Friday, August 16, 2019

ကဏန်းကော်ကြော် ~ သက်သတ်လွတ်ပဲကြာဆံသုပ် ~ဇီချွမ်းစတိုင် ဂျယ်လီခေါက်ဆွဲသုပ် ~ ငါးပိရေကျိုထမင်းသုပ်

ကဏန်းကော်ကြော်
-------------------------------------


 ပင်လယ်စာကြိုက်နှစ်သက်သူတွေကတော့ ကဏန်းကော်ကြော်လေးကို သိကြမယ်လို့ ထင်ပါတယ်။ သို့ပေမယ့် အိမ်မှာလုပ်စားဖြစ်တာ နည်းမယ်ထင်လို့ လွယ်ကူပြီး အရသာရှိတဲ့ ကော်ကြော်လေးကို တင်ပြပေးပါရစေနော်။ ကော်ကြော်လေးကတော့ ကဏန်းမှ မဟုတ်ပါဘူး။ ခရု၊ ကမာ၊ ပုစွန် အစရှိတဲ့ ပင်လယ်စာလေးတွေနဲ့လည်း တွဲဖက် ကြော်ပေးလို့ရပါတယ်။ ကဏန်းရဲ့  အနံ့လေးက တစ်မူမွှေးပျံ့လွန်းပြီး ပင်ကိုအချိုအရသာကလည်း လေးပင်တာကြောင့် ကဏန်းကိုပဲ များသောအားဖြင့် ပိုသုံးကြပါတယ်။ အဲဒီတော့ ပါဝင်ပစ္စည်းနည်းနည်းနဲ့ လွယ်ကူတဲ့နည်းလမ်းလေးကို ဆက်လက်ဖတ်ကြည့်ပါဦးနော်။

ပါဝင်ပစ္စည်းများ
• ကဏန်း  -  ၄ ကောင်
• ကဏန်းလက်မ  -  ၁၀ ချောင်း
• ကော်မှုန့်  -  ၂၀ဝ ဂရမ်
• ရေ  -  ၂၀ဝ မီလီလီတာ
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်ဥ  -  ၄ လုံး
• ဆီ  -  ၂၀ဝ ဂရမ်
• ကုဆိုင် (သို့) ဂျု့ဆိုင်  -  ၂ စည်း


ပြုလုပ်နည်း
၁။ ကဏန်းကော်ကြော် အပျော့၊ ကော်မှုန့်ဆားနှင့် အသားမှုန့်တို့ကို ရေဖြင့် နှံ့စပ်အောင် ဖျော်ထားပါ။
၂။ ထို့နောက် ကဏန်းသားကို ပေါင်း၍ နွှင်ထားပါ။
၃။ ပြီးလျှင် ဒယ်အိုးပူပူထဲ ဆီ ၃ ဇွန်းခန့် ထည့်ပြီး ကော်ရည်ကို တစ်ဝက်ခန့် ထည့်ပါ။ ထည့်ပြီးပြီးချင်း ဆက်တိုက်မွှေပါ။ ၃ မိနစ်ခန့်ကြော်ပြီးလျှင် လွတ်နေတဲ့ ဘေးနားလေးမှာ ကဏန်းသားကို
ထည့်၍ ဆက်ကြော်ထားပြီး ကြက်ဥခေါက်ထားသည်ကို ဘေးမှာ ဆက်တိုက်ကြော်ပေးကာ ကုဆိုင်လေးများ ဖြူးပေးပါ။ ကြက်ဥကြော်ပေါ် ကော်ကြော်ကို တင်ပါ။ ကော်ကြော်ပေါ်မှာ ကဏန်းသားကြော်လေးများကို တင်ပြီးလျှင် ကဏန်းကော်ကြော်အပျော့ ရပါပြီ။
၎။ ကော်ကြော်အြွကပ်လေးကိုတော့ ဇလုံတစ်လုံးထဲ ကဏန်းသား၊ ကြက်ဥဖောက်ထည့်ပြီး ညက် နေအောင် ခေါက်ထားပါ။
၅။ အိုးပူပူထဲ ဆီ ၆ ဇွန်းခန့်ထည့်ပြီး ခေါက်ထားတဲ့ကော်ရည်များ လောင်းထည့်၍ ဖိဖိပေးပြီးြွကပ်လာ သည်အထိ ကြော်ပါ။
၆။ ပြီးလျှင် ကဏန်းသားများဘေးမှာ သတ်သတ်ထပ်ထည့်၍ ကြော်ပြီး ကုဆိုင်လေးတွေ အုပ်ပေး ရင် ရပါပြီနော်။
၇။ ကဏန်းကော်ကြော်အြွကပ်၊ အပျော့ နှစ်မျိုးစလုံးကိုတော့ မုန်လာဥဖြူအချဉ်လေးနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။
--------------------------------------------
May Phyo Thi

သက်သတ်လွတ်ပဲကြာဆံသုပ်
--------------------------------------


 ဒီဟင်းလျာလေးက အရသာလည်း ရှိပြီး လွယ်ကူရိုးရှင်းတဲ့ သက်သတ်လွတ် ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ
• ပဲကြာဆံ  -  ၁၀ ဂရမ်
•ြွကက်နားရွက်မှို  -  ၃ ဂရမ်
• ပဲလိပ်  -  ၂ ဂရမ်
• ကြက်သွန်နီ  -  ၁ လုံး
• ခရမ်းချဉ်သီး  -  ၁ လုံး
• ငရုတ်သီး (နီ၊ စိမ်း)  -  ၆ တောင့်ခန့်
• နံနံပင်  -  အနည်းငယ်
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၃ ဇွန်း
• မြေပဲဆံ  -  စားပွဲဇွန်း ၂ ဇွန်း (ထောင်းပြီး)
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူကြော်  -  စားပွဲဇွန်း ၁ ဇွန်း
• ဆား  -  အနည်းငယ်
• သက်သတ်လွတ်ဟင်းခတ်မှုန့်  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်


ပြုလုပ်နည်း
၁။ ဦးစွာ ပဲကြာဆံ၊ြွကက်နားရွက်မှိုနှင့် ပဲလိပ်တို့ကို ရေစိမ်၍ ပျော့လာလျှင် ရေနွေးဖြောပြီး အအေးခံထားပါ။
၂။ြွကက်နားရွက်မှိုနှင့် ပဲလိပ်ကို အနေတော်လှီးဖြတ်ထားပါ။
၃။ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်နှင့် ငရုတ်သီးတို့ကို ပါးပါးလှီးပါ။
၎။ ဇလုံတစ်လုံးထဲမှာ ရေနွေးဖြောပြီး အအေးခံထားတဲ့ ပဲကြာဆံနှင့် ပါဝင်ပစ္စည်းများ၊ အရသာများနှင့် ဆီချက်တို့ကို ရောထည့်ပြီး နယ်သုပ်ပါ။
၅။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-------------------------------------
Eant Wint Htut

ဇီချွမ်းစတိုင် ဂျယ်လီခေါက်ဆွဲသုပ်
(Sichuan Cold Jelly Noodle Slad)
Liangfen (凉粉)
-----------------------------------------


 တရုတ်အစားအစာတစ်မျိုးဖြစ်တဲ့ ဂျယ်လီခေါက်ဆွဲ အအေးစာလေးက ဆိုဖီယာအတွက်တော့ မည်သည့်အချိန်စားစား မရိုးနိုင်တဲ့ အစားအစာလေး တစ်ခုဖြစ်ပါတယ်။ ပြုလုပ်ရတာလွယ်ကူပြီး အရသာလည်း ကောင်းမွန်တဲ့ ဂျယ်လီအအေးခေါက်ဆွဲသုပ် လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စား ကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
• မတ်ပဲအမှုန့် (Mung Bean Flour)  -  ၁၀ဝ ဂရမ်
• ရေ  -  ၉၀ဝ မီလီလီတာ
• ဇီချွမ်းဆော့စ်  -  ၁ ပန်းကန်

ပြုလုပ်နည်း
၁။ ဦးစွာ မတ်ပဲအမှုန့်ကို ပန်းကန်ထဲထည့်၍ ရေ ၂၀ဝ မီလီလီတာ ထည့်ပြီး ဖျော်ထားပါ။
၂။ အိုးတစ်အိုးထဲ လက်ကျန်ရေ ၇၀ဝ မီလီလီတာ ထည့်ပြီး ဆူပွက်လာ အောင် တည်ပါ။ ဆူပွက်လာပါက အသင့်ဖျော်ထားတဲ့ ပဲမှုန့်ရည်ကို ဖြည်းဖြည်းချင်း တစ်ဖက်မှ ထည့်ပြီး တစ်ဖက်မှ အဆက်မပြတ် မွှေပါ။
၃။ အဆက်မပြတ် မွှေနေရင်း အရောင်ကြည်လာပါက အအေးခံမည့် ဗန်း (သို့) ပန်းကန်ထဲ လောင်းထည့်ပြီး အအေးခံထားပါ။
၎။ လုံးဝအေးသွားပါက လိုသလိုလှီးဖြတ်ပြီး အသင့်ဖျော်စပ်ထားတဲ့ ဇီချွမ်းဆော့စ်ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။


ဇီချွမ်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• ဇီချွမ်းငရုတ်ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ပဲငံပြာရည်  -  ၂ ဇွန်း
• ရှလကာရည်  -  ၂ ဇွန်း
• နှမ်းဆီမွှေး  -  အနည်းငယ်
• ကြက်သွန်ဖြူဆီချက်  -  ၁ ဇွန်း
• ကြက်သွန်ဖြူ  -  ၁ မြွှာ (နုပ်နုပ်စဉ်းပါ)
• နှမ်းလှော်  -  အနည်းငယ်
• သကြား  -  ၁/၂ ဇွန်း
• ကြက်သွန်မြိတ်  -  ၁ ပင်
• နံနံပင်  -  အနည်းငယ်
• မြေပဲဆံ  -  အနည်းငယ် (optional)
• ရေ  -  ၅ ဇွန်း
• ငရုတ်သီး  -  ဖြူးရန် (optional)

ပြုလုပ်နည်း
၁။ ပန်းကန်ထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ သမအောင်မွှေပြီး အပေါ့အငန် လိုသလို ပြုပြင်ပါ။
၂။ ဇီချွမ်းငရုတ်ဆီပြုလုပ်ရန်မှာ ဇီချွမ်းငရုတ်ကောင်း ၁ ဇွန်းနှင့် နာနတ်ပွင့် ၂ ပွင့်ကို ဆီ ၅ ဇွန်း စာဖြင့် မွှေးလာအောင် ဆီသတ်ပါ။ မွှေးလာပါက ဆီကို စစ်ယူပြီး ငရုတ်သီးမှုန့် ၃ ဇွန်း ထည့်ပြီး အပူပြန်ပေးပါ။ မွှေးလာပါက မွှေပြီး မီးဖိုပေါ်မှချပါ။ မကျွမ်းအောင် ဂရုပြုပါ။
ဇီချွမ်းငရုတ်ကောင်း (ဟွားကျောက်) ကို တရုတ်ကုန်စုံဆိုင်များမှာ ဝယ်ယူနိုင်ပါတယ်။
----------------------------------------------------
Sofia

ငါးပိရေကျိုထမင်းသုပ်
-------------------------------


 ငါးပိရေကျိုထမင်းသုပ် ရာသီစာအစစ်လေးပါ။ အခု ပန်းခရေ ချက်နည်းလေးတွေ တင်ပြနေချိန်လေးကတော့ မိုးမလင်းစတမ်းကို မိုးတွေ ရွာနေတာပါ။ ဒါကြောင့် ဈေးသွားရ ခက်ခဲ၊ ထမင်းဝိုင်းပြင်ရ ခက်ခဲနေချိန်မှာ တစ်ခါတလေ ဒီလိုလေး အိမ်မှာရှိနေပြီးသား အစားအစာလေးတွေနဲ့ အဆင်ပြေသလို ဖန်တီးထားတဲ့ ထမင်းသုပ်လေးက စားလို့လည်း ကောင်းပြီး အလုပ်ပိုလည်း သက်သာစေတဲ့ ရာသီစာသုပ်လေးပေါ့။ ရေနွေးကြမ်းပူပူလေး တစ်ခွက်ပါ စီစဉ်ပေးဖို့ မမေ့နဲ့နော်။

ပါဝင်ပစ္စည်းများ
• ထမင်း  -  ၁ ပန်းကန်
• ငါးပိရေကျို  -  အနည်းငယ်
• ဟင်းအနှစ်ကျန်လျှင်  -  အနည်းငယ်
• ဟင်းအနှစ်မကျန်လျှင် ဆီချက်  -  အနည်းငယ်
• ငရုတ်သီးအလှော်မှုန့်  -  အစပ်စားနိုင်သလောက်
• ခရမ်းချဉ်သီး  -  တစ်ခြမ်း
 (မိမိကြိုက်သော ရေခဲသေတ္တာထဲ သိမ်းထားသည့် အသီးအနှံ ကြိုက်ရာထည့်နိုင်သည်။)
• ပဲတောင့်ရှည်  -  ၁ တောင့်
 (မိမိကြိုက်သော ရေခဲသေတ္တာထဲ သိမ်းထားသည့်
အသီးအနှံ ကြိုက်ရာထည့်နိုင်သည်။)
• ပဲပြုတ်  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• အရသာ  -  အနည်းငယ်
• သံပရာသီး  -  အနည်းငယ်


ပြုလုပ်နည်း
 ဇလုံတစ်လုံးထဲ ထမင်းထည့်ပြီး ငါးပိရည်ကျိုထည့်ပါ။ ဟင်းအနှစ် (သို့)ဆီချက် ထည့်ပြီး ပဲပြုတ်ထည့်ပါ။ ဆား၊ အရသာ၊ ငရုတ်လှော်ထည့်ပြီး ခရမ်းချဉ်သီးအစိတ်သေး လေးတွေ စိတ်ထည့်၍ ပဲတောင့်ရှည်ကို ဆိတ်ပြီး ထည့်ပါ။ သံပရာသီးညှစ်ပြီး နယ်ပါ။ အရသာအနေတော်ပြီဆိုလျှင် ဟင်းကျန်လေး အပေါ်မှာတင်ပြီး တို့စရာလေးတွေ တင်ပါ။ (နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ပြီးစားလည်း ကောင်းပါတယ်။)
-----------------------------------------
ပန်းခရေ

No comments: