Tuesday, February 1, 2022
တာ၀န်ယူမှုများစွာဖြင့် စီးပွားရေးဆန်လာတော့မည့် အနာဂတ် HR Business Plan
တာ၀န်ယူမှုများစွာဖြင့် စီးပွားရေးဆန်လာတော့မည့် အနာဂတ် HR Business Plan
~ ကိုဆုဝေ (People Services)
ဒီဘက်နောက်ပိုင်းတွင် တစ်ချို့သောအဖွဲ့အစည်းများက အိပ်ချ်အာနှင့်ပတ်သက်ပြီး ထိပ်ပိုင်းရာထူးများ ခေါ်ယူရာ တွင် HR Business Partner ဆိုသည့်စကားလုံးအား သုံးစွဲခေါ်ယူလာကြသည်ကိုတွေ့လာရသည်။
အိပ်ချ်အာနှင့်ပတ်သက်ပြီး၊ အဲဒီလိုအသုံးအနှုန်းနှင့် အလုပ်ခေါ်ယူမှုမျိုးတွေ့တိုင်း ကျွန်တော်အတော်လေး သဘောကျပြုံးမိသည်။ အဖွဲ့အစည်းအတွက် သိပ်ကိုမှန်ကန်စွာ စဉ်းစားတွေးခေါ်သုံးသပ်ပြီးမှ ခေါ်ယူလိုက်သည့် အိပ်ချ်အာရာထူးတစ်ခုဟု ကျွန်တော်တော့ ခံစားရသည်။
အိပ်ချ်အာဟူသည် အဖွဲ့အစည်းအကျိုးစီးပွားအတွက် အိပ်ချ်အာအခန်းကဏ္ဍမှနေ၍ အတူတကွ ဖေါ်ဆောင်ကြိုးပမ်းပေးရသည့် စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ ထို့ကြောင့် HR Business Partner ဟု ခေါ်တွင်ခြင်းဖြစ်၏။
အိပ်ချ်အာဟူသည် ၀နျထမျးတှရှေေ့က မားမားမတ်မတ်ရပ်တည်ပေးရမည်ဆိုသည့် အယူအဆကနေ အလုပ်ရှင် နှင့်၀န်ထမ်းကြားပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရမည်ဆိုသည့် အတွေးအခေါ်အလယ် ခုနောက်ဆုံးကျတော့ အိပ်ချ်အာဟူသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည့် အမြင်မှန်တစ်ခုသို့ ဉီးတည်လာခဲ့ပြီဖြစ်သည်။
အခုလိုဆိုလိုက်ခြင်းကြောင့် ရှေ့ကအယူအဆနှစ်ခုသည် လုံးလုံးမှားယွင်းခဲ့သည်ဟု မဆိုလိုပေ၊ ပစ္စုပ္ပန်ကာလ၏ အခြေအနေပေါ်မူတည်ပြီး ကိုက်ညီသည့်အတွေးအခေါ်အယူအဆတစ်ခုကို ရွေးချယ်အသုံးချတတ်ရန်သာ အရေးကြီးပါသည်။
သို့ပေသော်ငြား အိပ်ချ်အာဟူသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည့် အယူအဆသည် အိပ်ချ်အာ၏ စစ်မှန်သော အခန်းကဏ္ဍနှင့် တန်ဖိုးကို အမှန်ကန်ဆုံး မီးမောင်းထိုးပြသလိုက်နိုင်သည့် အယူအဆ တစ်ခုဟု ကျွန်တော် လေးနက်စွာ ယုံကြည်ခံစားမိသည်။
အိပ်ချ်အာနှင့်ပတ်သက်ပြီး တစ်ချို့သောအဖွဲ့အစည်းများ၏ ထင်မြင်ယူဆချက်များက ၀မျးနညျးစရာကောငျးသညျ၊ အဖွဲ့အစည်းအတွက် အိပ်ချ်အာဆိုတာ မလိုအပ်သည့်ပုံစံမျိုးတွေအထိ ယူဆပြောဆိုလာကြသည်။ ဒီလိုတွေ ဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းများစွာကလည်း ရှိနေသည်။
ပင်ကိုယ်သဘောသဘာ၀ကိုယ်၌က အိပ်ချ်အာဆိုတာ အနုပညာဆန်ပြီး၊ သူ၏ထိရောက်မှုအား စီးပွားရေးဆန်ဆန် ကိန်းဂဏန်းများ ဖြင့် တွက်ချက် တိုငျးတာခြွပရနျ ခက်ခဲသည့်ဘာသာရပ်မျိုးဖြစ်သည်။ ဉပမာ - ၀နျထမျးမြားအား သငျတနျးမြားပို့ခြွခငျးနှင့ျပတျသကျပွီး၊ သင်တန်းအတွက် ကုန်ကျသည့်စရိတ်ကိုသာ မြင်နိုင်ပြီး၊ သင်တန်း ပို့ချခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးထိရောက်မှုများအား ချပြရန် ခက်ခဲမည်ဖြစ်သည်။
ဒီလိုအခြေအနေမျိုးတွင် တစ်ချို့သောအိပ်ချ်အာများ၏ မိမိ၏ပညာရပ်အပေါ် ကျွမ်းကျင်လိမ်မာမှုအားနည်ခြင်းနှင့် အိပ်ချ်အာကြောင့်ဖြစ်ပေါ်လာသည့် အကျိုးစီးပွားများအား တီထွင်ဖန်တီးနိုင်မှု၊ တိုငျးတာခြွပတတျမှု မရှွိခငျး များကြောင့် အဖွဲ့အစည်းများတွင် အိပ်ချ်အာ၏အခန်းကဏ္ဍက တဖြည်းဖြည်း မှေးမှိန်သလိုဖြစ်လာရခြင်း ဖြစ်သည်။
အဖွဲ့အစည်း၏ အကျိုးစီးပွားအား အိပ်ချ်အာအနေဖြင့် ဖော်ဆောင်ချပြရာတွင် HR Business Plan သည် အဓိက အခန်းကဏ္ဍမှနေ၍ ပါ၀င်သည်ဆိုသည်ကို မေ့လျော့နေကြခြင်းသည်လည်း တစ်ချက်ဖြစ်၏။ မိမိရေးဆွဲထားသည့် HR Business Plan တစ်ခု၏ ထိရောက်မှု၊ လက်တွေ့ကျမှုနှင့် သတ်မှတ်ထားသည့် ဘတ်ဂျက်အပေါ်အခြေခံပြီး အဖွဲ့အစည်း၏လိုအပ်ချက်နှင့် လိုချင်သည့်ရလဒ်အပေါ် ဖော်ဆောင်နိုင်မှုက မိမိသည် အဖွဲ့အစည်း၏ အရေးပါသော စီးပွားရေး လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ခု ဖြစ်သည်ဆိုသည်ကို သက်သေပြသွားမည်ဖြစ်သည်။
ဒီနေရာတွင် အလေးအနက်ပြောစရာတစ်ခုရှိသည်၊ အိပ်ချ်အာများသည် မိမိတို့အဖွဲ့အစည်းအတွက် ပြင်ဆင် ရေးဆွဲရမည့် HR Business Plan တစ်ခုအား အခြားအရာများမှ ပုံတူကူးချခြင်း၊ အချက်အလက်များ ကိုးကားခြင်းအား မပြုလုပ်သင့်ပဲ မိမိ၏အဖွဲ့အစည်းတစ်ခုလုံးအား ရှုထောင့်ပေါင်းစုံမှ သေချာလေ့လာသုံးသပ်ပြီး၊ အားသာချက်များအား ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ပိုမိုကောင်းမွန်စေရန်၊ အားနည်းချက်များအတွက်လည်း ထိရောက်သည့် အိပ်ချ်အာမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်နိုင်ရမည်ဖြစ်သည်။
ခုတော့ HR Business Plan တစ်ခု ရေးဆွဲတင်ပြပေးပါဆိုလျှင် အိပ်ချ်အာအများစုက ဘယ်ကဘယ်လိုစရမှန်း မသိကြတော့၊ အဲဒီတော့ သင်တန်းက စာအုပ်တွေ ပြန်လှန်ဖတ်ကြ၊ ဟိုမေး ဒီမေး မေးကြနှင့် ဖြစ်သလို ဖြတ်ညှပ်ကပ် ကြတော့သည်။ အကျိုးဆက်ကတော့ မိမိအဖွဲ့အစည်း၏ လက်တွေ့လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိ၊ လိုချင်သည့်ရလဒ်များကိုလည်း မဖော်ဆောင်နိုင်ဖြစ်ကုန်တော့သည်။
HR Business Plan ဆိုတာ ရေးဆွဲပြင်ဆင်ရကောင်းမှန်းမသိသလို၊ တကယ်ထိရောက်မှုရှိမရှိ တိုင်းတာ အကဲဖြတ် သင့်သည်ဆိုတာကို နားမလည်သည့် အဖွဲ့အစည်းတွေလည်း များစွာရှိနေသေးသည်။ တစ်ချို့ကျတော့လည်း ရေးဆွဲပြင်ဆင်ကြသည်၊ သို့ပေမယ့် အဖြစ်သာသာ လူမြင်ကောင်းရုံမျှသာ။
ကိုဗစ်နှင့် နိုင်ငံရေးအကျပ်အတည်းသည် အဖွဲ့အစည်းအတော်များများ၏ အိပ်ချ်အာများအတွက် နိုးထရန် အချက်ပေးခေါင်းလောင်းသံတစ်ခု ဖြစ်သွားသည်။ တစ်နည်းအားဖြင့်လည်း အိပ်ချ်အာများ၏ HR Business Plan သည် တကယ်ထိရောက်မှုရှိပြီး၊ လက်တွေ့ကျမကျ ပြန်လည်သုံးသပ်သင့်သည်ဆိုသည်ကို အဖွဲ့အစည်း တော်တော်များများ သဘောပေါက်နားလည်လာကြသည်။
အနာဂတ်တွင်လည်း အိပ်ချ်အာများသည် မိမိတို့၏အဖွဲ့အစည်းအတွက် HR Business Plan များ ရေးဆွဲပြင်ဆင် ပေးရဉီးမည်သာ ဖြစ်သည်။ သို့သော် အရင်အခြေအနေများနှင့် ခြားနားသွားမည်က တာ၀န်ယူမှု၊ တာ၀န်ခံမှုပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် မဝေးတော့သည့်အနာဂတ်တွင် အဖွဲ့အစည်းများ၏ စီးပွားရေးယိုင်နဲ့မှုများကြောင့် HR Business Plan တစ်ခု၏လားရာသည် စီးပွားရေးအကျိုးအမြတ်ဘက်သို့ သိသိသာသာကြီးကို ဉီးတည် ချိုးကွေ့သွားမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
သဘောတစ်ခုပြောရရင်တော့ - ၀နျထမျးနှုတျထှကျမှုနှုနျးလြော့ခခြွငျး၊ ၀နျထမျးသဈမြား ရွေးချယ် ခန့်အပ်ခြင်းနှင့် ၀နျထမျးမြား၏ ကျွမ်းကျင်ဖွံ့ဖြိုးမှုဆိုင်ရာအစီအစဉ်များအတွက် ရေးဆွဲပြင်ဆင်ရသည့် မဟာဗျူဟာများနှင့် ဘတ်ဂျက်များသည် လက်တွေ့ကျကာ စီးပွားရေးအကျိုးအမြတ်အတွက် တိုင်းတာလို့ရနိုင်ရမည်ဖြစ်ပြီး၊ အဲဒီ့အတွက်လည်း တာ၀န်ခံနိုင်ရမည်ဖြစ်သည်။
အရင်တုန်းကတော့ HR Business Plan တစ်ခုရေးဆွဲပြင်ဆင်ရတာ သိပ်လွယ်ကူလွန်းခဲ့သည်။ ပြောရရင် ၀နျထမျး ရေးရာရှုထောင့်ကနေသာ စဉ်းစားဆုံးဖြတ်ပြီး၊ မဟာဗျူဟာများ ချမှတ်ခဲ့ကြသည်။ စီးပွားရေးအနေဖြင့် အကျိုးအမြတ်ရှိသည်၊ မရှိသည် ချိန်ထိုးပြီးမစဉ်းစားခဲ့။
ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ အိပ်ချ်အာတွေက ပိုက်ဆံမရှာနိုင်တော့ မျက်နှာငယ်ရတယ်ဆိုပြီး၊ တချို့အိပ်ချ်အာတွေ ငြီးငြူကြတာ ကြားဖူးကြမည်ထင်သည်။ ဒီအချက်က အိပ်ချ်အာသည်လည်း အဖွဲ့အစည်း၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည်ကို မေ့လျော့နေခြင်း (သို့မဟုတ်) တိုင်းတာချပြနိုင်မှု မရှိခြင်း ဆိုသည်ကို ပြသနေခြင်းဖြစ်သည်။
အိပ်ချ်အာအများစုတွေးနေတတ်တဲ့ အကြောင်းအရာသည် ၀နျထမျးရေးရာကိစ်စတှကေို ဘယ်လိုကိုင်တွယ် ဆောင်ရွက်ရမလဲဆိုတာပင်ဖြစ်သည်။ အဲဒီဘောင်ထက်ကျော်လွန်ပြီး မတွေးခေါ်ကြတော့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အဖွဲ့အစည်း၏ စီးပွားရေးရလဒ်များနှင့် လုပ်ငန်းလည်ပတ်မှုများသည် သူတို့နဲ့မဆိုင်ဘူးဟု ထင်နေတတ်ကြသည်။ ငါတို့၏အလုပ်သည် ၀နျထမျးတှေ အလုပ်မှနှုတ်ထွက်နှုန်းလျော့ကျစေဖို့၊ ၀နျထမျးတှေ လုပ်ငန်းခွင်မှာ ပျော်ရွှင်စေဖို့စသည်ဖြင့် ဒီလောက်သာ တွေးတောလုပ်ကိုင်ကြသည်။
အိပ်ချ်အာအခန်းကဏ္ဍမှနေ၍ အဖွဲ့အစည်း၏အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုစေမည့် ၀နျထမျးမြား စွမ်းဆောင်ရည်ကို ဘယ်လိုမောင်းနှင်မလဲ၊ ကုန်ကျစရိတ်များပြားပြီး၊ မထိရောက်သည့် အိပ်ချ်အာအစီအစဉ် တွေကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ၊ မိမိ၏ HR Business Plan တစ်ခု မအောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ဘယ်လိုရှာဖွေဖော်ထုတ်မလဲ၊ အဖွဲ့အစည်းအတွက် အဆိပ် အတောက် ဖြစ်စေသည့်အပြင်၊ လုပ်ငန်းစွမ်းဆောင်ရည်လည်းမကောင်း၊ စရိတ်စကလည်း ကြီးမားသည့် ၀နျထမျးမြားအတှကျ အစားထိုးအစီအစဉ်တွေကို ဘယ်လိုရေးဆွဲပြင်ဆင်သင့်သလဲ စသည်ဖြင့် အိပ်ချ်အာ၏တာ၀န်၀တ္တရားများနှင့် အဖွဲ့အစည်းအပေါ်အကျိုးပြုမှုအား မိမိ၏ကျွမ်းကျင်လိမ္မာမှုအတတ်ပညာဖြင့် စီးပွားရေးရှုထောင့်မှနေ၍ တိုင်းတာချပြနိုင်မှုသည် အိပ်ချ်အာများ အတွက် ယနေ့ခေတ်၏တောင်းဆိုမှုတစ်ခု ဖြစ်လာပြီဖြစ်သည်။
အောင်မြင်သော HR Business Plan တစ်ခုရေးဆွဲပြင်ဆင်ရာတွင် အိပ်ချ်အာရှုထောင့်မှနေ၍ ေ၀ဖနျပိုငျးခွား ရသလို၊ စီးပွားရေးအမြင်ဖြင့်လည်း ထည့်သွင်းစဉ်းစားဖို့ မရှိမဖြစ်လိုအပ်သည်။ အိပ်ချ်အာများအနေဖြင့် သမာရိုးကျအိပ်ချ်အာမဟာဗျူဟာများကနေ စီးပွားရေးအရအကျိုးအမြတ်ဖြစ်ပေါ်စေမည့် အိပ်ချ်အာ မဟာဗျူဟာ များအဖြစ် အသွင်ပြောင်းလဲပေးနိုင်စွမ်းရှိရမည်၊ တီထွင်ဖန်တီးပေးနိုင်စွမ်းရှိရမည်။ ပြီးတော့ လက်ရှိကာလ အခြေအနေများနှင့်ကိုက်ညီနိုင်ခြင်းမရှိသည့်အပြင်၊ အဖွဲ့အစည်းက သွားချင်သည့် လမ်းကြောင်းနှင့်လည်း သွေဖယ်နေသည့် အိပ်ချ်အာအယူအဆများအား မသိဆိုးရွားစွာ ဆက်လက်ကိုင်စွဲထားခြင်းများ မပြုလုပ်သင့် တော့ချေ။ အိပ်ချ်အာတွေအနေဖြင့် အိပ်ချ်အာပညာရပ်အပေါ်တွင် စီးပွားရေးအမြင် ထပ်လောင်းပြီး ပါးနပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်ရမည်ဖြစ်သည်။
 HR Business Partner ဆိုသည့်အယူအဆနှင့်ပတ်သက်ပြီး၊ နောက်ပိုင်းတွင် အမျိုးမျိုးသောရှုထောင့်ပေါင်းစုံက ေ၀ဖနျသုံးသပျမှုမြားလညျး ရှိလာနိုင်သည်။ တွေးမိသလောက်ပြောရရင် - HR Business Partner ဆိုတာ သူဌေး(တစ်နည်းအားဖြင့်) အလုပ်ရှင်အတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်လား၊ သို့မဟုတ် ၀နျထမျးတှအေတှကျလား၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုလုံးအတွက်လားစသည်ဖြင့် မေးခွန်းများ ထွက်ပေါ်လာနိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ၊ ပရော်ဖက်ရှင်နယ်လ်အိပ်ချ်အာဟူသည် အခြေအနေနှင့်အချိန်အခါပေါ်မူတည်ပြီး၊ အဖွဲ့အစည်းအတွက် မှန်ကန်သောအတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုနှင့် လက်တွေ့ကျပြီး ထိရောက်သည့် မဟာဗျူဟာများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ အဖွဲ့အစည်း၏ ယုံကြည်အားကိုးရသည့် HR Business Partner တစ်ဉီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်သွားနိုင်မည် ဖြစ် သည်။
အိပ်ချ်အာများအနေဖြင့် မိမိတို့သည် အဖွဲ့အစည်းအတွက် အရေးပါသောစီးပွားရေးလုပ်ဖော်ကိုင်ဖက်များ ဖြစ်သူဆိုသည့်ခံယူချက်အား အမြဲနှလုံးသွင်းကာ၊ အိပ်ချ်အာတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် အဖွဲ့အစည်း၏ကောင်းကျိုးအား အကောင်းဆုံးဖော်ဆောင်ပေးနိုင်သော၊ တိုင်းတာချပြနိုင်ကြသော HR Business Partner ကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။
(Zawgyi)
ဒီဘက်နောက်ပိုင်းတွင် တစ်ချို့သောအဖွဲ့အစည်းများက အိပ်ခ်ျအာနှင့်ပတ်သက်ပြီး ထိပ်ပိုင်းရာထူးများ ခေါ်ယူရာ တွင် HR Business Partner ဆိုသည့်စကားလုံးအား သုံးစွဲခေါ်ယူလာကြသည်ကိုတွေ့လာရသည်။
အိပ်ခ်ျအာနှင့်ပတ်သက်ပြီး၊ အဲဒီလိုအသုံးအနှုန်းနှင့် အလုပ်ခေါ်ယူမှုမျိုးတွေ့တိုင်း ကျွန်တော်အတော်လေး သဘောကျပြုံးမိသည်။ အဖွဲ့အစည်းအတွက် သိပ်ကိုမှန်ကန်စွာ စဉ်းစားတွေးခေါ်သုံးသပ်ပြီးမှ ခေါ်ယူလိုက်သည့် အိပ်ခ်ျအာရာထူးတစ်ခုဟု ကျွန်တော်တော့ ခံစားရသည်။
အိပ်ခ်ျအာဟူသည် ၀နျထမျးတှရှေေ့က မားမားမတ်မတ်ရပ်တည်ပေးရမည်ဆိုသည့် အယူအဆကနေ အလုပ်ရှင် နှင့်ဝန်ထမ်းကြားပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရမည်ဆိုသည့် အတွေးအခေါ်အလယ် ခုနောက်ဆုံးကျတော့ အိပ်ခ်ျအာဟူသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည့် အမြင်မှန်တစ်ခုသို့ ဉီးတည်လာခဲ့ပြီဖြစ်သည်။
သို့ပေသော်ငြား အိပ်ခ်ျအာဟူသည် စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည့် အယူအဆသည် အိပ်ခ်ျအာ၏ စစ်မှန်သော အခန်းကဏ္ဍနှင့် တန်ဖိုးကို အမှန်ကန်ဆုံး မီးမောင်းထိုးပြသလိုက်နိုင်သည့် အယူအဆ တစ်ခုဟု ကျွန်တော် လေးနက်စွာ ယုံကြည်ခံစားမိသည်။
ဒီလိုအခြေအနေမျိုးတွင် တစ်ချို့သောအိပ်ခ်ျအာများ၏ မိမိ၏ပညာရပ်အပေါ် ကျွမ်းကျင်လိမ်မာမှုအားနည်ခြင်းနှင့် အိပ်ခ်ျအာကြောင့်ဖြစ်ပေါ်လာသည့် အကျိုးစီးပွားများအား တီထွင်ဖန်တီးနိုင်မှု၊ တိုင်းတာႁခြပတတ်မႈ မရှွိခငျး များကြောင့် အဖွဲ့အစည်းများတွင် အိပ်ခ်ျအာ၏အခန်းကဏ္ဍက တဖြည်းဖြည်း မှေးမှိန်သလိုဖြစ်လာရခြင်း ဖြစ်သည်။
ဒီနေရာတွင် အလေးအနက်ပြောစရာတစ်ခုရှိသည်၊ အိပ်ခ်ျအာများသည် မိမိတို့အဖွဲ့အစည်းအတွက် ပြင်ဆင် ရေးဆွဲရမည့် HR Business Plan တစ်ခုအား အခြားအရာများမှ ပုံတူကူးချခြင်း၊ အချက်အလက်များ ကိုးကားခြင်းအား မပြုလုပ်သင့်ပဲ မိမိ၏အဖွဲ့အစည်းတစ်ခုလုံးအား ရှုထောင့်ပေါင်းစုံမှ သေချာလေ့လာသုံးသပ်ပြီး၊ အားသာချက်များအား ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ပိုမိုကောင်းမွန်စေရန်၊ အားနည်းချက်များအတွက်လည်း ထိရောက်သည့် အိပ်ခ်ျအာမဟာဗျူဟာများ ချမှတ်အကောင်အထည်ဖော်နိုင်ရမည်ဖြစ်သည်။
ကိုဗစ်နှင့် နိုင်ငံရေးအကျပ်အတည်းသည် အဖွဲ့အစည်းအတော်များများ၏ အိပ်ခ်ျအာများအတွက် နိုးထရန် အချက်ပေးခေါင်းလောင်းသံတစ်ခု ဖြစ်သွားသည်။ တစ်နည်းအားဖြင့်လည်း အိပ်ခ်ျအာများ၏ HR Business Plan သည် တကယ်ထိရောက်မှုရှိပြီး၊ လက်တွေ့ကျမကျ ပြန်လည်သုံးသပ်သင့်သည်ဆိုသည်ကို အဖွဲ့အစည်း တော်တော်များများ သဘောပေါက်နားလည်လာကြသည်။
ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ အိပ်ခ်ျအာတွေက ပိုက်ဆံမရှာနိုင်တော့ မျက်နှာငယ်ရတယ်ဆိုပြီး၊ တချို့အိပ်ခ်ျအာတွေ ငြီးငြူကြတာ ကြားဖူးကြမည်ထင်သည်။ ဒီအချက်က အိပ်ခ်ျအာသည်လည်း အဖွဲ့အစည်း၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဉီးဖြစ်သည်ဆိုသည်ကို မေ့လျော့နေခြင်း (သို့မဟုတ်) တိုင်းတာချပြနိုင်မှု မရှိခြင်း ဆိုသည်ကို ပြသနေခြင်းဖြစ်သည်။
အိပ်ခ်ျအာအခန်းကဏ္ဍမှနေ၍ အဖွဲ့အစည်း၏အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုစေမည့် ၀နထြမြးမွား စွမ်းဆောင်ရည်ကို ဘယ်လိုမောင်းနှင်မလဲ၊ ကုန်ကျစရိတ်များပြားပြီး၊ မထိရောက်သည့် အိပ်ခ်ျအာအစီအစဉ် တွေကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ၊ မိမိ၏ HR Business Plan တစ်ခု မအောင်မြင်ရခြင်း၏ အဓိက အကြောင်းရင်းတွေက ဘာတွေလဲဆိုတာ ဘယ်လိုရှာဖွေဖော်ထုတ်မလဲ၊ အဖွဲ့အစည်းအတွက် အဆိပ် အတောက် ဖြစ်စေသည့်အပြင်၊ လုပ်ငန်းစွမ်းဆောင်ရည်လည်းမကောင်း၊ စရိတ်စကလည်း ကြီးမားသည့် ၀နျထမျးမြားအတှကျ အစားထိုးအစီအစဉ်တွေကို ဘယ်လိုရေးဆွဲပြင်ဆင်သင့်သလဲ စသည်ဖြင့် အိပ်ခ်ျအာ၏တာဝန်ဝတ္တရားများနှင့် အဖွဲ့အစည်းအပေါ်အကျိုးပြုမှုအား မိမိ၏ကျွမ်းကျင်လိမ္မာမှုအတတ်ပညာဖြင့် စီးပွားရေးရှုထောင့်မှနေ၍ တိုင်းတာချပြနိုင်မှုသည် အိပ်ခ်ျအာများ အတွက် ယနေ့ခေတ်၏တောင်းဆိုမှုတစ်ခု ဖြစ်လာပြီဖြစ်သည်။
အောင်မြင်သော HR Business Plan တစ်ခုရေးဆွဲပြင်ဆင်ရာတွင် အိပ်ခ်ျအာရှုထောင့်မှနေ၍ ဝေဖနပြိုငြးခှား ရသလို၊ စီးပွားရေးအမြင်ဖြင့်လည်း ထည့်သွင်းစဉ်းစားဖို့ မရှိမဖြစ်လိုအပ်သည်။ အိပ်ခ်ျအာများအနေဖြင့် သမာရိုးကျအိပ်ခ်ျအာမဟာဗျူဟာများကနေ စီးပွားရေးအရအကျိုးအမြတ်ဖြစ်ပေါ်စေမည့် အိပ်ခ်ျအာ မဟာဗျူဟာ များအဖြစ် အသွင်ပြောင်းလဲပေးနိုင်စွမ်းရှိရမည်၊ တီထွင်ဖန်တီးပေးနိုင်စွမ်းရှိရမည်။ ပြီးတော့ လက်ရှိကာလ အခြေအနေများနှင့်ကိုက်ညီနိုင်ခြင်းမရှိသည့်အပြင်၊ အဖွဲ့အစည်းက သွားချင်သည့် လမ်းကြောင်းနှင့်လည်း သွေဖယ်နေသည့် အိပ်ခ်ျအာအယူအဆများအား မသိဆိုးရွားစွာ ဆက်လက်ကိုင်စွဲထားခြင်းများ မပြုလုပ်သင့် တော့ချေ။ အိပ်ခ်ျအာတွေအနေဖြင့် အိပ်ခ်ျအာပညာရပ်အပေါ်တွင် စီးပွားရေးအမြင် ထပ်လောင်းပြီး ပါးနပ်စွာ လုပ်ကိုင်ဆောင်ရွက်တတ်ရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ၊ ပရော်ဖက်ရှင်နယ်လ်အိပ်ခ်ျအာဟူသည် အခြေအနေနှင့်အချိန်အခါပေါ်မူတည်ပြီး၊ အဖွဲ့အစည်းအတွက် မှန်ကန်သောအတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုနှင့် လက်တွေ့ကျပြီး ထိရောက်သည့် မဟာဗျူဟာများချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ အဖွဲ့အစည်း၏ ယုံကြည်အားကိုးရသည့် HR Business Partner တစ်ဉီးအဖြစ် ဂုဏ်ယူစွာ ရပ်တည်သွားနိုင်မည် ဖြစ် သည်။
အိပ်ခ်ျအာများအနေဖြင့် မိမိတို့သည် အဖွဲ့အစည်းအတွက် အရေးပါသောစီးပွားရေးလုပ်ဖော်ကိုင်ဖက်များ ဖြစ်သူဆိုသည့်ခံယူချက်အား အမြဲနှလုံးသွင်းကာ၊ အိပ်ခ်ျအာတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် အဖွဲ့အစည်း၏ကောင်းကျိုးအား အကောင်းဆုံးဖော်ဆောင်ပေးနိုင်သော၊ တိုင်းတာချပြနိုင်ကြသော HR Business Partner ကောင်းများဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။
No comments: