Friday, October 9, 2020

ပုစွန် Udon ခေါက်ဆွဲကြော် > မလေးရှားခေါက်ဆွဲကြော် > ပင်လယ်စာခေါက်ဆွဲပြားကြော် > သက်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်ကြော်

 ပုစွန် Udon ခေါက်ဆွဲကြော်




            ဒီခေါက်ဆွဲလေးက များသောအားဖြင့် လန်ဒန်ကကိုရီးယားဆိုင်၊ ဂျပန်ဆိုင်တွေမှာအသုံးများတာ တွေ့ရတတ်ပါတယ်။ နန်းကြီးတို့ နန်းလတ်တို့နဲ့တူပါတယ်။ နည်းနည်းလေးတော့ အစပ်အရသာလေးကို ထည့်ပေးထားပါတယ်။ ကြည့်ရအောင် …. ။


►   ပါဝင်ပစ္စည်းများ(၂ပွဲစာ)


♦   Udon noodle   –   ၃ဝဝ ဂရမ်( ၁၅ ကျပ်သား)

♦   Chest Nut မှို   –   ၃ ခု

♦   Noodle မှို   –   ၅ဝ ဂရမ် (၃ ကျပ်သား)

♦ ငရုတ်ပွသီး   –   ၅ဝ ဂရမ် (၃ ကျပ်သား)

♦   Spinach ဒေါက်ခွ   –   လက်တစ်ဆုပ် (သို့) အရွက်တစ်မျိုးမျိုး

♦   ပဲပင်ပေါက်   –   လက်တစ်ဆုပ်စာ

♦   ငရုတ်ချိုနီ   –   ၁ တောင့် (အစပ်ပေါ့ပါတယ်)

♦   မုန်လာဥနီ   –   ၁ ဥ

♦   ကြက်သွန်မြိတ်   –   ၁ ချောင်း

♦   ကြက်သွန်နီ   –   ၁ လုံး

♦   အဖြူ   –   ၂ မြွှာ

♦   ချင်း   –   လက်တစ်ဆစ်

♦   ကြက်သားမှုန့်   –   ၂ ဇွန်း

♦   ဆား   –   နည်းနည်း

♦   ပဲငံပြာရည်အကြည်   –   စားပွဲဇွန်း ၃ ဇွန်း


►   ပြုလုပ်နည်း


၁။        ကြက်သွန်နီ၊ ငရုတ်နီတောင့်၊ Chestnut မှိုကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ မုန်လာဥနီ၊ ချင်းကို အချောင်းလေးများလှီးထားပါ။ ငရုတ်ပွကို ပါးပါးလှီးထားပါ။


၂။        Fresh Noodle ဖြစ်လို့ ရေနွေးဖျောစရာမလိုပါ။


၃။        ဒယ်အိုးပေါ်တွင် ဆီ ၁ ဇွန်းခန့်ထည့်ကာ ချင်းချောင်းအနည်းငယ်ကို ပုစွန်နဲ့ရောလှိမ့်ကာ ဖယ်ထားပါ။


၄။        ပြီးမှ ကြက်သွန်နီ၊ ဖြူကို ချင်းထည့်ပြီး ဆီပါးပါးနဲ့ကြော်ပါ။ အနံ့မွှေးလာပြီး ကြက်သွန်ကျက်ပြီဆိုရင် ကြက်သွန်မြိတ်၊ ပဲပင်ပေါက်မှလွဲ၍ ကျန်သောအသီးအနှံများ ထည့်ကြော်ပါ။


၅။        ၅ မိနစ်ခန့်ကြော်ပြီးရင် ခေါက်ဆွဲထည့်လုံးပါ။ ခေါက်ဆွဲနူးဖို့လိုရင် ရေအနည်းငယ်တောက်ပြီး ကြော်ပါ။ ကြက်သားမှုန့် ၂ ဇွန်း၊ ဆားနည်းနည်း၊ ပဲငံပြာရည်တို့ထည့်ပါ။ ပြီးမှ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ကြော်ပြီးသား ပုစွန်လေးများ ထည့်ပါ။ ခရုဆီတစ်ဇွန်း နောက်ဆုံးမှထည့် မွှေကြော်ပြီးရင် ခေါက်ဆွဲကြော်မွှေးမွှေး အရသာရှိရှိလေးရပါပြီ။

Crd.htet family




တရုတ်ခေါက်ဆွဲကြော်




တရုတ်ခေါက်ဆွဲကြော်ကို မနက်စာ၊ အစာပြေ၊ ညနေစာ  အဖြစ် မိမိနှစ်သက်လို သုံးဆောင်နိုင်ပါတယ်။ အရသာကောင်းပြီး အချိန်တိုတွင်း စားသုံးနိုင်တာမို့ ကြိုက်နှစ်သက်ကြပါလိမ့်မယ်….



ပါဝင်သောပစ္စည်းများ


၁။ ခေါက်ဆွဲခေါက် – ထုပ်သေးတစ်ထုပ် (ရေနွေးအနည်းငယ်ဖျောပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)


၂။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)


၃။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း


၄။ မီးနီ ပုဇွန် – ၅ကျပ်သား (အခွံနွာပါ)


၅။ ကင်ပွန်း – ၅ကျပ်သား (အတုံးလေးများတုံးပေးပါ)


၆။ ကြက်သား (သို့) ကြက်အူချောင်း – ၃ချောင်း (အစောင်းလေးများလှီးပါ)


၇။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း


၈။ ပဲငံပြာရည်အကြည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း


၉။ ပဲငံပြာရည်အနောက် – လက်ဖက်ရည်ဇွန်း ၃ဇွန်း


၁၀။ သကြား – လက်ဖက်ရည်ဇွန်း တဝက်


၁၁။ ကော်ဖီထုပ် – လက်တစ်ဆုပ်


၁၂။ ပန်းကော်ဖီ – အနည်းငယ် (အတုံးလေးများလှီးပါ)


၁၄။ မုန်လာဥနီ – ၂ဥ ( အရှည်စောင်းများလှီးပါ)


ချက်ပြုတ်နည်း


၁။ ဒယ်ထဲ ဆီ ထည့်ပြီး ကြက်သွန်ဖြူ များဖြင့် ဆီသပ်ပြီး အညှိရောင်သန်းသည်အထိ မီးနည်းနည်းဖြင့် ၂မိနစ် ကြော်ပေးပါ။


၂။ ပြီးလျှင် (ကင်ပွန်း၊ ပုဇွန်၊ ကြက်အူချောင်း) များကို ထည့်ပြီး အရသာအပေါ့အငံ့အတွက် ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ သကြား ဒယ်ထဲသို့ ၂မိနစ်ခွဲ ခန့် အသားများ ကျက်သည်အထိ ထည့်ကြော်ပေးပါ။


၃။ ထို့နောက် ဒယ်ထဲ ခေါက်ဆွဲဖတ်များထည့်ပြီး ရောမွှေ၍ ရေအနည်းငယ်ထည့်ပေးပါ။


၄။ ဟင်းရွက် (ပန်းကော်ဖီ၊ ကော်ဖီထုပ်၊ မုန်လာဥနီ)များကို ထည့်ပြီး ရောမွှေပြီး ၂မိနစ်ခန့် အဖုံးအုပ်ထားပြီး အရွက်များ နူးသည်အထိ တည်ထားပေးပါ။


၅။ စားလို့ကောင်းပြီး တရုတ်ခေါက်ဆွဲကြော်ကို စားသုံးနိုင်ပါပြီး…..


Crd.wutyee




မလေးရှားခေါက်ဆွဲကြော် ♡ 

(Char Kway Teow)




❀ ❀ ❀ ❀ ❀ ❀

Singapore Famous Food ထဲမှာတခု အပါဝင်ြ ဖစ်တဲ့ Char Kway Teow ဆို တဲ့မလေးရှားဆန်ခေါက်ဆွဲကြော်လေးဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလည်းလွယ်ကူပြီး

မြန်မာအကြိုက်အရသာတခုလည်းဖြစ်မယ်လို့ထင်ပါတယ်။ လုပ်နည်းလေးကြည့်ရအောင်နော် 


ပါဝင်ပစ္စည်း


******


ဆန်ပြားခေါက်ဆွဲအသေး - တစ်ပွဲစာ


ပုဇွန် - ၅ကောင် သို့ ပင်လယ်စာ သို့ ငါးလုံး


ကြက်ဥ - တစ်လုံး


ပဲပင်ပေါက် - လက်တစ်ဆုပ်


Chive (ကြက်သွန်မိတ်) - ၅ပင် 


ငရုပ်သီးအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း


ဟင်းခတ်မှုန့် - ဇွန်းတစ်ဝက်


ပဲငံပြာရည် အကြည် - တစ်ဇွန်း


ခရုဆီ - တစ်ဇွန်း


ငံပြာရည် - ဇွန်းတဝက် 


ပဲငံပြာရည် အနောက် - ဇွန်းတဝက်


ကြက်သွန်နီကြော် - နှစ်ဇွန်း 


ပြင်ဆင်ချက်ပြုတ်နည်း


************ 1.ဦးစွာကြက်ဥတလုံးခေါက်ထားပါ။အသုံးပြုမည့်ပုဇွန်သို့အသားကိုရေဆေးသန့်စင်ထားပါ။ပဲပင်ပေါက်ရေဆေးပြီးစစ်ထားပါ။ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ငရုပ်သီးအနှစ်မရှိပါကငရုပ်ခြောက်ကိုရေစိမ်ပြီးကြိတ်ရပါမယ်။chiveကိုတစ်လက်မအရှည်ခန့်ဖြ တ်ထားပါ


2.ပန်းကန်လုံးတခုတွင် ဟင်းခပ်မှုန့်၊ပဲငံပြာရည်၊ အကြည်၊ အနောက်၊ ခရုဆီ၊တို့ကိုထည့်ပြီးရောစပ်ထားပါ။ 3.အားလုံးအဆင်သင့်ပါကအိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာကြက်ဥထည့်ပြီးမွေကြော်ပေးပါ။


4.ပြီးလျှင်ဖယ်ထုတ်ထားပြီးကြက်သွန်ဖြူနှင့်ငရုပ်သီးအနှစ်ဆီသပ်ပါ၊ကြက်သားသို့ပုဇွန်ကိုထည့်ကြော်ပါ။ဆန်ခေါက်ဆွဲ၊ကြက်ဥပဲပင်ပေါက်နှင့်ရောစပ်ထားသောဆော့တို့ကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပေးပါ။5.အရသာလိုအပ်ကဖြည့်စွက်ပြီးChineseChivesကိုနောက်ဆုံးမှထည့်ကာသမအောင်မွေပြီးပန်းကန်တွင်တည်ခင်းပြီးကြက်သွန်နီကြော်ဖြူးကာသုံးဆောင်နိုင်ပါပြီရှင် ။


❀(မလေးရှားသူတယောက်ကပြောတာသူတို့နယ်မှာမီးသွေးမီးနဲ့ကြော်တဲ့ char kway teowကနာမည်ကြီးလို့တနာရီလောက်စောင့်ရတယ်တဲ့။လာသမျှနိုင်ငံခြားသားတွေကမဖြစ်မနေစားကြတဲ့သူတို့ဒေသအစားစာလို့ဆိုပါတယ်။ အဆင်ပြေရင်မီးသွေးမီးပြင်းပြင်းနဲ့ကြော်ကြည့်နော် 


...........


Crd.Sofia




ပင်လယ်စာခေါက်ဆွဲပြားကြော်





ပါဝင်ပစ္စည်းများ 


ခေါက်ဆွဲပြား  -  ၁၀ဝ  ဂရမ်


ပြည်ကြီးငါး  -  ၅၀ ဂရမ်


ကျားပုစွန်  -  ၈၀ ဂရမ်


တူနာ ငါးအသားလွှာ  -  ၅၀ ဂရမ်


ခရုဝိုင်း  -  ၈၀ ဂရမ်


သံလွင်ဆီ  -  ၇၅ ဂရမ်


ကြက်သွန်ဖြူ  -  ၃၀ ဂရမ်


ငရုတ်သီးခြောက် (အကြမ်းမှုန့်)  -  ၁၅ ဂရမ်


ဆား  -  အနည်းငယ်


ငရုတ်ကောင်းမှုန့်  -   အနည်းငယ်


ရှမ်းငရုတ်သီးစိမ်း (ပါးပါးလှီး)  -  ၅ ဂရမ်


ပါမီဆန်ချိစ်အမှုန့်  -  ၁၅ ဂရမ်


ဝိုင်ဖြူ  -  ၃၀ မီလီလီတာ


ငါးပြုတ်ရည် (သို့) ကြက်ပြုတ်ရည်  -  ၁၀ဝ  မီလီလီတာ


ပါစလီရွက်ခြောက်  -  အနည်းငယ်


ချက်ပြုတ်နည်း


၁။ ခေါက်ဆွဲပြားကို အညွှန်းအတိုင်း ၁၀ မိနစ်ခန့် ဆားခတ်ထားသော ရေနွေးမှာ ပြုတ်ထားပါ။


၂။ ပင်လယ်စာများကို သန့်စင်ပြီး အတုံးငယ်များ လှီးထားပါ၊ ပင်လယ်ခရုဝိုင်းကို ရေနွေးမှာ ပြုတ်ထားပါ။


၃။ ဒယ်ပြားကို အပူပေးပြီး သံလွင်ဆီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ဦးစွာထည့်ကြော်ပါ။


၄။ ကြက်သွန်ဖြူကျက်လျှင် အသင့်သန့်စင်ထားသော ပင်လယ်စာအစုံနှင့် အသင့် ပြုတ်ထားသော ပင်လယ် ခရုဝိုင်းတို့ကို ထည့်ကြော်ပါ။


၅။ ပင်လယ်စာများမကျက်မီ ဝိုင်ဖြူအနည်းငယ်ထည့်ချက်ပြီး ဝိုင်ဖြူ အနည်းငယ် ခန်းလာလျှင် ငါးပြုတ်ရည် အနည်းငယ် ထည့်ချက်ပါ။


၆။ ငါးပြုတ်ရည် တစ်ဝက်ခန့် ခန်းသည်နှင့် အသင့်ပြုတ်ထားသော ခေါက်ဆွဲပြားနှင့် ရှမ်းငရုတ်သီးကို ထည့်ကြော်ပါ။


၇။ ခေါက်ဆွဲပြား အသင့်ဖြစ်လျှင် ပါစလီရွက်ခြောက်၊ ရှမ်းငရုတ်သီး၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ရောမွှေပါ။ ပါမီဆန်ချိစ်အမှုန့် အနည်းငယ်ဖြူး၍ တည်ခင်းပါ။




စပါယ်ရှယ်ကြက်ဥခေါက်ဆွဲကြော်




ကြက်ဥခေါက်ဆွဲကြော်တွေအပြင်မှာဝယ်စားရင် သောင်းချီပေးဝယ်စားရတာနော်။ အခုကတော့ သောင်းချီလဲမကုန်ဘူး၊ ဆိုင်တွေမှာလိုပဲ အသားအစုံ၊ အသီးအနှံအစုံနဲ့ အရသာရှိရှိလေးကြော်စားကြရအောင်နော်။


ပါဝင်သောပစ္စည်းများ (၂ ပွဲစာ)


၁။ ကြက်ဥခေါက်ဆွဲခြောက် - ၂၀၀ ဂရမ်


၂။ ကြက်သား - ၁၅ ကျပ်သား


၃။ ကြက်သည်း၊ ကြက်မြစ်၊ ကြက်နှလုံး - ၅ ကျပ်သား


၄။ ငါးဖယ်လုံး - ၅ လုံး


၅။ ပြုတ်ပြီးသားငုံးဥ - ၅ လုံး


၆။ ပုဇွန် - ၅ ကောင်


၇။ ဂေါ်ဖီထုပ် - လက်၂ ဆုပ်စာအရွယ်


၈။ ပန်းမုန်လာ (သို့) ပန်းမုန်လာအစိမ်း - လက်တဆုပ်စာအရွယ်


၉။ မုန်လာဥနီ - ၁ ဥ


၁၀။ ဘိုစားပဲသီးတောင့် - ၇ ချောင်း


၁၁။ ကြက်သွန်ဖြူ - ၃ မွှာ


၁၂။ ပဲငံပြာရည် - ထမင်းစားဇွန်း ၅ ဇွန်း


၁၃။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ


၁၄။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ


၁၅။ ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၁၆။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၁၇။ ကြက်ပြုတ်ရည် - ထမင်းစားဇွန်း ၈ ဇွန်း


၁၈။ ဆီ - ထမင်းစားဇွန်း ၁၀ ဇွန်း


ပြုလုပ်နည်း


၁။ ကြက်ဥခေါက်ဆွဲခြောက်ကို ခပ်မာမာလေးခဏပြုတ်ထားပါ။ (တချို့ကြက်ဥခေါက်ဆွဲတွေက နူးညံ့တတ်တော့ ရေစိမ်ရင်ကိုရပါတယ်။) ပြုတ်ပြီးရင် ရေအေးဖြင့်ပြန်ဆေးပြီးရေစစ်ပါ။ ရေစစ်ထားသော ကြက်ဥခေါက်ဆွဲကို ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဝက်၊ တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တဝက်တို့ဖြင့်နယ်ထားပါ။ (အစာပလာကို ခေါက်ဆွဲကြော်နေရင်းမှထည့်လဲရပါတယ်။ နယ်ထားရင်တော့ ပိုနှံ့ပါတယ်။ ကြော်နေရင်းထည့်ရင်တော့ ပိုမွှေးပါတယ်။)


၂။ ကြက်မြစ်ကို ရေနွေးကိုခပ်သေးသေးထဲမှာထည့်ပြီး ၁၅ မိနစ်လောက်ပြုတ်ပါ။ ပြီးရင် ကြက်နှလုံးနှင့် ကြက်သည်းကို ထည့်ရ်ျ ၅ မိနစ်လောက်ထည့်ပြုတ်ပြီးရင် အအေးခံထားပါ။ အအေးခံထားသော ကြက်သည်း၊ကြက်မြစ်တို့ကို အတုံးလေးတွေလှီးထားပါ။


၃။ ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ပဲငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း၊ ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့် လက်ဖက်ရည်ဇွန်း တဝက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဝက်၊ တရုတ်မဆလာ လက်ဖက်ရည်ဇွန်း တဝက် တို့ဖြင့်နယ်ထားပါ။ 


၄။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားပါ။ ပန်းမုန်လာ (သို့) ပန်းမုန်လာအစိမ်းကို သေးသေးလေးတွေလှီးထားပါ။ ဘိုစားပဲသီးတောင့်ကို ဘေးစောင်းလေးတွေလှီးထားပါ။ မုန်လာဥနီကို အချောင်းအသေးလေးတွေလှီးထားပါ။(သို့) ခြစ်ဖြင့်ခြစ်ထားပါ။


ဒါဆိုရင် ခေါက်ဆွဲကြော်ဖို့ အားလုံးအဆင်သင့်ဖြစ်ပြီ။


၅။ ခေါက်ဆွဲကြော်မည့်ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း ၂ ဇွန်းထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ပုဇွန်ထည့်ကြော်ပါ။ ၃ မိနစ်လောက်နေလို့ ပုဇွန်ကျက်ပြီဆိုရင် ကြော်ထားသော ပုဇွန်ကို အိုးထဲမှပြန်ဆယ်ထားပါ။


၆။ ပုဇွန်ကြော်ထားသောအိုးထဲကို ဆီ ထမင်းစားဇွန်း ၈ ဇွန်း ထပ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ကြော်ပါ။ 


၇။ ကြက်သွန်ဖြူအနံ့မွှေးလာလျှင် နယ်ထားသော ကြက်သားကိုထည့်ကြော်ပါ။ ကြက်သား မှအရည်များထွက်လာလျှင် ပန်းမုန်လာ(သို့) ပန်းမုန်လာအစိမ်း နှင့် ဘိုစားပဲသီးတောင့်ထည့်ကြော်ပါ။ ကြက်ပြုတ်ရည် ထမင်းစားဇွန်း ၄ ဇွန်းထည့်ကြော်ပါ။


၈။ ပန်းမုန်လာ (သို့) ပန်းမုန်လာစိမ်းနှင့် ဘိုစားပဲသီးတောင့် တို့အိလာလျှင် လှီးထားသော ကြက်သည်း၊ ကြက်မြစ်၊ ကြက်နှလုံး၊ ငါးဖယ်၊ ငုံးဥတို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ ထို့နောက် ဂေါ်ဖီထုပ်နှင့် မုန်လာဥနီထည့်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား (သို့) အချိုမှုန့် လက်ဖက်ရည်ဇွန်း တဝက်ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ 


၉။ အားလုံးသမအောင်လုပ်ပြီးလျှင် ချက်ချင်းပဲ ခေါက်ဆွဲထည့်ရ်ျ ကြော်ပါ။ ခေါက်ဆွဲထည့်ပြီးသမလာလျှင် ကြက်ပြုတ်ရည် ထမင်းစားဇွန်း ၄ ဇွန်းကိုထည့်ရ်ျ သမအောင်ထပ်လုပ်ပါ။ ပြီးလျှင် မီးဖိုပေါ်မှချခါနီးတွင် ကြော်ထားသော ပုဇွန်များကို ပြန်ထည့်ပြီး သမအောင်လုပ်ပါ။


၁၀။ အလွန်အရသာရှိသော အသားအစုံနှင့်စားလို့ကောင်းတဲ့ စပါယ်ရှယ်ကြက်ဥခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပါပြီရှင်။


#crd.EiSan




ပင်လယ်စာခေါက်ဆွဲကြော် 

*************************




ခေါက်ဆွဲခြောက်၁စည်း( သို့) အစို.............၄၀ သား


မိမိနှစ်သက်ရာအသား...အနည်းငယ်


ပုစွန်၊ ကင်းမွန်ရောရာ...၂၀ကျပ်သားခန့်


ကြက်ဥ .......................၃ လုံး


ဘိုစားပဲ......................၁၀ ကျပ်သား


ဥနီ.............................၁၅ကျပ်သား


ဂေါ်ဖီ........................၂၅ ကျပ်သား


ပန်းပွင့်.......................၁၅ ကျပ်သား


ကြက်သွန်မြိတ်...........၃ပင်


တရုတ်နံနံ...................၃ ပင်


ကြက်သွန်နီ................၁ လုံး (ပါးပါးလှီး)


ကြက်သွန်ဖြူ...........၅ တက်( နုပ်နုပ်စင်း)


ABCပဲငံပြာရည်အကြည်


ABCပဲငံပြာရည်အပျစ်


ခရုဆီ


ပထမဆုံးခေါက်ဆွဲနဲ့ရောကြော်မဲ့အသီးအရွက်တွေကိုအမျှင်ခပ်ကြီးကြီးပုစံ


ရအာင်လှီးဖြတ်ထားပါ။


ခေါက်ဆွဲ ကို ရေနွေးဆူဆူမှာပြုတ်ပြီးရေအေးလောင်းအအေးခံထားပါ။


ဒယ်အိုးတစ်လုံးမှာခေါက်ထားတဲ့ကြက်ဥတွေကို ထည့်မွှေကြော်ပါ။


ချက်ချင်းဆိုသလိုအသားအနည်း ငယ်ထည့်ကြော်ပြီး ကြက်သွန်နီ၊ ဖြူတွေကိုလည်းထည့်မွှေပါ။


ပင်လယ်စာတွေထည့်ကြော်ပါ။


ထို့နောက်အသီးအရွက်တွေထည့်ပြီးပါဝင်သောအရသာများဖြင့်ဖြည့်စွက်


ပြီး၂ မိနစ်ခန့် အဖုံးအုပ်ထားပါ။


အသီးအရွက်တွေနှူးအိပြီဆိုလျှင်ပြုတ်ပြီးရေစစ်ထားတဲ့ခေါက်ဆွဲတွေထပ်


ပေါင်းကာ မီးပြင်းပြင်းနှင့်၃ မိနစ်ခန့် ဆက်ကြော်ပေးပါ။


နောက်ဆုံးကြက်သွန်မြိတ်၊ တရုတ်နံနံတွေဖြူးထည့်ပြီးငရုတ်ကောင်းမှုန့်


နှင့်တရုတ်မဆာလေးဖြူးပေးပါ။


Crd.winnaingthein




မြန်မာခေါက်ဆွဲကြော်(အိမ်ကြော်)




ခေါက်ဆွဲတစ်အိုးစာ ဆိုင်ရောင်း သုံးပွဲစာ


ဆီ              ၂ကျပ်ခွဲသားခန့်


ခေါက်ဆွဲ      မိမိကြိုက်နှစ်သက်သောခေါက်ဆွဲသုံးပါ

             

ဂေါ်ဖီထုပ်     သိုမဟုတ်မုန်ညှင်းဖြူ အနည်းငယ်


ရွှေပဲသီး        ကြိုက်ရင်ထည့်သုံးပါ  အနည်းငယ်


အသား         ၂၅ကျပ်သား ကြက်/ဝက် အိမ်စား


                     ရောင်းစား   ၅ကျပ်/၁၀ကျပ်သား

                  

ကြက်ဥ           ၁လုံးကြိုက်မှထည့်ပါ


ကော်မူန့်          ၁ဇွန်း ထမင်းစားဇွန်း かたぐり


ရေ                   ၁၂၀စီစီခန့်   ကော်မူန့်နဲ့ရောပြီးဖျော်ထားပါ


ငံပြာရည်          အနည်းငယ် ကြိုက်မှထည့်ပါ


ပဲငံပြာရည်        အဖျစ်  အနည်းငယ်


ကြက်သားမူန်း   ၁ဇွန်းအမောက်


ခရုဆီ                ၁ဇွန်းအမောက်


အသားကို ရေနည်းနည်းနဲ့ခဏပြုတ်ပြီရေစစ်ထားပါ


အသားပြုတ်ရေကိုသိမ်းထားပါ ကြော်တဲ့အခါသုံးရန်


၂၀၀CC လောက် ကျနော်ကတော့အသားပြုတ်ရည်ရှိတော့


ဆီအပူပေးပြီး


အသားကိုတခါတည်းကြော်တယ်ခဏကြော်ပြီးအရွက်တွေထည့်တယ်ခဏကြော်ငံပြာရေအနည်းငယ်ထည့်ခဏကြော်


ဘာကြောင့်လဲဆိုတော့ငံပြာရည်နဲခဏကြော်ရင်ငံပြာရည်အနံသိပ်မထွက်ဘဲမွေးလာအောင်ပါ ပြီးမှကြက်သားမူန့်ခရုဆီထည့်ပါပဲဆီအဖျစ်ကခေါက်ဆွဲထည့်ပြီးမှထည့်လဲရပါတယ်


ကျနော်ကခေါက်ဆွဲမထည့်ခင်အရင်ထည့်ပြီးခဏကြော်တယ်အဲဒါမှပဲဆီက အဖတ်အနှစ်လေးလိုခေါက်ဆွဲမှာဆွဲကပ်နေတာ ကျနော်အကြိုက်ပြီးရင်ကြက်ဥထည့်လို့ရပါပြီကြက်ဥထည့်ရင်ခေါက်ဆွဲ အိုးအလယ်ထည့်လဲရပါတယ် ဘေးထည့်လဲရပါတယ် ဥပဒေမရှိပါဘူးခင်ဗျာ ထည့်ရမယ်လို့😂😂 ထည့်ပြီးခဏမမွှေရမကျက်တကျက်ဖြစ်ရင်ခေါက်ဆွဲလှန်ပါသုံးလေးခါပြီးတာနဲ့ကြက်သားပြုတ်ရေ ထည့်ပါဆူးလာတာနဲ့ဖျော်ထားတဲ့ကော်ရည်ထည့်ပါအဖုံးခဏပိတ်စက္ကန့်၃၀နပ်လိုက်ရင်ခေါက်ဆွဲအိပြီးစားလို့ကောင်းပါတယ်


Crd.Min Kabar Sharr




သက်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်ကြော်




 ရယ်ဒီမိတ်ခေါက်ဆွဲခြောက်ထုပ်ကို ကြော်စားတဲ့ နည်းပါ။ ဟင်းသီးဟင်းရွက်များများနဲ့ ကြော်ထားတာဖြစ်လို့ အလွန်စားကောင်းသလို လွယ်ကူတဲ့အတွက် အလုပ်မအားလို့ ဟင်းမချက်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ညဘက်အဆာပြေ ကြော်စားရင်လည်း ကောင်းပါတယ်။


ပါဝင်ပစ္စည်းများ


သက်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်  -  ၂ ထုပ်


ကြက်ဥ  -  ၂ လုံး


ပဲပင်ပေါက်  -  ၁၀ဝ ဂရမ် (သန့်စင်ပြီး ရေစိမ်ထားပါ)


မုန်ညင်း  -  ၃ ပင် (ပါးပါးလှီးထားပါ)


တရုတ်နံနံပင်  -  ၂ ပင် (ပါးပါးလှီးထားပါ)


ခရမ်းချဉ်သီး  -  ၁ လုံး (၆ ခြမ်း ခြမ်းထားပါ)


ပဲပြား  -  ၁/၂ တုံး (အတုံးသေးသေး တုံးထားပါ)


သံပရာသီး  -  ၁ လုံး


ကြက်သွန်ဖြူ  -  ၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)


ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁ ဇွန်း


ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၂ ဇွန်း


ခရမ်းချဉ်သီးဆော့စ်  -  စားပွဲဇွန်း ၁ ဇွန်း


ငရုတ်သီးဆော့စ်  -  စားပွဲဇွန်း ၁ ဇွန်း


ဆား  -  အနည်းငယ်


အရသာမှုန့်ထုပ်  -  ၂ စုံ (ခေါက်ဆွဲထုပ်ထဲမှာပါတဲ့အထုပ်)


ဆီ  -  စားပွဲဇွန်း ၃ ဇွန်း



ပြုလုပ်နည်း


၁။ သန့်ရှင်းအောင် ဆေးထားတဲ့ မုန်ညင်းကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို ၆ ခြမ်း ခြမ်းထားပါ။ ရေစိမ်ထားတဲ့ ပဲပင်ပေါက်ကို ဆယ်ယူထားပါ။ တရုတ်နံနံပင်ကို ပါးပါးလှီးပြီး သံပရာသီးကို ခြမ်းထားပါ။


၂။ ပဲပြားကို အတုံးသေးသေး တုံးထားပါ။


၃။ ပြီးလျှင် အရသာအတွက် ဆော့စ်အားလုံးကို ပန်းကန်လုံးအသေးထဲထည့်၍  အရသာမှုန့်ထုပ်ကို ဖောက်ထည့်ပြီး မွှေထားပါ။


၄။ ရေနွေးအိုးတည်၍ ခေါက်ဆွဲပြုတ်ပြီး ဆယ်ယူထားပါ။


၅။ ဒယ်အိုးထဲ ဆီထည့်ပြီး  အပူပေး၍ ဆီပူလာလျှင် ကြက်ဥ ၁ လုံးကြော်ပြီး ဆယ်ယူထားပါ။


၆။ ဒယ်အိုးထဲမှာ ကျန်တဲ့ဆီနဲ့ ပဲပြားကို ကြော်ပြီး ဆယ်ယူထားပါ။


၇။ ပြီးလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ မွှေးလာလျှင် ကြက်ဥဖောက် ထည့်ပြီး မွှေပါ။


၈။ ပြီးလျှင် ခေါက်ဆွဲ၊ စပ်ထားတဲ့ ဆော့စ်၊ ခရမ်းချဉ်သီး၊ ပဲပင်ပေါက်၊ မုန်ညင်းနှင့် ပဲပြား၊ ပဲငံပြာရည်အနောက်/အကြည်နှင့် ဆားတို့ကို ထည့်ပြီး ကြော်ပါ။


၉။ ပြီးလျှင် တရုတ်နံနံပင်ထည့်ပြီး မွှေပါ။


၁၀။ ပြီးလျှင် သံပရာရည်ညှစ်ပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့နှင့် စားပါ။


......................


Crd.MyintOoTha 



(Zawgyi) 


 ပုစြန္ Udon ေခါက္ဆြဲေၾကာ္




            ဒီေခါက္ဆြဲေလးက မ်ားေသာအားျဖင့္ လန္ဒန္ကကိုရီးယားဆိုင္၊ ဂ်ပန္ဆိုင္ေတြမွာအသုံးမ်ားတာ ေတြ႕ရတတ္ပါတယ္။ နန္းႀကီးတို့ နန္းလတ္တို့နဲ႔တူပါတယ္။ နည္းနည္းေလးေတာ့ အစပ္အရသာေလးကို ထည့္ေပးထားပါတယ္။ ၾကည့္ရေအာင္ …. ။


►   ပါဝင္ပစၥည္းမ်ား(၂ပြဲစာ)


♦   Udon noodle   –   ၃ဝဝ ဂရမ္( ၁၅ က်ပ္သား)


♦   Chest Nut မွို   –   ၃ ခု


♦   Needle မွို   –   ၅ဝ ဂရမ္ (၃ က်ပ္သား)


♦ င႐ုတ္ပြသီး   –   ၅ဝ ဂရမ္ (၃ က်ပ္သား)


♦   Spinach ေဒါက္ခြ   –   လက္တစ္ဆုပ္ (သို့) အရြက္တစ္မ်ိဳးမ်ိဳး


♦   ပဲပင္ေပါက္   –   လက္တစ္ဆုပ္စာ


♦   င႐ုတ္ခ်ိဳနီ   –   ၁ ေတာင့္ (အစပ္ေပါ့ပါတယ္)


♦   မုန္လာဥနီ   –   ၁ ဥ


♦   ၾကက္သြန္ၿမိတ္   –   ၁ ေခ်ာင္း


♦   ၾကက္သြန္နီ   –   ၁ လုံး


♦   အျဖဴ   –   ၂ ႁမႊာ


♦   ခ်င္း   –   လက္တစ္ဆစ္


♦   ၾကက္သားမွုန္႔   –   ၂ ဇြန္း


♦   ဆား   –   နည္းနည္း


♦   ပဲငံျပာရည္အၾကည္   –   စားပြဲဇြန္း ၃ ဇြန္း


►   ျပဳလုပ္နည္း


၁။        ၾကက္သြန္နီ၊ င႐ုတ္နီေတာင့္၊ Chestnut မွိုကို ပါးပါးလွီးထားပါ။ ၾကက္သြန္ျဖဴ ဓားျပားရိုက္ထားပါ။ မုန္လာဥနီ၊ ခ်င္းကို အေခ်ာင္းေလးမ်ားလွီးထားပါ။ င႐ုတ္ပြကို ပါးပါးလွီးထားပါ။


၂။        Fresh Noodle ျဖစ္လို့ ေရေႏြးေဖ်ာစရာမလိုပါ။


၃။        ဒယ္အိုးေပၚတြင္ ဆီ ၁ ဇြန္းခန္႔ထည့္ကာ ခ်င္းေခ်ာင္းအနည္းငယ္ကို ပုစြန္နဲ႔ေရာလွိမ့္ကာ ဖယ္ထားပါ။


၄။        ၿပီးမွ ၾကက္သြန္နီ၊ ျဖဴကို ခ်င္းထည့္ၿပီး ဆီပါးပါးနဲ႔ေၾကာ္ပါ။ အနံ့ေမႊးလာၿပီး ၾကက္သြန္က်က္ၿပီဆိုရင္ ၾကက္သြန္ၿမိတ္၊ ပဲပင္ေပါက္မွလြဲ၍ က်န္ေသာအသီးအႏွံမ်ား ထည့္ေၾကာ္ပါ။


၅။        ၅ မိနစ္ခန္႔ေၾကာ္ၿပီးရင္ ေခါက္ဆြဲထည့္လုံးပါ။ ေခါက္ဆြဲႏူးဖို့လိုရင္ ေရအနည္းငယ္ေတာက္ၿပီး ေၾကာ္ပါ။ ၾကက္သားမွုန္႔ ၂ ဇြန္း၊ ဆားနည္းနည္း၊ ပဲငံျပာရည္တို့ထည့္ပါ။ ၿပီးမွ ပဲပင္ေပါက္၊ ၾကက္သြန္ၿမိတ္၊ ေၾကာ္ၿပီးသား ပုစြန္ေလးမ်ား ထည့္ပါ။ ခ႐ုဆီတစ္ဇြန္း ေနာက္ဆုံးမွထည့္ ေမႊေၾကာ္ၿပီးရင္ ေခါက္ဆြဲေၾကာ္ေမႊးေမႊး အရသာရွိရွိေလးရပါၿပီ။


Crd.htet family


တ႐ုတ္ေခါက္ဆြဲေၾကာ္




တ႐ုတ္ေခါက္ဆြဲေၾကာ္ကို မနက္စာ၊ အစာေျပ၊ ညေနစာ  အျဖစ္ မိမိႏွစ္သက္လို သုံးေဆာင္နိုင္ပါတယ္။ အရသာေကာင္းၿပီး အခ်ိန္တိုတြင္း စားသုံးနိုင္တာမို့ ႀကိဳက္ႏွစ္သက္ၾကပါလိမ့္မယ္….


ပါ၀င္ေသာပစၥည္းမ်ား


၁။ ေခါက္ဆြဲေခါက္ – ထုပ္ေသးတစ္ထုပ္ (ေရေႏြးအနည္းငယ္ေဖ်ာေပးၿပီး ဇကာျဖင့္ ျပန္ဆယ္ထားပါ)


၂။ ၾကက္သြန္ျဖဴ – စားပြဲတင္ဇြန္း ၁ဇြန္း (ႏွုတ္ႏွုတ္ဆင္းပါ)


၃။ ဆီ – စားပြဲတင္ဇြန္း ၃ဇြန္း


၄။ မီးနီ ပုဇြန္ – ၅က်ပ္သား (အခြံႏြာပါ)


၅။ ကင္ပြန္း – ၅က်ပ္သား (အတုံးေလးမ်ားတုံးေပးပါ)


၆။ ၾကက္သား (သို့) ၾကက္အူေခ်ာင္း – ၃ေခ်ာင္း (အေစာင္းေလးမ်ားလွီးပါ)


၇။ ခ႐ုဆီ – စားပြဲတင္ဇြန္း ၁ဇြန္း


၈။ ပဲငံျပာရည္အၾကည္ – လက္ဖက္ရည္ဇြန္း ၁ဇြန္း


၉။ ပဲငံျပာရည္အေနာက္ – လက္ဖက္ရည္ဇြန္း ၃ဇြန္း


၁၀။ သၾကား – လက္ဖက္ရည္ဇြန္း တ၀က္


၁၁။ ေကာ္ဖီထုပ္ – လက္တစ္ဆုပ္


၁၂။ ပန္းေကာ္ဖီ – အနည္းငယ္ (အတုံးေလးမ်ားလွီးပါ)


၁၄။ မုန္လာဥနီ – ၂ဥ ( အရွည္ေစာင္းမ်ားလွီးပါ)


ခ်က္ျပဳတ္နည္း


၁။ ဒယ္ထဲ ဆီ ထည့္ၿပီး ၾကက္သြန္ျဖဴ မ်ားျဖင့္ ဆီသပ္ၿပီး အညႇိေရာင္သန္းသည္အထိ မီးနည္းနည္းျဖင့္ ၂မိနစ္ ေၾကာ္ေပးပါ။


၂။ ၿပီးလၽွင္ (ကင္ပြန္း၊ ပုဇြန္၊ ၾကက္အူေခ်ာင္း) မ်ားကို ထည့္ၿပီး အရသာအေပါ့အငံ့အတြက္ ခ႐ုဆီ၊ ပဲငံျပာရည္အၾကည္၊ ပဲငံျပာရည္အေနာက္၊ သၾကား ဒယ္ထဲသို့ ၂မိနစ္ခြဲ ခန္႔ အသားမ်ား က်က္သည္အထိ ထည့္ေၾကာ္ေပးပါ။


၃။ ထို့ေနာက္ ဒယ္ထဲ ေခါက္ဆြဲဖတ္မ်ားထည့္ၿပီး ေရာေမႊ၍ ေရအနည္းငယ္ထည့္ေပးပါ။


၄။ ဟင္းရြက္ (ပန္းေကာ္ဖီ၊ ေကာ္ဖီထုပ္၊ မုန္လာဥနီ)မ်ားကို ထည့္ၿပီး ေရာေမႊၿပီး ၂မိနစ္ခန္႔ အဖုံးအုပ္ထားၿပီး အရြက္မ်ား ႏူးသည္အထိ တည္ထားေပးပါ။


၅။ စားလို့ေကာင္းၿပီး တ႐ုတ္ေခါက္ဆြဲေၾကာ္ကို စားသုံးနိုင္ပါၿပီး…..


Crd.wutyee


မေလးရွားေခါက္ဆြဲေၾကာ္ ♡ 

(Char Kway Teow)




❀ ❀ ❀ ❀ ❀ ❀

Singapore Famous Food ထဲမွာတခု အပါဝင္ျ ဖစ္တဲ့ Char Kway Teow ဆို တဲ့မေလးရွားဆန္ေခါက္ဆြဲေၾကာ္ေလးျဖစ္ပါတယ္။ ပါဝင္ပစၥည္းအနည္းငယ္နဲ႔လုပ္ရလည္းလြယ္ကူၿပီး

ျမန္မာအႀကိဳက္အရသာတခုလည္းျဖစ္မယ္လို့ထင္ပါတယ္။ လုပ္နည္းေလးၾကည့္ရေအာင္ေနာ္ 

ပါဝင္ပစၥည္း

******

ဆန္ျပားေခါက္ဆြဲအေသး - တစ္ပြဲစာ

ပုဇြန္ - ၅ေကာင္ သို့ ပင္လယ္စာ သို့ ငါးလုံး

ၾကက္ဥ - တစ္လုံး

ပဲပင္ေပါက္ - လက္တစ္ဆုပ္

Chive (ၾကက္သြန္မိတ္) - ၅ပင္ 

င႐ုပ္သီးအႏွစ္ - တစ္ဇြန္း စားပြဲတင္ဇြန္း

ဟင္းခတ္မွုန္႔ - ဇြန္းတစ္ဝက္

ပဲငံျပာရည္ အၾကည္ - တစ္ဇြန္း

ခ႐ုဆီ - တစ္ဇြန္း

ငံျပာရည္ - ဇြန္းတဝက္ 

ပဲငံျပာရည္ အေနာက္ - ဇြန္းတဝက္

ၾကက္သြန္နီေၾကာ္ - ႏွစ္ဇြန္း 

ျပင္ဆင္ခ်က္ျပဳတ္နည္း

************ 1.ဦးစြာၾကက္ဥတလုံးေခါက္ထားပါ။အသုံးျပဳမည့္ပုဇြန္သို့အသားကိုေရေဆးသန္႔စင္ထားပါ။ပဲပင္ေပါက္ေရေဆးၿပီးစစ္ထားပါ။ၾကက္သြန္ျဖဴဓားျပားရိုက္ထားပါ။င႐ုပ္သီးအႏွစ္မရွိပါကင႐ုပ္ေျခာက္ကိုေရစိမ္ၿပီးႀကိတ္ရပါမယ္။chiveကိုတစ္လက္မအရွည္ခန္႔ျဖ တ္ထားပါ

2.ပန္းကန္လုံးတခုတြင္ ဟင္းခပ္မွုန္႔၊ပဲငံျပာရည္၊ အၾကည္၊ အေနာက္၊ ခ႐ုဆီ၊တို့ကိုထည့္ၿပီးေရာစပ္ထားပါ။ 3.အားလုံးအဆင္သင့့္ပါကအိုးကိုအပူေပးၿပီးဆီအနည္းငယ္ထည့္ကာၾကက္ဥထည့္ၿပီးေမြေၾကာ္ေပးပါ။

4.ၿပီးလၽွင္ဖယ္ထုတ္ထားၿပီးၾကက္သြန္ျဖဴႏွင့္င႐ုပ္သီးအႏွစ္ဆီသပ္ပါ၊ၾကက္သားသို့ပုဇြန္ကိုထည့္ေၾကာ္ပါ။ဆန္ေခါက္ဆြဲ၊ၾကက္ဥပဲပင္ေပါက္ႏွင့္ေရာစပ္ထားေသာေဆာ့တို့ကိုထည့္ၿပီးမီးျပင္းျဖင့္ေၾကာ္ေပးပါ။5.အရသာလိုအပ္ကျဖည့္စြက္ၿပီးChineseChivesကိုေနာက္ဆုံးမွထည့္ကာသမေအာင္ေမြၿပီးပန္းကန္တြင္တည္ခင္းၿပီးၾကက္သြန္နီေၾကာ္ျဖဴးကာသုံးေဆာင္နိုင္ပါၿပီရွင္ ။

❀(မေလးရွားသူတေယာက္ကေျပာတာသူတို့နယ္မွာမီးေသြးမီးနဲ႔ေၾကာ္တဲ့ char kway teowကနာမည္ႀကီးလို့တနာရီေလာက္ေစာင့္ရတယ္တဲ့။လာသမၽွနိုင္ငံျခားသားေတြကမျဖစ္မေနစားၾကတဲ့သူတို့ေဒသအစားစာလို့ဆိုပါတယ္။ အဆင္ေျပရင္မီးေသြးမီးျပင္းျပင္းနဲ႔ေၾကာ္ၾကည့္ေနာ္ 

...........

Crd.Sofia


ပင္လယ္စာေခါက္ဆြဲျပားေၾကာ္




ပါဝင္ပစၥည္းမ်ား 

ေခါက္ဆြဲျပား  -  ၁၀ဝ  ဂရမ္

ျပည္ႀကီးငါး  -  ၅၀ ဂရမ္

က်ားပုစြန္  -  ၈၀ ဂရမ္

တူနာ ငါးအသားလႊာ  -  ၅၀ ဂရမ္

ခ႐ုဝိုင္း  -  ၈၀ ဂရမ္

သံလြင္ဆီ  -  ၇၅ ဂရမ္

ၾကက္သြန္ျဖဴ  -  ၃၀ ဂရမ္

င႐ုတ္သီးေျခာက္ (အၾကမ္းမွုန္႔)  -  ၁၅ ဂရမ္

ဆား  -  အနည္းငယ္

င႐ုတ္ေကာင္းမွုန္႔  -   အနည္းငယ္

ရွမ္းင႐ုတ္သီးစိမ္း (ပါးပါးလွီး)  -  ၅ ဂရမ္

ပါမီဆန္ခ်ိစ္အမွုန္႔  -  ၁၅ ဂရမ္

ဝိုင္ျဖဴ  -  ၃၀ မီလီလီတာ

ငါးျပဳတ္ရည္ (သို့) ၾကက္ျပဳတ္ရည္  -  ၁၀ဝ  မီလီလီတာ

ပါစလီရြက္ေျခာက္  -  အနည္းငယ္


ခ်က္ျပဳတ္နည္း

၁။ ေခါက္ဆြဲျပားကို အညႊန္းအတိုင္း ၁၀ မိနစ္ခန္႔ ဆားခတ္ထားေသာ ေရေႏြးမွာ ျပဳတ္ထားပါ။

၂။ ပင္လယ္စာမ်ားကို သန္႔စင္ၿပီး အတုံးငယ္မ်ား လွီးထားပါ၊ ပင္လယ္ခ႐ုဝိုင္းကို ေရေႏြးမွာ ျပဳတ္ထားပါ။

၃။ ဒယ္ျပားကို အပူေပးၿပီး သံလြင္ဆီ၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးအၾကမ္းမွုန္႔တို့ကို ဦးစြာထည့္ေၾကာ္ပါ။

၄။ ၾကက္သြန္ျဖဴက်က္လၽွင္ အသင့္သန္႔စင္ထားေသာ ပင္လယ္စာအစုံႏွင့္ အသင့္ ျပဳတ္ထားေသာ ပင္လယ္ ခ႐ုဝိုင္းတို့ကို ထည့္ေၾကာ္ပါ။

၅။ ပင္လယ္စာမ်ားမက်က္မီ ဝိုင္ျဖဴအနည္းငယ္ထည့္ခ်က္ၿပီး ဝိုင္ျဖဴ အနည္းငယ္ ခန္းလာလၽွင္ ငါးျပဳတ္ရည္ အနည္းငယ္ ထည့္ခ်က္ပါ။

၆။ ငါးျပဳတ္ရည္ တစ္ဝက္ခန္႔ ခန္းသည္ႏွင့္ အသင့္ျပဳတ္ထားေသာ ေခါက္ဆြဲျပားႏွင့္ ရွမ္းင႐ုတ္သီးကို ထည့္ေၾကာ္ပါ။

၇။ ေခါက္ဆြဲျပား အသင့္ျဖစ္လၽွင္ ပါစလီရြက္ေျခာက္၊ ရွမ္းင႐ုတ္သီး၊ င႐ုတ္ေကာင္းမွုန္႔ထည့္ၿပီး ေရာေမႊပါ။ ပါမီဆန္ခ်ိစ္အမွုန္႔ အနည္းငယ္ျဖဴး၍ တည္ခင္းပါ။


စပါယ္ရွယ္ၾကက္ဥေခါက္ဆြဲေၾကာ္




ၾကက္ဥေခါက္ဆြဲေၾကာ္ေတြအျပင္မွာဝယ္စားရင္ ေသာင္းခ်ီေပးဝယ္စားရတာေနာ္။ အခုကေတာ့ ေသာင္းခ်ီလဲမကုန္ဘူး၊ ဆိုင္ေတြမွာလိုပဲ အသားအစုံ၊ အသီးအႏွံအစုံနဲ႔ အရသာရွိရွိေလးေၾကာ္စားၾကရေအာင္ေနာ္။


ပါဝင္ေသာပစၥည္းမ်ား (၂ ပြဲစာ)

၁။ ၾကက္ဥေခါက္ဆြဲေျခာက္ - ၂၀၀ ဂရမ္

၂။ ၾကက္သား - ၁၅ က်ပ္သား

၃။ ၾကက္သည္း၊ ၾကက္ျမစ္၊ ၾကက္ႏွလုံး - ၅ က်ပ္သား

၄။ ငါးဖယ္လုံး - ၅ လုံး

၅။ ျပဳတ္ၿပီးသားငုံးဥ - ၅ လုံး

၆။ ပုဇြန္ - ၅ ေကာင္

၇။ ေဂၚဖီထုပ္ - လက္၂ ဆုပ္စာအရြယ္

၈။ ပန္းမုန္လာ (သို့) ပန္းမုန္လာအစိမ္း - လက္တဆုပ္စာအရြယ္

၉။ မုန္လာဥနီ - ၁ ဥ

၁၀။ ဘိုစားပဲသီးေတာင့္ - ၇ ေခ်ာင္း

၁၁။ ၾကက္သြန္ျဖဴ - ၃ မႊာ

၁၂။ ပဲငံျပာရည္ - ထမင္းစားဇြန္း ၅ ဇြန္း

၁၃။ ခ႐ုဆီ - ထမင္းစားဇြန္း ၁ ဇြန္း ခြဲ

၁၄။ သၾကား (သို့) အခ်ိဳမွုန္႔ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း ခြဲ

၁၅။ ၾကက္သားမွုန္႔ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၆။ တ႐ုတ္မဆလာ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၇။ ၾကက္ျပဳတ္ရည္ - ထမင္းစားဇြန္း ၈ ဇြန္း

၁၈။ ဆီ - ထမင္းစားဇြန္း ၁၀ ဇြန္း


ျပဳလုပ္နည္း

၁။ ၾကက္ဥေခါက္ဆြဲေျခာက္ကို ခပ္မာမာေလးခဏျပဳတ္ထားပါ။ (တခ်ိဳ့ၾကက္ဥေခါက္ဆြဲေတြက ႏူးညံ့တတ္ေတာ့ ေရစိမ္ရင္ကိုရပါတယ္။) ျပဳတ္ၿပီးရင္ ေရေအးျဖင့္ျပန္ေဆးၿပီးေရစစ္ပါ။ ေရစစ္ထားေသာ ၾကက္ဥေခါက္ဆြဲကို ပဲငံျပာရည္ ထမင္းစားဇြန္း ၂ ဇြန္း၊ ခ႐ုဆီ ထမင္းစားဇြန္း ၁ ဇြန္း၊ သၾကား (သို့) အခ်ိဳမွုန္႔ - လက္ဖက္ရည္ဇြန္း တဝက္၊ ၾကက္သားမွုန္႔ လက္ဖက္ရည္ဇြန္း တဝက္၊ တ႐ုတ္မဆလာ လက္ဖက္ရည္ဇြန္း တဝက္တို့ျဖင့္နယ္ထားပါ။ (အစာပလာကို ေခါက္ဆြဲေၾကာ္ေနရင္းမွထည့္လဲရပါတယ္။ နယ္ထားရင္ေတာ့ ပိုႏွံ့ပါတယ္။ ေၾကာ္ေနရင္းထည့္ရင္ေတာ့ ပိုေမႊးပါတယ္။)

၂။ ၾကက္ျမစ္ကို ေရေႏြးကိုခပ္ေသးေသးထဲမွာထည့္ၿပီး ၁၅ မိနစ္ေလာက္ျပဳတ္ပါ။ ၿပီးရင္ ၾကက္ႏွလုံးႏွင့္ ၾကက္သည္းကို ထည့္ရ္် ၅ မိနစ္ေလာက္ထည့္ျပဳတ္ၿပီးရင္ အေအးခံထားပါ။ အေအးခံထားေသာ ၾကက္သည္း၊ၾကက္ျမစ္တို့ကို အတုံးေလးေတြလွီးထားပါ။

၃။ ၾကက္သားကို အတုံးေသးေသးေလးေတြတုံးၿပီး ပဲငံျပာရည္ ထမင္းစားဇြန္း ၂ ဇြန္း၊ ခ႐ုဆီ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ သၾကား (သို့) အခ်ိဳမွုန္႔ လက္ဖက္ရည္ဇြန္း တဝက္၊ ၾကက္သားမွုန္႔ လက္ဖက္ရည္ဇြန္း တဝက္၊ တ႐ုတ္မဆလာ လက္ဖက္ရည္ဇြန္း တဝက္ တို့ျဖင့္နယ္ထားပါ။ 

၄။ ၾကက္သြန္ျဖဴကို ဓါးျပားရိုက္ထားပါ။ ေဂၚဖီထုပ္ကိုပါးပါးလွီးထားပါ။ ပန္းမုန္လာ (သို့) ပန္းမုန္လာအစိမ္းကို ေသးေသးေလးေတြလွီးထားပါ။ ဘိုစားပဲသီးေတာင့္ကို ေဘးေစာင္းေလးေတြလွီးထားပါ။ မုန္လာဥနီကို အေခ်ာင္းအေသးေလးေတြလွီးထားပါ။(သို့) ျခစ္ျဖင့္ျခစ္ထားပါ။

ဒါဆိုရင္ ေခါက္ဆြဲေၾကာ္ဖို့ အားလုံးအဆင္သင့္ျဖစ္ၿပီ။

၅။ ေခါက္ဆြဲေၾကာ္မည့္ဒယ္အိုးထဲကို ဆီ ထမင္းစားဇြန္း ၂ ဇြန္းထည့္ၿပီး အပူေပးပါ။ ဆီပူလာလၽွင္ ပုဇြန္ထည့္ေၾကာ္ပါ။ ၃ မိနစ္ေလာက္ေနလို့ ပုဇြန္က်က္ၿပီဆိုရင္ ေၾကာ္ထားေသာ ပုဇြန္ကို အိုးထဲမွျပန္ဆယ္ထားပါ။

၆။ ပုဇြန္ေၾကာ္ထားေသာအိုးထဲကို ဆီ ထမင္းစားဇြန္း ၈ ဇြန္း ထပ္ထည့္ၿပီး အပူေပးပါ။ ဆီပူလာလၽွင္ ဓါးျပားရိုက္ထားေသာ ၾကက္သြန္ျဖဴထည့္ေၾကာ္ပါ။ 

၇။ ၾကက္သြန္ျဖဴအနံ့ေမႊးလာလၽွင္ နယ္ထားေသာ ၾကက္သားကိုထည့္ေၾကာ္ပါ။ ၾကက္သား မွအရည္မ်ားထြက္လာလၽွင္ ပန္းမုန္လာ(သို့) ပန္းမုန္လာအစိမ္း ႏွင့္ ဘိုစားပဲသီးေတာင့္ထည့္ေၾကာ္ပါ။ ၾကက္ျပဳတ္ရည္ ထမင္းစားဇြန္း ၄ ဇြန္းထည့္ေၾကာ္ပါ။

၈။ ပန္းမုန္လာ (သို့) ပန္းမုန္လာစိမ္းႏွင့္ ဘိုစားပဲသီးေတာင့္ တို့အိလာလၽွင္ လွီးထားေသာ ၾကက္သည္း၊ ၾကက္ျမစ္၊ ၾကက္ႏွလုံး၊ ငါးဖယ္၊ ငုံးဥတို့ကိုထည့္ရ္် သမေအာင္လုပ္ပါ။ ထို့ေနာက္ ေဂၚဖီထုပ္ႏွင့္ မုန္လာဥနီထည့္ပါ။ ပဲငံျပာရည္ ထမင္းစားဇြန္း ၁ ဇြန္း၊ သၾကား (သို့) အခ်ိဳမွုန္႔ လက္ဖက္ရည္ဇြန္း တဝက္ကိုထည့္ရ္် သမေအာင္လုပ္ပါ။ 

၉။ အားလုံးသမေအာင္လုပ္ၿပီးလၽွင္ ခ်က္ခ်င္းပဲ ေခါက္ဆြဲထည့္ရ္် ေၾကာ္ပါ။ ေခါက္ဆြဲထည့္ၿပီးသမလာလၽွင္ ၾကက္ျပဳတ္ရည္ ထမင္းစားဇြန္း ၄ ဇြန္းကိုထည့္ရ္် သမေအာင္ထပ္လုပ္ပါ။ ၿပီးလၽွင္ မီးဖိုေပၚမွခ်ခါနီးတြင္ ေၾကာ္ထားေသာ ပုဇြန္မ်ားကို ျပန္ထည့္ၿပီး သမေအာင္လုပ္ပါ။

၁၀။ အလြန္အရသာရွိေသာ အသားအစုံႏွင့္စားလို့ေကာင္းတဲ့ စပါယ္ရွယ္ၾကက္ဥေခါက္ဆြဲေၾကာ္ကို သုံးေဆာင္နိုင္ပါၿပီရွင္။


#crd.EiSan


ပင္လယ္စာေခါက္ဆြဲေၾကာ္ 

*************************




ေခါက္ဆြဲေျခာက္၁စည္း( သို့) အစို.............၄၀ သား

မိမိႏွစ္သက္ရာအသား...အနည္းငယ္

ပုစြန္၊ ကင္းမြန္ေရာရာ...၂၀က်ပ္သားခန္႔

ကြက်ဥ .......................၃ လုံး

ဘိုစားပဲ......................၁၀ က်ပ္သား

ဥနီ.............................၁၅က်ပ္သား

ေဂၚဖီ........................၂၅ က်ပ္သား

ပန္းပြင့္.......................၁၅ က်ပ္သား

ၾကက္သြန္ၿမိတ္...........၃ပင္

တ႐ုတ္နံနံ...................၃ ပင္

ၾကက္သြန္နီ................၁ လုံး (ပါးပါးလွီး)

ၾကက္သြန္ျဖဴ...........၅ တက္( ႏုပ္ႏုပ္စင္း)

ABCပဲငံျပာရည္အၾကည္

ABCပဲငံျပာရည္အပ်စ္

ခ႐ုဆီ


ပထမဆုံးေခါက္ဆြဲနဲ႔ေရာေၾကာ္မဲ့အသီးအရြက္ေတြကိုအမၽွင္ခပ္ႀကီးႀကီးပုစံ

ရအာင္လွီးျဖတ္ထားပါ။


ေခါက္ဆြဲ ကို ေရေႏြးဆူဆူမွာျပဳတ္ၿပီးေရေအးေလာင္းအေအးခံထားပါ။


ဒယ္အိုးတစ္လုံးမွာေခါက္ထားတဲ့ၾကက္ဥေတြကို ထည့္ေမႊေၾကာ္ပါ။


ခ်က္ခ်င္းဆိုသလိုအသားအနည္း ငယ္ထည့္ေၾကာ္ၿပီး ၾကက္သြန္နီ၊ ျဖဴေတြကိုလည္းထည့္ေမႊပါ။


ပင္လယ္စာေတြထည့္ေၾကာ္ပါ။


ထို့ေနာက္အသီးအရြက္ေတြထည့္ၿပီးပါ၀င္ေသာအရသာမ်ားျဖင့္ျဖည့္စြက္

ၿပီး၂ မိနစ္ခန္႔ အဖုံးအုပ္ထားပါ။


အသီးအရြက္ေတြႏွူးအိၿပီဆိုလၽွင္ျပဳတ္ၿပီးေရစစ္ထားတဲ့ေခါက္ဆြဲေတြထပ္

ေပါင္းကာ မီးျပင္းျပင္းႏွင့္၃ မိနစ္ခန္႔ ဆက္ေၾကာ္ေပးပါ။


ေနာက္ဆုံးၾကက္သြန္ၿမိတ္၊ တ႐ုတ္နံနံေတြျဖဴးထည့္ၿပီးင႐ုတ္ေကာင္းမွုန္႔

ႏွင့္တ႐ုတ္မဆာေလးျဖဴးေပးပါ။


Crd.winnaingthein


ျမန္မာေခါက္ဆြဲေၾကာ္(အိမ္ေၾကာ္)




ေခါက္ဆြဲတစ္အိုးစာ ဆိုင္ေရာင္း သုံးပြဲစာ


ဆီ              ၂က်ပ္ခြဲသားခန္႔


ေခါက္ဆြဲ      မိမိႀကိဳက္ႏွစ္သက္ေသာေခါက္ဆြဲသုံးပါ

                   


ေဂၚဖီထုပ္     သိုမဟုတ္မုန္ညႇင္းျဖဴ အနည္းငယ္


ေရႊပဲသီး        ႀကိဳက္ရင္ထည့္သုံးပါ  အနည္းငယ္


အသား         ၂၅က်ပ္သား ၾကက္/ဝက္ အိမ္စား

                     ေရာင္းစား   ၅က်ပ္/၁၀က်ပ္သား

                     


ၾကက္ဥ           ၁လုံးႀကိဳက္မွထည့္ပါ


ေကာ္မူန္႔          ၁ဇြန္း ထမင္းစားဇြန္း かたぐり


ေရ                   ၁၂၀စီစီခန္႔   ေကာ္မူန္႔နဲ႔ေရာၿပီးေဖ်ာ္ထားပါ


ငံျပာရည္          အနည္းငယ္ ႀကိဳက္မွထည့္ပါ


ပဲငံျပာရည္        အဖ်စ္  အနည္းငယ္


ၾကက္သားမူန္း   ၁ဇြန္းအေမာက္


ခ႐ုဆီ                ၁ဇြန္းအေမာက္


အသားကို ေရနည္းနည္းနဲ႔ခဏျပဳတ္ၿပီေရစစ္ထားပါ

အသားျပဳတ္ေရကိုသိမ္းထားပါ ေၾကာ္တဲ့အခါသုံးရန္

၂၀၀စိစိေလာက္ က်ေနာ္ကေတာ့အသားျပဳတ္ရည္ရွိေတာ့

ဆီအပူေပးၿပီး

အသားကိုတခါတည္းေၾကာ္တယ္ခဏေၾကာ္ၿပီးအရြက္ေတြထည့္တယ္ခဏေၾကာ္ငံျပာေရအနည္းငယ္ထည့္ခဏေၾကာ္

ဘာေၾကာင့္လဲဆိုေတာ့ငံျပာရည္နဲခဏေၾကာ္ရင္ငံျပာရည္အနံသိပ္မထြက္ဘဲေမြးလာေအာင္ပါ ၿပီးမွၾကက္သားမူန္႔ခ႐ုဆီထည့္ပါပဲဆီအဖ်စ္ကေခါက္ဆြဲထည့္ၿပီးမွထည့္လဲရပါတယ္

က်ေနာ္ကေခါက္ဆြဲမထည့္ခင္အရင္ထည့္ၿပီးခဏေၾကာ္တယ္အဲဒါမွပဲဆီက အဖတ္အႏွစ္ေလးလိုေခါက္ဆြဲမွာဆြဲကပ္ေနတာ က်ေနာ္အႀကိဳက္ၿပီးရင္ၾကက္ဥထည့္လို့ရပါၿပီၾကက္ဥထည့္ရင္ေခါက္ဆြဲ အိုးအလယ္ထည့္လဲရပါတယ္ ေဘးထည့္လဲရပါတယ္ ဥပေဒမရွိပါဘူးခင္ဗ်ာ ထည့္ရမယ္လို့😂😂 ထည့္ၿပီးခဏမေမႊရမက်က္တက်က္ျဖစ္ရင္ေခါက္ဆြဲလွန္ပါသုံးေလးခါၿပီးတာနဲ႔ၾကက္သားျပဳတ္ေရ ထည့္ပါဆူးလာတာနဲ႔ေဖ်ာ္ထားတဲ့ေကာ္ရည္ထည့္ပါအဖုံးခဏပိတ္စကၠန္႔၃၀နပ္လိုက္ရင္ေခါက္ဆြဲအိၿပီးစားလို့ေကာင္းပါတယ္


Crd.Min Kabar Sharr


သက္သတ္လြတ္ေခါက္ဆြဲေျခာက္ထုပ္ေၾကာ္




 ရယ္ဒီမိတ္ေခါက္ဆြဲေျခာက္ထုပ္ကို ေၾကာ္စားတဲ့ နည္းပါ။ ဟင္းသီးဟင္းရြက္မ်ားမ်ားနဲ႔ ေၾကာ္ထားတာျဖစ္လို့ အလြန္စားေကာင္းသလို လြယ္ကူတဲ့အတြက္ အလုပ္မအားလို့ ဟင္းမခ်က္နိုင္တဲ့အခါ၊ ဒါမွမဟုတ္ ညဘက္အဆာေျပ ေၾကာ္စားရင္လည္း ေကာင္းပါတယ္။


ပါဝင္ပစၥည္းမ်ား

သက္သတ္လြတ္ေခါက္ဆြဲေျခာက္ထုပ္  -  ၂ ထုပ္

ကြက်ဥ  -  ၂ လုံး

ပဲပင္ေပါက္  -  ၁၀ဝ ဂရမ္ (သန္႔စင္ၿပီး ေရစိမ္ထားပါ)

မုန္ညင္း  -  ၃ ပင္ (ပါးပါးလွီးထားပါ)

တ႐ုတ္နံနံပင္  -  ၂ ပင္ (ပါးပါးလွီးထားပါ)

ခရမ္းခ်ဥ္သီး  -  ၁ လုံး (၆ ျခမ္း ျခမ္းထားပါ)

ပဲျပား  -  ၁/၂ တုံး (အတုံးေသးေသး တုံးထားပါ)

သံပရာသီး  -  ၁ လုံး

ၾကက္သြန္ျဖဴ  -  ၂၀ ဂရမ္ (ႏုပ္ႏုပ္စဥ္းထားပါ)

ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁ ဇြန္း

ပဲငံျပာရည္အၾကည္  -  စားပြဲဇြန္း ၂ ဇြန္း

ခရမ္းခ်ဥ္သီးေဆာ့စ္  -  စားပြဲဇြန္း ၁ ဇြန္း

င႐ုတ္သီးေဆာ့စ္  -  စားပြဲဇြန္း ၁ ဇြန္း

ဆား  -  အနည္းငယ္

အရသာမွုန္႔ထုပ္  -  ၂ စုံ (ေခါက္ဆြဲထုပ္ထဲမွာပါတဲ့အထုပ္)

ဆီ  -  စားပြဲဇြန္း ၃ ဇြန္း


ျပဳလုပ္နည္း

၁။ သန္႔ရွင္းေအာင္ ေဆးထားတဲ့ မုန္ညင္းကို ပါးပါးလွီးၿပီး ခရမ္းခ်ဥ္သီးကို ၆ ျခမ္း ျခမ္းထားပါ။ ေရစိမ္ထားတဲ့ ပဲပင္ေပါက္ကို ဆယ္ယူထားပါ။ တ႐ုတ္နံနံပင္ကို ပါးပါးလွီးၿပီး သံပရာသီးကို ျခမ္းထားပါ။

၂။ ပဲျပားကို အတုံးေသးေသး တုံးထားပါ။

၃။ ၿပီးလၽွင္ အရသာအတြက္ ေဆာ့စ္အားလုံးကို ပန္းကန္လုံးအေသးထဲထည့္၍  အရသာမွုန္႔ထုပ္ကို ေဖာက္ထည့္ၿပီး ေမႊထားပါ။

၄။ ေရေႏြးအိုးတည္၍ ေခါက္ဆြဲျပဳတ္ၿပီး ဆယ္ယူထားပါ။

၅။ ဒယ္အိုးထဲ ဆီထည့္ၿပီး  အပူေပး၍ ဆီပူလာလၽွင္ ၾကက္ဥ ၁ လုံးေၾကာ္ၿပီး ဆယ္ယူထားပါ။

၆။ ဒယ္အိုးထဲမွာ က်န္တဲ့ဆီနဲ႔ ပဲျပားကို ေၾကာ္ၿပီး ဆယ္ယူထားပါ။

၇။ ၿပီးလၽွင္ ၾကက္သြန္ျဖဴထည့္ၿပီး ဆီသတ္ပါ။ ေမႊးလာလၽွင္ ၾကက္ဥေဖာက္ ထည့္ၿပီး ေမႊပါ။

၈။ ၿပီးလၽွင္ ေခါက္ဆြဲ၊ စပ္ထားတဲ့ ေဆာ့စ္၊ ခရမ္းခ်ဥ္သီး၊ ပဲပင္ေပါက္၊ မုန္ညင္းႏွင့္ ပဲျပား၊ ပဲငံျပာရည္အေနာက္/အၾကည္ႏွင့္ ဆားတို့ကို ထည့္ၿပီး ေၾကာ္ပါ။

၉။ ၿပီးလၽွင္ တ႐ုတ္နံနံပင္ထည့္ၿပီး ေမႊပါ။

၁၀။ ၿပီးလၽွင္ သံပရာရည္ညႇစ္ၿပီး ၾကက္သြန္နီ၊ င႐ုတ္သီးစိမ္းတို့ႏွင့္ စားပါ။

......................


Crd.

Myint Oo Tha


No comments: