Friday, August 9, 2019

ဝန်ထမ်းရှာဖွေခန့်ထားတာတွေထက် ဝန်ထမ်းတွေကိုဆွဲဆောင်ပါ။


===========================


ကုမ္ပဏီတစ်ခုဟာ ထိပ်တန်းထူးချွန်သူများ၊ အလုပ်ကိုစိတ်အားထက်သန်စွာ လာရောက် လုပ်ကိုင်ချင်တဲ့ စွမ်းဆောင်ရည်မြင့်မာသူများကို အမြဲလိုလို စွဲဆောင်နိုင်တယ်ဆိုရင် ဘယ်လိုနေမလဲ။ တကယ်တော့ Apple တို့ Google တို့လောက်တော့ ကုမ္ပဏီတိုင်းက ဒီလိုမျိုးထူးထူးကဲကဲ ဆွဲဆောင်နိုင်ကြမှာ မဟုတ်ပေမယ့် ကိုယ့်ရဲ့ကုမ္ပဏီက ထူးချွန်သူတွေ သံလိုက်သဖွယ် စွဲစောင်နိုင်မယ့် ကုမ္ပဏီအဖြစ် ပြောင်းလဲချင်မယ်ဆိုရင်ပြောင်းလဲလို့ရနိုင်ပါတယ်။ အဓိကကတော့လက်ရှိဝန်ထမ်းတွေ၊ နောင်မှာဖြစ်လာမယ့်ဝန်ထမ်းတွေ သဘောကျမယ့် အရမ်းခိုင်မာတဲ့“employment brand” တစ်ခုကို တည်ဆောက်နိုင်ဖို့ပဲဖြစ်ပါတယ်။

လက်ရှိမှာကုမ္ပဏီအတော်များများဟာ လုပ်ငန်းစီးပွားရေးကို တည်ဆောက်ဖို့ ထူးချွန်သူ(Talents) တွေကိုဆွဲဆောင်နိုင်ရန် အတွက်လုပ်ဆောင်ရမယ့်အစား လစ်လပ်ရာထူးတွေကိုဖြည့်နိုင်ဖို့ကိုသာ အာရုံစိုက်နေကြတတ်ပါတယ်။ တကယ်တော့ Recruiting သက်သက်လုပ်ကိုင်ခြင်းဟာ မလုံလောက်တော့ပါဘူး။ နိုင်ငံတွေရဲ့စီးပွားရေး ပြန်လည်ဦးမော့လာပြီဆိုရင် ကိုယ့်ရဲ့အလားလာရှိဝန်ထမ်းတွေမှာ အလုပ်အကိုင်အခွင့်အလမ်း ရွေးချယ်စရာတွေ များလာမှာဖြစ်ပါတယ်။ ကိုယ်ပေးထားတဲ့အလုပ်မှာပဲကျေနပ်ပြီး အလုပ်တခုရှိရတာကိုပဲကျေဇူးတင်နေမယ့်ဝန်ထမ်းမျိုးကခပ်ရှားရှားရယ်ပါ။

ဒီနေရာမှာထူးချွန်သူတွေကိုသံလိုက်သဖွယ်ဆွဲဆောင်နိုင်ခြင်းဟာအရမ်းအရေးကြီးလာပါတယ်။ဒီလိုလုပ်ဆောင်တဲ့နေရာမှာလစ်လပ်ရာထူးတွေကိုအလုပ်လျှောက်နေကြသူတွေ(active job seekers) အထဲကနေ အလျင်အမြန် ပြန်လည်ခန့်ထားခြင်းလုပ်နေရုံနဲ့တော့ မလုံလောက်တော့ပါဘူး။ ဒီလိုလုပ်ခြင်းဟာ ထူးချွန်သူများကို ခန့်ထားခြင်းအတွက် ထိရောက်မှုသိပ်မရှိနိုင်တော့ပါဘူး။ တကယ်လုပ်ဆောင်ရမှာက ကိုယ့်ရဲ့ကုမ္ပဏီဟာ ထူးချွန်သူတွေက အရမ်းသဘောကျ၊ မျက်စိကျရတဲ့ကုမ္ပဏီတစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ကုမ္ပဏီကို လောလောဆယ်အလုပ်မရှားသေးတဲ့သူ (passive job seekers) တွေက ကိုပိုပြီးစိတ်ဝင်စားလာနိုင်စေပါလိမ့်မယ်။ သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ဒါမှမဟုတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ်လို့ မျှော်လင့်ပြီး ပြောင်းချင်လာစိတ်တွေ ပေါ်လာစေနိုင်ပါလိမ့်မယ်။

အလုပ်အပေါ်မှာ ဦးနှောက်နဲ့ရောနှလုံးသားနဲ့ပါ သံယောဇဉ်ရှိကြတဲ့ဝန်ထမ်းတွေကိုသာ အလုပ်မှာမြဲနေစေနိုင်မယ်ဆိုရင်အကျိုးရှိလှပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အလုပ်ထွက်နူန်းတွေကို ကျလာစေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ဆုံးဖြတ်တွေမှန်နေစေပါလိမ့်မယ်။ လူကြီးတွေကိုလဲအခြားအရေးကြီတဲ့မဟာဗျူဟာကိစ္စတွေမှာ ပိုပြီး အာရုံပိုစိုက်နိုင်စေဖို့ အချိန်တွေကို ပိုရလာစေနိုင်လို့ဖြစ်ပါတယ်။

ဒီလိုမျိုးဝန်ထမ်းတွေရရှိနေစေဖို့အတွက်ကတော့လုပ်ရမှာလေးတွေတော့ရှိပါတယ်။


Meaningful work”
********************
ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေကို လက်ရှိကျွမ်းကျင်မှုတွေမှာ အရောင်တောက်လာစေဖို့၊ အသစ်သောကျွမ်းကျင်မှုတွေကို ဆက်လက်ရရှိလာနိုင်ဖို့ စိန်ခေါ်မှုတွေပြုလုပ်နိုင်ရပ်မယ်။ သူတို့ရဲ့ပါဝင်လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ သူတို့ရဲ့လုပ်ငန်းအဖွဲ့အစည်းကြီးရဲ့အောင်မြင်မှုအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနေကြသလဲဆိုတာကို နားလည်စေဖို့ပြောပြပေးနိုင်ရပါမယ်။ ကျန်းမာကြံခိုင်နေတဲ့လုပ်ငန်းအဖွဲ့တိုင်းဟာ သူတို့ရဲ့ဝန်ထမ်းတွေကိုသူတို့အလုပ်လုပ်ကြတာတွေကို အမြဲစိန်ခေါ်လုပ်ကိုင်နေကြဖို့အားပေးလေ့ရှိတယ်မဟုတ်လား။


Attention to employee feedback”
***********************************
အလုပ်မှာစိတ်ပါလက်ပါရှိကြတဲ့ ဝန်ထမ်းတွေဟာသူတို့ရဲ့ ထင်မြင်ယူဆချက်တွေက အရေးပါတယ်လို့မြင်တတ်လေ့ရှိပါတယ်။ ကုမ္ပဏီကလူကြီး အတော်များများဟာ “management breakfasts” ဆိုတာမျိုးတွေ၊ “town hall meetings” ဆိုတာမျိုးတွေကိုလုပ်လေ့ရှိကြပြီး ဝန်ထမ်းတွေရဲ့အသံကိုနားစွင့်လာတတ်ကြပါတယ်။


Opportunities for growth and development”
********************************
ကုမ္ပဏီအတော်များများက ဝန်ထမ်းများ သင်ယူလေ့လာမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများမှာအားလုံးအတွက်ချဉ်းကပ်ပုံတစ်မျိုးတည်းနဲ့လုပ်ကိုင်ဆောင်ရွက်တတ်ကြပါပါတယ်။ဌာနတစ်ခုလုံးကိုတနေကုန်သင်တန်းပိုသွားတက်ခိုင်းတာမျိုးပေါ့။ပိုပြီးပါးနပ်တဲ့ကုမ္ပဏီတွေကတော့သူတို့ရဲ့ထူးချွန်တဲ့သူတွေအပေါ်မှာပိုပြီးသင်တန်းဆိုင်ရာပံ့ပိုးမှုတွေကိုပိုလျာထားလေ့ရှိပါတယ်။


Empowerment
******************
Ritz-Carlton hotels တွေမှာဆိုရင် သူတို့ရဲ့ဧည့်သည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုရရှိရေးအတွက် $2,000 လောက်ထိကို အသုံးပြုခွင့်ပေးထားတယ်လို့လေ့လာရပါတယ်။ Kimpton Hotels တွေဆိုလဲသူတို့ရဲ့ ဝန်ထမ်းတွေကိုဆုံးဖြတ်ချက်တွေကိုလွတ်လပ်စွာချဖို့ခွင့်ပြုကြပါတယ်။


အဓိကပြောပြချင်တာကကုမ္ပဏီတခုရဲ့အောင်မြင်ဆိုတာဟာအထူးချွန်ဆုံးဝန်ထမ်းတွေကိုဆွဲဆောင်ပြီးထိန်းထားနိုင်တဲ့"Talent Magnetism” ဆိုတဲ့အချက်အပေါ်မူတည်နေတယ် ဆိုတာပါပဲ။ အဆင့်မြင့်တဲ့superior workforce ကိုလိုချင်တယ်ဆိုရင်တော့ attraction အပေါ်မှာပိုအားစိုက်ပြီး recruitment သက်သက်ဟာမလုံလောက်နိုင်တော့ဘူးဆိုတာကိုနားလည်ဖို့ဖြစ်ပါတယ်။ ဒီနေ့ခေတ်ဝန်ထမ်းအင်အားစုကြီးဟာလုပ်ပိုင်ခွင့်အပြည့်အဝရရှိခြင်း၊ အလုပ်နဲ့ ဘဝ မျှတမှုရရှိခြင်းနဲ့ သူတို့ရဲ့talent တွေကိုပြုစုပျိုးထောင်ပေးခံရခြင်းတွေ အပေါ်မှာ သဘောကျတတ်ကြောင်း သိထားရမှာဖြစ်ပါတယ်။ ဒီအရာတွေကို အသုံးချပြီးဝန်ထမ်းတွေကို attract လုပ်ပါ၊ recruitment သက်သက်မလုပ်ပါနဲ့လို့အကြံပြုလိုက်ရပါတယ်။

KC
8.8.2019

#HRJournal_Aug2019

No comments: