Wednesday, October 14, 2020

Badminton Strategies ( ကြက်တောင်နည်းဗျူဟာ)

 Badminton Strategies ( ကြက်တောင်နည်းဗျူဟာ)


(defend )



ကြက်တောင်ရိုက်တဲ့နည်း၊ လေ့ကျင့်ဖို့နည်းတွေကို အင်တာနက် youtube တို့ blog တို့မှာအများအပြားရှာဖွေကြည့်နိုင်ကြပါတယ်။ Champion Sports Shop ကနေ ဝါသနာရှင်များအတွက် ကြက်တောင်ရိုက်ကစားနည်းရဲ့ သဘောတရားလေးတွေကို တတ်နိုင်သလောက်ရှာဖွေတင်ပြပေးခြင်းဖြင့် သီအိုရီသဘောတရားလေး တွေကို နားလည်သဘောပေါက်ရင် လိုင်းပေါ်က ဗွီဒီယိုတွေကြည့်တဲ့အခါ ပိုသဘောပေါက်လာမယ်လို့ယူဆပါတယ်။ အထူးသဖြင့် လူသစ်တန်းတွေအတွက် ရည်ရွယ်ပါတယ်။ ဝါသနာတူသူငယ်ချင်းတွေလည်းလွတ်လပ်စွာရှယ်နိုင်ပါတယ်။ 




သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ကစားပွဲတွေမှာ အနိုင်ရဖို့အတွက် ဦးနှောက် (အတွေးအခေါ်)လိုတယ်။ ဒီအတွေး အခေါ်ကိုအကောင်အထည်ဖေါ်နိုင်ဖို့ အင်အားလိုပါတယ်။




ပြိုင်ပွဲကို ဘယ်လိုကစားကွက်တွေထုတ်သုံးပြိးကစားမယ်ဆိုတဲ့ ကြိုတင်ကြံဆထားတဲ့ plan တွေလည်းရှိဖို့လိုပါတယ်။ ဒါကတော့ ပြိုင်ဖက်ရဲ့ကစားကွက်ပေါ်မူတည်ပြီး လိုအပ်သလိုပြောင်းလဲကစားသွားဖို့ပါ။ ဒီလိုကြိုတင်ပြင်ဆင်စဉ်းစားထားတာမရှိခဲ့ရင် ပြိုင်ဖက်က ကိုယ့်အားချက်ကိုနင်းပြီး အနိုင်ယူသွားနိုင်ပါတယ်။ ကြက်တောင်ရိုက်အားကစားလို ကစားကွက်ကိုစဉ်းစားဖို့ အချိန် အ လွန်နည်းတဲ့ကစားနည်းမျိုးမှာဆို ဆုံးဖြတ်ချက်ချဖို့ အ လွန်မြန်ဆန်ရပါလိမ့်မယ်။ 




ပြိုင်ဖက်ရဲ့ကစာကွက်ကို ကြိုတင်လေ့လာထားနိုင်ရင်ပိုကောင်း ပါတယ်။ ပြိုင်ဖက်ရဲ့ အားသာချက် အားနည်း ချက်တွေကို ကြည့်တတ်မြင်တတ်ဖို့အလွန်အရေးကြီးပါတယ်။ ကစားသမားက ပြိုင်ပွဲထဲမှာနစ်မျောနေလို့ ပြိုင်ဖက်ကစားသမားကို မမြင်တတ်တဲ့အခါ ကိုယ့်ရဲ့နည်းပြကမြင်တတ်ပါတယ်။ ဒီအခါ နည်းပြက ပြိုင်ပွဲနားတဲ့ အခိုက်အတန့်လေးမှာ ကိုယ့်ကိုပြောပြသတိပေးနိုင်ပါတယ်။




ဒီနေရာမှာသိထားဖို့က ပြိုင်ဖက်ကစားသမားကလည်း ကိုယ့်လိုပဲ အတွေးအခေါ်ရှိတယ်။ အင်အားရှိတယ်။ ပြင် ဆင်လာမှာပါပဲ။ ဒါကြောင့် ပြိုင်ပွဲကစားတိုင်းမှာ ပြိုင်ဖက်ကိုလေ့လာပါ။ သူ့အားသာချက် အားနည်းချက်ကိုမြင်အောင်ကြည့်ပါ။ (သူ့အားနည်းချက်ကို ဖိပြီးထိုးနှက်ဖို့ ကျိုးစားပါ)။




ကစားသမားအတော်များများက အင်နဲ့အားနဲ့ တိုက်စစ်ဆင်ကစားတာကိုအားကျကြပါတယ်။ ခုန်ပျံပြီး အားမန်အပြည့်နဲ့ smash ကို အရမ်းသဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုအင်အားသုံးရိုက်နိုင်ဖို့ လေ့ကျင့်ထားတဲ့ ခွန်အားလိုတယ်။ သက်လုံကောင်းဖို့လိုတယ်။ နည်းလမ်းမှန်ကန်ဖို့လိုပါတယ်။ နှစ်ခါ သုံးခါလောက်ဆက် တိုက် smash ဆွဲလိုက်ရင်လူကဟိုက်သွားတတ်တယ်။ နည်းလမ်းမမှန်တဲ့ရိုက်ချက်တွေနဲ့ဆို မိမိတို့ရဲ့ရိုက်ချက်တွေကထိ ရောက်မှု့ရှိခဲပါတယ်။ ကောင်းတာက Smash ရိုက်ချက်ကိုပိုင်ပြီ ဆိုမှထုတ်ရိုက်ပါ။ 




ဒီနေရာမှာ ပြိုက်ဖက်ကစားသမားရဲ့ ခုခံနည်းစနစ်တွေကကောင်း နေရင်၊ သူ့ဖက်က အင်အားချွေတာသုံးပြီး အနိုင်ယူသွားနိုင်ပါသေးတယ်။ ဒါကြောင့် ကစားသမားအများသဘောကျတတ်၊ ရိုက်တတ်၊ လေ့ကျင့်တတ်ကြတဲ့ smash ရိုက်ချက်တွေထက် အဲလို ရိုက်ချက်တွေကို တန်ပြန်ခုခံကာကွယ်နိုင်တဲ့ ကစားနည်းကို လည်းလေ့ လာပြီး ကျင့်ထားသင့်ပါတယ်။ အဓိကအရေးကြီ တာ ကြက်တောင်ကိုယ့်ဖက်ကွင်းရဲ့ အမှတ်ယူမဲ့ ကြမ်းပေါ်မကျစေရေးပါပဲ။ တတ်နိုင်သလောက်အင်အားကိုချွေတာသုံးခြင်းဖြင့် ရေရှည် မှာ ကိုယ့်ဖက်ကအသာရနိုင်ပါတယ်။ 




ဗျူဟာတစ်ခုကိုစဉ်းစားတဲ့အခါ ပြိုင်ဖက်အပေါ် ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရော နှစ်မျိုးလုံးပေါ်သက်ရောက်မှု့ရှိဖို့လိုပါတယ်။




ဒီနေရာမှာ ၃ မျိုးရှိပါတယ်။




အခြေခံနည်းဗျူဟာ - (Basic Strategies) ဒီဟာက အားကစား နည်းတစ်ခုရဲ့အခြေခံအကျဆုံး သဘော တရားတွေကို ကစားပွဲ တစ်လျောက်လုံးလိုက်နာကျင့် သုံးသွားဖို့ပါပဲ။




ခုခံကာကွယ်မှု့နည်းဗျူဟာ - ( Defence Strategies) ဒီနည်းကတော့ ခပ်လေးလေးနဲ့နှေးနှေးကစားပြီး ပြိုင်ဖက်ကိုအမှားကျုး လွန်အောင်ဖိအားပေးခြင်းပါ။ ဒီနည်းဗျူ ဟာကို ခြေကုန်လက်ပန်းကျလို့ အားပြန်ဖြည့်ဖို့လိုတဲ့အခါမျိုးမှာ သုံးပါတယ်။




တန်ပြန်နည်းဗျူဟာ ( Offence Strategies) - ဒီဗျူဟာက ကျန်တဲ့နည်းတွေထက်တော့ အားအင်ကို ပိုသုံးရသလိုပိုပြီးလည်း အာရုံစိုက်ရပါတယ်။ သို့သော်အမြန်ဆုံးအမှတ်ရနိုင်တဲ့နည်းလည်းဖြစ် ပါတယ်။


ဒီနည်းဗျူဟာတွေရဲ့ တူညီချက်ကတော့ ကစားပွဲရဲ့ တစ်ချို့သော နေရာတွေမှာ သြဇာသက်ရောက်မှု့ရှိတယ်။ ဒီလိုအခါမျိုးမှာ ပြိုင်ဘက်က အဲလိုနေရာတွေမှာပိုသတိ ထားအာရုံစိုက်လာလို့ အမှားတွေ ကျူးလွန်မိလာမယ်။ ဒါ့အပြင် သူတို့ရဲ့ရိုက်ကွက်တွေ ရွေး ချယ်အသုံးချဖို့ အကန့်အသတ်ဖြစ်လာမယ်။




အခြေခံနည်းဗျူဟာ - Classic 





ရိုးစင်းတဲ့သီအိုရီတစ်ခုပါ။ လူမရှိတဲ့နေရာမှာ ကြက် တောင်ကိုချပါ။ ဒီဟာက တိုက်ခိုက်တာ မဟုတ်ဘဲ ပြိုင် ဘက်ရဲ့ အားသာချက် အားနည်းချက်တွေကို လုံလုံ လောက်လောက်သိရှိနိုင်ဖို့ပါပဲ။


လက်တွေ့သုံးတဲ့နေရာမှာအရမ်းတော့မလွယ်ပါဘူး။ တြိဂံသဘောတရားနည်းကိုသုံးရပါမယ်။ ကွင်းထဲမှာအဝေးဆုံး အကွာအဝေးဟာ ထောင့်စွန်းနှစ်ဖက်နေရာပါ။ နောက်ဖက်လက်ပြန် ရိုက်နေရာကနေ ရှေ့ဖက်လက်မှန်ရိုက်နေရာနဲ့ သူ့ရဲ့အပြန်အလှန်နေရာတွေပါ။ အဖြောင့်ပြေးရတာ ပိုလွယ်ပါတယ်။ ဥပမာ လက်မှန် နောက်တန်း ဒေါင့်ကနေ တစ်ဖက်တည်းမှာရှိတဲ့လက် မှန်ရှေ့တန်းဒေါင့်ဆို တဖြောင့်ထည်းမို့နီးတယ်။ ကစား သမားက ရိုက်ပြီးတိုင်းမှာ ကွင်းအလယ် ကျောက်ချနေ ရာ ( base point ) ကိုပြန်သွားတတ်ပါတယ်။ ကိုယ်ဖက်က ဒီနည်းကိုကောင်းကောင်း အသုံးချနိုင်ရင် ပြိုင်ဘက်ကို ထိန်းထားနိုင်ပါမယ်။




ခုနောက်ပိုင်းမှာ ပြောင်းလဲလာနေတဲ့ ကစားပုံရေစီး ကြောင်းတွေကြောင့် ကစားသမားတွေဟာ အင်အားသုံးကစားတယ်။ ခုတ်ချရိုက်ချက် ( smash) ကိုကြိုက်ကြတယ်။ လေ့ကျင့်ကစားဖို့ အား သန်လာကြတယ်။ အား ကစားပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း မာတဲ့အလည်တိုင် (stiff shaft ) တွေ ခေါင်းလေးတဲ့ ရက် ကက် ( (head Heavy ) တွေကို ဖေါဖေါသီသီထုတ်လုပ် လာကြတယ်။ ကစားပွဲမှာအနိုင်ရဖို့ ဘယ်သူအေးဆေးနဲ့ ပညာ ပါပါကစားနိုင်သလဲဆိုတာထက်၊ ဘယ်သူအားပြင်းပြင်း၊ မြန်မြန် ခုတ်ချနိုင်လဲဆိုတဲ့ အပေါ်ပြောင်းလဲလာခဲ့တယ်။ ဒီလိုပြောင်းလဲလာမှု့ကြောင့်ပဲ ပြိုင်ဖက်ရဲ့ထိုးနှက်တိုက်စစ်ကို ကောင်းကောင်းခုခံ ကာကွယ်နိုင်စွမ်းတွေလျော့ပါးလာတယ်။ ပွဲကြီးပွဲကောင်းတစ်ပွဲမှာ ခုခံကာကွယ်ကောင်းခြင်းဟာ အသက်ဖြစ်ပါတယ်။ ပြိုင်ဖက်ရဲ့ အမှတ်ရဖို့များတဲ့ ပြင်းထန်တဲ့ ခုတ်ချရိုက်ချက် (smash) ကိုပိတ်ဆို့ကာကွယ်နိုင်ရုံသာမက လျင်မြန်လှတဲ့ တုံ့ပြန်ချက်ကြောင့် ကိုယ့်ဖက်ကတောင် အမှတ်ရနိုင်ပါသေးတယ်။ Smash ခုတ်လိုက်တဲ့ ကြက်တောင်ကိုဖြတ်ကနဲ ရိုက်တဲ့သူဖက် ( လူတည့်တည့်ကလွဲရင်) တန် ပြန်သက်ရောက်စေနိုင်ဖို့ အာရုံစိုက်ပါ။ ( တြိဂံနည်း ဥပ ဒေကိုသုံးနိုင်ပါတယ်) ဒီနည်းက ပြိုင်ဖက်ရဲ့ တိုက်ကွက်ကိုအနှောက်အယှက်ဖြစ်စေရုံသာမက ဒုတိယအကြိမ် smash ဆွဲဖို့လည်းခက်သွားစေပါလိမ့်မယ်။    





ခုခံနည်းဗျူဟာ ကစားပွဲကိုဆွဲကစားပြီး ပြိုင်ဖက်ကစား သမားကို သည်းမခံနိုင်လောက်အောင် ဖြစ်လာတဲ့အခါ စိတ်မရှည်နိုင်တော့ပဲ အမှားကျူးလွန်စေခြင်းဖြင့် ကိုယ့်ဖက်ကအမှတ်ရစေတဲ့ နည်းဖြစ်ပါတယ်။ ဒီနည်းစနစ်မှာ နောက်အစွန်ဆုံးတန်းအထိရောက် အောင်မြှောက်တင်ရိုက်ချက်ကိုအဓိကအသုံးချပါတယ်။ ဒီလိုလုပ် နိုင်ဖို့အ တွက် မိမိတို့အတွက် ကြက်တောင်ကို တစ်ဖက်ကွင်းရဲ့ နောက်ဘက်အစွန်းတန်း ဘယ်ဖက်နဲ့ ညာဖက်  မျဉ်းနှစ်လိုင်းကြားကို တိတိကျကျရောက်အောင် ရိုက်ပို့နိုင်ဖို့ကို သေချာလေ့ကျင့်ထားဖို့တော့လိုပါမယ်။





ပင့်တင်ရိုက်ချက် ( clear) မှာ နှစ်မျိုးကိုအဓိကထားပြောပြချင်ပါတယ်။ တစ်ဖြောင့်တည်းပြေးတဲ့ ပင့်တင်ရိုက်ချက် ( flat clear ) နဲ့ အမြင့်ပြေးတဲ့ ပင့်တင်ရိုက် ချက် ( high clear ) တို့ပါပဲ။





အမြင့်ပင့်တင်ရိုက်ချက် - ဒီရိုက်ချက်ကို မိမိကကွင်းနောက်ဖက် ခြမ်းမှာကိုးရို့ကားရားအနေအထားမျိုးဖြစ်နေခဲ့ရင် တစ်ဖက်ကွင်း ကို အမြှောက်ပင့်ရိုက်ချက်ကိုသုံးလိုက်ခြင်းဖြင့် ကိုယ့်အတွက် နေရာပြန်ယူဖို့အချိန်အလုံအလောက်ရစေနိုင်ပါတယ်။ မှန်ကန် တိကျတဲ့ရိုက်ချက်က ပြိုင်ဖက်ကိုကြက်တောင်ဟာ ကွင်းအပြင် ဖက်ကိုထွက်သွားတယ်လို့ ထင်သွားစေပြီး လွတ်လိုက်ရင်ကိုယ့် ဖက်ကအမှတ်ရနိုင်မှာဖြစ်ပါတယ်။အဖြောင့်အနိမ့်ရိုက်ချက် ( flat clear) ကတော့ ကိုယ့်အတွက်အတော်အသင့် အန္တရာယ် ရှိပါ တယ်။ ကိုယ်ကအမြန်ရိုက်သလို ပြိုင်ဖက်ကလည်းအမြန်ပြန် ရိုက်လာမှာဖြစ်လို့ပါပဲ။ ဒီရိုက်ချက်ကို တစ်ဖက်က ခုတ်ချရိုက်ချက် (smash) ကို ဖြတ်ပြီး တုန့်ပြန်တဲ့အမြန်ရိုက်ချက် အနေနဲ့ သုံးနိုင်ပြီး၊ အရှိန်မြန်ပါတယ်။





ဒီရိုက်ချက် ၂မျိုးကို တစ်ဖက်ကွင်းရဲ့ ဘယ်ဖက် ညာဖက် အပြန်ပြန်အလှန်လှန်ရိုက်နေရင် ပြိုင်ဖက်ဟာ စိတ်တိုလာပြီး smash တွေဆွဲလာတတ်ပါတယ်။ သို့မဟုတ် ပိုက်နားကပ်ချမယ် ( drop shot) .ဒီနည်းဗျုဟာက စိတ် ရှည်ဖို့နဲ့ ဆုံးဖြတ်ချက်မှန်ဖို့အရေး ကြီးပါတယ်။ ကိုယ့်ဖက်က ဒီဗျူဟာကို မှန်မှန်ကန်ကန်အသုံးချနိုင်တဲ့အခါ ပြိုက်ဖက်ကစားသမားရဲ့စိတ်ထဲမှာ အစွဲလေးတစ်ခုဖြစ် သွားစေပါလိမ့်မယ်။





၁) ကြက်တောင်ကနောက်စည်းအပြင်ထွက်မယ်ထင်တာ..မ ထွက်ပါလား ဆိုတာရယ်


၂) ဒီတခါတော့ ခုတ်ချလိုက်ရင် ( smash) အမှတ်ရပြီ။ ဆိုတာပါပဲ။




ဒီနည်းဗျူဟာကိုပွဲအစပိုင်းလောက်မှာ ဖြေးဖြေးချင်းနဲ့ ပြိုင်ဖက်ကစားသမားရဲ့ လက်ရည်ကိုစမ်းသပ်ကြည့်ဖို့သုံးသင့်တယ်။ နောက်ပြီး ကိုယ့်ရဲ့ ခုတ်ချရိုက်ချက်တွေ ( smash) နဲ့ ပိုက်နားကပ်ချတဲ့ ( net shot) ကို ချိုထားဖို့ ကောင်းတဲ့ နည်းလမ်းမျိုးပါ။ 





ခုခံဗျူဟာကိုသုံးတဲအခါ အဓိကကျတာက စိတ်ရှည် သည်းခံနိုင်မှု့ပါပဲ။ စိတ်ရှည်ရှည်ထားပြီး ပွဲကိုကြာရှည်အောင်ကစားရင်းနဲ့ ပြိုင်ဖက်ဟာ ဘယ်ဖက်ကိုအပေးသန်လား ညာဖက်ကိုအပေးသန်လား၊ ပိုက်နာကိုကပ်ချတဲ့အလုံးဟာ ဘယ်လောက်မြန်လဲ၊ ခုတ်ချတဲ့ ရိုက်ချက်တွေဟာ ဘယ်ဖက်ကိုများလား၊ ညာဖက်ကို များလား၊ smash ဆွဲတဲ့အခါ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ဘယ် လောက်ထိန်းနိုင်လဲ၊ သူဟာ လက်မှန်ခုခံကာကွယ်တာ ကောင်းလား လက်ပြန်ခုခံကာကွယ်တာကောင်းလား။ စတာတွေအပြင် ပြိုင်ဖက်ကစားသမားကိုအလိုက်အ ထိုက်ကစားပြီး ဘယ်သူပို သက်လုံကောင်းလဲဆိုတာ ကြည့်ရပါမယ်။ ကိုယ့်ဖက်က ကွန်ထရိုးနဲ့ ခြေလှမ်းချက်သာတယ်ဆိုရင် ခုခံနည်းဗျူဟာကိုစမ်းကြည့် သင့်တယ်။




အထူးသဖြင့် ပြိုင်ဘက်ကစားသမားဟာ smash အလွန်အားကိုးပြီး အသားပေးကစားတတ်တဲ့သူဖြစ်နေခဲ့ရင် မိမိတို့အတွက် ခုခံနည်းဗျူးဟာကို မလွဲမသွေသုံးရပါတယ်။ ဒိပြင် တန်ပြန်ခုခံနည်းဗျူဟာပါတွဲသုံးနိုင်ရင် ပြိုင်ဘက်ကို စိတ်ဓါတ်ပျက်ပြားစေနိုင်ပါမယ်။ ခုခံကောင်းတဲ့သူနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ရေရှည်မှာ smash သမားဟာ သက်လုံကျလာနိုင်ပါတယ်။ 




ကြက်တောင်နည်းဗျူဟာ နောက်တစ်ခုက တန်ပြန်နည်းဗျူဟာ ပါ။ ဒီနည်းက အမှတ်ရလွယ်နိုင်တဲ့နည်းဖြစ်တယ်။ ခုခံနည်းဗျူဟာထက် ရွေ့ရှားမြန်သလောက် အာ ရုံပိုစိုက်ရတယ်။ တိကျမှု့ရှိတယ်။ ဒါ့အပြင် အားအင်ပိုသုံးရတယ်။ တစ်မှတ်ဆို ..ဆိုသလောက် အားစိုက်ထုတ်မှု့ရှိရပါမယ်။ ဒီနည်းစနစ်တွေကို သေချာအသုံးချနိုင်ရင် တစ်ဖက်က ထိုးနှက်လာတဲ့ ခုတ်ချရိုက်ချက် ( smash) တွေကို ကောင်းကောင်းကာကွယ်နိုင်လို့ မိမိတို့ရဲ့ အစွမ်း အစကိုပိုမိုယုံ ကြည်လာတဲ့ စိတ်ဖြစ်စေနိုင်တယ်။ ခွန် အားပြန်ဖြစ်စေနိုင်ပါတယ်။




တန်ပြန်ခုခံနည်းဗျူဟာမှာ ကြက်တောင်ကို ပိုက်နား ကပ်အမြန်ချ ကစားတဲ့နည်း ( net shot) ၊ ပိုက်ကိုခွကျော်ပြီးတစ်ဖက်စွန်းကို ချပေးတဲ့နည်း ( Cross net ) ၊ နဲ့ တန်ပြန်အတည့်ရိုက် ( offensive flat clears ) တွေကိုကောင်းမွန်စွာအသုံးချနိုင်ရပါမယ်။ smash ဆွဲလိုက်တဲ့ကြက်တောင်ကို တန်ပြန်ပိုက်နားကပ်ချတဲ့ ရိုက်ချက်ကိုသုံးခြင်းဖြင့် တစ်ဖက်ကစားသမား smash ဆွဲဖို့ အ ခွင့်အလမ်းနည်းပါးစေပြီးကြက်တောင်ကို ပိုက်နားမှာကစားရတဲ့ netting ကစားကွက်ကိုမလွဲမသွေကစားရပါမယ်။ သူ့ဖက်ကနေ ပိုက်နားကပ်တက်လာတဲ့ ကြက် တောင်ဟာ မိမိအတွက် ပိုက်ပေါ်က ကပ်စောင့်ပြီး ပုတ်ချဖို့အခွင့်အလမ်းတွေ ရလာနိုင်ပါတယ်။ကစားသမားအများစုတို့ဟာ smash ကိုပိုအားသန်ကြတယ်။ ပြိုင်ဖက်ကို ပြင်းထန်တဲ့ smash တွေနဲ့ အလဲထိုးဖို့ကျိုးစားတတ်ကြတယ်။ ဒီလိုအမှတ်ယူနိုင်ရင် မိမိကိုယ်မိမိယုံ


ကြည်မှု့တက်လာတတ်တယ်။ တစ်ဖက်ကစားသမားဟာကိုလည်းစိတ်ဓါတ်ခြောက်ခြားစေနိုင်ပါတယ်။ မိမိတို့ဖက်က အဲဒီလို smash ကို သဲကြိးမဲကြီး သုံးတတ်သော်လည်း ခုခံကာကွယ်မှု့နဲ့ smash ဆွဲပြီး ချက်ခြင်းနေရာပြန်မယူတတ်တဲ့ကစားသမားမျိုးနဲ့ ကြုံတွေ့ခဲ့ရင် အခုပြောခဲ့တဲ့ ခုခံကာကွယ်တဲ့ နည်းဗျူဟာနဲ့တုံ့ပြန်နည်းဗျူဟာတွေကို အသုံးချနိုင်ပြီလို့မှတ်ယူလိုက်ပါ။ ဒီလိုကစားနိုင်ဖို့ဆိုရင် ကြက်တောင်ကို ပိုက်နားကပ်ချတဲ့ ကစားကွက် ( tight net play)၊ ကြက်တောင် အမြန်ချ ( fast drop) နဲ့ တစ်ဖြောင့်တည်း တန်ပြန်ရိုက်ချက် ( offensive flat clear ) ရိုက်ချက်တွေကို အားကိုးပြုရပါမယ်။ ပြိုင်ဖက်ကစားသမားကို ပိုက်နားလေးပဲကပ်ပြီးကျနေတတ်တဲ့ ကြက်တောင်ကိုဆယ်မတင်နေရအောင် ဖိအားပေးကစားနေနိုင်ရင် သူအားကိုးတဲ့ smash ကိုသုံးဖို့အခွင့်အရေးနည်းပါးသွားပါမယ်။ အပေါ်မှာ ပြောခဲ့တဲ့ ကြက်တောင်ကိုအမြန်ချတဲ့ ( fast drop ) နဲ့ တစ်ဖြောင့်တည်းရိုက်ချက် ( flat clear) ရိုက်ချက် တွေကိုကွင်းပါတ်ပါတ်လည်ကိုပေးကစားခြင်းဖြင့် တစ်ဖက် ကစား သ မားကို အဆက်မပြတ်ရွေ့လျားနေပါစေ။ ပိုက်နားကပ် ချတဲ့ ကြက်တောင်တွေကို များများသုံးခြင်းဖြင့် တစ် ဖက်ကစားသမားဟာ ကြက်တောင်အလုံးတော်တော်များများကို ပိုက်နားအောက်ဖက်ကနေ အပေါ်ပြန်တက်အောင်ဆယ်မရတဲ့ အကွက် တွေဖန်တီးယူပါ။ ကြက် တောင်ဟာ ဒီလိုမျိုး ပိုက်ပေါ်ကျော်တက်လာရင် အပေါ်ကနေ အသင့်စောင့်ပြီး ပုတ်ချနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိုက်ကို ကျော်ပြီးခပ်မြင့်မြင့်တက်လာခဲ့ရင်လည်း ခုနလိုပဲ ကြက်တောင်ကို အမြန်ချ ( fast drop) နဲ့ တစ်ဖြောင့်တည်းရိုက်ချက် ( flat clear ) ရိုက်ချက်တွေပြန်သုံးပါ။




အမြန်ချရိုက်ချက် ( fast drop ) ဟာထင်တာထက်လွယ်ကူပါတယ်။ smash ဆွဲသလိုရိုက်ချက်မှာ ကြက် တောင်ကိုအင်အား သုံးကြုံးရိုက်တာမဟုတ်ပဲ ကြက် တောင်ထိခါနီးမှာ လက်ကိုင်ကို တအား မဆုတ်ထားပဲ လက်ကောက်ဝတ်ကိုခပ်စောက်စောက် လေးချိုးချပြီး ခပ်လျော့လျော့နဲ့ ဖြတ်ရိုက်လိုက်ရင် ကြက်တောင် ဟာ တစ်ဖက်ကွင်းရှေ့ဖက်နားမှာပဲ စိုက်ကျသွားပါမယ်။ ဒီအခါ တစ်ဖက်ကစားသမားဟာ အပြေးအလွှားနဲ့ ကြက် တောင်ကိုပင့်တင် ( short lift ) ပေးရဖို့ဖြစ်လာပါမယ်။ ပိုက်နားကပ်ချတဲ့ ရိုက်ချက် ( tight net shot) ရိုက်ဖို့အတွက် လက်ကိုင်ကို တအားတင်းအောင်ဆုတ်ကိုင်မထားရပါဘူး။ လက်ညှိုး၊ လက်မနဲ့ လက်ကောက်ဝတ်တို့ဟာ လှုပ်ရှားမှု့နဲ့ ပါဝါအတွက်အဓိကကျပါတယ်။ အမွှေ့လေးနဲ့ ပိုက်နားကပ်ကျတဲ့ရိုက်ချက်မျိုးကိုရိုက်ဖို့ ရက် ကက်ခေါင်းကို J ပုံသဏ္ဍာန်အမွှေ့မှာ ကြက်တောင်ကို ထိ အောင်ရိုက်နိုင်ဖို့အရေးကြီးပါတယ်။ ဒီလိုရိုက်ချက်ကိုသင်ယူဖို့ youtube မှာ ဗွီဒီယိုတွေရှိပါတယ်။




တိုတောင်းတဲ့ ပင့်တင်ရိုက်ချက် ( short lift) ကတော့ ပင့်တင် ရိုက်လိုက်တဲ့ ကြက်တောင်ဟာ တစ်ဖက်ကွင်းအလယ်ခေါင် လောက်ကိုရောက်လာတဲ့ရိုက်ချက်ပါပဲ။ ဒီအလုံးကတော့ smash အပိုင်ဆွဲနိုင်မဲ့အလုံးမျိုးပါ။ ဒီလိုမဟုတ်ပဲ နောက်ဖက်အထိကျော် တက်လာတယ်။ ကိုယ့်ဖက်က အချိန်မှီနေရာပြန်မယူနိုင်ဘူး ဆိုရင် အမြန်ချ (fast drop ) နဲ့ ( flat Clear ) တွေကိုတစ်ဖန်ပြန် သုံးပါ။ မမီမကမ်းနဲ့အတင်း smash ဆွဲရင် ပိုက်တိုးသွားနိုင်ပါ တယ်။  




ဒုတိယတန်ပြန်နည်းဗျူဟာကတော့ နာမည်ကြီးအင်ဒိုနီးရှား ကြက်တောင်သမား Taufik Hidayat ရဲ့ကစားပုံနည်းစနစ်ကို ပြောပြချင်ပါတယ်။ သူကလက်ပြန်ရိုက် ချက်အလွန်ကောင်းတဲ့ သူလည်းဖြစ် ပိုက်နားကပ်ကစားတာလည်းကောင်းတဲ့သူဖြစ်ပါတယ်။ နောက်တစ်ယောက် ပိုက်နားကပ်ကစားတဲ့ Trick shot တွေနဲ့ 


ကမ္ဘာ့နံပါတ် (၁) အမျိုးသမီးကြက်တောင်သမားဖြစ်လာ တာကတော့ တိုင်ဝမ်ကြက်တောင်မယ် တိုင်စုယဉ်ဖြစ်ပါတယ်။




ပိုက်နားကပ်ချတဲ့နည်း ( tight net shot) ကိုသုံးတဲ့အခါ အဓိက နည်း၂ မျိုးသုံးပါတယ်။ လှည့်ပါတ်ပြီး ပိုက်ပေါ်ကျော်တင်တဲ့နည်း( spinning net shot)  နဲ့ fast drop net shot ) ပိုက်နားကပ် အမြန်ချတဲ့နည်းတွေပဲဖြစ်ပါတယ်။




The spinning net shot - ပိုက်နားကနေ ရက်ကက်ကို လက်ပြန် တစ်ပါတ်လှည့် ကော်တင်ပြီး ပိုက်ရဲ့ တစ်ဖက်အစွန်းနားကို ကပ်ချ တဲ့ရိုက်ချက်။ ဒီရိုက်ချက်က တစ် ဖက်ကစားသမားကို ရုတ်တရက် အငိုက်မိစေနိုင်ပါတယ်။ အကယ်၍ တစ်ဖက်ကစားသမားဆီက ကြက် တောင်ပြန်တက်လာခဲ့ရင်လည်း ကိုယ့်ဖက်က အပေါ်စီးက နေပုတ်ချဖို့အခွင့်သာနိုင်ပါတယ်။ ဒီရိုက်ချက်ကို ပြိုင်ဖက်က အလယ်ကျောက်ချနေရာ ( base point) မှာကြိုတင်နေရာယူထား နိုင်ပြီး ကိုယ့်ဆီကနေ ပြန်တက်လာမဲ့ ကြက်တောင်ကိုရိုက်ချဖို့ အဆင်သင့်ဖြစ်နေတဲ့အနေအထားမျိုးမှာ ကိုယ့်ဖက်ကနေ ဒီ spinning net shot ကိုထုတ်သုံးနိုင်ပါတယ်။




နောက်တစ်မျိုး ပိုက်နားကပ်အမြန်ချ ( fast drop net shot ) ကတော့ ကြက်တောင်ကို ပိုက်နားလေးကပ်ပြီး ဒေါင်လိုက်ကျအောင်ရိုက်တဲ့နည်းပဲဖြစ်ပါတယ်။ ဒီနည်းကိုကောင်းကောင်း အသုံးချနိုင်ရင်လည်း တစ်ဖက်က စားသမား ကိုယ့်ဖက်ကို smash မဆွဲနိုင်အောင်၊ သူ့ကိုမဖြစ်မနေ ပိုက်အောက်ခြေနားကနေ အပေါ်ကိုပင့် တင်ရိုက်စေမှာဖြစ်ပါတယ်။ ဒီရိုက်ချက်က ပိုက်ပေါ်လှည့်


ပါတ်ကျော်ပြီးကျမဲ့ ( spinning net shot ) ထက်ပိုမြန် မှာဖြစ်ပါတယ်။ နောက်ထပ် စွန့်စားချင်သေးတယ်ဆိုရင် ကွင်း ဒေါင့်ဖြတ်လျောချ ( Cross Court Slice ) ရိုက် ချက်ကိုလည်း သုံးနိုင်ပါသေးတယ်။ ကြက်တောင်ကို မိမိဖက်ကွင်းရဲ့ ညာဖက်မှ  တစ်ဖက်ကွင်းရဲ့ ဘယ်ဖက်ဒေါင့် သို့မဟုတ် မိမိကွင်းရဲ့ ဘယ်ဖက်ဒေါင့်မှ တစ်ဖက်ကွင်းရဲ့ ညာဖက်ဒေါင့် ကိုပို့လွှတ်တဲ့ရိုက်ချက်ကို လည်း အလျင်းသင့်သလို သုံးတတ်ပါစေ။ Cross Court Slice ရိုက်ချက်အတွက် လက်ကောက် ဝတ်လှည့်အားကိုအဓိကအား ပြုသုံရပါမယ်။ (ဘယ်ရိုက်ချက်ကို သုံးရမလဲဆိုတာတော့ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး တစ်ဖက်ကစားသမားရဲ့ နေရာယူ ထားတဲ့အနေအထားကိုလိုက်ပြီး ဆုံးဖြတ်ရပါမယ်။




အရေးကြီးတာက ပိုက်နားကပ်ကစားတဲ့အခါ ရက်ကက်ကိုအမြဲ ထောင်ထားဖို့နဲ့ ပိုက်နားကပ်ပြီး အပေါ်ကိုတက်လာမဲ့ ကြက် တောင်ကို ပုတ်ချဖို့အမြဲအဆင်သင့်ဖြစ်နေဖို့ပါပဲ။ ဒီနေရာမှာ သတိထားဖို့က ကြက်တောင်ကိုပုတ်ချတဲ့အခိုက်မှာ မိမိရဲ့ ရက်ကက်ဟာ ပိုက်ပေါ်ကိုကျော်ပြီး တစ်ဖက်ကွင်းထဲမှာ ကြက်တောင်ကိုမထိမိဖို့ပါပဲ။ ဒီလိုရောက်သွားရင်ကိုယ့်ဖက်ကအပြစ်ဖြစ်ပါတယ်။




သိုင်းလောကမှာ သိုင်းပြောင်းပြန်ဆိုတဲ့ ပုံမှန်သိုင်းကွက်တွေကို ဖြေတဲ့ သိုင်းကွက်တွေ ခေတ်စားခဲ့ဘူးပါတယ်။ အခုပြောတဲ့ ကြက်တောင်နည်းဗျူဟာတွေကလည်း  လူ အများစိတ်ဝင်စားပြီး အသုံး များတဲ့ smash  ကို တန် ပြန် ခုခံတိုက်စစ်ဆင်နိုင်မဲ့နည်း၊ တိုက်စစ်ကိုပြန်ဖြေတဲ့နည်း တစ်နည်းအားဖြင့် သိုင်းပြောင်းပြန် နည်းလိုပဲ ပြောင်းပြန်လှန်ကစားနည်းနဲ့ ကစားဖို့ဖြစ်ပါတယ်။ 




အဓိကအနေနဲ့တော့ ဘယ်နည်းပဲသုံးသုံး၊ ကျွမ်းကျင်ရာလိမ္မာဆို သလို ကျွမ်းကျင်မှု့က အနိုင်ရစေ မှာဖြစ်လို့ မိမိတို့ရဲ့ လေ့ကျင့်မှု့ က အရေးကြီးကြောင်းတင်ပြလိုက်ရပါတယ်။


အားလုံးပဲပျော်ပျော်ပါးပါး ကစားနိုင်ကြပါစေ။

-----------------------------------------------------------


Badminton Strategies ( ၾကက္ေတာင္နည္းဗ်ဴဟာ)

(defend )  Zaw Gyi text 




ၾကက္ေတာင္ရိုက္တဲ့နည္း၊ ေလ့က်င့္ဖို့နည္းေတြကို အင္တာနက္ 

youtube တို့ blog တို့မွာအမ်ားအျပားရွာေဖြၾကည့္နိုင္ၾကပါတယ္။ ၾကက္ေတာင္ရိုက္ကစားနည္းရဲ့ သေဘာတရားေလးေတြကို Champion Sports Shop 

ကဝါသနာရွင္သူငယ္ခ်င္းေတြအတြက္တတ္ နိုင္သေလာက္ရွာေဖြတင္ျပေပးျခင္းျဖင့္ သီအိုရီသေဘာတရားေလး ေတြကို နားလည္သေဘာေပါက္ရင္ လိုင္းေပၚက ဗြီဒီယိုေတြၾကည့္ တဲ့အခါ ပိုသေဘာ ေပါက္လာမယ္လို့ယူဆပါတယ္။ အထူးသျဖင့္ လူသစ္တန္းေတြအတြက္ ရည္ရြယ္ပါတယ္။ ဝါသနာတူသူငယ္ခ်င္း မ်ားအတြက္ လြတ္လပ္စြာရွယ္နိုင္ပါတယ္။


သူနိုင္ကိုယ္နိုင္အၿပိဳင္ၾကဲရတဲ့ကစားပြဲေတြမွာ အနိုင္ရဖို့အတြက္ ဦးေႏွာက္ (အေတြးအေခၚ)လိုတယ္။ ဒီအေတြးအေခၚကိုအ ေကာင္ အထည္ေဖၚနိုင္ဖို့ အင္အားလိုပါတယ္။


ၿပိဳင္ပြဲကို ဘယ္လိုကစားကြက္ေတြထုတ္သုံးၿပိးကစားမယ္ဆိုတဲ့ ႀကိဳတင္ႀကံဆထားတဲ့ plan ေတြလည္းရွိဖို့လိုပါတယ္။ ဒါကေတာ့ ၿပိဳင္ဖက္ရဲ့ကစားကြက္ေပၚမူတည္ၿပီး လိုအပ္သလိုေျပာင္းလဲက စားသြားဖို့ပါ။ ဒီလိုႀကိဳတင္ျပင္ဆင္စဥ္းစားထားတာမရွိခဲ့ရင္ ၿပိဳင္ ဖက္က ကိုယ့္အားခ်က္ကိုနင္းၿပီး အနိုင္ယူသြားနိုင္ပါတယ္။ ၾကက္ ေတာင္ရိုက္အားကစားလို ကစားကြက္ကိုစဥ္းစားဖို့ အခ်ိန္ အလြန္ နည္းတဲ့ကစားနည္းမ်ိဳးမွာဆို ဆုံးျဖတ္ခ်က္ခ်ဖို့ အလြန္ျမန္ ဆန္ရပါ လိမ့္မယ္။ 


ၿပိဳင္ဖက္ရဲ့ကစာကြက္ကို ႀကိဳတင္ေလ့လာထားနိုင္ရင္ပိုေကာင္း ပါတယ္။ ၿပိဳင္ဖက္ရဲ့ အားသာခ်က္ အားနည္းခ်က္ေတြကို ၾကည့္ တတ္ျမင္တတ္ဖို့အလြန္အေရးႀကိးပါတယ္။ ကစားသမားက ၿပိဳင္ ပြဲထဲမွာနစ္ေမ်ာေနလို့ ၿပိဳင္ဖက္ကစားသမားကို မျမင္တတ္တဲ့ အခါ ကိုယ့္ရဲ့နည္းျပကျမင္တတ္ပါတယ္။ ဒီအခါ နည္းျပက ၿပိဳင္ပြဲနားတဲ့ အခိုက္အတန္႔ေလးမွာ ကိုယ့္ကိုေျပာျပ သတိေပးနိုင္ပါတယ္။


ဒီေနရာမွာသိထားဖို့က ၿပိဳင္ဖက္ကစားသမားကလည္း ကိုယ့္လိုပဲ အေတြးအေခၚရွိတယ္။ အင္အား ရွိတယ္။ ျပင္ဆင္လာမွာပါပဲ။ ဒါေၾကာင့္ ၿပိဳင္ပြဲကစားတိုင္းမွာ ၿပိဳင္ဖက္ကိုေလ့လာပါ။ သူ႔အား သာခ်က္ အားနည္းခ်က္ကိုျမင္ေအာင္ၾကည့္ပါ။ ( သူ႔အားနည္း ခ်က္ကို ဖိၿပီးထိုးႏွက္ဖို့ က်ိဳးစားပါ)။


ကစားသမားအေတာ္မ်ားမ်ားက အင္နဲ႔အားနဲ႔ တိုက္စစ္ဆင္ကစား တာကိုအားက်ၾကပါတယ္။ ခုန္ပ်ံၿပီး အားမန္အျပည့္နဲ႔့ smash ကို အရမ္းသေဘာက်တတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုအင္အားသုံးရိုက္ နိုင္ဖို့ ေလ့က်င့္ထားတဲ့ ခြန္အားလိုတယ္။ သက္လုံေကာင္းဖို့လို တယ္။ နည္းလမ္းမွန္ကန္ဖို့လိုပါတယ္။ ႏွစ္ခါ သုံးခါေလာက္ဆက္ တိုက္ smash ဆြဲလိုက္ရင္လူကဟိုက္သြားတတ္ပါတယ္။ နည္း လမ္းမမွန္တဲ့ရိုက္ခ်က္ေတြနဲ႔ဆို မိမိတို့ရဲ့ရိုက္ခ်က္ေတြကထိ ေရာက္မွု့ရွိခဲပါတယ္။ ေကာင္းတာက Smash ရိုက္ခ်က္ကိုပိုင္ၿပီ ဆိုမွထုတ္ရိုက္ပါ။ 


ဒီေနရာမွာ ၿပိဳက္ဖက္ကစားသမားရဲ့ ခုခံနည္းစနစ္ေတြကေကာင္း ေနရင္၊ သူ႔ဖက္က အင္အားေခၽြတာသုံးၿပီး အနိုင္ယူသြားနိုင္ပါ ေသးတယ္။ ဒါေၾကာင့္ ကစားသမားအမ်ားသေဘာက်တတ္၊ ရိုက္ တတ္၊ ေလ့က်င့္တတ္ၾကတဲ့ smash ရိုက္ခ်က္ေတြထက္ အဲလို ရိုက္ခ်က္ေတြကို တန္ျပန္ခုခံကာကြယ္နိုင္တဲ့ ကစားနည္းကို လည္းေလ့လာၿပီး က်င့္ထားသင့္ပါတယ္။ အဓိကအေရးႀကိး တာ ၾကက္ေတာင္ကိုယ့္ဖက္ကြင္းရဲ့ အမွတ္ယူမဲ့ ၾကမ္းေပၚမက်ေစေရး ပါပဲ။ တတ္နိုင္သေလာက္အင္အားကိုေခၽြတာသုံးျခင္းျဖင့္ ေရရွည္ မွာ ကိုယ့္ဖက္ကအသာရနိုင္ပါတယ္။ 


ဗ်ဴဟာတစ္ခုကိုစဥ္းစားတဲ့အခါ ၿပိဳင္ဖက္အေပၚ ႐ုပ္ပိုင္းဆိုင္ရာ ေရာစိတ္ပိုင္းဆိုင္ရာေရာ ႏွစ္မ်ိဳးလုံးေပၚ သက္ေရာက္မွု့ရွိဖို့လိုပါ တယ္။


ဒီေနရာမွာ ၃ မ်ိဳးရွိပါတယ္။


အေျခခံနည္းဗ်ဴဟာ - (Basic Strategies) ဒီဟာက အားကစား နည္းတစ္ခုရဲ့အေျခခံအက်ဆုံး သေဘာတရားေတြကို ကစားပြဲ တစ္ေလ်ာက္လုံးလိုက္နာက်င့္သုံးသြားဖို့ပါပဲ။


ခုခံကာကြယ္မွု့နည္းဗ်ဴဟာ - ( Defence Strategies) ဒီနည္းက ေတာ့ ခပ္ေလးေလးနဲ႔ေႏွးေႏွးကစားၿပီး ၿပိဳင္ဖက္ကိုအမွားက်ဳး လြန္ေအာင္ဖိအားေပးျခင္းပါ။ ဒီနည္းဗ်ဴဟာကို ေျခကုန္လက္ပန္း က်လို့ အားျပန္ျဖည့္ဖို့လိုတဲ့အခါမ်ိဳးမွာ သုံးပါတယ္။


တန္ျပန္နည္းဗ်ဴဟာ ( Offence Strategies) - ဒီဗ်ဴဟာက က်န္ တဲ့နည္းေတြထက္ေတာ့ အားအင္ကို ပိုသုံးရသလိုပိုၿပီးလည္း အာ ႐ုံစိုက္ရပါတယ္။ သို့ေသာ္အျမန္ဆုံးအမွတ္ရနိုင္တဲ့နည္းလည္းျဖစ္ ပါတယ္။

ဒီနည္းဗ်ဴဟာေတြရဲ့ တူညီခ်က္ကေတာ့ ကစားပြဲရဲ့ တစ္ခ်ိဳ့ေသာ ေနရာေတြမွာ ၾသဇာသက္ေရာက္မွု့ ရွိတယ္။ ဒီလိုအခါမ်ိဳးမွာ ၿပိဳင္ ဘက္က အဲလိုေနရာေတြမွာပိုသတိထားအာ႐ုံစိုက္လာလို့ အမွား ေတြ က်ဴးလြန္မိလာမယ္။ ဒါ့အျပင္ သူတို့ရဲ့ရိုက္ကြက္ေတြ ေရြး ခ်ယ္အသုံးခ်ဖို့ အကန္႔အသတ္ျဖစ္လာမယ္။


အေျခခံနည္းဗ်ဴဟာ - Classic 


ရိုးစင္းတဲ့သီအိုရီတစ္ခုပါ။ လူမရွိတဲ့ေနရာမွာ ၾကက္ေတာင္ ကို ခ်ပါ။ ဒီဟာက တိုက္ခိုက္တာ မဟုတ္ဘဲ ၿပိဳင္ဘက္ရဲ့ အားသာ ခ်က္ အားနည္းခ်က္ေတြကို လုံလုံေလာက္ေလာက္သိရွိနိုင္ဖို့ပါပဲ။

လက္ေတြ႕သုံးတဲ့ေနရာမွာအရမ္းေတာ့မလြယ္ပါဘူး။ ႀတိဂံသ ေဘာတရားနည္းကိုသုံးရပါမယ္။ ကြင္းထဲမွာအေဝးဆုံး အကြာ အေဝးဟာ ေထာင့္စြန္းႏွစ္ဖက္ေနရာပါ။ ေနာက္ဖက္လက္ျပန္ ရိုက္ေနရာကေန ေရွ႕ဖက္လက္မွန္ရိုက္ေနရာနဲ႔ သူ႔ရဲ့အျပန္ အ လွန္ေနရာေတြပါ။ အေျဖာင့္ေျပးရတာ ပိုလြယ္ပါတယ္။ ဥပမာ လက္မွန္ေနာက္တန္း ေဒါင့္ကေန တစ္ဖက္တည္းမွာရွိတဲ့လက္ မွန္ေရွ႕တန္းေဒါင့္ဆို တေျဖာင့္ထည္းမို့နီးတယ္။ ကစားသမားက ရိုက္ၿပီးတိုင္းမွာ ကြင္းအလယ္ ေက်ာက္ခ်ေနရာ ( base point ) ကိုျပန္သြားတတ္ပါတယ္။ ကိုယ္ဖက္က ဒီနည္းကိုေကာင္းေကာင္း အသုံးခ်နိုင္ရင္ ၿပိဳင္ဘက္ကို ထိန္းထားနိုင္ပါမယ္။


ခုေနာက္ပိုင္းမွာ ေျပာင္းလဲလာေနတဲ့ ကစားပုံေရစီးေၾကာင္းေတြ ေၾကာင့္ ကစားသမားေတြဟာ အင္အားသုံးကစားတယ္။ ခုတ္ခ် ရိုက္ခ်က္ ( smash) ကိုႀကိဳက္ၾကတယ္။ ေလ့က်င့္ကစားဖို့ အား သန္လာၾကတယ္။ အားကစားပစၥည္းထုတ္လုပ္တဲ့ကုမၸဏီေတြက လည္း မာတဲ့အလည္တိုင္ (stiff shaft ) ေတြ ေခါင္းေလးတဲ့ ရက္ကက္ ( (head Heavy ) ေတြကို ေဖါေဖါသီသီထုတ္လုပ္ လာၾကတယ္။ ကစားပြဲမွာအနိုင္ရဖို့ ဘယ္သူေအးေဆးနဲ႔ ပညာ ပါပါကစားနိုင္သလဲဆိုတာထက္၊ ဘယ္သူအားျပင္းျပင္း၊ ျမန္ျမန္ ခုတ္ခ်နိုင္လဲဆိုတဲ့ အေပၚေျပာင္းလဲလာခဲ့တယ္။ ဒီလိုေျပာင္းလဲ လာမွု့ေၾကာင့္ပဲ ၿပိဳင္ဖက္ရဲ့ထိုးႏွက္တိုက္စစ္ကို ေကာင္းေကာင္းခုခံ ကာကြယ္နိုင္စြမ္းေတြေလ်ာ့ပါးလာတယ္။ ပြဲႀကီးပြဲေကာင္းတစ္ပြဲမွာ ခုခံကာကြယ္ေကာင္းျခင္းဟာ အသက္ျဖစ္ပါတယ္။ ၿပိဳင္ဖက္ရဲ့ အမွတ္ရဖို့မ်ားတဲ့ ျပင္းထန္တဲ့ ခုတ္ခ်ရိုက္ခ်က္ (smash) ကိုပိတ္ ဆို့ကာကြယ္နိုင္႐ုံသာမက လ်င္ျမန္လွတဲ့ တံု့ျပန္ခ်က္ေၾကာင့္ ကိုယ့္ဖက္ကေတာင္ အမွတ္ရနိုင္ပါေသးတယ္။ Smash ခုတ္ လိုက္တဲ့ ၾကက္ေတာင္ကိုျဖတ္ကနဲ ရိုက္တဲ့သူဖက္ ( လူတည့္ တည့္ကလြဲရင္) တန္ျပန္သက္ေရာက္ေစနိုင္ဖို့ အာ႐ုံစိုက္ပါ။ ( ႀတိဂံနည္း ဥပေဒကိုသုံးနိုင္ပါတယ္) ဒီနည္းက ၿပိဳင္ဖက္ရဲ့ တိုက္ ကြက္ကိုအေႏွာက္အယွက္ျဖစ္ေစ႐ုံသာမက ဒုတိယအႀကိမ္ smash ဆြဲဖို့လည္းခက္သြားေစပါလိမ့္မယ္။    


ခုခံနည္းဗ်ဴဟာ ကစားပြဲကိုဆြဲကစားၿပီး ၿပိဳင္ဖက္ကစားသမားကို သည္းမခံနိုင္ေလာက္ေအာင္ ျဖစ္လာတဲ့အခါ စိတ္မရွည္နိုင္ေတာ့ ပဲ အမွားက်ဴးလြန္ေစျခင္းျဖင့္ ကိုယ့္ဖက္ကအမွတ္ရေစတဲ့ နည္း ျဖစ္ပါတယ္။ ဒီနည္းစနစ္မွာ ေနာက္အစြန္ဆုံးတန္းအထိေရာက္ ေအာင္ေျမႇာက္တင္ရိုက္ခ်က္ကိုအဓိကအသုံးခ်ပါတယ္။ ဒီလိုလုပ္ နိုင္ဖို့အတြက္ မိမိတို့အတြက္ ၾကက္ေတာင္ကို တစ္ဖက္ကြင္းရဲ့ ေနာက္ဘက္အစြန္းတန္း ဘယ္ဖက္နဲ႔ ညာဖက္  မ်ဥ္းႏွစ္လိုင္း ၾကားကို တိတိက်က်ေရာက္ေအာင္ ရိုက္ပို့နိုင္ဖို့ကို ေသခ်ာေလ့ က်င့္ထားဖို့ေတာ့လိုပါမယ္။


ပင့္တင္ရိုက္ခ်က္ ( clear) မွာ ႏွစ္မ်ိဳးကိုအဓိကထားေျပာျပခ်င္ပါ တယ္။ တစ္ေျဖာင့္တည္းေျပးတဲ့ ပင့္တင္ရိုက္ခ်က္ ( flat clear ) နဲ႔ အျမင့္ေျပးတဲ့ ပင့္တင္ရိုက္ခ်က္ ( high clear ) တို့ပါပဲ။


အျမင့္ပင့္တင္ရိုက္ခ်က္ - ဒီရိုက္ခ်က္ကို မိမိကကြင္းေနာက္ဖက္ ျခမ္းမွာကိုးရို့ကားရားအေနအထားမ်ိဳးျဖစ္ေနခဲ့ရင္ တစ္ဖက္ကြင္း ကို အေျမႇာက္ပင့္ရိုက္ခ်က္ကိုသုံးလိုက္ျခင္းျဖင့္ ကိုယ့္အတြက္ ေနရာျပန္ယူဖို့အခ်ိန္အလုံအေလာက္ရေစနိုင္ပါတယ္။ မွန္ကန္ တိက်တဲ့ရိုက္ခ်က္က ၿပိဳင္ဖက္ကိုၾကက္ေတာင္ဟာ ကြင္းအျပင္ ဖက္ကိုထြက္ သြားတယ္လို့ ထင္သြားေစၿပီး လြတ္လိုက္ရင္ကိုယ့္ ဖက္ကအမွတ္ရနိုင္မွာျဖစ္ပါတယ္။အေျဖာင့္အနိမ့္ရိုက္ခ်က္ ( flat clear) ကေတာ့ ကိုယ့္အတြက္အေတာ္အသင့္ အႏၲရာယ္ ရွိပါ တယ္။ ကိုယ္ကအျမန္ရိုက္သလို ၿပိဳင္ဖက္ကလည္းအျမန္ျပန္ ရိုက္လာမွာျဖစ္လို့ပါပဲ။ ဒီရိုက္ခ်က္ကို တစ္ဖက္က ခုတ္ခ်ရိုက္ ခ်က္ (smash) ကို ျဖတ္ၿပီး တုန္႔ျပန္တဲ့အျမန္ရိုက္ခ်က္ အေနနဲ႔ သုံးနိုင္ၿပီး၊ အရွိန္ျမန္ပါတယ္။


ဒီရိုက္ခ်က္ ၂မ်ိဳးကို တစ္ဖက္ကြင္းရဲ့ ဘယ္ဖက္ ညာဖက္ အျပန္ ျပန္အလွန္လွန္ရိုက္ေနရင္ ၿပိဳင္ဖက္ဟာ စိတ္တိုလာၿပီး smash ေတြဆြဲလာတတ္ပါတယ္။ သို့မဟုတ္ ပိုက္နားကပ္ခ်မယ္ ( drop shot) .ဒီနည္းဗ်ဳဟာက စိတ္ရွည္ဖို့ နဲ႔ ဆုံးျဖတ္ခ်က္မွန္ဖို့အေရး ႀကီးပါတယ္။ ကိုယ့္ဖက္က ဒီဗ်ဴဟာကို မွန္မွန္ကန္ကန္အသုံးခ် နိုင္တဲ့အခါ ၿပိဳက္ဖက္ကစားသမားရဲ့စိတ္ထဲမွာ အစြဲေလးတစ္ခုျဖစ္ သြားေစပါလိမ့္မယ္။




၁) ၾကက္ေတာင္ကေနာက္စည္းအျပင္ထြက္မယ္ထင္တာ..မ ထြက္ပါလား ဆိုတာရယ္

၂) ဒိတခါေတာ့ ခုတ္ခ်လိုက္ရင္ ( smash) အမွတ္ရၿပီ။ ဆိုတာပါပဲ။


ဒီနည္းဗ်ဴဟာကိုပြဲအစပိုင္းေလာက္မွာ ေျဖးေျဖးခ်င္းနဲ႔ ၿပိဳင္ဖက္ ကစားသမားရဲ့ လက္ရည္ကိုစမ္းသပ္ၾကည့္ဖို့သုံးသင့္တယ္။ ေနာက္ၿပီး ကိုယ့္ရဲ့ ခုတ္ခ်ရိုက္ခ်က္ေတြ ( smash) နဲ႔ ပိုက္နား ကပ္ခ်တဲ့ ( net shot) ကို ခ်ိဳထားဖို့ ေကာင္းတဲ့ နည္းလမ္းမ်ိဳးပါ။ 


ခုခံဗ်ဴဟာကိုသုံးတဲအခါ အဓိကက်တာက စိတ္ရွည္ သည္းခံနိုင္ မွု့ပါပဲ။ စိတ္ရွည္ရွည္ထားၿပီး ပြဲကိုၾကာရွည္ေအာင္ကစားရင္းနဲ႔ ၿပိဳင္ဖက္ဟာ ဘယ္ဖက္ကိုအေပးသန္လား ညာဖက္ကိုအေပး သန္လား၊ ပိုက္နာကိုကပ္ခ်တဲ့အလုံးဟာ ဘယေလာက္ျမန္လဲ၊ ခုတ္ခ်တဲ့ ရိုက္ခ်က္ေတြဟာ ဘယ္ဖက္ကိုမ်ားလား၊ ညာဖက္ကို မ်ားလား၊ smash ဆြဲတဲ့အခါ ခႏၶာကိုယ္ဟန္ခ်က္ညီေအာင္ ဘယ္ ေလာက္ထိန္းနိုင္လဲ၊ သူဟာ လက္မွန္ခုခံကာကြယ္တာ ေကာင္း လား လက္ျပန္ခုခံကာကြယ္တာေကာင္းလား။ စတာေတြအျပင္ ၿပိဳင္ဖက္ကစားသမားကို အလိုက္အထိုက္ကစားၿပီး ဘယ္သူပို သက္လုံေကာင္းလဲဆိုတာ ၾကည့္ရပါမယ္။ ကိုယ့္ဖက္က ကြန္ထရိုး နဲ႔ ေျခလွမ္းခ်က္သာတယ္ဆိုရင္ ခုခံနည္း ဗ်ဴဟာကိုစမ္းၾကည့္ သင့္တယ္။


အထူးသျဖင့္ ၿပိဳင္ဘက္ကစားသမားဟာ smash အလြန္အားကိုး ၿပီး အသားေပးကစားတတ္တဲ့သူျဖစ္ေနခဲ့ရင္ မိမိတို့အတြက္ ခုခံ နည္းဗ်ဴးဟာကို မလြဲမေသြသုံးရပါတယ္။ ဒိျပင္ တန္ျပန္ခုခံနည္း ဗ်ဴဟာပါတြဲသုံးနိုင္ရင္ ၿပိဳင္ဘက္ကို စိတ္ဓါတ္ပ်က္ျပားေစနိုင္ပါ မယ္။ ခုခံေကာင္းတဲ့သူနဲ႔ ယွဥ္ၿပိဳင္ ရတဲ့အခါ ေရရွည္မွာ smash သမားဟာ သက္လုံက်လာနိုင္ပါတယ္။ 


ၾကက္ေတာင္နည္းဗ်ဴဟာ ေနာက္တစ္ခုက တန္ျပန္နည္းဗ်ဴဟာ ပါ။ ဒီနည္းက အမွတ္ရလြယ္နိုင္တဲ့နည္းျဖစ္တယ္။ ခုခံနည္းဗ်ဴဟာ ထက္ ေရြ႕ရွားျမန္သေလာက္ အာ႐ုံပိုစိုက္ရတယ္။ တိက်မွု့ရွိတယ္။ ဒါ့အျပင္ အားအင္ပိုသုံးရတယ္။ တစ္မွတ္ဆို ..ဆိုသေလာက္ အား စိုက္ထုတ္မွု့ရွိရပါမယ္။ ဒီနည္းစနစ္ေတြကို ေသခ်ာအသုံးခ်နိုင္ရင္ တစ္ဖက္က ထိုးႏွက္လာတဲ့ ခုတ္ခ်ရိုက္ခ်က္ ( smash) ေတြကို ေကာင္းေကာင္းကာကြယ္နိုင္လို့ မိမိတို့ရဲ့ အစြမ္းအစကိုပိုမိုယုံ ၾကည္လာတဲ့ စိတ္ျဖစ္ေစနိုင္တယ္။ ခြန္အားျပန္ျဖစ္ေစနိုင္ပါတယ္။


တန္ျပန္ခုခံနည္းဗ်ဴဟာမွာ ၾကက္ေတာင္ကို ပိုက္နားကပ္အျမန္ခ် ကစားတဲ့နည္း ( net shot) ၊ ပိုက္ကိုခြေက်ာ္ၿပီးတစ္ဖက္စြန္းကို ခ်ေပးတဲ့နည္း ( Cross net ) ၊ နဲ႔ တန္ျပန္အတည့္ရိုက္ ( offensive flat clears ) ေတြကိုေကာင္းမြန္စြာအသုံးခ်နိုင္ရ ပါမယ္။

smash ဆြဲလိုက္တဲ့ၾကက္ေတာင္ကို တန္ျပန္ပိုက္နားကပ္ခ်တဲ့ ရိုက္ခ်က္ကိုသုံးျခင္းျဖင့္ တစ္ဖက္ကစားသမား smash ဆြဲဖို့ အ ခြင့္အလမ္းနည္းပါးေစၿပီးၾကက္ေတာင္ကို ပိုက္နားမွာကစားရတဲ့ netting ကစားကြက္ကိုမလြဲမေသြကစားရပါမယ္။ သူ႔ဖက္ကေန ပိုက္နားကပ္တက္လာတဲ့ ၾကက္ေတာင္ဟာ မိမိအတြက္ ပိုက္ ေပၚက ကပ္ေစာင့္ၿပီး ပုတ္ခ်ဖို့အခြင့္အလမ္းေတြ ရလာနိုင္ ပါ တယ္။

ကစားသမားအမ်ားစုတို့ဟာ smash ကိုပိုအားသန္ၾကတယ္။ ၿပိဳင္ဖက္ကို ျပင္းထန္တဲ့ smash ေတြနဲ႔ အလဲထိုးဖို့က်ိဳးစားတတ္

ၾကတယ္။ ဒီလိုအမွတ္ယူနိုင္ရင္ မိမိကိုယ္မိမိယုံၾကည္မွု့တက္လာ တတ္တယ္။ တစ္ဖက္ကစားသမားဟာကိုလည္းစိတ္ဓါတ္ေျခာက္ ျခားေစနိုင္ပါတယ္။ မိမိတို့ဖက္က အဲဒီလို smash ကို သဲႀကိးမဲႀကီး သုံးတတ္ေသာ္လည္း ခုခံကာကြယ္မွု့နဲ႔ smash ဆြဲၿပီး ခ်က္ျခင္းေန ရာျပန္မယူတတ္တဲ့ကစားသမားမ်ိဳးနဲ႔ ၾကဳံေတြ႕ခဲ့ရင္ အခုေျပာခဲ့တဲ့ ခုခံကာကြယ္တဲ့ နည္းဗ်ဴဟာနဲ႔တုံ႔ျပန္နည္းဗ်ဴဟာေတြကို အသုံး ခ်နိုင္ၿပီလို့မွတ္ယူလိုက္ပါ။ ဒီလိုကစားနိုင္ဖို့ဆိုရင္ ၾကက္ေတာင္ကို ပိုက္နားကပ္ခ်တဲ့ ကစားကြက္ ( tight net play)၊ ၾကက္ေတာင္ အျမန္ခ် ( fast drop) နဲ႔ တစ္ေျဖာင့္တည္း တန္ျပန္ရိုက္ခ်က္ ( offensive flat clear ) ရိုက္ခ်က္ေတြကို အားကိုးျပဳရပါမယ္။ ၿပိဳင္ဖက္ကစားသမားကို ပိုက္နားေလးပဲကပ္ၿပီးက်ေနတတ္တဲ့ ၾကက္ေတာင္ကို ဆယ္မတင္ေနရ ေအာင္ ဖိအားေပးကစားေန နိုင္ရင္ သူအားကိုးတဲ့ smash ကိုသုံးဖို့အခြင့္အေရးနည္းပါးသြား ပါမယ္။ အေပၚမွာ ေျပာခဲ့တဲ့ ၾကက္ေတာင္ကိုအျမန္ခ်တဲ့ ( fast drop ) နဲ႔ တစ္ေျဖာင့္တည္းရိုက္ခ်က္ ( flat clear) ရိုက္ခ်က္ ေတြကိုကြင္းပါတ္ပါတ္လည္ကိုေပးကစားျခင္းျဖင့္ တစ္ဖက္ ကစားသမားကို အဆက္မျပတ္ေရြ႕လ်ားေနပါေစ။ ပိုက္နားကပ္ ခ်တဲ့ ၾကက္ေတာင္ေတြကို မ်ားမ်ားသုံးျခင္းျဖင့္ တစ္ဖက္ကစား သမားဟာ ၾကက္ေတာင္အလုံးေတာ္ေတာ္မ်ားမ်ားကို ပိုက္နား ေအာက္ဖက္ကေန အေပၚျပန္တက္ေအာင္ဆယ္မရတဲ့ အကြက္ ေတြဖန္တီးယူပါ။ ၾကက္ေတာင္ဟာ ဒီလိုမ်ိဳး ပိုက္ေပၚေက်ာ္တက္ လာရင္ အေပၚကေန အသင့္ေစာင့္ၿပီး ပုတ္ခ်နိုင္ပါတယ္။ ဒီလိုမ ဟုတ္ပဲ ပိုက္ကို ေက်ာ္ၿပီးခပ္ျမင့္ျမင့္တက္လာခဲ့ရင္လည္း ခုနလိုပဲ ၾကက္ေတာင္ကို အျမန္ခ် ( fast drop) နဲ႔ တစ္ေျဖာင့္တည္းရိုက္ ခ်က္ ( flat clear ) ရိုက္ခ်က္ေတြျပန္သုံးပါ။


အျမန္ခ်ရိုက္ခ်က္ ( fast drop ) ဟာထင္တာထက္လြယ္ကူပါ တယ္။ smash ဆြဲသလိုရိုက္ခ်က္မွာ ၾကက္ေတာင္ကိုအင္အား သုံးၾကဳံးရိုက္တာမဟုတ္ပဲ ၾကက္ေတာင္ထိခါနီးမွာ လက္ကိုင္ကို တအား မဆုတ္ထားပဲ လက္ေကာက္၀တ္ကိုခပ္ေစာက္ေစာက္ ေလးခ်ိဳးခ်ၿပီး ခပ္ေလ်ာ့ေလ်ာ့နဲ႔ ျဖတ္ရိုက္လိုက္ရင္ ၾကက္ေတာင္ ဟာ တစ္ဖက္ကြင္းေရွ႕ဖက္နားမွာပဲ စိုက္က်သြားပါမယ္။ ဒီအခါ တစ္ဖက္ကစားသမားဟာ အေျပးအလႊားနဲ႔ ၾကက္ေတာင္ကိုပင့္ တင္ ( short lift ) ေပးရဖို့ျဖစ္လာပါမယ္။ ပိုက္နားကပ္ခ်တဲ့ ရိုက္ခ်က္ ( tight net shot) ရိုက္ဖို့အတြက္ လက္ကိုင္ကို တ အားတင္းေအာင္ဆုတ္ကိုင္မထားရပါဘူး။ လက္ညႇိုး၊ လက္မနဲ႔ လက္ေကာက္၀တ္တို့ဟာ လွုပ္ရွားမွု့နဲ႔ ပါဝါအတြက္အဓိကက်

ပါတယ္။ အေမႊ႕ေလးနဲ႔ ပိုက္နားကပ္က်တဲ့ရိုက္ခ်က္မ်ိဳးကိုရိုက္ဖို့ ရက္ကက္ေခါင္းကို J ပုံသ႑ာန္အေမႊ႕မွာ ၾကက္ေတာင္ကို ထိ ေအာင္ရိုက္နိုင္ဖို့အေရးႀကီးပါတယ္။ ဒီလိုရိုက္ခ်က္ကိုသင္ယူဖို့ youtube မွာ ဗြီဒီယိုေတြရွိပါတယ္။


တိုေတာင္းတဲ့ ပင့္တင္ရိုက္ခ်က္ ( short lift) ကေတာ့ ပင့္တင္ ရိုက္လိုက္တဲ့ ၾကက္ေတာင္ဟာ တစ္ဖက္ကြင္းအလယ္ေခါင္ ေလာက္ကိုေရာက္လာတဲ့ရိုက္ခ်က္ပါပဲ။ ဒီအလုံးကေတာ့ smash အပိုင္ဆြဲနိုင္မဲ့အလုံးမ်ိဳးပါ။ ဒီလိုမဟုတ္ပဲ ေနာက္ဖက္အထိေက်ာ္ တက္လာတယ္။ ကိုယ့္ဖက္က အခ်ိန္မွီေနရာျပန္မယူနိုင္ဘူး ဆို ရင္ အျမန္ခ် (fast drop ) နဲ႔ ( flat Clear ) ေတြကိုတစ္ဖန္ျပန္ သုံးပါ။ မမီမကမ္းနဲ႔့အတင္း smash ဆြဲရင္ ပိုက္တိုးသြားနိုင္ပါ တယ္။  


ဒုတိယတန္ျပန္နည္းဗ်ဴဟာကေတာ့ နာမည္ႀကီးအင္ဒိုနီးရွား ၾကက္ေတာင္သမား Taufik Hidayat ရဲ့ကစားပုံနည္းစနစ္ကို ေျပာျပခ်င္ပါတယ္။ သူကလက္ျပန္ရိုက္ခ်က္အလြန္ေကာင္းတဲ့ သူလည္းျဖစ္ ပိုက္နားကပ္ကစားတာလည္းေကာင္းတဲ့သူျဖစ္ပါ တယ္။ ေနာက္တစ္ေယာက္ ပိုက္နားကပ္ကစားတဲ့ Trick shot ေတြနဲ႔ ကမၻာ့နံပါတ္ (၁) အမ်ိဳးသမီးၾကက္ေတာင္သမားျဖစ္လာ တာကေတာ့ တိုင္၀မ္ၾကက္ေတာင္မယ္ တိုင္စုယဥ္ျဖစ္ပါတယ္။


ပိုက္နားကပ္ခ်တဲ့နည္း ( tight net shot) ကိုသုံးတဲ့အခါ အဓိက နည္း၂ မ်ိဳးသုံးပါတယ္။ လွည့္ပါတ္ၿပီး ပိုက္ေပၚေက်ာ္တင္တဲ့နည္း

( spinning net shot)  နဲ႔ fast drop net shot ) ပိုက္နားကပ္ အျမန္ခ်တဲ့နည္းေတြပဲျဖစ္ပါတယ္။


The spinning net shot - ပိုက္နားကေန ရက္ကက္ကို လက္ျပန္ တစ္ပါတ္လွည့္ ေကာ္တင္ၿပီး ပိုက္ရဲ့ တစ္ဖက္အစြန္းနားကို ကပ္ခ် တဲ့ရိုက္ခ်က္။ ဒီရိုက္ခ်က္က တစ္ဖက္ကစားသမားကို ႐ုတ္တရက္ အငိုက္မိေစနိုင္ပါတယ္။ အကယ္၍ တစ္ဖက္ကစားသမားဆီက ၾကက္ေတာင္ျပန္တက္ လာခဲ့ရင္လည္း ကိုယ့္ဖက္က အေပၚစီးက ေနပုတ္ခ်ဖို့အခြင့္သာနိုင္ပါတယ္။ ဒီရိုက္ခ်က္ကို ၿပိဳင္ဖက္က အ လယ္ေက်ာက္ခ်ေနရာ ( base point) မွာႀကိဳတင္ေနရာယူထား နိုင္ၿပီး ကိုယ့္ဆီကေန ျပန္တက္လာမဲ့ ၾကက္ေတာင္ကိုရိုက္ခ်ဖို့ အဆင္သင့္ျဖစ္ေနတဲ့အေနအထားမ်ိဳးမွာ ကိုယ့္ဖက္ကေန ဒီ spinning net shot ကိုထုတ္သုံးနိုင္ပါတယ္။


ေနာက္တစ္မ်ိဳး ပိုက္နားကပ္အျမန္ခ် ( fast drop net shot ) ကေတာ့ ၾကက္ေတာင္ကို ပိုက္နားေလးကပ္ၿပီး ေဒါင္လိုက္က် ေအာင္ရိုက္တဲ့နည္းပဲျဖစ္ပါတယ္။ ဒီနည္းကိုေကာင္းေကာင္း အ သုံးခ်နိုင္ရင္လည္း တစ္ဖက္ကစားသမား ကိုယ့္ဖက္ကို smash မဆြဲနိုင္ေအာင္၊ သူ႔ကိုမျဖစ္မေန ပိုက္ေအာက္ေျခနားကေန အ ေပၚကိုပင့္ တင္ရိုက္ ေစမွာျဖစ္ပါတယ္။ ဒီရိုက္ခ်က္က ပိုက္ေပၚ လွည့္ပါတ္ေက်ာ္ၿပီးက်မဲ့ ( spinning net shot ) ထက္ပိုျမန္ မွာျဖစ္ပါတယ္။ ေနာက္ထပ္ စြန္႔စားခ်င္ေသးတယ္ဆိုရင္ ကြင္း ေဒါင့္ျဖတ္ေလ်ာခ် ( Cross Court Slice ) ရိုက္ခ်က္ကိုလည္း သုံးနိုင္ပါေသးတယ္။ ၾကက္ေတာင္ကို မိမိဖက္ကြင္းရဲ့ ညာဖက္မွ  တစ္ဖက္ကြင္းရဲ့ ဘယ္ဖက္ေဒါင့္ သို့မဟုတ္ မိမိကြင္းရဲ့ ဘယ္ဖက္ ေဒါင့္မွ တစ္ဖက္ကြင္းရဲ့ ညာဖက္ေဒါင့္ ကိုပို့လႊတ္ တဲ့ရိုက္ခ်က္ကို လည္း အလ်င္းသင့္သလို သုံးတတ္ပါေစ။ Cross Court Slice ရိုက္ခ်က္အတြက္ လက္ေကာက္ ၀တ္လွည့္အားကိုအဓိကအား ျပဳသုံရပါမယ္။ (ဘယ္ရိုက္ခ်က္ကို သုံးရမလဲဆိုတာေတာ့ အေျခ အေနနဲ႔ အခ်ိန္အခါကိုၾကည့္ၿပီး တစ္ဖက္ကစားသမားရဲ့ ေနရာယူ ထားတဲ့အေနအထားကိုလိုက္ၿပီး ဆုံးျဖတ္ရပါမယ္။


အေရးႀကီးတာက ပိုက္နားကပ္ကစားတဲ့အခါ ရက္ကက္ကိုအျမဲ ေထာင္ထားဖို့နဲ႔ ပိုက္နားကပ္ၿပီး အေပၚကိုတက္လာမဲ့ ၾကက္ ေတာင္ကို ပုတ္ခ်ဖို့အျမဲအဆင္သင့္ျဖစ္ေနဖို့ပါပဲ။ ဒီေနရာမွာ သတိ ထားဖို့က ၾကက္ေတာင္ကိုပုတ္ခ်တဲ့အခိုက္မွာ မိမိရဲ့ ရက္ကက္ဟာ ပိုက္ေပၚကိုေက်ာ္ၿပီး တစ္ဖက္ကြင္းထဲမွာ ၾကက္ေတာင္ကို မထိမိ ဖို့့ပါပဲ။ ဒီလိုေရာက္သြားရင္ကိုယ့္ဖက္ကအျပစ္ျဖစ္ပါတယ္။


သိုင္းေလာကမွာ သိုင္းေျပာင္းျပန္ဆိုတဲ့ ပုံမွန္သိုင္းကြက္ေတြကို ေျဖတဲ့ သိုင္းကြက္ေတြ ေခတ္စားခဲ့ဘူးပါတယ္။ အခုေျပာတဲ့ ၾကက္ ေတာင္နည္းဗ်ဴဟာေတြကလည္း  လူအမ်ားစိတ္၀င္စားၿပီး အသုံး မ်ားတဲ့ smash  ကို တန္ျပန္ခုခံတိုက္စစ္ဆင္နိုင္မဲ့နည္း၊ တိုက္စစ္ ကိုျပန္ေျဖတဲ့နည္း တစ္နည္းအားျဖင့္ သိုင္းေျပာင္းျပန္ နည္းလိုပဲ ေျပာင္းျပန္လွန္ကစားနည္းနဲ႔ ကစားဖို့ျဖစ္ပါတယ္။ 


အဓိကအေနနဲ႔ေတာ့ ဘယ္နည္းပဲသုံးသုံး၊ ကၽြမ္းက်င္ရာလိမၼာဆို သလို ကၽြမ္းက်င္မွု့က အနိုင္ရေစ မွာျဖစ္လို့ မိမိတို့ရဲ့ ေလ့က်င့္မွု့ က အေရးႀကီးေၾကာင္းတင္ျပလိုက္ရပါတယ္။

အားလုံးပဲေပ်ာ္ေပ်ာ္ပါးပါး ကစားနိုင္ၾကပါေစ။

Champion Sports and Garments 

No comments: