Friday, January 4, 2019

မန္တလေးမြီးရှေ - မန္တလေး မုန့် တီသုပ် - မန္တလေးက ဒေါ်ဖြူခေါက်ဆွဲ - ကြေးအိုးဆီချက်

မန္တလေးမြီးရှေ


မြီးရှေဖတ်/နန်းလတ်                      - ၇၅၀ ဂရမ်
ကြက်ရင်ပုံသား                                - ၂ ခြမ်း (အတုံးသေးသေးတုံးထားပါ)
ကြက်သားပြုတ်ရန်ရေ                        - ၂ လီတာ
နာနတ်ပွင့်                                       - ၂ ပွင့်
ချင်းပါးပါးလှီး                                    - ၃ ပြား
ချားကောသီး                                    - ၁ လုံး
ပဲငံပြာရည်                                       - စားပွဲဇွန်း ၁ ဇွန်း
အသားမှုန့်                                       - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား                                               - အနည်းငယ်

ဆီနီအတွက်လိုအပ်တာတွေကတော့
ငရုတ်သီးအကြမ်းဖတ်                          - စားပွဲဇွန်း ၃ ဇွန်း
ဆီ                                                  - စားပွဲဇွန်း ၁၂ ဇွန်း

ကော်ရည်အတွက်လိုအပ်တာတွေကတော့…
ကော်မှုန့် (ပီလောပီနန်မှုန့်)                    - ၇၀ ဂရမ်
ဆန်မှုန့်                                            - ၇၀ ဂရမ်
ရေ                                                  - ၅၀၀ မီလီလီတာ

ဂျုံလုံးကြော်အတွက်လိုအပ်တာတွေကတော့
ဂျုံမှုန့်                                            - ၇၀ ဂရမ်
ဆန်မှုန့်                                          - ၇၀ ဂရမ်
ဆား                                        - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆိုဒါ                                         - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ                                           - စားပွဲဇွန်း ၁၀ ဇွန်း
ကြော်ရန်ဆီ

အရသာအတွက်လိုအပ်တာတွေကတော့
ပဲပင်ပေါက်                                        - ၄၀၀ ဂရမ်
ပဲငါးပိ                                               - ၈၀ ဂရမ်
ပဲငံပြာရည်အကြည်                               - စားပွဲဇွန်း ၁ ဇွန်း
တရုတ်နံနံ                                          - ၃၀ ဂရမ်
တရုတ်နံနံနဲ့ဖျော်ရန် ပဲငံပြာရည်                - စားပွဲဇွန်း ၁ ဇွန်း
ရေနွေး                                               - အနည်းငယ်
အသားမှုန့်                                           - အနည်းငယ်
ကြက်သွန်ဖြူ                                       - ၄၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ရှလကာရည်                                      - စားပွဲဇွန်း ဇွန်း
ဆီတိုဟူး                                           - ၂ တုံး
ငရုတ်ကောင်းမှုန့်အဖြူ                           - အနည်းငယ်
မုန်ညင်းချဉ်                                         - ၁၂၀ ဂရမ်

1. ကြက်သားပြုတ်ရန်အတွက် အိုးထဲရေထည့်ပြီး မီးဖိုပေါ်တင်ပါ။ ပြီးလျှင်  အတုံးသေးသေးတုံးထားတဲ့ ကြက်ရင်ပုံသားထည့်ပါ။ ပြီးလျှင် ချင်း၊ နာနတ်ပွင့်၊ ချာကောသီးထည့်ပြီး ကြက်သားနူးအောင် တည်ထားပါ။
2. ကြက်သားနူးရင် ဆယ်ယူပြီး ပန်းကန်ထဲ ထည့်ပါ။
3. မြီးရှေနဲ့စားရန် ဟင်းရည်အတွက် ကြက်ပြုတ်ရည်ထဲကို ပဲငံပြာရည်၊ အသားမှုန့်၊ ဆားထည့်ပြီး မွှေထားပါ။
4. ဆီနီချက်ရန်အတွက် ဒယ်အိုးအသေးထဲဆီထည့်ပါ။ ဆီပူရင် မီးပိတ်ပြီး ငရုတ်သီးအကြမ်းမှုန့်ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ထားပါ။
5. နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ရှလကာရည်နဲ့ ဖျော်ထားပါ။
6. နုပ်နုပ်စဉ်းထားတဲ့ တရုတ်နံနံပင်ကိုလည်း ရေနွေးနဲ့ဖျော်ပြီး ပဲငံပြာရည်၊ အသားမှုန့် ထည့်ပြီး မွှေထားပါ။
7. ပဲငါးပိကို ခြေပြီး ပဲငံပြာရည်နဲ့ရောထားပါ။
8. ဆီတိုဟူးကို ခြေထားပါ။
9. ကော်ရည်ကျိုရန်အတွက် အိုးအသေးတစ်လုံးထဲကို ကော်မှုန့်နဲ့ဆန်မှုန့်ထည့်ပါ။ ပြီးနောက် ရေထည့်ပြီး ကျဲကျဲဖျော်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ကျိုပါ။ အရောင်ကြည်လာရင် မီးဖိုပေါ်မှ ချပါ။
10. ဂျုံလုံးကြော်ရန်အတွက် ဂျုံမှုန့်နဲ့ဆန်မှုန့်ကို ဇလုံထဲထည့်ပါ။ ပြီးလျှင် ဆား၊ ဆိုဒါထည့်ပြီး မွှေပါ။ ပြီးနောက် ရေထည့်ပြီး ပျစ်ပျစ်ဖျော်ပါ။
11. ဂျုံလုံးကြော်ရန် ဆီအိုးထည်ပါ။ ဆီပူရင်  မုန့်နှစ်ပျစ်ပျစ် ၁ ဇွန်းခတ်ပြီး ကြော်ပါ။ နီညိုရောင်သန်းလာရင် ဆယ်ထားပါ။ မုန့်နှစ်အားလုံးကုန်သည်အထိဆက်ပြီး ကြော်ပါ။
12. ပဲပင်ပေါက်နဲ့မုန့်ဖတ်ရေနွေးဖျော်ရန် ရေနွေးအိုးတည်ပါ။ ပြီးလျှင် ပဲပင်ပေါက်ကို ရေနွေးဖျောပြီး ဆယ်ထားပါ။
13. မုန့်ဖတ်တစ်ပွဲစာကို ရေနွေးဖျောပါ။ ပြီးလျှင်စားမည့် ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ဆီနီ၊ ကြက်သွန်ဖြူ၊ ပဲငါးပိ၊ ဆီတိုဟူး၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့် ထည့်ပါ။ ဂျုံလုံးကြော်ကို ကတ်ကြေးဖြင့်ညှပ်ထည့်ပါ။ မုန်ညင်းချဉ်ကို သီးသန့်ပန်းကန်ပြားအသေးထဲ ထည့်ပါ။
14. ဟင်းရည်အတွက် တစ်ယောက်စာ ပန်းကန်လုံးအသေးထဲကို ပဲငါးပိအနည်းငယ်၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံအနည်းငယ် ထည့်ပါ။ ပြီးလျှင် ချက်ထားတဲ့ ဟင်းရည်လောင်း ထည့်ပါ။

မန္တလေး မုန့် တီသုပ်


မန္တလေးသူဆိုတော့ မန္တလေး မုန့် တီလုပ်နည်း အမျိုးမျိုးစမ်းကြည့်ဖူးတာပေါ့နော်။ အခုနည်းကတော့ အကောင်းဆုံးနည်းနဲ့ ဆိုင်တွေက အရသာနဲ့ တူတဲ့ နည်းပါ။ မုန့် တီရဲ့အဓိက ကျတာတော့ ပဲမှုန့် ကောင်းဖို့ နဲ့ ကြက်သွန်နီ ဆီချက်ပါပဲ။ ပဲမှုန့် ကို ကောင်းကောင်းလေးသုံးမှကောင်းမှာမို့ ကိုယ်တိုင်လှော်ထားတဲ့ ပဲမှုန့် အကျက်ကိုမသုံးပါနဲ့ ။ အိစံကတော့ မွှေး တံဆိပ်လဲသုံးပါတယ်။ ရွှေညောင်ပင်လေး တံဆိပ်လဲသုံးပါတယ်။ အခုလောလောဆယ်တော့ ရွှေညောင်ပင်လေး တံဆိပ်ကို သုံးတယ်။ သူကတော်တော်လေးမွှေးတယ်။ ကျန်တဲ့တံဆိပ်တွေတော့ မသုံးဖူးပါဘူး။ မန္တလေး မုန့် တီက လုပ်တတ်သွားရင်လဲ အရမ်းကိုလွယ်ပါတယ်။ တချို့ ကကြက်သားကို ဟင်းအနှစ်တွေ အများကြီး ချက်ပြီးသုတ်ပါတယ်။ တကယ်က အဲ့လိုသုတ်ရင် စားမကောင်းပါဘူး။ ဆိုင်တွေလို က အနှစ်နည်းနည်းလေးနဲ့ ချက်ရတာပါ။ စားကောင်းပြီး အနံ့ လေးအရမ်းမွှေးတဲ့ မန္တလေး မုန့် တီသုပ်ကိုလုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (၁၀ပွဲ - ၁၅ပွဲစာ)
၁။ မုန့် တီဖတ် - ၅၀ သား
၂။ ကြက် - ၁ ကောင်
၃။ ငါးဖယ် - ၂၀ သား
၎။ ပဲမှုန့် အကျက်
၅။ ကြက်သွန်နီ - ၅ လုံး
၆။ ကြက်သွန်ဖြူ - ၅ တက်
၇။ ဆီ
၈။ နံနံပင် (ပါးပါးလှီးထားပါ။)
၉။ အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ ကြက်သားမှုန့် 
၁၁။ ငံပြာရည်
၁၂။ အချိုမှုန့် (သို့ ) သကြား
၁၃။ ခေါက်ဆွဲပြားဖတ်အစို (သို့ ) ဖက်ထုပ်ရွက် (သို့ ) ဆန်ပြားအစို (အကြွပ်ကြော်အတွက်)
(တချို့ ဆိုင်တွေက ပဲပင်ပေါက်ရေနွေးဖျောထည့်ပါတယ်။ တချို့ ကဂေါ်ဖီထုပ်ပါးပါးလှီးထည့်ပါတယ်။)

ပြုလုပ်နည်း
၁။ အကြွပ်ကြော်အတွက်ကို အိစံကတော့ ဖက်ထုပ်အ၇ွက်တွေကို ပါးပါးလှီးပြီး ကြော်ပါတယ်။

၂။ ကြက်သားကို သန့် စင်ပြီး လေးပိုင်းပိုင်းပြီး ဆား၊ အချိုမှုန့် (သို့ ) သကြား ထည့်ပြီး ပြုတ်ပါ။ (မိနစ်သုံးဆယ်ခန့် )

၃။ ပြုတ်ပြီးသားကြက်သားများကို ဆယ်ပြီး အသားများကို အမျှင်လေးများဖြစ်အောင်နွှာပါ။ အရိုးများကို ဟင်းရည်အိုးထဲပြန်ထည့်ပါ။ ဟင်းရည်အိုးကို ရေပြန်ဖြည့်ပြီးရင် ကြက်သားမှုန့် ကို လိုသလောက်ထည့်ပါ။ ဟင်းရည်ပြန်တည်ထားပြီး ပွက်လျှင် ငါးဖယ်လုံးများကိုထည့်ပြုတ်ပါ။ (ပိတ်စွယ်တွေ ပါးပါးလှီးပြီး ထည့်လျှင်ပိုကောင်းပါသည်။)

၎။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ကြက်သွန်နီ ၂ လုံးကို ပါးပါးလှီးထားပါ။

၅။ ဒယ်အိုးတခုထဲတွင် ဆီကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်းခွဲလောက်ထည့် ပူလာလျှင် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ကိုထည့်ရ်ျ ဆီသတ်ပါ။ ကြက်သွန်နီ ရဲလာပြီး မွှေးလာလျှင် ကြက်သားများကိုထည့်လုံးပါ။ ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ၊ အချိုမှုန့် (သို့ ) သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အေ၇ာင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ကိုထည့်ရ်ျ ဆီပြန်လာသည်အထိ ချက်ပါ။ အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။

၆။ ကျန်သော ကြက်သွန်နီ ၃ လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ ဆီချက်ချက်ပါ။ကြက်သွန်နီများ ရွှေဝါေ၇ာင်သန်းလာလျှင် အေ၇ာင်တင်မှုန့်  ထည့်ပြီး မီးဖိုပေါ်မှချပါ။

၇။ မုန့် တီ ပွဲပြင်နည်း
မုန့် တီတပွဲစာအတွက် ချက်ထားသောကြက်သားကို ဆီအပါအ၀င် ဟင်းချက်သောဇွန်းဖြင့် ၁ ဇွန်း၊ ပဲမှုန့် အကျက် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်၊ ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ကြက်သွန်နီ ဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ ငါးဖယ်လုံး ၅ လုံး၊ အချိုမှုန့် အနည်းငယ်၊ အကြွပ်ကြော်၊ နံနံပင် အနည်းငယ် တို့ ကို ထည့်ရ်ျ သုပ်ပါ။

၈။ အလွန်မွှေးပြီး အရသာရှိသော မန္တလေးမုန့် တီသုပ်ကို သုံးဆောင်နိုင်ပါပြီ။

(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

မန္တလေးက ဒေါ်ဖြူခေါက်ဆွဲ


ခေါက်ဆွဲရဲ့ အရသာကတော့ မြန်မာအကြိုက်လေးပါပဲ။ ချဉ်ငံစပ်လေးစားချင်ရင်လဲ သံပုရာသီးလေးညှစ်စားလို့ရတော့ ဘာပြောကောင်းမလဲ လွှတ်ကောင်းပေါ့။ ပဲပြုတ်လေးကိုလဲချေပြီးထည့်ထားတော့ ဆိမ့်ဆိမ့်လေးလဲဖြစ်နေပါတယ်။ မူရင်းခေါက်ဆွဲမှာတော့ အသားကို ဆိတ်သားနဲ့ချက်ပါတယ်။ အိစံကတော့ ကြက်သားနဲ့ချက်ထားပါတယ်။ ဒီခေါက်ဆွဲနည်းကတော့ အိစံအဒေါ်တို့တုန်းက မန်းလေးမှာလူကြိုက်များတဲ့ခေါက်ဆွဲလေးပါ။

ပါဝင်သောပစ္စည်းများ
၁။ ဆန်ပြား - ၂၅ ကျပ်သား
၂။ ဆိတ်သား (သို့) ကြက်သား - ၂၅ ကျပ်သား
၃။ ဂျင်း - လက်တဆစ်
၎။ ကြက်သွန်ဖြူ - ၃ မွှာ
၅။ ကြက်သွန်နီ - ၃ လုံး
၆။ ငါးငံပြာရည်
၇။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၈။ သကြား (သို့) အချိုမှုန့်
၉။ ပဲမှုန့်အကျက် - ထမင်းစားဇွန်း ၆ ဇွန်း
၁၀။ ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
၁၁။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ အရောင်တင်အစပ်မှုန့် (ငရုတ်သီးမှုန့်)
၁၃။ ပဲပြုတ် - လက်တဆုပ်စာ
၁၄။ ကြက်သွန်နီကြော်
၁၅။ ကြက်သွန်နီ ဆီချက်
၁၆။ နံနံပင်
၁၇။ သံပုရာသီး
၁၈။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ အရင်ဆုံးအသားကိုချက်ရအောင်နော်။ ဆိတ်သားဆိုရင် အသားကိုသေးသေးလေးတွေအရင်တုန်းပြီး သံပုရာသီး တစိတ်က အရည်ကိုညှစ်ပြီး နယ်ရ်ျ အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ။ ပြီးရင် ရေအေးဖြင့် ၂ ခါပြန်ဆေးပါ။ ကြက်သားဆိုရင်တော့ အတုံးအသေးလေးတွေအရင်တုံးထားပါ။

၂။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို အတုံးအသေးလေးတွေတုံးထားပါ။ နံနံပင်ကို ပါးပါးလှီးထားပါ။ ပဲမှုန့်အကျက်ကို ရေ ၁ လီတာဖြင့် ပဲမှုန့်များပျော်အောင်ဖျော်ထားပါ။

၃။ အတုံးလေးတွေတုံးထားသော အသားထဲကို ဂျင်း၊ကြက်သွန်ဖြူ မှအရည်ညှစ်ပါ။ အဖတ်ကိုသပ်သပ်ထားထားပါ။ ထို့နောက်အသားထဲကို ဆား လက်ဖက်ရည်ဇွန်း တဝက်၊ သကြား (သို့) အချိုမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်၊ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် နယ်ရ်ျ နှပ်ထားပါ။

၎။ ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူလာလျှင် ထောင်းထားသော ဂျင်း၊ကြက်သွန်ဖြူကိုထည့်ဆီသတ်ပါ။ မွှေးလာလျှင် အသားများကိုထည့်လုံးပါ။ ရေ ၁ ခွက်ထည့်ပါ။ (ဆိတ်သားဆိုရင်တော့ အသားနူးတဲ့အထိ ရေဖြည့်ဖြည့်ပြီးတည်ပါ။) အသားများနူးပြီး ဆီပြန်လာလျှင် အတုံးလေးတွေတုံးထားသော ကြက်သွန်နီကိုထည့်ပါ။ ကြက်သွန်နီအနံ့မွှေးလာလျှင် ပဲမှုန့်ဖျော်ထားသော အရည်ကိုထည့်ပါ။ ငါးငံပြာရည် ၁ ဇွန်း (သို့) လိုသလောက်ထည့်ပါ။ လိုချင်သော ဟင်းရည်အပျစ်အကျဲပေါ်မူတည်ရ်ျ ရေလိုသလောက် နှင့် ငါးငံပြာရည်လိုသလောက်ထည့်ပါ။ အသားဟင်းရပါပြီ။

၅။ ခေါက်ဆွဲ တပွဲစာအတွက်
- ဆန်ပြားခေါက်ဆွဲ
- အသားဟင်းရည်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း (သို့) ၁ ဇွန်းခွဲ
- ပဲပြုတ် - ထမင်းစားဇွန်း ၁ ဇွန်းကို လက်ဖြင့်ချေထည့်ပါ။
- အရောင်တင်အစပ်မှုန့် (ငရုတ်သီးမှုန့်) - လက်ဖက်ရည်ဇွန်း တဝက်
- ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- နံနံပင် - အနည်းငယ်
- ကြက်သွန်နီကြော် - အနည်းငယ်
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
- ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
- သံပုရာသီး တစိတ် တို့ဖြင့် ဒေါ်ဖြူခေါက်ဆွဲကို ပြုလုပ်ပါ။
၆။ ဒေါ်အိစံချက်တဲ့ ဒေါ်ဖြူခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီရှင်။

ကြေးအိုးဆီချက်ပြုလုပ်နည်း


 ကြေးအိုးဆီချက်ချည်းပဲသပ်သပ်လုပ်ရင် တချို့ ကတော့ ဟင်းရည်မလုပ်ပေမယ့် ဟင်းရည်လေးနဲ့ မှပိုစားကောင်းမှာမို့ ဟင်းရည်ကိုလဲ ပြုလုပ်စေချင်ပါတယ်။ တကယ်လို့ ဟင်းရည်မလုပ်ဘဲဆိုရင် ရေနွေးချည်းသတ်သတ်မှာ အသားလုံးများကိုထည့်မပြုတ်ပဲ ရေနွေးထဲကို အသားမှုန့်၊ သကြားတို့ ထည့်ပြီးမှ ပြုတ်မှကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ (ကြေးအိုး ၅ ပွဲစာအတွက်)
၁။ ၀က်ရိုး (သို့ ) ကြက်ရိုး - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ တောက်တောက်ဆင်းထားသော အသား - ၅၀ သား (သို့ ) ၂ ပေါင်
၃။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်ဆင်း)
၎။ မုန်ညင်းခါး - ၁ စည်း
၅။ ဆန်ကြာဇံ(၂၅ကျပ်သား) (သို့ ) ဂျုံခေါက်ဆွဲ (၅၀ကျပ်သား)
၆။ ငုံးဥ - ၁၀ လုံး
၇။ ငါးဖယ်လုံး - ၁၀ လုံး
၈။ ကြိုက်နှစ်သက်ရာ ကလီစာ (လျှာ၊ အူမကြီး၊ ကြက်မြစ်) - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၉။ ပဲငံပြာရည် -
၁၀။ ဆား - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ သကြား (သို့ ) ဟင်းချို မှုန့် 
၁၂။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၃။ ကြက်သားမှုန့် 
၁၄။ ငရုတ်ကောင်းမှုန့်  -လက်ဖက်ရည်ဇွန်း တ ၀က်
၁၅။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း လေးပုံ တပုံ
၁၆။ ကြက်သွန်ဖြူ ဆီချက်
(ထမင်းစားဇွန်း = 1 tablespoon = 15 ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml )

ပြုလုပ်နည်း
၁။ ဟင်းရည်အိုးတည်နည်း
ဝက်ရိုး (သို့ ) ကြက်ရိုးများကို ရေဖြင့် သုံးခါဆေးပါ။ ပြီးလျှင် ရေနွေးအိုးတည်ပါ။ရေနွေးပွက်လာလျှင်အရိုးများကိုထည့်ပါ။ အရိုးများထည့်ရ်ျ ရေပွက်ပြီး အမြှုပ်များထလာလျှင် မီးဖိုပေါ်မှချပြီး အိုးထဲမှ အရည်များကိုသွန်ပစ်ပါ။ အရိုးများကို ရေအေးအေးတွင် ပြန်ဆေးပါ။ အိုးထဲမှာ ညစ်ပတ်နေလျှင် အိုးကိုလဲပြန်ဆေးပါ။ ထို့ နောက် အရိုးများကို ပြန်ထည့် ရေ ၄ လီတာ ထည့်၊ ဆား ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား( သို့ ) ဟင်းချိုမှုန့် ထမင်းစားဇွန်း ၃ ဇွန်းတို့ ဖြင့် ဟင်းရည်အိုးကို မီးအေးအေးဖြင့် ၃ နာရီ ခန့် တည်ထားပါ။ (အချိုသိပ်မကြိုက်လျှင် သကြား(သို့ ) ဟင်းချိုမှုန့် ကိုလျော့ ထည့်ပါ။) ရေနည်းသွားလျှင် ထပ်ဖြည့်ပါ။

၂။ ကလီစာများကို ဆေးကျောပြီး သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်းတို့ ဖြင့် ရေခမ်းပြုတ်ပြီး ပါးပါးလှီးထားပါ။

၃။ ဆန်ကြာဇံကို ပြုတ်ထားပါ။ (ဂျုံခေါက်ဆွဲသုံးလျှင်လဲ ရေနွေးဖြင့် အနည်းငယ်ဖျောထားပါ။)

၎။ ရေနွေးအိုးတခုတည်ရ်ျ ငါးဖယ်ကို ထည့်ပြုတ်ပါ။ ပြီးလျှင် ငါးဖယ်ကို ဆယ်ထားပါ။

၅။ ငုံးဥကို ပြုတ်ပြီး အခွံခွာထားပါ။

၆။ အသားလုံးလုပ်နည်း
အသားကို ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ ၃ တက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တ ၀က်၊သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီမွှေး လက်ဖက်ရည်ဇွန်းလေးပုံတပုံ တို့ ဖြင်နယ်ရ်ျ နှပ်ထားပါ။ ( တချို့ ဆိုင်တွေက ကော်မှုန့် ထည့်နယ်ပါသည်။ ကော်မှုန့် ထည့်ချင်လျှင် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။) အသားလုံးကို သုံးဆောင်ခါနီးမှ ထည့်ပြုတ်ရပါသည်။ (အသားလုံးကို ပြုလုပ်ရာတွင် ပန်းကန်ပြားလိုမျိုးအပြားပေါ်တွင် အပြားလိုက်ဖိထားပြီး ဇွန်းဖြင့် ဖဲ့ဖဲ့ထည့်တာကောင်းပါတယ်။ လက်ဖြင့်လုံးမည်ဆိုလျှင် အရမ်းဖိသိပ်မလုံးရပါ။ ဖွဖွလေးလုံးပါ။ ဖိသိပ်လုံးလျှင် ကျစ်ကျစ်ကြီးနဲ့ မာသွားတတ်ပါတယ်။)

၇။ ကြေးအိုးဆီချက် (တပွဲစာအတွက်)
အခြားအိုးသေးသေးတလုံးထဲတွင် ဟင်းရည်အိုးထဲမှ ဟင်းရည် ယောက်ချိုဇွန်း ၃ ဇွန်း ကို ထည့်ပြီး မီးဖိုပေါ်တွင်တည်ပါ။ ပြီးလျှင် ၀က်သားလုံး ၁၀ လုံး ထည့်ပြီးပြုတ်ပါ။ ပွက်လာလျှင် ငုံးဥ၊ ကလီစာ၊ငါးဖယ်များ ထည့်၊ နောက်ဆုံးမှ မုန်ညှင်းရွက်များကိုထည့်ပါ။ ပွက်လာလျှင် မီးဖိုပေါ်မှချပါ။

ဆီချက်လုပ်မည့် ပန်းကန်ထဲတွင် ကြာဇံ (သို့ ) ဂျုံခေါက်ဆွဲကို ထည့် ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့ ) အချိုမှုန့် လက်ဖက်ရည်ဇွန်း တ ၀က် (သို့ ) ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ ၀က်၊ ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ပြုတ်ထားသော ဟင်းရည် ထမင်းစားဇွန်း ၄ ဇွန်းတို့ ကိုထည့်ပြီး နယ်ပါ။ ဆီချက်ပေါ်ကို ဟင်းရည်ထဲမှ အသားလုံး၊ငါးဖယ်၊ ငုံးဥ၊ ကလီစာ၊ မုန်ညှင်းရွက်များကိုတင်ပါ။ ကြက်သွန်ဖြူ ကြော်နှင့် ကြက်သွန်မြိတ်ကို အပေါ်မှဖြူးပါ။ ဟင်းရည်လေးနှင့် တွဲရ်ျ သုံးဆောင်နိုင်ပါသည်။

ငါးကင်


ငါးကင်လုပ်နည်းမေးထားတဲ့ သူများအတွက် အနံ့ မွှေးမွှေးငါးကင်လေးပါ။

ပါဝင်သောပစ္စည်းများ
၁။ စလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
၂။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (သို့ ) အနည်းငယ် (ငါးအကောင် အကြီးအသေးပေါ်မူတည်ရ်ျ)
၃။ ဂျင်း - လက်တဆစ်
၎။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ နံနံပင် - ၁၀ ပင်
၆။ ရှမ်းနံနံ - ၁၀ ပင်
၇။ ငရုတ်သီးစိမ်း - ၅ တောင့်
၈။ ငရုတ်သီးဆီချက် (တရုတ်မပုံ ပုလင်း) (မရှိလျှင် ငရုတ်သီးအကြမ်းမှုန့် နှင့် တရုတ်မဆလာကို ဆီသပ်ထားပါ။)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့် စင်ပြီး တဖက်တချက်ဆီကို မွှန်းထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။
၂။ ဂျင်းနှင့် ကြက်သွန်ဖြူ မှ အ၇ည်ကို ငါးပေါ်သို့ အနှံ့ ညှစ်ချပါ။ ဗိုက်သားထဲကို ပါ ညှစ်ပါ။ ထို့ နောက် ဆားဖြင့် ငါး အနှံ့ သုတ်ပါ။
၃။ အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင် တို့ ကို ထောင်းပါ။ ထောင်းထားသောအစာပလာများကို ငါးရဲ့ ဗိုက်သားထဲကို အစာသွပ်ပါ။
၎။ ငရုတ်သီးဆီချက်ကို ငါးရဲ့ မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံ ဖြင့်သုတ်ထားပါ။
၅။ ငါးကင်လို့ ရပါပြီ။ ငါးကင်နေစဉ်မှာ ငါးရဲ့ မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။ (အစပ်ကြိုက်လျှင် ငရုတ်သီးအဖတ်တွေပါ သုပ်ပါ။) ငါးကင်ကင်မည့် သံပြားကိုလဲဆီသုတ်ပါ။ ငါးအရေခွံများ ကပ်မသွားအောင်လို့ပါ။

No comments: