Saturday, October 31, 2020

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ


#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ရေးသားသူ Dr. Thiha Phyo Myint




လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျား၊မ သဘာဝဆိုတာ မွေးကတည်းက ပါလာပြီးသား၊သတ်မှတ်ပြီးသားပါ


(လိင်နှစ်မျိုးပါလာတာတို့ ဘာတို့ စသဖြင့် ချွင်းချက်လေးတွေတော့ ရှိသပေါ့လေ)။ ဒါပေမယ့် ကျွန်တော်တို့ ဆေးပညာအရ အထီး၊အမ သဘာဝ သတ်မှတ်တယ်၊ခွဲခြားတယ်ဆိုတာကလည်း အပြင်ပန်းမြင်ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး သတ်မှတ်ရတာမျိုး မဟုတ်လား။


ယေဘုယျအားဖြင့် အပြင်ပန်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ အတွင်းပိုင်းစိတ်သဏ္ဍာန်ကဖြစ်ပေါ်လာတဲ့ လိင်စိတ်သဘာဝတို့ဟာ (အနောက်တိုင်း ဆေးပညာ အလိုအရတော့ ကျား၊မလိင်ဟော်မုန်းတွေက လွှမ်းမိုးချုပ်ကိုင်နေတဲ့ လိင်စိတ်တွေပေါ့) သဟဇာတဖြစ်ပါတယ်။ ပုံစံတူညီပါတယ်။ ဆိုလိုတာက အပြင်ပန်းမှာ ကျားသဘာဝပုံစံရှိတယ်ဆိုရင် အတွင်းလိင်စိတ်ကလည်း ကျားသဘာဝပဲဖြစ်တာမို့ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့ မ သတ္တဝါကို လိုချင်တပ်မက်ပါတယ်။ ဒါဟာ လူအများစုမှာ ဖြစ်နေတဲ့ သဘာဝအရှိတရားဖြစ်တဲ့အတွက် ‘ပုံမှန်’လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကိုပဲ လိင်စိတ်တိမ်းညွှတ်မှုလို့လည်း သမုတ်နိုင်မှာပါ။


လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် သွေးသားဆန္ဒအရ တစုံတဦးကို တိမ်းညွှတ်တွယ်တာ လိုချင်တပ်မက်တာကို လိင်စိတ်တိမ်းညွှတ်မှုလို့ အကြမ်းဖြင်း သတ်မှတ်နိုင်ပါတယ်။


လိင်စိတ်တိမ်းညွှတ်မှုကို (အများအားဖြင့်) အမျိုးအစား သုံးမျိုး ခွဲလေ့ရှိပါသတဲ့။


Heterosexual : Hetero ဆိုတာ မိမိနှင့် အမျိုးအစားမတူညီသောလို့ အဓိပ္ပါယ်သက်ရောက်တာမို့ ဆန့်ကျင်ဖက်လိင်ကို တပ်မက်စွဲလမ်းတာဟာ Heterosexual ဖြစ်ပါတယ်။ ဒါကတော့ များရာစုပေါ့လေ။


Bisexual : Bi ဆိုတာ နှစ်ခု၊နှစ်မျိုးလို့ ဆိုလိုတာမို့ ကျားမ မဟူနှစ်မျိုးလုံးကို စွဲလမ်းသဘောကျသူတွေကိုတော့ Bisexual လို့ ဆိုပြန်သပေါ့။


Homosexual : Homo ဆိုတာ တူညီသည် လို့ ပြောချင်တာမို့ ကိုယ်နဲ့ လိင်သဘာဝတူသူတွေကိုမှ စွဲလမ်းချစ်ခင်မြတ်နိုးတတ်ကြသူ (ဝါ) လိင်တူချစ်သူများပေါ့။

အတွင်းစိတ်သဏ္ဍာန်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို အပြင်ပန်းမှာ ပေါ်ပေါ်လွင်လွင် ဖော်ပြသူတွေရှိသလို ဖုံးအုပ်ထားသူတွေလည်း ဒုနဲ့ဒေးပါ။


#တချို့လူတွေဟာ Bisexual ဒါမှမဟုတ် Homosexual ဘာလို့ ဖြစ်လာကြတာလဲ။


ဒီနှစ်မျိုးအပါအဝင် လိင်စိတ်တိမ်းညွှတ်မှုအားလုံးဟာ ပတ်ဝန်းကျင်လွှမ်းမိုးမှု၊စိတ်ပိုင်းဆိုင်ရာခံစားချက်၊ဟော်မုန်းနဲ့ အခြားသော ဇီဝဖြစ်စဉ်လွှမ်းမိုးမှုတွေ ပေါင်းစည်းခြင်းပေါ် မူတည်ပြီး ကွဲပြားဖြစ်ပေါ်လေ့ရှိတယ်လို့ သိပ္ပံပညာရှင်အများစုက လက်ခံထားကြပါတယ်။ ဆိုလိုချင်တာကတော့ အချက်တချက်တည်းကြောင့် လိင်တူလိင်ကွဲ စွဲလမ်းတာမျိုး ဖြစ်ရတာမဟုတ်ဘဲ နောက်ခံအကြောင်းပေါင်းစုံသင့်မှသာ ဖြစ်ပေါ်လာရတာမျိုးလို့ ပြောချင်တာပါ။ ဒီနောက်ခံအကြောင်းပေါင်းစုံဆိုတာဟာလည်း လူတဦးနဲ့တဦးမှာ မတူညီနိုင်ပါဘူး။


ဒီနေရာမှာ သိထားရမယ့် အချက်က လိင်တူစိတ်ဝင်စားခြင်း၊လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားခြင်း စတာတွေဟာ စိတ်ရောဂါမဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း ဘာသာရေးအရပဲဖြစ်ဖြစ်၊နဂိုသတ်မှတ်ပြီးသား အထင်အမြင်တွေကြောင့်ပဲဖြစ်ဖြစ် အဆိုပါ ပုဂ္ဂိုလ်တွေဟာ အနည်းနဲ့အများဆိုသလို ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။


#ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဘယ်လိုသိနိုင်မလဲ။


ပုံမှန်အားဖြင့်တော့ မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ပေါ်လွင်ပီပြင်လာလေ့ရှိပါတယ်။ ဒီလို ပေါ်လွင်လာဖို့အတွက် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတစုံတရာ ရှိဖို့လည်း မလိုအပ်ပါဘူး။ လိင်တူစိတ်ဝင်စားသူတွေဟာဆိုရင်လည်း သစ်ရွက်လှုပ်ရင် စိတ်ကူးယဉ်ချင်တယ်ဆိုတဲ့ လူပျိုဖော်၊အပျိုဖော် ဝင်ခါစ ကာလမှာ မိမိနဲ့ ကျား၊မ လိင်သဘာဝတူညီတဲ့သူတွေအပေါ်မှာ စွဲလမ်းတပ်မက်စိတ်တွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။


#လူတယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပြောင်းလဲပစ်နိုင်သလား။


လိင်စိတ်တိမ်းညွှတ်မှုဆိုတဲ့ အမှုကိစ္စဟာ ရွေးချယ်မှုမဟုတ်တဲ့အတွက် ပြောင်းလဲပစ်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ပညာရှင်အများစုက လက်ခံယူဆထားကြပါတယ်။ လိင်တူ/လိင်စုံ စိတ်ဝင်စားသူအချို့ဟာ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို ကြောက်ရွံ့တဲ့အတွက် လူအများစုနည်းတူ လိင်ကွဲကိုသာ စိတ်ဝင်စားသယောင် ဟန်ဆောင်နေကြရတာမျိုးတွေလည်း ရှိနေပါတယ်။ ဘာသာရေး၊လူမှုရေးဆိုင်ရာ ကွပ်ညှပ်မှုတွေဟာလည်း လိင်တူ/လိင်စုံ စိတ်ဝင်စားမှုတွေကို တထောင့်တနေရာကနေ ဖိနှိပ်တာမျိုး၊မရည်ရွယ်ဘဲ ခွဲခြားလိုက်တာမျိုးတွေ ရှိနေဆဲပါ။


လိင်စိတ်တိမ်းညွှတ်မှုဟာ လူသားဖြစ်တည်မှုရဲ့ နောက်ခံအကြောင်းရင်းများစွာ ပေါင်းစပ်ပါဝင်နေပြီး အတိတ်ကံတွေ၊အကုသိုလ်တွေကြောင့်လည်း မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ သိပ္ပံပညာရပ်ကတော့ သည်လိုပဲ ဆိုပါတယ်။ ဒူးရင်းသီးကို အသေရရ အရှင်ရရ ကြိုက်နှစ်သက်သူတွေရှိသလို အနံ့တောင်မခံနိုင်သူတွေလည်း ရှိနေပါတယ်။ ဒီလိုပါပဲ .. လိင်စိတ်တိမ်းညွှတ်မှုဟာလည်း လူတကိုယ်အကြိုက်တမျိုးဆိုတဲ့ သဘောသာဖြစ်တာမို့ ဘယ်လိုလူမျိုးကိုပဲမဆို မေတ္တာရှေ့ထားပြီး ချစ်ချစ်ခင်ခင်နဲ့ သူ့အကျိုးကိုယ့်အကျိုး နှစ်ဦးနှစ်ဝ အဆင်ပြေအောင် ဖေးမကူညီလက်တွဲဆက်ဆံကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက အခုထက်ပိုပြီး နေပျော်တဲ့ အသိုက်အဝန်းကြီးတခု ဖြစ်လာမှာ အသေအချာပါပဲ။


#Helloဆရာဝန်

 (Zawgyi) 

လိင္စိတ္တိမ္းၫႊတ္ျခင္းဆိုတာဘာလဲ


#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Dr. Thiha Phyo Myint





လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ က်ား၊မ သဘာဝဆိုတာ ေမြးကတည္းက ပါလာၿပီးသား၊သတ္မွတ္ၿပီးသားပါ


(လိင္ႏွစ္မ်ိဳးပါလာတာတို႔ ဘာတို႔ စသျဖင့္ ခြၽင္းခ်က္ေလးေတြေတာ့ ရွိသေပါ့ေလ)။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေဆးပညာအရ အထီး၊အမ သဘာဝ သတ္မွတ္တယ္၊ခြဲျခားတယ္ဆိုတာကလည္း အျပင္ပန္းျမင္ရတဲ့ အဂၤါအစိတ္အပိုင္းေတြကို ၾကည့္ၿပီး သတ္မွတ္ရတာမ်ိဳး မဟုတ္လား။


ေယဘုယ်အားျဖင့္ အျပင္ပန္းအဂၤါအစိတ္အပိုင္းေတြ နဲ႔ အတြင္းပိုင္းစိတ္သ႑ာန္ကျဖစ္ေပၚလာတဲ့ လိင္စိတ္သဘာဝတို႔ဟာ (အေနာက္တိုင္း ေဆးပညာ အလိုအရေတာ့ က်ား၊မလိင္ေဟာ္မုန္းေတြက လႊမ္းမိုးခ်ဳပ္ကိုင္ေနတဲ့ လိင္စိတ္ေတြေပါ့) သဟဇာတျဖစ္ပါတယ္။ ပုံစံတူညီပါတယ္။ ဆိုလိုတာက အျပင္ပန္းမွာ က်ားသဘာဝပုံစံရွိတယ္ဆိုရင္ အတြင္းလိင္စိတ္ကလည္း က်ားသဘာဝပဲျဖစ္တာမို႔ ဆန႔္က်င္ဖက္လိင္ျဖစ္တဲ့ မ သတၱဝါကို လိုခ်င္တပ္မက္ပါတယ္။ ဒါဟာ လူအမ်ားစုမွာ ျဖစ္ေနတဲ့ သဘာဝအရွိတရားျဖစ္တဲ့အတြက္ ‘ပုံမွန္’လို႔ လူ႔အဖြဲ႕အစည္းက သတ္မွတ္ထားေလ့ရွိပါတယ္။ ဒါကိုပဲ လိင္စိတ္တိမ္းၫႊတ္မႈလို႔လည္း သမုတ္ႏိုင္မွာပါ။


လူတေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ခ်စ္ျခင္းေမတၱာ ဒါမွမဟုတ္ ေသြးသားဆႏၵအရ တစုံတဦးကို တိမ္းၫႊတ္တြယ္တာ လိုခ်င္တပ္မက္တာကို လိင္စိတ္တိမ္းၫႊတ္မႈလို႔ အၾကမ္းျဖင္း သတ္မွတ္ႏိုင္ပါတယ္။


လိင္စိတ္တိမ္းၫႊတ္မႈကို (အမ်ားအားျဖင့္) အမ်ိဳးအစား သုံးမ်ိဳး ခြဲေလ့ရွိပါသတဲ့။


Heterosexual : Hetero ဆိုတာ မိမိႏွင့္ အမ်ိဳးအစားမတူညီေသာလို႔ အဓိပၸါယ္သက္ေရာက္တာမို႔ ဆန႔္က်င္ဖက္လိင္ကို တပ္မက္စြဲလမ္းတာဟာ Heterosexual ျဖစ္ပါတယ္။ ဒါကေတာ့ မ်ားရာစုေပါ့ေလ။


Bisexual : Bi ဆိုတာ ႏွစ္ခု၊ႏွစ္မ်ိဳးလို႔ ဆိုလိုတာမို႔ က်ားမ မဟူႏွစ္မ်ိဳးလုံးကို စြဲလမ္းသေဘာက်သူေတြကိုေတာ့ Bisexual လို႔ ဆိုျပန္သေပါ့။


Homosexual : Homo ဆိုတာ တူညီသည္ လို႔ ေျပာခ်င္တာမို႔ ကိုယ္နဲ႔ လိင္သဘာဝတူသူေတြကိုမွ စြဲလမ္းခ်စ္ခင္ျမတ္ႏိုးတတ္ၾကသူ (ဝါ) လိင္တူခ်စ္သူမ်ားေပါ့။

အတြင္းစိတ္သ႑ာန္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို အျပင္ပန္းမွာ ေပၚေပၚလြင္လြင္ ေဖာ္ျပသူေတြရွိသလို ဖုံးအုပ္ထားသူေတြလည္း ဒုနဲ႔ေဒးပါ။


#တခ်ိဳ႕လူေတြဟာ Bisexual ဒါမွမဟုတ္ Homosexual ဘာလို႔ ျဖစ္လာၾကတာလဲ။


ဒီႏွစ္မ်ိဳးအပါအဝင္ လိင္စိတ္တိမ္းၫႊတ္မႈအားလုံးဟာ ပတ္ဝန္းက်င္လႊမ္းမိုးမႈ၊စိတ္ပိုင္းဆိုင္ရာခံစားခ်က္၊ေဟာ္မုန္းနဲ႔ အျခားေသာ ဇီဝျဖစ္စဥ္လႊမ္းမိုးမႈေတြ ေပါင္းစည္းျခင္းေပၚ မူတည္ၿပီး ကြဲျပားျဖစ္ေပၚေလ့ရွိတယ္လို႔ သိပၸံပညာရွင္အမ်ားစုက လက္ခံထားၾကပါတယ္။ ဆိုလိုခ်င္တာကေတာ့ အခ်က္တခ်က္တည္းေၾကာင့္ လိင္တူလိင္ကြဲ စြဲလမ္းတာမ်ိဳး ျဖစ္ရတာမဟုတ္ဘဲ ေနာက္ခံအေၾကာင္းေပါင္းစုံသင့္မွသာ ျဖစ္ေပၚလာရတာမ်ိဳးလို႔ ေျပာခ်င္တာပါ။ ဒီေနာက္ခံအေၾကာင္းေပါင္းစုံဆိုတာဟာလည္း လူတဦးနဲ႔တဦးမွာ မတူညီႏိုင္ပါဘူး။


ဒီေနရာမွာ သိထားရမယ့္ အခ်က္က လိင္တူစိတ္ဝင္စားျခင္း၊လိင္ႏွစ္မ်ိဳးလုံးကို စိတ္ဝင္စားျခင္း စတာေတြဟာ စိတ္ေရာဂါမဟုတ္ဘူး ဆိုတဲ့ အခ်က္ပါပဲ။ ဒါေပမယ့္လည္း ဘာသာေရးအရပဲျဖစ္ျဖစ္၊နဂိုသတ္မွတ္ၿပီးသား အထင္အျမင္ေတြေၾကာင့္ပဲျဖစ္ျဖစ္ အဆိုပါ ပုဂၢိဳလ္ေတြဟာ အနည္းနဲ႔အမ်ားဆိုသလို ခြဲျခားဆက္ဆံျခင္း ခံရတတ္ပါတယ္။


#ကိုယ့္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို ဘယ္လိုသိႏိုင္မလဲ။


ပုံမွန္အားျဖင့္ေတာ့ ၿမီးေကာင္ေပါက္ဆယ္ေက်ာ္သက္အ႐ြယ္မွာ မိမိရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈက ေပၚလြင္ပီျပင္လာေလ့ရွိပါတယ္။ ဒီလို ေပၚလြင္လာဖို႔အတြက္ လိင္ပိုင္းဆိုင္ရာ ထိေတြ႕ဆက္ဆံမႈတစုံတရာ ရွိဖို႔လည္း မလိုအပ္ပါဘူး။ လိင္တူစိတ္ဝင္စားသူေတြဟာဆိုရင္လည္း သစ္႐ြက္လႈပ္ရင္ စိတ္ကူးယဥ္ခ်င္တယ္ဆိုတဲ့ လူပ်ိဳေဖာ္၊အပ်ိဳေဖာ္ ဝင္ခါစ ကာလမွာ မိမိနဲ႔ က်ား၊မ လိင္သဘာဝတူညီတဲ့သူေတြအေပၚမွာ စြဲလမ္းတပ္မက္စိတ္ေတြ စတင္ေပၚေပါက္လာတတ္ပါတယ္။


#လူတေယာက္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို ေျပာင္းလဲပစ္ႏိုင္သလား။


လိင္စိတ္တိမ္းၫႊတ္မႈဆိုတဲ့ အမႈကိစၥဟာ ေ႐ြးခ်ယ္မႈမဟုတ္တဲ့အတြက္ ေျပာင္းလဲပစ္ဖို႔ရာ မျဖစ္ႏိုင္ဘူးလို႔ ပညာရွင္အမ်ားစုက လက္ခံယူဆထားၾကပါတယ္။ လိင္တူ/လိင္စုံ စိတ္ဝင္စားသူအခ်ိဳ႕ဟာ ပတ္ဝန္းက်င္ရဲ႕ ခြဲျခားဆက္ဆံမႈကို ေၾကာက္႐ြံ႕တဲ့အတြက္ လူအမ်ားစုနည္းတူ လိင္ကြဲကိုသာ စိတ္ဝင္စားသေယာင္ ဟန္ေဆာင္ေနၾကရတာမ်ိဳးေတြလည္း ရွိေနပါတယ္။ ဘာသာေရး၊လူမႈေရးဆိုင္ရာ ကြပ္ညႇပ္မႈေတြဟာလည္း လိင္တူ/လိင္စုံ စိတ္ဝင္စားမႈေတြကို တေထာင့္တေနရာကေန ဖိႏွိပ္တာမ်ိဳး၊မရည္႐ြယ္ဘဲ ခြဲျခားလိုက္တာမ်ိဳးေတြ ရွိေနဆဲပါ။


လိင္စိတ္တိမ္းၫႊတ္မႈဟာ လူသားျဖစ္တည္မႈရဲ႕ ေနာက္ခံအေၾကာင္းရင္းမ်ားစြာ ေပါင္းစပ္ပါဝင္ေနၿပီး အတိတ္ကံေတြ၊အကုသိုလ္ေတြေၾကာင့္လည္း မဟုတ္ပါဘူး။ လက္ေတြ႕က်တဲ့ သိပၸံပညာရပ္ကေတာ့ သည္လိုပဲ ဆိုပါတယ္။ ဒူးရင္းသီးကို အေသရရ အရွင္ရရ ႀကိဳက္ႏွစ္သက္သူေတြရွိသလို အနံ႔ေတာင္မခံႏိုင္သူေတြလည္း ရွိေနပါတယ္။ ဒီလိုပါပဲ .. လိင္စိတ္တိမ္းၫႊတ္မႈဟာလည္း လူတကိုယ္အႀကိဳက္တမ်ိဳးဆိုတဲ့ သေဘာသာျဖစ္တာမို႔ ဘယ္လိုလူမ်ိဳးကိုပဲမဆို ေမတၱာေရွ႕ထားၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔ သူ႔အက်ိဳးကိုယ့္အက်ိဳး ႏွစ္ဦးႏွစ္ဝ အဆင္ေျပေအာင္ ေဖးမကူညီလက္တြဲဆက္ဆံၾကမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေနထိုင္ရာ ကမာၻႀကီးက အခုထက္ပိုၿပီး ေနေပ်ာ္တဲ့ အသိုက္အဝန္းႀကီးတခု ျဖစ္လာမွာ အေသအခ်ာပါပဲ။


#Helloဆရာဝန္

Friday, October 30, 2020

ကြက်သားခွေးတောက်ရွက် (အစပ်) -ငါးကြင်းကြော်နှပ်-ကြက်သားသုပ်

ကြက်သားခွေးတောက် အစပ်ချက်၊ ကြက်သားသုပ် ဆီမပါ၊ ငါးကြော်နှပ် အချို၊ မုန့်ညင်းရွက်ကြော် (သို့) ရွှေဖရုံသီးချက်

ရခိုင်ဟင်းလျာတွေနှင့် ထမင်းပူပူလေးနဲ့စားသောက်ရတာ အတော့်ကို ထမင်းမြိန်စေပါတယ်။ သူတို့ဟင်းချက်တာက ဆီသိပ်မသုံးတော့ ကျန်းမာရေးနှင့်ညီညွတ်ပါရဲ့။ အခု ကြက်သားခွေးတောက်ကိုအစပ်လေးချက်၊ ငါးကြော်ကိုအချိုနှပ် ပြီးတော့ အသီးအရွက်အဖြစ် မုန့်ညင်းရွက်ကြော် လေးကြော်စားမယ်။ အရံအဖြစ် ကြက်သားသုပ်(ဆီမပါ)တို့ အရွက်ကြော်မကြိုက်ရင်စားဖို့ ရွှေဖရုံသီးချက်တို့ပါ ချက်စားနိုင် တယ်နော်။ 

အသားဟင်း၊အရွက်ဟင်း ချိုချဉ်စပ်အရသာစုံဟင်းပွဲကြီးတစ်ခု စီမံလိုက်ပါတယ်။ သူငယ်ချင်းတို့ ထမင်းစားမြိန်စေဖို့နော်။

ကြက်သားခွေးတောက်ရွက် (အစပ်)



ပါဝင်သည့်ပစ္စည်းများ

ကြက်အရိုးအသား - ၂၅ကျပ်သား၊ စပါးလင် ၄ပင်၊ ငရုတ်သီးစိမ်းရှည် ၁၀တောင့်၊ ချင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၃ဥ၊ ရှမ်းနံနံ ၃ပင်၊ စိမ်းစားငါးပိ ဆီးဖြူသီးခန့်၊ ဟင်းခတ်မှုန့်+ဆား လိုသလောက်၊ခွေးတောက်ရွက်ကောင်းကောင်း ၃စည်း၊ ဆီ စားပွဲတင်ဇွန်း ၁ဇွန်း၊ ခရမ်းချဉ်သီး ၂လုံး၊ နနွင်းမှုန့် အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

- ကြက်အရိုးအသားကိုရေဆေးပြီး အနေတော်တုံးပါ။ 

-စပါးလင်ကို အပြင်ခွံခွာ အရွက်နည်းနည်းဖယ် ရေဆေးပြီး ထုထောင်းထားပါ။

- ခွေးတောက်ရွက်ကို ပိုးမပါအောင် သေချာကြည့်ပြီး ချွေထားပါ။

- ကြက်သွန်နီကို ခြောက်စိတ်ခန့်စီ စိတ်ထားပါ။

- ကြက်သွန်ဖြူကို ကြက်သွန်နီ ၁ဥနှင့် ရောထောင်းပါ။ ချင်းကို ဓားပြားရိုက်ထားပါ။

- ငရုတ်သီးစိမ်းများကို နှစ်ခြမ်းညှပ်ထားပါ။

- ဒယ်အိုးထဲ ဆီ ၁ဇွန်းထည့်၍ ကြက်သွန်ဖြူနီ၊ ချင်း ဆီသတ်ပါ။

- စိမ်းစားငါးပိထည့်ပါ။ ခရမ်းချဉ်သီး လေးစိတ်စိတ်ပြီး ထည့်ပါ။

- ကြက်သားထည့်ပါ ဆားဟင်းခတ်မှုန့် စပါးလင်အုပ်ပြီးချက်ပါ။

- ကြက်သားအိုးဆူလျှင် ရေလိုသလောက်ထည့်ပါ။

- ဟင်းအိုးဆူ၍ စားခါနီးတွင် ခွေးတောက်ရွက်ထည့်ပါ။

- ရှမ်းနံနံခတ်၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။


ငါးကြင်းကြော်နှပ်




ပါဝင်သည့်ပစ္စည်းများ

ငါးကြင်း - ၆၀ ကျပ်သားခန့်(အကွင်းလိုက်တုံးပြီး)၊ ငရုတ်သီးစိမ်းရှည် ၁၅တောင့်၊ ကြက်သွန်နီ ဥကြီး ၃ဥ၊ ကြက်သွန်ဖြူ ၃ ဥ၊ နံနံပင် ၅ပင်၊ စိမ်းစားငါးပိ လက်သန်းခေါင်းခန့်၊ ဆား အနေတော်၊ ဟင်းခတ်မှုန့် အနေတော်၊ ဆီ ၅ကျပ်သား၊ ငရုတ်သီးခြောက် ၅တောင့်၊ ခရမ်းချဉ်သီး ၃၀ကျပ်သား၊ နနွင်း အနေတော်။

ပြင်ဆင်ချက်ပြုတ်နည်း

ငါးကြင်းကို ညှီနံ့ပျောက်အောင် ရေဆေးပါ။ ဆားနနွင်း၊ ဟင်းခတ်မှုန့်နှင့်ရောနယ်ပါ။ 

ဆီဒယ်အိုးကို ဖင်ပူအောင် အပူပေးပြီး ဆီ ၅ကျပ်သားခန့်ထည့်ပါ။ ဆီကျက်လျှင် ငါးကြင်းကို ထည့်ကြော်ပါ။ ကြွပ်ကြွပ်လေး မဖြစ်ခင် ဆယ်ထားပါ။

ခရမ်းချဉ်သီး အစေ့ဖယ်ပြီး အသင့်လှီးထားပါ။ ငရုတ်သီးပွခြောက်ကို ထောင်းထားပါ။ ငရုတ်သီးစိမ်း ၂ခြမ်း ခြမ်းထားပါ။

ငရုတ်သီးခြောက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီ၊ ဆီသတ်ပါ။ 

ခရမ်းချဉ်သီးထည့်ပြီး လှိမ့်ပါ။ စိမ်းစားငါးပိထည့်ပါ။ ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။

ဆီပြန်လာလျှင် ငါးကြင်းကြော်ထည့်ပါ။ ဖွဖွလေး မွှေပါ၊ နံနံပင် အုပ်လိုက်ပါ။

ငရုတ်သီးစိမ်းရနံ့သင်းကာ စားနေကြနှင့် မတူဘဲ အရသာပေါ်လွင်သည့် ငါးကြာင်းကြော်နှပ်ကို ရရှိပါမည်။

(ငရုတ်သီးလုံးဝမကြိုက်ဘူး အချိုနှပ်ဆိုရင်တော့ ငရုတ်သီးကိုလျော့ထည့်ပါလို့နော်။)

ကြက်သားသုပ် (ဆီမပါ)




ပါဝင်သည့်ပစ္စည်းများ

ကြက်သား(CP) ၂၅ကျပ်သား၊ ကြက်သွန်နီ(ဥကြီး) - ၁၀ကျပ်သား၊ နံနံပင် ၁၀ပင်၊ ငရုတ်သီးစိမ်း ၁၅တောင့်၊ ဟင်းခတ်မှုန့်၊ဆား လိုသလောက်၊ သံပရာသီး ၁လုံး၊

ပြင်ဆင်ချက်ပြုတ်နည်း

- စီပီကြက် ၂၀ကျပ်သား ရေစင်အောင်ဆေးပြီး ဆားဟင်းခတ်မှုန့်ထည့်၊ ရေနည်းနည်းထည့်ပြီး အဖုံးဖုံးပြီးရေခန်းအောင်ပြုတ်ပါ။

- အကျက်ညီအောင် ပြန်လှန်ပေးပါ။

- ကြက်သားပြုတ်ထားစဉ် ကြက်သွန်နီ ပါးပါးလှီးထားပါ။

- ငရုတ်သီးစိမ်းကို ပါးပါးညှပ်ထားပါ။

- ကြက်သားကျက်လျှင် အအေးခံပြီး အမွှာလေးများဖြစ်အောင် နွှာလိုက်ပါ။

- ထမင်းပွဲပြင်ခါနီးမှ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ ဟင်းခတ်မှုန့်၊ ဆား၊ နံနံပင် တစ်ဝက်ထည့်ပြီး ရောနယ်ပါ။

- သံပရာရည် ညှစ်ထည့်၍နယ်ပြီး ဟင်းကို ပန်းကန်ထဲကို ထည့်ပြီးမှ ကျန်နေသည့် နံနံပင်ကို လှအောင်ဖြူးလိုက်ပါ။

(အရသာရှိ၍ ဆီမပါသော ရိုးရှင်းလွယ်ကူသည့် ကြက်သားသုပ်)




ချက်ပြုတ်ပြသူ - မဦးခင်စော(အိုအေစစ်) 


(Zawgyi) 

 ၾကက္သားေခြးေတာက္ အစပ္ခ်က္၊ ၾကက္သားသုပ္ ဆီမပါ၊ ငါးေၾကာ္ႏွပ္ အခ်ိဳ၊ မုန္႕ညင္းရြက္ေၾကာ္ (သို႕) ေရႊဖရံုသီးခ်က္

ရခိုင္ဟင္းလ်ာေတြႏွင့္ ထမင္းပူပူေလးနဲ႕စားေသာက္ရတာ အေတာ့္ကို ထမင္းျမိန္ေစပါတယ္။ သူတို႕ဟင္းခ်က္တာက ဆီသိပ္မသံုးေတာ့ က်န္းမာေရးႏွင့္ညီညြတ္ပါရဲ႕။ အခု ၾကက္သားေခြးေတာက္ကိုအစပ္ေလးခ်က္၊ ငါးေၾကာ္ကိုအခ်ိဳႏွပ္ ျပီးေတာ့ အသီးအရြက္အျဖစ္ မုန္႕ညင္းရြက္ေၾကာ္ ေလးေၾကာ္စားမယ္။ အရံအျဖစ္ ၾကက္သားသုပ္(ဆီမပါ)တို႕ အရြက္ေၾကာ္မၾကိဳက္ရင္စားဖို႕ ေရႊဖရံုသီးခ်က္တို႕ပါ ခ်က္စားႏိုင္ တယ္ေနာ္။ 

အသားဟင္း၊အရြက္ဟင္း ခ်ိဳခ်ဥ္စပ္အရသာစံုဟင္းပြဲၾကီးတစ္ခု စီမံလိုက္ပါတယ္။ သူငယ္ခ်င္းတို႕ ထမင္းစားျမိန္ေစဖို႕ေနာ္။

ၾကက္သားေခြးေတာက္ရြက္ (အစပ္)




ပါ၀င္သည့္ပစၥည္းမ်ား

ၾကက္အရိုးအသား - ၂၅က်ပ္သား၊ စပါးလင္ ၄ပင္၊ ငရုတ္သီးစိမ္းရွည္ ၁၀ေတာင့္၊ ခ်င္း လက္၁ဆစ္၊ ၾကက္သြန္ျဖဴ ၂ဥ၊ ၾကက္သြန္နီ ၃ဥ၊ ရွမ္းနံနံ ၃ပင္၊ စိမ္းစားငါးပိ ဆီးျဖဴသီးခန္႕၊ ဟင္းခတ္မႈန္႕+ဆား လိုသေလာက္၊ေခြးေတာက္ရြက္ေကာင္းေကာင္း ၃စည္း၊ ဆီ စားပြဲတင္ဇြန္း ၁ဇြန္း၊ ခရမ္းခ်ဥ္သီး ၂လံုး၊ နႏြင္းမႈန္႕ အနည္းငယ္

ျပင္ဆင္ခ်က္ျပဳတ္နည္း

- ၾကက္အရိုးအသားကိုေရေဆးျပီး အေနေတာ္တံုးပါ။ 

-စပါးလင္ကို အျပင္ခြံခြာ အရြက္နည္းနည္းဖယ္ ေရေဆးျပီး ထုေထာင္းထားပါ။

- ေခြးေတာက္ရြက္ကို ပိုးမပါေအာင္ ေသခ်ာၾကည့္ျပီး ေခြၽထားပါ။

- ၾကက္သြန္နီကို ေျခာက္စိတ္ခန္႕စီ စိတ္ထားပါ။

- ၾကက္သြန္ျဖဴကို ၾကက္သြန္နီ ၁ဥႏွင့္ ေရာေထာင္းပါ။ ခ်င္းကို ဓားျပားရိုက္ထားပါ။

- ငရုတ္သီးစိမ္းမ်ားကို ႏွစ္ျခမ္းညႇပ္ထားပါ။

- ဒယ္အိုးထဲ ဆီ ၁ဇြန္းထည့္၍ ၾကက္သြန္ျဖဴနီ၊ ခ်င္း ဆီသတ္ပါ။

- စိမ္းစားငါးပိထည့္ပါ။ ခရမ္းခ်ဥ္သီး ေလးစိတ္စိတ္ျပီး ထည့္ပါ။

- ၾကက္သားထည့္ပါ ဆားဟင္းခတ္မႈန္႕ စပါးလင္အုပ္ျပီးခ်က္ပါ။

- ၾကက္သားအိုးဆူလွ်င္ ေရလိုသေလာက္ထည့္ပါ။

- ဟင္းအိုးဆူ၍ စားခါနီးတြင္ ေခြးေတာက္ရြက္ထည့္ပါ။

- ရွမ္းနံနံခတ္၍ ပူပူေႏြးေႏြး သံုးေဆာင္ႏိုင္ပါျပီ။

ငါးၾကင္းေၾကာ္ႏွပ္




ပါ၀င္သည့္ပစၥည္းမ်ား

ငါးၾကင္း - ၆၀ က်ပ္သားခန္႕(အကြင္းလိုက္တံုးျပီး)၊ ငရုတ္သီးစိမ္းရွည္ ၁၅ေတာင့္၊ ၾကက္သြန္နီ ဥၾကီး ၃ဥ၊ ၾကက္သြန္ျဖဴ ၃ ဥ၊ နံနံပင္ ၅ပင္၊ စိမ္းစားငါးပိ လက္သန္းေခါင္းခန္႕၊ ဆား အေနေတာ္၊ ဟင္းခတ္မႈန္႕ အေနေတာ္၊ ဆီ ၅က်ပ္သား၊ ငရုတ္သီးေျခာက္ ၅ေတာင့္၊ ခရမ္းခ်ဥ္သီး ၃၀က်ပ္သား၊ နႏြင္း အေနေတာ္။

ျပင္ဆင္ခ်က္ျပဳတ္နည္း

ငါးၾကင္းကို ညႇီနံ႕ေပ်ာက္ေအာင္ ေရေဆးပါ။ ဆားနႏြင္း၊ ဟင္းခတ္မႈန္႕ႏွင့္ေရာနယ္ပါ။ 

ဆီဒယ္အိုးကို ဖင္ပူေအာင္ အပူေပးျပီး ဆီ ၅က်ပ္သားခန္႕ထည့္ပါ။ ဆီက်က္လွ်င္ ငါးၾကင္းကို ထည့္ေၾကာ္ပါ။ ၾကြပ္ၾကြပ္ေလး မျဖစ္ခင္ ဆယ္ထားပါ။

ခရမ္းခ်ဥ္သီး အေစ့ဖယ္ျပီး အသင့္လွီးထားပါ။ ငရုတ္သီးပြေျခာက္ကို ေထာင္းထားပါ။ ငရုတ္သီးစိမ္း ၂ျခမ္း ျခမ္းထားပါ။

ငရုတ္သီးေျခာက္၊ ငရုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴနီ၊ ဆီသတ္ပါ။ 

ခရမ္းခ်ဥ္သီးထည့္ျပီး လွိမ့္ပါ။ စိမ္းစားငါးပိထည့္ပါ။ ဆား၊ဟင္းခတ္မႈန္႕ ထည့္ပါ။

ဆီျပန္လာလွ်င္ ငါးၾကင္းေၾကာ္ထည့္ပါ။ ဖြဖြေလး ေမႊပါ၊ နံနံပင္ အုပ္လိုက္ပါ။

ငရုတ္သီးစိမ္းရနံ႕သင္းကာ စားေနၾကႏွင့္ မတူဘဲ အရသာေပၚလြင္သည့္ ငါးၾကာင္းေၾကာ္ႏွပ္ကို ရရွိပါမည္။

(ငရုတ္သီးလံုး၀မၾကိဳက္ဘူး အခ်ိဳႏွပ္ဆိုရင္ေတာ့ ငရုတ္သီးကိုေလ်ာ့ထည့္ပါလို႕ေနာ္။)

ၾကက္သားသုပ္ (ဆီမပါ)




ပါ၀င္သည့္ပစၥည္းမ်ား

ၾကက္သား(CP) ၂၅က်ပ္သား၊ ၾကက္သြန္နီ(ဥၾကီး) - ၁၀က်ပ္သား၊ နံနံပင္ ၁၀ပင္၊ ငရုတ္သီးစိမ္း ၁၅ေတာင့္၊ ဟင္းခတ္မႈန္႕၊ဆား လိုသေလာက္၊ သံပရာသီး ၁လံုး၊

ျပင္ဆင္ခ်က္ျပဳတ္နည္း

- စီပီၾကက္ ၂၀က်ပ္သား ေရစင္ေအာင္ေဆးျပီး ဆားဟင္းခတ္မႈန္႕ထည့္၊ ေရနည္းနည္းထည့္ျပီး အဖံုးဖံုးျပီးေရခန္းေအာင္ျပဳတ္ပါ။

- အက်က္ညီေအာင္ ျပန္လွန္ေပးပါ။

- ၾကက္သားျပဳတ္ထားစဥ္ ၾကက္သြန္နီ ပါးပါးလွီးထားပါ။

- ငရုတ္သီးစိမ္းကို ပါးပါးညႇပ္ထားပါ။

- ၾကက္သားက်က္လွ်င္ အေအးခံျပီး အမႊာေလးမ်ားျဖစ္ေအာင္ ႏႊာလိုက္ပါ။

- ထမင္းပြဲျပင္ခါနီးမွ ငရုတ္သီးစိမ္း၊ ၾကက္သြန္၊ ဟင္းခတ္မႈန္႕၊ ဆား၊ နံနံပင္ တစ္၀က္ထည့္ျပီး ေရာနယ္ပါ။

- သံပရာရည္ ညႇစ္ထည့္၍နယ္ျပီး ဟင္းကို ပန္းကန္ထဲကို ထည့္ျပီးမွ က်န္ေနသည့္ နံနံပင္ကို လွေအာင္ျဖဴးလိုက္ပါ။

(အရသာရွိ၍ ဆီမပါေသာ ရုိးရွင္းလြယ္ကူသည့္ ၾကက္သားသုပ္)




ခ်က္ျပဳတ္ျပသူ - မဦးခင္ေစာ(အိုေအစစ္) 

Wednesday, October 28, 2020

ဗုဒ္ဓ ရဲ့ နောက်ဆုံး စကားတော်

ဗုဒ္ဓ ရဲ့  နောက်ဆုံး စကားတော် 

..........................................




ဗုဒ္ဓရဲ့နောက်ဆုံးစကားတော် ကို 

တထာဂတပစ္ဆိဝါစာ ( the last word of the Buddha) ဆိုပြီး ဒီဃနိကာယ် မဟာဝဂ္ဂ မှာ တွေ့ရပါတယ်။ 

(တထာဂတ = ဘုရားရှင်၊ ပစ္ဆိမ = နောက် ဆုံးဖြစ်သော၊ ဝါစာ= စကားတော်)


တထာဂတပစ္ဆိမ ဝါစာ လို့ခေါ်တဲ့ ဗုဒ္ဓရဲ့ နောက်ဆုံးစကားတော်ဟာ သံဃာ့ရဲ့အဖွဲ့ အစည်းအတွက် အရေးပါတဲ့အနှစ်ချုပ်စကားလို့ ဆိုရပါမယ်။ 


ဗုဒ္ဓရဲ့နောက်ဆုံးစကားတော်ဟာ ၄၅ ဝါကာလပတ်လုံး မရှင်းမလင်းဖြစ်နေတဲ့ 

ဝိရောဓိ အတွေးတွေကို အတိုဆုံး

အကျဉ်းဆုံးနဲ့ အထိရောက်ဆုံးမိန့်မှာခဲ့

တယ် အရေးပါတဲ့ သမိုင်းဝင် စကားဖြစ်ပါတယ်။ 


သံသယ  Doubt နဲ့ ဘက်လိုက်မှု Prejudice တွေကို  မကျန်ရစ်အောင်

အနာဂတ် သံဃာ့အဖွဲ့ အစည်းအတွက် ရှင်းလင်းဖြေရှင်းပေးခဲ့ တဲ့ စကားတွေလည်းဖြစ်ပါတယ်။ 


ဗုဒ္ဓရဲ့ နောက်ဆုံးစကားတော်ကို ကြည့်ရင် သံဃာ့အဖွဲ့အစည်းရဲ့ 

ပေါ်ပေါက်ပြီး ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက်လတ္တံ့ သော အပိုင်းသုံးပိုင်း ကိုတွေ့ရပါတယ်။ 


သံဃာ့အဖွဲ့အစည်းအတွက် မှာ ကြားတဲ့ ဗုဒ္ဓစကားတော်က အချက် ၆ ချက်ရှိပါတယ်။ 


၁။ Discipline and Teaching 

.....................................

အချက် ၁ မှာ ကြုံတွေ့ရမယ့်အပိုင်းကို ပြော တယ်လို့ အနက်ကို ကောက်ချက် ချလို့ရပါတယ်။ 


ဗုဒ္ဓ ပြောတဲ့ စကားတော်တွေထဲမှာ 

''အာနန္ဒာ 'တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား) မှ ကင်းကွာခဲ့ပြီ၊ ငါတို့၏ဆရာ (ဘုရား) သည် မရှိတော့ပြီ'ဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်အပ်။ အာနန္ဒာ ငါ ဟောကြားပညတ်ထားသော တရားတော်နှင့်ဝိနည်းတော်သည် ငါကွယ်လွန်သောအခါ၌ သင်တို့၏ ဆရာ (ဘုရား) ပင် ဖြစ်ပေ၏။" ဆိုတဲ့ 


ဘုရားမရှိတော့ဘူး ဆိုပြီး ထင်မှတ်ခြင်းသော်လည်းဖြစ်ရာ၏ 

ဆိုတဲ့ စကားရပ်ဟာ အနာဂတ်ကာလ ကို ရည်ရွယ်ပြီး ပြောတဲ့ စကားရပ် 

ဆို တာ ထင်ရှားပါတယ်။ 


သံဃာ့အဖွဲ့အစည်းတစ်ရပ်ဟာ 

အနာဂတ်ကာလမှာ ပြဿနာရပ်တွေ ကြုံတွေ့ရတဲ့အခါ ဆုံးဖြတ်ပေးရမယ့် 

ဗုဒ္ဓ မရှိတော့ဘူးဆိုရင် ဘယ်လို လုပ်ရမယ့် ဆိုတဲ့ အနာဂတ်လမ်းညွှန်ချက်ဖြစ်ပါတယ်။


သံဃာ့အဖွဲ့ အစည်းရဲ့ တည်တံ့မှုကို 

အခြေတည်စဉ်းစားတဲ့အခါ

ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု Personalization  နဲ့ 

အဖွဲ့ အစည်းပြုခြင်း Instutionalization နှစ်ခုကြားကွဲပြား ပေးခဲ့တာ တွေ့ရပါတယ်။ 


သံဃာ့အဖွဲ့အစည်း ရေရှည်တည်တံ့ဖို့ ဆိုရင် လူ (person) နဲ့ မူ (policy) ကို ကွဲပြားဖို့လိုပါတယ်။ 


အဖွဲ့အစည်းပြုခြင်း

Institutionalization ခိုင်မာဖို့ 

မူ (policy) ကို သာ အဓိက ထားဖို့ မိန့်ကြားချက်က မှတ်သားစရာကောင်းပါတယ်။ 


နောက်ပိုင်း အဖွဲ့အစည်း Institution တည်ဆောက်မှု အပိုင်း တွေမှာ 

မူ (policy) က အရေးကြီးတယ်ဆိုတာ နောက်မှ တဖြည်းဖြည်း သဘောပေါက်ပေါက်လာကြပါတယ်။ 


ကမ္ဘာကျော်  Apple ကုမ္ပဏီကြီးရဲ့ စီအီးအို  (CEO)  စတိဗ် ဂျော့ဗ် Steve Jobs ကွယ်လွန်သွားပေမယ့် Apple ကုမ္ပဏီ ကြီး မပြိုလဲ သွားဘူး၊ မပျောက်ကွယ်သွားဘူး ဆိုတာ မူဝါဒ policy က ခိုင်လို့ပါ။ ကုမ္ပဏီတည်ရှိခြင်းအကြောင်းအရာဟာ မူဝါဒခိုင်မာမှု  ပေါ် မှာ ထိုင်ထားလို့ ပါ။ 


ဒါကြောင့်ဗုဒ္ဓ က အတန်တန်မှာ ကြားတဲ့စကားမှာ  မူဝါဒ နဲ့  နည်းလမ်းကျင့်စဉ် ဟာ အဖွဲ့အစည်းတစ်ခု ရှင်သန်ရပ်တည်ဖို့ အတွက် လုံလောက်တဲ့ အရင်းအမြစ် ဖြစ်တယ် ဆိုတာပါပဲ။  ဖ


ဗုဒ္ဓ မှာကြားခဲ့တဲ့ ဝိနည်းစည်းကမ်းတွေဟာ သံဃာ အဖွဲ့အစည်းအတွက်

မူဝါဒဖြစ်ပါတယ်။ ဓမ္မတရားတော်တွေကတော့ နည်းလမ်းကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။ 


သံဃာ့အဖွဲ့အစည်းဟာ  ဗုဒ္ဓရဲ့တည်ရှိမှု personelization အပေါ်မှာသာ အမှီပြုမှုကဲသွားတာနဲ့ အဖွဲ့အစည်းအန္တရာယ်ပေါ်ပေါက်နိုင်တယ်ဆိုတာ 

ဗုဒ္ဓက တင်ကူးသတိပြုမိခဲ့တာ ထင်ရှားလှပါတယ်။ 


လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကျော်ကတည်းကနေ ယနေ့ထိတိုင် ရှင်သန်ကျန်ရစ်စေတဲ့ မောင်းနှင်အားက 

မူဝါဒ နဲ့နည်းလမ်းကျင့်စဉ် နှစ်ရပ် ပေါ်မှာမှီတည်နေလို့ ဆိုနိုင်ပါတယ်။ 


ဗုဒ္ဓက ပရိနဗ္ဗာန်စံဝင်တော်မူကာနီးမှာ

သတိပေးမှာကြား ချက်ဟာ သံဃာ့အဖွဲ့အစည်းရေရှည်တည်တံ့ ခြင်း

Sustainability အတွက် အရေးပါလှပါတယ်။ 


၂။ Mutual respect 

..............................

နောကိဆုံးစကားတော် အချက် ၂ က 

အခေါ်အဝေါ်ပါ။ 

ငါ့သျှင် 'အာဝုသော' ဆိုတဲ့  စကားနဲ့  (ကြီးငယ်မရွေး) ခေါ်ပြာနေတာကို 

 ငါကွယ်လွန်တဲ့အခါ အဲသလို မခေါ် 

ပါစေနဲ့ လို့ဆိုပါတယ်။ 


ထေရ်ကြီးဝါကြီးတွေက ဝါငယ်တဲ့ ရဟန်းတွေကို ငါ့သျှင် 'အာဝုသော' လို့ခေါ်တာ သင့်တော်ပေမယ့် 

ရဟန်းသက်နု သေးတဲ့ ရဟန်းတွေဟာ ထေရ်ကြီးဝါကြီးရဟန်း တွေကို 

ငါ့သျှင် "အာဝုသော" လို့ ခါ်တာ မသင့်တော်ဘူးလို့ ဆိုပါတယ်။ 


ရိုရိုသေသေဖြစ်စေတဲ့ အသျှင်ဘုရား 'ဘန္တေ'  လို့ပဲဖြစ်ဖြစ် အသျှင် 'အာယသ္မာ' လို့ ပဲဖြစ်ဖြစ် ခေါ်ဝေါ်ပါ လို့ ဆိုပါတယ်။ 


ဒုတိယအချက်အနေနဲ့ အခေါ်အဝေါ် ကို အရေးတကြီး ထောက်ပြတာ စဉ်းစားစရာကောင်းလှပါတယ်။ 


သာသနာတော်တည်မြဲရေး Sustainability  မှာ အပြန်အလှန်လေးစားမှု mutual respect ကို ဖြစ်စေတဲ့ဘအခေါ်အဝေါ်က အရေးပါလှပါတယ်။ 


ဗုဒ္ဓထောက်ပြမှ အခေါ်အဝေါ်နဲ့ အလေးထားဆက်ဆံမှုဟာ အဖွဲ့အစည်းးတစ်ခုရဲ့  စီးကပ်ပေါင်းစည်းမှု Social  cohesiveness အတွက် အရေးပါတယ် ဆိုတာပါပဲ။ 


မထီမဲ့မြင်ပြုတာ အခေါ်အဝေါ် တွေနဲ့ အထင်သေးရှုပ်ချတာဟာ အဖွဲ့အစည်းတစ်ခုရဲ့  ရေရှည် တည်မြဲမှုကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဆိုတာ ကို ဗုဒ္ဓက ကြိုတင်တွက်ဆခဲ့ ပြီး မီးပွားကိုာအရင်ငြိမ်းသတ်နိုင်ခဲ့တာကြောင့်လည်း ၂၆၀၀ ကျော်က သံဃာ့အဖွဲ့အစည်းဟာ ယနေ့အချိန်ထိ ကြံ့ကြံ့ခံနေတာပါ။ 


၃။ Residual Power and Collective decisive power 

......................................

တတိယအချက်ကတော့.

အသေးအနုပ် (ခုဒ္ဒါနုခုဒ္ဒက) သိက္ခာပုဒ်တွေကို နုတ်ပယ်ချင်ရင် နုတ်ပယ်ဆိုပြီး ဆိုခဲ့ပါတယ်။ 


ဒီအချက်မှာပါတဲ့ အသေးအနုပ်သိက္ခာပုဒ်တွေကို ပြင်ခွင့်ပေးတာဟာ 

သံဃာ့အဖွဲ့အစည်းရဲ့ လက်ထဲကို  အကြွင်းအကျန်အာဏာ residual power ကို ထည့်ပေးခဲ့ခြင်းဖြစ်ပါတယ်။ 


သံဃာ့အဖွဲ့အစည်းရဲ့ သိက္ခာပုဒ်အသေးလေးတွေကို ခေတ်သစ် လူ့အဖွဲ့ အစည်းနဲ့ကိုက်ညီအောင် ပြုပြင်ခွင့် အာဏာကို သံဃာ့အဖွဲ့အစည်းထဲ အပ်ခဲ့တာလည်းဖြစ်ပါတယ်။ 


တိရစ္ဆာန်တွေနဲ့ မောင်းနှင်ရတဲ့ ယာဉ်တွေ မစီးရဘူးလို့ ဝိနည်းတော်မှာ တားမြစ်ထားပေမယ့် စက်တပ် လေယာဉ်ပျံတွေပေါ်ပေါက်လာတဲ့အခါ စီးသင့်မစီးသင့် ဆိုတာ အကြောင်းအကျိုး သင့်ဆီလျှော်မှုတွေကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာကို သံဃာ့အဖွဲ့အစည်းလက်ထဲ ထည့်ပေးခဲ့ တာဖြစ်ပါတယ်။ 


ရဟန်းတစ်ပါးတည်းရဲ့ လက်ထဲကို ဆုံးဖြတ်ခွင့်ကို အပ်နှံခဲ့တာမဟုတ်ဘဲ 

 သံဃာ့အဖွဲ့အစည်းက စုပေါင်းဆုံးဖြတ်တဲ့အာဏာ collective decisive power ကို ထည့်ပေးခဲ့တာ ထူးခြားလှပါတယ်။ 


သင်္ဂါယနာတွေကို လေ့လာတဲ့အခါ  သင်္ဂါယနာတင်တာဟာ ဗုဒ္ဓပေးခဲတဲ့ အကြွင်းအကျန်အာဏာ Residual power အရ သံဃာတော်တွေ စုပေါင်းဆုံးဖြတ်မှု Collective decisive power ကို ကျင့်သုံးခြင်း ဖြစ်တာတွေ့ရပါတယ်။ 


အကြွင်းအကျန်အာဏာနဲ့ စုပေါင်းဆုံးဖြတ်မှုဟာ လူ့အဖွဲ့အစည်းနဲ့ အချိန်ကာလရဲ့ရွေ့လျောပြောင်းလဲမှုတွေကို 

ဆင်ခြင်သုံးသပ်ပြုပြင်စေခြင်းသာဖြစ်ပါတယ်။ 


သံဃာ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရား ရွေ့လျောသွားနိုင်တဲ့ သိက္ခာပုဒ်မျိုးနဲ့အဖွဲအစည်းရဲ့ တည်မြဲမှုကို ခြိမ်းခြောက်နိုင်တဲ့ သိက္ခာပုဒ်မျိုးတွေကို မထိပါစေဖို့ 

အသေးအနုပ်သိက္ခာပုဒ် ဆိုတဲ့ စကားလုံးနဲ့ ပြုပြင်ပြောင်းလဲရေးဘောင်ကို ကွပ်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 


၄။ Social Outcast 

စတုတ္ထ အချက် 

အာနန္ဒာ ငါကွယ်လွန်သောအခါမှာ ဆန္နရဟန်းအား ဗြဟ္မဒဏ်ပေးအပ်၏''လို့  (မိန့်တော်မူ၏)။


အသျှင်ဘုရား ဗြဟ္မဒဏ် ဆို ဘာလဲ လို့ ဗုဒ္ဓကို ပြန်မေး မြန်းလျောက်ထားရပါတယ်။ 


ဆန္နရဟန်း ပြောဆိုလိုရာ (စကား) ကို ပြောဆိုပါစေ။ ဒါပေမဲ့ 

ရဟန်းအားလုံး အဲဒီ (ဆန္နရဟန်း) ကို မပြောဆိုနဲ့ ၊ မဆုံးမနဲ့ ၊ မကံမြစ်နဲ့ အဲသလို ပယ်ထားတာကို  ဗြဟ္မဒဏ်လို့ခေါ် တယ်လို့ ဗုဒ္ဓ ကဆိုပါတယ်။ 


အဖွဲ့အစည်းထဲကနေ အသိတရားရအောင် ကြဉ်လိုက်တာမျိုးဖြစ်ပါတယ်။ 


သံဃာ့အဖွဲ့အစည်းထဲမှာ ဗုဒ္ဓ ဖွားဘက်ျတာ်ဆိုတဲ့ သမိုင်းကြောင်း နောက်ခံအားကိုးနဲ့ ထင်တိုင်းကြဲနေတာဟာ သံဃာ့အဖွဲ့အစည်းရဲ့ တည်ငြိမ် မှုကို ဟန်ချက်ပျက်စေပါတယ်။ 


ဗုဒ္ဓက သံဃာ့အဖွဲ့အစည်းရဲ့  ချမှတ်ထားတဲ့ ဝိနည်းတွေမှာ ဆွေမျိုးမရှိ၊ ညီအစ်ကိုမရှိ၊ ဆရာ့တပည့်မရှိ၊ သားအဖ မရှိ၊ ဖွားဖက်တော် မရှိ ဆိုတာကို သက်သေပြသွားတာဖြစ်ပါတယ်။


ဗုဒ္ဓရဲ့ဖွားဖက်တော် ကိုတော်တောင် ဒီလို ပြတ်သားတဲ့ ဗြဟ္မဒဏ်ထားခဲ့တာဟာ အဖွဲ့အစည်းက မျက်နှာကြီးရာ ဟင်းဖတ်ပါ စရာမလိုဘူးလို့ ပြောတဲ့ သက်သေပါပဲ။ 


အနာဂတ်သာသနာရေးကို စဉ်းစားတဲ့အခါ ပုဂ္ဂိုလ်ရေး အလိုလိုက်မှုဟာ အဖွဲ့အစညွးဖွံ့ဖြိုးရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကိုသိတဲ့အတွက် ပရိနိဗ္ဗာန်မစံခင် ရှင်းရှင်းလင်း ဖြစ်စေခဲ့ပါတယ်။ 


ကျောသားရင်သားမခွဲကြားတဲ့ဝိနည်းတော်နဲ့ သံဃာ့အဖွဲ့အစည်းကို အစွဲကင်းကင်းယုံယုံကြည်ကြည်ရှေ့ဆက်စေခဲ့ပါတယ်။ 


၅။ Trust Building 

.................................

''ရဟန်းတို့ ဘုရား၌ဖြစ်စေ တရားတော်၌ဖြစ်စေ သံဃာတော်၌ဖြစ်စေ မဂ်၌ဖြစ်စေ အကျင့်၌ ဖြစ်စေ

ယုံမှားတွေးတောခြင်းဖြစ်ရင် 

 မေးမြန်းဖို့ ဗုဒ္ဓကိုယ်တိုင် တိုက်တွန်းပါတယ်။ 


ဗုဒ္ဓ က ဘယ်လိုစဉ်းစားသလဲဆိုရင် 

 'ဗုဒ္ဓ  ငါတို့ရဲ့ မျက်မှောက်မှာ ထင်ရှားရှိခဲ့ ပါလျက်နဲ့  ငါတို့ မမေးလိုက်ရလေခြင်း ဆိုပြီး နောင်တတစ်ဖန် ပူပန်ခြင်း မဖြစ်အောင် မေးဖို့တိုက်တွန်းတာဖြစ်ပါတယ်။ 


ဒီနေရာမှာ အဖွဲ့အစည်းတစ်ခု Institution အရကြည့်ရင် သံဃာ့အဖွဲ့အစည်းမှာ

ဗုဒ္ဓ ဆိုတာ  အဖွဲ့အစည်းရဲ့ founder ပါ။ 

တရားဆိုတာ အဖွဲ့အစည်းတစ်ခု ရဲ့အရေးပါတဲ့ စည်းမျဉ်းစည်းကမ်း နည်းဥပဒေပါ။ 

သံဃာတော် ဆိုတာ အဖွဲ့အစည်းတစ်ခုအတွင်းရင်းနှီမြုပ်နှံထားတဲ့ members တွေပါပဲ။ 


အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ အဲဒီအချကိသုံးချက်ကို ယုံကြည်စိတ်မရှိတဲ့ အဖွဲ့အစည်းဟာအောင်မြင်ဖို့မလွယ်ဘူး။ 


အချက်သုံးချက်ကို ယုံကြည်မှ အဖွဲ့အစည်း တည်တံ့မှုက အရေးပါတဲ့အတွက် အနာဂတ် ခေါင်းဆောင်တွေကို ယုံကြည် မှုဆိုင်ရာ မေးခွန်းထုတ်ခဲ့တယ်လို့မြင်ပါတယ်။ 


အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်ကိူ မယုံကြည်ရင်တော့ ကျန်တဲ့အချက်တွေကို ထည့်စဉ်းစားစရာမလိုတော့ဘူး အဖွဲ့အစည်းက ပျက်သွားတာပါပဲ။


ဒါကြောင့်ဗုဒ္ဓ က အရေးပါတဲ့အချက်အနေနဲ့ သံဃာတော်တွေက  သံဃာ့တော်အချင်းချင်း ယုံကြည်သလားဆိုတာ အဖွဲ့ဝင်အချင်းချင်းအပေါ် သံသယကင်းကင်းနဲ့ ယုံကြည်မှု တည်ဆောက်ရအောင် trust building အရမေးတာ လို့မြင်မိပါတယ်။ 


သံဃာတော်တွေအပေါ်မှာ ယုံမှားသံသယရှိသလား ဆိုတာကို သံဃာတွေကိုယ်တိုင်ကို ပြန်မေးနေတဲ့ အချက်က အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခိုင်း တယ်ဆိုတာ ထင်ရှားလှပါတယ်။ 


ဘုရား၊ တရား၊ သံဃာ အပေါ်မှာ ယုံမှားသံသယ ဖြစ်သလားဆိုတာကို သုံးကြိမ်မေးမြန်းအတည်ပြုတာကို တွေ့ရင် အရေးပါတဲ့ မေးမြန်းမှုလို့ ဆိုနိုင်ပါတယ်။ 


သံဃာ့အဖွဲ့အစည်းတည်မြဲဖို့အတွက် အဖွဲ့အဝင်အချင်းချင်းယုံကြည်ရမယ်၊ တရားနည်းလမ်းဝိနည်းတော်တွေကို ယုံကြည်ရမယ်၊ အဖွဲ့အစည်းကို တည်ထောင်သူကို ယုံကြည်ရမယ် ဆိုတာကို ရှုထောင့်တစ်မျိုးကနေကြည့်ရင် ထင်သာမြင်သာရှိစေပါတယ်။ 


၅။ Essence of Buddha's Word 

...................................

ဗုဒ္ဓက နောက်ဆုံး အရေးကြီးဆုံး အမိအရ မှာ သွားတာက 

"ဟန်ဒ ဒါနိ ဘိက်ခဝေ အာမန်တယာမိ 

ဝေါ , ဝယဓမ္မသင်္ခါရာ အပ္ပမာဒေန 

သမ်ပာဒထေ " 


''ရဟန်းတို့ သင်တို့အား ယခု (ငါဘုရား) မိန့်မှာတော်မူခဲ့အံ့၊ ပြုပြင်ပေးရသော 'ရုပ်နာမ်ဓမ္မ' သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏၊ မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့''လို့ မိန့်တော်မူပါတယ်။ 


ဗုဒ္ဓ နောက်ဆုံးအမိအရမှာသွားတာ  

ပန်းတိုင်မပျောက်ဖို့ပါ။ သံဃာ့အဖွဲ့အစည်းရဲ့မဖြစ်မနေကိင့်ကြံရမဲ့နောက်ဆုံးပန်းတိုင်ဖြစ်ပါတယ်။ 


သံဃာ့ အဖွဲ့အစည်းတည်မြဲရေး ဟာ နောက်ဆုံးပန်းတိုင်ကို မဆုပ်ကိုင်မိဘဲတည်မြဲနေမယ်ဆိုရင် အခွံ့သက်သက်လှုပ်ရှားရွေ့လျော မှုဖြစ်မှာစိုးလို့ထောက်ပြချက်လို့ မြင်မိပါတယ်။ 


နောက်ဆုံးစကားကို ကြည့်ရင် လွတ်မြောက်မှု ပန်းတိုင်ကို အစဉ်အမြဲမျက်ခြေအပြတ်မခံတဲ့ အဖွဲ့အစည်းဖြစ်ပါစေလို့ သတိပေးခဲ့ တယ်လို့ သုံးသပ်ဆင်ခြင်မိစေပါတယ်။ 


သူတော်ကောင်းဓါတ် တရားမြတ်  လွှမ်းပတ်ကမ္ဘာတည်ပါစေ။ 


အာကာမိုးသူ

၁၂း၀၆ ည

၂၇.၁၀.၂၀၂၀ အိမ်


(Zawgyi) 

ဗုဒၶ ရဲ့​ ​ ေနာက္ဆုံး စကား​ေတာ္ 

..........................................




ဗုဒၶရဲ့​ေနာက္ဆုံးစကား​ေတာ္ ကို 

တထာဂတပစၧိဝါစာ ( the last word of the Buddha) ဆိုၿပီး ဒီဃနိကာယ္ မဟာဝဂၢ မွာ ​ေတြ႕ရပါတယ္။ 

(တထာဂတ = ဘုရားရွင္၊ ပစၧိမ = ေနာက္ ဆုံးျဖစ္​ေသာ၊ ဝါစာ= စကား​ေတာ္)


တထာဂတပစၧိမ ဝါစာ လို့​ေခၚတဲ့ ဗုဒၶရဲ့ ​ေနာက္ဆုံးစကား​ေတာ္ဟာ သံဃာ့ရဲ့အဖြဲ႕ အစည္းအတြက္ အ​ေရးပါတဲ့အႏွစ္ခ်ဳပ္စကားလို့ ဆိုရပါမယ္။ 


ဗုဒၶရဲ့​ေနာက္ဆုံးစကား​ေတာ္ဟာ ၄၅ ဝါကာလပတ္လုံး မရွင္းမလင္းျဖစ္​​ေနတဲ့ ​

ဝိ​ေရာဓိ အ​ေတြး​ေတြကို အတိုဆုံး

အက်ဥ္းဆုံးနဲ႔ အထိ​ေရာက္ဆုံးမိန္႔မွာခဲ့

တယ္ အ​ေရးပါတဲ့ သမိုင္းဝင္ စကားျဖစ္ပါတယ္။ 


သံသယ  Doubt နဲ႔ ဘက္လိုက္မွု Prejudice ​ေတြကို  မက်န္ရစ္​ေအာင္

အနာဂတ္ သံဃာ့အဖြဲ႕ အစည္းအတြက္ ရွင္းလင္း​ေျဖရွင္း​ေပးခဲ့ တဲ့ စကား​ေတြလည္းျဖစ္ပါတယ္။ 


ဗုဒၶရဲ့ ေနာက္ဆုံးစကား​ေတာ္ကို ၾကည့္ရင္ သံဃာ့အဖြဲ႕အစည္းရဲ့ 

ေပၚ​ေပါက္ၿပီး ၊ ​​ေပၚ​ေပါက္ဆဲ၊ ေပၚ​ေပါက္လတၱံ့ ​ေသာ အပိုင္းသုံးပိုင္း ကို​ေတြ႕ရပါတယ္။ 


သံဃာ့အဖြဲ႕အစည္းအတြက္ မွာ ၾကားတဲ့ ဗုဒၶစကား​ေတာ္က အခ်က္ ၆ ခ်က္ရွိပါတယ္။ 


၁။ Discipline and Teaching 

.....................................

အခ်က္ ၁ မွာ ၾကဳံ​ေတြ႕ရမယ့္အပိုင္းကို ​ေျပာ တယ္လို့ အနက္ကို ​ေကာက္ခ်က္ ခ်လို့ရပါတယ္။ 


ဗုဒၶ ​ေျပာတဲ့ စကား​ေတာ္​ေတြထဲမွာ 

''အာနႏၵာ 'တရားစကားေတာ္သည္ ေဟာၾကားေသာ ဆရာ (ဘုရား) မွ ကင္းကြာခဲ့ၿပီ၊ ငါတို့၏ဆရာ (ဘုရား) သည္ မရွိေတာ့ၿပီ'ဟု သင္တို့အား ဤသို့ေသာ ထင္မွတ္ျခင္းျဖစ္ေသာ္လည္း ျဖစ္ရာ၏၊ အာနႏၵာ ဤအရာကို ဤသို့ မထင္မွတ္အပ္။ အာနႏၵာ ငါ ေဟာၾကားပညတ္ထားေသာ တရားေတာ္ႏွင့္ဝိနည္းေတာ္သည္ ငါကြယ္လြန္ေသာအခါ၌ သင္တို့၏ ဆရာ (ဘုရား) ပင္ ျဖစ္ေပ၏။" ဆိုတဲ့ 


ဘုရားမရွိ​ေတာ့ဘူး ဆိုၿပီး ထင္မွတ္ျခင္း​ေသာ္လည္းျဖစ္ရာ၏ 

ဆိုတဲ့ စကားရပ္ဟာ အနာဂတ္ကာလ ကို ရည္ရြယ္ၿပီး ​ေျပာတဲ့ စကားရပ္ 

ဆို တာ ထင္ရွားပါတယ္။ 


သံဃာ့အဖြဲ႕အစည္းတစ္ရပ္ဟာ 

အနာဂတ္ကာလမွာ ျပႆနာရပ္​​ေတြ ၾကဳံ​ေတြ႕ရတဲ့အခါ ဆုံးျဖတ္​ေပးရမယ့္ 

ဗုဒၶ မရွိ​ေတာ့ဘူးဆိုရင္ ဘယ္လို လုပ္ရမယ့္ ဆိုတဲ့ အနာဂတ္လမ္းညႊန္ခ်က္ျဖစ္ပါတယ္။


သံဃာ့အဖြဲ႕ အစည္းရဲ့ တည္တံ့မွုကို 

အ​ေျခတည္စဥ္းစားတဲ့အခါ

ပုဂၢိဳလ္​ေရး ကိုးကြယ္မွု Personalization  နဲ႔ 

အဖြဲ႕ အစည္းျပဳျခင္း Instutionalization ႏွစ္ခုၾကားကြဲျပား ​ေပးခဲ့တာ ​ေတြ႕ရပါတယ္။ 


သံဃာ့အဖြဲ႕အစည္း ေရရွည္တည္တံ့ဖို့ ဆိုရင္ လူ (person) နဲ႔ မူ (policy) ကို ကြဲျပားဖို့လိုပါတယ္။ 


အဖြဲ႕အစည္းျပဳျခင္း

Institutionalization ခိုင္မာဖို့ 

မူ (policy) ကို သာ အဓိက ထားဖို့ မိန္႔ၾကားခ်က္က မွတ္သားစရာ​ေကာင္းပါတယ္။ 


​ေနာက္ပိုင္း အဖြဲ႕အစည္း Institution ​တည္​ေဆာက္မွု အပိုင္း ေတြမွာ 

မူ (policy) က အ​ေရးႀကီးတယ္ဆိုတာ ​ေနာက္မွ တျဖည္းျဖည္း သ​ေဘာ​ေပါက္​ေပါက္လာၾကပါတယ္။ 


ကမၻာ​ေက်ာ္  Apple ကုမၸဏီႀကီးရဲ့ စီအီးအို  (CEO)  စတိ​ဗ္ ​ေဂ်ာ့ဗ္ Steve Jobs ကြယ္လြန္သြား​ေပမယ့္ Apple ကုမၸဏီ ႀကီး မၿပိဳလဲ သြားဘူး၊ မ​ေပ်ာက္ကြယ္သြားဘူး ဆိုတာ မူဝါဒ policy က ခိုင္လို့ပါ။ ကုမၸဏီတည္ရွိျခင္းအ​​ေၾကာင္းအရာဟာ မူဝါဒခိုင္မာမွု  ​ေပၚ မွာ ထိုင္ထားလို့ ပါ။ 


ဒါ​ေၾကာင့္ဗုဒၶ က အတန္တန္မွာ ၾကားတဲ့စကားမွာ  မူဝါဒ နဲ႔  နည္းလမ္းက်င့္စဥ္ ဟာ အဖြဲ႕အစည္းတစ္ခု ရွင္သန္ရပ္တည္ဖို့ အတြက္ လုံ​ေလာက္တဲ့ အရင္းအျမစ္ ျဖစ္တယ္ ဆိုတာပါပဲ။  ဖ


ဗုဒၶ မွာၾကားခဲ့တဲ့ ဝိနည္းစည္းကမ္း​ေတြဟာ သံဃာ အဖြဲ႕အစည္းအတြက္

မူဝါဒျဖစ္ပါတယ္။ ဓမၼတရား​ေတာ္​ေတြက​ေတာ့ နည္းလမ္းက်င့္စဥ္​ေတြပဲ ျဖစ္ပါတယ္။ 


သံဃာ့အဖြဲ႕အစည္းဟာ  ဗုဒၶရဲ့တည္ရွိမွု personelization အ​ေပၚမွာသာ အမွီျပဳမွုကဲသြားတာနဲ႔ အဖြဲ႕အစည္းအႏၲရာယ္​ေပၚ​​ေပါက္နိုင္တယ္ဆိုတာ 

ဗုဒၶက တင္ကူးသတိျပဳမိခဲ့တာ ထင္ရွားလွပါတယ္။ 


လြန္ခဲ့တဲ့ႏွစ္​ေပါင္း ၂၆၀၀ ​ေက်ာ္ကတည္းက​ေန ယ​​ေန႔ထိတိုင္ ရွင္သန္က်န္ရစ္​ေစတဲ့ ​ေမာင္းႏွင္အားက 

မူဝါဒ နဲ႔နည္းလမ္း​က်င့္စဥ္ ႏွစ္ရပ္ ေပၚမွာမွီတည္​ေနလို့ ဆိုနိုင္ပါတယ္။ 


ဗုဒၶက ပရိနဗၺာန္စံဝင္​ေတာ္မူကာနီးမွာ

သတိ​ေပးမွာၾကား ခ်က္ဟာ သံဃာ့အဖြဲ႕အစည္း​ေရရွည္တည္တံ့ ျခင္း

Sustainability အတြက္ အ​ေရးပါလွပါတယ္။ 


၂။ Mutual respect 

..............................

​​ေနာကိဆုံးစကား​ေတာ္ အခ်က္ ၂ က 

အ​ေခၚအ​ေဝၚပါ။ 

ငါ့သၽွင္ 'အာဝုေသာ' ဆိုတဲ့  စကားနဲ႔  (ႀကီးငယ္မေရြး) ေခၚျပာ​ေနတာကို 

 ငါကြယ္လြန္တဲ့အခါ အဲသလို မ​ေခၚ 

ပါ​ေစနဲ႔ လို့ဆိုပါတယ္။ 


​ေထရ္ႀကီးဝါႀကီး​ေတြက ဝါငယ္တဲ့ ရဟန္း​ေတြကို ငါ့သၽွင္ 'အာဝုေသာ' လို့​ေခၚတာ သင့္​ေတာ္​ေပမယ့္ 

ရဟန္းသက္ႏု ​ေသးတဲ့ ရဟန္း​ေတြဟာ ​ေထရ္ႀကီးဝါႀကီးရဟန္း ​ေတြကို 

ငါ့သၽွင္ "အာဝု​​ေသာ" လို့ ခၚတာ မသင့္​ေတာ္ဘူးလို့ ဆိုပါတယ္။ 


ရိုရို​ေသ​ေသျဖစ္​ေစတဲ့ အသၽွင္ဘုရား 'ဘေႏၲ'  လို့ပဲျဖစ္ျဖစ္ အသၽွင္ 'အာယသၼာ' လို့ ​ပဲျဖစ္ျဖစ္ ေခၚ​ေဝၚပါ လို့ ဆိုပါတယ္။ 


ဒုတိယအခ်က္အ​ေနနဲ႔ အ​ေခၚအ​ေဝၚ ကို အ​ေရးတႀကီး ​ေထာက္ျပတာ စဥ္းစားစရာ​ေကာင္းလွပါတယ္။ 


သာသနာ​ေတာ္တည္ျမဲ​ေရး Sustainability  မွာ အျပန္အလွန္​ေလးစားမွု mutual respect ကို ျဖစ္​ေစတဲ့ဘအ​ေခၚအ​ေဝၚက အ​ေရးပါလွပါတယ္။ 


ဗုဒၶ​ေထာက္ျပမွ အ​ေခၚအ​ေဝၚနဲ႔ အ​ေလးထားဆက္ဆံမွုဟာ အဖြဲ႕အစည္းးတစ္ခုရဲ့  စီးကပ္​ေပါင္းစည္းမွု Social  cohesiveness အတြက္ အ​ေရးပါတယ္ ဆိုတာပါပဲ။ 


မထီမဲ့ျမင္ျပဳတာ အ​ေခၚအ​ေဝၚ ​ေတြနဲ႔ အထင္​ေသးရွုပ္ခ်တာဟာ အဖြဲ႕အစည္းတစ္ခုရဲ့  ​ေရရွည္ တည္ျမဲမွုကို ၿခိမ္း​ေျခာက္​ေနတဲ့ အႏၲရာယ္ဆိုတာ ကို ဗုဒၶက ႀကိဳတင္တြက္ဆခဲ့ ၿပီး မီးပြားကိုာအရင္ၿငိမ္းသတ္နိုင္ခဲ့တာ​ေၾကာင့္လည္း ၂၆၀၀ ​ေက်ာ္က သံဃာ့အဖြဲ႕အစည္းဟာ ယ​ေန႔အခ်ိန္ထိ ႀကံ့ႀကံ့ခံ​ေနတာပါ။ 


၃။ Residual Power and Collective decisive power 

......................................

တတိယအခ်က္က​ေတာ့.

အေသးအႏုပ္ (ခုဒၵါႏုခုဒၵက) သိကၡာပုဒ္​ေတြကို ႏုတ္ပယ္ခ်င္ရင္ ႏုတ္ပယ္ဆိုၿပီး ဆိုခဲ့ပါတယ္။ 


ဒီအခ်က္မွာပါတဲ့ အ​ေသးအႏုပ္သိကၡာပုဒ္​ေတြကို ျပင္ခြင့္​ေပးတာဟာ 

သံဃာ့အဖြဲ႕အစည္းရဲ့ လက္ထဲကို  အႂကြင္းအက်န္အာဏာ residual power ကို ထည့္​ေပးခဲ့ျခင္းျဖစ္ပါတယ္။ 


သံဃာ့အဖြဲ႕အစည္းရဲ့ သိကၡာပုဒ္​အ​ေသး​ေလး​ေတြကို ​ေခတ္သစ္ လူ႔အဖြဲ႕ အစည္းနဲ႔ကိုက္ညီ​ေအာင္ ျပဳျပင္ခြင့္ အာဏာကို သံဃာ့အဖြဲ႕အစည္းထဲ အပ္ခဲ့တာလည္းျဖစ္ပါတယ္။ 


တိရစၧာန္​ေတြနဲ႔ ​ေမာင္းႏွင္ရတဲ့ ယာဥ္​ေတြ မစီးရဘူးလို့​ ဝိနည္း​ေတာ္မွာ တားျမစ္ထား​ေပမယ့္ စက္တပ္ ​ေလယာဥ္ပ်ံ​ေတြ​ေပၚေပါက္လာတဲ့အခါ စီးသင့္မစီးသင့္ ဆိုတာ အ​ေၾကာင္းအက်ိဳး သင့္ဆီ​ေလၽွာ္မွု​ေတြကို ဆုံးျဖတ္နိုင္တဲ့ အခြင့္အာဏာကို သံဃာ့အဖြဲ႕အစည္းလက္ထဲ ထည့္​ေပးခဲ့ တာျဖစ္ပါတယ္။ 


ရဟန္းတစ္ပါးတည္းရဲ့ လက္ထဲကို ဆုံးျဖတ္ခြင့္ကို အပ္ႏွံခဲ့တာမဟုတ္ဘဲ 

 သံဃာ့အဖြဲ႕အစည္းက စု​ေပါင္းဆုံးျဖတ္တဲ့အာဏာ collective decisive power ကို ထည့္​ေပးခဲ့တာ ထူးျခားလွပါတယ္။ 


သဂၤါယနာ​ေတြကို ​ေလ့လာတဲ့အခါ  သဂၤါယနာ​တင္တာဟာ ဗုဒၶ​ေပးခဲတဲ့ အႂကြင္းအက်န္အာဏာ Residual power အရ သံဃာ​​​ေတာ္​ေတြ စု​ေပါင္း​ဆုံးျဖတ္မွု Collective decisive power ကို က်င့္သုံးျခင္း ျဖစ္တာ​ေတြ႕ရပါတယ္။ 


အႂကြင္းအက်န္အာဏာနဲ႔ စု​ေပါင္းဆုံးျဖတ္မွုဟာ လူ႔အဖြဲ႕အစည္းနဲ႔ အခ်ိန္ကာလ​ရဲ့​​ေရြ႕​ေလ်ာ​ေျပာင္းလဲမွု​ေတြကို 

ဆင္ျခင္သုံးသပ္ျပဳျပင္​ေစျခင္းသာျဖစ္ပါတယ္။ 


သံဃာ့အဖြဲ႕အစည္းရဲ့ ကိုယ္က်င့္တရား ​ေရြ႕​ေလ်ာသြားနိုင္တဲ့ သိကၡာပုဒ္မ်ိဳးနဲ႔အဖြဲအစည္းရဲ့ တည္ျမဲမွုကို ၿခိမ္း​ေျခာက္နိုင္တဲ့ သိကၡာပုဒ္မ်ိဳး​ေတြကို ​မထိပါ​ေစဖို့ 

အ​ေသးအႏုပ္သိကၡာပုဒ္ ဆိုတဲ့ စကားလုံးနဲ႔ ျပဳျပင္​ေျပာင္းလဲ​ေရး​ေဘာင္ကို ကြပ္​ေပးခဲ့တယ္လို့ ဆိုနိုင္ပါတယ္။ 


၄။ Social Outcast 

စတုတၳ အခ်က္ 

အာနႏၵာ ငါကြယ္လြန္ေသာအခါမွာ ဆႏၷရဟန္းအား ျဗဟၼဒဏ္ေပးအပ္၏''လို့  (မိန႔္ေတာ္မူ၏)။


အသၽွင္ဘုရား ျဗဟၼဒဏ္ ဆို ဘာလဲ လို့ ဗုဒၶကို ျပန္​ေမး ျမန္း​ေလ်ာက္ထားရပါတယ္။ 


ဆႏၷရဟန္း ေျပာဆိုလိုရာ (စကား) ကို ေျပာဆိုပါ​ေစ။ ဒါ​ေပမဲ့ 

ရဟန္းအားလုံး အဲဒီ (ဆႏၷရဟန္း) ကို မေျပာဆိုနဲ႔ ၊ မဆုံးမနဲ႔ ၊ မကံျမစ္နဲ႔ အဲသလို ပယ္ထားတာကို  ျဗဟၼဒဏ္လို့​ေခၚ တယ္လို့ ဗုဒၶ ကဆိုပါတယ္။ 


အဖြဲ႕အစည္းထဲက​ေန အသိတရားရ​ေအာင္ ၾကဥ္လိုက္တာမ်ိဳးျဖစ္ပါတယ္။ 


​သံဃာ့အဖြဲ႕အစည္းထဲမွာ ​ဗုဒၶ​ ဖြားဘက္်တာ္ဆိုတဲ့ သမိုင္း​ေၾကာင္း ေနာက္ခံအားကိုးနဲ႔ ထင္တိုင္းၾကဲ​ေနတာဟာ သံဃာ့အဖြဲ႕အစည္းရဲ့ တည္ၿငိမ္ မွုကို ဟန္ခ်က္ပ်က္​ေစပါတယ္။ 


ဗုဒၶက သံဃာ့အဖြဲ႕အစည္းရဲ့  ခ်မွတ္ထားတဲ့ ဝိနည္း​ေတြမွာ ​ေဆြမ်ိဳးမရွိ၊ ညီအစ္ကိုမရွိ၊ ဆရာ့တပည့္မရွိ၊ သားအဖ မရွိ၊ ဖြားဖက္​ေတာ္ မရွိ ဆိုတာကို သက္​ေသျပသြားတာျဖစ္ပါတယ္။


ဗုဒၶရဲ့ဖြားဖက္​ေတာ္ ကို​ေတာ္​ေတာင္ ဒီလို ျပတ္သားတဲ့ ျဗဟၼဒဏ္ထားခဲ့တာဟာ အဖြဲ႕အစည္းက မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ စရာမလိုဘူးလို့ ​ေျပာတဲ့ သက္​ေသပါပဲ။ 


အနာဂတ္သာသနာ​ေရးကို စဥ္းစားတဲ့အခါ ပုဂၢိဳလ္​ေရး အလိုလိုက္မွုဟာ အဖြဲ႕အစညြးဖြံ့ၿဖိဳး​ေရးကို ထိခိုက္​ေစနိုင္တယ္ဆိုတာ ကိုသိတဲ့အတြက္ ပရိနိဗၺာန္မစံခင္ ရွင္းရွင္းလင္း ျဖစ္​ေစခဲ့ပါတယ္။ 


​ေက်ာသားရင္သားမခြဲၾကားတဲ့ဝိနည္း​ေတာ္နဲ႔ သံဃာ့အဖြဲ႕အစည္းကို ​အစြဲကင္းကင္းယုံယုံၾကည္ၾကည္​ေရွ႕ဆက္​ေစခဲ့ပါတယ္။ 


၅။ Trust Building 

.................................

''ရဟန္းတို့ ဘုရား၌ျဖစ္ေစ တရားေတာ္၌ျဖစ္ေစ သံဃာေတာ္၌ျဖစ္ေစ မဂ္၌ျဖစ္ေစ အက်င့္၌ ျဖစ္ေစ

ယုံမွားေတြးေတာျခင္းျဖစ္ရင္ 

 ​ေမးျမန္းဖို့ ဗုဒၶကိုယ္တိုင္ တိုက္တြန္းပါတယ္။ 


ဗုဒၶ က ဘယ္လိုစဥ္းစားသလဲဆိုရင္ 

 'ဗုဒၶ  ငါတို့ရဲ့ မ်က္ေမွာက္မွာ ထင္ရွားရွိခဲ့ ပါလ်က္နဲ႔  ငါတို့ မ​ေမးလိုက္ရ​ေလျခင္း ဆိုၿပီး ေနာင္တတစ္ဖန္ ပူပန္ျခင္း မျဖစ္​ေအာင္ ​​ေမးဖို့တိုက္တြန္းတာျဖစ္ပါတယ္။ 


ဒီ​ေနရာမွာ အဖြဲ႕အစည္းတစ္ခု Institution အရၾကည့္ရင္ သံဃာ့အဖြဲ႕အစည္းမွာ

ဗုဒၶ ဆိုတာ  အဖြဲ႕အစည္းရဲ့ founder ပါ။ 

တရားဆိုတာ အဖြဲ႕အစည္းတစ္ခု ရဲ့အ​ေရးပါတဲ့ စည္းမ်ဥ္းစည္းကမ္း နည္းဥပ​ေဒပါ။ 

သံဃာ​ေတာ္ ဆိုတာ အဖြဲ႕အစည္းတစ္ခုအတြင္းရင္းႏွီျမဳပ္ႏွံထားတဲ့ members ​ေတြပါပဲ။ 


အဖြဲ႕အစည္းတစ္ခု​ေအာင္ျမင္ဖို့ အဲဒီအခ်ကိသုံးခ်က္ကို ယုံၾကည္စိတ္မရွိတဲ့ အဖြဲ႕အစည္းဟာ​ေအာင္ျမင္ဖို့မလြယ္ဘူး။ 


အခ်က္သုံးခ်က္ကို ယုံၾကည္မွ အဖြဲ႕အစည္း တည္တံ့မွုက အ​ေရးပါတဲ့အတြက္ အနာဂတ္ ​ေခါင္း​ေဆာင္​ေတြကို ယုံၾကည္ မွုဆိုင္ရာ ​ေမးခြန္းထုတ္ခဲ့တယ္လို့ျမင္ပါတယ္။ 


အဖြဲ႕အစည္းတစ္ခုမွာ ​ေခါင္း​ေဆာင္ကိူ မယုံၾကည္ရင္​ေတာ့ က်န္တဲ့အခ်က္​ေတြကို ထည့္စဥ္းစားစရာမလို​ေတာ့ဘူး အဖြဲ႕အစည္းက ပ်က္သြားတာပါပဲ။


ဒါ​ေၾကာင့္ဗုဒၶ က အ​ေရးပါတဲ့အခ်က္အ​ေနနဲ႔ သံဃာ​ေတာ္​ေတြက  သံဃာ့​​ေတာ္​အခ်င္းခ်င္း ယုံၾကည္သလားဆိုတာ အဖြဲ႕ဝင္အခ်င္းခ်င္းအ​ေပၚ သံသယကင္းကင္းနဲ႔ ယုံၾကည္မွု တည္​ေဆာက္ရ​ေအာင္ trust building အရ​ေမးတာ လို့ျမင္မိပါတယ္။ 


သံဃာ​​​ေတာ္​ေတြအ​ေပၚမွာ ယုံမွားသံသယရွိသလား ဆိုတာကို သံဃာ​​ေတြကိုယ္တိုင္ကို ျပန္​ေမး​ေနတဲ့ အခ်က္က အျပန္အလွန္ယုံၾကည္မွုတည္​ေဆာက္ခိုင္း တယ္ဆိုတာ ထင္ရွားလွပါတယ္။ 


ဘုရား၊ တရား၊ သံဃာ အ​ေပၚမွာ ယုံမွားသံသယ ျဖစ္သလားဆိုတာကို သုံးႀကိမ္​ေမးျမန္းအတည္ျပဳတာကို ​ေတြ႕ရင္ အ​ေရးပါတဲ့ ​ေမးျမန္းမွုလို့ ဆိုနိုင္ပါတယ္။ 


သံဃာ့အဖြဲ႕အစည္းတည္ျမဲဖို့အတြက္ အဖြဲ႕အဝင္အခ်င္းခ်င္းယုံၾကည္ရမယ္၊ တရား​နည္းလမ္းဝိနည္း​ေတာ္​ေတြကို ယုံၾကည္ရမယ္၊ အဖြဲ႕အစည္းကို တည္​ေထာင္သူကို ယုံၾကည္ရမယ္ ဆိုတာကို ရွု​ေထာင့္တစ္မ်ိဳးက​ေနၾကည့္ရင္ ထင္သာျမင္သာရွိ​ေစပါတယ္။ 


၅။ Essence of Buddha's Word 

...................................

ဗုဒၶက ​ေနာက္ဆုံး အ​ေရးႀကီးဆုံး အမိအရ မွာ သြားတာက 

"ဟန္ဒ ဒါနိ ဘိက္ခေဝ အာမန္တယာမိ 

​ေဝါ , ဝယဓမၼသခၤါရာ အပၸမာ​ေဒန 

သမ္ပာဒေထ " 


''ရဟန္းတို့ သင္တို့အား ယခု (ငါဘုရား) မိန႔္မွာေတာ္မူခဲ့အံ့၊ ျပဳျပင္ေပးရေသာ '႐ုပ္နာမ္ဓမၼ' သခၤါရတရားတို့သည္ ပ်က္စီးျခင္းသေဘာ ရွိကုန္၏၊ မေမ့ေသာ သတိတရားျဖင့္ ကိစၥၿပီးေအာင္ အားထုတ္ၾကကုန္ေလာ့''လို့ မိန္႔​ေတာ္မူပါတယ္။ 


ဗုဒၶ ​ေနာက္ဆုံးအမိအရမွာသြားတာ  

ပန္းတိုင္မ​ေပ်ာက္ဖို့ပါ။ သံဃာ့အဖြဲ႕အစည္းရဲ့မျဖစ္မ​ေနကိင့္ႀကံရမဲ့​ေနာက္ဆုံးပန္းတိုင္ျဖစ္ပါတယ္။ 


သံဃာ့ အဖြဲ႕အစည္းတည္ျမဲ​ေရး ဟာ ​ေနာက္ဆုံးပန္းတိုင္ကို မဆုပ္ကိုင္မိဘဲတည္ျမဲ​ေနမယ္ဆိုရင္ အခြံ့သက္သက္လွုပ္ရွား​ေရြ႕​ေလ်ာ မွုျဖစ္မွာစိုးလို့​ေထာက္ျပခ်က္လို့ ျမင္မိပါတယ္။ 


​​ေနာက္ဆုံးစကားကို ၾကည့္ရင္ လြတ္​​ေျမာက္မွု ပန္းတိုင္ကို အစဥ္အျမဲမ်က္​ေျခအျပတ္မခံတဲဲ့ အဖြဲ႕အစည္းျဖစ္ပါ​ေစလို့ သတိ​ေပးခဲ့ တယ္လို့ သုံးသပ္ဆင္ျခင္မိ​ေစပါတယ္။ 


သူ​ေတာ္​ေကာင္းဓါတ္ တရားျမတ္  လႊမ္းပတ္ကမၻာတည္ပါ​ေစ။ 


အာကာမိုးသူ

၁၂း၀၆ ည

၂၇.၁၀.၂၀၂၀ အိမ္

Monday, October 26, 2020

Fitness ၊အအိပ်နှင့် ကျားစွမ်းရည်

 Fitness ၊အအိပ်နှင့် ကျားစွမ်းရည်




လူတစ်ယောက် ကျန်းမာသန်စွမ်းလိုလျင် အပျော်အပါးရှောင်၊ လေ့ကျင့်ခန်းလုပ်၊ အအိပ်အစား ဂရုစိုက် စသည့် အကြံပြုချက် တွေကိုလူတိုင်း ကြားသိ၊လိုက်နာ နေကြသော်လည်း၊ ထိုလူတိုင်း တကယ် ကျန်းမာ သန်စွမ်းကြပါရဲ့လား။ လွန်ခဲ့သော နှစ်ငါးဆယ်က အားကစားခန်းမ ဂျင်မ်ဆိုတာ မရှိသလောက် ရှားလှသော်လည်းထိုခေတ်ကလူများ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်း ခဲ့ကြသလောက် ယခုခေတ် ရပ်ကွက်တိုင်း လိုလိုမှာအားကစား လေ့ကျင့်ရေးခန်းမ တွေပေါများနေ သော်လည်း ယနေ့ခေတ် မျိုးဆက်များ ဖြစ်သည့် ကျွန်တော်တို့ခင်ဗျားတို့ တကယ်ကို ကျန်းမာသန်စွမ်း ကြပါသလား။လွန်ခဲ့သော နှစ်ငါးဆယ်က အာဟာရ စနစ်တကျရွေးချယ်စားသောက် ရမည့်အသိပညာ ဗဟုသုတ အားနည်းသော်လည်း ထိုခေတ်က အဝလွန်သူဆို ၍ရှားမှရှားပင် မဟုတ်ပါလား။ရောဂါဆိုးများ ဆိုတာ ဝေလာဝေး ပင်ဖြစ်ခဲ့သော်လည်း ယနေ့ခေတ် အဖက်ဖက်ကတိုးတက်လှပါပြီဆိုသော ကျွန်တော်တို့ခေတ်တွင်မှ ကမ္ဘာ့လူဦးရေ၏ သုံးချိုးတစ်ချိုးလောက်က ဆီးချို သွေးချိုနှလုံးရောဂါ ကင်ဆာ ပန်းသေ၊ပန်းညှိုးနှင့် အဝလွန်ခြင်းတွေက အလူးအလဲဖိစီး နှိပ်စက်နေ ခြင်းမှာ အဘယ်ကြောင့်နည်း။ကျယ်ပြန့်လွန်းသော အကြောင်းအရာများကို ဤဆောင်းပါးတစ်ပုဒ် နှင့်ဆွေးနွေး၍ မရနိုင်သော်လည်းကျွန်တော်တို့အကျွမ်းဝင်နေသောfitness နှင့်ပါတ်သက်တာလေး တွေကိုတော့ ဆွေးနွေး

ကြည့်ကြပါစို့။


ကျွန်တော်တို့လို fitness crazy တွေကတော့ သန်ပြီးရင်းသန် စွမ်းပြီးရင်းစွမ်း ချင်ကြတာ သဘာဝပါ။ဒါပေမဲ့လူတစ်ယောက် ကျန်းမာသန်စွမ်း မှုကိုဘယ်ပေတံနဲ့ တိုင်းတာနိုင်ပါသလဲ။တိုးတက် ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်တော့ heart rate variability(HRV)monitoring နှင့်လစဉ် သွေးဖေါက်စစ်ဆေးခြင်းများဖြင့် တိုင်းထွာ နိုင်သော်လည်း ကျွန်တေ်ာတို့နိုင်ငံ၊ကျွန်တော်တို့အနေအထားနှင့် ကုန်ကျစရိတ်လုံးဝမရှိသည့် တိုင်းတာနည်း တစ်ခုကို ဆွေးနွေးတင်ပြ ပေးပါမည်။


ကျွန်တော်တို့ယောက်ကျားတွေရဲ့ သန်စွမ်းမှုကို စစ်ဆေးဖို့ကိရိယာတွေ သိပ်များများစားစား မလိုအပ်ပါဘူး။လိင်မှုကိစ္စ၊ မျိုးဆက်ပြန့်ပွားရေးသာမက ကျန်းမာသန်စွမ်းမှုကို မှတ်ကျောက် တင်ပေးနိုင်သော

ဘုရားပေးသော သာမိုမီတာ ရှိနေခြင်းပါပဲ။ လိင်စိတ်ကြွလာပြီဆိုရင် ဦးနှောက်အရှေ့ပိုင်းရှိ nucleus accumbens က၊ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ဇီဝဓါတုဖြစ်စဉ်တွေဟာ ပုံမှန်ရှိနေမယ် ဆိုရင် သာမိုမီတာကိုကောင်းကောင်းကြီး အကြိမ်ကြိမ် ထကြွ သန်မာစေဖို့အလုပ်ပေးနိုင်ပါတယ်။


(၁)။

နောက်တစ်ချက်က ညအိပ်ရေး၀၀ အိပ်စက်ပြီးနောက် မနက်အိပ်ရာထချိန် သာမိုမီတာ ထောင်မတ်နိုင်

စွမ်းနှင့်လည်း ကျန်းမာသန်စွမ်း မှုကိုတိုင်းတာ နိုင်ပါတယ်။အဲဒါကိုတော့ sleep-related erection (SRE)

လို့ခေါ်ပါတယ်။


(၂) 

SRE ဟာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှု ကိုတိုင်းတာတဲ့ rapid eye movement (REM) နှင့်လည်း

သက်ဆိုင်ပါတယ်။


(၃)

ဒါကြောင့် အရွယ်ရောက်ပြီး အမျိုးသားများမှာ မနက်စောစော သာမိုမီတာ ထောင်မတ်နိုင်စွမ်းက သူ့ရဲ့ကျန်းမာရေးနဲ့ဟိုမုန်းပမာဏ ကိုတိုင်းတာနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းပါပဲ။

ဒါကြောင့် အိပ်ရေး၀၀ အိပ်စက်ခြင်းက အမျိုးသားတွေအတွက် တက်စတိုစတီရုန်း ထုတ်လွှတ်မှု အတွက်

အကောင်းဆုံးပါပဲ။


(၄)

ကိုယ်တွင်းမှာ တက်စတိုစတီရုန်း ထုတ်လွှတ်မှု နည်းပါးလာပြီဆိုရင် မနက်စောစောသာမိုမီတာ ထောင်မတ်နိုင်မှုတွေ နည်းပါးလာတာတွေ့ရပါလိမ့်မယ်။


(၅၊၆)

အကယ်၍ သင်ဟာ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သော်လည်း မနက်စောစော သာမိုမီတာ ထောင်မတ်မှု

မကြာခဏ မရှိဘူးဆိုရင် သင့်ရဲ့လေ့ကျင့်ခန်း ပြုလုပ်သည့်ပမာဏနှင့် အနားယူပြန်လည် အားပြည့်သော

အတိုင်းအတာကို  ပြန်လည် ချိန်ညှိဖို့လိုအပ်နေ ပါပြီဆိုတာ သတိပြုပါ။မိမိကိုယ်ခန္ဓာ အချိုးအစားကို ပြုပြင်

ပြောင်းလဲဖို့အတွက် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ရမှာ မှန်သော်လည်း hardcore ဆိုတဲ့ ပေါ်ပြူလာစကားလေး တစ်ခွန်းအတွက် သင့်ရဲ့နာလံထ အားပြည့်သည့်စနစ် recovering system ကို မဖျက်ဆီး

စေချင်ပါဘူး။ တခါတရံ ကျွန်တော်တို့လေ့ကျင့်နေတဲ့ပြင်းအားကို ကျွန်တော်တို့ဘာမှမထူးဆန်းသလို ခံစားရခြင်းက စိတ်ဆောင်နေလို့အောင်နေခြင်းပါ။ ခန္ဓာကိုယ်တွင်း ကတော့ မလိုက်နိုင်တော့တာ သင်ဂရုမပြုမိခြင်းပါ။


တကယ်တော့ လေ့ကျင့်မှုလွန်ကဲခြင်းဟာ ခန္ဓာကိုယ်အချိုးအစား ပြုပြင်ပြောင်းလဲ ရေးတွင်သာမက၊ အအိပ်အစား၊အလုပ်စသည့် နေ့စဉ်လူမှုဘဝများ အပေါ်ပါဆိုးကျိုးများ သက်ရောက်နိုင်စွမ်း ရှိနေပါတယ်။


(၇)

ကလေးတစ်ယောက် နှစ်ယောက်လောက်ရှိတဲ့ အလုပ်ဖိအားများတဲ့ အသက်သုံးဆယ်ကျော် ယောက်ကျား တစ်ယောက် အတွက်၊ လေ့ကျင့်မှု လွန်ကဲခြင်းဟာ သုတ်ပိုးနည်းပါးခြင်းနဲ့မြုံခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။


(၈)

ကိုယ်တွင်းမှ တခြားသော ကြွက်သား အစိတ်အပိုင်းများလိုပဲ သင့်သာမိုမီတာဟာလည်း

သွေးလည်ပါတ်စီးဆင်းမှုကောင်းဖို့လိုအပ်ပါတယ်။သင့်သာမိုမီတာ အကြိမ်ကြိမ် ကောင်းမွန်စွာ ထောင်မတ်နိုင်စွမ်းဟာ သင့်နှလုံးသွေးလည်ပါတ်မှု စနစ်တွေ ကောင်းမွန်နေသေးတယ် ဆိုတာပြသတာပါပဲ။အကယ်၍

သာမိုမီတာ အားနည်းနေပြီဆိုရင် မကြာခင်မှာပဲ သင်နှလုံးနှင့်ပါတ်သက်သော ပြသနာများကို ခံစားရနိုင်ဖွယ်ရှိနေပါပြီ။


(၃၊၉၊၁၀)

ထို့အတူပဲ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသားတွေ အနေနဲ့လည်း သင့်တင့်မျှတတဲ့လေ့ကျင့်ခန်း အမျိုးအစားကို ပြုလုပ်ခြင်းဖြင့်လည်း လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန်ဆောင်ရွက်နိုင်ပါတယ်။


(၁၄)

လေ့ကျင့်ခန်း စတင်ပြုလုပ်မည်ဆိုလျင် ခပ်ရွရွလေးပြေးခြင်း၊ လမ်းလျောက်ခြင်း

စသော အနေအထားမျိုးမှ တဆင့်တဖြည်းဖြည်းခြင်းသာ လေ့ကျင့်ခန်း၏ ဝန်ကိုတိုးသွားသင့်ပါသည်။သို့မှသာ

လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးဖြစ်သော ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့်အဝလွန်ရောဂါများမှ လွတ်ကင်းနိုင်ပါမည်။


(၁၂)

ယေဘုယျအားဖြင့် အသက်အရွယ် ရလာသည်နှင့်အမျှ မနက်စောစော သာမိုမီတာထောင်မတ်နိုင်စွမ်းများ ကျဆင်းသွားနိုင် သော်လည်း သင့်လေ့ကျင့်ခန်း ပမာဏ အာဟာရနှင့် အနားယူမှုမျှတနေမည်ဆိုလျင် နောင်နှစ်ပေါင်းများစွာ သာမိုမီတာ ထောင်မတ်နိုင်စွမ်းကို သင်ပြည့်ပြည့်၀၀ ရရှိခံစားနိုင်မည်ဖြစ်သည်။လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကျန်းမာရေး အတွက်ကောင်းသော်လည်း ***မွှေးလွန်းက အီတတ်၏

***ဟူသော ဆိုရိုးအတိုင်း ခန္ဓာကိုယ်က လက်ခံနိုင်စွမ်းရှိသည့် ပမာဏထက် လေ့ကျင့်ခန်း ပြုလုပ်မိလျင်တော့

ရလာဒ်ကောင်းများ မှ လွဲချော်သွားနိုင်သည်ကို မမေ့သင့်ပါ။


(၁၅)


လိုတိုရှင်း ပြောရလျင် ဤဆောင်းပါးမှ ကျွန်တော်ပေးချင်သော မက်ဆေ့မှာ-


-ဘဝတွင် အရေးအကြီးဆုံး အချက်မှာ ကျန်းမာခြင်း health ပင်ဖြစ်သည်။


-ထို့နောက် တွင်မှသာ fitness &strength အရေးပါလေသည်။


-Health အတွက် fitness အရေးပါသော်လည်း၊Fitness အတွက်တော့ Health ကိုမစတေးသင့်ပါ။


-ကာယဗလ မဂ္ဂဇင်းများတွင် ဖော်ပြနေကြသည့် Hardcore ဆိုတာကို ခဏမေ့ဖြစ်အောင်မေ့ထားပါ။


-လူတစ်ယောက်နှင့် တယောက်ခံနိုင်ရည်ခြင်း လုံးဝမတူညီသည့် အတွက် လူတစ်ယောက်အတွက်

သွေးပူလောက်သာ ရှိသော ကစားသည့် ပမာဏသည် အခြားသော သူတစ်ယောက် အတွက်မူ

ထိချက်ပြင်းသည့် stress တခုဖြစ်သွားနိုင်သည်ကို ဂရုပြုပါ။


-လူအတော်များများ ဂျင်မ်ကစားသည့် ရည်ရွယ်ချက် ကိုအတိအကျ သတ်မှတ်သင့်ပါသည်။ကျန်းမာ

ရေးအတွက် ကစားသူသည် မောင်ပြိုင်ပွဲဝင်မည့်သူ ကဲ့သို့မည်သည့် အခါမျှ မလေ့ကျင့်သင့်ပါ။


-ယနေ့ခေတ် ဖိအားများ သက်ရောက်မှုများသည့် လူနေမှုဘဝပုံစံ ကိုရင်ဆိုင်နေရသည့် အမျိုးသားများ

အများဆုံး တွေ့ကြုံရသည့် ပြသနာမှာ လိင်မှုဝေဒနာများ ပင်ဖြစ်သည်။ထို့ကြောင့် မိမိတို့ကျားမာန်

အစဉ်အမြဲ ထက်သန်ပြည့်၀ နေစေဖို့လေ့ကျင့်ခန်း ပြုလုပ်ရာတွင် နားလည်တတ်ကျွမ်းသူများ၏ အကူအညီ

လိုအပ်သလို မိမိကိုယ်တိုင်လည်း အသိပညာများ ဆည်းပူးလေ့လာထားသင့်ပါသည်။


ကျွန်တော် တင်ပြလို သည့် အချက်များကို Research အဖြစ်တွေ့ရသည့်အတွက် မလိုအပ်သည်များကို

ချန်လှပ်ရင်း မူရင်းလည်းမပျက်စေရန် ဆောင်းပါးအဖြစ် ကြိုးစား တင်ဆက်ပေး လိုက်ခြင်းဖြစ်ပါသည်။


အကယ်၍ ဖတ်ရသည့် အရသာ တမျိုးဖြစ်နေပါက ကျွန်တော်၏ တင်ပြပုံလိုအပ်ချက်သာ ဖြစ်ပါကြောင်း-


လေးစားလျက်-


နိုင်ဦး-၁၁၉


References:

1. Blum et al. Sex, drugs, and rock 'n' roll: hypothesizing common mesolimbic activation as a function of reward gene polymorphisms. J Psychoactive Drugs. 2012 Jan-Mar;44(1):38-55.

2. van Driel. "Sleep-related erections throughout the ages." J Sex Med. 2014 Jul;11(7):1867-75.

3. Hirshkowitz and Schmidt. "Sleep-related erections: clinical perspectives and neural

mechanisms." Sleep Med Rev. 2005 Aug;9(4):311-29.

4. Evans et al. "Concentrations of plasma testosterone in normal men during sleep." Nature.

1971 Jan 22;229(5282):261-2.

5. Granata et al. "Relationship between sleep-related erections and testosterone levels in men."

J Androl. 1997 Sep-Oct;18(5):522-7.

6. Koyanagi et al. "REM sleep determined using in utero penile tumescence in the human fetus

at term." Biol Neonate. 1991;60 Suppl 1:30-5.

7. Brooks and Carter. "Overtraining, Exercise, and Adrenal Insufficiency." J Nov Physiother.

2013 Feb 16;3(125).

8. du Plessis et al. "Is There a Link between Exercise and Male Factor Infertility?" Open Repro

Sci J 2011, 3, 105-113 105.

9. Karacan et al. "Erectile dysfunction in hypertensive men: sleep-related erections, penile blood

flow and musculovascular events." J Urol. 1989 Jul;142(1):56-61.

10. Rastrelli et al. "Impaired masturbation-induced erections: a new cardiovascular risk factor

for male subjects with sexual dysfunction." J Sex Med. 2013 Apr;10(4):1100-13.

11. Simon et al. "The Association of Exercise with Both Erectile and Sexual Function in Black

and White Men." J Sex Med. 2015 Mar 20.

12. Tommy Wood, The Great Upside-Down Movement Pyramid, Breaking Muscle UK

13. Veldhuis et al. "Amplitude suppression of the pulsatile mode of immunoradiometric

luteinizing hormone release in fasting-induced hypoandrogenemia in normal men." J Clin

Endocrinol Metab. 1993 Mar;76(3):587-93.

14. Leproult and Van Cauter. "Effect of 1 week of sleep restriction on testosterone levels in

young healthy men." JAMA. 2011 Jun 1;305(21):2173-4.

15. Spiegel et al. Impact of sleep debt on metabolic and endocrine function. Lancet. 1999 Oct

23;354(9188):1435-9.


(Zawgyi) 

Fitness ၊အအိပ္ႏွင့္ က်ားစြမ္းရည္




လူတစ္ေယာက္ က်န္းမာသန္စြမ္းလိုလ်င္ အေပ်ာ္အပါးေရွာင္၊ ေလ့က်င့္ခန္းလုပ္၊ အအိပ္အစား ဂ႐ုစိုက္ စသည့္ အႀကံျပဳခ်က္ ေတြကိုလူတိုင္း ၾကားသိ၊လိုက္နာ ေနၾကေသာ္လည္း၊ ထိုလူတိုင္း တကယ္ က်န္းမာ သန္စြမ္းၾကပါရဲ့လား။ လြန္ခဲ့ေသာ ႏွစ္ငါးဆယ္က အားကစားခန္းမ ဂ်င္မ္ဆိုတာ မရွိသေလာက္ ရွားလွေသာ္လည္းထိုေခတ္ကလူမ်ား ေဒါင္ေဒါင္ျမည္ က်န္းမာသန္စြမ္း ခဲ့ၾကသေလာက္ ယခုေခတ္ ရပ္ကြက္တိုင္း လိုလိုမွာအားကစား ေလ့က်င့္ေရးခန္းမ ေတြေပါမ်ားေန ေသာ္လည္း ယေန႔ေခတ္ မ်ိဳးဆက္မ်ား ျဖစ္သည့္ ကၽြန္ေတာ္တို့ခင္ဗ်ားတို့ တကယ္ကို က်န္းမာသန္စြမ္း ၾကပါသလား။လြန္ခဲ့ေသာ ႏွစ္ငါးဆယ္က အာဟာရ စနစ္တက်ေရြးခ်ယ္စားေသာက္ ရမည့္အသိပညာ ဗဟုသုတ အားနည္းေသာ္လည္း ထိုေခတ္က အ၀လြန္သူဆို ၍ရွားမွရွားပင္ မဟုတ္ပါလား။ေရာဂါဆိုးမ်ား ဆိုတာ ေဝလာေဝး ပင္ျဖစ္ခဲ့ေသာ္လည္း ယေန႔ေခတ္ အဖက္ဖက္ကတိုးတက္လွပါၿပီဆိုေသာ ကၽြန္ေတာ္တို့ေခတ္တြင္မွ ကမၻာ့လူဦးေရ၏ သုံးခ်ိဳးတစ္ခ်ိဳးေလာက္က ဆီးခ်ိဳ ေသြးခ်ိဳႏွလုံးေရာဂါ ကင္ဆာ ပန္းေသ၊ပန္းညႇိုးႏွင့္ အ၀လြန္ျခင္းေတြက အလူးအလဲဖိစီး ႏွိပ္စက္ေန ျခင္းမွာ အဘယ္ေၾကာင့္နည္း။က်ယ္ျပန္႔လြန္းေသာ အေၾကာင္းအရာမ်ားကို ဤေဆာင္းပါးတစ္ပုဒ္ ႏွင့္ေဆြးေႏြး၍ မရနိုင္ေသာ္လည္းကၽြန္ေတာ္တို့အကၽြမ္း၀င္ေနေသာfitness ႏွင့္ပါတ္သက္တာေလး ေတြကိုေတာ့ ေဆြးေႏြး

ၾကည့္ၾကပါစို့။


ကၽြန္ေတာ္တို့လို fitness crazy ေတြကေတာ့ သန္ၿပီးရင္းသန္ စြမ္းၿပီးရင္းစြမ္း ခ်င္ၾကတာ သဘာ၀ပါ။ဒါေပမဲ့လူတစ္ေယာက္ က်န္းမာသန္စြမ္း မွုကိုဘယ္ေပတံနဲ႔ တိုင္းတာနိုင္ပါသလဲ။တိုးတက္ ဖြံ့ၿဖိဳးၿပီးနိုင္ငံမ်ား တြင္ေတာ့ heart rate variability(HRV)monitoring ႏွင့္လစဥ္ ေသြးေဖါက္စစ္ေဆးျခင္းမ်ားျဖင့္ တိုင္းထြာ နိုင္ေသာ္လည္း ကၽြန္ေတ္ာတို့နိုင္ငံ၊ကၽြန္ေတာ္တို့အေနအထားႏွင့္ ကုန္က်စရိတ္လုံး၀မရွိသည့္ တိုင္းတာနည္း တစ္ခုကို ေဆြးေႏြးတင္ျပ ေပးပါမည္။


ကၽြန္ေတာ္တို့ေယာက္က်ားေတြရဲ့ သန္စြမ္းမွုကို စစ္ေဆးဖို့ကိရိယာေတြ သိပ္မ်ားမ်ားစားစား မလိုအပ္ပါဘူး။လိင္မွုကိစၥ၊ မ်ိဳးဆက္ျပန္႔ပြားေရးသာမက က်န္းမာသန္စြမ္းမွုကို မွတ္ေက်ာက္ တင္ေပးနိုင္ေသာ

ဘုရားေပးေသာ သာမိုမီတာ ရွိေနျခင္းပါပဲ။ လိင္စိတ္ႂကြလာၿပီဆိုရင္ ဦးေႏွာက္အေရွ႕ပိုင္းရွိ nucleus accumbens က၊ကိုယ္တြင္း ဇီ၀ကမၼျဖစ္စဥ္၊ ဇီ၀ဓါတုျဖစ္စဥ္ေတြဟာ ပုံမွန္ရွိေနမယ္ ဆိုရင္ သာမိုမီတာကိုေကာင္းေကာင္းႀကီး အႀကိမ္ႀကိမ္ ထႂကြ သန္မာေစဖို့အလုပ္ေပးနိုင္ပါတယ္။


(၁)။

ေနာက္တစ္ခ်က္က ညအိပ္ေရး၀၀ အိပ္စက္ၿပီးေနာက္ မနက္အိပ္ရာထခ်ိန္ သာမိုမီတာ ေထာင္မတ္နိုင္

စြမ္းႏွင့္လည္း က်န္းမာသန္စြမ္း မွုကိုတိုင္းတာ နိုင္ပါတယ္။အဲဒါကိုေတာ့ sleep-related erection (SRE)

လို့ေခၚပါတယ္။


(၂) 

SRE ဟာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္နိုင္မွု ကိုတိုင္းတာတဲ့ rapid eye movement (REM) ႏွင့္လည္း

သက္ဆိုင္ပါတယ္။


(၃)

ဒါေၾကာင့္ အရြယ္ေရာက္ၿပီး အမ်ိဳးသားမ်ားမွာ မနက္ေစာေစာ သာမိုမီတာ ေထာင္မတ္နိုင္စြမ္းက သူ႔ရဲ့က်န္းမာေရးနဲ႔ဟိုမုန္းပမာဏ ကိုတိုင္းတာနိုင္တဲ့ အေကာင္းဆုံးေသာ နည္းလမ္းပါပဲ။

ဒါေၾကာင့္ အိပ္ေရး၀၀ အိပ္စက္ျခင္းက အမ်ိဳးသားေတြအတြက္ တက္စတိုစတီ႐ုန္း ထုတ္လႊတ္မွု အတြက္

အေကာင္းဆုံးပါပဲ။


(၄)

ကိုယ္တြင္းမွာ တက္စတိုစတီ႐ုန္း ထုတ္လႊတ္မွု နည္းပါးလာၿပီဆိုရင္ မနက္ေစာေစာသာမိုမီတာ ေထာင္မတ္နိုင္မွုေတြ နည္းပါးလာတာေတြ႕ရပါလိမ့္မယ္။


(၅၊၆)

အကယ္၍ သင္ဟာ ေလ့က်င့္ခန္းပုံမွန္ ျပဳလုပ္ေသာ္လည္း မနက္ေစာေစာ သာမိုမီတာ ေထာင္မတ္မွု

မၾကာခဏ မရွိဘူးဆိုရင္ သင့္ရဲ့ေလ့က်င့္ခန္း ျပဳလုပ္သည့္ပမာဏႏွင့္ အနားယူျပန္လည္ အားျပည့္ေသာ

အတိုင္းအတာကို  ျပန္လည္ ခ်ိန္ညႇိဖို့လိုအပ္ေန ပါၿပီဆိုတာ သတိျပဳပါ။မိမိကိုယ္ခႏၶာ အခ်ိဳးအစားကို ျပဳျပင္

ေျပာင္းလဲဖို့အတြက္ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္ လုပ္ရမွာ မွန္ေသာ္လည္း hardcore ဆိုတဲ့ ေပၚျပဴလာစကားေလး တစ္ခြန္းအတြက္ သင့္ရဲ့နာလံထ အားျပည့္သည့္စနစ္ recovering system ကို မဖ်က္ဆီး

ေစခ်င္ပါဘူး။ တခါတရံ ကၽြန္ေတာ္တို့ေလ့က်င့္ေနတဲ့ျပင္းအားကို ကၽြန္ေတာ္တို့ဘာမွမထူးဆန္းသလို ခံစားရျခင္းက စိတ္ေဆာင္ေနလို့ေအာင္ေနျခင္းပါ။ ခႏၶာကိုယ္တြင္း ကေတာ့ မလိုက္နိုင္ေတာ့တာ သင္ဂ႐ုမျပဳမိျခင္းပါ။


တကယ္ေတာ့ ေလ့က်င့္မွုလြန္ကဲျခင္းဟာ ခႏၶာကိုယ္အခ်ိဳးအစား ျပဳျပင္ေျပာင္းလဲ ေရးတြင္သာမက၊ အအိပ္အစား၊အလုပ္စသည့္ ေန႔စဥ္လူမွုဘ၀မ်ား အေပၚပါဆိုးက်ိဳးမ်ား သက္ေရာက္နိုင္စြမ္း ရွိေနပါတယ္။


(၇)

ကေလးတစ္ေယာက္ ႏွစ္ေယာက္ေလာက္ရွိတဲ့ အလုပ္ဖိအားမ်ားတဲ့ အသက္သုံးဆယ္ေက်ာ္ ေယာက္က်ား တစ္ေယာက္ အတြက္၊ ေလ့က်င့္မွု လြန္ကဲျခင္းဟာ သုတ္ပိုးနည္းပါးျခင္းနဲ႔ျမဳံျခင္းတို့ကိုပါျဖစ္ေစနိုင္ပါတယ္။


(၈)

ကိုယ္တြင္းမွ တျခားေသာ ႂကြက္သား အစိတ္အပိုင္းမ်ားလိုပဲ သင့္သာမိုမီတာဟာလည္း

ေသြးလည္ပါတ္စီးဆင္းမွုေကာင္းဖို့လိုအပ္ပါတယ္။သင့္သာမိုမီတာ အႀကိမ္ႀကိမ္ ေကာင္းမြန္စြာ ေထာင္မတ္နိုင္စြမ္းဟာ သင့္ႏွလုံးေသြးလည္ပါတ္မွု စနစ္ေတြ ေကာင္းမြန္ေနေသးတယ္ ဆိုတာျပသတာပါပဲ။အကယ္၍

သာမိုမီတာ အားနည္းေနၿပီဆို၇င္ မၾကာခင္မွာပဲ သင္ႏွလုံးႏွင့္ပါတ္သက္ေသာ ျပသနာမ်ားကို ခံစားရနိုင္ဖြယ္ရွိေနပါၿပီ။


(၃၊၉၊၁၀)

ထို့အတူပဲ ကိုယ္လက္လွုပ္ရွားမွုနည္းတဲ့ အမ်ိဳးသားေတြ အေနနဲ႔လည္း သင့္တင့္မၽွတတဲ့ေလ့က်င့္ခန္း အမ်ိဳးအစားကို ျပဳလုပ္ျခင္းျဖင့္လည္း လိင္ပိုင္းဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ား ေကာင္းမြန္ေစရန္ေဆာင္ရြက္နိုင္ပါတယ္။


(၁၄)

ေလ့က်င့္ခန္း စတင္ျပဳလုပ္မည္ဆိုလ်င္ ခပ္ရြရြေလးေျပးျခင္း၊ လမ္းေလ်ာက္ျခင္း

စေသာ အေနအထားမ်ိဳးမွ တဆင့္တျဖည္းျဖည္းျခင္းသာ ေလ့က်င့္ခန္း၏ ၀န္ကိုတိုးသြားသင့္ပါသည္။သို့မွသာ

ေလ့က်င့္ခန္း၏ အက်ိဳးေက်းဇူးျဖစ္ေသာ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ ႏွင့္အ၀လြန္ေရာဂါမ်ားမွ လြတ္ကင္းနိုင္ပါမည္။


(၁၂)

ေယဘုယ်အားျဖင့္ အသက္အရြယ္ ရလာသည္ႏွင့္အမၽွ မနက္ေစာေစာ သာမိုမီတာေထာင္မတ္နိုင္စြမ္းမ်ား က်ဆင္းသြားနိုင္ ေသာ္လည္း သင့္ေလ့က်င့္ခန္း ပမာဏ အာဟာရႏွင့္ အနားယူမွုမၽွတေနမည္ဆိုလ်င္ ေနာင္ႏွစ္ေပါင္းမ်ားစြာ သာမိုမီတာ ေထာင္မတ္နိုင္စြမ္းကို သင္ျပည့္ျပည့္၀၀ ရရွိခံစားနိုင္မည္ျဖစ္သည္။ေလ့က်င့္ခန္း ျပဳလုပ္ျခင္းသည္ က်န္းမာေရး အတြက္ေကာင္းေသာ္လည္း ***ေမႊးလြန္းက အီတတ္၏

***ဟူေသာ ဆိုရိုးအတိုင္း ခႏၶာကိုယ္က လက္ခံနိုင္စြမ္းရွိသည့္ ပမာဏထက္ ေလ့က်င့္ခန္း ျပဳလုပ္မိလ်င္ေတာ့

ရလာဒ္ေကာင္းမ်ား မွ လြဲေခ်ာ္သြားနိုင္သည္ကို မေမ့သင့္ပါ။


(၁၅)


လိုတိုရွင္း ေျပာရလ်င္ ဤေဆာင္းပါးမွ ကၽြန္ေတာ္ေပးခ်င္ေသာ မက္ေဆ့မွာ-


-ဘ၀တြင္ အေရးအႀကီးဆုံး အခ်က္မွာ က်န္းမာျခင္း health ပင္ျဖစ္သည္။


-ထို့ေနာက္ တြင္မွသာ fitness &strength အေရးပါေလသည္။


-Health အတြက္ fitness အေရးပါေသာ္လည္း၊Fitness အတြက္ေတာ့ Health ကိုမစေတးသင့္ပါ။


-ကာယဗလ မဂၢဇင္းမ်ားတြင္ ေဖာ္ျပေနၾကသည့္ Hardcore ဆိုတာကို ခဏေမ့ျဖစ္ေအာင္ေမ့ထားပါ။


-လူတစ္ေယာက္ႏွင့္ တေယာက္ခံနိုင္ရည္ျခင္း လုံး၀မတူညီသည့္ အတြက္ လူတစ္ေယာက္အတြက္

ေသြးပူေလာက္သာ ရွိေသာ ကစားသည့္ ပမာဏသည္ အျခားေသာ သူတစ္ေယာက္ အတြက္မူ

ထိခ်က္ျပင္းသည့္ stress တခုျဖစ္သြားနိုင္သည္ကို ဂ႐ုျပဳပါ။


-လူအေတာ္မ်ားမ်ား ဂ်င္မ္ကစားသည့္ ရည္ရြယ္ခ်က္ ကိုအတိအက် သတ္မွတ္သင့္ပါသည္။က်န္းမာ

ေရးအတြက္ ကစားသူသည္ ေမာင္ၿပိဳင္ပြဲ၀င္မည့္သူ ကဲ့သို့မည္သည့္ အခါမၽွ မေလ့က်င့္သင့္ပါ။


-ယေန႔ေခတ္ ဖိအားမ်ား သက္ေရာက္မွုမ်ားသည့္ လူေနမွုဘ၀ပုံစံ ကိုရင္ဆိုင္ေနရသည့္ အမ်ိဳးသားမ်ား

အမ်ားဆုံး ေတြ႕ၾကဳံရသည့္ ျပသနာမွာ လိင္မွုေဝဒနာမ်ား ပင္ျဖစ္သည္။ထို့ေၾကာင့္ မိမိတို့က်ားမာန္

အစဥ္အျမဲ ထက္သန္ျပည့္၀ ေနေစဖို့ေလ့က်င့္ခန္း ျပဳလုပ္ရာတြင္ နားလည္တတ္ကၽြမ္းသူမ်ား၏ အကူအညီ

လိုအပ္သလို မိမိကိုယ္တိုင္လည္း အသိပညာမ်ား ဆည္းပူးေလ့လာထားသင့္ပါသည္။


ကၽြန္ေတာ္ တင္ျပလို သည့္ အခ်က္မ်ားကို Research အျဖစ္ေတြ႕ရသည့္အတြက္ မလိုအပ္သည္မ်ားကို

ခ်န္လွပ္ရင္း မူရင္းလည္းမပ်က္ေစ၇န္ ေဆာင္းပါးအျဖစ္ ႀကိဳးစား တင္ဆက္ေပး လိုက္ျခင္းျဖစ္ပါသည္။


အကယ္၍ ဖတ္ရသည့္ အရသာ တမ်ိဳးျဖစ္ေနပါက ကၽြန္ေတာ္၏ တင္ျပပုံလိုအပ္ခ်က္သာ ျဖစ္ပါေၾကာင္း-


ေလးစားလ်က္-


နိုင္ဦး-၁၁၉


References:

1. Blum et al. Sex, drugs, and rock 'n' roll: hypothesizing common mesolimbic activation as a

function of reward gene polymorphisms. J Psychoactive Drugs. 2012 Jan-Mar;44(1):38-55.

2. van Driel. "Sleep-related erections throughout the ages." J Sex Med. 2014 Jul;11(7):1867-75.

3. Hirshkowitz and Schmidt. "Sleep-related erections: clinical perspectives and neural

mechanisms." Sleep Med Rev. 2005 Aug;9(4):311-29.

4. Evans et al. "Concentrations of plasma testosterone in normal men during sleep." Nature.

1971 Jan 22;229(5282):261-2.

5. Granata et al. "Relationship between sleep-related erections and testosterone levels in men."

J Androl. 1997 Sep-Oct;18(5):522-7.

6. Koyanagi et al. "REM sleep determined using in utero penile tumescence in the human fetus

at term." Biol Neonate. 1991;60 Suppl 1:30-5.

7. Brooks and Carter. "Overtraining, Exercise, and Adrenal Insufficiency." J Nov Physiother.

2013 Feb 16;3(125).

8. du Plessis et al. "Is There a Link between Exercise and Male Factor Infertility?" Open Repro

Sci J 2011, 3, 105-113 105.

9. Karacan et al. "Erectile dysfunction in hypertensive men: sleep-related erections, penile blood

flow and musculovascular events." J Urol. 1989 Jul;142(1):56-61.

10. Rastrelli et al. "Impaired masturbation-induced erections: a new cardiovascular risk factor

for male subjects with sexual dysfunction." J Sex Med. 2013 Apr;10(4):1100-13.

11. Simon et al. "The Association of Exercise with Both Erectile and Sexual Function in Black

and White Men." J Sex Med. 2015 Mar 20.

12. Tommy Wood, The Great Upside-Down Movement Pyramid, Breaking Muscle UK

13. Veldhuis et al. "Amplitude suppression of the pulsatile mode of immunoradiometric

luteinizing hormone release in fasting-induced hypoandrogenemia in normal men." J Clin

Endocrinol Metab. 1993 Mar;76(3):587-93.

14. Leproult and Van Cauter. "Effect of 1 week of sleep restriction on testosterone levels in

young healthy men." JAMA. 2011 Jun 1;305(21):2173-4.

15. Spiegel et al. Impact of sleep debt on metabolic and endocrine function. Lancet. 1999 Oct

23;354(9188):1435-9.


Sunday, October 25, 2020

အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ပါ

 အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ပါ 




           HR သမားတစ်ယောက်အတွက် အခက်အခဲဆုံးလို့ပြောလို့ရတဲ့ တာ ဝန်တစ်ခုကိုပြောပါဆိုရင် အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ခြင်းပါပဲ။


            Operation နွံကို ပြောတာပါ။ သူဌေးတွေ အလုပ်ရှင်တွေအတွက် Operation မှာ ကိုယ်တိုင်ပါဝင်ကြီးကြပ်ခြင်းဟာ နွံထဲမှာ နစ်မွန်းနေတာနဲ့အတူတူပါပဲ။ ခက်တာက အလုပ်ရှင်အများစုက အဲဒီနွံကို ခုံမင်နေတတ်ကြပြန်ရော။ အလုပ်ရှင်အများစု အထူးသဖြင့် မိရိုးဖလာလုပ်ငန်းငယ်ကနေ ကြီးထွားလာကြတဲ့အလုပ်ရှင်အများစုဟာ အရာရာကို ကိုယ်တိုင်ဖြေရှင်းရမှ နေရာတကာ ဆုံးဖြတ်ချက်ပေးရမှ အသေးအမွှားလေးတွေကအစ သူ့လက်သူ့ခြေဖြစ်ရမှ ကျေနပ်တတ်ကြတယ်။ သဘာဝအရ ဖြစ်တတ်တာ မှန်ပေမယ်လို့ အဲဒါဟာ အမှန်တကယ်တော့ နွံထဲနစ်မှန်းမသိ နစ်နေကြတာပါ။ လုပ်ငန်းတဖြည်းဖြည်းနိမ့်ကျလာနိုင်ချေရှိလို့ အလုပ်ရှင်ကို အဲဒီနွံထဲက ဆွဲထုတ်ရပါမယ်။ ဆွဲထုတ်ရခက်ပါတယ်။ တကယ်တမ်းဝန်ခံရရင် အခက်ဆုံးအလုပ်ပါပဲ။ သာမန် HR သမားတစ်ယောက်အတွက်တော့ လုပ်နိုင်လိမ့်မယ်မထင်ဘူး။


            ယာဉ်မောင်းတစ်ယောက်အလုပ်ခန့်တာတောင် ကိုယ်တိုင်အင်တာဗျူး ရမှကျေနပ်တဲ့ အလုပ်ရှင်မျိုးကို ကြုံဖူးပါတယ်။ အလုပ်စတည်ထောင်ကာစနဲ့ အောင်မြင်စမှာ သူတို့ရဲ့အောင်မြင်မှုပီတိကို စားသုံးရင်း ကျေနပ်အားရနေကြတာပါ။ လုပ်ငန်းတစ်ခု အောင်မြင်အောင်ထူထောင်နိုင်ပါတယ်ဆိုတဲ့ ဂုဏ်ကို ရယူခံစားနေတာပါ။ အမှန်က ပန်းဝင်သေးတာမဟုတ်ဘူး။ အဲဒီအချိန်မှာ ပန်းတိုင်က ဘယ်ဆီနေမှန်းတောင်မသိဘူး။ ပန်းတိုင်ဘယ်နားထားရမလဲဆိုတာကိုသာ မှန်းဆလို့ရမယ့်အနေအထားသာ ရှိပါသေးတယ်။


စီးပွားရေးလုပ်တာဟာ ရေရှည်ပန်းတိုင်ထားရပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ပန်းတိုင်ငယ်လေးတွေ အများကြီးထားရပါတယ်။ ပန်းတိုင်တစ်ခုနဲ့ တစ်ခုဟာ အချိတ်အဆက်ရှိရပါတယ်။ ပန်းတိုင်တစ်ခုရောက်ရှိတာဟာ နောက်ပန်းတိုင်ကို ဆက်လှမ်းဖို့ အားဖြည့်တာသက်သက်ပါပဲ။ ရပ်နားဖို့ မဟုတ်ပါဘူး အရသာခံဖို့မဟုတ်ပါဘူး။


            အဲလိုသဘောတရားတွေကို အလုပ်ရှင်အများစုက မေ့လျော့နေတတ်ကြတယ်။ ငါတို့ပန်းတိုင်ရောက်ပြီပဲဆိုပြီး တက်မထောင်ပြတတ်ကြတယ်။ အောင်မြင်ခြင်းအရသာကို ခံစားရင်း အလုပ်ခွင်ထဲမှာပိတ်မိနေတတ်ကြတာပါ။


            ဒါကို HR သမားတွေက သတိဖော်ပေးရမယ်။ ဆွဲထုတ်ရမယ်။ တကယ်တော့ အလုပ်ရှင်ဆိုတာ ကိုယ်တိုင်အလုပ်လုပ်သူ မဟုတ်ဘူး၊ အလုပ်စီစဉ်သူသာဖြစ်ရမယ်။ စာစကားနဲ့ပြောရမယ်ဆို မဟာဗျူဟာချမှတ်သူပေါ့၊ မူဝါဒချမှတ်သူပေါ့။


            စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် စတင်အကောင်အထည်ဖော်ရသူသာဖြစ်တယ်။ လုပ်ငန်းတစ်ခုကို စတည်တယ်။ အစစအရာရာ ကိုယ်တိုင်ဝင်လုပ်တယ်။ အရှိန်ရလာတဲ့အထိ လည်ပတ်ပေးတယ်။ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း အကောင်အထည်ပေါ်လာအောင် စမ်းတဝါးဝါး အလုပ်လုပ်တယ်။ သိသူတတ်သူတွေကို မေးမြန်းပြီးဆက်လုပ်တယ်။ အနေအထားတစ်ခုရောက်လာရင် သူ့ကိုအကူအညီပေးနိုင်မယ့်သူတွေ အလုပ်ခွင်ထဲထပ်ထည့်တယ်။ ပြီးရင်လွှဲလို့ရနိုင်သမျှ လွှဲတယ်။ လိုအပ်တာ ညွှန်ကြားတယ်။ အရှိန်မြှင့်တယ်။ ပြီးရင် နောက်ဆုတ်နေလိုက်ပြီးနောက် တစ်လှမ်းချီတက်တယ်။ ဒါအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ဦး အလုပ်လုပ်ပုံ သဘောတရားပါပဲ။ အဲဒီသဘောတရားကို HR သမားတွေက သိထားရမယ်။ ဒါမှအလုပ်ရှင်ကို ကောင်းကောင်းကူညီနိုင်မှာဖြစ်တယ်။


            ဒါဆို အလုပ်ရှင်ကို အလုပ်နွံထဲနစ်မနေအောင် ဘယ်သူက အကောင်အထည်ဖော်မလဲလို့ မေးစရာရှိပါတယ်။ အခြားသူမဟုတ်ပါဘူး။ ဒါကို HR သမားတွေကပဲ အကောင်အထည်ဖော်ပေးရတာပါ။ အလုပ်ရှင်ရဲ့ စိတ်ကူးအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်မယ့်လူကို HR က ရှာပေးရမယ်။ ယုံကြည်စိတ်ချပြီး အားကိုးရတဲ့လူကောင်းသူကောင်းတွေ ရှာဖွေ ခန့်ထားပေးရမယ်။ အလုပ်ပြီးမြောက်အောင် စနစ်တွေနဲ့ထိန်းမယ်။ အကောင်းဆုံးမဟုတ်တောင် အသင့်တော်ဆုံး နည်းနာတွေနဲ့ ကျားကန်ထား နိုင်တယ်ဆိုရင် အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာဖြစ်လာတဲ့အခါ အလုပ်ရှင်လည်း လူပိုလိုဖြစ်လာလိမ့်မယ်။ အဲဒီအခါကျမှ သူ့နေရာသူ ပြန်သတိရလာလိမ့်မယ်။


            HR က တကယ်အလုပ်လုပ်တဲ့ဝန်ထမ်းတွေအတွက် လုပ်ခွင့်ခွင်ဖော်ပေးရမယ်။ တာဝန်ယူရဲအောင် တာဝန်ခံရဲအောင် လမ်းဖောက်ပေးရမယ်။လူကောင်းသူကောင်းရရှိအောင် လုပ်ပေးရတာ HR ရဲ့ အဓိကတာဝန်တစ်ခု။ လုပ်ငန်းတာဝန်တစ်ခုလုံးကို ယုံကြည်စိတ်ချစွာ အပ်လို့ရနိုင်မယ့် လူကောင်းသူကောင်းကလည်း ရွှေထက်တောင်ရှားသေးတယ်။ ဆွေမျိုးရင်းချာတွေကိုလည်း အပြည့်ယုံကြည်လို့မရ။ သားသမီးမြေးမြစ်ကိုလည်း စိတ်ချလက်ချထားလို့မဖြစ်။ ဝန်ထမ်းကောင်းရဖို့ကလည်း ပြည်တန်ပတ္တမြားရှာရတာက ပိုလွယ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ရှိပါတယ်။ လူမွေးပါ။ ကိုယ်လိုချင်တဲ့အနေအထားရအောင် မွေးမြူပါ။ သွန်သင်ပါ။ ဆုံးမပါ။ လက်တွဲလုပ်ပါ။ ယုံကြည်စိတ်ချစွာလွှဲအပ်ပါ။


            ဒါကြောင့် အလုပ်ရှင်တွေရဲ့စိတ်ကူးအကြံဉာဏ်တွေ ကွန့်မြူးနေဖို့ အလုပ်ခွင်ကိုစိတ်ချလက်ချထားခဲ့နိုင်ဖို့ HR က လမ်းဖောက်ပေးရမယ်။ ဒါမှသာ လုပ်ငန်းကို အကောင်းဆုံးအနေအထားရောက်အောင် ပြုပြင်ဖာထေးနိုင်မယ်။ မွမ်းမံနိုင်မယ်။ လုပ်ငန်းတွေထပ်တိုးရင်းနှီးနိုင်မယ်၊ လုပ်ငန်းတွေ ချဲ့နိုင်မယ်။ ပွဲအတွင်းဝင်ကစားနေတဲ့ ကစားသမားထက် အပြင်လူက အကွက်ပိုမြင်တယ်ဆိုတာ သိသာပါတယ်။ ကိုယ်တိုင်ဝင်လုပ်ခဲ့ဖူးတော့ အပြင်လူတွေထက် ပိုပြီးခြုံငုံသုံးသပ်နိုင်တာပေါ့ဗျာ။


လွယ်တော့မလွယ်ဘူးနော်။ အလုပ်ရှင်ဆိုတာ လုပ်ငန်းအောင်မြင်ပြီး အကျိုးအမြတ်ခံစားရုံတင်မကဘူး။ ဒီလုပ်ငန်းရဲ့ ပိုင်ရှင်ဟာ ငါပဲဆိုတာ လူသိထင်ရှားဖြစ်စေချင်သေးတာ။ အတွင်းလူဖြစ်တဲ့ ဝန်ထမ်းတွေတင်မကဘူး။အပြင်လူတွေ ဖောက်သည်တွေ အစိုးရဌာနတွေအထိ ပိုင်ရှင်ဟာသူပဲလို့ တရားဝင်သိစေချင်တယ်။ သူ့အမိန့်သူ့ညွှန်ကြားချက်တွေ ထိရောက်စေချင်တယ်။ လုပ်ငန်းတစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်။ ဒါကြောင့် နေရာတကာပါသလို ဖြစ်နေရတာ။ သူပျိုးခဲ့တဲ့ အပင်လေးအရွယ်ရောက်မှ တစ်ခုခုဖြစ်သွားမှာ ကြောက်တယ်။ အသီးအပွင့်စားရခါနီးမှ လဲပြိုသွားမှာစိုးတယ်။ ရင်းနှီးခဲ့သမျှ ကုန်သွားမှာထက် သူ့လုပ်ငန်း ရေတိမ်နစ်သွားမှာ စိုးရိမ်တယ်။ နောက်တစ်ချက်က သူဟာ အသုံးဝင်တဲ့လူ၊ သူမရှိမဖြစ်ဘူးလို့ အနီးစပ်ဆုံးပတ် ဝန်းကျင်ကလူတွေရဲ့ အသိအမှတ်အပြုခံချင်သေးတာ။ ဒါနဲ့ပဲ ရုံးမထွက်နိုင်ဘဲ ဒီအလုပ်ခွင်ထဲမှာ ပျော်နေတော့တာ။ ကြာတော့ သူ့မှာလည်း အကြံတုန်းဉာဏ်တုန်းဖြစ်ပြီး ငြီးငွေလာတတ်တယ်။ လုပ်ငန်းတိုးတက်နေလား အကျဖက်သွားနေလားဆိုတာတောင် မဝေခွဲတတ်တဲ့ အနေအထားကို ရောက်တတ်တယ်။


            ဒါကြောင့် အသစ်အဆန်းတွေရှာဖွေနိုင်အောင်၊ မိတ်ဆွေတွေထပ်တိုးလာအောင် ရင်းနှီးမြှုပ်နှံသူတွေရလာအောင် သူ့အတွက် အချိန်လိုတယ်။အဲဒီအချိန်ကို HR က ရှာပေးရမယ်။ ဖန်တီးပေးရမယ်။


            HR က လုပ်ငန်းသဘောကို နားလည်နေရင် လုပ်ငန်းတစ်ခုရဲ့ ဘ၀စက်ဝန်းဘယ်အနေအထားရောက်ပြီဆိုတာ သတိပြုမိမှာပါ။ အစပျိုးအဆင့် ကြီးထွားအဆင့်အောင်မြင်ခြင်းအဆင့် ယုတ်လျော့ခြင်းအဆင့် ကျဆုံးပျက်စီးခြင်းအဆင့်ဆိုပြီး အဆင့်ငါးခုရှိတဲ့အနက် အောင်မြင်ခြင်းအဆင့်လောက်ရောက်နေတဲ့လုပ်ငန်းရဲ့ အလုပ်ရှင်ကို အချိန်မီဆွဲထုတ်နိုင်ဖို့ လိုပါတယ်။ ဒါမှနောက်နှစ်ဆင့်ဟာ အချိန်အတော်လေးကြာမှ ရောက်မှာ။ အကျဖက်ကို သွားနေတဲ့ အချိန်ဆွဲဆန့်ထားနိုင်တယ်လို့ ပြောချင်တာ။


            ဒါကြောင့် အလုပ်ရှင်ကို နွံထဲက ဆွဲထုတ်ပါလို့ HR တွေကို အကြံပေးရခြင်းဖြစ်ပါတယ်။


(ဆရာမင်းနိုင်)


(Zawgyi) 

အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ပါ 




           HR သမားတစ္ေယာက္အတြက္ အခက္အခဲဆုံးလို႔ေျပာလို႔ရတဲ့ တာ ဝန္တစ္ခုကိုေျပာပါဆိုရင္ အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ျခင္းပါပဲ။


            Operation ႏြံကို ေျပာတာပါ။ သူေဌးေတြ အလုပ္ရွင္ေတြအတြက္ Operation မွာ ကိုယ္တိုင္ပါဝင္ႀကီးၾကပ္ျခင္းဟာ ႏြံထဲမွာ နစ္မြန္းေနတာနဲ႔အတူတူပါပဲ။ ခက္တာက အလုပ္ရွင္အမ်ားစုက အဲဒီႏြံကို ခုံမင္ေနတတ္ၾကျပန္ေရာ။ အလုပ္ရွင္အမ်ားစု အထူးသျဖင့္ မိ႐ိုးဖလာလုပ္ငန္းငယ္ကေန ႀကီးထြားလာၾကတဲ့အလုပ္ရွင္အမ်ားစုဟာ အရာရာကို ကိုယ္တိုင္ေျဖရွင္းရမွ ေနရာတကာ ဆုံးျဖတ္ခ်က္ေပးရမွ အေသးအမႊားေလးေတြကအစ သူ႔လက္သူ႔ေျချဖစ္ရမွ ေက်နပ္တတ္ၾကတယ္။ သဘာဝအရ ျဖစ္တတ္တာ မွန္ေပမယ္လို႔ အဲဒါဟာ အမွန္တကယ္ေတာ့ ႏြံထဲနစ္မွန္းမသိ နစ္ေနၾကတာပါ။ လုပ္ငန္းတျဖည္းျဖည္းနိမ့္က်လာႏိုင္ေခ်ရွိလို႔ အလုပ္ရွင္ကို အဲဒီႏြံထဲက ဆြဲထုတ္ရပါမယ္။ ဆြဲထုတ္ရခက္ပါတယ္။ တကယ္တမ္းဝန္ခံရရင္ အခက္ဆုံးအလုပ္ပါပဲ။ သာမန္ HR သမားတစ္ေယာက္အတြက္ေတာ့ လုပ္ႏိုင္လိမ့္မယ္မထင္ဘူး။


            ယာဥ္ေမာင္းတစ္ေယာက္အလုပ္ခန႔္တာေတာင္ ကိုယ္တိုင္အင္တာဗ်ဴး ရမွေက်နပ္တဲ့ အလုပ္ရွင္မ်ိဳးကို ႀကဳံဖူးပါတယ္။ အလုပ္စတည္ေထာင္ကာစနဲ႔ ေအာင္ျမင္စမွာ သူတို႔ရဲ႕ေအာင္ျမင္မႈပီတိကို စားသုံးရင္း ေက်နပ္အားရေနၾကတာပါ။ လုပ္ငန္းတစ္ခု ေအာင္ျမင္ေအာင္ထူေထာင္ႏိုင္ပါတယ္ဆိုတဲ့ ဂုဏ္ကို ရယူခံစားေနတာပါ။ အမွန္က ပန္းဝင္ေသးတာမဟုတ္ဘူး။ အဲဒီအခ်ိန္မွာ ပန္းတိုင္က ဘယ္ဆီေနမွန္းေတာင္မသိဘူး။ ပန္းတိုင္ဘယ္နားထားရမလဲဆိုတာကိုသာ မွန္းဆလို႔ရမယ့္အေနအထားသာ ရွိပါေသးတယ္။


စီးပြားေရးလုပ္တာဟာ ေရရွည္ပန္းတိုင္ထားရပါတယ္။ တစ္နည္းေျပာရမယ္ဆိုရင္ ပန္းတိုင္ငယ္ေလးေတြ အမ်ားႀကီးထားရပါတယ္။ ပန္းတိုင္တစ္ခုနဲ႔ တစ္ခုဟာ အခ်ိတ္အဆက္ရွိရပါတယ္။ ပန္းတိုင္တစ္ခုေရာက္ရွိတာဟာ ေနာက္ပန္းတိုင္ကို ဆက္လွမ္းဖို႔ အားျဖည့္တာသက္သက္ပါပဲ။ ရပ္နားဖို႔ မဟုတ္ပါဘူး အရသာခံဖို႔မဟုတ္ပါဘူး။


            အဲလိုသေဘာတရားေတြကို အလုပ္ရွင္အမ်ားစုက ေမ့ေလ်ာ့ေနတတ္ၾကတယ္။ ငါတို႔ပန္းတိုင္ေရာက္ၿပီပဲဆိုၿပီး တက္မေထာင္ျပတတ္ၾကတယ္။ ေအာင္ျမင္ျခင္းအရသာကို ခံစားရင္း အလုပ္ခြင္ထဲမွာပိတ္မိေနတတ္ၾကတာပါ။


            ဒါကို HR သမားေတြက သတိေဖာ္ေပးရမယ္။ ဆြဲထုတ္ရမယ္။ တကယ္ေတာ့ အလုပ္ရွင္ဆိုတာ ကိုယ္တိုင္အလုပ္လုပ္သူ မဟုတ္ဘူး၊ အလုပ္စီစဥ္သူသာျဖစ္ရမယ္။ စာစကားနဲ႔ေျပာရမယ္ဆို မဟာဗ်ဴဟာခ်မွတ္သူေပါ့၊ မူဝါဒခ်မွတ္သူေပါ့။


            စိတ္ကူးအိပ္မက္ေတြကို လက္ေတြ႕ျဖစ္လာေအာင္ စတင္အေကာင္အထည္ေဖာ္ရသူသာျဖစ္တယ္။ လုပ္ငန္းတစ္ခုကို စတည္တယ္။ အစစအရာရာ ကိုယ္တိုင္ဝင္လုပ္တယ္။ အရွိန္ရလာတဲ့အထိ လည္ပတ္ေပးတယ္။ စိတ္ကူးထဲမွာ ပုံေဖာ္ထားတဲ့အတိုင္း အေကာင္အထည္ေပၚလာေအာင္ စမ္းတဝါးဝါး အလုပ္လုပ္တယ္။ သိသူတတ္သူေတြကို ေမးျမန္းၿပီးဆက္လုပ္တယ္။ အေနအထားတစ္ခုေရာက္လာရင္ သူ႔ကိုအကူအညီေပးႏိုင္မယ့္သူေတြ အလုပ္ခြင္ထဲထပ္ထည့္တယ္။ ၿပီးရင္လႊဲလို႔ရႏိုင္သမွ် လႊဲတယ္။ လိုအပ္တာ ၫႊန္ၾကားတယ္။ အရွိန္ျမႇင့္တယ္။ ၿပီးရင္ ေနာက္ဆုတ္ေနလိုက္ၿပီးေနာက္ တစ္လွမ္းခ်ီတက္တယ္။ ဒါေအာင္ျမင္တဲ့လုပ္ငန္းရွင္တစ္ဦး အလုပ္လုပ္ပုံ သေဘာတရားပါပဲ။ အဲဒီသေဘာတရားကို HR သမားေတြက သိထားရမယ္။ ဒါမွအလုပ္ရွင္ကို ေကာင္းေကာင္းကူညီႏိုင္မွာျဖစ္တယ္။


            ဒါဆို အလုပ္ရွင္ကို အလုပ္ႏြံထဲနစ္မေနေအာင္ ဘယ္သူက အေကာင္အထည္ေဖာ္မလဲလို႔ ေမးစရာရွိပါတယ္။ အျခားသူမဟုတ္ပါဘူး။ ဒါကို HR သမားေတြကပဲ အေကာင္အထည္ေဖာ္ေပးရတာပါ။ အလုပ္ရွင္ရဲ႕ စိတ္ကူးအိပ္မက္ကို ဆက္လက္အေကာင္အထည္ေဖာ္မယ့္လူကို HR က ရွာေပးရမယ္။ ယုံၾကည္စိတ္ခ်ၿပီး အားကိုးရတဲ့လူေကာင္းသူေကာင္းေတြ ရွာေဖြ ခန႔္ထားေပးရမယ္။ အလုပ္ၿပီးေျမာက္ေအာင္ စနစ္ေတြနဲ႔ထိန္းမယ္။ အေကာင္းဆုံးမဟုတ္ေတာင္ အသင့္ေတာ္ဆုံး နည္းနာေတြနဲ႔ က်ားကန္ထား ႏိုင္တယ္ဆိုရင္ အဖြဲ႕အစည္းတစ္ခု ခိုင္ခိုင္မာမာျဖစ္လာတဲ့အခါ အလုပ္ရွင္လည္း လူပိုလိုျဖစ္လာလိမ့္မယ္။ အဲဒီအခါက်မွ သူ႔ေနရာသူ ျပန္သတိရလာလိမ့္မယ္။


            HR က တကယ္အလုပ္လုပ္တဲ့ဝန္ထမ္းေတြအတြက္ လုပ္ခြင့္ခြင္ေဖာ္ေပးရမယ္။ တာဝန္ယူရဲေအာင္ တာဝန္ခံရဲေအာင္ လမ္းေဖာက္ေပးရမယ္။လူေကာင္းသူေကာင္းရရွိေအာင္ လုပ္ေပးရတာ HR ရဲ႕ အဓိကတာဝန္တစ္ခု။ လုပ္ငန္းတာဝန္တစ္ခုလုံးကို ယုံၾကည္စိတ္ခ်စြာ အပ္လို႔ရႏိုင္မယ့္ လူေကာင္းသူေကာင္းကလည္း ေ႐ႊထက္ေတာင္ရွားေသးတယ္။ ေဆြမ်ိဳးရင္းခ်ာေတြကိုလည္း အျပည့္ယုံၾကည္လို႔မရ။ သားသမီးေျမးျမစ္ကိုလည္း စိတ္ခ်လက္ခ်ထားလို႔မျဖစ္။ ဝန္ထမ္းေကာင္းရဖို႔ကလည္း ျပည္တန္ပတၱျမားရွာရတာက ပိုလြယ္မယ္ထင္ပါတယ္။ ဒါေပမဲ့ ရွိပါတယ္။ လူေမြးပါ။ ကိုယ္လိုခ်င္တဲ့အေနအထားရေအာင္ ေမြးျမဴပါ။ သြန္သင္ပါ။ ဆုံးမပါ။ လက္တြဲလုပ္ပါ။ ယုံၾကည္စိတ္ခ်စြာလႊဲအပ္ပါ။


            ဒါေၾကာင့္ အလုပ္ရွင္ေတြရဲ႕စိတ္ကူးအႀကံဉာဏ္ေတြ ကြန႔္ျမဴးေနဖို႔ အလုပ္ခြင္ကိုစိတ္ခ်လက္ခ်ထားခဲ့ႏိုင္ဖို႔ HR က လမ္းေဖာက္ေပးရမယ္။ ဒါမွသာ လုပ္ငန္းကို အေကာင္းဆုံးအေနအထားေရာက္ေအာင္ ျပဳျပင္ဖာေထးႏိုင္မယ္။ မြမ္းမံႏိုင္မယ္။ လုပ္ငန္းေတြထပ္တိုးရင္းႏွီးႏိုင္မယ္၊ လုပ္ငန္းေတြ ခ်ဲ႕ႏိုင္မယ္။ ပြဲအတြင္းဝင္ကစားေနတဲ့ ကစားသမားထက္ အျပင္လူက အကြက္ပိုျမင္တယ္ဆိုတာ သိသာပါတယ္။ ကိုယ္တိုင္ဝင္လုပ္ခဲ့ဖူးေတာ့ အျပင္လူေတြထက္ ပိုၿပီးၿခဳံငုံသုံးသပ္ႏိုင္တာေပါ့ဗ်ာ။


လြယ္ေတာ့မလြယ္ဘူးေနာ္။ အလုပ္ရွင္ဆိုတာ လုပ္ငန္းေအာင္ျမင္ၿပီး အက်ိဳးအျမတ္ခံစား႐ုံတင္မကဘူး။ ဒီလုပ္ငန္းရဲ႕ ပိုင္ရွင္ဟာ ငါပဲဆိုတာ လူသိထင္ရွားျဖစ္ေစခ်င္ေသးတာ။ အတြင္းလူျဖစ္တဲ့ ဝန္ထမ္းေတြတင္မကဘူး။အျပင္လူေတြ ေဖာက္သည္ေတြ အစိုးရဌာနေတြအထိ ပိုင္ရွင္ဟာသူပဲလို႔ တရားဝင္သိေစခ်င္တယ္။ သူ႔အမိန႔္သူ႔ၫႊန္ၾကားခ်က္ေတြ ထိေရာက္ေစခ်င္တယ္။ လုပ္ငန္းတစ္ခုခုျဖစ္သြားမွာ စိုးရိမ္တယ္။ ဒါေၾကာင့္ ေနရာတကာပါသလို ျဖစ္ေနရတာ။ သူပ်ိဳးခဲ့တဲ့ အပင္ေလးအ႐ြယ္ေရာက္မွ တစ္ခုခုျဖစ္သြားမွာ ေၾကာက္တယ္။ အသီးအပြင့္စားရခါနီးမွ လဲၿပိဳသြားမွာစိုးတယ္။ ရင္းႏွီးခဲ့သမွ် ကုန္သြားမွာထက္ သူ႔လုပ္ငန္း ေရတိမ္နစ္သြားမွာ စိုးရိမ္တယ္။ ေနာက္တစ္ခ်က္က သူဟာ အသုံးဝင္တဲ့လူ၊ သူမရွိမျဖစ္ဘူးလို႔ အနီးစပ္ဆုံးပတ္ ဝန္းက်င္ကလူေတြရဲ႕ အသိအမွတ္အျပဳခံခ်င္ေသးတာ။ ဒါနဲ႔ပဲ ႐ုံးမထြက္ႏိုင္ဘဲ ဒီအလုပ္ခြင္ထဲမွာ ေပ်ာ္ေနေတာ့တာ။ ၾကာေတာ့ သူ႔မွာလည္း အႀကံတုန္းဉာဏ္တုန္းျဖစ္ၿပီး ၿငီးေငြလာတတ္တယ္။ လုပ္ငန္းတိုးတက္ေနလား အက်ဖက္သြားေနလားဆိုတာေတာင္ မေဝခြဲတတ္တဲ့ အေနအထားကို ေရာက္တတ္တယ္။


            ဒါေၾကာင့္ အသစ္အဆန္းေတြရွာေဖြႏိုင္ေအာင္၊ မိတ္ေဆြေတြထပ္တိုးလာေအာင္ ရင္းႏွီးျမႇဳပ္ႏွံသူေတြရလာေအာင္ သူ႔အတြက္ အခ်ိန္လိုတယ္။အဲဒီအခ်ိန္ကို HR က ရွာေပးရမယ္။ ဖန္တီးေပးရမယ္။


            HR က လုပ္ငန္းသေဘာကို နားလည္ေနရင္ လုပ္ငန္းတစ္ခုရဲ႕ ဘ၀စက္ဝန္းဘယ္အေနအထားေရာက္ၿပီဆိုတာ သတိျပဳမိမွာပါ။ အစပ်ိဳးအဆင့္ ႀကီးထြားအဆင့္ေအာင္ျမင္ျခင္းအဆင့္ ယုတ္ေလ်ာ့ျခင္းအဆင့္ က်ဆုံးပ်က္စီးျခင္းအဆင့္ဆိုၿပီး အဆင့္ငါးခုရွိတဲ့အနက္ ေအာင္ျမင္ျခင္းအဆင့္ေလာက္ေရာက္ေနတဲ့လုပ္ငန္းရဲ႕ အလုပ္ရွင္ကို အခ်ိန္မီဆြဲထုတ္ႏိုင္ဖို႔ လိုပါတယ္။ ဒါမွေနာက္ႏွစ္ဆင့္ဟာ အခ်ိန္အေတာ္ေလးၾကာမွ ေရာက္မွာ။ အက်ဖက္ကို သြားေနတဲ့ အခ်ိန္ဆြဲဆန႔္ထားႏိုင္တယ္လို႔ ေျပာခ်င္တာ။


            ဒါေၾကာင့္ အလုပ္ရွင္ကို ႏြံထဲက ဆြဲထုတ္ပါလို႔ HR ေတြကို အႀကံေပးရျခင္းျဖစ္ပါတယ္။


(ဆရာမင္းႏိုင္)

Saturday, October 24, 2020

💵 The Trumps 💵

💵 The Trumps  💵




သန်းကြွယ်သူဌေးကြီး ဖရက်ဒရစ် ဟာ သူ့ရဲ့ လေးယောက်မြောက်သားကို စစ်တပ်ကဖွင့်ထားတဲ့ စည်းကမ်းသိပ်ကြီးတဲ့ကျောင်း (New York Military Academy) ကို ပို့ပစ်လိုက်တယ်။


အဲ့ဒီတုန်းက သူ့သားက အသက် ၁၃ နှစ်အရွယ်ပဲရှိသေးတာ။


💵 💵


သူ့သားက အခြားကလေးတွေနဲ့ကို မတူတာကိုး။


သူ့သားက ကလေးဘဝ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ၊ မောင်နှမတွေက ဘလောက်တုံးလေး (block ) တွေ စီထပ်ထားပြီဆော့နေပြီဆို ပြေးပြီး လက်နဲ့တွန်း ဖြိုပစ်လိုက်ရမှ ..။


မိသားစုဝင်က မွေးနေ့ကိတ်ခွဲရင် ဘယ်သူ့မွေးနေ့ဖြစ်ဖြစ် သူက အရှေ့ဆုံးက ကိတ်ကို အရင်ဆုံး ခက်ရင်းနဲ့ထိုးလိုက်ရမှ..။ လူတွေရဲ့ စိတ်ဝင်စားမှုမရရင် စိတ်ဆင်းရဲတဲ့ ဒေါသဖြစ်တဲ့သား။ 


သူသားကလည်း ဝန်ခံပါတယ်။


“ ကျွန်တော် မူလတန်းကျောင်းသားဘဝကတည်းက အလွန် ရန်လိုတဲ့ကလေးတစ်ယောက်ပါ။”


💵 💵


Texas က စီးပွားရေးအတိုင်ပင်ခံ ဒန်းနစ်ဘန်းဟမ် (Dennis Burnham ) က သူ့သားထက် အသက်လေးနှစ်ငယ်တယ်။ သူတို့ အိမ်နားမှာနေတာ။


"သူ့ကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက အနိုင်ကျင့်တတ်လို့ လူသိများတာ။ ကျွန်တော့်မိဘတွေက ကျွန်တော် အနိုင်ကျင့်ခံရမှာစိုးလို့ သူ့ကိုဆို ရှောင်ခိုင်းတယ်။” လို့ပြောခဲ့တယ်။


💵 💵


နောက်ပိုင်း သန်းကြွယ်သူဌေးကြီး ဖရက်ဒရစ်က သူ့သားဆီမှာ ဓားတစ်ချောင်းတွေ့တယ်။


ဒါနဲ့ပဲ သားကို စစ်တပ်ကကျောင်းကို ကျောင်းအိပ်၊ကျောင်းစား ပို့ပစ်လိုက်တာပဲ။


💵 💵


ဖရက်ဒရစ်က  သူ့ဖခင်သေဆုံးသွားပြီး အသက် ၁၅ နှစ်ကတည်းက သူ့ မိခင်အဲလစ်ဇဘက်နဲ့ အိမ်ခြံမြေလုပ်ငန်းကို ကြိုးကြိုးစားစားလုပ်ပြီး သန်းကြွယ်သူဌေးအထိ ဖြစ်လာတာပေါ့။


ဒါကြောင့် ဖခင်သန်းကြွယ်သူဌေးကြီးက တစ်သက်တာထိုင်စားလို့ မကုန်တဲ့ ငွေတွေရှိပေမဲ့ သားသမီးတွေကို ငွေပုံပေါ်တင်ပြီး ထင်ရာကြဲခိုင်းတဲ့ ခပ်ညံ့ညံ့မိဘတွေအထဲ မပါခဲ့။


💵 💵


သူတို့အိမ်မှာ ရိုင်းပျတဲ့ အသုံးအနှုန်းတွေသုံးခွင့်မရှိ။ ကလေးတွေ ကိုယ့် မုန့်ဖိုး ကိုယ်ရှာရတယ်။ ပိုက်ဆံကို အလွယ်တကူမပေး။


ဖခင်ဟာ ကလေးတွေကို စနေ၊ တနင်္ဂနွေဆို သူ့ ဆောက်လုပ်ရေး စက်ရုံဆိုဒ်တွေခေါ်ပြီး ပြုတ်ကျနေတဲ့ သံတွေ လိုက်ကောက် စုခိုင်းတာမျိုး။ သိပ်ပြီး စည်းကမ်းရှိ၊ သေသပ်တဲ့ သန်းကြွယ်သူဌေးပေါ့။


💵 💵


သူသားက လူတစ်မျိုး။ ထူးဆန်းတယ်ပဲပြောရမလား။ 


စစ်ကျောင်းမှာ စည်းကမ်းတကျနေရတာကို ကြိုက်တယ်။ သူနဲ့ အဆင်ပြေတယ်။ အတော်ဆုံးကျောင်းသားတစ်ယောက်ဖြစ်လာခဲ့..။ ဘေ့စ်ဘောမှာ သိပ်တော်တဲ့သူတစ်ယောက်။


သူ့သားက အသိမိတ်ဆွေ အလွန်များပေမဲ့ အရမ်းခင်ပြီး အတည်တကျတွဲတဲ့ သူငယ်ချင်းမရှိပါ။


💵 💵


၁၉၆၄ ခုနှစ်။


သူ့သား Fordham တက္ကသိုလ်မှာတက်ခဲ့တယ်။ ၂ နှစ်ကြာတော့ Pennsylvania ပြည်နယ်က Wharton တက္ကသိုလ်ကိုပြောင်းတယ်။


၁၉၆၈ ခုနှစ်၊ မေလ။

ဘောဂဗေဒ B.S. ဘွဲ့ရခဲ့တယ်။


💵 💵


သူ့သားက အခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပဲဖြစ်ပါတယ်။


ဒေါ်နယ်လ် ထရမ့် ဟာ သန်းကြွယ်သူဌေးကြီး ဖရက်ဒ် ခရစ် ထရမ့် (Frederick Christ Trump နဲ့ မယ်ရီ (Mary MacLeod) တို့ရဲ့ သားသမီးငါးယောက်ထဲက လေးယောက်မြောက်သားပေါ့။ 


အဖေက ဂျာမနီမိဘတွေကမွေးလာတဲ့ အမေရိကန်လူမျိုး ၊ အမေက စကော့တလန်သူဖြစ်တယ်။


သူ့ အစ်မကြီး မယ်ရီအန်း (Maryanne Trump Barry )က အမေရိကန်ပြည်ထောင်စုက ခရိုင်တရားသူကြီး (၁၉၈၃-၉၉) တစ်ယောက်ပေါ့။


💵 💵


အစ်ကိုဖြစ်သူ ဖရက်ဒရစ် Frederick, Jr. (Freddy) ကတော့ လေယာဉ်မောင်း ပိုင်းလော့ဖြစ်ချင်တဲ့သူ။ ၁၉၆၀ -၁၉၇၀ တုန်းက ဖခင် သန်းကြွယ်သူဌေးကြီးရဲ့ လုပ်ငန်းမှာ ခေတ္တအလုပ်လုပ်ခဲ့သေးတယ်။


ဒေါ်နယ်လ် ထရမ့်ရဲ့ အစ်ကိုဖြစ်သူ ဖရက်ဒ်က ဖခင်အလုပ်ကို စိတ်မဝင်စား။


“ အစ်ကို လေယာဉ်မောင်းက ဘာအထင်ကြီးစရာရှိလို့လဲ။ လေယာဉ်မောင်းတာနဲ့ ကားမောင်းတာ ဘာကွာလို့လဲ။ ဒရိုင်ဘာပဲ” လို့ သူက ဝေဖန်တယ်။


အစ်ကို လေယာဉ်မှူးဖြစ်အောင်လုပ်တယ်။ အစ်ကို လေယာဉ်မှူးဖြစ်သွားတော့ ဖခင်အလုပ်ကို လုပ်မယ့်သူမရှိ။ သူ့ဖခင်အလုပ်ကို သူဝင်လုပ်ခဲ့တယ်။


💵 💵


ဒေါ်နယ်လ် ထရမ့်ဟာ ၁၉၇၁ ခုနှစ်မှာ ဖခင်ရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ဥက္ကဋ္ဌဖြစ်လာတယ်။


The Trump Organisation လို့ နာမည်ပြောင်းခဲ့တယ်။


မိုးမျှော်တိုက်တွေ၊ ဟိုတယ်တွေ၊ ကာစီနိုတွေနဲ့ ဂေါက်ကွင်းတွေ ထပ်ဆောက်ခဲ့တယ်။ ကမ္ဘာအနှံ့အပြားပဲ။


ထရမ့် မိသားစု ( The Trumps ) က ကမ္ဘာကျော်ပေါ့။ 


ဒေါ်နယ်လ် ထရမ့်လည်း ဖခင်ခြေရာနင်းပြီး သန်းကြွယ်သူဌေးဖြစ်သွားတယ်။


💵 💵


အစ်ကို ဖရက်ဒီ ထရမ့်က အရက်သမား။ အသက် ၄၃ နှစ် (၁၉၈၁ ခုနှစ်) မှာပဲ အရက်ကြောင့် သေဆုံးခဲ့တယ်။


💵 💵


လိပ်မသောက်၊ အရက်မသောက် (သူ့အစ်ကိုဖရက်ရဲ့ နှစ်ပေါင်းများစွာအရက်သေစာသောက်စားပြီး သေဆုံးသွားတာ သူ့ကို သင်္ခန်းစာရစေတယ်။ သူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မူးယစ်ဆေးဝါးမသုံးတဲ့သူ..။


 ဒါပေမဲ့ သူ အရက်တော့ရောင်းခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ်တွင်သူ့ကိုယ်ပိုင်ဗော့ဒ်ကာ Trump Vodka အမှတ်တံဆိပ် အရက်ပေါ့။ လူတွေ သိပ်မကြိုက်ပါဘူး။ ၂၀၁၁ ခုနှစ်မှာ ရပ်လိုက်ရတယ်။


💵 💵


သူ့အိမ်ထောင်ရေးလား။


မီလီယံနာကြီး ဒေါ်နယ်လ် ထရမ့်ဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အမျိုးသမီးတွေနဲ့ပဲ ယူခဲ့တာ။


၁၉၇၇ ခုနှစ်။


သူက ချက်ကိုဆလိုဗားကီးယားက မော်ဒယ် (Czech model) တစ်ယောက်ဖြစ်တဲ့ Ivana Zelníčková Winklmayr နဲ့ လက်ထပ်ခဲ့တယ်။


ကလေးသုံးယောက်ရတယ်။ Donald Jr. (၁၉၇၇ မွေးဖွား)၊ အီဗန်ကာ (၁၉၈၁ မွေးဖွား ) နဲ့ အဲရစ် (၁၉၈၄ တွင်မွေးဖွား)။


စီးပွားရေးလည်း ပိုကောင်းလာခဲ့တယ်။ ၁၉၈၃ မှာ ထရမ့်တာဝါကို ဆောက်နိုင်ခဲ့တာပေါ့။


သူ့မိန်းမ အိုင်ဗာနာက ၁၉၈၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားဖြစ်လာတယ်။


ဇနီးကလည်း စီးပွားရေးဘက်မှာတော်တယ်။ 


ဒါပေမဲ့ ဒေါ်နယ်လ် ထရမ့်က Taj Mahal ဟိုတယ် နဲ့ Casino လောင်းကစားရုံ အကြီးကြီးထပ်ဆောက်တာ အကြီးအကျယ်ရှုံးပြီး ဒေဝါလီခံရတော့တာပဲ။


ဒါ့အပြင် သူက အမေရိကန် မင်းသမီး Marla Maples နဲ့ ဖောက်ပြန်တော့ သူ့မိန်းမနဲ့ ၁၉၉၂ ခုနှစ်မှာ ကွာရှင်းလိုက်တယ်။


သူ Maples နဲ့ ၁၉၉၃ ခုနှစ်မှာပဲ လက်ထပ်တယ်။ Tiffany ဆိုတဲ့ သမီးမွေးဖွားခဲ့တယ်။ သူက ရုပ်ရှင်လောကမှာ ၁၀ နှစ်လောက် အရင်းအနှီးမြှုပ်နှံပြီး စီးပွားရေးတွေ ပြန်ပြီးအောင်မြင်လာပြန်တယ်။


သူဟာ မင်းသမီး Maples နဲ့လည်း ၁၉၉၉ ခုနှစ်မှာ ကွာရှင်းခဲ့တယ်။


💵 💵


၂၀၀၅ ခုနှစ်။


သူ ဆလိုဗေးနီးယားမော်ဒယ်လ် Melania Knauss နဲ့ လက်ထပ်ခဲ့တယ်။


သားတစ်ယောက်ထပ်မွေးတယ်။ Barron ဘာရွန် (၂၀၀၆ မွေးဖွား)။ သူ့ရဲ့ ၃ ယောက်မြောက် မိန်းမ Melania က ၂၀၀၆ ခုနှစ် မှာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားရခဲ့တယ်။


ဆိုတော့ သူနဲ့ လက်ထပ်ခဲ့တဲ့ မိန်းမ ၃ ယောက်။ ကလေး ၅ ယောက်။ မြေး၁၀ ယောက်။


💵 💵


၂၀၁၆ ခုနှစ်။


လူအိုတွေ၊ ကလေးတွေ၊ အလုပ်လက်မဲ့တွေအတွက် လူမှုဖူလုံရေးကိုဦးစားပေးလုပ်ခဲ့တဲ့ သမ္မတအိုဘားမားက အခွန်တွေ တိုးမြှင့်လိုက်တဲ့အခါ သူအပါအဝင် စီးပွားရေးသမားတွေက မကြိုက်ကြတော့။


ဒါကြောင့် စီးပွားရေးသမား ထရမ့်က သမ္မတရွေးကောက်ပွဲပြိုင်ပွဲမှာ ရီပတ်ဘလီကန်ပါတီဝင်အဖြစ်နဲ့ ဝင်ပြိုင်တော့တာပဲ။


မထင်မှတ်တာတွေဖြစ်လာတယ်။ သူဟာ  ဒီမိုကရက်ပါတီက ဟီလာရီကလင်တန်ကို အနိုင်ရခဲ့တယ်။


အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတဖြစ်ခဲ့တာပေါ့။ သူ သမ္မတဖြစ်တော့ သူ့ အသက် ၇၀ ရှိပြီ။ သူ့မွေးနေ့က ၁၉၄၆ ခုနှစ် ဇွန်လ ၁၄ ရက်ဖြစ်ပါတယ်။


💵 💵


ဒေါ်နယ်လ်ထရမ့်က သူများနဲ့ မတူတာတော့ အမှန်။ မဲဆွယ်စည်းရုံးရေးကာလနဲ့ သမ္မတလုပ်စဉ်ကာလအတွင်း မှားယွင်းတဲ့ ပြောဆိုမှုတွေ အများကြီးလုပ်ခဲ့တဲ့ သမ္မတပေါ့။


သူ့ အမှားတွေကို သတင်းအမှန် အချက်အလက်စစ်ဆေးရေးအဖွဲ့က မှတ်တမ်းတင်ထားတာ အတော်များတယ်။ 


မီဒီယာတွေက ဒါဟာ အမေရိကန်နိုင်ငံရေးမှာ မကြုံစဖူးအဖြစ်အပျက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့။


ဒီကြားထဲက မဲအများဆုံးရခဲ့ရဆိုတော့ သူ့မှာ ထူးခြားတဲ့ ဆွဲအောင်မှုတွေရှိတာ ငြင်းမရပါဘူး။


အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ကိုယ်ရည်သွေးတတ်တဲ့ သမ္မတရဲ့ စတိုင်လ်က ချစ်တဲ့မျက်စိနဲ့ ကြည့်သူတွေအဖို့ အင်အားတစ်ခုတိုးစေတာပေါ့။ 


💵 💵


အဲ့ဒီလို သူဘာပဲလုပ်လုပ် သူလုပ်ရင် အမြဲမှန်သလို အဆုံးအထိ ငြင်းတတ်သော၊အမှား ဝန်မခံတတ်သော သမ္မတကြီးပေမဲ့ အဲ့ဒီအချက်ကိုက မီဒီယာတွေကို ငြင်းခုံနိုင်တဲ့ အမေရိကန်နိုင်ငံရဲ့ ဖိုက်တာကြီးဖြစ်လာခဲ့တယ်။ 


💵 💵


သူ ၇ တန်းတုန်းကပေါ့။ ဆရာကို လက်သီးနဲ့ထိုးလို့ ပြဿနာဖြစ်ခဲ့တယ်..။


“ မင်းဘာလို့ ဆရာကို လက်သီးနဲ့ထိုးတာလဲ”


“ ဂီတဆရာက ဂီတကို တစ်ခုမှ မသိတာဗျ။ စိတ်တိုလို့ လက်သီးနဲ့ထိုးလိုက်တယ်။” တဲ့။


၂၀၁၅ ခုနှစ်က ကွယ်လွန်သွားတဲ့ သူ့ရဲ့ ဂီတဆရာ Charles Walker က ဒီအကြောင်းကို မိသားစုကိုရော၊ ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။


ဒါဟာ ဆရာတစ်ယောက်ကို ကျောင်းသားတစ်ယောက်ရဲ့ မထီမဲ့မြင်လုပ်မှုလေ။


ဆရာက ထရမ့် သမ္မတဝင်ပြိုင်မယ်ကြားတော့ "သူက စိတ်ပျက်ဖို့ကောင်းပြီး သိပ်ရိုင်းခဲ့တာ " လို့ပြောတယ်။ ဂီတဆရာ Walker က စိတ်ထိခိုက်ခဲ့ပုံရတယ်။


“ တချို့ ကလေးတွေက သူတို့ကို တစ်ချိန်လုံး လူတွေ ဂရုစိုက်တာခံချင် (attention လိုချင်) နေတာ။ ထရမ့်ဟာ အဲ့ဒီကလေးတွေနဲ့ ထူးမခြားနားတဲ့ ကလေးတစ်ယောက်ပါပဲ။” လို့ သူမသေခင် ဆေးရုံမှာ ပြောခဲ့သေးတာ။


💵 💵


“ ဒီအတွက် ကျွန်တော် ဂုဏ်မယူပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်အတိုင်း လုပ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသက်သေပြခဲ့တဲ့ အထောက်အထားတစ်ခုပါပဲ။ အခုတော့ လက်သီးအစား ကျွန်တော့်ဦးနှောက်ကိုပဲ အသုံးပြုတော့တယ်။” လို့ သမ္မတထရမ့်ကပြန်ဖြေရှင်းတယ်။


အခုလည်း အတူတူပါပဲ။ သမ္မတတစ်ယောက်အနေနဲ့ ပြောသင့်၊ မပြောသင့် တွေးနေတာထက် စိတ်ထဲမှာရှိတာကို အလွန်ပွင့်ပွင့်လင်းလင်း ပြောချတတ်တာတွေ၊ ဒေါသသိပ်မထိန်းနိုင်ဘဲ စိတ်လိုက်မာန်ပါပြောဆိုတတ်တာတွေကလည်း ငယ်ငယ်ကအတိုင်းပါပဲတဲ့။


💵 💵


မှန်တယ်ထင်ရင် ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် မထီမဲ့မြင် ပြောချပစ်တတ်တဲ့ သန်းကြွယ်သူဌေးသမ္မတထရမ့် (Donald Trump) က ရီပတ်ဘလီကန် (republicans)တို့အတွက်တော့ အားကိုးရာဖြစ်လာတယ်။


သူက ဟောင်ကောင်ဘက်က ရပ်တည်ပြီး တရုတ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့တယ်။


💵 💵


သူက မက္ကဆီကို နယ်စပ်ကို တင်းကြပ်ခဲ့တာကစပြီး အမေရိကန် အာဖရိကန် အဆုံး လူမျိုးရေးခွဲခြား ဆက်ဆံတတ်တယ်လို့ ကမ္ဘာမှာနာမည်ကြီးတယ်။


အမေရိကန် အာဖရိကန် ၁၀ ယောက်မှာ ၈ ယောက်က ဒေါ်နယ်လ် ထရမ့်ဟာလူမျိုးရေးခွဲခြားသူလို့ ယုံကြည်ကြတယ်။


ဒါပေမဲ့ သမ္မတထရမ့်ရဲ့ အဘိုး (Frederick Trump )နဲ့ အဘွား (Elizabeth Christ Trump)ဟာ ဂျာမနီလက်အောက်မှာရှိတဲ့ Bavarian ပြည်နယ်က ဖြစ်တယ်။


သမ္မတထရမ့်ရဲ့ အဖေကတော့ အမေရိကန်မှာမွေးတာပေါ့။ သမ္မတထရမ့်ရဲ့ အမေ  (Mary Anne MacLeod Trump )က စကော့တလန်က အမေရိကန်ကို ရွှေ့ပြောင်းနေတဲ့သူ။


သမ္မတထရမ့်ရဲ့ ဇနီး ၃ ယောက်မှာ ၂ ယောက်က နိုင်ငံခြားသားဖြစ်တယ်။


💵 💵


သမ္မတက ရီပတ်ဘလီကန်တို့ထုံးစံအတိုင်း လူမှုဖူလုံရေးကို ဦးစားမပေးခဲ့ပါ..။


“ လူဆင်းရဲတွေကို အလုပ်ပေးရမှာ။ ငွေပေးတော့ အပျင်းထူကုန်ကြတာပေါ့။ လူချမ်းသာတွေကို အမြတ်ခွန်လျှော့ကောက်၊ လူချမ်းသာတွေ ပိုချမ်းသာရင် ပိုပြီး ရင်းနှီးမြှုတ်နှံမယ်။ ဆင်းရဲသားတွေကို အလုပ်ခန့်ပေးဖို့ နေရာတွေပိုထွက်လာနိုင်မယ်” လို့ သမ္မတကပြောခဲ့တယ်။


လက်တွေ့မှာတော့ ထင်သလိုမဖြစ်လာပါဘူး။ ထုံးစံအတိုင်း လူချမ်းသာတွေပိုချမ်းသာတဲ့ အခါ ဆင်းရဲသားတွေကို အလုပ်နေရာတွေ တိုးချဲ့ပေးမယ့် အစားသူတို့အိတ်ထဲငွေထည့် သိမ်းထားကြတာများတယ်။ 


ချမ်းသာသူတွေ ပိုချမ်းသာ၊ ဆင်းရဲသူတွေ ပိုဆင်းရဲပေါ့။  နိုင်ငံရေးဆိုတာလည်း အမြဲအားနည်းချက်တွေနဲ့ကိုး။


💵 💵


စီးပွါးရေးသမားတစ်ယောက် သမ္မတဖြစ်လာတဲ့အခါ နိုင်ငံကို ပိုချမ်းသာအောင် အနည်းနဲ့အများ ဖန်တီးပေးနိုင်မယ်လို့ စီးပွါးရေးသမားတွေက ယုံကြည်ခဲ့ပါတယ်။ ပထမပိုင်းမှာ အမေရိကန်ရဲ့ စတော့ဈေးကွက်တွေကိုလည်းမြင့်တက်လာခဲ့တယ် မဟုတ်လား။ ( ဒါပေမဲ့ စတော့ဈေးကွက်ဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တာတော့မဟုတ်ပါ။ )


စီးပွါးရေးသမားတွေက သမ္မတကိုအထူးချွန်ဆုံး၊ လိမ္မာပါးနပ်ဆုံး အောင်မြင်တဲ့သမ္မတတစ်ယောက်အဖြစ် အားကိုးကြတယ်။


ဒေါ်နယ်လ်ထရမ့်က သမ္မတဖြစ်ပြီး မကြာခင် “ ကျွန်တော် အလုပ်လက်မဲ့တွေကိုတော့ အလုပ်ပေးနိုင်ခဲ့ပါပြီ။ အမေရိကန်လူမျိုး ၁၀.၆ သန်းကျော်ကို ၄ လအတွင်းအလုပ်နေရာတွေရအောင် ဖန်တီးပေးခဲ့တယ်” လို့ ပြောခဲ့တယ်။


၅၇ %  အမေရိကန်တို့က သူတို့ စီးပွါးရေးကောင်းလာပါတယ်တဲ့။


💵 💵


၂၀၁၉ ခုနှစ်ကျတော့ ဆန့်ကျင်ဘက်ပါတီက ဒီလိုချေပခဲ့တယ်။  


“ data တွေပြန်စစ်ရင် အဲ့ဒီအလုပ်တွေကို ကြာရှည်သူ မထိန်းနိုင်ဘူး။ အပြသဘောပဲ ဖြစ်သွားတယ်။ “ လို့ဆိုတယ်။


အမေရိကန် အလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုအရ သမ္မတ ဒေါ်နယ်လ်ထရမ့် စတင်တာဝန်ထမ်းဆောင်တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကစပြီး အမေရိကန်ရဲ့ အလုပ်အကိုင်နေရာပေါင်း ၄.၇ သန်းကျဆင်းခဲ့တယ်တဲ့။ 


အဲ့ဒီအချက်ကိုထောက်ပြီး ပညာရှင်တချို့က သမ္မတ ဒေါ်နယ်လ်ထရမ့်  ရဲ့အလုပ်နေရာဆုံးရှုံးမှုစံချိန်က အမေရိကန်သမ္မတတွေ သမိုင်းမှာ အဆိုးဆုံးပါလို့ပြောခဲ့တယ်။


( Ref: Trump's job losses are the worst of any American president on record By Chris Isidore, CNN Business September 04, 2020)


💵 💵


၂၀၂၀ ပြည့်နှစ်မှာ သူ့ရဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေကလည်း အတော့်ကို ထောက်ပြစရာဖြစ်ခဲ့တာပေါ့။ သူ့အဘိုးကိုယ်တိုင် ၁၉၁၈ စပိန်တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့တာကိုး။


💵 💵


ကပ်ရောဂါကို မထိမ်းနိုင်ခဲ့တော့ နိုင်ငံ့စီးပွါးရေးက လိုတာထက်ပိုပြီး အထိနာတာသွားခဲ့တာတော့ အမှန်။ သမ္မတကတော့ COVID-19 ရောဂါရခဲ့တာတောင် ခေါင်းမာမာနဲ့ mask ကိုချွတ်ထားဆဲပါပဲ။


ခေါင်းမာတဲ့ သမ္မတကြီး ထရမ့် အခုထက်အထိလည်း ကျန်းကျန်းမာမာပါ။


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ သမ္မတ သက်တမ်းပြည့်တော့မှာမို့ ၂၀၂၅ အထိ သမ္မတ ဆက်လုပ်ဖို့  အားတက်သရော် ကြိုးစားနေဆဲပေါ့။


💵 💵


နိုင်ငံတစ်ကာက လူအတော်များများက မကြာခင်ရောက်တော့မယ့် နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်လ်ထရမ့် အနိုင်ရ မရ  စိတ်ဝင်စားနေကြတယ်။ 


နိုင်ငံရေးသမားတွေ ပြောနေကျ စကားတစ်ခွန်းရှိတယ်မဟုတ်လား။


 “ဒီမိုကရက်တစ် (Democratic Party) က မဲဆွယ်ဘို့ မလို၊ မဲပေးတဲ့ ပြည်သူတွေများဘို့ပဲလိုတယ်။  မဲပေးတဲ့ ပြည်သူတွေများရင် နိုင်တယ်” ဆိုတာ။ 


ဘာလို့လဲဆိုတော့ လောကကြီးမှာ ချမ်းသာတဲ့သူတွေထက် ဆင်းရဲသူတွေ ပိုများတာကိုး။ 


ဒါပေမဲ့ သမ္မတရဲ့ ထက်မြက်တဲ့ စွမ်းရည်ကို ချစ်တဲ့သူတွေလည်း အများကြီးရှိနေသေးပါတယ်တဲ့။ 


💵 💵


မရွှေမိုး ( ကိုရီးယား )

October 24th,2020. 


References

▪️Donald Trump

president of the United States

WRITTEN BY- Brian Duignan

(Brian Duignan is a senior editor in philosophy at Britannica. He also handles law, social science, political theory, and some areas of religion. He joined Britannica in 1989.)

LAST UPDATED: Sep 10, 2020


▪️businessinsider

Trump family and history: From immigrants to America's first family

IMDb- Donald Trump -Biography


▪️Confident. Incorrigible. Bully: Little Donny was a lot like candidate Donald Trump

By Paul Schwartzman and

Michael E. Miller

June 22, 2016

Showbiz Cheat Sheet


▪️HOME / CULTURE /

11 Surprising Things You Didn’t Know About Donald Trump

Jess Bolluyt MORE ARTICLES

December 21, 2017


 (Zawgyi)


💵 The Trumps  💵




သန္းႂကြယ္သူေဌးႀကီး ဖရက္ဒရစ္ ဟာ သူ႔ရဲ့ ေလးေယာက္ေျမာက္သားကို စစ္တပ္ကဖြင့္ထားတဲ့ စည္းကမ္းသိပ္ႀကီးတဲ့ေက်ာင္း (New York Military Academy) ကို ပို့ပစ္လိုက္တယ္။


အဲ့ဒီတုန္းက သူ႔သားက အသက္ ၁၃ ႏွစ္အရြယ္ပဲရွိေသးတာ။


💵 💵


သူ႔သားက အျခားကေလးေတြနဲ႔ကို မတူတာကိုး။


သူ႔သားက ကေလးဘဝ ငယ္ငယ္ကတည္းက သူငယ္ခ်င္းေတြ၊ ေမာင္ႏွမေတြက ဘေလာက္တုံးေလး (block ) ေတြ စီထပ္ထားၿပီေဆာ့ေနၿပီဆို ေျပးၿပီး လက္နဲ႔တြန္း ၿဖိဳပစ္လိုက္ရမွ ..။


မိသားစုဝင္က ေမြးေန႔ကိတ္ခြဲရင္ ဘယ္သူ႔ေမြးေန႔ျဖစ္ျဖစ္ သူက အေရွ႕ဆုံးက ကိတ္ကို အရင္ဆုံး ခက္ရင္းနဲ႔ထိုးလိုက္ရမွ..။ လူေတြရဲ့ စိတ္ဝင္စားမွုမရရင္ စိတ္ဆင္းရဲတဲ့ ေဒါသျဖစ္တဲ့သား။ 


သူသားကလည္း ဝန္ခံပါတယ္။


“ ကၽြန္ေတာ္ မူလတန္းေက်ာင္းသားဘဝကတည္းက အလြန္ ရန္လိုတဲ့ကေလးတစ္ေယာက္ပါ။”


💵 💵


Texas က စီးပြားေရးအတိုင္ပင္ခံ ဒန္းနစ္ဘန္းဟမ္ (Dennis Burnham ) က သူ႔သားထက္ အသက္ေလးႏွစ္ငယ္တယ္။ သူတို့ အိမ္နားမွာေနတာ။


"သူ႔ကို ကၽြန္ေတာ္ ေကာင္းေကာင္းသိတယ္။ သူက အနိုင္က်င့္တတ္လို့ လူသိမ်ားတာ။ ကၽြန္ေတာ့္မိဘေတြက ကၽြန္ေတာ္ အနိုင္က်င့္ခံရမွာစိုးလို့ သူ႔ကိုဆို ေရွာင္ခိုင္းတယ္။” လို့ေျပာခဲ့တယ္။


💵 💵


ေနာက္ပိုင္း သန္းႂကြယ္သူေဌးႀကီး ဖရက္ဒရစ္က သူ႔သားဆီမွာ ဓားတစ္ေခ်ာင္းေတြ႕တယ္။


ဒါနဲ႔ပဲ သားကို စစ္တပ္ကေက်ာင္းကို ေက်ာင္းအိပ္၊ေက်ာင္းစား ပို့ပစ္လိုက္တာပဲ။


💵 💵


ဖရက္ဒရစ္က  သူ႔ဖခင္ေသဆုံးသြားၿပီး အသက္ ၁၅ ႏွစ္ကတည္းက သူ႔ မိခင္အဲလစ္ဇဘက္နဲ႔ အိမ္ၿခံေျမလုပ္ငန္းကို ႀကိဳးႀကိဳးစားစားလုပ္ၿပီး သန္းႂကြယ္သူေဌးအထိ ျဖစ္လာတာေပါ့။


ဒါေၾကာင့္ ဖခင္သန္းႂကြယ္သူေဌးႀကီးက တစ္သက္တာထိုင္စားလို့ မကုန္တဲ့ ေငြေတြရွိေပမဲ့ သားသမီးေတြကို ေငြပုံေပၚတင္ၿပီး ထင္ရာၾကဲခိုင္းတဲ့ ခပ္ညံ့ညံ့မိဘေတြအထဲ မပါခဲ့။


💵 💵


သူတို့အိမ္မွာ ရိုင္းပ်တဲ့ အသုံးအႏွုန္းေတြသုံးခြင့္မရွိ။ ကေလးေတြ ကိုယ့္ မုန္႔ဖိုး ကိုယ္ရွာရတယ္။ ပိုက္ဆံကို အလြယ္တကူမေပး။


ဖခင္ဟာ ကေလးေတြကို စေန၊ တနဂၤေႏြဆို သူ႔ ေဆာက္လုပ္ေရး စက္႐ုံဆိုဒ္ေတြေခၚၿပီး ျပဳတ္က်ေနတဲ့ သံေတြ လိုက္ေကာက္ စုခိုင္းတာမ်ိဳး။ သိပ္ၿပီး စည္းကမ္းရွိ၊ ေသသပ္တဲ့ သန္းႂကြယ္သူေဌးေပါ့။


💵 💵


သူသားက လူတစ္မ်ိဳး။ ထူးဆန္းတယ္ပဲေျပာရမလား။ 


စစ္ေက်ာင္းမွာ စည္းကမ္းတက်ေနရတာကို ႀကိဳက္တယ္။ သူနဲ႔ အဆင္ေျပတယ္။ အေတာ္ဆုံးေက်ာင္းသားတစ္ေယာက္ျဖစ္လာခဲ့..။ ေဘ့စ္ေဘာမွာ သိပ္ေတာ္တဲ့သူတစ္ေယာက္။


သူ႔သားက အသိမိတ္ေဆြ အလြန္မ်ားေပမဲ့ အရမ္းခင္ၿပီး အတည္တက်တြဲတဲ့ သူငယ္ခ်င္းမရွိပါ။


💵 💵


၁၉၆၄ ခုႏွစ္။


သူ႔သား Fordham တကၠသိုလ္မွာတက္ခဲ့တယ္။ ၂ ႏွစ္ၾကာေတာ့ Pennsylvania ျပည္နယ္က Wharton တကၠသိုလ္ကိုေျပာင္းတယ္။


၁၉၆၈ ခုႏွစ္၊ ေမလ။

ေဘာဂေဗဒ B.S. ဘြဲ႕ရခဲ့တယ္။


💵 💵


သူ႔သားက အခုလက္ရွိ အေမရိကန္သမၼတ ေဒၚနယ္လ္ ထရမ့္ပဲျဖစ္ပါတယ္။


ေဒၚနယ္လ္ ထရမ့္ ဟာ သန္းႂကြယ္သူေဌးႀကီး ဖရက္ဒ္ ခရစ္ ထရမ့္ (Frederick Christ Trump နဲ႔ မယ္ရီ (Mary MacLeod) တို့ရဲ့ သားသမီးငါးေယာက္ထဲက ေလးေယာက္ေျမာက္သားေပါ့။ 


အေဖက ဂ်ာမနီမိဘေတြကေမြးလာတဲ့ အေမရိကန္လူမ်ိဳး ၊ အေမက စေကာ့တလန္သူျဖစ္တယ္။


သူ႔ အစ္မႀကီး မယ္ရီအန္း (Maryanne Trump Barry )က အေမရိကန္ျပည္ေထာင္စုက ခရိုင္တရားသူႀကီး (၁၉၈၃-၉၉) တစ္ေယာက္ေပါ့။


💵 💵


အစ္ကိုျဖစ္သူ ဖရက္ဒရစ္ Frederick, Jr. (Freddy) ကေတာ့ ေလယာဥ္ေမာင္း ပိုင္းေလာ့ျဖစ္ခ်င္တဲ့သူ။ ၁၉၆၀ -၁၉၇၀ တုန္းက ဖခင္ သန္းႂကြယ္သူေဌးႀကီးရဲ့ လုပ္ငန္းမွာ ေခတၱအလုပ္လုပ္ခဲ့ေသးတယ္။


ေဒၚနယ္လ္ ထရမ့္ရဲ့ အစ္ကိုျဖစ္သူ ဖရက္ဒ္က ဖခင္အလုပ္ကို စိတ္မဝင္စား။


“ အစ္ကို ေလယာဥ္ေမာင္းက ဘာအထင္ႀကီးစရာရွိလို့လဲ။ ေလယာဥ္ေမာင္းတာနဲ႔ ကားေမာင္းတာ ဘာကြာလို့လဲ။ ဒရိုင္ဘာပဲ” လို့ သူက ေဝဖန္တယ္။


အစ္ကို ေလယာဥ္မွူးျဖစ္ေအာင္လုပ္တယ္။ အစ္ကို ေလယာဥ္မွူးျဖစ္သြားေတာ့ ဖခင္အလုပ္ကို လုပ္မယ့္သူမရွိ။ သူ႔ဖခင္အလုပ္ကို သူဝင္လုပ္ခဲ့တယ္။


💵 💵


ေဒၚနယ္လ္ ထရမ့္ဟာ ၁၉၇၁ ခုႏွစ္မွာ ဖခင္ရဲ့ အိမ္ၿခံေျမလုပ္ငန္းမွာ ဥကၠ႒ျဖစ္လာတယ္။


The Trump Organisation လို့ နာမည္ေျပာင္းခဲ့တယ္။


မိုးေမၽွာ္တိုက္ေတြ၊ ဟိုတယ္ေတြ၊ ကာစီနိုေတြနဲ႔ ေဂါက္ကြင္းေတြ ထပ္ေဆာက္ခဲ့တယ္။ ကမၻာအႏွံ့အျပားပဲ။


ထရမ့္ မိသားစု ( The Trumps ) က ကမၻာေက်ာ္ေပါ့။ 


ေဒၚနယ္လ္ ထရမ့္လည္း ဖခင္ေျခရာနင္းၿပီး သန္းႂကြယ္သူေဌးျဖစ္သြားတယ္။


💵 💵


အစ္ကို ဖရက္ဒီ ထရမ့္က အရက္သမား။ အသက္ ၄၃ ႏွစ္ (၁၉၈၁ ခုႏွစ္) မွာပဲ အရက္ေၾကာင့္ ေသဆုံးခဲ့တယ္။


💵 💵


လိပ္မေသာက္၊ အရက္မေသာက္ (သူ႔အစ္ကိုဖရက္ရဲ့ ႏွစ္ေပါင္းမ်ားစြာအရက္ေသစာေသာက္စားၿပီး ေသဆုံးသြားတာ သူ႔ကို သခၤန္းစာရေစတယ္။ သူဟာ အရက္မေသာက္၊ ေဆးလိပ္မေသာက္၊ မူးယစ္ေဆးဝါးမသုံးတဲ့သူ..။


 ဒါေပမဲ့ သူ အရက္ေတာ့ေရာင္းခဲ့ဖူးပါတယ္။ ၂၀၀၆ ခုႏွစ္တြင္သူ႔ကိုယ္ပိုင္ေဗာ့ဒ္ကာ Trump Vodka အမွတ္တံဆိပ္ အရက္ေပါ့။ လူေတြ သိပ္မႀကိဳက္ပါဘူး။ ၂၀၁၁ ခုႏွစ္မွာ ရပ္လိုက္ရတယ္။


💵 💵


သူ႔အိမ္ေထာင္ေရးလား။


မီလီယံနာႀကီး ေဒၚနယ္လ္ ထရမ့္ဟာ ေခ်ာေပ့၊ လွေပ့ဆိုတဲ့ အမ်ိဳးသမီးေတြနဲ႔ပဲ ယူခဲ့တာ။


၁၉၇၇ ခုႏွစ္။


သူက ခ်က္ကိုဆလိုဗားကီးယားက ေမာ္ဒယ္ (Czech model) တစ္​ေယာက္ျဖစ္တဲ့ Ivana Zelníčková Winklmayr နဲ႔ လက္ထပ္ခဲ့တယ္။


ကေလးသုံးေယာက္ရတယ္။ Donald Jr. (၁၉၇၇ ေမြးဖြား)၊ အီဗန္ကာ (၁၉၈၁ ေမြးဖြား ) နဲ႔ အဲရစ္ (၁၉၈၄ တြင္ေမြးဖြား)။


စိီးပြားေရးလည္း ပိုေကာင္းလာခဲ့တယ္။ ၁၉၈၃ မွာ ထရမ့္တာဝါကို ေဆာက္နိုင္ခဲ့တာေပါ့။


သူ႔မိန္းမ အိုင္ဗာနာက ၁၉၈၈ ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စုနိုင္ငံသားျဖစ္လာတယ္။


ဇနီးကလည္း စီးပြားေရးဘက္မွာေတာ္တယ္။ 


ဒါေပမဲ့ ေဒၚနယ္လ္ ထရမ့္က Taj Mahal ဟိုတယ္ နဲ႔ Casino ေလာင္းကစား႐ုံ အႀကီးႀကီးထပ္ေဆာက္တာ အႀကီးအက်ယ္ရွုံးၿပီး ေဒဝါလီခံရေတာ့တာပဲ။


ဒါ့အျပင္ သူက အေမရိကန္ မင္းသမီး Marla Maples နဲ႔ ေဖာက္ျပန္ေတာ့ သူ႔မိန္းမနဲ႔ ၁၉၉၂ ခုႏွစ္မွာ ကြာရွင္းလိုက္တယ္။


သူ Maples နဲ႔ ၁၉၉၃ ခုႏွစ္မွာပဲ လက္ထပ္တယ္။ Tiffany ဆိုတဲ့ သမီးေမြးဖြားခဲ့တယ္။ သူက ႐ုပ္ရွင္ေလာကမွာ ၁၀ ႏွစ္ေလာက္ အရင္းအႏွီးျမႇုပ္ႏွံၿပီး စီးပြားေရးေတြ ျပန္ၿပီးေအာင္ျမင္လာျပန္တယ္။


သူဟာ မင္းသမီး Maples နဲ႔လည္း ၁၉၉၉ ခုႏွစ္မွာ ကြာရွင္းခဲ့တယ္။


💵 💵


၂၀၀၅ ခုႏွစ္။


သူ ဆလိုေဗးနီးယားေမာ္ဒယ္လ္ Melania Knauss နဲ႔ လက္ထပ္ခဲ့တယ္။


သားတစ္ေယာက္ထပ္ေမြးတယ္။ Barron ဘာရြန္ (၂၀၀၆ ေမြးဖြား)။ သူ႔ရဲ့ ၃ ေယာက္ေျမာက္ မိန္းမ Melania က ၂၀၀၆ ခုႏွစ္ မွာ အေမရိကန္ျပည္ေထာင္စုနိုင္ငံသားရခဲ့တယ္။


ဆိုေတာ့ သူနဲ႔ လက္ထပ္ခဲ့တဲ့ မိန္းမ ၃ ေယာက္။ ကေလး ၅ ေယာက္။ ေျမး၁၀ ေယာက္။


💵 💵


၂၀၁၆ ခုႏွစ္။


လူအိုေတြ၊ ကေလးေတြ၊ အလုပ္လက္မဲ့ေတြအတြက္ လူမွုဖူလုံေရးကိုဦးစားေပးလုပ္ခဲ့တဲ့ သမၼတအိုဘားမားက အခြန္ေတြ တိုးျမႇင့္လိုက္တဲ့အခါ သူအပါအဝင္ စီးပြားေရးသမားေတြက မႀကိဳက္ၾကေတာ့။


ဒါေၾကာင့္ စီးပြားေရးသမား ထရမ့္က သမၼတေရြးေကာက္ပြဲၿပိဳင္ပြဲမွာ ရီပတ္ဘလီကန္ပါတီဝင္အျဖစ္နဲ႔ ဝင္ၿပိဳင္ေတာ့တာပဲ။


မထင္မွတ္တာေတြျဖစ္လာတယ္။ သူဟာ  ဒီမိုကရက္ပါတီက ဟီလာရီကလင္တန္ကို အနိုင္ရခဲ့တယ္။


အေမရိကန္ရဲ့ အသက္အႀကီးဆုံး သမၼတျဖစ္ခဲ့တာေပါ့။ သူ သမၼတျဖစ္ေတာ့ သူ႔ အသက္ ၇၀ ရွိၿပီ။ သူ႔ေမြးေန႔က ၁၉၄၆ ခုႏွစ္ ဇြန္လ ၁၄ ရက္ျဖစ္ပါတယ္။


💵 💵


ေဒၚနယ္လ္ထရမ့္က သူမ်ားနဲ႔ မတူတာေတာ့ အမွန္။ မဲဆြယ္စည္း႐ုံးေရးကာလနဲ႔ သမၼတလုပ္စဥ္ကာလအတြင္း မွားယြင္းတဲ့ ေျပာဆိုမွုေတြ အမ်ားႀကီးလုပ္ခဲ့တဲ့ သမၼတေပါ့။


သူ႔ အမွားေတြကို သတင္းအမွန္ အခ်က္အလက္စစ္ေဆးေရးအဖြဲ႕က မွတ္တမ္းတင္ထားတာ အေတာ္မ်ားတယ္။ 


မီဒီယာေတြက ဒါဟာ အေမရိကန္နိုင္ငံေရးမွာ မၾကဳံစဖူးအျဖစ္အပ်က္လို့ က်ယ္က်ယ္ျပန႔္ျပန႔္ေဖာ္ျပခဲ့။


ဒီၾကားထဲက မဲအမ်ားဆုံးရခဲ့ရဆိုေတာ့ သူ႔မွာ ထူးျခားတဲ့ ဆြဲေအာင္မွုေတြရွိတာ ျငင္းမရပါဘူး။


အျမဲတမ္း ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္အျပည့္နဲ႔ ကိုယ္ရည္ေသြးတတ္တဲ့ သမၼတရဲ့ စတိုင္လ္က ခ်စ္တဲ့မ်က္စိနဲ႔ ၾကည့္သူေတြအဖို့ အင္အားတစ္ခုတိုးေစတာေပါ့။ 


💵 💵


အဲ့ဒီလို သူဘာပဲလုပ္လုပ္ သူလုပ္ရင္ အျမဲမွန္သလို အဆုံးအထိ ျငင္းတတ္ေသာ၊အမွား ဝန္မခံတတ္ေသာ သမၼတႀကီးေပမဲ့ အဲ့ဒီအခ်က္ကိုက မီဒီယာေတြကို ျငင္းခုံနိုင္တဲ့ အေမရိကန္နိုင္ငံရဲ့ ဖိုက္တာႀကီးျဖစ္လာခဲ့တယ္။ 


💵 💵


သူ ၇ တန္းတုန္းကေပါ့။ ဆရာကို လက္သီးနဲ႔ထိုးလို့ ျပႆနာျဖစ္ခဲ့တယ္..။


“ မင္းဘာလို့ ဆရာကို လက္သီးနဲ႔ထိုးတာလဲ”


“ ဂီတဆရာက ဂီတကို တစ္ခုမွ မသိတာဗ်။ စိတ္တိုလို့ လက္သီးနဲ႔ထိုးလိုက္တယ္။” တဲ့။


၂၀၁၅ ခုႏွစ္က ကြယ္လြန္သြားတဲ့ သူ႔ရဲ့ ဂီတဆရာ Charles Walker က ဒီအေၾကာင္းကို မိသားစုကိုေရာ၊ ဘယ္သူ႔ကိုမွ မေျပာျပခဲ့ပါဘူး။


ဒါဟာ ဆရာတစ္ေယာက္ကို ေက်ာင္းသားတစ္ေယာက္ရဲ့ မထီမဲ့ျမင္လုပ္မွုေလ။


ဆရာက ထရမ့္ သမၼတဝင္ၿပိဳင္မယ္ၾကားေတာ့ "သူက စိတ္ပ်က္ဖို့ေကာင္းၿပီး သိပ္ရိုင္းခဲ့တာ " လို့ေျပာတယ္။ ဂီတဆရာ Walker က စိတ္ထိခိုက္ခဲ့ပုံရတယ္။


“ တခ်ိဳ့ ကေလးေတြက သူတို့ကို တစ္ခ်ိန္လုံး လူေတြ ဂ႐ုစိုက္တာခံခ်င္ (attention လိုခ်င္) ေနတာ။ ထရမ့္ဟာ အဲ့ဒီကေလးေတြနဲ႔ ထူးမျခားနားတဲ့ ကေလးတစ္ေယာက္ပါပဲ။” လို့ သူမေသခင္ ေဆး႐ုံမွာ ေျပာခဲ့ေသးတာ။


💵 💵


“ ဒီအတြက္ ကၽြန္ေတာ္ ဂုဏ္မယူပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္ဟာ ငယ္ငယ္ကတည္းက ကၽြန္ေတာ့္ရဲ့ထင္ျမင္ယူဆခ်က္အတိုင္း လုပ္ခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသက္ေသျပခဲ့တဲ့ အေထာက္အထားတစ္ခုပါပဲ။ အခုေတာ့ လက္သီးအစား ကၽြန္ေတာ့္ဦးေႏွာက္ကိုပဲ အသုံးျပဳေတာ့တယ္။” လို့ သမၼတထရမ့္ကျပန္ေျဖရွင္းတယ္။


အခုလည္း အတူတူပါပဲ။ သမၼတတစ္ေယာက္အေနနဲ႔ ေျပာသင့္၊ မေျပာသင့္ ေတြးေနတာထက္ စိတ္ထဲမွာရွိတာကို အလြန္ပြင့္ပြင့္လင္းလင္း ေျပာခ်တတ္တာေတြ၊ ေဒါသသိပ္မထိန္းနိုင္ဘဲ စိတ္လိုက္မာန္ပါေျပာဆိုတတ္တာေတြကလည္း ငယ္ငယ္ကအတိုင္းပါပဲတဲ့။


💵 💵


မွန္တယ္ထင္ရင္ ဘယ္နိုင္ငံကိုပဲျဖစ္ျဖစ္ မထီမဲ့ျမင္ ေျပာခ်ပစ္တတ္တဲ့ သန္းႂကြယ္သူေဌးသမၼတထရမ့္ (Donald Trump) က ရီပတ္ဘလီကန္ (republicans)တို့အတြက္ေတာ့ အားကိုးရာျဖစ္လာတယ္။


သူက ေဟာင္ေကာင္ဘက္က ရပ္တည္ၿပီး တ႐ုတ္ကို ေျပာင္ေျပာင္တင္းတင္း ဆန္႔က်င္ခဲ့တယ္။


💵 💵


သူက မကၠဆီကို နယ္စပ္ကို တင္းၾကပ္ခဲ့တာကစၿပီး အေမရိကန္ အာဖရိကန္ အဆုံး လူမ်ိဳးေရးခြဲျခား ဆက္ဆံတတ္တယ္လို့ ကမၻာမွာနာမည္ႀကီးတယ္။


အေမရိကန္ အာဖရိကန္ ၁၀ ေယာက္မွာ ၈ ေယာက္က ေဒၚနယ္လ္ ထရမ့္ဟာလူမ်ိဳးေရးခြဲျခားသူလို့ ယုံၾကည္ၾကတယ္။


ဒါေပမဲ့ သမၼတထရမ့္ရဲ့ အဘိုး (Frederick Trump )နဲ႔ အဘြား (Elizabeth Christ Trump)ဟာ ဂ်ာမနီလက္ေအာက္မွာရွိတဲ့ Bavarian ျပည္နယ္က ျဖစ္တယ္။


သမၼတထရမ့္ရဲ့ အေဖကေတာ့ အေမရိကန္မွာေမြးတာေပါ့။ သမၼတထရမ့္ရဲ့ အေမ  (Mary Anne MacLeod Trump )က စေကာ့တလန္က အေမရိကန္ကို ေရႊ႕ေျပာင္းေနတဲ့သူ။


သမၼတထရမ့္ရဲ့ ဇနီး ၃ ေယာက္မွာ ၂ ေယာက္က နိုင္ငံျခားသားျဖစ္တယ္။


💵 💵


သမၼတက ရီပတ္ဘလီကန္တို့ထုံးစံအတိုင္း လူမွုဖူလုံေရးကို ဦးစားမေပးခဲ့ပါ..။


“ လူဆင္းရဲေတြကို အလုပ္ေပးရမွာ။ ေငြေပးေတာ့ အပ်င္းထူကုန္ၾကတာေပါ့။ လူခ်မ္းသာေတြကို အျမတ္ခြန္ေလၽွာ့ေကာက္၊ လူခ်မ္းသာေတြ ပိုခ်မ္းသာရင္ ပိုၿပီး ရင္းႏွီးျမႇုတ္ႏွံမယ္။ ဆင္းရဲသားေတြကို အလုပ္ခန္႔ေပးဖို့ ေနရာေတြပိုထြက္လာနိုင္မယ္” လို့ သမၼတကေျပာခဲ့တယ္။


လက္ေတြ႕မွာေတာ့ ထင္သလိုမျဖစ္လာပါဘူး။ ထုံးစံအတိုင္း လူခ်မ္းသာေတြပိုခ်မ္းသာတဲ့ အခါ ဆင္းရဲသားေတြကို အလုပ္ေနရာေတြ တိုးခ်ဲ႕ေပးမယ့္ အစားသူတို့အိတ္ထဲေငြထည့္ သိမ္းထားၾကတာမ်ားတယ္။ 


ခ်မ္းသာသူေတြ ပိုခ်မ္းသာ၊ ဆင္းရဲသူေတြ ပိုဆင္းရဲေပါ့။  နိုင္ငံေရးဆိုတာလည္း အျမဲအားနည္းခ်က္ေတြနဲ႔ကိုး။


💵 💵


စီးပြါးေရးသမားတစ္ေယာက္ သမၼတျဖစ္လာတဲ့အခါ နိုင္ငံကို ပိုခ်မ္းသာေအာင္ အနည္းနဲ႔အမ်ား ဖန္တီးေပးနိုင္မယ္လို့ စီးပြါးေရးသမားေတြက ယုံၾကည္ခဲ့ပါတယ္။ ပထမပိုင္းမွာ အေမရိကန္ရဲ့ စေတာ့ေဈးကြက္ေတြကိုလည္းျမင့္တက္လာခဲ့တယ္ မဟုတ္လား။ ( ဒါေပမဲ့ စေတာ့ေစ်းကြက္ဆိုတာ နိုင္ငံသားတိုင္းနဲ႔ သက္ဆိုင္တာေတာ့မဟုတ္ပါ။ )


စီးပြါးေရးသမားေတြက သမၼတကိုအထူးခၽြန္ဆုံး၊ လိမၼာပါးနပ္ဆုံး ေအာင္ျမင္တဲ့သမၼတတစ္ေယာက္အျဖစ္ အားကိုးၾကတယ္။


ေဒၚနယ္လ္ထရမ့္က သမၼတျဖစ္ၿပီး မၾကာခင္ “ ကၽြန္ေတာ္ အလုပ္လက္မဲ့ေတြကိုေတာ့ အလုပ္ေပးနိုင္ခဲ့ပါၿပီ။ အေမရိကန္လူမ်ိဳး ၁၀.၆ သန္းေက်ာ္ကို ၄ လအတြင္းအလုပ္ေနရာေတြရေအာင္ ဖန္တီးေပးခဲ့တယ္” လို့ ေျပာခဲ့တယ္။


၅၇ %  အေမရိကန္တို့က သူတို့ စီးပြါးေရးေကာင္းလာပါတယ္တဲ့။


💵 💵


၂၀၁၉ ခုႏွစ္က်ေတာ့ ဆန္႔က်င္ဘက္ပါတီက ဒီလိုေခ်ပခဲ့တယ္။  


“ data ေတြျပန္စစ္ရင္ အဲ့ဒီအလုပ္ေတြကို ၾကာရွည္သူ မထိန္းနိုင္ဘူး။ အျပသေဘာပဲ ျဖစ္သြားတယ္။ “ လို့ဆိုတယ္။


အေမရိကန္ အလုပ္သမားဝန္ႀကီးဌာနရဲ့ အဆိုအရ သမၼတ ေဒၚနယ္လ္ထရမ့္ စတင္တာဝန္ထမ္းေဆာင္တဲ့ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလကစၿပီး အေမရိကန္ရဲ့ အလုပ္အကိုင္ေနရာေပါင္း ၄.၇ သန္းက်ဆင္းခဲ့တယ္တဲ့။ 


အဲ့ဒီအခ်က္ကိုေထာက္ၿပီး ပညာရွင္တခ်ိဳ့က သမၼတ ေဒၚနယ္လ္ထရမ့္  ရဲ့အလုပ္ေနရာဆုံးရွုံးမွုစံခ်ိန္က အေမရိကန္သမၼတေတြ သမိုင္းမွာ အဆိုးဆုံးပါလို့ေျပာခဲ့တယ္။


( Ref: Trump's job losses are the worst of any American president on record By Chris Isidore, CNN Business September 04, 2020)


💵 💵


၂၀၂၀ ျပည့္ႏွစ္မွာ သူ႔ရဲ့ COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္တဲ့ ေျပာဆိုမွုေတြကလည္း အေတာ့္ကို ေထာက္ျပစရာျဖစ္ခဲ့တာေပါ့။ သူ႔အဘိုးကိုယ္တိုင္ ၁၉၁၈ စပိန္တုပ္ေကြးေရာဂါနဲ႔ ေသဆုံးခဲ့တာကိုး။


💵 💵


ကပ္ေရာဂါကို မထိမ္းနိုင္ခဲ့ေတာ့ နိုင္ငံ့စီးပြါးေရးက လိုတာထက္ပိုၿပီး အထိနာတာသြားခဲ့တာေတာ့ အမွန္။ သမၼတကေတာ့ COVID-19 ေရာဂါရခဲ့တာေတာင္ ေခါင္းမာမာနဲ႔ mask ကိုခၽြတ္ထားဆဲပါပဲ။


ေခါင္းမာတဲ့ သမၼတႀကီး ထရမ့္ အခုထက္အထိလည္း က်န္းက်န္းမာမာပါ။


၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလ ၂၀ ရက္မွာ သမၼတ သက္တမ္းျပည့္ေတာ့မွာမို့ ၂၀၂၅ အထိ သမၼတ ဆက္လုပ္ဖို့  အားတက္သေရာ္ ႀကိဳးစားေနဆဲေပါ့။


💵 💵


နိုင္ငံတစ္ကာက လူအေတာ္မ်ားမ်ားက မၾကာခင္ေရာက္ေတာ့မယ့္ နိုဝင္ဘာလ ၃ ရက္ ေရြးေကာက္ပြဲမွာ သမၼတ ေဒၚနယ္လ္ထရမ့္ အနိုင္ရ မရ  စိတ္ဝင္စားေနၾကတယ္။ 


နိုင္ငံေရးသမားေတြ ေျပာေနက် စကားတစ္ခြန္းရွိတယ္မဟုတ္လား။


 “ဒီမိုကရက္တစ္ (Democratic Party) က မဲဆြယ္ဘို့ မလို၊ မဲေပးတဲ့ ျပည္သူေတြမ်ားဘို့ပဲလိုတယ္။  မဲေပးတဲ့ ျပည္သူေတြမ်ားရင္ နိုင္တယ္” ဆိုတာ။ 


ဘာလို့လဲဆိုေတာ့ ေလာကႀကီးမွာ ခ်မ္းသာတဲ့သူေတြထက္ ဆင္းရဲသူေတြ ပိုမ်ားတာကိုး။ 


ဒါေပမဲ့ သမၼတရဲ့ ထက္ျမက္တဲ့ စြမ္းရည္ကို ခ်စ္တဲ့သူေတြလည္း အမ်ားႀကီးရွိေနေသးပါတယ္တဲ့။ 


💵 💵


မေရႊမိုး ( ကိုရီးယား )

October 24th,2020. 


References

▪️Donald Trump

president of the United States

WRITTEN BY- Brian Duignan

(Brian Duignan is a senior editor in philosophy at Britannica. He also handles law, social science, political theory, and some areas of religion. He joined Britannica in 1989.)

LAST UPDATED: Sep 10, 2020


▪️businessinsider

Trump family and history: From immigrants to America's first family

IMDb- Donald Trump -Biography


▪️Confident. Incorrigible. Bully: Little Donny was a lot like candidate Donald Trump

By Paul Schwartzman and

Michael E. Miller

June 22, 2016

Showbiz Cheat Sheet


▪️HOME / CULTURE /

11 Surprising Things You Didn’t Know About Donald Trump

Jess Bolluyt MORE ARTICLES

December 21, 2017