Friday, February 4, 2022

ပုစွန်ရွှေဖရုံသီးချက် - သီးနှံစုံ ကျေးလက်စတိုင်လ် - မရမ်းသီး နဲ့ ပဲပုပ်စေ့အစပ်ကြော်

 ပုစွန်ရွှေဖရုံသီးချက် - သီးနှံစုံ ကျေးလက်စတိုင်လ် - မရမ်းသီး နဲ့ ပဲပုပ်စေ့အစပ်ကြော်


ပုဇွန် နှင့် ရွှေဖယုံသီးဟင်း ကသိပ်ကိုအရသာရှိပြီး ထမင်းမြိန်စေသောဟင်းတစ်ခွက်ဆိုတာ ယုံကြည်လိုက်ပါ။




ပါ၀င်ပစ္စည်းများ (ဆီသတ်ရန်) 

ကြက်သွန်ဖြူ  ၃ တက် (ညက်ညက်လေးထောင်းထားပါ)

ကြက်သွန်နီ ၂ လုံး (ညက်ညက်လေးထောင်းထားပါ)

ချင်း လက်တစ်ဆစ် (ထောင်းထားပါ)

စပါးလင်  ၁ ချောင်း (ထုထုံးထားပါ)

နနွင်းမှုန့် ၁ ဇွန်း  လက်ဖက်ဇွန်း

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

အသီးအရွက်ဆီ ၃ ဇွန်း စားပွဲဇွန်း


ပါ၀င်ပစ္စည်းများ

ပုဇွန် ၃၀ ကျပ်သား (အခြံခြာထားပါ)

ရွှေဖယုံသီး ၁ စိတ် (အခွံခွာပြီး အတုံးတွေ တုံးထားပါ)

ကြက်သွန်မြိတ် ၂ ပင် (ပါးပါးအကွင်းတွေ လွီးထားပါ၊ ဟင်းကျက်ခံနည်းမှထည့်ပါ)


ပြုလုပ်နည်း

၁။ မကပ်သော အိုးထဲ ပဲဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျင် အိုးထဲ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာသိအထိဟင်းအနှစ်ကို သေချာမွှေပြီးတည်ပါ။

၃။ အနှစ်ထဲ ရွှေဖယုံသီးထည့်ပါ။ ပြီးလျင် ရေအနည်းငယ်ထည့်ပါ။ မီးအနေတော် ဖြင့် အဖုံးအုပ်ြ့ပီး ဖယုံသီးအနည်းငယ်နူးအိသည်အထိ တည်ပါ။ ပုဇွန်ရောပါ ရေအနည်းငယ် ထပ်ထည့်ပါ။ အနှစ်အရသာ ၀ငျအောငျသခြော မွှေပေးပါ။ ရေခန်းသွားပြီး ဆီပြန်လာလျင် မီးပိတ်ပြီး ကြက်သွန်မြိတ် ဖြူးပြီး ဆားအပေါ့အငံမြည်းပြီး မီးဖိုပေါ်မှချပါ။ 

#shrimp #shrimpcurry #pumpkin


အသီးအနှံစုံ အစပ် ကျေးလက်ချက်

(Village Style Spicy Vegetable with Shrimp)

....................................




 အသားကြီး ငါးကြီးမစားသော သူများနှင့် အသီးအနှံကြိုက်သူများအတွက် ပုစွန်ဆိတ်လေးတွေရဲ့ အချိုဓာတ်ကို အဓိကထားပြီး ချက် ပြုတ်ထားသော ထမင်း မြိန်မြိန်ဖြစ်စေမယ့် ဟင်းတစ်ခွက်ကို ပြန်ချက်စားလို့ရအောင်ရှယ်လိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

....................

- ပုစွန်ဆိတ် - ၃၀ ကျပ်သား (ခေါင်းေြွခထားပါ)

- ရေ - ခွက် ၁-၂ ခွက် 

- ဆား - လိုသလောက်လေး 

- ပဲပိစပ္ဆီ - စားပွဲဇွန်း ၁ ဇွန်း ခြဲ

- နနွင်းမှုန့် - လက်ဖက်ဇွန်း ၁ ဇွန်း ခြဲ

- ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း 

- စိမ်းစားငါးပိ - စားပွဲဇွန်း ၁ ဇွန်း ခြဲ

- ချဉ်ပေါင်ရွက် - ၁ စည်း (အရွက်တွေေြွခထားပါ)

- ပဲသီးရှည် - ၈ ချောင်း (လက် ၂ဆစ်အရွယ်လှီးထားပါ)

- ရုံးပတီသီး - ၈ တောင့် (ထိပ်ဖြတ်၊ သုံးပိုင်းပိုင်းထားပါ)

- ထောပတ်ခရမ်းသီး - ၅ လုံး (အခွံခွာပြီး လက် ၂ဆစ်အရွယ်ရှည်လေး တွေ လွီးထားပါ)

- ခရမ်းသီး - ၂ လုံး (အခွံခွာပြီး လက် ၂ဆစ်အရွယ်ရှည်လေး တွေ လွီးထားပါ)

- မျှစ် - ၂ ချောင်း  (အတုံးကြီးကြီးလေးတုံးထားပါ)

- ငရုတ်သီစိမ်း - ၁၀ တောင့် (အနေတော် လေးတွေ လွီးထားပါ)

- နံနံပင် - ၅ ပင် (အရွက်တွေ ေြွခပြီး ဟင်းကျက်လျှင်အပေါ်မှ အုပ်ရန်)


ပြုလုပ်နည်း

..............

၁။ ဇောက်နက်အိုးထဲ နံနံပင်ကလွဲ လို့ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ၁၃-၁၅ မိနစ်လောက် တည်ပါ။ မကြာခဏမွှေပေးပါ။ အဖုံးအုပ်ပြီး တည်ပါ။

၂။ ရေအနည်းငယ် ခန်းလာလျှင် ဆားမြည်းပါ လိုတာထပ်ဖြည့်ပါ။ ရေအနည်းငယ်ခန်းပြီး ပျစ်တဲ့ အထိတည်ပါ။ မီးပိတ် နံနံပင်အုပ် ပါ။ ထမင်းပူပူဖြင့် တွဲစားလျှင် လိုက်ဖက်ပါသည်။

...............................

Syi Lwin

Foods Garden


မရမ်းသီးစိမ်း နဲ့ ပဲပုတ်စေ့အစပ်ကြော် (Marian with Dried soybean Spicy Fried)




ချဉ်ငံစပ်ဆိမ့် ကြိုက်သူများ အတွက် မရမ်းသီးစိမ်းကို ပဲပုတ်စေ့နဲ့ ကြော်ထားတယ့် အနံမွှေးမွှေးလေးက ဆွဲဆောင်မှုများ ပေးသလို ထမင်း မိန်စေသော အရသာလဲ အပြည့်အ၀ရှိတာကြောင့် ကြော် စားလို့ရအောင် ရှယ်လိုက်ပါတယ်။ ကြော်စား ဖြစ်အောင် ကြော်စားကြည့်နော်.


ပါ၀င်ပစ္စည်းများ

မရမ်းသီးစိမ်း ၁၀ ကျပ်သား (စေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)

ပဲပုတ်စေ့ ၃ ဇွန်း စားပွဲဇွန်း 

ဆား အနည်းငယ်

ရှမ်းနံနံ ၃ ပင် (အရွက်ချွေပြီး ခတ်သေးသေးလှီးထားပါ)


အုပ္စု (က)

ငရုတ်သီးခွဲကြမ်း ၃ ဇွန်း ခြဲ စားပွဲဇွန်း 

နေကြာဆီ ၄ ဇွန်း ခြဲ စားပွဲဇွန်း

ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း 

ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ ၆  မွှာ (ထောင်းထားပါ)

နနွင်းမှုန့် ၁/၂  ဇွန်း လက်ဖက်ဇွန်း

ချင်း  ၁ ဇွန်းလက်ဖက်ဇွန်း (ထောင်းထားပါ)


ပြုလုပ်နည်း

၁။ မကပ်သော အကြော် အိုးထဲ သို့ ဆီ ထဲ့ ပါ ပူ လာလျှင် အုပ္စု(က)မွ ကြက်သွန်နီ နဲ့ နနွင်းမှုန့် ကိုအရင်ဆီသတ်ပါ။ နွမ်းလာလျှင် ကျန် အုပ္စု (က) မွ ပါ၀င် ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ။ 

၂။ အားလုံံး မွှေးပြီး  ရွှေရောင် သန်းလာလျှင် ပဲပုတ်စေ့ ထည့်ပါ။ အနည်းငယ် ခြောက်ပြီး ပဲပုတ်စေ့လေးများ အနည်းကျွတ်လာလျှင် မရမ်းသီးများ ရောပါ။

၃။ နှံ့အောင် မွှေပေးပါ။ မရမ်းသီး နွမ်းလာလျှင် ကျန်ပါ၀င် ပစ္စည်းများ ထည့်ပြီး နှံ့အောင်မွှေပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ မရမ်းသီးစိမ်း နဲ့ ပဲပုတ်စေ့အစပ်ကြော် ကို  ထမင်းပူပူ  ပဲဟင်းရည် နဲ့ တွဲစားမယ်ဆိုလျင် အင်မတင် လိုက် ဖက်ပါတယ်။


(Zawgyi) 

ပုစြန္ႏွင့္ ေရႊဖရံုသီးခ်က္ - သီးႏွံစံု ေက်းလက္စတိုင္လ္ - မရမ္းသီး နဲ႔ ပဲပုပ္ေစ့အစပ္ေၾကာ္


ပုဇြန္ ႏွင့္ ေ႐ႊဖယုံသီးဟင္း ကသိပ္ကိုအရသာရွိၿပီး ထမင္းၿမိန္ေစေသာဟင္းတစ္ခြက္ဆိုတာ ယုံၾကည္လိုက္ပါ။




ပါ၀င္ပစၥည္းမ်ား (ဆီသတ္ရန္) 

ၾကက္သြန္ျဖဴ  ၃ တက္ (ညက္ညက္ေလးေထာင္းထားပါ)

ၾကက္သြန္နီ ၂ လုံး (ညက္ညက္ေလးေထာင္းထားပါ)

ခ်င္း လက္တစ္ဆစ္ (ေထာင္းထားပါ)

စပါးလင္  ၁ ေခ်ာင္း (ထုထုံးထားပါ)

နႏြင္းမႈန့္ ၁ ဇြန္း  လက္ဖက္ဇြန္း

ငံျပာရည္ ၁ ဇြန္း လက္ဖက္ဇြန္း

အသီးအ႐ြက္ဆီ ၃ ဇြန္း စားပြဲဇြန္း


ပါ၀င္ပစၥည္းမ်ား

ပုဇြန္ ၃၀ က်ပ္သား (အခြံခြာထားပါ)

ေ႐ႊဖယုံသီး ၁ စိတ္ (အခြံခြာၿပီး အတုံးေတြ တုံးထားပါ)

ၾကက္သြန္ၿမိတ္ ၂ ပင္ (ပါးပါးအကြင္းေတြ လွီးထားပါ၊ ဟင္းက်က္ခံနည္းမွထည့္ပါ)


ျပဳလုပ္နည္း

၁။ မကပ္ေသာ အိုးထဲ ပဲဆီ ထည့္ၿပီး အပူေပးပါ။ ဆီပူလာလ်င္ အိုးထဲ အႏွစ္လုပ္ရန္ ပါ၀င္ပစၥည္းမ်ား အားလုံးထည့္ၿပီး တည္ပါ။ ေမႊးၿပီး အေရာင္တက္လာသိအထိဟင္းအႏွစ္ကို ေသခ်ာေမႊၿပီးတည္ပါ။

၃။ အႏွစ္ထဲ ေ႐ႊဖယုံသီးထည့္ပါ။ ၿပီးလ်င္ ေရအနည္းငယ္ထည့္ပါ။ မီးအေနေတာ္ ျဖင့္ အဖုံးအုပ္ျ့ပီး ဖယုံသီးအနည္းငယ္ႏူးအိသည္အထိ တည္ပါ။ ပုဇြန္ေရာပါ ေရအနည္းငယ္ ထပ္ထည့္ပါ။ အႏွစ္အရသာ ၀င်အောင်သေချာ ေမႊေပးပါ။ ေရခန္းသြားၿပီး ဆီျပန္လာလ်င္ မီးပိတ္ၿပီး ၾကက္သြန္ၿမိတ္ ျဖဴးၿပီး ဆားအေပါ့အငံျမည္းၿပီး မီးဖိုေပၚမွခ်ပါ။ 

#shrimp #shrimpcurry #pumpkin



အသီးအႏွံစံု အစပ္ ေက်းလက္ခ်က္

(Village Style Spicy Vegetable with Shrimp)

....................................




 အသားႀကီး ငါးႀကီးမစားေသာ သူမ်ားႏွင့္ အသီးအႏွံႀကိဳက္သူမ်ားအတြက္ ပုစြန္ဆိတ္ေလးေတြရဲ႕ အခ်ိဳဓာတ္ကို အဓိကထားၿပီး ခ်က္ ျပဳတ္ထားေသာ ထမင္း ၿမိန္ၿမိန္ျဖစ္ေစမယ့္ ဟင္းတစ္ခြက္ကို ျပန္ခ်က္စားလို႔ရေအာင္ရွယ္လိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ား

....................

- ပုစြန္ဆိတ္ - ၃၀ က်ပ္သား (ေခါင္းေျြခထားပါ)

- ေရ - ခြက္ ၁-၂ ခြက္ 

- ဆား - လိုသေလာက္ေလး 

- ပဲပိစပ္ဆီ - စားပြဲဇြန္း ၁ ဇြန္း ခြဲ

- နႏြင္းမႈန္႔ - လက္ဖက္ဇြန္း ၁ ဇြန္း ခြဲ

- ငံျပာရည္ - စားပြဲဇြန္း ၁ ဇြန္း 

- စိမ္းစားငါးပိ - စားပြဲဇြန္း ၁ ဇြန္း ခြဲ

- ခ်ဥ္ေပါင္ရြက္ - ၁ စည္း (အရြက္ေတြေျြခထားပါ)

- ပဲသီးရွည္ - ၈ ေခ်ာင္း (လက္ ၂ဆစ္အရြယ္လွီးထားပါ)

- ႐ံုးပတီသီး - ၈ ေတာင့္ (ထိပ္ျဖတ္၊ သံုးပိုင္းပိုင္းထားပါ)

- ေထာပတ္ခရမ္းသီး - ၅ လံုး (အခြံခြာၿပီး လက္ ၂ဆစ္အရြယ္ရွည္ေလး ေတြ လွီးထားပါ)

- ခရမ္းသီး - ၂ လံုး (အခြံခြာၿပီး လက္ ၂ဆစ္အရြယ္ရွည္ေလး ေတြ လွီးထားပါ)

- မွ်စ္ - ၂ ေခ်ာင္း  (အတံုးႀကီးႀကီးေလးတံုးထားပါ)

- င႐ုတ္သီစိမ္း - ၁၀ ေတာင့္ (အေနေတာ္ ေလးေတြ လွီးထားပါ)

- နံနံပင္ - ၅ ပင္ (အရြက္ေတြ ေျြခၿပီး ဟင္းက်က္လွ်င္အေပၚမွ အုပ္ရန္)


ျပဳလုပ္နည္း

..............

၁။ ေဇာက္နက္အိုးထဲ နံနံပင္ကလြဲ လို႔ ပါဝင္ပစၥည္းမ်ား အားလံုး ထည့္ၿပီး ၁၃-၁၅ မိနစ္ေလာက္ တည္ပါ။ မၾကာခဏေမႊေပးပါ။ အဖံုးအုပ္ၿပီး တည္ပါ။

၂။ ေရအနည္းငယ္ ခန္းလာလွ်င္ ဆားျမည္းပါ လိုတာထပ္ျဖည့္ပါ။ ေရအနည္းငယ္ခန္းၿပီး ပ်စ္တဲ့ အထိတည္ပါ။ မီးပိတ္ နံနံပင္အုပ္ ပါ။ ထမင္းပူပူျဖင့္ တြဲစားလွ်င္ လိုက္ဖက္ပါသည္။

...............................

Syi Lwin

Foods Garden


မရမ္းသီးစိမ္း နဲ႕ ပဲပုတ္ေစ့အစပ္ေၾကာ္ (Marian with Dried soybean Spicy Fried)




ခ်ဥ္ငံစပ္ဆိမ့္ ႀကိဳက္သူမ်ား အတြက္ မရမ္းသီးစိမ္းကို ပဲပုတ္ေစ့နဲ႕ ေၾကာ္ထားတယ့္ အနံေမႊးေမႊးေလးက ဆြဲေဆာင္မႈမ်ား ေပးသလို ထမင္း မိန္ေစေသာ အရသာလဲ အျပည့္အ၀ရွိတာေၾကာင့္ ေၾကာ္ စားလို႔ရေအာင္ ရွယ္လိုက္ပါတယ္။ ေၾကာ္စား ျဖစ္ေအာင္ ေၾကာ္စားၾကည့္ေနာ္.


ပါ၀င္ပစၥည္းမ်ား

မရမ္းသီးစိမ္း ၁၀ က်ပ္သား (ေစ့ထုပ္ၿပီး အရွည္လိုက္ေလးေတြလွီးထားပါ)

ပဲပုတ္ေစ့ ၃ ဇြန္း စားပြဲဇြန္း 

ဆား အနည္းငယ္

ရွမ္းနံနံ ၃ ပင္ (အ႐ြက္ေခြၽၿပီး ခတ္ေသးေသးလွီးထားပါ)


အုပ္စု (က)

င႐ုတ္သီးခြဲၾကမ္း ၃ ဇြန္း ခြဲ စားပြဲဇြန္း 

ေနၾကာဆီ ၄ ဇြန္း ခြဲ စားပြဲဇြန္း

ငံျပာရည္ ၁ ဇြန္း စားပြဲဇြန္း 

ၾကက္သြန္နီ ၃ လုံး (ေထာင္းထားပါ)

ၾကက္သြန္ျဖဴ ၆  မႊာ (ေထာင္းထားပါ)

နႏြင္းမႈန့္ ၁/၂  ဇြန္း လက္ဖက္ဇြန္း

ခ်င္း  ၁ ဇြန္းလက္ဖက္ဇြန္း (ေထာင္းထားပါ)


ျပဳလုပ္နည္း

၁။ မကပ္ေသာ အေၾကာ္ အိုးထဲ သို႔ ဆီ ထဲ့ ပါ ပူ လာလွ်င္ အုပ္စု(က)မွ ၾကက္သြန္နီ နဲ႕ နႏြင္းမႈန့္ ကိုအရင္ဆီသတ္ပါ။ ႏြမ္းလာလွ်င္ က်န္ အုပ္စု (က) မွ ပါ၀င္ ပစၥည္းမ်ား ထည့္ၿပီး ႏွံ႕ေအာင္ေမႊပါ။ 

၂။ အားလုံံး ေမႊးၿပီး  ေ႐ႊေရာင္ သန္းလာလွ်င္ ပဲပုတ္ေစ့ ထည့္ပါ။ အနည္းငယ္ ေျခာက္ၿပီး ပဲပုတ္ေစ့ေလးမ်ား အနည္းကြၽတ္လာလွ်င္ မရမ္းသီးမ်ား ေရာပါ။

၃။ ႏွံ႕ေအာင္ ေမႊေပးပါ။ မရမ္းသီး ႏြမ္းလာလွ်င္ က်န္ပါ၀င္ ပစၥည္းမ်ား ထည့္ၿပီး ႏွံ႕ေအာင္ေမႊပါ။ ဆားျမည္းၿပီး လိုတာထပ္ျဖည့္နိုင္ပါတယ္။ မရမ္းသီးစိမ္း နဲ႕ ပဲပုတ္ေစ့အစပ္ေၾကာ္ ကို  ထမင္းပူပူ  ပဲဟင္းရည္ နဲ႕ တြဲစားမယ္ဆိုလ်င္ အင္မတင္ လိုက္ ဖက္ပါတယ္။

No comments: