Tech Gadget's Tech Translate : Part - 2
@TechGadgetMM
Translate ဆိုတဲ့အသုံးအနှုန်းက အလွယ်ပြောရရင် တခြားမြင်မြင်သမျှ Tech Page တွေက လုပ်နေသလို English လိုရေးထားတဲ့ Tech သတင်းတွေကို မြန်မာလိုပြန်ရေးတင်တာပါ။ Tech Gadget ကသာ နည်းနည်းကြောင်တောင်တောင်နိုင်ပြီး Tech News အစား Tech Translate လို့ နာမည်ပေးဖြစ်တာ... ဘာပဲဖြစ်ဖြစ် ပြောချင်တာက ဒီ Articles တွေမှာ ကိုယ်ပိုင် Thoughts/Concept တွေပါလာဖြစ်တယ်ဆိုရင်တောင် ဒါက သိပ်ပြီးအားမစိုက်ထားတဲ့ Page မှာ Engagement လိုချင်ရုံသပ်သပ် စာတွေဆိုတာပိုမှန်ပါတယ်။
So, let's start. Shall we?
ပြောနေကြစကားအတိုင်း Best Reading Experience နဲ့ ဖတ်ချင်တယ်ဆိုရင်တော့ အောက်က Note Link ကိုပဲ နှိပ်ပြီး ဖတ်ပေးပါ။ * Recommended To Read in Note.
https://www.facebook.com/notes/tech-gadget/oneplus-7-pro-are-you-not-entertained/2114451798604796/
OnePlus ဖုန်းတွေကို 6th Generation ဖုန်း ၂ လုံးစလုံးကို Tech Gadget အနေနဲ့ Review မလုပ်ဖြစ်ဘူး။ ဒါပေမယ့် အရှေ့က 5th Gen ဖုန်း ၂ ခုစလုံးကတော့ Day One Pre-order ဝယ်ပြီး ကိုယ်တိုင်သုံးဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက OnePlus 5T မှာ Tech Gadget အနေနဲ့ ဘာကြောင့် OnePlus 5T ကို မသုံးဖြစ်တော့သလဲဆိုတာကို ပြောဖြစ်ခဲ့ပါတယ်။ And It goes like this.
"OnePlus 6 ရဲ့ အနိမ့်ဆုံးဈေးဖြစ်လာနိုင်တဲ့ $550/ $600 က Flagship တွေမှာ ရနေတဲ့ Features တွေနဲ့ ယှဉ်ကြည့်ရင် မတန်တော့သလိုဖြစ်လာပါပြီ။ ဒါမှမဟုတ် Buying Point ဖြစ်လာနိုင်တဲ့ တခြား Flagship တွေထက်ပိုသာတဲ့ Hardware Specs နဲ့ Oxygen OS မဟုတ်တဲ့ Feature တစ်ခု OnePlus ဖုန်းတွေမှာ လိုလာပါပြီ။"
အဲ့ဒီ Post က ပြီးခဲ့တဲ့ ၁ နှစ်ကျော်အကြာတုန်းကဖြစ်ပေမယ့် အခုအချိန်မှာတော့ OnePlus 7 Pro က Tech Gadget အနေနဲ့ မြင်ချင်ခဲ့တဲ့ စမတ်ဖုန်းတစ်ခု၊ OnePlus Brand ကို ပြန်ပြီး စဉ်းစားမိစေတဲ့ဖုန်းတစ်လုံးဖြစ်လာပါပြီ။ And we gonna talk everything Why.
အရင်ဆုံး ဒီ OnePlus 7 Pro ရဲ့ ထင်ထားတာထက် အများကြီးပိုခဲ့တဲ့ OnePlus 5 ကနေ 6T အထိ Incremental Updates တွေကနေ Major Upgrade အကြီးကြီးလုပ်ခဲ့တာပါ။ ဒီ Major Upgrade ထဲမှာ စာတော်တော်ရှည်ရှည်ပြောနေဖြစ်မယ့် Specs တွေအပြင် ဈေးလည်း Major Upgrade ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် OnePlus 7 Pro က ကျွန်တော်တို့ ကြားနေကြ "You either die like a hero, or live long enough to see yourself a villain" မဟုတ်ပါဘူး။ Tech Gadget ရဲ့ မပေးဖြစ်ခဲ့တဲ့ Caption (သို့) OnePlus ရဲ့ Representative ကို ပြောချင်ခဲ့တဲ့ စာကြောင်းတစ်ခုက "Took You Long Enough" ပါ။
ဘာကြောင့်လဲ?
OnePlus ဖုန်းတွေက မြန်ပါတယ်၊ လက်ရှိမှာ အမြန်ဆုံးစမတ်ဖုန်းတွေဆိုရင်လည်း မမှားပါဘူး။ ဖုန်းတစ်ခုအနေနဲ့ ဒါမှမဟုတ် Performance တစ်ခုအတွက်နဲ့ သုံးချင်တဲ့သူတွေအတွက် Flagship စမတ်ဖုန်းတွေလောက်အထိ မသုံးချင်တဲ့သူတွေအတွက် အရွေးချယ်သင့်ဆုံး စမတ်ဖုန်း Brand တစ်ခုပါ။
ဒါပေမယ့် What if you can buy Flagship Phones?
ဒါက ပြီးခဲ့တဲ့ OnePlus 5T ကနေ Pixel 2 ကို ပြောင်းခဲ့တဲ့ တစ်ခုထဲသော အကြောင်းပြချက်ပါ။ အဲ့ဒီအချိန်တုန်းက OnePlus 5T နဲ့ Pixel 2 ဆိုတာက ဈေးအရ ၂ သိန်း၊ ၃ သိန်းပဲ ကွာနေတာပါ - ဒါတောင် ကျွန်တော်တို့က (အခု Active မဖြစ်တော့တဲ့ ကြိုက်မိတဲ့ Page တစ်ခုဖြစ်တဲ့) Rangoon Rev ကနေ ပြန်ဝယ်တာဆိုတော့ 5T ပြန်ရောင်းတာနဲ့ ပြန်တွက်ရင် အလိုက်ပေးရတာ ၁ သိန်းဝန်းကျင်ပါ။
OnePlus 5T ကနေ Pixel 2 ကို ပြောင်းအပြီးမှာ ပြောဖြစ်ခဲ့တာက Specs ပိုင်းအရ အကုန် Downgrade လုပ်လိုက်တယ်ဆိုတာပါ။ ဒါပေမယ့် တဖက်မှာ ကျွန်တော်တို့ အနေနဲ့ ပိုအရေးကြီးတယ်လို့ မြင်ထားတဲ့ Experience ဘက်မှာ နောင်တမရလောက်အောင် ပိုပြီး Gain ဖြစ်ခဲ့ပါတယ်။
ဒါက OnePlus ဖုန်းတွေကို ကောင်းတဲ့ဖုန်းတွေလို့ မြင်ထားပေမယ့် Speed က Priority ဖြစ်နေတဲ့သူ၊ ဒါမှမဟုတ် Xiaomi Flagship တွေထက် User Experience ပိုကောင်းတာလိုချင်တဲ့သူတွေအတွက်ပဲ ညွန်းဖြစ်တဲ့ဖုန်းတွေဖြစ်ပါတယ်။ တတ်နိုင်တယ်ဆိုရင် Flagship ဖုန်းတွေအထိ တက်ဝယ်ပါ - ကွာခြားတဲ့ Experience က ကွာတဲ့ဈေးထက် ပိုများနေခဲ့တာပါ။
ဒါပေမယ့် အခုအချိန်မှာတော့ OnePlus ကနေ OnePlus 7 Pro ဖုန်းကို မိတ်ဆက်ခဲ့တယ် - OnePlus အတွက်တော့ ဈေးအကြီးဆုံး Flagship ဖုန်းတစ်ခုဖြစ်လာတယ်ဆိုပေမယ့် တဖက်မှာ ဒါက OnePlus ရဲ့ ပထမဆုံး Flagship Level ကို တက်လာတဲ့ဖုန်းတစ်ခုလို့ ပိုပြီး သတ်မှတ်လို့ရနေပါတယ်။
But Is It Really The Way to Go?
OnePlus အနေနဲ့ ဒီလို Flagship Level ကို ခုန်တက်လာတယ်၊ ပြီးတော့ တချို့နေရာတွေမှာ Flagship ဖုန်းတွေထက်တောင် ပိုကောင်းတဲ့အချက်တွေရှိလာတယ်... ဒါပေမယ့် ဈေးကလည်း Flagship ဖုန်းတစ်ခုနီးပါးဖြစ်လာတယ်။ ပြောနေကြသလို Flagship Killer ကနေ နောက်ဆုံးတော့ Flagship ဖြစ်လာတယ်။ ဘယ်သူတွေအတွက် ဘာတွေကွာခြားသွားမလဲ? Tech Gadget အမြင်မှာ ၂ မျိုးအဓိက ကွဲနိုင်ပါတယ်။
ပထမလူတွေကတော့ Tech Gadget လို သဘောကျပြီး ထောက်ခံဖြစ်တဲ့ဘက်ကပါ။ We gonna explain why.
OnePlus ကနေ Flagship ကိုင်တယ်ဆိုတာက OnePlus ဖုန်းတွေရဲ့ အရင်က Compromise လုပ်ရတဲ့အချက်တွေကို မြင်လာတာရယ်... High End စမတ်ဖုန်းတစ်ခုကို ဈေးတော်တော်များများပေးပြီး ဝယ်တယ်ဆိုတာက ဖုန်းမှာပါတဲ့ Hardware Specs တွေ အထူးသဖြင့် Processor ၊ RAM နဲ့ Camera Sensor ကိုပဲ ဝယ်တာထက် အများကြီးပိုတဲ့အရာတွေရှိတယ်ဆိုတာကို နားလည်သွားလို့ပါ။
OnePlus လို High End Level ဈေးကလည်း ၇ သိန်းအထက်ဖြစ်နေတဲ့ Brand တစ်ခုမှာတောင် Compromise လုပ်ရတဲ့ Factor တွေက တော်တော်များခဲ့ပါတယ်။ အဲ့ဒါတွေက Stereo Speakers ၊ Wireless Charging ၊ Best in Class OLED Display ၊ Great Camera ၊ Great Haptics, Faster Software Updates တွေက အဓိကကျပါတယ်။
နောက်တစ်မျိုးကတော့ Price-to-Performance အဓိကကြည့်တဲ့သူတွေပါ။ ဒါပေမယ့် ကျိန်းသေတာကလည်း ဒီလိုလူမျိုးတွေကြတော့ OnePlus 7 Pro ကို ဘယ်လိုပဲ ကောင်းတယ်ပြောပြော ဝယ်မှာမဟုတ်တဲ့သူတွေလို့ ပြောလည်းရပါတယ်။ ဘာကြောင့်လဲဆိုရင် နဂိုထဲက ဈေးအနည်းဆုံးမှာ Performance အကောင်းဆုံးဖုန်းကို ရှာနေတော့ OnePlus 7 Pro ကို ဘယ်လိုမှ ဝယ်ဖို့မဖြစ်နိုင်သလို ဒီလူတွေပဲ OnePlus 7 Pro က Flagship Level ကူးသွားတာကို မကောင်းပြောတဲ့သူတွေများမှာပါ။
ဥပမာပြောမယ်ဆိုရင် "UFS 3.0 ဆိုတာ တကယ်မလိုဘူး" ၊ "90Hz Refresh Rate ဆိုရအောင် ဘယ် Game က 90Hz Support လုပ်လို့လဲ" ၊ "၁၀ သိန်းပေးပြီး OnePlus လို နာမည်မရှိတဲ့ Brand ဘယ်ကိုင်မလဲ.. iPhone ပဲကိုင်တော့မှာပေါ့" ဆိုတဲ့သူတွေ... Just, Are You Not Entertained?
စကားရှည်တာများသွားတော့ ဖုန်းအကြောင်းကို စပြောတာပေါ့။
#Display
OnePlus 7 Pro ရဲ့ အကြီးမားဆုံး အားသာချက်ကို ပြောပါဆိုရင် ဒါက ကျိန်းသေ Display ပါ။ ဒီအချက်တစ်ခုထဲနဲ့တင် OnePlus မှာ Samsung Galaxy S10 လို ဖုန်းအစား OnePlus 7 Pro ကို ဝယ်ပါဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်းရှိပါတယ်။ ဒါကလည်း ပထမဆုံးအနေနဲ့ပါ။
အရင်ဆုံး Elephant in a Room ဖြစ်နေတဲ့ 90hz အကြောင်းမပြောခင် အပေါ်က ပြောသွားတဲ့ S10 ထက် ပိုဝယ်သင့်ကြောင်း သက်သေပြနိုင်တဲ့ အချက်တစ်ခုကို စပြောပါမယ်။ အဲ့ဒါက Quad HD+ Resolution ပါ။
I know, I know... OnePlus 7 Pro ကို 90Hz Display ပဲပါပြီး Full HD+ ပဲထားလို့ရတယ်တွေရော... Full HD+ နဲ့ Quad HD+ က Naked Eyes မှာ သိနိုင်ဖို့ခက်တာရော၊ Quad HD+ က Battery ပိုစားလို့ Flagship တွေတောင် Default ကို Full HD+ ပဲထားတာရော...နောက်ဆုံး Full HD+ ပဲထားမယ်ဆိုရင် $100 လောက် ပိုသက်သာနိုင်တာတွေရော... ဒါတွေအကုန်လုံးက Price-to-Performance နဲ့တွက်မယ်ဆိုရင် Full HD+ မှာပဲ ရှိနေသင့်တာပါ။
But OnePlus 7 Pro is not about Killing Flagships anymore, remember?
90Hz ကို ခဏထား.. OnePlus 7 Pro မှာ Quad HD+ Panel ပါလာတယ်ဆိုတာက Samsung Flagship တွေသုံးနေကြသူတွေ OnePlus 7 Pro ပြောင်းသုံးရင်တောင် ဒီဖုန်းက Full HD အထိပဲ YouTube ကြည့်လို့ရတာလားဆိုပြီး တွေးမိတာမျိုး လုံးဝရှိတော့မှာမဟုတ်ပါဘူး။ ဒါက Video Editor တွေဆိုရင် 4K နဲ့ Video ရိုက်ထားပြီး Monitor ကိုလည်း 4K ပဲသုံးနေကြဖြစ်နေတယ်ဆိုရင် Full HD ကို လုံးဝပြန်မဆင်းနိုင်တော့သလိုမျိုးပါ။ Flagship ဖုန်းသုံးတဲ့သူတွေ သို့ သုံးချင်တဲ့သူတွေအတွက် OnePlus 7 Pro မှာ Quad HD+ ရှိဖို့လိုအပ်ပါတယ်။ It's Necessary, Not as an Actual Improvement but as a Standard.
And Second - 90Hz Refresh Rate.
Local မှာ 90Hz OLED Panel သုံးထားတဲ့ တစ်ခုထဲသော ROG Phone ကို စမ်းဖြစ်တဲ့သူက တော်တော်လေးကိုနည်းပါတယ်။ အဲ့ဒီတော့ 90Hz ဆိုတာ ဘယ်လိုမျိုး အသုံးဝင်သလဲ.. ဒါမှမဟုတ် 60Hz ထက်ရော သိသိသာသာပိုကောင်းလို့လားဆိုပြီး မေးခွန်းတွေရှိနေနိုင်ပါတယ်။ ROG Phone မှာတုန်းက Display Quality ပိုင်းမှာ သုံးနေကြဖြစ်နေတဲ့ Pixel 3 တွေ၊ S10 တွေလောက်မကောင်းခဲ့ဘူး.. သိသိသာသာ Quality လျော့တယ်.. ဒါပေမယ့် တစ်နေရာမှာတော့ 90Hz ဖြစ်နေတာက Daily Driver သုံးနေဖြစ်တဲ့အထိကို သဘောကျဖို့ကောင်းတယ်ဆိုပြီး Review မှာ ပြောဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေရာက Display Performance မှာပါ။
အခုလောလောဆယ်မှာတော့ OnePlus 7 Pro ကို ကိုယ်တိုင်မစမ်းကြည့်ရသေးတဲ့အတွက် ဒီ Display Performance က တူတူဖြစ်မလားဆိုတာကို သေချာမပြောသေးပါဘူး။ ဒါပေမယ့် 90Hz ဖြစ်နေတာကနေ သိသာခဲ့တဲ့ Display Performance ဆိုတာကိုတော့ ROG Review ကနေ ပြန်ကောက်နုတ်လိုက်ပါတယ်။
"Display Performance ဆိုတာက ပုံမှန်စမတ်ဖုန်းတွေမှာ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ စမတ်ဖုန်းတွေအကုန်လုံးက 60Hz Refresh Rate တစ်ခုထဲဆိုတော့ ဆုံးဖြတ်လို့ရတာက Colors Accuracy ပိုင်း၊ Brightness ပိုင်း... နောက်ပြီး နေရောင်အောင်မှာ ကောင်းကောင်းမြင်နိုင်၊ မမြင်နိုင် စတဲ့ Visual ပိုင်းတွေပါ။ ဒါပေမယ့် ROG Phone က ဒါတွေကနေ လုံးဝကွဲထွက်လာတဲ့ Display Performance မှာ သိသိသာသာကို တခြားပုံမှန်ဖုန်းတစ်ခုကိုပြောင်းသုံးဖို့ ခဲယဉ်းလောက်အောင် ကောင်းနေပါတယ်။
What do we mean?
အရင်ဆုံး စမတ်ဖုန်းတစ်လုံးကို Display ပိုင်း ပုံမှန် ဘာတွေသုံးဖြစ်သလဲ?
No - ရုပ်ရှင်ကြည့်တာတွေ၊ Video ဖွင့်တာတွေ အသာထားပါ။ သာမန် Scrolling လုပ်တယ်၊ ဖုန်းသုံးတယ်.. ဖုန်းပွတ်တယ် ဆိုတဲ့ လုံးဝ Basic အကျဆုံးကိစ္စမှာတင် ဒီ Display Performance က သိသာနေပါပြီ။
24fps နဲ့ ရိုက်ထားတဲ့ Movie တစ်ခုကို 90Hz Display နဲ့ကြည့်တာက အဲ့လောက်ထိ မသိသာပေမယ့် ပုံမှန်ဖုန်းသုံးတဲ့ကိစ္စ.. ကိုယ့်လက်သွားတဲ့အတိုင်း Scroll လုပ်နေတဲ့အချိန်မှာတော့ ဒီ Extra Refresh Rate က တကယ်ကို Smooth ဖြစ်တယ်၊ ပြောရရင် ဘယ် 60Hz Display ဖုန်းတွေ ဘယ်လောက် Software Optimization ကောင်းကောင်း လိုက်မမှီလောက်အောင် Smooth ဖြစ်တာမျိုးပါ။ No - ဒါက Developer Options ထဲက Animation Speed ကို 0.5x ထားလိုက်လို့ မြန်တာမျိုးမဟုတ်ပါဘူး။ ကိုယ့်လက်က သွားတဲ့အပေါ်မှာတင် ပိုပြီး Response ဖြစ်တယ်၊ ဒီ Screen Scrolling ကို လက်က ပိုပြီး ထိထိရောက်ရောက်ထိန်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုတိုးလာတာမျိုးပါ။ နောက်ပြီး ဒီ Feeling တစ်ခုထဲက ငါတခြားဖုန်းတွေမဝယ်ပဲနဲ့ ဒီဖုန်းဝယ်လိုက်တာမှန်တယ်ဆိုတဲ့ ခံစားချက်ဖြစ်လာစေပါတယ်။"
OnePlus 7 Pro ကတော့ ထပ်တူဖြစ်လာမလားဆိုတာက စောင့်ကြည့်ရဦးမယ်ဆိုပေမယ့် Refresh Rate ဆိုတာက Display Quality နဲ့မတူတဲ့ Personal Preference နဲ့မဆိုင်၊ Visual Quality ပိုင်းနဲ့ မဆိုင်တဲ့ ကိန်းသေ Number တစ်ခုအပြင်မပိုတော့ ROG Phone ရဲ့ Addicting ဖြစ်စရာ Feeling ရမယ်လို့တော့ ယူဆပါတယ်။
Okay, Display ပိုင်းမှာ Quad HD+ ၊ 90Hz တွေပြီးပြီ။ ဒါပေမယ့် OnePlus 7 Pro ရဲ့ Display က ဒီထက်ပိုနေပါသေးတယ်။ ဘာတွေလဲဆိုရင် ပထမ HDR 10+ ၊ ဒုတိယ Notch-less Display နဲ့ နောက်ဆုံး Curved Panel ပါ။
HDR 10+ ဖြစ်သွားတယ်ဆိုတာက ဘာထူးလို့လဲ? သူ့ထက် ဈေးသက်သာတဲ့ဖုန်းတွေတောင် HDR ကို Support လုပ်နေတော့ ကွာခြားချက်က သိသာလို့လား?
HDR 10+ နဲ့ သာမန် HDR ဘာကွာသလဲဆိုတာထက် သာမန် HDR အဆင့်မသတ်မှတ်ထားတဲ့ Standard Display တော်တော်များများမှာ Peak Brightness အနေနဲ့ 250-300+ Nits ဝန်းကျင်ရှိမယ်၊ နောက်ပြီး Color တွေကလည်း 6 bits/8 bits Color တွေနဲ့ပဲ Reproduce လုပ်ပြီး ပြသနိုင်မယ်။ သာမန် HDR ဒါမှမဟုတ် HDR 400/600 Display တွေကြတော့ သူပြောထားတဲ့ အနောက်က ဂဏန်းပေါ်မှုတည်ပြီးတော့ Peak Brightness က 400 Nits ဒါမှမဟုတ် 600 Nits ဝန်းကျင်ရှိလာမယ်၊ ပြီးတော့ Color တွေကလည်း 8 bits or 10 bits နဲ့ Run မယ်။ (ဒါက Monitor နဲ့ TV လို Display Type တွေမှာလည်း အသုံးများတယ်)
ဒါပေမယ့် ပိုကောင်းလာတဲ့ HDR 10 နဲ့ HDR 10+ ကြတော့ LCD Display ဖြစ်နေရင် 1000 Nits အထိ Minimum Peak Brightness ရှိရမယ်၊ ဒါပေမယ့် OLED Display ဆိုရင် Peak Brightness ပိုင်းမှာ အနည်းဆုံး 540 Nits ရှိပြီးတော့ လုံးဝ Perfect Black Minimum Brightness ရှိမှရမယ်။ HDR 10 ရော၊ HDR 10+ ရော 10 bits only Color တွေကိုပဲ သုံးတယ်... ဒီနေရာမှာ၂ ခုကွာတာကြတော့ HDR 10 က ပုံမှန် Static Meta-data နဲ့ပဲ Color တွေကို Reproduce ပြန်လုပ်တယ်၊ HDR 10+ ကြတော့ ပိုမြင့်သွားပြီးတော့ ဒီ Video Meta-data တွေကို Content ပေါ်မှုတည်ပြီး အသေ (Static) မဟုတ်တော့ပဲ Dynamic အနေနဲ့ Movement တွေ၊ Color တွေအပေါ်မှုတည်ပြီး လိုက် Reproduce လုပ်ပေးတယ် (And That's Why Samsung Called S10 Display as Dynamic AMOLED).. ဒါက Action Scene လိုနေရာတွေမှာ သိသာလာတယ်။
ဒီနေရာမှာကြတော့ HDR 10 ကို တကယ့် Flagship Killer မဟုတ်တဲ့ Flagship ဖုန်းတွေ... Pixel 2,3 | iPhone | Huawei | Sony နဲ့ LG ဖုန်းတွေတော်တော်များများ Support လုပ်ပေမယ့် တကယ့် HDR 10+ ကို Support လုပ်နိုင်တဲ့ဖုန်းလို့ပြောရင်ကြတော့ Samsung Galaxy S10 Series နဲ့ အခုမှ Flagship Killer ကနေ Flagship ဖြစ်လာလို့ ဝိုင်းအပြောခံနေရတဲ့ OnePlus 7 Pro ပဲရှိသေးတယ်။ ပြီးတော့ အခုနကပြောတဲ့ S10 အတိုင်း Quad HD+ AMOLED Display ဆိုတော့ Quality ပိုင်းမှာတင် Auto Brightness မှာ S10 က ပိုကောင်းနေတာကလွဲရင် Direct Competitor အဆင့်ဖြစ်လာတယ်လို့ ပြောလို့ရသွားပြီ။
Direct Competitor ကနေ ပိုသာတဲ့အချက်ဆိုရင် ဒုတိယအချက်ဖြစ်တဲ့ Notch-less Display.
အမှန်အတိုင်းပြောရမယ်ဆိုရင် OnePlus 7 Pro သာ အရင်လိုမျိုး 60Hz FHD Display ပဲသုံးလာပြီးတော့ Pop-up Camera သုံးလာမယ်ဆိုရင် Pop-up သုံးမယ့်အစား IP Rating ဖြစ်သင့်တယ်ဆိုပြီး ပြောမိမှာပါ။ ဒါပေမယ့် ဒီလောက်ထိ Display Performance ရော၊ Display Quality ကိုရော Flagship Level ထက်ကျော်အောင် လုပ်လာတော့ ဒီလို အကောင်းစား Display တစ်ခုမှာ 4mm Diameter လောက် Black-hole တစ်ခု ထောင့်ကပ်နေမယ်ဆိုရင် Viewing Experience ကို ကျိန်းသေအနှောင့်အယှက်ဖြစ်မှာပါ - I'm talking at you, S10.
အဲ့တော့ နောက်ဆုံး Curved Panel... Flat Display ကို ကြိုက်တဲ့သူတွေထဲမှာ Tech Gadget လည်းပါပါတယ်။ ဒါပေမယ့် OnePlus က Flagship Killer မဟုတ်တော့တဲ့ အဓိက Display အကောင်းဆုံးလို့ သတ်မှတ်ခံနေရတဲ့ S10 ဖုန်းတွေကို Display ပိုင်းမှာ အသာရအောင်ထုတ်လိုက်တဲ့ဖုန်းပါ။ S10 မှာ Curved Panel သုံးတယ်ဆိုရင် ကျိန်းသေ S Series သုံးတဲ့သူတွေကို OnePlus 7 Pro ဆီရောက်အောင် ခေါ်ဖို့က Curved Panel လိုက်သုံးမှရမှာပါ။ တစ်ခုပါပဲ... Curved ဖြစ်နေပြီးတော့ ဒီ Curved Panel မှာ ထူးထူးခြားခြား Function မပါတာကတော့ နည်းနည်းလေးစိတ်ထဲ Bug ဖြစ်မိပါတယ်။
အဲ့တော့ Display ပိုင်းမှာ Quality ပိုင်းမှာ S10 ကို မမှီဘူးပြောရင်တောင် Performance မှာတော့ ကျိန်းသေ ပိုသာနေမှာ သေချာသလောက်ကိုဖြစ်နေပါပြီ။ သာမန် Flagship Level တောင်မမှီခဲ့တဲ့ ROG Phone ရဲ့ 90Hz Full HD+ Display တစ်ခုထဲကတောင် ကျွန်တော်တို့ကို Daily Driver အဖြစ်သုံးနေမိအောင် ဆွဲဆောင်နိုင်တယ်ဆိုရင် OnePlus 7 Pro ရဲ့ Display က State of the Art ဖြစ်နေပြီလားဆိုတာ စမ်းကြည့်ချင်မိပါတယ်။
#Performance
Snapdragon 855, RAM 12GB, 256GB Storage ဆိုတာက OnePlus ဖုန်းတစ်ခုဆိုတဲ့အတိုင်း Performance မှာ စိတ်ချနေလို့ရတဲ့ Specs တွေပါ။ Processor ကို Overclock လုပ်ထားတာမျိုးမဟုတ်ပေမယ့် ဒီနေရာမှာ ပြောချင်တဲ့အရာတစ်ခုရှိပါတယ်။ Yeah, UFS 3.0
UFS Storage တွေဆိုတာ ဟိုးအရင် ဘိုးတော်ဘုရားလက်ထက်တုန်းကရှိခဲ့တဲ့ eMMC Storage တွေကနေ အများကြီးကွာခြားသွားတဲ့ Storage အမျိုးအစားပါ။ ဒီနေရာမှာတော့ လူအထင်ကြီးခံရနည်းလားဆိုပြီး Specs တွေထိုင်မရွတ်တော့ပဲ နည်းနည်းပိုရင်းနှီးတဲ့အသုံးအနှုန်းတစ်ခုနဲ့ အစားထိုးပြောပါမယ်။
Think of PC Storage Devices.
eMMC ဆိုတာ ပြောရရင် သာမန် Hard Disk တစ်ခုနဲ့ပိုတူပါတယ်။ Read Speed က နှေးကွေးတဲ့ 60MB/s လောက်နဲ့ အလုပ်ဖြစ်ရုံလောက်၊ ဒီ Storage ထဲမှာပဲ တစ်နေရာကနေ တစ်နေရာကို ရွေ့ရင်တောင် File ကြီးရင် စောင့်နေရတဲ့ Storage မျိုးပါ။ အခု အသုံးများနေတဲ့ UFS 2.1 ကြတော့ SATA SSD တွေပိုတူတယ်... SATA Interface ကြောင့် Read Speed က HDD ထက် ၁၀ ဆလောက်ပိုမြန်ပြီးတော့ 600MB/s ဝန်းကျင်လောက်ရလာတယ်... ပြောရရင် Hard Disk သုံးနေတာကနေ SSD လည်းပြောင်းပြီးရော မတရားမြန်သွားတယ်ဆိုတာမျိုး။
ဒါပေမယ့် UFS 2.1 နဲ့ UFS 3.0 ကြတော့ ပြောရနည်းနည်းပိုခက်သွားတယ်။ ပြောရရင် SATA SSD နဲ့ PCI-E SSD ကွာတာလို့ ပြောဖို့ကြတော့လည်း SATA က Max Read Speed 600MB/s ဝန်းကျင်ရှိတဲ့အချိန်မှာ PCI-E x4 Lane နဲ့ SSD တွေက Read Speed 3200+ MB/s ရှိနေတော့။ အဲ့တော့ လောလောဆယ် Daily Driver ဖြစ်နေတဲ့ ASUS Zenbook UX433 နဲ့ Mi Notebook Pro တွေရဲ့ PCI-E x2 Lane နဲ့ PCI-E x4 Lane ကွာသလောက်လို့ ပြောတာက ပိုမှန်မယ်။ ဘာကွာမလဲဆိုရင် Mi Notebook Pro ရဲ့ SSD Read Speed က 3000MB/s ဝန်းကျင်ရှိနေတဲ့အချိန်မှာ Zenbook UX433 က 1500MB/s ဝန်းကျင်ပဲရှိတာမျိုးပါ - UFS 2.1 နဲ့ 3.0 လည်း ပျှမ်းမျှ Speed က ၂ ဆလောက်ကွာပါတယ်။ (~800MB/s Vs 2200MB/s)
ဒီလိုမျိုး ပိုမြန်တဲ့ Storage သုံးလိုက်တာ သိသာရဲ့လား? Definitely YES!
ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတွေအတိုင်းပဲ ဖုန်းတွေလည်း OS တစ်ခုလုံးကို ဒီ Internal Storage ထဲမှာပဲ သွင်းထားတာပါ။ RAM ပေါ်မှာ OS ကို ထည့်ထားတာလည်းမဟုတ်၊ Chipset ထဲကောက်ထည့်ထားတာလည်း မဟုတ်ပါဘူး။ အဲ့တော့ ဒီလိုမျိုး Flagship Processing တွေနဲ့ တွဲရတဲ့ Internal Storage Speed က မြန်ရင် မြန်နိုင်သလောက်ကို သိသာပါတယ်။ ဒါက File Transfer လုပ်တဲ့နေရာပဲမဟုတ်ပါဘူး.. Setting ထဲဝင်တဲ့အချိန်တွေ၊ Home Screen ကနေ App Loading Time တွေ၊ Game Loading, Installation Time တွေ... System ကို တစ်ခုခုလုပ်တဲ့အချိန်တိုင်း ဒီ Internal Storage Speed ပိုမြန်နေတာက သိသာနေမှာပါ။ ပြောနေကြအတိုင်း ဒါက Software Optimization နဲ့လည်းဆိုင်သေးတယ်ဆိုပေမယ့် Oxygen OS မှာတော့ ဒါက Just Icing on the Cake ဖြစ်နေပါပြီ။
မဆိုင်တဲ့တစ်ခုက UFS 3.0 ဖြစ်နေတာက USB-C ကနေ Data Transfer Rate ပိုတိုးလာမှာမဟုတ်ပါဘူး။ ဒါပေမယ့် OnePlus 7 Pro မှာတော့ USB 3.1 Gen 1 ကို သုံးထားတော့ မြန်တယ်ပဲပြောရမှာပေါ့။
အဲ့တော့ကာ ဒီလိုမျိုး UFS 3.0 သုံးတာက ဖုန်းသုံးတဲ့နေရာမှာ သိသာနေမှာမဟုတ်ဘူးလို့ ပြောနေတဲ့သူရှိတယ်ဆိုရင် သူတို့ ကွန်ပျူတာတွေက HDD ပဲ သုံးနေသေးလို့၊ SSD ဆိုရင်လည်း PCI-E x4 SSD မဟုတ်တဲ့ SATA SSD ပဲ သုံးနေတာကြောင့်ဖြစ်ပါလိမ့်မယ်။ Speed is Addicting and Everyone will know the differences once experienced.
ဒါပေမယ့် UFS 3.0 သုံးတယ်ဆိုတိုင်း သုံးရတာသွက်ပါ့မလားဆိုတာက နောက်ထပ် မေးခွန်းတစ်ခုပါ။ ကျွန်တော်တို့ OnePlus 6 Series ကို လွတ်သွားတယ်ဆိုပေမယ့် Performance ကို သေချာစမ်းဖြစ်ခဲ့တဲ့ SD 835, RAM 6GB နဲ့ UFS 2.1 ပဲသုံးထားတဲ့ OnePlus 5 လိုဖုန်းမှာတောင် Performance ပိုင်းအပြစ်ရှာစရာမရှိပါဘူး။ အဲ့တုန်းကတော့ 25 Apps ကနေ 40 Apps လောက်ထိပဲ စမ်းဖြစ်ပေမယ့် ဒီ OnePlus 7 Pro ရဲ့ Performance နဲ့ အသစ်ပါလာတဲ့ RAM Booster လို Feature တွေက 64 Apps အထိ ဆက်တိုက်ဖွင့်သုံးနိုင်တယ်ဆိုတာက Legit Claim တစ်ခုဖြစ်နိုင်ပါတယ်။ But Details on Review anyway.
#Camera
48MP Camera ကိုပြောင်းသုံးပြန်တယ်၊ နောက်ဆုံး Telephoto Lens ပဲ ပြန်သုံးတယ် (3x Optical Zoom ဖြစ်သွားတာကလွဲလို့) ပြီးတော့ လက်ရှိ ဈေးကွက် Demand အရ Ultrawide Lens တစ်ခုထည့်ထားတယ်။ Laser Focus ကိုပါ ထပ်သုံးလာတယ်။
OnePlus 5T ကနေ Pixel 2 ကို ပြောင်းသုံးတဲ့အချိန်မှာ ကျိန်းသေနောင်တမရှိတာက ဒီ Camera ပိုင်းက အဓိကပါ။ Camera ပိုင်းက OnePlus ဖုန်းတွေရဲ့ အားအနည်းဆုံးအချက်ဖြစ်နေပေမယ့် ဒီတစ်ခါတော့ OnePlus 7 Pro က DxO Marks မှာ 111 Marks ရတယ်ဆိုပြီး ကြော်ငြာခဲ့ပါတယ်။
DxO Marks ကြောင့် အကောင်းဆုံးဆိုပြီး ပြောတာထက် ဖြစ်နိုင်တာက OnePlus 7 Pro က Compelling Result တွေကို ရိုက်နိုင်တဲ့အခြေအနေအထိပဲ ခန့်မှန်းထားတာကောင်းဦးမှာပါ။ Maybe S10 ထက် Primary Sensor ပိုကောင်းနေရင်တောင် S10 ရဲ့ Ultrawide Camera ကို မှီမှာ မဟုတ်သေးသလို၊ Huawei P30 Pro လိုဖုန်းတွေရဲ့ Zoom ပိုင်းကိုလည်း ယှဉ်နိုင်ဖို့ မရှိလောက်သေးပါဘူး။ Maybe Better than Mi 9 and that's all.
Camera ပိုင်း Result ကတော့ Review ကိုပဲ စောင့်ကြည့်တာပိုကောင်းမှာပါ။ Selfie Pop-up ကတော့ မစမ်းဖြစ်လောက်တော့ ထည့်မပြောတော့ပါဘူး။
#Haptics Engine
OnePlus 7 Pro က ပြောရရင် Flagship Killer အနေနဲ့ ရှိနေပြီး Flagship တစ်ခုဖြစ်ဖို့ ဘာတွေလိုသလဲဆိုတာကို ကောင်းကောင်းလေ့လာပြီး ထုတ်ခဲ့တဲ့ဖုန်းတစ်ခုဆိုတာ သိသာနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီ Haptics Engine ကို သီးသန့် ထပ်ထည့်ပေးခဲ့လို့ပါ။
Haptics Feedback က Flagship ဖုန်းတစ်ခုမှာ အရေးကြီးဆုံး Luxury Feeling ပြန်ရစေတဲ့အချက်ပါ။ Apple iPhone က လက်ရှိအကောင်းဆုံးနဲ့ Subtle အဖြစ်ဆုံး Haptics ကြောင့် နာမည်ကြီးသလိုပဲ ကျွန်တော်တို့ အခုထိ Pixel 3 ရဲ့ Haptics ကိုလည်း Android ဖုန်းတွေအားလုံးထဲမှာ သဘောကျနေတုန်းပါ။ S10 ကိုလည်း Huawei P30 Pro ထက် Daily ပိုသုံးရတာ Prefer ဖြစ်တယ်ဆိုတာလည်း အနည်းဆုံး S10 က P30 Pro ထက် Haptics ပိုကောင်းနေလို့ပါ။
အဲ့တော့ မနှစ်က ထွက်သမျှဖုန်းတွေထဲမှာ အစုတ်ဆုံးလို့ပြောလို့ရတဲ့ အခေါင်းပေါက်တစ်ခုခကို နှိပ်နေရသလို ခံစားရတဲ့ OnePlus 6T ရဲ့ Haptics ကို ဒီလို ၂ ဆလောက်ပိုကောင်းတဲ့ Haptics Engine နဲ့ OnePlus 7 Pro မှာ အစားထိုးလိုက်တာက အနည်းဆုံး Tech Gadget အတွက်တော့ မတရားသဘောကျမိတဲ့အချက်ထဲမှာ ပါသွားပါတယ်။ iPhone XS ၊ Pixel 3 လောက်မဟုတ်ရင်တောင်မှ Flagship Level Haptics ရှိနေတယ်ဆိုရင် OnePlus 7 Pro က တကယ့် Flagship ဖုန်းလို့တောင် သတ်မှတ်လို့ရသွားမှာပါ။
We just can't wait to test it out!
#Stereo Speakers
Dolby Atmos ကို Support လုပ်တဲ့ Stereo Speakers.
လောလောဆယ်မှာတော့ S10 နဲ့ Pixel 3 ဖုန်းတွေက Android ထဲမှာ အကောင်းဆုံး Stereo Speakers တွေဆိုရင် OnePlus 7 Pro က ဘယ်လောက် Level အထိ တက်လာနိုင်မလဲဆိုတာက နောက်ထပ် စိတ်ဝင်စားဖို့ကောင်းအချက်တစ်ခုပါ။
အမှန်အတိုင်းပြောရရင် OnePlus 7 Pro မှာ Stereo Speakers ပါတာနဲ့တင် မပါတာထက် သဘောကျမိပါတယ်။ အနည်းဆုံး Flagship Level ဖုန်းတစ်ခုဆိုရင် Stereo Speakers က Must Have Feature တစ်ခုပါ။
But why Must Have?
ပြောရရင် ဒီလောက် Wireless Earphones တွေများနေတဲ့အချိန်မှာ Speakers က အရေးကြီးလို့လား? Bluetooth Speakers ဆောင်သွားရင်မရဘူးလား? ဆိုတာတွေက မေးလို့ကောင်းတဲ့ မေးခွန်းတွေပါ။
Tech Gadget ရဲ့ အမြင်အရတော့ Stereo Speakers က Daily Usage ထက် Occasional Usage အတွက်၊ ဒါမှမဟုတ် ညဘက် အိမ်မှာ YouTube ကြည့်၊ ရုပ်ရှင်ကြည့်တာအတွက်ပဲ ပိုပြီး အသုံးဝင်တာပါ။ ဒါပေမယ့် အဲ့ဒီလိုမျိုး သုံးရင် Stereo Speaker ဖြစ်တာနဲ့ Single Mono Firing Speaker ရဲ့ ကွာခြားချက်က မတရားကွာနေပါတယ်။ အဲ့ဒီအချိန်မှာ Single Speaker ဖုန်းက ဘယ်လိုပဲ အသံကျယ်ကျယ် Stereo Separation မရှိတာတစ်ခုထဲနဲ့တင် စိတ်ပျက်စရာဖြစ်သွားတာပါ။ ဈေးဒီလောက်ထိ ပေးထားပြီး Flagship ဖုန်းဝယ်ပေမယ့် ဒီလို Occasional Usage မှာ Compromise လုပ်နေရတာက မဖြစ်သင့်ပါဘူး။ So, Stereo Speakers are MUST Have.
#Battery
4000mAh Battery & 30W Wrap Charging
ဒါပေမယ့် 4100mAh Battery နဲ့ S10+ တောင် Quad HD+ Resolution မှာ On Screen Time က 5/6 Hr ပဲရနေတဲ့အချိန်မှာ OnePlus 7 Pro ရဲ့ 90Hz Display က Battery ပိုခံမယ်ဆိုတာ သိပ်ပြီး ယုံနိုင်စရာမရှိပါဘူး။ ROG Phone ကတော့ အနီးစပ်ဆုံးတူညီတဲ့ ကောက်ချက်ချလို့ရနိုင်လောက်ပြီးတော့ အနည်းဆုံးတော့ 5hr+ လောက်တော့ OST ရမယ်လို့ ယူဆပါတယ်။
ROG Phone မှာတော့ 30W Quick Charge 4.0+ နဲ့ အားသွင်းတာက မတရားမြန်သလိုပဲ အခုလည်း 30W Wrap Charge ဆိုတော့ OnePlus ပြောသလို 20min ကို 0-50% နဲ့ 0-100% ကို 1Hr ဝန်းကျင်လောက်က ဖြစ်နိုင်ပါတယ်။ But more details on Review as usual.
#Software
Oxygen OS မှာ Built-in Screen Recorder ပါလာပြီ (Yayyy :V)
ထုံးစံအတိုင်း Oxygen OS က Pure Android အခြေခံထားတယ်၊ Customize တော်တော်များများလုပ်လို့ရတယ်။ သုံးရတာမြန်မယ်။ Gesture တွေ တော်တော် Smooth ဖြစ်တယ်။ ပြီးတော့ ဘာကျန်မလဲ... လောလောဆယ်မှာတော့ Android Pie ပဲ သုံးထားတယ်။ Android Q Update ရမယ်... Major OS Update ၂ နှစ်နဲ့ Security Patch Update က ၃ နှစ်ရမယ်။ ဒါပေမယ့် Pixel နဲ့ တချို့ဖုန်းတွေလို Monthly Security Update မဟုတ်ပဲ Bi-Monthly Update ကတော့ နည်းနည်း စိတ်ထင့်စရာဖြစ်တယ်။
#Others
ထူးဆန်းတာတစ်ခုက ဒီလောက် Speed ကို ဦးစားပေးနေတဲ့ဖုန်းတစ်ခုက Wi-Fi 6 ကို Support မလုပ်သွားဘူး။ အဲ့တော့ 5G Router တွေပေါ်လာပြီး Gigabit Wi-Fi တွေရှိလာရင် OnePlus 7 Pro က သုံးလို့ရမှာမဟုတ်ဘူး။ S10 Series နဲ့ ယှဉ်ရင် လောလောဆယ်အသုံးမဝင်သေးပေမယ့် စဉ်းစားမရတဲ့ Compromise တစ်ခု။
Display Tuning မှာ DCI-P3, sRGB တွေကို ကောင်းကောင်း Support လုပ်ပြီး ကြိုက်သလို Tuning လုပ်လို့ရတာကလည်း အားရစရာကောင်းတယ်။ ဒါပေမယ့် Refresh Rate မှာ YouTube 60fps Video တွေကြည့်တဲ့အချိန်ကြရင် 90Hz ကနေ 60Hz ကို Auto Change မှာလား.. ဒါမှမဟုတ် အခုလိုမျိုးပဲ 60Hz or 90Hz အသေဖြစ်နေမလားဆိုတာကိုလည်း စမ်းဖို့လိုသေးတယ်။
ပြီးတော့ ဒီ Display ပိုင်းမှာပဲ အခုအထိ Always On Display ကို ထည့်မပေးနိုင်သေးတာကတော့ Flagship Level ဖုန်းတစ်ခုအနေနဲ့ ဒီလောက်ကောင်းတဲ့ OLED Display သုံးထားပြီးတော့ SUCH A WASTE လို့ ပြောရမလိုဖြစ်နေတယ်။
Packaging က အရင်တုန်းက Premium ဖြစ်သလောက် အခု USB-C to 3.5mm Audio Dongle ကို ထည့်မပေးပဲ သီးသန့်ရောင်းတယ်ဆိုတာက တော်တော်လေးကို စိတ်ပျက်စရာလို့ မြင်မိတယ်။ Just Like Apple, huh?
Optical Under-Display Fingerprint က လက်ရှိ ရှိသမျှဖုန်းတွေ... လောလောဆယ်အမြန်ဆုံးဖြစ်နေတဲ့ P30 Pro ထက်တောင် မြန်တယ်ဆိုရင်တော့ တော်တော်ကို အားရစရာဖြစ်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် Face Unlock ပိုင်းမှာ Pop-up Camera ဖြစ်သွားတော့ အရင်က မတရားမြန်ခဲ့တဲ့ OnePlus ရဲ့ Face Unlock က ဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်စားမိတယ်။
ပြီးတော့ အခုထိ Wireless Charging မပါသေးဘူး... ဒါက တခြား Flagship တွေက Reverse Wireless Charging လုပ်နေပြီး သူတို့ Accessories တွေကိုတောင် အားပြန်သွင်းလို့ရနေတဲ့အချိန်မှာ OnePlus အနေနဲ့ နောက်ကျကျန်နေခဲ့ပြီလို့ ပြောလို့ရတယ်။
နောက်ဆုံးတစ်ခုက ဒီ Pop-up Camera တွေ၊ 90Hz Display တွေ၊ 4000mAh Battery တွေအကုန် Compromise နည်းအောင် ထည့်လိုက်တော့ ဖုန်းရဲ့ Width က S10+ ထက်ရော Xiaomi Mi Mix 3 လိုဖုန်းတွေထက်တောင် ပိုများသွားတယ်။ ပြီးတော့ Weight ကလည်း 206g ဆိုတာ S10+ နဲ့ ယှဉ်ရင်တော်တော်ကို ပိုလေးမယ့်သဘောရှိတယ်။ So, Definitely Not for One Hand Use or Small Hand Person.
#Price
နောက်ဆုံးဈေး... US ဈေးထက် ဒီ Local ကို ဝင်လာမယ့်ဈေးတွေက အနိမ့်ဆုံး 6/128 ကို ၁၀ သိန်းဝန်းကျင်ကနေ 12/256 ဆိုရင် ၁၂ သိန်းအထက်လောက် အထိရှိနိုင်တယ်။ အဲ့တော့ ဒီဈေးက အရင် ၆ သိန်း၊ ၇ သိန်းတန် OnePlus ကနေ များလာတာကတော့ အမှန်။ ဒါပေမယ့် ဝယ်သင့်သလား?
အရင်ဆုံး Flagship Killer မဖြစ်တော့လို့ ဒေါ်သထွက်နေတဲ့သူတွေ
Flagship Killer ဆိုတာ ဘာကိုပြောချင်တာလဲဆိုတာ အရင်ပြန်ပြီး စဉ်းစားကြည့်တာက ပိုမှန်မယ်လို့ပဲ ယူဆပါတယ်။ အရင်တုန်းက Flagship Killer တွေအကြောင်းကို Article တင်ဖူးတယ်ဆိုပေမယ့် အခုနောက်ပိုင်းကြတော့ Flagship Killer ဆိုတာ Snapdragon 855 ကို ဈေးအနည်းဆုံးရောင်းနိုင်တဲ့ဖုန်း ဆိုတာကလွဲပြီး တခြားဘာသာပြန်စရာမရှိတော့ဘူးလို့ပဲ မြင်ပါတော့တယ်။
အဲ့တော့ကာ... Flagship Killer ဆိုတဲ့ Redmi K20 ကတော့ လောလောဆယ် ဒီစာရေးနေတဲ့အချိန်အထိ မထွက်သေးဘူး။ အဲ့တော့ Snapdragon 855 ကို ဈေးအနည်းဆုံးရနိုင်တဲ့ Mi 9 ပဲရှိပါတယ်။
Mi 9 က အခု ၆ သိန်းကျော်ဆိုတော့ OnePlus 7 Pro ထက် ၃ သိန်း၊ ၄ သိန်းပိုနည်းတယ်.. တနည်း ထက်ဝက်နီးပါးပါ။
ဒါပေမယ့် Mi 9 နဲ့ OnePlus 7 Pro ယှဉ်မယ်ဆိုရင် Display ၊ Battery ၊ Performance ၊ Camera ၊ Software ၊ Charging ဒီလိုမျိုး အခြေခံ အချက်တော်တော်များများမှာ OnePlus 7 Pro က ပိုသာပါတယ်။ ဒါက Flagship Killer Standard ဖြစ်တဲ့ စာရွက်ပေါ်က Specs ကိုပဲ ယှဉ်တာပါ။
အဲ့ဒီတော့ ဒီစာရွက်ပေါ်မှာ ပိုကောင်းတဲ့ Specs တွေက User Experience နဲ့ ပြန်ကြည့်မယ်ဆိုရင်ရော
အရင်ဆုံး ကျိန်းသေတာ OnePlus 7 Pro ရဲ့ Display တစ်ခုထဲနဲ့တင် Mi 9 ထက် သိသိသာသာကို ပိုကောင်းလိမ့်မယ်၊ ပြီးတော့ Software ပိုင်းမှာ သိသိသာသာ UI ပိုင်း ပိုမြန်နိုင်တယ်၊ နောက်ပြီး Stereo Speakers ပါတာနဲ့ မပါတာရဲ့ ကွာဟချက်များလိမ့်မယ်။ ကျန်တာကတော့ သိပ်ရှိမှာမဟုတ်... Camera ကတော့ ၂ ခုစလုံးက တကယ့် အကောင်းဆုံးဆိုတဲ့ Level တစ်ခုရောက်မှာမဟုတ်တော့ :3
Samsung Galaxy S10 ထက်ပိုပြီး ရွေးချယ်သင့်ပြီလား?
ဒီအဖြေကတော့ ခုနကထက် ပိုလွယ်ပါတယ်။ ၁၀ သိန်းကျော်မှာ S10e ထက်တော့ OnePlus 7 Pro က မတရားကိုတန်ပါတယ်။ ဒါပေမယ့် S10e ကို ဝယ်တဲ့သူတော်တော်များများက Size အသေးဖုန်းကို ကိုင်ချင်လို့ပါ - OnePlus 7 Pro က S10e နဲ့ ယှဉ်ရင် Ultrabook နဲ့ Gaming Laptop ကို ယှဉ်ထားသလိုဖြစ်နေဦးမှာပါ။ အဲ့တော့ ဘယ်လိုပဲ S10e ထက် OnePlus 7 Pro ကို တန်တယ်ပြောပြော ဒီ Size က S10+ ထက်တောင် ကြီးပြီး ပိုလေးနေတာတစ်ခုနဲ့တင် Let Down ဖြစ်နိုင်ပါသေးတယ်။
ပုံမှန် S10 Series တွေ...
ပြောရရင် S10+ ထက် OnePlus 7 Pro က ပိုတန်ပါတယ် - ဒါကလည်း တကယ်လို့ ကိုယ်က Galaxy Buds လို Earbuds တွေကို မသုံးနေရင်ပါ။ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုး Samsung ရဲ့ Accessories တွေပါ သုံးနေတာနဲ့ Reverse Wireless Charging က တော်တော်လေးကို Convenient ဖြစ်နေပြီးတော့ Ecosystem တစ်ခုထဲရောက်သွားတာနဲ့ ပိုတူသွားပါတယ်။
နောက်ပြီး Display Camera Hole ပါနေတာကလွဲရင် S10 တွေက Quality ပိုင်းမှာ Display ရော၊ Speakers ရော အသာရနေဦးမှာပါ။ ကွာခြားချက်က Minor ဖြစ်ပေမယ့်ပေါ့။ ပြီးတော့ Samsung က ပိုပြီး Balanced ဖြစ်တဲ့ Flagship Experience ကို ခံစားရပါတယ် - ပြောရရင် OnePlus 7 Pro မှာ Audio Dongle တောင် မပါတဲ့အချိန်မှာ S10 တွေက 3.5mm Jack ရော AKG Earphone ပါ ပါနေသလိုမျိုးပါ။
ဒါပေမယ့်လည်း Performance နဲ့ Software Experience ကို ဦးစားပေးမယ်ဆိုရင်တော့ OnePlus 7 Pro က Better Buy ဆိုတာ ငြင်းမရပါဘူး။ It will feels so much faster than S10.
နောက်ဆုံး Tech Gadget လိုမျိုး Pixel User တွေ
ဒါကတော့ Personal ဘက်နည်းနည်းရောက်ပါမယ်။ အရင်ကြိုပြောထားတဲ့အတွက် Comment မှာ မရေးခင် ကြိုပြောခဲ့တယ်ဆိုတာလေး သတိထားပေးပါ။
Tech Gadget လို OnePlus ကနေ Pixel ကို ပြောင်းတဲ့လူတွေအတွက်ကြတော့ ဒီ OnePlus 7 Pro ရဲ့ Display နဲ့ Performance က စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် ဝယ်ဖို့ စိတ်ကူးရှိလားဆိုရင်တော့ No လို့ပဲ ဖြေပြီး Pixel 4 ကိုပဲ စောင့်မိမှာပါ။
ဘာကြောင့်လဲ? Pixel ဖုန်းတွေက OnePlus နဲ့ ယှဉ်ရင် မတရားပိုနှေးပါတယ်... ဒါပေမယ့် Pixel Only ဖြစ်နေတဲ့ Software Experience တွေ၊ Camera Quality ၊ Unlimited Photo Backup တွေနဲ့ တခြား Latest Day One Software Update တွေက OnePlus အနေနဲ့ ဘယ်လိုမှ လိုက်မလုပ်နိုင်သေးတဲ့အရာတွေဖြစ်နေပါတယ်။ ပြောရရင် Pixel ဆိုတာ Software ဦးစားပေးဖုန်းတစ်ခုဖြစ်နေပြီး OnePlus 7 Pro က Hardware ဦးစားပေးဖုန်းတစ်ခုဖြစ်နေတာမျိုးပါ။
Tech Gadget အနေနဲ့ OnePlus 7 Pro အစား Pixel 4 ကို စောင့်ဖြစ်တဲ့တစ်ခုထဲသော အကြောင်းပြချက်ဆိုရင် Next Gen Assistant ပဲဖြစ်မှာပါ။ လောလောဆယ်မှာ ဘယ်ဖုန်းမှာမှ Google Built-in ပါတာပဲဖြစ်ဖြစ်၊ မပါတာပဲဖြစ်ဖြစ် Wi-Fi Hotspot ဖွင့်ဖို့တောင် ခိုင်းလို့မရသေးတဲ့အချိန်မှာ ဒီလိုမျိုး System Level Command တွေကို အခုထက် ၁၀ ဆ ပိုမြန်လာမယ်ဆိုတာတစ်ခုထဲနဲ့တင် Pixel 4 ပေါ်မှာ Assistant ကို အခုထက်တောင် ပိုသုံးနေဖြစ်မှာက သေချာနေလို့ပါ။
ဘာပဲဖြစ်ဖြစ် OnePlus 7 Pro က ဈေးများလွန်းတယ်ဆိုတဲ့သူတွေ
OnePlus ကနေ အခု OnePlus 7 Pro က Star of the Show ဆိုပေမယ့် ပုံမှန် OnePlus 7 ကိုပါ မိတ်ဆက်ခဲ့တယ်။ OnePlus 6T လိုပဲ သာမန် Full HD+ Display ၊ Dual Camera နဲ့ စုတ်ပြတ်သတ်နေတဲ့ Haptics ပါမယ်။ Upgrade လုပ်ထားတာက Primary Sensor က 48MP ဖြစ်သွားမယ်၊ UFS 3.0 Storage နဲ့ Dual Stereo Speakers ပဲ ကွာမယ်။ ဒါပေမယ့် ဈေးကြတော့ ၇ သိန်းဝန်းကျင်လောက်က စမယ်ဆိုတော့ OnePlus 7 Pro ကိုလည်း ပိုက်ဆံမလောက်ဘူး၊ UFS 3.0, Stereo Speaker နဲ့ Snapdragon 855 သုံးထားတဲ့ OnePlus ရဲ့ OxygenOS ကို ကြိုက်တယ်ဆိုရင်တော့ တမျိုး။
But, Just Get OnePlus 7 Pro Anyway.
So, this is it - For Now.
OnePlus 7 Pro ကတော့ Review လုပ်ဖြစ်ဖို့ရှိပါတယ်။ အဲ့ဒီအတွက် အခုပြောသွားသမျှက Review ၊ Preview ဆိုတာထက် Translation အနေနဲ့ပဲ သတ်မှတ်ပေးတာပိုအဆင်ပြေမှာပါ။
Anyways, Thanks For Reading.
#TechGadgetMM #TG_TechTranslate
No comments:
Post a Comment