Sunday, July 21, 2019

`သက်ကြီးရွယ်အိုနှင့် ရေ´


(Dr. Hla Kyi)


အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေနှင့် ယှဉ် လိုက်လျှင် နဂိုကတည်းက ခန္ဓာကိုယ်ထဲမှာ ရေထုနည်း နေတဲ့အတွက် ရေဓာတ်ခန်းခြောက်တဲ့ အခြေအနေ (dehydration) ကို ကြုံတွေ့နိုင်တဲ့ အန္တရာယ် ပိုများပါ တယ်။ ခန္ဓာကိုယ်ထဲမှာ ရေတွေ ဘယ်လို ဖြန့်ကြက် တည်ရှိနေတယ်ဆိုတာ ဦးစွာ ရှင်းပြပါမယ်။


လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ရေ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေပြား၊ြွကက်သား၊ အဆီပြင်၊ အရိုး စတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေ၊ အသည်း၊ အဆုတ်၊ နှလုံး စတဲ့ ကလီစာ တွေဟာ သန်းပေါင်းများစွာသော ရုပ်ကလာပ်စည်း (Cell – ဆဲလ်) များနှင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုလျှင် ခန္ဓာကိုယ်ဟာ အုတ်ချပ် ကလေးတွေ အမြောက်အမြားနှင့် တည် ဆောက်ထားတဲ့ တိုက်အိမ်တစ်လုံးနှင့် တူပြီး ရုပ်ကလာပ်စည်း (ဆဲလ်) တွေက အုတ်ချပ်ကလေးများနှင့် တူပါတယ်။ တိုက်အိမ် ဆောက်ထားတဲ့ အုတ်ချပ်ကလေးတွေ တစ်ခုနှင့်တစ်ခု ကြားမှာ ကြားခံ ကွက်လပ် (space) နေရာကလေးတွေ ရှိနေသလိုပဲ ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ခုနှင့်တစ်ခုကြားမှာ လည်း ကွက်လပ် (space) တွေ ဖြစ်နေပါတယ်။ အဲဒီ ကြားခံကွက်လပ်ထဲမှာ သွေးလွှတ်ကြောတွေ၊ သွေးပြန် ကြောတွေ ရှိနေပါတယ်။

ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာရော၊ ဆဲလ်တစ်ခုနှင့် တစ်ခုကြားက ကွက်လပ်ထဲမှာရော ရေ (အရည်) တွေ ရှိနေပါတယ်။ သွေးကြောများအတွင်း စီးသွားနေတဲ့ သွေးကို ဓာတ်ခွဲကြည့်မယ်ဆိုလျှင်လည်း အလေးချိန် အားဖြင့် ၂၀% လောက်ဟာ သွေးနီဥတွေ၊ သွေးဖြူဥတွေ၊ ပရိုတင်းနှင့် ဗီတာမင် စတဲ့ အာဟာရတွေဖြစ်ပြီး ကျန်တဲ့ ၈၀% ကျော်က ရေတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ရေအများစု (၆၀% မှ ၇၀%) ဟာ ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာ ရှိနေခြင်း ဖြစ်ပါ တယ်။ သွေးအပါအဝင် ဆဲလ်တွေရဲ့အပြင်မှာ ရှိနေတဲ့

ရေပမာဏဟာ ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာရှိနေတဲ့ ရေပမာဏလောက် မများပါဘူး။


 သက်ကြီးရွယ်အိုတွေရဲ့  ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ရေ

အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေနှင့် ယှဉ် လိုက်လျှင် ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့ အခြေ အနေကို ကြုံတွေ့နိုင်တဲ့ အန္တရာယ် ပိုများရခြင်းရဲ့ အကြောင်းတစ်ခုက အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ် ထဲမှာ ရှိနေတဲ့ ရေ အချိုးအဆ နည်းသွားခြင်း ဖြစ်ပါတယ်။ လူရွယ်၊ လူလတ် အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရေတွေရဲ့ အလေးချိန်ဟာ ကိုယ် အလေးချိန်ရဲ့ ၆၀% လောက် ရှိပါတယ်။ သက်ကြီးရွယ် အိုဘဝ ရောက်တဲ့အခါ ရေရဲ့အလေးချိန်ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၅၅% လောက်သာ ရှိပါတော့တယ်။ ယခုလို လျော့သွားရတဲ့ အကြောင်းရင်းတစ်ခုက ခန္ဓာကိုယ်မှာြွကက်သားထုနည်းသွားခြင်းကြောင့် ဖြစ်ပါတယ်။ြွကက်သားတစ်ခုရဲ့ အလေးချိန်ဟာ ၁၀ ကျပ်သား ရှိတယ် ဆိုရင် ၇ ကျပ်ခွဲသား (၇၅%) ဟာြွကက်သားတွေမှာရှိနေ တဲ့ ရေရဲ့အလေးချိန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ြွကက်သားတွေဟာ ရေပါဝင်မှုများတဲ့ တစ်ရှူး(Tissue = ဆဲလ်အစုအဝေး) တွေ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေထုထည် အနည်း၊ အများဟာ အဲဒီလူမှာရှိတဲ့ြွကက်သားထု အကြီး၊ အသေးနှင့်လည်း သက်ဆိုင်ပါတယ်။ြွကက်သားထုကြီး သူရဲ့ ခန္ဓာကိုယ်မှာ ရေပိုများပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေပမာဏဟာ ကိုယ်အလေးချိန်ချင်းတူတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေပမာဏထက် ပိုပြီးများပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယောကျာ်းတွေရဲ့ခန္ဓာကိုယ် က မိန်းမတွေရဲ့ ခန္ဓာကိုယ်ထက်ြွကက်သား ပိုများလို့ ဖြစ်ပါတယ်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အသက် ကြီးပိုင်း (၅၀ ကျော်) အရွယ်ကို ရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာြွကက်သားထု တဖြည်းဖြည်းလျော့နည်း လာတာဟာ သဘာဝပါပဲ။ ဝတဲ့လူတွေမှာ အဆီတွေ ဖုံးနေလို့ မသိသာပေမယ့် မဝတဲ့သူတွေမှာ အသက်ကြီး လာတာနဲ့အမျှြွကက်သားတွေ သေးလာတာ၊ ပျော့လာ တာ သိသာပါတယ်။ အလောင်းစည်သူမင်းကြီးက သူ့လက်ရုံးကို ဆန့်တန်းပြီး "ငါ မအိုသေးဘူး" လို့ ကြုံးဝါး တဲ့အခါ လက်မောင်ြးွကက်သားတွေ လျော့ရဲရဲဖြစ်နေ တာကို မြင်ရတဲ့ အမတ်တွေက ကျိတ်ပြီး ရယ်ကြတဲ့ ရာဇဝင်ကို ကြားဖူးကြပါလိမ့်မယ်။

အသက်ကြီးတဲ့အခါ ရေပါဝင်မှုများတဲ့ြွကက်သား ထု လျော့သွားတယ်ဆိုတော့ ခန္ဓာကိုယ်ရဲ့ ရေထုလည်း လျော့သွားတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ လူ တစ်ယောက်ဟာ အသက် ၂၀ အရွယ်ကနေ အသက် ၈၀ ကြားထဲမှာ ခန္ဓာကိုယ်ကနေ ရေ ၄ လီတာမှ ၆ လီတာအထိ လျော့သွားတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်နှင့် တစ်ယောက်တော့ မတူပါဘူး။ ဝိတ် (အလေး) မ တဲ့ အားကစားမျိုးလုပ်ရင်ြွကက်သားထုကို ထိန်းထားနိုင် တယ်ဆိုပေမယ့် အသက်ကြီးရင်ြွကက်သားထုလျော့ သွားတယ်ဆိုတဲ့ အခြေခံသဘောနှင့် ဖြစ်စဉ်ကိုတော့ ဘယ်သူမှ ရပ်ထားလို့ မရပါဘူး။


သတိမေ့တတ်ခြင်း၊ လှုပ်ရှားရန် ခက်ခဲခြင်း

ပစ္စည်းတစ်ခုကိုယူမယ်လို့ စိတ်ကူးပြီး အခန်းထဲ ဝင်သွားတယ်။ အထဲရောက်တော့ ငါဘာလုပ်ဖို့ ဝင်လာ တယ်ဆိုတာ သတိမရတော့လို့ ဘာမှမလုပ်ဘဲ ပြန်ထွက် လာရတာမျိုးဟာ အသက်အရွယ်ကြီးလာတဲ့အခါ ပိုပြီး ဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူတွေမှာ ဒီလိုဖြစ်တာက လုပ်စရာတွေများပြီး အာရုံထွေပြားနေလို့ ဖြစ်တာပါ။ သက်ကြီးရွယ်အိုမှာတော့ အာရုံတစ်ခု၊ အတွေးတစ်ခု တည်းမှာ စိတ်ကို စူးစိုက်မထားနိုင်တော့လို့ မှတ်ဥာဏ် အားနည်းလာလို့ ဖြစ်ပါတယ်။ အချို့သက်ကြီးရွယ်အို တွေဟာ ရေသောက်ဖို့ကိုပင် မေ့နေတတ်ကြပါတယ်။ ရေသောက်ပြီးပြီလား၊ မသောက်ရသေးဘူးလားဆိုတာ လည်း ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ ရေသောက်ဦးမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေရှိရာကို ထသွားပြီးမှ ရေမသောက် ဖြစ်ဘဲ ပြန်လာတာမျိုး ရှိပါတယ်။ ရေသောက်ဖို့ ပြောထား၊ မှာထားပေမယ့် မေ့ပြီး မသောက်ဖြစ်တာမျိုးလည်း ရှိပါ တယ်။ ရေသောက်ချင်စိတ်ရှိနေပေမယ့် ရေအိုးစင်ရှိရာ၊ ရေခဲသေတ္တာရှိရာ နေရာကိုလည်း ထမသွားနိုင်၊ ခိုင်းစရာ လူက မရှိ၊ ရှိတဲ့လူကလည်း သူ့အလုပ်နှင့်သူရှုပ်နေတာမို့ အားနာပြီး မပြောဖြစ်တာ၊ မသောက်ဖြစ်တာမျိုးတွေ လည်း ရှိနိုင်ပါတယ်။

အဲဒါတွေကို ဖြေရှင်းတဲ့ နည်းကတော့ အိမ်မှာ သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများရှိလျှင် သူတို့ လက် လှမ်းမီတဲ့နေရာမှာ သောက်ရေချိုင့်၊ သောက်ရေပုလင်း ကို အဆင်သင့်ထားပေးဖို့ ဖြစ်ပါတယ်။ ရေသောက်လိုက် ပါဦး ဆိုတာကိုလည်း မကြာမကြာ သတိပေးသင့်ပါတယ်။ လိုအပ်လျှင် ကိုယ်တိုင်တိုက်ပေးရပါမယ်။ ရေဆာနေပြီလားလို့ မေးမနေတော့ဘဲ အချိန်မှန် (ဥပမာ- တစ်နာရီတစ်ခါ) ရေတိုက်ပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ လူတစ်ယောက်ဟာ ရာသီဥတု မျှတတဲ့ ရက်တစ်ရက်မှာ ရေနှင့် အရည်အမျိုးမျိုး ၂ လီတာ လောက် သောက်သင့်ပါတယ်။


ရေဆာသည့် ခံစားမှု လျော့နည်းသွားခြင်း

လူတစ်ယောက်ဟာ ရေသောက်တဲ့ပမာဏ နည်း တယ်၊ ဒါမှမဟုတ် (ဝမ်းသွားလို့၊ ချွေးထွက်များလို့) ရေဆုံးရှုံးမှုပမာဏ များသွားတယ်ဆိုရင် သွေးထုထည် နည်းသွားပြီ။ သွေးဟာ ပျစ်လာပါတယ်။ လူရဲ့ ဦးနှောက် တစ်နေရာမှာ ရှိနေတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းကလေးဟာ သွေးပျစ် လာတာကို ခံစားသိရှိနိုင်စွမ်းရှိပါတယ်။ ပစ်ကျူထရီ ဂလင်းကလေးက ဦးနှောက်ရဲ့ ရေဆာခြင်းကို ထိန်းချုပ်ရာ ဌာန (thirst centre) ကို သွေးတွေပျစ်လာတဲ့အကြောင်း သတင်းပို့လိုက်တဲ့အခါ လူမှာ ရေဆာတယ်ဆိုတဲ့ ခံစား ချက် ဖြစ်ပေါ်လာပါတယ်။

ရေဆာတယ်ဆိုတဲ့ ခံစားမှုဖြစ်လာတဲ့အခါ စကား ပြောတတ်တဲ့အရွယ် ကလေးတွေကအစ ]ရေသောက် ချင်တယ်၊ ရေသောက်မယ်} လို့ ပြောတတ်ကြပြီး စကား မပြောတတ်သေးတဲ့အရွယ် ကလေးငယ်များက ရေအိုး ကို လက်ညှိုးထိုးပြပြီး ငိုတဲ့နည်းနဲ့ ခံစားမှုကို ပြသကြပါ တယ်။ ရေဆာလာတဲ့အတွက် ရေကို အဝသောက်လိုက် လျှင် ခန္ဓာကိုယ်မှာ ရေထုနည်းနေတဲ့ အခြေအနေဟာ သက်သာပြေပျောက်သွားပါတော့တယ်။

သက်ကြီးရွယ်အိုဘဝမှာ ရေသောက်နည်းလို့ သွေးကျဲနေတာကို ပစ်ကျူထရီဂလင်းက ခံစားနိုင်စွမ်း နည်းလာပါတယ်။ ရေငတ်တယ်ဆိုတဲ့ ခံစားမှုကလည်း မထက်မြက်တော့ပါဘူး။ ဒီလိုနှင့် မဆာတော့ မသောက်၊ မသောက်တော့ ရေခန်းခြောက်ဆိုတဲ့ အဆင့်ကို ရောက် သွားတတ်ပါတယ်။

အသက်ကြီး (၅၀ ကျော်) လာတာနှင့်အမျှ ခန္ဓာ ကိုယ်ရဲ့ ရေထုလျော့နည်းသွားတဲ့ ဖြစ်စဉ်ကြောင့် သက်ကြီးရွယ်အိုတွေဟာ ငယ်ရွယ်သူတွေနှင့်ယှဉ်လိုက် လျှင် ရေခန်းခြောက် (dehydration) ဖြစ်နိုင်တဲ့ အလား အလာ ပိုများပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ချွေးထွက် လွန်ခြင်း စသည့် အကြောင်းတွေကြောင့် ခန္ဓာကိုယ်မှ

ရေများ ထွက်သွား၊ ဆုံးရှုံးသွားတဲ့အခါ သက်ကြီးရွယ်အို တွေဟာ ခန္ဓာကိုယ် ရေခန်းခြောက်မှုအခြေအနေကို ငယ်ရွယ်သူတွေထက် ပိုပြီး လွယ်လွယ်ကူကူ ရောက်သွား နိုင်ပါတယ်။


ခန္ဓာကိုယ်အတွင်းရှိ ရေပမာဏကို ထိန်းခြင်းသဘာဝ

ဆီးသွားတာဟာ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ရေတို့ကို စွန့်ထုတ်ရာမှာ အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ ရေ သို့မဟုတ် အရည်တစ်မျိုးမျိုး သောက်တဲ့ပမာဏများလျှင် ဆီများများပေါက်တာဟာ ခန္ဓာကိုယ်အတွင်းမှာ ပိုနေတဲ့ ရေတွေကို စွန့်ထုတ်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ဝမ်းလျှောလျှင်ဖြစ်စေ၊ ချွေးထွက်များလျှင်ဖြစ်စေ ခန္ဓာ ကိုယ်မှ ရေဆုံးရှုံးမှု များနေတဲ့အခါ ဆီးနည်းသွားတာက ခန္ဓာကိုယ်မှ ရေတွေ ထပ်ပြီးမဆုံးရှုံးရအောင် ထိန်းတဲ့ သဘော ဖြစ်ပါတယ်။ အရည်သောက်နည်းတဲ့အခါ ဆီးနည်းသွားတာက ခန္ဓာကိုယ်ထဲကို ရေအဝင်၊ အထွက် မျှတအောင် ထိန်းတဲ့သဘောဖြစ်ပါတယ်။

ခန္ဓာကိုယ်မှ ရေအများအပြားဆုံးရှုံးတဲ့အခါမှာ ဖြစ်စေ၊ အရည်သောက်တဲ့ ပမာဏ နည်းတဲ့အခါဖြစ်စေ သွေးထုထည်ဟာ နည်းသွားပါတယ်။ ဒါကို ဦးနှောက်ရဲ့ တစ်နေရာမှာ ရှိနေတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) လေးက သိပါတယ်။ အဲဒီလို သိလိုက်တဲ့အခါ ပစ်ကျူထရီဂလင်းလေးက အင်တီဒိုင်ယူရက်တစ် ဟော်မုန်း (Antidiuretic Hormone-ADH) ဆိုတဲ့ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ Antidiuretic ဟော်မုန်း ဆိုတာ ဆီးသွားခြင်းကို ဆန့်ကျင်တဲ့ (ဆီးသွားတဲ့ ပမာဏကို နည်းစေတဲ့) ဟော်မုန်းလို့ ဆိုလိုပါတယ်။

ADH ဟော်မုန်းဟာ သွေးထဲမှာ လိုက်ပါလာပြီး ကျောက်ကပ်တွေဆီရောက်တဲ့အခါ ကျောက်ကပ်ရဲ့ ကျင်ငယ်ရည်ထုတ်လုပ်မှုလုပ်ငန်းမှာ စွက်ဖက်ခြင်းအား ဖြင့် ဆီးသွားတဲ့ပမာဏကို နည်းစေခြင်း ဖြစ်ပါတယ်။


ဆီးပေါက်ခြင်း (ကျပ်ငယ်စွန့်ခြင်း)

ဆီးဟာ ကျောက်ကပ်တွေထဲကို ရောက်လာတဲ့ သွေးရည်က ဖြစ်လာတာပါ။ သွေးရည်မှ ကျင်ငယ်ရည် ဖြစ်လာတဲ့အထိ ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်ကို အဆင့်

(၃ )ဆင့်အနေနဲ့ နားလည်ထားနိုင်ပါတယ်။

(၁)     ပထမအဆင့်မှာ ကျောက်ကပ်တွေထဲကို ရောက်လာတဲ့ သွေးတွေထဲက သွေးရည် အချို့ကို ရေစစ်သလို စစ်ထုတ်လိုက်ခြင်း (Filtration) ဖြစ်ပြီး၊

(၂)     ဒုတိယအဆင့်မှာ စစ်ထုတ်လိုက်လို့ ထွက် လာတဲ့အရည်(Filtrate-စစ်ထုတ်ရည် ဆို ပါစို့) ထဲက ရေအများအပြားနှင့် ခန္ဓာကိုယ် အတွက် အသုံးကျတဲ့ ဂလူးကို့စ်၊ ဆိုဒီယမ် စသည့် အာဟာရတွေ၊ ဓာတ်ပေါင်းတွေကို သွေးထဲကို ပြန်စုပ်ယူထားခြင်း (Reabsorption) ဖြစ်ပါတယ်။

(၃)     တတိယအဆင့်မှာတော့ စစ်ထုတ်ရည် (Filtrate) ထဲမှာ ပါသွားတဲ့ ပစ္စည်းအချို့  (ဥပမာ- ပိုတက်စီယမ်) ရဲ့ ပမာဏဟာ တကယ်စွန့်ထုတ်ပစ်ရမယ့် ပမာဏထက် နည်းနေသေးတဲ့အတွက် သွေးထဲကနေ စစ်ထုတ်ရည်ထဲကို ထပ်မံဖြည့်ပေးရခြင်း (Secretion) ပြန်ပါတယ်။

ဒီလို “လိုတိုး ပိုလျှော့” လုပ်ပြီးတော့မှ စစ်ထုတ် ရည်တွေဟာ ကျင်ငယ်ရည် (ဆီး) ရယ်လို့ ဖြစ်လာတာပါ။ ADH ဟော်မုန်းဟာ လုပ်ငန်းစဉ်ရဲ့ ဒုတိယအဆင့် ဖြစ်တဲ့ စစ်ထုတ်ရည်ထဲက ရေတွေကို သွေးတွေထဲ ပြန်လည်စုပ်ယူတဲ့ (Reabsorption) လုပ်ငန်းမှာ ပါဝင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်တွေထဲကနေ စစ်ထုတ်လိုက်တဲ့ သွေးရည်ပမာဏဟာ ၁ မိနစ်မှာ ၁၂၅ မီလီလီတာလောက် ရှိလေတော့ တစ်ရက်မှာ ၁၈၀ လီတာလောက် ရှိပါတယ်။ ဒီစစ်ထုတ်ရည်အားလုံးသာ ကျင်ငယ်ရည်ဖြစ်လာမယ်ဆိုရင် လူတစ်ယောက်ဟာ တစ်ရက်မှာ ဆီး ၁၈၀ လီတာလောက် သွားရပါလိမ့်မယ်။ တကယ်တော့ လူတစ်ယောက်ဟာ တစ်ရက်မှာ ပျမ်းမျှ ဆီးတစ်လီတာခွဲလောက်သာ သွားပါတယ်။ ကျန်တဲ့ရေ အားလုံးကို စစ်ထုတ်ရည်ကနေ သွေးထဲ ပြန်ရောက် အောင် ပြန်စုပ်ယူရပါတယ်။ ADH ဟော်မုန်းက စစ်ထုတ် ရည်ထဲက ရေတွေကို သွေးထဲရောက်အောင် ပြန်စုပ်ယူ တဲ့ လုပ်ငန်းကို အားပေးခြင်းအားဖြင့် ဆီးပေါက်တဲ့ ပမာဏကို နည်းသွားစေပါတယ်။

သက်ကြီးရွယ်အိုတွေမှာ ပစ်ကျူထရီဂလင်းမှ

ADH ဟော်မုန်းထုတ်လုပ်တဲ့ လုပ်ငန်းဟာ မထက်မြက် တော့ပါဘူး။ ADH ဟော်မုန်းက လှုံ့ဆော်ပေးသည့်တိုင် ကျောက်ကပ်တွေက သွေးထဲကို ရေပြန်စုပ်ယူတဲ့ လုပ်ငန်းကို သွက်သွက်လက်လက် မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေမှာ ခန္ဓာကိုယ်ထဲက ရေ ပမာဏကို ထိန်းဖို့၊ ဆီးပေါက်တဲ့ပမာဏကို လိုအပ်သလို လျှော့နိုင်၊ တိုးနိုင်စွမ်း နည်းသွားပါတယ်။ ခန္ဓာကိုယ် ရေခန်းခြောက်နိုင်တဲ့ အန္တရာယ် ပိုများပါတယ်။


ခန္ဓာကိုယ်တွင် ရေခန်းခြောက်ခြင်း (dehydtation) လက္ခဏာများ

ခန္ဓာကိုယ်မှ ရေ ၅% လောက် လျော့သွားလျှင် ရေဆာခြင်း၊ နှုတ်ခမ်း၊ လျှာနှင့် အာခေါင်ခြောက်လာခြင်း၊ ဆီးနည်းပြီး အရောင်ရင့်လာခြင်း စသည့် ရှေးဦးလက္ခဏာ တွေ ဖြစ်ပေါ်လာပါတယ်။ ရေ ၁၀% နီးပါး လျော့သွားရင် သွေးခုန်နှုန်းမြန်ပြီး သွေးခုန်အား ပျော့နေခြင်း၊ သွေး ပေါင်ကျခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။

မျက်တွင်းချိုင့်လာခြင်း၊ အရေပြားတွန့်ရှုံ့လာခြင်း တို့ကိုလည်း တွေ့ရပါတယ်။ အချို့ သော သက်ကြီးရွယ်အို တွေရဲ့ လက်နဲ့ ဝမ်းဗိုက်တွေမှာ အရေပြားဟာ နဂို ကတည်းက ရှုံ့ ပြီး တွန့်နေပါတယ်။ သူတို့မှာ ရေခန်း ခြောက်မှုကြောင့် အရေပြား ရှုံ့မရှုံ့ သိနိုင်ဖို့ လက်၊ ဝမ်းဗိုက် တို့မှာ စမ်းလို့မရပါဘူး။ ရင်ဘတ်ရိုး (sternum) ရှေ့နှင့် ညှပ်ရိုး (clavicle) ရဲ့ အောက်နားမှာ စစ်ဆေးကြည့်ရပါ တယ်။ အရေပြားကို လက်ညှိုး၊ လက်မတို့နှင့် ညှပ်ပြီး အပေါ်ကို နည်းနည်း ဆွဲမç လိုက်ရပါတယ်။ ခဏနေပြီး ညှပ်ထားတဲ့ လက်ညှိုးနှင့် လက်မကို လွှတ်လိုက်တဲ့အခါ အရေပြားဟာ နဂိုနေရာကို ပြန်ပြီးလျော့ကျသွားတယ် ဆိုရင် ဒါဟာပုံမှန်ပါပဲ။ နဂိုနေရာကို ပြန်ပြီး လျော့ကျ မသွားဘဲ ရှုံ့တွန့်ပြီး ကျန်ခဲ့တယ်ဆိုရင် ရေခန်းခြောက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင် ရေခန်းခြောက်နေသူမှာ အစာ စားချင်စိတ်မရှိခြင်း၊ အားအင်ကုန်ခန်းလာခြင်း၊ လှုပ်ရှား မှုတွေ လေးလံ နှေးကွေးလာခြင်း၊ မူးဝေလာခြင်း၊ အာရုံ စူးစိုက်၍ မရခြင်း၊ အိပ်ငိုက်နေခြင်း၊ ကြောင်တိ ကြောင်တောင် ဖြစ်လာခြင်း၊ ကိုယ်အပူချိန်တက်လာခြင်း၊ြွကက်တက်ခြင်း၊ သတိချို့ယွင်းလာခြင်း၊ ဆီးချုပ်ခြင်း တို့လည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ သွေးကြောထဲကို အရည်အမျိုးမျိုး သွင်းပေးခြင်းနည်းဖြင့် ကုသဖို့ လိုအပ်နိုင်ပါတယ်။ ဆေးရုံကို အချိန်မီမရောက် တဲ့အတွက် ကျောက်ကပ်လုပ်ငန်း ထိခိုက်သွားတာ၊ အသက်သေဆုံးသွားတာမျိုးတွေ ရှိပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေ ၂၀% လောက် လျော့သွားပြီ ဆိုလျှင် အသက်သေဆုံးနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သက်ကြီးရွယ်အိုတွေကို အရေးပေါ် ဆေးရုံတင်လိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရေခန်း ခြောက်ခြင်းဟာ ထိပ်ဆုံး ၁၀ ခုမှာ ပါဝင်ပါတယ်။ ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရသူ သက်ကြီးရွယ်အိုတွေ ထဲမှာ ခန္ခာကိုယ် ရေခန်းခြောက်နေသူတွေဟာ သေဆုံး မှုနှုန်း ပိုများပါတယ်။ အသက်မသေဆုံးသည့်တိုင် ဆေးရုံ မှာ ကုသခံရတဲ့အချိန်ကာလ ပိုပြီးရှည်ကြာပါတယ်။


Saturday, July 20, 2019

*** Gout ရောဂါအကြောင်း သိကောင်းစရာ ***



........................................................................................

MWD: ဆရာရှင့်.. ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ အသက်ကြီးတဲ့သူတွေမှာ အဆစ်အမြစ်တွေ မခံနိုင်အောင်ရောင်ပြီး ဆေးရုံတက်ရတာတွေ မကြာခဏကြုံတွေ့ရပါတယ်.. ဆရာဝန်တွေကတော့ gout ရောဂါလို့ ပြောပါတယ်.. ဒီရောဂါနဲ့ပတ်သက်လို့ သိချင်ပါတယ် ဆရာ..

Dr.KML: Goutရောဂါဆိုတာ ကျွန်တော်တို့ရဲ့သွေးထဲမှာ Uric acid လို့ခေါ်တဲ့ Crystal တွေဟာ သာမာန်ရှိသင့်တာထက်များလာတဲ့အတွက် သွေးထဲမှာပဲ ဆက်မနေနိုင်တော့ဘဲ အဆစ်အမြစ်ရှိတဲ့နေရာတွေမှာ သွားပြီးစုပုံလာပါတယ်.. အဲဒီလိုစုပုံလာတဲ့ Uric acid crystal တွေကို Monosodium urate monohydrate (MSUM) လို့ခေါ်ပါတယ်.. ဒီCrystal လေးတွေဟာ ပင်အပ်ချောင်းလေးတွေလို အင်မတန်မှချွန်ထက်လှပါတယ်.. ဒီလိုအဆစ်အမြစ်တွေမှာ စုပုံလာတဲ့အတွက် အဲဒီအဆစ်အမြစ်တွေကို စူးတွေအများကြီးနဲ့ ပြိုင်တူတချိန်တည်းထိုးဆွလိုက်သလိုဖြစ်ပြီး အဆစ်တွေဟာ ချက်ချင်းဆိုသလို ရောင်ရမ်းလာတဲ့ရောဂါကိုခေါ်တာဖြစ်ပါတယ်..

MWD: ဒီရောဂါကို ဘယ်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာ..

Dr.KML: Primary gout လို့ခေါ်တဲ့ မူလဂေါက်ရောဂါစစ်စစ်ကတော့ အမျိုးသားတွေမှာ အဓိကဖြစ်ပါတယ်.. အမျိုးသမီးတွေမှာ အဖြစ်အလွန်နည်းပါတယ်. အမျိုးသား ၁၀ ယောက်ဖြစ်မှ အမျိုးသမီး ၁ယောက်လောက်ပဲ ဖြစ်ပါတယ်.. General population ရဲ့ ၁% လောက် ဖြစ်လေ့ရှိတာတွေ့ရပါတယ်..
အမျိုးသားဆိုရာမှာလည်း လူငယ်ပိုင်းမှာ ဖြစ်လေ့မရှိဘဲ အသက် ၄၀ ကျော်မှသာ ဖြစ်လေ့ရှိပါတယ်.. အမျိုးသမီးတွေမှာဖြစ်တဲ့ gout ကတော့ အခြားရောဂါတွေကို ကုသရင်းနဲ့ နောက်ဆက်တွဲအနေနဲ့ဖြစ်ခြင်းပါ.. သူ့ကိုတော့Secondary gout လို့ခေါ်ပါတယ်.. များသောအားဖြင့် အသက် ၆၅ နှစ်ကျော်မှသာ ဖြစ်လေ့ရှိပါတယ်..

MWD: ဒီရောဂါဟာ ဘယ်လိုကြောင့် ဖြစ်လာရသလဲဆိုတာ သိပါရစေဆရာ..

Dr.KML: အဓိကကတော့ သွေးထဲမှာ Uric acid တွေရှိသင့်တာထက်ပိုလာလို့ဖြစ်ရတာပါ.. ဒီလိုများတာကို Hyperuricemia လို့ခေါ်ပါတယ်.. ခုနတဖြုတ်များရုံနဲ့ ဖြစ်လေ့မရှိဘဲ အကြာကြီးများနေမှသာ ဖြစ်တာပါ.. တစ်ခုကံကောင်းတာက အဲဒီလိုအကြာကြီးများနေတဲ့သူတွေမှာတောင် ၅% လောက်ပဲ gout ရောဂါဖြစ်ပြီး ကျန်တဲ့ ၉၅% ကတော့ သူတို့ရဲ့ဘဝတစ်သက်တာလုံး
ရောဂါလက္ခဏာမပြဘဲနေလေ့ရှိပါတယ်..

ဒီ Uric acid တွေ ဘယ်ကရောက်လာသလဲကြည့်ရအောင်..
၁/၃ က နေ့စဉ် စားတဲ့အစားအစာကနေရပြီး ကျန် ၂/၃ ကတော့ ခန္ဓာကိုယ်ရဲ့ Metabolism လို့ခေါ်တဲ့ ဇီဝပြုပြင်ပြောင်းလဲမှုကနေရပါတယ်.. ဒီလိုရရှိလာတဲ့ Uric acid တွေကို ခန္ဓာကိုယ်ကနေ နေ့စဉ်ပြန်စွန့်ရာမှ
အဓိက ၂/၃ ကို ကျောက်ကပ်ကနေ ဆီးနဲ့အတူစွန့်ထုတ်ပြီး ကျန် ၁/၃ ကိုတော့ဖြင့် အူနဲ့အစာလမ်းကြောင်းကနေတဆင့် အစာဟောင်းနဲ့အတူ ပြင်ပကိုစွန့်ထုတ်လေ့ရှိပါတယ်..

ကောင်းပြီ.. gout ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို လေ့လာတဲ့အခါမှာ အဓိက အကြောင်းရင်းကြီး (၂) ခုရှိပါတယ်..
ပထမအကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ နေ့စဉ်ထွက်နေတဲ့ Uric acid တွေကို ကောင်းစွာမစွန့်ထုတ်နိုင်လို့ပဲ ဖြစ်ပါတယ်.. အဓိကကျောက်ကပ်ကနေစွန့်ထုတ်ရတာဖြစ်လို့ ကျောက်ကပ်မကောင်းခဲ့ရင် မစွန့်ထုတ်နိုင်ပါဘူး.. ဒီလိုဖြစ်ရတာဟာ အဓိကအချက်ဖြစ်ပြီး Primary gout လူနာအားလုံးရဲ့ ၇၅% ဟာ ဒါ့ကြောင့်ဖြစ်ရတာပါ.. နောက် Uric acid စွန့်ထုတ်မှုနည်းစေတဲ့အချက်တွေကတော့ အရက်နဲ့ ဘီယာသောက်သုံးခြင်း ဖြစ်ပါတယ်.. အချို့ဆေးတွေကို ကြာရှည်စွဲသောက်ရင်လဲ ဖြစ်တတ်တာတွေ့ရပါတယ်. .နှလုံးသွေးကြောကျဉ်းရောဂါမှာ သုံးတတ်တဲ့ Aspirin လိုဆေးမျိုးတွေ၊ TB ရောဂါမှာသုံးတဲ့ Pyrizinamide လိုဆေးမျိုး၊ သွေးတိုးရောဂါမှာသုံးတဲ့ ဆီးဆေးတချို့တို့ကြောင့် အဓိကဖြစ်တတ်ပါတယ်.. ခဲဆိပ်သင့်ခြင်းဟာလဲ အကြောင်းတစ်ရပ် ဖြစ်ပါတယ်..


ဒုတိယအုပ်စုကတော့ ခန္ဓာကိုယ်ထဲမှာ Uric acid တွေထုတ်လုပ်မှုပိုများနေလို့ပဲ ဖြစ်ပါတယ်.. ဒီလိုဖြစ်တဲ့လူတွေကတော့ အနည်းစု ဖြစ်ပါတယ်.. ၂၀% လောက်ပဲ ဖြစ်ပါတယ်.. စားတဲ့အစာထဲမှာUric acid ဖြစ်စေတဲ့အစာတွေစားရင်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ထဲမှာရောဂါတစ်ခုခုကြောင့် Uric acid တွေများများထုတ်ပေးလို့ပဲဖြစ်ဖြစ် တွေ့ရတတ်ပါတယ်..

MWD: အဆစ်အမြစ်ရောင်တိုင်း ဂေါက်ရောဂါလို့ ပြောလို့ရပါသလားဆရာ..

Dr,KML: မရပါဘူး.. အဆစ်အမြစ်ရောင်တဲ့ရောဂါတွေ အများကြီးရှိပါတယ်.. ဒါပေမဲ့ ဂေါက်ရောဂါက အလွန်သိသိသာသာပဲ အခြားအဆစ်ရောင်ရောဂါများနဲ့ကွဲပြားပါတယ်.. စဖြစ်ဖြစ်ချင်းမှာ အဆစ်တစ်ခုထဲမှာပဲ ဖြစ်လေ့ရှိပါတယ်.. များသောအားဖြင့် ခြေမ၊ ပြီးမှခြေကျင်းဝတ်(ankle joint)၊ ပြီးရင်ဒူးဆစ်၊ ပြီးရင်လက်ဆစ်ကလေးတွေ အဲဒီလိုအစဉ်အတိုင်းဖြစ်ပါတယ်.. ခါးရိုးအဆစ်တွေ ပေါင်ရိုးတို့ လက်မောင်းအဆစ် Axial skeleton and large proximal joints တွေမှာ ဖြစ်လေ့မရှိပါဘူး..
နောက်ပြီး ရောင်ပုံရောင်နည်းကလဲ သိသာပါတယ်.. ရုတ်တရပ်ချက်ချင်းဆိုသလို ရောင်လာမယ်.. အဆစ်ရောင်ရောဂါထဲမှာတော့ အနာဆုံးနဲ့အဆိုးဆုံး ဖြစ်ပါတယ်.. အထိတောင်မခံနိုင်ပါဘူး.. လေတိုးရင်တောင် နာတဲ့အခြေအနေဖြစ်ပါတယ်.. များသောအားဖြင့် မနက်ခင်းလမ်းလျှောက်တဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ်.. ဘာဆေးမှမလူးပဲထားရင်လဲ တစ်ပတ်နှစ်ပတ်ကြာရင်သူ့အလိုလိုပျောက်သွားနိုင်ပါတယ်..

MWD: ပျောက်သွားရင်ရော ခဏခဏ ပြန်ဖြစ်တတ်ပါသလားဆရာ..

Dr.KML: ဖြစ်တတ်တာပေါ့.. ခဏခဏဖြစ်ရင် ကြာတဲ့အခါ အဆစ်တွေပျက်စီးသွားပြီး deformityလို့ခေါ်တဲ့ ချို့ယွင်းမှုတွေဖြစ်မှာ ဖြစ်ပါတယ်.. ပြီးရင်ဆီးလမ်းကြောင်းမှာ ကျောက်တည်လာတတ်ပါတယ်.. ဒါကို Uric acid stone လို့ခေါ်ပါတယ်.. နောက်ဖြစ်တဲ့အဆစ်တွေမှာ ပြည်တည်တာတို့ဘာတို့ ဖြစ်တတ်ပါတယ်.. နောက်ဆုံးကျောက်ကပ်ပျက်ဆီးတဲ့အထိ
ဖြစ်တတ်ပါတယ်..

MWD: ကျောက်ကပ်မှာကျောက်တည်နိုင်တယ်ဆိုတော့ ဘယ်လိုကျောက်မျိုးတည်တာပါလဲဆရာ..

Dr,KML: Uric acid stone လို့ခေါ်တဲ့ကျောက်အမျိုးအစား ဖြစ်ပါတယ်.. ဆီးကျောက်တည်သူအားလုံးရဲ့၆ - ၁၀% ဟာ Uric acid stone တွေ ဖြစ်ပါတယ်.. ဒီကျောက်တွေဟာ အလွန်မာပြီး အရွယ်သေးသေးနဲ့အများကြီးတည်လေ့ရှိပါတယ်.. မျက်နှာပြင်ကတော့ ချောလေ့ရှိပါတယ်.. သူဟာ ရိုးရိုးဓါတ်မှန်ရိုက်ရင်မပေါ်ပါဘူး.. ဆေးသွင်းရိုက်တဲ့ဓါတ်မှန်နဲ့မှပေါ်ပါတယ်.. ဒီလိုကျောက်ဖြစ်လာရင် ဆီးကို Alkaline ဖြစ်အောင်လုပ်ပေးခြင်းဖြင့် ကျောက်တွေဟာ အရည်ပျော်သွားနိုင်ပါတယ်.. Alkaline ဖြစ်အောင်လုပ်တာလဲ လွယ်ပါတယ်.. sodium bicarbonate ပါတာသောက်လိုက်ရုံပါပဲ.. နောက်ဆုံးတွေ့ရှိချက်ကတော့ Folic acid 5 mg/day ပေးရင်လဲပျော်ဝင်တယ်လို့သိရပါတယ်.. သဘာဝဆေးပင်တွေသောက်ရင်လဲပျော်ပါတယ်.. ဥပမာအလိုကျူပင်လိုဟာမျိုးပေါ့..


MWD: ဒီလို gout ရောဂါဖြစ်ရင် ဘယ်လိုများလုပ်သင့်ပါသလဲဆရာ..

Dr.KML: ဒီရောဂါဟာ ဆိုးရွားစွာခံစားရပြီး ရေရှည်လဲမကောင်းတာကြောင့်အမြန်ဆုံးကုသဖို့လိုပါတယ်.. နီးရာဆေးရုံဆေးခန်းတွေမှာ ကျွမ်းကျင်တဲ့ဆေးပညာရှင်နဲ့ပြသပြီး စနစ်တကျကုသဖို့လိုပါတယ်.. အဓိကကတော့ အနေအထိုင် အစားအသောက်စတဲ့ Life style modification အလွန်အရေးကြီးကြောင်း ပြောချင်ပါတယ်..

MWD: ဒါဆို ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာလဲ ပြောပြပေးပါဆရာ..

Dr.KML: (၁) အရက်နဲ့ ဘီယာကို အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ရပါမယ်.. ဘာဖြစ်လို့လဲဆိုတော့ အရက်ဟာ Purine nucleotide degradation လို့ခေါ်တဲ့ ဆဲလ်တွေပျက်ဆီးစေတဲ့အတွက် Uric acid တွေ
များစွာထွက်စေပါတယ်.. ဒီလိုထွက်လာတဲ့ Uric acid တွေဟာ သာမာန်လူတွေအတွက် ကျောက်ကပ်ကနေပိုမိုစွန့်ထုတ်ပေးနိုင်လို့ ပြဿနာမဟုတ်ပေမဲ့ အရက်လို့ခေါ်တဲ့ Ethanol က oxidation ဖြစ်ပြီး Lactate တွေထွက်လာပါတယ်. .ဒီ Lactate တွေဟာ ကျောက်ကပ်ကနေ Uric acid တွေ မစွန့်ထုတ်နိုင်အောင် ပိတ်ပင်ဟန့်တားထားပါတယ်.. ဒါကြောင့် သွေးထဲမှာ Urid acid တွေများလာပြီး ချက်ချင်းအဆစ်ရောင်ရောဂါရစေနိုင်ပါတယ်.. ဒါ့ကြောင့် gout ရောဂါရှိသူတိုင်းဟာ အရက်ကို ဖြတ်သင့်ပါတယ်..

(၂) အဝလွန်ခြင်းဟာလဲ gout ရောဂါကို ပိုဆိုးစေပါတယ်.. သွေးထဲမှာအဆီဓာတ်ဖြစ်တဲ့ Cholesterol တို့ Triglycreide တို့များနေခဲ့ရင် gout ရောဂါကိုပိုဆိုးစေပြီး ဖြစ်ရင်လဲပိုခံရပါတယ်.. ဒါ့ကြောင့် အဝလွန်တဲ့သူများ အစားလျှော့စားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်.. အဓိကကတော့ အဆီများတဲ့အစားအစာနဲ့ Refined sugar ပါတဲ့ Carbohydrate တွေကို ရှောင်ဖို့လိုပါတယ်.. Fibre များများပါတဲ့အသီးအရွက်တွေစားပေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်..

(၃) နောက်အရေးကြီးတဲ့အချက်ကတော့ အစားအစာထဲမှာ Purine လို့ခေါ်တဲ့ဓာတ်ပစ္စည်းတွေ ပါဝင်မှုများခဲ့ရင် ရှောင်ကျဉ်ဖို့လိုပါတယ်.. Purineဟာခန္ဓာကိုယ်ထဲရောက်ရင် Uric acid အဖြစ်ကိုပြောင်းပါတယ်.. ဒီအစားအစာတွေကတော့
- meats - အမဲသား၊ဆိတ်သား၊ဝက်သား (အထူးသဖြင့်ရက်လွန်သည့်အသားများ ပိုဆိုးပါတယ်)
- Organ meat - အူ၊ကလီစာ၊အသည်းအမြစ်
- Shell fish- အကြေးခွံပါသောငါးများ
-Yeast -တဆေး
- Mushroom (မှို)၊Asparagus (ကညွတ်)၊Spinach (ဟင်းနုနွယ်)၊မျှစ်
- ခရမ်းချဉ်သီးအစေ့တို့ပဲ ဖြစ်ပါတယ်..

(၄) ရေများများသောက်ရပါမယ်.. ရေသောက်ခြင်းဖြင့် ဆီးများများသွားကာ Uric acid များလဲ ဆီးနဲ့အတူထွက်သွားမှာ ဖြစ်ပါတယ်.. အထူးသဖြင့် နွေရာသီချွေးထွက်များတဲ့အခါမှာ ဆီးပိုနည်းတတ်လို့ ပိုသောက်သင့်ပါတယ်.. ရေနဲ့အတူ သံပုရာရည်တို့ မန်ကျည်းဖျော်ရည်တို့ သင်္ဘောသီးဖျော်ရည်တို့ပါ
သောက်နိုင်ပါတယ်..

(၅) တချို့ဆေးတွေကြောင့်လဲ gout ရောဂါပိုဆိုးစေတတ်တာကြောင့် မိမိမှာ gout ရောဂါရှိမှန်းသိခဲ့ရင် ပြသတဲ့ဆရာဝန်ကိုပြောပြထားဖို့ လိုပါတယ်.. ဒါမှလဲgoutရောဂါမှာမပေးသင့်တဲ့ဆေးတွေကို ရှောင်ကျဉ်နိုင်မှာ ဖြစ်ပါတယ်..
ဥပမာ
- သွေးတိုးရောဂါကုသရာမှာသုံးလေ့ရှိတဲ့ဆီးဆေးများ (Diuretics)
- နှလုံးသွေးကြောကျဉ်းရောဂါမှာသုံးလေ့ရှိတဲ့Aspirinဆေး
- တီဘီရောဂါကုသရာမှာသုံးလေ့ရှိတဲ့ Pyrizinamide ဆေးတွေဟာါသကအရောဂါကိုပိုဆိုးစေတတ်ပါတယ်..

MWD: ရောင်ရမ်းတဲ့ဆေးတွေနဲ့အစားအစာတွေကတော့သိပါပြီဆရာ..စားသင့်တဲ့အကျိုးရှိစေတဲ့အစားအစာတွေရောရှိပါသလားဆရာ..

Dr.KML: စားသင့်တဲ့အစားအစာတွေကတော့ Cherries သီးတွေ၊ Blue berries သီး ဒါမှမဟုတ် dark red-blue berries သီးတွေဖြစ်ပါတယ်..အစိမ်းအတိုင်းဖြစ်စေ၊ စည်သွပ်ဗူးနဲ့ဖြစ်စေ စားနိုင်ပါတယ်.. ဒီအသီးတွေမှာ anthocyanidins နဲ့ Proanthocyanidins တွေများစွာပါတာကြောင့် Uric acid တွေကို လျော့နည်းအောင် ပြုလုပ်ပေးနိုင်ကြပါတယ်.. ဒီ compound တွေဟာ flavonoid အုပ်စုဝင်တွေဖြစ်ပြီး အဆစ်အမြစ်တွေရောင်လို့ collagen တွေပျက်ဆီးမှုကနေ ကာကွယ်ပေးပါတယ်.. ဒါကြောင့် အနီရောင်၊ အပြာရောင်၊ သပြေသီးရောင်ရှိတဲ့အသီးတွေကို စားသင့်ပါတယ်..

MWD: အချို့ကပြောကြပါတယ်.. gout ရောဂါသမားတွေဟာ အားဆေးမသောက်ရဘူးဆိုတာ ဟုတ်ပါသလားဆရာ..

Dr.KML: အဲဒါမှားပါတယ်.. အချို့ဗီတာမင်တွေနဲ့ Nutritonal supplement တွေဟာ gout ရောဂါကို များစွာသက်သာစေနိုင်ပါတယ်..

ဥပမာ - Vitamin E
Vitamin C
Niacin
Selenium
Folic acid
EPA (Eicosapentaenoic acid)

Anti-inflammatory agent ဖြစ်တဲ့ Bromelain (ဘရိုမယ်လိန်း)
Antioxidant ဖြစ်တဲ့ Quercetin (ကွာစီတင်) စတာတို့ပဲ ဖြစ်ပါတယ်..


မူလရေးသားတင်ဆက်သူ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

# MWD Health Talk Program

Friday, July 19, 2019

ပျားရည် ၀က်နံရိုးကြော် - ပီကင်းဘဲကင် - အမဲအူကြမ်းနှင့် အမဲအူပြုတ်စွပ်ပြုတ် - ကြက်ဆီထမင်း (အလွယ်ချက်နည်း)

အမဲအူကြမ်းနှင့် အမဲအူပြုတ်စွပ်ပြုတ် 
(Beef Maguru and Intestine Soup)
---------------------------------------------------


 နေထိုင်မကောင်းလို့ နွမ်းလျအားနည်းသလို ခံစားနေရရင် အမြဲလုပ်စားဖြစ်တဲ့  စွပ်ပြုတ်ပါ။ မိုးရာသီမှာ မိုးမိလို့ နှာစေးပြီး အအေးမိ၊ ဖျားနာတဲ့အခါ ပူစပ်ပူရှိမ်းစွပ်ပြုတ်ကို သောက်ရင် ချွေးထွက်စေပြီး လူကို လန်းဆန်းသွားစေပါတယ်။ ငရုတ်သီးအစပ်နှင့် အခြားဟင်းခတ်အမွှေးအကြိုင်တွေ စုံလင်စွာပါပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်တာ ကြောင့် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• အမဲအူကြမ်း  -  ၃၀ ကျပ်သား
• အမဲပုဆိုးကြမ်း  -  ၂၀ ကျပ်သား
• အမဲအူ  -  ၂၀ ကျပ်သား
• ကြက်သွန်ဖြူ  -  ၅ မြွှာ (အခွံနွှာပြီး ဓားပြားရိုက်ပါ)
• ချင်း  -  လက်တစ်ဆစ် (ဓားပြားရိုက်ပါ)
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငံပြာရည်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ကောင်း  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးစိမ်း  -  ၅-၇  တောင့် (ထက်ခြမ်းခွဲပါ)
• စပါးလင်  -  ၂ ချောင်း  (ထု၍ ထုံးပြီး ထည့်ပါ)
• သံပရာသီး  -  ၁ လုံး (အရည်ဖျန်းစားရန်)
• ရှောက်ရွက်  -  ၂ ခက် (ခပ်ပါးပါးမျှင်မျှင်လေး လှီးထားပါ။ စွပ်ပြုတ်အပေါ်မှာ ဖြူးစားရန်)

ပြုလုပ်နည်း
၁။ အိုးကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်၍ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက် ဆူအောင် တည်ပါ။  ရေဆူလျှင် မီးမျှဉ်းမျှဉ်းလေးဖြင့် ၁ နာရီခန့် ရေခန်းတဲ့အထိ တည်ပါ။ အသားနူးအိအောင် ရေကို ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူ အောင် တည်ပါ။
၂။ ရေဆူပြီး အနည်းငယ်ရေခန်းလျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခါနီးမှ အတုံးသေးသေးတွေတုံး၍ သံပရာရည်နှင့် ရှောက်ရွက်ဖြူးပြီး လိုသလို သောက် သုံးနိုင်ပါပြီ။
------------------------------------------
Syi Lwin Foods Garden

ပီကင်းဘဲကင်
**************

ဘဲကင်ရန် ပါဝင်ပစ္စည်များ *****

ဘဲ – ၁ကောင် (၅-၆ ပေါင်)

ဘဲသားပြုတ်ရန် ပါဝင်ပစ္စည်းများ *****

ရေ – ၃လီတာ
လိမ္မော်သီး – ၁လုံး (အ၀ိုင်းလှီးပေးပါ)
ဘဲ – ၁ကောင် (၅ – ၆ပေါင်)
ရှာလကာရည် – ခွက် ၃ပုံ၁ပုံ
Hoisin ဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း
ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
နတ်နတ်ပွင့် – ၄ခု
ကလဝေရွက် – ၄ရွက်

ဘဲသား အစာသွပ်ရန်ပါဝင်ပစ္စည်းများ *****

Hoisin ဆော့ – စားပွဲတင်ဇွန်း ၃ဇွန်း
ဂျင်း – ၄ပြား
ကလဝေရွက် – ၃ရွက်
နတ်နတ်ပွင့် – ၄ခု
ဂျင်း – ၃ပြား
သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီး)
ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – စည်းဝက်
(၁လက်မအရွယ် ပိုင်းဖြတ်ပါ)

ဘဲသားနှပ်ထားရန် ပါဝင်ပစ္စည်းများ *****

ပျားရည် [honey] ♦ စားပွဲတင်ဇွန်း ၆ဇွန်း
ရှာလကာရည် [vinegar] ♦ စားပွဲတင်ဇွန်း ၂ဇွန်း

ဆန်ဝိုင် [rice wine] ♦ စားပွဲတင်ဇွန်း ၂ဇွန်း (CityMart တွင် ဆန်ဝိုင်ကို ၀ယ်ယူနိုင်ပါသည်)
တရုတ်ဟင်းခတ် [chinese five-spice ]
♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆား [salt] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆီ [vegetable oil] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူ [garlic] ♦ ၁မွှာ
(မညက်မညက်ထောင်းပါ)

ချက်ပြုတ်နည်း *****

၁။ အရင်ဆုံး ဘဲသားကို အတွင်း၊
အပြင် သေချာ သန့်စင်ပေးပါ။

၂။ ပြီမှ ဘဲတောင်ပံ၊ ခေါင်း၊
လည်ပင်းတို့ကို လှီးထုတ်လိုက်ပါ။

၃။ ထို့နောက် သန့်စင်ပြီသား
ဘဲသားကို ခြောက်သွေ့အောင်
အ၀တ်သန့်ဖြင့် သုတ်ပေးပါ။

ဘဲသားထဲ အစာသွပ်နည်း *****

၁။ ဘဲသားထဲ အစာသွပ်ရန်ပါဝင်ပစ္စည်းများ
ဖြစ်သော (ဂျင်း၊ Hoisine ဆော့၊ ကလဝေရွက်၊
နတ်နတ်ပွင့်၊ ဂျင်း၊ သစ်ဂျပိုးမှုန့်၊
တရုတ်မဆလာ၊ ကြက်သွန်ဖြူ၊
ပဲငံပြာရည်၊ ကြက်သွန်မြိတ်) တို့ကို
သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီလျှင် အစာသွပ်ရန်
ရောနုယ်ထားသည်များကို ဘဲအတွင်းသို့
အစာသွပ်ပေးပါ။

၃။ အစာသွပ်ပြီလျှင် ဘဲအတွင်းပိုင်း
အရေပြားကို ၀ါးတုတ်ပြီ လုံအောင်
ပြန်ချုပ်ပေးရမှာ ဖြစ်ပါသည်။

ပြုတ်နည်း *****

၁။ အစာသွပ်ပြီလျှင် ဒယ်အိုးကြီးထဲ ရေ(၃လီတာ)ထည့်ပြီ ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဘဲပြုတ်ရန်
ပါဝင်ပစ္စည်းများဖြစ်သော
(ရှာလကာရည်၊ Hoisin ဆော့၊ ကလဝေရွက်၊
နတ်နတ်ပွင့်၊ ပျားရည်၊ လိမ္မော်သီး) တို့ကို
ထည့်ပြီ ဆူအောင် ၄မိနစ်ခန့် တည်ပေးပါ။

၃။ ပြီနောက် ထိုဒယ်အိုးထဲ
ဘဲအကောင်လိုက်ထည့်ပြီ ၁မိနစ်ခန့်
အရေခွံတင်းလာသည်အထိ ပြုတ်ပေးရမှာပါ။

၎။ ပြီလျှင် ဘဲကို ပြန်ဆယ်ထားပေးပါ။


ကင်နည်း *****

၁။ ဆော့ရည်အတွက် (ပျားရည်၊ ဆန်ဝိုင်၊
ရှာလကာရည်၊ တရုတ်မဆလာ၊ ဆား၊
ကြက်သွန်ဖြူ၊ ဆီ) တို့ကို သမအောင်
ရောမွှေပေးပါ။

၂။ ပြီမှ ဆော့ရည်များကို ဘဲတစ်ကောင်လုံး
ပေါ်သို့ လောင်းချပြီ ရေခဲသေတ္တာထဲတွင်
အနည်းဆုံး ၈နာရီ (သို့) တညသိပ် ပေးရမှာပါ။

၃။ Oven နဲ့ကင်မည်ဆိုလျှင်
၁၆၀ ဒီဂရီဖြင့် မိနစ် ၄၀ခန့်ကင်ပေးရမှာ
ဖြစ်ပါသည်။

၎။ ဘဲကင် ရွှေညိုရောင်သန်းလာလျှင်
နောက်ထပ် ၁၈၀ ဒီဂရီဖြင့်
မိနစ်၂၀ခန့် ဘဲအရေခွံကြွပ်သည်
အထိ ကင်ပေးပါ။

၅။ အရသာရှိသော ပီကင်းဘဲကင်ကို
ပန်ကိတ်၊ ဆော့ဖြင့် အရသာရှိစွာ
သုံးဆောင်နိုင်ပါပြီ…

ကြက်ဆီထမင်း (အလွယ်ချက်နည်း)



ပါဝင်သောပစ္စည်းများ

၁။ ၅၀ သားရှိသော ကြက် - ၁ ကောင်
၂။ ဆန် - ပေါင်းအိုးမှာပါသော
ဆန်ချိန်သောခွက်ဖြင့် ၃ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၎။ သကြား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက်
၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဂျင်း - လက်တဆစ်
၉။ ကြက်သွန်နီ - ဥ အသေး ၂ ဥ
၁၀။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ဆန်ကိုရေဆေးထားပါ။
ကြက်အရေခွံများကို ခွာထားပြီး
ကြက်သားကို အတုံးကြီးကြီးတွေတုံးထားပါ။
ကြက်သွန်ဖြူကို ထောင်းထားပါ။
ဂျင်းကို အပြားလိုက်လှီးထားပါ။

၂။ အတုံးတုံးထားသော ကြက်သားများနှင့်
ဂျင်းအပြားများ၊ ကြက်သွန်နီ ၂ ဥ တို့ ကို
အိုးထဲထည့်၊ ရေကို ကြက်သားများ
မြုပ်အောင်ထည့်ပြီး ကြက်ပြုတ်ရည်လုပ်ပါ။
အနည်းဆုံး မိနစ် ၃၀ ခန့် တည်ပါ။
ရေကိုထပ်ထပ်ဖြည့်ပေးပါ။
(ကြက်ဆီထမင်းထဲထည့်မည့်
ကြက်ပြုတ်ရည်ယူပြီးမှ ဆားအပေါ့အငံထည့်မှာပါ။)

၃။ ကြက်အရေခွံများကို
ဒယ်အိုးတခုထဲထည့်၍ဆီထွက်လာသည်အထိ
လှိမ့်ပါ။ ဆီထွက်လာလျှင် အရေခွံများ
ညိုလာပါလိမ့်မည်။ အရေခွံများကို
ဖယ်လိုက်ပြီး ထောင်းထားသော
ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။
ကြက်ဆီထမင်းအတွက်ဆီရပါပြီ။
(ကြက်ဆီထမင်းအတွက် ဆီမှာ
ကြက်သွန်ဖြူ အပါအ၀င် ထမင်းစားဇွန်း
၃ ဇွန်းခန့် ရှိရပါမည်။ ၃ ဇွန်း မရှိလျှင်
ရိုးရိုးဆီကို ကြက်သွန်ဖြူ ဆီချက်နေတုံး
ထပ်ထည့်ထားပါ။)

၎။ ရေဆေးထားသော ဆန်ကို
ထမင်းပေါင်းအိုးထဲထည့်၊ ကြက်ပြုတ်ရည်ကို
ထမင်းချက်ရင်ရေထည့်သလောက်ထည့်၊
ချက်ထားသော ကြက်ဆီ
ထမင်းစားဇွန်း ၃ ဇွန်းထည့်၊
သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၊
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပါ။
ပြီးလျှင် ထမင်းချက်သလိုချက်ပါ။

၅။ ပြုတ်ထားသော ကြက်သားများကို ဆယ်ပါ။
ပြီးလျှင် ကြက်သားများကို ပဲငံပြာရည်အကျဲ
ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ
ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား
လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ဖြင့် နယ်ပါ။
ထို့ နောက် ဒယ်အိုးတခုထဲမှာ ဆီ
လက်ဖက်ရည် ဇွန်း ၁ ဇွန်း ကိုထည့်၍
နယ်ထားသော ကြက်သားများကို ထည့်ပြီး
အရည်ခြောက်ပြီး ညိုလာသည်အထိ
အိုးပူတိုက်ပါ။ (ကြက်သားများကို
အိုးပူတိုက်လျှင် ဟိုဘက်ဒီဘက်ကိုပဲ
အသာလေးလှန်ပေးပါ။)


၆။ ပြုတ်ထားသော ကြက်သားမျာကို
ဒီအတိုင်းစားမည်ဆိုလျှင် ကြက်ပြုတ်ရည်ထဲကို
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား
လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် 
လက်ဖက်ရည်ဇွန်း တ ၀က်တို့ 
ကိုထည့်ပြီး ၁၅ မိနစ်လောက် တည်ပြီးမှ
ကြက်သားများကို ဆယ်ပါ။
(အိုးပူတိုက်ကြက်သားများကို သုံးမည်ဆိုလျှင်လဲ
ကျန်သော ကြက်ပြုတ်ရည်ကို
အထက်ပါအတိုင်းထည့်ပြီး
ဟင်းရည်ရရန်အတွက် ခဏတည်ပါ။)

၇။ ကြက်ဆီထမင်းပြင်ဆင်ရန်အတွက်
ထမင်းကိုအရင်ထည့်၊ ပြီးလျှင်
ကြက်သားများကိုခုတ်ပြီးထည့်၊ သခွားသီး၊
အချဉ်ရည်တို့ ဖြင့်ပြုလုပ်ပါ။

၈။ ကြက်ဆီထမင်း အတွက်ဆော့ကို
ကိုယ်တိုင်ပြုလုပ်မည်ဆိုလျှင် ဂျင်း၊
ကြက်သွန်ဖြူ၊ နံနံပင်၊ နံနံပင်အရိုး၊
ငရုတ်သီးစိမ်း၊ သံပုရာရည်၊
ကြက်ပြုတ်ရည်အနည်းငယ်၊
ပဲငပိအချိုအနည်းငယ်တို့ ကို
ကြိတ်စက်ထဲထည့်ကြိတ်၍ ပြုလုပ်နိုင်ပါသည်။

ပျားရည် ၀က်နံရိုးကြော်



ပါဝင်တဲ့ပစ္စည်းများ

၁။ ၀က်နံရိုး - ၅၀ သား (သို့ ) ၂ ပေါင်
၂။ ကြက်သားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
(မရှိလျှင် သကြားကိုထည့်ပါ။)
၎။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၆။ သကြား - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ ကြက်သွန်ဖြူ မှုန့် - လက်ဖက်ရည်ဇွန်း
လေးပုံတပုံ (မရှိပါက ကြက်သွန်ဖြူ ၂ တက်ကို
ညက်အောင်ထောင်းထည့်ပါ။)
၈။ ကြော်ရန် ဆီ

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း
၁။ ၀က်နံရိုးကို သန့် စင်၊ အတုံးတုံးပြီး
ပါဝင်သောပစ္စည်းများ ဖြင့် နယ်ရ်ျ အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ။
၂။ ၀က်နံရိုး မြုပ်အောင် ဆီထည့်ရမှာမို့ 
ဆီကို ကြော်မည့် ဒယ်အိုးရဲ့ သုံးပုံတပုံ
အထိထည့်ပြီး အပူပေးပါ။
၃။ ဆီပူလာလျှင် ၀က်နံရိုးများကို
ထည့်၍ကြော်ပါ။ (အကုန်ဆီထဲမမြုပ်လဲရပါတယ်။)
၎။ နံရိုးများ အညိုေ၇ာင်သန်းလာလျှင်
ဒယ်အိုးမှဆယ်ရ်ျ ဆီစစ်ပြီး သုံးဆောင်နိုင်ပါပြီ။

Thursday, July 18, 2019

Human Resource Management ကို အဓိပ္ပါယ်သတ်မှတ်ခြင်း


===========================================

Human Resource Management ဟူသောဝေါဟာရကို များသောအားဖြင့် နှစ်မျိုးသုံးကြသည်။ တဖက်တွင် Torrington / Dessler အစရှိသော ဖတ်စာအုပ်များတွင် အသုံးပြုသကဲ့သို့ စီမံရေးရာအလုပ်အကိုင်များကို ကိုယ်စားပြုသုံးနှုန်းခြင်းဖြစ်သည်။ ဤသို့သုံးသောအခါ Human Resource Management ဟူသည် သူ့ထက်စောသော Personnel Management နှင့် ထူးခြားမှုမရှိဘဲ ပိုမိုခေတ်မီလာသော တံဆိပ်တမျိုးသာဖြစ်သည်။ အခြားတဘက်တွင်မူ Personnel Management နှင့် လုံးဝကွဲပြားသည့် ချဉ်းကပ်ပုံတမျိုးဖြင့်လည်း သုံးစွဲကြသည်။ ဤသို့သုံးပါမူ Human Resource Management သည် တံဆိပ်ပြောင်းကပ်ရုံမျှမဟုတ်ဘဲ ယနေ့ခေတ်အဖွဲ့အစည်းများအား Personnel Management ထက် ပိုမိုကောင်းမွန်စွာ အောင်မြင်စေနိုင်သော ထူးခြားသည့်ဝါဒတခု ဖြစ်လာသည်။

အောက်တွင် ပထမအဓိပ္ပါယ်ကို HRM အမှတ် ၁ ဟူ၍လည်းကောင်း ဒုတိယအဓိပ္ပါယ်ကို HRM အမှတ် ၂ ဟူ၍လည်းကောင်း ဆက်လက်ရှင်းပြသွားပါမည်။

HRM အမှတ် ၁ ။    ။ သမားရိုးကျအသုံး
HR ဌာန၏ အခန်းကဏ္ဍအား ၎င်း၏ဦးတည်ချက်များအား ထုတ်ဖော်ဆွေးနွေးခြင်းအားဖြင့် ရှင်းပြနိုင်သည်။ ယနေ့ခေတ် အဖွဲ့အစည်းအများစုရှိ HR ဌာနအလုပ်များအား ဦးတည်ချက် ၅ ရပ်ဖြင့် အခြေခံဖွဲ့စည်းသည်။

ဝန်ထမ်းလုံလောက်ရေး ဦးတည်ချက်
---------------------------------------
HR manager များသည် ပထမဦးစွာ လုပ်ငန်းလည်ပတ်ရန် လုံလောက်သော လူရှိနေရေးအတွက်ကြိုးပမ်းရသည်။ ဤဦးတည်ချက်အတွက် လုပ်ကိုင်ရသော အလုပ်များမှာ အဖွဲ့အစည်းတည်ဆောက်ပုံအား ဒီဇိုင်းဆွဲခြင်း၊ မည်သူတွေ မည်သည့်စာချုပ်အမျိုးအစားဖြင့် အလုပ်လုပ်မည်ကို သတ်မှတ်ခြင်းတို့အား လိုအပ်သူများကို မရှာဖွေ၊ မရွေးချယ်၊ မပျိုးထောင်မီ သတ်မှတ်ကြသည်။ လူမှန် ကျွမ်းကျင်မှုမှန်တို့ဖြင့် လိုအပ်ချိန်တွင် လုပ်အားကိုသုံးနိုင်ရမည်။ လုပ်အားဈေးကွက်အတွင်း ထိရောက်စွာယှဉ်ပြိုင်နိုင်ရန်မှာ ရနိုင်သမျှသူတို့အနက် အတော်ဆုံး၊ အတတ်နိုင်ဆုံး၊ အသက်သာဆုံးလုပ်အားကို ဆွဲဆောင်ထိန်းသိမ်းရန်လိုသည်။ ထို့အတွက် အဖွဲ့အစည်းမှ လိုအပ်သူတို့အား ဆွဲဆောင်မှုရှိသော ခံစားခွင့်များ ပေးရန်လိုအပ်သလို မလိုအပ်တော့သူများအား အဖွဲ့အစည်းမှ ပယ်ထုတ်သွားရန်လိုသည်။ လုပ်အားဈေးကွက် ကျပ်တည်းလေလေ အရည်အချင်းရှိသူတို့အား ဆွဲဆောင်ထိန်းသိမ်းရန် ခက်လေလေဖြစ်သည်။ ယင်းအခြေအနေမျိုးတွင် ယှဉ်ပြိုင်နိုင်မည့် ခံစားခွင့်များပေးခြင်း၊ တန်ဖိုးရှိသော လေ့ကျင့်သင်ကြားမှု အခွင့်အလမ်းများထားရှိခြင်း၊ နှင့် အဖွဲ့အစည်းတွင် လုပ်ကိုင်ရသည်မှာ အဓိပ္ပါယ်ရှိသည်ဟူသော ခံစားချက်မျိုး ဖြစ်ပေါ်စေမည့်နည်းလမ်းများကို ဦးစားပေး ဆောင်ရွက်ရသည်။ လတ်တလောကာလတွင် အဖွဲ့အစည်းများသည် ဝန်ထမ်းလုံလောက်ရေးဦးတည်ချက်များတွင် မဟာဗျူဟာမြောက် ချဉ်းကပ်လာကြသည်ကို တွေ့ရသည်။ “အလုပ်ရှင်ကောင်း”၊ “ဦးစားပေးရွေးရမည့် အလုပ်ရှင်” အစရှိသည့် ဂုဏ်သတင်းများရရှိရန် ကြိုးပမ်းလာကြသည်ကိုတွေ့ရသည်။

စွမ်းဆောင်ရည် ဦးတည်ချက်
-------------------------------
လိုအပ်သောဝန်ထမ်းများ ရရှိပြီးသည်နှင့်တပြိုင်နက် ၎င်းဝန်ထမ်းများ သူတို့၏ကဏ္ဍအသီးသီးတွင် ထက်သန်စွဲမြဲလုပ်ကိုင်စေရန် HR manager များကြိုးပမ်းကြရသည်။ လေ့ကျင့်သင်ကြားရေးသည် ဤနေရာတွင် အရေးပါသကဲ့သို့ စွမ်းဆောင်ရည်ပစ်မှတ်များအား အာရုံစိုက်စေမည့် ခံစားခွင့်များကလည်း အရေးပါလေသည်။ အဖွဲ့အစည်း အတော်များများ၊ အထူးသဖြင့် အလုပ်သမားသမဂ္ဂရှိသော အဖွဲ့အစည်းများတွင် HR manager များသည် အလုပ်သမားကိုယ်စားလှယ်များနှင့် စွမ်းဆောင်ရည်တိုးတက်မှုကို အပေးအယူလုပ်ရမြဲဖြစ်သည်။ ထို့ပြင် စွမ်းဆောင်ရည်နိမ့်ကျသည့်နေရာများ နှင့် ဝန်ထမ်းအပြုအမူများ ပြဿနာရှိသည့်အချိန်များတွင် HR specialist များသည် ၎င်းဝန်ထမ်းများအား ထိရောက်မျှတစွာ အပြစ်ပေး အရေးယူရန် ကူညီရသည်။ ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းစဉ်များက ဝန်ထမ်းများ နာမကျန်းဖြစ်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲရှိချိန်များတွင် စွမ်းဆောင်ရည်ဦးတည်ချက်များအား ကူညီထိန်းသိမ်းပေးနိုင်သည်။ ထို့ပြင် ဝန်ထမ်းများအား လူရာသွင်းပြီး အကြံဥာဏ်များ တင်ပြစေခြင်းနည်းလမ်းများဖြင့် လုပ်ငန်းအပေါ်ဝန်ထမ်းများ၏ စွဲမြဲမှုကို မြှင့်တင်နိုင်ပြီး နည်းလမ်းသစ်များရှာဖွေရာတွင် ပါဝင်စေနိုင်သည်။ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ တိုးပြီးဂရုပြုမိလာကြသည်ကား အဖွဲ့အစည်းတခု၏ ယှဉ်ပြိုင်သာရည်ကို သိသိသာသာအဆုံးအဖြတ်ပေးသည့် အရာတခုမှာ ဝန်ထမ်းများ၏ စိတ်သဘောအတိုင်း ကျော်လွန်ထမ်းဆောင်မှုဖြစ်သည်။ ဆိုလိုသည်မှာ ဝန်ထမ်းများသည် လိုအပ်ချိန်တိုင်းတွင် မိမိတို့၏ အလုပ်ခန့်ထားမှုသဘောတူစာချုပ်များတွင် ဖော်ပြထားရှိသည့် တာဝန်ကို ကျော်လွန်၍၊ အလုပ်ချိန်ကိုကျော်လွန်၍၊ လိုအပ်သော ထက်သန်မှုကိုကျော်လွန်၍၊ စနစ်များနှင့် ပတ်သက်ဆက်နွယ်မှုများအား ပိုမိုကောင်းမွန်စေရန် တိုးတက်ကြံဆောင်ကြခြင်းဖြစ်သည်။ ဤသို့သော အပြုအမူများကို ဝန်ထမ်းများ ပြုမူကြရန် မန်နေဂျာများမှ ဖိအားပေး ဆောင်ရွက်မရပါ။ သို့သော် ထိုအပြုအမူများ ပိုမိုဖြစ်ပေါ်စေမည့် ပတ်ဝန်းကျင်များကိုတော့ မန်နေဂျာများက ဖန်တီးပေးနိုင်သည်။ လက်ရှိ HR အသိုင်းအဝိုင်းများတွင် အလွန်ခေတ်စားသော စကားတခုမှာ “အလုပ်အပေါ် စိတ်ဝင်စားခြင်း” ဖြစ်သည်။ စိတ်ဝင်စားသည့်ဝန်ထမ်းများသည် သူတို့အပေါ် အလုပ်က မည်သို့မျှော်လင့်သည်ကို သိသည်။ မိမိအလုပ်နှင့်ပတ်သက်၍ ပိုင်နိုင်တာဝန်ယူလိုစိတ်လည်းရှိသည်။ လုပ်နေရသည့်အလုပ်နှင့်လည်း (အလွန်) ကျေနပ်သည်။ ထို့ကြောင့်လည်း သူတို့၏ ကိုယ်အားရော ဥာဏ်အားဖြင့်ပါ လုပ်ကိုင်ဖို့ အဆင်သင့်ရှိကြသည်။


ပြောင်းလဲစီမံရေး ဦးတည်ချက်
--------------------------------
မည်သည့်လုပ်ငန်းတွင်မဆို HR ၏ တတိယအဓိက ဦးတည်ချက်မှာ အပြောင်းအလဲများ ဖော်ဆောင်ရေးပင်ဖြစ်သည်။ များသောအားဖြင့် အပြောင်းအလဲဟူသည် မည်သို့မည်ပုံဆောင်ရွက်ရန် ဟူ၍ သတ်သတ်မှတ်မှတ်ဖြစ်လာလေ့မရှိဘဲ စဉ်ဆက်မပြတ်သော လိုအပ်ချက်သစ်များကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင်ဖိအားများကြောင့်လည်းကောင်း ဖြစ်ပေါ်လာလေ့ရှိပါသည်။ အပြောင်းအလဲသည် ပုံစံမျိုးစုံဖြင့်လာကြသည်။ တခါတရံတွင် ဖွဲ့စည်းပုံသက်သက်သာ သက်ဆိုင်ပြီး လုပ်ငန်းစဉ်အချို့ပြောင်းလဲခြင်းဖြင့်လည်းကောင်း၊ ဝန်ထမ်းများကို ကဏ္ဍသစ်များသို့ ပြောင်းရွှေ့ထမ်းဆောင်စေခြင်းဖြင့်လည်းကောင်း ပြေလည်သွားသည်။ အခြားအချိန်များတွင်မူ ရှိရင်းစွဲ အတွေးအခေါ်၊ အပြုအမူ၊ လုပ်ငန်းစဉ်တို့အား ပြောင်းလဲရန်အတွက် မြေလှန်ပစ်ရသည်မျိုးလည်းရှိသည်။ မည်သည့်အခြေအနေတွင်မဆို HR သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဓိကလုပ်ငန်းဆောင်တာများအားဖြင့် အပြောင်းအလဲအား မောင်းနှင်နိုင်မည့် ကျွမ်းကျင်မှုမျိုးရှိသူများအား ရှာဖွေခန့်အပ်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း နှင့် အပြောင်းအလဲအတွက် သက်ဆိုင်သောခံစားခွင့်များကို ဖန်တီးခြင်းတို့ကို ဆောင်ရွက်ရသည်။ လူတို့သည် သူတို့ကိုယ်တိုင်ဖန်တီးသည်ကိုသာ ထိန်းသိမ်းလိုသည်ဖြစ်ရာ ဝန်ထမ်းများအား အချိန်မီပါဝင်စေခြင်းသည်လည်း အပြောင်းအလဲ အောင်မြင်ရေး၊ ရေရှည်တည်တံ့ရေးတို့အတွက် အဓိကကျလေသည်။ အလားတူစွာပင် ဝန်ထမ်းများအား အမှန်တကယ်ပါဝင်စေခြင်းမရှိဘဲ အထက်မှဖော်ဆောင်သော အပြောင်းအလဲဟူသည် အဖွဲ့အစည်းတွင်း ပဋိပက္ခများ၏ အဓိကအရင်းအမြစ်တခုဖြစ်သည်ကိုလည်း မေ့ပစ်၍မဖြစ်ပါ။ အချိန်လိုသလောက်ရပါမူ ဤကိစ္စကို ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း အချိန်လိုသလောက်မရသော လုပ်ငန်းများအဖို့ အပြောင်းအလဲကြောင့် ဝန်ထမ်းများ အချို့အဝက် ထိခိုက်ကြသည်ကို ရှောင်လွှဲမရနိုင်ပေ။ အကျိုးဆိုင်သူတို့၏ မျှော်မှန်းချက်များအား ဂရုတစိုက် စီမံခြင်းနှင့် အပြောင်းအလဲဖော်ဆောင်ရေးတွင် ဝန်ထမ်းများအား လူရာသွင်းပါဝင်စေခြင်းဖြင့် ရုံးတွင်းပဋိပက္ခအတိုင်းအတာကို ထိန်းသိမ်းစီမံခြင်းသည် ထိရောက်သော HR manager တဦး၏ အဓိကကျသော အခန်းကဏ္ဍတရပ်ဖြစ်လေသည်။


အုပ်ချုပ်ရေး ဦးတည်ချက်
--------------------------
စတုတ္ထဦးတည်ချက်မှာ ယှဉ်ပြိုင်သာရည်နှင့်တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဘဲ အခြားဦးတည်ချက်များ ပေါက်မြောက်ရေးအတွက် အခြေခံကျသည်။ အဖွဲ့အစည်းတခု ချောချောမွေ့မွေ့လည်ပတ်ရေးအတွက် လုပ်ရသောအလုပ်များဖြစ်သည်။ ဝန်ထမ်းများတဦးချင်းစီအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ စွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်းများ၊ ရုံးတက်မှုနှင့် သင်တန်းမှတ်တမ်းများ၊ အလုပ်ခန့်ထားမှုပုံစံများအား တိကျပြည့်စုံစွာ ထိန်းသိမ်းထားရှိရသည်။ သို့သော် ဥပဒေအရ လိုအပ်၍ သိမ်းဆည်းရသည်လည်းရှိသည်။ ဤရှုထောင့်အရ အရေးကြီးသည်မှာ လစာအား ဥပဒေနှင့်အညီ စနစ်ကျစွာပေးနိုင်ရေးနှင့် ဝန်ထမ်းတိုင်းအား ကဏ္ဍခွဲကာ လစာစာရင်း ထုတ်ပြန်ပေးနိုင်ခြင်းဖြစ်သည်။ မီးဖွားခွင့်၊ ဖခင်ဖြစ်ခွင့် တို့နှင့် အခြားခွင့်များ၊ လူမှုဖူလုံကြေးများ ခံစားနိုင်ရေးအတွက် လစဉ်ဝန်ထမ်းလစာမှ ဝင်ငွေခွန်နှင့် အခြားအာမခံကြေးများကို စီစစ်ဖြတ်တောက်ရသည်။ အခြားဥပဒေအရ လိုအပ်သည်များမှာ လုပ်ငန်းခွင်ဘေးကင်းရေးနှင့် ကျန်းမာရေး၊ ဝန်ထမ်းသစ်များအား စာချုပ်သစ်များဖြင့် ခန့်အပ်နိုင်ရေးတို့ဖြစ်သည်။ ဝန်ထမ်းမှတ်တမ်းများ တိကျစွာထားရှိခြင်းသည် နိုင်ငံတော်မှပြဌာန်းသည့် အနိမ့်ဆုံးအခကြေးငွေဥပဒေ နှင့် အလုပ်ချိန်သတ်မှတ်ချက်များကိုလည်း လိုက်နာရာရောက်စေသည်။ HR သမားတို့သည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာအလုပ်များကို နှိမ့်ချလေ့ရှိပြီး ပိုမိုမျက်နှာရသော မဟာဗျူဟာချမှတ်ခြင်း၊ ပေါ်လစီရေးဆွဲခြင်းတို့ဘက် ဦးညွတ်လေ့ရှိသည်။ အလွန်ကျဉ်းမြောင်းသော အမြင်ပင်ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းတွင် ရုန်းကန်ရသော ပြိုင်ဘက်များနှင့်ယှဉ်သောအခါ အုပ်ချုပ်ရေးတွင် ထူးချွန်သောလုပ်ငန်းများက သာသည့်အလျောက် အုပ်ချုပ်ရေးဦးတည်ချက်များသည် ၎င်းတို့ကိုယ်နှိုက်က အရေးပါသောဦးတည်ချက်များအဖြစ် ရပ်တည်သည်။ ထို့ပြင် Stevens (2005: 137) ပြထားခဲ့ပြီးသည့်အတိုင်း HR ကိစ္စများတွင် စေ့စပ်စွာအုပ်ချုပ်နိုင်ခြင်းသည် တရားရေးရင်ဆိုင်ရသည်များကိုလည်း လျှော့ချပြီးသားဖြစ်စေသည်။ အုပ်ချုပ်ရေးကို ပိုင်နိုင်ခြင်းသည် အဖွဲ့အစည်းတွင်းရှိ HR ဌာနက အခြားဌာနများအား သြဇာသက်ရောက်နိုင်ရန် လိုအပ်သော လေးစားမှုကို ရစေသည်။ ဤရှုထောင့်အရ ပြောဆိုနိုင်သည်မှာ ထိရောက်သောအုပ်ချုပ်ရေးသည် အထက်ဖော်ပြခဲ့ပြီးသော ဦးတည်ချက် ၃ ရပ် ပေါက်မြောက်အောင်မြင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည် ဟူသည့်အချက်ပင် ဖြစ်ပါတော့သည်။


ဂုဏ်သတင်း ဦးတည်ချက်
---------------------------
များမကြာသေးမီကာလအထိ အထက်ဖော်ပြပါဦးတည်ချက် (၄) ခုသည် အဖွဲ့အစည်းတခုအတွင်း HRM က အောင်မြင်ရမည့်အရာများအား ပြည့်ပြည့်စုံစုံဖော်ပြနိုင်ပုံရခဲ့သည်။ ယခုအခါတွင်တော့ ပဉ္စမမြောက်ဦးတည်ချက်အား ထည့်သွင်းရန်သင့်ပြီဖြစ်သည်။ ထင်ရှားကျော်ကြားသည့် ကုန်အမှတ်တံဆိပ်များနှင့် ဆက်စပ်လျက်ရှိသော လုပ်ငန်းများတွင် နာမည်ကောင်းတခု တည်ဆောက်ထိန်းသိမ်းရန်မှာ အဓိကလုပ်ငန်းဦးတည်ချက်တခု ဖြစ်လာပြီဖြစ်သည်။ ဤလိုအပ်ချက်သည် ထိန်းချုပ်ရန်မဆိုထားဘိ၊ လွှမ်းမိုးရန်ပင်ခက်ခဲသော လူမှုကွန်ရက်များ အင်အားကြီးမားလာသည်နှင့်အမျှ ပို၍အရေးပါလာသည်။ HR သည် အဖွဲ့အစည်း၏ ဂုဏ်သတင်းအား ကူညီထိန်းသိမ်းပေးခြင်းဟူသည် HR ၏ Risk Management အခန်းကဏ္ဍကို စိတ်ဝင်စားသူများကိုရော HR ၏ လုပ်ငန်းများ ကျင့်ဝတ်နှင့်ညီညွတ်ခြင်းကို အလေးပေးသူများကိုပါ ချိတ်ဆက်ပေးသည်။

ပြည်သူ့အကြား ရေပန်းစားသော ကုန်အမှတ်တံဆိပ်များနှင့် ရှင်သန်ရန်အတွက် အပြင်းအထန်ပြိုင်ဆိုင်ရသော လုပ်ငန်းများတွင် HR များသည် Risk Management အားဖြင့် စဉ်းစားကြသည်ကို တွေ့ရသည်။ ၎င်းတို့၏ အခန်းကဏ္ဍအား အရိုးရှင်းဆုံးပြောရပါမူ လုပ်ငန်းသည် -
- အလုပ်ခန့်ထားမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မီဒီယာတွင် မကောင်းသတင်းမပေါ်အောင် ရှောင်ရမည်။
- တရားရုံးတွင် အလုပ်ခန့်ထားမှုကိစ္စများနှင့်ပတ်သက်၍ ချေပရခြင်း မရှိစေရ။
- ၎င်း၏ အဓိကလုပ်အားဈေးကွက်တွင် နာမည်ဆိုးနှင့် ထင်ပေါ်ခြင်း မရှိစေရ။
- သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်ဆံရေးကောင်းရမည်။
- အလုပ်ပျက်စေသော ဆန္ဒပြမှုများနှင့် လုပ်သားထုဆူပူမှုများအား ရှောင်ရှားနိုင်ရမည်။
- ဖောက်သည်များ၊ Supplier များနှင့် ဆက်ဆံရေးကောင်းရမည်။

ယနေ့ခေတ် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်ကြသောမန်နေဂျာများသည် အဖွဲ့အစည်း၏ ငွေကြေးခိုင်မာမှုအပေါ် အကဲဖြတ်ရန်တာဝန်ရှိသူတို့အား လုပ်ငန်းသည် ကောင်းစွာစီမံထားရှိသည်ဖြစ်ပြီး ရေတိုရေရှည်စိန်ခေါ်မှုများအတွက်လည်း အဆင်သင့်ဖြစ်လျက်ရှိကြောင်း ပြသရန်လိုသည်။ အထူးသဖြင့် Fund manager များနှင့် ၎င်းတို့အားလွှမ်းမိုးသော Financial journalist များအား ပြသရန်လိုသည်။ ခိုင်မာသော စီမံခန့်ခွဲရေးအဖွဲ့တခုအား ဆွဲဆောင်ထိန်းသိမ်းနိုင်ခြင်းသည် ဤအချက်အတွက် အဓိကကျသကဲ့သို့ အရည်အချင်းပြည့်ဝသော ဆက်ခံသူများရှိရေး၊ အနာဂတ်စိန်ခေါ်မှုများအတွက်လိုအပ်သော ကျွမ်းကျင်မှုများအား ဖွံ့ဖြိုးအောင်ဆောင်ရွက်နိုင်ရေးတို့ အရေးကြီးလျက်ရှိသည်။ ရင်းနှီးမြှုပ်နှံသူများအတွက် အဖွဲ့အစည်းသည် မြှုပ်နှံရန်သင့်သော အဖွဲ့အစည်းဖြစ်ကြောင်း ပြသနိုင်ဖို့လိုသည်။

HR သည် အဖွဲ့အစည်းအား ကျင့်ဝတ်ညီညွတ်ပြီး လူမှုရေးအရ တာဝန်သိသော အဖွဲ့အစည်းတခုအဖြစ် ဂုဏ်သတင်းထွက်ပေါ်စေရန်လည်း ဆောင်ရွက်ရသည်။ နည်းလမ်းနှစ်ခုဖြင့် ဤတာဝန်ကို ထမ်းဆောင်သည်။ ပထမနည်းလမ်းမှာ မန်နေဂျာများ နှင့် ဝန်ထမ်းများအားလုံး ကျင့်ဝတ်နှင့်ညီသော လုပ်ထုံးလုပ်နည်းများအား နားလည်ပြီး စွဲမြဲစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ ဝန်ထမ်းစုဆောင်းရေးတွင် အသုံးပြုသော ဦးတည်ချက်များ၊ သင်တန်းပေးရာနှင့် ဝန်ထမ်းရွေးချယ်ရာတွင် ချမှတ်သော သတ်မှတ်ချက်များ၊ ရာထူးတိုးရာတွင် အသုံးပြုသော သတ်မှတ်ချက်များ၊ စွမ်းဆောင်ရည်စီမံရေး လုပ်ငန်းစဉ်များတွင် အသုံးပြုသော ဦးတည်ချက်များအား ဂရုတစိုက် စီမံခြင်းဖြင့် ဆောင်ရွက်ရသည်။ ဒုတိယနည်းလမ်းမှာ ဝန်ထမ်းများအား မည်သို့စီမံသည်နှင့် သက်ဆိုင်သည်။ ဝန်ထမ်းများအား ဆိုးရွားစွာဆက်ဆံရုံဖြင့် ကျင့်ဝတ်နှင့်ပတ်သက်သော မကောင်းသတင်းဟူသည် ထွက်ပေါ်လာမည်ဖြစ်သည်။ များမကြာသေးမီနှစ်များအတွင်း UK ရှိ နာမည်ကြီးစားသောက်ဆိုင်များတွင် (အလုပ်ရှင်မှ တပတ်နာရီမည်မျှ အလုပ်ပေးမည်ကို အာမခံရန်မလိုသလို အလုပ်သမားဘက်မှလည်း တပတ်နာရီမည်မျှ အလုပ်ဆင်းမည်ဟူ၍ အာမခံရန်မလိုသော) နတ္ထိနာရီစာချုပ်များ အသုံးပြုခြင်းကြောင့် နာမည်ဆိုးများထွက်ပေါ်မှုရှိသလို နိုင်ငံတကာကုမ္ပဏီ အတော်များများလည်း ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ၎င်းတို့၏လုပ်ငန်းများတွင် လုပ်ကိုင်ကြသောဝန်ထမ်းများအား စေခိုင်းသောအလုပ်များနှင့် အလုပ်လုပ်ရသော အခြေအနေများကြောင့် နာမည်ပျက်လျက်ရှိကြသည်။


Reference: Human Resource Management 10e Torrington, Hall, Taylor, Atkinson

ဆက်လက်ဖော်ပြပါမည်။

အောင်ကိုကို
Lecturer / Trainer / Consultant
DBA 1st year (HWU, Edinburgh Business School)
MSc HRM (HWU, Edinburgh Business School)
M.B.,B.S (UM2, Ygn)

Wednesday, July 17, 2019

OPPO Reno Review



(၇သိန်းဖုန်းမှာ အဓိက Highlight ကဘာဖြစ်မလဲ)

 – P L A N E T X

BKK ရဲ့ လက်အောက်ခွဲ Company တွေဖြစ်တဲ့ OPPO, Vivo နဲ့ OnePlus တို့မှာ OPPO ရဲ့တိုးတတ်မှုက အရှိန်ပါပါနဲ့မြန်ဆန်နေတာကိုတွေ့ရပါတယ်။ 2017 ကနေ 2018 အတွင်းမှာ OPPO ရဲ့ Smartphone Market Share က 9% ထိတိုးတတ်ခဲ့ပြီး အခု 2019 Q1 စစ်တမ်းအရ 8% ပိုင်ဆိုင်မှုဖြင့် Xiaomi နဲ့အတူ နံပါတ် ၄ လေးနေရာမှာ ပြိုင်ဆိုင်ပြင်းထန်နေပါတယ်။ OPPO Find X ကစလို့ Innovation အသစ်နဲ့ ချပြခဲ့တဲ့ OPPO က အခုအခါမှာလဲ Under Display Camera နည်းပညာသစ်ကို မကြာသေးခင်ကပင် မိတ်ဆက်ပေးထားပါတယ်။ Mid Range ပိုင်းမှာဆိုရင်လည်း OPPO F11 Pro လိုဖုန်းမျိုး အတော်လေး လူကြိုက်များခဲ့ပါတယ်။ OPPO Reno Series ဆိုရင်လည်း လူတွေကြားမှာ အတော်လေး Hot ဖြစ်သွားသလို ကျွန်တော်လက်ထဲရောက်နေတဲ့ OPPO Reno ဆိုရင်လည်း အချိန်အတော်ကြာခဲ့ပြီမို့ Review အဖြစ် အသက်ဝင်ချိန်တန်လာပါပြီ။

အရင်ဦးဆုံးအနေနဲ့ OPPO Reno နဲ့ Reno 10x ကြားမှာ Design, Display, SoC, Battery, Camera နဲ့ ဈေးနှုန်းပိုင်းတွေ ကွာခြားမှုရှိပါတယ်။ ကျွန်တော်လက်ထဲကို ရောက်နေတဲ့ ဖုန်းက OPPO Reno ရိုးရိုး Mid-Range version ပါ။ 10x မဟုတ်တဲ့ ရိုးရိုး Reno လေးက သူအနေအထားမှာ ဘယ်လိုရှိသလဲ ဘာတွေ အားနည်းချက်ရှိမလဲဆိုတာ Review လုပ်ပေးထားပါတယ်။

Packaging

အရင်ဦးဆုံးအနေနဲ့ ထုပ်ပိုးမှုအပိုင်းကနေစလိုက်ရအောင်… OPPO Reno ရဲ့ ထုပ်ပိုးမှုက နည်းနည်းတော့ ဆန်းတယ်။ ဗူးထဲမှာ ဘာတွေပါလဲဆိုတာ မသိသေးချိန်မှာ ဗူး Design ကိုကြည့်တာနဲ့တင် နည်းနည်းတော့ တွေးမိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ OPPO Reno ရဲ့ Package Box က အခြား ဖုန်းတွေထက် ပိုမို ရှည်လျားနေတာပါ။ စာရေးသူလည်း ဗူးကို မြင်တုန်းက တွေ့မြင်နေကြ ဗူးတွေနဲ့ကွာခြားနေတော့ ဘာများပါလဲပေါ့ဆိုပြီး ပိုစိတ်ဝင်စားမိတယ်။ ဗူးကို ဖောက်တော့ အရင်ဆုံးတွေ့ရတာ User Manual တွေကို ထုပ်ပိုးထားတာတွေ့ရတယ်။ နည်းနည်းတော့ ရယ်ရတယ်ဗျ User Manual ကိုထုပ်ပိုးထားတဲ့ စက္ကူ Box က ဖုန်း ဗူးအတိုင်း အရှည်ကြီးလုပ်ထားပြီး User Manual တွေကျတော့ ပုံမှန် Size လေးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်တို့ ဖုန်းကို Plastic နဲ့ထုတ်ပိုးထားတာတွေ့ရတယ်။

နောက်ဆုံး အဆင့်မှာတော့ Silicon Cover, Earphone, USB Cable နဲ့ Charger တို့ SIM Tray တို့ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက Earphone ကို Plastic နဲ့မဟုတ်ပဲ သီးသန့် ထုပ်ပိုးထားတာကို တွေ့ရပါတယ်။ Charger ရဲကထုထည်အနေအထားက အတော်လေးကြီးတယ် USB Cable ကလည်း မာကြော ကျစ်လစ်နေတောကို တွေ့ရပါတယ်။ Packing ပိုင်းမှာတော့ အရင် OPPO တွေထက် ပို‌မိုက်တာကိုတွေ့ရပါတယ်။ Logo တွေ Printing လုပ်ထားတာကအစ သေသပ်အောင် ဂရုစိုက်ထားပါတယ်။

Design and Build Quality

ဖုန်းရဲ့ Design တော်တော်များများက ကြည့်လိုက်ရင် ဒီပုံစံလို့ ခံစားနေရတဲ့အချိန်မှာ ကွဲထွက်အောင်လုပ်နိုင်ခဲ့တဲ့ ပုံစံတွေကို အခုနောက်ပိုင်းဖုန်းတွေဖြစ်တဲ့ Redmi K20 Series တို့ OPPO Reno တို့မှာမြင်နေရပါပြီ။ ကိုယ်ပိုင်ဟန် ရှိခဲ့တဲ့ဖုန်းတွေက ဘာလို့ iPhone Design တွေနဲ့ ဆင်တူအောင်လုပ်လိုက်ရင် စိတ်ပျက်မိပေမဲ့ အခုလို ကိုယ့်မူနဲ့ပြန်သွားတဲ့ ဖုန်းတွေမှာထဲ ဒီ OPPO Reno မှာဆိုရင် အချိုးညီလှပသေသပ်တာကိုတွေ့ရပါတယ်။ ကင်မနေရာတွေက OPPO F11 Pro မှာ အလယ်မှာထားသိုထားပေမဲ့ ပိုပြီး လှပသေသပ်အောင် ဒီ ဖုန်းမှာ လုပ်ပေးထားပါတယ်။ ဖုန်းတော်တော်များများမှာ ကင်မရာအထားအသိုတွေ ဖုထွက်နေခဲ့တာ အတော်လေးကြာခဲ့ပါပြီ။ ဒီ OPPO Reno မှာတော့ Camera နဲ့ Body ကို တစ်သားထဲဖြစ်အောင်လုပ်ပေးထားတာလေးက အတော်မိုက်တယ်လို့ပြောရမှာပါ။ ဒါပေမဲ့ ဖုန်းက F11 Pro ထက်နည်းနည်း လေး မဆိုသလောက်လေး ထူသွားပါတယ်။

ကျောဘက် Camera ၂ ကို Body နဲ့ တပြေးညီဖြစ်အောင်လုပ်ပေးထားတော့ အတော်လေးမိုက်တယ်။ တစ်ခုတော့ စဉ်းစားမိမှာ ကျောဘက် Camera တွေက ဖုထွက်မနေပဲ တစ်ပြေးညီထဲဖြစ်နေမယ်ဆိုရင် ကြမ်းပြင်ချလိုက်တဲ့အခါ အစင်းတွေထင်နိုင်ပါတယ်။ ဒါကိုလည်း OPPO က သိတော့ အစိမ်းရောင်အ၀ိုင်းလေးနဲ့ ဘုလေးတစ်ခုကို Camera အောက်မှာ ထည့်ပေးထားပါတယ်။ ဆိုတော့ ကြမ်းပြင်ကို ချလိုက်တဲ့အခါမှာ Camera ကိုအစင်းတွေမထင်စေပဲနဲ့ ဘုလုံးလေးနဲ့ ခံနေမှာဖြစ်ပါတယ်။ ဒါကို OPPO က O-Dot လို့ နာမည်ပေးထားပါတယ်။ ကျွန်တော်အမြင်မှာ ဒီ O-Dot လေးက ကျောဘက်ခြမ်း တပြေးညီဖြစ်နေတဲ့ Weight ကို Design ပိုင်းအရ ဖုထွက်နေတဲ့ အရာလေးနဲ့ ပြန်ထိန်းသလိုလဲဖြစ်ပါတယ်။ Design Theory တွေအရ တစ်ဘက်ဘက်မှာ Weight အရမ်းသာသွားရင် တစ်ခုခုနဲ့ ပြန်ထိန်းတာမျိုးတွေရှိပါတယ်။ ဆိုတော့ ပြောင်ချောနေတဲ့ပေါ်မှာ ဖုထွက်နေတာလေးက အမြင်တစ်မျိုးလေးဆန်းစေပါတယ်။


OPPO ကတော့ ကြမ်းပြင်ပေါ်တင်လိုက်ရင် အစင်းမထင်ဖို့အတွက် ခံထားပေးသလိုဖြစ်ပေမဲ့ အစင်းဆိုတာက ဘယ်လောက်ပဲကာပါစေ အနည်းအများတော့ ထင်နေတာဖြစ်လို့ စိတ်ချလက်ချမထားသင့်ပါ။ ထောင့်စွန်းလေးတွေမှာ Curve ပုံစံလုပ်ပေးထားပါတယ်။ OPPO ကတော့ 3D Curved လို့ခေါ်ပါတယ် ဒါကတော့ အလှအပပေါ့။ ရှေ့ဘက်ခြမ်းမှဆိုရင် ကျွန်တော်တို့လိုချင်နေတဲ့ Full Design ဘက်ကိုသွားထားပါတယ်။ ဒါမဲ့အောက် Chin လေးကတော့ နည်းနည်းလေး ပိုရှိနေပါသေးတယ်။ Body Frame မှာဆိုရင် ဖုန်းအများစုလို့ Smooth ဖြစ်တဲ့ပုံစံမျိုးမဟုတ်ပဲ အစင်းတန်းလေးတစ်ခုထည့်ထားပေးပါတယ်။ ဘေးဘောင်ကနေတစ်ဆင့် လက်ထဲကိုင်ကြည့်တဲ့အခါ မှာ ချောမွတ်မနေပဲ အစင်းတန်းတွေကြောင့် လက်ထဲမြဲသလိုခံစားရစေတယ်။ ဘယ်ဘက်ခြမ်းမှာ ဆိုရင် Power Key ကို အလယ်မကျတကျနေရာလေးမှာထားပေးထားတယ်။ ဖုန်းက ၆ လက်မကျော်ကြီးတဲ့အတွက် Power Key အလယ်နီးပါးရောက်နေတာ ကောင်းတယ်လို့ပြောရမှာပါ ဒါမဲ့ အချို့ အချိန်အခါမျိုးတွေမှာ စိတ်အလိုမကျဖြစ်တတ်ပါတယ်။

ဖုန်းကို ကျွန်တော်တို့လက်နဲ့ကိုင်ရင် Body ရဲ့အလယ်ပိုင်းလောက်ကနေ မြဲအောင်ကိုင်ကြတာပါ အဲ့အချိန်မှာကိုင်ရင်း မတတော်တဆ နှိပ်မိသွားတာတွေရှိပါတယ်။ ဒါကလည်း အပြစ်လို့မဆိုချင် တစ်ခုကိုအဆင်ပြေဖို့ အတွက်နောက်တစ်ခုမှာ ဖြစ်တတ်တာလေးကိုပြောပြတာပါ။ဖုန်းရဲ့အောက်ဘက်ခြမ်းမှာတော့ 3.5mm Jack, နောက်ဆုံးတော့ ဘုရားစု USB-C Mid Range မှာပါလာ ပြီးတော့ Speaker ပါ။ အပေါ်ဘက်ခြမ်းမှာတော့ Pivot Rising Camera က နေရာယူထားတာကိုတွေ့ရမှာပါ။ ဖုန်းရှေ့ဘက်ခြမ်း အပေါ်ဘက်မှာ Speaker ပေါက်မမြင်ရတော့ပါဘူး ဘယ်ကိုရွှေ့လိုက်လဲဆိုရင် ဖုန်းရဲ့ အပေါ်ဘက်ခြမ်းကိုရွှေ့လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ Rising Camera Bump မှာ Speaker ကိုတွဲထည့်ထားလို့ပါ။ ဒါကြောင့် Speaker ကိုအပေါက်ကို အပေါ်ဘက်ကနေ Rising Camera ဘက်ရှိတဲ့ဆိုပြီး Tube တစ်ခုလို သွယ်ပေးထားပါတာ။ ဒါမဲ့ ဒီ Tube က ဖုန်းပြောချိန်ပဲအသုံးဝင်ပါတယ်။ Studio Speaker မဟုတ်တဲ့အတွက် ဖုန်းအပေါ်အောက်ကနေ အသံမထွက်ပါဘူး။


Build Quality ပိုင်းမှာ ရှေ့ကောနောက်ကော Gorilla Glass ကိုသုံးပေးထားတယ်။ ကျောဘက်ခြမ်းကို Glass 5 ရှေ့ဘက်ခြမ်းကတော့ Glass 6 ပေါ့။ ဒီနေရာမှာ Reno 10x နဲ့ပက်သက်ပြီးထည့်ပြောချင်ပါတယ်။ ကိုင်ရတဲ့အရသာမှာ ရိုးရိုး Reno က ဘာ Feeling မှာ မပေးနိုင်ပါဘူး ရှေ့ Glass နောက် Glass ဆိုတော့ ပြောင်ချောတဲ့ Feeling မျိုးပဲရမှာပါ အဲ့ဒါကိုမှာ ဘေးဘောင်အစင်းနဲ့ပြန်ထိန်းထားတယ် ဒီလောက်ပဲ တစ်ကယ်ကိုကိုင်ရတဲ့ အထဲမှာ OPPO Reno 10x Texture လေးတွေနဲ့ထိန်းထားတော့ အတော်အရသာရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ကိုင်လိုက်ရင် Texture ပါမှန်းသိတယ် ပွတ်ကြည့်တဲ့အခါ မကြမ်းတမ်းပါဘူး။ အပွင့်လင်းဆုံးပြောရရင် Reno ရဲ့ Feeling က ဘာမှတော့မထူးဆန်းပါဘူး လက်မှာမြဲ ဘေးဘောင် အစင်းလေးတွေနဲ့ ပြန်ထိန်းထားတာလေးက အတော်လေး အဆင်ပြေပါတယ်။ Design နဲ့ Build Quality ပိုင်းမှာ အလှအပပိုင်းမှာတော့ တည်ဆောက်မှုပိုင်းမှာပါ သေသပ်အားရဖွယ်ရှိတယ်။ အရမ်းကိုလည်း လက်ရာမြောက်ပါတယ်… မကြိုက်တဲ့အချက်တစ်ချက်ပြောပါဆိုရင် Pivot Rising Camera ပါ Pop-up တွေမကြိုက်တာကြောင့် Personal အမြင်ပဲဖြစ်ပါတယ်။



Display and Audio

6.4″ ကျယ်တဲ့ AMOLED အမျိုးအစား 1080x2340px Resolution ကိုသုံးပေးထားတယ်။ ဘာလို့ AMOLED သုံးထားလဲဆိုရင် In-screen Fingerprint ပါလို့ပါ။ AMOLED ဆိုပေမဲ့ ထင်သလောက်အားမရဘူး အထူးသဖြင့် Samsung AMOLED နဲ့ ယှဉ်ကြည့်မိရင် Color တောက်ပမှုပိုင်းမှာအားနည်းတယ်လို့ ခံစားရတယ် ဒါမဲ့ LCD နဲ့ ယှဉ်ရင် စိုပြေနေတာတော့ လက်ခံရမှာပါ။ DCI-P3 ကိုလည်း Support လုပ်တဲ့အတွက် sRGB နဲ့ယှဉ်ရင် Color ပိုစုံတယ် Color Contract တွေကောင်းတယ်။ အလင်းအားမှာလဲ ပိုကောင်းတာကိုတွေ့ရပါတယ်။ Notch Free, Hole Free Display ဖြစ်တဲ့အတွက် ရုပ်ရှင်ပဲကြည့်မလား ဂိမ်းပဲဆော့မလား ကြီးမားတယ်ဆိုတဲ့ ခံစားချက်ကို ရစေမှာပါ။ အားမရတဲ့အပိုင်းကတော့ Color စိုပြေမှုနဲ့ High Dynamic ပိုင်းမှာတော့ လိုနေသေးတယ်ထင်ပါတယ်။


Audio ပိုင်းမှာဆိုတော့ Mono Speaker ကိုသုံးပေးထားတယ်။ တစ်ကယ်ဆို Studio Speaker ပါသင့်တယ်လို့ မတောင်းဆိုချင်ပါဘူး ပါလာခဲ့ရင် အတော် လှတဲ့ Design နဲ့ Both Side Sound System ကြောင့် Full View ရဲ့ အရသာ ဘယ်လောက်တောင် ကြွလာမဲစဉ်းစားလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Full View အတွက် Chin သေးသေးလေးရှိတာလေးက လွဲရင် Speaker အထားအသိုတွေက ဖုန်းရဲ့ Design အတိုင်း အချိုးညီတဲ့ဘက်ကိုရောက်စေပါတယ် Earpiece Speaker မှာဆိုရင်လည်း ဖုန်းရဲ့ထိပ်ဘက်မှာ Tube တစ်ခု လို လုပ်ပေးထားတယ် အောက်ဘက် Speaker မှာဆိုရင်လည်း အောက်ဘက်မှာရှိတဲ့အတွက် Landscape အနေအထားနဲ့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ဖုန်းရဲ့ ဘေးနှစ်ဘက် က အသံထွက်မှာဖြစ်တဲ့အတွက် အတော်လေး မိုက်မယ်ခံစားမိလို့ပါ။ ဒါမဲ့လည်း Mono Speaker ဖြစ်နေတဲ့အတွက် ဖုန်းရဲ့ အောက်ခြေက အသံထွက်တစ်ခုပဲ ခံစားရပါတယ်။

အသံအနေအထားကတော့ ကျယ်တယ် Detail တွေပြည့်စုံတယ်ဆိုပေမဲ့ တစ်ချို့ အသံထွက်တွေမှာ မဆိုသလောက်လေး အက်သံလေးပါနေတယ်။ သီချင်းတိုင်းမှာမဟုတ်ပေမဲ့ အရမ်းဆူညံတဲ့သီချင်းတွေဆိုရင် သိသာတာကို ခံစားရမှာပါ။ အသံထွက်အားမှာ ကြည်တယ်လို့လဲ ခံစားရပါတယ်။

Performance and Software

Upper Mid-Range ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ Specs တွေရှိတဲ့အတွက် စိတ်ချရတဲ့ Performance လို့ပြောရမှာပါ။ ဒီအနေအထားမှစိတ်မချရရင်လည်း ဂျင်းဖြစ်တော့မယ်။ ဒါမဲ့သူကို ထိခိုက်လာနိုင်တဲ့အနေအထားက သူ့ ဈေးတန်းတူမှာ Mi 9 ရှိနေတယ်ဆိုတာကို OPPO မေ့မထားသင့်ပါ။ ကျွန်တော်တို့ Review လုပ်သူတွေအနေနဲ့လည်း Xiaomi နဲ့တွဲကြည့်လိုက်မယ်ဆိုရင် ဒီ OPPO ဖုန်းကို မ၀ယ်သင့်ကြောင့်ပြောတဲ့အခြေအနေတွေဖြစ်ကုန်လိမ့်မယ် ဆိုတော့ Xiaomi အကြောင်းလေးမေ့ထားလိုက်ရအောင်။ Snapdragon 710 ကိုသုံးပေးထားတယ် ဒါက မနှစ်က Mi 8 SE မှာပါတဲ့ Chipset ပါ။ အခုချိန်ထိ Mid-Range Level မှာရှိနေပါသေးတယ်။ RAM အနေနဲ့ 8GB ပါတယ်။ Storage အနေနဲ့ 128GB ထိပါတယ်။


အခြား Brand တွေကို လိုက်မကြည့်ပဲ မျက်လုံးမှိတ်သုံးမယ်ဆိုရင် သင့် Daily Task အတွက် နိုင်နင်းတဲ့ Specs တွေပါ။ စာရေးသူသုံးခဲ့တဲ့တစ်လျှောက် လေးတာ ဟန်းတာမျိုးတွေမရှိပဲ အဆင်ပြေပါတယ်။ Game ဆော့ကြည့်တဲ့အခါမှာလဲ အဆင်ပြေပါတယ်။ ဒါမဲ့အရိုးသားဆုံး ၀န်ခံရရင် Fortnite တို့ PUBG တို့ Performance Stress (ကြာကြာဆော့မယ်၊ Setting အမြင့်ဆုံးထားဆော့မယ်) လုပ်ပြီးဆော့မယ်ဆိုရင် Frame drop လေးကျတာကို ခံစားရမယ်။ ဒါမဲ့လည်း သင့်သာ Game ဖြစ်ပြီးရောလို့ဆော့သူအတွက်ဆို သိသာမှာမဟုတ်ပါဘူး။ နည်းနည်းလေး ကြာကြာဆော့တဲ့အခါ နွေးတယ်ဆိုတဲ့ ခံစားချက်ကိုရလာလိမ့်မယ် ပြင်းထန်လောက်တဲ့အပူမျိုး မဟုတ်ပါဘူး။ ရာသီဥတု ပတ်ဝန်းကျင်ကြောင့်လည်း ခံစားရတဲ့အထိအတွေ့ကွာနိုင်ပါတယ်။ သေချာတာတော့ သင်အသုံးပြုမှုကို နိုင်နင်းနေတဲ့ Spec တစ်ခုပါ။

Software ပိုင်းမှာဆိုရင် Android 9 ကို Color OS 6 နဲ့မောင်းနှင်ထားတယ်။ Color OS 6 ကအတော်လေး ပြည့်စုံလာတယ်ဆိုတာကို အရင် OPPO ဖုန်းတွေမှာပြောခဲ့ဖူးပါတယ်။ ဆိုတော့ သိပ်တော့များများစားစားပြောစရာမရှိပေမဲ့ Game Space လို Feature မျိုးက Game ဆော့တာကြိုက်သူတွေအတွက် အတော်လေး သဘောကျစေမှာပါ အခြားအသုံးဝင်တဲ့ Smart Slider တွေ Clone App Feature တွေလည်းပါဝင်လာပါတယ်။

Camera

အရင်ဆုံး သူ့ရဲ့ Motorized Camera ဖြစ်တဲ့ Selfie ကနေစလိုက်ရအောင် ကျွန်တော်မြင်ဘူးသမျှ Pop-up ထဲမှာ အတော်မြန်တဲ့ Pop-up ပါ။ OnePlus 7 Pro ကိုတော့ မမြင်ရသေးလို့ မသိသေးပါ။ သုံးစွဲချိန်ကြာလာရင်မပြောတတ်ပေမဲ့ OPPO Reno မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အထိ နှေးကွေးတာမျိုး လုံးဝမရှိပါဘူး။ Face Unlock သုံးတယ် Lock Screen ကို Swipe Up လုပ်လိုက်တာနဲ့ လုပ်လိုက်တဲ့ အရှိန်နဲ့အတူ တန်းထွက်လာတယ်။ Huawei Y9 Prime တောင် အဲ့ထက်မက နှေးပါတယ်။ သူကအတော်လေးမြန်နေတာပါ။ နောက်ပြီး မျက်နှာကို Scan ဖတ်တဲ့နေရာမှာလဲ အတော်လေးမြန်ဆန်ပါတယ်။ တစ်ယောက်ယောက်နဲ့ Video Call ခေါ်ပြီဆိုပါစို့ ဖုန်းတန်းဝင်လာတာနဲ့ တန်းပွင့်ပါတယ်။ လိုင်းကျသွားလို့ ဖုန်းပြန်ကျရင်လည်း ချက်ချင်းပြန်ဝင်သွားပါတယ်။ သုံးဖူးတဲ့ တစ်လျှောက် ရပ်သွားတာမျိုး ထစ်နေတာမျိုးတော့ မကြုံဖူးသေးပါ။ ဒါက အကောင်းပြောတာထက် မကောင်းတဲ့အချက်ကို မတွေ့သေးလို့ပြောတာပါ။ သုံးစွဲချိန်ကြာလာရင်တော့ အားနည်းချက်ဆိုတာ ရှိစမြဲပါ။

Selfie Camera ကို 16MP Ai Camera ကိုသုံးပေးထားတယ်။ ပြီးတော့ အဲ့ Sensor က အခြားဖုန်းတွေမှာပါတဲ့ Sensor တွေထက် ပိုပြီး Wide ဖြစ်ပါတယ်။ ရိုက်လိုက်ရင် သင့်မျက်နှာကို နီးနီးကပ်ကပ်ကြီးမဟုတ်ပဲ ဘေးပတ်ဝန်းကျင်နဲ့ ပြည့်ပြည့်စုံစုံလေးဖြစ်နေမှာပါ။ နောက်တစ်ခုက Traditional Effect တွေ ဘာမှမသုံးပဲ Natural ပဲသုံးတာတောင် လိုတာထက် နည်းနည်း အသားပိုဖြူပါတယ်။ Seflie မမများအကြိုက်… နောက်တစ်ခုက Dynamic Range မှာလည်း အလင်းနောက်ခံထားမိရင် Burn သွားတာမျိုးတွေရှိတတ်ပါတယ်။ ကျန်တဲ့ မြန်ဆန်မှုတွေမှာတော့ အတော်လေး သဘောကျပါတယ်။ ပုံ Quality က အနည်းငယ် ပို Wide ပြီးအရည်အသွေးပိုကောင်းလာတယ်။ Selfie Camera ကို ဒီအတိုင်းမရိုက်ပဲအကြားကြီးဖွင့်ထားမိရင် အချိန်နည်းနည်းကြာတဲ့အခါ သူ့အလိုလို ပြန်ပိတ်သွားပါတယ်။ ပြောပြောမဲ့ပြော Motorized Camera ပိုင်းကိုတော့ အတော်လေးအာရုံစိုက်ထားတယ်။ Redmi K20 Pro ကိုလည်း စိတ်ဝင်စားမိ…

ရှေ့ဘက် Camera မှာ Reno 10x နဲ့ ယှဉ်ရင် အတော်လေး အနှိမ်ခံထားရတယ်။ OIS မပါဘူး Periscope မပါဘူး Ultra Wide မပါဘူး။ ကျွန်တော်တို့ အမေ့ခံ OnePlus 7 လေးနဲ့ ဘ၀ချင်းတူတယ်ပြောရမယ်။ 48MP ကိုမှ f/1.7 Aperture သုံးပေးထားတယ်။ OIS မပါတာကလွဲလို့ အခြားသော 5MP Depth Sensor တွေအက OnePlus 7 နဲ့ တူတယ်။ OIS မပါပေမဲ့ EIS တော့ပါတယ်။ Point and Shoot မှာ အရင်ဖုန်းတွေထက် သိသိသာသာပိုကောင်းလာတယ်။ ပြီးတော့ Auto Focus မှာလဲ ပိုပြီး မြန်ဆန်လာတာတွေကိုတွေ့ရပါတယ်။ HDR Processing ပိုင်းတွေ မြန်ဆန်လာသလို နေ့ဘက် ညဘက်တွေမှာလည်း ပုံထွက်အားပိုကောင်းလာပါတယ်။ ပိုကောင်းလာတယ်ဆိုတာမျိုးမှာ အရမ်းကြီးလင်းထင်း တောက်ပလာတာမျိုးမဟုတ်ပဲ ပုံထွက်က Balance ဖြစ်လာတာပါ။ Low Light မှာဆိုရင် လင်းလွန်းတယ်မဟုတ်ပဲ Noise ကော Detail တွေကိုပါ Balance ဖြစ်အောင် ထိန်းပေးထားတာပါ။ ဆိုလိုတာက အခြား Low Light ဖုန်းတွေလို လင်းထင်းသွားတာမျိုးမဟုတ်ပဲ မြင်ရုံအနေအထား ကျန်တာတွေမကျအောင် ထိန်းပေးထားတာပါ။

Sharpness တွေကောင်းလာတယ် Detail တွေထိန်းနိုင်လာတယ်။ အထူးသဖြင့် AI ရဲ့လုပ်ဆောင်မှုတွေကလည်း တိုးတတ်လာပါတယ်။ အားမရတဲ့အပိုင်းတွေကရှိပါသေးတယ်။ Dynamic Range မှာ လိုအပ်နေသေးတယ် Portrait Mode မှာ Blur မှာဆိုရင်လည်း Edge Detection မကောင်းတာတွေရှိနေပါသေးတယ်။ အားလုံးပြည့်စုံသွားစေတဲ့ Camera Quality မျိုးမဟုတ်ပဲ Level တန်းတွေနဲ့ယှဉ်ရင် ဘောင်ဝင်နေပြီဆိုတာမျိုးဖြစ်လာတာပါ။ နောက်တစ်ခုက Portrait Mode မှာ Skin Tone လေးတွေကျသွားတာမျိုးလေးတွေရှိတတ်ပါတယ်။ Selfie မှာ Lighting Burn တာမျိုးရှိတတ်ပေမဲ့ ကျောဘက်မှာတော့ အနေအထားတစ်ခုထိ ထိန်းထားနိုင်ပါတယ်။ Camera ပိုင်းကိုသုံးသပ်ရင် OPPO ဘက်က အနေအထားတစ်ခုထိ ဂရုစိုက်ထားတာကို မြင်နိုင်ပါတယ်။ ကျွန်တော်အတွက်တော့ Color Correction နဲ့ Detail ပိုင်း ပို Strong ဖြစ်အောင်လုပ်ဖို့လိုနေသေးတယ်လို့မြင်မိပါတယ်။

Others

Audio ပိုင်းမှာမပြောခဲ့ပေမဲ့ သူ့မှာပါတဲ့ Earphone ကအတော်လေး အသံထွက်အားမိုက်လာတယ်။ အရင်လို Flat ဆန်လွန်းတဲ့ အသံထွက်မျိုးမဟုတ်ပဲ Surrounded ဖြစ်လာတယ်။ Bass တွေ Treble တွေ ပြည့်စုံလာတယ်။ အားနည်းချက်တော့ Play/Pause ခလုတ်တစ်ခုပဲလာတာပါ။ အသံလည်းတိုးမရသလို ချဲ့လို့လည်းမရပါဘူး။ နောက်တစ်ခုက Motorized Camera ကြောင့် ဖုန်ဝင်ပါတယ်။ Selfie Camera ထုတ်လိုက်တိုင်းမှာ ဖုန်တွေကို အမြဲတွေ့နေရတယ်။ ဖုန်းအလေးချိန်က နည်းနည်းလေး လေးတယ်။ ဖုန်းက အရမ်းချောတဲ့အတွက် မညီညာတဲ့နေရာမျိုးတင်ထားမိရင်တောင်ပြုတ်ကြနိုင်ပါတယ်။ Battery ပိုင်းမှာလဲ Li-Po 3765mAh သုံးထားတယ်အတွက် အတော်လေးခံတယ်လို့ပြောလို့ရပါတယ်။ အားကုန်သွားရင်လည်း 20W Charger ပါတဲ့အတွက်ကြောင့် အေးဆေးပဲလို့ပြောလို့ရပါတယ်။

နောက်ဆုံးအကြံပေးချင်တာက OPPO, Vivo, Xiaomi တိုမှာ Sub Brand တွေခွဲထုတ်ပြီး ပြိုင်ဆိုင်မှုတွေတတ်လာသလို အောက်မကျသွားအောင် ပိုကောင်းတဲ့ Service တွေပေးဖို့လိုအပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ Smartphone Market မှာ OPPO နဲ့ Xiaomi က နံပါတ်လေး ၄ နေရာမှာ တူညီနေတဲ့အတွက်ကြောင့် OPPO အနေနဲ့ ပိုဂရုစိုက်သင့်ပါတယ်။ ၇ သိန်းမှာ ၁၀၀ လျော့တဲ့ ဒီ OPPO Reno က OPPO အတွက် ဈေးသက်သာတ်ဆိုတယ်ပေမဲ့ အခြား Brand နဲ့ယှဉ်ရင် ဈေးကြီးပါတယ်။ ၇ သိန်းဝန်းကျင်မှာ AMOLED နဲ့ Shark-fin Camera, လှပသော Design နဲ့ Quality တို့က ဒီဖုန်းမှာ အဓိက Highlight တွေပဲလို့ပြောကြားရင်း…

Tuesday, July 16, 2019

“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”


•••••••••••••••••••••••••••••
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမမြတ်စွာဘုရား၊ ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်။

ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့နှင့် ထူးခြားချက်များ
***---*----*-*****************
သန္ဓေ တောထွက် ၊
 ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊
 အောက်မေ့ ဤလေးဖြာ။

#ဓမ္မစင်္ကြာဟောကြားခြင်း

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။် ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက် မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။

ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် ဆန္ဒအမတ်
ကဏ္ဍကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်ခဲ့ပါသည်။ အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိခဲ့ပေ။

အစွန်းလွတ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့် ၁၀၃ ခု၊ ကဆုန်လပြည့်၊   သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေဧ။်။

ပုထုဇဉ်တို့ အားဟောကြားရန် မတန်တဆ ခက်ခဲပင်ပန်းလိမ့်ည်ဟ်ုဆင်ခြင်နေစဉ် သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကိုတရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။

ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။

မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထားပြည့်စုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန်    လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။

#ဓမ္မစက္က ပ၀တ္တန ၏အဓိပ္ပါယ်မှာ- 
တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
(ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို
ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏
အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
အစွန်း နှစ် ခု ကို ရှောင်ကြဉ်ရေး၊
မဇ္ဈိမပဋိပဒါ မဂ္ဂင် ရှစ် ပါး လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး ၊
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
 (၃) ရက်နေ့၌ အရှင်မဟာနာမ်
၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား   တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစကြ်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။

#၀ါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်။
၆။ “ ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့

၇။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
(၇ ဝါမြောက်တွင်)

လယ်တီဆရာတော်ကြီး၏ ကဗျာများ

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊
 ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်...
နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့
(တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ် လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊
ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်....
 စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညီိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊
 ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်... တရားနတ်စည်ရွှမ်းတယ်ကို….။

မာဂဓီ (သာစည်)

Credit _ -Young Buddhist's Association

Monday, July 15, 2019

သင့် ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Goldie Kyaw 

HR အလုပ်က အသိမိတ်ဆွေ တော်တော်များများ အလုပ်လူခေါ်တာနဲ့ပဲ အလုပ်ရှုပ်နေတတ်တာ များတာ တွေ့ရပါတယ် ။

 ပြောချင်တာက ၀န်ထမ်းတွေ ခေါ်တာက ပြသာနာ မဟုတ် ၊လုပ်ငန်းတိုးချဲ့ဖို့ခေါ်မယ်ဆိုရင် တော့ အဖွဲ့အစည်းအတွက် ဘာမှ မဖြစ်ပေမဲ့ ၊ရှိပြီးသား လူတွေ အထွက်များလို့ ၀န်ထမ်းခေါ်ရရင်တော့ အဖွဲ့အစည်း အတွင်းက အားနည်းချက်တွေကို ရှာဖွေဖို့လိုလာပါပြီ ။

ဝန်ထမ်းတွေအလုပ်ထွက်ရတဲ့ အကြောင်းအရင်းက အများကြီးရှိပါတယ်၊ အခြေခံကျတဲ့ အကြောင်းအရင်း ကတော့ သိပ်အများကြီးတော့မရှိပါဘူး ။

 လေ့လာချက်တွေအရ လုပ်ငန်းကနေ စွန့်ခွာသွားတဲ့ ၀န်ထမ်းတွေကို မေးမြန်းကြည့်တဲ့အခါ အောက်ပါအတိုင်းတွေ့ရပါတယ်။

👉🏻လစာနှုန်းထားကြောင့် အလုပ်ထွက်ခြင်း 37%

👉🏻ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် အလုပ်ထွက်ခြင်း 42%

👉🏻လုပ်ဖော်ကိုင်ဖက်တွေကြောင့် အလုပ်ထွက်ခြင်း 13%

👉🏻မိမိဘ၀တိုးတတ်ဖို့ အခွင့်အလမ်းနည်းပါးတာကြောင့် အလုပ်ကထွက်ခြင်း 57%

👉🏻ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အလုပ်ထွက်ခြင်း  10%

ဖြစ်နေတာတွေကိုတွေ့ရပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် ပုံမှန်အားဖြင့် ၀န်ထမ်းတွေ အလုပ်ထွက်ကြတဲ့ အကြောင်းအရာတွေက ဒီအချက် တွေ ထဲက အဖြစ်များကြပါတယ်။

 နှစ်စဉ် ၀န်ထမ်းထွက်နှုန်းတွက်ချက်မှုအရ ပုံမှန်အားဖြင့် ၀န်ထမ်း (၂၀၀) ရှိတဲ့ အဖွဲ့အစည်းမှာ ၀န်ထမ်း (၃၀) ထွက်တာက  ကောင်းမွန်သော အခြေအနေအဖြစ်ရှိ သေးကြောင်း စစ်တမ်း များက ဆိုထားပါတယ်။

ဒီတော့တစ်ချက်ပြန်စဉ်းစားရင်ဝန်ထမ်းထွက်နှုန်း သိပ်များရင်တော့ ပြသာနာ သိပ်မရှိနိုင်ပါဘူး ။ ပြသာနာရှိတာကတော့ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတွေ ဆုံးရှုံးရတာများ လာပြီဆိုရင်တော့ ၀န်ထမ်းရေးရာ လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်နေသူများ အတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။

တစ်ခါတစ်လေ ၀န်ထမ်းထွက်နှုန်း (Turnover rate)
ကိုတွက်ချက်တဲ့အခါ  သိပ်အများကြီး ရှိတာ မတွေ့ရပါဘူး ။

ဥပမာ - ၀န်ထမ်း (၁၀၀) ရှိတဲ့ လုပ်ငန်းက ၀န်ထမ်း (၁၀) ယောက်ထွက်တယ်ဆိုပေမဲ့ ၀န်ထမ်းအ၀င်က (၁၀) ယောက်ပြန်ရှိတာကြောင့် Employee IN /Out ratio ကမျှနေတာကို တွေ့ရ တတ်ပါတယ် ။ ဒါပေမဲ့ ၀န်ထမ်းအထွက် (၁၀) ယောက်မှာ တာဝန်ယူဆောင်ရွက်နေရတဲ့ ၀န်ထမ်းတွေ ၊ အရည်အချင်းရှိပြီး လုပ်ငန်းကျွမ်းကျင်သူတွေဖြစ်ပြီး ၀င်လာသူတွေက အလုပ်သင်တွေ ၊ အခြားတာဝန်ယူ ဆောင်ရွက်နေသူတွေ မဟုတ်ဘူး ဆိုရင်တော့ အဖွဲ့အစည်းအတွက် ဆုံးရှုံးနစ်နာမှု တွေရှိ လာပါတယ် ။

ဒီတော့ ကိုယ့်အဖွဲ့အစည်းမှာ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတွေ မဆုံးရှုံးစေဖို့ ဘာတွေ ကြိုတင် ပြင်ဆင်ရမလဲ ဆိုတာက အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီတော့ အကောင်းဆုံးဖြစ်စေဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို တင်ပြချင်ပါတယ်။

✔️Hire the right people

အလုပ်ခေါ်ကတည်းက သေချာစွာပြင်ဆင်ထားနိုင်ဖို့လိုအပ်ပါတယ်။ မှန်ကန်တိကျတဲ့ လူမှန်နေရာမှန်ကို ရွေးချယ်ခန့်အပ်ခြင်းက ၀န်ထမ်းရွေးချယ်ခန့်အပ်ခြင်းအတွက် အရေးကြီးသလို ၊၀န်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ အချက်လည်းဖြစ်ပါတယ်။ဒါတော့ မိမိအဖွဲ့အစည်းအတွက် မှန်ကန်တဲ့ ၀န်ထမ်းကောင်းတွေကို ရွေးချယ်ခြင်း က အစပိုင်းမှာ အကောင်းဆုံးဖြစ်ဖို့လိုပါတယ်။

✔️Fire people who don’t fit
နောက်တစ်ချက်ကတော့ ၀န်ထမ်းတွေကို သူတို့တွေ လုပ်ဆောင်နေရတဲ့ လုပ်ငန်းခွင်ထဲက အလုပ်အကိုင် တွေနဲ့ တကယ်ကော အံဝင်ခွင်ကျဖြစ်ရဲ့လားဆိုတာကို သေချာစွာသိနိုင်ဖို့လိုအပ်ပါတယ်။ ဘယ်သူက ဒီအလုပ်နဲ့ အဆင်မပြေဘူးလည်းဆိုတာကို သိမှ လိုအပ်တဲ့ အရည်အချင်းတွေ ကိုဖြည့်ဆည်းပေးတာ တွေ လုပ်လို့ရမှာပါ ။

တစ်ချို့ဝန်ထမ်းတွေက အလုပ်မှ ကျွမ်းကျင်မှုရှိပေမဲ့ သူတို့ တကယ်လုပ်ကိုင်လိုတဲ့ အလုပ်တွေမဟုတ်ပဲဖြစ်နေတတ်တာလည်း ရှိပါတယ်။ လုပ်နေရတဲ့ အလုပ်အတွက်တော့ ကျွမ်းကျင်ကောင်း ကျွမ်းကျင်ပေမဲ့ တစ်ခြား ပိုပြီးအားသန်တဲ့အလုပ်အတွက်  အနည်းငယ် လေ့ကျင့်ပေး လိုက်ယုံနဲ့ မူလထက် ပိုမိုတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဘယ်သူ တွေက အံဝင်ခွင်ကျဖြစ် မနေဘူးလည်းဆိုတာကို လေ့ လာထားဖို့လိုအပ်ပါတယ်။

✔️Keep compensation and benefits current

ဝန်ထမ်းတစ်ယောက်ရဲ့ လက်ရှိခံစားနေရတဲ့ လစာ၊ရပိုင်ခွင့်တွေကလည်း  ၀န်ထမ်းကောင်းတွေကို ထိန်းသိမ်း ရာမှာ အရေးပါတဲ့အချက်ပါပဲ ၊ အရင်က Ferry စီစဉ်ပေးနေရာကနေ  ခုမပေးတော့ဘူး ဆိုပြီးလုပ်တာမျိုး ၊ လစာအပြင် တစ်ခြားခံစားခွင့်တွေကို လျော့ချပစ်တာမျိုး တွေက ၀န်ထမ်းကောင်းတွေကို ဆုံးရှံုံးစေတဲ့ အချက်တွေပါပဲ။

✔️Recognize and reward employees

ဒီအချက်က သိသိရင်းနဲ့ မေ့လျော့နေတာတွေ ၊ မသိချင်ယောင်ဆောင်နေတာတွေက ၀န်ထမ်းတော်တော် များများ ကြုံတွေ့ရဖူးမှာပါ ။ တတ်ကြွနေတဲ့ လုပ်ဆောင်ချက်တွေကို ဒီအရာက ရပ်တန့်ပစ်တတ်ပါတယ်။ အသိအမှတ်အပြုခံရမှုနဲ့ ချီးမြင့်ခြင်းတွေက  လုပ်ငန်းစွမ်းဆောင်ရည်အတွက်ကော ၀န်ထမ်းတွေကို ထိန်းသိမ်း ရာမှာပါတိုက်ရိုက်အချိုးကျသလိုထိရောက်မှုလည်း များပြားပါတယ်။

✔️Prioritize employee happiness

လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းတွေကို ပျော်ရွင်မှုကို ဦးစားပေးတဲ့ ပုံစံမျိုးကို ဦးတည်ပြီး ဆောင်ရွက်ပေးနိုင်ဖို့လိုပါတယ်။ တစ်ချို့သော လုပ်ငန်းခွင်တွေမှာ ပျော်ရွင်တဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်နေ တာကြောင့်ပဲ လစာနဲ့ ရပိုင်ခွင့်တွေကို အလေးမထားပဲ ၀န်ထမ်းတွေ မြဲနေတတ်တာတွေရှိနေပါတယ်။ ဒါကလည်းလုပ်ငန်းအဖွဲ့အစည်းရဲ့ တိုးတတ်မှုကို တိုက်ရိုက်ပံ့ပိုးပေးနိုင်တဲ့ အချက်ဖြစ်တာကြောင့် မိမိ အသုံးချနိုင်မှု ပေါ်မူတည်နေပါတယ်။

✔️Make opportunities for development and growth

ဖွံဖြိုးတိုးတတ်မှုအတွက် အခွင့်အလမ်းတွေဖန်တီးပေးနိုင်ဖို့လည်း လိုအပ်ပါတယ် ။ ဒါက Organization Development ရဲ့ အစိတ်အပိုင်းဖြစ်တဲ့  Individual development အပိုင်းကို သွားဖို့ ဆောင်ရွက်ရခြင်းပါပဲ ။ဝန်ထမ်းတစ်ဦးချင်းစီက မတူညီတဲ့ အခွင့်အလမ်းနဲ့ တိုးတတ်မှုတွေကို မျှော်လင့်ကြပါတယ်။ မိမိလုပ်ငန်းအဖွဲ့ အစည်းအနေနဲ့ ဘာတွေ စီစဉ်ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာကို မူတည်ပြီး လုပ်ငန်းခွင်က စွန့်ခွာခြင်းကို စဉ်းစားကြတာပါပဲ။ တစ်ချို့ဝန်ထမ်းတွေက ငွေကြေးပိုင်းဆိုင်ရာတိုးတတ်မှုကိုလိုချင်သလို ၊ တစ်ချို့ ၀န်ထမ်းတွေကတော့ ဘ၀အတွက် လေ့လာစရာတွေ ၊အတွေ့အကြုံအသစ်တွေ ၊စိန်ခေါ်မှုတွေကို လိုချင်ကြပါတယ်။ ဒါတွေကို လုပ်ငန်းခွင်ထဲမှာ မိမိက ဘယ်လိုဖန်တီးပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။

✔️Clean up performance reviews

နောက်တစ်ချက်က မျှတတဲ့ စွမ်းဆောင်ရည်သုံးသပ်ချက်တွေ ရှိရပါမယ် ၊  ရုံးတစ်ရုံးမှာ ၀န်ထမ်းတွေကို Performance reviews လုပ်ပြီး ရာထူးတွေ တိုးပေးလိုက်မှ တော်တော်များများ ထွက်ကုန်တာ ကြုံဖူးပါတယ်။ တစ်ခါတစ်လေ ကိုယ်က ဖြစ်ချင်တာက တစ်ခု ၊ဖြစ်သွားတာက တစ်ခြားဖြစ်နေတာမျိုးပါ ။ ရလဒ်အပေါ် ၀န်ထမ်းတွေက မျှတမှုမရှိဘူးလို့ယူဆခြင်းခံရရင် သင့်ရဲ့ Performance Management Systems က  အောင်မြင်မှာမဟုတ်နိုင်ပါဘူး ။

အထက်ပါအချက်အလက်တစ်ချို့က သင့်ရဲ့ လုပ်ငန်းခွင်အတွင်းက ၀န်ထမ်းကောင်းတွေ မဆုံးရှံးစေဖို့ အထောက်အကူပြုနိုင်မယ် ဆိုတာ အသေအချာပါပဲ ။

#Goldie_Kyaw

Saturday, July 13, 2019

Pumpkin Pasta - Grilled Briljal Pasta - ပိန်းဥြွကပ်ကြော် - Hot & Spicy Spaghetti

Pumpkin Pasta (ရွှေဖရုံသီး အီတလီခေါက်ဆွဲ) (သက်သတ်လွတ်)
--------------------------------------------------------


 Creamy သက်သတ်လွတ် Pasta ချက်မယ်ဆိုလျှင် သဘာဝအတိုင်း အချိုဓာတ်ရတဲ့ ရွှေဖရုံသီးကိုသုံးတာ အကောင်းဆုံးပါပဲ။ ရွှေဖရုံသီးအနှစ်က ပျစ်ပျစ်လေးနဲ့ ချိုနေတာ ဖြစ်လို့ Pasta နဲ့ ရောမွှေလိုက်ရုံပါပဲ။

ပါဝင်ပစ္စည်းများ
• အီတလီခေါက်ဆွဲ  -  ၅၀ဝ ဂရမ်
• ရွှေဖရုံသီး  -  ၅၀ဝ ဂရမ် (အခွံနွှာပြီး အတုံးတုံးထားပါ)
• ချင်း  -  ၁၀ ဂရမ် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ  -  ၁၂ ဂရမ် (ပါးပါးလှီးထားပါ)
• ကြက်သွန်နီ    -  ၅၀ ဂရမ် (ပါးပါးလှီးထားပါ)
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• Paprika Powder  -  အနည်းငယ်
• ဆား   -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံလွင်ဆီ    -  စားပွဲဇွန်း ၂ ဇွန်း
• ရေ    -  ၈၀ဝ  မီလီလီတာ


ပြုလုပ်နည်း
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ဆီသတ်ပါ။
၂။ မွှေးလာလျှင် အသင့်တုံးထားတဲ့ ရွှေဖရုံသီးထည့်ပြီး ကြော်ပါ။
၃။ ပြီးလျှင် ရေထည့်ပြီး ရွှေဖရုံသီး နူးတဲ့အထိ ချက်ပါ။
၎။ ရွှေဖရုံသီးနူးလျှင် အအေးခံထားပါ။
၅။ ရွှေဖရုံသီးအေးသွားလျှင် Blender ထဲ ထည့်ပြီး ကြိတ်ပါ။
၆။ အားလုံးကြေသွားလျှင် အိုးထဲပြန်ထည့်ပြီး  အပူပေးပါ။ ပြီးလျှင် ဆား၊ ငရုတ်ကောင်း မှုန့်နှင့် Paprika Powder ထည့်ပြီး မွှေပါ။
၇။ အီတလီခေါက်ဆွဲအမျိုးအစား၊ Macaroni ဒါမှမဟုတ် Shell Pasta ကို အထုပ်ရဲ့ အညွှန်းမှာပါတဲ့အတိုင်း ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူပြီး ချက်ထားတဲ့ ရွှေဖရုံသီးအနှစ်နဲ့ ရောပြီး မွှေပါ။
၈။ သက်သတ်လွတ်မဟုတ်လျှင် သံလွင်ဆီအစား ထောပတ်သုံးပြီး စားတဲ့အခါ Parmesan Cheese ဖြူးပြီး သုံးဆောင်နိုင်ပါတယ်။
---------------------------------------------
Myint Oo Tha

Grilled Briljal Pasta  (ခရမ်းသီးမီးဖုတ်သုပ် အီတလီခေါက်ဆွဲ)
----------------------------------------------------------


 သက်သတ်လွတ် Pasta ဖြစ်လို့ ချိစ်နဲ့ ခရင်မ် မသုံးရပါဘူး။ အီတလီအစားအစာတွေမှာလည်း ခရမ်းသီးသုံးပြီးချက်တဲ့ ဟင်းအမျိုးအစား အများကြီးရှိပါတယ်။ ဒီလမှာတော့ ခရမ်းသီးမီးဖုတ်နဲ့ ချက်မယ့် သက်သတ်လွတ် Pasta  နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ
• အီတလီခေါက်ဆွဲ  -  ၂၅၀ ဂရမ်(သို့) ဂျုံကြာဆံ
• ခရမ်းသီ   -  ၄၀ဝ ဂရမ် (မီးဖုတ်ထားပါ)
• သီဟိုဠ်စေ့လှော်  -  ၃၅ ဂရမ် (ထောင်းထားပါ)
• ကြက်သွန်နီ  -  ၆၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၂၅ ဂရမ်
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးအတောင့်ကြော်   -  ၄ ဂရမ်                                  
• နံနံပင်  -  ၂-၃ ပင်
• ဆီ   -  စားပွဲဇွန်း ၂ ဇွန်း


ပြုလုပ်နည်း
၁။ အီတလီခေါက်ဆွဲကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ပြုတ်ပြီး ဆယ်ယူထားပါ။
၂။ မီးဖုတ်ထားတဲ့ခရမ်းသီးကို အခွံနွှာပြီး အသားကို ယူထားပါ။
၃။ သီဟိုဠ်စေ့ကို မညက်တညက် ထောင်းထားပါ။
၎။ ဆီအိုးတည်ပြီး အပူပေးထားပါ။ ဆီပူလျှင် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။
၅။ အနံ့မွှေးလာသည်နှင့် ခရမ်းသီးအသားထည့်ပြီး မွှေပါ။
၆။ အားလုံးနှံ့စပ်ပြီဆိုလျှင် ပြုတ်ထားတဲ့ခေါက်ဆွဲထည့်ပါ။
၇။ ပြီးလျှင် သီဟိုဠ်စေ့ထောင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးကြော်တို့ကို ထည့်ပြီး မွှေပါ။
၈။ ပြီးလျှင် ပန်းကန်ထဲ ထည့်ပြီး ပါးပါးလှီးထားတဲ့ နံနံပင် ထည့်ပါ။
--------------------------
Myint Oo Tha

Asian Style Hot & Spicy Spaghetti (ချဉ်စပ်အီတလီခေါက်ဆွဲ) (သက်သတ်လွတ်)
---------------------------------------------------


ဒီလိုမျိုး ချဉ်ချဉ်စပ်စပ် Pasta မျိုးကိုတော့ လူတိုင်းကြိုက်နှစ်သက်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်လို့ အကြိမ်ကြိမ်လုပ်စားဖြစ်တဲ့ Pasta ပါ။
(သက်သတ်လွတ်မဟုတ်ရင်တော့ ပဲငံပြာရည်အစား ထိုင်းငံပြာရည်ကို သုံးနိုင်ပါ တယ်။ ပြီးတော့ ပုစွန်၊ ဒါမှမဟုတ် ပင်လယ်စာနဲ့လည်း ချက်နိုင်ပါတယ်။)

ပါဝင်ပစ္စည်းများ
• Spaghetti - ၁ ထုပ် (၅၀ဝ ဂရမ်)
• ခရမ်းချဉ်သီးဘူး - ၂ ဘူး (Blenderထဲ ထည့်ပြီး ကြိတ်ထားပါ)
• ထိုင်းငရုတ်သီးအနှစ် - ၁၀ဝ ဂရမ်
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
• သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်သွန်နီ - ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
• မှိုအစို - ၂၀ဝ ဂရမ်
• နံနံပင် - ၄ ပင် (ပါးပါးလှီးထားပါ)
အနှစ်အတွက် ထောင်းရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့…
• စပါးလင် - ၂ ချောင်း (ပါးပါးလှီးထားပါ)
• ငရုတ်သီးမှည့်အနီအတောင့်သေး - ၆ တောင့်
• ရှောက်ဘီလူးရွက် - ၈ ရွက် (ပါးပါးလှီးထားပါ)
• ပတဲကော - ၁၀ ဂရမ်


ပြုလုပ်နည်း
၁။ အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရောပြီး ထောင်းထားပါ။
၂။ Spaghetti တစ်ထုပ်ကို အညွှန်းမှာပါတဲ့အတိုင်း ပြုတ်ပါ။
၃။ Spaghetti ပြုတ်နေစဉ်မှာ ဆော့စ်ချက်ရမှာ ဖြစ်ပါတယ်။
၎။ ဆော့စ်ချက်မယ့်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီပျော့သွားလျှင် မှိုထည့်ပြီး ကြော်ပါ။
၅။ ပြီးလျှင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး၊ ထောင်းထားတဲ့ ထိုင်းငရုတ်သီးအနှစ်၊ ငံပြာရည်နှင့် သကြားတို့ကို ထည့်ပြီးချက်ပါ။ ထိုင်းငရုတ်သီးအနှစ်နှင့် ဆော့စ်ကို နှံ့စပ်အောင် မွှေပြီး ချက်ပါ။
၆။ ပြုတ်ထားတဲ့ Spaghetti ကျက်လျှင် ဆော့စ်အိုးထဲ ထည့်ပါ။ ပြီးလျှင် နှံ့စပ်အောင် မွှေပါ။
၇။ ပြီးလျှင် ပန်းကန်ထဲထည့်၍ နံနံပင်ထည့်ပြီး သုံးဆောင်ပါ။
-----------------------------------------------
Myint Oo Tha

သခွာသီးနှင့် မြေပဲဆံသုပ် (Cucumber and peanut Slad)
---------------------------------------------------------------


 သခွာသီးကို  ဒီအတိုင်းစားရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ချဉ်စပ်သုပ်စားမယ်ဆိုရင်လည်း ထမင်းမြိန်စေတဲ့ အသုပ်တစ်ပွဲပါ။ သခွာသီးသုပ်က ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ ရေဓာတ်ကို အစေ့အဆန်က ဖြည့်ဆည်းပေးနိုင်တာကြောင့် ဒီအသုပ်က စားပြီး ပြီးပြည့်စုံစေပါတယ်။

ပါဝင်ပစ္စည်းများ
• သခွာသီး  -  ၁  လုံး (အခွံနွှာပြီး အမျှင်ချောင်းများခြစ်ထားပါ)
• နေကြာဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• မြေပဲလှော်  -  စားပွဲဇွန်း  ၁  ၁/၂ ဇွန်း(မညက်တညက်ထောင်းပြီး ထည့်ပါ)
• ငံပြာရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သံပရာရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား  -  အနည်းငယ်
• ငရုတ်သီးစိမ်း  -  ၂ တောင့် (အကွင်းပါးပါးလှီးထားပါ)
• ပူဒီနာ  -  ၂ ပင် (အရွက်များြွေခထားပါ)
• နံနံပင်  -  ၂ ပင် (အရွက်များြွေခထားပါ)
• ကြက်သွန်ဖြူကြော်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း
၁။ ဖန်ဇလုံအကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး သေချာနယ်ပါ။ အရသာ အားလုံးနှံ့အောင် နယ်ပြီးလျှင် စားမြည်းပါ။ လိုတာကို မိမိစိတ်တိုင်းကျ ထပ်ဖြည့်နိုင်ပါတယ်။
--------------------------------
Syi Lwin Foods Garden

ပူတင်းကိတ်
--------------------


 အလွန်စားကောင်းတဲ့ ပူတင်းအလွှာတစ်ထပ်၊ ကိတ် အလွှာတစ်ထပ်ပါတဲ့ ကိတ်ပါ။ အများစုနဲ့လည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ စုစုပေါင်း ကြာချိန်က ၁ နာရီတည်းပါပဲ။
 မုန့်ဖုတ်ပြီးရင် ချက်ချင်းမစားဘဲ ရေခဲသေတ္တာထဲ ထည့် စားမှ အရသာက ပိုပြီးစိမ့်ဝင်လို့ စားလို့အလွန်ကောင်းပါ
တယ်။ ပေးထားတဲ့ အချိုးတွေကတော့ ၈ လက်မ မုန့်ဗန်း အတွက်ပါ။

ပါဝင်ပစ္စည်းများ (ပူတင်းအလွှာအတွက်)
• နွားနို့  -  ၁ ခွက် (၂၅၀ မီလီလီတာ)
• နို့စိမ်း  -  ၁ ခွက် (၂၅၀ မီလီလီတာ)
• နို့ဆီ  -  ၁/၂ ခွက် (၁၂၅ မီလီလီတာ)
• ကြက်ဥ  -  ၂ လုံး၊ ကြက်ဥအနှစ် ၁ ခု
• ဗနီလာ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သကြား  -  ၁၅၀ ဂရမ်

ပူတင်းပြုလုပ်နည်း
၁။ ဦးစွာ သကြားကို အိုးအသေးထဲထည့်ပြီး အရည်ပျော် အောင် အပူပေးပါ။
၂။ ပူလာလျှင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့်ပါ။
၃။ ပြီးလျှင် ပူတင်းအလွှာကို ပြင်ရပါမယ်။
၎။ ကြက်ဥ၊ နို့၊ နို့စိမ်းနှင့် နို့ဆီကို အားလုံးပေါင်းထည့်ပြီး အပူပေးပါ။ အဆက်မပြတ် မွှေပါ။ နို့ရည်တွေ အိုးဘေးလောက်ကနေ အနည်းငယ်ဆူလာတာနဲ့ မီးပိတ်ပြီး အအေးခံပါ။ ဗနီလာထည့်ပါ။
၅။ အေးသွားတဲ့ နွားနို့၊ ကြက်ဥရည်များကို ဆန်ခါနဲ့ ပြန်စစ်ပေးပြီး သကြားရည်ထဲ လောင်းပေးပါ။

ပါဝင်ပစ္စည်းများ (ကိတ်အလွှာအတွက်)
• ကြက်ဥ  -  ၃ လုံး
• သကြား  -  ၇၀ ဂရမ်
• ဂျုံ  -  ၇၀ ဂရမ်
• ဘေကင်ပေါင်ဒါ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆီ  -  ၃၀ ဂရမ်
• ဗနီလာ အနံ့  -  အနည်းငယ်


ကိတ်အလွှာ ပြုလုပ်နည်း
၁။ ဂျုံနှင့် ပွဆေးကို ဆန်ခါချထားပါ။
၂။ ကြက်ဥနှင့် သကြားကို ဖြူပြီး ပွလာအောင် စက်ဖြင့် ခေါက်ပေးပါ။ျွငဘဘသညူငုနှအေါန ရောက်တဲ့ အထိ မွှေပါ။
၃။ ပြီးလျှင် ဂျုံနှင့် ဘေကင်ပေါင်ဒါ (ဆန်ခါချပြီးသား)ကို အသာအယာ ရောမွှေပါ။
၎။ နောက်ဆုံးမှ ဆီနှင့် ဗနီလာအနံ့ (လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း) ကို ရောမွှေပြီး မုန့်သား ၁/၃ နဲ့ အရင်ရောမွှေပါ။ ပြီးလျှင် ကျန်တဲ့မုန့်သားထဲ ပြန်ထည့်ပြီး သမအောင် မွှေပါ။
၅။ ပြီးလျှင် ပူတင်းဖုတ်ဖို့ ပြင်ထားတဲ့ ကြက်ဥရည်အပေါ်  အသာအယာလောင်းချပါ။
၆။ ထို့နောက် ၁၈၀ ဒီဂရီ အပူပေးထားတဲ့ ဥလနည မှာ မိနစ် ၃၀ ခန့် ဖုတ်ပေးလျှင် ရပါပြီ။ လုံးဝအေးသွားမှ စားပါ။
----------------------------------
Evy's Kitchen

ပိန်းဥြွကပ်ကြော်
------------------------------


 ဒီဟင်းလျာလေးက ဟင်းအနေနဲ့ပဲဖြစ်ဖြစ်၊ သရေစာ အနေနဲ့ပဲဖြစ်ဖြစ် စားလို့ရမယ့် ဟင်းလျာလေးပါ။ သက် သတ်လွတ်စားချင်သူများအတွက်လည်း သင့်တော်သလို သားသား၊ မီးမီးတို့လည်း ကြိုက်နှစ်သက်မယ့် ဟင်းလျာ လေးပါ။

ပါဝင်ပစ္စည်းများ
• ပိန်းဥ  -  ၁ လုံး (၃၀ဝ ဂရမ်)
• ကော်မှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့်   -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကြော်ရန် ဆီ
•  တွဲစားရန် ဆော့စ်  -  Sweet Chilli Sauce , Tomato Ketchup, Mayonaise

ပြုလုပ်နည်း
၁။ ဦးစွာ ပိန်းဥကို အခွံနွှာပြီး သေချာရေဆေးပါ။
၂။ ပိန်းဥကို လက်ချောင်းအရွယ် အချောင်းများ လှီးဖြတ် ပါ။
၃။ ဖြတ်ထားပြီးသား ပိန်းဥများကို ဆား၊ ငရုတ်ကောင်း မှုန့်နှင့် နယ်ပါ။
၎။ ကော်မှုန့်ဖြင့် နယ်ပါ။
၅။ အဆင်သင့်ဖြစ်ပြီဆိုလျှင် ဆီပူပူမှာြွကပ်ပြီး ကျက် သည်အထိ ကြော်ပါ။
၆။ ပိန်းဥြွကပ်ပြီး ကျက်လာပြီဆိုလျှင် ဆီစစ်၍ ပန်းကန် မှာပြင်ပြီး ကြိုက်နှစ်သက်ရာ ဆော့စ်နှင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------------
အံ့ဝင့်ထွဋ်(MRTV-4)

Friday, July 12, 2019

"DNA စစ်ဆေးခြင်းအကြောင်း သိချင်နေတဲ့မေးခွန်းများ"



ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ်ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား။

DNA ဆိုတာဘာလဲ။

DNA ဆိုတာ Deoxyribonucleic Acid ရဲ့ အတိုကောက်ကို ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ code ကုဒ်တွေက အဓိကဆို လူတွေမှာလည်း DNA ဆိုတာ အဓိကကုဒ်တွေပါပဲ။ လူတစ်ယောက်ရဲ့ ဆဲလ်တစ်ခုချင်းစီဟာ ပုံစံတူ DNA ကုဒ်တွေနဲ့ ဖွဲ့စည်းထားပြီး လူတစ်ဦးစီတိုင်းဟာ ကိုယ်ပိုင် DNA တွေ ရှိကြပါတယ်။ ကိုယ်ခန္ဓာမှာ AT နဲ့ CG လို့ခေါ်တဲ့ ကြောင်လိမ်လှေကားပုံသဏ္ဍန် DNA letters အတွဲပေါင်း ၃ ဘီလျံခန့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်မှာ ဖွဲ့စည်းထားတဲ့ DNAကုဒ် ချင်းကမတူပါဘူး။ ဒါ့ကြောင့် DNA ဟာ တရားခံပေါ်အောင် အမှုလိုက်တဲ့ နေရာမှာ အဓိကကျတဲ့ သက်သေအဖြစ် အသုံးအဝင်ဆုံး အရာဖြစ်လာတာပါ။

DNA တစ်ခုက ဘယ်လောက်ခံလဲ။

DNA တစ်ခုရဲ့ သက်တမ်းဘယ်လောက်ရှိလဲဆိုတာလည်း စိတ်ဝင်စားစရာ အချက်တစ်ခုပါ။ DNA တစ်ခု့ရဲ့သက်တမ်းက နှစ်ပေါင်း ၆.၈ သန်း တောင်ရှိပါတယ်။ လေ့လာချက်တွေအရ DNA မော်လီကျူးတစ်ခုရဲ့ ချိတ်ဆက်ထားတဲ့ အတွဲပေါင်း တစ်ဝက်လောက်ပျက်သွားပါစေဦး DNA တစ်ခုက နှစ်ပေါင်း ၅၂၁ နှစ်တောင်ခံပါတယ်တဲ့။

DNA တွေက ပျက်စီးသွားတတ်လား ။

ဒီ အရမ်းအသုံးဝင်တဲ့ DNA ဟာ ရေနဲ့ နေနဲ့ ထိသွားရင် အထဲမှာပါတဲ့ အင်ဇိုင်းတွေ ဖျက်ဆီးခံလိုက်ရသလိုဖြစ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် လုံးဝအစအနပါရှာမရအောင်ဖျက်ဆီးဖို့ဆိုရင်တော့ Bleach (အစွန်းချွတ်ဆေး)လိုမျိုး ပြင်းထန်တဲ့ဓာတုပစ္စည်းတွေအသုံးပြုမှရနိုင်ပါတယ်။

DNA စစ်ဆေးခြင်းကို ဘယ်လိုလုပ်ဆောင်ကြလဲ ။

ကိုယ်ခန္ဓာပေါ်ကဆံပင်၊ သွေး၊ အရေပြား၊ သုတ်ရည် နဲ့  အခြားတစ်ရှူးဆဲလ်တွေကိုသုံးပြီး DNA ကိုစစ်ဆေးကြပါတယ်။ ဥပမာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ တရားခံနဲ့ ဆံပင်ဖြစ်ဖြစ် သွေးဖြစ်ဖြစ်ကျန်ခဲ့ရင် အဲဒါကို DNA စစ် ပြီးရင် သံသယရှိတယ်လို့ ယူဆရတဲ့ လူတွေရဲ့ ဆံပင် နဲ့ သွေးတွေကို DNA စစ်ပြီး ကိုက်ညီမှု ရှိမရှိ ဆောင်ရွက်တာကို ပြောတာပါ။ ဒါတွေကို ဓာတ်ခွဲခန်းထဲမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ရလာတဲ့ စစ်ဆေးချက်အဖြေကို သက်ဆိုင်ရာတာဝန်ရှိသူထံဆီ လက်ရေးမူနဲ့ ပို့ပေးရတာဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် DNA စစ်ချင်တယ်ဆိုရင်တော့ မစစ်ခင် DNA စစ်ဆေးခြင်းကြောင့် ရလာမယ့် ကောင်းကျိုး ဆိုးပြစ်တွေ  အားလုံးကို သိရှိပြီး သဘောတူကြောင့်လက်မှတ်ရေးထိုးဖို့တော့လိုပါလိမ့်မယ်။

DNA စစ်ဆေးချက်လုပ်ဆောင်တော့မယ်ဆိုရင် ဘယ်အဆင့်တွေက အရေးကြီးလဲ။

Ideneifying – အခင်းဖြစ်ပွားတဲ့နေရာကနေ DNA ရနိုင်မယ့် အရာတွေကို ရှာမယ်
Collecting – ရနိုင်သမျှ သက်သေတွေကို စုဆောင်းမယ်
Transporting – စုဆောင်းထားတဲ့ သက်သေတွေကို သက်ဆိုင်ရာနေရာရောက်အောင် စနစ်တကျသယ်သွားမယ်
Storing – ရရှိလာတဲ့ DNA သက်သေတွေကို စနစ်တကျ သိမ်းဆည်းထားမယ်။ စတာတွေက အရေးကြီးတဲ့ အဆင့်တွေပါ။
ဒီအထဲမှာမှ အရေးအကြီးဆုံးကတော့ Collecting စုဆောင်းတဲ့ အဆင့်ဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ သက်သေတွေကို မစုဆောင်းနိုင်ရင် အဖြစ်မှန်ပေါ်မှာ မဟုတ်သလို စုဆောင်းတဲ့ အချိန်မှာလည်း စနစ်တကျ မစုဆောင်းခဲ့ရင် သက်သေတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။ အထူးသဖြင့် မှုခင်းဖြစ်ပွားခဲ့တယ်ဆိုရင် ခံလိုက်ရတဲ့ တရားလို အနေနဲ့ မှုခင်းဖြစ်ပြီးပြီးချင်း အကျီင်္လဲလိုက်တာ၊ ရေချိုးလိုက်တာ ၊ ရေဆေးလိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။  စုဆောင်းတဲ့ မှုခင်းအရာရှိ အနေနဲ့လည်း DNA တွေ ရောထွေးမသွားစေဖို့ လက်အိတ်နဲ့ စနစ်တကျကိုင်ပြီး တစ်ခုချင်း သေချာ ခွဲသိမ်းထားတာမျိုးလုပ်သင့်ပါတယ်။

ဘယ်လိုနေရာတွေကနေ DNA စစ်ဆေးခြင်းလုပ်ဆောင်လို့ရလဲ ။

ခန္ဓာကိုယ်ကနေထွက်တဲ့အရည်တိုင်းလိုလိုမှာ DNA စစ်ဆေးလို့ရပါတယ်။ အထူးသဖြင့်တော့

တရားလိုရဲ့ ကိုယ်ခန္ဓာဆီမှာ ကျန်နေနိုင်ခဲ့တဲ့ တရားခံရဲ့ သုတ်ရည်၊ တံတွေး၊ သွေး
တရားလိုရဲ့ လက်သည်းထဲမှ တရားခံရဲ့ အသားစတွေ
တရားလိုရဲ့ အကျီပေါ်မှာကပ်ကျန်နိုင်ခဲ့တဲ့ ဆံပင်
တရားလိုရဲ့ မိန်းမကိုယ်၊ စအိုဝ၊ ပါးစပ် စတာတွေ အားလုံးက DNA စစ်ဆေးလို့ရနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

DNA တစ်ခါ စစ်ဆေးရင် ဘယ်လောက်ကြာတတ်လဲ ။

DNA စစ်ဆေးခြင်း တစ်ခါလုပ်ရင် ၃ ရက်လောက်အထိကြာတတ်ပြီး မှုခင်းဖြစ်ပွားတဲ့နေရာကနေ စစ်ဆေးချက်အဖြေထွက်တဲ့ အထိဆိုရင် တစ်ခါတစ်ရံ ၁၄ ရက်လောက်အထိကြာသွားတတ်ပါတယ်။ အဲဒီ အချိန်လောက်ဆိုရင် တရားခံဖြစ်သူက ထွက်ပြေးလွတ်မြောက်နိုင်သွားတဲ့အတွက် ခုနောက်ပိုင်း DNA ကို ၂ နာရီအတွင်းအပြီးသတ်စစ်ဆေးလို့ရမယ့် နည်းတွေ စမ်းသပ်လျက်ရှိပါတယ်။

DNA စစ်ဆေးပြီး အမှုတွေကို ဘယ်လိုဖော်ထုတ်ကြလဲ။

အမှု ဖော်ထုတ်တဲ့နေရာမှာ အသုံးများတဲ့ DNA စစ်ဆေးခြင်းက polymerase chain reaction (PCR) စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ စုဆောင်းရလာတဲ့ သက်သေပစ္စည်းတွေကို PCR နည်းနဲ့ DNA စစ်ဆေးခြင်းအားဖြင့် သန်းနဲ့ချီထွက်လာပြီး ထွက်လာတဲ့ DNA Copy တွေကို သံသယရှိသူရဲ့ DNA နဲ့ ပြန်ပြီးတိုက်စစ်တာပါ။

DNA စစ်ဆေးခြင်းက ဘယ်လောက် တိကျတဲ့အဖြေကို ပေးသလဲ၊

စုဆောင်းရလာတဲ့DNA က အရည်အသွေးပိုင်းထိခိုက်ထားတာလည်း မရှိဘူး၊ လုံလောက်တဲ့ ပမာဏလည်းဖြစ်မယ်ဆိုရင် DNA က ထုတ်ပေးတဲ့ မှုခင်းအဖြေက ၉၉.၉ ရာခိုင်နှုန်းတိကျ မှန်ကန်မှု ရှိပါတယ်။

DNA အဖြေကို လှည့်စားလို့ရလား။

DNA စစ်ဆေးတယ်ဆိုတာ စုဆောင်းရလာတဲ့ သက်သေတွေကိုပဲ စစ်ဆေးရတာ ဖြစ်တဲ့အတွက်ရလာတဲ့ သက်သေကို အစားထိုးလိုက်တာမျိုးဆိုရင်တော့၊ လဲလိုက်တာမျိုးဆိုရင်တော့ စစ်ဆေးချက်ထွက်လာတဲ့အဖြေက တကယ်အဖြစ်မှန်နဲ့ ကွဲလွဲမှုလေးတွေ ရှိနေပါလိမ့်မယ်။ ခုလို သက်သပစ္စည်းတွေကို လဲလိုက်တာမျိုး၊ ဖျက်ဆီးလိုက်တာမျိုးတွေ မရှိခဲ့ဘူးဆိုရင် သေချာစုဆာင်း သိမ်းဆည်းထားမယ်ဆိုရင် DNA က တရားခံကို  အတိအကျဖော်ထုတ်ပေးနိုင်မယ့် အမှန်တရားဘက်တော်သား တစ်ယောက်ပါ ။ ။

မူလရေးသားတင်ဆက်သည့် စာမျက်နှာ - Hello ဆရာဝန်