးဆု) (၁၃၆၁-ခု)

၂၀။ အစိုးရ ဒီဃနိကာယဝိဒူ။ (၁၃၆၁-ခု)

၂၁။ အစိုးရ ဒီဃနိကာယေကာဝိဒ။ (၁၃၆၁-ခု)

၂၂။ ရန်ကုန် နိကာယုဇ္ဇောတက အတ္ထဝိသာရဒမူလအာဘိဓမ္မိက။ (နှစ်ချင်း) (ရန်ကုန်တိပိဋကဓရဆရာတော်ကြီးဆု) (၁၃၆၂-ခု)

၂၃။ အစိုးရ သာသနဓဇဓမ်မာစရိယ အဘိဓမ်မပါဠိပါရဂူ။ (၁၃၆၂-ခု)

၂၄။ အစိုးရ မူလအာဘိဓမမြိက။ (၁၃၆၂-ခု)

၂၅။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မဝိဒူ-၁။ (တစ်နိုင်ငံလုံးပထမ) (၁၃၆၃-ခု)

၂၆။ အစိုးရ ဝိနယမဟာဝိဒူ။ (၁၃၆၄-ခု)

၂၇။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက မူလဘာဂဓမ္မာစရိယ။ (၁၃၆၅-ခု)

၂၈။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မမဟာဝိဒူ-၁။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၅-ခု)

၂၉။ အစိုးရ မူလအာဘိဓမ္မိကကောဝိဒ။ (၁၃၆၅-ခု)

၃၀။ မိုးကုတ် နိကာယဝုဍ္ဎိသမိတိအာဘိဓမ္မိကကောဝိဒ။ (၁၃၆၆-ခု)

၃၁။ ရန်ကုန် နိကာယုဇ္ဇောတက မဇ္ဈိမဘာဂအာဘိဓမ္မိက။ (နှစ်ချင်း) (ပဉ္စနိကာယ သာသနာ့ဗိမာန်ဆရာတော်ကြီးဆု) (၁၃၆၆-ခု)

၃၂။ အစိုးရ အဘိဓမ္မဝိဒူ-၂။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၆-ခု)

၃၃။ မန်တလေး ပရိယတ်တိသာသနဟိတအာဘိဓမ်မိက။ (၁၃၆၆-ခု)

၃၄။ အစိုးရ ဝိသိဋ္ဌအဘိဓမ္မမဟာဝိဒူ-၂။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၆၇-ခု)

၃၅။ ရန်ကုန် နိကာယုဇ္ဇောတက အတ္ထဝိသာရဒ ဥပရိဘာဂ အာဘိဓမ္မိက။ (နှစ်ချင်း) (မစိုးရိမ်ဆရာတော်ကြီးဆု) (၁၃၆၇-ခု)

၃၆။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိကတိပိဋကဓရ။ (၁၃၆၇-ခု)

၃၇။ အစိုးရ အင်္ဂုတ္တရနိကာယဝိဒူ။ (၁၃၆၈-ခု)

၃၈။ အစိုးရ အာဘိဓမမြိက။ (၁၃၆၈-ခု)

၃၉။ အစိုးရ တိပိဋကဓရ။ (၁၃၆၈-ခု)

၄၀။ အစိုးရ အင်္ဂုတ္တရနိကာယမဟာဝိဒူ။ (တစ်နိုင်ငံလုံးတစ်ပါးသာ) (၁၃၇၁-ခု)

၄၁။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက မဇ္ဈိမဘာဂဓမ္မာစရိယ။ (၁၃၇၁-ခု)

၄၂။ အစိုးရ အဘိဓမ္မကောဝိဒ။ (၁၃၇၁-ခု)

၄၃။ အစိုးရ တိပိဋကေကာဝိဒ။ (၁၃၇၁-ခု)

၄၄။ အစိုးရ ဒီဃနိကာယမဟာဝိဒူ။ (၁၃၇၂-ခု)

၄၅။ ရန်ကုန် နိကာယုဇ္ဇောတက အာဘိဓမ္မိက ဥပရိဘာဂဓမ္မာစရိယ။ (၁၃၇၄-ခု)

၄၆။ အစိုးရ မဇ္ဈိမနိကာယဝိဒူ။ (၁၃၇၇-ခု)

၄၇။ အစိုးရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက။ (၁၃၇၇-ခု)


တိပိဋကဆရာတော်သည် ပါမောက္ခချုပ်ဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်သည့် မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက်တွင် နာယကဆရာတော်အဖြစ် သီတင်းသုံးလျက် သာသနာပြုတော်မူပါသည်။  


၁၃၈၃ ခု တပို့တွဲလဆန်း ၇ ရက် နေ့တွင် ဘ၀နတ်ကျောင်း ပြောင်းရွှေ့စံတော်မူပါသည်။

 

Via: Ashin Sanda Zawti ရဲ့ စာမျက်နှာမှ ကူးယူဖော်ပြသည်။

No comments: