Saturday, January 5, 2019

Gamer တွေ ပိုက်ဆံဘယ်လိုရှာကြလဲ...



ကျွန်တော်တို့ ငယ်ငယ်က ဂိမ်းစက်လေးတွေ
နဲ့ ဂိမ်းကစားခဲ့ကြတယ်။ အစက ဘုရားပွဲတွေ၊ပွဲဈေး
တွေမှာရောင်းတဲ့ ဂိမ်းစက်လေးတွေ၊ နောက်တော့
DVD စက်တွေမှာပါလာတဲ့ ဂိမ်းစက်၊ နောက်တော့
PS2,PS3,PS4,PC, ဖုန်းစသဖြင့် ဂိမ်းတွေ မျိုးစုံ
ဆော့ကြတယ်။ ဂိမ်းဆော့တာဟာ အချိန်ကုန်တဲ့
အရာတစ်ခုလို့ပဲ အများက မြင်ခဲ့ကြတယ်။ ယနေ့
ခေတ်မှာတော့ Gamer တွေ အတွက် အခွင့်အလမ်း
တွေပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၉ မှာလည်း
Gamer တွေအတွက် အခွင့်အလမ်းကောင်းတွေ
ပေါ်လာဖို့ ရှိနေပါတယ်။ ဒီတော့ အခြားနိုင်ငံက
Gamer တွေ ပိုက်ဆံ ဘယ်လိုရှာနေကြလဲဆိုတာ
ကို သိဖို့လိုပါတယ်။ လူတိုင်းဟာသူတို့ ဝါသနာပါတဲ့
အလုပ်ရှိကြပါတယ်။

 အချို့က Program တွေရေး
တာ ဝါသနာပါမယ်၊ အချို့က သီချင်းဆိုချင်တယ်၊
အချို့က ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်တယ်၊ အချို့
က ဘောလုံးဝါသနာပါတယ်။ ဒါပေမယ့် ဝါသနာ
ပါတိုင်း အောင်မြင်တာ မဟုတ်ပါဘူး။ ကိုယ်ဝါသနာ
ပါတဲ့ အရာအကြောင်းကောင်းကောင်းသိပြီး ကြိုးစား
အားထုတ်မှုရှိမှ အောင်မြင်မှာပါ။ အခုဒီစာဟာလည်း
ဂိမ်းဆော့ကြပါ...အောင်မြင်ပါလိမ့်မယ်လို့..ပြောတာ
မဟုတ်ပါဘူး။ အကယ်ရွေ့များ သင်ဟာ ဂိမ်းဆော့ရတာ
ဝါသနာပါသူဆိုရင် နိုင်ငံခြားက လူတွေ ဒီလို
နည်းလမ်းတွေနဲ့ ဝင်ငွေရှာနေကြတယ်ဆိုတာကို
ပြောပြချင်တာ ဖြစ်ပါတယ်။

(1) Livestream ပြုလုပ်ခြင်း (PC ရှိမှမဟုတ်ပါဘူး။
ဖုန်းနဲ့လည်းရပါတယ်)

ဒီနည်းလမ်းက နိုင်ငံတကာမှာလည်း  ခေတ်စားတယ်။
မြန်မာပြည်မှာလည်း ခေတ်စားလာပြီ။ AKgoLive ဆို
ရင် Real Time Viewer 3K,4K လောက်အထိ ရှိနေ
တတ်တယ်။ PUBG ဂိမ်း ခေတ်စားလာတာနဲ့အတူ
PUBG Streamer တွေလည်း အများကြီးပေါ်လာ
တယ်။ ကိုယ်က PUBG ကစားနေသူဆိုရင် PUBG
Livestream တွေလာတဲ့အခါ ကြည့်မိကြမှာပဲ။ အဲ့ဒါ
ဟာ Livestream တွေ အောင်မြင်ရခြင်းထဲက တစ်ခု
ပဲ။ ကျွန်တော်ကိုယ်တိုင်လည်း PUBG ကစားတယ်။
သူများကစားတာကို ကြည့်ရတာလည်း သဘောကျ
တယ်။ မကြာခဏဆိုသလို Live တွေ ကြည့်ဖြစ်တယ်။
ဒီနေရာမှာ တစ်ခုထည့်ပြောချင်တာက Livestream
လုပ်ခြင်းဟာ ယောက်ျားလေးအတွက်ပဲ မဟုတ်ပါဘူး။
မိန်းကလေးတွေလည်း လုပ်ကြတာရှိပါတယ်။ ထိုင်း
က ကောင်မလေး တစ်ယောက်ဆို Haru Channel
အမည်နဲ့ PUBG Livestream လုပ်တယ်။ သူဆို
Real Time Viewer 1.4 K လောက်ရှိတတ်တယ်။

ဒီတော့မေးစရာရှိလာတယ်။ View များတာတော့
ဟုတ်ပါပြီ။ ဒါပေမယ့်သူတို့ပိုက်ဆံ ဘယ်လိုရှာကြ
လဲ။ Facebook က ဒီအတွက် Stars ဆိုတဲ့အရာ
လေးတွေ ဖန်တီးပေးထားပါတယ်။ ကြည့်နေတဲ့သူ
တွေက Livestream Gamer ကို အားပေးလို့ရပါ
တယ်။ Star လေးတွေ ပို့ပေးလို့ရပါတယ်။ 100
Stars ဟာ 1.5$ နဲ့ညီတယ်လို့တော့ အကြမ်းဖျင်း
သိရပါတယ်။ (မှားနေရင် Gamer တွေ ထောက်ပေး
နိုင်ပါတယ်)။  ကြည့်တဲ့သူတွေက ပေးပါ့မလား
ဗျ။ ပေးကြပါတယ်။ အချို့ဆို Star တွေဝယ်ပြီး
သူတို့ချစ်တဲ့ Gamer တွေကို လက်ဆောင်ပေး
ကြပါတယ်။ ဒါဟာ Livestream ကနေ ဝင်ငွေ
ရမယ့် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပါဘူး။
နောက်ပိုင်းမှာ လုပ်လို့ရတာ အများကြီးရှိပါတယ်။
ကိုယ်က PC နဲ့ ကစားနေသူဆိုရင် PC အရောင်း
ဆိုင်တွေနဲ့ တွဲဖက်ပြီး ကြော်ငြာပေးလို့ရသလို၊
ဖုန်းနဲ့ ကစားနေတယ်ဆိုရင်လည်း ဖုန်းဆိုင်တွေ
နဲ့ အတူတူလက်တွဲပြီး ကြော်ငြာလက်ခံပေးတာ
တွေ လုပ်လို့ရပါတယ်။ (ဆိုင်ကောင်းကိုရွေးပြီး
ကြော်ငြာပေးပေါ့။ ပရိသတ်ကို ဂျင်းမထည့်ဖို့
တော့ လိုတာပေါ့နော်)။

နောက်ပိုင်း ဂိမ်းCompany တွေ ကိုယ်တိုင်က
သူတို့ဂိမ်း ကျယ်ပြန့်အောင် မြန်မာနိုင်ငံက အလွှမ်းမိုး
မှု ရှိဆုံး Gamer တွေကို ဆက်သွယ်လာနိုင်တာ
မျိုးလည်း ရှိနိုင်ပါတယ်။ အဲ့ဒီအခါကျရင် ဝင်ငွေ
ရှယ်ကောင်းနိုင်ပါတယ်။ Company ကြီးတွေက
သူတို့ဂိမ်းကို မိတ်ဆက်ပေးဖို့ Livestream ကစား
စေတာမျိုးတွေလည်း ရှိလာနိုင်ပါတယ်။ ဒါဟာ
၂၀၁၉  မှာဖြစ်လာနိုင်ပါတယ်။ ဒီအတွက် အင်္ဂလိပ်
လိုလေးလည်း နည်းနည်းပါးပါး ပြောတတ်အောင်
လုပ်ထားသင့်ပါတယ်။

(2) Affiliate Marketing

ဒါက ဒီမှာ ခေတ်မစားသေးပါဘူး။ နိုင်ငံခြားက Youtube
Streamer တွေကတော့ ဒီနည်းကိုလည်း သုံးတတ်ပါ
တယ်။ ဥပမာ သူတို့ ကစားနေတဲ့ Gaming Chair ကို
Live ကြည့်နေတဲ့သူတစ်ယောက်က စိတ်ဝင်စားတယ်
ဆိုပါစို့..ဘယ်မှာ ဝယ်ရလဲ အစ်ကိုရေ..လို့မေးရင်သူက
Amazon လင့်တစ်ခု ချပေးပါလိမ့်မယ်။ အဲ့ဒီလင့်ကို
Live ကြည့်နေတဲ့သူက နှိပ်ပြီး Amazon ကနေ Gaming
Chair ဝယ်သွားရင် Gamer ကလည်း ရာခိုင်နှုန်းအနည်း
ငယ်ရပါတယ်။ ဒါဟာ နိုင်ငံခြားမှာ သုံးတာကြာနေပြီ
ဖြစ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့အခု
ထိ ခေတ်မစားသေးပါဘူး။ အွန်လိုင်းရှော့ပင်ဝက်ဘ်ဆိုဒ်
ကြီးကြီးမားမား မရှိသေးတာရယ်..အွန်လိုင်းက ဝယ်ဖို့
Payment System မကောင်းတာသေးရယ်ကြောင့်
လည်း ဖြစ်ပါတယ်။

(3) Sponsorships

ဂိမ်းဆော့တဲ့သူတွေကို စပွန်ဆာပေးပြီး ကြော်ငြာခိုင်းမယ့်
လုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဥပမာ ဖုန်းနဲ့ Live
Stream လုပ်တဲ့ Gamer တစ်ယောက်ကို ဖုန်း Company
တွေက စပွန်ဆာပေးတာတွေ ဖြစ်လာနိုင်ပါတယ်။
စပွန်ဆာပေးတာမှာ အများကြီးရှိတာမို့ အသေးစိတ်
တော့ မပြောတော့ပါဘူး။

(4) Youtube ကိုလည်း ခြေဆန့်ထားပါ။

မြန်မာပြည်က Live Streamer အများစုက Facebookပေါ်
မှာပဲ ရှိကြပါတယ်။ ဒါကလည်း ပရိသတ်ကြောင့်ပါ။ ပရိသတ်
က Facebook ပေါ်မှာ များတဲ့အတွက် ပရိသတ်ရှိတဲ့နေရာ
ကို သူတို့လာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် Youtube ကို
မေ့မထားသင့်ပါဘူး။ Facebook တစ်ခုခု ဖြစ်ခဲ့ရင် Back up
အနေနဲ့ Youtube ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Youtube
Live Streamer တွေထဲမှာ ဝင်ငွေကောင်းသူတွေလည်း
အများကြီးရှိပါတယ်။ နာမည်ကြီး Gamer ဖြစ်တဲ့ Daniel
Middleton (အသက် ၂၆) ဟာ ၂၀၁၇မှာ ဝင်ငွေ ဒေါ်လာ
၁၆.၅သန်းရရှိခဲ့ပြီး Evan Fong (အသက် ၂၅)ဟာ ဝင်ငွေ
ဒေါ်လာ ၁၅.၅ သန်းရရှိခဲ့ပါတယ်။ Daniel အကြောင်းသိချင်
ရင် https://www.youtube.com/watch?v=3INohPCAsQw
မှာ ကြည့်ပါ။ သူတို့က Live Streaming လုပ်တယ်ဆိုတာ
ထက်ပိုပါတယ်။ Creative ဖြစ်တယ်၊  စကေးလ်ကောင်း
တယ်၊ Entertaining ဖြစ်တယ်၊ Personality မိုက်တယ်၊
Video Editing ကောင်းတယ်။ စသဖြင့် အခြား
အရည်အချင်းတွေနဲ့ ပေါင်းစပ်ပြီး အဲ့ဒီလောက်ဝင်ငွေကို
ရှာနိုင်လာခဲ့တာ ဖြစ်ပါတယ်။

(5) ဂိမ်းများကို စမ်းသပ်ဆော့ပေးခြင်း

နာမည်ကြီး ဂိမ်းCompany တွေဟာ ဂိမ်းအသစ်တစ်ခု
ထွက်တော့မယ်ဆိုရင် Beta Version အရင်ထွက်လေ့
ရှိပြီး အဆိုပါ Beta Version ကို Gamer တွေဆီပို့ပြီး
အရင် ကစားခိုင်းလေ့ရှိပါတယ်။ Gamer တွေက ကစား
ပြီးချိန်မှာ ဂိမ်း Company ကို Feedback ပြန်ပေးရပါ
တယ်။ လိုအပ်ချက်တွေ၊ တိုးတက်ဖို့လိုတာတွေ စသဖြင့်
အကုန်ထောက်ပြရပါတယ်။ အဲ့ဒီအတွကလည်း ဝင်ငွေ
ရနိုင်ပါတယ်။

(6) In-game items များရောင်းခြင်း

ဒါကတော့ PUBG မှာဆိုရင် UC နဲ့ ဝယ်ရတဲ့ ပစ္စည်းတွေ
လိုပါပဲ။ အချို့ဂိမ်းတွေမှာ Skin တွေ ဝယ်ရသလို အချို့
ဂိမ်းတွေမှာ Weapon တွေဝယ်ရတာ ရှိပါတယ်။

(7) ပြိုင်ပွဲများမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း

ဒါကတော့ ရှင်းပါတယ်။ နိုင်ငံတကာ ဂိမ်းပြိုင်ပွဲတွဲ၊ ပြည်တွင်း
ဂိမ်းပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးလည်း ဝင်ငွေရှာလို့
ရပါတယ်။

ဒါဟာ အကျဉ်းချုပ်ပဲရှိပြီး အခြားနည်းလမ်းတွေလည်းရှိနိုင်
ပါသေးတယ်။ ဒါပေမယ့် သေချာတာ တစ်ခုကတော့
ဘယ်အရာမှ မလွယ်ပါဘူး။ Professional Gamer
ဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ Professional အဆိုတော်ဖြစ်ချင်
တာပဲ ဖြစ်ဖြစ်၊ Professional Programmer ဖြစ်ချင်တာ
ပဲ ဖြစ်ဖြစ် ကြိုးစားမှာ အောင်မြင်မှာပါ။ Livestream
လုပ်တဲ့နေရာမှာလည်း Viewer များအောင် ကိုယ့်နည်း
ကိုယ့်လမ်းတွေနဲ့လုပ်တတ်ဖို့လိုပါတယ်။ ကိုယ်ဟာ
သူများတွေနဲ့မတူပဲ ထူးခြားနေတဲ့ အချက်လည်းရှိဖို့
လိုပါတယ်။ အခြား Livestreamer တွေ အများကြီး
ကြားထဲမှာ သင့်ရဲ့ Livestream ကို ဘာလို့ကြည့်သင့်
တာလဲ... အဲ့ဒီမေးခွန်းပြန်မေးကြည့်ပါ။

#မိုးရှင်း (I.M.T) ရေးသားသည်။

Ref: https://www.wisebread.com/9-ways-gamers-can-make-extra-cash
https://www.makeuseof.com/tag/6-ways-to-actually-make-money-playing-video-games/

No comments: