Wednesday, March 11, 2015

HIV-AIDS လင့်ခ်များ




AIDS ရောဂါပိုး ဂေါ်ရီလာမှ ဆင်းသက်လာဟု လေ့လာမှုကဆို
အေ့ဒ်စ်ရောဂါကို ဖြစ် ပွားစေတတ်သည့် ရောဂါဇာစ်မြစ် အား သုတေသီအဖွဲ့နှစ်ခုက ရှာဖွေ ခဲ့ရာ အာဖရိကတိုက်ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂေါ်ရီလာ မျောက်ဝံမှ ဆင်းသက်လာကြောင်း နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့ က တနင်္လာနေ့၌ အမေရိကန်ပြည် ထောင်စု၌ ထုတ်ဝေလိုက်သည့် စာစောင်တွင် ဖော်ပြခဲ့ကြောင်း AFP သတင်းအရ သိရသည်။
အသစ်သိရှိရသည့် အကြောင်း အရာမှာ သုတေသီများက လူသား များကို ကူးစက်နေသည့် HIV ရော ဂါပိုး၏ မူလဘူတဇာစ်မြစ်ကို သိရှိ ခဲ့ရပြီး ဖြစ်သည်ဟု ဆိုလိုပေသည်။
HIV (HIV-1) မှာ အနည်းဆုံး လမ်းကြောင်းလေးခုမှ ကူးစက်နေသည်။ ၄င်းတို့မှာ အုပ်စု M,N,O နှင့် P တို့ ဖြစ်သည်။ အုပ်စုတစ်ခုစီ တွင် ၄င်း၏ မူလဇာစ်မြစ် ရှိကြသည်။ မျောက်ဝံမှ လူသားသို့ ကူးစက်သည်မှာ အနည်းဆုံး အခြေအနေ လေးရပ် ကြောင့် ကူးစက်ခြင်းဖြစ်သည်။
အုပ်စု M နှင့် N မှာ ကင်မရွန်းချန်ပန်ဇီမျောက်ဝံမှ ကူးစက်ခြင်း ဖြစ်သည်။ သို့ရာတွင် O နှင့် P ရော ဂါပိုးများ၏ ဇာစ်မြစ်ကိုမူ မည်သည့် နေရာမှလာသည်ကို မသိရသေးဟု ဆိုသည်။
AFP (ဝါရှင်တန်၊ မတ် ၄)

Yangon Media Group - AIDS ရောဂါပိုး ဂေါ်ရီလာမှ ဆင်းသက်လာဟု လေ့လာမှုကဆို 

AIDS နှင့် ရင်သားကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုထက် ညစ်ပတ်သော ရေကြောင့် အမျိုးသမီးများ သေဆုံးမှု ပိုများ
ညစ်ပတ်သော ရေများနှင့် ညံ့ ဖျင်းသော ရေဆိုးထုတ်စနစ်တို့မှ ပျံ့နှံ့ သော ရောဂါများမှာ ကမ္ဘာတစ်ဝန်း အမျိုးသမီးများ သေဆုံးရခြင်း ပဉ္စမမြောက်လိုက်သော အကြောင်းရင်းဖြစ်ပြီး AIDS၊ ဆီးချိုရောဂါ (သို့မဟုတ်) ရင်သားကင်ဆာရောဂါတို့ထက် ပိုမိုသေဆုံးမှုဖြစ်စေ သည်ဟု သုတေသီများက ပြောသည်။

ဘေးအန္တရာယ်ကင်းသော သန့်စင်ခန်းများနှင့် သန့်ရှင်းသော ရေ များအသုံးပြုခွင့်မရကြသဖြင့် နှစ်စဉ်နှစ်တိုင်း အမျိုးသမီး ရှစ်သိန်းခန့် သေဆုံးနေကြကြောင်း ဆီယက်တဲလ်မြို့ အခြေစိုက် ကျန်းမာရေး အချက်အလက် တိုင်းတာရေးအဖွဲ့ သုတေသနဌာနမှ အချက် အလက်များကို စိစစ်လေ့လာခဲ့သည့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ Water Aid က ပြောသည်။
ယင်းအချက်မှာ အမျိုးသမီးကြီး၊ အမျိုးသမီးငယ်များ၏ ကျန်း မာရေးနှင့် ပညာရေးတို့ကို ထိခိုက်စေသည့် လုံးဝလက်မခံနိုင်စရာ အချက်ဖြစ်ပြီး အမျိုးသမီးအများအပြားမှာ စောစောစီးစီး မလိုအပ် ဘဲ သေဆုံးနေရသည်ဟု Water Aid အဖွဲ့အမှုဆောင်အရာရှိ ဘာဘာရာဖရော့စ်က ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ရေသန့်ရှင်းမှုစနစ် မရှိခြင်းထက် အမျိုးသမီးများ ပိုမို သေဆုံးစေသော ရောဂါအခြေအနေများမှာ နှလုံးရောဂါလေဖြတ် ခြင်း၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောဂါ ကူးစက်ခြင်း များနှင့် ပြင်းထန်သော အဆုတ်ရောဂါတို့ဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်း အမျိုးသမီး သုံးဦးလျှင် တစ်ဦး (သို့မဟုတ်) အမျိုးသမီး တစ်ဘီလီယံကျော်သည် လုံခြုံသော သီးသန့်သန့်စင်ခန်း များသုံးခွင့်မရကြဘဲ အမျိုးသမီး ဆယ်ဦးလျှင် တစ်ဦး (သို့မဟုတ်) သန်း ၃၇၀ မှာ သန့်ရှင်းသော ရေအသုံးပြုခွင့် မရကြဟု Water Aid အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

၁၉၉၀ မှ ၂၀၁၂ ကြား လူပေါင်း နှစ်ဘီလီယံကျော်သည် သန့်ရှင်းသော ရေကိုအသုံးပြုခွင့်ရသော်လည်း လူပေါင်းသန်း ၇၅၀ ခန့် မှာ လူ့အခွင့်အရေးတစ်ခုအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် သန့်ရှင်းသော ရေသုံးစွဲခွင့် မရသေးကြောင်း သိရသည်။

ညစ်ပတ်သော ရေများနှင့် သန့်ရှင်းမှုအားနည်းခြင်းတို့မှာ မိခင် နှင့် ကလေးသေဆုံးမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကဲ့သို့ ပြဿနာများ၏ ရင်းမြစ်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အမျိုးသမီး အများအပြားမှာ သန့်ရှင်းသော ရေမရှိဘဲ နေအိမ်၌သာ ကလေးမီးဖွားကြသဖြင့် ၎င်းတို့ ကိုယ်တိုင် နှင့် ၎င်းတို့၏ ကလေးငယ်များ ရောဂါကူးစက်ခံကြရသည်။
ဘေးကင်းလုံခြုံသည့် သန့်စင်ခန်းမရှိသော အမျိုးသမီးများမှာ တစ်ခါတစ်ရံ ညအချိန်များတွင် အပေါ့၊ အလေးသွားရန် အရဲစွန့်၍ အပြင်သို့ ထွက်ကြရသောကြောင့် လိင်ပိုင်း ဆိုင်ရာစော်ကားမှုနှင့် အကြမ်းဖက်အန္တရာယ်ကျရောက်လာစေသည်
ထို့ပြင် ဆင်းရဲသော နိုင်ငံများစွာတွင် ရေခပ်သည့် အလုပ်ကို အမျိုးသမီးများ၏ တာဝန်ဟု မှတ်ယူထားကြပြီး တစ်နေ့လျှင် နာရီပေါင်း များစွာရေသွားခပ်ရင်း အချိန်ကုန်ကြရသဖြင့် ကျောင်း တက်ရန် (သို့မဟုတ်) မိဘများကို ပြုစုစောင့်ရှောက်ရန် မဖြစ်နိုင်ဘဲ ရှိနေသည်။
Reuters
7 Day Daily - AIDS နှင့် ရင်သားကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုထက် ညစ်ပတ်သော ရေကြောင့် အမျိုးသမီးများ သေဆုံးမှု ပိုများ 

HIV-AIDS လင့်ခ်များ

ကျွန်တော့်မှာ ဆေးမှင်ကြောင်ထိုးရာမှတဆင့် HIV ရောဂါပိုး စတင်ခဲ့ပါတယ်။ ဆေးမှတ်တမ်းအရ ၁ နှစ်ခွဲ ရှိပါပြီ။ အိမ်ထောင်ရှိပါသည်။ ၂၄ နာရီခြားဆေးတလုံး နေ့စဉ်မှီဝဲရပါသည်။ အမျိုးသမီးတွင် HIV ပိုးမရှိပါ။ ယခုပြသနေသော ဆရာကြီးမှာ မည်သည့်ဆွေးနွေးချက်ကိုမျှ နားမထောင်ပေးပါ။ ဆေးစစ် ဆေးပေး ပြီးလျင် နောက်တယောက် (ရန်ကုန်စတိုင်) ဖြစ်နေပါသောကြောင့် ကျွန်တော် သားသမီးလိုချင်ပါသည်။ ကောင်းကျိုး ဆိုးကျိုးသိလိုပါသည်။ 

ကလေးအားရောဂါနှင့် လူ့ဘဝထဲ ဆွဲမသွင်းချင်သောကြောင့် ဖြစ်နိုင်၏ မဖြစ်နိုင်၏ သိလိုပါသည်။ သို့မဟုတ် မည့်သည့်ဆရာဝန်နှင့်ပြသသင့်သည်ကို လမ်းညွန်ပေးစေလိုပါသည် ဆရာခင်ဗျား။ မိသားစု မျှော်လင့်ချက် များစွာဖြင့် မြန်မာပြည်မှ ကို့။ PS HIV ရောဂါပျောက်ကင်းနိုင်မည့် ဆေးဝါးနှင့် သတင်းများကို အမြဲမျှော်လင့်နေပါသည်။
ဆရာရေးထားတဲ့ HIV စာတွေ ဖတ်မိပါသလား။ ကလေးကို  ကူးစေတာက မိခင်မှာ ပိုးရှိမှဖြစ်နိုင်တယ်။

1. HIV is evolving နှေးလာနေပြီ http://doctortintswe.blogspot.com/20…/…/hiv-is-evolving.html
2. HIV and AIDS by the Numbers http://doctortintswe.blogspot.com/…/hiv-and-aids-by-numbers…
3. HIV Tests (2) http://doctortintswe.blogspot.com/2014/11/hiv-tests-2.html
4. HIV Tests (3) http://doctortintswe.blogspot.com/2014/11/hiv-tests-3.html
5. Pregnancy and HIV http://doctortintswe.blogspot.com/…/pregnancy-and-hiv-hiv_1…
6. HIV screening tests http://doctortintswe.blogspot.com/…/hiv-screening-tests.html
7. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/11/hiv-truvada.html
8. HIV and AIDS drugs (2) ခုခံအားကျရောဂါ ဆေးတွေ (၂) http://doctortintswe.blogspot.com/…/hiv-and-aids-drugs-2.ht
9. HIV/AIDS Myths and Facts http://doctortintswe.blogspot.com/…/hivaids-myths-and-facts…
10. HIV Summary အတိုချုပ် http://doctortintswe.blogspot.com/…/hiv-cd4-viral-load-and-…
11. HIV, CD4, Viral load and ART အိတ်ခ်ျအိုင်ဗွီ http://doctortintswe.blogspot.com/…/hiv-cd4-viral-load-and-…
12. HIV Tests (1) http://doctortintswe.blogspot.com/2014/11/hiv-tests-1.html
13. Contraceptives for women with STI/HIV လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV ရှိ အမျိုးသမီးတွေအတွက် ကိုယ်ဝန်တားနည်းများ http://doctortintswe.blogspot.com/…/contraceptives-for-wome…
14. HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ http://doctortintswe.blogspot.com/…/hiv-opportunistic-infec…
15. HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ http://doctortintswe.blogspot.com/2014/11/hiv-faq.html
16. HIV: How it spreads ဘယ်လိုကူးစက်လဲ http://doctortintswe.blogspot.com/…/11/hiv-how-it-spreads.h…
17. HIV medicines Side effects (1) ART ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးများ http://doctortintswe.blogspot.com/…/hiv-medicines-side-effe…
18. HIV-AIDS at glance http://doctortintswe.blogspot.com/…/11/hiv-aids-at-glance.h…
19. HIV ဆေးသစ် Edurant ကို FDA က အသိအမှတ်ပြုလိုက်ပြီ http://doctortintswe.blogspot.com/20…/…/hiv-edurant-fda.html
20. HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ http://doctortintswe.blogspot.com/…/hiv-acute-infection.html
21. HIV as a weapon http://doctortintswe.blogspot.com/2014/10/hiv-as-weapon.html
22. HIV Sexual transmission လိင်ကတဆင့် HIV ကူးစက်ခြင်း http://doctortintswe.blogspot.com/…/hiv-sexual-transmission…
23. HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ http://doctortintswe.blogspot.com/…/hiv-and-oral-practice.h…
24. HIV vaccine ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/hiv-vaccine.html
25. How to live with HIV-positive person အတူနေမယ် မကူးစေရ http://doctortintswe.blogspot.com/…/how-to-live-with-hiv-po…
26. HIV and AIDS http://doctortintswe.blogspot.com/2014/11/hiv-and-aids.html
27. HIV and AIDS drugs (1) ခုခံအားကျရောဂါ ဆေးတွေ (၁) http://doctortintswe.blogspot.com/…/hiv-and-aids-drugs-1.ht
28. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/…/hiv-prevention.html
29. World AIDS Day ကမ္ဘာ့ (အေ-အိုင်-ဒီ-အက်စ်) နေ့ http://doctortintswe.blogspot.com/2014/…/world-aids-day.html
30. How to live with HIV-positive person အတူနေမယ် မကူးစေရ http://doctortintswe.blogspot.com/…/how-to-live-with-hiv-po…
31. HIV during pregnancy ကိုယ်ဝန်နဲ့ HIV http://doctortintswe.blogspot.com/…/hiv-during-pregnancy-hi…


ဒေါက်တာတင့်ဆွေ - HIV-AIDS လင့်ခ်များ

လိင်လုပ်သားတွေ အကြမ်းဖက်ခံနေရတာ ဘယ်လိုကာကွယ်မလဲ

လိင်လုပ်သားတွေ တွေ့ကြုံရင်ဆိုင်နေရတဲ့ အမျိုးမျိုးသော အကြမ်းဖက်ခံရမှုတွေကို ဖြေရှင်းဖို့အတွက် ၂ဝ၁၁ ကစပြီး UNDP, UNFPA, APNSW အဖွဲ့တေါအပါအဝင် မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ အစိုးရနဲ့အတူ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းလေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ လိင်လုပ်သားတွေ ဘယ်လို အကြမ်းဖက်ခံနေရသလဲ။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၄ ခုမှာစတင်ခဲ့တဲ့ လေ့လာချက်စစ်တမ်းရဲ့ သုတေသနတွေ့ရှိချက်အရ ဒေသအတွင်းဖြစ်ပွားနေတဲ့ လိင်လုပ်သားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ အကြောင်း လေ့လာ သုံးသပ်ထားတာဖြစ်ပြီး အကြမ်းဖက်ခံရသူ လိင်လုပ်သားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေလည်း မရှိတာကြောင့် တိုင်တန်းမယ်ဆိုရင် အမှုပိုကြီးသွားတာမို့ သည်းခံနေနေရတယ်လို့ မကေသီက ဆိုပါတယ်။

လူ့ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံမှုတွေက အရင်ကနဲ့ယှဉ်ရင် လျော့နည်းသွားပေမယ့် အကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးနိုင်မယ့် ဥပဒေပေါ်လာဖို့ကတော့ အများကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ က စတင်ပြီး ပြုစုလေ့လာခဲ့တဲ့ The Right Process ခေါင်းစဉ်နဲ့ အစီရင်ခံစာမှာတော့ ၄ နိုင်ငံက လိင်လုပ်သား အမျိုးသား အမျိုးသမီးနဲ့ လိင်ပြောင်းထားသူ ၁၄၆ ယောက်ကို တွေ့ဆုံမေးမြန်းထားတာတွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။

လိင်လုပ်သားတွေ အကြမ်းဖက်ခံနေရမှုကို ဒီသုတေသန စာတမ်းက အဓိကလေ့လာထားပေမယ့် အရေးလည်းကြီးသလို လူတိုင်းအမြဲပြောနေတဲ့ လူ့အခွင့်အရေးကို ထောက်ပြထားတာဖြစ်ပါတယ်လို့ UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ဆိုပါတယ်။ လိင်လုပ်သားတွေကို ကာကွယ်ပေးနိုင်တဲ့ဥပဒေ ပေါ်လာဖို့က အစိုးရနဲ့ ဆိုင်တယ်ဆိုပေမယ့် အစိုးရတစ်ခုတည်း ဖြေရှင်းနိုင်မှာမဟုတ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူ ပါဝင်လာဖို့က လိုအပ်တယ်လို့ ထောက်ပြပါတယ်။

ရုပ်သံ - https://www.youtube.com/watch?v=Baq4Ru-GQ_I

 
ကမာရွတ် - လိင်လုပ်သားတွေ အကြမ်းဖက်ခံနေရတာ ဘယ်လိုကာကွယ်မလဲ

No comments: