Wednesday, July 26, 2017

မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း


မိန်းမကိုယ်အနံ့ဆိုးထွက်တဲ့ကိစ္စက အမျိုးသမီးအတော်များများ ကြုံရလေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ ဘက်တီးရီးယားများပေါက်ဖွားမှုကြောင့် လည်းကောင်း ၊ အဖြူစွဲခြင်းကြောင့်လည်းကောင်း၊ မသန့်ရှင်းခြင်းကြောင့်လည်းကောင်း ၊ ဟော်မုန်းအပြောင်းအလဲ နှင့် လိင်ဆက်ဆံချိန်ဖြစ်ပေါ်တတ်သော ရောဂါဘယတွေကြောင့်လည်းကောင်း မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း ၊ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။

အဓိကအားဖြင့်တော့ ဘတ်တီးရီးယားများ ပေါက်ဖွားမှုမှ စတင်တာဖြစ်တဲ့အတွက် ဒီလိုတွေဖြစ်လာလျှင် ယားယံလာပြီး ကုတ်မိခြင်းကြောင့် နီမြန်းတာ ၊ ကျိန်းစပ်တာမျိုးမှ အထိမခံနိုင်တဲ့အထိ ခံစားရတတ်ပါတယ်။ မိန်းကလေးတွေအနေဖြင့် မိန်းမကိုယ်အနံ့ဆိုးထွက်တာ ၊ ယားယံတာမျိုးဟာ ရှက်ကြောက်နေစရာ ကိစ္စရပ်မဟုတ်ဘူးဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ် ။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ရှိသလို ကိုယ်တိုင်လည်း ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ပန်းသီးရှာလကာရည် 
ပန်းသီးရှာလကာရည်ဟာ ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပြီး မိန်းမကိုယ်အနံ့ဆိုးစွဲကပ်တာကို ပျောက်ကင်းစေပါတယ် ။ ပန်းသီးရှာလကာရည်၂ခွက်ကို မိမိရေစိမ်လို့ရမယ့် အနေအထားလောက်ရှိမယ့် ခပ်နွေးနွေးရေထဲသို့ ထည့်ပြီးမွှေလိုက်ပါ ။ ထို့နောက် မိနစ်၂၀ခန့် ဝင်စိမ်ပေးပါ ။ ဒီနည်းလမ်းကို ၁ပါတ်လျှင် ၂ကြိမ်၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးရမှာပါ ။ ဒီလိုစိမ်တဲ့နည်းလမ်းကို မသုံးချင်ရင်တော့ တစ်နေ့လျှင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊၂ဇွန်းခန့် ကို ရေဖြင့်ရော၍သောက်ပေးပါ။

၂။Baking Soda (မုန့်ဖုတ်ဆိုဒါ) 
နောက်ထပ် ကုသနည်းတစ်ခုဖြစ်တဲ့ baking soda ဟာလည်း ခန္ဓာကိုယ်ရဲ့ pH level ကို ထိန်းညှိပေးပြီး အနံ့ဆိုးများကို ကင်းဝေးစေပါတယ်။ ပထမဦးစွာ မိမိခန္ဓာကိုယ်အောက်ပိုင်းကို ရေစိမ်လို့ရမယ့် အနေအထားလောက် ရေထဲကို baking soda ခွက်တစ်ဝက်ခန့်ထည့်ပြီး မွှေလိုက်ပါ ။ ထို့နောက် မိနစ်၂၀ခန့် စိမ်ပေးပြီး ရေဆေးလိုက်ပါ။ပြီးလျှင် မိန်းမကိုယ်ကို ခြောက်သွေ့အောင်သုတ်လိုက်ပါ။ ဒီနည်းလမ်းလေးကတော့ အနံ့ဆိုးတွေကို ကင်းဝေးစေတဲ့အပြင် မိန်းမကိုယ် အဖြူစွဲခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၃။အဖြူရောင်ရှာလကာရည် 
အဖြူရောင်ရှာလကာရည်ဖြင့် မိန်းမကိုယ်ကို ဆေးကြောပေးတဲ့ နည်းလမ်းကလည်း ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ် ။ပထမဦးစွာ အဖြူရောင်ရှာလကာရည် ( ရိုးရိုးရှာလကာရည်) ကို စိမ်မယ့်ရေထဲသို့ ခွက်တစ်ဝက်ခန့် ရောထည့်မွှေလိုက်ပါ ။ စိမ်မယ့်ရေသည် အေးမနေရပါ။ ခပ်နွေးနွေးလေး ဖြစ်နေရပါမည် ။ ထို့နောက် မိနစ်အနည်းငယ်ခန့် ဝင်စိမ်ပေးပါ ။ တစ်ပါတ်လျှင် ၂ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ယားယံခြင်း ၊ အနံ့ဆိုးထွက်ခြင်းတွေကို ကင်းဝေးစေပြီး မိန်းမကိုယ်ရဲ့ pH level ကို ထိန်းညှိပေးပါလိမ့်မယ်။

၎။ တမာရွက် 
တမာရွက်က ပိုးသေစေတဲ့ အစွမ်းသတ္တိရှိပြီး ပိုးဝင်ရောက်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတွေကို ကူးစက်နိုင်ပါတယ် ။ တမာရွက်အချို့ကို ဆေးကြောပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်၍ ဆူပွက်သည်အထိ ပြတ်ပါ ။ ထို့နောက် အအေးခံထားလိုက်ပါ ။ ရလာသော တမာရွက်ပြုတ်ရည်ဖြင့် မိန်းမကိုယ်တဝိုက်ကို နေ့စဉ် ပုံမှန် ဆေးကြောပေးပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်သင့်သောအချက်များ 
– ရေများများသောက်ပါ။
– အချဉ်ဓါတ်ပါသော အသီးများ စားသုံးပါ။
– ဒိန်ချဉ်က မိန်းမကိုယ်ကျန်းမာရေးအတွက် အကောင်းဆုံး စားစရာဖြစ်ပါတယ်။
– တစ်ကိုယ်ရည်သန့်ရှင်းမှု ပုံမှန် ရှိပါစေ။
– အချိုရည်များ ၊ ကဖင်းဓါတ်များအား တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
– အတွင်းခံများ ၊ လစဉ်သုံးပစ္စည်းများကို အလဲအလှယ် လုပ်ပေးပါ။ ချည်သားအတွင်းခံကိုသာ ဝတ်ပါ။
– အမွှေးဓါတ်ပါသော ဓါတုပစ္စည်းများ ၊ ဆပ်ပြာများဟာ အမျိုးသမီးအင်္ဂါကို ဆိုးကျိုးများဖြစ်စေနိုင်တာကြောင့် ရှောင်ကြည်ပါ။
– လိင်ဆက်ဆံပြီးနောက် ရေဖြင့်သာဆေးကြောပါ ။ သို့မဟုတ် အမွှေးမပါသော ၊ နူးညံ့သော ဆပ်ပြာဖြင့်သာ ဆေးကြောပါ။ ရေဆေးပြီးလျှင် ခြောက်အောင်ပြန်သုတ်ဖို့ သတိပြုပါ။
– ကျန်းမာညီညွတ်သော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ပါ။
– ဆိုးရွားသော အနံ့နံခြင်း ၊ ယားယံခြင်း နှင့် အခြားပုံမှန်မဟုတ်သော အခြေအနေမျိုးတွေ ခံစားရလျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသပါ။

CHAN(ရွှေအင်းလေး)

Credit: www.shweinnlay.com 

No comments: