(Zawgyi)
ဒီဘက္ေနာက္ပိုင္းမွာ က်ယ္က်ယ္ေလာင္ေလာင္ ၾကားလာရတဲ့ စကားသံေတြရွိတယ္။ ျပိဳင္တူတြန္းရင္ ေရြ႕တယ္၊ ျပည္သူ႕အား အေရးၾကီးတယ္၊ ျပည္သူတစ္ေယာက္ခ်င္းစီက ျပင္မွရမယ္ စသျဖင့္ေပါ့။ မွားလားဆုိေတာ့ မမွားဘူး။ အထူးသျဖင့္ ဒီမုိကေရစီစနစ္မွာ ျပည္သူ႕အားက သိပ္အေရးၾကီးတယ္။ အမ်ားက ေရြးေကာက္တင္ေျမွာက္တာ၊ အမ်ားဆႏၵနဲ႕ ဆံုးျဖတ္တာမို႕ အဲဒီ ‘အမ်ား’ က ဉာဏ္ပညာရွိဖုိ႕ လိုတယ္။ တက္ၾကြဖုိ႕ လိုတယ္။ ႏုိင္ငံ့အေရးအရာေတြမွာ စိတ္၀င္စားမႈရွိဖုိ႕ လုိတယ္။
သုိ႕ေသာ္လည္း ဒါက ရွိသမွ်ျပႆနာအားလံုးအတြက္ အေျဖတစ္ခုေတာ့ မဟုတ္ဘူး။ စဥ္းစားၾကည္႕ပါ။ ဥပမာ ျပည္သူေတြကို အမိႈက္မပစ္ဖို႕ စည္းကမ္းရွိုဖို႕ လုပ္မယ္ဆုိပါေတာ့။ ျပည္သူတစ္ေယာက္ခ်င္းစီက စည္းကမ္းရွိၾကပါ ဆုိျပီး ေျပာေနရံုနဲ႕ လံုေလာက္သလား။ ေခါင္းေဆာင္တာ၀န္ ေက်သလား။ ဒါက ရွက္စရာေကာင္းတဲ့ အျပဳအမူလို႕ ျမင္တဲ့သူ တခ်ိဳ႕ေလာက္ကေတာ့ လုိက္နာမယ္။ လူတုိင္းဆီကေတာ့ ေျပာင္းလဲသြားဖို႕ ေမွ်ာ္လင့္လုိ႕မရဘူး။ တျခားႏုိင္ငံမွာ အမိႈက္မပစ္ရဲခဲ့တဲ့သူေတြက ဒီႏုိင္ငံထဲက် လြယ္လြယ္ကူကူ ပစ္ေနၾကတယ္။ ႏုိင္ငံျခားမွာ စနစ္တက် တန္းစီခဲ့တဲ့သူေတြက ဒီေရာက္ေတာ့ အတင္းတုိးေနၾကတယ္။ ဘာလုိ႕လဲ။ တျခားမွာက အမိႈက္ပစ္တာနဲ႕ ဒဏ္တပ္တယ္။ အလြယ္တကူ ပစ္လို႕ရေအာင္လည္း အမိႈက္ပုံးေတြ ထားထားေပးတယ္။ တန္းမစီဘဲ ၾကားျဖတ္ရင္ အထင္ေသးတဲ့အၾကည္႕နဲ႕ ၀ုိင္းၾကည္႕တယ္။ ဒီလိုယဥ္ေက်းမႈရွိေတာ့ ေတာ္ရံုလူက ၾကားမျဖတ္ရဲေတာ့ဘူး။
ကၽြန္ေတာ္တုိ႕ဆီမွာက် ဒဏ္တပ္တာလည္း အားနည္းတယ္။ စာေတြဘယ္လိုကပ္ထားကပ္ထားလည္း တကယ္အေရးယူမခံရတာ သိေနေတာ့ ပစ္ၾကတာပဲ။ အမိႈက္ပံုးေတြကလည္း လံုလံုေလာက္ေလာက္ မရွိ။ အမိႈက္ပစ္ခ်လိုက္လို႕လည္း ဘယ္သူကမွ အထင္ေသးတဲ့အၾကည္႕နဲ႕ မၾကည္႕ဘူး။ ဒါက သမားရုိးက်ပဲ။ အမိႈက္ထုပ္ၾကီး ကုိင္ထားတာကမွ ထူးဆန္းေနဦးမယ္။ ဆုိေတာ့ကာ ျပည္သူေတြ စည္းကမ္းမဲ့အမိႈက္မပစ္ဖို႕ ဆိုတဲ့ ကိစၥေသးေသးေလးမွာေတာင္ တစ္ဦးတစ္ေယာက္ခ်င္း စည္းကမ္းရွိၾကပါ ေျပာေနလို႕မရဘဲ အမိႈက္ကုိ စည္းနဲ႕ကမ္းနဲ႕ ပစ္ႏုိင္ေလာက္တဲ့ အေျခအေနေကာင္းေတြ ဖန္တီးေပးရမယ္။ ျပည္သူေတြၾကားထဲ စည္းကမ္းမရွိတာဟာ ရွက္စရာေကာင္းတယ္ ဆိုတဲ့ ယဥ္ေက်းမႈတစ္ခုကို ထည္႕ေပးရမယ္။ စည္းမ်ဥ္းစည္းကမ္းေတြ အသက္၀င္ေနေအာင္ လုပ္ေပးရမယ္။ ဆုိလိုတာက တစ္ဦးတစ္ေယာက္ခ်င္း ေျပာင္းပါဆုိတာထက္ ေခါင္းေဆာင္မႈေကာင္းေကာင္းေပးျပီး အဲဒီအေျပာင္းအလဲေတြ ျဖစ္လာေအာင္ လုပ္ေပးရမယ္။
အစုိးရပုိင္း၊ ေခါင္းေဆာင္ပုိင္းက ေျပာင္းလဲမႈေတြ မလုပ္ဘဲ ျပည္သူတစ္ေယာက္ခ်င္းစီက အလုပ္ေတြၾကိဳးစား၊ စည္းကမ္းေတြရွိရင္းနဲ႕ တုိးတက္သြားတယ္ဆုိတာမ်ိဳးက မရွိႏုိင္သေလာက္ပဲ။ စနစ္က မေကာင္းရင္၊ ေပၚလစီေတြက လုပ္သာကုိင္သာ မရွိရင္ ဘယ္ေလာက္ၾကိဳးစားၾကိဳးစား ထင္သေလာက္ မေအာင္ျမင္ဘူးကိုး။ အခ်ိန္တုိအတြင္း တိုးတက္သြားတဲ့ ႏုိင္ငံေတြကို ၾကည္႕လိုက္တဲ့အခါမွာလည္း ေခါင္းေဆာင္မႈေကာင္းတာကို ေတြ႕ရတယ္။ အဲဒီေနာက္ကုိ ျပည္သူေတြက တစ္သားတည္း ပါလာၾကတယ္၊ ဒါေၾကာင့္လည္း ဒီလုိတုိးတက္သြားတာ ျဖစ္တယ္။ ဒီအတြက္ ေခါင္းေဆာင္ေတြမွာ ေခါင္းေဆာင္မႈအရည္အခ်င္း ျပည္႕၀ဖုိ႕ဟာ သိပ္အေရးၾကီးပါတယ္။
ဒီေဆာင္းပါးမွာေတာ့ ေခါင္းေဆာင္မႈအတြက္ အေရးၾကီးတဲ့အခ်က္ ၄ ခ်က္ကို ေဆြးေႏြးလိုပါတယ္။
၁။ Everything rises and falls in leadership
အဖြဲ႕အစည္းတစ္ခု၊ ႏုိင္ငံတစ္ခုရဲ႕ ေအာင္ျမင္မႈ၊ က်ရံႈးမႈေတြဟာ ေခါင္းေဆာင္မႈအေပၚမွာ အဓိက မူတည္ေနပါတယ္။ ေဘာလံုးအသင္းေတြနဲ႕ နမူနာေပးလုိ႕ ရတယ္။ အသင္းက ဒီအသင္းပဲ၊ သိပ္ျပီး မေျပာင္းလဲဘူး။ ဒါေပမယ့္ ေရွ႕နည္းျပနဲ႕တုန္းက ေတာ္ေတာ္အဆင္ေျပခဲ့တဲ့ အသင္းက ခုလက္ရွိနည္းျပနဲ႕မွ တပ္ပ်က္ကုန္တာေတြ အမ်ားၾကီး။ အဲ့လိုပဲ၊ နည္းျပေလးပဲ ေျပာင္းလိုက္ရံုနဲ႕ အသင္းသစ္တစ္သင္း အစားထုိးလိုက္သလို ရလဒ္ေတြ ေထာင္တက္လာတဲ့ အသင္းေတြလည္း တစ္ပံုၾကီးပဲ။ ဘာလုိ႕ဆုိေတာ့ ေခါင္းေဆာင္ေကာင္းရင္ သူက အသင္းနဲ႕ အံ၀င္မယ့္ပံုစံကုိ သြင္းေပးႏုိင္တယ္။ ကစားသမားေတြကုိ စိတ္ဓါတ္လံႈ႕ေဆာ္ေပးတယ္။ သူတို႕ဆီက အေကာင္းဆုံး အရည္အခ်င္းေတြကို ညွစ္ထုတ္ႏုိင္တယ္။ အသင္းကုိ ညီညႊတ္ေစတယ္။ စည္းကမ္းရွိေစတယ္။ ရံႈးနိမ့္ေနတဲ့အခ်ိန္မွာေတာင္ မယိမ္းမယိုင္နဲ႕ ေရွ႕ကေန ဦးေဆာင္ေပးႏုိင္တယ္။ ေခါင္းေဆာင္မေကာင္းရင္လည္း ေျပာင္းျပန္အေျခအေနေတြ အကုန္ျဖစ္ေရာ။ စိတ္ဓါတ္ေတြ က်ကုန္မယ္။ ဒီေတာ့ စြမ္းေဆာင္ရည္ေတြ ညံ႕လာတယ္။ ပါရမီရွင္ပါ ဆိုတဲ့ ကစားသမားေတာင္ ညံ႕တဲ့နည္းျပနဲ႕ ေတြ႕ရင္ ထိပ္တန္းအဆင့္ကို ထပ္တက္မလာေတာ့ဘဲ မွိန္သြားတတ္တယ္။ ဒါေၾကာင့္မို႕လည္း ေခါင္းေဆာင္မႈကို သိပ္အေလးထား ေျပာလာၾကတာ ျဖစ္ပါတယ္။
၂။ Leadership is an influence
ေခါင္းေဆာင္မႈကို စကားလံုးတစ္လံုးတည္း ေျပာပါဆုိ ကၽြန္ေတာ္ကေတာ့ လႊမ္းမုိးမႈ (Influence) လို႔ ေျပာပါမယ္။ လႊမ္းမိုးႏုိင္စြမ္းမရွိတဲ့သူကို ေခါင္းေဆာင္လုိ႕ ေျပာလို႕မရပါဘူး။ ေခါင္းေဆာင္တစ္ေယာက္မွာ အၾကမ္းအားျဖင့္ ပါ၀ါ ၂ မ်ိဳးရွိတယ္။ ပထမတစ္ခုက Positional power ။ ရာထူးေနရာေၾကာင့္ ရလာတဲ့ပါ၀ါေပါ့။ အျပစ္ေပး အေရးယူလို႕ရတယ္၊ ဆုေပးလို႕လည္းရတယ္၊ တရား၀င္လည္း ျဖစ္တယ္။ လူေတြက ဒီပါ၀ါကုိ မေကာင္းဘူး၊ သိပ္အေရးမၾကီးဘူး ေျပာၾကေပမယ့္လည္း တကယ္တမ္းေတာ့ အတုိင္းအတာတစ္ခုထိ လိုအပ္တယ္။ ဥပမာ ကုိယ္က ရံုးခြဲတစ္ခုက မန္ေနဂ်ာဆုိပါေတာ့၊ ကုိယ့္လက္ေအာက္က လူက အဆင္မေျပဘူး၊ အလုပ္မလုပ္ဘူး၊ စည္းကမ္းမလုိက္နာဘူး၊ ဒါေပမယ့္ ကုိယ့္မွာက သူ႕ကို အျပစ္ေပးလို႕မရ၊ အလုပ္ထုတ္လို႕မရ၊ ဘာလို႕ဆုိေတာ့ ရံုးခ်ဳပ္က တုိက္ရုိက္ကုိင္ထားလုိ႕။ ဒီလိုအေနအထားမ်ိဳးမွာဆုိ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ဘူး။ ေမတၱာေရွ႕ထားျပီး အုပ္ခ်ဳပ္မယ္ဆုိတာက သိပ္ေကာင္းတဲ့ပံုစံ ျဖစ္ေပမယ့္ လူတစ္ခ်ိဳ႕အတြက္ေတာ့ အံမ၀င္ႏုိင္ဘူး။ ဒီအခါမွာ ခုေျပာတဲ့ Positional power က လုိကို လိုအပ္လာပါလိမ့္မယ္။
အဲဒီထက္ ပုိအေရးၾကီးတာကေတာ့ Personal power ပဲ။ ဒီရာထူးေၾကာင့္ မဟုတ္ဘူး၊ သူ႕ရဲ႕ စိတ္ဓါတ္၊ သူ႕ရဲ႕ အရည္အခ်င္း၊ သူူ႕ရဲ႕ ကုိယ္ရည္ကုိယ္ေသြးေတြေၾကာင့္ ရလာတဲ့ ပါ၀ါ။ ဒီပါ၀ါကမွ ေနာက္လိုက္ေတြအေပၚ အဓိက လႊမ္းမိုးမႈကို ျဖစ္ေစတယ္။ ဒီေခါင္းေဆာင္က ရလဒ္ေကာင္းေတြ ယူလာေပးမွာ၊ သူနဲ႕သာ တြဲလုပ္ခြင့္ရရင္ ငါတုိ႕ ဘယ္လိုတုိးတက္သြားမွာ၊ ငါ့မွာ ျပႆနာတခုခုၾကံဳတုိင္း ဒီေခါင္းေဆာင္က အကူအညီေပးႏုိင္တယ္ စတဲ့ အေတြးမ်ိဳးေတြ ကုိယ့္ေနာက္လိုက္ေတြမွာ ရွိေနျပီဆုိရင္ ကုိယ့္ရဲ႕ Personal power က ေတာ္ေတာ္ၾကီး အားေကာင္းေနျပီလုိ႕ သတ္မွတ္ႏုိင္ပါတယ္။ ေျပာရရင္ Positional power က ကုိယ္လုပ္ေစခ်င္တာေတြကုိ ‘ညႊန္ၾကားခ်က္ထုတ္’၊ လုပ္ခုိင္းႏုိင္တဲ့ အစြမ္းျဖစ္ျပီး Personal power ကေတာ့ ကုိယ္လုပ္ေစခ်င္တာေတြကုိ သူတုိ႕ကုိယ္တုိင္ ‘စိတ္ပါလက္ပါ’ လုပ္ခ်င္လာေစမယ့္ အစြမ္းသတၱိ ျဖစ္ပါတယ္။
၃။ Leadership starts with vision
ေခါင္းေဆာင္မႈမွာ အေျပာင္းအလဲေတြ ေဖာ္ေဆာင္ျခင္းက အေရးၾကီးတဲ့ အခန္းက႑အေနနဲ႕ ပါ၀င္ပါတယ္။ အေျပာင္းအလဲ မလုပ္ႏုိင္ရင္ ေခါင္းေဆာင္လို႕ ေျပာလို႕မရပါဘူး။ အဲဒီလို အေျပာင္းအလဲလုပ္ဖုိ႕ဆုိရင္ မျဖစ္မေန ဘာလိုလဲဆုိေတာ့ Vision လိုပါတယ္။ တကယ္ေတာ့ ေခါင္းေဆာင္မႈဆုိတာ ပစၥည္းေတြအျပည္႔တင္ထားတဲ့ လွည္းတစ္စီးကို လိုခ်င္တဲ့ေနရာ အေရာက္ပုိ႔ေပးႏုိင္ဖုိ႔ ၾကိဳးစားရသလိုပါပဲ။ ေခါင္းေဆာင္ဟာ ဒီလွည္းၾကီးကို လမ္းမွန္ေပၚမွာ ရွိေနေအာင္ ဦးေဆာင္လမ္းညႊန္ေပးရသူ ျဖစ္ပါတယ္။ ကုိယ္တုိင္ ၀င္တြန္းေနလို႔ မရပါဘူး။ ေခါင္းေဆာင္ျဖစ္တဲ့သူဟာ ဘယ္လမ္းကသြားရင္ အနီးဆံုးျဖစ္မယ္ဆုိတဲ့ လမ္းကို ေရြးခ်ယ္ႏုိင္ဖုိ႔ လိုပါတယ္။ ဒါေၾကာင့္ ေခါင္းေဆာင္ဟာ အရာအားလံုး တတ္သိေနစရာ မလိုဘူးဆုိေပမယ့္ ေနာက္လိုက္ေတြထက္ေတာ့ ပုိေ၀းေ၀းျမင္ဖို႕ အေရးၾကီးတယ္။
Knowledge ဆုိတာက Knowing what to do ဘာလုပ္ရမလဲဆိုတာကို သိျခင္းျဖစ္ၿပီး Skill ဆိုတာကေတာ့ Knowing how to do ဘယ္လုိလုပ္ရမယ္ ဆုိတာကို သိျခင္းျဖစ္ပါတယ္။ ဥပမာ က်န္းမာေရး အဖြဲ႔အစည္းတစ္ခုကို ဦးေဆာင္မယ့္လူဟာ ဘယ္ေဒသမွာေတာ့ ဘာေရာဂါေတြ ျဖစ္ေနတယ္၊ ဘာလုပ္ဖုိ႔ လိုတယ္ စသျဖင့္ ေပၚလစီခ်ေပးႏုိင္ဖို႔ လိုတယ္။ သူခ်ေပးလိုက္တဲ့ လုပ္ငန္းစဥ္တစ္ရပ္ကို ဘယ္လိုလုပ္ရမယ္ဆုိတာကို အေသးစိတ္သိတဲ့၊ တတ္ကၽြမ္းနားလည္တဲ့ Specialist မ်ားက အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ Leaders do the right things. Others do the things right. ေခါင္းေဆာင္မ်ားဟာ မွန္ကန္တဲ့အလုပ္၊ တစ္နည္းအားျဖင့္ လုပ္သင့္လုပ္ထုိက္တဲ့ အလုပ္မ်ားကို လုပ္ၾကရသူေတြ ျဖစ္ၿပီး၊ ေနာက္လိုက္မ်ားကေတာ့ ကုိယ္လုပ္ရမယ့္အလုပ္ကို မွန္မွန္ကန္ကန္နဲ႔ ေဆာင္ရြက္ၾကရပါတယ္။ ဘယ္နံရံမွာ ေလွကားေထာင္ရမယ္ဆုိတာက ေခါင္းေဆာင္က ဆံုးျဖတ္ေပးမယ္။ အဲဒီေထာင္လုိက္တဲ့ ေလွကားေပၚကုိ ေကာင္းေကာင္းမြန္မြန္တက္ႏုိင္ဖို႕က ေနာက္လိုက္ေတြရဲ႕အလုပ္ ျဖစ္တယ္။ ဒါေၾကာင့္ Vision မရွိရင္ ေခါင္းေဆာင္ မဟုတ္ဘူး။ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာဖုိ႕ဆုိရင္လည္း Vision မရွိလို႕ မရပါဘူး။
၄။ Leaders are energetic
ေခါင္းေဆာင္ေတြဟာ အျမဲတမ္း အင္ျပည္႕အားျပည္႕ျဖစ္ေနတယ္။ အဖြဲ႕အစည္းေသးေသးေလးတစ္ခုကေန ႏုိင္ငံအဆင့္အထိ ေခါင္းေဆာင္ေတြကို ျမင္ေယာင္ၾကည္႕လုိက္ပါ။ စိတ္မပါလက္မပါ မေျပာရဲ မဆုိရဲ ျဖစ္ေနတဲ့ ေခါင္းေဆာင္တစ္ေယာက္မွ မရွိပါဘူး။ အားလံုးက တက္ၾကြေနတယ္၊ မာန္ပါေနတယ္၊ တစ္ခုခုကုိ စိတ္ပုိင္းျဖတ္ထားတဲ့ ဟန္ပန္ေပါက္ေနတယ္၊ သူတုိ႕ေပးထားတဲ့ ကတိအတုိင္းတည္ႏုိ္င္ဖုိ႕ အျမဲၾကိဳးစားေနတယ္၊ ဘယ္လိုရံႈးနိမ့္မႈမ်ိဳးၾကံဳၾကံဳ၊ ဘယ္လိုအခက္အခဲပဲ ၾကံဳၾကံဳ စိတ္ဓါတ္မက်ဘဲ ေရွ႕ဆက္တုိးေနတယ္၊ စိတ္ဓါတ္က်ခ်င္ေနတဲ့ ေနာက္လိုက္ေတြကို အဲဒီဟန္ပန္ေတြနဲ႕ စိတ္ဓါတ္ျပန္တက္ၾကြေအာင္ လုပ္ေပးႏုိင္စြမ္းရွိတယ္။
ေခါင္းေဆာင္တစ္ေယာက္မွာ အနာဂတ္အျမင္ (Vision) ရွိရမယ္ ေျပာခဲ့တယ္။ ဒါေပမယ့္ အဲဒီလုိအျမင္ရွိေနရံုနဲ႕ မလံုေလာက္ဘဲ အဲဒီအျမင္၊ အဲဒီအနာဂတ္ရည္မွန္းခ်က္ကို လက္ေတြ႕ျဖစ္လာေအာင္လည္း အေကာင္အထည္ေဖာ္ေပးႏုိင္စြမ္း ရွိရတယ္။ မဟုတ္ရင္ ျမန္မာ့အားကစား ကမာၻကို လႊမ္းရမည္ ဆုိတာမ်ိဳး ျဖစ္သြားမယ္။ ရည္မွန္းခ်က္ရွိတာ ေကာင္းပါတယ္။ ဒါေပမယ့္ လက္ေတြ႕ေတာ့ ဆန္ရမယ္။ အဲဒီရည္မွန္းခ်က္က ေခါင္းေဆာင္ကိုယ္တုိင္ကိုေရာ ေနာက္လိုက္ေတြကိုပဲ ေန႕ေန႕ညည လံႈ႕ေဆာ္ေပးေနတာမ်ိဳး ျဖစ္ရမယ္။ ရည္မွန္းခ်က္ေတာ့ ရွိပါရဲ႕၊ လက္ေတြ႕ျဖစ္မလာရင္လည္း အလကားပဲ။ အဲဒီလို အေကာင္အထည္ ေဖာ္လာဖုိ႕ဆုိရင္ေတာ့ ေခါင္းေဆာင္ေတြက Energy အျပည္႕ ျဖစ္ေနရမယ္။ ရလဒ္ထြက္ေအာင္ အလုပ္လုပ္တတ္ရမယ္။
တကယ္ေတာ့ ေခါင္းေဆာင္မႈဆုိတာ အဖြဲ႔အစည္းတစ္ရပ္ကို က်စ္လ်စ္ခုိင္မာစြာနဲ႔ စနစ္တက်ျဖစ္ေအာင္ လမ္းညႊန္ေပးၿပီး ရည္မွန္းခ်က္တစ္ခု ေအာင္ျမင္ဖုိ႕ လုပ္ေဆာင္ေပးရတဲ့ အလုပ္တစ္ခု ျဖစ္ပါတယ္။ ေနာက္လိုက္တစ္ေယာက္ခ်င္းစီဟာ အေရးၾကီးတာမွန္ေပမယ့္ ေခါင္းေဆာင္ပုိင္းက ေခါင္းေဆာင္မႈ မေကာင္းသေရြ႕ အေျပာင္းအလဲေတြ၊ တုိးတက္မႈေတြဟာ ျမန္ဆန္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ ေခါင္းေဆာင္မႈဟာ သိပ္အေရးၾကီးတယ္ဆုိတာရယ္၊ ေခါင္းေဆာင္တစ္ေယာက္မွာ အနာဂတ္အျမင္ (Vision) ၊ လႊမ္းမုိးမႈ (Influence) နဲ႕ စြမ္းအား (Energy) ေတြ ရွိုဖို႕ လိုအပ္တယ္ဆုိတာရယ္ကုိ သိေစခ်င္ပါတယ္။
(Unicode)
ဒီဘက်နောက်ပိုင်းမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတဲ့ စကားသံတွေရှိတယ်။ ပြိုင်တူတွန်းရင် ရွေ့တယ်၊ ပြည်သူ့အား အရေးကြီးတယ်၊ ပြည်သူတစ်ယောက်ချင်းစီက ပြင်မှရမယ် စသဖြင့်ပေါ့။ မှားလားဆိုတော့ မမှားဘူး။ အထူးသဖြင့် ဒီမိုကရေစီစနစ်မှာ ပြည်သူ့အားက သိပ်အရေးကြီးတယ်။ အများက ရွေးကောက်တင်မြှောက်တာ၊ အများဆန္ဒနဲ့ ဆုံးဖြတ်တာမို့ အဲဒီ ‘အများ’ က ဉာဏ်ပညာရှိဖို့ လိုတယ်။ တက်ကြွဖို့ လိုတယ်။ နိုင်ငံ့အရေးအရာတွေမှာ စိတ်ဝင်စားမှုရှိဖို့ လိုတယ်။
သို့သော်လည်း ဒါက ရှိသမျှပြဿနာအားလုံးအတွက် အဖြေတစ်ခုတော့ မဟုတ်ဘူး။ စဉ်းစားကြည့်ပါ။ ဥပမာ ပြည်သူတွေကို အမှိုက်မပစ်ဖို့ စည်းကမ်းရှိုဖို့ လုပ်မယ်ဆိုပါတော့။ ပြည်သူတစ်ယောက်ချင်းစီက စည်းကမ်းရှိကြပါ ဆိုပြီး ပြောနေရုံနဲ့ လုံလောက်သလား။ ခေါင်းဆောင်တာဝန် ကျေသလား။ ဒါက ရှက်စရာကောင်းတဲ့ အပြုအမူလို့ မြင်တဲ့သူ တချို့လောက်ကတော့ လိုက်နာမယ်။ လူတိုင်းဆီကတော့ ပြောင်းလဲသွားဖို့ မျှော်လင့်လို့မရဘူး။ တခြားနိုင်ငံမှာ အမှိုက်မပစ်ရဲခဲ့တဲ့သူတွေက ဒီနိုင်ငံထဲကျ လွယ်လွယ်ကူကူ ပစ်နေကြတယ်။ နိုင်ငံခြားမှာ စနစ်တကျ တန်းစီခဲ့တဲ့သူတွေက ဒီရောက်တော့ အတင်းတိုးနေကြတယ်။ ဘာလို့လဲ။ တခြားမှာက အမှိုက်ပစ်တာနဲ့ ဒဏ်တပ်တယ်။ အလွယ်တကူ ပစ်လို့ရအောင်လည်း အမှိုက်ပုံးတွေ ထားထားပေးတယ်။ တန်းမစီဘဲ ကြားဖြတ်ရင် အထင်သေးတဲ့အကြည့်နဲ့ ဝိုင်းကြည့်တယ်။ ဒီလိုယဉ်ကျေးမှုရှိတော့ တော်ရုံလူက ကြားမဖြတ်ရဲတော့ဘူး။
ကျွန်တော်တို့ဆီမှာကျ ဒဏ်တပ်တာလည်း အားနည်းတယ်။ စာတွေဘယ်လိုကပ်ထားကပ်ထားလည်း တကယ်အရေးယူမခံရတာ သိနေတော့ ပစ်ကြတာပဲ။ အမှိုက်ပုံးတွေကလည်း လုံလုံလောက်လောက် မရှိ။ အမှိုက်ပစ်ချလိုက်လို့လည်း ဘယ်သူကမှ အထင်သေးတဲ့အကြည့်နဲ့ မကြည့်ဘူး။ ဒါက သမားရိုးကျပဲ။ အမှိုက်ထုပ်ကြီး ကိုင်ထားတာကမှ ထူးဆန်းနေဦးမယ်။ ဆိုတော့ကာ ပြည်သူတွေ စည်းကမ်းမဲ့အမှိုက်မပစ်ဖို့ ဆိုတဲ့ ကိစ္စသေးသေးလေးမှာတောင် တစ်ဦးတစ်ယောက်ချင်း စည်းကမ်းရှိကြပါ ပြောနေလို့မရဘဲ အမှိုက်ကို စည်းနဲ့ကမ်းနဲ့ ပစ်နိုင်လောက်တဲ့ အခြေအနေကောင်းတွေ ဖန်တီးပေးရမယ်။ ပြည်သူတွေကြားထဲ စည်းကမ်းမရှိတာဟာ ရှက်စရာကောင်းတယ် ဆိုတဲ့ ယဉ်ကျေးမှုတစ်ခုကို ထည့်ပေးရမယ်။ စည်းမျဉ်းစည်းကမ်းတွေ အသက်ဝင်နေအောင် လုပ်ပေးရမယ်။ ဆိုလိုတာက တစ်ဦးတစ်ယောက်ချင်း ပြောင်းပါဆိုတာထက် ခေါင်းဆောင်မှုကောင်းကောင်းပေးပြီး အဲဒီအပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်ပေးရမယ်။
အစိုးရပိုင်း၊ ခေါင်းဆောင်ပိုင်းက ပြောင်းလဲမှုတွေ မလုပ်ဘဲ ပြည်သူတစ်ယောက်ချင်းစီက အလုပ်တွေကြိုးစား၊ စည်းကမ်းတွေရှိရင်းနဲ့ တိုးတက်သွားတယ်ဆိုတာမျိုးက မရှိနိုင်သလောက်ပဲ။ စနစ်က မကောင်းရင်၊ ပေါ်လစီတွေက လုပ်သာကိုင်သာ မရှိရင် ဘယ်လောက်ကြိုးစားကြိုးစား ထင်သလောက် မအောင်မြင်ဘူးကိုး။ အချိန်တိုအတွင်း တိုးတက်သွားတဲ့ နိုင်ငံတွေကို ကြည့်လိုက်တဲ့အခါမှာလည်း ခေါင်းဆောင်မှုကောင်းတာကို တွေ့ရတယ်။ အဲဒီနောက်ကို ပြည်သူတွေက တစ်သားတည်း ပါလာကြတယ်၊ ဒါကြောင့်လည်း ဒီလိုတိုးတက်သွားတာ ဖြစ်တယ်။ ဒီအတွက် ခေါင်းဆောင်တွေမှာ ခေါင်းဆောင်မှုအရည်အချင်း ပြည့်ဝဖို့ဟာ သိပ်အရေးကြီးပါတယ်။
ဒီဆောင်းပါးမှာတော့ ခေါင်းဆောင်မှုအတွက် အရေးကြီးတဲ့အချက် ၄ ချက်ကို ဆွေးနွေးလိုပါတယ်။
၁။ Everything rises and falls in leadership
အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိက မူတည်နေပါတယ်။ ဘောလုံးအသင်းတွေနဲ့ နမူနာပေးလို့ ရတယ်။ အသင်းက ဒီအသင်းပဲ၊ သိပ်ပြီး မပြောင်းလဲဘူး။ ဒါပေမယ့် ရှေ့နည်းပြနဲ့တုန်းက တော်တော်အဆင်ပြေခဲ့တဲ့ အသင်းက ခုလက်ရှိနည်းပြနဲ့မှ တပ်ပျက်ကုန်တာတွေ အများကြီး။ အဲ့လိုပဲ၊ နည်းပြလေးပဲ ပြောင်းလိုက်ရုံနဲ့ အသင်းသစ်တစ်သင်း အစားထိုးလိုက်သလို ရလဒ်တွေ ထောင်တက်လာတဲ့ အသင်းတွေလည်း တစ်ပုံကြီးပဲ။ ဘာလို့ဆိုတော့ ခေါင်းဆောင်ကောင်းရင် သူက အသင်းနဲ့ အံဝင်မယ့်ပုံစံကို သွင်းပေးနိုင်တယ်။ ကစားသမားတွေကို စိတ်ဓါတ်လှုံ့ဆော်ပေးတယ်။ သူတို့ဆီက အကောင်းဆုံး အရည်အချင်းတွေကို ညှစ်ထုတ်နိုင်တယ်။ အသင်းကို ညီညွှတ်စေတယ်။ စည်းကမ်းရှိစေတယ်။ ရှုံးနိမ့်နေတဲ့အချိန်မှာတောင် မယိမ်းမယိုင်နဲ့ ရှေ့ကနေ ဦးဆောင်ပေးနိုင်တယ်။ ခေါင်းဆောင်မကောင်းရင်လည်း ပြောင်းပြန်အခြေအနေတွေ အကုန်ဖြစ်ရော။ စိတ်ဓါတ်တွေ ကျကုန်မယ်။ ဒီတော့ စွမ်းဆောင်ရည်တွေ ညံ့လာတယ်။ ပါရမီရှင်ပါ ဆိုတဲ့ ကစားသမားတောင် ညံ့တဲ့နည်းပြနဲ့ တွေ့ရင် ထိပ်တန်းအဆင့်ကို ထပ်တက်မလာတော့ဘဲ မှိန်သွားတတ်တယ်။ ဒါကြောင့်မို့လည်း ခေါင်းဆောင်မှုကို သိပ်အလေးထား ပြောလာကြတာ ဖြစ်ပါတယ်။
၂။ Leadership is an influence
ခေါင်းဆောင်မှုကို စကားလုံးတစ်လုံးတည်း ပြောပါဆို ကျွန်တော်ကတော့ လွှမ်းမိုးမှု (Influence) လို့ ပြောပါမယ်။ လွှမ်းမိုးနိုင်စွမ်းမရှိတဲ့သူကို ခေါင်းဆောင်လို့ ပြောလို့မရပါဘူး။ ခေါင်းဆောင်တစ်ယောက်မှာ အကြမ်းအားဖြင့် ပါဝါ ၂ မျိုးရှိတယ်။ ပထမတစ်ခုက Positional power ။ ရာထူးနေရာကြောင့် ရလာတဲ့ပါဝါပေါ့။ အပြစ်ပေး အရေးယူလို့ရတယ်၊ ဆုပေးလို့လည်းရတယ်၊ တရားဝင်လည်း ဖြစ်တယ်။ လူတွေက ဒီပါဝါကို မကောင်းဘူး၊ သိပ်အရေးမကြီးဘူး ပြောကြပေမယ့်လည်း တကယ်တမ်းတော့ အတိုင်းအတာတစ်ခုထိ လိုအပ်တယ်။ ဥပမာ ကိုယ်က ရုံးခွဲတစ်ခုက မန်နေဂျာဆိုပါတော့၊ ကိုယ့်လက်အောက်က လူက အဆင်မပြေဘူး၊ အလုပ်မလုပ်ဘူး၊ စည်းကမ်းမလိုက်နာဘူး၊ ဒါပေမယ့် ကိုယ့်မှာက သူ့ကို အပြစ်ပေးလို့မရ၊ အလုပ်ထုတ်လို့မရ၊ ဘာလို့ဆိုတော့ ရုံးချုပ်က တိုက်ရိုက်ကိုင်ထားလို့။ ဒီလိုအနေအထားမျိုးမှာဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ မေတ္တာရှေ့ထားပြီး အုပ်ချုပ်မယ်ဆိုတာက သိပ်ကောင်းတဲ့ပုံစံ ဖြစ်ပေမယ့် လူတစ်ချို့အတွက်တော့ အံမဝင်နိုင်ဘူး။ ဒီအခါမှာ ခုပြောတဲ့ Positional power က လိုကို လိုအပ်လာပါလိမ့်မယ်။
အဲဒီထက် ပိုအရေးကြီးတာကတော့ Personal power ပဲ။ ဒီရာထူးကြောင့် မဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဓါတ်၊ သူ့ရဲ့ အရည်အချင်း၊ သူူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့် ရလာတဲ့ ပါဝါ။ ဒီပါဝါကမှ နောက်လိုက်တွေအပေါ် အဓိက လွှမ်းမိုးမှုကို ဖြစ်စေတယ်။ ဒီခေါင်းဆောင်က ရလဒ်ကောင်းတွေ ယူလာပေးမှာ၊ သူနဲ့သာ တွဲလုပ်ခွင့်ရရင် ငါတို့ ဘယ်လိုတိုးတက်သွားမှာ၊ ငါ့မှာ ပြဿနာတခုခုကြုံတိုင်း ဒီခေါင်းဆောင်က အကူအညီပေးနိုင်တယ် စတဲ့ အတွေးမျိုးတွေ ကိုယ့်နောက်လိုက်တွေမှာ ရှိနေပြီဆိုရင် ကိုယ့်ရဲ့ Personal power က တော်တော်ကြီး အားကောင်းနေပြီလို့ သတ်မှတ်နိုင်ပါတယ်။ ပြောရရင် Positional power က ကိုယ်လုပ်စေချင်တာတွေကို ‘ညွှန်ကြားချက်ထုတ်’၊ လုပ်ခိုင်းနိုင်တဲ့ အစွမ်းဖြစ်ပြီး Personal power ကတော့ ကိုယ်လုပ်စေချင်တာတွေကို သူတို့ကိုယ်တိုင် ‘စိတ်ပါလက်ပါ’ လုပ်ချင်လာစေမယ့် အစွမ်းသတ္တိ ဖြစ်ပါတယ်။
၃။ Leadership starts with vision
ခေါင်းဆောင်မှုမှာ အပြောင်းအလဲတွေ ဖော်ဆောင်ခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ အပြောင်းအလဲ မလုပ်နိုင်ရင် ခေါင်းဆောင်လို့ ပြောလို့မရပါဘူး။ အဲဒီလို အပြောင်းအလဲလုပ်ဖို့ဆိုရင် မဖြစ်မနေ ဘာလိုလဲဆိုတော့ Vision လိုပါတယ်။ တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ပစ္စည်းတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးကို လိုချင်တဲ့နေရာ အရောက်ပို့ပေးနိုင်ဖို့ ကြိုးစားရသလိုပါပဲ။ ခေါင်းဆောင်ဟာ ဒီလှည်းကြီးကို လမ်းမှန်ပေါ်မှာ ရှိနေအောင် ဦးဆောင်လမ်းညွှန်ပေးရသူ ဖြစ်ပါတယ်။ ကိုယ်တိုင် ဝင်တွန်းနေလို့ မရပါဘူး။ ခေါင်းဆောင်ဖြစ်တဲ့သူဟာ ဘယ်လမ်းကသွားရင် အနီးဆုံးဖြစ်မယ်ဆိုတဲ့ လမ်းကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ခေါင်းဆောင်ဟာ အရာအားလုံး တတ်သိနေစရာ မလိုဘူးဆိုပေမယ့် နောက်လိုက်တွေထက်တော့ ပိုဝေးဝေးမြင်ဖို့ အရေးကြီးတယ်။
Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး Skill ဆိုတာကတော့ Knowing how to do ဘယ်လိုလုပ်ရမယ် ဆိုတာကို သိခြင်းဖြစ်ပါတယ်။ ဥပမာ ကျန်းမာရေး အဖွဲ့အစည်းတစ်ခုကို ဦးဆောင်မယ့်လူဟာ ဘယ်ဒေသမှာတော့ ဘာရောဂါတွေ ဖြစ်နေတယ်၊ ဘာလုပ်ဖို့ လိုတယ် စသဖြင့် ပေါ်လစီချပေးနိုင်ဖို့ လိုတယ်။ သူချပေးလိုက်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာကို အသေးစိတ်သိတဲ့၊ တတ်ကျွမ်းနားလည်တဲ့ Specialist များက အကောင်အထည်ဖော် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဒါကြောင့် Leaders do the right things. Others do the things right. ခေါင်းဆောင်များဟာ မှန်ကန်တဲ့အလုပ်၊ တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်များကို လုပ်ကြရသူတွေ ဖြစ်ပြီး၊ နောက်လိုက်များကတော့ ကိုယ်လုပ်ရမယ့်အလုပ်ကို မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်ကြရပါတယ်။ ဘယ်နံရံမှာ လှေကားထောင်ရမယ်ဆိုတာက ခေါင်းဆောင်က ဆုံးဖြတ်ပေးမယ်။ အဲဒီထောင်လိုက်တဲ့ လှေကားပေါ်ကို ကောင်းကောင်းမွန်မွန်တက်နိုင်ဖို့က နောက်လိုက်တွေရဲ့အလုပ် ဖြစ်တယ်။ ဒါကြောင့် Vision မရှိရင် ခေါင်းဆောင် မဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုရင်လည်း Vision မရှိလို့ မရပါဘူး။
၄။ Leaders are energetic
ခေါင်းဆောင်တွေဟာ အမြဲတမ်း အင်ပြည့်အားပြည့်ဖြစ်နေတယ်။ အဖွဲ့အစည်းသေးသေးလေးတစ်ခုကနေ နိုင်ငံအဆင့်အထိ ခေါင်းဆောင်တွေကို မြင်ယောင်ကြည့်လိုက်ပါ။ စိတ်မပါလက်မပါ မပြောရဲ မဆိုရဲ ဖြစ်နေတဲ့ ခေါင်းဆောင်တစ်ယောက်မှ မရှိပါဘူး။ အားလုံးက တက်ကြွနေတယ်၊ မာန်ပါနေတယ်၊ တစ်ခုခုကို စိတ်ပိုင်းဖြတ်ထားတဲ့ ဟန်ပန်ပေါက်နေတယ်၊ သူတို့ပေးထားတဲ့ ကတိအတိုင်းတည်နိုင်ဖို့ အမြဲကြိုးစားနေတယ်၊ ဘယ်လိုရှုံးနိမ့်မှုမျိုးကြုံကြုံ၊ ဘယ်လိုအခက်အခဲပဲ ကြုံကြုံ စိတ်ဓါတ်မကျဘဲ ရှေ့ဆက်တိုးနေတယ်၊ စိတ်ဓါတ်ကျချင်နေတဲ့ နောက်လိုက်တွေကို အဲဒီဟန်ပန်တွေနဲ့ စိတ်ဓါတ်ပြန်တက်ကြွအောင် လုပ်ပေးနိုင်စွမ်းရှိတယ်။
ခေါင်းဆောင်တစ်ယောက်မှာ အနာဂတ်အမြင် (Vision) ရှိရမယ် ပြောခဲ့တယ်။ ဒါပေမယ့် အဲဒီလိုအမြင်ရှိနေရုံနဲ့ မလုံလောက်ဘဲ အဲဒီအမြင်၊ အဲဒီအနာဂတ်ရည်မှန်းချက်ကို လက်တွေ့ဖြစ်လာအောင်လည်း အကောင်အထည်ဖော်ပေးနိုင်စွမ်း ရှိရတယ်။ မဟုတ်ရင် မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည် ဆိုတာမျိုး ဖြစ်သွားမယ်။ ရည်မှန်းချက်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့တော့ ဆန်ရမယ်။ အဲဒီရည်မှန်းချက်က ခေါင်းဆောင်ကိုယ်တိုင်ကိုရော နောက်လိုက်တွေကိုပဲ နေ့နေ့ညည လှုံ့ဆော်ပေးနေတာမျိုး ဖြစ်ရမယ်။ ရည်မှန်းချက်တော့ ရှိပါရဲ့၊ လက်တွေ့ဖြစ်မလာရင်လည်း အလကားပဲ။ အဲဒီလို အကောင်အထည် ဖော်လာဖို့ဆိုရင်တော့ ခေါင်းဆောင်တွေက Energy အပြည့် ဖြစ်နေရမယ်။ ရလဒ်ထွက်အောင် အလုပ်လုပ်တတ်ရမယ်။
တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အဖွဲ့အစည်းတစ်ရပ်ကို ကျစ်လျစ်ခိုင်မာစွာနဲ့ စနစ်တကျဖြစ်အောင် လမ်းညွှန်ပေးပြီး ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့ လုပ်ဆောင်ပေးရတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ နောက်လိုက်တစ်ယောက်ချင်းစီဟာ အရေးကြီးတာမှန်ပေမယ့် ခေါင်းဆောင်ပိုင်းက ခေါင်းဆောင်မှု မကောင်းသရွေ့ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေဟာ မြန်ဆန်မှာမဟုတ်ပါဘူး။ ဒါကြောင့် ခေါင်းဆောင်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာရယ်၊ ခေါင်းဆောင်တစ်ယောက်မှာ အနာဂတ်အမြင် (Vision) ၊ လွှမ်းမိုးမှု (Influence) နဲ့ စွမ်းအား (Energy) တွေ ရှိုဖို့ လိုအပ်တယ်ဆိုတာရယ်ကို သိစေချင်ပါတယ်။
Org. စာေရးသူ - ေဒါက္တာ ၿဖိဳးသီဟ
No comments:
Post a Comment