Wednesday, February 9, 2022

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား

ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။




စာရေးသူ Dr. Thin Yadanar @ Frances မွ ရေးသားသည်။ 

Dr. Thurein Hlaing Win မှအချက်အလက် စစ်ဆေးထားပါသည်။


#Liposuction 

#Cosmetic_Surgery

#Fat_Loss


(နေထိုင်စားသောက်မှု Lifestyle မတူကွဲပြားတဲ့ နေရာ၀န်းကျင်ကို ရောက်ရှိလို့ အစားအသောက်ဆင်ခြင်လို့မရဘူး။ ကိုယ်လက်လေ့ကျင့် ခန်းလုပ်ဖို့ အချိန်မပေးနိုင်ဘူး။ အဆီဘယ်လိုချချ မကျပါဘူးဗျာ။ သည်လို သည်လို စကားတွေ၊ ဆင်ခြေတွေနဲ့ ခန္ဓာကိုယ်က အဆီပြင်ထု ကြီးကို အချိန်တိုအတွင်း ဖယ်ရှားနိုင်ဖို့ဆိုရင် ယခုနောက်ပိုင်း အလှအပဆိုင်ရာ Authentic Clinic တွေမှာ ရွေးချယ်စရာ ကုသမှုနည်းလမ်းတွေ ရှိလာနေပါပြီ။ ခွဲစိတ်ပြီးဖယ်ရှားမလား၊ စက်တစ်မျိုးကိုအသုံးပြုချေဖျက်မလား၊ အခုဆောင်းပါးထဲကလို အဆီဖျော်ဆေးထိုးပြီး အဆီစုတ်ထုတ်မလား စသဖြင့်ပေါ့။ ကိုယ့်မှာ ရောဂါအခံရှိမရှိ၊ ခံနိုင်ရည်စွမ်းအားအပေါ်မူတည်ပြီး နည်းလမ်းတွေ ရွေးရမှာပါပဲ။ Gym သွားမယ်၊ အစားဆင်ခြင်မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင်တော့ အချိန်ပေးရတာတန်တဲ့ ကျန်းမာရေးနဲ့ညီတဲ့ အဆီခ် ၀ိတ်ကျတဲ့ လုပ်ငန်းစဉ်ဖြစ်မှာသေချာတယ်။ ဘယ်လိုမှ မတတ်နိုင်ဘူးဆိုရင်တော့ ပိုက်ဆံစုပြီး ယုံကြည်စိတ်ချရတဲ့ အလှအပဆိုင်ရာဆေးခန်းကိုပြေးပေတော့။)


ကိုယ့်မှာရှိနေတဲ့အဆီတွေကို စုပ်ထုတ်ပစ်ချင်ပြီလား ။ ။


 လေ့ကျင့်ခန်းလုပ်လည်းမကျ အစားအသောက်နဲ့ထိန်းလည်းမရတဲ့ ကိုယ်ပေါ်က အဆီ တွေကို စုပ်ထုတ်ပစ်ဖို့ စဉ်းစားနေပြီလား။ ခုနောက်ပိုင်း ကိုယ်ပေါ်မှာ စုနေတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းလေးကလည်း လူပြောများ ခေတ်စားလာတယ်ပြီး စိတ်ဝင်စားတဲ့သူတွေလည်း များလာတယ်လေ။ အဲဒီ စိတ်ဝင်စားတဲ့အထဲမှာ ကိုယ်လည်းပါနေပြီဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ် ။


 အဆီစုပ်ထုတ်တယ်ဆိုတာ ဘယ်လိုများလဲ ။ ။


 ဆေးပညာအရ အဆီစုပ်ထုတ်တယ်ဆိုတာကို Liposuction လို့ခေါ်ပြီး အစားလျှော့ လေ့ကျင့်ခန်းလုပ်တာတောင် မကျနိုင်တဲ့ အဆီတွေကို ဖယ်ရှားတဲ့ cosmetic procedure( အလှအပ ဆိုင်ရာနည်းပညာ) တစ်ခုပါ။


 Liposuction လုပ်မယ့်သူတစ်ယောက်အနေနဲ့ ဘာတွေရှိသင့်လဲ။


 Liposuction ဆိုတာ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ကိုခံနိုင်မယ့်သူဖြစ်ဖို့လိုပါတယ်။ ဒီတော့ liposuction လုပ်တဲ့သူဟာ


ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းအတွင်းမှာရှိရမယ်

အသားအရေကလည်း ကျုံ့နိုင် ဆန့်နိုင်အားကောင်းတဲ့ အခြေအနေမှာရှိနေသင့်ပြီး

ဆေးလိပ်သောက်တဲ့သူ ဖြစ်လို့မရပါဘူး။

 နောက်ပြီး သွေးလည်ပတ်မှုဆိုင်ရာပြဿနာရှိတဲ့သူတွေ၊ နှလုံးရောဂါ ဆီးချိုရောဂါရှိတဲ့သူတွေ နဲ့ ခုခံအားနည်းတဲ့သူတွေ ဖြစ်လို့မရပါဘူး။


 Liposuction မလုပ်ခင် ဘာတွေ ကြိုသိထားသင့်သေးလဲ။ ။


 စစချင်းလုပ်ရမှာကတော့ ဆရာဝန်နဲ့သွားဆွေးနွေးပြီး ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာ အချိုးအစားက ဘယ်လိုလဲ၊ အခြားရွေးချယ်လို့ရတဲ့နည်းတွေရောရှိသေးလား ၊နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေရှိမလဲနဲ့ Liposuction လုပ်လိုက်ရင် ရလာမယ့် ကောင်းကျိုးတွေကရော ဘာတွေလဲ။ ကုန်ကျမှုကရော ဘယ်လောက်ရှိမလဲဆိုတဲ့ မေးခွန်းတွေသင့်ဘက်က မေးရမှာဖြစ်ပါတယ် ။


 အားလုံးမေးပြီးလို့ Liposuction လုပ်ဖို့ သင့်ဘက်က ဆုံးဖြတ်လိုက်ပြီဆိုရင်


ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာ

ကိုယ်စွဲသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေးတွေ

မတည့်တဲ့ဆေးတွေ အကြောင်း ဆရာဝန်ကိုပြောပြပါ။

 ဆရာဝန်ကနေပြီးတော့ သောက်နေတဲ့ တစ်ချို့ဆေးတွေကို Liposuction မလုပ်ခင် ကြိုရပ်ခိုင်းမှာ ဖြစ်ပြီး၊ အကိုက်အခဲပြောကျဆေးတွေကို ကြိုပေးထားက လိုက်နာရမယ့် နေထိုင်မှုပုံစံ စားသောက်မှုပုံစံတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။


 Liposuction လုပ်မယ့်နေရာကို သေချာမှတ်ထားမှာဖြစ်ပြီး လုပ်ချင်တဲ့ နေရာပေါ်မူတည်ပြီး မေ့ဆေးပေးမလား ထုံဆေးပေးမလား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။


 Liposuction ဘယ်နှစ်မျိုးရှိလဲ ။ ။


 Tumescent liposuction အသုံးအများဆုံး အဆီစုပ်ထုတ်နည်းတစ်မျိုးဖြစ်ပြီး အဆီထုတ်ချင်တဲ့နေရာကို ဆေးရည်တစ်မျိုးထည့်လိုက်မှာ ဖြစ်ပါတယ်။ ဒီဆေးရည်လေးဟာ lidocaine ၊ epinephrine. နဲ့ saltwater တို့ပေါင်းထားတာဖြစ်ပြီး အဆီစုပ်ထုတ်ချိန် နာကျင်မှုနည်းအောင် သွေးထွက်တာနည်းအောင် ကူညီပေးမှာ ဖြစ်ပါတယ်။


 Ultrasound-assisted liposuction, or UAL အသံလှိုင်းကို အသုံးပြုပြီး အဆီစုနေတဲ့ ဆဲလ်နံရံတွေကို ဖောက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ထွက်လာတဲ့ အဆီတွေကို စုပ်ထုတ်တဲ့နည်းပညာဖြစ်ပါတယ်။


 Laser-assisted liposuction, or SmartLipo လေဆာ အသုံးပြုပြီး အဆီတွေကို အရည်ဖျော်ပစ်တဲ့ နည်းပညာဖြစ်ပါတယ်။


 အဓိက ၃ နည်းရှိတယ်ဆိုပေမယ့် ၃ နည်းလုံးမှာ တူညီတာတစ်ခုက​ေတာ့ အဆီစုပ်ထုတ်တဲ့ ပိုက်လေးတစ်ချောင်းပါကိုပါရမယ်ဆိုတာပါပဲ။


 နောက်ဆက်တွဲ ပြဿနာဘာတွေရှိမလဲ ။။


 Cosmetic surgery ခွဲစိတ်မှု ဖြစ်တာကြောင့် Liposuction မှာ နောက်ဆက်တွဲဆိုးကျိုးလေးတွေ ရှိတတ်ပါတယ်။


သွေးထွက်တာမျိုးတွေရှိမယ်


မေ့ဆေး ထုံဆေးရဲ့ နောက်ဆက်တွဲပြဿနာတွေ ရှိမယ်


သွေးထွက်လွန်တာ၊ ကိုယ်တွင်းအရည်ဓါတ်ဆုံးရှုံးမှုတွေ များပြီး shock ရတာမျိုးတွေဖြစ်တတ်ပြီး

ထိုးသွင်းတဲ့ ဆေးရည်တွေ အရေပြားအောက်မှာ စုနေတာ


ခွဲထားတဲ့နေရာကနေ ပိုးဝင်တာ

အဆီခဲလေးတွေ ပြုတ်ထွက်သွားပြီး သွေးကြောတွေမှာ သွားပိတ်နေတာနဲ့


စုပ်ထုတ်တဲ့အဆီပြင်တွေ မညီညာတာမျိုး နဲ့

အဆီပြင်ပတ်ဝန်းကျင်က အရေပြား၊ တစ်ရှူးနဲ့ ကြွက်သားတွေ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။


 ဘယ်တော့လောက်ပြန်သက်သာမလဲ ။ ။


ကိုယ်လုပ်ထားတဲ့ ပမာဏ အနည်းအများပေါ်မူတည်ပြီး ဆေးရုံမှာ ရက်ကြာကြာနေရမရ ဆုံဖြတ်ရမှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုလုပ်ထားတဲ့နေရာမှာ အညိုအမဲစွဲတာ ။ ရောင်ရမ်းနာကျင်တာမျိုး ရက်သတ္တပါတ် အနည်းငယ်လောက် ရှိတတ်ပါတယ်။ ဒါ့ကြောင့် ရောင်ရမ်းနေတဲ့ နေရာကို ဖိဖို့ compression garment တွေ ၁လ ၂လ လောက်တော့ဝတ်ပေးရပါလိမ့်မယ်။

ပိုးဝင်တာတွေကို ကာကွယ်ဖို့အတွက် ပိုးသတ်ဆေးတွေ သောက်ပေးဖို့လည်း လိုအပ်ပါသေးတယ်။


Liposuction လုပ်ပြီး ၂ ပတ်လောက်အတွင်းမှာတင် ပုံမှန်အလုပ်တွေပြန်လုပ်လို့ရပါပြီ။


 ဘာဆေးတွေ ဆက်သောက်ရမလဲ၊ ချုပ်ရိုးရှိရင် ဘယ်တော့လောက်ပြန်ဖြေရမလဲ၊ ဘယ်တော့လောက်လေ့ကျင့်ခန်းပြန်လုပ်လို့ရမလဲ နဲ့ ရက်ချိန်းဘယ်တော့လောက်ပြန်ပြရမလဲဆိုတာတွေကို ဆေးရုံကဆင်းရင် တစ်ခါတည်းမေးခဲ့ဖို့ မမေ့ပါနဲ့။


 တစ်ခါလုပ်ပြီးရင် တစ်သက်လုံး ခံမှာလား။




 Liposuction ဟာ ကိုယ်တွင်းမှာရှိနေတဲ့ အဆီဆဲလ်တွေကို အပြီးတိုင် ဖျက်ပစ်တဲ့ ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် တစ်ခါလုပ်ပြီး တစ်သက်လုံးခံတယ်လို့ ပြောလို့ရပေမယ့် အစားအသောက်တွေ မဆင်ခြင်၊ လေ့ကျင့်ခန်း မှန်မှန်မလုပ်ရင်တော့ အဆီဆဲလ်အသစ်တွေပေါ်လာပြီး အဆီစုတာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဆီကြော် တွေ ရှောင်စားမယ်၊ အသီးအရွက်များများစားမယ်၊ ပရိုတင်းတွေ များများစားမယ် လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင်တော့ Liposuction ( အဆီတစ်ခါစုပ်ထုတ်) ပြီးရင် တစ်သက်လုံးခံမှာသေချာပါတယ်။ ။


 Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။


(Zawgyi) 

ကိုယ့္မွာရွိေနတဲ့အဆီေတြကို စုပ္ထုတ္ပစ္ခ်င္ၿပီလား ။ ။




စာေရးသူ Dr. Thin Yadanar @ Frances မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#Liposuction 

#Cosmetic_Surgery

#Fat_Loss


(ေနထိုင္စားေသာက္မႈ Lifestyle မတူကြဲျပားတဲ့ ေနရာ၀န္းက်င္ကို ေရာက္ရွိလို႔ အစားအေသာက္ဆင္ျခင္လို႔မရဘူး။ ကိုယ္လက္ေလ့က်င့္ ခန္းလုပ္ဖို႔ အခ်ိန္မေပးႏိုင္ဘူး။ အဆီဘယ္လိုခ်ခ် မက်ပါဘူးဗ်ာ။ သည္လို သည္လို စကားေတြ၊ ဆင္ေျခေတြနဲ႔ ခႏၶာကိုယ္က အဆီျပင္ထု ၾကီးကို အခ်ိန္တိုအတြင္း ဖယ္ရွားႏိုင္ဖို႕ဆိုရင္ ယခုေနာက္ပိုင္း အလွအပဆိုင္ရာ Authentic Clinic ေတြမွာ ေရြးခ်ယ္စရာ ကုသမႈနည္းလမ္းေတြ ရွိလာေနပါျပီ။ ခြဲစိတ္ျပီးဖယ္ရွားမလား၊ စက္တစ္မ်ိဳးကိုအသံုးျပဳေခ်ဖ်က္မလား၊ အခုေဆာင္းပါးထဲကလို အဆီေဖ်ာ္ေဆးထိုးျပီး အဆီစုတ္ထုတ္မလား စသျဖင့္ေပါ့။ ကိုယ့္မွာ ေရာဂါအခံရွိမရွိ၊ ခံႏိုင္ရည္စြမ္းအားအေပၚမူတည္ျပီး နည္းလမ္းေတြ ေရြးရမွာပါပဲ။ Gym သြားမယ္၊ အစားဆင္ျခင္မယ္၊ ကိုယ္လက္ေလ့က်င့္ခန္းေတြလုပ္မယ္ဆိုရင္ေတာ့ အခ်ိန္ေပးရတာတန္တဲ့ က်န္းမာေရးနဲ႔ညီတဲ့ အဆီခ် ၀ိတ္က်တဲ့ လုပ္ငန္းစဥ္ျဖစ္မွာေသခ်ာတယ္။ ဘယ္လိုမွ မတတ္ႏိုင္ဘူးဆိုရင္ေတာ့ ပိုက္ဆံစုျပီး ယံုၾကည္စိတ္ခ်ရတဲ့ အလွအပဆိုင္ရာေဆးခန္းကိုေျပးေပေတာ့။)


ကိုယ့္မွာရွိေနတဲ့အဆီေတြကို စုပ္ထုတ္ပစ္ခ်င္ၿပီလား ။ ။

 ေလ့က်င့္ခန္းလုပ္လည္းမက် အစားအေသာက္နဲ႕ထိန္းလည္းမရတဲ့ ကိုယ္ေပၚက အဆီ ေတြကို စုပ္ထုတ္ပစ္ဖို႔ စဥ္းစားေနၿပီလား။ ခုေနာက္ပိုင္း ကိုယ္ေပၚမွာ စုေနတဲ့ အဆီေတြကို စုပ္ထုတ္တဲ့နည္းေလးကလည္း လူေျပာမ်ား ေခတ္စားလာတယ္ၿပီး စိတ္ဝင္စားတဲ့သူေတြလည္း မ်ားလာတယ္ေလ။ အဲဒီ စိတ္ဝင္စားတဲ့အထဲမွာ ကိုယ္လည္းပါေနၿပီဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္ေစခ်င္ပါတယ္ ။


 အဆီစုပ္ထုတ္တယ္ဆိုတာ ဘယ္လိုမ်ားလဲ ။ ။


 ေဆးပညာအရ အဆီစုပ္ထုတ္တယ္ဆိုတာကို Liposuction လို႔ေခၚၿပီး အစားေလွ်ာ့ ေလ့က်င့္ခန္းလုပ္တာေတာင္ မက်နိဳင္တဲ့ အဆီေတြကို ဖယ္ရွားတဲ့ cosmetic procedure( အလွအပ ဆိုင္ရာနည္းပညာ) တစ္ခုပါ။


 Liposuction လုပ္မယ့္သူတစ္ေယာက္အေနနဲ႕ ဘာေတြရွိသင့္လဲ။


 Liposuction ဆိုတာ ခြဲစိတ္မႈတစ္ခုျဖစ္တာေၾကာင့္ ခြဲစိတ္မႈဒဏ္ကိုခံနိုင္မယ့္သူျဖစ္ဖို႔လိုပါတယ္။ ဒီေတာ့ liposuction လုပ္တဲ့သူဟာ


ပုံမွန္ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ရဲ႕ ၃၀ ရာခိုင္ႏႈန္းအတြင္းမွာရွိရမယ္

အသားအေရကလည္း က်ဳံ႕နိုင္ ဆန႔္နိုင္အားေကာင္းတဲ့ အေျခအေနမွာရွိေနသင့္ၿပီးူ

ေဆးလိပ္ေသာက္တဲ့သူ ျဖစ္လို႔မရပါဘူး။

 ေနာက္ၿပီး ေသြးလည္ပတ္မႈဆိုင္ရာျပႆနာရွိတဲ့သူေတြ၊ ႏွလုံးေရာဂါ ဆီးခ်ိဳေရာဂါရွိတဲ့သူေတြ နဲ႕ ခုခံအားနည္းတဲ့သူေတြ ျဖစ္လို႔မရပါဘူး။


 Liposuction မလုပ္ခင္ ဘာေတြ ႀကိဳသိထားသင့္ေသးလဲ။ ။


 စစခ်င္းလုပ္ရမွာကေတာ့ ဆရာဝန္နဲ႕သြားေဆြးႏြေးၿပီး ကိုယ္လိုခ်င္တဲ့ ကိုယ်ခန္ဓါအချိုးအစားက ဘယ္လိုလဲ၊ အျခားေ႐ြးခ်ယ္လို႔ရတဲ့နည္းေတြေရာရွိေသးလား ၊ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ဘာေတြရွိမလဲနဲ႕ Liposuction လုပ္လိုက္ရင္ ရလာမယ့္ ေကာင္းက်ိဳးေတြကေရာ ဘာေတြလဲ။ ကုန္က်မႈကေရာ ဘယ္ေလာက္ရွိမလဲဆိုတဲ့ ေမးခြန္းေတြသင့္ဘက္က ေမးရမွာျဖစ္ပါတယ္ ။


 အားလုံးေမးၿပီးလို႔ Liposuction လုပ္ဖို႔ သင့္ဘက္က ဆုံးျဖတ္လိုက္ၿပီဆိုရင္


ကိုယ့္မွာရွိေနတဲ့ က်န္းမာေရးျပႆနာ

ကိုယ္စြဲေသာက္ေနတဲ့ေဆး၊ တိုင္းရင္းေဆးေတြ

မတည့္တဲ့ေဆးေတြ အေၾကာင္း ဆရာဝန္ကို ေျပာျပပါ။

 ဆရာဝန္ကေနၿပီးေတာ့ ေသာက္ေနတဲ့ တစ္ခ်ိဳ႕ေဆးေတြကို Liposuction မလုပ္ခင္ ႀကိဳရပ္ခိုင္းမွာ ျဖစ္ၿပီး၊ အကိုက်အခဲပျောက်ေဆးတွေကို ႀကိဳေပးထားက လိုက္နာရမယ့္ ေနထိုင္မႈပုံစံ စားေသာက္မႈပုံစံေတြကို ေျပာျပေပးမွာ ျဖစ္ပါတယ္။


 Liposuction လုပ္မယ့္ေနရာကို ေသခ်ာမွတ္ထားမွာျဖစ္ၿပီး လုပ္ခ်င္တဲ့ ေနရာေပၚမူတည္ၿပီး ေမ့ေဆးေပးမလား ထုံေဆးေပးမလား ဆုံးျဖတ္မွာ ျဖစ္ပါတယ္။


 Liposuction ဘယ္ႏွစ္မ်ိဳးရွိလဲ ။ ။


 Tumescent liposuction အသုံးအမ်ားဆုံး အဆီစုပ္ထုတ္နည္းတစ္မ်ိဳးျဖစ္ၿပီး အဆီထုတ္ခ်င္တဲ့ေနရာကို ေဆးရည္တစ္မ်ိဳးထည့္လိုက္မွာ ျဖစ္ပါတယ္။ ဒီေဆးရည္ေလးဟာ lidocaine ၊ epinephrine. နဲ႕ saltwater တို႔ေပါင္းထားတာျဖစ္ၿပီး အဆီစုပ္ထုတ္ခ်ိန္ နာက်င္မႈနည္းေအာင္ ေသြးထြက္တာနည္းေအာင္ ကူညီေပးမွာ ျဖစ္ပါတယ္။


 Ultrasound-assisted liposuction, or UAL အသံလွိုင္းကို အသုံးျပဳၿပီး အဆီစုေနတဲ့ ဆဲလ္နံရံေတြကို ေဖာက္တာျဖစ္ပါတယ္။ ဒီလိုနဲ႕ ထြက္လာတဲ့ အဆီေတြကို စုပ္ထုတ္တဲ့နည္းပညာျဖစ္ပါတယ္။


 Laser-assisted liposuction, or SmartLipo ေလဆာ အသုံးျပဳၿပီး အဆီေတြကို အရည္ေဖ်ာ္ပစ္တဲ့ နည္းပညာျဖစ္ပါတယ္။


 အဓိက ၃ နည္းရွိတယ္ဆိုေပမယ့္ ၃ နည္းလုံးမွာ တူညီတာတစ္ခုကေတာ့ အဆီစုပ္ထုတ္တဲ့ ပိုက္ေလးတစ္ေခ်ာင္းပါကိုပါရမယ္ဆိုတာပါပဲ။


 ေနာက္ဆက္တြဲ ျပႆနာဘာေတြရွိမလဲ ။။


 Cosmetic surgery ခြဲစိတ္မႈ ျဖစ္တာေၾကာင့္ Liposuction မွာ ေနာက္ဆက္တြဲဆိုးက်ိဳးေလးေတြ ရွိတတ္ပါတယ္။


ေသြးထြက္တာမ်ိဳးေတြရွိမယ္

ေမ့ေဆး ထုံေဆးရဲ႕ ေနာက္ဆက္တြဲျပႆနာေတြ ရွိမယ္

ေသြးထြက္လြန္တာ၊ ကိုယ္တြင္းအရည္ဓါတ္ဆုံးရႈံးမႈေတြ မ်ားၿပီး shock ရတာမ်ိဳးေတြျဖစ္တတ္ၿပီး

ထိုးသြင္းတဲ့ ေဆးရည္ေတြ အေရျပားေအာက္မွာ စုေနတာ

ခြဲထားတဲ့ေနရာကေန ပိုးဝင္တာ

အဆီခဲေလးေတြ ျပဳတ္ထြက္သြားၿပီး ေသြးေၾကာေတြမွာ သြားပိတ္ေနတာ နဲ႕

စုပ္ထုတ္တဲ့အဆီျပင္ေတြ မညီညာတာမ်ိဳး နဲ႕

အဆီျပင္ပတ္ဝန္းက်င္က အေရျပား၊ တစ္ရႉးနဲ႕ ႂကြက္သားေတြ ထိခိုက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

 ဘယ္ေတာ့ေလာက္ျပန္သက္သာမလဲ ။ ။


ကိုယ္လုပ္ထားတဲ့ ပမာဏ အနည္းအမ်ားေပၚမူတည္ၿပီး ေဆး႐ုံမွာ ရက္ၾကာၾကာေနရမရ ဆုံျဖတ္ရမွာ ျဖစ္ပါတယ္။

ခြဲစိတ္မႈလုပ္ထားတဲ့ေနရာမွာ အညိုအမဲစြဲတာ ။ ေရာင္ရမ္းနာက်င္တာမ်ိဳး ရက္သတၱပါတ္ အနည္းငယ္ေလာက္ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ ေရာင္ရမ္းေနတဲ့ ေနရာကို ဖိဖို႔ compression garment ေတြ ၁လ ၂လ ေလာက္ေတာ့ဝတ္ေပးရပါလိမ့္မယ္။

ပိုးဝင္တာေတြကို ကာကြယ္ဖို႔အတြက္ ပိုးသတ္ေဆးေတြ ေသာက္ေပးဖို႔လည္း လိုအပ္ပါေသးတယ္။

Liposuction လုပ္ၿပီး ၂ ပတ္ေလာက္အတြင္းမွာတင္ ပုံမွန္အလုပ္ေတြျပန္လုပ္လို႔ရပါၿပီ။

 ဘာေဆးေတြ ဆက္ေသာက္ရမလဲ၊ ခ်ဳပ္ရိုးရွိရင္ ဘယ္ေတာ့ေလာက္ျပန္ေျဖရမလဲ၊ ဘယ္ေတာ့ေလာက္ေလ့က်င့္ခန္းျပန္လုပ္လို႔ရမလဲ နဲ႕ ရက္ခ်ိန္းဘယ္ေတာ့ေလာက္ျပန္ျပရမလဲဆိုတာေတြကို ေဆး႐ုံကဆင္းရင္ တစ္ခါတည္းေမးခဲ့ဖို႔ မေမ့ပါနဲ႕။


 တစ္ခါလုပ္ၿပီးရင္ တစ္သက္လုံးခံမွာလား။




 Liposuction ဟာ ကိုယ္တြင္းမွာရွိေနတဲ့ အဆီဆဲလ္ေတြကို အၿပီးတိုင္ ဖ်က္ပစ္တဲ့ ခြဲစိတ္မႈတစ္ခုျဖစ္တာေၾကာင့္ တစ္ခါလုပ္ၿပီး တစ္သက္လုံးခံတယ္လို႔ ေျပာလို႔ရေပမယ့္ အစားအေသာက္ေတြ မဆင္ျခင္၊ ေလ့က်င့္ခန္း မှန်ှမှန်မလုပ်ရင်တော့ အဆီဆဲလ္အသစ္ေတြေပၚလာၿပီး အဆီစုတာေတြ ျပန္ျဖစ္နိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆီေၾကာ္ ေတြ ေရွာင္စားမယ္၊ အသီးအ႐ြက္မ်ားမ်ားစားမယ္၊ ပရိုတင္းေတြ မ်ားမ်ားစားမယ္ ေလ့က်င့္ခန္းမွန္မွန္လုပ္မယ္ဆိုရင္ေတာ့ Liposuction ( အဆီတစ္ခါစုပ္ထုတ္) ၿပီးရင္ တစ္သက္လုံးခံမွာ ေသခ်ာပါတယ္။ ။


 Hello Health Group သည္ ေဆးပညာဆိုင္ရာ အႀကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

No comments: