Monday, April 30, 2018

ဂရန်အကြောင်း သိကောင်းစရာ


ဂရန် ဆိုတာ ဘာလဲ…မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်း က ဂရန် ပေးတယ်လို့ ထင်နေသူတွေအများကြီး တွေ့နေရပါတယ်။ မြေစာရင်း က ဂရန် ပေးခွင့် မ၇ှိပါ။ တည်ဆဲဥပဒေများတွင် အာဏာ အပ်မထားပါ။ အကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေးပါတယ်။ ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ…….

“ဂရန်ဆိုသည်မှာ”

အပိုင်း – ၁ ဂရန်

၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေ ကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရ ထံက မြေငှား စာချုပ် နဲ့ မြေငှါးရမ်း သုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှား စာချုပ် ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

ဂရန် လျှောက်ထားခြင်း

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိက များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရ ပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။

အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန် ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။

ဂရန် ချထားခြင်း လုပ်ငန်း အတွက် အောက်မြန်မာပြည်မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း ဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်း တွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။ ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်ကမြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇဝင် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိက တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

ဂရန် လုပ်င န်း၌ ကြေး/မြေ၏ အခန်း ကဏ္ဍ

အမှန်ကတော့ ဂရန် အမှုတွဲ ကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော် အရာရှိရုံး က ဖြစ်ပေမဲ့ ဂရန် လျှောက်မဲ့မြေကို မြေပုံ ရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန် ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထား များ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်း ဌာနဖြစ်လေတော့ ဂရန် ထုတ်ပေးနိုင်ဘို့ မြေစာရင်း က တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။ ဂရန် ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်း ဌာန အနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။

ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင် ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာကစာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲရောယောင်ပါသွားတာ မဆန်းပါ။

အခုခေတ် ဂရန် တချို့ဥပဒေ နဲ့ ညီရဲ့လား
လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန် အမှုတွဲ တွေ မြေစာရင်းဌာန ကိုပေးပို့လာတဲ့အခါမြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲ ဥပဒေ မှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်း ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။

မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရ မှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရ မှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။

အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှအသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်းအဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။

ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါ ဘူး။ ချထားလိုရင်တော့မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။

အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကိုမြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့်ရှိ သောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကိုအစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊


ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။

ရေးသားသူ – ဇော်မင်း(နတ်မောက်) အား Credit ပေးပါသည် ။

Sunday, April 29, 2018

*** လေထုညစ်ညမ်းမှုနှင့် ကင်ဆာရောဂါ ***



✔️ MWD: ဆရာရှင့်..ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုဟာ ကင်ဆာရောဂါနဲ့ ဆပ်စပ်မှုရှိနေတယ်လို့ အခုတစ်လော နိုင်ငံတကာကျန်းမာရေးသတင်းတွေမှာ ထုတ်လွှင့်တာတွေ တွေ့နေရပါတယ်ဆရာ..အဲ့ဒါဘယ်လိုများ ဆက်စပ်တယ်ဆိုတာ အရင်ဆုံးရှင်းပြပေးပါ..

Dr. KML: မှန်ပါတယ်.. မကြာသေးခင် ၂၀၁၇ ခုနှစ် မတ်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားတဲ့နှုန်းဟာ နိုင်ငံတိုင်းမှာမြင့်တက်နေပြီး ဖြစ်ပွားရတဲ့အကြောင်းရင်း များစွာအနက် အရေးအပါဆုံးအကြောင်းအရာကတော့ လေထုညစ်ညမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်.. ''Air Pollution is a leading cause of cancer'' လို့ ပြောပါတယ်..ကျွန်တော်တို့ လူသားတွေဟာ မွေးတဲ့အချိန်ကနေစပြီး သေဆုံးချိန်အထိ ခန္ဓာကိုယ်ကြီး အမြဲတမ်း လှုပ်ရှားသွားလာနိုင်ဖို့အတွက် input အုပ်စု(၃)ခု သွင်းပေးဖို့လိုပါတယ်..
၁။ နှာခေါင်းကနေတဆင့် လေကိုရှူရတယ်။
၂။ ပါးစပ်ကနေတဆင့် ရေသောက်ရတယ်။
၃။ ပါးစပ်ကပဲ အစားအစာကို စားသောက်ကြရတယ်။

ဒီလိုရယူရာမှာ အားလုံးသိတဲ့အတိုင်းပဲ အစားအစာမစားရရင် တစ်ပတ် ၁၀ ရက်ဆက်ပြီး ရှင်သန်နိုင် သေးတယ်.. ရေမသောက်ရရင်လဲ တစ်ရက်နှစ်ရက် နေနိုင်သေးတယ်..ဒါပေမယ့် လေမရှူရရင်တော့ မိနစ်ပိုင်းအတွင်းမှာ သေဆုံးရမှာ ဖြစ်ပါတယ်.. ဆိုလိုတာက ဒီသုံးမျိုးထဲမှာ လေကိုရှူသွင်းခြင်းဟာ အသက်ရှင်ရပ်တည်ဖို့အတွက် အရေးအကြီးဆုံးနဲ့ အမှားအယွင်းအတိမ်းအစောင်း မခံဆုံး ဖြစ်ပါတယ်..

ကောင်းပါပြီ..လူတစ်ယောက်ကျန်းမာဖို့အတွက် သန့်ရှင်းတဲ့အစားအစာ၊ သန့်ရှင်းတဲ့ရေတွေ စားဖို့သောက်ဖို့လိုသလို သန့်ရှင်းတဲ့လေကောင်းလေသန့်ကို အမြဲရှူရှိုက်ရဖို့အတွက်လဲ အလွန်ပဲ အရေးကြီးပါတယ်.. လေကောင်းလေသန့်လို့ဆိုရာမှာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လေရဲ့ဖွဲ့စည်းပုံအရ Nitrogen 78% ? Oxygen 21% ပါရှိဖို့ လိုအပ်ပြီး ကျန် 1% ကတော့ CO2, Argon တို့နဲ့ ဖွဲ့စည်းထားရပါမယ်..ပြီးတော့ ဖုန် (Dust) တွေနဲ့ အညစ်အကြေး Particle တွေလဲ ကင်းစင်ရမှာ ဖြစ်ပါတယ်..တကယ်လို့ လေထုထဲမှာရှိတဲ့ CO2 နဲ့ အခြားဓာတ်ငွေ့တွေဟာ 1% ထက်ပိုလာမယ်.. ပြီးရင် Waste products တွေ ပါဝင်လာမယ်ဆိုရင် လေထုညစ်ညမ်းမှု (Air Pollution) လို့ ခေါ်ပါတယ်.. ပါဝင်တဲ့အညစ်အကြေးတွေကိုတော့ Pollutant လို့ေ ခ်ါပါတယ်..အဲ့ဒီ Pollutant တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေ များစွာပါဝင်နေပါတယ်.. အဲ့ဒီလေကို နေ့စဉ်ရှူနေရရင် ကြာတဲ့အခါ ကင်ဆာရောဂါအမျိုးမျိုးဖြစ်စေနိုင်ကြောင်း သုတေသန စာတန်းတွေအရ သိရပါတယ်.. အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာဖြစ်ပါတယ်..

✔️ MWD: ဒီ အညစ်အကြေး Pollutant တွေဟာ လေထုထဲကို ဘယ်နည်းဘယ်ပုံရောက်လာတာပါလဲ ဆရာ..

Dr. KML: လေထုထဲကို Pollutant တွေရောက်လာတဲ့ sources အဓိက (၂)ခုရှိပါတယ်..တစ်ခုက သဘာဝအလျောက်ရောက်လာခြင်းနဲ့ ဒုတိယကတော့ လူသားတွေရဲ့ မဆင်မခြင် လုပ်ဆောင်မှု များကြောင့် ဖြစ်ပါတယ်..

ပထမအမျိုးအစားဖြစ်တဲ့ Natural sources အနေနဲ့ အဓိကအကျဆုံး ကတော့ မီးတောင်တွေ ပေါက်ကွဲခြင်းကြောင့်ဖြစ်ပါတယ်.. မီးတောင်ပေါက်ရင် လေထုထဲကို ပြာမှုန့်တွေ အများအပြားလွင့်စင်လာတဲ့အပြင် လူတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့ SO2 (Sulphur dioxide) နဲ့ NO (Nitrogen oxide) တွေဟာ လေထဲကို များစွာလွင့်လာတဲ့ အတွက် လူတွေသတ္တဝါတွေ သေကြေ ပျက်စီးစေနိုင်ပါတယ်.. ၁၈၈၃ ခုနှစ်က Indonesia နိုင်ငံမှာ ရှိတဲ့ Krakatoa မီးတောင်ပေါက်တုန်းက ဆိုရင် ပြာတွေဟာ အထက်အမြင့်ကို မိုင်ပေါင်း ၃၀ လောက်အထိ ပျံ့လွင့်ပြီး ဘေးကို စတုရန်းမိုင်ပေါင်း သုံးသိန်းလောက်ပျံ့လွင့်တာ (၂)နှစ်တိတိ ကောင်းကင်တစ်ခုလုံး မှောင်ကျနေခဲ့ကြောင်း သိရပါ တယ်.. နောက် တောမီးလောင်တဲ့အခါမှာ ထွက်လာတဲ့မီးခိုးနဲ့ ဓာတ်ငွေ့တွေ၊ Lightning strikes လို့ခေါ်တဲ့ လျှပ်စီးလက်ရင် ဓာတ်ငွေ့တွေ ပြိုကွဲလို့ရယ်၊ ပင်လယ်မှာရှိတဲ့ သတ္တဝါလေးတွေ သေဆုံးလို့ပျက်စီးတဲ့အခါ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့်လဲ လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်.. တစ်နေ့မှာ Nitrogen oxide တန်ချိန်ပေါင်း ၅၁၀ဝ၀ လောက်အထိ ပင်လယ်ကနေ ထွက်ပါတယ်..လျှပ်စီးလက်ရင် အပူချိန် 30,000 HC လောက်အထိရှိတာကြောင့် လေထဲမှာရှိတဲ့ Nitrogen နဲ့ Oxygen တွေဟာ Atom တွေအဖြစ် ပြိုကွဲပြီး လျှပ်စီးလက်ပြီးရော Nitrogen နဲ့ Oxygen Atom တွေ ပေါင်းစပ်ရာက NO (Nitrogen oxide) တွေ ထွက်စေတာ ဖြစ်ပါတယ်..နောက် Radon ဆိုတာလဲ ရှိသေးတယ်.. သူကတော့ Radium ဓါတ်ငွေ့တွေ ပြိုကွဲပျက်စီးပြီး ထွက်လာတာ ဖြစ်ပါတယ်..သဘာဝ ကျောက်တုံးတွေ၊ Sand stone တို့ marble တို့ Granite တို့ brick and concretes တို့ကနေ ပြိုကွဲပြီး ထွက်လာတာဖြစ်ပါတယ်..မြေကြီးနဲ့ ဓာတ်ပြုပြီးမှ ထွက်လေ့ရှိတာမို့ မြေအောက်ခန်း တွေမှာ ပိုတွေ့ရတတ်ပါတယ်.. မြေအောက်ခန်းတွေမှာ ကွဲတာအက်တာရှိရင် အခန်းထဲကို ဝင်လာတတ်တဲ့ အဆိပ်ဓာတ်ငွေ့တစ်မျိုး ဖြစ်ပါတယ်..

✔️ MWD: သဘာဝကနေ ထွက်လာတဲ့ Pollutant တွေ အကြောင်းတော့ သိရပါပြီဆရာ.. လူတွေကြောင့် ဖြစ်တဲ့ Pollutant တွေအကြောင်းလဲ ဆက်ပါဦး..

Dr. KML: အဓိကကတော့ လောင်စာရရှိအောင်ပြုလုပ်မှု (Fuel combustion) ကြောင့် ဖြစ်ပါတယ်..သဘာဝထက်စာရင် လူကြောင့်ဖြစ်တဲ့ Air pollution ဟာ တစ်နေ့ထက်တစ်နေ့ ပိုများလာတာတွေ့ရပါတယ်..လူတွေဟာ Energy အတွက် မီးကိုအသုံးပြုရာမှာ မတိုးတက်ခင် တုန်းကတော့ ထင်းကိုသုံးကြတယ်.. တောင်ယာမီးရှို့ကြလို့ သစ်တောတွေ ပြုန်းတီးပြီး လေထုညစ်ညမ်းမှုကိုဖြစ်စေလို့ နောက်ပိုင်းမှာ အသုံးနည်းလာပါတယ်..သက်ဆိုင်ရာအစိုးရတွေရဲ့ တားမြစ်ကန့်သတ်မှုကလဲ အကြောင်းတစ်ခုဖြစ်ပါတယ်.. ၁၇၀၉ ခုနှစ်မှာ ထင်းနဲ့မီးသွေးနေရာကို ပိုမိုလောင်ြွကမ်းအားကောင်းတဲ့ ကျောက်မီးသွေးနဲ့ အစားထိုးခဲ့ကြပါတယ်.. ၁၇၁၂ ခုနှစ်မှာ ရေနွေးငွေ့အင်ဂျင်ကို တည်ဆောက်တဲ့အခါမှာ စက်မှုတော်လှန်ရေးစတင်ခဲ့လို့ လောင်စာ အသုံးပြုမှု ပိုများလာ ခဲ့ပါတယ်.. အကျိုးဆက်အနေနဲ့ စက်ရုံအလုပ်ရုံတွေကနေ ထွက်တဲ့မီးခိုး တွေဟာ လေထုထဲကို စတင်ညစ်ညမ်း လာစေပါတယ်..

အရင်ခေတ်တုန်း ကတော့ စက်ရုံကြီးတွေ မီးခိုးတလူလူလွင့်နေရင် နိုင်ငံတော်တိုးတက်မှုရဲ့ ပြယုဒ်အဖြစ် ဂုဏ်ယူစွာပြောခဲ့ကြပါတယ်.. ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ စက်ရုံတွေ ကနေ ထုတ်လွှင့်လိုက်တဲ့မီးခိုးတွေကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းပြီး ကင်ဆာရောဂါတွေ ဖြစ်လာကြလို့ ဘယ်သူမှ မလိုလား ကြတော့ပါဘူး.. ပြည်သူလူထုအကျိုးကိုကြည့်တဲ့ နိုင်ငံတွေမှာတော့ မီးခိုးထွက်တဲ့စက်ရုံ တွေကို ခွင့်မပြုတော့ပါဘူး... အဆိုးဆုံးကဏ္ဍဖြစ်တဲ့ မော်တော်ကားကိုတော့ ၁၈၈၅ ခုနှစ်မှာ စတင်တီထွင်ခဲ့ပါတယ်.. ဒီနေ့အခါမှာ တစ်ကမ္ဘာလုံး မော်တော်ကားအသုံးပြုမှုဟာ သန်း ၈၀ဝ ကျော်ရှိပါတယ်.. မော်တော်ကား Exhaust က ထွက်တဲ့မီးခိုးတွေဟာ ဒီနေမြို့ပြဒေသေတွေမှာ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ရဲ့ ၉၀% ဟာ သူ့ကြောင့်ဖြစ်ကြောင်း သိရပါတယ်.. မော်တော် ဆိုင်ကယ်နဲ့ အခြားအိမ်သုံးပစ္စည်းတွေကလဲ ဒုက္ခပေးပါတယ်.. ညစ်ညမ်းနေတဲ့လေထုထဲမှာ ပါဝင်တဲ့ အမှုန်အနေနဲ့တစ်ခုချင်းက သေးငယ်လွန်းလို့ သာမန် မျက်စိနဲ့မမြင်နိုင်ပါဘူး.. ဒါပေမယ့် များလာရင် မီးခိုး (smog) အနေနဲ့တွေ့ရမှာဖြစ်ပါတယ်.. အဓိကကတော့ စက်မှုလုပ်ငန်းတွေ ကနေထွက်လာတဲ့ မီးခိုးတွေ၊ အမှုန်တွေဟာ Carbon black ဘူခေု လို့ခေါ်တဲ့ မီးသွေးမှုန်ေ တွဖြစ်ပါတယ်.. Carbon black ဆိုတာကတော့ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ မိတ္တူကူးစက် (copier machine)၊ Printer က မင်တွေ၊ သုတ်ဆေး (Paint)၊ မော်တော်ကားတာယာတို့မှာ တွေ့နိုင်ပါတယ်.. Carbon-rich fuel ဖြစ်တဲ့ petroleum တွေ မီးရှို့ရာကနေ ရရှိပါတယ်..

✔️ MWD: အခုဆိုရင် ကျွန်မတို့နိုင်ငံမှာ စက်ရုံအလုပ်ရုံတွေလည်းများလာတဲ့အပြင် စက်မှုဇုန်အသစ်တွေလည်းတိုးချဲ့လုပ်ဆောင်နေတာ တွေ့ရပါတယ်.. အဲ့ဒီစက်ရုံတွေကနေ မီးခိုးတွေမထုတ်အောင် ဘယ်လိုများလုပ်သင့်တယ်ဆိုတာ ဆရာ့ရဲ့အမြင်လေးကိုလည်း သိပါရစေ..

Dr. KML: ကျွန်တော်တို့နိုင်ငံမှာ စက်ရုံကြီးတွေတိုးလာတာကောင်းပါတယ်.. လူတွေ အလုပ်အကိုင် ရမယ်၊ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး ဝင်ငွေတွေတိုးတက် လာလို့ ကြိုဆိုရ ပါမယ်..ဒါပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေတဲ့ စက်ရုံတွေမဖြစ်ဖို့တော့ အလွန်အရေးကြီးပါတယ်.. ကင်ဆာရောဂါနဲ့ ပတ်သက်လို့ပြောရရင် မြန်မာနိုင်ငံဟာကမ္ဘာမှာ ကင်ဆာအဖြစ်များဆုံး ဒုတိယနိုင်ငံဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်..ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်များစွာရှိတဲ့အနက် လေထုညစ်ညမ်းမှုကတော့ နံပါတ် (၁) ပါလို့ဆိုပါတယ်.. ဒီလိုဖြစ်လာတဲ့ကင်ဆာတွေအတွက် ဆေးရုံကြီးတွေတိုးချဲ့၊ ကင်ဆာကုသဆေးတွေကိုသုံး၊ ကင်ဆာ ဓာတ်ရောင်ခြည်ကုသတာတွေကိုသုံးပြီး ကုနေရုံနဲ့မပြီးသေးပါဘူး.. မူရင်းရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖယ်ထုတ်နိုင်မှသာ ကင်ဆာဖြစ်ပွားမှုနှုန်းက လျော့ကျလာမှာ ဖြစ်ပါတယ်..ဒါ့ကြောင့် သန့်ရှင်းကောင်းမွန်တဲ့ လေကို ရရှိဖို့အရေးကြီးပါတယ်.. ဒါကြောင့် စက်ရုံလုပ်ငန်းရှင်များအနေနဲ့ မိမိစက်ရုံကနေ ပတ်ဝန်းကျင်ထဲကို မီးခိုးတွေမထုတ်လွှင့်ဖို့ စီမံဆောင်ရွက်ကြရပါတယ်..အုပ်ချုပ်သူတွေအနေနဲ့လည်း စက်ရုံအလုပ်ရုံတွေကို ပတ်ဝန်းကျင် လေထုညစ်ညမ်းတဲ့အထိ မီးခိုးတွေထွက်နေတာမျိုးကို အမြဲစောင့်ကြည့်ပြီး ထွက်တယ်ဆိုတာနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်.. ချက်ချင်းစက်ရုံကို ခေတ္တပိတ်ခိုင်းပြီး မီးခိုးမထွက်အောင် အမြန်ဆုံးပြုပြင်နိုင်ရပါမယ်.. မီးခိုးမထွက်ဘူးဆိုမှ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပေးရပါမယ်.. ဒီလိုမျိုးမလုပ်ရင်တော့ စက်ရုံကထွက်တဲ့မီးခိုးတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေ ရှူမိရင် အထဲကနုနယ်တဲ့ သန္ဓေသားကိုထိခိုက်စေပါမယ်.. ကလေးတွေရှူမိရင် ကင်ဆာရောဂါ အပါအဝင် အခြားရောဂါမျိုးစုံကို ရနိုင်လို့ပဲဖြစ်ပါတယ်..

✔️ MWD: လေထုညစ်ညမ်းတယ်ဆိုတာ ဘယ်လိုမျိုးပစ္စည်းတွေနဲ့ ညစ်ညမ်းနေတယ်ဆိုတာလဲ သိပါရစေ..

Dr. KML: အဓိကအုပ်စု (၂) ခုရှိပါတယ်.. ပထမအုပ်စုကတော့ အန္တရာယ်ရှိသောဓါတ်ငွေ့များပါဝင်မှု (gas pollutant) နဲ့ အမှုန်များ ညစ်ညမ်းမှု (Particulate matter pollutant) ဆိုပြီး ဖြစ်ပါတယ်.. Gas pollutants အနေနဲ့အဓိက Gas သုံးမျိုးဖြစ်ပါတယ်.. SO2 ရယ်၊ Nitrogen compound (NO, NO2 )နဲ့ Carbon compound (CO, CO2) တွေပဲ ဖြစ်ပါတယ်..SO2 ကတော့ အရောင်မရှိ ပေမယ့် အနံ့ပြင်းတဲ့ဓါတ်ငွေ့ဖြစ်ပါတယ်.. စက်မှုလုပ်ငန်းသုံးအနေနဲ့ H2SO4 ပြုလုပ်ရာမှာဖြစ်ဖြစ်၊ စက္ကူစက်တွေမှာ အရောင်ချွတ်ခြင်း (Bleaching paper)လုပ်ရာမှာဖြစ်ဖြစ် အသုံးတည့်တဲ့ Chemical ဖြစ်ပါတယ်.. နည်းရင် ပြဿနာ မဟုတ်ပေမယ့် များရင်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်.. ရေနဲ့ပေါင်းရင် H2SO4 အဖြစ်ပြောင်းပြီး Acid Rain အဖြစ် ပြန်ကျ လာပါတယ်.. Nitrogen compound ကတော့(၂)ခု ရှိပါတယ်.. Nitric oxide(NO) နဲ့ Nitrogen dioxide (NO2) တို့ပဲ ဖြစ်ပါတယ်.. ကျွန်တော်တို့ ခန္ဓာကိုယ်ထဲ မှာလဲ NO ရှိနေပြီး သွေးလှည့်ပတ် မှုနဲ့ Nerve signaling အတွက် အသုံးပြုတာမို့ နည်းရင်သိပ်ပြဿနာမဟုတ်ပါ.. ဒါပေမယ့် လေထုထဲမှာ ရောက်တဲ့အခါ လေထဲမှာရှိတဲ့ Exhaust fume နဲ့ ပေါင်းရင် NO2 ကို ရပါတယ်..မြို့တွေမှာ smog အဖြစ်မြင်နေရတာဟာ NO2 တွေဖြစ်ပါတယ်.. ရေနဲ့ဓာတ်ပြုရင် Nitric acid အဖြစ်ကိုပြောင်းပြီး Acid Rain ဖြစ်စေပါတယ်..Carbon compound အနေနဲ့လဲ Carbon monoxide (CO) နဲ့ Carbon dioxide (CO2) ဆိုပြီး ရှိပါတယ်.. CO ကတော့ ပိုဆိုးတာပေါ့လေ.. မော်တော်ကား Exhaust မှာ အများဆုံး ပါရှိပါတယ်.. ခန္ဓာကိုယ်အတွင်း ဝင်ရင် သွေးနီဥများ ပါတဲ့ Hemoglobin နဲ့ ပေါင်းပြီးရင် ချက်ချင်းသေဆုံးနိုင်ပါတယ်.. CO2 ကတော့ မီးရှို့ရင် ထွက်လာတဲ့ဓာတ်ငွေ့ဖြစ်ပြီး ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံ အာနိသင်ကိုပေးပါတယ်.. သူ့ကြောင့်မို့ Global warming တွေဖြစ်ပြီး လေမုန်တိုင်းတွေတိုက်၊ ရေခဲတွေပျော်၊ ရေတွေကြီး မြေငလျင်လှုပ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်..

✔️ MWD: ခုနကဆရာပြောသွားတဲ့အထဲမှာ Acid Rain ဆိုပြီး ပြောသွားပါတယ်..အဲဒါကရောဘာပါလဲဆရာ..

Dr. KML: သာမန်မိုးရွာတဲ့အခါမှာ pH ကိုတိုင်းကြည့်ရင် ၆ လောက်ရှိပါတယ်.. Neutral pH က 7 ဖြစ်တော့ ပုံမှန်မိုးရေဟာ acid ဓါတ် အနည်းငယ် ရှိပါတယ်.. Air pollution ဖြစ်လို့ရှိရင် လေထုထဲမှာံ H2SO4 နဲ့ H2NO3 တွေ များလာတဲ့အတွက် pH တန်ဖိုးအားဖြင့် 5 ရဲ့အောက်ကိုရောက်သွားတာကို Acid Rain လို့ခေါ်ပါတယ်.. Aicd Rain ဆိုတဲ့အတိုင်း မိုးရွာပြီးရင်အရာဝတ္တုအားလုံးဟာ အက်စစ်နဲ့ဖြန်းလိုက်သလို တိုက်စားခံရပါတယ်..သံတွေဆိုရင်လဲ စားသွားမယ်..ကတ္တရာလမ်းတွေ ကွဲကုန်မယ်..ပိုဆိုးတာက သစ်ပင်တွေသေဆုံးကုန်တာပါပဲ.. သစ်ပင်တွေ သေတဲ့နေရာမှာရှိတဲ့မြေကြီးဟာ acid ဖြစ်နေတော့ ဘာပင်မှဆက်စိုက်လို့မရတော့ပဲ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ်..နောက်ကလေးတွေ မိုးရွာထဲမှာရေချိုးတာ တကယ်လို့များ Acid Rain နဲ့တွေ့ရင် အရေပြားတွေရောင်ရမ်းတာ၊ ကွာကျတာ၊ အနာတွေပေါက်တာတွေ ဖြစ်နိုင်ပါတယ်.. မျက်စိတွေ ထိခိုက်ပြီးအမြင်အာရုံတွေ ချို့ယွင်းလာ တတ်ပါတယ်. pH တန်ဖိုးကို 1 ကနေ 14 အထိသတ်မှတ်ထားပါတယ်.. pH 7 ဆိုရင် ရေဆိုတာလူတိုင်း သိပါတယ်.. pH 7 ထက်နည်းရင် acid လို့ ခေါ်ပြီး များသွားရင် Alkali (base) လို့ခေါ်ပါတယ်.. acid ထဲမှာ မော်တော်ကား battery acid ဟာ အပြင်းဆုံးဖြစ်ပြီး pH 1 ဖြစ်ပါတယ်.. Alkali ထဲမှာ coustic soda ဟာ အပြင်းဆုံးဖြစ်ပြီး pH 14 ရှိပါတယ်..

✔️ MWD: လေထုညစ်ညမ်းမှုရှိတယ်/မရှိဘူးဆိုတာ ဘယ်လိုများ သိနိုင်ပါမလဲဆရာ..

Dr. KML: လေထုညစ်ညမ်းမှုကို တိုင်းတာရာမှာ အဓိက (၂) နေရာမှာ တိုင်းတာပါတယ်.. ပထမတစ်ခုကထွက်တဲ့ Exhaust ကို တိုင်းတာပါ..ဥပမာ မော်တော်ကား source ကနေထွက်တာကို တိုင်းတာခြင်းဖြစ်ပါတယ်..သတ်မှတ်ချက်ထက်ပိုနေရင် ဒီကားကိုလမ်းပေါ်မှာ မောင်းခွင့်မပြုပါဘူး..မောင်းရင် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှာဖြစ်ပါတယ်..အလားတူ စက်ရုံအလုပ်ရုံတွေကနေထွက်တဲ့ မီးခိုးတွေကိုလဲ တိုင်းတာပြီး ခွင့်ပြုသင့်မှခွင့်ပြုပါတယ်.. ဒုတိယကတော့ ကျွန်တော်တို့တစ်တွေ ရှူနေတဲ့လေကို တိုင်းတာခြင်းဖြစ်ပါတယ်.. ဒီလိုတိုင်းတာ ရာမှာ Ringelmann Chart ကို အသုံးပြုပြီး တိုင်းတာ ပါတယ်..ပြင်သစ်လူမျိုးပါမောက္ခ Maximilien Ringelmann ၁၈၈၈ ခုနှစ်မှာ စတင်တီထွင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်.. သူ့မှာ Grade 0 ကနေ 5 အထိ ပေးထားပါတယ်.. Grade 0 က Total white (Free from Pollutant) ဖြစ်ပါတယ်.. သူကလေထုညစ်ညမ်းမှု အနည်းဆုံးဖြစ်ပြီး Grade 5 က အများဆုံးဖြစ်ပါတယ်..

✔️ MWD: Air Pollution ဟာ မြို့ပြနဲ့ကျေးလက်ဘယ်ဟာက ပိုဆိုးပါသလဲ..

Dr. KML: ဒါကတော့ရှင်းပါတယ်..မြို့ကြီးလေပိုဆိုးလေလို့ သာမန်အားဖြင့် ပြောလို့ရပါတယ်..ကမ္ဘာ့လေထု ညစ်ညမ်းမှုအများဆုံးနေရာတွေလို့ သတ်မှတ်ထားတဲ့ Mexico City, Los Angeles, Shanghai, Beijing, Manila, Bangkok စတာတွေဟာ လူနေထူထပ်တဲ့မြို့ကြီး တွေဖြစ်ပါတယ်..မြို့ကြီးတွေဖြစ်တဲ့အတွက် မော်တော်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ စက်ရုံတွေ၊ Fuel အသုံးပြုမှုတွေဟာ ပိုများပါတယ်..ဒါကြောင့် ဒီမြို့မှာနေသူတွေဟာ သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူရဖို့ မလွယ်ကူပါဘူး. .ကျေးလက်ပိုင်းကိုရောက်လေလေ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရလေလေ ဖြစ်ပါတယ်..ဒါပေမယ့် လေထုဆိုတာ ဘောင်ခတ်ထားလို့ရတာမဟုတ်တော့ တစ်နေရာမှာ Pollution ဖြစ်ရင်ကျန်တဲ့နေရာကိုလဲ ပျံ့နှံ့တဲ့သဘောတော့ ရှိပါတယ်..ဒါကြောင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရာမှာ မြို့ပြရော ကျေးလက်နေသူများပါ အားလုံးမှာတာဝန်ရှိပါတယ်..

✔️ MWD: မြို့ပြမှာနေသူတွေအနေနဲ့ အိမ်ထဲမှာနေတဲ့သူတွေနဲ့ အပြင်မှာထွက်တဲ့သူဆိုရင် အပြင်ထွက်လုပ်ကိုင်ရတဲ့သူက ပိုဆိုးမှာပေါ့နော်..

Dr. KML: ဒါကတော့ ပုံသေပြောလို့မရပါ.. Air pollution မှာ အဆောက်အဦတွင်း လေထုညစ်ညမ်းမှု (Indoor Air pollution) နဲ့ အဆောက်အဦး ပြင်ပလေထုညစ်ညမ်းမှု (Outdoor Air Pollution) ဆိုပြီး နှစ်မျိုးရှိရာမှာ တစ်ခါတစ်ရံမှာ အဆောက်အဦတွင်း လေထု ညစ်ညမ်းမှု ကအများကြီး ပိုဆိုးနေတာ တွေ့ရပါတယ်..ဥပမာအားဖြင့် မီးဖိုချောင်မှာ ထင်းနဲ့ချက်ရင်ပဲဖြစ်ဖြစ်၊ တစ်ဝက်တစ်ပျက် လောင်ကြွမ်းနေတဲ့လောင်စာ ကို အသုံးပြုရင်ပဲဖြစ်ဖြစ် အန္တရာယ်ပေးတဲ့ဓာတ်ငွေ့တွေ ထွက်ပါတယ်..အချို့ cleaning agent တွေကနေ ထွက်လာတဲ့ Ammonia ဓာတ်ငွေ့ဟာလဲ ဆိုးပါတယ်..ဆပ်ပြာမှုန့် တွေသုံးတဲ့အခါမှာပဲဖြစ်ဖြစ် အဆောက်အဦအတွင်း ရေကူးကန်တွေကို သေသေချာချာ မပြုလုပ်ရင်ဘဲ ဖြစ်ဖြစ် Chlorine ဓာတ်ငွေ့ထွက်ပါတယ်.. ဒါ့ထက်ပိုဆိုးတာက အိမ်ထဲမှာ ဆေးလိပ်သောက်တဲ့သူတစ်ယောက်ရှိရင် တစ်အိမ်သားလုံး ဒုက္ခရောက်နိုင်ပါတယ်..ဆေးလိပ် မီးခိုးမှာ ဓာတ်ပေါင်း ၄၀ဝ၀ ကျော် ပါဝင်ပြီး အဲ့ဒီထဲမှာ ၄၃ မျိုးဟာ ကင်ဆာဖြစ်စေနိုင်ကြောင်းတွေ့ရှိထားပြီး ဖြစ်ပါတယ်.. နောက်ခြင်ဆေးခွေ တို့ အမွှေးတိုင် ထွန်းတာတို့ကလည်း အဆောက်အဦအတွင်း လေထုညစ်ညမ်းမှုကိုဖြစ်စေပါတယ်..

✔️ MWD: ဒီလိုမျိုးညစ်ညမ်းတဲ့လေကိုရှူမိရင် ကျန်းမာရေးအပေါ်မှာ ဘယ်လိုများထိခိုက်နိုင်ပါသလဲဆရာ..

Dr. KML: ထိခိုက်နိုင်တာကတော့ အများကြီးပဲ..အရေးကြီးတာကိုပြောရရင်

၁။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဘယ်နေရာမှာမဆို ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်..ထိတွေ့မှုများ လေလေ ပိုဖြစ်ဖို့များလေဖြစ်ပါတယ်.. gene mutation တွေ ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်.. ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကင်ဆာရောဂါဖြစ်ပွားတဲ့နှုန်း မြင့်မားလာနေတာဟာ လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပွားရခြင်း ဟာလဲ အဓိကကျပါတယ်..အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတွေကို အဓိကဖြစ်စေနိုင်ပါတယ်..
၂။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်ပါတယ်..ပန်းနာရင်ကြပ်ရောဂါ (ချောင်းဆိုးရင်ကြပ်၊ အသက်ရှူကြပ်ခြင်း)၊ အဆုတ်အအေးမိ၊ တီဘီ ရောဂါဖြစ်လွယ်နိုင်ပါတယ်..
၃။ မျက်စိအမြင်အာရုံထိခိုက်ခြင်း၊ မျက်စိနာခြင်းမှအစ မျက်စိရောဂါအမျိုးမျိုး ဖြစ်စေနိုင်ပါတယ်..
၎။ ခန္ဓာကိုယ်ခုခံအားစနစ်ကျစေနိုင်ပါတယ်..ရောဂါပိုး (infection) တွေ ဝင်နိုင်ပါတယ်.. ရောဂါတွေ မကြာခဏဖြစ်နိုင်ပါတယ်..

✔️ MWD: ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်များကို ဘာများ ပြောချင်ပါသလဲ ဆရာ..

Dr. KML:
(၁) Air Pollution ကိုလျော့နည်းအောင် ပြုလုပ်ရာမှာ လူတိုင်းမှာ တာဝန်ရှိပါတယ်.. Pollution ကို ဖန်တီးတဲ့နေရာမှာ မပါဝင်ဖို့ ဂရုစိုက် သင့်ပါတယ်..တောမီးရှို့တာ၊ ထင်းမီးရှို့တာကအစ အမှိုက်မီးရှို့တာအဆုံး မလုပ်မိဖို့ အရေးကြီးပါတယ်..အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့လဲ လိုပါတယ်..

(၂) စက်ရုံတွေအနေနဲ့ မီးခိုးမထွက်အောင် ဂရုပြုလုပ်ကိုင်ဖို့လိုပါတယ်..မိမိရဲ့အကျိုးစီးပွားအတွက် ဘေးပတ်ဝန်းကျင်မှာနေထိုင်သူတွေကို ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေးထိခိုက်စေခြင်း မလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်..စစ်ဆေးဖို့တာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူလူထု ကျန်းမာရေးကို ရှေးရှုပြီး ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်..

(၃) စက်ရုံ၊ အလုပ်ရုံ၊ ကျောက်မီးသွေးတွင်းတူးလုပ်သား၊ ရေနံဓာတုစက်ရုံ၊ စက္ကူစက်၊ ချည်စက်၊ ဘိလပ်မြေစက်ရုံတွေမှာ ဖုန်တွေ၊ မီးခိုးတွေထွက်တဲ့ နေရာမှာလုပ်တဲ့ လုပ်သားတွေအနေနဲ့ Protection အနေနဲ့ Mask တွေတပ်ဖို့.. Air Pollution ကြောင့်ဖြစ်တဲ့ရောဂါတွေကို ရှောင်လွှဲနိုင်ဖို့ မြို့ထဲ မီးခိုးများတဲ့နေရာတွေကို Mask တပ်ဖို့ .. Mask တပ်တာဟာ ရှက်စရာမဟုတ်ပါဘူး..

(၄) မော်တော်ကား၊ မော်တော်ဆိုင်ကယ် မီးခိုးထွက်ရင် အမြန်ဆုံးပြုပြင်မောင်းနှင်ကြဖို့နဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းသူများကလည်း အချို့အဆိုပါ ယာဉ်တွေကို လမ်းပေါ်မှာ မောင်းခွင့်မပေးဖို့ ကြီးကြပ်ပေးရပါမယ်.. (၅) ဆေးလိပ်သောက်တဲ့သူတွေဟာ အိမ်ထဲမှာသောက်ရင် အိမ်သားတွေကို ကျန်းမာရေး ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ဖို့ အမွှေးတိုင်၊ ခြင်ဆေးခွေတွေ မသုံးဖို့ ပြောကြားလိုပါတယ်..

# MWD Health Talk Program
#ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals) 

Saturday, April 28, 2018

Martial Arts သင်တန်းများသင်တန်းများ

***** Martial Arts Institutes - သိုင်း နှင့် လက်ဝှေ သင်တန်းကျောင်း လိပ်စာများ *****


Myanmar Thaing Federation – မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်
Maung Makan Kantharyar Road
North Dagon, Yangon, Myanmar
Phone: 95+01-580712, 584353
Email: mtfthaing66@gmail.com
Facebook: https://www.facebook.com/MTF.Martialart/

Myanmar Thaing Byaung Byan Association – မြန်မာနိုင်ငံသိုင်းပြောင်းပြန်အဖွဲ့ချုပ်
Sayagyi U Aung Thein
No. (128), Kyaik Khauk Pagoda Road
Thanlyin Township, Yangon;
Phone: 95-9450030502
Website: http://itbba.org/

LungeThaing (Burma Martial Art) – မြန်မာ့သိုင်းလူငယ်အဖွဲ့
Sayagyi U Aung Kyaw Sann
Phone: 09 425 016 872 (Ko Shein Min Kyaw), 09 450 024 553 (Ko Aung Naing Tun)
Email: bando.lunge@gmail.com
Facebook: www.facebook.com/pages/LungeThaing-Burma-Martial-Art/438858776157794

Thaing Byaung Byan (သိုင်းပြောင်းပြန်)
Sayagyi U Thein Aye
No. (307), 11th Street
Thamaing Ward (1)
Mayangone Township, Yangon;
(Near Bayintnaung Juction, Myint Mo Hein Tuition Classes)
Phone: 01-653307, 0973149967
Website: http://www.khukhachant.per.mm
Facebook: www.facebook.com/khukhachant.martialart

Myanmar Zar Ti Thway Thaing Pin Ma – မြန်မာ့ဇာတိသွေးသိုင်းပင်မ
Saya U Zaw Min Tun
H(12/2), U Loon Maung Street, 7 Miles,
Mayangone Township, Yangon;
Phone: 09425018822
Facebook: www.facebook.com/zawmin.tun.98871
Email: myanmarzartithway@gmail.com

Dragon King – နဂါးရာဇာ
Saya Yan Naing
No. (397), (6th Floor)
Maha Bandoola Road
Between 38th Steet And Seikkantha Street
Kyauktada Township, Yangon;
Phone: 09-5016623

Mahar Kyunan (Northern China) – Chinese Self-Defence Club – မဟာကြူနန်း
YMCA (Yangon)
Between Theinbyu and Maha Bandoola Road
Phone: 01-294128, 294109
Timetable
- Mon, Wed and Fri (7:00 AM – 9:00 AM)
- Tue, Thu and Sat (5:00 PM – 7:00PM)

သိုင်းပြောင်းပြန် ခူးကာချန့် ( တောင်ဥက္တလာပ ) 

ဆရာကြီး ဦးဝင်းမြင့် - ဖုန်း ၀၉၂၅၄၀၇၁၈၈၀
ဆရာဦးဝင်းအောင်သူ - ဖုန်း ၀၉၇၉၅၃၃၉၁၇၂
 တောင်ဥက္တလာပ မြို့နယ် အားကစား ခန်းမ

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အသိမှတ်ပြု(အောင်ဇေယျသိုင်းသင်တန်း)

ဘီအိုစီနဲ့ အင်းစိန်ပန်းခြံနားကပါ။သင်တန်းချိန်တွေကမနက်ပိုင်းဆို
6း00မှ8း00ထိ။ ညနေဆို3း00မှ5း00ထိ ညဆို6း00မှ73း0ထိရှိပါတယ်
အဆင်ပြေတဲ့အချိန်တက်လို့ရပါတယ်

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်သော ဗန်တို(လက်သိုင်း)။ဗန်ရှည်(ဓါး။တုတ်)စသည့်ပညာများကိုအခြေခံမှစ၍သင်ကြားပေးနေပါသည်။

အငယ်တန်းအဆင့်ဗန်တို၊ဗန်ရှည်(၂)လ။အလယ်တန်းအဆင့်ဗန်တိုဗန်ရှည်(၂)လ။အထက်တန်းအဆင့်ဗန်တိုဗန်ရှည်(၂)လ။စုစုပေါင်းသင်ရိုး(6)လ

ကိုတစ်ဦးချင်းသို့အဖွဲ့လိုက်သင်ပေးနေပါသည်။
Ph....09795713357,09788458255

Thaing Byaung Byan – သိုင်းပြောင်းပြန် (မန္တလေး)
Sayagyi U Maung Maung
Corner of 16 st , between 87 st & 88 st, ပင်လယ်တိုက်၊ ရွှေမန်းအုဌ်ကျောင်း၊
Mandalay, Myanmar
Phone: 09420779417, 0933033843, 09785882700
Website: http://thaingbyaungbyan.blogspot.com/
Facebook: www.facebook.com/thaingbyaung.byan

Thaing Byaung Byan – သိုင်းပြောင်းပြန် (ပုသိမ်)
Sayagyi U Hla Thein
Pathein (Near Yar Ma Nya Market)
Phone: 0931173901 (Ko Khin Maung Bo – Grandson of U Hla Thein)
Facebook: www.facebook.com/thaingbyaungbyanpathein.ayeyarwaddy

Doe Nyi Naung Myanmar Thaing Pin Ma Club – ဒို့ညီနောင်မြန်မာ့သိုင်းပင်မကလပ် (မန္တလေး)
Sayagyi Ba Mya Thein
Between 28 Street and 55 Street (in front of Kyan Mar Yae DhamMarYone),
Kyan Mar Yae Quarter, Mandalay.
Phone: 09-91038643

Black Buffalo Thaing Pin Ma- ကျွဲနက်သိုင်းပင်မ (မန္တလေး)
Phone: 09-420727441

Thut Ti Myanmar Lethwei Club – သတ္တိလက်ဝှေ့ကလပ် (ရန်ကုန်)
Saya Win Zin Oo and Lone Chaw (3 times Myanmar National Champion)
No.893, Wontharekkita Street,
Mayangone Township, Yangon, Myanmar
Hours: Mon – Sun: 6:00 am – 8:00 pm
Phone: 09 731 87441, 09 731 98929
Facebook: www.facebook.com/pages/Thut-Ti-Myanmar-Let-Whay-Club-Official/630087373698557 and https://www.facebook.com/pages/Thut-Ti-Myanmar-Lethwei-club/1654380818140434

"အားမာန်(Vigour)" BANDO သင်တန်း

YWCA၊ဗိုလ်ကလေးဈေးလမ်း(၄၂လမ်းနှင့်၄၃လမ်းကြား)၊
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့

Bogalay Zay Street , Botahtaung , Yangon .

ဖုန်း - 09-73203070 , 09-254120010

နဂါးမာန် ရိုးရာ လက်ဝှေ့ကလပ် - NaGaMarn Lethwei Club

တူးတူး ( ပထမတန်း လက်ဝှေ့ကျော် ) - 09797899275
ဆရာကျော်စိုး ( နည်းပြချုပ် ) - 0943065822

No( 002/ B ) Tosta တော့စတား အိမ်ရာ ၊ ၆၅ရပ်ကွက် ၊ ဧရာဝဏ်လမ်းမကြီး တောင်ဒဂုံမြို့နယ် ရန်ကုန်
( တောင်ဒဂုံ စက်မှုစုံ အကျော်မှာ ယုဇန သွားသွားလမ်း )

Tosta Compound , 65 quarter , Ayeyarwon Road , South Dagon , Yangon

📌နေရာ📌 - MLC မြန်မာ့ လက်ဝှေ့သင်တန်း ( Mandalay ) 
အမှတ် 14(A) 31 လမ်း 86လမ်း x 87 လမ်းကြား
တတိယထပ်

📌Location📌 - Mandalay Lethwei Camp
No14(A) 31street between 86 x 87
3rd Floor

🔥🔥🔥Mandalay Lethwei Camp🔥🔥🔥
# 09783506008

✨✨👉သင်တန်းချိန် တနေ့ ၇ ချိနိ👈✨✨
✨✨တစ်တန်းကို တစ်နာရီကြာပါမည် ✨✨
⏰မနက်7နာရီ မှ မနက်၁၀နာရီ( မနက်ပိုင်း ၃ချိန်)⏰
⏰ညနေ ၅နာရီ မှ ညနေ ၉ နာရီ(ညနေပိုင်း ၄ချိန်)⏰

💵 ၄၅၀၀၀ကျပ် တလစာ 📅
💵 ၃၅၀၀၀ကျပ် ၁၀ ချိန်စာ (ရက် ၃၀ အတွင်း)✨
💵 ၅၀၀၀ကျပ် တရက်✨

🔥🔥Personal Training🔥🔥
✨ တဦးချင်း သီးသန့် ချိန်တွေလည်းဆောင်ရွက်ပေးနေပါပြီ✨

👉သင်တန်းပိတ်သည့်ရက် 👈
တနင်္လာ နေ့တရက်သာပိတ်ပါသည်

7 hrs session per day
(1 session per hour)
7am-10am (3 sessions)
5 Pm - 9 Pm (4 sessions)
5000 kyats / 1 day
45000kyats / month
35000 kyats for 10 times in 30 days

Phoenix Myanmar Lethwei Club (မြန်မာတို့ရဲ့ အမွေအနှစ် မြန်မာ့ရိုးရာလက်ဝှေ့)

နေရာက သိမ်ဖြူလမ်းနှင့် ကန်ပတ်လမ်းထောင့်ရှိ မြန်မာရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်ဝင်း အတွင်းရှိ သုံးထပ်ဆောင် ဒုတိယ ထပ်မှာပါ၊ ဆရာဝန်များ အသင်း မျက်နှာချင်းဆိုင်မှာ ရှိပြီး မက်စ် ဆီဆိုင် ဘေးလမ်းက ဝင်ရပါမယ် ...

Place - Cornor of Thein Phyu Road & Kan Yeik Thar Road, Thein Phyu Stadium, Three stories building in front of Myanmar Lethwei Stadium. (Behind Max Energy Fuel)

Contact Us :09964400215

Facebookhttps://www.facebook.com/PhoenixFitnessMyanmar/

TEAM PT (MMA GYM)


Ju Jitsu, Karate and MMA Martialart

Address : 46 6/F, Oat Tha Phaya Street, Bahan Township, Yangon.

Phone: 09 795163943

Opening Hours: 8:00 a.m. to 12:00 p.m. and 2:00 p.m. to 8:00 p.m.

Facebookhttps://www.facebook.com/PhoeBushidoThaw/

ကျားရဲပိုင် ( Liger Paing ) စုစည်းတင်ပြသည် ။

Special credits - Thaing Wizard ( Mr Aung Thu Htet )

( မိတ်ဆွေတို့ သိတဲ့ သိုင်းသင်တန်း ကျောင်း လိပ်စာများရှိပါက ကွန်းမန့် မှာ မန့်သွားပေးပါအုန်းနော် )

Friday, April 27, 2018

"သခွားမွှေး စိုက်ပျိုးနည်း (MUSKMELON)"


မြန်မာအမည် - သခွားမွှေး
အင်္ဂလိပ်အမည် - MUSKMELON
ရုက္ခဗေဒအမည် - Cucumis melo
မျိုးရင်းအမည် - CUCURBITACEAE

သခွားမွှေးသည် မြန်မာသခွားမသီးမျိုးနှင့် အနံ့အဆင်း ဆင်တူသော်လည်း မြန်မာသခွားမသီးမျိုး လောက် အနံ့စူးရှမှုမပြင်းထန်ဘဲ စွဲမက်ဖွယ်ကောင်းသော အနံ့ရှိပါသည်။ အချိုဓာတ်မှာ မြန်မာသခွားမသီးမျိုး ထက် ပိုမိုမြင့်မားပြီး အသားမှာ စေးပိုင်နေ၍ စားသုံးရာတွင် ထူးခြားသော အရသာပေးစွမ်းနိုင်ပါသည်။ အချိုပွဲ အဖြစ်လည်းကောင်း၊ ချက်ပြုတ်၍လည်းကောင်း စားသုံးကြပါသည်။

၁။ မူရင်းဒေသ
 အိန္ဒိယနိုင်ငံဖြစ်၍ သခွားမွှေးအား Cantalourpe ဟုလည်း လူသိများကြသည်။ အမေရိကတိုက်၊ အာရှ မိုင်းနားဒေသနှင့် မြေထဲပင်လယ်ဒေသတို့တွင် စီးပွားဖြစ်တွင်ကျယ်စွာ စိုက်ပျိုးကြသည်။

၂။ အမျိုးအစား
 အသီးပုံသဏ္ဍာန်မှာ အလုံးပုံ၊ ဘဲဥပုံ၊ လုံးရှည်ပုံဟူ၍ အမျိုးမျိုးတွေ့ရပြီး  အသီးခွံအရောင်မှာ အစိမ်း အနု၊ အရင့်၊ အဖြူရောင်၊ အ၀ါရောင်၊ ဆင်စွယ်ရောင်စသည်ဖြင့် တွေ့ရပါသည်။ အသီးခွံသည် ပြောင်ချောရှိသ လို ပိုက်ကွန်သဖွယ် အကွက်များ မထင်မရှား ပါဝင်သောမျိုးနှင့် အကွက်ပေါ်လွင်ထင်ရှားသော မျိုးအဖြစ်လည်း ကောင်း အမျိုးမျိုး တွေ့ရပါသည်။

 အကွက်ပေါ်လွင်သိပ်သည်းမှုပေါ် မူတည်၍ ဈေးကွက်တွင် ကြိုက်နှစ်သက်မှုကွဲပြားကြောင်းတွေ့ရပါ သည်။ အဘယ်ကြောင့်ဆိုသော် ပြောင်းလဲတိုးတက်နေသော လူနေမှုအဆင့်အတန်းအရ အကွက်လှသော သခွားမွှေးအား လက်ဆောင်အဖြစ် ပေးသော ဓလေ့ ထွန်းကားလာခြင်းကြောင့် ဖြစ်ပါသည်။ အတွင်းသား အရောင်မှာ အဖြူရောင်၊ ဖြူစိမ်းရောင်၊ ဆင်စွယ်ရောင်၊ လိမ္မော်နီရောင်၊ အစိမ်းရောင်ဟု အမျိုးမျိုးကွဲပြားလျက်ရှိ ပြီး ဖြူစိမ်းရောင်မှာ ဈေးကွက်တွင် ၀ယ်လိုအား အများဆုံးဖြစ်ပါသည်။

 သခွားမွှေးတွင် ပါဝင်သော အစေ့များမှာ အလယ်ဗဟိုချက်တိုင်တွင် တစ်စုတစ်ဝေးတည်း တည်ရှိသည့် အတွက် စားသုံးရာတွင် အစေ့ဖယ်ရှားရလွယ်ကူပါသည်။

လက်ရှိဈေးကွက်မှ ကြိုက်နှစ်သက် မျိုးများမှာ အောက်ပါတို့ ဖြစ်ပါသည်။

စဉ် အမည် အသီးခွံတွင် အကွက်ရှိမှု အတွင်းသားအရောင်
၁။ Sky Rocket ရှိ ဖြူစိမ်း
၂။ New Century မရှိ လိမ္မော်နီ
၃။ Sun Rise ရှိ လိမ္မော်နီ
၎။ Sun Lady မရှိ လိမ္မော်နီ
၅။ Jade Beauty ရှိ ဖြူစိမ်း
၆။ Jade Jew မရှိ  ဆင်စွယ်
၇။ Emerald Kiji ရှိ ဖြူစိမ်း


 ၃။ စိုက်ပျိုးသည့်ဒေသ
 မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးနိုင်သော်လည်း သီးနှံမျိုးသစ်ဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။

၎။ မြေနှင့် ရာသီဥတု
 (၂၆-၃၀) ဒီဂရီစင်တီဂရိတ်ခန့်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ အပူချိန် (၁၀) ဒီဂရီ စင်တီဂရိတ်ထက် ပို၍ မကွာခြားသောဒေသများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။ pH (၆-၆.၅) ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ ဖြစ်ထွန်းသည်။ ရေစီးရေလာကောင်း၍ ရေသွင်းရေထုတ် လွယ်ကူသော သဲနုန်းမြေများတွင် ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်သည်။

၅။ မျိုးစေ့နှုန်း
 တစ်ဧကလျှင် မျိုးစေ့နှုန်း (၂၀၀) ဂရမ်သုံး၍ ပျိုးထောင်ပါ။

၆။ ပျိုးထောင်ခြင်း
 မျိုးစေ့များကို (၅x၇) လက်မ ပလပ်စတစ်အိတ် (သို့မဟုတ်) (၄) လက်မအချင်းရှိ ပလပ်စတစ်ပျိုး ခွက် များတွင်ထည့်၍  ပျိုးထောင်ပါ။ ပျိုးမြေသည် မြေဆီအာဟာရ ကြွယ်ဝရန်လိုသည်။ အစေ့ချချိန်မှ (၂၅) မတိုင်မီ ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ထိုအချိန်တွင် ရွက်စစ် (၂-၄) ရွက်ပြန့်နေပြီဖြစ်သည်။

 ပျိုးခင်းတွင် ပိုးမွှားရောဂါ ကျရောက်မှုအခြေအနေကို မျက်ခြေမပြတ် စစ်ဆေးကာကွယ် နှိမ်နင်းပါ။ စိုက် ခင်းပြုပြင်ရာတွင် ရေသွင်းရေထုတ်လွယ်ကူသော သခွားမျိုးရင်းဝင်အပင်များ ဆက်တိုက်မစိုက်ဘဲ (၃) ရာသီခန့် လှပ်ထားသောမြေတွင် စိုက်ဘောင်များဆွဲ၍ စိုက်ပျိုးနိုင်သည်။

၇။ စိုက်ပျိုးခြင်း
 တန်းကြားပင်ကြား အကွာအဝေးကို (၃ x ၂) ပေ၊ (၄ x ၂) ပေ၊ (၅x ၂၁/၂) ပေ စသဖြင့် ရာသီဥတုပေါ် မူတည်၍ အမျိုးမျိုးစိုက်ပျိုးနိုင်သည်။ (၃ x ၂) ပေအကွာအဝေးဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် အပင် (၇၀၀၀) ကျော်ဝင်ဆန့်ပါမည်။

 အပင်ကို ပြုစုစောင့်ရှောက်ရာတွင် ပင်စည်ရှိ အဆစ် (၁၁) ဆစ်၏ အောက်ရှိအဆစ်တိုင်းမှ ထွက်ရှိသော ဘေးတက်များကို ဖဲ့ပါ။ မူလပင်စည်တွင် အဆစ် (၂၅-၃၀) ဆစ် (အပင်အမြင့် ၅-၅.၅) ပေခန့် ရှိချိန်တွင် ခေါင်နှိမ်ပါ။ ဘေးတက်များကို (၃) ရွက်ချန်ဖြတ်ပါ။ အဆစ်နံပါတ် (၁၁) မှ စတင်ကာထွက်ရှိသည့် ဘေးတက်၏အဆစ်တိုင်းတွင် အသီးတင်နိုင်မည့် အပွင့်များပါရှိနိုင်ပါသည်။ အဆစ်အမှတ် (၁၁၊ ၁၂) တွင် အသီးတင်မှုမရှိပါက အစာရေစာနှင့် ရာသီဥတု သင့်တင့်မျှတခြင်း မရှိကြောင်း သိနိုင်သည်။ သို့ပါ၍ အဆစ်အမှတ် (၁၀) အောက်မှ ဘေးတက်များဖဲ့ချိန်တွင် အစာရေစာလုံလောက်အောင် ကျွေးပေးရန် အရေးကြီး ပါသည်။

 ပထမဆုံးတင်သည့် အသီးမှစတင်၍ (၃) လုံးပြည့်အထိ အသီးတင်စေပြီးနောက် အသီးမှာ တင်းနစ် ဘောလုံးခန့်ရှိချိန်တွင် တစ်ပင်တွင်ယူမည့် အသီးအရေအတွက် ဆုံးဖြတ်၍ အောက်ပါအတိုင်း ဆက်လက်ဆောင် ရွက်ပါ။

- အသီးကြီးကြီးရလိုပါက တစ်ပင်တွင် တစ်လုံးသာယူပါ။
- တစ်ပင်တွင် အများဆုံးအသီး (၂) လုံးသာ ယူသင့်ပါသည်။
- မိမိယူမည့် အသီး၏ ရှေ့မှထွက်သောအရွက် တစ်ရွက်သာချန်လှပ်၍ ယင်းကိုင်းအား ဖြတ်ပါ။
- ပြီးလျှင် တစ်ပင်လုံးရှိ ကျန်အပွင့်အသီးများ အားလုံးခြွေပစ်ပါ။ အချို့ သခွားမွှေးပြောင်မျိုးများတွင် အသီးခြွေရန်မလိုဘဲ တင်ရှိသော အသီးများအားလုံးယူရန် ဖြစ်သည်။
- သီးထိုးယင် ကျရောက်တတ်သော စိုက်ခင်းများတွင် အသီးတင်းနစ်ဘောလုံးခန့် ရှိချိန်မှစ၍ သတင်းစာ စက္ကူအိတ်ဖြင့် စွတ်ပေးခြင်းဖြင့် အသီးပျက်စီးမှု မဖြစ်ပေါ်နိုင်ပါ။

၈။ မြေသြဇာကျွေးနည်း 
 ပြောင်းရွှေ့မစိုက်မီ တစ်ဧကတွင် မြေခံအဖြစ် မဖြစ်မနေ ထည့်သွင်းရန် နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ယူရီးယား  - ၁၁၂ ပေါင် (၂) အိတ်
တီစူပါ - ၁၁၂ေါပင် (၁) အိတ်
ပိုတက်ရှ်- ၁၁၂ ပေါင် (၁) အိတ်
 ပန်းစပွင့်ချိန်တွင် တစ်ကြိမ်နှင့် အသီးတင်ပြီး (၁၀) ရက်ခန့်တွင် တစ်ကြိမ် တစ်ဧကအတွက် စုစုပေါင်း ယူရီးယား (၂)အိတ်၊ တီစူပါ (၁) အိတ်နှင့် ပိုတက် (၁) အိတ်တို့ကို ထပ်မံကျွေးရန် လိုအပ်ပါသည်။
            

၉။ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း
 ဘူးဖရုံကျိုင်း (၀ါနီရောင်) Thrips  များ၊ သစ်သီးယင်များ ကျရောက်မှုကို အများဆုံးတွေ့ရပါသည်။ ပိုးသတ်ဆေးများအဖြစ် Cypermethrin ,Cymbush, Decis,Nuvacron စသည်တို့ကို ရေအဆ (၄၅၀) ရောကာ (၅) ရက်တစ်ကြိမ် ပက်ဖျန်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

 ရောဂါအနေဖြင့် ရွက်ညိုပြောက်ရောဂါ၊ သံချေးရောဂါ၊ ပင်စည်နှင့် သီးပုပ်ရောဂါတို့ကို ရောက်တတ် သဖြင့် Topsin,Decnoil, Ridomyl တို့ကို ရေအဆ (၇၀၀) နှင့် ရော၍ (၅) ရက် တစ်ကြိမ် အလှည့်ကျ ပက်ဖျန်း ကာကွယ်နိုင်ပါသည်။

၁၀။ ဆွတ်ခူးခြင်း
 ပန်းပွင့်ပြီး (၃၅ - ၄၇) ရက်တွင် အသီးညှာထိပ်ရှိ နှာမောင်းများ ခြောက်လာမည်။ ရပ်ဝေးသို့ သယ်ယူ မည်ဆိုပါက ထိုအချိန်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ စိုက်ခင်းမှ ဈေးကွက်သို့ အချိန်တိုတိုနှင့် ရောက်ရှိနိုင် မည်ဆိုပါက သီးညှာတ၀ိုက် အ၀ါရောင်သန်းချိန် အနံ့စတင် ထွက်ပေါ်လာချိန်တွင် ခူးဆွတ်ခြင်းနှင့် အရည် အသွေးမြင့်မားသော အသီးကို ဒဏ်ရာရခြင်းမှ ကာကွယ်ရန် သတင်းစာဖြင့် ထုတ်ပိုး ပို့ဆောင်ရန် လိုအပ်ပါသည်။


Source:ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး

Thursday, April 26, 2018

လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း (Frozen Shoulder)


➖➖➖➖➖➖➖➖➖➖➖➖

🔹တင်မောင်အေး (ကန့် ဘလူ)🔹

လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍  တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အသိပညာပေး စာတမ်းဖတ်ပွဲအား ဘားအံမြို့ ၌ ပြုလုပ်ခဲ့ကြောင်းကို သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ဝမ်းသာစရာ ကြားသိရသည်မှာ ရောဂါမဖြစ်ပွားရေး ပညာပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သောကြောင့် ကရင်ပြည်နယ်တွင် လက်ကပ်သည့် လူနာအရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းသွားခြင်း ဖြစ်သည်။

ထိုအချက်က ဆေးပညာရှင်များ အနေဖြင့် ဆေးကုသမှု တစ်မျိုးတည်းကိုသာ အလေးထားပြုလုပ်နေမည့် အစား ကုသရင်းပညာပေး၊ ပညာပေးရင်း ကုသဆိုသလို ကျန်းမာရေး အသိပညာပေးခြင်းပါ ပူးတွဲလုပ်ဆောင်က ပိုမိုထိရောက်မှု ရှိကြောင်း ထင်ရှားသော သာဓက တစ်ရပ်ပင်ဖြစ်ချေသည်။ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးရုံများတွင် ကုသမှုများကို ပိုမိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်သဖြင့် အတွင်းလူနာနှင့် အပြင်လူနာများ လာရောက်ပြသကုသမှု ခံယူနှုန်း များပြားလာသည်ဆို၏။

လက်ကပ်ရောဂါ ခေါ် ပခုံးဆစ်ကပ်ခြင်းသည်  ကူးစက်တတ်သော ရောဂါမဟုတ်သလို အသက်ကို ရန်ရှာနိုင်သော ရောဂါမျိုးလည်း မဟုတ်ပါချေ။ သို့တစေ ဝေဒနာ ခံစားနေကြရသူများအား ပြင်းစွာနာကျင်ကိုက်ခဲခြင်း ဖြစ်စေပြီး နေရထိုင်ရ၊ လုပ်ရကိုင်ရများစွာ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ လက်ကို  ပုံမှန်အတိုင်း မြှောက်မရ၊ လှုပ်ရှားမရ၊ အသုံးပြု မရသောကြောင့်  တစ်စိတ်တစ်ပိုင်းအားဖြင့် ယာယီ မသန်စွမ်းမှုကဲ့သို့ ကြုံတွေ့ခံစားနေကြရလေသည်။

ဥပမာ-  လက်ကိုခေါင်းနှင့်ကျောတို့၏ အနောက်ဘက်သို့ လည်းကောင်း၊ ပါးစပ်ဆီသို့ လည်းကောင်း ကောင်းစွာ မရောက်နိုင်ခြင်း။ သို့ဖြစ်ရာ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်း၊ လုံချည်ဝတ်ခြင်းနှင့်   ဘေးဘက်သို့ပစ္စည်း လှမ်းယူခြင်း အစရှိသည်များကို ပြုလုပ်ရန်ခက်ခဲတတ်သည်။ ယခုစာရေးသူသည် အကြောအဆစ်ကု ပညာရှင် တစ်ဦးအနေဖြင့် ပခုံးဆစ်ကပ် လူနာများကို ဆေးရုံများတွင်  ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့ရသည်။   ပခုံးဆစ်ကပ်သော လူနာအများစုသည် အသက် ၄ဝ နှစ်နှင့် ၆ဝ နှစ်အကြားတွင် ရှိတတ်သည်။

လူနာအတော်များများမှာ  ကောင်းသည့်ဘက်က လက်ဖြင့် နာသည့်ပခုံးကို ဆုပ်ထားလျက် ဆေးကုခန်း အတွင်းသို့ ဝင်လာတတ်ကြသည်။ ပခုံးကိုလည်း  ခန္ဓာကိုယ်နှင့်ကပ်ပြီး မလှုပ်ရှားဘဲ ထားလေ့ရှိ၏။  ပခုံးရောဂါ ဝေဒနာများနှင့် ပတ်သက်ပြီး အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။ ပခုံးဆစ်ကပ်ခြင်းသည်     ပခုံးဆစ်နှင့် ယင်းကိုငုံထားပေးသော အရွတ်တို့ ရောင်ရမ်းလာပြီး ကြာသောအခါ ထူထဲကာ ကျပ်လာသောကြောင့်  ဖြစ်ရလေသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်စဉ်ကို     အဆင့်သုံးဆင့် သတ်မှတ်ပြောဆိုထား၏။  ပထမအဆင့် (freezing stage) တွင် ပခုံးဆစ်နေရာမှာ စနာတတ်ပြီး နာကျင်မှုကြောင့် လက်လှုပ်ရှားမှုများ ခက်ခဲလာသည်။ ရက်သတ္တ  ခြောက်ပတ်မှ    ကိုးလအထိ ကြာနိုင်သည်။ ဒုတိယအဆင့် (frozen stage) တွင် နာကျင်မှု သက်သာလာကာ ပခုံးဆစ်ကပ်လာ၏။

 လေးလမှ   ကိုးလအထိ ကြာနိုင်သည်။ တတိယအဆင့် (recovery stage) တွင် ပြန်လည်ကောင်းမွန် လာတတ်ကာ    ပခုံး ဆစ်လှုပ်ရှားမှုများ လုပ်နိုင်လာသည်။ ငါးလမှ နှစ်နှစ်အထိ ကြာနိုင်သည်။ ပခုံးနာကျင်မှုသည် တဖြည်းဖြည်းချင်း ဖြစ်လာပြီး လက်လှုပ်ရှားမှုပြုတိုင်း ပိုနာတတ်သည်။ အထူးသဖြင့် ပခုံးထိပ်အပြင်ဘက်ပိုင်းနေရာနှင့် လက်မောင်းရှေ့ အပေါ်ပိုင်းတို့တွင် နာလေ့ရှိပြီး  ညအိပ်သောအခါ ဖြစ်သည့်ဘက်သို့ ဖိလျက် မအိပ်နိုင်ပါချေ။ လက်လှုပ်ရှားမှု အခန့်မသင့်က အသည်းခိုက်အောင်ပင် နာသွားတတ်ကြောင်းကို   လူနာအချို့က ပြောပြကြသည်။ ယင်းသို့နာသွားက  ပခုံးနေရာအပြင် လက်ဖျံအထိပင် အောင့်ကာနာတတ်လေသည်။

ပခုံးဆစ်ကပ်ခြင်းကို     ဖြစ်စေသော အကြောင်းရင်းမြစ်ကို ယနေ့တိုင် အတိအကျ မသိရသေးဟု ဆိုသည်။  သို့သော်  ဆီးချိုရှိသူများ၊ ပါကင်ဆန်ရောဂါရှင်များ၊ နှလုံးသွေးကြော ရောဂါဖြစ်သူများနှင့် သိုင်းရွိုက်ဂလင်း ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများကြောင်း    တွေ့ရှိရသည်။  တစ်ဖန် လေဖြတ်ထားသူ အချို့တွင်လည်း ဖြစ်သည့်ဘက်မှပခုံးတွင် ပခုံးဆစ်နာခြင်းနှင့် ပခုံးကပ်ခြင်းတို့ ဖြစ်တတ်၏။ သို့ဖြစ်ရာ ဆရာဝန် သို့မဟုတ်  အရိုးအကြောခွဲစိတ် အထူးကု ဆရာဝန်ကြီးများနှင့် ပြသသင့်ပါသည်။ ကုသမှုအပိုင်းမှာ ရောဂါဖြစ်နေသော အဆင့်အပေါ်တွင် မူတည်နေတတ်သည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် အကြောအဆစ်ဆိုင်ရာ ကုသမှုများနှင့်  ပတ်သက်သည် တို့ကိုသာ ပြောပြပါမည်။ ယေဘုယျအားဖြင့် အကြောအဆစ်ဆိုင်ရာ ကုသမှု နှစ်မျိုးရှိသည်။

(၁) ကုသစက်များ (Electrotherapy modalities) ဖြင့် ကုသပေးခြင်း၊ (၂) လှုပ်ရှား လေ့ကျင့်နည်းများ (Therapeutic exercises)ဖြင့် ကုသပေးခြင်း၊ ကုသစက်များဖြင့် ကုသခြင်းကို တစ်နည်းအားဖြင့် electrophysical agents သုံး၍ကုသ ပေးခြင်းဟုလည်း    ပြောတတ်ကြသည်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်မှုသက်သာ စေပြီး လက်ကိုပြန်လည် အသုံးပြုနိုင်စေရန်ဖြစ်သည်။

ပခုံးဆစ်ကပ်ခြင်းအတွက် အသုံးပြု လေ့ရှိသော ကုသစက်များမှာ အသံလွန်လှိုင်းစက် (therapeutic ultrasound)၊ လေဆာစက် (low-level laser therapy-LLLT)၊ လျှပ်စီးစက် (transcutaneous electrical nerve stimulation-TENS) နှင့် လျှပ်စစ် သံလိုက်စက် (pulsed electromaganetic field therapy-PEMF) တို့ဖြစ်ကြသည်။ လူနာတစ်ဦးစီ၏ ရောဂါဝေဒနာအဆင့်ကို လိုက်ပြီး လှုပ်ရှားလေ့ကျင့်နည်းများကို အကြောအဆစ်ကု ပညာရှင်က စနစ်တကျ သင်ကြားပြသပေးသည်။ လေ့ကျင့်ခန်းများနှင့် အတူ လူနာများ မှတ်သားလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ညွှန်ကြားပေးသည်။

လှုပ်ရှားလေ့ကျင့်မှု(၁) 

Pendulum Stretch ခါးကိုရှေ့သို့ အနည်းငယ် ၄၅ ဒီဂရီခန့်ကုန်းလျက် မနာသည့်ဘက်မှ လက်ကို စားပွဲပေါ် ထောက်ထားပါ။ ထို့နောက် နာသည့်ဘက်မှ   ပခုံးအားဖြေလျှော့ပြီး  လက်ကို လောင်းချပါ။ ပြီးလျှင် တံတောင် ဆစ်ကို ဆန့်လျက် နာရီလက်တံကဲ့သို့ လက်ယာရစ် ခုနစ်ကြိမ်(စက်ဝိုင်းပုံ) ဝှေ့ယမ်းပေးရမည်။ ပြီးသောအခါ လက်ဝဲရစ် ခုနစ်ကြိမ်လုပ်ပေးပါ။ တစ်ကြိမ်ပြီးလျှင် တစ်မိနစ်စီနားကာ နှစ်ခါထပ်လုပ်ပေးရမည်။

လှုပ်ရှားလေ့ကျင့်မှု(၂) 

Cross-bodyreach မတ်တတ်အနေအထားဖြင့် ကောင်းသောလက်က နာသည့်ဘက်မှ တံတောင်ဆစ်(ယာ)ကို ကိုင်ထားပါ။ ထို့နောက် နာသည့်လက်ကို ရင်ဘတ်ဘက်သို့ တဖြည်းဖြည်း ဆွဲပေးရမည်။ ပခုံး၏အနောက်ဘက်နှင့် ဘေးကြောများ ဖြေလျှော့ပေးရန်ဖြစ်သည်။

လှုပ်ရှားလေ့ကျင့်မှု(၃) 

Finger walk နံရံကို မျက်နှာမူလျက်ရပ်ပါ။  ထို့နောက် ခါးအပေါ်လောက်နေရာမှစပြီး နာသည့်ဘက်မှ လက်မနှင့် လက်ညှိုးတို့ကို ခြေထောက်များသဖွယ် နံရံအပေါ်ဘက်သို့ တစ်ချောင်းချင်း လျှောက်တက်ပေးပါ။ ထိုအခါ လက်မောင်းသည် တဖြည်းဖြည်းအပေါ်သို့ မြင့်တက်လာပေမည်။ အတက်အဆင်း နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ တစ်နေ့လျှင် အနည်းဆုံး သုံးခါလုပ်ပေးရမည်။ အထက်ပါ  လှုပ်ရှားလေ့ကျင့်မှုများကို ပြုလုပ်ပေးခြင်းဖြင့် တင်းနေသော အကြောများ ဖြေလျှော့ခြင်း၊ အားနည်းသောကြွက်သားများ   သန်စွမ်းလာစေခြင်း၊ အဆစ်လှုပ်ရှားမှု ချောင်ချိလာခြင်းနှင့် ပုံမှန်အလုပ်များ ပြန်လည်လုပ်နိုင်ခြင်းတို့ဖြစ်စေမည်။

လှုပ်ရှားလေ့ကျင့်မှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီးစတို့တွင် ရေနွေးအိတ်(ခပ်နွေးနွေး)ကပ်ပေးလျက် လှုပ်ရှားမှုများကိုလည်း အလွန်မနာကျင်စေဘဲ ညင်သာစွာ ပြုလုပ်ပေးသင့်လေသည်။ ပခုံးဆစ်ကပ်နေသဖြင့်  နာ၍ကိုက်၍ လှုပ်လည်းမရသောကြောင့် ငြိမ်ငြိမ်လေးနေပါက အဆစ်ကပ်သော အခြေအနေ ပိုပြီး ဆိုးရွားလာမည်ဖြစ်သည်။ သို့ဖြစ်ရာ ဆေးကုသမှု မရှိသေးသူများအနေဖြင့် နားလည်တတ်ကျွမ်းသူများနှင့် အမြန်ဆုံးပြသ သင့်သလို ကုသမှုရရှိပြီးသောသူများကလည်း လှုပ်ရှားလေ့ကျင့်မှုများကို ဇွဲကောင်းကောင်းဖြင့် မှန်မှန်လုပ်ဆောင်သွားကြရန်နှင့် အခြားတစ်ဖက်မှလည်း လက်မနာကျင်စေဘဲ လုပ်နိုင်သည်များကို မိမိတို့တတ်နိုင်သမျှ နေ့စဉ် အသုံးပြုပေးကြရန် သတိပေး တိုက်တွန်းလိုက်ရပေသည်။  ။


Wednesday, April 25, 2018

သွေးအားနည်းရောဂါကို အစားအသောက်ဖြင့် ကာကွယ်ပါ



 သွေးအားနည်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို အချို့က သေသေချာချာ သိကြပေမယ့် အချို့က ရေရေ ရာရာ သဘောမပေါက်ကြပါဘူး။ သွေးအားနည်းတာ (Anaemia) နဲ့ သွေးပေါင်ချိန်ကျတာ (Low Blood Pressure) ကို ရောနေသူတွေရှိပါတယ်။ သွေးပေါင်တက်မှာ စိုးလို့ဆိုပြီး သွေးအားကောင်းစေတဲ့ အစားအစာတွေကို မစားရဲကြသူတွေလည်း တွေ့ဖူးပါတယ်။

သွေးအားနည်းခြင်းဆိုသည်မှာ...
 သွေးဟာ သူ့ရဲ့ အဓိကတာဝန်တစ်ခုဖြစ်တဲ့ အောက်ဆီဂျင် သယ်ပို့မှုလုပ်ငန်းကို လုပ်ဆောင်နိုင်တဲ့စွမ်းအား နည်းနေတာကို သွေးအားနည်းတယ်လို့ ပြောခြင်းဖြစ်ပါ တယ်။ လူတစ်ယောက်ဟာ အလုပ်ကို အားသွန်ခွန်စိုက် မလုပ်နိုင်လျှင် အဲဒီလူကို အားနည်းနေတယ်လို့ ပြော သလို သွေးဟာ အောက်ဆီဂျင်ကို ကောင်းကောင်းသယ် နိုင်စွမ်းမရှိတဲ့ အခြေအနေကို သွေးအားနည်းနေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။

 ခြေ၊ လက်ကြွက်သားတွေ၊ ဦးနှောက်၊ အသည်း၊ နှလုံးစတဲ့ အင်္ဂါတွေအားလုံးဟာ အောက်ဆီဂျင်ကို အလုံ အလောက်ရမှသာ အလုပ်လုပ်နိုင်ပါတယ်။ အောက်ဆီဂျင် အလုံအလောက်မရလျှင် ကောင်းကောင်း အလုပ် မလုပ်နိုင်ပါဘူး။ လူတွေဟာ အောက်ဆီဂျင်ကို အသက်ရှူ သွင်းလိုက်တဲ့ လေထဲကနေ ရရှိပါတယ်။ အသက်ရှူသွင်း လိုက်လို့ အဆုတ်ထဲရောက်လာတဲ့ လေထဲက အောက်ဆီဂျင်ကို သွေးနီဥတွေက ရယူပြီး ခန္ဓာကိုယ်အနှံ့မှာရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေအားလုံးထံ သယ်ယူပို့ဆောင် ဖြန့် ဖြူးပေးပါတယ်။ သွေးနီဥတွေရဲ့ အောက်ဆီဂျင်သယ် နိုင်စွမ်း ကျသွားတာကို သွေးအားနည်း တယ်လို့ ခေါ် ခြင်း ဖြစ်ပါတယ်။

 သွေးပေါင်ချိန် (Blood Pressure) ဆိုတာက နှလုံးရဲ့ ညှစ်အားကြောင့် သွေးလွှတ်ကြောတွေထဲမှာ အရှိန်နှင့် စီးဆင်းနေတဲ့ သွေးတွေရဲ့ သွေးကြောနံရံတွေအပေါ်  သက် ရောက်တဲ့ ဖိအား (Pressure) ကို ပြောခြင်းဖြစ်ပါတယ်။ နှလုံးကြွက်သားတွေ ကျန်းမာနေလို့ ညှစ်အားကောင်းလျှင် သွေးဖိအား (သွေးပေါင်ချိန်) ကောင်းပြီး နှလုံးရောဂါ တစ်ခုခုကြောင့် နှလုံးကြွက်သားတွေ အားနည်းနေလျှင် သွေးဖိအား (သွေးပေါင်ချိန်) ကျပါတယ်။ သွေးထွက်များ လွန်းလျှင် ခန္ဓာကိုယ်ထဲမှာ သွေးထုထည်နည်းသွားတဲ့အတွက် သွေးပေါင်ချိန်ကျပါတယ်။ ဝမ်းလျှောခြင်း စတဲ့ အကြောင်းတွေကြောင့် ခန္ဓာကိုယ်မှ ရေဆုံးရှုံးမှု များလျှင်လည်း သွေးထုထည်လျော့နည်းသွားပြီး သွေးပေါင်ချိန် ကျပါတယ်။ သွေးအား (အောက်ဆီဂျင်သယ်နိုင်စွမ်းအား) နည်းတာနှင့် သွေးပေါင်ချိန် (သွေးဖိအား) ကျတာကို မရောစေချင်ပါဘူး။

 သွေးအား (အောက်ဆီဂျင်သယ်နိုင်စွမ်းအား) နည်း ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်း အမျိုးမျိုးရှိတဲ့အနက် ဒီဆောင်းပါးမှာ ဆွေးနွေးတင်ပြမှာက  အာဟာရဓာတ်တွေ ချို့တဲ့ခြင်းကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါအချို့ အကြောင်း ဖြစ်ပါတယ်။

သွေးအားနည်းရောဂါဖြစ်ရသည့် အကြောင်းရင်းများ
 အသက်ရှူသွင်းလိုက်လို့ အဆုတ်ထဲရောက်လာတဲ့ လေထဲက အောက်ဆီဂျင်ကို သွေးတွေက ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်တာဟာ သွေးနီဥတွေထဲမှာ ဟီမိုဂလိုဘင် (Haemoglobin) ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ သွေးရဲ့ အောက်ဆီဂျင်သယ်နိုင် စွမ်းဟာ သွေးထဲမှာရှိတဲ့ သွေးနီဥအရေအတွက်၊ သွေးနီဥ တစ်ဥချင်းမှာ ရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းပမာဏ တွေအပေါ်မှာ  မူတည်ပါတယ်။ သွေးနီဥ နည်းနေခြင်း၊ သွေးနီဥ တစ်ဥချင်းမှာရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်း ပမာဏ နည်းနေခြင်း၊ သွေးနီဥတွေထဲက ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေဟာ ပုံမှန်မဟုတ်တဲ့အတွက် အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းကို မလုပ်ဆောင်နိုင်ခြင်းတို့ဟာ သွေးအားနည်းရောဂါ ဖြစ်ရခြင်းရဲ့  အကြောင်းရင်းတွေ ဖြစ်ပါတယ်။

 ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ခွဲစိတ်ကုသမှု ကြောင့်ဖြစ်စေ၊ အမျိုးသမီးများ ဓမ္မတာသွေးဆင်းတာ များလို့ဖြစ်စေ၊ အစာအိမ်အနာလို ကိုယ်တွင်းရောဂါ တွေကြောင့် ဖြစ်စေ ခန္ဓာကိုယ်မှ သွေးတွေဆုံးရှုံးတဲ့အခါ သွေးထုထည်ရော၊ သွေးနီဥအရေအတွက်ပါ နည်းသွားပြီး သွေးအားနည်းသွားနိုင်ပါတယ်။

 ငှက်ဖျားရောဂါဖြစ်သူတွေမှာ ငှက်ဖျားပိုးကြောင့် သွေးနီဥတွေဟာ သက်တမ်းမပြည့်မီ ပေါက်ကွဲပြီး ခန္ဓာ ကိုယ်မှာတင် ပျက်စီးသွားပါတယ်။ ခန္ဓာကိုယ်မှ သွေးတွေ အပြင်ကို မထွက်သွားပေမယ့် သွေးနီဥတွေ ပေါက်ကွဲပြီး အောက်ဆီဂျင်သယ်နိုင်စွမ်းရှိတဲ့ သွေးနီဥအရေအတွက် လျော့နည်းသွားခြင်းဟာ ငှက်ဖျားရောဂါဝေဒနာရှင်တွေ သွေးအားနည်းရခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ အချို့ သော ဆေးဝါးတွေဟာ သောက်သုံးမှီဝဲသူရဲ့ ခန္ဓာကိုယ် ထဲမှာ သွေးနီဥတွေ ပေါက်ကွဲပျက်စီးစေနိုင်တဲ့ ဘေးထွက် ဆိုးကျိုးရှိပါတယ်။ ဒီဆေးတွေဟာလည်း သွေးအားနည်း ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

 သွေးနီဥအရေအတွက်ကလည်း ပုံမှန်၊ သွေးနီဥ တွေထဲမှာ ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေလည်း ရှိနေ ပါလျက် ရှိနေတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းတွေဟာ အောက်ဆီဂျင်ကို သယ်ပို့ပေးနိုင်စွမ်းမရှိတဲ့ အမျိုးအစား တွေ ဖြစ်နေလျှင်လည်း သွေးအားနည်းပါတယ်။ မြန်မာ နိုင်ငံမှာတွေ့ရတဲ့ သာလာဆီးမီးယား (Thalassemia) ဆိုတဲ့ ရောဂါဟာ အောက်ဆီဂျင် သယ်နိုင်စွမ်းမရှိတဲ့ ဟီမိုဂလိုဘင်ဓာတ်ပေါင်းကို သယ်ထားပြီး သက်တမ်း မစေ့မီ ပျက်စီးတတ်တဲ့ သွေးနီဥတွေကြောင့် ဖြစ်ရတဲ့ သွေးအားနည်းရောဂါတစ်မျိုးဖြစ်ပါတယ်။ မျိုးရိုးလိုက် တတ်ပါတယ်။ ရောဂါပြင်းတဲ့ အမျိုးအစားဆိုရင် ကလေး တွေဟာ မကြာမကြာ သွေးသွင်း ကုသခံကြရပါတယ်။

 သွေးနီဥတွေကို ရိုးတွင်းခြင်ဆီ (Bone Marrow) ထဲမှာ ထုတ်လုပ်ပါတယ်။ Aplastic Anaemia ဆိုတဲ့ သွေး အားနည်းရောဂါမှာတော့ ရိုးတွင်းခြင်ဆီဟာ သွေးနီဥတွေ အလုံအလောက်ထုတ်လုပ်နိုင်စွမ်း မရှိခြင်းဟာ သွေးနီဥအရေအတွက်နည်းပြီး သွေးအားနည်းရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီမှာ သွေးနီဥတွေ ထုတ်လုပ်နိုင်စွမ်းမရှိတော့တာဟာ မှီဝဲစားသုံးတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ တစ်ခေတ်တစ်ခါက တိုက်ဖိုက်ခေါ် အူရောင်ငန်းဖျားရောဂါ မှာ တွင်တွင်ကျယ်ကျယ် သုံးခဲ့ဖူးတဲ့ Chloramphenicol သောက်ဆေးဟာ လူသိများပါတယ်။

အာဟာရချို့တဲ့ သွေးအားနည်းရောဂါများ
 သွေးနီဥတွေ ထုတ်လုပ်ရာမှာရော သွေးနီဥတွေ ထဲက အောက်ဆီဂျင် သယ်နိုင်စွမ်းရှိတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်း တည်ဆောက်ရာမှာပါ အာဟာရဓာတ် အမျိုးမျိုး လုံလုံလောက်လောက်ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီအာဟာရဓာတ်တွေ တစ်မျိုးဖြစ်စေ၊ တစ်မျိုးမက ဖြစ်စေ ချို့တဲ့နေခြင်းကြောင့်ဖြစ်ရတဲ့ သွေးအားနည်း ရောဂါ တွေလည်း ရှိပါတယ်။ အဲဒီလိုသွေးအားနည်းရောဂါ မျိုးကို အာဟာရချို့တဲ့ သွေးအားနည်းရောဂါ များလို့ပြော ခြင်း ဖြစ်ပါတယ်။
 ကမ္ဘာပေါ်မှာ သွေးအားနည်းရောဂါခံစားနေရသူ အများစုကြီးဟာ သံဓာတ်အာဟာရ ချို့တဲ့ခြင်းကြောင့် ခံစားနေကြရတာ ဖြစ်ပါတယ်။ သွေးနီဥတွေကို အောက် ဆီဂျင် သယ်နိုင်စွမ်းရှိအောင် လုပ်ပေးတဲ့ ဟီမိုဂလိုဘင် ဓာတ်ပေါင်းထုတ်လုပ်ရာမှာ သံဓာတ် အလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့နေသူတွေမှာ သွေးနီဥ အရေအတွက် ပုံမှန်ရှိပါလျက် သွေးနီဥ တစ်ဥချင်းမှာ ဟီမိုဂလိုဘင်ဓာတ်ပေါင်း နည်းနေခြင်းက သွေးအားနည်း ခြင်းရဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်းက ဟီမိုဂလိုဘင် ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။

 သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေရဲ့ သွေးနီဥတွေထဲမှာ ဟီမိုဂလိုဘင် ပမာဏဟာ ရှိသင့်တာ ထက် နည်းနေပါတယ်။ သွေးနီဥတွေဟာ  ပုံမှန်ထက် အရောင်ဖျော့ နေပါတယ်။ အရွယ်အစားလည်း ပုံမှန်ထက် ငယ်နေပါတယ်။ သွေးနီဥတွေ အရောင်ဖျော့ပြီး အရွယ် ငယ်တဲ့ သွေးအားနည်းရောဂါ (Hypochromic Microcytic Anaemia) လို့ ပြောလေ့ရှိပါတယ်။ Hypochromic ဆိုတာ အရောင်ဖျော့တယ်လို့ အဓိပ္ပာယ် ရပြီးတော့ Microcytic ဆိုတာ “အလုံးသေးတယ်” လို့ အဓိပ္ပာယ်ရပါတယ်။

 မြန်မာနိုင်ငံလို ဖွံ့ ဖြိုးဆဲနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဝက်ကျော်၊ ၅ နှစ်အောက် ကလေး တစ်ဝက်ကျော်ဟာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ကို ခံစားနေရပါတယ်။ သွေးအားနည်းလျှင် လူကြီးတွေ ဟာ အားသွန်ခွန်စိုက် အလုပ်မလုပ်နိုင်ပါဘူး။ ကလေး တွေဟာ အများနည်းတူ မဆော့နိုင်၊ မကစားနိုင်ပါဘူး။ မောပန်းလွယ်ပါတယ်။ မျက်ခွံတွေ၊ နှုတ်ခမ်းတွေ၊ လျှာ တွေ ဖြူဖပ်ဖြူလျော် ဖြစ်နေတတ်ပါတယ်။ ပိုပြီး အရေးတကြီး သိထားသင့်တာက သံဓာတ်ချို့တဲ့ပြီး သွေးအား နည်းနေတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ်အချိန်တွေမှာ အသက်အန္တရာယ်နှင့် ပိုပြီးနီး တတ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေတဲ့ ၅ နှစ်အောက် ကလေးတွေဟာ ဦးနှောက်ဖွံ့ ဖြိုးမှု နှေးကွေးပြီး စဉ်းစားဆင်ခြင်တတ်မှု၊ ဉာဏ်ရည် ဉာဏ်သွေးနှင့် မှတ်ဉာဏ်ထိခိုက်တဲ့အတွက် ကျောင်းနေချိန် ရောက်တဲ့အခါ ပညာသင်ကြားရာမှာ သံဓာတ်ပြည့်ဝတဲ့ ကလေးတွေလို မထက်မြက်ဘူးဆိုတာ ကိုလည်း သိထားသင့်ပါတယ်။

သံဓာတ်ကြွယ်ဝသည့် အစားအစာများ
 ဖွံ့ ဖြိုးဆဲနိုင်ငံတွေက လူတွေမှာ သံဓာတ်ချို့တဲ့မှု များတာဟာ ရောဂါဘယ ထူပြောခြင်း၊ ချိတ်သန်ကောင် (Hook Worm) နှင့် အခြားကူးစက်ရောဂါတွေ အဖြစ် များခြင်းတို့နှင့်လည်း သက်ဆိုင်ပါတယ်။ ဒီဆောင်းပါး မှာတော့ အစားအသောက်မှရတဲ့ သံဓာတ်မလုံလောက်မှု အကြောင်းကို အဓိကပြောချင်ပါတယ်။

 အသားတွေမှာ သံဓာတ်ပါဝင်ပါတယ်။ အမဲသား၊ ဆိတ်သားလို အနီရောင်အသားတွေဟာ ကြက်သားလို အဖြူရောင်အသားတွေထက် ပိုပြီး သံဓာတ်ြွကယ်ဝပါ တယ်။ အသည်းမှာ သံဓာတ်အလွန်ကြွယ်ဝပါတယ်။ သံဓာတ်ပြည့်ဝဖို့ အခုပြောခဲ့တဲ့ တိရစ္ဆာန်ထွက် အစား အစာတွေကို တတ်နိုင်သမျှ စားသုံးသင့်ပါတယ်။ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် နွားနို့၊ ကျွဲနို့ စတာတွေဟာ သံဓာတ်ြွကယ်ဝတဲ့ အစားအစာတွေ မဟုတ်ပါဘူး။

 ပဲဆန်အမျိုးမျိုးနှင့် အစိမ်းရင့်ရောင် ဟင်းရွက်တွေ ဟာလည်း သံဓာတ်ြွကယ်ဝပါတယ်။ ဒါပေမဲ့ ပဲနှင့် ဟင်း ရွက်တွေအပါအဝင် အပင်ထွက်အစားအစာတွေထဲက သံဓာတ်ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူရ တာဟာ အသားနှင့် အသည်းမှာပါတဲ့ သံဓာတ်ကို စုပ်ယူရ သလောက် မလွယ်ပါဘူး။ ဒါကြောင့် ပဲနှင့် အရွက်တွေ ကိုချည်း အားကိုးလို့မရပါဘူး။ ပဲနှင့် ဟင်းသီးဟင်းရွက် တွေကို အသားလေးနည်းနည်းနှင့် ရောပြီးမှ စားမယ် ဆိုရင်တော့ အသားကြောင့် ပဲထဲက သံဓာတ်ကိုစုပ်ယူမှု ပိုပြီးကောင်းသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ပဲနှင့် ဆိတ်သားဟင်း၊ အသားအနည်းငယ်ပါတဲ့ ဟင်းရွက်သုပ်၊ ဟင်းရွက်ကြော် စသဖြင့် အသားနှင့်ပဲ၊ အသားနှင့်အရွက် ရောပြီးစားတာဟာ ကောင်းတဲ့ စားသောက်နည်းဖြစ်ပါ တယ်။

 ဗီတာမင်စီဟာ ပဲနှင့်အရွက်တွေထဲက သံဓာတ်ကို အူထဲကနေ သွေးထဲရောက်အောင် စုပ်ယူမှုကို ပိုပြီး ကောင်းစေတာမို့ ပဲဟင်း၊ ဟင်းသီးဟင်းရွက်ဟင်းများနှင့် ထမင်းစားပြီးတဲ့အခါ မာလကာသီး၊ လိမ္မော်သီး၊ လိမ္မော် ရည် စတဲ့ ဗီတာမင်စြွီကယ်ဝတဲ့ အစားအသောက်တွေ စားသုံးတာ၊ ဟင်းရွက်သုပ်တွေကို သံပရာရည်ညှစ်ပြီး စားတာတွေဟာ ကောင်းတဲ့ စားသောက်နည်းတွေ ဖြစ်ပါတယ်။

 လက်ဖက်ခြောက်မှာပါတဲ့ Tannic Acid ဟာ အစားအစာတွေထဲက သံဓာတ်ကို သွေးထဲရောက်အောင် စုပ်ယူတဲ့ လုပ်ငန်းကို နှောင့်ယှက်တတ်တဲ့အတွက် ထမင်း စားပြီး ၂ နာရီအတွင်း လက်ဖက်ရည်အချိုသောက်ခြင်းကို ရှောင်ကြဉ်သင့်တယ်ဆိုတာ နိုင်ငံတကာမှာ သုတေသန ပြုပြီး တွေ့ရှိထားတဲ့ အချက်ဖြစ်ပါတယ်။ ထမင်းကို လက်ဖက်သုပ်နှင့် စားခြင်း၊ လက်ဖက်ရည်ကြမ်းဖန်ဖန် သောက်ခြင်းတို့ကလည်း သံဓာတ်စုပ်ယူမှုကို နှောင့်ယှက် တယ်လို့ မြန်မာအာဟာရ သုတေသီတွေက ပြောကြပါ တယ်။

 သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ အဖြစ်များတဲ့ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း သံဓာတ် အားဆေးကို နေ့စဉ်မှန်မှန် မှီဝဲသင့်ပါတယ်။ ကျန်းမာရေး ဌာနက အခမဲ့ တိုက်ကျွေးပေးနေပါတယ်။ အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးတွေကိုတိုက်တဲ့ အားဆေးဟာ သံဓာတ်ပါဝင်တဲ့ အားဆေးမျိုး ဖြစ်သင့်ပါတယ်။ အသက် ၆ လ ကျော်ပြီးတဲ့ ကလေးတွေကို အသင့်ပြုပြင်ထားတဲ့ ဖြည့်စွက်စာ ဝယ်ကျွေးတယ်ဆိုရင် သံဓာတ်ဖြည့်စွက် ထားတဲ့ အစာမျိုးကို ရွေးချယ်သင့်ပါတယ်။ မိမိအိမ်မှာ ချက်ပြုတ်တဲ့ ထမင်း၊ ဆန်ပြုတ် စတဲ့အစားအစာတွေကိုပဲ ကျွေးတယ်ဆိုရင်လည်း အစာထဲမှာ ဖြူးပြီး၊ နယ်ပြီး ကျွေးလို့ရတဲ့ တစ်ခါသုံး သံဓာတ်အမှုန့် (Iron Sprinkles) အထုပ်ကလေးတွေ ဝယ်လို့ရနေပါပြီ။ အခုအခါမှာ အား ဖြည့်ဆန်ဆိုတဲ့ အမည်နှင့် ရောင်းချနေတဲ့ အာဟာရဖြည့် ဆန်မှာ အာဟာရဓာတ် ၈ မျိုး ဖြည့်စွက်ထားတဲ့အနက် သံဓာတ်လည်း ပါဝင်နေတာမို့ အိမ်တွေမှာ မိသားစုတစ်စု လုံး အာဟာရဖြည့်ဆန်ကို စားသုံးကြဖို့ တိုက်တွန်းလိုပါ တယ်။

ဖောလစ်အက်ဆစ် (Folic Acid) ချို့တဲ့၍ ဖြစ်ရသည့် သွေးအားနည်းရောဂါ
 ဖောလစ်အက်ဆစ်ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့ သွေး အားနည်းရောဂါ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်နှင့် ဖောလစ် အက်ဆစ် နှစ်မျိုးစလုံးချို့တဲ့ပြီး သွေးအားနည်းရောဂါ ဖြစ်ကြတာကို တွေ့ရပါတယ်။

 ဖောလစ်အက်ဆစ်ချို့တဲ့လျှင် ရိုးတွင်းခြင်ဆီအတွင်း သွေးနီဥတွေ ထုတ်လုပ်မှုနှင့် ရင့်ကျက်မှုကို ထိခိုက်ပါ တယ်။ သွေးနီဥတွေ ကြီးပြင်းပုံဟာ ထူးခြားပါတယ်။ သွေး နီဥတွေဟာ ဖြစ်ပေါ်စမှာ အရွယ်အစားကြီးနေရာက သက်တမ်းရင့်လာတာနှင့်အမျှ  အလုံးအထည် ငယ်သွားပါတယ်။

 ဖောလစ်အက်ဆစ်ချို့တဲ့လို့ဖြစ်ရတဲ့ သွေးအားနည်း ရောဂါမှာ သွေးနီဥတွေဟာ ရင့်ကျက်ပြီး ပုံမှန်အရွယ် မဖြစ်လာ (ငယ်မလာ) ဘဲ  နုစဉ်ကအတိုင်း အရွယ်အစား အကြီးကြီးတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဖောလစ် အက်ဆစ်ချို့တဲ့ သွေးအားနည်း ရောဂါဟာ သွေးနီဥတွေ ပုံမှန်ထက် အရွယ်အစားကြီးတဲ့ သွေးအားနည်းရောဂါ (Macrocytic Anaemia) မျိုး ဖြစ်ပါတယ်။ Macrocytic ဆိုတာ အလုံးကြီးတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ရင့်ကျက် မလာတဲ့ သွေးနီဥကြီးတွေဟာ ဟီမိုဂလိုဘင် သယ်ဆောင် တဲ့ လုပ်ငန်းကို မလုပ်နိုင်ကြပါဘူး။

 ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေက အမဲအသည်း၊ ကြက်အသည်း စတဲ့ တိရစ္ဆာန်ထွက် အစားအစာများနှင့် ပဲတီ၊ အနီရောင် ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့်ဘရော့ကိုလီ (Broccoli) ဆိုတဲ့ ပန်းဂေါ်ဖီစိမ်း အပါအဝင် အပင်ထွက် အစားအစာများ ဖြစ်ပါတယ်။

 ကိုယ်ဝန်ဆောင်တွေ ဖောလစ်အက်ဆစ်ချို့တဲ့ သွေးအားနည်းရောဂါမှ ကာကွယ်ဖို့ အကောင်းဆုံးနည်းက ဖောလစ်အက်ဆစ်ပါတဲ့ ဆေးပြားတွေ မှီဝဲခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကျန်းမာရေးဌာနက တိုက်ကျွေးနေတဲ့ သံဓာတ်ဆေးပြား တွေမှာ ဖောလစ်အက်ဆစ်လည်း ပါဝင်နေပြီး ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ရင့်နေချိန်မှာ သွေးအား နည်းရောဂါကို ကာကွယ်ပေးပြီး ကိုယ်ဝန်နုစဉ်မှာ သန္ဓေသားရဲ့ ဦးခွံရိုးနှင့် ကျောရိုးတွေ ပုံမှန်ကြီးထွားမှုကို အားပေးပါတယ်။ ကိုယ်ဝန်နုစဉ်မှာ ဖောလစ်အက်ဆစ် ချို့တဲ့လျှင် သန္ဓေသားဟာ ဦးခေါင်းနှင့် ကျောရိုးတွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး မွေးလာနိုင်ပါတယ်။

ဗီတာမင်ဘီတွဲ ချို့တဲ့၍ ဖြစ်ရသည့် သွေးအားနည်းရောဂါ
 ဗီတာမင်ဘီတွဲ ချို့တဲ့မှုကတော့ မြန်မာပြည်မှာ အလွန်ရှားပါတယ်။ အနောက်နိုင်ငံတွေမှာ အဖြစ်များပါ တယ်။ အစားအစာမှာ ဗီတာမင်ဘီတွဲ ချို့တဲ့လို့ ဖြစ်တာ ထက် အစားအစာထဲက ဘီတွဲကို အူထဲကနေ သွေးထဲ ရောက်အောင် မစုပ်ယူနိုင်တာက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗီတာမင်ဘီတွဲ ချို့တဲ့လျှင် ဖောလစ်အက်ဆစ် ချို့တဲ့မှုမှာလိုပဲ သွေးနီဥတွေ ထုပ်လုပ်မှုနှင့် ပုံမှန်ရင့်ကျက်မှုကို ထိခိုက်ပါတယ်။ သွေးနီဥတွေဟာ သက်တမ်းရင့် လာပေမယ့် အရွယ်ငယ်မသွားပါဘူး။ အောက်ဆီဂျင် လည်း မသယ်ဆောင် နိုင်ပါဘူး။

 ဒါကြောင့် ဗီတာမင်ဘီတွဲ ချို့တဲ့လို့ဖြစ်ရတဲ့ သွေးအားနည်းရောဂါမှာလည်း သွေးနီဥ တွေဟာ ပုံမှန်ထက် အရွယ်အစားကြီးနေတတ်ပါတယ်။ သွေးနီဥတွေရဲ့ အရွယ်အစားကြီးနေတာကိုကြည့်ပြီး ဗီတာမင်ဘီတွဲချို့တဲ့လို့ ဖြစ်တာလား၊ ဖောလစ်အက်ဆစ် ချို့တဲ့လို့ ဖြစ်တာလားဆိုတာ ခွဲခြားမသိနိုင်ပါဘူး။ ဗီတာမင်ဘီတွဲ ချို့တဲ့ခြင်းက သွေးအားနည်းရောဂါ ဖြစ်စေရုံသာမက အာရုံကြောတွေကိုလည်း ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ ဗီတာမင်ဘီတွဲချို့တဲ့လို့ဖြစ်တဲ့ သွေးအားနည်းရောဂါကို ဖောလစ်အက်ဆစ်ပေးပြီး ကုသ မယ်ဆိုလျှင် သွေးနီဥတွေ ပုံမှန်ရင့်ကျက်ပြီး သွေးအား နည်းရောဂါ သက်သာသွားနိုင်ပေမယ့် အာရုံကြောတွေ ထိခိုက်ခြင်းက အချိန်ကြာသည်နှင့်အမျှ ပိုပြီးဆိုးရွားလာ တတ်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ အရွယ်အစားကြီး နေတဲ့ သွေးအားနည်း ရောဂါကို ဖောလစ်အက်ဆစ်ချို့တဲ့ တာလား၊ ဘီတွဲ ချို့တဲ့တာလားဆိုတာ ခွဲခွဲခြားခြားသိဖို့ သွေးကို အထူးဓာတ်ခွဲ စမ်းသပ်မှုတစ်မျိုး ပြုလုပ်ပြီး ဘီတွဲချို့တဲ့တာဆိုလျှင် ဗီတာမင်ဘီတွဲ ထိုးဆေးနှင့် ကုသရပါတယ်။

 ဗီတာမင်ဘီတွဲ ကြွယ်
ဝတဲ့ အစားအစာတွေက အသား၊ ငါး၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်အစားအစာများ၊ ကြက်ဥ၊ ဘဲဥ စတဲ့ တိရစ္ဆာန်ထွက် အစားအစာအမျိုးမျိုးတို့ ဖြစ်ပါတယ်။ အသီးအရွက်များမှာ ဗီတာမင်ဘီတွဲ မပါတဲ့ အတွက် အသားနှင့် ငါးအမျိုးမျိုး ကို ရှောင်ကြဉ်တဲ့အပြင် ကြက်ဥ၊ ဘဲဥ၊ ငုံးဥလည်း မစား၊ နို့လည်းမသောက်သူ သက်သတ်လွတ်သမားတွေအနေနဲ့ ဗီတာမင်ဘီတွဲကို ဆေးအဖြစ် မှီဝဲဖို့ လိုအပ်ပါတယ်။
............................
ဒေါက်တာလှကြည် 

Credit:  Food Magazine

Tuesday, April 24, 2018

ဆရာ ဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်ရာဇာ တွတ်ပီ PDF စာအုပ်များ


ငယ်စဉ်ကတည်းက လက်​ပွန်းတတီး ဖတ်ရှုအားပေးခဲ့ရသော ဆရာ ဆွေမင်း (ဓနုဖြူ)  ရဲ့ လက်ရာ တွတ်ပီစာအုပ်များ ဒုတိယအကြိမ် စုစည်းဝေမျှတာဖြစ်ပါတယ်။ သဘာဝကျကျ ရယ်မောနိုင်ကြပါစေ။

*** တွတ်ပီ PDF 172 files ***
အကုန်လုံးတော့မဟုတ်ပေမဲ့ အလွယ်တကူရှာလို့ရအောင် ရသလောက်စုစည်းထားတာပါ...

1.မြို့ ပြပုံပြင်များထမတွဲ      21MB
https://ww.mediafire.com/download/9r55man3wuo6xf2

2.မြို့ ပြပုံပြင်များ ဒုတိယတွဲ      34.9MB
https://www.mediafire.com/download/d7do553zoxshizw

3.တောမုဆိုး၏စွန့်စားခန်းများ       8.9MB
https://www.mediafire.com/download/f3bwhxmngmb2k0p

4.အဆိပ်သင့်သောသူများ      30.1MB
https://www.mediafire.com/download/hebptihn5l5pxh5

5.သူရဲကောင်း      14.2MB
https://www.mediafire.com/download/62sfia2k6os1611

6.ဥမိဘိစိ      8.7MB
https://www.mediafire.com/download/zxuaqmeky4tccgj

7.တွေ့လျှင်အကြောင်းကြားပေးပါ ကျေးဇူးဆပ်ပါမည်      7.7MB
https://www.mediafire.com/download/c3r8ozr3fesdqoo

8.မြစမ်းသီလာ      29.4MB
https://www.mediafire.com/download/coi4n97edosj8jh

9.ညောင်ပင်တစ္ဆေ      30MB
https://www.mediafire.com/download/dl5c18t81enlwa4

10.ကျားမင်း      5.1MB
https://www.mediafire.com/download/oat93w52kt4yp98

11.အဘိုး​ပေါက်​ပီ၏ ဘဝမှတ်​တမ်း ၁     27.7MB
https://www.mediafire.com/download/dwr7jygkr1wy5w9

12.အဘိုး​ပေါက်​ပီ၏ ဘဝမှတ်​တမ်း ၂      31.5MB
https://www.mediafire.com/download/lysnjcvjj5xr8aa

13.ထူးဆန်းသောဧကရီ        26.7MB
https://www.mediafire.com/download/dh1700hkjb88gk1

14.ကြိုးဝိုင်းထဲကအချစ်      12.6MB
https://www.mediafire.com/download/17nmnbma5gg5snb

15.မရှိမဖြစ်ဗိုက်      10MB
https://www.mediafire.com/download/8zq2qqa82jlm7cn

16.မုဆိုးနှလုံးသား       29MB
https://www.mediafire.com/download/oyda13a1yah646m

17.နှစ်ပွင့်စံပယ်       22.9MB
https://www.mediafire.com/download/qcapw3d2hj2ol6m

18.ဆွေမင်း(ဓနုဖြူ ) _ ဘဝတစ်ခု အမှတ်တရ      1.3MB  (ဆရာဆွေမင်းရဲ့ ဆောင်းပါးတွေကိုစုစည်းထားတဲ့ စာအုပ်)
https://www.mediafire.com/download/5k79retgdwnd739

19.ပုံမှားရိုက်သူများ      27.4MB
https://www.mediafire.com/download/wqb65do49fzab4k

20.ဘဝတစ်ခုအမှတ်တရ     36.5MB
https://www.mediafire.com/download/o30sv9q0hn1plpp

21.နတ်သမီးစံအိမ်      34MB
https://www.mediafire.com/download/cuqpuyjbko6ti1h

22.အတိတ်ခါးခါး ၁     4.9MB
https://www.mediafire.com/download/a4joaac9vd7l50v

23.အတိတ်ခါးခါး ၂      11.3MB
https://www.mediafire.com/download/ly2c16vdk83xap6

24.ပင်​လယ်​မုဆိုး      24.8MB
https://www.mediafire.com/download/axpgo64g2y7e7bh

25.မျှင့် ကိုသာအချစ်ဆုံး      11.4MB
https://www.mediafire.com/download/wudd7icc43lo0b4

26.မင်းသားငပြူး ရသေ့တာတေ နှင်းဆီဒိန်းဒေါင်း        31.5MB
https://www.mediafire.com/download/m2tpl67r0vf7cqh

27.မုဆိုးနားနီးတံငါ တံငါနားနီးမုဆိုး       62.6MB
https://www.mediafire.com/download/23r9si36uo68o3m

28.ချစ်သောမျှင်       16.1MB
https://www.mediafire.com/download/e8ftk4ys409tckw

29.မင်းသားကြီး      20.5MB
https://www.mediafire.com/download/d69553232dmtkat

30.မိစ္ဆာ​စေတမန်​       13.1MB
https://www.mediafire.com/download/9znorw2085eh1cb

31.ဟာသဥယျာဉ် ၂       14.7MB
https://www.mediafire.com/download/1jx27bls06n3gcz

32.ဟာသဥယျာဉ် ၅       14.5MB
https://www.mediafire.com/download/jzgsgw43omrb2do

33.ဟာသဥယျာဉ် ၇       16.1MB
https://www.mediafire.com/download/m1r3iyunpqwwj24

34.ဇာတ်သိမ်းခန်းမှာလွမ်းရသည်     26MB
https://www.mediafire.com/download/rsjay0mbj3g9h4r

35.အဏ္ဏဝါပါးမည်းကြီး      19.2MB
https://www.mediafire.com/download/wab25d55kbixljh

36.မောင့်ရွှေနဖူးစာ      22.7MB
https://www.mediafire.com/download/585pepm3qjry7f1

37.ဝါးရုံပင်သရဲ       26.8MB
https://www.mediafire.com/download/b7u7bx9wzb7vtr3

38.စုတ်ဖွားသတ္တဝါကြီး       38.2MB
https://www.mediafire.com/download/8rcfdplhkqlc299

39.မြေအောက်တိုင်းပြည်      14.5MB
https://www.mediafire.com/download/e61ruttb6qf51c8

40.မင်းပုန်းတောင်မှစွယ်ဝါကြီး      52.7MB
https://www.mediafire.com/download/iv8649fkx699cfb

41.တောကြီးကဝေ      23.8MB
https://www.mediafire.com/download/0p4jocvup6aeess

42.ဝက်​ဝံချစ်​​သော​ကောင်​မ​လေး      23.3MB
https://www.mediafire.com/download/k32uzbhckyk2nit

43.ပစ်ချလိုက်ရမလား      17.7MB
https://www.mediafire.com/download/dbxa2qj49hbd5l1

44.အောက်မေ့ဖွယ်ရာမိုးရက်များ       30.6MB
https://www.mediafire.com/download/5991fl01dmbbsnx

45.သမန်းကဝေ       39.2MB
https://www.mediafire.com/download/dn2sq8u23q0s4wa

46.အရိုင်းအယဉ်      55.2MB
https://www.mediafire.com/download/c0c0jrhzdqzpkj1

47.ထူးဆန်းထွေလာကျွန်းသန္တာ      17.3MB
https://www.mediafire.com/download/c255t9ixaley6xk

48.ဆင်ဖြူတော်     51.7MB
https://www.mediafire.com/download/j73od44dog5d8eu

49.ပျောက်ဆုံးနေသောရွှေမြို့ တော်       18.1MB
https://www.mediafire.com/download/5w27z4pg3bzf3i5

50.တူနှစ်​ဖြာ​ရွှေဂ​ဟေဆက်​လို့      27.2MB
https://www.mediafire.com/download/37829s624izc3h1

51.​မြွေ      17.6MB
https://www.mediafire.com/download/nk5cn65y7vfazmo

52.ကျားသစ်​နက်​ရှာပုံ​တော်​      47.2MB
https://www.mediafire.com/download/0p38vo8b5mzysfu

53.​ရွှေရည်​​ငွေရည်​​လောင်းပါ​သော်​လည်း      32.7MB
https://www.mediafire.com/download/c5aq4rqa76ujfob    

54.မျိုးပွားပုံတူများ      44.2MB
https://www.mediafire.com/download/6m7i66wbyraqb1y

55.ဥယျာဉ်မှူးနှင့် ပန်းပုံပြင်      9.6MB
https://www.mediafire.com/download/icoddyfpufl3okt

56.လွမ်းရစ်တော့လေသင်္ကြန်နွေ      17MB
https://www.mediafire.com/download/nj0u24lasi2eafu

57.မဟူရာမိုးကြိုး       39.8MB
https://www.mediafire.com/download/ru43z1k92m0mm1e

58.ဝေလာဝေးနယ်မှဟင်းမျိုးကြီး      34.5MB
https://www.mediafire.com/download/ipeac6c25wto6rs

59.ကြိုးဝိုင်းထဲက ဇာတ်ဆရာ      38.3MB
https://www.mediafire.com/download/irh3zzbw6o3wvg6

60.သင်္ကြန်အိမ်​ငှားရန်​ရှိသည်​       28.1MB
https://www.mediafire.com/download/sce2amddv8fcjyi

61.ကြွက်ရဲ့ အယောင် ကြောင်ရဲ့ အလား      28.5MB
https://www.mediafire.com/download/57m7j128koec50o

62.လော်မင်္ဂလာ      23.7MB
https://www.mediafire.com/download/rrb0cje893wa34g

63.မဟာတော်ဝင်ကြုံတိုင်း     37.5MB
https://www.mediafire.com/download/joup5h17q7wipi7

64.​သြချရတဲ့ ဘောသမတို့ရဲ့ပွဲ     15.8MB
https://www.mediafire.com/download/228kzqs7w2pu0j7

65.သီတင်းကျွတ်တော့မည်      39.3MB
https://www.mediafire.com/download/wmcuu1mlvlo5u1q

66.လွှဲချက်ကနာ     43.1MB
https://www.mediafire.com/download/m57x9i49dyvjtq4

67.ခေတ်သစ်အချစ်ရွေးကောက်ပွဲ     29.7MB
https://www.mediafire.com/download/92dg2e30fi75qws

68.လူပျို ကြီးများဒုက္ခ      32.1MB
https://www.mediafire.com/download/x46pk4wafwdm0i4

69.ရောင်စုံမှန်ပြောင်း      11.4MB
https://www.mediafire.com/download/824c8ljv5z5l7vl

70.အညာဇင်ယော်      32MB
https://www.mediafire.com/download/rr2krqlc7pg2zqc

71.လှူ မျှဝေ၍      18.6MB
https://www.mediafire.com/download/wovhgd6wg3c1cql

72.ဆင်ကြီးမုန်တိုင်း     42.3MB
https://www.mediafire.com/download/94kw5o29mrggaaf

73.သွေးစုပ်သတ္တဝါဆန်းများ       35.1MB
https://www.mediafire.com/download/2k27g8pir2l6kyk

74.ချစ်ရပါသည် မွေးဌာနီ      33.2MB
https://www.mediafire.com/download/znmlt4b96botmmy

75.ဝင်္ကပါ​တောင်​မှသတ္တဝါဆန်း      49.3MB
https://www.mediafire.com/download/mu7s7oem33ejvb3

76.မန္တလာခရီး      6.2MB
https://www.mediafire.com/download/udvu8ds8azxxufx

77.အလံတစ်ရာမြွေဆိုးကြီး     39.1MB
https://www.mediafire.com/download/00zts8l33g3xgn2

78.မိဘတို့ဝတ္တရားရှိသည့်အတိုင်း      15.8MB
https://www.mediafire.com/download/78mmp4ccbfps80o

79.နတ်ရဲတောင်ရဲ့ လျှို့ ဝှက်ချက်      47.6MB
https://www.mediafire.com/download/g91z2d2uqh37apz

80.ကောလ္လိယအင်းခွေးကြီး      28.9MB
https://www.mediafire.com/download/a6uheo9x0bxytca

81.လက်​ပံခါး     34MB
https://www.mediafire.com/download/2oqgrwagna977op

82.မာန်​စွယ်​​ဖွေး​ဖွေး      35.3MB
https://www.mediafire.com/download/69oc3d7yhbg5cq9

83.မြို့ ကျောင်းကခေါင်းလောင်းသံ      29.2MB
https://www.mediafire.com/download/nendv9523ay094k

84.လောင်မြှိုက်တတ်သော      34.4MB
https://www.mediafire.com/download/wm8p79dg24pg1ff

85.သံ​ယောဇဉ်​ ဆရာမ​လေး     20.5MB
https://www.mediafire.com/download/c6ph7clg7ez04y9

86.ဖိုက် ဖိုး ထရီး တူး ဝမ်း...အက်ရှင်      36.7MB
https://www.mediafire.com/download/7fru8na41swbrv3

87.ထမ်းလို့ကျန်ရစ်ခဲ့မှာကိုအားနာပါတယ်လေ      20.6MB
https://www.mediafire.com/download/2d258camt6cewge

88.ရန်ပုံငွေပျောက်ဆုံးမှု      20.2MB
https://www.mediafire.com/download/42nbf5fae6omobe

89.ကမ္ဘီရဗိုက်ကလေး       19.9MB
https://www.mediafire.com/download/wmbwyqmb7ax7ba5

90.သမုဒ္ဒရာ ဝမ်းတထွာ     20.3MB
https://www.mediafire.com/download/wjrw5ob54zvi2yv

91.အ​ဖေဒဲ့ပီ၏ ဘဝမှတ်​တမ်း     89.8MB
https://www.mediafire.com/download/5le395a7c1nc5l3

92.အောင်ဘာလေ ဒုတိယပိုင်း     31.1MB
https://www.mediafire.com/download/e6h4b2qk1ox0e73

93.အောင်ဘာလေ ပထမပိုင်း       20.3MB
https://www.mediafire.com/download/g5e73krt5wsrrcq

94.နဂါးစက်ရောင်ပတ္တမြားကြီး      43MB
https://www.mediafire.com/download/wlf347tgl4jdll4

95.တွတ်​ပီတို့ကတဲ့ဇာတ်​     27.3MB
https://www.mediafire.com/download/b2p16g7j8ceu6pa

96.မိုးပျံတောင်နီခရီးကြမ်း      66MB
https://www.mediafire.com/download/kj151e5x0w4r1w7

97.စမ်းရေပမာမိမေတ္တာ      36.1MB
https://www.mediafire.com/download/r6wwjb5lwaml354

98.ကျားဖြူ တစ္ဆေတောလုံးမွှေ       34.3MB
https://www.mediafire.com/download/cc09cgi6mc9gwv4

99.မယ့်သည်းချာ      44MB
https://www.mediafire.com/download/bmos53mmdm77m5z

100.မိုးကုတ်သူဌေး ဗိုက်ကလေး     37.2MB
https://www.mediafire.com/download/mvwturt9m8wq38o

101.ဝဋ်      26.7MB
https://www.mediafire.com/download/w0tix6gq56ntmht

102.မသေဆေးရှာပုံတော်       15.8MB
https://www.mediafire.com/download/ii23a7nv7fkgv8a

103.ကျားဖြူရှင်​သိုက်​    35.4MB
https://www.mediafire.com/download/cg6zu472cxqqh6f

104.ဟိမဝန္တာခြ​င်္သေ့     48MB
https://www.mediafire.com/download/bxbepnvp2q1ve34

105.အကြောင်းရှာတော့ခေါင်းမှာချာချာလည်      35.8MB
https://www.mediafire.com/download/qeo56eea8iidg13

106.ရောမြို့ ကပြန်ခဲ့တယ်     40.9MB
https://www.mediafire.com/download/u2faqwoof69qz47

107.ရွှေလူဝံ     28.3MB
https://www.mediafire.com/download/kb5tkab3z4l9ff3

108.မြို့ ပြခရီး     17.2MB
https://www.mediafire.com/download/iipr3z2z4995skh

109.ကြုံတိုင်းယူနိုက်တက်       40MB
https://www.mediafire.com/download/zschxnrsd4981ev

110.​နှောကူးကြီး    15.4MB
https://www.mediafire.com/download/44948vavxjgxzs4

111.သန္တာကျွန်း      41.1MB
https://www.mediafire.com/download/362gh8vuu55ykw3

112.ကျိုက်ထီးရိုးဘုရားဖူး    5.7MB
https://www.mediafire.com/download/rbcdozgs4m68efd

113.ရှုပ်​​ထွေး​ပွေလီဝိညဉ်​ကမ္ဘာဆီသို့      36.9MB
https://www.mediafire.com/download/9d8hp6ad9xa5oc8

114.ဗီဒီယိုဇာတ်လိုက်      24.4MB
https://www.mediafire.com/download/wdd4je6x7px596u

115.ချမ်းသာကိုယ်စိတ်မြဲပါစေ      14.3MB
https://www.mediafire.com/download/c8i4o2zjus74h25

116.ကျွန်ုပ်​နှင့်​အားနွဲ့သူပါကွယ်​       33MB
https://www.mediafire.com/download/aeyan8tnq1b6han

117.အချစ်​နှစ်​ပတ်​လည်​​နေ့      31.9MB
https://www.mediafire.com/download/9nrf6yaa8tckthc

118.ပရမ်းပတာ အရိုင်းတို့ရွာ      36.7MB
https://www.mediafire.com/download/46p69cut5cjxm2e

119.အာဖရိကတိရစ္ဆာန်​ကြီးများ       33.6MB
https://www.mediafire.com/download/7qwjbjjmk46po7q

120.ကျားနှင့်​ယှဉ်​ပြိုင်​လိပ်​သာနိုင်​      34.6MB
https://www.mediafire.com/download/04b1uu2xpjwpo69

121.ကံကြမ္မာစက်ဝိုင်းထဲကလူ       10.5MB
https://www.mediafire.com/download/pn4nysu2a9m6ucb

122.ကျွန်ုပ်လက်ဝါးနှင့်မသေးမျှင်ပါးမိတ်ဆက်ခြင်း (တတိုင်းမွှေးဂျာနယ်ပါကာတွန်းများ)     7.3MB
https://www.mediafire.com/download/aqvxkqth3kwjlqx

123.ထူးဆန်းသောရွာကလေး (တတိုင်းမွှေးဂျာနယ်ပါကာတွန်းများ)      2MB
https://www.mediafire.com/download/1lgnnftnol37g8y

124.မိုဘိုင်းရင်ခုန်သံ (တတိုင်းမွှေးဂျာနယ်ပါကာတွန်းများ)      9.7MB
https://www.mediafire.com/download/spbgqsyo9oqq0g0

125.စတော်ဘယ်ရီပင်အောက်ကလူတချို့  (တတိုင်းမွှေးဂျာနယ်ပါကာတွန်းများ)      8.3MB
https://www.mediafire.com/download/pap1j63d5o0r4u1

126.မိန်းမနိုင်နည်း (တတိုင်းမွှေးဂျာနယ်ကာတွန်းများ)      3.8MB
https://www.mediafire.com/download/a5bxd8kn3cf5tb4

127.တိုက်​ကျား       44MB
https://www.mediafire.com/download/78k6k6d8ajkq7aj

128.ဆင်​သင်းကွဲ လူသင်းကွဲ       23.5MB
https://www.mediafire.com/download/dfcuinud9dz7pq8

129.လက်​​ရွေးစင်​စွန့်​စားခန်းများ ၂       4.9MB
https://www.mediafire.com/download/fngtk6sns4lnru4

130.လက်ရွေးစင်စွန့်စားခန်းများ ၃      3.2MB
https://www.mediafire.com/download/x5e3znk526p6737

131.လက်​​ရွေးစင်​စွန့်​စားခန်းများ ၅      12MB
https://www.mediafire.com/download/vgs6c262dbh0imx

132.ရွာ​ကျောင်းက​ခေါင်း​လောင်းသံ      22.7MB
https://www.mediafire.com/download/o07ud9c57dbc5c2

133.မာလာဆို​သောပန်းက​လေး       33.2MB
https://www.mediafire.com/download/d4eqip3d77q8akv

134.​တောမုဆိုး၏အံ့ဖွယ်​ပြဿနာ      10.5MB
https://www.mediafire.com/download/c474y86ox27z6rl

135.အစိမ်းရင့်​​ရောင်​​နွေပုံပြင်​      12.6MB
https://www.mediafire.com/download/6vo4ripcf5j3y0a

136.ဤသို့ပြုရ       23.2MB
https://www.mediafire.com/download/9d3lkl5n23w9wkr

137.ဆင်​​သေ​ချောက်​ရတနာ      54.5MB
https://www.mediafire.com/download/8yq3w0b5lu4ld6i

138.သူရာဘီလူး     23.1MB
https://www.mediafire.com/download/zp3cc3pceqchxju

139.ငွေပင်မှာနားသော်လည်း     34.1MB
https://www.mediafire.com/download/julcigizlmnmpdc

140.ပန်းရိုင်းမာလာဂျူနီယာ       34.5MB
https://www.mediafire.com/download/e6zb18b55b66s51

141.စိတ္တဇလင်​မယား       28.3MB
https://www.mediafire.com/download/0odwhimwkhl78ti

142.မာယာပင်လယ်       24.5MB
https://www.mediafire.com/download/dsy5u05894sua6f

143.တောင်တော်သခင်မ      30.2MB
https://www.mediafire.com/download/jra7s683xxxx8wd

144.ကြုံတိုင်းနယ်မှကျားသောင်းကျန်း      12.6MB
https://www.mediafire.com/download/ap9xldec1t4andc

145.နောက်မဆုတ်နဲ့ကိုဝက်ဝံ      24.9MB
https://www.mediafire.com/download/2u4e17xh17m3jkj

146.ဥပါဒန်သားကောင်       22.2MB
https://www.mediafire.com/download/ecicym0jdi7bkb1

147.အမြန်လမ်းမှလူဝင်စား       30.6MB
https://www.mediafire.com/download/aodfc444419179a

148.သင်္ကြန်      7MB
https://www.mediafire.com/download/9ogcfwq1n9d2a38

149.သုံးပွင့်ဆိုင်ရတနာသိုက်       24.2MB
https://www.mediafire.com/download/lvrwt8chmyk1q1p

150.လူကျားသစ်      24.5MB
https://www.mediafire.com/download/7ll8lzxv2s8jd4i

151.ရုက္ခရာဇာ      30.1MB
https://www.mediafire.com/download/tjn55ske8su0ob8

152.နှင်းလူကလဲ့စား      32.6MB
https://www.mediafire.com/download/4xcbubn9pswaqrr

153.နတ်ဝင်သည်များ      4.4MB
https://www.mediafire.com/download/yhjwk5b74o3oauv

154.တွတ်တို့၏မာယာ      32.3MB
https://www.mediafire.com/download/0c1xr7mt7o0dxm7

155.ကျွဲလင်းကြီး      23MB
https://www.mediafire.com/download/21512uldahcpx3y

156.ငစွန့်စားတို့တိုင်းပြည်      36.7MB
https://www.mediafire.com/download/cg24e6m239h36c4

157.တောဒေဝါ      3.6MB
https://www.mediafire.com/download/f3l96s2xf77cl4d

158.မန္တလပရိယာယ်      60.8MB
https://www.mediafire.com/download/mzin8h7w32b2mjb

159.မာယာစံအိမ်      5.6MB
https://www.mediafire.com/download/lds7ir9whnn3cpr

160.ရေမြင့်သော်လည်းမတင်နိုင်သည့်ရွှေကြာ     51.9MB
https://www.mediafire.com/download/5oe8n01o95xpy1q

161.စိမ့်စမ်းမြိုင်မှမောင်ဥက္ကာ      44.5MB
https://www.mediafire.com/download/2662b58h377p05a

162.မေတ္တာနှောင်ကြိုး     33.6MB
https://www.mediafire.com/download/aov38iorjpqt255

163.တွတ်ပီဇာတ်လမ်းတိုလေးများ       7.7MB
https://www.mediafire.com/download/bebi01b9rstw4bv

164.တွတ်ပီဇာတ်လမ်းတိုလေးများ ၂      10MB
https://www.mediafire.com/download/yoo1ychibr7k444

165.လောကဘုံ       13.6MB
https://www.mediafire.com/download/zsfjatfa47nag7w

166.အိမ်​ငှားရန်​ရှိသည်​      33.8MB
https://www.mediafire.com/download/hgb3t54tifb4hr5

167.အဏ္ဏဝါဒေဝီ     24.3MB
https://www.mediafire.com/download/e0f8nm3j7l978pr

168.သူဌေးဖြစ်တော့မည်       8.7MB
https://www.mediafire.com/download/78vab7441b40kze

169.ကြုံတိုင်းရွာရောက်ဧည့်စိမ်းများ      31.1MB
https://www.mediafire.com/download/tlmfe2dla77djzv

170.အသည်းလိုက်မုဆိုး       37MB
https://www.mediafire.com/download/2zvqx27tqs3vbdd

171.ဇာတ်ခုံပေါ်ကကြတဲ့အခါနှင့် သိုက်နန်းပတ္တမြားကြီး     29.2MB
https://www.mediafire.com/download/fj3l47cpz67uc5r

172.သေမင်းတံခါးခေါက်သောရောဂါ       8.6MB
https://www.mediafire.com/download/vk4m8afamg9n27l

Credit: Orginal Owners