Tuesday, February 8, 2022

နားလည်စေချင်ပါသည် စာစု (အပိုင်း နှစ်)

နားလည်စေချင်ပါသည် (၆) 




ခံယူချက် အကျင့်သီလ လုပ်ဆောင်ချက်မတူရင် ဘုန်းတော်ကြီးချင်း မတူပါဘူး။ အသွင်အပြင်ဝတ်ထားရုံ သက်သက်နဲ့ ကိုယ်ကျင့်တရားပြည့်ဝသူလို့ မဆိုနိုင်သေးဘူး ။


ဂုဏဝန္တေ ပဿန္တိ ဇနာ.. ဂုဏ်ရှိရင် လူတွေက သိတယ် မြင်တယ်။ ဟုတ်ပါတယ်.. ဘုန်းကြီးတစ်ပါးအတွက် အလုပ်လုပ်ရင်း အလုပ်ရဲ့သဘာဝအရ လူသိများလာတယ်။ အလုပ်နောက်ကို ဂုဏ္က လိုက္လာတဲ့ သေဘာပါ။ 


တချို့ဘုန်းတော်ကြီးများက ဟန်ရေးပြရင်း ဂုဏ်နောက်ကို လိုက်တာလည်း ရှိတယ်။ ဆိုလိုတာက တကယ် တူတူတန်တန် အလုပ်မလုပ်ဘဲ ထင်ပေါ်ချင် ကျော်ကြားချင်တဲ့ သဘောပေါ့ ။


သင်္ကန်းကြီးတဖားဖား ဖုန်းကင်မရာ တကားကားနဲ့ အသက်ကြီးမှ ဝတ္လာတဲ့ တောထွက်ဘုန်းကြီးတစ်ပါးကို မြင်ဖူးပါလိမ့်မယ်။ သာသနာကို စောင့်ရှောက်သူလို့ ကင်းပွန်းတပ်ရင်း ပြဿနာများစွာ သံသယမ်ားစြာကို ဖန်တီးဖြစ်ပေါ်စေသူပါ ။ 


ပရိယတ္တိစာပေလဲ ကောင်းကောင်းမွန်မွန် မသင်ယူဖူးသလို အကျင့်ဖက်ကလည်း လေးစားဖွယ်မရှိဘူး။ ကားပေါ်မှာ စာတန်းအကြီးကြီးရေးပြီး သင်္ကန်းကို ကာဗာယူလို့ နေရာတကာ ဝင်ပါနေတာကိုလည်း တွေ့မြင်နိုင်တယ်။ တကယ်ရဟန်း တကယ်ဘုန်းကြီးက ဒီလိုအလုပ္ကို မလုပ္ဘူး။ 


ဒီလိုလုပ်ရပ်တွေကို ပရိယတ္တိစာပေသင်ယူထားတဲ့ ဘုန်းတော်ကြီးတွေ၊ အကျင့်သီလပြည့်စုံတော်မူကြတဲ့ ဘုန်းတော်ကြီးတွေ မနှစ်မြို့ကြပါဘူး။ 


ဒီလို သာသနာရဲ့ဆူးငြောင့်ပုံရိပ်တွေကို မြင်ရတဲ့အခါ ပရိယတ် ပဋိပတ် ဆရာတော်ကြီးတွေ စိတ်မသက် မသာ ဖြစ်တော်မူကြပါတယ်။ 


သတိထားဖွယ်ရာပါ။ ကိုယ့်ကြောင့် ကိုယ့်သာသနာ ပုံရိပ်မထိခိုက်အောင်တော့ အနည်းဆုံးအဆင့်အနေနဲ့ သတိထားသင့်လှတယ်။ 


သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ

======================= 

လွတ်လပ်ရေးမရမီကာလ..က ဘုရင်တွေက သူတို့ကြည်ညိုတဲ့ ဘုန်းကြီးတွေကို ဘွဲ့တံဆိပ်တွေ ထွင်ပြီး ဆက်ကပ်ခဲ့တယ်။ 


၁၉၅၃ခု ဖဆပလ အစိုးရလက်ထက်မှာတော့ ပရိယတ်ပြည့်စုံတဲ့ ဆရာတော်ကြီးတွေကို အဂ္ဂမဟာပဏ္႑ိတနဲ့ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ကြတယ်။ 


အဲဒီတုန်းကတော့ ဘုရင်တွေက ကြည်ညိုရင် ပြည်သူတွေကလဲ လေးစားတဲ့ဘုန်းကြီးတွေကို ဦးစားပေးဆက်ကပ်ခဲ့ကြတယ်။ လျှောက်လွှာတင်စရာ မလိုဘူးပေါ့ ။


ယနေ့ခေတ် ဘွဲ့တံဆိပ်များ 

================= 

၁၉၉၁ နဝတ အစိုးရလက်ထက်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ၂၃ အထိ တိုးချဲ့လိုက်တယ်။ 


အကျဉ်းချုံးအနေနဲ့


အဘိဓဇမဟာရဌဂုရု

အဂ္ဂမဟာပဏ္႑ိတ အပါအဝင် 

တိပိဋကဓမ္မဘဏ္႑ာဂါရိကဘွဲ့( ပိဋကတ္သုံးပုံ အောင်ဂုံ ရေးဖြေအောင်မြင်လို့ ၅ နှစ်ပြည့်သွားရင် ဒီဘွဲ့ကိုကပ်တယ်)


စာချဘွဲ့ ၃ဘွဲ့၊

တရားဟောတဲ့ဘွဲ့ ၂ ဘွဲ့

သာသနာပြု ၄ ဘွဲ့

တရားပြ ၃ ဘွဲ့ ဒီအထိက ဘုန်းကြီးတွေကိုပေးတဲ့ ဘွဲ့ ။


လူတွေ သာသနာကို ထူးထူးခြားခြားထောက်ပံ့သူ- 

အမျိုးသားတွေအတွက် ၄ ဘွဲ့၊ 

အမျိုးသမီးတွေအတွက် ၄ ဘွဲ့ စုစုပေါင်း ၂၃ ဘွဲ့ အထိ တိုးချဲ့ခဲ့တယ်။ 


 ဘွဲ့ကိုလက်ခံတဲ့ဘုန်းကြီးတွေရှိသလို ဘွဲ့တွေကိုလက်မခံဘဲ ကိုယ်ပိုင်အရည်အချင်းရှိရင် ရပြီ ဟိုဘွဲ့ ဒီဘွဲ့တွေ မယူဘူးဆိုပြီး ယုံကြည်လက်ခံတဲ့ ဘုန်းကြီးတွေလဲ ရှိတယ်။ 


အထူးသဖြင့် ယောနွယ်နဲ့ ဆက်စပ်တဲ့ ဆရာတွေ မန်းလေး သက်သီဟဘိဝံသ

ရပြီး စာပေကို တကယ်မြတ်မြတ်နိုးနိုးပို့ချတဲ့ ဆရာတွေဟာ အစိုးရဘွဲ့ကို လက်မခံကြဘူး။ 


မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဇန္နဝါရီ (၄) ရက်နေ့ရောက်ရင် ဒီဘွဲ့တွေကို အစိုးရသတင်းစာကနေ ကြေငြာတယ်။ 


မန်းလေးက နာမည်ကျော်ဆရာတော်ကြီးတစ်ပါးက တပည့်တွေကို မိန့်တယ် 

 မနက်ဖြန် မူလတန်း ဂေဇက်ထွက်မယ်ဟေ့ တဲ့၊ နောက်နေ့ သတင်းစာမှာ ဒီဆရာတော်ကြီးရဲ့ ဘွဲ့ပါလာတယ်။ ဆရာတော်ကြီးကိုယ်တိုင် လျှောက်လွှာတင်တာတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။


နဝတ လက်ထက်ကစပြီး ဘွဲ့ယူလိုတဲ့ဘုန်းကြီးတိုင်းဟာ လျှောက်လွှာတင်ကြရတာကိုး ။ 

မင်းကွန်းတိပိဋကဆရာတော်ကြီးတို့လို သိပ်ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီးအချို့တော့ လျှောက်လွှာတင်ရတယ်လို့ မကြားဖူးဘူး။ ထင်ရှားတဲ့ဘုန်းကြီးအချို့ကလွဲရင် ၉၉ ရာနှုန်းသော ဘုန်းကြီးတွေဟာ လျှောက်လွှာတင်မှ ဒီဘွဲ့တွေကို ရတယ်။ 


ယောနွယ်တို့ ပြည်ပမှာနေတဲ့ ဘုန်းကြီးတွေဆီကိုတော့ သံရုံးကနေ လျှောက်လွှာတွေ ပို့ပေးတယ်။ဖောင်ဖြည့်ပြီး သံရုံးကို ပြန်ပို့လိုက်ရုံဘဲ ။ ယောနွယ်လည်း ဒီဘွဲ့ယူတဲ့အထဲမှာ ပါ..ပါတယ်။ ၂၀၂၁ ခုနှစ် လွပ်လပ်ရေးနေ့က သာသနာပြု မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့ကိုရတယ်။ 


မျက်နှာပူစရာလည်းကောင်းတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဆရာတွေက ဒီဘွဲ့တွေကို မကြိုက်ဘူး။ ကိုယ့်အလုပ်ကို ကိုယ်လုပ်နေလို့ဘဲ လမ်းညွှန်ကြတာ။ 

ဖင်ရှည်ပြီး သွားလျှောက်ကြည့်လိုက်တယ်။ အပြစ်ပြောလဲ ကျေကျေနပ်နပ် ခံယူပါတယ်။ သူတို့မကြိုက်တာ ကိုယ္က လုပ္မိတာကိုး ။


တကယ်တော့ ဘွဲ့ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ရှိတဲ့ဂုဏ်နဲ့ လုပ်ရပ်နဲ့ ညီရင် ကျေနပ်စရာ ဘဝလို့ ဆိုနိုင်တယ်။ လုပ်ရပ်နဲ့ ရွိတဲ့ ဂုဏ်နဲ့ မညီရင် ရှက်ဖွယ်အတိ။


မန်းလေး ပရိယတ္တိလောကမှာတော့ သူတို့သိက္ခာနဲ့ သူတို့နေတယ်။ 

တခါတော့ စာချဘုန်းကြီးတစ်ပါးက လွတ်လပ်ရေးနေ့မှာ သတင်းစာကြီးကိုင်ပြီး အားပါးတရ ရယ်နေတယ်။ ဘာဖြစ်လို့ ရယ်နေတာလဲဆိုတော့ 


 ဒီမှာကြည့်လေ စာတလုံးမွ မခ်တဲ့ ဘုန်းကြီးက အမြင့်ဆုံး စာချဘွဲ့ကို ရနေတယ် တဲ့ ။ ဟုတ်တယ် ဒီလို ဘာမွ မလုပ်ဘဲ သာသနာရေးမှာ ဆိုင်ရာပိုင်ရာကို ငွေပေးပြီး ယူသူတွေလည်း ရွိတာကိုး ။


တချို့ကြတော့လည်း ဘာမွမလုပ္ဘူး ဆိုင်ရာပိုင်ရာတွေနဲ့ ဘွဲ့တွေအလီလီ ယူနေတဲ့သူတွေရှိတယ်။

တချို့ကြတော့လဲ ဘွဲ့တွေကို ကြိုက်ကိုကြိုက်တာ.. စာချဘွဲ့ တရားဟောဘွဲ့ သာသနာပြုဘွဲ့ ၁၅ဘွဲ့လောက်ရှိတာ ၁၀ ဘွဲ့လောက် ယူထားတာတွေလည်း ရှိတယ်။ အရည်အချင်း တကယ်ရှိလို့ အလုပ်လဲ တကယ်လုပ်နေလို့ ယူထားရင် တော်သေးတာပေါ့လေ။ တကယ်အရည်အချင်းမရှိဘဲ ယူထားရင်တော့ ရွက္ဖြယ္လိလိပါ။ 


စဉ်းစားစရာတွေတော့များသား.. အမြင်တွေလဲ အမျိုးမျိုးကိုး ။ 


အစိုးရက ဒီဘွဲ့တွေကိုပေးတယ်။ လျှောက်လွှာတင်ရတယ်။ ရတယ်။ တချို့ အရည်အသွေးမမှီသူတွေကြတော့ ဆိုင်ရာပိုင်ရာ နတ်ကြီးတွေကို ဗလိနတ်စာကျွေးမှ ရကြတယ်။ ဘွဲ့ရသူတိုင်းတော့ ငွေပေးသူတွေ မဟုတ္ဘူး။


ဂုဏ်နဲ့ဂုဏေး လုပ်ရပ်နဲ့ဘွဲ့ ကိုက်ညီလို့ ထိုက္တန္စြာ အပူဇော်ခံရတဲ့ ဆရာတော်ကြီးတွေလည်းရှိတယ်။ အနည်းစုပေါ့လေ။ ဂုဏ်နဲ့ဂုဏေး မကိုက်လို့ ငွေပေးရသူတွေလဲ ရှိတယ်။ အစိုးရကလဲ သူတို့က ဒီဘွဲ့တွေပေးပြီး သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားကြရင်တော့ သူတို့ရည်ရွယ်ချက် အောင်မြင်တာပေါ့ ။


လူတွေကိုပေးတဲ့ သာသနာဆိုင်ရာထောက်ပံ့ကူညီသူဘွဲ့တွေကိုတော့ ကိုယ့်ဟာကိုယ်သာ စုံစမ်းကြတော့။ သာသနာရေးဌာနက သူတို့ ဘုရားတည်နေပါတယ် ဘာလုပ်နေပါတယ် အဲဒီနေရာကို ဘယ်လောက်လှူပေးပါလို့ ပြောတာလဲ ရှိကောင်း ရှိပါလိမ့်မယ်။


အကောင်းဆုံးကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်သူတွေက အကောင်းဆုံးပါ။

ဂုဏ်နဲ့လုပ်ရပ်နဲ့ ကိုက်ညီနေတဲ့ ဘုန်းတော်ကြီးတွေရဲ့ ဘွဲ့လက်ခံမှုကိုလည်း အပြစ်လို့ မဆိုသာပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မင်းကွန်းဆရာတော် ဖားအောက်တောရဆရာတော် ယောတိပိဋကဆရာတော်တို့လဲ လက်ခံတော်မူကြတာကိုး။ သာသနာမွာ နေလို လလို အကျင့်ရော စာပေပါ သာသနာရဲ့ စံပြဖြစ်တဲ့ ဆရာတော်ကြီးတွေ မဟုတ္လား ။

လုပ်ရပ်နဲ့ ရတဲ့ဘွဲ့နဲ့ မကိုက္ညီဘဲ ငွေပေးရတယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့လေ။


တခါတရံတော့လဲ ဘုန်းကြီးဘဝဟာ ခပ်ခက်ခက်ရယ်ပါ။ ယနေ့ခေတ် မျိုးဆက်သစ်တွေ ရွားပါးလာတာက သက်သေပဲ။ ရွေးချယ်ခွင့်မရှိ။ တွေ့တဲ့လူတိုင်းနဲ့ အဆင်ပြေအောင်နေကြရတာ။ 

ပစ္စည်းလေးပါးအတွက် လူတွေကို မှီခိုနေရတော့ လူတွေကို အမြဲဆန့်ကျင်လို့လဲ မရဘူး။

လူတွေဖက်ကလဲ ထို့တူဘဲ သူတို့ကို တရားနည်းလမ်းတကျ ဆိုဆုံးမပေးဖို့အတွက် ဘုန်းတော်ကြီးတွေကို မှီခိုကြရတာ။ အပြန်ပြန် အလှန်လှန်ပါ။ 


သဒ္ဓါတရား နည်းလာတဲ့ခေတ်မှာတော့ ဘုန်းကြီးတွေဟာ လူတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာနေသလား သို့မဟုတ် ဘုန်းတော်ကြီးတွေရဲ့ အားနည်းချက် ရပ်တည်မှုတွေက အမွားမ်ားလာသလားဆိုတာကေတာ့ စဉ်းစားဖွယ်ရာပေါ့လေ။ 


သေချာတာကတော့ တကယ် စာသင် စာချနေတဲ့ ဘုန်းကြီးတွေ အများကြီးရှိနေပါတယ်။( မဟာဝိဟာရကျောင်းတိုက်၊ မြစင်္ကြာ ၊ မဟာဂန္ဓာရုံ၊ ဝိသုဒ္ဓါရုံ မင်းကွန်းတိပိဋကနိကာယ စတဲ့ စာသင်တိုက်ကြီးတွေမှာ သွားရောက်လေ့လာပါ) 


တိုင်းပြည်အတွက် ပြည်သူတွေအတွက် ထည့်မတွက်ဘဲ ငါထင်ရာစိုင်းတဲ့ ဘုန်းကြီးတွေလဲ ရှိပါတယ်။


ခံယူချက်မတူရင် ဘုန်းကြီးချင်းမတူဘူးလေ


ယုံကြည်ချက်ကို အသိဉာဏ်နဲ့ပေါင်းပြီး

သာသနာကို စောင့်ရှောက်ကြည်ညိုနိုင်ကြပါစေ


#နားလည်စေချင်ပါသည် (၇)

================== 


အသွင်တူပေမယ့် အရည်အသွေးမတူဘူး။ အသွင်တူပေမယ့် ခံယူချက်ပေါ်မူတည်ပြီး တန်ဖိုးတွေကွာတယ်။ 


ဘုန်းကြီးအလုပ်

၁။ စာသင် စာခ် (ပရိယတ္တိ)

၂။ တရားကျင့် တရားပြ (ပဋိပတ္တိ) .. ဒီလို ဘုရားဟောထားတယ်။


လူမှုကူညီရေးနဲ့ ပရဟိတ ကိစ္စတွေက မျက်မှောက်ခေတ် လိုအပ်ချက်အရ.. ကိုးကြယ္သူ-Follower များနဲ့ ကွာဟမှုမဖြစ်အောင် modify လုပ္ထားတာပါ ။


စာသင် စာခ် ဘုန်းတော်ကြီးဘဝအကြောင်းကို အပိုင်း (၆) ပိုင်း ပြောခဲ့ပြီ ။ 

ဒီနေ့တော့ တရားကျင့်တဲ့ ဘုန်းကြီးတွေအကြောင်း ပြောအုံးမယ်။


ယောနွယ်နဲ့ ပဋိပတ်

============= 

အမြင်အကြား စာသိနဲ့ရေးတာထက်စာရင် ကိုယ်လက်တွေ့ လေ့ကျင့်ဖူးတဲ့ဆရာတွေရဲ့ လမ်းညွှန်မှုတွေကို အခြေခံပြီး ပြောပါရစေ။


အသက် ၂၄ လောက် တိပိဋကစာမေးပွဲမှာ ဥဘတောဝင်ပြန်တာ စာမေးပွဲကျလို့ စိတ်ညစ်ပြီး မော်လမြိုင် ဖားအောက်တောရမှာ တရားအားထုတ်ခဲ့တယ်။ 


လက်ရှိ ဖားအောက်တောရဆရာတော်ကြီးဆီမှာဘဲ ရှင်သုနန္ဒနဲ့အတူ တရားလျှောက်ရတယ်။ ( ရည်ရွယ်ချက်ကလဲ မြင့်မြင့်ဘဲ စာမေးပွဲကျလို့ တရားသွားထိုင်တာလေ) 


တပတ်လောက်အထိ ဘာ သမာဓိမွကို မရတာ။ ကြာလာတော့ တရားစစ်တဲ့ ဆရာတော်ကြီးလည်း စိတ်မရှည်တော့ဘူးထင်တယ်၊ ဟုတ်တယ်လေ ဆရာတော်ကြီးက ယောဂီများစွာကို တရားစစ်နေရသူ၊ သူ့လမ်းညွှန်ချက်အတိုင်း ကျင့်ရင် တပတ္ဆိုတာ သမာဓိလေးတော့ ရနေသင့်တယ် မဟုတ္လား ။


"ဦးဇင်းက ဘာဖြစ်တာလဲ.".တဲ့


"တပည့်တော် စာမေးပွဲကျလို့ စိတ်ညစ်လို့ 

တရားလာထိုင်တာဘုရား" လို့ လျှောက်တော့


"ဦးဇင်းရေ.. စာမေးပွဲက သံသရာအတွက် အဆုံးအဖြတ်မဟုတ်ဘူး။ 

ဦးဇင်းတို့ ဓမ္မာစရိယ သာမဏေကျော်လောက် စာသင်ထားပြီးပြီ။ 

ဘုရားဟောတဲ့ စာတွေကို ကြည့်တတ်နေပြီဆိုရင် လုံလောက်ပါပြီ ။ 

နိဗ္ဗာန်ရောက်တဲ့ အကျင့်လေးကို ကြိုးစားကျင့်ပါ" တဲ့. ကရုဏာကြီးစွာ လမ်းညွှန်တော်မူတယ်။


နည်းနည်းပါးပါးလည်း လိမ်မာချင်စိတ်ရှိနေတာမို့.. 

ဆရာတော်ကြီးလမ်းညွှန်ချက်အတိုင်း တရား တလလောက် ကျင့်တာ.. သမာဓိတော့ ရခဲ့တယ်။ (ဈာန်အဆင့်အထိတော့ မေရာက္ဘူး။ ဥပစာရ သမာဓိ အဆင့်ကို ရောက်တယ်လို့ ပြောရမယ်။ ဥပစာရသမာဓိ အဆင့်ရောက်ရင် ဘယ္လိုဆိုတာ နောက်နားမှာ ရှင်းပြပါမယ်)


ဒုတိယအကြိမ် လေ့ကျင့်ဖြစ်တာက မြေဇင်းဆရာတော်ကြီးရဲ့နည်းနဲ့ သီရိလင်္ကာနိုင်ငံ စိတ္တလတောင် တောထဲမှာ နှစ်လတိတိ (လူတွေ့မခံ။ ဖုန်းမသုံး၊ လောကကြီးကို အဆက်ဖြတ်ပြီး) တရားထိုင်ခဲ့တယ်။

လောကကြီးတစ်ခုလုံး ဘယ်နေရာကိုကြည့်ကြည့် အကုန်မြင်တော့တာဘဲ ။ 

(ဘာတွေမြင်တာလဲ ဘယ်လိုမြင်တာလဲ နောက်နေ့မှာ ပြောပါအုံးမယ်)


လောကကြီးတစ်ခုလုံး ဘယ်လိုမြင်လဲဆိုတာတော့ သုဘူတိမထေရ်ရဲ့ တရားဟောတဲ့ပုံစံကို စာပေမှာ ကိုယ့်ဟာကိုယ် ရှာဖတ်ကြည့်ပေါ့လေ။ 


တတိယ ဆရာကေတာ့--


အခု လောလောလတ်လတ် ပြဿနာဖြစ်သွားတဲ့ သဲအင်းဂူ အမှတ် (၃၂) အောင်လံဆရာတော်ဆီမှာ ၁၀ ရက် စခန်းဝင်ခဲ့တယ်။ ဆရာတွေလမ်းညွှန်ချက်အတိုင်း မဟာပလ္လင် (၅)နာရီတိတိ။ လျောင်းကမ္မဌာန်း ၃ နာရီတိတိ တဆက်ထည်း ထိုင်ခဲ့ပါတယ်။ 


( ဒီနေရာမှာ ကြုံလို့ ပြောခွင့်ပြုပါ.. မဟာပလ္လင်ထိုင်တဲ့အခါ ကြိုးနဲ့ချည်ပြီး ထိုင်ရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ တင်ပလ္လင်ခွေထိုင်တဲ့အခါ ထပ်ထားတဲ့ခြေတောက် ပြုတ်မကြအောင် ခြေတိုသူ ဝတဲ့သူတွေက အဝတ် တံဘက် စတာနဲ့ သိမ်းထိုင်ရတာ..ကိုယ်တွေ့ပါ။ ရမ်းသမ်းပြောတာ မဟုတ္ဘူး။ အခုပြဿနာဖြစ်လို့ စောဒကတွေရဲ့ စာတွေကိုဖတ်တော့ အခိုင်အမာ ကြိုးနဲ့ချည်ပါတယ်လို့ ရေးတာဖတ်ရတယ်။ 


ပြီးတော့ ရှူးရှဲ ရှူံးရှဲ စက်နဲ့ ဖွင့်ထားတဲ့ကိစ္စကိုတော့ ယောနွယ်ကိုယ်တိုင် ဆရာတော်ဆီမှာရော ပရိသတ်ကြားမှာပါ စောဒက တက်ခဲ့တယ်။ ဆရာတော့်ဖြေရှင်းချက်က ဒီနေ့ခေတ်က ဒီလောက်ကြိုးစားမှ ရမယ့်ခေတ်ဆိုတာမျိုး ဖြေရှင်းပါတယ်။ 


ဘာပဲပြောပြောဗျာ.. ကိုယ့်လောကသားအချင်းချင်း တကယ်လဲ အမှန်အကန် အလုပ်လုပ်နေသူတွေအပေါ် အနိုင်ကျင့်တာမျိုးတော့ မကြိုက်ပါဘူး။ 


အခုကိစ္စမှာ ဖြေရှင်းတော်မူကြတဲ့ ဆရာတော်ကြီးများရဲ့ စေတနာက အလွန်လေးစားဖွယ်ရာပါ။ မှားတာရှိရင်ပြောမယ်၊ မှန်တာရှိရင် ထောက်ခံမယ်ဆိုတဲ့ မူနဲ့ ဆရာတော်ကြီးများက စစ်ဆေးပေးခဲ့တာမို့ ဝမ်းသာရပါတယ်။ သူတော်ကောင်းစိတ် ပြည့်တော်မူကြတဲ့ ဆရာတော်တွေပါ။


အောင်လံ ဆရာတော်က စာမတတ်ပါဘူး။ သူကိုယ်တိုင်လဲ ဝန်ခံတယ်။ သေချာတာက ဆရာတော်ဟာ တရားကို တကယ်ကျင့်ခဲ့ပါတယ်။ တရားထူး ရလား မရလားကေတာ့ ဆရာတော်ကိုယ်တိုင်သာ သိလိမ့်မယ်။ ကိုယ်မှ ဘာမွ မဟုတ်ဘဲ ကိုယ်မှ လက်တွေ့မကျင့်ဘူးဘဲ မှားတယ်ကြီး ပြောနေတာတော့ သိပ်သဘောမကျဘူး။ ( ဘယ်သူ့ကိုမှ မပြစ်မှားပါ။ အခုရေးပြတဲ့အထိ စာများအားလုံးရဲ့ အမွား အမှန်ဟာ ယောနွယ်မှာသာ တာဝန်ရှိပါတယ်)


ဆိုတော့.. ဒီဘုရား သာသနာမှာနေကြတယ်။ ဥပေဒမွာ ဘုရားဥပေဒကို လေးစားရမှာ။ တိုင်းတာစရာပေတံက ဘုရားဟောတဲ့ ပိဋကတ်သုံးပုံနဲ့ ဆန့်ကျင်နေရင် ပြုပြင်ရမှာ။ ငါတေကာ ကောပြီး ထွင်လို့မရဘူး။ ဒါ ယောနွယ်လက်ခံထားတဲ့ မူဘဲ ။


မြန်မာနိုင်ငံမှာ ပိဋကတ်သုံးပုံနဲ့ ဆန့်ကျင်လို့ နှိမ်နင်းခဲ့ရတာတွေရှိတယ်။

 နှိမ်နင်းခံရတဲ့ဘက်က သူတို့အတွေးအခေါ်လောက် မကောင်းလို့ ထေရဝါဒဘုန်းကြီးတွေက သူတို့ကို နှိမ်နင်းတာလို့ မြင်တယ်။ ဒီဖက္ကလဲ ဘုရားသသနာမှာနေရင် ဒီ ပိဋကတ္သုံးပုံ ပေတံနဲ့ဘဲ တိုင်းရမှာလို့ မြင်တယ်။ ( ဥပမာ.. လူသေလူဖြစ် အရှင်ဥက္ကဌ ၊ ကြောင်ပန်းဝါဒ၊မိုးပြာ အရှင်ဉာဏ၊ မြစ်ကြီးနားဦးဝိစိတ္တသာရာဘိဝံသဝါဒ စသည်)


ကိုယ့်အယူဝါဒကို သီးသန့်ထူထောင်ချင်ရင် ကိုယ့်အိုင်ဒီယာကို ကိုပြောပေါ့။ ဘုရားဟောတဲ့ စာတွေကို သူတို့တွေးနိုင်သလောက် ပယ်တဲ့ဟာပယ်၊ ဖြည့်တဲ့ဟာဖြည့် လုပ္တာကို ထေရဝါဒက လက်မခံဘူး။


ဘုရားဟောတဲ့ စာတွေကို သင်္ဂါယနာ တင်မယ်ဆိုတော့ ရဟန္တာမထေရ်မြတ်ကြီးတွေက မူချခဲ့တယ်။


၁။ ဘုရားမေဟာတာကို ငါတို့ ထပ္မေဟာဘူး။

၂။ဘုရားဟောတာတွေကို ငါတို့ မပယ္ဖ်က္ဘူး။

၃။ ဘုရားဟောထားတဲ့အတိုင်း ငါတို့ကျင့်မယ်.. ဆိုတဲ့ မူဘောင်ချပြီး ထေရဝါဒ သာသနာချီတက်လာတာ နှစ်ပေါင်း ၂၆၀၀ကျော်ခရီး ရောက်ခဲ့ပြီ မဟုတ္လား ။ 


( ကိုယ့်ဟာကိုယ် မထွင်နဲ့ မပြောဘူး၊ ထွင်ချင်ထွင်။ အိုင်ဒီယာလန်းချင်သပ ဆိုရင်လဲ ကြိုက်သလောက်လန်း။ ဘုရားဟောတဲ့ တရားတွေကိုတော့ ပြုပြင် ပယ်နှုတ် မလုပ်နဲ့ပေါ့ )။


လွန်တော်မူပြီဖြစ်တဲ့ အနိစ္စဆရာတော်ကြီးရဲ့ တပည့် ဆရာကြီး ဦးစောသာယံထံမှာလဲ ပဋိပတ်နည်းကို လေ့ကျင့်ခဲ့သေးတယ်။ တရားကျင့်သူတွေရဲ့ အဓိက ပန်းတိုင်ဟာ နိဗ္ဗာန်ပါ။ ပန်းတိုင်ဟာ တူတယ်။ 


မဟာစည်ဖြစ်ဖြစ် မိုးကုတ်ဖြစ်ဖြစ် ဖားအောက်ဖြစ်ဖြစ် မြေဇင်းဖြစ်ဖြစ် သဲအင်းဖြစ်ဖြစ်ပေါ့ ။ ပန်းတိုင်တူသူချင်း အပြစ်မပြောဘဲ လွဲနေရင်ပြုပြင်ပေး၊ မှန်နေရင် မုဒိတာ ပွားပေးဖို့တော့ လိုလိမ့်မယ်။


ဥပစာရသမာဓိ

==========

စိတ္ကို ဘယ်မှမလွင့်ဘဲ တဆက်ထည်း တနာရီလောက် ငြိမ်ငြိမ်ထားနိုင်ရင်ကို ဈာန်နားကိုရောက်တဲ့ ဥပစာရသမာဓိ အဆင့်ကို ရောက်ပြီ ။ 


ဒီအချိန်မှာ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပျောက်သွားတာ၊ 

ခန္ဓာကိုယ်တစ်ခုလုံး ဖန်တုံးကြီးလိုဖြစ်သွားတာ၊ 

သဲကြမ်းကြီးတွေကို လက်နဲ့ဆုပ်ပြီး လွှတ်ချလိုက်သလို ခန္ဓာကိုယ်ဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတာ၊ 


ကောင်းကင်ပေါ်မှာ ဒန်းစီးနေရသလို ငြိမ်ပြီး ငြိမ့်နေတာ၊ ခန္ဓာကိုယ်တစ်ခုလုံး လင်းထိန်နေတာ၊ အလင်းတန်းနိမိတ်တွေဟာ ဘောလုံးကွင်းက ဆလိုက်မီးကြီးတွေလို ထိန်ထိန်လင်းနေတာ စတာတွေ ဖြစ်လာတယ်။


(မနက်ဖြန်မှ ဆက်ရေးအုံးမယ်၊ အခုမွ ပဋိပတ်သံဃာတွေအကြောင်းရေးဖို့ စာ ပန္နက်ရိုက်နေတာ)


ယောနွယ်

Jan,21,2022

#YNNote


#နားလည်စေချင်ပါသည် (၈)

==================


သာသနာတော်အတွက် စာသင် စာချပြီး ဘုရားဟောတဲ့တရားတွေ ပျောက်မသွားအောင် ထိန်းသိမ်းတော်မူကြတဲ့ သံဃာတော်တွေဟာ တန်ဖိုးမြင့် သံဃာတော်တွေပါ ။ 


ဘုရားလမ်းညွှန်ချက်အတိုင်း ကျင့်ကြံတော်မူကြတဲ့ သံဃာတော်တွေဟာ လောကကို အငြိမ်းဓာတ်နဲ့ ကိုယ်တိုင်ရော အများအတွက်ပါ စောင့်ရှောက်ပေးကြသူတွေပါ ။


မနေ့က ယောနွယ်နဲ့ ပဋိပတ်အကြောင်း ပြောပြခဲ့တယ်။ ဒီ ပဋိပတ် သံဃာတွေအကြောင်း ပြောတဲ့အခါ လြန္စြာ သတိထားရပါတယ်။ သိမ်မွေ့တဲ့ သဘောတရားတွေကိုး ။ မြေဇင်းဆရာတော်ကြီး လမ်းညွှန်ချက်အတိုင်း တရားထိုင်တော့ သမာဓိလမ်းမှာ တရားထိုင်တဲ့ အတွေ့အကြုံတွေက အံ့ဩစရာမ်ားစြာ ကြုံရတယ်။


ယောနွယ်အတွေ့အကြုံတွေကို ဗန်းမော်ဆရာတော်ကြီးကို သွားရောက်လျှောက်ထားပြီး လမ်းညွှန်မှုခံယူခဲ့တယ်။


 မန်းလေး ဝိသုဒ္ဓါရုံ စည်ရှင်ဆရာတော်ကြီးကတော့ မဟာစည်ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုအတိုင်း ဆက်ပြီး တရားထိုင်ဖို့ မိန့်တော်မူတယ်။ 


ဟုတ်ပါတယ် စာပေရော အကျင့်ပါ စာတတ်ပေတတ် ဆရာတော်များရဲ့ အသိအမှတ်ပြု လက်ခံမှုကို ခံယူရတဲ့ ဆရာတော်ကြီး မဟုတ္လား ။


ဒီနေရာမှာ ဘုရား ဥပေဒက ရတဲ့တရားထူးကို အမှန်တိုင်းပြောရင်လည်း အာပတ်သင့်တယ်။ မရဘဲပြောရင်တော့ ရဟန်းဘဝပါ ဆုံးရှူံးပါတယ်။ 


( စဉ်းစားကြည့်စေချင်တယ်။ ဘုရား ဥပေဒက ရ-လို့ပြောရင်တောင် အာပတ်သင့် အပြစ်ဖြစ်တာ။ အွန်လိုင်းကနေ တရားထူးရပါတယ်တို့ ၊ ဘယ်အဆင့် ဘယ်အနေအထားရောက်ပါပြီလို့ ပြောနေရင်တော့ အမှန်အကန် ဖြစ်ဖို့ ခက်ခဲတယ်ဆိုတာ နားလည်စေချင်ပါတယ်။ 


ဒါပေမယ့် တကယ်တရားအားထုတ်နေရင် သူ့ဟာသူ တရားရပြီလို့ ပြောရင်တော့ အျပစ္မျဖစ္ဘူး၊ အညတြ အဓိမာနာ)


မနေ့က မြေဇင်းနည်းနဲ့ တရားထိုင်ရင်း လောကကြီးကို မြင်ရတယ်ဆိုတာ ပြောခဲ့တယ်။ 


( သမာဓိစခန်းက အတွေ့အကြုံပါ။ တရားထူးတွေ မဟုတ္ဘူး။ ဈာန္မဟုတ္ဘူး။ မဂ္မဟုတ္ဘူး ဖိုလ္မဟုတ္ဘူး)


ပဘဿရမိဒံ ဘိက္ခေဝ ယဒိဒံ စိတ္တံ- ဒါက ဘုရားစကားတိုကျရိုကျ။  


စိတ်မှာ အရောင်တွေရှိတယ်။ ဒါပေမယ့် ကိလေသာတွေအားကြီးနေရင် ဘာမွ မမြင်ပါဘူး။အင် တဒင်္ဂ အနေနဲ့ အဲဒီကိလေသာတွေကို ဖယ်လိုက်ရင် စိတ်ရဲ့အရောင်ထွက်လာတယ်။ ဝိသုဒ္ဓိမဂ်မှာ ဒါကို နိမိတ်လို့ ခေါ်တယ်။


ဝင်လေ ထွက်လေနဲ့ လေ့ကျင့်လို့ဖြစ်စေ၊ အျခား သမထ တခုခုနဲ့ လေ့ကျင့်လို့ဖြစ်စေ စိတ်တွေငြိမ်သွားပြီ ဆိုရင် အဲဒီ အရောင်အလင်းတွေ ပေါ်လာတယ်။ 


မြေဇင်းဆရာတော်ကြီးကတော့ လူ့ပြည် နတ်ပြည်မှာ ရွိတဲ့ ဘုရားတွေကို ဖူးလို့ရအောင် အဲဒီ အလင်းနိမိတ်တွေကို စနစ္တက် လေ့ကျင့်ခိုင်းပါတယ်။ သမထအရာမွာ အလင်းနိမိတ်ဟာ လိုတရ စေ..တလုံးပါ ။


 (လယ်တီဒီပနီမှာကြည့်နိုင်ပါတယ်။ ထိုင်းဆရာတော်ကြီး ဖရအာဂျန်ချမ်းစာအုပ် ၊ကန္နီဆရာတော်ကြီးရဲ့ ယောဂီပါရဂူစာအုပ်၊ ပြည်နိဗ္ဗန္ဒဆရာတော်ရဲ့ သံသာရမဂ္ဂပါရဂူ စာအုပ်တွေမှာ လေ့လာနိုင်ပါတယ်။)


အလင်းနိမိတ်ကို စနစ်တကျလေ့ကျင့်ပြီးရင် ငါးပေ ဆယ်ပေမှာ terget လေးတစ်ခုထားပြီး ဝင်လေ ထွက်လေနဲ့ အပို့အယူ လုပ်ရပါတယ်။ ဓာတ်မီးနဲ့ မီးထိုးသလို အလင်းတန်းက တန်းပြီးပါသွားတယ်။ ဝင်လေနဲ့ အဲဒီအလင်းတန်းကို နှာသီးဖျားကို ပြန်ခေါ်တယ်။ ဒီလိုပုံစံနဲ့ ပေ ၅၀၊ ပေ ၁၀၀ စသည် အလင်းနိမိတ်ကို ပို့လွှတ်ရတယ်။ အဲဒီအချိန်မှာ အကုန်မြင်တာပါပဲ ။


ယောနွယ်က ကျောက်ဂူကြီးတစ်ခုထဲမှာ အရှေ့ဖက်ကို မျက်နှာမူပြီး ထိုင်နေတယ်။ ငွေရောင်အချွန်အတက်ဝတ်ထားတဲ့သူက လက်အုပ်ချီပြီးဝင်လာတယ်။ သူဝင်လာတာကို လှည့်ကြည့်စရာမလိုဘဲ ကိုယ့်မြင်ကွင်းမှာ ရှင်းရှင်းလင်းလင်း မြင်နေပါတယ်


သင်ဘယ်သူလဲလို့ မေးတော့


လက်အုပ်ချီ ခေါင်းကို ညာဖက်စောင်းပြီး သူလက်ညှိုးညွှန်ရာ အရပ္ကို ကြည့်လိုက်တော့ တောစပ်တနေရာမှာ ပျောက်ကွယ်သွားတယ်။ တောစောင့်နတ်နေမှာဘဲလို့ စိတ်ထဲမှတ်ချက်ချလိုက်တယ်။ ( အဲဒီနေ့ရက်တွေကို ဒိုင်ယာရီမှာ မှတ်တမ်းတင်ထားပါတယ်)


တနေ့ကို တရားထိုင်ချိန်ချည်း ၁၀ နာရီထိုင်ပါတယ်။ စင်္ကြံချိန် ၁ နာရီထားတယ်။ ၂၄ နာရီမွာ ၁၁ နာရီတိတိ ထိုင်ကြတယ်( အရှင်ကုသလဂျာမဏီ၊အရှင်တေဇော..နေပြည်တော်ရာဇဓာနီ၊အရှင်တိလောက၊ ဦးစန္ဒော ဓမ္မဧရာဝတီတို့နဲ့အတူပါ)


နောက်နေ့တွေမှာတော့ လူ့ပြည်ကဘုရားတွေ၊ အထူးသဖြင့် သီရိလင်္ကာက ဘုရားတွေ၊ အိန္ဒိယက စေတီတွေ ၊မြန်မာနိုင်ငံက ရွှေတိဂုံ စတာတွေကို သမာဓိအလင်းနိမိတ်နဲ့ ကြည့်ကြတယ်။ တရက္စီပါ။


 ပြီးတော့ တာဝတိံသာက စူဠာမဏိစေတီ (အတွင်းထဲမှာ ဌာပနာထားတဲ့ ဘုရားရဲ့ဆံတော်တွေလဲမြင်ရတယ်။ )တာဝတိ့သာနတ်မြို့တော်ကိုလည်း လှည့်ပတ်ကြည့်သေးတယ်။ ဗြဟ္မာ့ပြည်က ဒုဿစေတီတော်ကိုလဲ ဖူးရတယ်။ 


ဗဟုသုတအနေနဲ့ ပြောပြချင်တာက.. 


မြန်မာတွေရဲ့ ရွှေရောင်တဝင်းဝင်း ဘုရားပုံစံတွေက စူဠာမဏိယဉ်ကျေးမှုပါ။ စူဠာမဏိစေတီတော်ဟာ ရွှေတိဂုံဘုရားလိုပုံစံလို့ အနီးဆုံးပြောချင်တယ်။


ဒုဿစေတီက အဖြူရောင်ပါ။ စစ်ကိုင်း ကောင်းမှုတော်စေတီလိုပေါ့ ။ ဒါကြောင့် သီရိလင်္ကာက ဘုရားအားလုံးဟာ ဒုဿစေတီယဉ်ကျေးမှုကို ယူပြီး တည်ထားတယ်လို့ ပြောနိုင်တယ်။ 


ရှေးရှေးသူတော်စင်ဆရာတော်ကြီးတွေ နှစ်များစွာ လေ့ကျင့်ထားတော့ တေလာကလုံး ရှင်းရှင်းလင်းလင်း မြင်တော်မူရမှာ အေသအခ်ာပါ။


လူ့ပြည်က နတ်မျိုးစုံ၊ နတ်ပြည်က နတ်မျိုးစုံ ၊ ဗြဟ္မာတွေကိုပါ မြင်ခဲ့တယ်။ သမာဓိ အင်အား အရမ်းကောင်းသွားရင် အလင်းနိမိတ်ဟာ ဘောလုံးကွင်းမှာ ထိုးထားတဲ့ ဆလိုက်မီးတွေထက် ပိုလင်းတယ်။ သမာဓိကောင်းလေ အလင်းနိမိတ်အား ကောင်းလေပေါ့ ။


နောက်ပိုင်းမှာတော့ နတ်တွေနဲ့ မျက်နှာချင်းဆိုင် စကားပြောရသလို ပြောခွင့်ရတယ်။ အထူးသဖြင့် ယောနွယ်မေးခဲ့တဲ့မေးခွန်းက.. မေတ္တာပို့တာ သိလား၊ အမျှဝေတာတွေ ရရဲ့လား ဆိုတဲ့ မေးခွန်းတွေပါ။ 


ဘာဖြစ်လို့လဲဆိုတော့ စေတီတဆူဆူကို အလင်းနိမိတ်နဲ့ ဘုရားဖူးသွားရမယ်ဆိုရင် မေတ္တာကို အကြာကြီး အချိန်ယူပို့ကြရတာ။ မေတ္တာမပို့ဘဲ ဘုရားသွားဖူးရင် စေတီစောင့်တဲ့ နတ်ကြီးတွေကို တွေ့ခွင့်မရဘဲ အောက်ခြေက နတ်လေးတွေကို တွေ့ရတယ်။


တာဝတိံသာက စူဠာမဏိစေတီ ဆိုတာ စောင်းတန်းသုံးသွယ်နဲ့ အနောက်ဖက်စောင်းတန်းကနေ ဆင်းသွားရင် သိကြားမင်းနေတဲ့ ဝေဇယန္တာပြဿာဒ်တွေ ဘုရားရှင်အဘိဓမ္မာတရားဟောတဲ့ ပင်လယ်ကသစ်ပင် စတာတွေကိုလဲ တွေ့ခဲ့တယ်။ သိပ်ကြီးကျယ်ခမ်းနားတဲ့ နန္ဒဝန်ဥယျာဉ်ကိုလဲ တွေ့ခဲ့တယ်။ 


စူဠာမဏိစောင်းတန်းမှာ တွေ့တဲ့နတ်တွေကို ငါဒီနေ့ တနေကုန် မေတ္တာပို့တာ သိလားလို့မေးတော့ သိတဲ့အကြောင်း ပြန်ပြောကြတယ်။

(အင်း ကိုယ်တွေ့မို့သာ ရေးပြရတာ။ လက်တွေ့မလုပ်ဖူးရင် ပြစ်မှားမယ့်သူတွေများမှာ ကြိုတွေးထားတယ်။ ဒါပေမယ့် ဒါဟာ ယောနွယ်ရဲ့ တကယ်လက်တွေ့ပါ။ ၂၀၀၉ ခုတုန်းကစ ဒါတွေတွေ့ကြုံခဲ့တာ အခုမွ အလျဉ်းသင့်လို့ ပြောပြတာ။ ကြိုပြောပါရစေ..လက်တွေ့ လေ့ကျင့်ပြီးမှ ယုံပါ။ လက်ခံပါ။ )


ဒီလို အလင်းနိမိတ်နဲ့ သမထစခန်းကို ရက်ပေါင်း ၄၀ လေ့ကျင့်ရတယ်။ ကျန်တဲ့ ရက် ၂၀ ကိုတော့ ဝိပဿနာပိုင်းကို လေ့ကျင့်ရတယ်။ ဒီလောက် အားကောင်းတဲ့ ဥပစာရသမာဓိနဲ့ ရုပ်နာမ်သဘောတရားတွေကို စူးစိုက်ကြည့်ရတယ်။ ခန္ဓာကိုယ်ရဲ့ အထင်ရှားဆုံးနေရာကို မှတ်ရတယ်။ 


သွေးပြန်ကြောကနေ က်လာတဲ့ သွေးပေါက်လေးက နှလုံးအိမ်ကို က်လာတာကို စိုက်ပြီးကြည့်တယ်။ တဖြေးဖြေးနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေမြှုပ်ဆိုင်ကြီးဖြစ်သွားတယ်။ ဪ..ဘုရားဟောတဲ့ ဖေဏူပမံ ကာယမိမံ ဝိဒိတြာ.. ခန္ဓာကိုယ်ဟာ ရေမြှုပ်ဆိုင်နဲ့ တူတယ္ဆိုတဲ့ ဘုရားစကားကို လက်တွေ့သိသွားတယ်။ 


အတွေ့အကြုံများစွာ ရက်များစွာမို့ စာဖတ်သူတို့ လက်ခံနိုင်လောက်တဲ့ ပမာဏကို ကိုယ်တွေ့အဖြစ် ပြန်လည်ပြောပြပါတယ်။ ( ဒီစာအားလုံးဟာ ကာယကံရှင်ရဲ့ ကိုယ်တွေ့ဖြစ်တဲ့အတွက် ရာနှုန်းပြည့် တာဝန်ယူပါတယ် ) က်န္တာကေတာ့ ကိုယ်ဟာကိုယ်လေ့ကျင့်ကြည့်ကြဖို့ တိုးတွန်းလိုတယ်။ 


သာသနာဟာ ဗရမ်းဗတာ မဟုတ္ဘူး။ ယောနွယ်တို့ ကိုယ်တွေ့ဆိုတာ ဆရာတော်ကြီးတွေအတွေ့အကြုံနဲ့စာရင် ရယ်ဖွယ်လောက်ပါ။ ဗောဓိမြိုင်ဆရာတော်ကြီးရဲ့ အတၳုပ္ပတ်စာအုပ်ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ.. 


သာသနာတော်မှာ အလွန်ထင်ရှားပြီး လက်တွေ့ကျင့်ကြတဲ့ ပဋိပတ် သံဃာတွေအကြောင်း နောက်နေ့တွေ ဆက်ပြောမယ်။


ယောနွယ်

Jan,22,2022

#YNNote


#နားလည်စေချင်ပါသည် (၉)

=================


ခံယူချက် မတူရင် တန်ဖိုးတွေလဲ သူ့ဟာနဲ့သူကွာတယ်။ ဘုန်းတော်ကြီးရဲ့အလုပ်က စာသင် စာချနဲ့ တရားကျင့်(တရားဟော၊ တရားပြ) ခြင်းပဲ ။ ရံခါတော့ ခေတ်ကာလရဲ့ တောင်းဆိုမှုတွေကြောင့် အနည်းငယ် အသွင်ပြောင်း ရပ်တည်လုပ်ဆောင်ရတာတော့ ရှိပါတယ်။


အပိုင်း (၇) အပိုင်း (၈) မွာ ပဋိပတ်-တရားကျင့် ဘုန်းကြီးတွေအကြောင်း ပြောချင်လို့ ယောနွယ်ကိုယ်တွေ့တွေ ပြောပြီး စာပန္နက်ရိုက်ခဲ့တယ်။ တဆက်ထည်း ငယ္ငယ္က သဘောကျပြီး ဘာသာပြန်ဖူးတဲ့ ဆရာတော်ကြီးတစ်ပါး။ ထိုင်းနိုင်ငံက ပဋိပတ်ကျင့်တဲ့ ဘုန်းတော်ကြီးတစ်ပါးအကြောင်းကို ဒီနေ့ ပြောပါရစေ ။ 

( သူ့ကျင့်စဉ်က မြေဇင်းဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့ တူညီနေတာမို့ စိတ်ဝင်စားလို့ ဘာသာပြန်ပြီး ရေးခဲ့တာ ၂၀၀၉ ခုနှစ် ကတည်းပါ။)


ထိုင်းနိုင်ငံ သံဃာလောကမှာ ထင်ရှားတဲ့ဆရာတော်ကြီးပါ။ ဆရာတော်ကြီးဘွဲ့က ဖရအာဂျန်မန်း(1870-1949) ပါ။ ဆရာတော်ကြီး ဖရအာဂျန်မန်း အမှူးပြုတဲ့ ဘုန်းတော်ကြီးများဟာ မြန်မာနိုင်ငံတောင်တန်းများနဲ့ လာအိုနိုင်ငံတောင်တန်းများပေါ်က ဂူတွေထဲမှာ နှစ်များစွာနေပြီး တရားကို ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ကြတာပါ။


ဆရာတော်ကြီးဖရအာဂျန်မားဟာ သူ့ရဲ့ တပည့်ငယ်တစ်ပါးကို သူတွေ့တဲ့ တရားအတွေ့အကြုံတွေကို အမြဲပြောပြခဲ့တယ်။ သူ့ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြရင် လက်မခံနိုင် မယုံကြည်နိုင်မယ့် သူတွေရှိနေမယ်ဆိုတာလည်း ဆရာတော်ကြီး ကြိုသိခဲ့တယ်။


(ဘုရားသက်ရှိထင်ရှားရှိနေတုန်းက တပည့်ကြီး အရှင်မဟာမောဂလာန်နဲ့ အရှင်လက္ခဏတို့ဟာ ဂိစ္ဇျကုဋ်တောင်တန်းတွေပေါ်က ပြိတ္တာကြီးတွေကို မြင်ရင်.. ဘုရားကို ပြန်လျှောက်ကြတယ်။ အဲဒီအခါ ဘုရားက အေး ငါဘုရားက အရင်ကတည်းက မြင်တာ။ မြင်မြင်သက်သေ မရှိသေးလို့ မပြောသေးတာ ဆိုတာမျိုး ပြန်လည်မိန့်တဲ့ သာဓကမ်ားစြာ စာပေမှာ ရှိပါတယ်)


ဆရာတော်ကြီး ဖရအာဂျန်မန်းဟာ တပည့်ဖြစ်သူ acariya Maha Boowa Yaoasampan ကို ငါပျံတော်မူမှ ငါ့ကိုယ့်တွေတွေကို စာအုပ်ထုတ်ဖို့ မှာတော်မူခဲ့တယ်။ ဆရာတော်ကြီး လွန်တော်မူပြီးချိန်မှ တပည့်ဖြစ်သူက စာမျက်နှာ ၆၈၀ ရွိတဲ့ စာအုပ္ကို ရေးသားထုတ်ဝေတယ်။


ဆရာတော် ဖရအာဂျန်မန်းကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မွေးဖွားတယ်။ ရဟန်းဖြစ်ပြီးနောက်မှာ ထိုင်းနိုင်ငံအလယ်ပိုင်းက တောအုပ်ကြီးတစ်ခု၊ ရေတံခွန်တွေ ကျောက်ဂူတွေပေါများတဲ့ နခနရုတ်ဒေသကို ရောက်သွားတယ်။ ဂူတွေကိုတွေ့ရတော့ ဒီမွာပဲ တရားအားထုတ်တော့မယ်ဆိုပြီး တောင်ခြေမှာ နေကြတဲ့ ဒကာတွေကို ပြောပြတယ်။ ဒကာတွေက 


"ဒီဂူတွေမှာ အားမထုတ်ပါနဲ့ ၊ ဒီဂူတွေမှာ အားထုတ်လို့ ပျံလွန်တော်မူကုန်ကြတာ လေးပါး ရှိနေပါပြီ" လို့ ပြောပြီး တားမြစ်ကြတယ်


ဆရာတော်ကတော့ သတ္တဝါဆိုတာ တနေ့သေရမှာဘဲ၊ တရားအားထုတ်ပြီး သေတာ ပိုမွန်မြတ်ပါတယ်လို့ မိန့်တော်မူပြီး 

ပထမ ဒုတိယ တတိယညေတြမွာ အေးချမ်းစွာ တရားအားထုတ်နေခဲ့တယ်။ 


လေးညမြောက်မှာတော့ ဗိုက်အတွင်းက ပူလောင်လာပြီး ဝမ်းတွေ မရပ္မနား သွားပါတော့တယ်။ ဆရာတော်ကြီးဟာ ကာယာနုပဿနာ ကမ္မဌာန်းကို ပွားများရင်း ခံစားရတဲ့ ဝေဒနာတွေကို ပြောင်းလဲရှူမှတ်ခဲ့တယ်။ ခန္ဓာကိုယ်တွင်းက အလင်းရောင်တွေကို တွေ့မြင်ပြီး စိတ်လဲပေါ့ပါး သမာဓိလည်း အားကောင်းလာတယ်။ ခံစားရတဲ့ ဝေဒနာလည်း သက်သာပြီး လူကလန်းဆန်းပေါ့ပါးလာတယ်။


အဲဒီအချိန် ဂူထဲကို ခန္ဓာကိုယ်ကြီးကြီးနဲ့ သတ္တဝါတစ်ကောင် ဝင်လာတယ်။ လူလား နတ္လား ဘာလား သေချာ မခွဲခြားနိုင်သေးဘူး။ အဲဒီသတ္တဝါကြီးကဘဲ 

ဆရာတော့်ကို ပြောတယ်၊ 


"ငါက ဒီတောင်မှာစောင့်တဲ့ တောင်စောင့်ဘီလူးကွ ၊တွေ့လား တင်းပုတ်( သူ့လက်ထဲက တင်းပုတ်ကို ပြပြီး) ဒီ တင်းပုတ်နဲ့ ဆင်ကိုတောင် မြေကြီးထဲဝင်သွားအောင် ရိုက်သတ်ဖူးတယ်။ ပြီးတော့ တောင်စောင့်ဘီလူးကြီးက ဒီဂူထဲ တရားလာထိုင်တဲ့ ဘုန်းကြီးလေးပါးကို ငါပဲ ရိုက်သတ်ခဲ့တာလို့ ဆက်ပြောတယ်။


ဒီဂူကေန အခုချက်ချင်းထွက်သွား၊ ထွက်မသွားရင် ရိုက်သတ်ပစ်မယ်"လို့ လျှောက်တော့ 

ဆရာတော်ကြီးက.. ။


မနက်ဖြန်ဆက်ပါမည်။


ယောနွယ်

Jan-23-2022


#နားလည်စေချင်ပါသည် (၁၀)


အပိုင်း(၉) က ပဋိပတ်ဝန်ဆောင် ဆရာတော် ဖရအာဂျန်မန်းအကြောင်း ဆက်ပြောရအောင်။

ဆရာတော်-က တည်ငြိမ်တဲ့လေသံနဲ့ 

 အသင်တောင်စောင့်ဘီလူး ! 

သတ္တဝါမှန်ရင် တစ်နေ့သေကြမှာပါ ။ ရဟန်းဘဝနဲ့ တရားအားထုတ်ဖို့

ဒီဂူကို ငါရောက်လာခြင်းဖြစ်တယ် ။ သင့်ကိုနှောင့်ယှက်ဖို့ ငါရောက်လာတာ မဟုတ်။ ငြိမ်းချမ်းစွာ တရားအားထုတ်ဖို့ ရောက်လာခြင်းဖြစ်တယ်။ သင်ပြောသလို သင်ဟာတန်ခိုးကြီးတယ်ဆိုရင် သင့်ကိုယ်တွင်းက ကိလေသာတွေကို ဖြိုခွင်းသူ အောင်နိုင်သူဖြစ်ပါရဲ့လား ။

သင် သတ္လိုက သတ်ပါ။ တရားအားထုတ်ရင်း မြတ်တဲ့သေခြင်းနဲ့ သေရမှာမို့ ကြောက်စရာ လုံးဝမရွိ။


သင်ကသာ ရဟန်းမြတ်ကို သတ်လို့ ဒုက္ခကြီးစွာ ခံရလိမ့်မယ်။ မမိုက်ပါနဲ့ ၊ ကောင်းမှုကုသိုလ်များ ကြိုးစားအားထုတ်ပါလို့ ပြောလိုက်တော့ -

တောင်စောင့်ဘီလူးကြီးဟာ သေးငယ်သွားပြီး ဆရာတော့်ကို ဦးချကန်တော့တယ်။ ပြီးတော့.. ဆရာတော် ဒီဂူမွာဘဲ ဆက်ပြီးတရားအားထုတ်ပါလို့ ပြောပြီး ပျောက်ကွယ်သွားပါတော့တယ်။

နောက်ပိုင်းမှာ တောင်စောင့်ဘီလူးကြီးဟာ သူ့ရဲ့တပည့်တွေကို ခေါ်လာပြီး ဆရာတော့်ကြီးဆီက တရားတွေ နာယူတယ်။ 

ရုက္ခစိုးနတ်တွေ ကိုယ်တိုင်လည်း တရားနာယူဖို့ ရောက်လာကြတယ်။(ယောနွယ်ကိုယ်တိုင်လည်း ရုက္ခစိုးနတ်တွေကို တွေ့ခဲ့ဖူးတယ်)။


ဆရာတော်ကြီးရဲ့ သမထကျင့်စဉ်

======================

ဝင်လေနဲ့ ဗု လို့ မှတ်ပြီး ထွက်လေနဲ့ ဓောလို့ ပွားများတယ်။ ဗုဒေ္ဓါ ဗုဒေ္ဓါ လို့ ပွားများတယ်။ 

ဘယ်ခြေလှမ်းရင် ဗု၊ ညာခြေလှမ်းရင် ဓော လို့ မှတ်တယ်။ ( ကန္နီဆရာတော် မြေဇင်းဆရာတော်တို့ကတော့ ဝင်လေနဲ့ အရဟံ။ ထွက်လေနဲ့ အရဟံ..လို့ စတုရာရက္ခပိုင်းမှာ ရှူမှတ်ခိုင်းတယ်)။

သုံးလလောက် ပြင်းပြင်းထန်ထန်ရှူမှတ်လိုက်တော့ ပိုးလောက်တွေ လူသေအလောင်းကောင်တွေ တွေ့ရတယ်။ ( စတုရာရက္ခလေးမျိုးထဲက အသုဘဘာဝနာကို ရှူမှတ်သလိုပါပဲ)။

  

ဆရာဖြစ်သူ ဖရအာဂျန်စော..ကို ကမ္မဌာန်းလျှောက်တော့ ဆရာ-က ကာယာဂတာသတိကို ဆက်လက်အားထုတ်ဖို့ မိန့်တော်မူတယ်။ ခန္ဓာကိုယ်ရဲ့ ထင်ရှားတဲ့အစိတ်အပိုင်းတွေကို တပိုင်းစီ ခွဲပြီးရှူတယ်။

ဒီကမ္မဌာန်းကို ပျံလွန်တော်မူတဲ့အထိ ရှူမှတ်ပွားများခဲ့တယ်။ ခန္ဓာကိုယ်ထဲမှာပဲ စိတ္ကို သတိနဲ့အမြဲကပ်ထားကြောင်း ဖရအာဂျန်မန်းက သူ့တပည့်ကို မိန့်ကြားခဲ့တယ်။( သတိဆိုတဲ့ နေအိမ်မှာ နေနိုင်သွားတယ်ဆိုတဲ့ သဘောလို့ နားလည်ရပါတယ်)။


သမာဓိအားကောင်းလို့ နိမိတ်အားတွေကောင်းနေတဲ့အခါ စိတ်ညွတ်ရာကို ရောက်သွားလေ့ရှိတယ်။ ငရဲမွာ ဆင်းရဲကြီးစွာ ခံစားနေရတဲ့ သူတွေကိုမြင်ပြီး သံဝေဂကြီးစွာနဲ့ ငေးမောကြည့်နေမိလို့ (မွန်းလွဲသွားလို့) ဆွမ်းမစားလိုက်ရတဲ့ နေ့တွေလည်း ရှိခဲ့တယ်။

နတ်ပြည်တွေကို ရောက်သွားတဲ့အခါ နတ်တွေဟာ သူ့ကိုအရေးမလုပ်ဘဲ သူတို့ဘာသာ သွားမြဲ သြား လှုပ်ရှားမြဲ လှုပ်ရှားနေကြတာတွေကိုလည်း တွေ့မြင်တယ်။ 


ဆရာဖြစ်သူ အာဂျန်စောကို လျှောက်တော့ မင်းစိတ်က မျောက်စိတ်လိုဘဲ။ စိတ္ကို အပြင်ကို မထွက်စေနဲ့လို့ မိန့်တော်မူတယ်။ 


ဆရာတော်ဖရအာဂျန်မန်းဟာ ကာယဂတာသတိကို ပွားများလို့ အသားက်လာတဲ့အခါ မြောက်ဖက်ပိုင်းကို တပါးထည်း ကြွလာတယ်။ နောက်ပိုင်းမှာ မြန်မာပြည် တောနက်တစ်နေရာကို ကူးလာပြီး ငါးနှစ်တိတိ တရားအားထုတ်ခဲ့တယ်။ ဒုတိယကမ်ဘာစစ်ဖြစ်ချိန်မှာတော့ ထိုင်းနိုင်ငံဖက်မှာ ပြန်အကြွ.. သုံးည သုံးရက် လမ်းလျှောက်ရင်း ကြွလာချိန်..

ကျမ်းဂန်များမှာတော့ ရုက္ခစိုးနတ်တွေက တရားကျင့်သူတွေကို ဆွမ်းကပ်လေ့ရှိကြောင်း မှတ်သားဖူးပေမယ့် ငါ့မှာတော့ ဘယ္သူမွ မရွိဟု စဉ်းစားရင်း ကျောက်ဖျာတခုထက်မှာ အနားယူနေခိုက် ဘယ်သူမှန်းမသိတဲ့ လူရည်သန့်တစ်ဦးက ဆွမ်းလာကပ်ပါတော့တယ်။

ဆရာတော်က ဆွမ်းအကပ်ခံပြီး ဘယ်အရပ်က လာတာပါလဲလို့မေးတော့ ဘာမှပြန်မပြောဘဲ ခပ်လှမ်းလှမ်းကို လက်ညှိုးထိုးပြပြီး လမ်းလျှောက်ထွက်သွားတယ်။ ဆရာတော်ကြီးက သူလမ်းလျှောက်ထွက်သွားရာကို ကြည့်နေရာ သစ်တပင်နားရောက်တော့ ပျောက်ကွယ်သွားပါတယ်။

ဆ၇ာတောျအာဂနြျမနျးဟာ ကမ္မဋ္ဌာန်းနှင့်သာ မွေ့လျော်လေ့ရှိတယ်။ ညဖက်မှာ နတ်ဒေဝါများ နဂါးမ်ား လာရောက် တရားနာလေ့ရှိပါတယ်။်။ ဆရာတော်ဟာ် တေနရာ တဒေသတွင် ကြာကြာ သီတင်းသုံးတော်မမူပါဘူး။ ဇင်းမယ်နယ်ဖက်မှာတော့ ကြာကြာသီတင်းသုံးပါတယ်.

ဇင်းမယ်နယ်ဖက်မှာဒေ၀တာများ များပြားစွာလာရောက်တရားနာယူကြသည်ကို သတိပြုမိကြောင်း အရှေ့မြောက်ပိုင်းတွင် ဒေ၀တာများ မမ်ားပဲ နဂါးမ်ား လာရောက်သည်ကများပြားကြောင်း မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ 

နဂါးတွေဟာ ညဖက် ၁၀ နာရီမွ ၁၁ နာရီခန့်တွင် လာရောက်တရားနာလေ့ရှိသလို ၊ေဒ၀တာမ်ားကေတာ့ ညသန်းခေါင်ယံအချိန်မှ လာရောက်ကြပြီး နံက်မိုးသောက် ၂ နာရီခန့်ရှိမှ ပြန်လေ့ရှိကြောင်း အမိန့်ရှိတော်မူပါတယ်.


နတ်များ နဂါးမ်ားဟာ အလွန်စည်းကမ်းသေ၀ပ်ကြသလို တရားနာယူတဲ့အခါမွာ

လူများကဲ့သို့လှုပ်ရှားခြင်းမရှိပဲ နာယူကြပါတယ်။ နတ်များဟာ လာရောက်တဲ့အခါ ဆရာတော်ကို သုံးပတ်လှည့်၍ ကန်တော့ကြတယ်၊ တည်ငြိမ်စွာ တရားနာပြီးသည့်အခါ သာဓု သုံးကြိမ်ခေါ်ကြပြီး နောက်သို့ ရွေ့လျားသွားကြပြီး တခဏချင်းပင်လျှင် ဝါဂွမ်းပုံလေးကဲ့သို့ဖြစ်ပြီး လျင်မြန်စွာ ကောင်းကင်၌ ပျောက်ကွယ်သွားကြပါတယ်၊


တခါက နဂါးမင်းနှင့် နဂါးပရိသတ်များ နေ့စဉ်ရက်ဆက် တရားနာလာကြပါတယ် ။

လာတဲ့အခါ နဂါးမင်းက သူ့ရဲ့ ရာဇပလ္လင်ကိုပါ ယူလာပြီး

သူရဲ့ရာဇပလ္လင်ပါ သူ့ပရိသတ်နဲ့ တရားနာယူပါတယ်။ သူသောက်ဖို့ယူလာတဲ့ ရေကို ဆရာတော် အာဂျန်မန်းကို အရင်ဆက်ကပ်ပြီးမှ သူသောက်လေ့ရှိပါတယ်။

သုတ္တန်ဒေသနာတော်နှင့် အောင်ခြင်းရှစ်ပါး တရားကို နတ်များအလွန်နှစ်သက်ကြတယ်လို့ အမိန့်ရှိပါတယ်။ ပဋိပတ်စခန်းကို ကျွမ်းကျင်စွာ ကျင့်ကြံတော်မူတဲ့ ဆရာတော် ဖရအာဂျန်မန်းဟာ ၁၉၄၉ခုမွာ လူ့ဘ၀ဇာတ် သိမ်းတော်မူပါတယ်၊။

ဆရာတော်ကြီးရဲ့ ကိုယ်တွေ့ ထူးဆန်းထွေလာ ပရလောကကမ်ဘာကို သိရှိနိုင်ဖို့ ဒီစာအုပ်မူရင်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်၊

Ven. Acariya Mun - Spiritual Biography + photos


ယောနွယ်

Jan-23-2022

#YNNote

ရေးသားမျှဝေသူ - အရှင်တိက္ခ


(Zawgyi )

နားလည္ေစခ်င္ပါသည္ စာစု (အပိုင္း ႏွစ္)


#နားလည္ေစခ်င္ပါသည္ (၆) 




ခံယူခ်က္ အက်င့္သီလ လုပ္ေဆာင္ခ်က္မတူရင္ ဘုန္းေတာ္ႀကီးခ်င္း မတူပါဘူး။ အသြင္အျပင္ဝတ္ထား႐ုံ သက္သက္နဲ႕ ကိုယ္က်င့္တရားျပည့္ဝသူလို႔ မဆိုနိုင္ေသးဘူး ။


ဂုဏဝႏၱေ ပႆႏၱိ ဇနာ.. ဂုဏ္ရွိရင္ လူေတြက သိတယ္ ျမင္တယ္။ ဟုတ္ပါတယ္.. ဘုန္းႀကီးတစ္ပါးအတြက္ အလုပ္လုပ္ရင္း အလုပ္ရဲ႕သဘာဝအရ လူသိမ်ားလာတယ္။ အလုပ္ေနာက္ကို ဂုဏ္က လိုက္လာတဲ့ သေဘာပါ။ 


တခ်ိဳ႕ဘုန္းေတာ္ႀကီးမ်ားက ဟန္ေရးျပရင္း ဂုဏ္ေနာက္ကို လိုက္တာလည္း ရွိတယ္။ ဆိုလိုတာက တကယ္ တူတူတန္တန္ အလုပ္မလုပ္ဘဲ ထင္ေပၚခ်င္ ေက်ာ္ၾကားခ်င္တဲ့ သေဘာေပါ့ ။


သကၤန္းႀကီးတဖားဖား ဖုန္းကင္မရာ တကားကားနဲ႕ အသက္ႀကီးမွ ဝတ္လာတဲ့ ေတာထြက္ဘုန္းႀကီးတစ္ပါးကို ျမင္ဖူးပါလိမ့္မယ္။ သာသနာကို ေစာင့္ေရွာက္သူလို႔ ကင္းပြန္းတပ္ရင္း ျပႆနာမ်ားစြာ သံသယမ်ားစြာကို ဖန္တီးျဖစ္ေပၚေစသူပါ ။ 


ပရိယတၱိစာေပလဲ ေကာင္းေကာင္းမြန္မြန္ မသင္ယူဖူးသလို အက်င့္ဖက္ကလည္း ေလးစားဖြယ္မရွိဘူး။ ကားေပၚမွာ စာတန္းအႀကီးႀကီးေရးၿပီး သကၤန္းကို ကာဗာယူလို႔ ေနရာတကာ ဝင္ပါေနတာကိုလည္း ေတြ႕ျမင္နိုင္တယ္။ တကယ္ရဟန္း တကယ္ဘုန္းႀကီးက ဒီလိုအလုပ္ကို မလုပ္ဘူး။ 


ဒီလိုလုပ္ရပ္ေတြကို ပရိယတၱိစာေပသင္ယူထားတဲ့ ဘုန္းေတာ္ႀကီးေတြ၊ အက်င့္သီလျပည့္စုံေတာ္မူၾကတဲ့ ဘုန္းေတာ္ႀကီးေတြ မႏွစ္ၿမိဳ႕ၾကပါဘူး။ 


ဒီလို သာသနာရဲ႕ဆူးေျငာင့္ပုံရိပ္ေတြကို ျမင္ရတဲ့အခါ ပရိယတ္ ပဋိပတ္ ဆရာေတာ္ႀကီးေတြ စိတ္မသက္ မသာ ျဖစ္ေတာ္မူၾကပါတယ္။ 


သတိထားဖြယ္ရာပါ။ ကိုယ့္ေၾကာင့္ ကိုယ့္သာသနာ ပုံရိပ္မထိခိုက္ေအာင္ေတာ့ အနည္းဆုံးအဆင့္အေနနဲ႕ သတိထားသင့္လွတယ္။ 


သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္မ်ား

======================= 

လြတ္လပ္ေရးမရမီကာလ..က ဘုရင္ေတြက သူတို႔ၾကည္ညိုတဲ့ ဘုန္းႀကီးေတြကို ဘြဲ႕တံဆိပ္ေတြ ထြင္ၿပီး ဆက္ကပ္ခဲ့တယ္။ 


၁၉၅၃ခု ဖဆပလ အစိုးရလက္ထက္မွာေတာ့ ပရိယတ္ျပည့္စုံတဲ့ ဆရာေတာ္ႀကီးေတြကို အဂၢမဟာပ႑ိတနဲ႕ အဘိဓဇမဟာရဌဂု႐ု ဘြဲ႕တံဆိပ္ေတာ္ကို ဆက္ကပ္ၾကတယ္။ 


အဲဒီတုန္းကေတာ့ ဘုရင္ေတြက ၾကည္ညိုရင္ ျပည္သူေတြကလဲ ေလးစားတဲ့ဘုန္းႀကီးေတြကို ဦးစားေပးဆက္ကပ္ခဲ့ၾကတယ္။ ေလွ်ာက္လႊာတင္စရာ မလိုဘူးေပါ့ ။


ယေန႕ေခတ္ ဘြဲ႕တံဆိပ္မ်ား 

================= 

၁၉၉၁ နဝတ အစိုးရလက္ထက္မွာ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္ ၂၃ အထိ တိုးခ်ဲ့လိုက္တယ္။ 


အက်ဥ္းခ်ဳံးအေနနဲ႕


အဘိဓဇမဟာရဌဂု႐ု

အဂၢမဟာပ႑ိတ အပါအဝင္ 

တိပိဋကဓမၼဘ႑ာဂါရိကဘြဲ႕( ပိဋကတ္သုံးပုံ ေအာင္ဂုံ ေရးေျဖေအာင္ျမင္လို႔ ၅ ႏွစ္ျပည့္သြားရင္ ဒီဘြဲ႕ကိုကပ္တယ္)


စာခ်ဘြဲ႕ ၃ဘြဲ႕၊

တရားေဟာတဲ့ဘြဲ႕ ၂ ဘြဲ႕

သာသနာျပဳ ၄ ဘြဲ႕

တရားျပ ၃ ဘြဲ႕ ဒီအထိက ဘုန္းႀကီးေတြကိုေပးတဲ့ ဘြဲ႕ ။


လူေတြ သာသနာကို ထူးထူးျခားျခားေထာက္ပံ့သူ- 

အမ်ိဳးသားေတြအတြက္ ၄ ဘြဲ႕၊ 

အမ်ိဳးသမီးေတြအတြက္ ၄ ဘြဲ႕ စုစုေပါင္း ၂၃ ဘြဲ႕ အထိ တိုးခ်ဲ့ခဲ့တယ္။ 


 ဘြဲ႕ကိုလက္ခံတဲ့ဘုန္းႀကီးေတြရွိသလို ဘြဲ႕ေတြကိုလက္မခံဘဲ ကိုယ္ပိုင္အရည္အခ်င္းရွိရင္ ရၿပီ ဟိုဘြဲ႕ ဒီဘြဲ႕ေတြ မယူဘူးဆိုၿပီး ယုံၾကည္လက္ခံတဲ့ ဘုန္းႀကီးေတြလဲ ရွိတယ္။ 


အထူးသျဖင့္ ေယာႏြယ္နဲ႕ ဆက္စပ္တဲ့ ဆရာေတြ မန္းေလး သက်သီဟဘိဝံသ

ရၿပီး စာေပကို တကယ္ျမတ္ျမတ္နိုးနိုးပို႔ခ်တဲ့ ဆရာေတြဟာ အစိုးရဘြဲ႕ကို လက္မခံၾကဘူး။ 


ျမန္မာနိုင္ငံရဲ႕ လြတ္လပ္ေရးေန႕ ဇန္နဝါရီ (၄) ရက္ေန႕ေရာက္ရင္ ဒီဘြဲ႕ေတြကို အစိုးရသတင္းစာကေန ေၾကျငာတယ္။ 


မန္းေလးက နာမည္ေက်ာ္ဆရာေတာ္ႀကီးတစ္ပါးက တပည့္ေတြကို မိန႔္တယ္ 

 မနက္ျဖန္ မူလတန္း ေဂဇက္ထြက္မယ္ေဟ့ တဲ့၊ ေနာက္ေန႕ သတင္းစာမွာ ဒီဆရာေတာ္ႀကီးရဲ႕ ဘြဲ႕ပါလာတယ္။ ဆရာေတာ္ႀကီးကိုယ္တိုင္ ေလွ်ာက္လႊာတင္တာေတာ့ မျဖစ္နိုင္ဘူးလို႔ ယူဆတယ္။


နဝတ လက္ထက္ကစၿပီး ဘြဲ႕ယူလိုတဲ့ဘုန္းႀကီးတိုင္းဟာ ေလွ်ာက္လႊာတင္ၾကရတာကိုး ။ 

မင္းကြန္းတိပိဋကဆရာေတာ္ႀကီးတို႔လို သိပ္ထင္ရွားေက်ာ္ၾကားတဲ့ ဆရာေတာ္ႀကီးအခ်ိဳ႕ေတာ့ ေလွ်ာက္လႊာတင္ရတယ္လို႔ မၾကားဖူးဘူး။ ထင္ရွားတဲ့ဘုန္းႀကီးအခ်ိဳ႕ကလြဲရင္ ၉၉ ရာႏႈန္းေသာ ဘုန္းႀကီးေတြဟာ ေလွ်ာက္လႊာတင္မွ ဒီဘြဲ႕ေတြကို ရတယ္။ 


ေယာႏြယ္တို႔ ျပည္ပမွာေနတဲ့ ဘုန္းႀကီးေတြဆီကိုေတာ့ သံ႐ုံးကေန ေလွ်ာက္လႊာေတြ ပို႔ေပးတယ္။ေဖာင္ျဖည့္ၿပီး သံ႐ုံးကို ျပန္ပို႔လိုက္႐ုံဘဲ ။ ေယာႏြယ္လည္း ဒီဘြဲ႕ယူတဲ့အထဲမွာ ပါ..ပါတယ္။ ၂၀၂၁ ခုႏွစ္ လြပ္လပ္ေရးေန႕က သာသနာျပဳ မဟာသဒၶမၼေဇာတိကဓဇ ဘြဲ႕ကိုရတယ္။ 


မ်က္ႏွာပူစရာလည္းေကာင္းတယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ဆရာေတြက ဒီဘြဲ႕ေတြကို မႀကိဳက္ဘူး။ ကိုယ့္အလုပ္ကို ကိုယ္လုပ္ေနလို႔ဘဲ လမ္းၫႊန္ၾကတာ။ 

ဖင္ရွည္ၿပီး သြားေလွ်ာက္ၾကည့္လိုက္တယ္။ အျပစ္ေျပာလဲ ေက်ေက်နပ္နပ္ ခံယူပါတယ္။ သူတို႔မႀကိဳက္တာ ကိုယ္က လုပ္မိတာကိုး ။


တကယ္ေတာ့ ဘြဲ႕ယူသည္ျဖစ္ေစ မယူသည္ျဖစ္ေစ ရွိတဲ့ဂုဏ္နဲ႕ လုပ္ရပ္နဲ႕ ညီရင္ ေက်နပ္စရာ ဘဝလို႔ ဆိုနိုင္တယ္။ လုပ္ရပ္နဲ႕ ရွိတဲ့ ဂုဏ္နဲ႕ မညီရင္ ရွက္ဖြယ္အတိ။


မန္းေလး ပရိယတၱိေလာကမွာေတာ့ သူတို႔သိကၡာနဲ႕ သူတို႔ေနတယ္။ 

တခါေတာ့ စာခ်ဘဳန္းႀကီးတစ္ပါးက လြတ္လပ္ေရးေန႕မွာ သတင္းစာႀကီးကိုင္ၿပီး အားပါးတရ ရယ္ေနတယ္။ ဘာျဖစ္လို႔ ရယ္ေနတာလဲဆိုေတာ့ 


 ဒီမွာၾကည့္ေလ စာတလုံးမွ မခ်တဲ့ ဘုန္းႀကီးက အျမင့္ဆုံး စာခ်ဘြဲ႕ကို ရေနတယ္ တဲ့ ။ ဟုတ္တယ္ ဒီလို ဘာမွ မလုပ္ဘဲ သာသနာေရးမွာ ဆိုင္ရာပိုင္ရာကို ေငြေပးၿပီး ယူသူေတြလည္း ရွိတာကိုး ။


တခ်ိဳ႕ၾကေတာ့လည္း ဘာမွမလုပ္ဘူး ဆိုင္ရာပိုင္ရာေတြနဲ႕ ဘြဲ႕ေတြအလီလီ ယူေနတဲ့သူေတြရွိတယ္။

တခ်ိဳ႕ၾကေတာ့လဲ ဘြဲ႕ေတြကို ႀကိဳက္ကိုႀကိဳက္တာ.. စာခ်ဘြဲ႕ တရားေဟာဘြဲ႕ သာသနာျပဳဘြဲ႕ ၁၅ဘြဲ႕ေလာက္ရွိတာ ၁၀ ဘြဲ႕ေလာက္ ယူထားတာေတြလည္း ရွိတယ္။ အရည္အခ်င္း တကယ္ရွိလို႔ အလုပ္လဲ တကယ္လုပ္ေနလို႔ ယူထားရင္ ေတာ္ေသးတာေပါ့ေလ။ တကယ္အရည္အခ်င္းမရွိဘဲ ယူထားရင္ေတာ့ ရွက္ဖြယ္လိလိပါ။ 


စဥ္းစားစရာေတြေတာ့မ်ားသား.. အျမင္ေတြလဲ အမ်ိဳးမ်ိဳးကိုး ။ 


အစိုးရက ဒီဘြဲ႕ေတြကိုေပးတယ္။ ေလွ်ာက္လႊာတင္ရတယ္။ ရတယ္။ တခ်ိဳ႕ အရည္အေသြးမမွီသူေတြၾကေတာ့ ဆိုင္ရာပိုင္ရာ နတ္ႀကီးေတြကို ဗလိနတ္စာေကြၽးမွ ရၾကတယ္။ ဘြဲ႕ရသူတိုင္းေတာ့ ေငြေပးသူေတြ မဟုတ္ဘူး။


ဂုဏ္နဲ႕ဂုေဏး လုပ္ရပ္နဲ႕ဘြဲ႕ ကိုက္ညီလို႔ ထိုက္တန္စြာ အပူေဇာ္ခံရတဲ့ ဆရာေတာ္ႀကီးေတြလည္းရွိတယ္။ အနည္းစုေပါ့ေလ။ ဂုဏ္နဲ႕ဂုေဏး မကိုက္လို႔ ေငြေပးရသူေတြလဲ ရွိတယ္။ အစိုးရကလဲ သူတို႔က ဒီဘြဲ႕ေတြေပးၿပီး သူတို႔ရဲ႕ ႐ုပ္ေသး႐ုပ္ ျဖစ္သြားၾကရင္ေတာ့ သူတို႔ရည္႐ြယ္ခ်က္ ေအာင္ျမင္တာေပါ့ ။


လူေတြကိုေပးတဲ့ သာသနာဆိုင္ရာေထာက္ပံ့ကူညီသူဘြဲ႕ေတြကိုေတာ့ ကိုယ့္ဟာကိုယ္သာ စုံစမ္းၾကေတာ့။ သာသနာေရးဌာနက သူတို႔ ဘုရားတည္ေနပါတယ္ ဘာလုပ္ေနပါတယ္ အဲဒီေနရာကို ဘယ္ေလာက္လႉေပးပါလို႔ ေျပာတာလဲ ရွိေကာင္း ရွိပါလိမ့္မယ္။


အေကာင္းဆုံးကေတာ့ ကိုယ္ပိုင္အရည္အခ်င္းနဲ႕ ရပ္တည္သူေတြက အေကာင္းဆုံးပါ။

ဂုဏ္နဲ႕လုပ္ရပ္နဲ႕ ကိုက္ညီေနတဲ့ ဘုန္းေတာ္ႀကီးေတြရဲ႕ ဘြဲ႕လက္ခံမႈကိုလည္း အျပစ္လို႔ မဆိုသာပါဘူး။

ဘာျဖစ္လို႔လဲဆိုေတာ့ မင္းကြန္းဆရာေတာ္ ဖားေအာက္ေတာရဆရာေတာ္ ေယာတိပိဋကဆရာေတာ္တို႔လဲ လက္ခံေတာ္မူၾကတာကိုး။ သာသနာမွာ ေနလို လလို အက်င့္ေရာ စာေပပါ သာသနာရဲ႕ စံျပျဖစ္တဲ့ ဆရာေတာ္ႀကီးေတြ မဟုတ္လား ။

လုပ္ရပ္နဲ႕ ရတဲ့ဘြဲ႕နဲ႕ မကိုက္ညီဘဲ ေငြေပးရတယ္ဆိုရင္ေတာ့ အဆင္မေျပဘူးေပါ့ေလ။


တခါတရံေတာ့လဲ ဘုန္းႀကီးဘဝဟာ ခပ္ခက္ခက္ရယ္ပါ။ ယေန႕ေခတ္ မ်ိဳးဆက္သစ္ေတြ ရွားပါးလာတာက သက္ေသပဲ။ ေ႐ြးခ်ယ္ခြင့္မရွိ။ ေတြ႕တဲ့လူတိုင္းနဲ႕ အဆင္ေျပေအာင္ေနၾကရတာ။ 

ပစၥည္းေလးပါးအတြက္ လူေတြကို မွီခိုေနရေတာ့ လူေတြကို အၿမဲဆန႔္က်င္လို႔လဲ မရဘူး။

လူေတြဖက္ကလဲ ထို႔တူဘဲ သူတို႔ကို တရားနည္းလမ္းတက် ဆိုဆုံးမေပးဖို႔အတြက္ ဘုန္းေတာ္ႀကီးေတြကို မွီခိုၾကရတာ။ အျပန္ျပန္ အလွန္လွန္ပါ။ 


သဒၶါတရား နည္းလာတဲ့ေခတ္မွာေတာ့ ဘုန္းႀကီးေတြဟာ လူေတြရဲ႕ ပစ္မွတ္ေတြ ျဖစ္လာေနသလား သို႔မဟုတ္ ဘုန္းေတာ္ႀကီးေတြရဲ႕ အားနည္းခ်က္ ရပ္တည္မႈေတြက အမွားမ်ားလာသလားဆိုတာကေတာ့ စဥ္းစားဖြယ္ရာေပါ့ေလ။ 


ေသခ်ာတာကေတာ့ တကယ္ စာသင္ စာခ်ေနတဲ့ ဘုန္းႀကီးေတြ အမ်ားႀကီးရွိေနပါတယ္။( မဟာဝိဟာရေက်ာင္းတိုက္၊ ျမစၾကၤာ ၊ မဟာဂႏၶာ႐ုံ၊ ဝိသုဒၶါ႐ုံ မင္းကြန္းတိပိဋကနိကာယ စတဲ့ စာသင္တိုက္ႀကီးေတြမွာ သြားေရာက္ေလ့လာပါ) 


တိုင္းျပည္အတြက္ ျပည္သူေတြအတြက္ ထည့္မတြက္ဘဲ ငါထင္ရာစိုင္းတဲ့ ဘုန္းႀကီးေတြလဲ ရွိပါတယ္။


ခံယူခ်က္မတူရင္ ဘုန္းႀကီးခ်င္းမတူဘူးေလ


ယုံၾကည္ခ်က္ကို အသိဉာဏ္နဲ႕ေပါင္းၿပီး

သာသနာကို ေစာင့္ေရွာက္ၾကည္ညိုနိုင္ၾကပါေစ


#နားလည္ေစခ်င္ပါသည္ (၇)

================== 


အသြင္တူေပမယ့္ အရည္အေသြးမတူဘူး။ အသြင္တူေပမယ့္ ခံယူခ်က္ေပၚမူတည္ၿပီး တန္ဖိုးေတြကြာတယ္။ 


ဘုန္းႀကီးအလုပ္

၁။ စာသင္ စာခ် (ပရိယတၱိ)

၂။ တရားက်င့္ တရားျပ (ပဋိပတၱိ) .. ဒီလို ဘုရားေဟာထားတယ္။


လူမႈကူညီေရးနဲ႕ ပရဟိတ ကိစၥေတြက မ်က္ေမွာက္ေခတ္ လိုအပ္ခ်က္အရ.. ကိုးကြယ္သူ-Follower မ်ားနဲ႕ ကြာဟမႈမျဖစ္ေအာင္ modify လုပ္ထားတာပါ ။


စာသင္ စာခ် ဘုန္းေတာ္ႀကီးဘဝအေၾကာင္းကို အပိုင္း (၆) ပိုင္း ေျပာခဲ့ၿပီ ။ 

ဒီေန႕ေတာ့ တရားက်င့္တဲ့ ဘုန္းႀကီးေတြအေၾကာင္း ေျပာအုံးမယ္။


ေယာႏြယ္နဲ႕ ပဋိပတ္

============= 

အျမင္အၾကား စာသိနဲ႕ေရးတာထက္စာရင္ ကိုယ္လက္ေတြ႕ ေလ့က်င့္ဖူးတဲ့ဆရာေတြရဲ႕ လမ္းၫႊန္မႈေတြကို အေျခခံၿပီး ေျပာပါရေစ။


အသက္ ၂၄ ေလာက္ တိပိဋကစာေမးပြဲမွာ ဥဘေတာဝင္ျပန္တာ စာေမးပြဲက်လိဳ႕ စိတ္ညစ္ၿပီး ေမာ္လၿမိဳင္ ဖားေအာက္ေတာရမွာ တရားအားထုတ္ခဲ့တယ္။ 


လက္ရွိ ဖားေအာက္ေတာရဆရာေတာ္ႀကီးဆီမွာဘဲ ရွင္သုနႏၵနဲ႕အတူ တရားေလွ်ာက္ရတယ္။ ( ရည္႐ြယ္ခ်က္ကလဲ ျမင့္ျမင့္ဘဲ စာေမးပြဲက်လိဳ႕ တရားသြားထိုင္တာေလ) 


တပတ္ေလာက္အထိ ဘာ သမာဓိမွကို မရတာ။ ၾကာလာေတာ့ တရားစစ္တဲ့ ဆရာေတာ္ႀကီးလည္း စိတ္မရွည္ေတာ့ဘူးထင္တယ္၊ ဟုတ္တယ္ေလ ဆရာေတာ္ႀကီးက ေယာဂီမ်ားစြာကို တရားစစ္ေနရသူ၊ သူ႕လမ္းၫႊန္ခ်က္အတိုင္း က်င့္ရင္ တပတ္ဆိုတာ သမာဓိေလးေတာ့ ရေနသင့္တယ္ မဟုတ္လား ။


"ဦးဇင္းက ဘာျဖစ္တာလဲ.".တဲ့


"တပည့္ေတာ္ စာေမးပြဲက်လိဳ႕ စိတ္ညစ္လို႔ 

တရားလာထိုင္တာဘုရား" လို႔ ေလွ်ာက္ေတာ့


"ဦးဇင္းေရ.. စာေမးပြဲက သံသရာအတြက္ အဆုံးအျဖတ္မဟုတ္ဘူး။ 

ဦးဇင္းတို႔ ဓမၼာစရိယ သာမေဏေက်ာ္ေလာက္ စာသင္ထားၿပီးၿပီ။ 

ဘုရားေဟာတဲ့ စာေတြကို ၾကည့္တတ္ေနၿပီဆိုရင္ လုံေလာက္ပါၿပီ ။ 

နိဗၺာန္ေရာက္တဲ့ အက်င့္ေလးကို ႀကိဳးစားက်င့္ပါ" တဲ့. က႐ုဏာႀကီးစြာ လမ္းၫႊန္ေတာ္မူတယ္။


နည္းနည္းပါးပါးလည္း လိမ္မာခ်င္စိတ္ရွိေနတာမို႔.. 

ဆရာေတာ္ႀကီးလမ္းၫႊန္ခ်က္အတိုင္း တရား တလေလာက္ က်င့္တာ.. သမာဓိေတာ့ ရခဲ့တယ္။ (ဈာန္အဆင့္အထိေတာ့ မေရာက္ဘူး။ ဥပစာရ သမာဓိ အဆင့္ကို ေရာက္တယ္လို႔ ေျပာရမယ္။ ဥပစာရသမာဓိ အဆင့္ေရာက္ရင္ ဘယ္လိုဆိုတာ ေနာက္နားမွာ ရွင္းျပပါမယ္)


ဒုတိယအႀကိမ္ ေလ့က်င့္ျဖစ္တာက ေျမဇင္းဆရာေတာ္ႀကီးရဲ႕နည္းနဲ႕ သီရိလကၤာနိုင္ငံ စိတၱလေတာင္ ေတာထဲမွာ ႏွစ္လတိတိ (လူေတြ႕မခံ။ ဖုန္းမသုံး၊ ေလာကႀကီးကို အဆက္ျဖတ္ၿပီး) တရားထိုင္ခဲ့တယ္။

ေလာကႀကီးတစ္ခုလုံး ဘယ္ေနရာကိုၾကည့္ၾကည့္ အကုန္ျမင္ေတာ့တာဘဲ ။ 

(ဘာေတြျမင္တာလဲ ဘယ္လိုျမင္တာလဲ ေနာက္ေန႕မွာ ေျပာပါအုံးမယ္)


ေလာကႀကီးတစ္ခုလုံး ဘယ္လိုျမင္လဲဆိုတာေတာ့ သုဘူတိမေထရ္ရဲ႕ တရားေဟာတဲ့ပုံစံကို စာေပမွာ ကိုယ့္ဟာကိုယ္ ရွာဖတ္ၾကည့္ေပါ့ေလ။ 


တတိယ ဆရာကေတာ့--


အခု ေလာေလာလတ္လတ္ ျပႆနာျဖစ္သြားတဲ့ သဲအင္းဂူ အမွတ္ (၃၂) ေအာင္လံဆရာေတာ္ဆီမွာ ၁၀ ရက္ စခန္းဝင္ခဲ့တယ္။ ဆရာေတြလမ္းၫႊန္ခ်က္အတိုင္း မဟာပလႅင္ (၅)နာရီတိတိ။ ေလ်ာင္းကမၼဌာန္း ၃ နာရီတိတိ တဆက္ထည္း ထိုင္ခဲ့ပါတယ္။ 


( ဒီေနရာမွာ ႀကဳံလို႔ ေျပာခြင့္ျပဳပါ.. မဟာပလႅင္ထိုင္တဲ့အခါ ႀကိဳးနဲ႕ခ်ည္ၿပီး ထိုင္ရတယ္ဆိုတာ လုံးဝမဟုတ္ပါဘူး။ တင္ပလႅင္ေခြထိုင္တဲ့အခါ ထပ္ထားတဲ့ေျခေတာက္ ျပဳတ္မၾကေအာင္ ေျခတိုသူ ဝတဲ့သူေတြက အဝတ္ တံဘက္ စတာနဲ႕ သိမ္းထိုင္ရတာ..ကိုယ္ေတြ႕ပါ။ ရမ္းသမ္းေျပာတာ မဟုတ္ဘူး။ အခုျပႆနာျဖစ္လို႔ ေစာဒကေတြရဲ႕ စာေတြကိုဖတ္ေတာ့ အခိုင္အမာ ႀကိဳးနဲ႕ခ်ည္ပါတယ္လို႔ ေရးတာဖတ္ရတယ္။ 


ၿပီးေတာ့ ရႉးရွဲ ရႉံးရွဲ စက္နဲ႕ ဖြင့္ထားတဲ့ကိစၥကိုေတာ့ ေယာႏြယ္ကိုယ္တိုင္ ဆရာေတာ္ဆီမွာေရာ ပရိသတ္ၾကားမွာပါ ေစာဒက တက္ခဲ့တယ္။ ဆရာေတာ့္ေျဖရွင္းခ်က္က ဒီေန႕ေခတ္က ဒီေလာက္ႀကိဳးစားမွ ရမယ့္ေခတ္ဆိုတာမ်ိဳး ေျဖရွင္းပါတယ္။ 


ဘာပဲေျပာေျပာဗ်ာ.. ကိုယ့္ေလာကသားအခ်င္းခ်င္း တကယ္လဲ အမွန္အကန္ အလုပ္လုပ္ေနသူေတြအေပၚ အနိုင္က်င့္တာမ်ိဳးေတာ့ မႀကိဳက္ပါဘူး။ 


အခုကိစၥမွာ ေျဖရွင္းေတာ္မူၾကတဲ့ ဆရာေတာ္ႀကီးမ်ားရဲ႕ ေစတနာက အလြန္ေလးစားဖြယ္ရာပါ။ မွားတာရွိရင္ေျပာမယ္၊ မွန္တာရွိရင္ ေထာက္ခံမယ္ဆိုတဲ့ မူနဲ႕ ဆရာေတာ္ႀကီးမ်ားက စစ္ေဆးေပးခဲ့တာမို႔ ဝမ္းသာရပါတယ္။ သူေတာ္ေကာင္းစိတ္ ျပည့္ေတာ္မူၾကတဲ့ ဆရာေတာ္ေတြပါ။


ေအာင္လံ ဆရာေတာ္က စာမတတ္ပါဘူး။ သူကိုယ္တိုင္လဲ ဝန္ခံတယ္။ ေသခ်ာတာက ဆရာေတာ္ဟာ တရားကို တကယ္က်င့္ခဲ့ပါတယ္။ တရားထူး ရလား မရလားကေတာ့ ဆရာေတာ္ကိုယ္တိုင္သာ သိလိမ့္မယ္။ ကိုယ္မွ ဘာမွ မဟုတ္ဘဲ ကိုယ္မွ လက္ေတြ႕မက်င့္ဘူးဘဲ မွားတယ္ႀကီး ေျပာေနတာေတာ့ သိပ္သေဘာမက်ဘဴး။ ( ဘယ္သူ႕ကိုမွ မျပစ္မွားပါ။ အခုေရးျပတဲ့အထိ စာမ်ားအားလုံးရဲ႕ အမွား အမွန္ဟာ ေယာႏြယ္မွာသာ တာဝန္ရွိပါတယ္)


ဆိုေတာ့.. ဒီဘုရား သာသနာမွာေနၾကတယ္။ ဥပေဒမွာ ဘုရားဥပေဒကို ေလးစားရမွာ။ တိုင္းတာစရာေပတံက ဘုရားေဟာတဲ့ ပိဋကတ္သုံးပုံနဲ႕ ဆန႔္က်င္ေနရင္ ျပဳျပင္ရမွာ။ ငါတေကာ ေကာၿပီး ထြင္လို႔မရဘူး။ ဒါ ေယာႏြယ္လက္ခံထားတဲ့ မူဘဲ ။


ျမန္မာနိုင္ငံမွာ ပိဋကတ္သုံးပုံနဲ႕ ဆန႔္က်င္လို႔ ႏွိမ္နင္းခဲ့ရတာေတြရွိတယ္။

 ႏွိမ္နင္းခံရတဲ့ဘက္က သူတို႔အေတြးအေခၚေလာက္ မေကာင္းလို႔ ေထရဝါဒဘုန္းႀကီးေတြက သူတို႔ကို ႏွိမ္နင္းတာလို႔ ျမင္တယ္။ ဒီဖက္ကလဲ ဘုရားသသနာမွာေနရင္ ဒီ ပိဋကတ္သုံးပုံ ေပတံနဲ႕ဘဲ တိုင္းရမွာလို႔ ျမင္တယ္။ ( ဥပမာ.. လူေသလူျဖစ္ အရွင္ဥကၠဌ ၊ ေၾကာင္ပန္းဝါဒ၊မိုးျပာ အရွင္ဉာဏ၊ ျမစ္ႀကီးနားဦးဝိစိတၱသာရာဘိဝံသဝါဒ စသည္)


ကိုယ့္အယူဝါဒကို သီးသန႔္ထူေထာင္ခ်င္ရင္ ကိုယ့္အိုင္ဒီယာကို ကိုေျပာေပါ့။ ဘုရားေဟာတဲ့ စာေတြကို သူတို႔ေတြးနိုင္သေလာက္ ပယ္တဲ့ဟာပယ္၊ ျဖည့္တဲ့ဟာျဖည့္ လုပ္တာကို ေထရဝါဒက လက္မခံဘူး။


ဘုရားေဟာတဲ့ စာေတြကို သဂၤါယနာ တင္မယ္ဆိုေတာ့ ရဟႏၱာမေထရ္ျမတ္ႀကီးေတြက မူခ်ခဲ့တယ္။


၁။ ဘုရားမေဟာတာကို ငါတို႔ ထပ္မေဟာဘူး။

၂။ဘုရားေဟာတာေတြကို ငါတို႔ မပယ္ဖ်က္ဘူး။

၃။ ဘုရားေဟာထားတဲ့အတိုင္း ငါတို႔က်င့္မယ္.. ဆိုတဲ့ မူေဘာင္ခ်ၿပီး ေထရဝါဒ သာသနာခ်ီတက္လာတာ ႏွစ္ေပါင္း ၂၆၀၀ေက်ာ္ခရီး ေရာက္ခဲ့ၿပီ မဟုတ္လား ။ 


( ကိုယ့္ဟာကိုယ္ မထြင္နဲ႕ မေျပာဘူး၊ ထြင္ခ်င္ထြင္။ အိုင္ဒီယာလန္းခ်င္သပ ဆိုရင္လဲ ႀကိဳက္သေလာက္လန္း။ ဘုရားေဟာတဲ့ တရားေတြကိုေတာ့ ျပဳျပင္ ပယ္ႏႈတ္ မလုပ္နဲ႕ေပါ့ )။


လြန္ေတာ္မူၿပီျဖစ္တဲ့ အနိစၥဆရာေတာ္ႀကီးရဲ႕ တပည့္ ဆရာႀကီး ဦးေစာသာယံထံမွာလဲ ပဋိပတ္နည္းကို ေလ့က်င့္ခဲ့ေသးတယ္။ တရားက်င့္သူေတြရဲ႕ အဓိက ပန္းတိုင္ဟာ နိဗၺာန္ပါ။ ပန္းတိုင္ဟာ တူတယ္။ 


မဟာစည္ျဖစ္ျဖစ္ မိုးကုတ္ျဖစ္ျဖစ္ ဖားေအာက္ျဖစ္ျဖစ္ ေျမဇင္းျဖစ္ျဖစ္ သဲအင္းျဖစ္ျဖစ္ေပါ့ ။ ပန္းတိုင္တူသူခ်င္း အျပစ္မေျပာဘဲ လြဲေနရင္ျပဳျပင္ေပး၊ မွန္ေနရင္ မုဒိတာ ပြားေပးဖို႔ေတာ့ လိုလိမ့္မယ္။


ဥပစာရသမာဓိ

==========

စိတ္ကို ဘယ္မွမလြင့္ဘဲ တဆက္ထည္း တနာရီေလာက္ ၿငိမ္ၿငိမ္ထားနိုင္ရင္ကို ဈာန္နားကိုေရာက္တဲ့ ဥပစာရသမာဓိ အဆင့္ကို ေရာက္ၿပီ ။ 


ဒီအခ်ိန္မွာ ခႏၶာကိုယ္ႀကီးတစ္ခုလုံး ေပ်ာက္သြားတာ၊ 

ခႏၶာကိုယ္တစ္ခုလုံး ဖန္တုံးႀကီးလိုျဖစ္သြားတာ၊ 

သဲၾကမ္းႀကီးေတြကို လက္နဲ႕ဆုပ္ၿပီး လႊတ္ခ်လိဳက္သလို ခႏၶာကိုယ္ဟာ အစိတ္စိတ္အမႊာမႊာျဖစ္သြားတာ၊ 


ေကာင္းကင္ေပၚမွာ ဒန္းစီးေနရသလို ၿငိမ္ၿပီး ၿငိမ့္ေနတာ၊ ခႏၶာကိုယ္တစ္ခုလုံး လင္းထိန္ေနတာ၊ အလင္းတန္းနိမိတ္ေတြဟာ ေဘာလုံးကြင္းက ဆလိုက္မီးႀကီးေတြလို ထိန္ထိန္လင္းေနတာ စတာေတြ ျဖစ္လာတယ္။


(မနက္ျဖန္မွ ဆက္ေရးအုံးမယ္၊ အခုမွ ပဋိပတ္သံဃာေတြအေၾကာင္းေရးဖို႔ စာ ပႏၷက္ရိုက္ေနတာ)


ေယာႏြယ္

Jan,21,2022

#YNNote


#နားလည္ေစခ်င္ပါသည္ (၈)

==================


သာသနာေတာ္အတြက္ စာသင္ စာခ်ၿပီး ဘုရားေဟာတဲ့တရားေတြ ေပ်ာက္မသြားေအာင္ ထိန္းသိမ္းေတာ္မူၾကတဲ့ သံဃာေတာ္ေတြဟာ တန္ဖိုးျမင့္ သံဃာေတာ္ေတြပါ ။ 


ဘုရားလမ္းၫႊန္ခ်က္အတိုင္း က်င့္ႀကံေတာ္မူၾကတဲ့ သံဃာေတာ္ေတြဟာ ေလာကကို အၿငိမ္းဓာတ္နဲ႕ ကိုယ္တိုင္ေရာ အမ်ားအတြက္ပါ ေစာင့္ေရွာက္ေပးၾကသူေတြပါ ။


မေန႕က ေယာႏြယ္နဲ႕ ပဋိပတ္အေၾကာင္း ေျပာျပခဲ့တယ္။ ဒီ ပဋိပတ္ သံဃာေတြအေၾကာင္း ေျပာတဲ့အခါ လြန္စြာ သတိထားရပါတယ္။ သိမ္ေမြ႕တဲ့ သေဘာတရားေတြကိုး ။ ေျမဇင္းဆရာေတာ္ႀကီး လမ္းၫႊန္ခ်က္အတိုင္း တရားထိုင္ေတာ့ သမာဓိလမ္းမွာ တရားထိုင္တဲ့ အေတြ႕အႀကဳံေတြက အံ့ဩစရာမ်ားစြာ ႀကဳံရတယ္။


ေယာႏြယ္အေတြ႕အႀကဳံေတြကို ဗန္းေမာ္ဆရာေတာ္ႀကီးကို သြားေရာက္ေလွ်ာက္ထားၿပီး လမ္းၫႊန္မႈခံယူခဲ့တယ္။


 မန္းေလး ဝိသုဒၶါ႐ုံ စည္ရွင္ဆရာေတာ္ႀကီးကေတာ့ မဟာစည္ဆရာေတာ္ႀကီးရဲ႕ လမ္းၫႊန္မႈအတိုင္း ဆက္ၿပီး တရားထိုင္ဖို႔ မိန႔္ေတာ္မူတယ္။ 


ဟုတ္ပါတယ္ စာေပေရာ အက်င့္ပါ စာတတ္ေပတတ္ ဆရာေတာ္မ်ားရဲ႕ အသိအမွတ္ျပဳ လက္ခံမႈကို ခံယူရတဲ့ ဆရာေတာ္ႀကီး မဟုတ္လား ။


ဒီေနရာမွာ ဘုရား ဥပေဒက ရတဲ့တရားထူးကို အမွန္တိုင္းေျပာရင္လည္း အာပတ္သင့္တယ္။ မရဘဲေျပာရင္ေတာ့ ရဟန္းဘဝပါ ဆုံးရႉံးပါတယ္။ 


( စဥ္းစားၾကည့္ေစခ်င္တယ္။ ဘုရား ဥပေဒက ရ-လို႔ေျပာရင္ေတာင္ အာပတ္သင့္ အျပစ္ျဖစ္တာ။ အြန္လိုင္းကေန တရားထူးရပါတယ္တို႔ ၊ ဘယ္အဆင့္ ဘယ္အေနအထားေရာက္ပါၿပီလို႔ ေျပာေနရင္ေတာ့ အမွန္အကန္ ျဖစ္ဖို႔ ခက္ခဲတယ္ဆိုတာ နားလည္ေစခ်င္ပါတယ္။ 


ဒါေပမယ့္ တကယ္တရားအားထုတ္ေနရင္ သူ႕ဟာသူ တရားရၿပီလို႔ ေျပာရင္ေတာ့ အျပစ္မျဖစ္ဘူး၊ အညၾတ အဓိမာနာ)


မေန႕က ေျမဇင္းနည္းနဲ႕ တရားထိုင္ရင္း ေလာကႀကီးကို ျမင္ရတယ္ဆိုတာ ေျပာခဲ့တယ္။ 


( သမာဓိစခန္းက အေတြ႕အႀကဳံပါ။ တရားထူးေတြ မဟုတ္ဘူး။ ဈာန္မဟုတ္ဘူး။ မဂ္မဟုတ္ဘူး ဖိုလ္မဟုတ္ဘူး)


ပဘႆရမိဒံ ဘိက္ခေဝ ယဒိဒံ စိတ္တံ- ဒါက ဘုရားစကားတိုက်ရိဳက်။  


စိတ္မွာ အေရာင္ေတြရွိတယ္။ ဒါေပမယ့္ ကိေလသာေတြအားႀကီးေနရင္ ဘာမွ မျမင္ပါဘူး။အင္ တဒဂၤ အေနနဲ႕ အဲဒီကိေလသာေတြကို ဖယ္လိုက္ရင္ စိတ္ရဲ႕အေရာင္ထြက္လာတယ္။ ဝိသုဒၶိမဂ္မွာ ဒါကို နိမိတ္လို႔ ေခၚတယ္။


ဝင္ေလ ထြက္ေလနဲ႕ ေလ့က်င့္လို႔ျဖစ္ေစ၊ အျခား သမထ တခုခုနဲ႕ ေလ့က်င့္လို႔ျဖစ္ေစ စိတ္ေတြၿငိမ္သြားၿပီ ဆိုရင္ အဲဒီ အေရာင္အလင္းေတြ ေပၚလာတယ္။ 


ေျမဇင္းဆရာေတာ္ႀကီးကေတာ့ လူ႕ျပည္ နတ္ျပည္မွာ ရွိတဲ့ ဘုရားေတြကို ဖူးလို႔ရေအာင္ အဲဒီ အလင္းနိမိတ္ေတြကို စနစ္တက် ေလ့က်င့္ခိုင္းပါတယ္။ သမထအရာမွာ အလင္းနိမိတ္ဟာ လိုတရ ေစ..တလုံးပါ ။


 (လယ္တီဒီပနီမွာၾကည့္နိုင္ပါတယ္။ ထိုင္းဆရာေတာ္ႀကီး ဖရအာဂ်န္ခ်မ္းစာအုပ္ ၊ကႏၷီဆရာေတာ္ႀကီးရဲ႕ ေယာဂီပါရဂူစာအုပ္၊ ျပည္နိဗၺႏၵဆရာေတာ္ရဲ႕ သံသာရမဂၢပါရဂူ စာအုပ္ေတြမွာ ေလ့လာနိုင္ပါတယ္။)


အလင္းနိမိတ္ကို စနစ္တက်ေလ့က်င့္ၿပီးရင္ ငါးေပ ဆယ္ေပမွာ terget ေလးတစ္ခုထားၿပီး ဝင္ေလ ထြက္ေလနဲ႕ အပို႔အယူ လုပ္ရပါတယ္။ ဓာတ္မီးနဲ႕ မီးထိုးသလို အလင္းတန္းက တန္းၿပီးပါသြားတယ္။ ဝင္ေလနဲ႕ အဲဒီအလင္းတန္းကို ႏွာသီးဖ်ားကို ျပန္ေခၚတယ္။ ဒီလိုပုံစံနဲ႕ ေပ ၅၀၊ ေပ ၁၀၀ စသည္ အလင္းနိမိတ္ကို ပို႔လႊတ္ရတယ္။ အဲဒီအခ်ိန္မွာ အကုန္ျမင္တာပါပဲ ။


ေယာႏြယ္က ေက်ာက္ဂူႀကီးတစ္ခုထဲမွာ အေရွ႕ဖက္ကို မ်က္ႏွာမူၿပီး ထိုင္ေနတယ္။ ေငြေရာင္အခြၽန္အတက္ဝတ္ထားတဲ့သူက လက္အုပ္ခ်ီၿပီးဝင္လာတယ္။ သူဝင္လာတာကို လွည့္ၾကည့္စရာမလိုဘဲ ကိုယ့္ျမင္ကြင္းမွာ ရွင္းရွင္းလင္းလင္း ျမင္ေနပါတယ္


သင္ဘယ္သူလဲလို႔ ေမးေတာ့


လက္အုပ္ခ်ီ ေခါင္းကို ညာဖက္ေစာင္းၿပီး သူလက္ညွိုးၫႊန္ရာ အရပ္ကို ၾကည့္လိုက္ေတာ့ ေတာစပ္တေနရာမွာ ေပ်ာက္ကြယ္သြားတယ္။ ေတာေစာင့္နတ္ေနမွာဘဲလို႔ စိတ္ထဲမွတ္ခ်က္ခ်လိဳက္တယ္။ ( အဲဒီေန႕ရက္ေတြကို ဒိုင္ယာရီမွာ မွတ္တမ္းတင္ထားပါတယ္)


တေန႕ကို တရားထိုင္ခ်ိန္ခ်ည္း ၁၀ နာရီထိုင္ပါတယ္။ စၾကၤံခ်ိန္ ၁ နာရီထားတယ္။ ၂၄ နာရီမွာ ၁၁ နာရီတိတိ ထိုင္ၾကတယ္( အရွင္ကုသလဂ်ာမဏီ၊အရွင္ေတေဇာ..ေနျပည္ေတာ္ရာဇဓာနီ၊အရွင္တိေလာက၊ ဦးစႏၵော ဓမၼဧရာဝတီတို႔နဲ႕အတူပါ)


ေနာက္ေန႕ေတြမွာေတာ့ လူ႕ျပည္ကဘုရားေတြ၊ အထူးသျဖင့္ သီရိလကၤာက ဘုရားေတြ၊ အိႏၵိယက ေစတီေတြ ၊ျမန္မာနိုင္ငံက ေ႐ႊတိဂုံ စတာေတြကို သမာဓိအလင္းနိမိတ္နဲ႕ ၾကည့္ၾကတယ္။ တရက္စီပါ။


 ၿပီးေတာ့ တာဝတႎသာက စူဠာမဏိေစတီ (အတြင္းထဲမွာ ဌာပနာထားတဲ့ ဘုရားရဲ႕ဆံေတာ္ေတြလဲျမင္ရတယ္။ )တာဝတိ့သာနတ္ၿမိဳ႕ေတာ္ကိုလည္း လွည့္ပတ္ၾကည့္ေသးတယ္။ ျဗဟၼာ့ျပည္က ဒုႆေစတီေတာ္ကိုလဲ ဖူးရတယ္။ 


ဗဟုသုတအေနနဲ႕ ေျပာျပခ်င္တာက.. 


ျမန္မာေတြရဲ႕ ေ႐ႊေရာင္တဝင္းဝင္း ဘုရားပုံစံေတြက စူဠာမဏိယဥ္ေက်းမႈပါ။ စူဠာမဏိေစတီေတာ္ဟာ ေ႐ႊတိဂုံဘုရားလိုပုံစံလို႔ အနီးဆုံးေျပာခ်င္တယ္။


ဒုႆေစတီက အျဖဴေရာင္ပါ။ စစ္ကိုင္း ေကာင္းမႈေတာ္ေစတီလိုေပါ့ ။ ဒါေၾကာင့္ သီရိလကၤာက ဘုရားအားလုံးဟာ ဒုႆေစတီယဥ္ေက်းမႈကို ယူၿပီး တည္ထားတယ္လို႔ ေျပာနိုင္တယ္။ 


ေရွးေရွးသူေတာ္စင္ဆရာေတာ္ႀကီးေတြ ႏွစ္မ်ားစြာ ေလ့က်င့္ထားေတာ့ တေလာကလုံး ရွင္းရွင္းလင္းလင္း ျမင္ေတာ္မူရမွာ အေသအခ်ာပါ။


လူ႕ျပည္က နတ္မ်ိဳးစုံ၊ နတ္ျပည္က နတ္မ်ိဳးစုံ ၊ ျဗဟၼာေတြကိုပါ ျမင္ခဲ့တယ္။ သမာဓိ အင္အား အရမ္းေကာင္းသြားရင္ အလင္းနိမိတ္ဟာ ေဘာလုံးကြင္းမွာ ထိုးထားတဲ့ ဆလိုက္မီးေတြထက္ ပိုလင္းတယ္။ သမာဓိေကာင္းေလ အလင္းနိမိတ္အား ေကာင္းေလေပါ့ ။


ေနာက္ပိုင္းမွာေတာ့ နတ္ေတြနဲ႕ မ်က္ႏွာခ်င္းဆိုင္ စကားေျပာရသလို ေျပာခြင့္ရတယ္။ အထူးသျဖင့္ ေယာႏြယ္ေမးခဲ့တဲ့ေမးခြန္းက.. ေမတၱာပို႔တာ သိလား၊ အမွ်ေဝတာေတြ ရရဲ႕လား ဆိုတဲ့ ေမးခြန္းေတြပါ။ 


ဘာျဖစ္လို႔လဲဆိုေတာ့ ေစတီတဆူဆူကို အလင္းနိမိတ္နဲ႕ ဘုရားဖူးသြားရမယ္ဆိုရင္ ေမတၱာကို အၾကာႀကီး အခ်ိန္ယူပို႔ၾကရတာ။ ေမတၱာမပို႔ဘဲ ဘုရားသြားဖူးရင္ ေစတီေစာင့္တဲ့ နတ္ႀကီးေတြကို ေတြ႕ခြင့္မရဘဲ ေအာက္ေျခက နတ္ေလးေတြကို ေတြ႕ရတယ္။


တာဝတႎသာက စူဠာမဏိေစတီ ဆိုတာ ေစာင္းတန္းသုံးသြယ္နဲ႕ အေနာက္ဖက္ေစာင္းတန္းကေန ဆင္းသြားရင္ သိၾကားမင္းေနတဲ့ ေဝဇယႏၱာျပႆာဒ္ေတြ ဘုရားရွင္အဘိဓမၼာတရားေဟာတဲ့ ပင္လယ္ကသစ္ပင္ စတာေတြကိုလဲ ေတြ႕ခဲ့တယ္။ သိပ္ႀကီးက်ယ္ခမ္းနားတဲ့ နႏၵဝန္ဥယ်ာဥ္ကိုလဲ ေတြ႕ခဲ့တယ္။ 


စူဠာမဏိေစာင္းတန္းမွာ ေတြ႕တဲ့နတ္ေတြကို ငါဒီေန႕ တေနကုန္ ေမတၱာပို႔တာ သိလားလို႔ေမးေတာ့ သိတဲ့အေၾကာင္း ျပန္ေျပာၾကတယ္။

(အင္း ကိုယ္ေတြ႕မို႔သာ ေရးျပရတာ။ လက္ေတြ႕မလုပ္ဖူးရင္ ျပစ္မွားမယ့္သူေတြမ်ားမွာ ႀကိဳေတြးထားတယ္။ ဒါေပမယ့္ ဒါဟာ ေယာႏြယ္ရဲ႕ တကယ္လက္ေတြ႕ပါ။ ၂၀၀၉ ခုတုန္းကစ ဒါေတြေတြ႕ႀကဳံခဲ့တာ အခုမွ အလ်ဥ္းသင့္လို႔ ေျပာျပတာ။ ႀကိဳေျပာပါရေစ..လက္ေတြ႕ ေလ့က်င့္ၿပီးမွ ယုံပါ။ လက္ခံပါ။ )


ဒီလို အလင္းနိမိတ္နဲ႕ သမထစခန္းကို ရက္ေပါင္း ၄၀ ေလ့က်င့္ရတယ္။ က်န္တဲ့ ရက္ ၂၀ ကိုေတာ့ ဝိပႆနာပိုင္းကို ေလ့က်င့္ရတယ္။ ဒီေလာက္ အားေကာင္းတဲ့ ဥပစာရသမာဓိနဲ႕ ႐ုပ္နာမ္သေဘာတရားေတြကို စူးစိုက္ၾကည့္ရတယ္။ ခႏၶာကိုယ္ရဲ႕ အထင္ရွားဆုံးေနရာကို မွတ္ရတယ္။ 


ေသြးျပန္ေၾကာကေန က်လာတဲ့ ေသြးေပါက္ေလးက ႏွလုံးအိမ္ကို က်လာတာကို စိုက္ၿပီးၾကည့္တယ္။ တေျဖးေျဖးနဲ႕ ခႏၶာကိုယ္တစ္ခုလုံး ေရျမႇုပ္ဆိုင္ႀကီးျဖစ္သြားတယ္။ ဪ..ဘုရားေဟာတဲ့ ေဖဏူပမံ ကာယမိမံ ဝိဒိတြာ.. ခႏၶာကိုယ္ဟာ ေရျမႇုပ္ဆိုင္နဲ႕ တူတယ္ဆိုတဲ့ ဘုရားစကားကို လက္ေတြ႕သိသြားတယ္။ 


အေတြ႕အႀကဳံမ်ားစြာ ရက္မ်ားစြာမို႔ စာဖတ္သူတို႔ လက္ခံနိုင္ေလာက္တဲ့ ပမာဏကို ကိုယ္ေတြ႕အျဖစ္ ျပန္လည္ေျပာျပပါတယ္။ ( ဒီစာအားလုံးဟာ ကာယကံရွင္ရဲ႕ ကိုယ္ေတြ႕ျဖစ္တဲ့အတြက္ ရာႏႈန္းျပည့္ တာဝန္ယူပါတယ္ ) က်န္တာကေတာ့ ကိုယ္ဟာကိုယ္ေလ့က်င့္ၾကည့္ၾကဖို႔ တိုးတြန္းလိုတယ္။ 


သာသနာဟာ ဗရမ္းဗတာ မဟုတ္ဘူး။ ေယာႏြယ္တို႔ ကိုယ္ေတြ႕ဆိုတာ ဆရာေတာ္ႀကီးေတြအေတြ႕အႀကဳံနဲ႕စာရင္ ရယ္ဖြယ္ေလာက္ပါ။ ေဗာဓိၿမိဳင္ဆရာေတာ္ႀကီးရဲ႕ အတၳဳပၸတ္စာအုပ္ကို ဖတ္ၾကည့္ဖို႔ တိုက္တြန္းပါရေစ.. 


သာသနာေတာ္မွာ အလြန္ထင္ရွားၿပီး လက္ေတြ႕က်င့္ၾကတဲ့ ပဋိပတ္ သံဃာေတြအေၾကာင္း ေနာက္ေန႕ေတြ ဆက္ေျပာမယ္။


ေယာႏြယ္

Jan,22,2022

#YNNote


#နားလည္ေစခ်င္ပါသည္ (၉)

=================


ခံယူခ်က္ မတူရင္ တန္ဖိုးေတြလဲ သူ႕ဟာနဲ႕သူကြာတယ္။ ဘုန္းေတာ္ႀကီးရဲ႕အလုပ္က စာသင္ စာခ်နဲ႕ တရားက်င့္(တရားေဟာ၊ တရားျပ) ျခင္းပဲ ။ ရံခါေတာ့ ေခတ္ကာလရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ အနည္းငယ္ အသြင္ေျပာင္း ရပ္တည္လုပ္ေဆာင္ရတာေတာ့ ရွိပါတယ္။


အပိုင္း (၇) အပိုင္း (၈) မွာ ပဋိပတ္-တရားက်င့္ ဘုန္းႀကီးေတြအေၾကာင္း ေျပာခ်င္လို႔ ေယာႏြယ္ကိုယ္ေတြ႕ေတြ ေျပာၿပီး စာပႏၷက္ရိုက္ခဲ့တယ္။ တဆက္ထည္း ငယ္ငယ္က သေဘာက်ၿပီး ဘာသာျပန္ဖူးတဲ့ ဆရာေတာ္ႀကီးတစ္ပါး။ ထိုင္းနိုင္ငံက ပဋိပတ္က်င့္တဲ့ ဘုန္းေတာ္ႀကီးတစ္ပါးအေၾကာင္းကို ဒီေန႕ ေျပာပါရေစ ။ 

( သူ႕က်င့္စဥ္က ေျမဇင္းဆရာေတာ္ႀကီးရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႕ တူညီေနတာမို႔ စိတ္ဝင္စားလို႔ ဘာသာျပန္ၿပီး ေရးခဲ့တာ ၂၀၀၉ ခုႏွစ္ ကတည္းပါ။)


ထိုင္းနိုင္ငံ သံဃာေလာကမွာ ထင္ရွားတဲ့ဆရာေတာ္ႀကီးပါ။ ဆရာေတာ္ႀကီးဘြဲ႕က ဖရအာဂ်န္မန္း(1870-1949) ပါ။ ဆရာေတာ္ႀကီး ဖရအာဂ်န္မန္း အမႉးျပဳတဲ့ ဘုန္းေတာ္ႀကီးမ်ားဟာ ျမန္မာနိုင္ငံေတာင္တန္းမ်ားနဲ႕ လာအိုနိုင္ငံေတာင္တန္းမ်ားေပၚက ဂူေတြထဲမွာ ႏွစ္မ်ားစြာေနၿပီး တရားကို ျပင္းျပင္းထန္ထန္ က်င့္ႀကံခဲ့ၾကတာပါ။


ဆရာေတာ္ႀကီးဖရအာဂ်န္မားဟာ သူ႕ရဲ႕ တပည့္ငယ္တစ္ပါးကို သူေတြ႕တဲ့ တရားအေတြ႕အႀကဳံေတြကို အၿမဲေျပာျပခဲ့တယ္။ သူ႕ကိုယ္ေတြ႕အျဖစ္အပ်က္ေတြကို ေျပာျပရင္ လက္မခံနိုင္ မယုံၾကည္နိုင္မယ့္ သူေတြရွိေနမယ္ဆိုတာလည္း ဆရာေတာ္ႀကီး ႀကိဳသိခဲ့တယ္။


(ဘုရားသက္ရွိထင္ရွားရွိေနတုန္းက တပည့္ႀကီး အရွင္မဟာေမာဂလာန္နဲ႕ အရွင္လကၡဏတို႔ဟာ ဂိစၨ်ကုဋ္ေတာင္တန္းေတြေပၚက ၿပိတၱာႀကီးေတြကို ျမင္ရင္.. ဘုရားကို ျပန္ေလွ်ာက္ၾကတယ္။ အဲဒီအခါ ဘုရားက ေအး ငါဘုရားက အရင္ကတည္းက ျမင္တာ။ ျမင္ျမင္သက္ေသ မရွိေသးလို႔ မေျပာေသးတာ ဆိုတာမ်ိဳး ျပန္လည္မိန႔္တဲ့ သာဓကမ်ားစြာ စာေပမွာ ရွိပါတယ္)


ဆရာေတာ္ႀကီး ဖရအာဂ်န္မန္းဟာ တပည့္ျဖစ္သူ acariya Maha Boowa Yaoasampan ကို ငါပ်ံေတာ္မူမွ ငါ့ကိုယ့္ေတြေတြကို စာအုပ္ထုတ္ဖို႔ မွာေတာ္မူခဲ့တယ္။ ဆရာေတာ္ႀကီး လြန္ေတာ္မူၿပီးခ်ိန္မွ တပည့္ျဖစ္သူက စာမ်က္ႏွာ ၆၈၀ ရွိတဲ့ စာအုပ္ကို ေရးသားထုတ္ေဝတယ္။


ဆရာေတာ္ ဖရအာဂ်န္မန္းကို ထိုင္းနိုင္ငံေျမာက္ပိုင္းမွာ ေမြးဖြားတယ္။ ရဟန္းျဖစ္ၿပီးေနာက္မွာ ထိုင္းနိုင္ငံအလယ္ပိုင္းက ေတာအုပ္ႀကီးတစ္ခု၊ ေရတံခြန္ေတြ ေက်ာက္ဂူေတြေပါမ်ားတဲ့ နခန႐ုတ္ေဒသကို ေရာက္သြားတယ္။ ဂူေတြကိုေတြ႕ရေတာ့ ဒီမွာပဲ တရားအားထုတ္ေတာ့မယ္ဆိုၿပီး ေတာင္ေျခမွာ ေနၾကတဲ့ ဒကာေတြကို ေျပာျပတယ္။ ဒကာေတြက 


"ဒီဂူေတြမွာ အားမထုတ္ပါနဲ႕ ၊ ဒီဂူေတြမွာ အားထုတ္လို႔ ပ်ံလြန္ေတာ္မူကုန္ၾကတာ ေလးပါး ရွိေနပါၿပီ" လို႔ ေျပာၿပီး တားျမစ္ၾကတယ္


ဆရာေတာ္ကေတာ့ သတၱဝါဆိုတာ တေန႕ေသရမွာဘဲ၊ တရားအားထုတ္ၿပီး ေသတာ ပိုမြန္ျမတ္ပါတယ္လို႔ မိန႔္ေတာ္မူၿပီး 

ပထမ ဒုတိယ တတိယညေတြမွာ ေအးခ်မ္းစြာ တရားအားထုတ္ေနခဲ့တယ္။ 


ေလးညေျမာက္မွာေတာ့ ဗိုက္အတြင္းက ပူေလာင္လာၿပီး ဝမ္းေတြ မရပ္မနား သြားပါေတာ့တယ္။ ဆရာေတာ္ႀကီးဟာ ကာယာႏုပႆနာ ကမၼဌာန္းကို ပြားမ်ားရင္း ခံစားရတဲ့ ေဝဒနာေတြကို ေျပာင္းလဲရႉမွတ္ခဲ့တယ္။ ခႏၶာကိုယ္တြင္းက အလင္းေရာင္ေတြကို ေတြ႕ျမင္ၿပီး စိတ္လဲေပါ့ပါး သမာဓိလည္း အားေကာင္းလာတယ္။ ခံစားရတဲ့ ေဝဒနာလည္း သက္သာၿပီး လူကလန္းဆန္းေပါ့ပါးလာတယ္။


အဲဒီအခ်ိန္ ဂူထဲကို ခႏၶာကိုယ္ႀကီးႀကီးနဲ႕ သတၱဝါတစ္ေကာင္ ဝင္လာတယ္။ လူလား နတ္လား ဘာလား ေသခ်ာ မခြဲျခားနိုင္ေသးဘူး။ အဲဒီသတၱဝါႀကီးကဘဲ 

ဆရာေတာ့္ကို ေျပာတယ္၊ 


"ငါက ဒီေတာင္မွာေစာင့္တဲ့ ေတာင္ေစာင့္ဘီလူးကြ ၊ေတြ႕လား တင္းပုတ္( သူ႕လက္ထဲက တင္းပုတ္ကို ျပၿပီး) ဒီ တင္းပုတ္နဲ႕ ဆင္ကိုေတာင္ ေျမႀကီးထဲဝင္သြားေအာင္ ရိုက္သတ္ဖူးတယ္။ ၿပီးေတာ့ ေတာင္ေစာင့္ဘီလူးႀကီးက ဒီဂူထဲ တရားလာထိုင္တဲ့ ဘုန္းႀကီးေလးပါးကို ငါပဲ ရိုက္သတ္ခဲ့တာလို႔ ဆက္ေျပာတယ္။


ဒီဂူကေန အခုခ်က္ခ်င္းထြက္သြား၊ ထြက္မသြားရင္ ရိုက္သတ္ပစ္မယ္"လို႔ ေလွ်ာက္ေတာ့ 

ဆရာေတာ္ႀကီးက.. ။


မနက္ျဖန္ဆက္ပါမည္။


ေယာႏြယ္

Jan-23-2022


#နားလည္ေစခ်င္ပါသည္ (၁၀)


အပိုင္း(၉) က ပဋိပတ္ဝန္ေဆာင္ ဆရာေတာ္ ဖရအာဂ်န္မန္းအေၾကာင္း ဆက္ေျပာရေအာင္။

ဆရာေတာ္-က တည္ၿငိမ္တဲ့ေလသံနဲ႕ 

 အသင္ေတာင္ေစာင့္ဘီလူး ! 

သတၱဝါမွန္ရင္ တစ္ေန႕ေသၾကမွာပါ ။ ရဟန္းဘဝနဲ႕ တရားအားထုတ္ဖို႔

ဒီဂူကို ငါေရာက္လာျခင္းျဖစ္တယ္ ။ သင့္ကိုႏွောင့္ယွက္ဖို႔ ငါေရာက္လာတာ မဟုတ္။ ၿငိမ္းခ်မ္းစြာ တရားအားထုတ္ဖို႔ ေရာက္လာျခင္းျဖစ္တယ္။ သင္ေျပာသလို သင္ဟာတန္ခိုးႀကီးတယ္ဆိုရင္ သင့္ကိုယ္တြင္းက ကိေလသာေတြကို ၿဖိဳခြင္းသူ ေအာင္နိုင္သူျဖစ္ပါရဲ႕လား ။

သင္ သတ္လိုက သတ္ပါ။ တရားအားထုတ္ရင္း ျမတ္တဲ့ေသျခင္းနဲ႕ ေသရမွာမို႔ ေၾကာက္စရာ လုံးဝမရွိ။


သင္ကသာ ရဟန္းျမတ္ကို သတ္လို႔ ဒုကၡႀကီးစြာ ခံရလိမ့္မယ္။ မမိုက္ပါနဲ႕ ၊ ေကာင္းမႈကုသိုလ္မ်ား ႀကိဳးစားအားထုတ္ပါလို႔ ေျပာလိုက္ေတာ့ -

ေတာင္ေစာင့္ဘီလူးႀကီးဟာ ေသးငယ္သြားၿပီး ဆရာေတာ့္ကို ဦးခ်ကန္ေတာ့တယ္။ ၿပီးေတာ့.. ဆရာေတာ္ ဒီဂူမွာဘဲ ဆက္ၿပီးတရားအားထုတ္ပါလို႔ ေျပာၿပီး ေပ်ာက္ကြယ္သြားပါေတာ့တယ္။

ေနာက္ပိုင္းမွာ ေတာင္ေစာင့္ဘီလူးႀကီးဟာ သူ႕ရဲ႕တပည့္ေတြကို ေခၚလာၿပီး ဆရာေတာ့္ႀကီးဆီက တရားေတြ နာယူတယ္။ 

႐ုကၡစိုးနတ္ေတြ ကိုယ္တိုင္လည္း တရားနာယူဖို႔ ေရာက္လာၾကတယ္။(ေယာႏြယ္ကိုယ္တိုင္လည္း ႐ုကၡစိုးနတ္ေတြကို ေတြ႕ခဲ့ဖူးတယ္)။


ဆရာေတာ္ႀကီးရဲ႕ သမထက်င့္စဥ္

======================

ဝင္ေလနဲ႕ ဗု လို႔ မွတ္ၿပီး ထြက္ေလနဲ႕ ေဓာလို႔ ပြားမ်ားတယ္။ ဗုေဒၶါ ဗုေဒၶါ လို႔ ပြားမ်ားတယ္။ 

ဘယ္ေျခလွမ္းရင္ ဗု၊ ညာေျခလွမ္းရင္ ေဓာ လို႔ မွတ္တယ္။ ( ကႏၷီဆရာေတာ္ ေျမဇင္းဆရာေတာ္တို႔ကေတာ့ ဝင္ေလနဲ႕ အရဟံ။ ထြက္ေလနဲ႕ အရဟံ..လို႔ စတုရာရကၡပိုင္းမွာ ရႉမွတ္ခိုင္းတယ္)။

သုံးလေလာက္ ျပင္းျပင္းထန္ထန္ရႉမွတ္လိုက္ေတာ့ ပိုးေလာက္ေတြ လူေသအေလာင္းေကာင္ေတြ ေတြ႕ရတယ္။ ( စတုရာရကၡေလးမ်ိဳးထဲက အသုဘဘာဝနာကို ရႉမွတ္သလိုပါပဲ)။

  

ဆရာျဖစ္သူ ဖရအာဂ်န္ေစာ..ကို ကမၼဌာန္းေလွ်ာက္ေတာ့ ဆရာ-က ကာယာဂတာသတိကို ဆက္လက္အားထုတ္ဖို႔ မိန႔္ေတာ္မူတယ္။ ခႏၶာကိုယ္ရဲ႕ ထင္ရွားတဲ့အစိတ္အပိုင္းေတြကို တပိုင္းစီ ခြဲၿပီးရႉတယ္။

ဒီကမၼဌာန္းကို ပ်ံလြန္ေတာ္မူတဲ့အထိ ရႉမွတ္ပြားမ်ားခဲ့တယ္။ ခႏၶာကိုယ္ထဲမွာပဲ စိတ္ကို သတိနဲ႕အၿမဲကပ္ထားေၾကာင္း ဖရအာဂ်န္မန္းက သူ႕တပည့္ကို မိန႔္ၾကားခဲ့တယ္။( သတိဆိုတဲ့ ေနအိမ္မွာ ေနနိုင္သြားတယ္ဆိုတဲ့ သေဘာလို႔ နားလည္ရပါတယ္)။


သမာဓိအားေကာင္းလို႔ နိမိတ္အားေတြေကာင္းေနတဲ့အခါ စိတ္ၫြတ္ရာကို ေရာက္သြားေလ့ရွိတယ္။ ငရဲမွာ ဆင္းရဲႀကီးစြာ ခံစားေနရတဲ့ သူေတြကိုျမင္ၿပီး သံေဝဂႀကီးစြာနဲ႕ ေငးေမာၾကည့္ေနမိလို႔ (မြန္းလြဲသြားလို႔) ဆြမ္းမစားလိုက္ရတဲ့ ေန႕ေတြလည္း ရွိခဲ့တယ္။

နတ္ျပည္ေတြကို ေရာက္သြားတဲ့အခါ နတ္ေတြဟာ သူ႕ကိုအေရးမလုပ္ဘဲ သူတို႔ဘာသာ သြားၿမဲ သြား လႈပ္ရွားၿမဲ လႈပ္ရွားေနၾကတာေတြကိုလည္း ေတြ႕ျမင္တယ္။ 


ဆရာျဖစ္သူ အာဂ်န္ေစာကို ေလွ်ာက္ေတာ့ မင္းစိတ္က ေမ်ာက္စိတ္လိုဘဲ။ စိတ္ကို အျပင္ကို မထြက္ေစနဲ႕လို႔ မိန႔္ေတာ္မူတယ္။ 


ဆရာေတာ္ဖရအာဂ်န္မန္းဟာ ကာယဂတာသတိကို ပြားမ်ားလို႔ အသားက်လာတဲ့အခါ ေျမာက္ဖက္ပိုင္းကို တပါးထည္း ႂကြလာတယ္။ ေနာက္ပိုင္းမွာ ျမန္မာျပည္ ေတာနက္တစ္ေနရာကို ကူးလာၿပီး ငါးႏွစ္တိတိ တရားအားထုတ္ခဲ့တယ္။ ဒုတိယကမၻာစစ္ျဖစ္ခ်ိန္မွာေတာ့ ထိုင္းနိုင္ငံဖက္မွာ ျပန္အႂကြ.. သုံးည သုံးရက္ လမ္းေလွ်ာက္ရင္း ႂကြလာခ်ိန္..

က်မ္းဂန္မ်ားမွာေတာ့ ႐ုကၡစိုးနတ္ေတြက တရားက်င့္သူေတြကို ဆြမ္းကပ္ေလ့ရွိေၾကာင္း မွတ္သားဖူးေပမယ့္ ငါ့မွာေတာ့ ဘယ္သူမွ မရွိဟု စဥ္းစားရင္း ေက်ာက္ဖ်ာတခုထက္မွာ အနားယူေနခိုက္ ဘယ္သူမွန္းမသိတဲ့ လူရည္သန႔္တစ္ဦးက ဆြမ္းလာကပ္ပါေတာ့တယ္။

ဆရာေတာ္က ဆြမ္းအကပ္ခံၿပီး ဘယ္အရပ္က လာတာပါလဲလို႔ေမးေတာ့ ဘာမွျပန္မေျပာဘဲ ခပ္လွမ္းလွမ္းကို လက္ညွိုးထိုးျပၿပီး လမ္းေလွ်ာက္ထြက္သြားတယ္။ ဆရာေတာ္ႀကီးက သူလမ္းေလွ်ာက္ထြက္သြားရာကို ၾကည့္ေနရာ သစ္တပင္နားေရာက္ေတာ့ ေပ်ာက္ကြယ္သြားပါတယ္။

ဆ၇ာတော်အာဂျန်မန်းဟာ ကမၼ႒ာန္းႏွင့္သာ ေမြ႕ေလ်ာ္ေလ့ရွိတယ္။ ညဖက္မွာ နတ္ေဒဝါမ်ား နဂါးမ်ား လာေရာက္ တရားနာေလ့ရွိပါတယ္။္။ ဆရာေတာ္ဟာ္ တေနရာ တေဒသတြင္ ၾကာၾကာ သီတင္းသုံးေတာ္မမူပါဘူး။ ဇင္းမယ္နယ္ဖက္မွာေတာ့ ၾကာၾကာသီတင္းသုံးပါတယ္.

ဇင္းမယ္နယ္ဖက္မွာေဒ၀တာမ်ား မ်ားျပားစြာလာေရာက္တရားနာယူၾကသည္ကို သတိျပဳမိေၾကာင္း အေရွ႕ေျမာက္ပိုင္းတြင္ ေဒ၀တာမ်ား မမ်ားပဲ နဂါးမ်ား လာေရာက္သည္ကမ်ားျပားေၾကာင္း မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။ 

နဂါးေတြဟာ ညဖက္ ၁၀ နာရီမွ ၁၁ နာရီခန့္တြင္ လာေရာက္တရားနာေလ့ရွိသလို ၊ေဒ၀တာမ်ားကေတာ့ ညသန္းေခါင္ယံအခ်ိန္မွ လာေရာက္ၾကၿပီး နံက္မိုးေသာက္ ၂ နာရီခန့္ရွိမွ ျပန္ေလ့ရွိေၾကာင္း အမိန့္ရွိေတာ္မူပါတယ္.


နတ္မ်ား နဂါးမ်ားဟာ အလြန္စည္းကမ္းေသ၀ပ္ၾကသလို တရားနာယူတဲ့အခါမွာ

လူမ်ားကဲ့သို႔လႈပ္ရွားျခင္းမရွိပဲ နာယူၾကပါတယ္။ နတ္မ်ားဟာ လာေရာက္တဲ့အခါ ဆရာေတာ္ကို သုံးပတ္လွည့္၍ ကန္ေတာ့ၾကတယ္၊ တည္ၿငိမ္စြာ တရားနာၿပီးသည့္အခါ သာဓု သုံးႀကိမ္ေခၚၾကၿပီး ေနာက္သို႔ ေ႐ြ႕လ်ားသြားၾကၿပီး တခဏခ်င္းပင္လွ်င္ ဝါဂြမ္းပုံေလးကဲ့သို႔ျဖစ္ၿပီး လ်င္ျမန္စြာ ေကာင္းကင္၌ ေပ်ာက္ကြယ္သြားၾကပါတယ္၊


တခါက နဂါးမင္းႏွင့္ နဂါးပရိသတ္မ်ား ေန႕စဥ္ရက္ဆက္ တရားနာလာၾကပါတယ္ ။

လာတဲ့အခါ နဂါးမင္းက သူ႕ရဲ႕ ရာဇပလႅင္ကိုပါ ယူလာၿပီး

သူရဲ႕ရာဇပလႅင္ပါ သူ႕ပရိသတ္နဲ႕ တရားနာယူပါတယ္။ သူေသာက္ဖို႔ယူလာတဲ့ ေရကို ဆရာေတာ္ အာဂ်န္မန္းကို အရင္ဆက္ကပ္ၿပီးမွ သူေသာက္ေလ့ရွိပါတယ္။

သုတၱန္ေဒသနာေတာ္ႏွင့္ ေအာင္ျခင္းရွစ္ပါး တရားကို နတ္မ်ားအလြန္ႏွစ္သက္ၾကတယ္လို႔ အမိန့္ရွိပါတယ္။ ပဋိပတ္စခန္းကို ကြၽမ္းက်င္စြာ က်င့္ႀကံေတာ္မူတဲ့ ဆရာေတာ္ ဖရအာဂ်န္မန္းဟာ ၁၉၄၉ခုမွာ လူ႕ဘ၀ဇာတ္ သိမ္းေတာ္မူပါတယ္၊။

ဆရာေတာ္ႀကီးရဲ႕ ကိုယ္ေတြ႕ ထူးဆန္းေထြလာ ပရေလာကကမၻာကို သိရွိနိုင္ဖို႔ ဒီစာအုပ္မူရင္းမွာ ဆက္လက္ဖတ္ရႈနိုင္ပါတယ္၊

Ven. Acariya Mun - Spiritual Biography + photos


ေယာႏြယ္

Jan-23-2022

#YNNote

ေရးသားမွ်ေဝသူ - အရွင္တိကၡ


No comments: