Friday, October 30, 2020

ကြက်သားခွေးတောက်ရွက် (အစပ်) -ငါးကြင်းကြော်နှပ်-ကြက်သားသုပ်

ကြက်သားခွေးတောက် အစပ်ချက်၊ ကြက်သားသုပ် ဆီမပါ၊ ငါးကြော်နှပ် အချို၊ မုန့်ညင်းရွက်ကြော် (သို့) ရွှေဖရုံသီးချက်

ရခိုင်ဟင်းလျာတွေနှင့် ထမင်းပူပူလေးနဲ့စားသောက်ရတာ အတော့်ကို ထမင်းမြိန်စေပါတယ်။ သူတို့ဟင်းချက်တာက ဆီသိပ်မသုံးတော့ ကျန်းမာရေးနှင့်ညီညွတ်ပါရဲ့။ အခု ကြက်သားခွေးတောက်ကိုအစပ်လေးချက်၊ ငါးကြော်ကိုအချိုနှပ် ပြီးတော့ အသီးအရွက်အဖြစ် မုန့်ညင်းရွက်ကြော် လေးကြော်စားမယ်။ အရံအဖြစ် ကြက်သားသုပ်(ဆီမပါ)တို့ အရွက်ကြော်မကြိုက်ရင်စားဖို့ ရွှေဖရုံသီးချက်တို့ပါ ချက်စားနိုင် တယ်နော်။ 

အသားဟင်း၊အရွက်ဟင်း ချိုချဉ်စပ်အရသာစုံဟင်းပွဲကြီးတစ်ခု စီမံလိုက်ပါတယ်။ သူငယ်ချင်းတို့ ထမင်းစားမြိန်စေဖို့နော်။

ကြက်သားခွေးတောက်ရွက် (အစပ်)



ပါဝင်သည့်ပစ္စည်းများ

ကြက်အရိုးအသား - ၂၅ကျပ်သား၊ စပါးလင် ၄ပင်၊ ငရုတ်သီးစိမ်းရှည် ၁၀တောင့်၊ ချင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၃ဥ၊ ရှမ်းနံနံ ၃ပင်၊ စိမ်းစားငါးပိ ဆီးဖြူသီးခန့်၊ ဟင်းခတ်မှုန့်+ဆား လိုသလောက်၊ခွေးတောက်ရွက်ကောင်းကောင်း ၃စည်း၊ ဆီ စားပွဲတင်ဇွန်း ၁ဇွန်း၊ ခရမ်းချဉ်သီး ၂လုံး၊ နနွင်းမှုန့် အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

- ကြက်အရိုးအသားကိုရေဆေးပြီး အနေတော်တုံးပါ။ 

-စပါးလင်ကို အပြင်ခွံခွာ အရွက်နည်းနည်းဖယ် ရေဆေးပြီး ထုထောင်းထားပါ။

- ခွေးတောက်ရွက်ကို ပိုးမပါအောင် သေချာကြည့်ပြီး ချွေထားပါ။

- ကြက်သွန်နီကို ခြောက်စိတ်ခန့်စီ စိတ်ထားပါ။

- ကြက်သွန်ဖြူကို ကြက်သွန်နီ ၁ဥနှင့် ရောထောင်းပါ။ ချင်းကို ဓားပြားရိုက်ထားပါ။

- ငရုတ်သီးစိမ်းများကို နှစ်ခြမ်းညှပ်ထားပါ။

- ဒယ်အိုးထဲ ဆီ ၁ဇွန်းထည့်၍ ကြက်သွန်ဖြူနီ၊ ချင်း ဆီသတ်ပါ။

- စိမ်းစားငါးပိထည့်ပါ။ ခရမ်းချဉ်သီး လေးစိတ်စိတ်ပြီး ထည့်ပါ။

- ကြက်သားထည့်ပါ ဆားဟင်းခတ်မှုန့် စပါးလင်အုပ်ပြီးချက်ပါ။

- ကြက်သားအိုးဆူလျှင် ရေလိုသလောက်ထည့်ပါ။

- ဟင်းအိုးဆူ၍ စားခါနီးတွင် ခွေးတောက်ရွက်ထည့်ပါ။

- ရှမ်းနံနံခတ်၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။


ငါးကြင်းကြော်နှပ်




ပါဝင်သည့်ပစ္စည်းများ

ငါးကြင်း - ၆၀ ကျပ်သားခန့်(အကွင်းလိုက်တုံးပြီး)၊ ငရုတ်သီးစိမ်းရှည် ၁၅တောင့်၊ ကြက်သွန်နီ ဥကြီး ၃ဥ၊ ကြက်သွန်ဖြူ ၃ ဥ၊ နံနံပင် ၅ပင်၊ စိမ်းစားငါးပိ လက်သန်းခေါင်းခန့်၊ ဆား အနေတော်၊ ဟင်းခတ်မှုန့် အနေတော်၊ ဆီ ၅ကျပ်သား၊ ငရုတ်သီးခြောက် ၅တောင့်၊ ခရမ်းချဉ်သီး ၃၀ကျပ်သား၊ နနွင်း အနေတော်။

ပြင်ဆင်ချက်ပြုတ်နည်း

ငါးကြင်းကို ညှီနံ့ပျောက်အောင် ရေဆေးပါ။ ဆားနနွင်း၊ ဟင်းခတ်မှုန့်နှင့်ရောနယ်ပါ။ 

ဆီဒယ်အိုးကို ဖင်ပူအောင် အပူပေးပြီး ဆီ ၅ကျပ်သားခန့်ထည့်ပါ။ ဆီကျက်လျှင် ငါးကြင်းကို ထည့်ကြော်ပါ။ ကြွပ်ကြွပ်လေး မဖြစ်ခင် ဆယ်ထားပါ။

ခရမ်းချဉ်သီး အစေ့ဖယ်ပြီး အသင့်လှီးထားပါ။ ငရုတ်သီးပွခြောက်ကို ထောင်းထားပါ။ ငရုတ်သီးစိမ်း ၂ခြမ်း ခြမ်းထားပါ။

ငရုတ်သီးခြောက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနီ၊ ဆီသတ်ပါ။ 

ခရမ်းချဉ်သီးထည့်ပြီး လှိမ့်ပါ။ စိမ်းစားငါးပိထည့်ပါ။ ဆား၊ဟင်းခတ်မှုန့် ထည့်ပါ။

ဆီပြန်လာလျှင် ငါးကြင်းကြော်ထည့်ပါ။ ဖွဖွလေး မွှေပါ၊ နံနံပင် အုပ်လိုက်ပါ။

ငရုတ်သီးစိမ်းရနံ့သင်းကာ စားနေကြနှင့် မတူဘဲ အရသာပေါ်လွင်သည့် ငါးကြာင်းကြော်နှပ်ကို ရရှိပါမည်။

(ငရုတ်သီးလုံးဝမကြိုက်ဘူး အချိုနှပ်ဆိုရင်တော့ ငရုတ်သီးကိုလျော့ထည့်ပါလို့နော်။)

ကြက်သားသုပ် (ဆီမပါ)




ပါဝင်သည့်ပစ္စည်းများ

ကြက်သား(CP) ၂၅ကျပ်သား၊ ကြက်သွန်နီ(ဥကြီး) - ၁၀ကျပ်သား၊ နံနံပင် ၁၀ပင်၊ ငရုတ်သီးစိမ်း ၁၅တောင့်၊ ဟင်းခတ်မှုန့်၊ဆား လိုသလောက်၊ သံပရာသီး ၁လုံး၊

ပြင်ဆင်ချက်ပြုတ်နည်း

- စီပီကြက် ၂၀ကျပ်သား ရေစင်အောင်ဆေးပြီး ဆားဟင်းခတ်မှုန့်ထည့်၊ ရေနည်းနည်းထည့်ပြီး အဖုံးဖုံးပြီးရေခန်းအောင်ပြုတ်ပါ။

- အကျက်ညီအောင် ပြန်လှန်ပေးပါ။

- ကြက်သားပြုတ်ထားစဉ် ကြက်သွန်နီ ပါးပါးလှီးထားပါ။

- ငရုတ်သီးစိမ်းကို ပါးပါးညှပ်ထားပါ။

- ကြက်သားကျက်လျှင် အအေးခံပြီး အမွှာလေးများဖြစ်အောင် နွှာလိုက်ပါ။

- ထမင်းပွဲပြင်ခါနီးမှ ငရုတ်သီးစိမ်း၊ ကြက်သွန်၊ ဟင်းခတ်မှုန့်၊ ဆား၊ နံနံပင် တစ်ဝက်ထည့်ပြီး ရောနယ်ပါ။

- သံပရာရည် ညှစ်ထည့်၍နယ်ပြီး ဟင်းကို ပန်းကန်ထဲကို ထည့်ပြီးမှ ကျန်နေသည့် နံနံပင်ကို လှအောင်ဖြူးလိုက်ပါ။

(အရသာရှိ၍ ဆီမပါသော ရိုးရှင်းလွယ်ကူသည့် ကြက်သားသုပ်)




ချက်ပြုတ်ပြသူ - မဦးခင်စော(အိုအေစစ်) 


(Zawgyi) 

 ၾကက္သားေခြးေတာက္ အစပ္ခ်က္၊ ၾကက္သားသုပ္ ဆီမပါ၊ ငါးေၾကာ္ႏွပ္ အခ်ိဳ၊ မုန္႕ညင္းရြက္ေၾကာ္ (သို႕) ေရႊဖရံုသီးခ်က္

ရခိုင္ဟင္းလ်ာေတြႏွင့္ ထမင္းပူပူေလးနဲ႕စားေသာက္ရတာ အေတာ့္ကို ထမင္းျမိန္ေစပါတယ္။ သူတို႕ဟင္းခ်က္တာက ဆီသိပ္မသံုးေတာ့ က်န္းမာေရးႏွင့္ညီညြတ္ပါရဲ႕။ အခု ၾကက္သားေခြးေတာက္ကိုအစပ္ေလးခ်က္၊ ငါးေၾကာ္ကိုအခ်ိဳႏွပ္ ျပီးေတာ့ အသီးအရြက္အျဖစ္ မုန္႕ညင္းရြက္ေၾကာ္ ေလးေၾကာ္စားမယ္။ အရံအျဖစ္ ၾကက္သားသုပ္(ဆီမပါ)တို႕ အရြက္ေၾကာ္မၾကိဳက္ရင္စားဖို႕ ေရႊဖရံုသီးခ်က္တို႕ပါ ခ်က္စားႏိုင္ တယ္ေနာ္။ 

အသားဟင္း၊အရြက္ဟင္း ခ်ိဳခ်ဥ္စပ္အရသာစံုဟင္းပြဲၾကီးတစ္ခု စီမံလိုက္ပါတယ္။ သူငယ္ခ်င္းတို႕ ထမင္းစားျမိန္ေစဖို႕ေနာ္။

ၾကက္သားေခြးေတာက္ရြက္ (အစပ္)




ပါ၀င္သည့္ပစၥည္းမ်ား

ၾကက္အရိုးအသား - ၂၅က်ပ္သား၊ စပါးလင္ ၄ပင္၊ ငရုတ္သီးစိမ္းရွည္ ၁၀ေတာင့္၊ ခ်င္း လက္၁ဆစ္၊ ၾကက္သြန္ျဖဴ ၂ဥ၊ ၾကက္သြန္နီ ၃ဥ၊ ရွမ္းနံနံ ၃ပင္၊ စိမ္းစားငါးပိ ဆီးျဖဴသီးခန္႕၊ ဟင္းခတ္မႈန္႕+ဆား လိုသေလာက္၊ေခြးေတာက္ရြက္ေကာင္းေကာင္း ၃စည္း၊ ဆီ စားပြဲတင္ဇြန္း ၁ဇြန္း၊ ခရမ္းခ်ဥ္သီး ၂လံုး၊ နႏြင္းမႈန္႕ အနည္းငယ္

ျပင္ဆင္ခ်က္ျပဳတ္နည္း

- ၾကက္အရိုးအသားကိုေရေဆးျပီး အေနေတာ္တံုးပါ။ 

-စပါးလင္ကို အျပင္ခြံခြာ အရြက္နည္းနည္းဖယ္ ေရေဆးျပီး ထုေထာင္းထားပါ။

- ေခြးေတာက္ရြက္ကို ပိုးမပါေအာင္ ေသခ်ာၾကည့္ျပီး ေခြၽထားပါ။

- ၾကက္သြန္နီကို ေျခာက္စိတ္ခန္႕စီ စိတ္ထားပါ။

- ၾကက္သြန္ျဖဴကို ၾကက္သြန္နီ ၁ဥႏွင့္ ေရာေထာင္းပါ။ ခ်င္းကို ဓားျပားရိုက္ထားပါ။

- ငရုတ္သီးစိမ္းမ်ားကို ႏွစ္ျခမ္းညႇပ္ထားပါ။

- ဒယ္အိုးထဲ ဆီ ၁ဇြန္းထည့္၍ ၾကက္သြန္ျဖဴနီ၊ ခ်င္း ဆီသတ္ပါ။

- စိမ္းစားငါးပိထည့္ပါ။ ခရမ္းခ်ဥ္သီး ေလးစိတ္စိတ္ျပီး ထည့္ပါ။

- ၾကက္သားထည့္ပါ ဆားဟင္းခတ္မႈန္႕ စပါးလင္အုပ္ျပီးခ်က္ပါ။

- ၾကက္သားအိုးဆူလွ်င္ ေရလိုသေလာက္ထည့္ပါ။

- ဟင္းအိုးဆူ၍ စားခါနီးတြင္ ေခြးေတာက္ရြက္ထည့္ပါ။

- ရွမ္းနံနံခတ္၍ ပူပူေႏြးေႏြး သံုးေဆာင္ႏိုင္ပါျပီ။

ငါးၾကင္းေၾကာ္ႏွပ္




ပါ၀င္သည့္ပစၥည္းမ်ား

ငါးၾကင္း - ၆၀ က်ပ္သားခန္႕(အကြင္းလိုက္တံုးျပီး)၊ ငရုတ္သီးစိမ္းရွည္ ၁၅ေတာင့္၊ ၾကက္သြန္နီ ဥၾကီး ၃ဥ၊ ၾကက္သြန္ျဖဴ ၃ ဥ၊ နံနံပင္ ၅ပင္၊ စိမ္းစားငါးပိ လက္သန္းေခါင္းခန္႕၊ ဆား အေနေတာ္၊ ဟင္းခတ္မႈန္႕ အေနေတာ္၊ ဆီ ၅က်ပ္သား၊ ငရုတ္သီးေျခာက္ ၅ေတာင့္၊ ခရမ္းခ်ဥ္သီး ၃၀က်ပ္သား၊ နႏြင္း အေနေတာ္။

ျပင္ဆင္ခ်က္ျပဳတ္နည္း

ငါးၾကင္းကို ညႇီနံ႕ေပ်ာက္ေအာင္ ေရေဆးပါ။ ဆားနႏြင္း၊ ဟင္းခတ္မႈန္႕ႏွင့္ေရာနယ္ပါ။ 

ဆီဒယ္အိုးကို ဖင္ပူေအာင္ အပူေပးျပီး ဆီ ၅က်ပ္သားခန္႕ထည့္ပါ။ ဆီက်က္လွ်င္ ငါးၾကင္းကို ထည့္ေၾကာ္ပါ။ ၾကြပ္ၾကြပ္ေလး မျဖစ္ခင္ ဆယ္ထားပါ။

ခရမ္းခ်ဥ္သီး အေစ့ဖယ္ျပီး အသင့္လွီးထားပါ။ ငရုတ္သီးပြေျခာက္ကို ေထာင္းထားပါ။ ငရုတ္သီးစိမ္း ၂ျခမ္း ျခမ္းထားပါ။

ငရုတ္သီးေျခာက္၊ ငရုတ္သီးစိမ္း၊ ၾကက္သြန္ျဖဴနီ၊ ဆီသတ္ပါ။ 

ခရမ္းခ်ဥ္သီးထည့္ျပီး လွိမ့္ပါ။ စိမ္းစားငါးပိထည့္ပါ။ ဆား၊ဟင္းခတ္မႈန္႕ ထည့္ပါ။

ဆီျပန္လာလွ်င္ ငါးၾကင္းေၾကာ္ထည့္ပါ။ ဖြဖြေလး ေမႊပါ၊ နံနံပင္ အုပ္လိုက္ပါ။

ငရုတ္သီးစိမ္းရနံ႕သင္းကာ စားေနၾကႏွင့္ မတူဘဲ အရသာေပၚလြင္သည့္ ငါးၾကာင္းေၾကာ္ႏွပ္ကို ရရွိပါမည္။

(ငရုတ္သီးလံုး၀မၾကိဳက္ဘူး အခ်ိဳႏွပ္ဆိုရင္ေတာ့ ငရုတ္သီးကိုေလ်ာ့ထည့္ပါလို႕ေနာ္။)

ၾကက္သားသုပ္ (ဆီမပါ)




ပါ၀င္သည့္ပစၥည္းမ်ား

ၾကက္သား(CP) ၂၅က်ပ္သား၊ ၾကက္သြန္နီ(ဥၾကီး) - ၁၀က်ပ္သား၊ နံနံပင္ ၁၀ပင္၊ ငရုတ္သီးစိမ္း ၁၅ေတာင့္၊ ဟင္းခတ္မႈန္႕၊ဆား လိုသေလာက္၊ သံပရာသီး ၁လံုး၊

ျပင္ဆင္ခ်က္ျပဳတ္နည္း

- စီပီၾကက္ ၂၀က်ပ္သား ေရစင္ေအာင္ေဆးျပီး ဆားဟင္းခတ္မႈန္႕ထည့္၊ ေရနည္းနည္းထည့္ျပီး အဖံုးဖံုးျပီးေရခန္းေအာင္ျပဳတ္ပါ။

- အက်က္ညီေအာင္ ျပန္လွန္ေပးပါ။

- ၾကက္သားျပဳတ္ထားစဥ္ ၾကက္သြန္နီ ပါးပါးလွီးထားပါ။

- ငရုတ္သီးစိမ္းကို ပါးပါးညႇပ္ထားပါ။

- ၾကက္သားက်က္လွ်င္ အေအးခံျပီး အမႊာေလးမ်ားျဖစ္ေအာင္ ႏႊာလိုက္ပါ။

- ထမင္းပြဲျပင္ခါနီးမွ ငရုတ္သီးစိမ္း၊ ၾကက္သြန္၊ ဟင္းခတ္မႈန္႕၊ ဆား၊ နံနံပင္ တစ္၀က္ထည့္ျပီး ေရာနယ္ပါ။

- သံပရာရည္ ညႇစ္ထည့္၍နယ္ျပီး ဟင္းကို ပန္းကန္ထဲကို ထည့္ျပီးမွ က်န္ေနသည့္ နံနံပင္ကို လွေအာင္ျဖဴးလိုက္ပါ။

(အရသာရွိ၍ ဆီမပါေသာ ရုိးရွင္းလြယ္ကူသည့္ ၾကက္သားသုပ္)




ခ်က္ျပဳတ္ျပသူ - မဦးခင္ေစာ(အိုေအစစ္) 

No comments: