Monday, August 31, 2020

သင့်ဆံသားအမျိုးအစားကိုဘယ်လိုခွဲခြားမလဲ ...?

#သင့်ဆံသားအမျိုးအစားကိုဘယ်လိုခွဲခြားမလဲ ...?
#သင့်ဆံသားအလိုက်ဆံပင်ကိုဘယ်လိုပြုပြင်ထိန်းသိမ်ကြမလဲ...?


သင့်ဆံနွယ်လေးတွေကလှပါတယ်ဆိုတဲ့နေရာက စ
ပြောလိုက်ရအောင်ခင်ဗျ။ အဲ့ဒီဆံသားလေးတွေမှာ
သင်အချိန်နဲ့ ပိုက်ဆံတွေရင်းထားရတယ်။ရာသီဥတု
အပြောင်းအလဲပေါ်မူတည်ပြီး သင့်ဆံသားလေးတွေ
လည်းအရောင်ပြောင်းနိုင်တယ်။သင်စနစ်တကျ
ထားမယ်ဆို သူများတွေပြောနေကြသလိုဆံပင်
လေးတွေကောင်းလိုက်တာဆိုတဲ့အသံလည်းကြားရ
လိမ့်မယ်။ဒါတွေကိုမှတ်ထားပေးပါ။

#ကောင်းတဲ့ဆံသား၊#ထူတဲ့ဆံပင်၊#ရှည်တဲ့ဆံပင်၊
#ခြောက်တဲ့ဆံပင်၊#ရွှန်းစိုတဲ့ဆံပင်၊#ဆံပင်ကောက်၊
#ဆံပင်အခွေအလိပ်၊#ဆံပင်ဖြောင့်၊ဘယ်လိုပဲဖြစ်
ပါစေ သင့်ဆံပင်ကိုတလေးတစားဂရုစိုက်ဖို့လိုပါတယ်။
တကယ်လို့သင့်ဆံပင်ကကောက်တယ်ဆိုရင်ဆံသား
အခေါင်းပေါက်လေးတွေများမယ်။​ထူမယ်။
ပြီးတော့ပုံသွင်းပေးဖို့လည်းလိုမယ်။

အကြံပြုချက်/#စာကရှည်လို့သင့်ဆံသားနဲ့တူညီတဲ့စာပိုဒ်ကိုဖက်စေချင်ပါတယ်

➡️ #ဆံသားအမျိုးအစားကဘာတွေလဲ။
သင့်ဆံသားအမျိုးအစားကသင့်ဆံသားအကောက်
ပုံစံပေါ်မှာ မူတည်ပါတယ်။သင့်ဆံသားအကောက်
ဘယ်လောက်များတယ်မများဖူးဆိုတာသင့်ဆံသား
ထဲကဆဲလ်လေးတွေအပေါ်မူတည်ပါတယ်။
ဒီဆဲလ် ပုံသဏ္ဏာန်လေးတွေအပေါ်မှာအခြေခံပြီး
သင့်ဆံပင် ကို ဒီလိုအမျိုးအစားခွဲလို့ရပါတယ်။

-#ဆံသားအဖြောင့်
-#လှိုင်းတွန့်
-#အကောက်
-#အခွေအလိပ်
ဆဲလ်ပုံသဏ္ဏာန်လေးတွေကဝိုင်းမယ်ပြီးရင် ဘယ်နဲ့
ညာကအရွယ်အစားမညီညာဖူးဆိုရင်တော့သင့်ဆံပင်
ကကောက်နိုင်ပါတယ်။ဆံပင်အမျိုးအစားဆိုတာသင့်မျိုးရိုးနဲ့လည်းဆိုင် ပါတယ်။သင့်ဆံပင်ရဲ့အ
ကောက်ကို အပူပေးပြီးတော့ကော ဓါတုဆေးတွေနဲ့
ကောပြောင်းလဲလို့ ရသလို ဆံပင်အကောက်ကဟော်
မုန်းပြောင်းလဲတာ၊ဆေးသောက်ရတာတွေကြောင့်
လဲ ပြောင်းလဲနိုင်ပါသေးတယ်။ဒါပေမယ့် နဂိုအ
ကောက်ဆဲလ်ကတော့သင့် DNA ထဲမှာရှိပါတယ်။
ဆံသားမျှင်တွေကသူရဲ့ကြီးထွားမှုဖြစ်စဉ်တွေထဲ
မှာတစ်ခါကြီးထွားလာတိုင်းအဲ့ဒီဆံပင်ထဲမှာရှိတဲ့
မျိုးရိုး ဗီဇဆဲလ်တွေကလည်း အသစ်ကတစ်ဖန်
ပြန်လည် လည်ပတ်ဖြစ်တည်လာမှာဖြစ်တယ်။

ဆံသားအမျိုးအစားတွေဘယ်လောက်တောင်ရှိလဲ။
ဆံသားအမျိုးအစားများကို ပုံစံလေးမျိုးအထိခွဲ
ခြားပြထားပါတယ်။

➡️အမျိုးအစား 1 #ဖြောင့်တဲ့ဆံသား
➡️အမျိုးအစား 2 #လှိုင်းတွန့်ဆံသား
➡️အမျိုးအစား 3 #ကောက်တဲ့ဆံသား
➡️အမျိုးအစား 4 #အခွေအလိပ်ဆံသား

ဒီအမျိုးအစားတွေအပြင် ဆံလုံးကျစ်တာ၊ဖွာတာ၊
အကောက်ကျစ်တာ၊အကောက်ပြေပြစ်တာ စသဖြင့်
အမျိုးအစားကွဲလေးတွေထပ်ရှိပါသေးတယ်။
ကြားရတာရိုးရှင်းသလိုတော့ရှိပေမယ့် ဒီဆံသားတွေ
ကလည်း လူတွေရဲ့ မျိုးရိုးဗီဇကို ကိုယ်စားပြုပါတယ်။

ဥပမာဆိုရင်သင့်မှာ အမျိုးအစား 4Cလည်းရှိနိုင်
သ လို အမျိုးအစား 4A လည်းရှိနေနိုင်ပါတယ်။
သဘောကတော့ ထိပ်ပိုင်းမှာဆံသားကဖြောင့်ပြီး
အောက်နားလေးတွေကောက်သွားတဲ့ဆံပင်ပုံစံမျိုး
လည်းရှိနိုင်တယ်ဆိုတဲ့သဘောပါ။ သင်ဘယ်လို
ဆံပင်စတိုင်ဆိုဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသင်
သိထားရင် ဆံပင်ပုံသွင်းရတာကောဆံသားကျန်းမာ
ရေးထိန်းသိမ်းဖို့ပါ လွယ်ကူအဆင်ပြေမှာပါ။

#သင့်ဆံပင်စတိုင်နဲ့ ဆံသားကိုဘယ်လိုပုံသွင်းထိန်းသိမ်းကြမလဲ....?

➡️အမျိုးအစား  1ဖြောင့်တဲ့ဆံသား
အမျိုးအစား 1 မှာတော့နဂိုကောက်တာမျိုးမပါဖူး။
ဆံသားက ကြမ်းကြမ်းနုနု၊ထူထူပါးပါး၊ဆံပင်တော့
ကျွတ်လွယ်တတ်ပါတယ်။အမျိုးအစား 1 ဆံသားက
အဆီပြန်ဆံသားဖြစ်ပြီးဆံသားအလှဖန်တီးတဲ့ပညာ
ရှင်တော်တော်များများက ဒီလိုဆံသားမျိုးအတွက်
ဆံပင်အလှကုန်ဝယ်ရင် ပါဝင်ပစ္စည်းတွေမှာ အဆီ
ပါတာမျိုးမဝယ်ဖို့အကြံပေးပါရစေ

ဒီလို ဆံသားတွေအတွက် အရမ်းအဆီများတာ၊ထော
ပတ်ဆီပါတဲ့ အလှကုန်တွေကိုရှောင်ဖို့ပြောပါရစေ
ဆံသားဖြောင့်ပြီးကောင်းမွန်တဲ့သူတွေဆိုရင်စပရေး
ပုံစံအလှကုန်တွေကိုညွှန်းချင်ပါတယ်။ခေါင်းလျှော်
ရည်ဆိုလည်း Dry Shampooလိုမျိုးပေါ့သင်ခေါင်း
ခနခနလျှော်ရင်လည်းသင့်ဦးရေပြားက အဆီတွေ
ကိုပိုထုတ်လွှတ်ပေးတတ်လို့ Dry shampoo က
ခေါင်းခနခနလျှော်ချင်ပြီး အဆီပြန်၊ဆံသားဖြောင့်
တဲ့သူတွေ အတွက်သုံးသင့်တဲ့အလှကုန်တစ်မျိုးပါပဲ
ဆိုင်ကို လာတဲ့အမျိုးသမီးတော်တော်များများက
#Instagram ဒါမှမဟုတ်ရင် #facebook ကဆံပင်
ပုံတွေလိုမျိုးလိုချင်ကြတာများတယ်။ ဒါပေမယ့်
ကျွန်တော် ကတော့ဆံပင်ပုံစံရွေးရင် မိမိမျက်နှာပုံစံ
ထက် ဆံသားအမျိုးအစားပေါ်မူတည်တဲ့ ပုံစံမျိုးကို
ပဲရွေးဖို့အကြံပေးချင်တယ်။အခု ဆံသား ဖြောင့်တဲ့
သူတွေအတွက်ခေတ်စားနေတဲ့ဆံပင်ပုံစံဆို ရင်
မေးစေ့ကျော်လောက်အရှည်ကို ကုတ်ကုတ်ဝဲဝဲလေး
ထားတဲ့စတိုင်မျိုးကအရမ်းခေတ်စားနေပါတယ်။
ဒီစတိုင်ကဆံသားဖြောင့်တဲ့သူနဲ့လည်း တော်တော်
လိုက်ဖက်ပါတယ်။

➡️အမျိုးအစား 2 လှိုင်းတွန့်ဆံသား
အမျိုးအစားခွဲ 2A

အမျိုးအစား2 ရဲ့သဘာဝဆံပင်ပုံစံကတော့ပျောပျောင်းပြီး
နည်းနည်းပွယောင်းယောင်းဖက်ကိုသွားပါတယ်။
သင့်ဆံပင်အမြစ်ကနေမျက်စိနားလောက် အထိက ဆံသား
အနည်းငယ်ဖြောင့်ပြီး မျက်စိအောက်ပိုင်းကနေအဖျားပိုင်း
အထိက ခပ်ပြေပြေအကောက်ပုံစံမျိုးရှိတတ်ပါတယ်။
ဒီအကောက်လေးတွေကို သဘာဝကျကျထိန်းသိမ်းမယ်ဆိုရင်တော့
အဆီကိုအခြေခံထုတ်ထာတွေ၊ခရင်မ်ပုံစံအလှကုန်တွေကိုရှောင်ရပါ
မယ်။ကျွန်ုပ် ကတော့ အဲ့လိုဆံသားမျိုးကို အရမ်းမစေးကပ်တဲ့
mousseအမြှုပ်ပုံစံအလှကုန် တွေ၊ gel ပုံစံအလှကုန်တွေကို
အသုံးပြုသင့်တယ်လို့ အကြံပေးပါရစေ။

➡️အမျိုးအစား 2 B
အမျိုးအစား 2A လိုပါပဲ။ အမျိုးအစား 2B က လည်းဆံပင်
အလယ်လောက်ကနေ အောက်အထိကို အကောက်သွားပါတယ်။
ဒါပေမယ့်ဒီအကောက်က တော့ S စာလုံးပုံစံနဲ့သွားပါတယ်။
ဒီအကောက်တွေကိုဖြောင့်မယ်ဆိုရင်လည်းတော်တော်လေးအားစိုက်
ရတတ်တယ်။ဒါပေမယ့်ဒီအကောက်ကို စပရေးလေးဖြန်းပုံသွင်းပြီး
ကမ်းခြေသွားတဲ့ ကမ်းခြေစတိုင် ဖန်တီး လို့ရပါတယ်။

ဒီအမျိုးအစား 2B ကဘာနဲ့ အဆင်ပြေလဲဆိုရင် Balayage စတိုင်
(အကောက်ပြေပြေကိုဟိုင်းလိုက် ဖောက်ထားတဲ့စတိုင်)မျိုးနဲ့တော်
တော်လေးလိုက်ပြီး ပန်းချီကားဆေးခြယ် ထားသလိုဆံပင်အပေါ်ယံ
လွှာကို အနုကနေရင့်သွားတဲ့ပုံစံလေးတွေ ဆိုးပေးသင့်ပါတယ်။

တချို့အမျိုးသမီးတွေကဆိုင်ကို Balayage စတိုင် ဆေးဆိုးဖို့
ဓါတ်ပုံတွေဆိုင်ကိုယူလာတတ်ကြပါတယ်။ဒါပေမယ့်အဲ့ဒီစတိုင်က
ဆံသားအကောက် တွေလှိုင်းတွန့် တွေမှာပဲဆိုးတာများပါတယ်။
ဘာလို့လဲဆိုတော့ ဆံပင်ကောက်ထားမှသာ အပြင်ကဆေးသားက
အတွင်းက ဆံသားနဲ့အရောင်ဟပ်ပြီးလှတဲ့အတွက်ကြောင့်ပါ။
နဂိုတည်းကအဲ့လို ဆံသားအကောက်ပြေပြေလေးရှိတဲ့သူဆို
ရင်တော့ ဒီလို စတိုင်ဆေးဆိုးဖို့ ဆံပင်တကူးတကဆိုင်ကိုသွား
ကောက်စရာမလိုတော့ဖူးပေါ့။

➡️အမျိုးအစား 2C
နောက်ထပ် Sပုံစံကောက်သားလှတဲ့အမျိုးအစားကတော့ 2C ပဲ
ဖြစ်တယ်။ဒီအကောက်ကတော့ ထိပ်ပိုင်းနားထိနည်းနည်းကောက်
ပြီးအောက်ဖက်ကို ပြေပြေဆင်းသွားတဲ့ပုံစံပဲဖြစ်တယ်။ဒီအမျိုး
အစား 2C အကောက်ကထူပြီးရေငွေ့နဲ့ထိရင် ရှုပ်သွားဖို့လည်း
လွယ်ပါတယ်။ရေငွေ့သန့်စင်တဲ့ စက်မျိုးသင့်အခန်းမှာသုံးသင့်ပြီး
dryer သုံးရင်လည်း ထိပ်မှာ လေအားလျော့တဲ့ခေါင်းတပ်သုံးသင့်
ရပါမယ်။ဒါမှသာ ဆံပင်ရှုပ်ထွေးတာမျိုးမဖြစ်မှာဖြစ်ပါတယ်။
ဒီလိုပစ္စည်းတွေသုံးပေးဖို့ကိုကျွန်ုပ် ထောက်ခံပေးချင်ပါတယ်။
အထူးသဖြင့်သင် နေတဲ့နေရာမှာရေစေးထွက်တာ၊ရေငန်နဲ့နီး
တဲ့နေရာမျိုးဆို ပိုသုံးသင့်ပါတယ်။ရေငွေ့သန့်စင်စက်တွေက
ပေါများပါတယ်။

အမျိုးအစား 2C ဆံပင်မျိုးရှိတဲ့သူတွေက ဆံပင်ကို နေ့တိုင်း
အပူစက်နဲ့ ဖြောင့်တတ်ကြပါတယ်။ ဒါပေမယ့်ဒါကသင့်ဆံပင်
ကိုပျက်စီးနိုင်ပါတယ်။တချို့က တော့ဒီဆံပင်အကောက်ကို
ထိန်းချင်လို့တခြားနည်းလမ်းတွေနဲ့ပြုပြင်တတ်ကြပါတယ်။
အခုဆိုရင် အရမ်းမပျစ်တဲ့ mousses(ခေါင်းလိမ်းဆီအမြှုပ်)
တွေထွက်ပြီဖြစ်တယ်။အဲ့ဒီထဲမှာတချို့ဆိုရင် ရေငွေ့သန့်စင်ပေး
တဲ့ပါဝင်ပစ္စည်းတွေပါထည့်လာကြပြီဖြစ်တယ်။

➡️အမျိုးအစား 3 ကောက်တဲ့ဆံသား

အမျိုးအစား 3A ကတော့ Sပုံစံအကောက်ကိုမှ တော်တော်
လေးပြေပြေသွားပါတယ်။ဒီအကောက်ကလည်းတစ်ခုနဲ့
တစ်ခုကွာဝေးပြီး အဖျားကျရင် တော့ ရှုးသွားတတ်ပါတယ်။
နောက်ထပ်အရေးကြီးသတိထားရမယ့်အချက်ကတော့ပုံသွင်း
ရင် brush နဲ့ဖြီးချတာမျိုးရှောင်ရမှာဖြစ်ပြီး ဒီလိုလုပ်ရင်
အကောက်ကိုပျက်စီးစေတတ်ပြီးပိုပြီးလည်း ရှုပ်သွားစေတတ်
ပါတယ်။

အမျိုးအစား 3 နဲ့ 4 ကို သဘာဝကောက်သားနဲ့သင့်တော်တဲ့
အလှကုန်တွေနဲ့ ဆံပင်ပုံစံမျိုးကိုပဲထောက်ခံချက်ပေးချင်
ပါတယ်။ ကျွန်ုပ်၏ အကောင်းဆုံးအကြံဉာဏ်ကလား...?
ဆံပင်ကို ပိုနီတေးစည်းတာမျိုးကိုရှောင်လိုက်ပါ။ တကယ်လို့
သင့် Gym သွားရမှာမလို့မဖြစ်မနေ ဆိုရင်တော့စည်းထားလိုက်ပါ။
ဒါမှမဟုတ်အလုပ်မှာစည်းထားရမယ်ဆိုရင်လည်းတမျိုးပေါ့။
ဒါပေမယ့် ဒီလိုဆံပင်ကိုခပ်မြင့်မြင့်ပိုနီတေးချည်လိုက်တာက
နဂိုဆံသားအကောက်တွေကိုပြေသွားစေနိုင်ပါတယ်။တကယ်လို့
သင်က အမြဲတမ်းအနောက်ကိုလှန်ပြီး ခပ်ကျပ်ကျပ်ထုံးထား
တာ၊စည်းထားတာမျိုး ဆိုရင် ဆံပင်တွေသိမ်ကုန်တတ်ပြီး
ဆံပင်လည်းကျွတ်နိုင်ပါတယ်။ဒီလိုဘာလို့ဆံပင်ကျွတ်ရတာလဲ
ဆိုတော့ ပိုနီတေးစည်းရင်ဆံပင်ကိုတင်းတင်းကျပ်ကျပ်စုစည်းရ
လို့ ဆံပင်အမြစ်ကိုဆွဲသလိုဖြစ်ပြီးကျွတ်ရတာပါ။

➡️အမျိုးအစား 3 B
အမျိုးအစား 3B အကောက်တွေမှာတော့ အကောက်တစ်ခုနဲ့
တစ်ခုကြားနေရာကတော်တော် လေး ကွာဟနေတတ်ပါတယ်။
အကောက်တွေကဆံပင်အမြစ်ကနေစထွက်လာပြီးထူလဲထူပါတယ်။
ဒီဆံသားကောက်ကောက်လေးတွေကိုထိန်းသိမ်းဖို့ဆိုရင်တော့အစို
ဓါတ်ပေးအလှကုန်တွေလိုအပ်ပါတယ်။ဆီလီကွန်နဲ့ဆာလဖိတ်
ဓါတ်ပါတဲ့ကောက်သားသုံးအလှကုန်တွေကိုရှောင်ပေးပါ။
ဒီအလှကုန်တွေကဆံပင်ရှုပ်ထွေးတာအတွက်ခနတာဖြေရှင်း
လို့ရပေမယ့် ကြာရင်ဆံသားခြောက်ပြီးပျက်စီးလွယ်ပါတယ်။

➡️အမျိုးအစား 3C
ဒီဆံပင်အကောက်ကတော့ သိပ်သည်းပြီးစပရိမ်လိုဖြစ်နေတတ်ပါ
တယ်။အဲ့အကောက်တွေကလည်း အချိုရည်ပိုက်တစ်ခုကို လိပ်
ထားနိုင်လောက်အောင် ကောက်ခွေနေတတ်ပါတယ်။ဒီလိုအကောက်
အလိမ် များကိုထိန်းသိမ်းဖို့ဆိုရင် နည်းနည်းလေး ပိုဂရုစိုက်
တတ်ရပါမယ်။ဆံပင်ကိုဖြီးချတာကဆံပင်ကိုပျက်စီးပြီးပိုရှုပ်
စေလို့ အဲ့လိုလုပ်တာထက်ပျော့ဆေး နဲ့ခေါင်းလျှော်တဲ့အချိန်
သုတ်ပေးပြီးလက်ချောင်းတွေနဲ့ဖြီးချပေးတာကပိုအဆင်ပြေပါတယ်။
အဲ့လိုဆံသားမျိုးက dryer နဲ့မှုတ်တာထက် သဘာဝအတိုင်း
လေနဲ့အခြောက်ခံလိုက်တာပိုသင့်တော်ပါတယ်။

➡️အမျိုးအစား 4 အခွေအလိပ်ဆံသား
အမျိုးအစား 4 A
ဒီအမျိုးအစား 4A ရဲ့အကောက်ပုံစံကတော့ S ပုံစံ အကောက်
ရှိပြီးဘယ်လောက်အကောက်သေးလဲဆိုရင်တူတစ်ချောင်းကို
ပါပတ်ထားလို့ရပါတယ်။အမျိုးအစား 4A အကောက်ကတော့
အကောင်းဆုံး အကောက်ပုံစံတစ်မျိုးဖြစ်ပါတယ်။မိမိတို့
ဒီအကောက်တွေထိန်းသိမ်းဖို့ဆိုရင် တော်တော်လေးဂရုစိုက်ရမှာ
ဖြစ်ပြီးဒီအကောက်တွေကအစိုဓါတ်ကိုတော်တော်လိုပါတယ်။
ဒါပေမယ့်ဒီမှာတော့အစိုဓါတ်ပေးရမယ်ဆို တာ အဆီကိုလူးပေး
ရမယ့်သဘောမဟုတ်ပါဖူး။ဆံသားအတွင်းထဲထိပျော့ပျောင်းစေ
တတ်တဲ့ ပျော့ဆေးမျိုး၊ထောပတ်ပါတာမျိုးနဲ့အဲ့လိုခရင်မ်တွေက
ဒီဆံသားကျန်းမာရေးအတွက်အထောက်အကူပြု အလှကုန်တွေ
ပဲဖြစ်ပါတယ်။

ဒီလိုဆံပင်စတိုင်မျိုးကိုတော့ ထသွားထလာအတွက်ပဲအကြံပေး
ချင်ပါတယ် ဒီလိုအကောက်မျိုးကိုကျစ်ဆံမြီးကျစ်တာ ကြိုး
ကျစ်တာတွေအတွက်အကြံမပေးချင်ပါဖူး။ ဘာလို့ဆိုတော့
ဒီလိုဆံပင်အကောက်တွေကရှုပ်ထွေး လွယ်ပြီးကျွတ်လွယ်လို့
ဒီလိုစတိုင်မျိုးကို ပြုပြင်တာက ဒီတိုင်းထားတာထက်ပိုအန္တရာယ်
များလို့ပါ။နောက်တစ်ချက်ကဆံပင်ကို ပစ်ထားမိရင် ပျော့ဆေး
ပုံမှန်သုံးဖို့လည်းမေ့သွားတတ်ကြပါတယ်။ သင်ဒီလိုအကောက်
ကို ဆံပင်ကျစ်ပြီးရက်အတော်ကြာထားလိုက်ရင် အကောက်ပုံစံ
တွေက လုံးဝ ပျက်ယွင်းသွားတတ်ပါတယ်။ဆံသားအပေါ်ယံလွှာ
ကအရမ်းခြောက်သွားပြီး ဆံပင် ဖြေလိုက်ရင် ငါးမျှားချိတ်တွေလို
ဆံပင်တစ်ပင်နဲ့တစ်ပင်သွားချိတ်နေတတ်လို့ ပျက်စီးလွယ်ပါတယ်
ဒါကြောင့်ဒီလိုဆံပင်ကိုအတင်းပြုပြင်ဖို့ထက် အစိုဓါတ်ပေးခရင်မ်
လေးနဲ့ထိန်းထားတာကောင်းပါတယ်။

➡️အမျိုးအစား 4 B
အမျိုးအစား 4 Bရဲ့အကောက်စတိုင်ကတော့ Z ပုံစံမျိုးသွား
ပါတယ်။ဒီလိုအကောက်တွေအတွက်စတိုင် ကတော့ Shingling
(စပရိမ်ကောက်)နဲ့လိုက်ဖက်ပါတယ်။ ဒီအကောက်ကို​ဖြီးရင်
ရေစိုနေချိန်ဖြီးသင့်ပါတယ်။သင့်လက်ချောင်းတွေနဲ့ခွဲပေးပြီး
သင့်ဆံပင် အစိုဓါတ်ရဖို့နဲ့ ပျော့ပျောင်းဖို့ပျော့ဆေးလိုသလောက်
ထည့်ပါ။လျှော်ပြီးရင်တော့သင့်ဆံပင်ကို လေးပိုင်းခွဲပါ။
​သင့်ဆံပင်အကောက်တိုင်းကိုအကောက်ထိန်းခရင်မ် နဲ့ gel ကို
လိမ်းပေးပြီးလက်နဲ့ဆံပင်လေးကို လိမ်လိမ်ပေးပါ။

➡️အမျိုးအစား 4C
အမျိုးအစား 4C အကောက်က အကောက်ဆုံးနဲ့ရှုပ် ဖို့အလွယ်ဆုံးပါပဲ။
ဒီအကောက်တွေကို သင် မကြာခဏဖြီးသင်ပေးရင်တော့ ရှင်းရတာ
လွယ်မှာပါ။ ပြီးတော့ဆံပင်ပျော့ပျောင်းဖို့ပျော့ဆေးနဲ့လည်း
များများနှပ်ပေးပါ။အုန်းဆီမဟုတ်ရင် shea butter ခရင်မ်တွေ
များများလိမ်းပေးပါ။တော်​တော်များများကတော့ဒီအကောက်ကို
ခေါင်းလျှော်ရည်မသုံးပဲ ပျော့ဆေးနဲ့ပဲလျှော်ကြတာများတယ်။
ဒီအမျိုးအစား 4C ကလည်း ခေတ်စားပါတယ်။လူငယ်တချို့က
ဒီလိုအကောက်ကို အုံထူထူပုံစံမျိုးကိုကြိုက်ကြတယ်။သူတို့က
ဆံပင်ကိုနေမင်းကြီးနဲ့ တူလောက်အောင်ထိကို ထူထူကြီးကြီး
လိုချင်ကြတယ်။ပြီးရင်အဲ့ဒါကို ရောင်စုံဆိုးချင်တတ်ကြတယ်။
ဒါပေမယ့်ဆံသားကျန်းမာရေးကိုပိုဂရုစိုက်စေချင် ပါတယ်။
ဆံသားနဲ့အသားအရေကျန်းမာရေးဆက်စပ်မှု ဒီလို အမျိုးအစား
4C ရှိပြီးသား နဂိုအကောက်တွေက သူတို့ရဲ့အသားအရေနဲ့မသက်
ဆိုင်ပါဖူး။(လူမည်းမျိုးတွေဒီလိုဆံပင်ထားတာများလို့ပါ)
ဒီဆံပင်ပုံက ပိုမိုကျန်းမာနဲ့အမျိုးသမီးတစ်ယောက်အသွင်တောင်
ဆောင်နေပါသေးတယ်။

၂၀၁၃ စစ်တမ်းများအရ အာဖရိကန်အမေရိကန် အမျိုးသမီး
၄ဝရာခိုင်နှုန်းလောက်က ဒီလိုဆံပင်အတွက်အထူးတလည်ပြုပြင်
စရာမလိုကြပါဖူး။ကျန်တဲ့ ၆ဝရာခိုင်နှုန်းကျော်ကတော့ ဓါတုဆေး
တွေနဲ့အဆင်ပြေသလိုပြုပြင်ကြတာများပါတယ်။ဒီမှာနဂိုရှိရင်းစွဲ
ဆံသာလေးတွေကာကွယ်ဖို့အချက် လေးတွေရှိပါသေးတယ်။
ဒါပေမယ့်ဒီလိုအမျိုးအစား 4 စပရိမ်အကောက်ကိုနဂိုရှိရင်းစွဲ
ပိုင်ဆိုင်တဲ့သူတွေကသူတို့ခန္ဓာကိုယ်ကျန်းမာရေးနဲ့ဆံပင်
ကျန်းမာရေးတော်တော်ဆက်စပ်နေတာကိုတော့တွေ့ရပါတယ်။
သင့်ဆံသားအတွင်းမှာအခေါင်းပေါက်လေးတွေရှိပြီးဒီအခေါင်း
ပေါက်လေးတွေအရေအတွက်နဲ့ ဆံသား အလေးချိန်ကသင့်ဆံပင်
ကိုဘယ်လိုသက် ရောက်မှုရှိနိုင်လဲဒီဆံသားအခေါင်းပေါက်လေး
တွေအကြောင်းကို ဆံသားပညာရှင်တွေပြောကြတဲ့အခါဒီအခေါင်း
ပေါက်လေးတွေက အစိုဓါတ်ကိုစုပ်ယူနိုင်အားအကြောင်းပြော
ကြတာများပါတယ်။သင့်ဆံသားက အခေါင်းပေါက်လေးတွေအများ
ဆုံးအပိုင်းကို ဆံသားအပေါ်ယံလွှာလို့ခေါ်ဆိုပါတယ်။ သင့်ဆံသား
ကနဂိုတည်းကမျိုးရိုးအရအခေါင်း ပေါက်များတတ်တဲ့သူမျိုး၊
ဒါမှမဟုတ် ဓါတုဆေးတွေကြောင့်ပုံမှန်ထက်များသွားတာမျိုး
တွေရှိတတ် ပါတယ်။

ဒီအခေါင်းပေါက်လေးတွေကသင့်ဆံသားကို အစိုဓါတ်ကိုပိုမိုစုပ်ယူ
စေပါတယ်။တကယ်လို့သင့်ကစို ထိုင်းတဲ့နေရာမျိုးမှာနေရင်သင့်
ဆံသားကရှုပ်ထွေး လွယ်ပါလိမ့်မယ်။ဒါဘာလို့လဲဆိုတော့ဆံသား
က လေထဲကအစိုဓါတ်ကိုစုပ်ယူလိုက်လို့ပါ။ဒါပေမယ့်ကောင်း
တာတစ်ခုကဒီလိုအခေါင်းပေါက်များတဲ့ဆံသားက အစိုဓါတ်ထိန်း
အလှကုန်တွေကို လည်းကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ပျော့
ဆေးမှာမှ ထောပတ်ဆီများများပါတဲ့ ပျော့ဆေးမျိုးက အဲ့အခေါင်း
ပေါက်လေးတွေကိုဖြည့်ပေးလို့ သင့်ဆံသားကိုရှင်းရပိုလွယ်စေနိုင်ပါတယ်။
အခေါင်းပေါက်နည်းတဲ့ဆံသားကတော့ သိပ်သည်းဆများပြီး
အစိုဓါတ်ကိုခုခံနိုင်စွမ်းရှိပါတယ်။ပတ်ဝန်းကျင်ကစိုထိုင်းတာမျိုး၊
ဓါတုဆေးကြောင့်ပဲဖြစ်ဖြစ်ခံနိုင်ရည်ပိုရှိပါတယ်။ အကျွင်းအကျံ
ကပ်ကျန်နေတတ်တဲ့ အလှကုန်မျိုးကသင့် ဆံပင်ကို ပိုလေးပိုစေးကပ်
သွားစေတတ်ပြီး အရောင်မှိန်စေတတ်ပါတယ်။ပေါင်းခံသန့်စင်
ထားတဲ့ ခေါင်းလျှော်ရည်မျိုးနဲ့သာအပတ်စဉ်လျှော်သင့် ပြီးသိပ်
မပြင်းတဲ့ခေါင်းလျှော်ရည်မျိုးကိုအသုံးပြုပေးပါ။အလှကုန်ဆိုလည်း
သိပ်မစေးကပ်တာမျိုးသုံးပေးပါ။ဆံသားအားဖြည့်နို့ပါတဲ့အလှကုန်
mousses များကဆံသားကိုပိုထူပိုလှစေပါတယ်။တကယ်လို့သင်
blow dryer မျိုးကိုသုံးပေးရင်ပိုအကျိုးသက် ရောက်စေမှာပါ။
အပူကဆံသားအခေါင်းပေါက်တွေ ကိုဖွင့်ပေးပြီး အစိုဓါတ်ကိုစုပ်
ယူစေပါတယ်။

#ဆံသားအခေါင်းပေါက်စစ်ဆေးရန် သင့်ဆံပင်တစ်ချို့ကိုရေ
တခွက်ထဲစိမ်ပါမိနစ်အနည်းငယ်ကြာရင် ကြည့်လိုက်ပါဆံပင်က
ရေပေါ် ပေါ်နေရင် ဆံသားအခေါင်းပေါက် နည်းလို့ပါ။ဆံပင်က
ရေထဲမြုပ်နေရင်ဆံသားအခေါင်းပေါက်များလို့ပါ။

#ဆံသားအလေးချိန်
ဆံသားအလေးချိန်ဆိုတာသင့်ခေါင်းပေါ်ကဆံပင်အရေအတွက်နဲ့
ညီပါတယ်။သင့်ဦးရေပြားကို အလွယ်တကူမမြင်ရရင်သင့်ဆံ
သားက အလေးချိန် စီးပါတယ်။တကယ်လို့သင့်ဆံပင်ကိုခွဲစရာ
တောင်မလိုပဲဦးရေပြားကိုမြင်ရတယ်ဆိုရင် ဆံသားကအလေးချိန်
နည်းပါတယ်။သင့်ဆံသားအလေးချိန်ကသက်ရောက်မှုအမျိုးမျိုး
ကြောင့်ဖြစ်နိုင်ပါတယ်။ဥပမာ စိတ်ဖိစီးမှု၊ကိုယ်ဝန် ကြောင့်ဟော်မုန်း
ပြောင်းလဲခြင်း၊ရာသီလာချိန်နဲ့ အာဟာရဓါတ်ချို့တဲ့ခြင်းကြောင့်
ပြောင်းလဲနိုင်ပါတယ်။သင့်ဆံသားအလေးချိန်ပြောင်းသွားရင်
သင့်ဆံသားအလှကုန်ကိုလည်းပြောင်းလဲသုံးပေးသင့်ပါတယ်။
စေးကပ်တဲ့အလှကုန်တွေကအလေးချိန်နည်းတဲ့ ဆံသားကိုပြားကပ်
သွားစေပါတယ်။စပရေးပုံစံမျိုး၊ သိပ်မစေးကပ်တဲ့ mousses
မျိုးက ဆံသားကိုထူစေပြီးကောင်းစေပါတယ်။အလေးချိန်စီးတဲ့
ဆံသားကတော့စေးကပ်တဲ့ ခရင်မ်တွေနဲ့ ထောပတ်ဆီတွေ သုံးပေး
ခြင်းက ဆံသားကိုတောက်ပြောင်ပြီးရှင်းရလွယ်စေပါတယ်။

#သင့်ဆံသားအထောက်အကူပြုမိတ်ဖက်ကိုရှာပါ

သင့်ဆံသားအတွက်သင်လေ့လာနေပြီဆိုရင် အထောက်အကူ
အရဆုံးအချက်ကတော့ လူမှုဆက် သွယ်ရေး မီဒီယာတွေကနေ
တစ်ဆင့်သင်နဲ့ ဆံသားအမျိုးအစားခြင်းတူတဲ့သူနဲ့မိတ်ဖွဲ့ပါ။
သူတို့ အကြံပေးတဲ့အလှကုန်မျိုးကိုသုံးကြည့်ပါ။သူတို့ပြောတဲ့
အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးကိုသုံးကြည့် ပါ။အဲ့ဒါဆိုသင်
အချိန်ကောပိုက်ဆံရောအကုန် သက်သာနိုင်ပြီးအထောက်အကူ
လည်းရမှာဖြစ် တယ်။

နိဂုံးချုပ်
ဆံသားအမျိုးအစားကသင့်ဆံပင်အကောက်စတိုင်နဲ့ သက်ဆိုင်ပါတယ်။
#အမျိုးအစား 1က ဆံသားဖြောင့် တဲ့သူပါ။
#အမျိုးအစား 2က လှိုင်းတွန့်ပါ။
#အမျိုးအစား 3ကကောက်တဲ့ဆံသားဖြစ်ပြီး
#အမျိုးအစား  4က အခွေအလိပ်စပရိမ်ဆံသားမျိုးဖြစ်ပါတယ်။

လူအမျိုးအလိုက်ဆံသားပုံစံအမျိုးမျိုးကလည်းကွာခြားသွား
မှာဖြစ်ပါတယ်။ ဒီအကောက်လေးတွေကို ထိန်းသိမ်းဖို့၊ထူထဲဖို့နဲ့
အကောက်မပြေဖို့ဆိုရင် သင့်အတွက်အကောင်းဆုံးသင့်တော်တဲ့
အလှကုန်မျိုးကိုရွေးချယ်နိုင်ဖို့လိုပါတယ်။သင့်ဆံသားကပိုကောက်
တာ ဒါမှမဟုတ် အခေါင်းပေါက်များတာဆိုရင်သင့်ဆံသားကျန်းမာ
ရေးအတွက် ပုံမှန်ထက်အစိုဓါတ်ကိုပိုလိုမှာဖြစ်ပါတယ်။သင်ဘယ်လို
အလှကုန်စသုံးရမယ်ဆိုတာမသိရင် သင့်ဆံသားအတွက်ပညာရှင်
တစ်ယောက်ယောက်ကို တိုင်ပင်တာမျိုး၊သင်နဲ့ဆံသားခြင်းတူတဲ့သူ
နဲ့  လူမှုမီဒီယာမှာမိတ်ဖွဲ့တာမျိုးလုပ်ပေးပါလို့အကြံပြုပါရစေ။

#KoHtike
#Hair&BeautyByKoHtike

(Zawgyi)

သင့္ဆံသားအမ်ိဳးအစားကိုဘယ္လိုခြဲျခားမလဲ ...?
#သင့္ဆံသားအလိုက္ဆံပင္ကိုဘယ္လိုျပဳျပင္ထိန္းသိမ္ၾကမလဲ...?


သင့္ဆံႏြယ္ေလးေတြကလွပါတယ္ဆိုတဲ့ေနရာက စ
ေျပာလိုက္ရေအာင္ခင္ဗ်။ အဲ့ဒီဆံသားေလးေတြမွာ
သင္အခ်ိန္နဲ႔ ပိုက္ဆံေတြရင္းထားရတယ္။ရာသီဥတု
အေျပာင္းအလဲေပၚမူတည္ၿပီး သင့္ဆံသားေလးေတြ
လည္းအေရာင္ေျပာင္းနိုင္တယ္။သင္စနစ္တက်
ထားမယ္ဆို သူမ်ားေတြေျပာေနၾကသလိုဆံပင္
ေလးေတြေကာင္းလိုက္တာဆိုတဲ့အသံလည္းၾကားရ
လိမ့္မယ္။ဒါေတြကိုမွတ္ထားေပးပါ။

#ေကာင္းတဲ့ဆံသား၊#ထူတဲ့ဆံပင္၊#ရွည္တဲ့ဆံပင္၊
#ေျခာက္တဲ့ဆံပင္၊#ရႊန္းစိုတဲ့ဆံပင္၊#ဆံပင္ေကာက္၊
#ဆံပင္အေခြအလိပ္၊#ဆံပင္ေျဖာင့္၊ဘယ္လိုပဲျဖစ္
ပါေစ သင့္ဆံပင္ကိုတေလးတစားဂ႐ုစိုက္ဖို့လိုပါတယ္။
တကယ္လို့သင့္ဆံပင္ကေကာက္တယ္ဆိုရင္ဆံသား
အေခါင္းေပါက္ေလးေတြမ်ားမယ္။​ထူမယ္။
ၿပီးေတာ့ပုံသြင္းေပးဖို့လည္းလိုမယ္။

အႀကံျပဳခ်က္/#စာကရွည္လို့သင့္ဆံသားနဲ႔တူညီတဲ့စာပိုဒ္ကိုဖက္ေစခ်င္ပါတယ္

➡️ #ဆံသားအမ်ိဳးအစားကဘာေတြလဲ။
သင့္ဆံသားအမ်ိဳးအစားကသင့္ဆံသားအေကာက္
ပုံစံေပၚမွာ မူတည္ပါတယ္။သင့္ဆံသားအေကာက္
ဘယ္ေလာက္မ်ားတယ္မမ်ားဖူးဆိုတာသင့္ဆံသား
ထဲကဆဲလ္ေလးေတြအေပၚမူတည္ပါတယ္။
ဒီဆဲလ္ ပုံသဏၰာန္ေလးေတြအေပၚမွာအေျခခံၿပီး
သင့္ဆံပင္ ကို ဒီလိုအမ်ိဳးအစားခြဲလို့ရပါတယ္။

-#ဆံသားအေျဖာင့္
-#လွိုင္းတြန႔္
-#အေကာက္
-#အေခြအလိပ္
ဆဲလ္ပုံသဏၰာန္ေလးေတြကဝိုင္းမယ္ၿပီးရင္ ဘယ္နဲ႔
ညာကအရြယ္အစားမညီညာဖူးဆိုရင္ေတာ့သင့္ဆံပင္
ကေကာက္နိုင္ပါတယ္။ဆံပင္အမ်ိဳးအစားဆိုတာသင့္မ်ိဳးရိုးနဲ႔လည္းဆိုင္ ပါတယ္။သင့္ဆံပင္ရဲ့အ
ေကာက္ကို အပူေပးၿပီးေတာ့ေကာ ဓါတုေဆးေတြနဲ႔
ေကာေျပာင္းလဲလို့ ရသလို ဆံပင္အေကာက္ကေဟာ္
မုန္းေျပာင္းလဲတာ၊ေဆးေသာက္ရတာေတြေၾကာင့္
လဲ ေျပာင္းလဲနိုင္ပါေသးတယ္။ဒါေပမယ့္ နဂိုအ
ေကာက္ဆဲလ္ကေတာ့သင့္ DNA ထဲမွာရွိပါတယ္။
ဆံသားမၽွင္ေတြကသူရဲ့ႀကီးထြားမွုျဖစ္စဥ္ေတြထဲ
မွာတစ္ခါႀကီးထြားလာတိုင္းအဲ့ဒီဆံပင္ထဲမွာရွိတဲ့
မ်ိဳးရိုး ဗီဇဆဲလ္ေတြကလည္း အသစ္ကတစ္ဖန္
ျပန္လည္ လည္ပတ္ျဖစ္တည္လာမွာျဖစ္တယ္။

ဆံသားအမ်ိဳးအစားေတြဘယ္ေလာက္ေတာင္ရွိလဲ။
ဆံသားအမ်ိဳးအစားမ်ားကို ပုံစံေလးမ်ိဳးအထိခြဲ
ျခားျပထားပါတယ္။

➡️အမ်ိဳးအစား 1 #ေျဖာင့္တဲ့ဆံသား
➡️အမ်ိဳးအစား 2 #လွိုင္းတြန႔္ဆံသား
➡️အမ်ိဳးအစား 3 #ေကာက္တဲ့ဆံသား
➡️အမ်ိဳးအစား 4 #အေခြအလိပ္ဆံသား

ဒီအမ်ိဳးအစားေတြအျပင္ ဆံလုံးက်စ္တာ၊ဖြာတာ၊
အေကာက္က်စ္တာ၊အေကာက္ေျပျပစ္တာ စသျဖင့္
အမ်ိဳးအစားကြဲေလးေတြထပ္ရွိပါေသးတယ္။
ၾကားရတာရိုးရွင္းသလိုေတာ့ရွိေပမယ့္ ဒီဆံသားေတြ
ကလည္း လူေတြရဲ့ မ်ိဳးရိုးဗီဇကို ကိုယ္စားျပဳပါတယ္။

ဥပမာဆိုရင္သင့္မွာ အမ်ိဳးအစား 4Cလည္းရွိနိုင္
သ လို အမ်ိဳးအစား 4A လည္းရွိေနနိုင္ပါတယ္။
သေဘာကေတာ့ ထိပ္ပိုင္းမွာဆံသားကေျဖာင့္ၿပီး
ေအာက္နားေလးေတြေကာက္သြားတဲ့ဆံပင္ပုံစံမ်ိဳး
လည္းရွိနိုင္တယ္ဆိုတဲ့သေဘာပါ။ သင္ဘယ္လို
ဆံပင္စတိုင္ဆိုဘယ္လို ထိန္းသိမ္းရမယ္ဆိုတာသင္
သိထားရင္ ဆံပင္ပုံသြင္းရတာေကာဆံသားက်န္းမာ
ေရးထိန္းသိမ္းဖို့ပါ လြယ္ကူအဆင္ေျပမွာပါ။

#သင့္ဆံပင္စတိုင္နဲ႔ ဆံသားကိုဘယ္လိုပုံသြင္းထိန္းသိမ္းၾကမလဲ....?

➡️အမ်ိဳးအစား  1ေျဖာင့္တဲ့ဆံသား
အမ်ိဳးအစား 1 မွာေတာ့နဂိုေကာက္တာမ်ိဳးမပါဖူး။
ဆံသားက ၾကမ္းၾကမ္းႏုႏု၊ထူထူပါးပါး၊ဆံပင္ေတာ့
ကၽြတ္လြယ္တတ္ပါတယ္။အမ်ိဳးအစား 1 ဆံသားက
အဆီျပန္ဆံသားျဖစ္ၿပီးဆံသားအလွဖန္တီးတဲ့ပညာ
ရွင္ေတာ္ေတာ္မ်ားမ်ားက ဒီလိုဆံသားမ်ိဳးအတြက္
ဆံပင္အလွကုန္ဝယ္ရင္ ပါဝင္ပစၥည္းေတြမွာ အဆီ
ပါတာမ်ိဳးမဝယ္ဖို့အႀကံေပးပါရေစ

ဒီလို ဆံသားေတြအတြက္ အရမ္းအဆီမ်ားတာ၊ေထာ
ပတ္ဆီပါတဲ့ အလွကုန္ေတြကိုေရွာင္ဖို့ေျပာပါရေစ
ဆံသားေျဖာင့္ၿပီးေကာင္းမြန္တဲ့သူေတြဆိုရင္စပေရး
ပုံစံအလွကုန္ေတြကိုညႊန္းခ်င္ပါတယ္။ေခါင္းေလၽွာ္
ရည္ဆိုလည္း Dry Shampooလိုမ်ိဳးေပါ့သင္ေခါင္း
ခနခနေလၽွာ္ရင္လည္းသင့္ဦးေရျပားက အဆီေတြ
ကိုပိုထုတ္လႊတ္ေပးတတ္လို့ Dry shampoo က
ေခါင္းခနခနေလၽွာ္ခ်င္ၿပီး အဆီျပန္၊ဆံသားေျဖာင့္
တဲ့သူေတြ အတြက္သုံးသင့္တဲ့အလွကုန္တစ္မ်ိဳးပါပဲ
ဆိုင္ကို လာတဲ့အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားက
#Instagram ဒါမွမဟုတ္ရင္ #facebook ကဆံပင္
ပုံေတြလိုမ်ိဳးလိုခ်င္ၾကတာမ်ားတယ္။ ဒါေပမယ့္
ကၽြန္ေတာ္ ကေတာ့ဆံပင္ပုံစံေရြးရင္ မိမိမ်က္ႏွာပုံစံ
ထက္ ဆံသားအမ်ိဳးအစားေပၚမူတည္တဲ့ ပုံစံမ်ိဳးကို
ပဲေရြးဖို့အႀကံေပးခ်င္တယ္။အခု ဆံသား ေျဖာင့္တဲ့
သူေတြအတြက္ေခတ္စားေနတဲ့ဆံပင္ပုံစံဆို ရင္
ေမးေစ့ေက်ာ္ေလာက္အရွည္ကို ကုတ္ကုတ္ဝဲဝဲေလး
ထားတဲ့စတိုင္မ်ိဳးကအရမ္းေခတ္စားေနပါတယ္။
ဒီစတိုင္ကဆံသားေျဖာင့္တဲ့သူနဲ႔လည္း ေတာ္ေတာ္
လိုက္ဖက္ပါတယ္။

➡️အမ်ိဳးအစား 2 လွိုင္းတြန႔္ဆံသား
အမ်ိဳးအစားခြဲ 2A

အမ်ိဳးအစား2 ရဲ့သဘာဝဆံပင္ပုံစံကေတာ့ေပ်ာေပ်ာင္းၿပီး
နည္းနည္းပြေယာင္းေယာင္းဖက္ကိုသြားပါတယ္။
သင့္ဆံပင္အျမစ္ကေနမ်က္စိနားေလာက္ အထိက ဆံသား
အနည္းငယ္ေျဖာင့္ၿပီး မ်က္စိေအာက္ပိုင္းကေနအဖ်ားပိုင္း
အထိက ခပ္ေျပေျပအေကာက္ပုံစံမ်ိဳးရွိတတ္ပါတယ္။
ဒီအေကာက္ေလးေတြကို သဘာဝက်က်ထိန္းသိမ္းမယ္ဆိုရင္ေတာ့
အဆီကိုအေျခခံထုတ္ထာေတြ၊ခရင္မ္ပုံစံအလွကုန္ေတြကိုေရွာင္ရပါ
မယ္။ကၽြန္ုပ္ ကေတာ့ အဲ့လိုဆံသားမ်ိဳးကို အရမ္းမေစးကပ္တဲ့
mousseအျမႇုပ္ပုံစံအလွကုန္ ေတြ၊ gel ပုံစံအလွကုန္ေတြကို
အသုံးျပဳသင့္တယ္လို့ အႀကံေပးပါရေစ။

➡️အမ်ိဳးအစား 2 B
အမ်ိဳးအစား 2A လိုပါပဲ။ အမ်ိဳးအစား 2B က လည္းဆံပင္
အလယ္ေလာက္ကေန ေအာက္အထိကို အေကာက္သြားပါတယ္။
ဒါေပမယ့္ဒီအေကာက္က ေတာ့ S စာလုံးပုံစံနဲ႔သြားပါတယ္။
ဒီအေကာက္ေတြကိုေျဖာင့္မယ္ဆိုရင္လည္းေတာ္ေတာ္ေလးအားစိုက္
ရတတ္တယ္။ဒါေပမယ့္ဒီအေကာက္ကို စပေရးေလးျဖန္းပုံသြင္းၿပီး
ကမ္းေျခသြားတဲ့ ကမ္းေျခစတိုင္ ဖန္တီး လို့ရပါတယ္။

ဒီအမ်ိဳးအစား 2B ကဘာနဲ႔ အဆင္ေျပလဲဆိုရင္ Balayage စတိုင္
(အေကာက္ေျပေျပကိုဟိုင္းလိုက္ ေဖာက္ထားတဲ့စတိုင္)မ်ိဳးနဲ႔ေတာ္
ေတာ္ေလးလိုက္ၿပီး ပန္းခ်ီကားေဆးျခယ္ ထားသလိုဆံပင္အေပၚယံ
လႊာကို အႏုကေနရင့္သြားတဲ့ပုံစံေလးေတြ ဆိုးေပးသင့္ပါတယ္။

တခ်ိဳ့အမ်ိဳးသမီးေတြကဆိုင္ကို Balayage စတိုင္ ေဆးဆိုးဖို့
ဓါတ္ပုံေတြဆိုင္ကိုယူလာတတ္ၾကပါတယ္။ဒါေပမယ့္အဲ့ဒီစတိုင္က
ဆံသားအေကာက္ ေတြလွိုင္းတြန႔္ ေတြမွာပဲဆိုးတာမ်ားပါတယ္။
ဘာလို့လဲဆိုေတာ့ ဆံပင္ေကာက္ထားမွသာ အျပင္ကေဆးသားက
အတြင္းက ဆံသားနဲ႔အေရာင္ဟပ္ၿပီးလွတဲ့အတြက္ေၾကာင့္ပါ။
နဂိုတည္းကအဲ့လို ဆံသားအေကာက္ေျပေျပေလးရွိတဲ့သူဆို
ရင္ေတာ့ ဒီလို စတိုင္ေဆးဆိုးဖို့ ဆံပင္တကူးတကဆိုင္ကိုသြား
ေကာက္စရာမလိုေတာ့ဖူးေပါ့။

➡️အမ်ိဳးအစား 2C
ေနာက္ထပ္ Sပုံစံေကာက္သားလွတဲ့အမ်ိဳးအစားကေတာ့ 2C ပဲ
ျဖစ္တယ္။ဒီအေကာက္ကေတာ့ ထိပ္ပိုင္းနားထိနည္းနည္းေကာက္
ၿပီးေအာက္ဖက္ကို ေျပေျပဆင္းသြားတဲ့ပုံစံပဲျဖစ္တယ္။ဒီအမ်ိဳး
အစား 2C အေကာက္ကထူၿပီးေရေငြ႕နဲ႔ထိရင္ ရွုပ္သြားဖို့လည္း
လြယ္ပါတယ္။ေရေငြ႕သန႔္စင္တဲ့ စက္မ်ိဳးသင့္အခန္းမွာသုံးသင့္ၿပီး
dryer သုံးရင္လည္း ထိပ္မွာ ေလအားေလ်ာ့တဲ့ေခါင္းတပ္သုံးသင့္
ရပါမယ္။ဒါမွသာ ဆံပင္ရွုပ္ေထြးတာမ်ိဳးမျဖစ္မွာျဖစ္ပါတယ္။
ဒီလိုပစၥည္းေတြသုံးေပးဖို့ကိုကၽြန္ုပ္ ေထာက္ခံေပးခ်င္ပါတယ္။
အထူးသျဖင့္သင္ ေနတဲ့ေနရာမွာေရေစးထြက္တာ၊ေရငန္နဲ႔နီး
တဲ့ေနရာမ်ိဳးဆို ပိုသုံးသင့္ပါတယ္။ေရေငြ႕သန႔္စင္စက္ေတြက
ေပါမ်ားပါတယ္။

အမ်ိဳးအစား 2C ဆံပင္မ်ိဳးရွိတဲ့သူေတြက ဆံပင္ကို ေန႔တိုင္း
အပူစက္နဲ႔ ေျဖာင့္တတ္ၾကပါတယ္။ ဒါေပမယ့္ဒါကသင့္ဆံပင္
ကိုပ်က္စီးနိုင္ပါတယ္။တခ်ိဳ့က ေတာ့ဒီဆံပင္အေကာက္ကို
ထိန္းခ်င္လို့တျခားနည္းလမ္းေတြနဲ႔ျပဳျပင္တတ္ၾကပါတယ္။
အခုဆိုရင္ အရမ္းမပ်စ္တဲ့ mousses(ေခါင္းလိမ္းဆီအျမႇုပ္)
ေတြထြက္ၿပီျဖစ္တယ္။အဲ့ဒီထဲမွာတခ်ိဳ့ဆိုရင္ ေရေငြ႕သန႔္စင္ေပး
တဲ့ပါဝင္ပစၥည္းေတြပါထည့္လာၾကၿပီျဖစ္တယ္။

➡️အမ်ိဳးအစား 3 ေကာက္တဲ့ဆံသား

အမ်ိဳးအစား 3A ကေတာ့ Sပုံစံအေကာက္ကိုမွ ေတာ္ေတာ္
ေလးေျပေျပသြားပါတယ္။ဒီအေကာက္ကလည္းတစ္ခုနဲ႔
တစ္ခုကြာေဝးၿပီး အဖ်ားက်ရင္ ေတာ့ ရွုးသြားတတ္ပါတယ္။
ေနာက္ထပ္အေရးႀကီးသတိထားရမယ့္အခ်က္ကေတာ့ပုံသြင္း
ရင္ brush နဲ႔ၿဖီးခ်တာမ်ိဳးေရွာင္ရမွာျဖစ္ၿပီး ဒီလိုလုပ္ရင္
အေကာက္ကိုပ်က္စီးေစတတ္ၿပီးပိုၿပီးလည္း ရွုပ္သြားေစတတ္
ပါတယ္။

အမ်ိဳးအစား 3 နဲ႔ 4 ကို သဘာဝေကာက္သားနဲ႔သင့္ေတာ္တဲ့
အလွကုန္ေတြနဲ႔ ဆံပင္ပုံစံမ်ိဳးကိုပဲေထာက္ခံခ်က္ေပးခ်င္
ပါတယ္။ ကၽြန္ုပ္၏ အေကာင္းဆုံးအႀကံဉာဏ္ကလား...?
ဆံပင္ကို ပိုနီေတးစည္းတာမ်ိဳးကိုေရွာင္လိုက္ပါ။ တကယ္လို့
သင့္ Gym သြားရမွာမလို့မျဖစ္မေန ဆိုရင္ေတာ့စည္းထားလိုက္ပါ။
ဒါမွမဟုတ္အလုပ္မွာစည္းထားရမယ္ဆိုရင္လည္းတမ်ိဳးေပါ့။
ဒါေပမယ့္ ဒီလိုဆံပင္ကိုခပ္ျမင့္ျမင့္ပိုနီေတးခ်ည္လိုက္တာက
နဂိုဆံသားအေကာက္ေတြကိုေျပသြားေစနိုင္ပါတယ္။တကယ္လို့
သင္က အျမဲတမ္းအေနာက္ကိုလွန္ၿပီး ခပ္က်ပ္က်ပ္ထုံးထား
တာ၊စည္းထားတာမ်ိဳး ဆိုရင္ ဆံပင္ေတြသိမ္ကုန္တတ္ၿပီး
ဆံပင္လည္းကၽြတ္နိုင္ပါတယ္။ဒီလိုဘာလို့ဆံပင္ကၽြတ္ရတာလဲ
ဆိုေတာ့ ပိုနီေတးစည္းရင္ဆံပင္ကိုတင္းတင္းက်ပ္က်ပ္စုစည္းရ
လို့ ဆံပင္အျမစ္ကိုဆြဲသလိုျဖစ္ၿပီးကၽြတ္ရတာပါ။

➡️အမ်ိဳးအစား 3 B
အမ်ိဳးအစား 3B အေကာက္ေတြမွာေတာ့ အေကာက္တစ္ခုနဲ႔
တစ္ခုၾကားေနရာကေတာ္ေတာ္ ေလး ကြာဟေနတတ္ပါတယ္။
အေကာက္ေတြကဆံပင္အျမစ္ကေနစထြက္လာၿပီးထူလဲထူပါတယ္။
ဒီဆံသားေကာက္ေကာက္ေလးေတြကိုထိန္းသိမ္းဖို့ဆိုရင္ေတာ့အစို
ဓါတ္ေပးအလွကုန္ေတြလိုအပ္ပါတယ္။ဆီလီကြန္နဲ႔ဆာလဖိတ္
ဓါတ္ပါတဲ့ေကာက္သားသုံးအလွကုန္ေတြကိုေရွာင္ေပးပါ။
ဒီအလွကုန္ေတြကဆံပင္ရွုပ္ေထြးတာအတြက္ခနတာေျဖရွင္း
လို့ရေပမယ့္ ၾကာရင္ဆံသားေျခာက္ၿပီးပ်က္စီးလြယ္ပါတယ္။

➡️အမ်ိဳးအစား 3C
ဒီဆံပင္အေကာက္ကေတာ့ သိပ္သည္းၿပီးစပရိမ္လိုျဖစ္ေနတတ္ပါ
တယ္။အဲ့အေကာက္ေတြကလည္း အခ်ိဳရည္ပိုက္တစ္ခုကို လိပ္
ထားနိုင္ေလာက္ေအာင္ ေကာက္ေခြေနတတ္ပါတယ္။ဒီလိုအေကာက္
အလိမ္ မ်ားကိုထိန္းသိမ္းဖို့ဆိုရင္ နည္းနည္းေလး ပိုဂ႐ုစိုက္
တတ္ရပါမယ္။ဆံပင္ကိုၿဖီးခ်တာကဆံပင္ကိုပ်က္စီးၿပီးပိုရွုပ္
ေစလို့ အဲ့လိုလုပ္တာထက္ေပ်ာ့ေဆး နဲ႔ေခါင္းေလၽွာ္တဲ့အခ်ိန္
သုတ္ေပးၿပီးလက္ေခ်ာင္းေတြနဲ႔ၿဖီးခ်ေပးတာကပိုအဆင္ေျပပါတယ္။
အဲ့လိုဆံသားမ်ိဳးက dryer နဲ႔မွုတ္တာထက္ သဘာဝအတိုင္း
ေလနဲ႔အေျခာက္ခံလိုက္တာပိုသင့္ေတာ္ပါတယ္။

➡️အမ်ိဳးအစား 4 အေခြအလိပ္ဆံသား
အမ်ိဳးအစား 4 A
ဒီအမ်ိဳးအစား 4A ရဲ့အေကာက္ပုံစံကေတာ့ S ပုံစံ အေကာက္
ရွိၿပီးဘယ္ေလာက္အေကာက္ေသးလဲဆိုရင္တူတစ္ေခ်ာင္းကို
ပါပတ္ထားလို့ရပါတယ္။အမ်ိဳးအစား 4A အေကာက္ကေတာ့
အေကာင္းဆုံး အေကာက္ပုံစံတစ္မ်ိဳးျဖစ္ပါတယ္။မိမိတို့
ဒီအေကာက္ေတြထိန္းသိမ္းဖို့ဆိုရင္ ေတာ္ေတာ္ေလးဂ႐ုစိုက္ရမွာ
ျဖစ္ၿပီးဒီအေကာက္ေတြကအစိုဓါတ္ကိုေတာ္ေတာ္လိုပါတယ္။
ဒါေပမယ့္ဒီမွာေတာ့အစိုဓါတ္ေပးရမယ္ဆို တာ အဆီကိုလူးေပး
ရမယ့္သေဘာမဟုတ္ပါဖူး။ဆံသားအတြင္းထဲထိေပ်ာ့ေပ်ာင္းေစ
တတ္တဲ့ ေပ်ာ့ေဆးမ်ိဳး၊ေထာပတ္ပါတာမ်ိဳးနဲ႔အဲ့လိုခရင္မ္ေတြက
ဒီဆံသားက်န္းမာေရးအတြက္အေထာက္အကူျပဳ အလွကုန္ေတြ
ပဲျဖစ္ပါတယ္။

ဒီလိုဆံပင္စတိုင္မ်ိဳးကိုေတာ့ ထသြားထလာအတြက္ပဲအႀကံေပး
ခ်င္ပါတယ္ ဒီလိုအေကာက္မ်ိဳးကိုက်စ္ဆံၿမီးက်စ္တာ ႀကိဳး
က်စ္တာေတြအတြက္အႀကံမေပးခ်င္ပါဖူး။ ဘာလို့ဆိုေတာ့
ဒီလိုဆံပင္အေကာက္ေတြကရွုပ္ေထြး လြယ္ၿပီးကၽြတ္လြယ္လို့
ဒီလိုစတိုင္မ်ိဳးကို ျပဳျပင္တာက ဒီတိုင္းထားတာထက္ပိုအႏၲရာယ္
မ်ားလို့ပါ။ေနာက္တစ္ခ်က္ကဆံပင္ကို ပစ္ထားမိရင္ ေပ်ာ့ေဆး
ပုံမွန္သုံးဖို့လည္းေမ့သြားတတ္ၾကပါတယ္။ သင္ဒီလိုအေကာက္
ကို ဆံပင္က်စ္ၿပီးရက္အေတာ္ၾကာထားလိုက္ရင္ အေကာက္ပုံစံ
ေတြက လုံးဝ ပ်က္ယြင္းသြားတတ္ပါတယ္။ဆံသားအေပၚယံလႊာ
ကအရမ္းေျခာက္သြားၿပီး ဆံပင္ ေျဖလိုက္ရင္ ငါးမၽွားခ်ိတ္ေတြလို
ဆံပင္တစ္ပင္နဲ႔တစ္ပင္သြားခ်ိတ္ေနတတ္လို့ ပ်က္စီးလြယ္ပါတယ္
ဒါေၾကာင့္ဒီလိုဆံပင္ကိုအတင္းျပဳျပင္ဖို့ထက္ အစိုဓါတ္ေပးခရင္မ္
ေလးနဲ႔ထိန္းထားတာေကာင္းပါတယ္။

➡️အမ်ိဳးအစား 4 B
အမ်ိဳးအစား 4 Bရဲ့အေကာက္စတိုင္ကေတာ့ Z ပုံစံမ်ိဳးသြား
ပါတယ္။ဒီလိုအေကာက္ေတြအတြက္စတိုင္ ကေတာ့ Shingling
(စပရိမ္ေကာက္)နဲ႔လိုက္ဖက္ပါတယ္။ ဒီအေကာက္ကို​ၿဖီးရင္
ေရစိုေနခ်ိန္ၿဖီးသင့္ပါတယ္။သင့္လက္ေခ်ာင္းေတြနဲ႔ခြဲေပးၿပီး
သင့္ဆံပင္ အစိုဓါတ္ရဖို့နဲ႔ ေပ်ာ့ေပ်ာင္းဖို့ေပ်ာ့ေဆးလိုသေလာက္
ထည့္ပါ။ေလၽွာ္ၿပီးရင္ေတာ့သင့္ဆံပင္ကို ေလးပိုင္းခြဲပါ။
​သင့္ဆံပင္အေကာက္တိုင္းကိုအေကာက္ထိန္းခရင္မ္ နဲ႔ gel ကို
လိမ္းေပးၿပီးလက္နဲ႔ဆံပင္ေလးကို လိမ္လိမ္ေပးပါ။

➡️အမ်ိဳးအစား 4C
အမ်ိဳးအစား 4C အေကာက္က အေကာက္ဆုံးနဲ႔ရွုပ္ ဖို့အလြယ္ဆုံးပါပဲ။
ဒီအေကာက္ေတြကို သင္ မၾကာခဏၿဖီးသင္ေပးရင္ေတာ့ ရွင္းရတာ
လြယ္မွာပါ။ ၿပီးေတာ့ဆံပင္ေပ်ာ့ေပ်ာင္းဖို့ေပ်ာ့ေဆးနဲ႔လည္း
မ်ားမ်ားႏွပ္ေပးပါ။အုန္းဆီမဟုတ္ရင္ shea butter ခရင္မ္ေတြ
မ်ားမ်ားလိမ္းေပးပါ။ေတာ္​ေတာ္မ်ားမ်ားကေတာ့ဒီအေကာက္ကို
ေခါင္းေလၽွာ္ရည္မသုံးပဲ ေပ်ာ့ေဆးနဲ႔ပဲေလၽွာ္ၾကတာမ်ားတယ္။
ဒီအမ်ိဳးအစား 4C ကလည္း ေခတ္စားပါတယ္။လူငယ္တခ်ိဳ့က
ဒီလိုအေကာက္ကို အုံထူထူပုံစံမ်ိဳးကိုႀကိဳက္ၾကတယ္။သူတို့က
ဆံပင္ကိုေနမင္းႀကီးနဲ႔ တူေလာက္ေအာင္ထိကို ထူထူႀကီးႀကီး
လိုခ်င္ၾကတယ္။ၿပီးရင္အဲ့ဒါကို ေရာင္စုံဆိုးခ်င္တတ္ၾကတယ္။
ဒါေပမယ့္ဆံသားက်န္းမာေရးကိုပိုဂ႐ုစိုက္ေစခ်င္ ပါတယ္။
ဆံသားနဲ႔အသားအေရက်န္းမာေရးဆက္စပ္မွု ဒီလို အမ်ိဳးအစား
4C ရွိၿပီးသား နဂိုအေကာက္ေတြက သူတို့ရဲ့အသားအေရနဲ႔မသက္
ဆိုင္ပါဖူး။(လူမည္းမ်ိဳးေတြဒီလိုဆံပင္ထားတာမ်ားလို့ပါ)
ဒီဆံပင္ပုံက ပိုမိုက်န္းမာနဲ႔အမ်ိဳးသမီးတစ္ေယာက္အသြင္ေတာင္
ေဆာင္ေနပါေသးတယ္။

၂၀၁၃ စစ္တမ္းမ်ားအရ အာဖရိကန္အေမရိကန္ အမ်ိဳးသမီး
၄၀ရာခိုင္ႏွုန္းေလာက္က ဒီလိုဆံပင္အတြက္အထူးတလည္ျပဳျပင္
စရာမလိုၾကပါဖူး။က်န္တဲ့ ၆၀ရာခိုင္ႏွုန္းေက်ာ္ကေတာ့ ဓါတုေဆး
ေတြနဲ႔အဆင္ေျပသလိုျပဳျပင္ၾကတာမ်ားပါတယ္။ဒီမွာနဂိုရွိရင္းစြဲ
ဆံသာေလးေတြကာကြယ္ဖို့အခ်က္ ေလးေတြရွိပါေသးတယ္။
ဒါေပမယ့္ဒီလိုအမ်ိဳးအစား 4 စပရိမ္အေကာက္ကိုနဂိုရွိရင္းစြဲ
ပိုင္ဆိုင္တဲ့သူေတြကသူတို့ခႏၶာကိုယ္က်န္းမာေရးနဲ႔ဆံပင္
က်န္းမာေရးေတာ္ေတာ္ဆက္စပ္ေနတာကိုေတာ့ေတြ႕ရပါတယ္။
သင့္ဆံသားအတြင္းမွာအေခါင္းေပါက္ေလးေတြရွိၿပီးဒီအေခါင္း
ေပါက္ေလးေတြအေရအတြက္နဲ႔ ဆံသား အေလးခ်ိန္ကသင့္ဆံပင္
ကိုဘယ္လိုသက္ ေရာက္မွုရွိနိုင္လဲဒီဆံသားအေခါင္းေပါက္ေလး
ေတြအေၾကာင္းကို ဆံသားပညာရွင္ေတြေျပာၾကတဲ့အခါဒီအေခါင္း
ေပါက္ေလးေတြက အစိုဓါတ္ကိုစုပ္ယူနိုင္အားအေၾကာင္းေျပာ
ၾကတာမ်ားပါတယ္။သင့္ဆံသားက အေခါင္းေပါက္ေလးေတြအမ်ား
ဆုံးအပိုင္းကို ဆံသားအေပၚယံလႊာလို့ေခၚဆိုပါတယ္။ သင့္ဆံသား
ကနဂိုတည္းကမ်ိဳးရိုးအရအေခါင္း ေပါက္မ်ားတတ္တဲ့သူမ်ိဳး၊
ဒါမွမဟုတ္ ဓါတုေဆးေတြေၾကာင့္ပုံမွန္ထက္မ်ားသြားတာမ်ိဳး
ေတြရွိတတ္ ပါတယ္။

ဒီအေခါင္းေပါက္ေလးေတြကသင့္ဆံသားကို အစိုဓါတ္ကိုပိုမိုစုပ္ယူ
ေစပါတယ္။တကယ္လို့သင့္ကစို ထိုင္းတဲ့ေနရာမ်ိဳးမွာေနရင္သင့္
ဆံသားကရွုပ္ေထြး လြယ္ပါလိမ့္မယ္။ဒါဘာလို့လဲဆိုေတာ့ဆံသား
က ေလထဲကအစိုဓါတ္ကိုစုပ္ယူလိုက္လို့ပါ။ဒါေပမယ့္ေကာင္း
တာတစ္ခုကဒီလိုအေခါင္းေပါက္မ်ားတဲ့ဆံသားက အစိုဓါတ္ထိန္း
အလွကုန္ေတြကို လည္းေကာင္းေကာင္းစုပ္ယူနိုင္ပါတယ္။ေပ်ာ့
ေဆးမွာမွ ေထာပတ္ဆီမ်ားမ်ားပါတဲ့ ေပ်ာ့ေဆးမ်ိဳးက အဲ့အေခါင္း
ေပါက္ေလးေတြကိုျဖည့္ေပးလို့ သင့္ဆံသားကိုရွင္းရပိုလြယ္ေစနိုင္ပါတယ္။
အေခါင္းေပါက္နည္းတဲ့ဆံသားကေတာ့ သိပ္သည္းဆမ်ားၿပီး
အစိုဓါတ္ကိုခုခံနိုင္စြမ္းရွိပါတယ္။ပတ္ဝန္းက်င္ကစိုထိုင္းတာမ်ိဳး၊
ဓါတုေဆးေၾကာင့္ပဲျဖစ္ျဖစ္ခံနိုင္ရည္ပိုရွိပါတယ္။ အကၽြင္းအက်ံ
ကပ္က်န္ေနတတ္တဲ့ အလွကုန္မ်ိဳးကသင့္ ဆံပင္ကို ပိုေလးပိုေစးကပ္
သြားေစတတ္ၿပီး အေရာင္မွိန္ေစတတ္ပါတယ္။ေပါင္းခံသန႔္စင္
ထားတဲ့ ေခါင္းေလၽွာ္ရည္မ်ိဳးနဲ႔သာအပတ္စဥ္ေလၽွာ္သင့္ ၿပီးသိပ္
မျပင္းတဲ့ေခါင္းေလၽွာ္ရည္မ်ိဳးကိုအသုံးျပဳေပးပါ။အလွကုန္ဆိုလည္း
သိပ္မေစးကပ္တာမ်ိဳးသုံးေပးပါ။ဆံသားအားျဖည့္နို့ပါတဲ့အလွကုန္
mousses မ်ားကဆံသားကိုပိုထူပိုလွေစပါတယ္။တကယ္လို့သင္
blow dryer မ်ိဳးကိုသုံးေပးရင္ပိုအက်ိဳးသက္ ေရာက္ေစမွာပါ။
အပူကဆံသားအေခါင္းေပါက္ေတြ ကိုဖြင့္ေပးၿပီး အစိုဓါတ္ကိုစုပ္
ယူေစပါတယ္။

#ဆံသားအေခါင္းေပါက္စစ္ေဆးရန္ သင့္ဆံပင္တစ္ခ်ိဳ့ကိုေရ
တခြက္ထဲစိမ္ပါမိနစ္အနည္းငယ္ၾကာရင္ ၾကည့္လိုက္ပါဆံပင္က
ေရေပၚ ေပၚေနရင္ ဆံသားအေခါင္းေပါက္ နည္းလို့ပါ။ဆံပင္က
ေရထဲျမဳပ္ေနရင္ဆံသားအေခါင္းေပါက္မ်ားလို့ပါ။

#ဆံသားအေလးခ်ိန္
ဆံသားအေလးခ်ိန္ဆိုတာသင့္ေခါင္းေပၚကဆံပင္အေရအတြက္နဲ႔
ညီပါတယ္။သင့္ဦးေရျပားကို အလြယ္တကူမျမင္ရရင္သင့္ဆံ
သားက အေလးခ်ိန္ စီးပါတယ္။တကယ္လို့သင့္ဆံပင္ကိုခြဲစရာ
ေတာင္မလိုပဲဦးေရျပားကိုျမင္ရတယ္ဆိုရင္ ဆံသားကအေလးခ်ိန္
နည္းပါတယ္။သင့္ဆံသားအေလးခ်ိန္ကသက္ေရာက္မွုအမ်ိဳးမ်ိဳး
ေၾကာင့္ျဖစ္နိုင္ပါတယ္။ဥပမာ စိတ္ဖိစီးမွု၊ကိုယ္ဝန္ ေၾကာင့္ေဟာ္မုန္း
ေျပာင္းလဲျခင္း၊ရာသီလာခ်ိန္နဲ႔ အာဟာရဓါတ္ခ်ိဳ့တဲ့ျခင္းေၾကာင့္
ေျပာင္းလဲနိုင္ပါတယ္။သင့္ဆံသားအေလးခ်ိန္ေျပာင္းသြားရင္
သင့္ဆံသားအလွကုန္ကိုလည္းေျပာင္းလဲသုံးေပးသင့္ပါတယ္။
ေစးကပ္တဲ့အလွကုန္ေတြကအေလးခ်ိန္နည္းတဲ့ ဆံသားကိုျပားကပ္
သြားေစပါတယ္။စပေရးပုံစံမ်ိဳး၊ သိပ္မေစးကပ္တဲ့ mousses
မ်ိဳးက ဆံသားကိုထူေစၿပီးေကာင္းေစပါတယ္။အေလးခ်ိန္စီးတဲ့
ဆံသားကေတာ့ေစးကပ္တဲ့ ခရင္မ္ေတြနဲ႔ ေထာပတ္ဆီေတြ သုံးေပး
ျခင္းက ဆံသားကိုေတာက္ေျပာင္ၿပီးရွင္းရလြယ္ေစပါတယ္။

#သင့္ဆံသားအေထာက္အကူျပဳမိတ္ဖက္ကိုရွာပါ

သင့္ဆံသားအတြက္သင္ေလ့လာေနၿပီဆိုရင္ အေထာက္အကူ
အရဆုံးအခ်က္ကေတာ့ လူမွုဆက္ သြယ္ေရး မီဒီယာေတြကေန
တစ္ဆင့္သင္နဲ႔ ဆံသားအမ်ိဳးအစားျခင္းတူတဲ့သူနဲ႔မိတ္ဖြဲ႕ပါ။
သူတို့ အႀကံေပးတဲ့အလွကုန္မ်ိဳးကိုသုံးၾကည့္ပါ။သူတို့ေျပာတဲ့
အဆင္ေျပနိုင္တဲ့နည္းလမ္းမ်ိဳးကိုသုံးၾကည့္ ပါ။အဲ့ဒါဆိုသင္
အခ်ိန္ေကာပိုက္ဆံေရာအကုန္ သက္သာနိုင္ၿပီးအေထာက္အကူ
လည္းရမွာျဖစ္ တယ္။


နိဂုံးခ်ဳပ္
ဆံသားအမ်ိဳးအစားကသင့္ဆံပင္အေကာက္စတိုင္နဲ႔ သက္ဆိုင္ပါတယ္။
#အမ်ိဳးအစား 1က ဆံသားေျဖာင့္ တဲ့သူပါ။
#အမ်ိဳးအစား 2က လွိုင္းတြန႔္ပါ။
#အမ်ိဳးအစား 3ကေကာက္တဲ့ဆံသားျဖစ္ၿပီး
#အမ်ိဳးအစား  4က အေခြအလိပ္စပရိမ္ဆံသားမ်ိဳးျဖစ္ပါတယ္။

လူအမ်ိဳးအလိုက္ဆံသားပုံစံအမ်ိဳးမ်ိဳးကလည္းကြာျခားသြား
မွာျဖစ္ပါတယ္။ ဒီအေကာက္ေလးေတြကို ထိန္းသိမ္းဖို့၊ထူထဲဖို့နဲ႔
အေကာက္မေျပဖို့ဆိုရင္ သင့္အတြက္အေကာင္းဆုံးသင့္ေတာ္တဲ့
အလွကုန္မ်ိဳးကိုေရြးခ်ယ္နိုင္ဖို့လိုပါတယ္။သင့္ဆံသားကပိုေကာက္
တာ ဒါမွမဟုတ္ အေခါင္းေပါက္မ်ားတာဆိုရင္သင့္ဆံသားက်န္းမာ
ေရးအတြက္ ပုံမွန္ထက္အစိုဓါတ္ကိုပိုလိုမွာျဖစ္ပါတယ္။သင္ဘယ္လို
အလွကုန္စသုံးရမယ္ဆိုတာမသိရင္ သင့္ဆံသားအတြက္ပညာရွင္
တစ္ေယာက္ေယာက္ကို တိုင္ပင္တာမ်ိဳး၊သင္နဲ႔ဆံသားျခင္းတူတဲ့သူ
နဲ႔  လူမွုမီဒီယာမွာမိတ္ဖြဲ႕တာမ်ိဳးလုပ္ေပးပါလို့အႀကံျပဳပါရေစ။

#KoHtike
#Hair&BeautyByKoHtike

Saturday, August 29, 2020

Skill Gap ကိုဘယ္လိုျဖည့္မလဲ ?

Skill Gap ကိုဘယ်လိုဖြည့်မလဲ ?


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Htain Lin Kyaw(HR)

လုပ်ငန်းခွင်ထဲမှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြသာနာက Skill Gap ဖြစ်တာပဲ၊  လွယ်လွယ်ကူကူပြောရရင် လုပ်ရမယ့် အလုပ်အတွက် အလုပ်လျှောက်တဲ့ သူတွေမှာပါလာတဲ့ အရည်အချင်းကကိုက်ညီမှု နည်းတာမရှိတာပဲ ။ ပိုနေတာတွေလည်းရှိသလို ၊  လိုနေတာတွေလည်းရှိတတ်တယ် ။ ဒီတော့ လူမှန်နေရာမှန် အံဝင်ခွင်ကျဖြစ်မယ့်  အလုပ်တွေအတွက် ဝန်ထမ်းရွေးချယ်ရတာ ခေါင်းစားလာတယ် ။  ခေတ်ကိုကလည်း War for Talent  လို့ဆိုသလိုအရည်အချင်းအတွက် ပြိုင်ဆိုင်နေရတဲ့ခေတ်။

ဝန်ထမ်းရွေးတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတာက Person – Job Fit / Person – Organization Fit  ရယ်ပေါ့။ ကိုက်ညီမယ့်လူနဲ့ အရည်အချင်းကိုရွေးချယ်ရတာခက်ပါတယ်။  ဒေါင်ဒေါင်မြည်လူကိုခန့်ဖို့ဆိုတော့လည်းကိုယ့်လုပ်ငန်းကပေးနိုင်တဲ့ လစာနဲ့ ရှာရတာပိုခက်လာတယ် ။

လစာကောင်းကောင်းပေးနိုင်ရင်တော့ ဝန်ထမ်းကောင်းကောင်းရအောင် ရှာရတာကသိပ်မခက်ဘူး ဗျ။ ခုတော့ အခြေအနေကပေးထားတဲ့ Pay Structure နဲ့ ကိုက်အောင်ရှာရတော့ ဝန်ထမ်းကိုလည်း ဘာ Fit / ညာ  Fit  ဆိုတာထက်  လုပ်နိုင်တဲ့ သူကိုဦးစားပေးနေရတဲ့ အခြေအနေရှိတယ် ။

Person – Organization Fit ဖြစ်ဖို့ ကိုအသာထား   Job Fit ဖြစ်ဖို့ကိုလိုအပ်တဲ့  JD/ JS ကိုတောင် မနည်းမီအောင် ရှာနေရတာများပါတယ် ။ လိုချင်တာကအတွေ့အကြုံရှိတဲ့  CPA  ပေးနိုင်တာက (၁၀) သိန်းတောင်မပြည့်ဘူးဆိုတော့ လုပ်ငန်းရဲ့ Budget ကို ကြည့်ရ ၊ အရည်အချင်းရှိတဲ့ ရှာရနဲ့ ဝန်ထမ်းရွေးရတာ တော်တော်မလွယ်တဲ့ အလုပ်ပါ ။ပြောနေရင်းနဲ့ ဘေးရောက်မှာစိုးလို့ လိုရင်းကိုဆက်ရရင် အမျိုးမျိုးသောရွေးချယ်မှုတွေနဲ့ အဖွဲ့အစည်းအတွင်းကိုရောက်လာတဲ့ ဝန်ထမ်းတွေကို ကျွန်တော်တို့ အဓိကထား ပြန်လုပ်ပေးရတာက Skill Gap Analysis ပါပဲ ။

ပြသာနာကအခုမှ စတာ ကြိုက်လို့ ခေါ်ထားတဲ့ Line Manager တွေကအခုမှ လုပ်ငန်းနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူးတို့ အရည်အချင်းကမပြည့်ဝဘူးတို့ နဲ့ အစချီလို့  HRကို ပြသာနာရှာလာပါတယ် ။ မခန့်ခင်ကတည်းကလည်းအတန်တန် ပြောပြထားတာကိုလူမရှိလို့ပါ ၊  သင်ပေးမှာပါ ဆိုတာကပါလိုက်သေး ၊  အင်းခက်တော့ခက်ချေပြီ..

အဲ့လိုအခြေအနေတွေ မျိုးမှာ ဝန်ထမ်းတွေကို Skill Gap Analysis လုပ်ပေးဖို့လိုလာပါတယ် ။ သူထမ်းဆောင်မယ့်တာဝန်အတွက် မဖြစ်မနေရှိရမယ့် Standard Skill ကိုဖော်ထုတ်ရသလို ၊ သူ့ဆီမှာလက်ရှိရှိနေတဲ့ Actual Skill ကိုလည်းစစ်ဆေးရပါတယ် ။ ဒီနှစ်ခုရဲ့ကွာခြားချက်ကိုရှာဖွေဖော်ထုတ်ပြီးလိုအပ်နေတဲ့  Skill Gap ကို ဖြည့်ပေးရတာဖြစ်ပါတယ်။  ဒီတော့   Standard Skill ကိုဘယ်လိုသတ်မှတ်မလဲဆိုတာအရေးကြီးလာပါတယ် ။

အရင်ဆုံး ကျွန်တော် တို့ နားလည်ထားရမှာက Standard Skill ဆိုတာသက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် မတူညီနိုင်သလို  ၊Industry အလိုက်လည်းကွဲပြားပါတယ် ။ Local / Global  ပေါ်မူတည်ပြီးတော့လည်းကွဲပြားပါတယ် ။

 မြန်မာနိုင်ငံအတွက် အခြေခံလုပ်သား ဝန်ထမ်းတွေအတွက် (ဥပမာ - သန့်ရှင်းရေး ၊  ဆောက်လုပ်ရေး ၊ အိမ်တွင်းပြင်ဆင်ရေး ..) အစရှိတဲ့ ဝန်ထမ်းတွေမှာ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ  Skill Standard သတ်မှတ်ထားတာမရှိပါဘူး ။  ၂၀၁၇ ခုနှစ်မှာမှ   (NSSA – National Skill Standard Authority)  မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA) ကို၂ဝဝရခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီးယခုလက်ရှိတွင် NSSA ရှိလုပ်ငန်းကော်မတီ၁၅ခုသည်အလုပ်အကိုင်ကျွမ်းကျင်မှု “စံ”၁၇၃ခုကိုရေးသား ပြုစုခဲ့ပါတယ် ။

အဲ့လို  Standard Skill ကိုသတ်မှတ်ရာမှာတောင် အဆင့်(၁)လက်မှတ် - တစိတ်တဒေသကျွမ်းကျင်လုပ်သားအဆင့်(၂)လက်မှတ် - ကျွမ်းကျင်လုပ်သားအဆင့်(၃)လက်မှတ် - အဆင့်မြင့်ကျွမ်းကျင်လုပ်သားအဆင့်(၄)လက်မှတ် - ကြီးကြပ်သူအဆင့်ဆိုပြီးအဆင့်ဆင့် ခွဲခြားထားပါသေးတယ် ။

လုပ်ငန်းခွင်တွေမှာသက်ဆိုင်ရာအလိုက် Standard Skill သတ်မှတ်ဖို့ကတော့ မိမိလုပ်ငန်းမှာရေးဆွဲထားတဲ့  JD/ JS ကိုချိန်ညှိုပြီး ပြုလုပ်ရမှာပါပဲ ။  လက်ရှိတာဝန်ယူဆောင်ရွက်နေတဲ့ ဝန်ထမ်းရဲ့ Skill ကိုစစ်ဆေးပြီး Standard Skill နဲ့ မကိုက်ညီပဲလိုအပ်နေသေးတဲ့ အပိုင်းကိုလည်းလေ့ကျင့်သင်ကြားပေးတာတွေ လုပ်လို့ရပါတယ် ။


ထိန်လင်းကျော်(HR)

(Zawgyi)

Skill Gap ကိုဘယ္လိုျဖည့္မလဲ ?


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Htain Lin Kyaw(HR)

လုပ္ငန္းခြင္ထဲမွာ ကၽြန္ေတာ္တို့ ၾကဳံေတြ႕ေနရတဲ့ ျပသာနာက Skill Gap ျဖစ္တာပဲ၊  လြယ္လြယ္ကူကူေျပာရရင္ လုပ္ရမယ့္ အလုပ္အတြက္ အလုပ္ေလၽွာက္တဲ့ သူေတြမွာပါလာတဲ့ အရည္အခ်င္းကကိုက္ညီမွု နည္းတာမရွိတာပဲ ။ ပိုေနတာေတြလည္းရွိသလို ၊  လိုေနတာေတြလည္းရွိတတ္တယ္ ။ ဒီေတာ့ လူမွန္ေနရာမွန္ အံ၀င္ခြင္က်ျဖစ္မယ့္  အလုပ္ေတြအတြက္ ၀န္ထမ္းေရြးခ်ယ္ရတာ ေခါင္းစားလာတယ္ ။  ေခတ္ကိုကလည္း War for Talent  လို့ဆိုသလိုအရည္အခ်င္းအတြက္ ၿပိဳင္ဆိုင္ေနရတဲ့ေခတ္။

၀န္ထမ္းေရြးေတာ့မယ္ဆိုရင္ အရင္ဆုံးစဥ္းစားရတာက Person – Job Fit / Person – Organization Fit  ရယ္ေပါ့။ ကိုက္ညီမယ့္လူနဲ႔ အရည္အခ်င္းကိုေရြးခ်ယ္ရတာခက္ပါတယ္။  ေဒါင္ေဒါင္ျမည္လူကိုခန္႔ဖို့ဆိုေတာ့လည္းကိုယ့္လုပ္ငန္းကေပးနိုင္တဲ့ လစာနဲ႔ ရွာရတာပိုခက္လာတယ္ ။

လစာေကာင္းေကာင္းေပးနိုင္ရင္ေတာ့ ၀န္ထမ္းေကာင္းေကာင္းရေအာင္ ရွာရတာကသိပ္မခက္ဘူး ဗ်။ ခုေတာ့ အေျခအေနကေပးထားတဲ့ Pay Structure နဲ႔ ကိုက္ေအာင္ရွာရေတာ့ ၀န္ထမ္းကိုလည္း ဘာ Fit / ညာ  Fit  ဆိုတာထက္  လုပ္နိုင္တဲ့ သူကိုဦးစားေပးေနရတဲ့ အေျခအေနရွိတယ္ ။

Person – Organization Fit ျဖစ္ဖို့ ကိုအသာထား   Job Fit ျဖစ္ဖို့ကိုလိုအပ္တဲ့  JD/ JS ကိုေတာင္ မနည္းမီေအာင္ ရွာေနရတာမ်ားပါတယ္ ။ လိုခ်င္တာကအေတြ႕အၾကဳံရွိတဲ့  CPA  ေပးနိုင္တာက (၁၀) သိန္းေတာင္မျပည့္ဘူးဆိုေတာ့ လုပ္ငန္းရဲ့ Budget ကို ၾကည့္ရ ၊ အရည္အခ်င္းရွိတဲ့ ရွာရနဲ႔ ၀န္ထမ္းေရြးရတာ ေတာ္ေတာ္မလြယ္တဲ့ အလုပ္ပါ ။ေျပာေနရင္းနဲ႔ ေဘးေရာက္မွာစိုးလို့ လိုရင္းကိုဆက္ရရင္ အမ်ိဳးမ်ိဳးေသာေရြးခ်ယ္မွုေတြနဲ႔ အဖြဲ႕အစည္းအတြင္းကိုေရာက္လာတဲ့ ၀န္ထမ္းေတြကို ကၽြန္ေတာ္တို့ အဓိကထား ျပန္လုပ္ေပးရတာက Skill Gap Analysis ပါပဲ ။

ျပသာနာကအခုမွ စတာ ႀကိဳက္လို့ ေခၚထားတဲ့ Line Manager ေတြကအခုမွ လုပ္ငန္းနဲ႔ အံ၀င္ခြင္က် မျဖစ္ဘူးတို့ အရည္အခ်င္းကမျပည့္၀ဘူးတို့ နဲ႔ အစခ်ီလို့  HRကို ျပသာနာရွာလာပါတယ္ ။ မခန္႔ခင္ကတည္းကလည္းအတန္တန္ ေျပာျပထားတာကိုလူမရွိလို့ပါ ၊  သင္ေပးမွာပါ ဆိုတာကပါလိုက္ေသး ၊  အင္းခက္ေတာ့ခက္ေခ်ၿပီ..

အဲ့လိုအေျခအေနေတြ မ်ိဳးမွာ ၀န္ထမ္းေတြကို Skill Gap Analysis လုပ္ေပးဖို့လိုလာပါတယ္ ။ သူထမ္းေဆာင္မယ့္တာ၀န္အတြက္ မျဖစ္မေနရွိရမယ့္ Standard Skill ကိုေဖာ္ထုတ္ရသလို ၊ သူ႔ဆီမွာလက္ရွိရွိေနတဲ့ Actual Skill ကိုလည္းစစ္ေဆးရပါတယ္ ။ ဒီႏွစ္ခုရဲ့ကြာျခားခ်က္ကိုရွာေဖြေဖာ္ထုတ္ၿပီးလိုအပ္ေနတဲ့  Skill Gap ကို ျဖည့္ေပးရတာျဖစ္ပါတယ္။  ဒီေတာ့   Standard Skill ကိုဘယ္လိုသတ္မွတ္မလဲဆိုတာအေရးႀကီးလာပါတယ္ ။

အရင္ဆုံး ကၽြန္ေတာ္ တို့ နားလည္ထားရမွာက Standard Skill ဆိုတာသက္ဆိုင္ရာလုပ္ငန္းနယ္ပယ္အလိုက္ မတူညီနိုင္သလို  ၊Industry အလိုက္လည္းကြဲျပားပါတယ္ ။ Local / Global  ေပၚမူတည္ၿပီးေတာ့လည္းကြဲျပားပါတယ္ ။

 ျမန္မာနိုင္ငံအတြက္ အေျခခံလုပ္သား ၀န္ထမ္းေတြအတြက္ (ဥပမာ - သန္႔ရွင္းေရး ၊  ေဆာက္လုပ္ေရး ၊ အိမ္တြင္းျပင္ဆင္ေရး ..) အစရွိတဲ့ ၀န္ထမ္းေတြမွာ အသက္ေမြး၀မ္းေၾကာင္း ဆိုင္ရာ  Skill Standard သတ္မွတ္ထားတာမရွိပါဘူး ။  ၂၀၁၇ ခုႏွစ္မွာမွ   (NSSA – National Skill Standard Authority)  ျမန္မာနိုင္ငံလုပ္သားမ်ားကၽြမ္းက်င္မွု “စံ”သတ္မွတ္ျပဌာန္းေရးအဖြဲ႕ (NSSA) ကို၂၀ဝ၇ခုႏွစ္တြင္စတင္ဖြဲ႕စည္းခဲ့ၿပီးယခုလက္ရွိတြင္ NSSA ရွိလုပ္ငန္းေကာ္မတီ၁၅ခုသည္အလုပ္အကိုင္ကၽြမ္းက်င္မွု “စံ”၁၇၃ခုကိုေရးသား ျပဳစုခဲ့ပါတယ္ ။

အဲ့လို  Standard Skill ကိုသတ္မွတ္ရာမွာေတာင္ အဆင့္(၁)လက္မွတ္ - တစိတ္တေဒသကၽြမ္းက်င္လုပ္သားအဆင့္(၂)လက္မွတ္ - ကၽြမ္းက်င္လုပ္သားအဆင့္(၃)လက္မွတ္ - အဆင့္ျမင့္ကၽြမ္းက်င္လုပ္သားအဆင့္(၄)လက္မွတ္ - ႀကီးၾကပ္သူအဆင့္ဆိုၿပီးအဆင့္ဆင့္ ခြဲျခားထားပါေသးတယ္ ။

လုပ္ငန္းခြင္ေတြမွာသက္ဆိုင္ရာအလိုက္ Standard Skill သတ္မွတ္ဖို့ကေတာ့ မိမိလုပ္ငန္းမွာေရးဆြဲထားတဲ့  JD/ JS ကိုခ်ိန္ညႇိုၿပီး ျပဳလုပ္ရမွာပါပဲ ။  လက္ရွိတာ၀န္ယူေဆာင္ရြက္ေနတဲ့ ၀န္ထမ္းရဲ့ Skill ကိုစစ္ေဆးၿပီး Standard Skill နဲ႔ မကိုက္ညီပဲလိုအပ္ေနေသးတဲ့ အပိုင္းကိုလည္းေလ့က်င့္သင္ၾကားေပးတာေတြ လုပ္လို့ရပါတယ္ ။


ထိန္လင္းေက်ာ္(HR)

Friday, August 28, 2020

ငါးပင္စိမ္းအုန္းနို့ခ်က္ဟင္း_သက္သတ္လြတ္ ငံျပာရည္ခ်က္_မၽွစ္ကုန္းေဘာင္ေၾကာ္

ငါးပင်စိမ်းအုန်းနို့ချက်ဟင်း
-----------------------------------


ပါဝင်ပစ္စည်းများ
ကကတစ်ငါး  -  ၁ ကောင်
ကြက်သွန်နီ  -  ၁ လုံး
ကြက်သွန်ဖြူ  -  ၅ တက်
စပါးလင်  -  ၂ ချောင်း
ငရုတ်သီးအနီ  -  ၅ တောင့်
ခရမ်းကြွပ်သီး  -  ၃ လုံး
ရုံးပတီသီး  -  ၃ တောင့်
ခရမ်းချဉ်သီး  -  ၁ လုံး
ပင်စိမ်း  -  လိုအပ်သလို
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
နနွင်းမှုန့်  -  အနည်းငယ်
ငရုတ်နှစ်  -  အနည်းငယ်
သကြား၊ ဆား၊                               }   လိုအပ်သလို
ငရုတ်ကောင်း၊ ငံပြာရည်
အုန်းနို့  -  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
 ငါးကို အကွင်းလိုက် အနေတော်လှီးဖြတ်ပြီး နနွင်း၊ ဆား၊ ငရုတ် ကောင်း၊ ငံပြာရည်တို့ဖြင့် အရသာ နယ်ထားပေးပါ။ ခရမ်းကြွပ်သီး၊ ရုံးပတီသီး၊ ခရမ်း ချဉ်သီး၊ စပါးလင်တို့ကို အနေတော်လှီးဖြတ်ထားပေးပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နုပ်နုပ်စဉ်းပြီး နနွင်းမှုန့်၊ ငရုတ်နှစ်
တို့ဖြင့် ဆီသတ်ပေးပါ။ အနံ့မွှေး သွားပြီဆိုရင်တော့ စပါးလင်နှင့် ငါးထည့် ပါ။ ငါးအနံ့ မွှေးလာပြီဆိုရင်တော့ ရေနှင့် အုန်းနို့ကို လိုအပ်သလို ထည့်ပေး ပါ။ လိုအပ်သောအရသာနှင့် အသီးအနှံများ ထည့်ပြီး အားလုံးကျက်သည် အထိ ချက်ပေးပါ။ ငါးနှင့် အသီးအနှံများ ကျက်ပြီး လိုအပ်သောအရသာ ရပြီဆိုရင်တော့ ပင်စိမ်းထည့်ကာ ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------
Eant Wint Htut

သက်သတ်လွတ် ငံပြာရည်ချက်
--------------------------------------


 ဒါလေးကတော့ ငါးပိ၊ ငံပြာရည်မပါရင် ထမင်းမမြိန်တတ်တဲ့သူတွေအတွတ် အတော်လေးအဆင်ပြေစေတဲ့ သက်သတ် လွတ်အရံဟင်းတစ်မည်ပါရှင်။

ပါဝင်ပစ္စည်းများ
သကြား  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  စားပွဲဇွန်း ၁ ဇွန်း
ဆီ  -  ၂ ကျပ်ခွဲသား
ငရုတ်ခွဲခြမ်း  -  စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်နီကြော်  -  အကြမ်းပန်းကန် ၁ လုံးခွဲ
ကြက်သွန်ဖြူ  -  ၂ ဥ
နနွင်း  -  အနည်းငယ်
အရသာမှုန့်  -  အနည်းငယ်

ချက်နည်း
 အရင်ဆုံး ဆားကို ပြာလာသည်အထိ လှော်ပြီး ဆယ်ထားပါ။ ဒယ်အိုးပူထဲ သကြားထည့်ပြီး လှော်ပါ။သကြားတွေ အရည်ပျော်ပြီး ညိုလာလျှင်  လှော်ထား
သော ဆားပြန်ထည့်ပါ။ ရေနွေးအကြမ်း ပန်းကန် ၃ လုံးခန့် ထည့်ပြီး ပွက်ပွက် ဆူလာလျှင် မီးဖိုပေါ်မှ ချထားပါ။ ငံပြာရည်ရပါပြီ။ ကြက်သွန်ဖြူကို ထောင်းပြီး နနွင်းအနည်းငယ်နှင့်အတူ ဆီသတ်ပါ။ မွှေးပြီး အရောင်ပြောင်းလာလျှင် ငရုတ်ခွဲ ခြမ်း ထည့်ပါ။ ကျိုထားသော ငံပြာရည်ထည့်ပါ။ ကြက်သွန်နီကြော်များ ခြေထည့်ပါ။ အရသာမှုန့်အနည်းငယ်ထည့်ပါ။ မပျစ်မကျဲ အနေထားရရင် ရပါပြီ။
---------------------------
ပန်းခရေ

မျှစ်ကုန်းဘောင်ကြော်
----------------------------


 လွယ်ကူပြီး လျင်မြန်တယ်။ မျှစ်ကြိုက်တဲ့သူ တွေလည်း အခုလို ကြော်စားပြီးရင်တော့ မျှစ်ကိုပိုပြီး ကြိုက်နှစ်သက်လာပါလိမ့်မယ်။ အသားလည်းမပါတဲ့ သက်သက်လွတ်  မျှစ်ကုန်းဘောင်လေး ကြည့်ရ အောင်…

ပါဝင်ပစ္စည်းများ
မျှစ်  -  ၂၅၀ ဂရမ်
ငရုတ်သီးအခြောက်တောင့်  -  ၇ တောင့်
မုန်လာဥနီ  -  ၁၅ ဂရမ်
မှို  -  ၁၅ ဂရမ်
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နာနတ်ပွင့်  -  ၂ ပွင့်
ကြက်သွန်နီ  -  ၂၅ ဂရမ်
ကြက်သွန်ဖြူ  -  ၃ ဂရမ်
ငရုတ်ပွ  -  ၁၀ ဂရမ်
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
 ကြက်သွန်ဖြူကို နုပ်နုပ်စဉ်း၊ ကြက်သွန်နီကို ပါးပါးလှီး၊ မုန်လာဥနီ၊ ပဲသီး၊ မျှစ်၊ ငရုတ်ပွတို့ကို မိမိတို့ စိတ်ကြိုက်ပုံစံလေးတွေ လှီးပြီး ရေစင်စင်ဆေးထား ပါ။ ပြီးလျှင် မီးဖိုပေါ်မှ ဒယ်အိုးထဲ ဆီထည့်ပါ။ ပြီးလျှင် နာနတ်ပွင့်နှင့် ငရုတ်သီးအခြောက်တောင့်ကို ထည့် ကြော်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မျှစ်၊ မုန်လာဥနီ၊ မှို၊ ငရုတ်ပွ၊ ဆား၊ သကြား၊ ပဲငံပြာရည် အကြည်၊ အနောက်တို့ကိုထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်ပေးပါ။ အကုန်လုံးသမသွားပြီဆိုရင်တော့ ကြက်သွန်မြိတ်ဖြူးပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့ မျှစ်ကုန်းဘောင်ကြော်လေး ရပါပြီ။
--------------------------
Shwe Min Eain

(Zawgyi)



ငါးပင္စိမ္းအုန္းနို့ခ်က္ဟင္း
-----------------------------------
ပါဝင္ပစၥည္းမ်ား
ကကတစ္ငါး  -  ၁ ေကာင္
ၾကက္သြန္နီ  -  ၁ လုံး
ၾကက္သြန္ျဖဴ  -  ၅ တက္
စပါးလင္  -  ၂ ေခ်ာင္း
င႐ုတ္သီးအနီ  -  ၅ ေတာင့္
ခရမ္းႂကြပ္သီး  -  ၃ လုံး
႐ုံးပတီသီး  -  ၃ ေတာင့္
ခရမ္းခ်ဥ္သီး  -  ၁ လုံး
ပင္စိမ္း  -  လိုအပ္သလို
ဆီ  -  စားပြဲဇြန္း ၃ ဇြန္း
နႏြင္းမွုန႔္  -  အနည္းငယ္
င႐ုတ္ႏွစ္  -  အနည္းငယ္
သၾကား၊ ဆား၊                               }   လိုအပ္သလို
င႐ုတ္ေကာင္း၊ ငံျပာရည္
အုန္းနို့  -  စားပြဲဇြန္း ၅ ဇြန္း

ျပဳလုပ္ပုံအဆင့္ဆင့္
 ငါးကို အကြင္းလိုက္ အေနေတာ္လွီးျဖတ္ၿပီး နႏြင္း၊ ဆား၊ င႐ုတ္ ေကာင္း၊ ငံျပာရည္တို့ျဖင့္ အရသာ နယ္ထားေပးပါ။ ခရမ္းႂကြပ္သီး၊ ႐ုံးပတီသီး၊ ခရမ္း ခ်ဥ္သီး၊ စပါးလင္တို့ကို အေနေတာ္လွီးျဖတ္ထားေပးပါ။ ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီတို့ကို ႏုပ္ႏုပ္စဥ္းၿပီး နႏြင္းမွုန႔္၊ င႐ုတ္ႏွစ္
တို့ျဖင့္ ဆီသတ္ေပးပါ။ အနံ့ေမႊး သြားၿပီဆိုရင္ေတာ့ စပါးလင္ႏွင့္ ငါးထည့္ ပါ။ ငါးအနံ့ ေမႊးလာၿပီဆိုရင္ေတာ့ ေရႏွင့္ အုန္းနို့ကို လိုအပ္သလို ထည့္ေပး ပါ။ လိုအပ္ေသာအရသာႏွင့္ အသီးအႏွံမ်ား ထည့္ၿပီး အားလုံးက်က္သည္ အထိ ခ်က္ေပးပါ။ ငါးႏွင့္ အသီးအႏွံမ်ား က်က္ၿပီး လိုအပ္ေသာအရသာ ရၿပီဆိုရင္ေတာ့ ပင္စိမ္းထည့္ကာ ပန္းကန္ျပင္ၿပီး သုံးေဆာင္နိုင္ပါၿပီ။
----------------------------
Eant Wint Htut

သက္သတ္လြတ္ ငံျပာရည္ခ်က္
--------------------------------------
 ဒါေလးကေတာ့ ငါးပိ၊ ငံျပာရည္မပါရင္ ထမင္းမၿမိန္တတ္တဲ့သူေတြအတြတ္ အေတာ္ေလးအဆင္ေျပေစတဲ့ သက္သတ္ လြတ္အရံဟင္းတစ္မည္ပါရွင္။

ပါဝင္ပစၥည္းမ်ား
သၾကား  -  စားပြဲဇြန္း ၂ ဇြန္း
ဆား  -  စားပြဲဇြန္း ၁ ဇြန္း
ဆီ  -  ၂ က်ပ္ခြဲသား
င႐ုတ္ခြဲျခမ္း  -  စားပြဲဇြန္း ၂ ဇြန္း
ၾကက္သြန္နီေၾကာ္  -  အၾကမ္းပန္းကန္ ၁ လုံးခြဲ
ၾကက္သြန္ျဖဴ  -  ၂ ဥ
နႏြင္း  -  အနည္းငယ္
အရသာမွုန႔္  -  အနည္းငယ္

ခ်က္နည္း
 အရင္ဆုံး ဆားကို ျပာလာသည္အထိ ေလွာ္ၿပီး ဆယ္ထားပါ။ ဒယ္အိုးပူထဲ သၾကားထည့္ၿပီး ေလွာ္ပါ။သၾကားေတြ အရည္ေပ်ာ္ၿပီး ညိဳလာလၽွင္  ေလွာ္ထား
ေသာ ဆားျပန္ထည့္ပါ။ ေရေႏြးအၾကမ္း ပန္းကန္ ၃ လုံးခန႔္ ထည့္ၿပီး ပြက္ပြက္ ဆူလာလၽွင္ မီးဖိုေပၚမွ ခ်ထားပါ။ ငံျပာရည္ရပါၿပီ။ ၾကက္သြန္ျဖဴကို ေထာင္းၿပီး နႏြင္းအနည္းငယ္ႏွင့္အတူ ဆီသတ္ပါ။ ေမႊးၿပီး အေရာင္ေျပာင္းလာလၽွင္ င႐ုတ္ခြဲ ျခမ္း ထည့္ပါ။ က်ိဳထားေသာ ငံျပာရည္ထည့္ပါ။ ၾကက္သြန္နီေၾကာ္မ်ား ေျခထည့္ပါ။ အရသာမွုန႔္အနည္းငယ္ထည့္ပါ။ မပ်စ္မက်ဲ အေနထားရရင္ ရပါၿပီ။
---------------------------
ပန္းခေရ

မၽွစ္ကုန္းေဘာင္ေၾကာ္
----------------------------
 လြယ္ကူၿပီး လ်င္ျမန္တယ္။ မၽွစ္ႀကိဳက္တဲ့သူ ေတြလည္း အခုလို ေၾကာ္စားၿပီးရင္ေတာ့ မၽွစ္ကိုပိုၿပီး ႀကိဳက္ႏွစ္သက္လာပါလိမ့္မယ္။ အသားလည္းမပါတဲ့ သက္သက္လြတ္  မၽွစ္ကုန္းေဘာင္ေလး ၾကည့္ရ ေအာင္…

ပါဝင္ပစၥည္းမ်ား
မၽွစ္  -  ၂၅၀ ဂရမ္
င႐ုတ္သီးအေျခာက္ေတာင့္  -  ၇ ေတာင့္
မုန္လာဥနီ  -  ၁၅ ဂရမ္
မွို  -  ၁၅ ဂရမ္
ပဲငံျပာရည္အၾကည္  -  စားပြဲဇြန္း ၁ ဇြန္း
ပဲငံျပာရည္အေနာက္  -  စားပြဲဇြန္း ၁ ဇြန္း
ဆား  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
သၾကား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း
နာနတ္ပြင့္  -  ၂ ပြင့္
ၾကက္သြန္နီ  -  ၂၅ ဂရမ္
ၾကက္သြန္ျဖဴ  -  ၃ ဂရမ္
င႐ုတ္ပြ  -  ၁၀ ဂရမ္
ဆီ  -  စားပြဲဇြန္း ၃ ဇြန္း

ျပဳလုပ္နည္း
 ၾကက္သြန္ျဖဴကို ႏုပ္ႏုပ္စဥ္း၊ ၾကက္သြန္နီကို ပါးပါးလွီး၊ မုန္လာဥနီ၊ ပဲသီး၊ မၽွစ္၊ င႐ုတ္ပြတို့ကို မိမိတို့ စိတ္ႀကိဳက္ပုံစံေလးေတြ လွီးၿပီး ေရစင္စင္ေဆးထား ပါ။ ၿပီးလၽွင္ မီးဖိုေပၚမွ ဒယ္အိုးထဲ ဆီထည့္ပါ။ ၿပီးလၽွင္ နာနတ္ပြင့္ႏွင့္ င႐ုတ္သီးအေျခာက္ေတာင့္ကို ထည့္ ေၾကာ္ပါ။ ၿပီးလၽွင္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ မၽွစ္၊ မုန္လာဥနီ၊ မွို၊ င႐ုတ္ပြ၊ ဆား၊ သၾကား၊ ပဲငံျပာရည္ အၾကည္၊ အေနာက္တို့ကိုထည့္ၿပီး မီးျပင္းျပင္းနဲ႔ ေၾကာ္ေပးပါ။ အကုန္လုံးသမသြားၿပီဆိုရင္ေတာ့ ၾကက္သြန္ၿမိတ္ျဖဴးၿပီး အနံ့အရသာနဲ႔ ျပည့္စုံတဲ့ မၽွစ္ကုန္းေဘာင္ေၾကာ္ေလး ရပါၿပီ။
--------------------------
Shwe Min Eain

Wednesday, August 26, 2020

"ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု"

"ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု"


နေ့စဉ်နဲ့အမျှတော့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ရှေ့ဆက်နေရတယ်။ အချိန်တွေကို ရပ်တန့်လို့ မရသလို ဘဝကိုလည်း ခဏရွှေ့ဆိုင်းထားလို့ မရဘူး။ သို့သော်လည်း အချိန်တွေကသာ ရှေ့ကို သွားနေတာ ကိုယ့်ဘဝက တစ်နေရာရာမှာ ကျန်နေခဲ့တဲ့သူတွေ အများကြီးပါ။ အဲ့လိုလူတွေအတွက် အကြံပြုချက် ၁၀ ခုကို ပြောပြပေးချင်ပါတယ်။

၁။ တခြားသူတွေရဲ့ အတွေးအမြင်ကို ကိုယ့်ဘဝအပေါ် လွှမ်းမိုးခွင့် ပေးထားခြင်း

ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုတာ မကောင်းသလို၊ သူများ ဘယ်လိုထင်မလဲလို့ အမြဲတမ်း ထည့်စဉ်းစားနေတာကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ လောကမှာ လူတိုင်း ၁၀၀ % ထောက်ခံတာ ခံရသူရယ်လို့ ဘယ်သူမှ မရှိဘူး။ မကြိုက်တဲ့သူ ရှိတယ်။ မုန်းတဲ့သူတောင် ရှိမယ်။ ဒါကို အရှိအရှိအတိုင်း လက်ခံပြီး ကိုယ်လုပ်သင့်တာ ဆက်လုပ်ပါ။ လူတိုင်း ကြိုက်အောင် ကြိုးစားနေခြင်းက သိပ်ကို ပင်ပန်းစေပါတယ်။

၂။ အတိတ်က ရှုံးနိမ့်မှုများ

စာမေးပွဲတစ်ခုမှာ ကျရှုံးတယ်ဆိုတာ နောင်ဖြေသမျှ စာမေးပွဲတိုင်းမှာလည်း ကျမှာပဲ ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဘဝမှာ ဖြေရတဲ့ စာမေးပွဲတွေကလည်း အမျိုးမျိုး ဖြစ်နိုင်တာမို့ အပြေးပြိုင်ပွဲမှာ ရှုံးပေမဲ့ မုန့်စားတဲ့ ပြိုင်ပွဲကျ နိုင်ချင်နိုင်မှာပေါ့။ ဒါကြောင့် အတိတ်က ရှုံးနိမ့်မှုတွေကို နောင် ရလာမဲ့ အောင်ပွဲတိုင်းအတွက် အတားအဆီးတစ်ခု ဖြစ်မနေစေချင်ပါဘူး။

၃။ ကိုယ် ဘာလိုချင်တယ် ဆိုတာ ကွဲကွဲပြားပြား မသိခြင်း

ကမ်းခြေတစ်ခု သွားတယ်။ အသား နေမလောင်ချင်ဘူးဆို ရေထဲမဆင်းပါနဲ့။ ရေထဲဆင်းမယ်ဆို ပျော်ရမယ်။ သို့သော် အသားတော့ နေနည်းနည်းလောင်မယ်။ ဆိုတော့ ရွေးစရာ ၂ လမ်းပဲ ရှိတယ်။ ပြဿနာက ရေထဲလည်း ဆင်းချင်၊ အသားအရည်လည်း မထိခိုက်ချင်၊ ရေထဲ ဆင်းရကောင်းမလား၊ အသားအရည် ထိသွားရင် ဘယ်လိုလုပ်မလဲ စသဖြင့် တွေဝေနေကြတာပါပဲ။ ဒီတော့ ကမ်းခြေကနေ ပြန်သာ လာတယ်။ မပျော်ခဲ့ရဘူး။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်၊ အောင်မြင်ချင်တယ်ဆို ကိုယ် ဘာကို လိုချင်သလဲ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။

၄။ ကိုယ် လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ အချိန်တုံ့ဆိုင်းနေခြင်း

ဘဝဆိုတာ တိုတောင်းပါတယ်။ ဘယ်အချိန် ရပ်သွားမယ် မသိနိုင်တဲ့ အခန်းဆက် ဇာတ်လမ်းတွဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် အများကို မထိခိုက်ဘူးဆို ကိုယ် လုပ်ချင်တာတွေ၊ နောက်ပြီး လုပ်သင့်တယ် ထင်တာတွေကို လုပ်ပါ။ အချိန်ဆွဲခြင်းက ကိုယ့်ဘဝကို အလဟဿ ဖြုန်းတီးနေတာနဲ့လည်း အတူတူပါပဲ။

၅။ ရှုံးနိမ့်မှာထက် ဘာမှမလုပ်ဘဲ နေဖို့ကို ရွေးချယ်ခြင်း

Failing or Never trying ဘာကို ရွေးမလဲဆို Never trying ကိုပဲ ရွေးတတ်ကြတယ်။ ဒီတော့ ကိုယ့်အတွေးအကြံ၊ ကိုယ့်စိတ်ကူးဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလားတောင် သိခွင့် မရလိုက်ဘဲ ဘဝတစ်ခုကို ကုန်ဆုံးသွားရမယ်။ တကယ်တော့ တခုခု လုပ်ပြီးမှ ရှုံးနိမ့်သွားရင် ယူစရာ သင်ခန်းစာ ရပါတယ်။ မလုပ်လိုက်ရဘူးဆိုရင်​တော့ ပြန်ရမှာက နောင်တပဲ ရှိတယ်။ စွတ်ရွတ်ပြီး လုပ်ဖို့ မဟုတ်ပါဘူး။ တွန့်ဆုတ်မှုတွေနဲ့ ကိုယ့်ရဲ့ စိတ်ကူးကောင်းတွေကို ကန့်သတ်မထားစေချင်တာ၊ သူများလုပ်လိုက်မှ ငါလည်း အဲ့လိုလုပ်ခဲ့ရ ကောင်းသား ဆိုပြီး နောင်တမရနေစေချင်တာပါ။

၆။ အမှားတွေကို ကြောက်ခြင်း

လောကမှာ မမှားဖူးတဲ့သူ မရှိပါဘူး။ မှားမှာကြောက်လို့ ဘာမှမလုပ်လိုက်သူရယ်၊ အမှားတွေပဲ ဆက်တိုက် ဆက်တိုက် လုပ်မိနေသူရယ်၊ အမှားကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တဲ့သူရယ်၊ ဒီ ၃ မျိုးပဲ ရှိပါတယ်။

၇။ ဖြေရှင်းရမဲ့ ပြဿနာတွေကနေ ရှောင်ပြေးခြင်း

ရှောင်ပြေးတိုင်းသာ ပြဿနာတွေ ပြေလည်သွားမယ်ဆို အဲဒီနည်းက လူသုံးအများဆုံး ပြဿနာဖြေရှင်းနည်းတစ်ခု ဖြစ်နေတော့မှာပေါ့။ အိမ်မှာ ပစ္စည်းတွေ တအားရှုပ်ပွနေလို့ အပြင်ထွက်သွားမယ်ဆိုလည်း ပြန်လာရင် ကိုယ်ပဲ ရှင်းရမှာပါ။ စောစောရှင်းတာနဲ့ နောက်ကျမှ ရှင်းတာပဲ ကွာတာပါ။ ဒီတော့ ရှင်းရမဲ့ဟာကို မြန်မြန်သွက်သွက်သာ ရှင်းလိုက်ပါ။

၈။ အကြောင်းပြချက် ပေးလွန်းခြင်း

မိဘဆင်းရဲသူက မိဘချမ်းသာသူထက်စာရင် ပိုကြိုးစားရတယ်။ ပိုပင်ပန်းတယ်။ ပိုခက်ခဲတယ်။ ဒါပေမဲ့ မိဘဆင်းရဲမှတော့ ငါလည်း ဒီလောက်ပဲ လုပ်နိုင်မှာပေါ့၊ တခုခုဆို ဘယ်သူ့ကြောင့်၊ ဘယ်ဝ့ါကြောင့်နဲ့ အကြောင်းပြချက် ပေးလွန်းခြင်းကလည်း ကိုယ့်ကို ရှေ့မဆက်နိုင်စေမဲ့ အချက်တစ်ချက်ပါပဲ။

၉။ ကိုယ့်ဘဝကိုယ် လျှော့တွက်လွန်းခြင်း

လူတိုင်းမှာ အရည်အသွေးရှိတယ်။ အားသာချက်တွေ ရှိတယ်။ သူများနဲ့ ယှဉ်လိုက်ရင် ပိုပျော်စရာ ကောင်းတာတွေ ရှိတယ်။ အဲဒါတွေကို မကြည့်ဘဲ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ စိတ်ညစ်စရာတွေကိုပဲ ကြည့်နေခြင်းကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေပါတယ်။ သူများလောက် ပိုက်ဆံမရှိတဲ့ ကိုယ်ဟာ ကျန်းမာရေး ကောင်းချင်ကောင်းမယ်။ သူများလောက် ပညာမတတ်ပေမဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ချင်ပိုင်နေမယ်။ အဲ့လို ကိုယ့်ဘဝရဲ့ Positive တွေကိုလည်း မြင်အောင် ကြည့်စေချင်ပါတယ်။

၁၀။ ပစ္စုပ္ပန်ကို တန်ဖိုးမထားတတ်ခြင်း

အတိတ်ကနေ သင်ခန်းစာပဲ ယူပါ။ အနာဂတ်နဲ့ ပတ်သက်လို့ မျှော်လင့်ချက် ထားပါ။ အရေးကြီးဆုံးကတော့ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး နေထိုင်တတ်ဖို့ပါပဲ။ ဒီနေ့ ကျန်းမာတယ်၊ အစားကောင်းကောင်း စားရတယ်၊ လစာရတဲ့ အလုပ်တစ်ခု ရှိနေတယ်၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကောင်းတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကူအညီ ပေးနေနိုင်တယ်၊ ဒါလောက်ဆိုရင်ကိုပဲ ကိုယ့်ဘဝဟာ အတော်လေး ပျော်စရာကောင်းတဲ့အထဲမှာ ပါနေပြီလို့ မှတ်ယူနိုင်ပါတယ်။ ဒါကို စစ်ဖြစ်နေတဲ့ ဒေသတွေ၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူတွေ၊ ဆေးရုံဆေးခန်း အသီးသီးပေါ်က လူနာတွေက သက်သေခံနေပါတယ်။

Brand You Academy
24.8.2020

(Ref: 10 things you must give up to move forward - Marc & Angel Chernoff)

(Zawgyi)

"ကိုယ့္ဘဝမွာ ေရွ႕ဆက္နိုင္ဖို့ လႊတ္ခ်ခဲ့သင့္တဲ့ အရာ ၁၀ ခု"


ေန႔စဥ္နဲ႔အမၽွေတာ့ ဘဝကို ျဖတ္သန္းေနၾကရတယ္။ ေရွ႕ဆက္ေနရတယ္။ အခ်ိန္ေတြကို ရပ္တန႔္လို့ မရသလို ဘဝကိုလည္း ခဏေရႊ႕ဆိုင္းထားလို့ မရဘူး။ သို့ေသာ္လည္း အခ်ိန္ေတြကသာ ေရွ႕ကို သြားေနတာ ကိုယ့္ဘဝက တစ္ေနရာရာမွာ က်န္ေနခဲ့တဲ့သူေတြ အမ်ားႀကီးပါ။ အဲ့လိုလူေတြအတြက္ အႀကံျပဳခ်က္ ၁၀ ခုကို ေျပာျပေပးခ်င္ပါတယ္။

၁။ တျခားသူေတြရဲ့ အေတြးအျမင္ကို ကိုယ့္ဘဝအေပၚ လႊမ္းမိုးခြင့္ ေပးထားျခင္း

ဘယ္သူ ဘာေျပာေျပာ ဂ႐ုမစိုက္ဘူး ဆိုတာ မေကာင္းသလို၊ သူမ်ား ဘယ္လိုထင္မလဲလို့ အျမဲတမ္း ထည့္စဥ္းစားေနတာကလည္း ကိုယ့္ကို မေပ်ာ္မရႊင္ ျဖစ္ေစနိုင္ပါတယ္။ ေလာကမွာ လူတိုင္း ၁၀၀ % ေထာက္ခံတာ ခံရသူရယ္လို့ ဘယ္သူမွ မရွိဘူး။ မႀကိဳက္တဲ့သူ ရွိတယ္။ မုန္းတဲ့သူေတာင္ ရွိမယ္။ ဒါကို အရွိအရွိအတိုင္း လက္ခံၿပီး ကိုယ္လုပ္သင့္တာ ဆက္လုပ္ပါ။ လူတိုင္း ႀကိဳက္ေအာင္ ႀကိဳးစားေနျခင္းက သိပ္ကို ပင္ပန္းေစပါတယ္။

၂။ အတိတ္က ရွုံးနိမ့္မွုမ်ား

စာေမးပြဲတစ္ခုမွာ က်ရွုံးတယ္ဆိုတာ ေနာင္ေျဖသမၽွ စာေမးပြဲတိုင္းမွာလည္း က်မွာပဲ ဆိုတဲ့ အဓိပၸါယ္ မဟုတ္ပါဘူး။ ဘဝမွာ ေျဖရတဲ့ စာေမးပြဲေတြကလည္း အမ်ိဳးမ်ိဳး ျဖစ္နိုင္တာမို့ အေျပးၿပိဳင္ပြဲမွာ ရွုံးေပမဲ့ မုန႔္စားတဲ့ ၿပိဳင္ပြဲက် နိုင္ခ်င္နိုင္မွာေပါ့။ ဒါေၾကာင့္ အတိတ္က ရွုံးနိမ့္မွုေတြကို ေနာင္ ရလာမဲ့ ေအာင္ပြဲတိုင္းအတြက္ အတားအဆီးတစ္ခု ျဖစ္မေနေစခ်င္ပါဘူး။

၃။ ကိုယ္ ဘာလိုခ်င္တယ္ ဆိုတာ ကြဲကြဲျပားျပား မသိျခင္း

ကမ္းေျခတစ္ခု သြားတယ္။ အသား ေနမေလာင္ခ်င္ဘူးဆို ေရထဲမဆင္းပါနဲ႔။ ေရထဲဆင္းမယ္ဆို ေပ်ာ္ရမယ္။ သို့ေသာ္ အသားေတာ့ ေနနည္းနည္းေလာင္မယ္။ ဆိုေတာ့ ေရြးစရာ ၂ လမ္းပဲ ရွိတယ္။ ျပႆနာက ေရထဲလည္း ဆင္းခ်င္၊ အသားအရည္လည္း မထိခိုက္ခ်င္၊ ေရထဲ ဆင္းရေကာင္းမလား၊ အသားအရည္ ထိသြားရင္ ဘယ္လိုလုပ္မလဲ စသျဖင့္ ေတြေဝေနၾကတာပါပဲ။ ဒီေတာ့ ကမ္းေျခကေန ျပန္သာ လာတယ္။ မေပ်ာ္ခဲ့ရဘူး။ ဒါေၾကာင့္ ဘဝမွာ ေပ်ာ္ရႊင္ခ်င္တယ္၊ ေအာင္ျမင္ခ်င္တယ္ဆို ကိုယ္ ဘာကို လိုခ်င္သလဲ ရွင္းရွင္းလင္းလင္း သိထားဖို့ လိုပါတယ္။

၄။ ကိုယ္ လုပ္ခ်င္တာေတြ လုပ္ခြင့္ရဖို့ အခ်ိန္တုံ႔ဆိုင္းေနျခင္း

ဘဝဆိုတာ တိုေတာင္းပါတယ္။ ဘယ္အခ်ိန္ ရပ္သြားမယ္ မသိနိုင္တဲ့ အခန္းဆက္ ဇာတ္လမ္းတြဲတစ္ခုလို့လည္း ဆိုနိုင္ပါတယ္။ ဒါေၾကာင့္ အမ်ားကို မထိခိုက္ဘူးဆို ကိုယ္ လုပ္ခ်င္တာေတြ၊ ေနာက္ၿပီး လုပ္သင့္တယ္ ထင္တာေတြကို လုပ္ပါ။ အခ်ိန္ဆြဲျခင္းက ကိုယ့္ဘဝကို အလဟႆ ျဖဳန္းတီးေနတာနဲ႔လည္း အတူတူပါပဲ။

၅။ ရွုံးနိမ့္မွာထက္ ဘာမွမလုပ္ဘဲ ေနဖို့ကို ေရြးခ်ယ္ျခင္း

Failing or Never trying ဘာကို ေရြးမလဲဆို Never trying ကိုပဲ ေရြးတတ္ၾကတယ္။ ဒီေတာ့ ကိုယ့္အေတြးအႀကံ၊ ကိုယ့္စိတ္ကူးဟာ ေအာင္ျမင္မလား၊ မေအာင္ျမင္ဘူးလားေတာင္ သိခြင့္ မရလိုက္ဘဲ ဘဝတစ္ခုကို ကုန္ဆုံးသြားရမယ္။ တကယ္ေတာ့ တခုခု လုပ္ၿပီးမွ ရွုံးနိမ့္သြားရင္ ယူစရာ သင္ခန္းစာ ရပါတယ္။ မလုပ္လိုက္ရဘူးဆိုရင္​ေတာ့ ျပန္ရမွာက ေနာင္တပဲ ရွိတယ္။ စြတ္ရြတ္ၿပီး လုပ္ဖို့ မဟုတ္ပါဘူး။ တြန႔္ဆုတ္မွုေတြနဲ႔ ကိုယ့္ရဲ့ စိတ္ကူးေကာင္းေတြကို ကန႔္သတ္မထားေစခ်င္တာ၊ သူမ်ားလုပ္လိုက္မွ ငါလည္း အဲ့လိုလုပ္ခဲ့ရ ေကာင္းသား ဆိုၿပီး ေနာင္တမရေနေစခ်င္တာပါ။

၆။ အမွားေတြကို ေၾကာက္ျခင္း

ေလာကမွာ မမွားဖူးတဲ့သူ မရွိပါဘူး။ မွားမွာေၾကာက္လို့ ဘာမွမလုပ္လိုက္သူရယ္၊ အမွားေတြပဲ ဆက္တိုက္ ဆက္တိုက္ လုပ္မိေနသူရယ္၊ အမွားကေန သင္ခန္းစာယူၿပီး ေရွ႕ဆက္တဲ့သူရယ္၊ ဒီ ၃ မ်ိဳးပဲ ရွိပါတယ္။

၇။ ေျဖရွင္းရမဲ့ ျပႆနာေတြကေန ေရွာင္ေျပးျခင္း

ေရွာင္ေျပးတိုင္းသာ ျပႆနာေတြ ေျပလည္သြားမယ္ဆို အဲဒီနည္းက လူသုံးအမ်ားဆုံး ျပႆနာေျဖရွင္းနည္းတစ္ခု ျဖစ္ေနေတာ့မွာေပါ့။ အိမ္မွာ ပစၥည္းေတြ တအားရွုပ္ပြေနလို့ အျပင္ထြက္သြားမယ္ဆိုလည္း ျပန္လာရင္ ကိုယ္ပဲ ရွင္းရမွာပါ။ ေစာေစာရွင္းတာနဲ႔ ေနာက္က်မွ ရွင္းတာပဲ ကြာတာပါ။ ဒီေတာ့ ရွင္းရမဲ့ဟာကို ျမန္ျမန္သြက္သြက္သာ ရွင္းလိုက္ပါ။

၈။ အေၾကာင္းျပခ်က္ ေပးလြန္းျခင္း

မိဘဆင္းရဲသူက မိဘခ်မ္းသာသူထက္စာရင္ ပိုႀကိဳးစားရတယ္။ ပိုပင္ပန္းတယ္။ ပိုခက္ခဲတယ္။ ဒါေပမဲ့ မိဘဆင္းရဲမွေတာ့ ငါလည္း ဒီေလာက္ပဲ လုပ္နိုင္မွာေပါ့၊ တခုခုဆို ဘယ္သူ႔ေၾကာင့္၊ ဘယ္ဝ့ါေၾကာင့္နဲ႔ အေၾကာင္းျပခ်က္ ေပးလြန္းျခင္းကလည္း ကိုယ့္ကို ေရွ႕မဆက္နိုင္ေစမဲ့ အခ်က္တစ္ခ်က္ပါပဲ။

၉။ ကိုယ့္ဘဝကိုယ္ ေလၽွာ့တြက္လြန္းျခင္း

လူတိုင္းမွာ အရည္အေသြးရွိတယ္။ အားသာခ်က္ေတြ ရွိတယ္။ သူမ်ားနဲ႔ ယွဥ္လိုက္ရင္ ပိုေပ်ာ္စရာ ေကာင္းတာေတြ ရွိတယ္။ အဲဒါေတြကို မၾကည့္ဘဲ ကိုယ့္ရဲ့ အားနည္းခ်က္ေတြ၊ စိတ္ညစ္စရာေတြကိုပဲ ၾကည့္ေနျခင္းကလည္း ကိုယ့္ကို မေပ်ာ္မရႊင္ ျဖစ္ေစပါတယ္။ သူမ်ားေလာက္ ပိုက္ဆံမရွိတဲ့ ကိုယ္ဟာ က်န္းမာေရး ေကာင္းခ်င္ေကာင္းမယ္။ သူမ်ားေလာက္ ပညာမတတ္ေပမဲ့ ေပ်ာ္စရာ ေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ခ်င္ပိုင္ေနမယ္။ အဲ့လို ကိုယ့္ဘဝရဲ့ Positive ေတြကိုလည္း ျမင္ေအာင္ ၾကည့္ေစခ်င္ပါတယ္။

၁၀။ ပစၥဳပၸန္ကို တန္ဖိုးမထားတတ္ျခင္း

အတိတ္ကေန သင္ခန္းစာပဲ ယူပါ။ အနာဂတ္နဲ႔ ပတ္သက္လို့ ေမၽွာ္လင့္ခ်က္ ထားပါ။ အေရးႀကီးဆုံးကေတာ့ လက္ရွိပစၥဳပၸန္မွာ အေကာင္းဆုံး ေနထိုင္တတ္ဖို့ပါပဲ။ ဒီေန႔ က်န္းမာတယ္၊ အစားေကာင္းေကာင္း စားရတယ္၊ လစာရတဲ့ အလုပ္တစ္ခု ရွိေနတယ္၊ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ ဆက္ဆံေရးေကာင္းတယ္၊ ကိုယ့္ပတ္ဝန္းက်င္ကိုလည္း အကူအညီ ေပးေနနိုင္တယ္၊ ဒါေလာက္ဆိုရင္ကိုပဲ ကိုယ့္ဘဝဟာ အေတာ္ေလး ေပ်ာ္စရာေကာင္းတဲ့အထဲမွာ ပါေနၿပီလို့ မွတ္ယူနိုင္ပါတယ္။ ဒါကို စစ္ျဖစ္ေနတဲ့ ေဒသေတြ၊ စီးပြားေရး၊ လူမွုေရး ျပႆနာေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားသူေတြ၊ ေဆး႐ုံေဆးခန္း အသီးသီးေပၚက လူနာေတြက သက္ေသခံေနပါတယ္။

Brand You Academy
24.8.2020

(Ref: 10 things you must give up to move forward - Marc & Angel Chernoff)

Tuesday, August 25, 2020

တရုတ်ချစ်သူများနေ့ 七歹節(乞歹節)

#တရုတ်ချစ်သူများနေ့ 七歹節(乞歹節)


တရုတ်ချစ်သူများနေ့ဆိုတာ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်ထဲက နွားကျောင်းသားလေးနဲ့ နတ်သမီးလေးပုံပြင်ကနေ ဖြစ်ပေါ်လာတာပါ။ တရုတ်ပြည်ရဲ့ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်ထဲမှာ မြန်မာတွေနဲ့ ရင်းနှီးတဲ့ ပုံပြင် ၂ ပုဒ်လဲ ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ချစ်သူ့လိပ်ပြာ (လျံစန်းပေါ်နဲ့ ကျုရင်းထိုက်) မြွေဖြူမင်းသမီးလေး (ရွယ်ရှန်း) တို့ ဖြစ်ပြီး အခုကတော့ နွားကျောင်းသားနဲ့ နတ်သမီးလေးတို့ရဲ့ ပုံပြင်ကို ပြောပြမှာ ဖြစ်ပါတယ်။

ဒီပုံပြင်လေးက အမျိုးမျိုးရှိပါတယ်။ ပထမပုံပြင်မှာ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းပြီး သာယာဝပြောဖို့ တာဝန်ရှိတဲ့ ယက္ကန်းနတ်သမီးလေးက လူပြည်ကို ဆင်းရင်း နွားကျောင်းသားလေးကို ချစ်မိသွားလို့ လူပြည်မှာ နွားကျောင်းသားလေးနဲ့ ပေါင်းသင်းပြီး သားသမီး ၂ယောက် ရတဲ့အခါမှာမှ နတ်မင်းကြီး သိပြီး လူနဲ့နတ် ပေါင်းဖက်ရမလားလို့ အမျက်ဒေါသနဲ့ နတ်သမီးလေးကို နတ်ပြည် ပြန်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် ချစ်သူ ၂ ဦးဟာ လွမ်းဆွတ်နေကြပြီး နတ်သမီးလေးဟာလဲ အရင်လို ယက္ကန်းမယက်နိုင်တော့ပဲ မှိုင်တွေနေပါတယ်။ နွားကျောင်းသားလေးဟာလဲ နွားတွေကို မကျောင်းနိုင်တော့ပဲ နတ်သမီးလေးကို လွမ်းတဲ့စိတ်နဲ့ ငိုနေခဲ့ပါတယ်။ ဒါကြောင့် သနားပြီး တစ်နှစ်မှာတစ်ကြိမ် တရုတ်လ ရလပိုင်း ၇ ရက်နေ့မှာ ပြန်လည်တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ သူတို့ ပြန်တွေ့မယ့် အချိန်ဆို ကျီးကန်းတွေက တံတားထိုးပေးပါတယ်။

နောက်တစ်မျိုးမှာတော့ တစ်ခါတုန်းက နွားကျောင်းသား ကောင်လေးတစ်ယောက် ရှိခဲ့ပါတယ်။ သူ့ကို သူ့အကိုတို့မိသားစုက နှိပ်ကွပ်ထားပြီး နွားပဲ ကျောင်းခိုင်းခဲ့ပါတယ်။ တကယ်တော့ သူကျောင်းရတဲ့ နွားဟာ နတ်နွား တစ်ကောင် ဖြစ်ပြီး လူစကား ပြောနိုင်ပါသတဲ့။ ဖူးစာဖက် မရှိပဲ အထီးကျန်နေတဲ့ နွားကျောင်းသားလေးကို အကြံပေးပြီး ရေကန်နားမှာ သွားစောင့်စေပါတယ်။ အချိန်တန်တော့ ကောင်းကင်မယ်တော်ရဲ့ သမီးတော် ခုနှစ်ပါးဟာ ကောင်းကင်ကနေ ဆင်းသက်ပြီး ရေချိုးကြစဉ်မှာ ကောင်းကင်ပျံနိုင်တဲ့ နတ်ဝတ်စုံတွေကို ဖွက်ထားပါတယ်။ နတ်သမီးခုနှစ်ဖော် ပြန်ဖို့ ခက်နေချိန်မှာ သဘောတူညီမှု ရယူပြီး အငယ်ဆုံးမလေးက လူပြည်မှာ နေခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့ ၂ ဦး အရမ်းချစ်သွားကြပြီး လက်ထပ်ပေါင်းသင်းလို့ သားသမီး၂ယောက် ရတဲ့ အချိန်မှာ နတ်မယ်တော်ကြီးသိပြီး  နတ်သမီးလေးကို ပြန်ခေါ်သွားခဲ့တယ်။

ဒါပေမယ့် နွားကျောင်းသားလေးရဲ့ နတ်နွားကြီးဟာ ကောင်းကင်ပျံနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နတ်နွားကို စီးပြီး နတ်သမီးလေးရှိရာ နတ်ဗိမာန်ကို ကလေး ၂ ဦးကို တင်ခေါ်ပြီး သွားတွေ့နေခဲ့ပါတယ်။ ဒါကို သူ့အကို သိသွားတော့ နတ်နွားကြီးကို သူ့အကိုလုပ်သူက အတင်းသတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနတ်နွားရဲ့  နွားရေခွံဟာ ကောင်းကင်ပျံနိုင်တဲ့ အစွမ်းရှိတာမို့ နွားကျောင်းသားလေးဟာ နွားသရေ အပေါ်ကို သားနဲ့သမီးတင်ပြီး နတ်သမီးလေးရှိရာ နတ်ဘုံကို အရင်လို သွားတွေ့နေခဲ့ပါတယ်။ ဒါပေမယ့် ကောင်းကင်ဘုရင်ကြီး သိသွားတဲ့အခါ ကောင်းကင်ဘုံကို တက်လို့မရအောင် အလယ်မှာ ငွေရောင်မြစ်တစ်စင်း ခြားထားခဲ့ပါတယ်။

ဒါ့ကြောင့် ချစ်သူ ၂ ဦးဟာ လွမ်းဆွတ်ကြေကွဲပြီး သတိတရ ရှိနေကြပါတော့တယ်။ လူပြည်နဲ့ နတ်ပြည် အလွမ်းတွေနဲ့  ဖွဲ့သီထားတဲ့ သံယောဇဉ်ကြိုးကို နတ်မယ်တော်ကြီးတောင် မတားရက်တော့လို့ တစ်နှစ်မှာတစ်ကြိမ် ပြန်လည် တွေ့ဆုံခွင့်ကို တရုတ်လ ရလပိုင်း ရရက်နေ့ တစ်နှစ်မှာ တရက်သာ တွေ့ခွင့်ပေးလိုက်ပါတယ်။ သပိတ်လွယ်ငှက်ကလေးတွေက တံတား ထိုးပေးကြပြီး ချစ်သူနှစ်ဦး ပြန်ဆုံချိန်မှာ သက်တံ့တံတားကြီး ဖြစ်နေခဲ့ပါတယ်။

နောက်တမျိုးကတော့ Zhinu (ကျီးနွီ) လို့ အမည်ရတဲ့ နတ်သမီးလေး တစ်ပါး ရှိပါတယ်။ ကောင်းကင်ဘုံက နတ်ဘုံနတ်နန်းမှာ နေရတဲ့ ဘဝကို သူ အတော်လေး ငြီးငွေ့နေတဲ့အတွက်  သာမန်ဘဝလေးအတိုင်း နေထိုင်တဲ့ လူ့ပြည်ကို အလည်ဆင်းပါတယ်။

ဒီလိုဆင်းလာတော့ မမျှော်လင့်ပဲ ရိုးသားတဲ့ နွားကျောင်းသားလေး တစ်ဦးနဲ့ သွားတွေ့ပါတယ်။ Niulang (နယိုလန်) လို့အမည်ရတဲ့ ရွယ်တူ လူငယ်လေး ဖြစ်ပြီး ချစ်ကြိုက်သွားကြပါတယ်။ ဒါကြောင့် Niulang နဲ့ Zhinu ဟာ ဘဝတစ်ခု အတူထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် မခွဲမခွာ ကတိတွေ ပေးကြပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစု ဘဝ ဖြစ်ခဲ့ပြီး သားသမီး နှစ်ဦး ထွန်းကားလာပါတယ်။

တစ်နေ့တော့ ကောင်းကင်ဘုံက ကောင်ကင်နတ်မင်းကြီး သိပါသွားခဲ့ပါတယ်။ ကောင်းကင်ဘုရင်ဟာ သူ့ရဲ့ ၇ ယောက်မြောက် သမီးတော် ဖြစ်တဲ့ ZhiNu ကို အင်မတန် ချစ်မြတ်နိုးပါတယ်။ ဒါကြောင့် လူ့ပြည်မှာ လူသားနဲ့ ဘဝတစ်ခု ထူထောင်ဖို့ အတွက်ကို လုံးဝ သဘောမတူပါဘူး။ ဒါကြောင့် မရရတဲ့နည်းနဲ့ နတ်သမီးလေး Zhinu ကိုပြန်ခေါ်ပါတယ်။

ဒီလိုနဲ့ Zhinu ခမျာ သူ့ချစ်သူနဲ့ မိသားစုကို ခွဲခွာလို့ ကောင်းကင်ဘုံပေါ် ပြန်လည် ရောက်ရှိသွားပါတယ်။ နွားကျောင်းသားလေး Niulang တစ်ယောက် လုံးဝ လက်မလျော့ပါဘူး။ ချစ်သူ Zhinu ကို ပြန်ရဖို့ နည်းအမျိုးမျိုး ကြိုးစားပါတယ်။ ဒါပေမယ့် လူသားဖြစ်နေတော့ မစွမ်းသာပါဘူး။ သို့သော် သူ့ကိုကူညီမယ့် သူ ပေါ်လာတယ်။ အခြားသူ မဟုတ်ပါဘူး။ သူ့မွေးထားတဲ့ နွားတစ်ကောင်ဖြစ်ပါတယ်။

သူ့ကိုသတ်ပြီး သူ့အရေခွံကို Niulang မှ ခြုံထားရင် မိုးပေါ် ပျံနိုင်ကြောင်းပြောပါတယ်။ သူရဲ့ နွားကို မသတ်ရက်ပါဘူး။ သို့ပေမယ့် နောက်ဆုံးတော့ သူချစ်တဲ့ နွားကိုယ်တိုင် အသက်ကို စတေးနေတော့ ဝမ်းနည်းစွာပဲ သတ်လိုက်ပါတယ်။

သူတကယ်ပဲ မိုးပေါ်ပျံနိုင်သွားပါတယ်။ မိုးပေါ်ပျံပြီး သူ့ချစ်သူ နတ်သမီးထံ ကလေး ၂ ဦးယူဆောင်လို့ သွားသွားတွေ့ပါတယ်။ ဒီလိုတွေ့နေတာ ကိုလည်း နောက်ဆုံးတော့ နတ်သမီးမယ်တော်ကြီးဟာ  သိရှိသွားပါတယ်။ ဒီလို တွေ့ဆုံတာကို တားမြစ်ဖို့အတွက် ကြံစည်ပါတယ်။

ဒါကြောင့် Zhinu နဲ့ Niulang ကြားမှာ တွေ့ဆုံလို့မရအောင် မယ်တော်ကြီးဟာ သူမရဲ့ ဆံထိုးနဲ့ ပစ်လိုက်တဲ့အခါ ကောင်းကင်မှာ ငွေရောင် မြစ်တစ်စင်းဖြစ်ပေါ်လာပြီး လူ့ပြည်နဲ့ နတ်ပြည်ကို စည်းခြားထားလိုက်ပါတယ်။ ယင်းမြစ်ကို ကျော်လွန်လို့ Niulang တစ်ယောက် မပျံသန်းနိုင်ပါဘူး။ ဒါကြောင့် ယက်ကန်းရက်ပြီး ဝမ်းနည်းနေတဲ့ သူ့ချစ်သူ နတ်သမီး Zhinu ဟာ လူ့ပြည်က သူ့မိသားစု ကြည့်ရင်း အမြဲလိုလို ငိုကြွေးနေပါတော့တယ်။ ခင်ပွန်း Niulang လည်း ကလေးနှစ်ဦးနဲ့အတူ သူ့ချစ်သူကို လှမ်းကြည့်လို့ ဝမ်းနည်းနေရပါတော့တယ်။

သို့ပေမယ့် ကံကောင်းပါတယ်။ သူ့တို့ နှစ်ဦးရဲ့ ကွဲကွာနေတဲ့ ချစ်ခြင်းကို သနားစာနာတဲ့ ကောင်းကင်ပေါ်က ပျံလွှားငှက်ကလေးများဟာ တစ်နှစ်ကို တကြိမ် တိတ်တဆိတ် တွေ့ဆုံစေနိုင်ဖို့အတွက် တံတားအဖြစ် လာရောက်ဖန်တီးပေးပါတယ်။ တစ်နှစ်လုံးမှာမှ တစ်နေ့ (တစ်ည)ပဲ ဖြစ်ပါတယ်။ တစ်ည တွေ့ဆုံပြီးနောက် ယင်းငှက်တို့ ပြန်လည် ပျံသန်းထွက်ခွာသွားပါတယ်။ ဒီလိုနဲ့ နှစ်တိုင်း တွေ့ရမယ့် တစ်ညကိုသာ မျှော်နေကြပါတယ်။ ယင်းချစ်သူတို့ တွေ့ဆုံတဲ့ နေ့လေးဟာ ချစ်သူများနေ့လေးပဲ ဖြစ်ပါတယ်။

七夕节 (Qi Xi Jie) လို့ခေါ်တဲ့ တရုတ်ချစ်သူများနေ့ဟာ တရုတ်ပြကဒိန်ရဲ့ ၇ လပိုင်း ၇ ရက်နေ့တိုင်းမှာ ကျရောက်ပါတယ်။ အင်္ဂလိပ်ပြကဒိန်နဲ့ဆို August လအတွင်း နေ့တစ်နေ့မှာ ကျရောက်ပါတယ်။ ယခု ၂၀၂၀ ခုနစ်ဆို သြဂုတ်လ ၂၅ ရက်နေ့ဟာ တရုတ်ချစ်သူများနေ့ ဖြစ်ပါတယ်။

#林圛朙(天下第一)

တရုတ်ရိုးရာ ဒဏ္ဍာရီပုံပြင် ၄ ပုဒ်

လျံစန်းပေါ်နဲ့ ကျုရင်းထိုင်

https://m.facebook.com/story.php?story_fbid=1824090841193332&id=1811445109124572

မြွေဖြူရှင်ရဲ့ ချစ်မေတ္တာ

https://m.facebook.com/story.php?story_fbid=1846553322280417&id=1811445109124572

မုန့်ကျန်းနွီရဲ့ မဟာတံတိုင်းပေါ်မှ ငိုချင်း

https://www.facebook.com/tianxiadiyi888888/photos/a.1815138368755246/1898868290382253/?type=3

(Zawgyi)

#တ႐ုတ္ခ်စ္သူမ်ားေန႔ 七歹節(乞歹節)



တ႐ုတ္ခ်စ္သူမ်ားေန႔ဆိုတာ တ႐ုတ္ျပည္ရဲ့ ဒ႑ာရီပုံျပင္ ၄ ပုဒ္ထဲက ႏြားေက်ာင္းသားေလးနဲ႔ နတ္သမီးေလးပုံျပင္ကေန ျဖစ္ေပၚလာတာပါ။ တ႐ုတ္ျပည္ရဲ့ ဒ႑ာရီပုံျပင္ ၄ ပုဒ္ထဲမွာ ျမန္မာေတြနဲ႔ ရင္းႏွီးတဲ့ ပုံျပင္ ၂ ပုဒ္လဲ ရွိပါေသးတယ္။ အဲ့ဒါေတြကေတာ့ ခ်စ္သူ႔လိပ္ျပာ (လ်ံစန္းေပၚနဲ႔ က်ဳရင္းထိုက္) ေႁမြျဖဴမင္းသမီးေလး (ရြယ္ရွန္း) တို့ ျဖစ္ၿပီး အခုကေတာ့ ႏြားေက်ာင္းသားနဲ႔ နတ္သမီးေလးတို့ရဲ့ ပုံျပင္ကို ေျပာျပမွာ ျဖစ္ပါတယ္။

ဒီပုံျပင္ေလးက အမ်ိဳးမ်ိဳးရွိပါတယ္။ ပထမပုံျပင္မွာ ေကာက္ပဲသီးႏွံေတြ ျဖစ္ထြန္းၿပီး သာယာဝေျပာဖို့ တာဝန္ရွိတဲ့ ယကၠန္းနတ္သမီးေလးက လူျပည္ကို ဆင္းရင္း ႏြားေက်ာင္းသားေလးကို ခ်စ္မိသြားလို့ လူျပည္မွာ ႏြားေက်ာင္းသားေလးနဲ႔ ေပါင္းသင္းၿပီး သားသမီး ၂ေယာက္ ရတဲ့အခါမွာမွ နတ္မင္းႀကီး သိၿပီး လူနဲ႔နတ္ ေပါင္းဖက္ရမလားလို့ အမ်က္ေဒါသနဲ႔ နတ္သမီးေလးကို နတ္ျပည္ ျပန္ေခၚခဲ့ပါတယ္။ ဒါေၾကာင့္ ခ်စ္သူ ၂ ဦးဟာ လြမ္းဆြတ္ေနၾကၿပီး နတ္သမီးေလးဟာလဲ အရင္လို ယကၠန္းမယက္နိုင္ေတာ့ပဲ မွိုင္ေတြေနပါတယ္။ ႏြားေက်ာင္းသားေလးဟာလဲ ႏြားေတြကို မေက်ာင္းနိုင္ေတာ့ပဲ နတ္သမီးေလးကို လြမ္းတဲ့စိတ္နဲ႔ ငိုေနခဲ့ပါတယ္။ ဒါေၾကာင့္ သနားၿပီး တစ္ႏွစ္မွာတစ္ႀကိမ္ တ႐ုတ္လ ၇လပိုင္း ၇ ရက္ေန႔မွာ ျပန္လည္ေတြ႕ဆုံခြင့္ ေပးခဲ့ပါတယ္။ သူတို့ ျပန္ေတြ႕မယ့္ အခ်ိန္ဆို က်ီးကန္းေတြက တံတားထိုးေပးပါတယ္။

ေနာက္တစ္မ်ိဳးမွာေတာ့ တစ္ခါတုန္းက ႏြားေက်ာင္းသား ေကာင္ေလးတစ္ေယာက္ ရွိခဲ့ပါတယ္။ သူ႔ကို သူ႔အကိုတို့မိသားစုက ႏွိပ္ကြပ္ထားၿပီး ႏြားပဲ ေက်ာင္းခိုင္းခဲ့ပါတယ္။ တကယ္ေတာ့ သူေက်ာင္းရတဲ့ ႏြားဟာ နတ္ႏြား တစ္ေကာင္ ျဖစ္ၿပီး လူစကား ေျပာနိုင္ပါသတဲ့။ ဖူးစာဖက္ မရွိပဲ အထီးက်န္ေနတဲ့ ႏြားေက်ာင္းသားေလးကို အႀကံေပးၿပီး ေရကန္နားမွာ သြားေစာင့္ေစပါတယ္။ အခ်ိန္တန္ေတာ့ ေကာင္းကင္မယ္ေတာ္ရဲ့ သမီးေတာ္ ခုႏွစ္ပါးဟာ ေကာင္းကင္ကေန ဆင္းသက္ၿပီး ေရခ်ိဳးၾကစဥ္မွာ ေကာင္းကင္ပ်ံနိုင္တဲ့ နတ္ဝတ္စုံေတြကို ဖြက္ထားပါတယ္။ နတ္သမီးခုႏွစ္ေဖာ္ ျပန္ဖို့ ခက္ေနခ်ိန္မွာ သေဘာတူညီမွု ရယူၿပီး အငယ္ဆုံးမေလးက လူျပည္မွာ ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာ သူတို့ ၂ ဦး အရမ္းခ်စ္သြားၾကၿပီး လက္ထပ္ေပါင္းသင္းလို့ သားသမီး၂ေယာက္ ရတဲ့ အခ်ိန္မွာ နတ္မယ္ေတာ္ႀကီးသိၿပီး  နတ္သမီးေလးကို ျပန္ေခၚသြားခဲ့တယ္။

ဒါေပမယ့္ ႏြားေက်ာင္းသားေလးရဲ့ နတ္ႏြားႀကီးဟာ ေကာင္းကင္ပ်ံနိုင္စြမ္း ရွိပါတယ္။ ဒါေၾကာင့္ နတ္ႏြားကို စီးၿပီး နတ္သမီးေလးရွိရာ နတ္ဗိမာန္ကို ကေလး ၂ ဦးကို တင္ေခၚၿပီး သြားေတြ႕ေနခဲ့ပါတယ္။ ဒါကို သူ႔အကို သိသြားေတာ့ နတ္ႏြားႀကီးကို သူ႔အကိုလုပ္သူက အတင္းသတ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီနတ္ႏြားရဲ့  ႏြားေရခြံဟာ ေကာင္းကင္ပ်ံနိုင္တဲ့ အစြမ္းရွိတာမို့ ႏြားေက်ာင္းသားေလးဟာ ႏြားသေရ အေပၚကို သားနဲ႔သမီးတင္ၿပီး နတ္သမီးေလးရွိရာ နတ္ဘုံကို အရင္လို သြားေတြ႕ေနခဲ့ပါတယ္။ ဒါေပမယ့္ ေကာင္းကင္ဘုရင္ႀကီး သိသြားတဲ့အခါ ေကာင္းကင္ဘုံကို တက္လို့မရေအာင္ အလယ္မွာ ေငြေရာင္ျမစ္တစ္စင္း ျခားထားခဲ့ပါတယ္။

ဒါ့ေၾကာင့္ ခ်စ္သူ ၂ ဦးဟာ လြမ္းဆြတ္ေၾကကြဲၿပီး သတိတရ ရွိေနၾကပါေတာ့တယ္။ လူျပည္နဲ႔ နတ္ျပည္ အလြမ္းေတြနဲ႔  ဖြဲ႕သီထားတဲ့ သံေယာဇဥ္ႀကိဳးကို နတ္မယ္ေတာ္ႀကီးေတာင္ မတားရက္ေတာ့လို့ တစ္ႏွစ္မွာတစ္ႀကိမ္ ျပန္လည္ ေတြ႕ဆုံခြင့္ကို တ႐ုတ္လ ၇လပိုင္း ၇ရက္ေန႔ တစ္ႏွစ္မွာ တရက္သာ ေတြ႕ခြင့္ေပးလိုက္ပါတယ္။ သပိတ္လြယ္ငွက္ကေလးေတြက တံတား ထိုးေပးၾကၿပီး ခ်စ္သူႏွစ္ဦး ျပန္ဆုံခ်ိန္မွာ သက္တံ့တံတားႀကီး ျဖစ္ေနခဲ့ပါတယ္။


ေနာက္တမ်ိဳးကေတာ့ Zhinu (က်ီးႏြီ) လို့ အမည္ရတဲ့ နတ္သမီးေလး တစ္ပါး ရွိပါတယ္။ ေကာင္းကင္ဘုံက နတ္ဘုံနတ္နန္းမွာ ေနရတဲ့ ဘဝကို သူ အေတာ္ေလး ၿငီးေငြ႕ေနတဲ့အတြက္  သာမန္ဘဝေလးအတိုင္း ေနထိုင္တဲ့ လူ႔ျပည္ကို အလည္ဆင္းပါတယ္။

ဒီလိုဆင္းလာေတာ့ မေမၽွာ္လင့္ပဲ ရိုးသားတဲ့ ႏြားေက်ာင္းသားေလး တစ္ဦးနဲ႔ သြားေတြ႕ပါတယ္။ Niulang (နယိုလန္) လို့အမည္ရတဲ့ ရြယ္တူ လူငယ္ေလး ျဖစ္ၿပီး ခ်စ္ႀကိဳက္သြားၾကပါတယ္။ ဒါေၾကာင့္ Niulang နဲ႔ Zhinu ဟာ ဘဝတစ္ခု အတူထူေထာင္ဖို့ သေဘာတူညီခဲ့ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ မခြဲမခြာ ကတိေတြ ေပးၾကပါတယ္။ ေပ်ာ္ရႊင္သာယာတဲ့ မိသားစု ဘဝ ျဖစ္ခဲ့ၿပီး သားသမီး ႏွစ္ဦး ထြန္းကားလာပါတယ္။

တစ္ေန႔ေတာ့ ေကာင္းကင္ဘုံက ေကာင္ကင္နတ္မင္းႀကီး သိပါသြားခဲ့ပါတယ္။ ေကာင္းကင္ဘုရင္ဟာ သူ႔ရဲ့ ၇ ေယာက္ေျမာက္ သမီးေတာ္ ျဖစ္တဲ့ ZhiNu ကို အင္မတန္ ခ်စ္ျမတ္နိုးပါတယ္။ ဒါေၾကာင့္ လူ႔ျပည္မွာ လူသားနဲ႔ ဘဝတစ္ခု ထူေထာင္ဖို့ အတြက္ကို လုံးဝ သေဘာမတူပါဘူး။ ဒါေၾကာင့္ မရရတဲ့နည္းနဲ႔ နတ္သမီးေလး Zhinu ကိုျပန္ေခၚပါတယ္။

ဒီလိုနဲ႔ Zhinu ခမ်ာ သူ႔ခ်စ္သူနဲ႔ မိသားစုကို ခြဲခြာလို့ ေကာင္းကင္ဘုံေပၚ ျပန္လည္ ေရာက္ရွိသြားပါတယ္။ ႏြားေက်ာင္းသားေလး Niulang တစ္ေယာက္ လုံးဝ လက္မေလ်ာ့ပါဘူး။ ခ်စ္သူ Zhinu ကို ျပန္ရဖို့ နည္းအမ်ိဳးမ်ိဳး ႀကိဳးစားပါတယ္။ ဒါေပမယ့္ လူသားျဖစ္ေနေတာ့ မစြမ္းသာပါဘူး။ သို့ေသာ္ သူ႔ကိုကူညီမယ့္ သူ ေပၚလာတယ္။ အျခားသူ မဟုတ္ပါဘူး။ သူ႔ေမြးထားတဲ့ ႏြားတစ္ေကာင္ျဖစ္ပါတယ္။

သူ႔ကိုသတ္ၿပီး သူ႔အေရခြံကို Niulang မွ ျခဳံထားရင္ မိုးေပၚ ပ်ံနိုင္ေၾကာင္းေျပာပါတယ္။ သူရဲ့ ႏြားကို မသတ္ရက္ပါဘူး။ သို့ေပမယ့္ ေနာက္ဆုံးေတာ့ သူခ်စ္တဲ့ ႏြားကိုယ္တိုင္ အသက္ကို စေတးေနေတာ့ ဝမ္းနည္းစြာပဲ သတ္လိုက္ပါတယ္။

သူတကယ္ပဲ မိုးေပၚပ်ံနိုင္သြားပါတယ္။ မိုးေပၚပ်ံၿပီး သူ႔ခ်စ္သူ နတ္သမီးထံ ကေလး ၂ ဦးယူေဆာင္လို့ သြားသြားေတြ႕ပါတယ္။ ဒီလိုေတြ႕ေနတာ ကိုလည္း ေနာက္ဆုံးေတာ့ နတ္သမီးမယ္ေတာ္ႀကီးဟာ  သိရွိသြားပါတယ္။ ဒီလို ေတြ႕ဆုံတာကို တားျမစ္ဖို့အတြက္ ႀကံစည္ပါတယ္။

ဒါေၾကာင့္ Zhinu နဲ႔ Niulang ၾကားမွာ ေတြ႕ဆုံလို့မရေအာင္ မယ္ေတာ္ႀကီးဟာ သူမရဲ့ ဆံထိုးနဲ႔ ပစ္လိုက္တဲ့အခါ ေကာင္းကင္မွာ ေငြေရာင္ ျမစ္တစ္စင္းျဖစ္ေပၚလာၿပီး လူ႔ျပည္နဲ႔ နတ္ျပည္ကို စည္းျခားထားလိုက္ပါတယ္။ ယင္းျမစ္ကို ေက်ာ္လြန္လို့ Niulang တစ္ေယာက္ မပ်ံသန္းနိုင္ပါဘူး။ ဒါေၾကာင့္ ယက္ကန္းရက္ၿပီး ဝမ္းနည္းေနတဲ့ သူ႔ခ်စ္သူ နတ္သမီး Zhinu ဟာ လူ႔ျပည္က သူ႔မိသားစု ၾကည့္ရင္း အျမဲလိုလို ငိုေႂကြးေနပါေတာ့တယ္။ ခင္ပြန္း Niulang လည္း ကေလးႏွစ္ဦးနဲ႔အတူ သူ႔ခ်စ္သူကို လွမ္းၾကည့္လို့ ဝမ္းနည္းေနရပါေတာ့တယ္။

သို့ေပမယ့္ ကံေကာင္းပါတယ္။ သူ႔တို့ ႏွစ္ဦးရဲ့ ကြဲကြာေနတဲ့ ခ်စ္ျခင္းကို သနားစာနာတဲ့ ေကာင္းကင္ေပၚက ပ်ံလႊားငွက္ကေလးမ်ားဟာ တစ္ႏွစ္ကို တႀကိမ္ တိတ္တဆိတ္ ေတြ႕ဆုံေစနိုင္ဖို့အတြက္ တံတားအျဖစ္ လာေရာက္ဖန္တီးေပးပါတယ္။ တစ္ႏွစ္လုံးမွာမွ တစ္ေန႔ (တစ္ည)ပဲ ျဖစ္ပါတယ္။ တစ္ည ေတြ႕ဆုံၿပီးေနာက္ ယင္းငွက္တို့ ျပန္လည္ ပ်ံသန္းထြက္ခြာသြားပါတယ္။ ဒီလိုနဲ႔ ႏွစ္တိုင္း ေတြ႕ရမယ့္ တစ္ညကိုသာ ေမၽွာ္ေနၾကပါတယ္။ ယင္းခ်စ္သူတို့ ေတြ႕ဆုံတဲ့ ေန႔ေလးဟာ ခ်စ္သူမ်ားေန႔ေလးပဲ ျဖစ္ပါတယ္။


七夕节 (Qi Xi Jie) လို့ေခၚတဲ့ တ႐ုတ္ခ်စ္သူမ်ားေန႔ဟာ တ႐ုတ္ျပကဒိန္ရဲ့ ၇ လပိုင္း ၇ ရက္ေန႔တိုင္းမွာ က်ေရာက္ပါတယ္။ အဂၤလိပ္ျပကဒိန္နဲ႔ဆို August လအတြင္း ေန႔တစ္ေန႔မွာ က်ေရာက္ပါတယ္။ ယခု ၂၀၂၀ ခုနစ္ဆို ၾသဂုတ္လ ၂၅ ရက္ေန႔ဟာ တ႐ုတ္ခ်စ္သူမ်ားေန႔ ျဖစ္ပါတယ္။

#林圛朙(天下第一)

တ႐ုတ္ရိုးရာ ဒ႑ာရီပုံျပင္ ၄ ပုဒ္

လ်ံစန္းေပၚနဲ႔ က်ဳရင္းထိုင္

https://m.facebook.com/story.php?story_fbid=1824090841193332&id=1811445109124572

ေႁမြျဖဴရွင္ရဲ့ ခ်စ္ေမတၱာ

https://m.facebook.com/story.php?story_fbid=1846553322280417&id=1811445109124572

မုန႔္က်န္းႏြီရဲ့ မဟာတံတိုင္းေပၚမွ ငိုခ်င္း

https://www.facebook.com/tianxiadiyi888888/photos/a.1815138368755246/1898868290382253/?type=3

Monday, August 24, 2020

SSD ဆိုတာဘာလဲ?



ခုတလော Page မှာ တော်တော်များများမေးကြတာက SSD ပါတဲ့ မော်ဒယ်ရှိလား  ဒါမှမဟုတ် SSD ထပ်စိုက်လို့ရလား စတဲ့ မေးခွန်းတွေဖြစ်ပါတယ်..
အဓိပ္ပာယ်က လေးလံနှေးကွေးတဲ့ HDD တွေကို လူတွေ သိပ်သဘောမကျတော့တာမျိုးပါ..
Flash-based memory ကိုအသုံးပြုထားတဲ့ SSD တွေက  မကြာခင် ကွန်ပျုတာတွေရဲ့ Storage Device
နေရာမှာ HDD တွေအစား  အစားထိုးဝင်ရောက်လာတော့မှာပါ..

ဒီလို အစားထိုးဝင်ရောက်လာမယ့် SSD တွေအကြောင်း သိသင့်တဲ့အချက်အလက်တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်...

SSD ဆိုတာဘာလဲ?
===============

SSD ရဲ့ အရှည်ကောက်က Solid State Drive ဆိုတာတော့ သိကြမှာပါ..
အရင်တုန်းက  Data တွေကို mechanical hard drives လို့ခေါ်တဲ့ HDD ထဲမှာသိမ်းပါတယ်..
HDD တစ်လုံးရဲ့ အလုပ်လုပ်ပုံကိုအရင်ရှင်းပြပါမယ်..
HDD တွေကို သံလိုက်ပြားတွေနဲ့ဖွဲ့စည်းထားပြီး data တွေကို အဲ့သံလိုက်ပြားတွေပေါ်မှာ binary စနစ်ဖြစ်တဲ့
 0 , 1 နဲ့ အကန့်ခွဲပြီးသိမ်းပါတယ်။ ဒီ Data တွေကိုသိမ်းဆည်းဖို့ ဖတ်ရှုဖို့အတွက် မောင်းတံလို အချောင်းလေးတစ်ခုပါပြီး သံလိုက်ပြားကိုလည်ပတ်စေတာပါ..
HDD တွေမှာပါတဲ့  5600 RPM , 7700 RPM စတာတွေက အဲ့သံလိုက်ပြားရဲ့လည်ပတ်နှုန်းဖြစ်ပြီး ပိုမြန်လေ
ပိုကောင်းလေပါပဲ..
ဆိုတော့ ပြောရရင် HDD တွေဟာ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလွယ်တကူပျက်စီးနိုင်ပါတယ်..

SSD ကတော့ အဲ့လိုမဟုတ်ပါဘူး..
HDD မှာလို့ mechanical parts တွေမပါဝင်တဲ့အတွက် ပျက်စီးနိုင်ခြေနည်းပါတယ်..
နောက်ပြီး အလုပ်လုပ်တဲ့ ပုံစံကလည်း HDD နဲ့ အများကြီးကွာခြားပါတယ်..
Data တွေသိမ်းဖို့အတွက် သံလိုက်ပြားတွေမသုံးဘဲ NAND Flash memory လို့ခေါ်တဲ့ chip ပြားပေါ်မှာ Electronic Signal အနေနဲ့သိမ်းပါတယ်..
SSD ရဲ့အလုပ်လုပ်တဲ့ ပုံစံက RAM တွေနဲ့နည်းနည်းဆင်ပါတယ်
RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကျ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းပေးထားတဲ့  memory chip တွေကို သုံးပါတယ်။
ဒီလို electronic signal အနေနဲ့သိမ်းတဲ့အတွက် Data သိမ်းတာ ၊ ဖတ်တာ တွေမှာ ပိုမြန်သွားပြီး HDD တွေနဲ့ အဓိကကွာခြားချက်ဖြစ်သွားပါတယ်။

အစောပိုင်း 1950 , 1970 နဲ့ 1980 ကာလတွေမှာ SSD နဲ့ဆင်တဲ့နည်းပညာကို high-end supercomputer တွေမှာပဲအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် ဈေးအရမ်းကြီးပြီး storage capacity ကလည်း
2MB~20MBs လောက်အထိပဲဆံ့တဲ့အတွက် 1990 မတိုင်ခင်အထိ လူတိုင်းသုံးနိုင်တဲ့အရာမဟုတ်သေးပါဘူး။ အဓိကအသုံးပြုခဲ့တာက စစ်တပ်နည်းပညာဆိုင်ရာတွေနဲ့ အာကာသ လေ့လာရေးနေရာတွေမှာပါ။
1990 အစောပိုင်းမှာတော့ နည်းပညာတီထွင်ဆန်းသစ်မှုတွေနဲ့အတူ SSD ဈေးနှုန်းတွေကျလာပါတယ်။
ဒါပေမယ့် သက်တမ်းနဲ့အရွယ်အစားက ပြဿနာဖြစ်နေဆဲပါ….

SSD တွေကို ဘယ်လိုနေရာမှာအသုံးပြုလဲ?
===============================

👉 Business

Programming Companies  တွေ ၊ Data Analysis Companies တွေ စတဲ့  data အမြောက်အများနဲ့ အလုပ်လုပ်ရတဲ့ companies တွေမှာ SSD က မရှိမဖြစ်ပါ..

👉 Gaming

ထူးထူးခြားခြားပြောနေစရာတောင်မလိုပါဘူး ..Performance က အဓိကဖြစ်တဲ့ Gaming Computer တွေမှာ
ဘယ်သူမှ HDD မသုံးပါဘူး။

👉 Mobility

Luxury Laptop တွေမှာ အဓိကအချက်ဖြစ်တဲ့ battery ကြာရှည်ခံဖို့ဆိုရင် power အသုံးနည်းတဲ့ SSD တွေကမပါမဖြစ်ပါပဲ..နောက်ပြီး SSD တွေက HDD တွေထက် shock resistant ပိုကောင်းတဲ့အတွက်
မတော်တဆပြုတ်ကျတဲ့ အန္တာရယ်ကနေလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။

👉 Servers

Enterprise server တွေမှာ client pc တွေကို မြန်မြန်ဆန်ဆန်အလုပ်လုပ်ပေးနိုင်ဖို့တွက် SSD တွေကိုသုံးပါတယ်။

SSD အမျိုးအစားများ
===============

သင့် Computer ကို SSD upgrade လုပ်တော့မယ်ဆိုရင်ဒီတိုင်းနဲ့ မပြီးပါဘူး..
SSD မှာမှ အမျိုးအစားတွေကွဲပါသေးတယ်။ mSATA လား ၊ PCIe လား အစရှိသဖြင့်ပါ..
ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက interface လို့ခေါ်တဲ့ SSD တွေရဲ့ချိတ်ဆက်ပုံစနစ်ပါ ..
သင့် computer မှာ support လုပ်တဲ့ interface နဲ့ ကိုက်ညီတဲ့ SSD ကိုပဲ upgrade လုပ်နိုင်မှာဖြစ်ပါတယ်။
ဒါဆို Interface တွေအကြောင်း အကျဉ်းချုံးရှင်းပြပါမယ်.

👉 PCIe & NVMe SSDs

PCI Express လို့ခေါ်တဲ့ PCIe interface က graphics card , network card  နဲ့ တခြား high performance device တွေဆီတိုက်ရိုက်ချိတ်ဆက်ထားတာကြောင့် CPU တွေ RAM တွေနဲ့ ချိတ်ရာမှာ ပိုမြန်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုရရှိမှာပါ။ နောက်ပြီး  PCIe interface က Nonvolatile Memory Express Standard လို့ခေါ်တဲ့ NVMe မှာအခြေခံတဲ့အတွက် IOPS လို့ခေါ်တဲ့ input output per second ကမြင့်မားပြီး
SATA 3 တွေထက် latency ပိုနည်းပါတယ်။ SATA 3 ထက်ပိုကောင်းတယ်ဆိုတဲ့ သဘောပါ..

👉 mSATA III, SATA III, and traditional SSDs

Serial Advanced Technology Attachment လို့ အရှည်ခေါ်တဲ့ SATA  ဟာ Data တွေ သိမ်းဆည်းဖို့ သပ်သပ် ဖန်တီးထားတဲ့ old interface ဖြစ်ပါတယ်။  သာမန် SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA III ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps
ဖြစ်ပြီး Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။ ဆိုတော့ SATA III တွေဟာ PCIe ထက်ပိုနိမ့်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် HDD သုံးထားတာထက်တော့ ပိုမြန်နေပါသေးတယ်..

ဒီလောက်ဆို SSD တွေအကြောင်း နဲ့ အလုပ်လုပ်ပုံကို အပြည့်စုံဆုံး မဟုတ်တောင် အနည်းအကျဉ်လောက်တော့ နားလည်သွားမယ်လို့ထင်ပါတယ်..

Ref : google
Credit: SLN Myanmar

#knowledgesharing
#aboutSSD
#sln

(Zawgyi)


ခုတေလာ Page မွာ ေတာ္ေတာ္မ်ားမ်ားေမးၾကတာက SSD ပါတဲ့ ေမာ္ဒယ္ရွိလား  ဒါမွမဟုတ္ SSD ထပ္စိုက္လို့ရလား စတဲ့ ေမးခြန္းေတြျဖစ္ပါတယ္..
အဓိပၸာယ္က ေလးလံေႏွးေကြးတဲ့ HDD ေတြကို လူေတြ သိပ္သေဘာမက်ေတာ့တာမ်ိဳးပါ..
Flash-based memory ကိုအသုံးျပဳထားတဲ့ SSD ေတြက  မၾကာခင္ ကြန္ပ်ဳတာေတြရဲ့ Storage Device
ေနရာမွာ HDD ေတြအစား  အစားထိုးဝင္ေရာက္လာေတာ့မွာပါ..

ဒီလို အစားထိုးဝင္ေရာက္လာမယ့္ SSD ေတြအေၾကာင္း သိသင့္တဲ့အခ်က္အလက္တစ္ခ်ိဳ့ကိုေဖာ္ျပေပးလိုက္ပါတယ္...

SSD ဆိုတာဘာလဲ?
===============

SSD ရဲ့ အရွည္ေကာက္က Solid State Drive ဆိုတာေတာ့ သိၾကမွာပါ..
အရင္တုန္းက  Data ေတြကို mechanical hard drives လို့ေခၚတဲ့ HDD ထဲမွာသိမ္းပါတယ္..
HDD တစ္လုံးရဲ့ အလုပ္လုပ္ပုံကိုအရင္ရွင္းျပပါမယ္..
HDD ေတြကို သံလိုက္ျပားေတြနဲ႔ဖြဲ႕စည္းထားၿပီး data ေတြကို အဲ့သံလိုက္ျပားေတြေပၚမွာ binary စနစ္ျဖစ္တဲ့
 0 , 1 နဲ႔ အကန႔္ခြဲၿပီးသိမ္းပါတယ္။ ဒီ Data ေတြကိုသိမ္းဆည္းဖို့ ဖတ္ရွုဖို့အတြက္ ေမာင္းတံလို အေခ်ာင္းေလးတစ္ခုပါၿပီး သံလိုက္ျပားကိုလည္ပတ္ေစတာပါ..
HDD ေတြမွာပါတဲ့  5600 RPM , 7700 RPM စတာေတြက အဲ့သံလိုက္ျပားရဲ့လည္ပတ္ႏွုန္းျဖစ္ၿပီး ပိုျမန္ေလ
ပိုေကာင္းေလပါပဲ..
ဆိုေတာ့ ေျပာရရင္ HDD ေတြဟာ mechanical လို့ေခၚတဲ့ ႐ုပ္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး အလြယ္တကူပ်က္စီးနိုင္ပါတယ္..

SSD ကေတာ့ အဲ့လိုမဟုတ္ပါဘူး..
HDD မွာလို့ mechanical parts ေတြမပါဝင္တဲ့အတြက္ ပ်က္စီးနိုင္ေျခနည္းပါတယ္..
ေနာက္ၿပီး အလုပ္လုပ္တဲ့ ပုံစံကလည္း HDD နဲ႔ အမ်ားႀကီးကြာျခားပါတယ္..
Data ေတြသိမ္းဖို့အတြက္ သံလိုက္ျပားေတြမသုံးဘဲ NAND Flash memory လို့ေခၚတဲ့ chip ျပားေပၚမွာ Electronic Signal အေနနဲ႔သိမ္းပါတယ္..
SSD ရဲ့အလုပ္လုပ္တဲ့ ပုံစံက RAM ေတြနဲ႔နည္းနည္းဆင္ပါတယ္
RAM ေတြမွာက Volatile Memory လို့ေခၚတဲ့ ပါဝါပိတ္လိုက္ရင္ ေပ်ာက္သြားတဲ့ memory chip ေတြ ကို သုံးပါတယ္။ SSD မွာက် Non-Volatile Memory လို့ေခၚတဲ့ ပါဝါပိတ္လိုက္လည္း ဆက္လက္သိမ္းဆည္းေပးထားတဲ့  memory chip ေတြကို သုံးပါတယ္။
ဒီလို electronic signal အေနနဲ႔သိမ္းတဲ့အတြက္ Data သိမ္းတာ ၊ ဖတ္တာ ေတြမွာ ပိုျမန္သြားၿပီး HDD ေတြနဲ႔ အဓိကကြာျခားခ်က္ျဖစ္သြားပါတယ္။

အေစာပိုင္း 1950 , 1970 နဲ႔ 1980 ကာလေတြမွာ SSD နဲ႔ဆင္တဲ့နည္းပညာကို high-end supercomputer ေတြမွာပဲအသုံးျပဳခဲ့ပါတယ္။ ဒါေပမယ့္ ေဈးအရမ္းႀကီးၿပီး storage capacity ကလည္း
2MB~20MBs ေလာက္အထိပဲဆံ့တဲ့အတြက္ 1990 မတိုင္ခင္အထိ လူတိုင္းသုံးနိုင္တဲ့အရာမဟုတ္ေသးပါဘူး။ အဓိကအသုံးျပဳခဲ့တာက စစ္တပ္နည္းပညာဆိုင္ရာေတြနဲ႔ အာကာသ ေလ့လာေရးေနရာေတြမွာပါ။
1990 အေစာပိုင္းမွာေတာ့ နည္းပညာတီထြင္ဆန္းသစ္မွုေတြနဲ႔အတူ SSD ေဈးႏွုန္းေတြက်လာပါတယ္။
ဒါေပမယ့္ သက္တမ္းနဲ႔အရြယ္အစားက ျပႆနာျဖစ္ေနဆဲပါ….

SSD ေတြကို ဘယ္လိုေနရာမွာအသုံးျပဳလဲ?
===============================

👉 Business

Programming Companies  ေတြ ၊ Data Analysis Companies ေတြ စတဲ့  data အေျမာက္အမ်ားနဲ႔ အလုပ္လုပ္ရတဲ့ companies ေတြမွာ SSD က မရွိမျဖစ္ပါ..

👉 Gaming

ထူးထူးျခားျခားေျပာေနစရာေတာင္မလိုပါဘူး ..Performance က အဓိကျဖစ္တဲ့ Gaming Computer ေတြမွာ
ဘယ္သူမွ HDD မသုံးပါဘူး။

👉 Mobility

Luxury Laptop ေတြမွာ အဓိကအခ်က္ျဖစ္တဲ့ battery ၾကာရွည္ခံဖို့ဆိုရင္ power အသုံးနည္းတဲ့ SSD ေတြကမပါမျဖစ္ပါပဲ..ေနာက္ၿပီး SSD ေတြက HDD ေတြထက္ shock resistant ပိုေကာင္းတဲ့အတြက္
မေတာ္တဆျပဳတ္က်တဲ့ အႏၲာရယ္ကေနလည္း ကာကြယ္ၿပီးသားျဖစ္ပါတယ္။

👉 Servers

Enterprise server ေတြမွာ client pc ေတြကို ျမန္ျမန္ဆန္ဆန္အလုပ္လုပ္ေပးနိုင္ဖို့တြက္ SSD ေတြကိုသုံးပါတယ္။

SSD အမ်ိဳးအစားမ်ား
===============

သင့္ Computer ကို SSD upgrade လုပ္ေတာ့မယ္ဆိုရင္ဒီတိုင္းနဲ႔ မၿပီးပါဘူး..
SSD မွာမွ အမ်ိဳးအစားေတြကြဲပါေသးတယ္။ mSATA လား ၊ PCIe လား အစရွိသျဖင့္ပါ..
ဒီေနရာမွာ တစ္ခုရွင္းျပခ်င္တာက interface လို့ေခၚတဲ့ SSD ေတြရဲ့ခ်ိတ္ဆက္ပုံစနစ္ပါ ..
သင့္ computer မွာ support လုပ္တဲ့ interface နဲ႔ ကိုက္ညီတဲ့ SSD ကိုပဲ upgrade လုပ္နိုင္မွာျဖစ္ပါတယ္။
ဒါဆို Interface ေတြအေၾကာင္း အက်ဥ္းခ်ဳံးရွင္းျပပါမယ္.

👉 PCIe & NVMe SSDs

PCI Express လို့ေခၚတဲ့ PCIe interface က graphics card , network card  နဲ႔ တျခား high performance device ေတြဆီတိုက္ရိုက္ခ်ိတ္ဆက္ထားတာေၾကာင့္ CPU ေတြ RAM ေတြနဲ႔ ခ်ိတ္ရာမွာ ပိုျမန္ၿပီး အေကာင္းဆုံးစြမ္းေဆာင္ရည္ကိုရရွိမွာပါ။ ေနာက္ၿပီး  PCIe interface က Nonvolatile Memory Express Standard လို့ေခၚတဲ့ NVMe မွာအေျခခံတဲ့အတြက္ IOPS လို့ေခၚတဲ့ input output per second ကျမင့္မားၿပီး
SATA 3 ေတြထက္ latency ပိုနည္းပါတယ္။ SATA 3 ထက္ပိုေကာင္းတယ္ဆိုတဲ့ သေဘာပါ..

👉 mSATA III, SATA III, and traditional SSDs

Serial Advanced Technology Attachment လို့ အရွည္ေခၚတဲ့ SATA  ဟာ Data ေတြ သိမ္းဆည္းဖို့ သပ္သပ္ ဖန္တီးထားတဲ့ old interface ျဖစ္ပါတယ္။  သာမန္ SSD အမ်ားစုဟာ SATA 3 interface နဲ႔ပဲ motherboard ေပၚကို ခ်ိတ္ဆက္ထားပါတယ္။ SATA III ရဲ့ သီအိုရီအရ အျမန္ဆုံး speed ဟာ 6.0Gbps
ျဖစ္ၿပီး Megabyte နဲ႔ဆိုရင္ တစ္စကၠန႔္ကို 750 မီဂါဘိုက္ပါ။ ဒါေပမယ့္ တကယ္တမ္း read/write test လုပ္ရင္ အဲဒီေလာက္ မထြက္ပါဘူး။ ဆိုေတာ့ SATA III ေတြဟာ PCIe ထက္ပိုနိမ့္ပါတယ္။
ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ HDD သုံးထားတာထက္ေတာ့ ပိုျမန္ေနပါေသးတယ္..

ဒီေလာက္ဆို SSD ေတြအေၾကာင္း နဲ႔ အလုပ္လုပ္ပုံကို အျပည့္စုံဆုံး မဟုတ္ေတာင္ အနည္းအက်ဥ္ေလာက္ေတာ့ နားလည္သြားမယ္လို့ထင္ပါတယ္..

Ref : google
Credit: SLN Myanmar

#knowledgesharing
#aboutSSD
#sln

Sunday, August 23, 2020

Huawei MateBook D14 : Last Gen But It’s Great?

Huawei MateBook D14 : Last Gen But It’s Great?


Huawei ရဲ့ Laptop တွေကို စမ်းဖြစ်နေတာတော့ အခု Local Market ထဲကို ဝင်သမျှအကုန်ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် Review အနေနဲ့ ရေးဖို့ကြတော့ အဲ့လောက်ထိ မကြိုက်မိသလိုဖြစ်နေတာရော၊ နောက်တစ်ခုက Laptop တွေထဲမှာ Huawei ကို Option တစ်ခုအနေနဲ့ ဦးစားပေးမစဥ်းစားမိနေတာရောဆိုတော့ မလုပ်ဖြစ်ခဲ့။

အခုကြတော့ Huawei ကနေ MateBook D14 ဆိုပြီး Laptop အသစ်တစ်လုံးကို ရောင်းလာတယ်။ စျေးက $699 ဆိုတော့ Budget မကျ၊ Ultrabook လောက်မရောက်တဲ့ စျေး။ ဒီ Range ထဲမှာ ရွေးစရာကောင်းပါ့မလားဆိုပြီး တွေးမိတဲ့သူတွေရှိကောင်းရှိမယ်၊ အဲ့လိုမျိုး တွေးမိတဲ့သူတော်တော်များများအတွက်ကလည်း မြင်တာနဲ့ Deal Breaker ဖြစ်သွားစေမယ့် အချက်တစ်ခုလည်းရှိနေသေးတယ်။


အဲ့ဒါက AMD Ryzen 7 3700U ပါ။ မှန်တယ် – ကျွန်တော်တို့ကိုယ်တိုင်လည်း Ryzen 4000 Series အသစ်တွေက ဘယ်လိုကောင်းကြောင်း၊ ဘယ်လောက်ထိ Performance တက်လာကြောင်း၊ နောက်ပြီး ဘယ်လိုမျိုးကြောင့်ပဲဖြစ်ဖြစ် Last Gen ဖြစ်နေတဲ့ 3000 Series ကို မဝယ်သင့်ကြောင်းတွေ ပြောခဲ့ဖူးတယ်။ အခုထိလည်း ဒီအမြင်က ပြောင်းသွားတာမျိုးမရှိသေးဘူး…။

ဒါပေမယ့် Huawei MateBook D14 က အဲ့အမြင်ကို မပြောင်းစေပေမယ့် $699 တန် Laptop တစ်လုံးအနေနဲ့ သဘောတော်တော်လေးကို ကျမိ၊ ကြိုက်မိသွားစေတယ်။ ပြောရရင် Ryzen 3700U ဖြစ်နေတယ်၊ မတန်ဘူးပြောသင့်တယ်… ဒါပေမယ့် As a Laptop ဆိုရင် အဲ့အချက်ကလွဲပြီး (Not Really :3) အားနည်းချက်နည်းတယ်၊ သဘောကျစရာ Laptop တစ်လုံးဖြစ်နေတယ်။

So, yeah – Huawei MateUS Eat Our Own Words with MateBook D14.

Design

အရင်ဆုံး $699 တန်ဖြစ်ပေမယ့် Premium ပိုဆန်တယ်ဆိုတာက လွန်တယ်ဆိုရင်တောင် ပေးရတဲ့စျေးထက် ပိုတန်တယ်လို့ ပြောနိုင်တဲ့အချက်ကို စပြောတာပေါ့။ Yes – Caption မှာလည်း ရေးပြီးပေမယ့် ထပ်ကွန့်ပြီး ခုလိုပြောနေတဲ့ Design ပါ။ တစ်ခွန်းထဲနဲ့ပြောရရင် $1,000 အောက် 14” Laptop တွေထဲမှာ လှတယ်ဆိုတာထက် Quality ပိုင်းတွေ၊ Subtle ဖြစ်တဲ့အပိုင်းမှာ ထိပ်ဆုံးကနေရွေးမိမယ့် Laptop တစ်လုံးလို့တောင် ပြောလို့ရပါတယ်။ ဒီနေရာမှာ Keyword က Quality နဲ့ Subtle ပဲဖြစ်မှာပါ။

ဒါပေမယ့် ဒီ Subtle ဖြစ်တယ်ဆိုတာက Huawei Logo တော့ မပါလောက်ပါဘူး။ ဒါပေမယ့်လည်း ယပ်တောင်ပုံမဟုတ်တော့တာရော၊ အနည်းဆုံး Laptop တစ်ခုပေါ်မှာ မမြင်ချင်တဲ့ Logo တစ်ခုပေမယ့် Brand ကို Respect တစ်ခုထားဖြစ်တော့ ဒီအချက်ကတော့ အားနည်းချက်ထဲ အမြင်ကတ်တိုင်းမထည့်တော့ပါဘူး။


အဲ့တော့ Build Quality – ကိုင်လိုက်တာနဲ့ Metal Aluminum Body ကတော်တော်လေးကို Dense ဖြစ်တယ်ဆိုတာ တန်းသိနိုင်တယ်။ Quality Product တစ်ခုဆိုတာကို သိနိုင်တာကသဘောကျမိတယ်။ ပြီးတေ့ာ 15.9mm Thickness နဲ့ 1.38Kg ဆိုတာက Complain တက်ရလောက်တဲ့အထိ လေးနေတာမျိုး၊ ထူနေတာမျိုးမဟုတ်တော့ သဘောကျဖို့ကောင်းပြန်တယ်။ Design ရော Build Quality ၂ ခုစလုံးက မိုက်တယ်၊ ပေးရတဲ့စျေးမှာတော်တော်ကိုတန်တယ် – Ultrabook တစ်ခုဆိုတဲ့အထိ မရောက်အောင်က Huawei ကိုယ်တိုင်ကပဲ ခပ်မှိုင်းမှိုင်း Stand Out မဖြစ်နေအောင် လုပ်ထားတာကြောင့်လို့ပဲ ပြောရမယ်။

အဲ့တော့ကာ Display ကို ဆက်ပြောတာပေါ့။

14” Full HD Display က Normal at Best ဆိုပြီးပဲ ပြောရမှာပါ။ အဆင်ပြေတယ်ကလွဲပြီး ပြောစရာစကားမရှိ၊ ပြီးတော့ Web Cam ကို Keyboard မှာသာ မြုပ်နေသေးပေမယ့် တကယ်တမ်းကြတော့ ဒီ Screen-to-Body Ratio က တခြား Laptop တွေနဲ့ ဘာမှကွာတယ်ကို မထင်ရတော့တာကတော့ မမိုက်ဘူး။ Privacy ပေါ့ဆိုပြီး ပြောနေပေမယ့် သုံးတဲ့အချိန် နှာခေါင်းပဲ မြင်ရတာနဲ့ မသုံးတဲ့အချိန်မှာလည်း သာမန် Screen-to-Body Ratio ပဲရနေတော့ ဘာလို့ Gimmick တစ်ခုအနေနဲ့ ဆက်သုံးနေလဲတောင် မေးလာမိနေပါပြီ။

ပြီးတော့ လုံးဝမကြိုက်တာက သာမန် 16:9 Ratio ကိုပဲ ဆက်သုံးထားတာပါ – Yea, yeah… 16:9 Ratio မှ ရုပ်ရှင်ကြည့်လို့ကောင်းတာပေါ့ဆိုတဲ့သူတွေရှိနေတုန်းပါ။ ဒါပေမယ့် Laptop တစ်လုံးကို အလုပ်လုပ်ဖို့ထက် ရုပ်ရှင်ကြည့်ဖို့အတွက်ပဲ အရင်စဥ်းစားမယ်ဆိုရင်တော့ ဖြစ်နိုင်ရင် မဝယ်တာပဲ ပိုကောင်းပါလိမ့်မယ်။ ဒါကို ထည့်ပြောရတာကလည်း အရင် MateBook 13 တုန်းက တော်တော်ကို သဘောကျမိ၊ Display Quality မတရားကောင်းတဲ့ QHD Resolution နဲ့ 3:2 Ratio Display ကို သုံးခဲ့လို့ပါ။ အခုကြတော့ Quality ကလည်း သာမန်ဖြစ်နေတဲ့အပြင် သာမန်အဖြစ်ဆုံး 16:9 Ratio ဆိုတော့ သိပ်မကြိုက်သလိုဖြစ်နေပါတယ်။ ဒါက ပြောရရင် Complaint ထက် Nitpicking လုပ်တာပါ – အနည်းဆုံး 16:10 တောင်မဆိုးဘူး။

အဲ့တော့ သာမန်အတွကက်တော့ 250Nits Brightness ကလည်း အဆင်ပြေတယ်။ Color Accuracy ကအစ အကုန်သာမန်ပဲ။ ဒီစျေးဝန်းကျင်မှာ ဒီစျေးဝန်းကျင်အဆင့် Display ပါ။

စကားမစပ်ပြောရမယ်ဆိုရင် Display Hinge က 180-degree ရတာမိုက်တယ်၊ ဒါပေမယ့် Basic ပိုကျတဲ့ One Finger Lift မရတာကိုတော့ မကြိုက်ပြန် :3

ဆက်ပြောရရင် ကြိုက်မိတဲ့အချက်ဖြစ်ပါလိမ့်မယ်။

Keyboard – Clicky ဖြစ်တဲ့ Responsive ဖြစ်တဲ့ Keyboard တစ်ခုရဲ့ ပြောင်းပြန်ပါ။ Key Travel က Apple Butterfly Switch တွေလိုပဲ မတရားနည်းတယ်။ Clicky မဖြစ်နေဘူး၊ ဒါပေမယ့် Butterfly လောက် အသံမကျယ်ဘူး၊ အမြန်ရိုက်လည်း လက်ချောင်းတွေကို Stress မဖြစ်သလို လက်ကသွားနိုင်သလောက်ကို အမြန်ရိုက်နိုင်တဲ့ Keyboard တစ်ခုပါ။ ပြောရရင် Clicky မဖြစ်တော့ Spring တွေကနေ နောက် Key တစ်ခုကို ထပ်သွားဖို့ တွန်းအားပေးသလိုတော့ မဖြစ်နေဘူး၊ အဲ့တော့ အဲ့လိုမျိုး ရိုက်တတ်တဲ့လူတွေမဟုတ်ပဲ ဒီအတိုင်း Keyboard ကို ပုံမှန်ပဲ အမြန်ရိုက်မယ်ဆိုရင်တော့ Accurate ဖြစ်တယ်၊ ပြီးတော့ ရိုက်လေ ရိုက်လို့ကောင်းလာတဲ့ Keyboard တစ်ခုပါ။

ပြီးတော့ Backlit က 2-steps ရမယ်၊ ဘာပဲဖြစ်ဖြစ် Basic Things တစ်ခုပေမယ့် မဆိုးဘူး၊ Keyboard Layout က Weird ဖြစ်နေတာမျိုးလည်းမရှိနေဘူး။ Display က သာမန်ပဲဆိုပေမယ့် ဒီ Keyboard ကြောင့် Primary Laptop တစ်လုံးအနေနဲ့ အလုပ်လုပ်ရမယ်ဆိုရင်တောင် ပျော်ပျော်ကြီးလုပ်ဖြစ်မယ့် Laptop တစ်လုံးဖြစ်မှာပါ။ အဲ့ဒီထက်လည်း ကျွန်တော်တို့အတွက် ချီးကျူးဖို့မရှိတော့ပါဘူး။

TouchPad ကတော့ Glass Coating မပါတော့ စစခြင်း Feeling က တမျိုးဖြစ်နေတာကလွဲရင် အဆင်ပြေတယ်။ Metal Texture ဆိုပေမယ့်လည်း သိသိသာသာကြီး အားနည်းနေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် တမျိုးဖြစ်နေတုန်းပဲ :3

နောက်ဆုံးက Audio ပိုင်း – Speaker Setup က Dolby Audio လည်းမပါတော့ဘူးဆိုတော့ MateBook 13 လိုမျိုးတော်တော်လေးကို ကောင်းတဲ့အဆင့်ကနေ သာမန်ကိုပဲ ပြန်ဆင်းတယ်။ ဒါပေမယ့်လည်း Windows Laptop အကုန်လုံးနီးပါးက ဒီစျေးတွေမှာ သာမန်မဟုတ်ရင် အစုတ်ပဲဆိုတော့ သိပ်တော့မထူး။

အဲ့တော့ ရှောင်နေတဲ့ Performance နဲ့ Huawei ရဲ့ Software ပိုင်းလောက်ပဲ ကျန်မယ်။ ကဲ… Ryzen 3700U ကို ပြောကြတာပေါ့။


အရင်ဆုံးဒီကောင့် RAW Performance က 10th Gen i5 လောက်ပဲရှိမယ်၊ Ryzen 4500U ထက်ဆိုရင် 50% လောက်ပိုနှေး၊ 4700U ဆိုရင် 75% လောက်အထိကို ပိုနှေးနိုင်တယ်။ သုံးလို့မရတဲ့အဆင့်တော့မဟုတ်ဘူး – ဒါပေမယ့် RAW Performance ဆိုတဲ့ ခေါင်းစဥ်အောက်မှာကတော့ မဝယ်သင့်တဲ့အခြေအနေမှာရှိနေတယ်။

ဒါပေမယ့် Performance Cap မြင့်နေတိုင်း အဲ့ Performance Cap အထိ လူတိုင်းသုံးနေတာမျိုးမဟုတ်ပြန်ဘူး။ ပြောရရင် ကျွန်တော်တို့ စမ်းဖြစ်တာဆိုလို့ Daily သုံးတဲ့ Web Browsing ၊ Microsoft 365 နဲ့ စာရိုက်တာလောက်အတွက်ကတော့ လိုတာထက်ကို ပိုအဆင်ပြေနေတုန်းပဲ။ ဒါပေမယ့် တစ်နေရာမှာတော့ သိပ်မကြိုက်သလိုဖြစ်မိပြန်တယ်။ အဲ့ဒါကတော့ RAM ပါ။

ပြောရရင် Huawei PC Manager ကနေ RAM Information မှာ 2667MHz RAM လို့တော့ ရေးထားတယ်၊ ဒါပေမယ့် တကယ်တမ်း Run တဲ့ Speed က 2400MHz ပဲ၊ ပြီးတော့ 8GB ကိုပါ Ryzen ဆိုတော့ System က ယူထားတာတွက်လိုက်ရင် 6GB လောက်ပဲကျန်တော့တယ်။ အဲ့မှာ Chrome လိုမျိုး Heavy Browsing လုပ်ရင် 8GB ချင်းတူတဲ့တခြား Laptop ထက်တောင် နှေးသလိုခံစားရတယ်။

ဒါပေမယ့် RAM ကို အားမရပေမယ့် Surprised ဖြစ်သွားတဲ့နေရာရှိနေပြန်တယ်။ အဲ့ဒါက 512GB PCI-E SSD ပါ။ Read Speed က 3,400MB/s နဲ့ Write Speed ကို 2,700fpsMB/s အထက်ကို ရနေတယ်။ ဒါက ဟုတ်ရော ဟုတ်ရဲ့လားဆိုပြီးတောင် ဖြစ်သွားစေတာပါ။ ပြောရရင် ဝင်သမျှ MateBook တွေထဲမှာလည်း ဒီ MateBook D14 ရဲ့ SSD က အမြန်ဆုံး – ပြောရရင် စျေးအကြီးဆုံး Ultrabook တွေနဲ့တောင် ယှဥ်လို့ရတဲ့ PCI-E SSD ကို ထည့်ပေးထားတာပါ။

နောက်ထပ် Performance နဲ့ဆိုင်တာက Vega 8 Graphics ပါ။ မှန်တယ် – အရမ်းတေ့ာ ကောင်းမှာမဟုတ်ဘူး။ ဒါပေမယ့် Valorant လောက်ကို Low or Med Setting မှာ 65+ fps ကို Heat လုံးဝမရှိသလောက်နဲ့ဆော့လို့ရတယ်။ ဒါက 4700U မှာပါတဲ့ Vega 7 ထက် ထက်ဝက်လောက်ကို ပိုစုတ်တယ် – ဒါပေမယ့် eSport လောက်ကတော့ အဆင်ပြေမှာပါ။ Throtting တို့ Heat တို့မရှိတာကိုတော့ သဘောကျမိပါတယ်။

ပြီးတော့ ဒီလိုမျိုး Gen အနိမ့် Laptop တစ်ခုကို အပြစ်မရှာသင့်ပေမယ့် Wi-Fi 6 မပါသေးဘူး။ ဒါကလည်း Complaint ထက် ဒီ $699 စျေးမှာပဲ Wi-FI 6 ထည့်ထားနိုင်တဲ့ Laptop တွေရှိလာလို့ Nickpick လုပ်တာပါ။

အဲ့တော့ Huawei MateBook D14 ရဲ့ Performance ကျွန်တော်တို့အတွက်ကတော့ အဆင်ပြေနေတယ် – ဒါပေမယ့် Recommend ပေးဖို့ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ Performance Cap က မတူနေတော့ ဒီ Performance Level အောက်မှာပဲ နေနိုင်ရင်တော့ Design ၊ Quality နဲ့ Keyboard တွေက သုံးရတာပျော်စေမှာပါ။

နောက်ထပ်ပြောသင့်တာက Huawei ရဲ့ Software တွေပါ။

ပြောရရင် Huawei က Xiaomi လိုပဲ တရုတ် Laptop ပါ။ ဒါပေမယ့် Huawei Laptop တွေမှာပါတဲ့ PC Manager လိုမျိုး Feature တွေက ကြိုက်လည်းကြိုက်သလို မလိုအပ်ဘူးလည်းထင်မိတဲ့ Feature တစ်ခုလို့ပြောရမှာပါ။

ဘယ်လိုလဲဆိုတော့ ဒီ PC Manager ကနေ Huawei ဖုန်းနဲ့ ချိတ်လို့ရမယ်။ ဒါပေမယ့် Basic အကျဆုံးက Driver မစုံတာတွေ၊ Updae တွေနဲ့ တခြား PC Maintainence ကို လုပ်ပေးနိုင်မယ်။ ဘာပဲဖြစ်ဖြစ် Driver Update လွယ်လွယ်လုပ်လို့ရတာက Xiaomi Laptop တစ်လုံးကို Chinese Windows ကနေ English Windows ပြောင်းဖူးတဲ့လူတွေဆိုရင် မတရားကို Welcome လုပ်မိမယ့် Feature တစ်ခုဖြစ်လာပါတယ်။

ကျန်တဲ့ Huawei ဖုန်းနဲ့ ချိတ်တာကတော့ ပြောရရင် OneHop Share ဆိုတာမျိုးလောက်ပဲ သဘောကျမိတယ်၊ ပုံပဲဖြစ်ဖြစ်၊ Video ပဲဖြစ်ဖြစ် ပို့ရတာမြန်တယ်၊ ဒါပေမယ့် Windows မှာ Your Phone ကို သုံးရတာကိုပဲ ပိုသဘောကျနေပြီးတော့ Samsung ဖုန်းတွေမှာလိုမျိုး Your Phone ကိုပဲ ပိုပြီး Integrate လုပ်တာက User Experience ပိုင်းမှာ ပိုကောင်းတယ်မြင်နေတုန်းပဲ။ ပြောရရင် သာမန် Android ဖုန်းနဲ့ Laptop ကို Your Phone သုံးပြီးချိတ်ရင်တောင် ဖုန်းလာရင် ဒါမှမဟုတ် Message တွေကို Laptop မှာ မြင်ရပေမယ့် Huawei ရဲ့ ကိုယ်ပိုင် Ecosystem ဆိုတာက NFC Tag နဲ့ ချိတ်၊ ပြီးရင်လည်း ဒီလိုမျိုး Feature တွေသုံးမရတော့ အားမရ။ ပြီးတော့ MateBook 14 ဝယ်ပြီး တခြား NFC ပါတဲ့ Huawei ဖုန်းမရှိနေရင်လည်း တခြားဘယ်ဖုန်းနဲ့မှ သုံးမရတာကလည်း ကိုယ့်ကိုယ်ကို ပြန် Limit လုပ်နေသလိုခံစားရတယ်။

Display ကိုလည်း အဲ့လိုပဲ Display Manager ဆိုပြီး Right Click Menu မှာ ရှိနေတယ်။ အမှန်အတိုင်းပြောရရင် ဒီလိုမျိုး Feature တွေက OEM Laptop တိုင်းတော့ ပါပေမယ့် နည်းနည်း Creepy ဖြစ်တဲ့ Feeling ရနေတယ်။ Maybe – Only Us. :3

ကျန်တဲ့ Battery ပိုင်းကတော့ 56Wh Battery က 6hr လောက်အေးဆေးရမယ်၊ USB-C Charging က 65W ပေမယ့် Huawei P40 Pro ကို 40W အပြည့်သွင်းလို့ရနေတာလေးကလည်း တော်တော်လေးကို အဆင်ပြေတယ်။ ပြောရရင် ဒါကမှ USB-PD မဟုတ်ပေမယ့် Ecosystem တစ်ခုထဲလို ခံစားရတယ်။

နောက်ပြီး သဘောကျမိတဲ့အချက်က Power Button မှာထည့်ထားတဲ့ Fingerprint က TPM Level ဆိုတော့ Power ဖွင့်လိုက်တာနဲ့ Fingerprint Information ကိုမှတ်ထားပြီး တန်း Log-in ဖြစ်သွားတာက မိုက်တယ်။ ပြောရရင် TouchPad မှာပဲ အဖြစ်ထည့်ထားတာထက်တော့ အများကြီးပိုကောင်းပါတယ်။

အဲ့တော့ကာ Huawei MateBook D14 ကို ဘယ်လိုမြင်လဲ?

အမြင်ဆိုတော့ ကျွန်တော်တို့အမြင်ကို အရင်ပြောတာပေါ့။ Huawei MateBook D14 က တကယ်ကို ကျွန်တော်တို့ကို လာပြီး Daily အနေနဲ့ Primary သုံးခိုင်းမယ်ဆိုရင် ပျော်ပျော်ကြီးကို သုံးမယ့် Laptop ပါ။ ဒါကလည်း ရှင်းတယ် – ကျွန်တော်တို့လုပ်နေတဲ့ Work Case အတွက် Performance Cap က ဒီ MateBook D14 ရဲ့ Performance Cap အောက်မှာပဲရှိနေလို့ပါ။ ကျွန်တော်တို့က Laptop ဖွင့်တိုင်း အလုပ်မလုပ်၊ ပိုက်ဆံမရှာပဲ Benchmark တွေ ထိုင် Run နေပြီး အကောင်းဆုံး Ryzen 4000 Series ကွလို့ အော်နေမယ့်လူတွေလည်းမဟုတ်နေဘူးလေ။

အဲ့တော့ ပြောချင်တာက ကိုယ်သုံးမယ့် Performance တစ်ခုက ဒီ MateBook D14 က လိုက်နိုင်မယ်ဆိုရင် ကျန်တဲ့အချက်အကုန်လုံးနီးပါးက သုံးရတာကို ပျော်စေမှာသေချာပါတယ်။ အထူးသဖြင့် Keyboard ပါ။ တကယ်လို့ Huawei ဖုန်းတစ်လုံးသုံးနေရင် ပိုတောင် အဆင်ပြေနိုင်ပါသေးတယ်။

အဲ့လိုမှမဟုတ်ဘူး – Ryzen 4000 ဖြစ်မှဆိုတဲ့ အကြောင်းပြချက်ကောင်းကောင်း ကိုယ့်ဆီမှာရှိနေတယ်၊ စောင့်နိုင်တယ်ဆိုရင်တော့ ပိုကောင်းတဲ့ Laptop တွေရှိနေနိုင်ပါတယ်။ ရှိလည်းအခုတောင် ရှိနေပြီလို့ ပြောလို့ရပေမယ့် အခုက Huawei MateBook D14 အကြောင်းဆိုတော့ ဒီမှာပဲရပ်ပါမယ်။

Thanks for Reading.
#TechGadgetMM

(Zawgyi)

Huawei MateBook D14 : Last Gen But It’s Great?


Huawei ရဲ့ Laptop ေတြကို စမ္းျဖစ္ေနတာေတာ့ အခု Local Market ထဲကို ဝင္သမၽွအကုန္ျဖစ္ေနၿပီလို႔ေတာင္ ေျပာလို႔ရတယ္။ ဒါေပမယ့္ Review အေနနဲ႔ ေရးဖို႔ၾကေတာ့ အဲ့ေလာက္ထိ မႀကိဳက္မိသလိုျဖစ္ေနတာေရာ၊ ေနာက္တစ္ခုက Laptop ေတြထဲမွာ Huawei ကို Option တစ္ခုအေနနဲ႔ ဦးစားေပးမစဥ္းစားမိေနတာေရာဆိုေတာ့ မလုပ္ျဖစ္ခဲ့။

အခုၾကေတာ့ Huawei ကေန MateBook D14 ဆိုၿပီး Laptop အသစ္တစ္လုံးကို ေရာင္းလာတယ္။ ေစ်းက $699 ဆိုေတာ့ Budget မက်၊ Ultrabook ေလာက္မေရာက္တဲ့ ေစ်း။ ဒီ Range ထဲမွာ ေရြးစရာေကာင္းပါ့မလားဆိုၿပီး ေတြးမိတဲ့သူေတြရွိေကာင္းရွိမယ္၊ အဲ့လိုမ်ိဳး ေတြးမိတဲ့သူေတာ္ေတာ္မ်ားမ်ားအတြက္ကလည္း ျမင္တာနဲ႔ Deal Breaker ျဖစ္သြားေစမယ့္ အခ်က္တစ္ခုလည္းရွိေနေသးတယ္။


အဲ့ဒါက AMD Ryzen 7 3700U ပါ။ မွန္တယ္ – ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္း Ryzen 4000 Series အသစ္ေတြက ဘယ္လိုေကာင္းေၾကာင္း၊ ဘယ္ေလာက္ထိ Performance တက္လာေၾကာင္း၊ ေနာက္ၿပီး ဘယ္လိုမ်ိဳးေၾကာင့္ပဲျဖစ္ျဖစ္ Last Gen ျဖစ္ေနတဲ့ 3000 Series ကို မဝယ္သင့္ေၾကာင္းေတြ ေျပာခဲ့ဖူးတယ္။ အခုထိလည္း ဒီအျမင္က ေျပာင္းသြားတာမ်ိဳးမရွိေသးဘူး…။

ဒါေပမယ့္ Huawei MateBook D14 က အဲ့အျမင္ကို မေျပာင္းေစေပမယ့္ $699 တန္ Laptop တစ္လုံးအေနနဲ႔ သေဘာေတာ္ေတာ္ေလးကို က်မိ၊ ႀကိဳက္မိသြားေစတယ္။ ေျပာရရင္ Ryzen 3700U ျဖစ္ေနတယ္၊ မတန္ဘူးေျပာသင့္တယ္… ဒါေပမယ့္ As a Laptop ဆိုရင္ အဲ့အခ်က္ကလြဲၿပီး (Not Really :3) အားနည္းခ်က္နည္းတယ္၊ သေဘာက်စရာ Laptop တစ္လုံးျဖစ္ေနတယ္။

So, yeah – Huawei MateUS Eat Our Own Words with MateBook D14.

Design

အရင္ဆုံး $699 တန္ျဖစ္ေပမယ့္ Premium ပိုဆန္တယ္ဆိုတာက လြန္တယ္ဆိုရင္ေတာင္ ေပးရတဲ့ေစ်းထက္ ပိုတန္တယ္လို႔ ေျပာနိုင္တဲ့အခ်က္ကို စေျပာတာေပါ့။ Yes – Caption မွာလည္း ေရးၿပီးေပမယ့္ ထပ္ကြန္႔ၿပီး ခုလိုေျပာေနတဲ့ Design ပါ။ တစ္ခြန္းထဲနဲ႔ေျပာရရင္ $1,000 ေအာက္ 14” Laptop ေတြထဲမွာ လွတယ္ဆိုတာထက္ Quality ပိုင္းေတြ၊ Subtle ျဖစ္တဲ့အပိုင္းမွာ ထိပ္ဆုံးကေနေရြးမိမယ့္ Laptop တစ္လုံးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီေနရာမွာ Keyword က Quality နဲ႔ Subtle ပဲျဖစ္မွာပါ။

ဒါေပမယ့္ ဒီ Subtle ျဖစ္တယ္ဆိုတာက Huawei Logo ေတာ့ မပါေလာက္ပါဘူး။ ဒါေပမယ့္လည္း ယပ္ေတာင္ပုံမဟုတ္ေတာ့တာေရာ၊ အနည္းဆုံး Laptop တစ္ခုေပၚမွာ မျမင္ခ်င္တဲ့ Logo တစ္ခုေပမယ့္ Brand ကို Respect တစ္ခုထားျဖစ္ေတာ့ ဒီအခ်က္ကေတာ့ အားနည္းခ်က္ထဲ အျမင္ကတ္တိုင္းမထည့္ေတာ့ပါဘူး။


အဲ့ေတာ့ Build Quality – ကိုင္လိုက္တာနဲ႔ Metal Aluminum Body ကေတာ္ေတာ္ေလးကို Dense ျဖစ္တယ္ဆိုတာ တန္းသိနိုင္တယ္။ Quality Product တစ္ခုဆိုတာကို သိနိုင္တာကသေဘာက်မိတယ္။ ၿပီးေတ့ာ 15.9mm Thickness နဲ႔ 1.38Kg ဆိုတာက Complain တက္ရေလာက္တဲ့အထိ ေလးေနတာမ်ိဳး၊ ထူေနတာမ်ိဳးမဟုတ္ေတာ့ သေဘာက်ဖို႔ေကာင္းျပန္တယ္။ Design ေရာ Build Quality ၂ ခုစလုံးက မိုက္တယ္၊ ေပးရတဲ့ေစ်းမွာေတာ္ေတာ္ကိုတန္တယ္ – Ultrabook တစ္ခုဆိုတဲ့အထိ မေရာက္ေအာင္က Huawei ကိုယ္တိုင္ကပဲ ခပ္မွိုင္းမွိုင္း Stand Out မျဖစ္ေနေအာင္ လုပ္ထားတာေၾကာင့္လို႔ပဲ ေျပာရမယ္။

အဲ့ေတာ့ကာ Display ကို ဆက္ေျပာတာေပါ့။

14” Full HD Display က Normal at Best ဆိုၿပီးပဲ ေျပာရမွာပါ။ အဆင္ေျပတယ္ကလြဲၿပီး ေျပာစရာစကားမရွိ၊ ၿပီးေတာ့ Web Cam ကို Keyboard မွာသာ ျမဳပ္ေနေသးေပမယ့္ တကယ္တမ္းၾကေတာ့ ဒီ Screen-to-Body Ratio က တျခား Laptop ေတြနဲ႔ ဘာမွကြာတယ္ကို မထင္ရေတာ့တာကေတာ့ မမိုက္ဘူး။ Privacy ေပါ့ဆိုၿပီး ေျပာေနေပမယ့္ သုံးတဲ့အခ်ိန္ ႏွာေခါင္းပဲ ျမင္ရတာနဲ႔ မသုံးတဲ့အခ်ိန္မွာလည္း သာမန္ Screen-to-Body Ratio ပဲရေနေတာ့ ဘာလို႔ Gimmick တစ္ခုအေနနဲ႔ ဆက္သုံးေနလဲေတာင္ ေမးလာမိေနပါၿပီ။

ၿပီးေတာ့ လုံးဝမႀကိဳက္တာက သာမန္ 16:9 Ratio ကိုပဲ ဆက္သုံးထားတာပါ – Yea, yeah… 16:9 Ratio မွ ႐ုပ္ရွင္ၾကည့္လို႔ေကာင္းတာေပါ့ဆိုတဲ့သူေတြရွိေနတုန္းပါ။ ဒါေပမယ့္ Laptop တစ္လုံးကို အလုပ္လုပ္ဖို႔ထက္ ႐ုပ္ရွင္ၾကည့္ဖို႔အတြက္ပဲ အရင္စဥ္းစားမယ္ဆိုရင္ေတာ့ ျဖစ္နိုင္ရင္ မဝယ္တာပဲ ပိုေကာင္းပါလိမ့္မယ္။ ဒါကို ထည့္ေျပာရတာကလည္း အရင္ MateBook 13 တုန္းက ေတာ္ေတာ္ကို သေဘာက်မိ၊ Display Quality မတရားေကာင္းတဲ့ QHD Resolution နဲ႔ 3:2 Ratio Display ကို သုံးခဲ့လို႔ပါ။ အခုၾကေတာ့ Quality ကလည္း သာမန္ျဖစ္ေနတဲ့အျပင္ သာမန္အျဖစ္ဆုံး 16:9 Ratio ဆိုေတာ့ သိပ္မႀကိဳက္သလိုျဖစ္ေနပါတယ္။ ဒါက ေျပာရရင္ Complaint ထက္ Nitpicking လုပ္တာပါ – အနည္းဆုံး 16:10 ေတာင္မဆိုးဘူး။

အဲ့ေတာ့ သာမန္အတြကက္ေတာ့ 250Nits Brightness ကလည္း အဆင္ေျပတယ္။ Color Accuracy ကအစ အကုန္သာမန္ပဲ။ ဒီေစ်းဝန္းက်င္မွာ ဒီေစ်းဝန္းက်င္အဆင့္ Display ပါ။

စကားမစပ္ေျပာရမယ္ဆိုရင္ Display Hinge က 180-degree ရတာမိုက္တယ္၊ ဒါေပမယ့္ Basic ပိုက်တဲ့ One Finger Lift မရတာကိုေတာ့ မႀကိဳက္ျပန္ :3

ဆက္ေျပာရရင္ ႀကိဳက္မိတဲ့အခ်က္ျဖစ္ပါလိမ့္မယ္။

Keyboard – Clicky ျဖစ္တဲ့ Responsive ျဖစ္တဲ့ Keyboard တစ္ခုရဲ့ ေျပာင္းျပန္ပါ။ Key Travel က Apple Butterfly Switch ေတြလိုပဲ မတရားနည္းတယ္။ Clicky မျဖစ္ေနဘူး၊ ဒါေပမယ့္ Butterfly ေလာက္ အသံမက်ယ္ဘူး၊ အျမန္ရိုက္လည္း လက္ေခ်ာင္းေတြကို Stress မျဖစ္သလို လက္ကသြားနိုင္သေလာက္ကို အျမန္ရိုက္နိုင္တဲ့ Keyboard တစ္ခုပါ။ ေျပာရရင္ Clicky မျဖစ္ေတာ့ Spring ေတြကေန ေနာက္ Key တစ္ခုကို ထပ္သြားဖို႔ တြန္းအားေပးသလိုေတာ့ မျဖစ္ေနဘူး၊ အဲ့ေတာ့ အဲ့လိုမ်ိဳး ရိုက္တတ္တဲ့လူေတြမဟုတ္ပဲ ဒီအတိုင္း Keyboard ကို ပုံမွန္ပဲ အျမန္ရိုက္မယ္ဆိုရင္ေတာ့ Accurate ျဖစ္တယ္၊ ၿပီးေတာ့ ရိုက္ေလ ရိုက္လို႔ေကာင္းလာတဲ့ Keyboard တစ္ခုပါ။

ၿပီးေတာ့ Backlit က 2-steps ရမယ္၊ ဘာပဲျဖစ္ျဖစ္ Basic Things တစ္ခုေပမယ့္ မဆိုးဘူး၊ Keyboard Layout က Weird ျဖစ္ေနတာမ်ိဳးလည္းမရွိေနဘူး။ Display က သာမန္ပဲဆိုေပမယ့္ ဒီ Keyboard ေၾကာင့္ Primary Laptop တစ္လုံးအေနနဲ႔ အလုပ္လုပ္ရမယ္ဆိုရင္ေတာင္ ေပ်ာ္ေပ်ာ္ႀကီးလုပ္ျဖစ္မယ့္ Laptop တစ္လုံးျဖစ္မွာပါ။ အဲ့ဒီထက္လည္း ကၽြန္ေတာ္တို႔အတြက္ ခ်ီးက်ဴးဖို႔မရွိေတာ့ပါဘူး။

TouchPad ကေတာ့ Glass Coating မပါေတာ့ စစျခင္း Feeling က တမ်ိဳးျဖစ္ေနတာကလြဲရင္ အဆင္ေျပတယ္။ Metal Texture ဆိုေပမယ့္လည္း သိသိသာသာႀကီး အားနည္းေနတာမ်ိဳးမဟုတ္ဘူး။ ဒါေပမယ့္ တမ်ိဳးျဖစ္ေနတုန္းပဲ :3

ေနာက္ဆုံးက Audio ပိုင္း – Speaker Setup က Dolby Audio လည္းမပါေတာ့ဘူးဆိုေတာ့ MateBook 13 လိုမ်ိဳးေတာ္ေတာ္ေလးကို ေကာင္းတဲ့အဆင့္ကေန သာမန္ကိုပဲ ျပန္ဆင္းတယ္။ ဒါေပမယ့္လည္း Windows Laptop အကုန္လုံးနီးပါးက ဒီေစ်းေတြမွာ သာမန္မဟုတ္ရင္ အစုတ္ပဲဆိုေတာ့ သိပ္ေတာ့မထူး။

အဲ့ေတာ့ ေရွာင္ေနတဲ့ Performance နဲ႔ Huawei ရဲ့ Software ပိုင္းေလာက္ပဲ က်န္မယ္။ ကဲ… Ryzen 3700U ကို ေျပာၾကတာေပါ့။


အရင္ဆုံးဒီေကာင့္ RAW Performance က 10th Gen i5 ေလာက္ပဲရွိမယ္၊ Ryzen 4500U ထက္ဆိုရင္ 50% ေလာက္ပိုေႏွး၊ 4700U ဆိုရင္ 75% ေလာက္အထိကို ပိုေႏွးနိုင္တယ္။ သုံးလို႔မရတဲ့အဆင့္ေတာ့မဟုတ္ဘူး – ဒါေပမယ့္ RAW Performance ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာကေတာ့ မဝယ္သင့္တဲ့အေျခအေနမွာရွိေနတယ္။

ဒါေပမယ့္ Performance Cap ျမင့္ေနတိုင္း အဲ့ Performance Cap အထိ လူတိုင္းသုံးေနတာမ်ိဳးမဟုတ္ျပန္ဘူး။ ေျပာရရင္ ကၽြန္ေတာ္တို႔ စမ္းျဖစ္တာဆိုလို႔ Daily သုံးတဲ့ Web Browsing ၊ Microsoft 365 နဲ႔ စာရိုက္တာေလာက္အတြက္ကေတာ့ လိုတာထက္ကို ပိုအဆင္ေျပေနတုန္းပဲ။ ဒါေပမယ့္ တစ္ေနရာမွာေတာ့ သိပ္မႀကိဳက္သလိုျဖစ္မိျပန္တယ္။ အဲ့ဒါကေတာ့ RAM ပါ။

ေျပာရရင္ Huawei PC Manager ကေန RAM Information မွာ 2667MHz RAM လို႔ေတာ့ ေရးထားတယ္၊ ဒါေပမယ့္ တကယ္တမ္း Run တဲ့ Speed က 2400MHz ပဲ၊ ၿပီးေတာ့ 8GB ကိုပါ Ryzen ဆိုေတာ့ System က ယူထားတာတြက္လိုက္ရင္ 6GB ေလာက္ပဲက်န္ေတာ့တယ္။ အဲ့မွာ Chrome လိုမ်ိဳး Heavy Browsing လုပ္ရင္ 8GB ခ်င္းတူတဲ့တျခား Laptop ထက္ေတာင္ ေႏွးသလိုခံစားရတယ္။

ဒါေပမယ့္ RAM ကို အားမရေပမယ့္ Surprised ျဖစ္သြားတဲ့ေနရာရွိေနျပန္တယ္။ အဲ့ဒါက 512GB PCI-E SSD ပါ။ Read Speed က 3,400MB/s နဲ႔ Write Speed ကို 2,700fpsMB/s အထက္ကို ရေနတယ္။ ဒါက ဟုတ္ေရာ ဟုတ္ရဲ့လားဆိုၿပီးေတာင္ ျဖစ္သြားေစတာပါ။ ေျပာရရင္ ဝင္သမၽွ MateBook ေတြထဲမွာလည္း ဒီ MateBook D14 ရဲ့ SSD က အျမန္ဆုံး – ေျပာရရင္ ေစ်းအႀကီးဆုံး Ultrabook ေတြနဲ႔ေတာင္ ယွဥ္လို႔ရတဲ့ PCI-E SSD ကို ထည့္ေပးထားတာပါ။

ေနာက္ထပ္ Performance နဲ႔ဆိုင္တာက Vega 8 Graphics ပါ။ မွန္တယ္ – အရမ္းေတ့ာ ေကာင္းမွာမဟုတ္ဘူး။ ဒါေပမယ့္ Valorant ေလာက္ကို Low or Med Setting မွာ 65+ fps ကို Heat လုံးဝမရွိသေလာက္နဲ႔ေဆာ့လို႔ရတယ္။ ဒါက 4700U မွာပါတဲ့ Vega 7 ထက္ ထက္ဝက္ေလာက္ကို ပိုစုတ္တယ္ – ဒါေပမယ့္ eSport ေလာက္ကေတာ့ အဆင္ေျပမွာပါ။ Throtting တို႔ Heat တို႔မရွိတာကိုေတာ့ သေဘာက်မိပါတယ္။

ၿပီးေတာ့ ဒီလိုမ်ိဳး Gen အနိမ့္ Laptop တစ္ခုကို အျပစ္မရွာသင့္ေပမယ့္ Wi-Fi 6 မပါေသးဘူး။ ဒါကလည္း Complaint ထက္ ဒီ $699 ေစ်းမွာပဲ Wi-FI 6 ထည့္ထားနိုင္တဲ့ Laptop ေတြရွိလာလို႔ Nickpick လုပ္တာပါ။

အဲ့ေတာ့ Huawei MateBook D14 ရဲ့ Performance ကၽြန္ေတာ္တို႔အတြက္ကေတာ့ အဆင္ေျပေနတယ္ – ဒါေပမယ့္ Recommend ေပးဖို႔ကေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္ရဲ့ Performance Cap က မတူေနေတာ့ ဒီ Performance Level ေအာက္မွာပဲ ေနနိုင္ရင္ေတာ့ Design ၊ Quality နဲ႔ Keyboard ေတြက သုံးရတာေပ်ာ္ေစမွာပါ။

ေနာက္ထပ္ေျပာသင့္တာက Huawei ရဲ့ Software ေတြပါ။

ေျပာရရင္ Huawei က Xiaomi လိုပဲ တ႐ုတ္ Laptop ပါ။ ဒါေပမယ့္ Huawei Laptop ေတြမွာပါတဲ့ PC Manager လိုမ်ိဳး Feature ေတြက ႀကိဳက္လည္းႀကိဳက္သလို မလိုအပ္ဘူးလည္းထင္မိတဲ့ Feature တစ္ခုလို႔ေျပာရမွာပါ။

ဘယ္လိုလဲဆိုေတာ့ ဒီ PC Manager ကေန Huawei ဖုန္းနဲ႔ ခ်ိတ္လို႔ရမယ္။ ဒါေပမယ့္ Basic အက်ဆုံးက Driver မစုံတာေတြ၊ Updae ေတြနဲ႔ တျခား PC Maintainence ကို လုပ္ေပးနိုင္မယ္။ ဘာပဲျဖစ္ျဖစ္ Driver Update လြယ္လြယ္လုပ္လို႔ရတာက Xiaomi Laptop တစ္လုံးကို Chinese Windows ကေန English Windows ေျပာင္းဖူးတဲ့လူေတြဆိုရင္ မတရားကို Welcome လုပ္မိမယ့္ Feature တစ္ခုျဖစ္လာပါတယ္။

က်န္တဲ့ Huawei ဖုန္းနဲ႔ ခ်ိတ္တာကေတာ့ ေျပာရရင္ OneHop Share ဆိုတာမ်ိဳးေလာက္ပဲ သေဘာက်မိတယ္၊ ပုံပဲျဖစ္ျဖစ္၊ Video ပဲျဖစ္ျဖစ္ ပို႔ရတာျမန္တယ္၊ ဒါေပမယ့္ Windows မွာ Your Phone ကို သုံးရတာကိုပဲ ပိုသေဘာက်ေနၿပီးေတာ့ Samsung ဖုန္းေတြမွာလိုမ်ိဳး Your Phone ကိုပဲ ပိုၿပီး Integrate လုပ္တာက User Experience ပိုင္းမွာ ပိုေကာင္းတယ္ျမင္ေနတုန္းပဲ။ ေျပာရရင္ သာမန္ Android ဖုန္းနဲ႔ Laptop ကို Your Phone သုံးၿပီးခ်ိတ္ရင္ေတာင္ ဖုန္းလာရင္ ဒါမွမဟုတ္ Message ေတြကို Laptop မွာ ျမင္ရေပမယ့္ Huawei ရဲ့ ကိုယ္ပိုင္ Ecosystem ဆိုတာက NFC Tag နဲ႔ ခ်ိတ္၊ ၿပီးရင္လည္း ဒီလိုမ်ိဳး Feature ေတြသုံးမရေတာ့ အားမရ။ ၿပီးေတာ့ MateBook 14 ဝယ္ၿပီး တျခား NFC ပါတဲ့ Huawei ဖုန္းမရွိေနရင္လည္း တျခားဘယ္ဖုန္းနဲ႔မွ သုံးမရတာကလည္း ကိုယ့္ကိုယ္ကို ျပန္ Limit လုပ္ေနသလိုခံစားရတယ္။

Display ကိုလည္း အဲ့လိုပဲ Display Manager ဆိုၿပီး Right Click Menu မွာ ရွိေနတယ္။ အမွန္အတိုင္းေျပာရရင္ ဒီလိုမ်ိဳး Feature ေတြက OEM Laptop တိုင္းေတာ့ ပါေပမယ့္ နည္းနည္း Creepy ျဖစ္တဲ့ Feeling ရေနတယ္။ Maybe – Only Us. :3

က်န္တဲ့ Battery ပိုင္းကေတာ့ 56Wh Battery က 6hr ေလာက္ေအးေဆးရမယ္၊ USB-C Charging က 65W ေပမယ့္ Huawei P40 Pro ကို 40W အျပည့္သြင္းလို႔ရေနတာေလးကလည္း ေတာ္ေတာ္ေလးကို အဆင္ေျပတယ္။ ေျပာရရင္ ဒါကမွ USB-PD မဟုတ္ေပမယ့္ Ecosystem တစ္ခုထဲလို ခံစားရတယ္။

ေနာက္ၿပီး သေဘာက်မိတဲ့အခ်က္က Power Button မွာထည့္ထားတဲ့ Fingerprint က TPM Level ဆိုေတာ့ Power ဖြင့္လိုက္တာနဲ႔ Fingerprint Information ကိုမွတ္ထားၿပီး တန္း Log-in ျဖစ္သြားတာက မိုက္တယ္။ ေျပာရရင္ TouchPad မွာပဲ အျဖစ္ထည့္ထားတာထက္ေတာ့ အမ်ားႀကီးပိုေကာင္းပါတယ္။

အဲ့ေတာ့ကာ Huawei MateBook D14 ကို ဘယ္လိုျမင္လဲ?

အျမင္ဆိုေတာ့ ကၽြန္ေတာ္တို႔အျမင္ကို အရင္ေျပာတာေပါ့။ Huawei MateBook D14 က တကယ္ကို ကၽြန္ေတာ္တို႔ကို လာၿပီး Daily အေနနဲ႔ Primary သုံးခိုင္းမယ္ဆိုရင္ ေပ်ာ္ေပ်ာ္ႀကီးကို သုံးမယ့္ Laptop ပါ။ ဒါကလည္း ရွင္းတယ္ – ကၽြန္ေတာ္တို႔လုပ္ေနတဲ့ Work Case အတြက္ Performance Cap က ဒီ MateBook D14 ရဲ့ Performance Cap ေအာက္မွာပဲရွိေနလို႔ပါ။ ကၽြန္ေတာ္တို႔က Laptop ဖြင့္တိုင္း အလုပ္မလုပ္၊ ပိုက္ဆံမရွာပဲ Benchmark ေတြ ထိုင္ Run ေနၿပီး အေကာင္းဆုံး Ryzen 4000 Series ကြလို႔ ေအာ္ေနမယ့္လူေတြလည္းမဟုတ္ေနဘူးေလ။

အဲ့ေတာ့ ေျပာခ်င္တာက ကိုယ္သုံးမယ့္ Performance တစ္ခုက ဒီ MateBook D14 က လိုက္နိုင္မယ္ဆိုရင္ က်န္တဲ့အခ်က္အကုန္လုံးနီးပါးက သုံးရတာကို ေပ်ာ္ေစမွာေသခ်ာပါတယ္။ အထူးသျဖင့္ Keyboard ပါ။ တကယ္လို႔ Huawei ဖုန္းတစ္လုံးသုံးေနရင္ ပိုေတာင္ အဆင္ေျပနိုင္ပါေသးတယ္။

အဲ့လိုမွမဟုတ္ဘူး – Ryzen 4000 ျဖစ္မွဆိုတဲ့ အေၾကာင္းျပခ်က္ေကာင္းေကာင္း ကိုယ့္ဆီမွာရွိေနတယ္၊ ေစာင့္နိုင္တယ္ဆိုရင္ေတာ့ ပိုေကာင္းတဲ့ Laptop ေတြရွိေနနိုင္ပါတယ္။ ရွိလည္းအခုေတာင္ ရွိေနၿပီလို႔ ေျပာလို႔ရေပမယ့္ အခုက Huawei MateBook D14 အေၾကာင္းဆိုေတာ့ ဒီမွာပဲရပ္ပါမယ္။

Thanks for Reading.
#TechGadgetMM