Monday, October 19, 2020
"အမျိုးသားတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Minimalist Fashion"
"ကိုယ်နဲ့လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီအမျိုးအစားကို မှန်ကန်စွာရွေးချယ်နိုင်ဖို့ဆိုရင်"
မင်္ဂလာပါရှင်။ 🙏 ဒီနေ့တော့ ဂျင်းဘောင်းဘီဝယ်တော့မယ်ဆိုရင် အပြင်မှာသွားဝယ်တာပဲဖြစ်ဖြစ်၊ Online Shop ကနေ ဝယ်တာပဲဖြစ်ဖြစ် ဂျင်းဘောင်းဘီအမျိုးအစားတွေ မသိလို့ အခက်အခဲတွေ့နေရတဲ့သူတွေ၊ ကိုယ့်ခန္ဓာကိုယ်အချိုးအစားက ဘယ်လိုမှန်းမသိလို့ ဘယ်လိုဘောင်းဘီစတိုင်မျိုး ရွေးချယ်ဝယ်ရမှန်းမသိတဲ့သူတွေနဲ့ ခုလက်ရှိ ဘယ်လိုဂျင်းဘောင်းဘီစတိုင်တွေ ခေတ်စားနေတယ်ဆိုတာမျိုး မသိလို့ ဘောင်းဘီဝယ်ရမှာအမြဲ အဆင်မပြေဖြစ်နေရတဲ့ အမျိုးသားတွေအတွက် ဂျင်းဘောင်းဘီဝယ်တော့မယ်ဆိုရင် အခြေခံသိထားရမယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်ရှင်။👖💁‍♀️
ဂျင်းဘောင်းဘီတွေကို အခြေခံအားဖြင့် အမျိုးတွေရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး Skinny၊ Slim နဲ့ Straight ဆိုပြီး Label လေးတွေခွဲခြားထားပါတယ်။☝️ ဂျင်း ဘောင်းဘီဝယ်တော့မယ်ဆိုရင် ခုပြောပြမယ့် အမျိုးအစား (၅) မျိုးအကြောင်း အခြေခံသိထားရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ (၅) မျိုးက ဘာတွေလဲဆိုတော့
▪️Skinny 
သူကတော့ jeans family မှာနောက်ဆုံးမှပါဝင်လာတဲ့ အမျိုးအစားပါ။ အားလုံးသိတဲ့အတိုင်း သူ့စတိုင်ကိုက အကျပ်ပါ။ တင်ပါးနေရာကနေ ဘောင်းဘီအနားထိ အကျပ်ပုံစံပါပဲ။ ပုံမှန်အားဖြင့်တော့ ချက်လျှော Low Rise ရော ခါးနည်းနည်းမြင့်တဲ့ Mis Rise ပါ လာပါတယ်။
▪️Slim
သူကကျတော့ တအားလည်းမကျပ် တအားလည်းမပွပုံစံမျိုးပါ။ ပုံမှန်အားဖြင့် ခါးက Mid Rise ပဲလာတာများပါတယ်။ တင်ပါးကနေ တဖြောင့်တည်းပုံစံဆင်းသွားပေမယ့် ပေါင်နဲ့ ခြေသလုံးစတဲ့နေရာတွေမှာတော့ နည်းနည်းလေးကျဉ်းသွားပါတယ်။ 
▪️Regular
သူကကျတော့ Mid Rise လာတာများပြီး လုံးဝကို Straight Leg တဖြောင့်တည်းပါ။ တင်ပါး၊ ပေါင်၊ ဒူးနေရာတွေကနေ ဘောင်းဘီအနားထိကို တဖြောင့်တည်းကျသွားတဲ့ ပုံစံပါပဲ။ 
▪️Relaxed
Regular ပုံစံထက်ကို နည်းနည်းပိုပွပွလေး လိုချင်ရင်တော့ Relaxed jeans ကိုရွေးရပါမယ်။ ဒါပေမယ့် သူက ခါးကနေ ခပ်ပွပွဆင်းသွားပေမယ့် ခြေထောက်နေရာမှာတော့ နည်းနည်း Fit ဖြစ်သွားတဲ့ပုံစံပါ။ မှတ်ရလွယ်အောင်ဆို Loose Fit ပုံစံလို့ဆိုရပါမယ်။
▪️Loose
သူကတော့ Baggy Fit ပါပဲ။ အပွပဲဝတ်ရတာသဘောကျတဲ့ အမျိုးသားတွေအတွက် တင်ပါး၊ ပေါင်၊ ခြေသလုံး ဘယ်နေရာမှ ကျပ်တယ်ဆိုတာကိုမရှိတာပါ။ 
ဒီ (၅) မျိုး အခြေခံသိထားပြီဆိုရင် ဘောင်းဘီခါးအမြင့်အကြောင်း၊ ကိုယ့်ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ဘယ်လိုဘောင်းဘီအမျိုးအစားရွေးရမယ်ဆိုတဲ့အကြောင်းနဲ့ ခုလက်ရှိလူငယ်တွေ သဘောကျတဲ့ ဂျင်းဘောင်းဘီစတိုင်တွေကဘာဆိုတာကို ထပ်မံဝေငှပါ့မယ်။
(တစ်ချို့လိုအပ်တဲ့အချက်အလက်တွေကို Reference အနေနဲ့ realmenrealstyle website ၊ pinterest စတာတွေကနေ အချက်အလက်တွေ ယူထားပါတယ်။)
ဂျင်းဘောင်းဘီ အနက်တစ်ထည်နဲ့ စတိုင်အမျိုးမျိုးရအောင် ဘယ်လိုဝတ်ရမလဲ 
ကိုယ့်မှာရှိပြီးသား ဂျင်းဘောင်းဘီ အနက်တစ်ထည်နဲ့ စတိုင်အမျိုးမျိုးရအောင် ဘယ်လိုဝတ်ရမလဲ ဆိုတာလေးကို ပြောပြပေးချင်တာပါ။ ကျွန်မတို့ အမျိုးသမီးတွေက ဖက်ရှင်နဲ့ပတ်သက်ရင် အသစ်အသစ်တွေ လိုချင်၊ ရှိချင်ကြပေမယ့် ဘောင်းဘီဆိုရင် ဝတ်လို့ကောင်းပြီး ကိုယ်နဲ့အဆင်ပြေတဲ့ ဘောင်းဘီကိုသာ ထပ်ခါထပ်ခါ ရွေးချယ်တတ်ကြတယ်ဟုတ်? ;-) ကိုယ့်မှာဘောင်းဘီ ဘယ်နှစ်ထည်ရှိရှိ နောက်ဆုံး ကိုယ်အကြိုက်ဆုံး ဘောင်းဘီ လေး၊ ငါးထည်ကိုပဲ ရွေးတတ်ကြတာမျိုးပေါ့။ ချစ်တို့ အဝတ်ဗီရိုထဲမှာ သဘောကျပြီး ဝတ်လို့ကောင်းတယ်လို့ ယူဆထားတဲ့ အဲ့ဒီဘောင်းဘီတွေထဲ အနက်ရောင်းဂျင်းတစ်ထည်သာ ပါလိုက်၊ စတိုငိလ်အမျိုးမျိုးနဲ့ လန်းလို့ရပြီနော်။
# သူ့ကို အပေါ်က tee/ t-shirt/ shirt တွေနဲ့ တွဲပြီး အောက်က sneaker နဲ့ တွဲဆင်မြန်းနိုင်ပါတယ်။
# ကိုယ်က အကွက်တွေ/ အစင်းတွေ ကြိုက်ရင်လည်း အထာကျအောင် တွဲဝတ်နိုင်ပြန်ရော။
# jean jacket တွေ/ hoodie / bomber jacket/ waist coat တွေနဲ့လည်း ဆင်မြန်းနိုင်တယ်နော်။
# ကာလာတွေမှာ စစ်စိမ်း/ nude/ နို့နှစ်/ အဖြူ တွေအပြင် all black ကြိုက်ရင်လည်း တွဲဝတ်ပစ်လိုက်ပါ။
# ကိုယ်တွဲဝတ်တဲ့ ဒီဇိုင်းပေါ် မူတည်ပြီး heel တွေ bootတွေ sneaker တွေ flatတွေနဲ့ ကြိုက်ရာအလွယ်တကူ တွဲဖက်လိုက်ရုံပါပဲ။
ကဲ အကြမ်းဖျင်းအနေနဲ့ ဒီလိုဝတ်လို့ရတယ်ဆိုတာ ပြောပြပြီးပြီဆိုတော့ Vlog လးတွေကြည့်ရင် သဘောပေါက်မှာပါနော်။ ဒီတော့ အိမ်မှာရှိပြီးသား ဂျင်းဘောင်းဘီအနက်လေးထုတ်ပြီး ဘယ်လိုစတိုင်က ကိုယ့်အတွက် အမိုက်စားဖြစ်မလဲ ရွေးလိုက်ပါဦးဗျို့။ <3
"ဂျင်းဘောင်းဘီအဖြူကို ဘယ်လိုအထာကျအောင် ဝတ်မလဲ"
နွေရာသီရောက်ပြီဟေ့ဆိုရင် ပျိုမေတော်တော်များများက ကာလာအဖျော့လေးတွေ၊ အဖြူရောင်တွေကို အပူသက်သာစေဖို့ ရွေးချယ်ဝတ်ဆင်တတ်ကြတာ သဘာဝပါ။ ဘောင်းဘီဆိုရင်လည်း ဂျင်းကိုမှ အပြာတွေ၊ အနက်တွေချည်း များနေတဲ့အခါ ထူးထူးခြားခြားလေး ဖြစ်အောင် အဖြူရောင်ဝတ်မယ် ကွာဆိုပြီး ဝယ်တတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီလို ဝယ်ပြီးကတည်းက ဘာမှဆက်ဖြစ်မလာတော့ဘူး။ :D ဒီလိုလူမျိုး ချစ်တို့အထဲမှာရှိလားရှင်။ ခုလိုသာမေးရတယ် ရှိလားဆို မေသော်ကိုယ်တိုင်လည်း ရှိတယ် ဖြေရမှာပဲ။ မေသော်လည်း Ripped jean အဖြူလေး တစ်ထည်ဝယ်ပြီးမှ ဝတ်တော့မယ်ဆိုရင် အသားပဲ မည်းသွားသလို၊ ဟိုအကျီနဲ့မလိုက်၊ ဒီတီရှပ်နဲ့ဆို တစ်မျိုးဖြစ်သလို ခံစားနေရတာမို့ ပြန်ပြန်သိမ်းထားမိနေတယ်လေ။ ခုတော့ မဖြစ်တော့ဘူး ဝယ်ထားပြီး ဝတ်ဖြစ်အောင်တော့ ဝတ်မယ်လို့ဆုံးဖြတ်လိုက်တာကြောင့် ဂျင်းအဖြူရောင်ဝယ်ထားတဲ့ ချစ်တို့ရော၊ ဝယ်ဖို့စဉ်စားနေတဲ့ ချစ်တို့အတွက်ပါ tips လေေးတွရေးပေးလိုက်ရပါတယ်နော်။
✱ ၁။သူတို့ကို ဝတ်နေကျ ဂျင်းဘောင်းဘီတွေလိုပဲ ဝတ်ဖို့အရေးကြီးပါတယ်။
အပေါ်မှာပြောသလို စိတ်ထဲ အဖြူရောင်ဂျင်းဘောင်းဘီမို့ အူကြောင်ကြောင်လို့ ခံစားနေရရင် ရိုးရိုးသာ တွဲဖက်လိုက်ပါ။ ကိုယ်က ရှပ်လေးတွေ ကြိုက်ရင် ရှပ်အကျီလေးတွေနဲ့၊ ဆွယ်တာ အပါးလေးတွေ သဘောကျရင် ဆွယ်တာ အပါးလေးတွေနဲ့၊ ဒါမှမဟုတ် ဘလောက်အကျီလေးတွေနဲ့ အဆင်ပြေသလို တွဲဖက်ဝတ်ဆင်ပါ။ စိတ်ထဲ အဖြူရောင်ကြီး၊ ထူးခြားနေတယ်ဆိုတာကြီး မေ့ထားပြီး ဝတ်နေကျ ဂျင်းဘောင်းဘီတစ်ထည်လိုပဲ စိတ်ထဲထည့်ထားဖို့ အရေးကြီးတယ်နော်။
✱ ၂။ဂျင်းအဖြူဟာ တွဲဝတ်တတ်ရင် ဝတ်တတ်သလို ထသွားထလာကနေ ပွဲတက်အထိ အဆင်ပြေပါတယ်။
အဖြူရောင်မို့ ကြောင်တယ် ထင်ကြတယ်ဟုတ်။ တကယ်တော့ အဖြူရောင်မို့ ထူးခြားနေတာမျိုးပါ။ သူ့ကို ကိုယ့်စိတ်ကြိုက် မိန်းကလေးဆန်ဆန်လေး တွဲဝတ်မလား၊ ယောင်္ကျားလေးလို ခပ်မိုက်မိုက် ဝတ်ဦးမလား၊ ဒေါက်နဲ့စီးမလား၊ sneaker နဲ့သွားမလား၊ ထူးခြားတာကလေ သူက ထသွားထလာကနေ ပွဲတက်အထိ ရွေးချယ်နိုင်တဲ့အရာဆိုတာပါပဲ။
✱ ၃။တစ်ကိုယ်လုံး တစ်ရောင်တည်း ဝတ်မယ်ဆိုရင်လည်း အိုခေပါပဲ။
ဟိုးအရင်ကတော့ အပေါ်အဖြူ၊ အောက်အဖြူဆို အစခံလိုက်ရမယ့်ဖြစ်ခြင်း။ ခုလိုခေတ်ကြီးထဲမှာ အောက်က ဂျင်းအဖြူနဲ့ အပေါ်ကလည်း top အဖြူလေး ဝတ်ထားမယ်။ ဒါကိုမှ ဖိနပ်က အဖြူ ဆိုရင်တောင် အားလုံးက သင့်ကို ငေးကြည့်ရုံကလွဲပြီး ဘာမှပြောမှာ မဟုတ်တော့ပါဘူးနော်။ Monochromatic သဘောကျတဲ့သူတွေဆိုရင် အပေါ်အဖြူ အောက်အဖြူ ၊ ဖိနပ်အဖြူ  ၊ ကြိုက်သလိုသာ ဝတ်ပစ်လိုက်စမ်းပါ။ အားလုံးအေးဆေး။
✱ ၄။ အဖြူချည်းပဲ တစ်ကိုယ်လုံးမဆင်ချင်ရင် ကာလာဖျော့တွေနဲ့တွဲပါ။
အဖြူနဲ့အနက်ကြီး တွဲဝတ်သွားရင် စပ်ဖြဲဖြဲကြီး ဖြစ်နေတယ်လို့  ခံစားရတဲ့ ပျိုမေတွေအတွက် ဂျင်းအဖြူနဲ့ အထူးလိုက်ဖက်တဲ့ ပန်းနုရောင်၊ အဝါနု၊ အသားရောင်၊ အညိုနု စတဲ့ကာလာလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်သေးတယ်နော်။ 
✱ ၅။စူပါမော်ဒယ်တွေကတော့  ဂျင်းအဖြူနဲ့ဆို nude ဘက်ရောက်တဲ့ ဖိနပ်လေးတွေ ကို ရွေးချယ်ကြပါတယ်တဲ့။
ဒါကတော့ နိုင်ငံတကာက စူပါမော်ဒယ်တွေရဲ့ အကြိုက်ပေါ့။ သူတို့က များသော အားဖြင့် ဘောင်းဘီအဖြူ ဝတ်တဲ့အခါ ခြေထောက်ကိုမည်းသွားတယ် ထင်ရမှာစိုးပါတယ်တဲ့။ ဒါ့ကြောင့် များသောအားဖြင့် ဖိနပ်ဆိုရင် Nude ကာလာလေးတွေကိုသာ ရွေးချယ်တတ်တယ်လို့ ဆိုထားကြပါတယ်။
✱ ၆။ ဂျင်းဘောင်းဘီအဖြူတွေမှာမှ ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကိုရွေးချယ်ဖို့ကတော့ အရေးအကြီးဆုံးပါ။ 
ကိုယ်က Boyfriend ဂျင်းတွေ ဝတ်နေကျဆိုရင် ဂျင်းအဖြူကိုလည်း Boyfriend ဂျင်းရွေးတာ ကောင်းပါတယ်။ ထူးခြားအောင်ဆိုပြီး ခေါင်းလောင်းဘောင်းဘီမျိုး ဂျင်းအဖြူဝယ်ပြီးမှ တွဲစပ်ရတာ ခက်နေတာမျိုး ဖြစ်မှာစိုးလို့ပါ။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ်က ခေါင်းလောင်းဘောင်းဘိလေးတွေလည်း ဝတ်ဖူးတယ်။ အဆင်ပြေတယ်ဆိုရင်တော့ ဂျင်းအဖြူကိုလည်း ခေါင်းလောင်းဘောင်းဘီ အောက်အကားဒီဇိုင်းရွေးချယ်နိုင်ပါတယ်။
"ရှိရင်းစွဲထက်အရပ်ပိုမြင့်သွားသယောင်ဖြစ်စေဖို့ ဒီလိုဝတ်စားပြင်ဆင်ကြည့်နိုင်" (Men Fashion)
မင်္ဂလာပါရှင်။ အမျိုးသားတွေထဲမှာ ကိုယ့်ကိုကိုယ် အရပ်ပုလို့ ဒါမှမဟုတ် အကောင်သေးလို့ ဘယ်လိုဝတ်စားရင်ကောင်းမလဲဆိုပြီး ခေါင်းခြောက်နေတဲ့သူတွေ ရှိရင် ဒီ စတိုရီလေးကိုအဆုံးထိ ဖတ်ပေးဖို့လိုပါတယ်။ ☝️ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အဝတ်အစားဝတ်ရာမှာ အနည်းဆုံး ကိုယ့်Body Type ခန္ဓာကိုယ်အချိုးအစားက ဘာဆိုတာသိပြီး အဲ့ဒီပေါ်လိုက်ဖက်တာကို ရွေးချယ်ဆင်မြန်းနိုင်ပြီဆိုတာနဲ့ ခေတ်စားတာ ပေါ်သမျှတွေ လိုက်မဝတ်တောင် အထာကျနေမှာပါ။ 🔥
ဒီနေ့တော့ အရပ်ပုတဲ့အမျိုးသားတွေ၊ အကောင်သေးတဲ့သူတွေအတွက် အဝတ်အစားနဲ့အရပ်ပိုရှည်သယောင်ဖြစ်စေဖို့ ဘယ်လိုဝတ်ဆင်နိုင်တယ်ဆိုတာအပြင် အခြား ဆောင်ရန်၊ ရှောင်ရန်လေးတွေ ရေးပေးချင်တာပါ။✨ အရပ် ပုတဲ့အမျိုးသားတွေ အဝတ်အစားဆင်မြန်းရာမှာ အဓိက လိုက်နာရမယ့်အချက် (၆)ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့ 
(၁) အရမ်းပွလွန်းတဲ့အကျီ အဝတ်အစားထက် Fit ဖြစ်တဲ့အဝတ်အစားကို ဦးစားပေးရွေးပါ။
(၂) အရပ်ပိုရှည်သယောင်ဖြစ်စေတဲ့ Accessory တွေကို ရွေးဝတ်ပါ။ 
(၃) ခါးပတ်အကြီးကြီးတွေ၊ Waistcoat လိုဟာမျိုးတွေ ရှောင်ပါ။ 
(၄) တအားကြီးတဲ့ jacket တွေ၊ ခါးတအားရှည်တဲ့ coat တွေရှောင်ပါ။
(၅) ဂွကျတဲ့ဘောင်းဘီတွေနဲ့ ချက်လျှောက်ဘောင်းဘီမျိုးတွေ ရှောင်ပါ။
(၆) အပေါ်အောက် ကာလာတစ်ခုတည်းကို ဝတ်နိုင်ရင် အကောင်းဆုံးပါ။ 
ဒီပို့စ်လေးကတစ်ဆင့် ကိုယ်ဖက်ရှင်နဲ့ပတ်သက်ပြီး အိုင်ဒီယာလေး ဗဟုသုတလေး စသဖြင့်တစ်ခုခုရသွားတယ်ဆိုရင် ကျေနပ်ပါပြီ။ 💗
"အမျိုးသားတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Minimalist Fashion"
မင်္ဂလာပါရှင်။ 🙏 ဒီနေ့တော့ အမျိုးသားတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Minimalist ဖက်ရှင်အကြောင်း ထပ်ပြီးပြောပြပေးချင်တာပါ။ ခုဆို ကမ္ဘာတစ်ဝှမ်းမှာ Minimalist Lifestyle ကို ပိုမိုလက်ခံကျင့်သုံးလာကြပြီဖြစ်သလို Minimalist Fashion ကလည်း အမျိုးသားတွေသာမက အမျိုးသမီးတွေကြားထဲမှာပါ ခေတ်စားလာခဲ့ပါတယ်။💁‍♀️
Minimalist ဖက်ရှင်ဆိုတာက အဖြူ၊ အနက်၊ အညို။ နီညို၊ မီးခိုး၊ အသားရောင်၊ အပြာ၊ နက်ပြာ၊ စစ်စိမ်းစတဲ့ netural အရောင်တွေကိုပဲ basicထား ကစားပြီး အပေါ်အောက်တွဲဝတ်တာ၊ Layered Fashion သဘောမျိုး ဝတ်ကြတာမျိုးပါ။☝️ဒီအရောင်တွေထဲမှာ အနက်ရောင်နဲ့နက်ပြာဆို အပေါ်အောက် တွဲတာမျိုးရှောင်ကြပေမယ့် အမျိုးသားတွေကတော့ ဒီနှစ်ရောင်လည်း သဘောကျရင်တွဲဝတ်ကြတာပါပဲ။ တစ်ချို့က အရောင်ကိုမှ တစ်ရောင်တည်း အပေါ်အောက်ဝတ်တတ်ကြသလို၊ တစ်ချို့ကလည်း နှစ်ရောင်၊ သုံးရောင်စသဖြင့် ဝတ်ဆင်တတ်ကြပါတယ်။
Minimalist ဖက်ရှင်အကြောင်းထပ်ပြောရရင် အဝတ်အစားအရေအတွက်ကို ကန့်သတ်လိုက်ပြီး ကိုယ့် Lifestyleပေါ်မူတည်ပြီးတော့ အနည်းဆုံးအရေအတွက်ကိုသာ ကိုယ့်အဝတ်ဗီရိုထဲရှိစေတော့တာမျိုးပါ။ အဲ့ဒီအဝတ်အစားတွေက ကွာလတီကောင်းပြီး ကြာရှည်ခံတာမျိုးတွေဖြစ်ပြီးတော့ ထပ်ခါထပ်ခါဝတ်လည်း မသိသာစေတာမျိုးပေါ့။ သိသာလည်း Minimalist တွေက ဂရုတော့မစိုက်ကြပါဘူး။😁 အသစ်အသစ်သော အဝတ်အစားတွေအတွက် အကုန်အကျမခံတော့ပဲ ကိုယ့်မှာရှိတာတွေနဲ့ပတ်ပြီးတွဲဝတ်နိုင်တဲ့ စတိုင်ကို ရွေးချယ်လိုက်တာပါပဲ။ 
ကိုယ့် Lifestyle ပေါ်မူတည်ပြီးတော့ T-shirtတွေ၊ Shirt အကျီတွေ၊ Hoodie၊ Sweatshirt၊ ဂျင်းဘောင်းဘီတို၊ ဘောင်းဘီရှည်၊ Twill short၊ Jogger ဘောင်းဘီ၊ Bomber jacket၊ Blazer၊ Sneaker၊ Leather shoe၊ Slide ၊ ခါးပတ်၊ မျက်မှန်၊ ကျောပိုးအိတ်၊ Tote bag၊ စတာတွေကို အရေအတွက်သေချာသတ်မှတ်ပြီး အရောင်တွေကိုပါ အားလုံးနဲ့တွဲလို့ရအောင် ရွေးချယ်ထားတာမျိုးပါ။ အရေအတွက်နည်းပေမယ့် တကယ့်ကိုထိရောက်တဲ့ ဖက်ရှင်ပါ။ 👏
Print တွေ Pattern တွေဝတ်ပေမယ့် အဝတ်နည်းတဲ့အပြင် Logo တွေ sticker ဘာညာပါတာမျိုးထက် ရိုးရှင်းတဲ့ Monocromatic ကာလာတွေကိုသာ ဦးစားပေးဝတ်တဲ့ ဒီဖက်ရှင်စတိုင်ဟာ တကယ်တော့ ကြည့်လိုက်တာနဲ့ရှင်းပြီး သပ်ရပ်တဲ့ Look ကိုရစေတဲ့အပြင် ကိုယ့် outfit က ဈေးကြီးတန်ဖိုးကြီးတယ်လို့လည်း ထင်ရတာအမှန်ပါ။ 🔥
မေသော် (I am Fashion)
(Zawgyi) 
▪️Skinny
▪️Slim
▪️Regular
▪️Relaxed
▪️Loose