Saturday, October 17, 2020

လူယုံဖြစ်ဖို့ထက် လူတော်ဖြစ်ဖို့ ကြိုးစားပါ

လူယုံဖြစ်ဖို့ထက် လူတော်ဖြစ်ဖို့ ကြိုးစားပါ (ဩဂုတ်လ 2020)




            ခေတ်အဆက်ဆက်လူကြီးသူမတွေဆိုဆုံးမတဲ့ စကားတစ်ခွန်း “လူတော်လူကောင်း” ဖြစ်ပါစေလို့ အမြဲဆုပေးခံရဖူးပါတယ်။ မကြာခဏဆိုသလိုလည်း လူတော်အရေးကြီးတယ်၊ လူကောင်းအရေးကြီးတယ် စသည်ဖြင့်လည်း အမြဲအငြင်းပွားလေ့ရှိတဲ့ခေါင်းစဉ်ပါ။ ပြည်တွင်းမိရိုးဖလာလုပ်ငန်းအများစုမှာ လူတော်ထက် လူကောင်းကို ပိုဦးစားပေးကြသလို လူကောင်းကိုမှ လူယုံအဖြစ်သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ကြပါတယ်။ လုပ်ငန်းခွင်စဝင်ကာစမှာ အလုပ်တစ်ခုမှာ စွဲစွဲမြဲမြဲလုပ်ကိုင်စေပြီး လုပ်ငန်းရှင်သူဌေးရဲ့ လူယုံဖြစ်အောင်ကြိုးစားဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်။ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းရွေးချယ်မှုမရှိခဲ့ဘဲ သူဌေးရဲ့ယုံကြည်မှုရဖို့ ကြိုးစားရင်း ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းလမ်းကြောင်းရွေးချယ်မှု ပျောက်လာတယ်။ Professional ဆိုတာ ဘာမှန်းမသိခဲ့သလို Career Development ဆိုတာကြားတောင် မကြားခဲ့ရဖူးပါဘူး။ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးပန်းတိုင်က သူဌေးရဲ့လူယုံဖြစ်ရင် ဘဝက အဆင်ပြေမယ်လို့ထင်တဲ့ အတွေးခေါ်တွေရှိခဲ့ဖူးပါတယ်။


            စာရေးသူရဲ့ အတွေးခေါ်မျိုးလူငယ်တွေမှာလည်း တွေးဖူးကြမယ်လို့ ထင်ပါတယ်။ မှားတယ်၊ မှန်တယ်လို့တော့ မဆိုလိုပါဘူး။ ခေတ်စနစ်၊ ပတ်ဝန်းကျင်ရဲ့ ကျင်လည်မှုပေါ်မူတည်ပြီး ရည်မှန်းချက်တွေလည်းဝေဝါးဝါးဖြစ်ခဲ့ဖူးကြပါတယ်။ သို့သော် HR ဆိုတဲ့ဘာသာရပ်ကို လေ့လာအသုံးချခွင့်ရခဲ့ချိန်မှာတော့ ရည်မှန်းချက်ပန်းတိုင်အားလုံးဟာ ပြောင်းလဲသွားခဲ့ရ ပါတယ်။ အလုပ်လုပ်တိုင်းမှာ လူယုံဖြစ်ဖို့ထက်၊ လူတော်ဖြစ်ဖို့လိုကြောင်း ပိုမိုသိရှိနားလည်သဘောပေါက်ခဲ့ရပါတယ်။ ပြည်တွင်းကုမ္ပဏီအများစုမှာ ကြည့်လိုက်ရင် လူယုံထားတာတွေဟာ အဖွဲ့အစည်းတိုင်း၊ ဌာနတိုင်း၊ နေရာတိုင်းမှာ တွေ့ကြရပါတယ်။ တကယ်တော့ လူယုံထားဖို့ထက် စနစ်ကို အဓိကထားလုပ်ဆောင်တက်ဖို့ လိုပါတယ်။ စနစ်မရှိကြတဲ့ အဖွဲ့အစည်းအများစုဟာ လူယုံပေါ်အားကိုးလွန်ပြီး လူယုံသတ်လို့ ကျရှုံးသွားတဲ့ အဖွဲ့အစည်းတွေ အများအပြားရှိကြပါတယ်။ အလုပ်လုပ်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေကို ယုံကြည်မှုတည်ဆောက်ပြီး အလုပ်ကိုရလဒ်ကောင်းတွေရအောင် ဆောင်ရွက်သင့်သလို ကောင်းမွန်ခိုင်မာတဲ့ အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်တဲ့ စနစ်ကိုတည်ဆောက်ပြီး စီးပွားရေးယန္တရားအဖွဲ့အစည်းတွေကို မောင်းနှင်နိုင်ဖို့ လိုအပ်ပါတယ်။


            မိသားစုပိုင်လုပ်ငန်းအများစုဟာ စနစ်ကိုအဓိကမတည်ဆောက်ဘဲ လူယုံမွေးပြီး လုပ်ငန်းလည်ပတ်တဲ့အခါမှာ အဖွဲ့အစည်းတွေဟာ ထင်သလောက်ရှေ့မရောက်သလို လူတော်တွေဟာလည်း မိမိအဖွဲ့အစည်းမှာ ရေရှည်မခံဘဲ အလုပ်ထွက်များပြီး Human Resources Development ကို အကောင်ထည်ဆောင်ရွက်မှု အားနည်းသွားမှာဖြစ်ပါတယ်။ လူတော်တွေကို နေရာပေး၊ တန်ဖိုးထားဖို့လိုသလို လူယုံတွေကိုလည်း ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း မျိုးဆောင်ရွက်ထားရန် လိုပါသည်။ အနာဂတ်ဟာ ယှဉ်ပြိုင်မှု (Competition)၊ ပြောင်းလဲခြင်း (Changing) တွေဟာ ပိုမိုပြင်းထန်လာမှာဖြစ်သလို HR တွေ၊ လုပ်ငန်းရှင်တွေအနေနဲ့လည်း Human Resources Development ကို ပိုမိုအလေးထားပြင်ဆင်ဖို့ လိုလာပြီဖြစ်ပါတယ်။


            အဖွဲ့အစည်းတိုင်းမှာ လူတော်တွေမွေးထုတ်ဖို့၊ လူတော်တွေဆွဲဆောင် ခန့်ထားနိုင်ဖို့၊ Professional တွေလည်း ပိုမိုတိုးတက်ဖို့ လိုအပ်လာသလို တစ်ဦးချင်းတစ်ယောက်ချင်းဆီလည်း လူယုံအဆင့်မှ လူတော်အဆင့်ဆီသို့ တက်လှမ်းနိုင်ဖို့ အထူးလိုအပ်လာပါတယ်။ လူယုံတစ်ယောက်အတွက် သစ္စာရှိမှု၊ နာခံမှု၊ သီးခံမှု အစရှိသည်များဟာ စံသတ်မှတ်ချက်များဖြစ်နေ သော်လည်း တစ်ဦးတစ်ယောက်ပေါ်အားထားနေရမှုကြောင့် အလုပ်ရှင် စိတ်အခန့်မသင့်ဖြစ်ပါက အချိန်မရွေးအလုပ်မှ ပြုတ်သွားနိုင်ပြီး မိမိကျွမ်း ကျင်ရာဘာသာရပ်များတွင် ထူးချွန်ပြောင်မြောက်သော လူတော်တစ်ယောက်သည် မည်သည့်အဖွဲ့အစည်းမျိုးမှာမဆို လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ လူတော်တစ်ယောက်၏ စွမ်းရည်သည် အတိုင်းအဆမရှိတာသွားပါတယ်။ ယခုခေတ်သည် Talent Age နဲ့အညီ တော်သူများသာ ရှေ့တန်းရောက်၍ နေရာယူလာကြပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ လက်ရှိနေရာတစ်ခုတည်းတွင် သာယာမနေဘဲ ခေတ်စနစ်နဲ့လျော်ညီသော ဘာသာရပ်များအား အမြဲမပြတ်လေ့လာဆည်းပူးရင်း မိမိစွမ်းရည်ကို တိုးတက်သည်ထက် တိုးတက်အောင် လုပ်ဆောင်ရင်း လူယုံဘဝမှ လူတော်ဘဝသို့ လျှောက်လှမ်းနိုင်စေဖို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။


#နေလင်းရှိန်


(Zawgyi) 

လူယုံျဖစ္ဖို႔ထက္ လူေတာ္ျဖစ္ဖို႔ ႀကိဳးစားပါ (ဩဂုတ္လ 2020)

       


    ေခတ္အဆက္ဆက္လူႀကီးသူမေတြဆိုဆုံးမတဲ့ စကားတစ္ခြန္း “လူေတာ္လူေကာင္း” ျဖစ္ပါေစလို႔ အၿမဲဆုေပးခံရဖူးပါတယ္။ မၾကာခဏဆိုသလိုလည္း လူေတာ္အေရးႀကီးတယ္၊ လူေကာင္းအေရးႀကီးတယ္ စသည္ျဖင့္လည္း အၿမဲအျငင္းပြားေလ့ရွိတဲ့ေခါင္းစဥ္ပါ။ ျပည္တြင္းမိ႐ိုးဖလာလုပ္ငန္းအမ်ားစုမွာ လူေတာ္ထက္ လူေကာင္းကို ပိုဦးစားေပးၾကသလို လူေကာင္းကိုမွ လူယုံအျဖစ္သတ္မွတ္ၿပီး လုပ္ငန္းေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ၾကပါတယ္။ လုပ္ငန္းခြင္စဝင္ကာစမွာ အလုပ္တစ္ခုမွာ စြဲစြဲၿမဲၿမဲလုပ္ကိုင္ေစၿပီး လုပ္ငန္းရွင္သူေဌးရဲ႕ လူယုံျဖစ္ေအာင္ႀကိဳးစားဖို႔ အိပ္မက္မက္ခဲ့ဖူးပါတယ္။ ကိုယ္ပိုင္အသက္ေမြးဝမ္းေၾကာင္းလမ္းေၾကာင္းေ႐ြးခ်ယ္မႈမရွိခဲ့ဘဲ သူေဌးရဲ႕ယုံၾကည္မႈရဖို႔ ႀကိဳးစားရင္း ကိုယ္ပိုင္အသက္ေမြးဝမ္း ေက်ာင္းလမ္းေၾကာင္းေ႐ြးခ်ယ္မႈ ေပ်ာက္လာတယ္။ Professional ဆိုတာ ဘာမွန္းမသိခဲ့သလို Career Development ဆိုတာၾကားေတာင္ မၾကားခဲ့ရဖူးပါဘူး။ ကိုယ့္ဘဝရဲ႕ အႀကီးမားဆုံးပန္းတိုင္က သူေဌးရဲ႕လူယုံျဖစ္ရင္ ဘဝက အဆင္ေျပမယ္လို႔ထင္တဲ့ အေတြးေခၚေတြရွိခဲ့ဖူးပါတယ္။

            စာေရးသူရဲ႕ အေတြးေခၚမ်ိဳးလူငယ္ေတြမွာလည္း ေတြးဖူးၾကမယ္လို႔ ထင္ပါတယ္။ မွားတယ္၊ မွန္တယ္လို႔ေတာ့ မဆိုလိုပါဘူး။ ေခတ္စနစ္၊ ပတ္ဝန္းက်င္ရဲ႕ က်င္လည္မႈေပၚမူတည္ၿပီး ရည္မွန္းခ်က္ေတြလည္းေဝဝါးဝါးျဖစ္ခဲ့ဖူးၾကပါတယ္။ သို႔ေသာ္ HR ဆိုတဲ့ဘာသာရပ္ကို ေလ့လာအသုံးခ်ခြင့္ရခဲ့ခ်ိန္မွာေတာ့ ရည္မွန္းခ်က္ပန္းတိုင္အားလုံးဟာ ေျပာင္းလဲသြားခဲ့ရ ပါတယ္။ အလုပ္လုပ္တိုင္းမွာ လူယုံျဖစ္ဖို႔ထက္၊ လူေတာ္ျဖစ္ဖို႔လိုေၾကာင္း ပိုမိုသိရွိနားလည္သေဘာေပါက္ခဲ့ရပါတယ္။ ျပည္တြင္းကုမၸဏီအမ်ားစုမွာ ၾကည့္လိုက္ရင္ လူယုံထားတာေတြဟာ အဖြဲ႕အစည္းတိုင္း၊ ဌာနတိုင္း၊ ေနရာတိုင္းမွာ ေတြ႕ၾကရပါတယ္။ တကယ္ေတာ့ လူယုံထားဖို႔ထက္ စနစ္ကို အဓိကထားလုပ္ေဆာင္တက္ဖို႔ လိုပါတယ္။ စနစ္မရွိၾကတဲ့ အဖြဲ႕အစည္းအမ်ားစုဟာ လူယုံေပၚအားကိုးလြန္ၿပီး လူယုံသတ္လို႔ က်ရႈံးသြားတဲ့ အဖြဲ႕အစည္းေတြ အမ်ားအျပားရွိၾကပါတယ္။ အလုပ္လုပ္တဲ့အခါမွာ လုပ္ေဖာ္ကိုင္ဖက္ေတြကို ယုံၾကည္မႈတည္ေဆာက္ၿပီး အလုပ္ကိုရလဒ္ေကာင္းေတြရေအာင္ ေဆာင္႐ြက္သင့္သလို ေကာင္းမြန္ခိုင္မာတဲ့ အဖြဲ႕အစည္းနဲ႔ သဟဇာတျဖစ္တဲ့ စနစ္ကိုတည္ေဆာက္ၿပီး စီးပြားေရးယႏၲရားအဖြဲ႕အစည္းေတြကို ေမာင္းႏွင္ႏိုင္ဖို႔ လိုအပ္ပါတယ္။

            မိသားစုပိုင္လုပ္ငန္းအမ်ားစုဟာ စနစ္ကိုအဓိကမတည္ေဆာက္ဘဲ လူယုံေမြးၿပီး လုပ္ငန္းလည္ပတ္တဲ့အခါမွာ အဖြဲ႕အစည္းေတြဟာ ထင္သေလာက္ေရွ႕မေရာက္သလို လူေတာ္ေတြဟာလည္း မိမိအဖြဲ႕အစည္းမွာ ေရရွည္မခံဘဲ အလုပ္ထြက္မ်ားၿပီး Human Resources Development ကို အေကာင္ထည္ေဆာင္႐ြက္မႈ အားနည္းသြားမွာျဖစ္ပါတယ္။ လူေတာ္ေတြကို ေနရာေပး၊ တန္ဖိုးထားဖို႔လိုသလို လူယုံေတြကိုလည္း ၎တို႔၏ အသက္ေမြးဝမ္းေက်ာင္းဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ ေလ့က်င့္သင္ၾကားေပးျခင္း မ်ိဳးေဆာင္႐ြက္ထားရန္ လိုပါသည္။ အနာဂတ္ဟာ ယွဥ္ၿပိဳင္မႈ (Competition)၊ ေျပာင္းလဲျခင္း (Changing) ေတြဟာ ပိုမိုျပင္းထန္လာမွာျဖစ္သလို HR ေတြ၊ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း Human Resources Development ကို ပိုမိုအေလးထားျပင္ဆင္ဖို႔ လိုလာၿပီျဖစ္ပါတယ္။

            အဖြဲ႕အစည္းတိုင္းမွာ လူေတာ္ေတြေမြးထုတ္ဖို႔၊ လူေတာ္ေတြဆြဲေဆာင္ ခန႔္ထားႏိုင္ဖို႔၊ Professional ေတြလည္း ပိုမိုတိုးတက္ဖို႔ လိုအပ္လာသလို တစ္ဦးခ်င္းတစ္ေယာက္ခ်င္းဆီလည္း လူယုံအဆင့္မွ လူေတာ္အဆင့္ဆီသို႔ တက္လွမ္းႏိုင္ဖို႔ အထူးလိုအပ္လာပါတယ္။ လူယုံတစ္ေယာက္အတြက္ သစၥာရွိမႈ၊ နာခံမႈ၊ သီးခံမႈ အစရွိသည္မ်ားဟာ စံသတ္မွတ္ခ်က္မ်ားျဖစ္ေန ေသာ္လည္း တစ္ဦးတစ္ေယာက္ေပၚအားထားေနရမႈေၾကာင့္ အလုပ္ရွင္ စိတ္အခန႔္မသင့္ျဖစ္ပါက အခ်ိန္မေ႐ြးအလုပ္မွ ျပဳတ္သြားႏိုင္ၿပီး မိမိကြၽမ္း က်င္ရာဘာသာရပ္မ်ားတြင္ ထူးခြၽန္ေျပာင္ေျမာက္ေသာ လူေတာ္တစ္ေယာက္သည္ မည္သည့္အဖြဲ႕အစည္းမ်ိဳးမွာမဆို လုပ္ကိုင္ႏိုင္မွာ ျဖစ္ပါတယ္။ လူေတာ္တစ္ေယာက္၏ စြမ္းရည္သည္ အတိုင္းအဆမရွိတာသြားပါတယ္။ ယခုေခတ္သည္ Talent Age နဲ႔အညီ ေတာ္သူမ်ားသာ ေရွ႕တန္းေရာက္၍ ေနရာယူလာၾကၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ မိမိကိုယ္မိမိ လက္ရွိေနရာတစ္ခုတည္းတြင္ သာယာမေနဘဲ ေခတ္စနစ္နဲ႔ေလ်ာ္ညီေသာ ဘာသာရပ္မ်ားအား အၿမဲမျပတ္ေလ့လာဆည္းပူးရင္း မိမိစြမ္းရည္ကို တိုးတက္သည္ထက္ တိုးတက္ေအာင္ လုပ္ေဆာင္ရင္း လူယုံဘဝမွ လူေတာ္ဘဝသို႔ ေလွ်ာက္လွမ္းႏိုင္ေစဖို႔ ဆႏၵျပဳေရးသားလိုက္ရပါတယ္။

#ေနလင္း႐ွိန္

No comments: