Friday, October 16, 2020
မြေပဲ ပဲနို့ - နို့ထမင်း - ပဲမလိုင်ပူတင်း
ပဲမလိုင်ပူတင်း
ပေါင်းစရာမလို၊ မုန့်ဖုတ်စရာမလိုပဲ ပဲမလိုင်လေးစားနေရသလို အရမ်းစားကောင်းတဲ့ "ပဲမလိုင်ပူတင်း"လေးပါ။ စိမ့်စိမ့်လေးနဲ့ အတော်ကို စားကောင်းလို့ အထူးတလည်ညွှန်းနေစရာတောင်မလိုပါဘူး။ ပဲမလိုင်ဆနွင်းမကင်းလုပ်ဖူးတဲ့သူဆိုရင်တော့ ပဲမလိုင်ပူတင်းလဲလုပ်ကြည့်ဖို့မမေ့နဲ့အုံးနော်။ လုပ်နည်းကလဲ အရမ်းလွယ်ပြီး အလွန်စားကောင်းတာမို့ လုပ်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ မွှေး ရှယ်တို့ဟူးနွေးမှုန့် - ၁ ထုပ် (၁၅၀ ဂရမ်)
၂။ နွားနို့ - ၁ လီတာခွဲ
၃။ ကွကျဥ - ၃ လုံး
၄။ နို့ဆီ -၁ ဗူး
၅။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ ကျောက်ကျောမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
===============================
ပဲမလိုင်ပူတင်း
ပါဝင်သောပစ္စည်းများ
၂။ နွားနို့ - ၁ လီတာခွဲ
၃။ ကြက်ဥ - ၃ လုံး
၎။ နို့ဆီ -၁ ဗူး
#Hmwe
#CreamyGramPudding
#EiSansHomemadeInspiration
#cookingshow
သားသားမီးမီးအတွက် လူကြီးမိဘများအတွက် နို့ထမင်း လုပ်ကျွေးကြမယ် ကျွန်မကတော့ စားဝင်အိပ်ပျော်ဖြစ်နေတဲ့ ကျွန်မအတွက်....
အချိန် ၁၅မိနစ်ပေးလိုက်ပါ
နွားနို့ တစ်ဗူး (၁ လီတာ)
မွှေးဆန်စိမ်းမှုန့် တစ်ထုတ်
ဆား နည်းနည်း
သကြား နည်းနည်း
ရေ‌နွေးအိုးတစ်အိုးတည် ရေကျက်အေးလုပ်ထားပါ။
‌ရေကျက်အေးထဲ(အေးမှနော်) ဆန်စိမ်းမှုန့်ဖောက်ထည့်မွှေ၊ဆားလေးနည်းနည်းထည့် လုံးဝပျော်သွားအောင်မွှေပါ။
နွားနို့အိုးတည်ထား မဝေစေနဲ့ ဆူလာရင် ဖျော်ထားတဲ့ဆန်စိမ်းမှုန့်အရည်ထည့်၊ ထည့်ထည့်ခြင်း အရမ်းပျစ်နေရင် အပျစ်အကျဲချိန်ပြီး ရေ‌နွေးနဲနဲထည့်၊အချိုကြိုက်ရင် သကြားလေးနည်းနည်းထည့်ပါ။
အဆက်မပြတ်မွှေပေးပါ နဂါးပွက်တောင်ကလို ပျစ်စေးပြီး ဗွက် ဗွက်အသံမည်ပွက်လာမှ မီးပိတ် အအေးခံပါ။
ကျွန်မကတော့ ဗန်းလေးထဲ ထောပတ်ဆီထည့်ပြီး oven ထဲ ၅မိနစ်လောက်ထည့်ပါတယ်။အပေါ်ယံလေး တင်းတင်းလေးဖြစ်အောင်ပါ။
အေးသွားရင်တော့ လိုသလောက်လေးခပ်ပြီး ထန်းလျက်ရည်လေးဆမ်းပြီး စားနိုင်ပါပြီ။
ကျွန်မကတော့ နွားနို့က ၁၀၀၀ ၊ ဆန်စိမ်းမှုန့်က ၅၀၀ စုစုပေါင်း ၁၅၀၀ပဲကုန်ပါတယ်။
ထန်းလျက်ရည်ကတော့ ဒိန်ချဉ်ဝယ်တုန်းက ပိုတောင်းထားတာ။😁😁😁
Edit: သူငယ်ချင်းတစ်ယောက်က ထပ်ဆောင်းပြောထားတာက နွားနို့အစား အုန်းနို့နဲ့ သာကူထည့်ရင် မုန့်ဦးနှောက်ဖြစ်ပြီတဲ့ စမ်းကြည့်ရမယ် နောက်တစ်ခေါက်ပေါ့ 😋😋😋
ချက်ပြသူ - Phyo Yee Mon
(Zawgyi) 
နွားနို့ တစ်ဗူး (၁ လီတာ)
ဆား နည်းနည်း
သကြား နည်းနည်း
ချက်ပြသူ - Phyo Yee Mon
မွပေဲ ပဲနို့
---------------------
အာဟာရပြည်ဝတဲ့ပဲနို့ကို အလွယ်တကူဝယ်မရတဲ့နေရာတွေမှာ သန့်ရှင်းလတ်ဆတ်တဲ့ ပဲနို့ကို အိမ်မှာကျိုပြီး ကလေး၊ လူကြီး အရွယ်မရွေး သုံးဆောင်နိုင်ဖို့ လွယ်ကူတဲ့ ပဲနို့ကို ပဲပိစပ်နဲ့ ကျိုတာများသလို မြေပဲနဲ့ကျိုတဲ့ ပဲနို့လည်းရှိပါတယ်။ အခုကျိုထားတဲ့ ပဲနို့ကတော့ မြေပဲကို အသုံးပြုထားပါတယ်။ မြေပဲ ပဲနို့က ပိုပြီး ပျစ်ခဲတဲ့အတွက် မနှစ်သက်ပါက ရေပိုထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
မြေပဲစိမ်း  –  ၃၀ဝ ဂရမ်
ရေ  –  ၂ လီတာမှ ၂ လီတာခွဲ
သကြား  –  လိုသလောက်
ပြုလုပ်နည်း
၁။       မြေပဲကို ရေဆေးသန့်စင်ပြီး ၄ နာရီခန့် ရေစိမ်ထားပါ။ ပွလာပါက ပွတ်တိုက်ပြီး အခွံများကြွပ်အောင် ပြုလုပ်ပါ။ အခွံချွတ်ပြီးသားဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။
၂။       ပွလာပါက ရေစစ်ပြီး ကြိတ်စက်ဖြင့် ညက်အောင်ကြိတ်ပါ။ ရေ ၂ လီတာချိန်ထားပြီး လိုသလောက်သာ ထည့်ကြိတ်ပါ။ ကြိတ်စက်အမျိုးအစားပေါ်မူတည်ပြီး ရေထည့်ဖို့ လိုပါတယ်။
၃။       အားလုံးကြိတ်ပြီးပါက အဝတ်ပါးတစ်ခုဖြင့် ပဲဖတ်များကို စစ်ထုတ်ပါ။
၄။       စစ်ပြီးသား ပဲနှစ်ရည်ကို အိုးသန့်သန့်ထဲထည့်ပြီး မီးဖိုမှာ မီးပုံမှန်ဖြင့် ဆူပွက်သည်အထိ ကျိုပေးပါ။ အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ။
၅။       ဆူပွက်ပါက မီးကိုလျှော့ချပြီး ၅ မိနစ်ခန့် ပဲစိမ်းနံ့ပျောက်အောင် တည်ပေးပါ။
၆။       ပဲစိမ်းနံ့ပျောက်ပါက မီးပိတ်ပြီး အအေးခံကာ မိမိနှစ်သက်ရာအနေအထားဖြင့် သကြားထည့်ဖျော်ပြီး အပူဖြစ်စေ၊ အအေးဖြစ်စေ လိုသလိုသုံးဆောင်နိုင်ပါပြီ။
-----------------------
#credit
(Zawgyi) 
မြေပဲ ပဲနို့
---------------------
ပါဝင်ပစ္စည်းများ
မြေပဲစိမ်း  –  ၃၀ဝ ဂရမ်
ရေ  –  ၂ လီတာမှ ၂ လီတာခွဲ
သကြား  –  လိုသလောက်
ပြုလုပ်နည်း
-----------------------
#credit
No comments: