Wednesday, September 30, 2020

အႀကံေပးတစ္ေယာက္ကို ဘယ္လိုေရြးခ်ယ္ေခၚယူမလဲ

 လုပ္ငန္းတုိးတက္ဖို႔အတြက္ အႀကံေပးတစ္ေယာက္ကို ဘယ္လိုေရြးခ်ယ္ေခၚယူမလဲ (စက်တင်ဘာလ 2020)




          စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အကျပ်အတည်းရောက်ချိန်၊ စီးပွားကျချိန်၊ အပြိုင်အဆိုင်များလာချိန်၊ တိုးချဲ့လာချိန်တွေမှာ လုပ်ငန်းအကြံပေးခေါ် ဖို့ စဉ်းစားတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ အကြံပေးတစ်ယောက်ကို စနစ်တကျ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒါကြောင့် အကြံပေးတစ်ယောက်ကို ခေါ်ယူတဲ့အခါမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက် (၈) ချက်ကို ဆွေးနွေးပေးလိုက်ပါတယ်။


(၁) ဘာကြောင့်ခေါ်မှာလဲ။


          တစ်ခါတလေကျပိုင်ရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းကလွဲပြီး ပြင်ပမှာဘာတွေဖြစ်နေလဲ သိဖို့ခက်ပါတယ်။ တချို့အခက်အခဲတွေ၊ ပြဿနာတွေက ရှုပ်ထွေးလွန်းတဲ့အခါ အဲဒီအရာတွေကို ဖြေရှင်းဖို့အတွက် ကိုယ်သိထားသလောက်နဲ့ မလုံလောက်တော့တာမျိုးဖြစ်တတ်ပါတယ်။ အဲလိုအချိန်မှာ ဘက်ပေါင်းစုံကနေ စဉ်းစားအကြံပေးနိုင်တဲ့ အကြံပေးခေါ်ယူဖို့ လို လာနိုင်ပါတယ်။


          တစ်ခါတလေကျတော့လည်း ကိုယ်ဘာဖြစ်နေလဲ ကိုယ်ကသိပြီးသား ဖြစ်နေနိုင်ပါတယ်။ ဥပမာအားဖြင့် ထုတ်ကုန်အသစ်တစ်ခုအတွက် Marketing Plan တစ်ခုလိုအပ်တာ ဒါမှမဟုတ် ကွန်ပျူတာစနစ်တစ်ခုကို အဆင့်မြှင့်တင်ချင်တာ စသဖြင့်ပေါ့။ ဒါဆိုရင်တော့ အကြံပေးခေါ်ရတာပို ပြီးရှင်းလင်းပြတ်သားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးကို ကျွမ်းကျင်ပိုင်နိုင်ပြီး တတ်သိတဲ့အကြံပေးဆိုတာ ရှာလို့မှမရတာ။ 


          ကျနော်တို့ဘယ်လောက်တော်တော် ကျနော်တို့စွမ်းရည်ဟာ ဖြစ်လာသမျှအခက်အခဲအားလုံးကို ဖြေရှင်းဖို့ကလည်း မလွယ်ဘူးလေ။


          တစ်ခါတလေကျတော့လည်း ကိုယ်လုပ်ချင်တဲ့အပြောင်းအလဲကို ဝန်ထမ်းတွေဘက်က လက်ခံဖို့က အပြင်ကလူတစ်ယောက်က ပြောပေးမှရတာမျိုးလည်းရှိလေရဲ့။ ကိုယ်ကပြောရင် ကိုယ့်အကျိုးစီးပွားအတွက်ပဲလို့ ယူဆနိုင်ကြတာကိုး။ 


          တကယ်လို့သာ ကိုယ့်ဝန်ထမ်းထဲမှာ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ဖို့အတွက် ကျွမ်းကျင်ပိုင်နိုင်သူရှိရင်လည်း ပြင်ပကလူခေါ်မယ့်အစား ကိုယ့်လူတွေကိုပဲ အချိန်သက်သက်သုံးပြီး တာဝန်ပေး (ခံစားခွင့်ပါထပ်ပေးရမှာပေါ့) တာမျိုးလည်း လုပ်လို့ရနိုင်ပါတယ်။ 


(၂) အိမ်စာလုပ်ပါ။


          အရေးကြီးတာက ဖြစ်နေတဲ့ပြဿနာက ဘာလဲဆိုတာကို တိကျသေချာမှုရှိအောင် ဖော်ထုတ်ပါ။ ကိုယ့်ရဲ့ စီမံခန့်ခွဲသူတွေ၊ ဝန်ထမ်းတွေနဲ့ စကားပြောပါ။ လိုအပ်ရင် ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ သီးသန့်တွေ့ဆုံပါ။ နောက်ပြီး ဘယ်သူဖြေကြားသလဲ ဖော်ပြစရာမလိုတဲ့ စစ်တမ်းကောက်တာမျိုးလည်း လုပ်လို့ရပါတယ်။ 


          နောက်ပြီး ဘာပြင်ရမလဲဆိုရင် အကြံပေးခေါ်ဖို့အတွက် ကိုယ်ဘယ်လောက်သုံးမလဲဆိုတာရယ်၊ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက်  ဘတ်ဂျက်ဘယ်လောက်သုံးမလဲဆိုတာရယ်ကို သတ်မှတ်ပါ။ တစ်ခါတလေကျ တချို့စိတ်ကူးအကြံဉာဏ်တွေက ကိုယ့်အခက်အခဲအားလုံးကို ဖြေရှင်းဖို့အတွက် အာမခံနိုင်ပေမယ့် သူ့ကုန်ကျစရိတ်ကို ကိုယ်ကမတတ်နိုင်တာမျိုးလည်းရှိတာကိုး။


(၃) သေချာရှာပါ။


          အကြံပေးခေါ်တဲ့အခါ နီးစပ်ရာခေါ်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်း၊ ပညာရှင်အဖွဲ့အစည်းတွေ၊ ဖြစ်နိုင်ရင် အင်တာနက်ကနေပါ သေချာရှာရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ လုပ်ငန်းတူမိတ်ဆွေတွေကော သူတို့ဘယ်သူ့ကိုသုံးကြသလဲ (ဒီမှာတော့ နည်းနည်းခက်ပါတယ်။ အပြိုင်လုပ်ငန်းဆို အမှန်ပြောဖို့က) 


          တစ်ခါတလေကျတော့လည်း ဟိုးလုံးဝအပြင်ဘက်ကလူကို ခေါ်တာက ကိုယ်တစ်ခါမှမစဉ်းစားမိတဲ့ စိတ်ကူးအကြံဉာဏ်သစ်တွေရနိုင်တာမျိုးလည်း ရှိတာပေါ့။ 


(၄) သေချာမေးမြန်းပါ။ ကိုယ်ပေးရမယ့်ငွေကြေးနဲ့ တန်အောင်ပြန်လုပ်ပေးနိုင်မှာလားဆိုတာ ဆန်းစစ်ပါ။


          ဖြစ်နိုင်ရင် လူများများနဲ့တွေ့၊ သေချာမေးမြန်းတာမျိုး လုပ်ရပါမယ်။ နောက်အဲဒီပုဂ္ဂိုလ်က သီးခြားရပ်တည်တာလား၊ ကုမ္ပဏီတစ်ခုခုရဲ့အောက်ကလား စဉ်းစားရပါမယ်။ တစ်ခါတလေကျ သီးခြားရပ်တည်တဲ့အကြံပေးက ပိုပြီးအချိန်ပေးနိုင်တာ၊ ပိုပြီးစဉ်းစားပေးနိုင်တာမျိုး အားသာချက်လည်း ရှိပါတယ်။


          နောက်ပြီး NDA (Non-Disclosure Agreement) လိုဟာမျိုးကိုလည်း ထိုးခိုင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကုန်ကျစရိတ်တွေ၊ ဉာဏ်ပူဇော်ခတွေ သေချာမေးပါ (ခရီးစရိတ်တွေ၊ စာရွက်စာတမ်းဖိုးတွေကအစ ထည့်မေးရမှာပါ) 


          နောက်ပြီး သူတို့ဘယ်တော့လောက် အလုပ်စလုပ်နိုင်မလဲပေါ့။ သေချာမေးဖို့ လိုပါတယ်။


          စကားပြောလို့ဆိုလို့ကော အဆင်ပြေရဲ့လား သိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အကြံပေးဟာ ကိုယ့်လုပ်ငန်းနဲ့၊ ကိုယ့်ဝန်ထမ်းတွေနဲ့ အထူးသဖြင့်တော့ ကိုယ်နဲ့လက်တွဲလို့အဆင်ပြေဖို့ လိုအပ်ပါတယ်။ အထောက်အထားတွေကို စစ်ဆေးပါ။


(၅) သေချာစာချုပ်ချုပ်ပါ။


          ကိုယ့်ရဲ့အကြံပေးကို ဘာတွေလုပ်စေချင်တယ်ဆိုတာ တိတိကျကျ သိပြီးရင် စာနဲ့သေချာရေးထားခိုင်းပါ။ 


          သူ့ကိုပေးရမယ့်အခကြေးငွေကိုလည်း ပမာဏ၊ ပေးရမယ့်အချိန်၊ ဘယ်သူက ဘယ်အချိန်မှာပေးရမယ်ဆိုတာကိုပါ သေသေချာချာထည့်သွင်းပြီး စာချုပ်ချုပ်ပါ။ စာချုပ်ကို ကိုယ့်ဘာသာကိုယ်ရေးလို့ရသလို အကြံပေးကို ရေးခိုင်းတာမျိုးကလည်း အလုပ်ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ ရှေ့နေပါ ခေါပြီးစစ်ခိုင်းတာမျိုး၊ လိုအပ်တာကို ပြင်ဆင်ဖြည့်စွက်ခိုင်းတာမျိုးလည်း လုပ်သင့်ပါတယ် (ကုန်ကျစရိတ်တော့ ပိုများသွားနိုင်တာပေါ့) ဘယ်အချိန် ဘာပြီးအောင် လုပ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကိုပါ ထည့်သွင်းပြီး နှစ်ဦးနှစ်ဘက်လက်မှတ်ထိုးထားပါ။ 


(၆) သေချာစတင်ဆောင်ရွက်ပါ။


          ဘယ်လိုစတင်အကောင်အထည်ဖော်မယ် စဉ်းစားမယ်။ အကြံပေးကို ကိုယ့်ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးရမယ့်အစီအစဉ်တွေဆွဲပါ။ ပြီး ဝန်ထမ်းတွေကို လုပ်ငန်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ တိုက်တွန်းပါ။ သေချာစောင့်ကြည့်ပါ။ ဘာလို့လဲဆိုတော့ အခက်အခဲပြဿနာတွေဖြေရှင်းဖို့အတွက် အကြံပေးငှားလိုက်ပြီဆိုသော်လည်း တကယ်တာဝန်ရှိသူ (အကျိုးအကြောင်း၊ အဆိုးအကောင်းကို ခံစားရမယ့်သူ) ဟာ ကိုယ်ပဲဆိုတာ မမေ့ပါနဲ့။ 


          နောက်ပြီး အကြံပေးခေါပြီး မယုံသင်္ကာသလိုလည်း မလုပ်လိုက်ပါနဲ့။ ကိုယ်အကောင်းဆုံးလုပ်ပြီးပြီပဲ။ 


(၇) သတင်းကောင်းတွေကော သတင်းဆိုးတွေကော ကြားရတော့မှာဆိုတာ ပြင်ထားပါ။


          အကြံပေးခေါ်လိုက်ပြီဆိုတာနဲ့ သူတို့ပေးလာမယ့်အကြံဉာဏ်တွေကို နားထောင်ရတော့မယ်ဆိုတာ သေချာပါတယ်။ လိုအပ်ရင် အချိန်ဇယားကို အပြောင်းအလဲလုပ်ဖို့ စဉ်းစားထားပါ။ ဒါပေမဲ့ အရမ်းကြီးအချိန်ဆွဲတာမျိုးတော့ မဖြစ်ပါစေနဲ့။ တကယ်လို့ အကြံပေးကပြောထားတဲ့အတိုင်း လုပ်ရမယ့်အလုပ်တွေကို မပြီးစီးခဲ့ရင် ဘာကြောင့်လဲသုံးသပ်ပါ။ ပြီးတော့ အကြံ ပေးတွေက ပြောလာတဲ့ အကြံဉာဏ်တွေ၊ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်လိုက်မဖော်ခင် ကိုယ့်အတွေ့အကြုံနဲ့ပါ ပေါင်းစပ်ပြီး အကောင်အထည်ဖော်လို့ဖြစ်နိုင်မဖြစ်နိုင် ပြန်လည်စဉ်းစားသုံးသပ်ပါ။ ပြီးကိုယ့် မန်နေဂျာတွေ၊ ဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး လိုအပ်သလို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ပါ။ 


(၈) အကြံပေးကာလ ပြီးသွားတဲ့အခါကျရင် ဘာလုပ်ရမလဲ။


          အကြံပေးတွေရဲ့တာဝန်က ကိုယ်နဲ့လက်တွဲလုပ်ကိုင်ပြီး ဉာဏ်ပူဇော်ခ ရယူရတာဖြစ်ပါတယ်။ ဒါကြောင့် ရံဖန်ရံခါ ကိုယ့်လုပ်ငန်းကာလကို တမင်ရည်ရွယ်ချက်နဲ့ ဆွဲဆန့်တာမျိုး ရှိ၊ မရှိသေချာစောင့်ကြည့်ပါ။ သူတို့ပြောမယ့် ထပ်လောင်းဆောင်ရွက်ရန်တွေကို တကယ်လိုသလား သေချာစီစစ်ပါ။ တကယ်လို့ ကိုယ့်အနေနဲ့ တကယ်လိုအပ်တယ်လို့ခံစားရရင် အစီအစဉ်ဆွဲတဲ့ အဆင့်ကပြန်စပါ။ အစီအစဉ်ဆွဲမယ်၊ စီမံခန့်ခွဲရေးအဖွဲ့နဲ့ တိုင်ပင်မယ်၊ ဝန် ထမ်းတွေနဲ့ တိုင်ပင်မယ်၊ ဘတ်ဂျက်သတ်မှတ်မယ်၊ စာချုပ်အသစ်ပြန်ရေးမယ်၊ အချိန်ဇယားအသစ် ပြန်ဆွဲမယ်ပေါ့။ 


          တကယ်လို့ ကိုယ့်အနေနဲ့ အကြံပေးနဲ့ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုရင် အကြံပေးကို ကျေး ဇူးတင်ကြောင်းပြောပါ။ ပေးစရာကျန်တာ ပေးလိုက်ပါ။ ပြီးရင် ဂွတ်ဘိုင်ပေါ့။ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ အကြံပေးဆိုရင်တော့ စိုသောလက် မခြောက်ပါစေနဲ့။

(Zawgyi) 

လုပ္ငႏ္းတုိးတကၹိဳ႕အၾတက္ အႀကံေပးတစ္ေယာကၠိဳ ဘယႅိဳေျရးခ္ယ္ေခၚယူမလဲ (စက္တင္ဘာလ 2020)




          စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ အက်ပ္အတည္းေရာက္ခ်ိန္၊ စီးပြားက်ခ်ိန္၊ အၿပိဳင္အဆိုင္မ်ားလာခ်ိန္၊ တိုးခ်ဲ႕လာခ်ိန္ေတြမွာ လုပ္ငန္းအႀကံေပးေခၚ ဖို႔ စဥ္းစားတတ္ၾကပါတယ္။ အဲဒီလိုအခ်ိန္မ်ိဳးမွာ အႀကံေပးတစ္ေယာက္ကို စနစ္တက် မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ႏိုင္ဖို႔က ပိုအေရးႀကီးပါတယ္။ အဲဒါေၾကာင့္ အႀကံေပးတစ္ေယာက္ကို ေခၚယူတဲ့အခါမွာ ထည့္သြင္းစဥ္းစားသင့္တဲ့အခ်က္ (၈) ခ်က္ကို ေဆြးေႏြးေပးလိုက္ပါတယ္။


(၁) ဘာေၾကာင့္ေခၚမွာလဲ။


          တစ္ခါတေလက်ပိုင္ရွင္တစ္ေယာက္အေနနဲ႔ ကိုယ့္လုပ္ငန္းကလြဲၿပီး ျပင္ပမွာဘာေတြျဖစ္ေနလဲ သိဖို႔ခက္ပါတယ္။ တခ်ိဳ႕အခက္အခဲေတြ၊ ျပႆနာေတြက ရႈပ္ေထြးလြန္းတဲ့အခါ အဲဒီအရာေတြကို ေျဖရွင္းဖို႔အတြက္ ကိုယ္သိထားသေလာက္နဲ႔ မလုံေလာက္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။ အဲလိုအခ်ိန္မွာ ဘက္ေပါင္းစုံကေန စဥ္းစားအႀကံေပးႏိုင္တဲ့ အႀကံေပးေခၚယူဖို႔ လို လာႏိုင္ပါတယ္။


          တစ္ခါတေလက်ေတာ့လည္း ကိုယ္ဘာျဖစ္ေနလဲ ကိုယ္ကသိၿပီးသား ျဖစ္ေနႏိုင္ပါတယ္။ ဥပမာအားျဖင့္ ထုတ္ကုန္အသစ္တစ္ခုအတြက္ Marketing Plan တစ္ခုလိုအပ္တာ ဒါမွမဟုတ္ ကြန္ပ်ဴတာစနစ္တစ္ခုကို အဆင့္ျမႇင့္တင္ခ်င္တာ စသျဖင့္ေပါ့။ ဒါဆိုရင္ေတာ့ အႀကံေပးေခၚရတာပို ၿပီးရွင္းလင္းျပတ္သားသြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အကုန္လုံးကို ကြၽမ္းက်င္ပိုင္ႏိုင္ၿပီး တတ္သိတဲ့အႀကံေပးဆိုတာ ရွာလို႔မွမရတာ။ 


          က်ေနာ္တို႔ဘယ္ေလာက္ေတာ္ေတာ္ က်ေနာ္တို႔စြမ္းရည္ဟာ ျဖစ္လာသမွ်အခက္အခဲအားလုံးကို ေျဖရွင္းဖို႔ကလည္း မလြယ္ဘူးေလ။


          တစ္ခါတေလက်ေတာ့လည္း ကိုယ္လုပ္ခ်င္တဲ့အေျပာင္းအလဲကို ဝန္ထမ္းေတြဘက္က လက္ခံဖို႔က အျပင္ကလူတစ္ေယာက္က ေျပာေပးမွရတာမ်ိဳးလည္းရွိေလရဲ႕။ ကိုယ္ကေျပာရင္ ကိုယ့္အက်ိဳးစီးပြားအတြက္ပဲလို႔ ယူဆႏိုင္ၾကတာကိုး။ 


          တကယ္လို႔သာ ကိုယ့္ဝန္ထမ္းထဲမွာ ကိုယ္လုပ္ခ်င္တဲ့အလုပ္ကို လုပ္ဖို႔အတြက္ ကြၽမ္းက်င္ပိုင္ႏိုင္သူရွိရင္လည္း ျပင္ပကလူေခၚမယ့္အစား ကိုယ့္လူေတြကိုပဲ အခ်ိန္သက္သက္သုံးၿပီး တာဝန္ေပး (ခံစားခြင့္ပါထပ္ေပးရမွာေပါ့) တာမ်ိဳးလည္း လုပ္လို႔ရႏိုင္ပါတယ္။ 


(၂) အိမ္စာလုပ္ပါ။


          အေရးႀကီးတာက ျဖစ္ေနတဲ့ျပႆနာက ဘာလဲဆိုတာကို တိက်ေသခ်ာမႈရွိေအာင္ ေဖာ္ထုတ္ပါ။ ကိုယ့္ရဲ႕ စီမံခန႔္ခြဲသူေတြ၊ ဝန္ထမ္းေတြနဲ႔ စကားေျပာပါ။ လိုအပ္ရင္ ဝန္ထမ္းေတြ၊ မန္ေနဂ်ာေတြနဲ႔ သီးသန႔္ေတြ႕ဆုံပါ။ ေနာက္ၿပီး ဘယ္သူေျဖၾကားသလဲ ေဖာ္ျပစရာမလိုတဲ့ စစ္တမ္းေကာက္တာမ်ိဳးလည္း လုပ္လို႔ရပါတယ္။ 


          ေနာက္ၿပီး ဘာျပင္ရမလဲဆိုရင္ အႀကံေပးေခၚဖို႔အတြက္ ကိုယ္ဘယ္ေလာက္သုံးမလဲဆိုတာရယ္၊ လိုအပ္တဲ့ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ဖို႔အတြက္  ဘတ္ဂ်က္ဘယ္ေလာက္သုံးမလဲဆိုတာရယ္ကို သတ္မွတ္ပါ။ တစ္ခါတေလက် တခ်ိဳ႕စိတ္ကူးအႀကံဉာဏ္ေတြက ကိုယ့္အခက္အခဲအားလုံးကို ေျဖရွင္းဖို႔အတြက္ အာမခံႏိုင္ေပမယ့္ သူ႔ကုန္က်စရိတ္ကို ကိုယ္ကမတတ္ႏိုင္တာမ်ိဳးလည္းရွိတာကိုး။


(၃) ေသခ်ာရွာပါ။


          အႀကံေပးေခၚတဲ့အခါ နီးစပ္ရာေခၚတာမ်ိဳးမလုပ္ပါနဲ႔။ ကိုယ့္အသိုင္းအဝိုင္း၊ ကိုယ့္မိတ္ေဆြအသိုင္းအဝိုင္း၊ ပညာရွင္အဖြဲ႕အစည္းေတြ၊ ျဖစ္ႏိုင္ရင္ အင္တာနက္ကေနပါ ေသခ်ာရွာရမွာျဖစ္ပါတယ္။ ကိုယ္နဲ႔ လုပ္ငန္းတူမိတ္ေဆြေတြေကာ သူတို႔ဘယ္သူ႔ကိုသုံးၾကသလဲ (ဒီမွာေတာ့ နည္းနည္းခက္ပါတယ္။ အၿပိဳင္လုပ္ငန္းဆို အမွန္ေျပာဖို႔က) 


          တစ္ခါတေလက်ေတာ့လည္း ဟိုးလုံးဝအျပင္ဘက္ကလူကို ေခၚတာက ကိုယ္တစ္ခါမွမစဥ္းစားမိတဲ့ စိတ္ကူးအႀကံဉာဏ္သစ္ေတြရႏိုင္တာမ်ိဳးလည္း ရွိတာေပါ့။ 


(၄) ေသခ်ာေမးျမန္းပါ။ ကိုယ္ေပးရမယ့္ေငြေၾကးနဲ႔ တန္ေအာင္ျပန္လုပ္ေပးႏိုင္မွာလားဆိုတာ ဆန္းစစ္ပါ။


          ျဖစ္ႏိုင္ရင္ လူမ်ားမ်ားနဲ႔ေတြ႕၊ ေသခ်ာေမးျမန္းတာမ်ိဳး လုပ္ရပါမယ္။ ေနာက္အဲဒီပုဂၢိဳလ္က သီးျခားရပ္တည္တာလား၊ ကုမၸဏီတစ္ခုခုရဲ႕ေအာက္ကလား စဥ္းစားရပါမယ္။ တစ္ခါတေလက် သီးျခားရပ္တည္တဲ့အႀကံေပးက ပိုၿပီးအခ်ိန္ေပးႏိုင္တာ၊ ပိုၿပီးစဥ္းစားေပးႏိုင္တာမ်ိဳး အားသာခ်က္လည္း ရွိပါတယ္။


          ေနာက္ၿပီး NDA (Non-Disclosure Agreement) လိုဟာမ်ိဳးကိုလည္း ထိုးခိုင္းဖို႔ လိုအပ္ပါတယ္။ ေနာက္ၿပီး ကုန္က်စရိတ္ေတြ၊ ဉာဏ္ပူေဇာ္ခေတြ ေသခ်ာေမးပါ (ခရီးစရိတ္ေတြ၊ စာ႐ြက္စာတမ္းဖိုးေတြကအစ ထည့္ေမးရမွာပါ) 


          ေနာက္ၿပီး သူတို႔ဘယ္ေတာ့ေလာက္ အလုပ္စလုပ္ႏိုင္မလဲေပါ့။ ေသခ်ာေမးဖို႔ လိုပါတယ္။


          စကားေျပာလို႔ဆိုလို႔ေကာ အဆင္ေျပရဲ႕လား သိဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ အႀကံေပးဟာ ကိုယ့္လုပ္ငန္းနဲ႔၊ ကိုယ့္ဝန္ထမ္းေတြနဲ႔ အထူးသျဖင့္ေတာ့ ကိုယ္နဲ႔လက္တြဲလို႔အဆင္ေျပဖို႔ လိုအပ္ပါတယ္။ အေထာက္အထားေတြကို စစ္ေဆးပါ။


(၅) ေသခ်ာစာခ်ဳပ္ခ်ဳပ္ပါ။


          ကိုယ့္ရဲ႕အႀကံေပးကို ဘာေတြလုပ္ေစခ်င္တယ္ဆိုတာ တိတိက်က် သိၿပီးရင္ စာနဲ႔ေသခ်ာေရးထားခိုင္းပါ။ 


          သူ႔ကိုေပးရမယ့္အခေၾကးေငြကိုလည္း ပမာဏ၊ ေပးရမယ့္အခ်ိန္၊ ဘယ္သူက ဘယ္အခ်ိန္မွာေပးရမယ္ဆိုတာကိုပါ ေသေသခ်ာခ်ာထည့္သြင္းၿပီး စာခ်ဳပ္ခ်ဳပ္ပါ။ စာခ်ဳပ္ကို ကိုယ့္ဘာသာကိုယ္ေရးလို႔ရသလို အႀကံေပးကို ေရးခိုင္းတာမ်ိဳးကလည္း အလုပ္ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ရင္ေတာ့ ေရွ႕ေနပါ ေခါၿပီးစစ္ခိုင္းတာမ်ိဳး၊ လိုအပ္တာကို ျပင္ဆင္ျဖည့္စြက္ခိုင္းတာမ်ိဳးလည္း လုပ္သင့္ပါတယ္ (ကုန္က်စရိတ္ေတာ့ ပိုမ်ားသြားႏိုင္တာေပါ့) ဘယ္အခ်ိန္ ဘာၿပီးေအာင္ လုပ္ေပးမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြကိုပါ ထည့္သြင္းၿပီး ႏွစ္ဦးႏွစ္ဘက္လက္မွတ္ထိုးထားပါ။ 


(၆) ေသခ်ာစတင္ေဆာင္႐ြက္ပါ။


          ဘယ္လိုစတင္အေကာင္အထည္ေဖာ္မယ္ စဥ္းစားမယ္။ အႀကံေပးကို ကိုယ့္ဝန္ထမ္းေတြနဲ႔ မိတ္ဆက္ေပးရမယ့္အစီအစဥ္ေတြဆြဲပါ။ ၿပီး ဝန္ထမ္းေတြကို လုပ္ငန္းနဲ႔ပတ္သက္ၿပီး ပြင့္ပြင့္လင္းလင္းေျပာဆိုဖို႔ တိုက္တြန္းပါ။ ေသခ်ာေစာင့္ၾကည့္ပါ။ ဘာလို႔လဲဆိုေတာ့ အခက္အခဲျပႆနာေတြေျဖရွင္းဖို႔အတြက္ အႀကံေပးငွားလိုက္ၿပီဆိုေသာ္လည္း တကယ္တာဝန္ရွိသူ (အက်ိဳးအေၾကာင္း၊ အဆိုးအေကာင္းကို ခံစားရမယ့္သူ) ဟာ ကိုယ္ပဲဆိုတာ မေမ့ပါနဲ႔။ 


          ေနာက္ၿပီး အႀကံေပးေခါၿပီး မယုံသကၤာသလိုလည္း မလုပ္လိုက္ပါနဲ႔။ ကိုယ္အေကာင္းဆုံးလုပ္ၿပီးၿပီပဲ။ 


(၇) သတင္းေကာင္းေတြေကာ သတင္းဆိုးေတြေကာ ၾကားရေတာ့မွာဆိုတာ ျပင္ထားပါ။


          အႀကံေပးေခၚလိုက္ၿပီဆိုတာနဲ႔ သူတို႔ေပးလာမယ့္အႀကံဉာဏ္ေတြကို နားေထာင္ရေတာ့မယ္ဆိုတာ ေသခ်ာပါတယ္။ လိုအပ္ရင္ အခ်ိန္ဇယားကို အေျပာင္းအလဲလုပ္ဖို႔ စဥ္းစားထားပါ။ ဒါေပမဲ့ အရမ္းႀကီးအခ်ိန္ဆြဲတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။ တကယ္လို႔ အႀကံေပးကေျပာထားတဲ့အတိုင္း လုပ္ရမယ့္အလုပ္ေတြကို မၿပီးစီးခဲ့ရင္ ဘာေၾကာင့္လဲသုံးသပ္ပါ။ ၿပီးေတာ့ အႀကံ ေပးေတြက ေျပာလာတဲ့ အႀကံဉာဏ္ေတြ၊ စိတ္ကူးစိတ္သန္းေတြကို အေကာင္အထည္လိုက္မေဖာ္ခင္ ကိုယ့္အေတြ႕အႀကဳံနဲ႔ပါ ေပါင္းစပ္ၿပီး အေကာင္အထည္ေဖာ္လို႔ျဖစ္ႏိုင္မျဖစ္ႏိုင္ ျပန္လည္စဥ္းစားသုံးသပ္ပါ။ ၿပီးကိုယ့္ မန္ေနဂ်ာေတြ၊ ဝန္ထမ္းေတြနဲ႔ တိုင္ပင္ၿပီး လိုအပ္သလို ညႇိႏႈိင္းျပင္ဆင္ေဆာင္႐ြက္ပါ။ 


(၈) အႀကံေပးကာလ ၿပီးသြားတဲ့အခါက်ရင္ ဘာလုပ္ရမလဲ။


          အႀကံေပးေတြရဲ႕တာဝန္က ကိုယ္နဲ႔လက္တြဲလုပ္ကိုင္ၿပီး ဉာဏ္ပူေဇာ္ခ ရယူရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ရံဖန္ရံခါ ကိုယ့္လုပ္ငန္းကာလကို တမင္ရည္႐ြယ္ခ်က္နဲ႔ ဆြဲဆန႔္တာမ်ိဳး ရွိ၊ မရွိေသခ်ာေစာင့္ၾကည့္ပါ။ သူတို႔ေျပာမယ့္ ထပ္ေလာင္းေဆာင္႐ြက္ရန္ေတြကို တကယ္လိုသလား ေသခ်ာစီစစ္ပါ။ တကယ္လို႔ ကိုယ့္အေနနဲ႔ တကယ္လိုအပ္တယ္လို႔ခံစားရရင္ အစီအစဥ္ဆြဲတဲ့ အဆင့္ကျပန္စပါ။ အစီအစဥ္ဆြဲမယ္၊ စီမံခန႔္ခြဲေရးအဖြဲ႕နဲ႔ တိုင္ပင္မယ္၊ ဝန္ ထမ္းေတြနဲ႔ တိုင္ပင္မယ္၊ ဘတ္ဂ်က္သတ္မွတ္မယ္၊ စာခ်ဳပ္အသစ္ျပန္ေရးမယ္၊ အခ်ိန္ဇယားအသစ္ ျပန္ဆြဲမယ္ေပါ့။ 


          တကယ္လို႔ ကိုယ့္အေနနဲ႔ အႀကံေပးနဲ႔ ဆက္ၿပီး အလုပ္မလုပ္ခ်င္ေတာ့ဘူးဆိုရင္ အႀကံေပးကို ေက်း ဇူးတင္ေၾကာင္းေျပာပါ။ ေပးစရာက်န္တာ ေပးလိုက္ပါ။ ၿပီးရင္ ဂြတ္ဘိုင္ေပါ့။ အေကာင္းဆုံးလုပ္ေပးခဲ့တဲ့ အႀကံေပးဆိုရင္ေတာ့ စိုေသာလက္ မေျခာက္ပါေစနဲ႔။


Sunday, September 27, 2020

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Myo Myat



ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး ယောက်ျားလေးတွေကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။


ဘာကြောင့် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် ကောင်းကျိုးရှိစေနိုင်လဲ။

၁။ သွေးလည်ပတ်မှုကောင်းစေခြင်း

သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။ နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။ ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် အဆင်ပြေစေမှာပါ။


၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

အလုပ်ကြောင့်ဖြစ်စေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာကြောင့်ဖြစ်စေ အမျိုးသားတွေမှာ ကြွက်သားနာကျင်ကိုက်ခဲခြင်းဒဏ်ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အရိုးများ အားနည်းလာခြင်း၊ ကြွက်သားထုများ လျော့တွဲလာခြင်းကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းသည် တင်းနေတဲ့ ကြွက်သားတွေကို လျော့ကျစေပြီး ကိုက်ခဲတာကို သက်သာစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အကြောအချဉ်များကိုလည်း ပြေလျော့စေလို့ လူက ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။


၃။ စိတ်ကျန်းမာရေးကို အကျိုးပြုခြင်း

အမျိုးသားတွေဟာ ကြွက်သားတင်မကဘဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာ တင်းကြပ်မှုကို ပိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ အမျိုးသားတွေဆိုရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံရတတ်ပါတယ်။ ယောဂသည် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် (Cortisol) ဟော်မုန်းထုတ်လုပ်နှုန်းကို လျော့ကျစေလို့ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။


ဒီအခါမှာ တစ်နေ့တာလုံး စိတ်ကို ကြည်လင်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း စိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့ လိင်စိတ်ကို အနှောင့်အယှက်ဖြစ်စေတာမျိုး လျော့နည်းသွားမှာပါ။


၄။ အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း

ဦးနှောက်ကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့ အမျိုးသားတွေ၊ တစ်ခုခုဆို စိတ်အာရုံ ပျံ့လွင့်လွယ်တဲ့သူတွေအတွက် ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ ပျံ့လွင့်နေတဲ့ စိတ်အာရုံများကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်စေတယ်။


စိတ်ကို တင်းထားတဲ့ ဝန်ထုပ်ဝန်ပိုးများကိုလည်း ဖြေလျော့ပေးတဲ့အတွက် လူကို ပေါ့ပါးသွားစေတယ်။ စိတ်အာရုံစုစည်းမှု ကောင်းတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာသာမက လိင်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်ရဲ့ အဖော်ကို ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပေးစွမ်းနိုင်စေပါတယ်။


ကဲ ဒါဆိုရင် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက်လည်း အကျိုးထူးများစွာ ရစေနိုင်တယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် တစ်နေ့လုံး အလုပ်လုပ်နေရသူတွေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရသူတွေအနေနဲ့ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက် ယောဂလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်ကို ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရစေနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

ေယာဂေလ့က်င့္ခန္းဆိုတာ ေယာက္်ားေတြအတြက္ မဟုတ္ဘူးတဲ့လား

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn
ေရးသားသူ Ye Myo Myat




ေယာဂေလ့က်င့္ခန္းသည္ ႐ုပ္နဲ႔ခႏၶာက်န္းမာေရးအတြက္ အထူးေကာင္းတဲ့ အေၾကာေလၽွာ့ေလ့က်င့္ခန္းဆိုတာ အားလုံးလည္း သိမယ္ထင္ပါတယ္။ ဒါေပမယ့္ ျမန္မာနိုင္ငံမွာေတာ့ ေယာဂေလ့က်င့္ခန္းကို မိန္းကေလးေတြ လုပ္တာပိုမ်ားၿပီး ေယာက္်ားေလးေတြကေတာ့ သိပ္ၿပီး စိတ္ဝင္စားေလ့မရွိပါဘူး။

ဘာေၾကာင့္ ေယာဂေလ့က်င့္ခန္းက အမ်ိဳးသားေတြအတြက္ ေကာင္းက်ိဳးရွိေစနိုင္လဲ။
၁။ ေသြးလည္ပတ္မႈေကာင္းေစျခင္း
ေသြးလည္ပတ္မႈေကာင္းျခင္းဟာ ႏွလုံးက်န္းမာေစဖို႔ အဓိက ေသာ့ခ်က္ပါ။ အထူးသျဖင့္ အမ်ိဳးသားေတြ အသက္ႀကီးလာတဲ့အခါ ႏွလုံးေရာဂါနဲ႔ ေသြးတိုးေရာဂါ ျဖစ္နိုင္ေျခဟာလည္း ျမင့္တက္လာပါတယ္။ ေနာက္တစ္ခ်က္က လိင္ပိုင္းဆိုင္ရာပါ။ လိင္ဆက္ဆံတဲ့အခါ အမ်ိဳးသားေတြရဲ့ လိင္တံေထာင္မတ္နိုင္ဖို႔အတြက္ လိင္တံအတြင္းက ေသြးေၾကာထဲကို ေကာင္းစြာ ေသြးစီးဆင္းနိုင္မွ ျဖစ္မွာပါ။ ေယာဂသည္ ခႏၶာကိုယ္ရဲ့ ေသြးလည္ပတ္စီးဆင္းႏႈန္းကို ျမင့္တက္ေစလို႔ လိင္ပိုင္းဆိုင္ရာမွာ စိတ္သြားတိုင္း ကိုယ္မပါျဖစ္ေနတဲ့ အမ်ိဳးသားေတြအတြက္ အဆင္ေျပေစမွာပါ။

၂။ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္းကို သက္သာေစျခင္း
အလုပ္ေၾကာင့္ျဖစ္ေစ၊ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္တာေၾကာင့္ျဖစ္ေစ အမ်ိဳးသားေတြမွာ ႂကြက္သားနာက်င္ကိုက္ခဲျခင္းဒဏ္ကို ခံစားရနိုင္ပါတယ္။ အထူးသျဖင့္ အသက္ႀကီးလာတဲ့အခါ အရိုးမ်ား အားနည္းလာျခင္း၊ ႂကြက္သားထုမ်ား ေလ်ာ့တြဲလာျခင္းေၾကာင့္ ကိုက္ခဲနာက်င္မႈေဝဒနာက ပိုဆိုးလာနိုင္ပါတယ္။ ေယာဂေလ့က်င့္ခန္းသည္ တင္းေနတဲ့ ႂကြက္သားေတြကို ေလ်ာ့က်ေစၿပီး ကိုက္ခဲတာကို သက္သာေစတယ္။ ခႏၶာကိုယ္တစ္ခုလုံးက အေၾကာအခ်ဥ္မ်ားကိုလည္း ေျပေလ်ာ့ေစလို႔ လူက ေပါ့ပါးၿပီး သက္ေသာင့္သက္သာ ျဖစ္ေစနိုင္ပါတယ္။

၃။ စိတ္က်န္းမာေရးကို အက်ိဳးျပဳျခင္း
အမ်ိဳးသားေတြဟာ ႂကြက္သားတင္မကဘဲ စိတ္ခံစားခ်က္ပိုင္းဆိုင္ရာ တင္းၾကပ္မႈကို ပိုခံစားရနိုင္ပါတယ္။ အထူးသျဖင့္ အလုပ္အရမ္းမ်ားတဲ့ အမ်ိဳးသားေတြဆိုရင္ စိတ္ဖိစီးမႈဒဏ္ကို ပိုခံရတတ္ပါတယ္။ ေယာဂသည္ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ ေကာ္တီေစာ္ (Cortisol) ေဟာ္မုန္းထုတ္လုပ္ႏႈန္းကို ေလ်ာ့က်ေစလို႔ စိတ္ကို ေပါ့ပါးလန္းဆန္းသြားေစနိုင္ပါတယ္။

ဒီအခါမွာ တစ္ေန႔တာလုံး စိတ္ကို ၾကည္လင္ေစသလို လိင္ဆက္ဆံတဲ့အခါမွာလည္း စိတ္ဖိစီးမႈေၾကာင့္ ကိုယ့္ရဲ့ လိင္စိတ္ကို အေႏွာင့္အယွက္ျဖစ္ေစတာမ်ိဳး ေလ်ာ့နည္းသြားမွာပါ။

၄။ အာ႐ုံစူးစိုက္မႈ ပိုေကာင္းလာျခင္း
ဦးေႏွာက္ကို အသုံးျပဳၿပီး အလုပ္လုပ္ေနရတဲ့ အမ်ိဳးသားေတြ၊ တစ္ခုခုဆို စိတ္အာ႐ုံ ပ်ံ႕လြင့္လြယ္တဲ့သူေတြအတြက္ ေယာဂေလ့က်င့္ခန္းက အေကာင္းဆုံးပါပဲ။ ပ်ံ႕လြင့္ေနတဲ့ စိတ္အာ႐ုံမ်ားကို တစ္စုတစ္စည္းတည္း ျဖစ္ေစၿပီး ကိုယ့္ရဲ့ စိတ္ကို တည္ၿငိမ္ေစတယ္။

စိတ္ကို တင္းထားတဲ့ ဝန္ထုပ္ဝန္ပိုးမ်ားကိုလည္း ေျဖေလ်ာ့ေပးတဲ့အတြက္ လူကို ေပါ့ပါးသြားေစတယ္။ စိတ္အာ႐ုံစုစည္းမႈ ေကာင္းတဲ့ အမ်ိဳးသားေတြဟာ လုပ္ငန္းခြင္မွာသာမက လိင္ပိုင္းဆိုင္ရာမွာလည္း ကိုယ့္ရဲ့ အေဖာ္ကို ပိုမိုေကာင္းမြန္တဲ့ ကာမသုခကို ေပးစြမ္းနိုင္ေစပါတယ္။

ကဲ ဒါဆိုရင္ ေယာဂေလ့က်င့္ခန္းက အမ်ိဳးသားေတြအတြက္လည္း အက်ိဳးထူးမ်ားစြာ ရေစနိုင္တယ္ဆိုတာ သိေလာက္ၿပီလို႔ ထင္ပါတယ္။ အထူးသျဖင့္ တစ္ေန႔လုံး အလုပ္လုပ္ေနရသူေတြ၊ ေလ့က်င့္ခန္း အျပင္းအထန္ လုပ္ေနရသူေတြအေနနဲ႔ ေန႔တိုင္းမဟုတ္ရင္ေတာင္ တစ္ရက္ျခား တစ္ႀကိမ္ သို႔မဟုတ္ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ေယာဂေလ့က်င့္ခန္း လုပ္ေပးနိုင္ရင္ကို ကိုယ့္ရဲ့ စိတ္နဲ႔ခႏၶာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရေစနိုင္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Friday, September 25, 2020

ရန်ကုန် မုန့်ဟင်းခါး - ဝက်လက် ထမင်းပေါင်း - ဝက်သားစဉ်းကော ထမင်းထောင်း

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)


-------------------------------------------




ဒီနေ့ ပိတ်ရက်မှာ ဝတ်ရည် မိသားစုနဲ့ အတူ လုပ်စားဖြစ်တဲ့ ရန်ကုန်မုန့်ဟင်းခါးပါ ချစ်စစ်တို့၊ bro တို့ ။ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…


-------------------------------------------

ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ


၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)

မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။

၄။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)

၅။ ကုလားပဲ – ၁ဝကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)

မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။

၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)

၅။ ပဲကြော်

၆။ ဘဲဥ – ၁ဝလုံး (ကျက်အောင် ပြုတ်ထားပေးပါ)

၇။ ကြက်သွန်နီ – ၂ဝလုံး (အခွံခွာထားပေးပါ)


-------------------------------------------

ဆီသပ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂ဝကျပ်သား (ထောင်းထားပါ)

၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)

၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)

၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)

၅။ ဆီ – ၁ဝကျပ်သား

၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)

၇။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်


-------------------------------------------

ပြင်ဆင်နည်း

၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တဝက်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။

၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

-------------------------------------------

ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။

၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။

၄။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

-------------------------------------------

မုန့်ဟင်းခါး စချက်ပါတော့မည်

၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။

၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။

၇။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။

၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။

၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တဝက်) ဖြူးပေးပါ။

၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။

၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁ဝကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။

၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..


ဝက်လက် ထမင်းပေါင်

---------------------------------------

ဝက်လက် ထမင်းပေါင်း။ ဝက်လက်ကို တရုတ်ဟင်းခတ် အမွှေးကြိုင်တွနဲ့ ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ စားလို့ အရမ်း ကောင်းမွန်ပါတယ်။။ ဝက်လက် ထမင်းပေါင်းနဲ့ မုန့်ညှင်းစိမ်း၊ ကြက်ဥတို့နဲ့ အလွန်လိုက်ဖက်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..

---------------------------------------

 


ပါဝင်ပစ္စည်းများ

ဝက်လက် – ၂ခု (၁.၅ ကီလိုဂရမ်) (သန့်စင်အောင် ဆေးကြောထားပါ)

ကြက်သွန်ဖြူ – ၆မွှာ (ပါးပါးလှီးပါ)

ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)

ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း

ပဲငံပြာရည်(အနောက်) – စားပွဲတင်ဇွန်း ၃ဇွန်း

သကြား – စားပွဲတင်ဇွန်း ၂ဇွန်း

ဆန်ဝိုင် – စားပွဲတင်ဇွန်း ၃ဇွန်း

ဗီနီကာ – စားပွဲတင်ဇွန်း ၂ဇွန်း

သစ်ဂျပိုး – ၁ခု

နတ်နတ်ပွင့် – ၂ခု

ကလဝေရွက် – ၂ခု

စီချွမ့် ငရုတ်ကောင်း (Hua Jioa) – စားပွဲတင်ဇွန်း ၁ဇွန်း

ကြက်ဥ – ၂လုံ (ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)

ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း (ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ)

မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းထားပါ) (တွဲဖက်စားရန်)

---------------------------------------

ချက်ပြုတ်နည်း


၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ဝက်လက်မြုပ်နိုင်မယ့် ရေပမဏထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ ဆူလာလျှင် ဝက်လက်ထည့်ပြီ ၅မိနစ်ခန့် ထပ်တည်ပါ။ အပေါ်မှ အမြုပ်မှာ တက်လာလျှင် ဇွန်းဖြင့် ဖယ်ပေးပါ။

၃။ ပြီလျှင် ရေများသွန်ပြီ ဝက်လက်များကို ပြန်ဖယ်ထားပါ။

၄။ ဒယ်(သို့) Pressure cooker ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။ ဆီပူလာလျှင် သစ်ဂျပိုး၊ နတ်နတ်ပိုး၊ ကလဝေရွက်၊ ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။

၅။ ပြီမျှ ကြက်သွန်ဖြူ၊ ဂျင်း၊ စီချွမ့် ငရုတ်ကောင်းတို့ကို ထည့်ပြီ ဆီသပ်ပေးပါ။

၆။ ထို့နောက် ရေ(၃ခွက်)၊ ဆန်ဝိုင်၊ ပဲငံပြာရည်(အကြည်)၊ ပဲငံပြာရည်(အနောက်)၊ ဗီနီကာ၊ သကြား၊ ဝက်လက်၊ ပြုတ်ထားသော ကြက်ဥ များကို ထည့်ပါ။

၇။ ရိုးရိုး ဒယ်နှင့်ချက်လျှင် ဝက်လက်များကို နာရီဝက်ခြားတစ်ခါ တဖက်သို့ လှန်ပေးပြီ ဝက်လက်နူအိသည်အထိ ၂နာရီခန့် မီးအသင့်တင့်ဖြင့် အဖုံးအုပ်ကာ တည်ပေးပါ။


(သို့)


၇။ Pressure cooker နှင့် ချက်လျှင် ၄၅မိနစ်ခန့် ချက်ပေးပါ။

၈။ ဝက်လက် နူအိပြီဆိုလျှင် ဝက်လက်ကို ဓားဖြင့် အဝိုင်းများ ပိုင်းဖြတ်ပေးပါ။ ကြက်ဥကို ၄စိပ်စိပ်ပေးပြီ မုန့်ညှင်းစိမ်းကို ရေနွေးဖျော်ပေးပါ။

၉။ ပြီနောက် ဝက်လက်ပြုတ်ရည်ထဲ ဆူအောင် ပြန်တည်ပြီ ကော်ရည် ထည့်ပေးပါ။

၁၀။ ပန်းကန်ထဲ ထမင်း၊ ဝက်လက်၊ ကြက်ဥ၊ မုန့်ညှင်းစိမ်း တို့ကို ပြင်ဆင်ပေးကာ ဝက်လက်ဆော့ရည်များကို အပေါ်မှ ဆမ်းပေးပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

---------------------------------------

Wutyee Food House

---------------------------------------


ဝက်သားစဉ်းကော ထမင်းထောင်း



ပါဝင်ပစ္စည်းများ

ဝက်သားစဉ်းကော  -  ၅၀ ဂရမ်

ထမင်း  -  ၁၅၀ ဂရမ်

ဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း

ဆီ  -  စားပွဲဇွန်း ၁ ဇွန်း

ဆား  -  အနည်းငယ်

သကြား  -  အနည်းငယ်

ငံပြာရည်  -  အနည်းငယ်

ကြက်သွန်ဖြူ  -  ၃ မြွှာ

ခရမ်းချဉ်သီး  -  ၁ လုံး

ဝက်အူချောင်း  -  ၁၀ ချောင်း

နနွင်းမှုန့်  -  အနည်းငယ်

နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  -  အနည်းငယ်

တွဲဖက်စားရန်

နံနံပင်   

ဂျူးမြစ် 

သခွားသီး

ငရုတ်သီးကြော်    


ပြုလုပ်နည်း

 ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပါ။ ဝက်အူချောင်းကို အတုံးလေးများ တုံးပေးပါ။ ကြက်သွန်ကို နနွင်းမှုန့်နှင့် ဆီချက် ချက်ပါ။ ဝက်သားစဉ်းကောနှင့် ဝက်အူချောင်း ကို ဆီသတ်ပါ။ အရသာအတွက် ဆား၊ သကြား၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ ထည့်ပေးပါ။ ငရုတ်ဆုံထဲမှာ ဆီသတ်ထားသော ဝက်သား၊ ဝက်အူချောင်း၊ ထမင်း၊ နှမ်း၊ ကြက်သွန်ဖြူကြော်တို့ကို ထည့်ပြီး ထောင်းပေးပါ။ ထောင်းထားသော ထမင်းများကို ဇလုံတစ်ခုထဲမှာ ဆီချက်ထည့်နယ်ပြီး အလုံးလေးတွေ လုံးပါ။ အနံ့ အရသာပြည့်စုံပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

(Zawgyi) 

ရန္ကုန္ မုန႔္ဟင္းခါး (အိုးဘဲဥ)

-------------------------------------------



ဒီေန႔ ပိတ္ရက္မွာ ၀တ္ရည္ မိသားစုနဲ႔ အတူ လုပ္စားျဖစ္တဲ့ ရန္ကုန္မုန႔္ဟင္းခါးပါ ခ်စ္စစ္တို့၊ bro တို့ ။ မုန႔္ဟင္းခါး ၁ပိသာစာ တအိမ္သားလုံး စားလို့ရေအာင္ ခ်က္ျဖစ္သြားတယ္။ အရသာက တကယ္ဂြတ္ရွယ္ပဲ၊ အိမ္သားေတြလည္း အရမ္းအားေပးၾကတယ္။ ဒါေၾကာင့္ ခ်က္နည္း အဆင့္ဆင့္ကို ပုံႏွင့္တကြ ေဖာ္ထားထားေပးလိုက္ပါတယ္…

-------------------------------------------

ရန္ကုန္ မုန႔္ဟင္းခါးအတြက္ ပါဝင္ပစၥည္းမ်ား


၁။ မုန႔္ဟင္းခါးဖတ္ – ၁ပိသာ


၂။ ငါးခူး – ၄၀ က်ပ္သား (ငံျပာရည္၊ ဆႏြင္းမွုန႔္၊ စပါးလင္ ေရနည္းနည္းျဖင့္ ျပဳတ္ၿပီ အသားထြင္ထားေပးပါ)


၃။ ငေပ်ာအူ – ၁အူ (အရင့္မ်ားဖယ္ၿပီ အႏုမ်ားကို ပါးပါးလွီးၿပီလၽွင္ ဆႏြင္း(လက္ဖက္ရည္ဇြန္း ၁ဇြန္း)ထည့္ကာ ေရေရာ စိမ္ထားေပးပါ)

မွတ္ခ်က္ ။ ။ ဆႏြင္းစိမ္ျခင္းမွာ ငေပ်ာအူမ်ား မမဲသြားရန္ျဖစ္သည္


၄။ ဆန္ေလွာ္မွုန႔္ – ၁၀၀ ဂရမ္ (ေရျဖင့္ ေဖ်ာ္ထားေပးပါ)


၅။ ကုလားပဲ – ၁၀က်ပ္သား (ႏူးအိေအာင္ ေရျဖင့္ျပဳတ္ထားၿပီ blenderျဖင့္ ႀကိတ္ထားေပးပါ)


မွတ္ခ်က္ ။ ။ ကုလားပဲျပဳတ္ရည္ အခ်ိဳရည္မ်ားကို မုန႔္ဟင္းခါးခ်က္ထဲ ထည့္ရန္ သိမ္းထားပါ။


၄။ နံနံပင္၊ ပဲသီး၊ ပူစီနံ – ၁စည္း (ပါးပါးလွီးထားပါ)


၅။ ပဲေၾကာ္


၆။ ဘဲဥ – ၁၀လုံး (က်က္ေအာင္ ျပဳတ္ထားေပးပါ)


ရ။ ၾကက္သြန္နီ – ၂၀လုံး (အခြံခြာထားေပးပါ)

-------------------------------------------


ဆီသပ္ရန္ ပါဝင္ပစၥည္းမ်ား


၁။ ၾကက္သြန္နီ – ၂၀က်ပ္သား (ေထာင္းထားပါ)


၂။ ၾကက္သြန္ျဖဴ – ၁၅က်ပ္သား (ေထာင္းထားပါ)


၃။ ဂ်င္း – ၅က်ပ္သား (ေထာင္းထားပါ)


၄။ စပါးလင္ – ၃ပင္ (ႏွုတ္ႏွုတ္စဥ္းထားပါ)


၅။ ဆီ – ၁၀က်ပ္သား


၆။ င႐ုတ္ပြနီ – ၅ေထာင့္ (ေထာင္းၿပီ ႀကိတ္ထားကာ င႐ုတ္သီးႏွစ္ယူပါ)


ရ။ ဆႏြင္းမွုန႔္ – လက္ဖက္ရည္ဇြန္း ၁ဇြန္း


၈။ င႐ုတ္ေကာင္းမွုန႔္ – စားပြဲတင္ဇြန္း ၁ဇြန္း အေမာက္

-------------------------------------------

ျပင္ဆင္နည္း


၁။ ငါးခူးကို ငံျပာရည္(လက္ဖက္ရည္ပန္းကန္လုံး တဝက္)၊ ဆႏြင္းမွုန႔္(လက္ဖက္ရည္ဇြန္း ၃ပုံ၁ပုံ)၊ စပါးလင္(၁ပင္)ကို ခ်ည္ၿပီ ျပဳတ္ေပးထားပါ။


၂။ ၿပီးလၽွင္ ျပဳတ္ၿပီသား ငါးခူးကို အသားႏြင္းေပးပါ။


၃။ ရလာေသာ ငါးခူးအရိုးမ်ားကို စပါးလင္(ပါးပါးလွီးထားေသာ စပါးလင္မ်ားျဖင့္ ေရာျပဳတ္ေပးပါ။ ၿပီမွ အရိုးျပဳတ္ေရမ်ားကို စစ္ယူထားၿပီ ဖယ္ထားေပးပါ။

-------------------------------------------

ခ်က္ျပဳတ္နည္း


၁။ ဒယ္အိုးထဲသို့ ဆီထည့္ၿပီ ဆီပူလာလၽွင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ျဖဴ၊နီ၊ စပါးလင္၊ ဂ်င္းတို့ကို အရင္ ဆီသပ္ေပးပါ။


၂။ ေနာက္မွ င႐ုတ္သီးအႏွစ္၊ ဆႏြင္းမွုန႔္တို့ကို ထည့္ေရာေမႊလိုက္ပါ။


၃။ ၿပီေနာက္ ငါးအသားမ်ားထည့္၊ င႐ုတ္ေကာင္းမွုန႔္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း)စာ ထည့္ေမႊလိုက္ပါ။


၄။ အရသာအေပါ့အငံ့အတြက္ ဆား(လက္ဖက္ရည္ဇြန္း ၁ဇြန္း)၊ ၾကက္သားမွုန႔္ (လက္ဖက္ရည္ဇြန္း ၁ဇြန္း) ထည့္ေပးပါ။

-------------------------------------------

မုန႔္ဟင္းခါး စခ်က္ပါေတာ့မည္


၅။ ငါးဆီသပ္ၿပီလၽွင္ မုန႔္ဟင္းခါးခ်က္ရန္ ဒယ္အိုးႀကီး တစ္ခုထဲသို့ (ငါးဆီသပ္၊ ပဲျပဳတ္ရည္၊ ငါးအရိုးျပဳတ္ရည္မ်ား၊ ေရ(၂လီတာ)၊ စပါးလင္(၂ပင္ ခ်ည္ၿပီသား))တို့ကို ထည့္ကာ ေရာေမႊလိုက္ပါ။


၆။ ၿပီလၽွင္ ေရျဖင့္ေဖ်ာ္ထားေသာ ဆန္ေလွာ္မွုန႔္၊ blender နဲ႔ႀကိတ္ထားေသာ ပဲမ်ားကို ထည့္ၿပီ ေရာေမႊေပးပါ။


ရ။ ထို့ေနာက္ ဆူေအာင္ တည္ထားၿပီမွ အေပါ့အငံ့အတြက္ ၾကက္သားမွုန႔္၊ ငံျပာရည္(၁ခြက္)၊ ဆား(စားပြဲတင္ဇြန္း ၁ဇြန္း)၊ သၾကား(စားပြဲတင္ဇြန္း ၁ဇြန္း)တို့ကို ထည့္ေပးပါ။


၈။ ဆန္ေလွာ္မွုန႔္ ပြလာမွ ငေပ်ာအူမ်ား ထည့္ေပးပါ။


၉။ ငေပ်ာအူႏူၿပီဆိုလၽွင္ ျပဳတ္ထားေသာ ဘဲဥမ်ား ႏွင့္ င႐ုတ္ေကာင္းမွုန႔္(စားပြဲတင္ဇြန္း တဝက္) ျဖဴးေပးပါ။


၁၀။ က်က္ခါနီးမွ ၾကက္သြန္နီမ်ားကို အလုံးလိုက္ ထည့္လိုက္ပါ။


၉။ ၾကက္သြန္နီမ်ား ႏူသြားလၽွင္ မီးပိတ္ထားၿပီ ပန္းကန္တစ္ခုထဲ မုန႔္ဟင္းခါးဖတ္ ၁၀က်ပ္သား၊ နံနံပင္၊ ပဲေၾကာ္မ်ားျဖင့္ ျပင္ဆင္ထားပါ။


၁၀။ မုန႔္ဟင္းခါးရည္မ်ားထည့္ၿပီ အိုးဘဲဥ ရန္ကုန္မုန႔္ဟင္းခါးကို အရသာရွိစြာ သုံးေဆာင္နိုင္ပါၿပီ…..


၀က္လက္ ထမင္းေပါင္း

---------------------------------------

ဝက္လက္ ထမင္းေပါင္း။ ဝက္လက္ကို တ႐ုတ္ဟင္းခတ္ အေမႊးႀကိဳင္တြနဲ႔ ေရာခ်က္ထားတာမို့ အရသာေရာ၊ အနံ့ပါ စားလို့ အရမ္း ေကာင္းမြန္ပါတယ္။။ ဝက္လက္ ထမင္းေပါင္းနဲ႔ မုန႔္ညႇင္းစိမ္း၊ ၾကက္ဥတို့နဲ႔ အလြန္လိုက္ဖက္ပါတယ္။ ခုပဲ တူတူ ခ်က္ၾကည့္ရေအာင္..

---------------------------------------




ပါဝင္ပစၥည္းမ်ား


၀က္လက္ – ၂ခု (၁.၅ ကီလိုဂရမ္) (သန႔္စင္ေအာင္ ေဆးေၾကာထားပါ)

ၾကက္သြန္ျဖဴ – ၆မႊာ (ပါးပါးလွီးပါ)

ဂ်င္း – လက္တဆစ္ (ပါးပါးလွီးပါ)


ပဲငံျပာရည္(အၾကည္) – စားပြဲတင္ဇြန္း ၃ဇြန္း

ပဲငံျပာရည္(အေနာက္) – စားပြဲတင္ဇြန္း ၃ဇြန္း

သၾကား – စားပြဲတင္ဇြန္း ၂ဇြန္း

ဆန္ဝိုင္ – စားပြဲတင္ဇြန္း ၃ဇြန္း

ဗီနီကာ – စားပြဲတင္ဇြန္း ၂ဇြန္း

သစ္ဂ်ပိုး – ၁ခု

နတ္နတ္ပြင့္ – ၂ခု

ကလေဝရြက္ – ၂ခု

စီခၽြမ့္ င႐ုတ္ေကာင္း (Hua Jioa) – စားပြဲတင္ဇြန္း ၁ဇြန္း

ၾကက္ဥ – ၂လုံ (က်က္ေအာင္ ျပဳတ္ၿပီ အခြံႏႊာထားေပးပါ)

ေကာ္မွုန႔္ – စားပြဲတင္ဇြန္း ၂ဇြန္း (ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထားေပးပါ)

မုန႔္ညႇင္းစိမ္း – ၁စည္း (ေရစင္ေအာင္ ေဆးၿပီ ထက္ပိုင္းပိုင္းထားပါ) (တြဲဖက္စားရန္)

---------------------------------------




ခ်က္ျပဳတ္နည္း


၁။ အရင္ဆုံး ဒယ္အိုးတစ္ခုထဲ ဝက္လက္ျမဳပ္နိုင္မယ့္ ေရပမဏထည့္ၿပီ ပြက္ပြက္ဆူေအာင္ တည္ထားပါ။


၂။ ဆူလာလၽွင္ ဝက္လက္ထည့္ၿပီ ၅မိနစ္ခန႔္ ထပ္တည္ပါ။ အေပၚမွ အျမဳပ္မွာ တက္လာလၽွင္ ဇြန္းျဖင့္ ဖယ္ေပးပါ။


၃။ ၿပီလၽွင္ ေရမ်ားသြန္ၿပီ ဝက္လက္မ်ားကို ျပန္ဖယ္ထားပါ။




၄။ ဒယ္(သို့) Pressure cooker ထဲ ဆီ(စားပြဲတင္ဇြန္း ၁ဇြန္း) ထည့္ပါ။ ဆီပူလာလၽွင္ သစ္ဂ်ပိုး၊ နတ္နတ္ပိုး၊ ကလေဝရြက္၊ ထည့္ၿပီ ၁မိနစ္ခန႔္ ေရာေမႊပါ။


၅။ ၿပီမၽွ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ စီခၽြမ့္ င႐ုတ္ေကာင္းတို့ကို ထည့္ၿပီ ဆီသပ္ေပးပါ။




၆။ ထို့ေနာက္ ေရ(၃ခြက္)၊ ဆန္ဝိုင္၊ ပဲငံျပာရည္(အၾကည္)၊ ပဲငံျပာရည္(အေနာက္)၊ ဗီနီကာ၊ သၾကား၊ ဝက္လက္၊ ျပဳတ္ထားေသာ ၾကက္ဥ မ်ားကို ထည့္ပါ။


ရ။ ရိုးရိုး ဒယ္ႏွင့္ခ်က္လၽွင္ ဝက္လက္မ်ားကို နာရီဝက္ျခားတစ္ခါ တဖက္သို့ လွန္ေပးၿပီ ဝက္လက္ႏူအိသည္အထိ ၂နာရီခန႔္ မီးအသင့္တင့္ျဖင့္ အဖုံးအုပ္ကာ တည္ေပးပါ။


(သို့)




ရ။ Pressure cooker ႏွင့္ ခ်က္လၽွင္ ၄၅မိနစ္ခန႔္ ခ်က္ေပးပါ။


၈။ ဝက္လက္ ႏူအိၿပီဆိုလၽွင္ ဝက္လက္ကို ဓားျဖင့္ အဝိုင္းမ်ား ပိုင္းျဖတ္ေပးပါ။ ၾကက္ဥကို ၄စိပ္စိပ္ေပးၿပီ မုန႔္ညႇင္းစိမ္းကို ေရေႏြးေဖ်ာ္ေပးပါ။


၉။ ၿပီေနာက္ ဝက္လက္ျပဳတ္ရည္ထဲ ဆူေအာင္ ျပန္တည္ၿပီ ေကာ္ရည္ ထည့္ေပးပါ။


၁၀။ ပန္းကန္ထဲ ထမင္း၊ ဝက္လက္၊ ၾကက္ဥ၊ မုန႔္ညႇင္းစိမ္း တို့ကို ျပင္ဆင္ေပးကာ ဝက္လက္ေဆာ့ရည္မ်ားကို အေပၚမွ ဆမ္းေပးၿပီ အရသာရွိစြာ သုံးေဆာင္လို့ရပါၿပီ…




---------------------------------------

Wutyee Food House

---------------------------------------


ဝက္သားစဥ္းေကာ ထမင္းေထာင္း




ပါဝင္ပစၥည္းမ်ား


ဝက္သားစဥ္းေကာ  -  ၅၀ ဂရမ္

ထမင္း  -  ၁၅၀ ဂရမ္

ဆီခ်က္  -  စားပြဲဇြန္း ၂ ဇြန္း

ဆီ  -  စားပြဲဇြန္း ၁ ဇြန္း

ဆား  -  အနည္းငယ္

သၾကား  -  အနည္းငယ္

ငံျပာရည္  -  အနည္းငယ္

ၾကက္သြန္ျဖဴ  -  ၃ ႁမႊာ

ခရမ္းခ်ဥ္သီး  -  ၁ လုံး

ဝက္အူေခ်ာင္း  -  ၁၀ ေခ်ာင္း

နႏြင္းမွုန႔္  -  အနည္းငယ္

ႏွမ္း  -  စားပြဲဇြန္း ၁ ဇြန္း

င႐ုတ္ေကာင္းမွုန႔္  -  အနည္းငယ္

တြဲဖက္စားရန္

နံနံပင္   

ဂ်ဴးျမစ္ 

သခြားသီး

င႐ုတ္သီးေၾကာ္    

   

ျပဳလုပ္နည္း


 ၾကက္သြန္ျဖဴကို ႏုပ္ႏုပ္စဥ္းပါ။ ဝက္အူေခ်ာင္းကို အတုံးေလးမ်ား တုံးေပးပါ။ ၾကက္သြန္ကို နႏြင္းမွုန႔္ႏွင့္ ဆီခ်က္ ခ်က္ပါ။ ဝက္သားစဥ္းေကာႏွင့္ ဝက္အူေခ်ာင္း ကို ဆီသတ္ပါ။ အရသာအတြက္ ဆား၊ သၾကား၊ ငံျပာ

ရည္၊ င႐ုတ္ေကာင္းမွုန႔္တို့ ထည့္ေပးပါ။ င႐ုတ္ဆုံထဲမွာ ဆီသတ္ထားေသာ ဝက္သား၊ ဝက္အူေခ်ာင္း၊ ထမင္း၊ ႏွမ္း၊ ၾကက္သြန္ျဖဴေၾကာ္တို့ကို ထည့္ၿပီး ေထာင္းေပးပါ။ ေထာင္းထားေသာ ထမင္းမ်ားကို ဇလုံတစ္ခုထဲမွာ ဆီခ်က္ထည့္နယ္ၿပီး အလုံးေလးေတြ လုံးပါ။ အနံ့ အရသာျပည့္စုံၿပီဆိုရင္ေတာ့ ပန္းကန္ထဲထည့္ၿပီး သုံးေဆာင္နိုင္ပါၿပီ။

Thursday, September 24, 2020

8- P Model of HRM

 8- P Model  of HRM


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




#Goldie_Kyaw


HR တစ်ယောက်အနေနဲ့ ဘာတွေကို အာရုံစူးစိုက်ပြီး လုပ်ဆောင်နေရသလဲ ?


HR ဌာနအနေနဲ့ ဘာတွေလုပ်ဆောင်နေရသလဲ ?

လို့ မေးတဲ့ အခါမှာကျွန်မတို့ အကြိမ်များစွာ ဖြေဆိုမိ

တာ ကလူ့စွမ်းအားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရခြင်းပါပဲ  ။


ဒီထက်ပိုပြီးတိတိကျကျလေး မျှဝေနိုင်ဖို့  8-P Model of HRM ကို မျှဝေချင်ပါတယ် ။  ဒါတွေကတော့ 


1.     Philosophy


2.     Policies


3.     Processes


4.     Practices


5.     Programs


6.     Performance


7.     Pay


8.     Perform တို့ဖြစ်ပါတယ် ။ 


ဒီတော့ ‘ P ’  တစ်လုံးချင်းစီကဘာတွေလဲ ဆိုတာကို တစ်ချက်ဆွေးနွေး ကြည့်ရအောင်ပါ  ။  


❗Philosophy


လုပ်ငန်းအဖွဲ့စည်းအတွင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အယူအဆ သဘောထား တွေနဲ့ ပြုမှုဆောင်ရွက်မှုတွေရှိကြပါတယ် ။  ဒါကို  Organizational Philosophy လို့ ခေါ်ပါတယ် ၊ဒါကို သေချာစွာ သိရှိစေဖို့နဲ့ လုပ်ငန်းခွင်အတွင်းက Key Player တိုင်းက သေချာစွာ နားလည်ဖို့လိုအပ်ပါတယ် ။  ဒါကို သေချာစွာ ရှာဖွေပြီး နားလည်သဘောပေါက်စေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ။


❗Policies


နောက်တစ်ခုကတော့ Policies ပါ ။ အဖွဲ့အစည်းရဲ့ အယူအဆသဘောထားတွေကို သေချာစွာသိရှိတဲ့အခါ မှန်ကန်ပြီးအများလိုက်နာဆောင်ရွက်နိုင်တဲ့ မူဝါ များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိင်ဖို့ ရေးဆွဲပြင်္ငဆင်ရတဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လုပ်ဆောင်ရတာဖြစ်ပါတယ် ။ ဒီလိုချမှတ်ရာမှာလည်း ခေတ်စနစ်နဲ့ လျော်ညီပြီး ၊ ဥပဒေများနဲ့ ကိုက်ညီမယ့် အချက်အလက်များကိုလည်း ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ် ။ ဘာတွေကိုတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုး ၊ သတ်မှတ်ချက်တွေကို တိကျစွာ ထုတ်ပြန်ထားဖို့လိုပါတယ်။


❗Processes


မှန်ကန်တဲ့ လုပ်ဆောင်ချက်ရရှိစေဖို့  မူဝါဒတွေအပေါ်မှာ တိကျတဲ့ လုပ်ငန်းစဉ်သတ်မှတ်ချက်တွေကို ချမှတ်ပေးရမှာဖြစ်ပါတယ် ။ တနည်းအားဖြင့် ဆိုရရင် SOP သတ်မှတ်တာမျိုးကို သေချာစွာ လုပ်ဆောင်ရပါမယ် ။ သူ့မှာ အတိအကျ လိုက်နာဆောင်ရွက်ရမယ့် အဆင့်ချင်းစီအလိုက် လုပ်ငန်းစဉ် သတ်မှတ်ချက်တွေကို ချမှတ်ပြီး ဆောင်ရွက်မယ့် ဝန်ထမ်းတစ်ယောက်ချင်းစီအလိုက်ကို တိတိကျကျ လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် ။


❗Practices


မူဝါဒတွ ၊ လုပ်ငန်းစဉ်သတ်မှတ်ချက်တွေ   ရေးဆွဲတဲ့အခါမှာလည်း လိုက်နာကျင့်သုံး အကောင် အထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ် ။ စာရွက်ပေါ်က ပေါ်လစီမဖြစ်စေဖို့မှန်ကန်စွာ ဆောင်ရွက်နိင်ဖို့အတွက် မိမိအဖွဲ့ အစည်းအတွင်း ပြန်လည် ကျင့်သုံးမယ့် အစီအမံတွေကို ချမှတ်ရပါတယ်။ နေ့စဉ်လုပ်ဆောင်နေရတဲ့ Day to Day activities တွေကို စနစ်တကျနဲ့ မှန်ကန်စွာလုပ်ဆောင်ဖို့ လိုအပ်ပါတယ် ။  ဒါကို HR တွေက ပိုပြီးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။


❗Programs


နောက် ‘ P ’  တစ်လုံးကတော့ Programs ပါ ၊  မိမိအဖွဲ့အစည်းရဲ့ ပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် က ဘယ်အချိန်မှာ ဘာတွေကို ကောင်အထည်ဖော်ဆောင်ရမလဲ ဆိုတာကို ပြင်ဆင် ဆောင်ရွက် ထားဖို့လိုပါတယ် ။   ဝန်ထမ်းတွေကို တိုးတက်ဖွံ့ဖြိုးဖို့ မိမိအဖွဲ့အစည်းအတွင်းမှာ သင့်တော်တဲ့  Programs များ အစီအမံများကို ရေးဆွဲပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ် ။  Employee Assistance Program, Employee training & development programs တွေကို အကောင်အထည်ဖော်ရွက်နိုင်သလို အခြားသင့်လျော်မယ့် အစီအမံတွေကိုလည်း သက်ဆိုင်ရာ တာဝန်ခံများနဲ့ ပေါင်းစပ် အကောင် အထည်ဖော်နိုင်ဖို့လိုပါတယ် ။


❗Performance


နောက်ထပ်အရေးကြီးတဲ့ ‘ P ’  တစ်လုံးကတော့  Performance ပါပဲ ။ ထိရောက်ပြီး တကယ် အကောင်အထည်ဖော်နိုင်တဲ့ ရလာဒ်ကောင်းတွေကို အဖွဲ့အစည်းအတွင်းမှာ ရယူပိုင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ် ။ ဒါကြောင့်လည်း  Performance Management ဟာ လုပ်ငန်းခွင်တိုင်းအတွက် အရေးကြီးတဲ့ နေရာမှာရှိနေတာဖြစ်ပါတယ် ။  စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဝန်ထမ်းကောင်းတွေ ရရှိဖို့ နဲ့ ဝန်ထမ်း တစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကိုမှန်ကန်တိကျစွာ အကဲဖြတ်မှတ်တမ်းတင်နိုင်ဖို့ကလည်း အရေး ကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ။


❗Pay


ဝန်ထမ်းတိုင်းမျှော်လင့်တောင်းတ တဲ့အရာဖြစ်ပါတယ် ။  တကယ်တော်တဲ့သူကို ချီးမြှင့်နိုင်မယ့် ၊ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ လုပ်ခ ၊လစာ ၊ ခံစားခွင့် ၊ ရပိုင်ခွင့်တွေကို တိတိကျကျ ပေးအပ်နိုင်ရင် အဖွဲ့အစည်းကို အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပါတယ် ။  ပြီးတော့ ဝန်ထမ်းတွေရဲ့  Motivation နဲ့  လုပ်ငန်းခွင်ကျေနပ်ခြင်း ၊ အလုပ်တာဝန်အပေါ်မှာ တာဝန်တိကျစွာ ဆောင်ရွက်နိုင်ခြင်းတွေနဲ့လည်း သက်ဆိုင်နေတာဖြစ်တာကြောင့် Compensation Management ကအရေးအကြီးတယ်ဆိုတာ မေ့ထားလို့မရပါဘူး ။


❗Perform


နောက်ဆုံး ‘ P ’ ကတော့ အထက်ပါ လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ တာဝန် တစ်ရပ်အဖြစ် နားလည်ထားဖို့ လိုပါတယ် ။  စိတ်ကူးပေါက်လို့ ထ လုပ်လိုက်တာမျိုးမဟုတ်ပဲ ပုံမှန် ဆောင်ရွွက်ပြီး အဖွဲ့အစည်းရဲ့ပန်းတိုင်နဲ့ ချိတ်ဆက်မှုကို အမြဲ လုပ်ဆောင်နေရမှာဖြစ်ပါတယ် ။  ဒါမှလည်း မိမိအဖွဲ့အစည်းက စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှု (Continuous Improvement ) ကို ရရှိစေမှာဖြစ်ပါတယ် ။


အထက်ပါ လုပ်ငန်းဆောင်ရွက်ချက်များအပြင်အခြားသော HRM ရဲ့ လုပ်ငန်းစဉ်တွေ ၊ ရေရှည်ဆောင်ရွက်ရမယ့် HR ဌာနတွေရဲ့ လုပ်ဆောင်ချက်တွေလည်း အများအပြားရှိနေဦးမှာပါ  ။  8 P Model of HRM ကတော့ အားလုံး ရိုးရှင်းလွယ်ကူစွာနဲ့ မှတ်မိနိုင်စေဖို့ မျှဝေရေးသားလိုက်ရပါတယ် ။


#Goldie_Kyaw


 

Ref : _Randal. Schuler this model melds five human resource activities with strategic highlight

_Strategic Implementation as a Core Competency

_5 P Model of HR - Mildred Golden Pryor, Donna Anderson, Leslie A Toombs and John H Humphreys


(Zawgyi) 

8- P Model  of HRM


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




#Goldie_Kyaw


HR တစ္ေယာက္အေနနဲ႔ ဘာေတြကို အာ႐ုံစူးစိုက္ၿပီး လုပ္ေဆာင္ေနရသလဲ ?


HR ဌာနအေနနဲ႔ ဘာေတြလုပ္ေဆာင္ေနရသလဲ ?

လို့ ေမးတဲ့ အခါမွာကၽြန္မတို့ အႀကိမ္မ်ားစြာ ေျဖဆိုမိ

တာ ကလူ႔စြမ္းအားအရင္းအျမစ္တိုးတက္ဖြံ့ၿဖိဳးေအာင္လုပ္ေဆာင္ရျခင္းပါပဲ  ။


ဒီထက္ပိုၿပီးတိတိက်က်ေလး မၽွေဝနိုင္ဖို့  8-P Model of HRM ကို မၽွေဝခ်င္ပါတယ္ ။  ဒါေတြကေတာ့ 


1.     Philosophy


2.     Policies


3.     Processes


4.     Practices


5.     Programs


6.     Performance


7.     Pay


8.     Perform တို့ျဖစ္ပါတယ္ ။ 


ဒီေတာ့ ‘ P ’  တစ္လုံးခ်င္းစီကဘာေတြလဲ ဆိုတာကို တစ္ခ်က္ေဆြးေႏြး ၾကည့္ရေအာင္ပါ  ။  


❗Philosophy


လုပ္ငန္းအဖြဲ႕စည္းအတြင္းမွာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ့ အယူအဆ သေဘာထား ေတြနဲ႔ ျပဳမွုေဆာင္ရြက္မွုေတြရွိၾကပါတယ္ ။  ဒါကို  Organizational Philosophy လို့ ေခၚပါတယ္ ၊ဒါကို ေသခ်ာစြာ သိရွိေစဖို့နဲ႔ လုပ္ငန္းခြင္အတြင္းက Key Player တိုင္းက ေသခ်ာစြာ နားလည္ဖို့လိုအပ္ပါတယ္ ။  ဒါကို ေသခ်ာစြာ ရွာေဖြၿပီး နားလည္သေဘာေပါက္ေစဖို့ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္ ။


❗Policies


ေနာက္တစ္ခုကေတာ့ Policies ပါ ။ အဖြဲ႕အစည္းရဲ့ အယူအဆသေဘာထားေတြကို ေသခ်ာစြာသိရွိတဲ့အခါ မွန္ကန္ၿပီးအမ်ားလိုက္နာေဆာင္ရြက္နိုင္တဲ့ မူဝါ မ်ားကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္ရြက္နိင္ဖို့ ေရးဆြဲျပငၤဆင္ရတဲ့ လုပ္ငန္းေဆာင္ရြက္မွုမ်ားကို လုပ္ေဆာင္ရတာျဖစ္ပါတယ္ ။ ဒီလိုခ်မွတ္ရာမွာလည္း ေခတ္စနစ္နဲ႔ ေလ်ာ္ညီၿပီး ၊ ဥပေဒမ်ားနဲ႔ ကိုက္ညီမယ့္ အခ်က္အလက္မ်ားကိုလည္း ထည့္သြင္း စဥ္းစားရမွာျဖစ္ပါတယ္ ။ ဘာေတြကိုေတာ့ ဘယ္လိုလုပ္ရမလဲ ဆိုတာမ်ိဳး ၊ သတ္မွတ္ခ်က္ေတြကို တိက်စြာ ထုတ္ျပန္ထားဖို့လိုပါတယ္။


❗Processes


မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္ရရွိေစဖို့  မူဝါဒေတြအေပၚမွာ တိက်တဲ့ လုပ္ငန္းစဥ္သတ္မွတ္ခ်က္ေတြကို ခ်မွတ္ေပးရမွာျဖစ္ပါတယ္ ။ တနည္းအားျဖင့္ ဆိုရရင္ SOP သတ္မွတ္တာမ်ိဳးကို ေသခ်ာစြာ လုပ္ေဆာင္ရပါမယ္ ။ သူ႔မွာ အတိအက် လိုက္နာေဆာင္ရြက္ရမယ့္ အဆင့္ခ်င္းစီအလိုက္ လုပ္ငန္းစဥ္ သတ္မွတ္ခ်က္ေတြကို ခ်မွတ္ၿပီး ေဆာင္ရြက္မယ့္ ဝန္ထမ္းတစ္ေယာက္ခ်င္းစီအလိုက္ကို တိတိက်က် လုပ္ေဆာင္နိုင္ဖို့ ေဆာင္ရြက္ေပးရမွာျဖစ္ပါတယ္ ။


❗Practices


မူဝါဒတြ ၊ လုပ္ငန္းစဥ္သတ္မွတ္ခ်က္ေတြ   ေရးဆြဲတဲ့အခါမွာလည္း လိုက္နာက်င့္သုံး အေကာင္ အထည္ ေဖာ္နိုင္ဖို့ လိုအပ္ပါတယ္ ။ စာရြက္ေပၚက ေပၚလစီမျဖစ္ေစဖို့မွန္ကန္စြာ ေဆာင္ရြက္နိင္ဖို့အတြက္ မိမိအဖြဲ႕ အစည္းအတြင္း ျပန္လည္ က်င့္သုံးမယ့္ အစီအမံေတြကို ခ်မွတ္ရပါတယ္။ ေန႔စဥ္လုပ္ေဆာင္ေနရတဲ့ Day to Day activities ေတြကို စနစ္တက်နဲ႔ မွန္ကန္စြာလုပ္ေဆာင္ဖို့ လိုအပ္ပါတယ္ ။  ဒါကို HR ေတြက ပိုၿပီးတိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။


❗Programs


ေနာက္ ‘ P ’  တစ္လုံးကေတာ့ Programs ပါ ၊  မိမိအဖြဲ႕အစည္းရဲ့ ပန္းတိုင္ကို အေကာင္အထည္ေဖာ္နိုင္ဖို့ အတြက္ က ဘယ္အခ်ိန္မွာ ဘာေတြကို ေကာင္အထည္ေဖာ္ေဆာင္ရမလဲ ဆိုတာကို ျပင္ဆင္ ေဆာင္ရြက္ ထားဖို့လိုပါတယ္ ။   ဝန္ထမ္းေတြကို တိုးတက္ဖြံ့ၿဖိဳးဖို့ မိမိအဖြဲ႕အစည္းအတြင္းမွာ သင့္ေတာ္တဲ့  Programs မ်ား အစီအမံမ်ားကို ေရးဆြဲျပင္ဆင္ေဆာင္ရြက္ရမွာျဖစ္ပါတယ္ ။  Employee Assistance Program, Employee training & development programs ေတြကို အေကာင္အထည္ေဖာ္ရြက္နိုင္သလို အျခားသင့္ေလ်ာ္မယ့္ အစီအမံေတြကိုလည္း သက္ဆိုင္ရာ တာဝန္ခံမ်ားနဲ႔ ေပါင္းစပ္ အေကာင္ အထည္ေဖာ္နိုင္ဖို့လိုပါတယ္ ။


❗Performance


ေနာက္ထပ္အေရးႀကီးတဲ့ ‘ P ’  တစ္လုံးကေတာ့  Performance ပါပဲ ။ ထိေရာက္ၿပီး တကယ္ အေကာင္အထည္ေဖာ္နိုင္တဲ့ ရလာဒ္ေကာင္းေတြကို အဖြဲ႕အစည္းအတြင္းမွာ ရယူပိုင္ဆိုင္နိုင္ဖို့ လိုအပ္ပါတယ္ ။ ဒါေၾကာင့္လည္း  Performance Management ဟာ လုပ္ငန္းခြင္တိုင္းအတြက္ အေရးႀကီးတဲ့ ေနရာမွာရွိေနတာျဖစ္ပါတယ္ ။  စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ ဝန္ထမ္းေကာင္းေတြ ရရွိဖို့ နဲ႔ ဝန္ထမ္း တစ္ေယာက္ခ်င္းစီရဲ့ စြမ္းေဆာင္ရည္ကိုမွန္ကန္တိက်စြာ အကဲျဖတ္မွတ္တမ္းတင္နိုင္ဖို့ကလည္း အေရး ႀကီးတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္ ။


❗Pay


ဝန္ထမ္းတိုင္းေမၽွာ္လင့္ေတာင္းတ တဲ့အရာျဖစ္ပါတယ္ ။  တကယ္ေတာ္တဲ့သူကို ခ်ီးျမႇင့္နိုင္မယ့္ ၊ သူ႔ရဲ့စြမ္းေဆာင္ရည္နဲ႔ ကိုက္ညီတဲ့ လုပ္ခ ၊လစာ ၊ ခံစားခြင့္ ၊ ရပိုင္ခြင့္ေတြကို တိတိက်က် ေပးအပ္နိုင္ရင္ အဖြဲ႕အစည္းကို အမ်ားႀကီးအေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္ ။  ၿပီးေတာ့ ဝန္ထမ္းေတြရဲ့  Motivation နဲ႔  လုပ္ငန္းခြင္ေက်နပ္ျခင္း ၊ အလုပ္တာဝန္အေပၚမွာ တာဝန္တိက်စြာ ေဆာင္ရြက္နိုင္ျခင္းေတြနဲ႔လည္း သက္ဆိုင္ေနတာျဖစ္တာေၾကာင့္ Compensation Management ကအေရးအႀကီးတယ္ဆိုတာ ေမ့ထားလို့မရပါဘူး ။


❗Perform


ေနာက္ဆုံး ‘ P ’ ကေတာ့ အထက္ပါ လုပ္ေဆာင္ခ်က္မ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနတဲ့ တာဝန္ တစ္ရပ္အျဖစ္ နားလည္ထားဖို့ လိုပါတယ္ ။  စိတ္ကူးေပါက္လို့ ထ လုပ္လိုက္တာမ်ိဳးမဟုတ္ပဲ ပုံမွန္ ေဆာင္ရြြက္ၿပီး အဖြဲ႕အစည္းရဲ့ပန္းတိုင္နဲ႔ ခ်ိတ္ဆက္မွုကို အျမဲ လုပ္ေဆာင္ေနရမွာျဖစ္ပါတယ္ ။  ဒါမွလည္း မိမိအဖြဲ႕အစည္းက စဥ္ဆက္မျပတ္ တိုးတက္ဖြံ့ၿဖိဳးမွု (Continuous Improvement ) ကို ရရွိေစမွာျဖစ္ပါတယ္ ။


အထက္ပါ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအျပင္အျခားေသာ HRM ရဲ့ လုပ္ငန္းစဥ္ေတြ ၊ ေရရွည္ေဆာင္ရြက္ရမယ့္ HR ဌာနေတြရဲ့ လုပ္ေဆာင္ခ်က္ေတြလည္း အမ်ားအျပားရွိေနဦးမွာပါ  ။  8 P Model of HRM ကေတာ့ အားလုံး ရိုးရွင္းလြယ္ကူစြာနဲ႔ မွတ္မိနိုင္ေစဖို့ မၽွေဝေရးသားလိုက္ရပါတယ္ ။


#Goldie_Kyaw


 

Ref : _Randal. Schuler this model melds five human resource activities with strategic highlight

_Strategic Implementation as a Core Competency

_5 P Model of HR - Mildred Golden Pryor, Donna Anderson, Leslie A Toombs and John H Humphreys

Wednesday, September 23, 2020

“ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင်ရော ဖြစ်နေရဲ့လား”

 “ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင်ရော ဖြစ်နေရဲ့လား”




ခုတလော သိပ်ကြိုက်မိနေတဲ့ အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။ ဘယ်သူ ပြောခဲ့မှန်းတော့ မသိပါဘူး။ အဲဒါလေးက ဘာလဲဆိုတော့ 


Be the type of person you want to meet. 


ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ့်ကိုယ်ကိုယ် ဖြစ်အောင် လုပ်ပါတဲ့။ 


ဖတ်ဖတ်ရချင်း အတော်လေးလည်း သဘောကျမိသွားသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်မိပါတယ်။ ငါရော ငါ ဆုံတွေ့ဆက်ဆံချင်တဲ့သူမျိုး ဖြစ်နေရဲ့လားပေါ့။ အဲ့လို စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်တွေလည်း မြင်လာမိတယ်။ 


ဒါကြောင့် ဒီဆောင်းပါးမှာ ကျွန်တော် ဆုံတွေ့ချင်တဲ့ လူပုံစံ၊ တစ်နည်းအားဖြင့် ကျွန်တော် တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး ၁၀ မျိုးကို ပြောပြချင်ပါတယ်။ တခြားအချက်တွေလည်း ရှိပါသေးတယ်။ ကျွန်တော် သဘောအကျဆုံး ၁၀ ချက်ကို ပြောပြထားတာပါ။


၁။ ချဉ်းကပ်လွယ်ခြင်း (Approachable)


ပြဿနာတစ်ခုခု ဖြစ်ရင် ဖွင့်ပြောရဲတယ်။ ကြောက်နေစရာ မလိုဘူး။ မာနမကြီးဘူး။ အဆင့်အတန်း မခွဲဘူး။ ခင်မင်နှစ်လိုဖွယ် ကောင်းတယ်။ အမြဲပြုံးရွှင်နေတဲ့ မျက်နှာထား ရှိတယ်။ အဲ့လိုလူတွေနဲ့မို့ တွဲလုပ်ရရင် လူက ပေါ့ပါးပြီး ပျော်နေရော။


၂။ လေးစားမှု ထားခြင်း (Showing respect)


အသက်ကြီးတာ၊ ငယ်တာ၊ ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာ၊ ရာထူးကြီးတာ၊ ငယ်တာတွေနဲ့ မဆိုင်ဘဲ လူတိုင်းအပေါ် လေးစားမှု ထားတယ်။ ခေါ်တာ ဝေါ်တာ သုံးနှုန်းတာက အစ လေးစားမှု ထားမှန်း သိသာတယ်။ လူတိုင်းဟာ တန်ဖိုးကိုယ်စီ ရှိကြတယ်လို့ ခံယူထားတယ်။ အဲ့လိုလူတွေနဲ့ ဆုံလိုက်ရင် နဂိုရှိနေတဲ့ လေးစားမှုထက်ကို ပိုပြီး လေးစားမိသွားတယ်။


၃။ ကိုယ်ပိုင်စည်းကမ်းနဲ့ နေတတ်ခြင်း (Self-disciplined)


ဒါလေးကလည်း သိပ်အရေးကြီးတယ်။ ပြောတာ၊ ဆိုတာ၊ နေတာ၊ ထိုင်တာကအစ သပ်ရပ်တယ်။ အချိန်တိကျတယ်။ လေးနက်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိတယ်။


၄။ ယုံကြည်ရခြင်း (Trustworthy)


ငွေကြေးအရတင် မဟုတ်ဘူး။ ပြောထားတဲ့ စကားတည်တာ၊ တာဝန်ယူ၊ တာဝန်ခံတတ်တာ၊ အလုပ်မှာ အမှားအယွင်းနည်းတာ၊ ဒါတွေပါ ပါဝင်ပါတယ်။


၅။ ကူညီတတ်ခြင်း (Helpful)


ဘဝမှာ ကိုယ့်ကို ကူညီပေးခဲ့သူတွေ အများကြီးပါ။ လမ်းသွားရင်း နေရာရှာမတွေ့လို့ မေးလိုက်တာ စိတ်ရှည်လက်ရှည်နဲ့ ဖော်ဖော်ရွေရွေ ဖြေပေးသူကစလို့ အလုပ်ကိစ္စမှာ ကိုယ်မသိလို့ မေးတာကို ဖြေပေးသူ၊ အဆက်အသွယ် မရှိလို့ မေးတာကို ချိတ်ပေးလိုက်သူ စသဖြင့် ကြုံဖူးကြမှာပါ။ သိပ်ကျေးဇူးတင်ရပါတယ်။ သူတို့လိုလူမျိုး ကိုယ်လည်း ဖြစ်ချင်မိတယ်။


၆။ စိတ်ရှည်သည်းခံခြင်း (Patient)


တခုခုဆို လက်လျှော့လွယ်ရင်လည်း ကျွန်တော် သဘောမကျဘူး။ ပြဿနာနည်းနည်းလေး တက်လိုက်ရင်ကို ဆက်မလုပ်တော့တာ၊ ခဏလေးနဲ့ အောင်မြင်ချင်တာ၊ ဒါတွေကလည်း ကျွန်တော် မကြိုက်တဲ့အချက်ထဲမှာ ပါပါတယ်။


၇။ စွမ်းအားပြည့်ဝခြင်း (Energetic)


အပင်ပန်းမခံနိုင်တာ၊ နည်းနည်းကလေး အိပ်ရေးပျက်လိုက်တာနဲ့ ဖျားတာ၊ ထမင်းစားချိန်လေး နောက်ကျရင်တောင် မရတာ၊ အဲ့လို ပျော့တဲ့သူတွေနဲ့ဆို တစ်ခါတစ်လေ တွဲလုပ်ရတာ အဆင်မပြေပါဘူး။ ရောဂါတခုခု ရှိလို့ဆိုလည်း ထားပါ။ အဲ့လိုမဟုတ်ရင်တော့ ခပ်မာမာနဲ့ အလုပ်လုပ်နိုင်သူ ဖြစ်ဖို့ လိုပါတယ်။


၈။ ဉာဏ်ရည်မြင့်ခြင်း (Intelligent)


ဒါလည်း ရှင်းပါတယ်။ ခေတ်စကားနဲ့ ပြောရရင် တအားပိန်းလွန်းတာ၊ မစဉ်းစားတတ်တာ၊ ဘာကိုမဆို အယုံလွယ်တာတွေက အတော်လေး စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။


၉။ အလုပ်ကြိုးစားခြင်း (Hardworking)


ဒါကလည်း သိပ်သဘောကျစရာ ကောင်းတဲ့ အချက်ပါပဲ။ အလုပ်လုပ်ဖို့၊ ကြိုးစားဖို့ လိုပါတယ်။ ပျင်းနေမယ်၊ ကိုယ့်ကိုယ်ကိုယ် ညှာနေမယ်ဆို အဆင်မပြေပါဘူး။ 


၁၀။ ဇွဲကောင်းခြင်း (Persistent)


တစ်ခုခု လုပ်ပြီဆို မဖြစ်ဖြစ်အောင် လုပ်တာ သဘောကျတယ်။ အသေးစိတ်တွေအစ ဂရုစိုက်တယ်။ အဲဒါတွေ မပြည့်စုံရင် အလွယ်တကူ မလွှတ်ပေးလိုက်ဘူး။ မရရအောင် ထပ်လုပ်တယ်။


ဒီအချက်တွေကတော့ ကျွန်တော် သဘောကျမိတဲ့ အချက်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ် မထင်ဘူး။ ဒါကြောင့် ဒီဆောင်းပါးလေး ဖတ်ပြီးရင် ကိုယ်နှစ်သက်တဲ့ အချက်တွေကို ချရေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်ကြည့်ပါ။ ကိုယ် ဆိုတဲ့လူကို တခြားလူတစ်ယောက်အနေနဲ့သာ ဆက်ဆံပတ်သက်ရမယ်ဆို ဘယ်လိုနေမလဲ။ ပျော်မလား။ စိတ်ညစ်မလား။ ဘယ်အချက်တွေဆို မကြိုက်ဘူးလဲ။ ပြီ်းရင်တော့ အဲဒါတွေကို ပြင်ဆင်ကြည့်ပါ။ Be the type of person you want to meet ဆိုတဲ့ စကားအတိုင်း၊ ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင် ဖြစ်အောင်လုပ်ပါ။


ဒေါက်တာ ဖြိုးသီဟ

၃၁.၈.၂၀၂၀


(မှတ်ချက် - အခွင့်အလမ်းဂျာနယ်တွင် ဖော်ပြပြီးသော ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်။)


(Zawgyi) 

“ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ္တိုင္ေရာ ျဖစ္ေနရဲ့လား”




ခုတေလာ သိပ္ႀကိဳက္မိေနတဲ့ အဆိုအမိန႔္ေလးတစ္ခု ရွိပါတယ္။ ဘယ္သူ ေျပာခဲ့မွန္းေတာ့ မသိပါဘူး။ အဲဒါေလးက ဘာလဲဆိုေတာ့ 


Be the type of person you want to meet. 


ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျဖစ္ေအာင္ လုပ္ပါတဲ့။ 


ဖတ္ဖတ္ရခ်င္း အေတာ္ေလးလည္း သေဘာက်မိသြားသလို ကိုယ့္ကိုယ္ကိုယ္လည္း ျပန္သုံးသပ္မိပါတယ္။ ငါေရာ ငါ ဆုံေတြ႕ဆက္ဆံခ်င္တဲ့သူမ်ိဳး ျဖစ္ေနရဲ့လားေပါ့။ အဲ့လို စဥ္းစားၾကည့္လိုက္တဲ့အခါ ကိုယ့္ရဲ့ အားနည္းခ်က္ေတြလည္း ျမင္လာမိတယ္။ 


ဒါေၾကာင့္ ဒီေဆာင္းပါးမွာ ကၽြန္ေတာ္ ဆုံေတြ႕ခ်င္တဲ့ လူပုံစံ၊ တစ္နည္းအားျဖင့္ ကၽြန္ေတာ္ တန္ဖိုးထားတဲ့ ကိုယ္ရည္ကိုယ္ေသြး ၁၀ မ်ိဳးကို ေျပာျပခ်င္ပါတယ္။ တျခားအခ်က္ေတြလည္း ရွိပါေသးတယ္။ ကၽြန္ေတာ္ သေဘာအက်ဆုံး ၁၀ ခ်က္ကို ေျပာျပထားတာပါ။


၁။ ခ်ဥ္းကပ္လြယ္ျခင္း (Approachable)


ျပႆနာတစ္ခုခု ျဖစ္ရင္ ဖြင့္ေျပာရဲတယ္။ ေၾကာက္ေနစရာ မလိုဘူး။ မာနမႀကီးဘူး။ အဆင့္အတန္း မခြဲဘူး။ ခင္မင္ႏွစ္လိုဖြယ္ ေကာင္းတယ္။ အျမဲျပဳံးရႊင္ေနတဲ့ မ်က္ႏွာထား ရွိတယ္။ အဲ့လိုလူေတြနဲ႔မို့ တြဲလုပ္ရရင္ လူက ေပါ့ပါးၿပီး ေပ်ာ္ေနေရာ။


၂။ ေလးစားမွု ထားျခင္း (Showing respect)


အသက္ႀကီးတာ၊ ငယ္တာ၊ ခ်မ္းသာတာ၊ ဆင္းရဲတာ၊ ပညာတတ္တာ၊ မတတ္တာ၊ ရာထူးႀကီးတာ၊ ငယ္တာေတြနဲ႔ မဆိုင္ဘဲ လူတိုင္းအေပၚ ေလးစားမွု ထားတယ္။ ေခၚတာ ေဝၚတာ သုံးႏွုန္းတာက အစ ေလးစားမွု ထားမွန္း သိသာတယ္။ လူတိုင္းဟာ တန္ဖိုးကိုယ္စီ ရွိၾကတယ္လို့ ခံယူထားတယ္။ အဲ့လိုလူေတြနဲ႔ ဆုံလိုက္ရင္ နဂိုရွိေနတဲ့ ေလးစားမွုထက္ကို ပိုၿပီး ေလးစားမိသြားတယ္။


၃။ ကိုယ္ပိုင္စည္းကမ္းနဲ႔ ေနတတ္ျခင္း (Self-disciplined)


ဒါေလးကလည္း သိပ္အေရးႀကီးတယ္။ ေျပာတာ၊ ဆိုတာ၊ ေနတာ၊ ထိုင္တာကအစ သပ္ရပ္တယ္။ အခ်ိန္တိက်တယ္။ ေလးနက္တယ္။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္နိုင္စြမ္း ရွိတယ္။


၄။ ယုံၾကည္ရျခင္း (Trustworthy)


ေငြေၾကးအရတင္ မဟုတ္ဘူး။ ေျပာထားတဲ့ စကားတည္တာ၊ တာဝန္ယူ၊ တာဝန္ခံတတ္တာ၊ အလုပ္မွာ အမွားအယြင္းနည္းတာ၊ ဒါေတြပါ ပါဝင္ပါတယ္။


၅။ ကူညီတတ္ျခင္း (Helpful)


ဘဝမွာ ကိုယ့္ကို ကူညီေပးခဲ့သူေတြ အမ်ားႀကီးပါ။ လမ္းသြားရင္း ေနရာရွာမေတြ႕လို့ ေမးလိုက္တာ စိတ္ရွည္လက္ရွည္နဲ႔ ေဖာ္ေဖာ္ေရြေရြ ေျဖေပးသူကစလို့ အလုပ္ကိစၥမွာ ကိုယ္မသိလို့ ေမးတာကို ေျဖေပးသူ၊ အဆက္အသြယ္ မရွိလို့ ေမးတာကို ခ်ိတ္ေပးလိုက္သူ စသျဖင့္ ၾကဳံဖူးၾကမွာပါ။ သိပ္ေက်းဇူးတင္ရပါတယ္။ သူတို့လိုလူမ်ိဳး ကိုယ္လည္း ျဖစ္ခ်င္မိတယ္။


၆။ စိတ္ရွည္သည္းခံျခင္း (Patient)


တခုခုဆို လက္ေလၽွာ့လြယ္ရင္လည္း ကၽြန္ေတာ္ သေဘာမက်ဘူး။ ျပႆနာနည္းနည္းေလး တက္လိုက္ရင္ကို ဆက္မလုပ္ေတာ့တာ၊ ခဏေလးနဲ႔ ေအာင္ျမင္ခ်င္တာ၊ ဒါေတြကလည္း ကၽြန္ေတာ္ မႀကိဳက္တဲ့အခ်က္ထဲမွာ ပါပါတယ္။


၇။ စြမ္းအားျပည့္ဝျခင္း (Energetic)


အပင္ပန္းမခံနိုင္တာ၊ နည္းနည္းကေလး အိပ္ေရးပ်က္လိုက္တာနဲ႔ ဖ်ားတာ၊ ထမင္းစားခ်ိန္ေလး ေနာက္က်ရင္ေတာင္ မရတာ၊ အဲ့လို ေပ်ာ့တဲ့သူေတြနဲ႔ဆို တစ္ခါတစ္ေလ တြဲလုပ္ရတာ အဆင္မေျပပါဘူး။ ေရာဂါတခုခု ရွိလို့ဆိုလည္း ထားပါ။ အဲ့လိုမဟုတ္ရင္ေတာ့ ခပ္မာမာနဲ႔ အလုပ္လုပ္နိုင္သူ ျဖစ္ဖို့ လိုပါတယ္။


၈။ ဉာဏ္ရည္ျမင့္ျခင္း (Intelligent)


ဒါလည္း ရွင္းပါတယ္။ ေခတ္စကားနဲ႔ ေျပာရရင္ တအားပိန္းလြန္းတာ၊ မစဥ္းစားတတ္တာ၊ ဘာကိုမဆို အယုံလြယ္တာေတြက အေတာ္ေလး စိတ္ပ်က္စရာ ေကာင္းလြန္းပါတယ္။


၉။ အလုပ္ႀကိဳးစားျခင္း (Hardworking)


ဒါကလည္း သိပ္သေဘာက်စရာ ေကာင္းတဲ့ အခ်က္ပါပဲ။ အလုပ္လုပ္ဖို့၊ ႀကိဳးစားဖို့ လိုပါတယ္။ ပ်င္းေနမယ္၊ ကိုယ့္ကိုယ္ကိုယ္ ညႇာေနမယ္ဆို အဆင္မေျပပါဘူး။ 


၁၀။ ဇြဲေကာင္းျခင္း (Persistent)


တစ္ခုခု လုပ္ၿပီဆို မျဖစ္ျဖစ္ေအာင္ လုပ္တာ သေဘာက်တယ္။ အေသးစိတ္ေတြအစ ဂ႐ုစိုက္တယ္။ အဲဒါေတြ မျပည့္စုံရင္ အလြယ္တကူ မလႊတ္ေပးလိုက္ဘူး။ မရရေအာင္ ထပ္လုပ္တယ္။


ဒီအခ်က္ေတြကေတာ့ ကၽြန္ေတာ္ သေဘာက်မိတဲ့ အခ်က္ေတြပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ တူမယ္ မထင္ဘူး။ ဒါေၾကာင့္ ဒီေဆာင္းပါးေလး ဖတ္ၿပီးရင္ ကိုယ္ႏွစ္သက္တဲ့ အခ်က္ေတြကို ခ်ေရးၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္သုံးသပ္ၾကည့္ပါ။ ကိုယ္ ဆိုတဲ့လူကို တျခားလူတစ္ေယာက္အေနနဲ႔သာ ဆက္ဆံပတ္သက္ရမယ္ဆို ဘယ္လိုေနမလဲ။ ေပ်ာ္မလား။ စိတ္ညစ္မလား။ ဘယ္အခ်က္ေတြဆို မႀကိဳက္ဘူးလဲ။ ၿပီ္းရင္ေတာ့ အဲဒါေတြကို ျပင္ဆင္ၾကည့္ပါ။ Be the type of person you want to meet ဆိုတဲ့ စကားအတိုင္း၊ ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ္တိုင္ ျဖစ္ေအာင္လုပ္ပါ။


ေဒါက္တာ ၿဖိဳးသီဟ

၃၁.၈.၂၀၂၀


(မွတ္ခ်က္ - အခြင့္အလမ္းဂ်ာနယ္တြင္ ေဖာ္ျပၿပီးေသာ ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္။)

Tuesday, September 22, 2020

ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်

ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့်  




ပညာရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍနှင့် ပတ်သက်ပြီး ပညာရေးလွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို အောက်တိုဘာလ ၆၊ ၇ ရက်နေ့များတွင် အင်းစိန်မြို့နယ်၊ ခရစ်ယာန် ဓမ္မတက္ကသိုလ် တွင် မြန်မာ့ပညာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ စိတ်ပါဝင်စားသူများစွာပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့သည်ကို သတင်းများအရသိရပါသည်။


  အဆိုုပါဆွေးနွေးပွဲတွင် ပညာရေးနှင့်ပတ်သက်သည့် အချက်အလက်များစွာ ဆွေးနွေးခဲ့ကြသည့် အနက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၃ တွင်ပါဝင်သည့် “နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည်” ဆိုသည့်ပြဋ္ဌာန်းချက် ပြင်ဆင်ပေးရန် ဆွေးနွေးကြရာတွင် ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူ Thinking Foundation Class မှ ဒေါက်တာ သိန်းလွင် က အတွေးအခေါ်မှန်ကန်ရေးကို မည်သို့အဓိပ္ပာယ်ဖွင့်မည်မှာ အခက်အခဲရှိကြောင်း၊ ထို့ကြောင့် အဆိုပါ အတွေးအခေါ်မှန်ကန်ရေး ဆိုသောအချက်ကို ပယ်ဖျက်ပြီး ၎င်းအစား ပညာသင်ကြားပိုင်ခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ခွင့် ရှိရမည်ဟု ပြင်ဆင်ပေးဖို့လိုကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။


  ဖော်ပြပါဆွေးနွေးချက်တွင် ပါဝင်သည့် လွတ်လပ်စွာ တွေးခေါ်ခွင့် ကို ရင့်သန်အောင် ပညာရေးစနစ်မှ မည်သို့ထောက်ပံ့ပေးသင့်သည်ကို စာရေးသူ လက်လှမ်းမီသလောက် တင်ပြပါမည်။ ပညာရေးဟူသည် မိဘ၊ ဆရာနှင့် နိုင်ငံတော် အစိုးရတို့ ပူးပေါင်းကာ အနာဂတ်မျိုးဆက်သစ်များအား မျက်မှောက်ခေတ် နှင့် အနာဂတ်၏လိုအပ်ချက်၊ တောင်းဆိုချက်တို့ကို လေ့ကျင့် သင်ကြား ပြုစု ပျိုးထောင် ပေးခြင်းဖြစ်သည်။ ပညာရေး၏ အဓိကတာဝန်မှာ လူသားတို့အား လေ့ကျင့်ပေးရန်ဖြစ်သည်။ မည်သည်တို့ကို လေ့ကျင့်ပေးရမည်နည်း ? အနာဂတ် မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန်အတွက် လူသားတို့၏ အသိဉာဏ်ကို သရုပ်ခွဲကြည့်ရန် လိုပါသည်။ လူတို့တွင် အသိဉာဏ် မျိုးစုံ ရှိပါသည်။ အခြေခံအားဖြင့် အသိဉာဏ်တို့သည် မွေးဖွားချိန်ကတည်းက များစွာ မကွာခြားသော်လည်း လူတန်းစားအလိုက် ပြန်လှန်သုံးသပ်၍ မွေးရာပါ အသိဉာဏ်များ ရှင်သန်လာစေရန် လေ့ကျင့်ပေးရမည်မှာ ပညာရေး၏ ပဓာန တာဝန်ဖြစ်ပါသည်။ လေ့ကျင့်သင်ကြားပေးရမည့် အခြေခံ အသိဉာဏ် (၈) မျိုးရှိပါသည်။


   ၁။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ( Spatial Visual Intelligence )


 လူသားတို့သည် တွေးလိုက်တိုင်း စိတ်ကူးနယ်ပယ်သို့ရောက်သည်။ စိတ်ကူးနယ်ပယ်တွင် မိဘဆွေမျိုး မိသားစု၊ အပေါင်းအသင်း၊ နေရာဒေသ၊ အဆောက်အဦ စသည်တို့ အပါအဝင် အားလုံးကို ပုံဖော်ရသည်။ ဤသို့ ပုံဖော်ရမည့် အရင်းခံအကြောင်းအရာမှာ ဦးနှောက်တွင်းရှိ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် သာဖြစ်သည်ကို သိပ္ပံပညာရှင်များက သက်သေပြခဲ့ပြီးဖြစ်သည်။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ကြောင့်သာ အက်ဒီဆင်က လျှပ်စစ်မီလုံးကို တီထွင်ခဲ့သလို စတိဗ်ဂျော့က i pad ကို ကျွန်တော့်တို့ရှေ့မှောက် အရောက်ပို့ပေးခဲ့သည်။ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ရင့်သန်ဖွံ့ဖြိုးစေရန် ကြိမ်ဖန်များစွာ စိတ်ကူးဖြင့် ပုံဖော်ခွင့်ပေးရန်သာ ဖြစ်သည်။ ဥပမာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း များသည် ကလေးများ၏ စိတ်ကူးတွင် ပုံဖော်စေတတ်သည့် အသိဉာဏ်ရင့်သန်အောင် လေ့ကျင့်ရာတွင် အသုံးပြုသည့် အကြောင်းပြုချက်(Subject) ဖြစ်ပါသည်။ သမိုင်းပါအချက်အလက်များကို အကြောင်းပြု၍ စိတ်ဝင်စားစရာဖြစ်အောင် ဖွယ်ဖွယ်ရာရာ ဆရာတို့၏ အတတ်ပညာဖြင့် တန်ဆာဆင်ပြီး ပြောပြဖန်များလာသော အခါ ကျောင်းသားများ၏ စိတ်ကူးတွင် ပုံဖော်တတ်လာသည်။ (၁ဝ) တန်းသို့ရောက်သောအခါ ၁ဝ နှစ်ခန့်လေ့ကျင့်ခဲ့ပြီဖြစ်၍ စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် သည် အခြေခံအားဖြင့် ကောင်းစွာရင့်သန်ပြီဖြစ်ပြီး ၎င်းရင့်သန်ပြီးဖြစ်သော စိတ်ကူးတွင် ပုံဖော်တတ်မည့် အသိဉာဏ်အား တက္ကသိုလ်ကြီးများတွင် ဆက်လက်ရှင်သန် ရင့်ကျက်အောင် ပြုစုပျိုးထောင်လေ့ကျင့်မှသာ ငယ်စဉ်က လက်ဦး ဆရာ/ ဆရာမများ ကြိုးစားထားသမျှ သဲထဲရေသွန် မဖြစ်မည်ဖြစ်သည်။ အခြေခံပညာ(ကျောင်းများ)နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်များ) ဆက်စပ်ထားမှု၊ ဆက်စပ်လေ့ကျင့်ရန် စီစဉ်ထားမှု မရှိပါက လက်ဦးဆရာများ၏ တန်ဖိုးရှိသော အချိန်နှင့် လုပ်အားများ အလဟသ ဖြစ်သွားးပါလိမ့်မည်။


  အကယ်၍ စိတ်ကူးတွင် အသိဉာဏ်ရှိသော်လည်း ကောင်းစွာလေ့ကျင့်ပေးရန် ပျက်ကွက်ခဲ့ပါလျှင် ထိုကလေးများ ကြီးပြင်းလာသောအခါ ကျင်လည်ရာကဏ္ဍများတွင် ခေါင်းဆောင်ကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်လာရန် အခြေအနေ အလွန်နည်းပါးသွားသောကြောင့် ဆရာ၊ ဆရာမများက ဤအသိဉာဏ် ရင့်သန်စေရန် သမိုင်း၊ ပထဝီ အစရှိသော အကြောင်းပြုချက်(Subject) များအသုံးပြု၍ ငယ်စဉ်ကလေးဘဝ ကတည်းက လေ့ကျင့်ပေးလိုက်ရန် အထူးအရေးကြီးပါသည်။ ထိုသို့လေ့ကျင့်ပေးရမည့် အစား အလွတ်ကျက်ခိုင်းလိုက်ခြင်းဖြင့် ထိုအသိဉာဏ် မဖွံ့ဖြိုးနိုင်တော့ဘဲ မူလရည်ရွယ်ချက် ပျောက်သွားပါလိမ့်မည်။ ဤနေရာတွင် လေ့ကျင့်သင်ကြားရာ၌ အသုံးပြုသော အကြောင်းပြုချက်များကို အင်္ဂလိပ်ဘာသာဖြင့် Subject များဟု ဘာသာပြန်ဆိုပါသည်။ ထို့ကြောင့် သမိုင်း၊ ပထဝီ စသည်များကို ယေဘုယျအားဖြင့် Subject များဟုခေါ်ပါသည်။ သို့ရာတွင် Subject ဟူသော အင်္ဂလိပ်စကားကို မြန်မာမှုပြုရာဝယ် (ဘာသာရပ်)ဟု ဘာသာပြန်ဆိုသောကြောင့် မူရင်းမူလ အဓိပ္ပာယ်ဖြစ်သော လေ့ကျင့်ရန် အကြောင်းပြုချက်ဟူ၍ အနှစ်သာရပါသည့် အဓိပ္ပာယ်နှင့် ၎င်း၏လုပ်ငန်းများကို မေ့လျော့ကုန်ကြပြီး ကလေးများအား အသိဉာဏ်ရင့်သန်စေရန် လေ့ကျင့်မှုပေးရမည့်အစား အနာဂတ်ဘဝအတွက် အထောက်အကူမပြုသည့် အလွတ်ကျက်မှတ်ခိုင်းခြင်း ပုံစံကိုတွေ့ရမည်ဖြစ်သည်။ ကလေးများအား သင်ရိုးပါအတိုင်း ကျက်မှတ်ခြင်းထက် သင်ရိုးပါ အချက်အလက်များကို အကြောင်းပြုကာ ဦးနှောက်အတွင်း ပုံဖော်တတ်မှု အားကောင်းလာစေရန် ဆရာ၊ ဆရာမ များက အပင်ပန်းခံ လေ့ကျင့်ပေးရန်သာ အဓိကဖြစ်ပါသည်။


  စိတ်ကူးတွင် ပုံဖော်တတ်သော အသိဉာဏ် ကြောင့်  - စိတ်ကူးတွင် အဆင့်များစွာ ပုံဖော်စဉ်းစားလာနိုင်သည်။ - ပစ္စည်းအသစ်များကို ကြံဆတီထွင် စဉ်းစားလာနိုင်သည်။ - အလုပ်တစ်ခုကြောင့် ရလာမည့် ရလဒ်များကို နီးစပ်စွာ ခန့်မှန်းနိုင်လာသည်။ - အလုပ်လုပ်တိုင်း အလုပ်ကို သရုပ်ခွဲလေ့လာအားကောင်းလာသည်။ ထိုအသိဉာဏ်များ မြင့်မားလာလျှင် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာတွင် အဆင်ပြေပါ လိမ့်မည်။


ပညာရေးနှင့် လွတ်လပ်စွာတွေးခေါ်ခွင့် မှ အဆက် - 


 ၂။ သဘာဝသရုပ်ကို တွက်ချက်တတ်သော အသိဉာဏ် (Logical Mathematical Intelligence)  


လူသားအားလုံးတို့သည် ဘဝတွင် မှန်ကန်သော ဆုံးဖြတ်ချက် ချနိုင်ရန်လိုအပ်ပါသည်။ မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် လေ့ကျင့်ပေးလိုလျှင် မှန်ကန်သော ဆုံးဖြတ်ချက်များ ကြိမ်ဖန်များစွာ အခွင့်အရေး ပေးလေ့ကျင့်ပေးမှသာ အထိရောက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့် ပညာရေးတွင် သင်္ချာကို အကြောင်းပြုကာ မှန်ကန်သော ဆုံးဖြတ်ချက်ပေါင်းများစွာကို ချစေရန်၊ သဘာဝသရုပ်ကျ တွက်ချက်တတ်သော အသိဉာဏ်ကို တိုးပွားစေရန် လေ့ကျင့်ပေးရပါသည်။ ဥပမာ ၁ + ၁ = ၂ ဟူသော သင်္ချာပုစ္ဆာကို ကလေးများတွက်ချက်ရာတွင် (=) ညီမျှခြင်း ချရေးသည့် ခဏတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရသည်။ ညီမျှခြင်းတစ်ခု ရေးချတိုင်း ရေးချတိုင်း ဆုံးဖြတ်ချက်တစ်ခု ချကြရပါသည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆုံးဖြတ်ချက်တော့ ချကြရပါသည်။ မှားယွင်းသော ဆုံးဖြတ်ချက်များကို ဆရာ/ဆရာမ များက ပြုပြင်ပေးကာ မှန်ကန်သော ဆုံးဖြတ်ချက်များဖြစ်ပါက ကိုယ်ပိုင်ယုံကြည်မှု တိုးပွားလာပါသည်။ သို့ပါ၍ ကျောင်းနေစဉ်ကာလ တစ်လျှောက် ညီမျှခြင်းပေါင်းများစွာ ရေးသားကာ ဆုံးဖြတ်ချက်ပေါင်းများစွာ လေ့ကျင့်ခဲ့သောကြောင့် သဘာဝသရုပ်ကျ တွက်ချက်တတ်သော အသိဉာဏ် ရင့်သန်လာပါသည်။ 


(သို့ရာတွင် ထိုသို့ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ဆရာ/ဆရာမ များက ပ့ံပိုးပေးရမည့် အစား အဆင်သင့်တွက်ပြကာ ဒါသင်၊ ဒါမေး စသည့် လွဲမှားသည့်ပုံစံများကို တွေ့မြင်နေကြရပါသည်။)



 ၃။ ဘာသာစကားဆိုင်ရာ အသိဉာဏ် (Verbal Linguistic Intelligence) 


စကားပြောကောင်းခြင်းသည်လည်း လူမှုပတ်ဝန်းကျင်တွင် ဦးဆောင်မှုပြုနိုင်ရန် ထောက်ကူပေး ပါသည်။ စကားပြောကျွမ်းကျင်သူများဖြစ်လာရန် ပညာရေးတွင် ဘာသာစကားနှင့် စာပေ များကို သင်ရိုးတွင်ထည့်သွင်းကာ လေ့ကျင့်သင်ကြားပေးရပါသည်။ ဘာသာစကားများကို လေ့လာခွင့် ပေးခြင်းသည် ဘာသာစကားဆိုင်ရာ အသိဉာဏ်ကို အကောင်းဆုံးလေ့ကျင့်ပေး ခြင်း ဖြစ်သောကြောင့် မိခင်ဘာသာစကား အပြင် ဒုတိယဘာသာစကား(Second Language) တစ်ခုခုကိုပါ ထည့်သွင်း သင်ကြားပေးရပါသည်။ ဘာသာစကားကို လေ့ကျင့်သင်ကြားပေးရာတွင် နားထောင်၊ ပြော၊ ရေး၊ ဖတ် ၄ မျိုးလုံးကို အစီအစဉ်တကျ လေ့ကျင့်သင်ကြားပေးရပါမည်။ သို့မှသာ မိမိပြောလိုရာကို ဘာသာစကား ကြားခံဖြင့် တစ်ဖက်သား နားလည်စေရန် ကောင်းစွာပြောဆိုဆက်ဆံ တတ်လာမည်၊ အခြေအနေသစ်များကို စူးစမ်းလေ့လာနိုင်လာမည်။ 


 ၄။ ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ် (Bodily Kinestatic Intelligence)  


လူသားတို့သည် နေစဉ်နှင့်အမျှ လှုပ်ရှား သွားလာနေကြရပါသည်။ ထိုသို့ ပုံမှန် လှုပ်ရှားသွားလာ နေနိုင်လျှင် ကျန်းမာရေး ကောင်းနေပါသည်။ ထိုသို့ ခန္ဓာကိုယ် လှုပ်ရှားကာ ကျန်းမာရေးကောင်းနေ စေရန် PE(Physical Education) ခေါ် ကာယပညာကို ပညာရေးတွင် ထည့်သွင်း လေ့ကျင့်ပေးရပါသည်။ နေ့စဉ်နှင့် အမျှ လေ့ကျင်နိုင်ပါလျှင် ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ် ပိုမို ရင်သန်လာသည့်အပြင် ကျန်းမာရေးပါ ကောင်းလာသည်။ ထိုသို့ ကျောင်းများတွင် လေ့ကျင့်ခြင်း မရှိခဲ့လျှင် တစ်ကိုယ်ရည် ကျန်းမာရေး ချို့တဲ့ကာ နေထိုင်ရာ ပတ်ဝန်းကျင်တွင် ကျန်းမာရေး တာဝန်ယူထားသည့် အဖွဲ့အစည်း(ဝါ) ဌာနများအတွက် နောင်တွင် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါသည်။ ခန္ဓာကိုယ်ရွေ့လျားမှုဆိုင်ရာ အသိဉာဏ်ကို လေ့ကျင့်ပေးခြင်းကြောင့် အနာဂတ်ကျန်းမာရေး ပြဿနာများကို ကြိုတင်လျော့ချနိုင်ပါသည်။ အဆိုပါ အသိဉာဏ်ရင့်သန်လာခြင်းဖြင့် နေ့စဉ်လုပ်ငန်းခွင်တွင် အမြဲတမ်း လန်းဆန်းတက်ကြွကာ အလုပ် လုပ်နိုင်စွမ်း ပိုမို မြင့်မားစေသည်၊ စုပေါင်းလုပ်ကိုင်မှုကို နားလည်တတ်လာသည်၊ တစ်ကိုယ်ကောင်း စိတ်များ လျော့နည်းစေသည်၊ မျှဝေ ခံစား/ စံစား လိုစိတ်များဖြစ်ပေါ်လာစေပါသည်။


၅။ သံစဉ်မှန် အနုပညာအသိဉာဏ် (Musical Rhythmic Intelligence)  


လူသားတို့ နူးညံ့သိမ်မွေ့လာစေရန် သံစဉ်မှန် အနုပညာအသိဉာဏ်ကို ပညာရေးတွင် လေ့ကျင့် သင်ကြားပေးရပါသည်။ သံစဉ်မှန် အနုပညာအသိဉာဏ် ရင့်သန်အားကောင်းလာခြင်းဖြင့် လူသားတို့၏ စိတ်သဏ္ဌာန်တွင် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုများ အားကောင်းလာပါသည်။ ထို့အပြင် အလုပ်တစ်ခု တွင် စူးစူး စိုက်စိုက် လုပ်ကိုင်နိုင်လာသည်။ တည်ငြိမ်သော လူမှုဘဝပုံစံကိုပါ ထောက်ပံ့ပေး နိုင်သည်။ နားလည်လွယ်ေအောင် ပြောရလျှင် ဂီတ၊ အနုပညာသည် လူသားတို့၏ သဘောထားကို နူးညံ့သိမ်မွေ့ စေပါသည်။ ထိုအသိဉာဏ်က လူသားတို့ တစ်ဦးနှင့် တစ်ဦး စာနာ နားလည် ရိုင်းပင်းကူညီ သောစိတ်ဓာတ် ကို မွေးမြူပေးပါသည်။  


၆။ သဘာဝတရား အသိဉာဏ် (Naturalist Intelligence)  


သဘာဝတရားကို ချစ်မြတ်နိုးတတ်စေရန်အတွက် သဘာဝတရားအသိဉာဏ်ကို သင်ကြားပေးရ ပါသည်။ သဘာဝတရားအသိဉာဏ် အားကောင်းပါမှ သဘာဝတရားကို တန်ဖိုးထားတတ်ပါသည်၊ သဘာဝတစ်ရား၏ အလှကို ခံစားတတ်ပါသည်၊ သဘာဝတရား ၏ အကျိုးသက်ရောက်မှု အကောင်း/ အဆိုးကို နားလည်တတ်ကြသည်။ အဆိုပါ အသိဉာဏ်ဖွံ့ဖြိုးသော သူတို့သည် မိမိ နေထိုင်ရာ ပတ်ဝန်းကျင် သာမက ရှင်သန်ရာသဘာဝပတ်ဝန်းကျင် အားလုံးကိုပါ တန်ဖိုးထား ထိမ်းသိမ်းစောင့်ရှောက်တတ်လာသည် ။ သဘာဝတရားအသိဉာဏ်မြင့်မားမှသာ သဘာဝတရားကို ပျက်စီးရာပျက်စီးကြောင်း မကြံတော့ပါ၊ ထို့အပြင် သဘာဝ သတ္တလောကကြီးတန်ဖိုးကို နားလည်သူသည် အမိမြေ၏ တန်ဖိုးကိုကား ပြောစရာပင်မလိုတော့ပါ၊ အမိမြေကို ချစ်မြတ်နိုးရန် စာရေးပြီး ကပ်ထား၍မရပါ၊ ဆောင်ပုဒ်ကြီး အကြီးကြီးရေးထားယုံနှင့် မလုံလောက်ပါ၊ ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ငယ်စဉ်ကပင် စနစ်တကျ လေ့ကျင့်သင်ကြားပေးရပါသည်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှင်သန်ထက်မြက်ရေး အတွက် အလွန် အရေးကြီးသော အသိဉာဏ် ဖြစ်ပါသည်။ ထိုအသိဉာဏ်ကို ပညာရေးတွင် လေ့ကျင့်သင်ကြားပေးရာ၌ သိပ္ပံနှင့် ပထဝီ ဘာသာရပ်များကို အကြောင်းပြုချက် များအဖြစ် အသုံးပြုကြပါသည်။   


၇။ လူမှုဆက်ဆံရေး အသိဉာဏ် (Interpersonal Intelligence)  


လူမှုပတ်ဝန်းကျင်တွင် ဝင်ဆန့်ကာ အခြားသူများ၏ အရည်အသွေး/ အရည်အချင်း၊ လုပ်နိုင်စွမ်းအား ခံစားချက်များကို နားလည်တတ်စေရန် လူမှုဆက်ဆံရေး အသိဉာဏ်ကို လေ့ကျင့်သင်ကြားပေးရပါသည်။ ထိုအသိဉာဏ် ကြောင့် စုပေါင်းဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ မိမိ၏ မိတ်ဆွေ/ အပေါင်းအသင်းများအပေါ်တွင်ရှိသော တာဝန်၊ ဝတ္တရား၊ ကျင့်ဝတ် များ၊ မိမိ၏ ပတ်ဝန်းကျင်တွင်ရှိသော တာဝန်ဝတ္တရားများကို နားလည်သဘောပေါက်ကာ လက်ခံကျင့်သုံးကြပါသည်။ လူမှုဆက်ဆံရေး အသိဉာဏ် ရင့်သန်သူများသည် မိမိနိုင်ငံနှင့် လူမျိုးအပေါ်ရှိသည့် တာဝန်နှင့် ဝတ္တရားများကို လက်ခံနားလည် ကျင့်သုံးကြပါသည်။ တာဝန်သိသော နိုင်ငံသားကောင်း တစ်ယောက်ဖြစ်လာစေရန် လူမှုဆက်ဆံရေး အသိဉာဏ်ကို အထူးလေ့ကျင့်ပေးရပါမည်။  


၈။ မိမိကိုယ် မိမိသိသော အသိဉာဏ် (Intrapersonal Intelligence)  


မိမိ၏ ခန္ဓာကိုယ်၊ မိမိ၏ ဂုဏ်သိက္ခာ၊ အိန္ဒြေ၊ အဆင့်အတန်း စသည်တို့ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်တတ် စေရန် မိမိကိုယ် မိမိသိသော အသိဉာဏ် ကို လေ့ကျင့်သင်ကြားပေးရပါသည်။ ဤအသိဉာဏ်မြင့်မားအောင် လေ့ကျင့်ပေးထားပေးခြင်း မရှိပါက မိမိကိုယ်ကို တန်ဖိုးမထားတတ်ပါ။ မိမိကိုယ်ကို မိမိသိသော အသိဉာဏ်ဖွံ့ဖြိုးသူများသည် မိမိ၏ တာဝန်/ ဝတ္တရား၊ မိသားစုအပေါ်တွင်ရှိသည့် တာဝန်/ ဝတ္တရား၊ မိမိ၏ မြို့၊ ရွာ၊ ပတ်ဝန်းကျင်၊ နိုင်ငံ အပါ်တွင်ရှိသည့်တာဝန်/ ဝတ္တရားများကိုပါ ကောင်းစွာ နားလည် ကျင့်သုံးကြသည်။ သိုပါ၍ နိုင်ငံသားကောင်းတစ်ယောက် ဖြစ်လာစေရန်၊ နိုင်ငံသားကောင်း ပီသစေရန် ဤအသိဉာဏ်ကို စနစ်တကျ လေ့ကျင့်သင်ပေးရန် အထူးအရေးကြီးပါသည်။ ဤအသိဉာဏ်မြင့်မားသူများသည် အိမ်ထောင်ဦးစီးကောင်းများ၊ မိမိ ကျင်လည်ရာ ပတ်ဝန်းကျင် နေရာဒေသတွင် ခေါင်းဆောင်ကောင်းများ၊ မိမိတို့၏ လုပ်ငန်းများတွင် ဦးဆောင် ဦးရွက် ပြုသူများ ဖြစ်လာကြပါသည်။


ယခုတင်ပြခဲ့သည့် အသိဉာဏ် (၈) မျိုးကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ ကာယပညာ နှင့် အနုပညာ စသည့် ဘာသာရပ် များကို အကြောင်းပြုကာ စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့် သင်ကြားပေးရပါသည်။ ဖော်ပြခဲ့သော အသိဉာဏ်များသည် အခြေခံအဆင့်မှာပင် လေ့ကျင့် သင်ကြားပေးရမည်ဖြစ်ပြီး လေ့ကျင့်သင်ကြားပေးရန် အသိဉာဏ်များစွာ ရှိပါသေးသည်။ ထိုရည်ရွယ်ချက် ကို လွဲချော်ပြီး အမှန်တကယ် အဓိကထား အကောင်အထည်ဖော်လေ့ကျင့် သင်ကြားပေးရမည့် အစား အကြောင်းပြုချက်များဖြစ်သည့် ဘာသာရပ်များကို အာဂုံဆောင် အလွတ်ကျက် ပုံစံဖြင့် စခန်းသွားကြလျှင် ကလေးငယ်များ၏ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင် အသိဉာဏ်များဆုံးရှုံးကာ လွပ်လပ်စွာတွေးခေါ်နိုင်စွမ်း လည်း ပျောက်ဆုံးသွားပါလိမ့်မည်။ မူလရည်ရွယ်ချက်ကို မှန်ကန်စွာ လေ့ကျင့်ပေးနိုင်လျှင် လူသားကောင်းကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကြသူများဖြစ်လာပြီး မိမိကိုယ်ကိုလည်း ထိန်းသိမ်းလာနိုင်ကြကာ ဗြဟ္မစိုရ်တရားများ ဖြစ်တည်လာ၍ လောကပါလတရားများ ထွန်းကားလာပါလိမ့်မည်။ ပညာရေးစနစ်၏ ရည်ရွယ်ချက်မှာ ကျန်းမာကြံခိုင်၍ ဉာဏ်ရည်ပြည့်ဝသည့် နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန်နှင့် တိုင်းပြည်၏ ကုန်ထုတ်လုပ်မှုစွမ်းအား မြင့်မားလာစေရန် ဖြစ်သည့်အတွက် ဆရာ/ ဆရာမများ အနေဖြင့် မိမိပခုံးပေါ်တွင် ရှိနေသော သင်ကြားရေးတာဝန်ကို အဓိက ရည်မှန်းချက်များ အပျက်မခံဘဲ ရင်နှင့်အမျှ သင်ကြားလေ့ကျင့်ပေးရပါမည်။ နိုင်ငံတော်အနေဖြင့်လည်း ဆရာ/ ဆရာမများ ဖော်ပြပါကဲ့သို့ စနစ်တကျလေ့ကျင့်သင်ကြားပေးနိုင်စေရန် မြန်မာပြည် တစ်နံတစ်လျား အခြေခံပညာအဆင့်မှသည် အဆင့်မြင့်ပညာအဆင့်အထိ သင်ကြားမှု/ သင်ယူမှုအတွက် အခြေအနေ ကောင်းများကို အချိန်မီဖန်တီးပေးရပါမည်။ သို့မှသာ အယောက်စီတိုင်း ကိုယ်ပိုင် အသိဉာဏ်၊ ကိုယ်ပိုင် အတွေးအခေါ်၊ ကိုယ်ပိုင် အယူအဆများဖြင့် ကိုယ်တိုင်ဆန္ဒရှိရာလမ်းကို လွပ်လပ် မှန်ကန်စွာရွေးချယ်နိုင်ပြီး နိုင်ငံသားတို့၏ ဆန္ဒနှင့် ဘဝ တစ်ထပ်တည်းကျကာ နိုင်ငံသားတိုင မိမိချစ်မြတ်နိုးရာ လုပ်ငန်းခွင်တွင် ပျော်ရွင်စွာ တာဝန်ယူ နိုင်ကြမည်ဖြစ်ပါသည်။ သို့ပါလျှင် နိုင်ငံတော်အစိုးရ နှင့် ပြည်သူတစ်ရပ်လုံး၏ ဦးတည်ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အမြန်ချီတက် ရောက်ရှိနိုင်ပါလိမ့်မည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ တွေးဆနိုင်ကြပါစေကြောင်း နားလည်သမျှ တင်ပြလိုက်ပါသည်။  


Ref: "Modern Education Outlook & Character Education" by ILBC


 "Research on Multiple Intelligences Teaching and Assessment" by Jingchen Xie and Ruilin Lin (Chienkuo Technology University, Taiwan)


 "Howard Gardner's Theory Multiple Intelligences" (Northern Illinois University, Faculty Development and Instructional Design Center)


 "Multiple intelligences" by TE Editor 


 (http://www.teachingenglish.org.uk/articles/multiple-intelligences)  


အောင်ကိုုကို(အမ်း)



(Zawgyi) 

ပညာေရးႏွင့္ လြတ္လပ္စြာေတြးေခၚခြင့္  




ပညာေရးျပဳျပင္ေျပာင္းလဲေရး က႑ႏွင့္ ပတ္သက္ၿပီး ပညာေရးလြတ္လပ္ခြင့္ႏွင့္ စီမံခန္႔ခြဲမႈဆိုင္ရာ အခ်က္အလက္မ်ားကို ေအာက္တိုဘာလ ၆၊ ၇ ရက္ေန႔မ်ားတြင္ အင္းစိန္ၿမိဳ႕နယ္၊ ခရစ္ယာန္ ဓမၼတကၠသိုလ္ တြင္ ျမန္မာ့ပညာေရးနယ္ပယ္အသီးသီးမွ ပညာရွင္မ်ား၊ စိတ္ပါဝင္စားသူမ်ားစြာပါဝင္သည့္ ေဆြးေႏြးပြဲတစ္ခု က်င္းပခဲ့သည္ကို သတင္းမ်ားအရသိရပါသည္။


  အဆိုုပါေဆြးေႏြးပြဲတြင္ ပညာေရးႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားစြာ ေဆြးေႏြးခဲ့ၾကသည့္ အနက္မွ ဖြဲ႕စည္းပံုအေျခခံဥပေဒ၊ ပုဒ္မ ၃၃ တြင္ပါဝင္သည့္ “ႏိုင္ငံေတာ္သည္ လူငယ္မ်ား မ်ဳိးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေရး၊ အေတြးအေခၚမွန္ကန္ေရးႏွင့္ ဗလငါးတန္ တိုးတက္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔အတြက္ ေဆာင္ရြက္ရမည္” ဆိုသည့္ျပ႒ာန္းခ်က္ ျပင္ဆင္ေပးရန္ ေဆြးေႏြးၾကရာတြင္ ေဆြးေႏြးပြဲကို ဦးေဆာင္က်င္းပသူ Thinking Foundation Class မွ ေဒါက္တာ သိန္းလြင္ က အေတြးအေခၚမွန္ကန္ေရးကို မည္သို႔အဓိပၸာယ္ဖြင့္မည္မွာ အခက္အခဲရွိေၾကာင္း၊ ထို႔ေၾကာင့္ အဆိုပါ အေတြးအေခၚမွန္ကန္ေရး ဆိုေသာအခ်က္ကို ပယ္ဖ်က္ၿပီး ၎အစား ပညာသင္ၾကားပိုင္ခြင့္ႏွင့္ လြတ္လပ္စြာ ေတြးေခၚခြင့္ ရွိရမည္ဟု ျပင္ဆင္ေပးဖို႔လိုေၾကာင္း ေထာက္ျပေျပာဆိုခဲ့ပါသည္။


  ေဖာ္ျပပါေဆြးေႏြးခ်က္တြင္ ပါဝင္သည့္ လြတ္လပ္စြာ ေတြးေခၚခြင့္ ကို ရင့္သန္ေအာင္ ပညာေရးစနစ္မွ မည္သို႔ေထာက္ပံ့ေပးသင့္သည္ကို စာေရးသူ လက္လွမ္းမီသေလာက္ တင္ျပပါမည္။ ပညာေရးဟူသည္ မိဘ၊ ဆရာႏွင့္ ႏိုင္ငံေတာ္ အစိုးရတို႔ ပူးေပါင္းကာ အနာဂတ္မ်ဳိးဆက္သစ္မ်ားအား မ်က္ေမွာက္ေခတ္ ႏွင့္ အနာဂတ္၏လိုအပ္ခ်က္၊ ေတာင္းဆိုခ်က္တို႔ကို ေလ့က်င့္ သင္ၾကား ျပဳစု ပ်ဳိးေထာင္ ေပးျခင္းျဖစ္သည္။ ပညာေရး၏ အဓိကတာဝန္မွာ လူသားတို႔အား ေလ့က်င့္ေပးရန္ျဖစ္သည္။ မည္သည္တို႔ကို ေလ့က်င့္ေပးရမည္နည္း ? အနာဂတ္ မ်ဳိးဆက္သစ္မ်ားကို ေလ့က်င့္ေပးရန္အတြက္ လူသားတို႔၏ အသိဉာဏ္ကို သ႐ုပ္ခြဲၾကည့္ရန္ လိုပါသည္။ လူတို႔တြင္ အသိဉာဏ္ မ်ဳိးစံု ရွိပါသည္။ အေျခခံအားျဖင့္ အသိဉာဏ္တို႔သည္ ေမြးဖြားခ်ိန္ကတည္းက မ်ားစြာ မကြာျခားေသာ္လည္း လူတန္းစားအလိုက္ ျပန္လွန္သံုးသပ္၍ ေမြးရာပါ အသိဉာဏ္မ်ား ရွင္သန္လာေစရန္ ေလ့က်င့္ေပးရမည္မွာ ပညာေရး၏ ပဓာန တာဝန္ျဖစ္ပါသည္။ ေလ့က်င့္သင္ၾကားေပးရမည့္ အေျခခံ အသိဉာဏ္ (၈) မ်ဳိးရွိပါသည္။


   ၁။ စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ ( Spatial Visual Intelligence )


 လူသားတို႔သည္ ေတြးလိုက္တိုင္း စိတ္ကူးနယ္ပယ္သို႔ေရာက္သည္။ စိတ္ကူးနယ္ပယ္တြင္ မိဘေဆြမ်ဳိး မိသားစု၊ အေပါင္းအသင္း၊ ေနရာေဒသ၊ အေဆာက္အဦ စသည္တို႔ အပါအဝင္ အားလံုးကို ပံုေဖာ္ရသည္။ ဤသို႔ ပံုေဖာ္ရမည့္ အရင္းခံအေၾကာင္းအရာမွာ ဦးေႏွာက္တြင္းရွိ စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ သာျဖစ္သည္ကို သိပၸံပညာရွင္မ်ားက သက္ေသျပခဲ့ၿပီးျဖစ္သည္။ စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ ေၾကာင့္သာ အက္ဒီဆင္က လွ်ပ္စစ္မီလံုးကို တီထြင္ခဲ့သလို စတိဗ္ေဂ်ာ့က i pad ကို ကၽြန္ေတာ့္တို႔ေရွ႕ေမွာက္ အေရာက္ပို႔ေပးခဲ့သည္။ စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ ရင့္သန္ဖြံ႕ၿဖိဳးေစရန္ ႀကိမ္ဖန္မ်ားစြာ စိတ္ကူးျဖင့္ ပံုေဖာ္ခြင့္ေပးရန္သာ ျဖစ္သည္။ ဥပမာ ျမန္မာ့သမိုင္း၊ ကမၻာ့သမိုင္း မ်ားသည္ ကေလးမ်ား၏ စိတ္ကူးတြင္ ပံုေဖာ္ေစတတ္သည့္ အသိဉာဏ္ရင့္သန္ေအာင္ ေလ့က်င့္ရာတြင္ အသံုးျပဳသည့္ အေၾကာင္းျပဳခ်က္(Subject) ျဖစ္ပါသည္။ သမိုင္းပါအခ်က္အလက္မ်ားကို အေၾကာင္းျပဳ၍ စိတ္ဝင္စားစရာျဖစ္ေအာင္ ဖြယ္ဖြယ္ရာရာ ဆရာတို႔၏ အတတ္ပညာျဖင့္ တန္ဆာဆင္ၿပီး ေျပာျပဖန္မ်ားလာေသာ အခါ ေက်ာင္းသားမ်ား၏ စိတ္ကူးတြင္ ပံုေဖာ္တတ္လာသည္။ (၁ဝ) တန္းသို႔ေရာက္ေသာအခါ ၁ဝ ႏွစ္ခန္႔ေလ့က်င့္ခဲ့ၿပီျဖစ္၍ စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ သည္ အေျခခံအားျဖင့္ ေကာင္းစြာရင့္သန္ၿပီျဖစ္ၿပီး ၎ရင့္သန္ၿပီးျဖစ္ေသာ စိတ္ကူးတြင္ ပံုေဖာ္တတ္မည့္ အသိဉာဏ္အား တကၠသိုလ္ႀကီးမ်ားတြင္ ဆက္လက္ရွင္သန္ ရင့္က်က္ေအာင္ ျပဳစုပ်ဳိးေထာင္ေလ့က်င့္မွသာ ငယ္စဥ္က လက္ဦး ဆရာ/ ဆရာမမ်ား ႀကိဳးစားထားသမွ် သဲထဲေရသြန္ မျဖစ္မည္ျဖစ္သည္။ အေျခခံပညာ(ေက်ာင္းမ်ား)ႏွင့္ အဆင့္ျမင့္ပညာ(တကၠသိုလ္မ်ား) ဆက္စပ္ထားမႈ၊ ဆက္စပ္ေလ့က်င့္ရန္ စီစဥ္ထားမႈ မရွိပါက လက္ဦးဆရာမ်ား၏ တန္ဖိုးရွိေသာ အခ်ိန္ႏွင့္ လုပ္အားမ်ား အလဟသ ျဖစ္သြားးပါလိမ့္မည္။


  အကယ္၍ စိတ္ကူးတြင္ အသိဉာဏ္ရွိေသာ္လည္း ေကာင္းစြာေလ့က်င့္ေပးရန္ ပ်က္ကြက္ခဲ့ပါလွ်င္ ထိုကေလးမ်ား ႀကီးျပင္းလာေသာအခါ က်င္လည္ရာက႑မ်ားတြင္ ေခါင္းေဆာင္ေကာင္း၊ ေနာက္လိုက္ေကာင္း တစ္ေယာက္ ျဖစ္လာရန္ အေျခအေန အလြန္နည္းပါးသြားေသာေၾကာင့္ ဆရာ၊ ဆရာမမ်ားက ဤအသိဉာဏ္ ရင့္သန္ေစရန္ သမိုင္း၊ ပထဝီ အစရွိေသာ အေၾကာင္းျပဳခ်က္(Subject) မ်ားအသံုးျပဳ၍ ငယ္စဥ္ကေလးဘဝ ကတည္းက ေလ့က်င့္ေပးလိုက္ရန္ အထူးအေရးႀကီးပါသည္။ ထိုသို႔ေလ့က်င့္ေပးရမည့္ အစား အလြတ္က်က္ခိုင္းလိုက္ျခင္းျဖင့္ ထိုအသိဉာဏ္ မဖြံ႕ၿဖိဳးႏိုင္ေတာ့ဘဲ မူလရည္ရြယ္ခ်က္ ေပ်ာက္သြားပါလိမ့္မည္။ ဤေနရာတြင္ ေလ့က်င့္သင္ၾကားရာ၌ အသံုးျပဳေသာ အေၾကာင္းျပဳခ်က္မ်ားကို အဂၤလိပ္ဘာသာျဖင့္ Subject မ်ားဟု ဘာသာျပန္ဆိုပါသည္။ ထို႔ေၾကာင့္ သမိုင္း၊ ပထဝီ စသည္မ်ားကို ေယဘုယ်အားျဖင့္ Subject မ်ားဟုေခၚပါသည္။ သို႔ရာတြင္ Subject ဟူေသာ အဂၤလိပ္စကားကို ျမန္မာမႈျပဳရာဝယ္ (ဘာသာရပ္)ဟု ဘာသာျပန္ဆိုေသာေၾကာင့္ မူရင္းမူလ အဓိပၸာယ္ျဖစ္ေသာ ေလ့က်င့္ရန္ အေၾကာင္းျပဳခ်က္ဟူ၍ အႏွစ္သာရပါသည့္ အဓိပၸာယ္ႏွင့္ ၎၏လုပ္ငန္းမ်ားကို ေမ့ေလ်ာ့ကုန္ၾကၿပီး ကေလးမ်ားအား အသိဉာဏ္ရင့္သန္ေစရန္ ေလ့က်င့္မႈေပးရမည့္အစား အနာဂတ္ဘဝအတြက္ အေထာက္အကူမျပဳသည့္ အလြတ္က်က္မွတ္ခိုင္းျခင္း ပံုစံကိုေတြ႕ရမည္ျဖစ္သည္။ ကေလးမ်ားအား သင္႐ိုးပါအတိုင္း က်က္မွတ္ျခင္းထက္ သင္႐ိုးပါ အခ်က္အလက္မ်ားကို အေၾကာင္းျပဳကာ ဦးေႏွာက္အတြင္း ပံုေဖာ္တတ္မႈ အားေကာင္းလာေစရန္ ဆရာ၊ ဆရာမ မ်ားက အပင္ပန္းခံ ေလ့က်င့္ေပးရန္သာ အဓိကျဖစ္ပါသည္။


  စိတ္ကူးတြင္ ပံုေဖာ္တတ္ေသာ အသိဉာဏ္ ေၾကာင့္  - စိတ္ကူးတြင္ အဆင့္မ်ားစြာ ပံုေဖာ္စဥ္းစားလာႏိုင္သည္။ - ပစၥည္းအသစ္မ်ားကို ႀကံဆတီထြင္ စဥ္းစားလာႏိုင္သည္။ - အလုပ္တစ္ခုေၾကာင့္ ရလာမည့္ ရလဒ္မ်ားကို နီးစပ္စြာ ခန္႔မွန္းႏိုင္လာသည္။ - အလုပ္လုပ္တိုင္း အလုပ္ကို သ႐ုပ္ခြဲေလ့လာအားေကာင္းလာသည္။ ထိုအသိဉာဏ္မ်ား ျမင့္မားလာလွ်င္ က႑အသီးသီးတြင္ တာဝန္ထမ္းေဆာင္ၾကရာတြင္ အဆင္ေျပပါ လိမ့္မည္။


ပညာေရးႏွင့္ လြတ္လပ္စြာေတြးေခၚခြင့္ မွ အဆက္ - 


 ၂။ သဘာဝသ႐ုပ္ကို တြက္ခ်က္တတ္ေသာ အသိဉာဏ္ (Logical Mathematical Intelligence)  


လူသားအားလံုးတို႔သည္ ဘဝတြင္ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္ ခ်ႏိုင္ရန္လိုအပ္ပါသည္။ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္မ်ားခ်မွတ္ႏိုင္ရန္ ေလ့က်င့္ေပးလိုလွ်င္ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္မ်ား ႀကိမ္ဖန္မ်ားစြာ အခြင့္အေရး ေပးေလ့က်င့္ေပးမွသာ အထိေရာက္ဆံုးျဖစ္ပါသည္။ ထို႔ေၾကာင့္ ပညာေရးတြင္ သခၤ်ာကို အေၾကာင္းျပဳကာ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္ေပါင္းမ်ားစြာကို ခ်ေစရန္၊ သဘာဝသ႐ုပ္က် တြက္ခ်က္တတ္ေသာ အသိဉာဏ္ကို တိုးပြားေစရန္ ေလ့က်င့္ေပးရပါသည္။ ဥပမာ ၁ + ၁ = ၂ ဟူေသာ သခၤ်ာပုစၦာကို ကေလးမ်ားတြက္ခ်က္ရာတြင္ (=) ညီမွ်ျခင္း ခ်ေရးသည့္ ခဏတြင္ ဆံုးျဖတ္ခ်က္တစ္ခု ခ်မွတ္ရသည္။ ညီမွ်ျခင္းတစ္ခု ေရးခ်တိုင္း ေရးခ်တိုင္း ဆံုးျဖတ္ခ်က္တစ္ခု ခ်ၾကရပါသည္။ မွန္သည္ျဖစ္ေစ မွားသည္ျဖစ္ေစ ဆံုးျဖတ္ခ်က္ေတာ့ ခ်ၾကရပါသည္။ မွားယြင္းေသာ ဆံုးျဖတ္ခ်က္မ်ားကို ဆရာ/ဆရာမ မ်ားက ျပဳျပင္ေပးကာ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္မ်ားျဖစ္ပါက ကိုယ္ပိုင္ယံုၾကည္မႈ တိုးပြားလာပါသည္။ သို႔ပါ၍ ေက်ာင္းေနစဥ္ကာလ တစ္ေလွ်ာက္ ညီမွ်ျခင္းေပါင္းမ်ားစြာ ေရးသားကာ ဆံုးျဖတ္ခ်က္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ေသာေၾကာင့္ သဘာဝသ႐ုပ္က် တြက္ခ်က္တတ္ေသာ အသိဉာဏ္ ရင့္သန္လာပါသည္။ 


(သို႔ရာတြင္ ထိုသို႔ မွန္ကန္ေသာ ဆံုးျဖတ္ခ်က္မ်ားကို ခ်မွတ္ႏိုင္ရန္ ဆရာ/ဆရာမ မ်ားက ပ့ံပိုးေပးရမည့္ အစား အဆင္သင့္တြက္ျပကာ ဒါသင္၊ ဒါေမး စသည့္ လြဲမွားသည့္ပံုစံမ်ားကို ေတြ႕ျမင္ေနၾကရပါသည္။)


 ၃။ ဘာသာစကားဆိုင္ရာ အသိဉာဏ္ (Verbal Linguistic Intelligence) 


စကားေျပာေကာင္းျခင္းသည္လည္း လူမႈပတ္ဝန္းက်င္တြင္ ဦးေဆာင္မႈျပဳႏိုင္ရန္ ေထာက္ကူေပး ပါသည္။ စကားေျပာကၽြမ္းက်င္သူမ်ားျဖစ္လာရန္ ပညာေရးတြင္ ဘာသာစကားႏွင့္ စာေပ မ်ားကို သင္႐ိုးတြင္ထည့္သြင္းကာ ေလ့က်င့္သင္ၾကားေပးရပါသည္။ ဘာသာစကားမ်ားကို ေလ့လာခြင့္ ေပးျခင္းသည္ ဘာသာစကားဆိုင္ရာ အသိဉာဏ္ကို အေကာင္းဆံုးေလ့က်င့္ေပး ျခင္း ျဖစ္ေသာေၾကာင့္ မိခင္ဘာသာစကား အျပင္ ဒုတိယဘာသာစကား(Second Language) တစ္ခုခုကိုပါ ထည့္သြင္း သင္ၾကားေပးရပါသည္။ ဘာသာစကားကို ေလ့က်င့္သင္ၾကားေပးရာတြင္ နားေထာင္၊ ေျပာ၊ ေရး၊ ဖတ္ ၄ မ်ိဳးလံုးကို အစီအစဥ္တက် ေလ့က်င့္သင္ၾကားေပးရပါမည္။ သို႔မွသာ မိမိေျပာလိုရာကို ဘာသာစကား ၾကားခံျဖင့္ တစ္ဖက္သား နားလည္ေစရန္ ေကာင္းစြာေျပာဆိုဆက္ဆံ တတ္လာမည္၊ အေျခအေနသစ္မ်ားကို စူးစမ္းေလ့လာႏိုင္လာမည္။ 

 ၄။ ခႏၶာကိုယ္ေရြ႕လ်ားမႈဆိုင္ရာ အသိဉာဏ္ (Bodily Kinestatic Intelligence)  


လူသားတို႔သည္ ေနစဥ္ႏွင့္အမွ် လႈပ္ရွား သြားလာေနၾကရပါသည္။ ထုိသို႔ ပုံမွန္ လႈပ္ရွားသြားလာ ေနႏိုင္လွ်င္ က်န္းမာေရး ေကာင္းေနပါသည္။ ထိုသို႔ ခႏၶာကိုယ္ လႈပ္ရွားကာ က်န္းမာေရးေကာင္းေန ေစရန္ PE(Physical Education) ေခၚ ကာယပညာကို ပညာေရးတြင္ ထည့္သြင္း ေလ့က်င့္ေပးရပါသည္။ ေန႔စဥ္ႏွင့္ အမွ် ေလ့က်င္ႏိုင္ပါလွ်င္ ခႏၶာကိုယ္ေရြ႕လ်ားမႈဆိုင္ရာ အသိဉာဏ္ ပိုမို ရင္သန္လာသည့္အျပင္ က်န္းမာေရးပါ ေကာင္းလာသည္။ ထိုသို႔ ေက်ာင္းမ်ားတြင္ ေလ့က်င့္ျခင္း မရွိခဲ့လွ်င္ တစ္ကိုယ္ရည္ က်န္းမာေရး ခ်ိဳ႕တဲ့ကာ ေနထိုင္ရာ ပတ္ဝန္းက်င္တြင္ က်န္းမာေရး တာဝန္ယူထားသည့္ အဖြဲ႕အစည္း(ဝါ) ဌာနမ်ားအတြက္ ေနာင္တြင္ ဝန္ထုပ္ဝန္ပိုး ျဖစ္လာပါသည္။ ခႏၶာကိုယ္ေရြ႕လ်ားမႈဆိုင္ရာ အသိဉာဏ္ကို ေလ့က်င့္ေပးျခင္းေၾကာင့္ အနာဂတ္က်န္းမာေရး ျပႆနာမ်ားကို ႀကိဳတင္ေလ်ာ့ခ်ႏိုင္ပါသည္။ အဆိုပါ အသိဉာဏ္ရင့္သန္လာျခင္းျဖင့္ ေန႔စဥ္လုပ္ငန္းခြင္တြင္ အၿမဲတမ္း လန္းဆန္းတက္ၾကြကာ အလုပ္ လုပ္ႏိုင္စြမ္း ပိုမို ျမင့္မားေစသည္၊ စုေပါင္းလုပ္ကိုင္မႈကို နားလည္တတ္လာသည္၊ တစ္ကိုယ္ေကာင္း စိတ္မ်ား ေလ်ာ့နည္းေစသည္၊ မွ်ေဝ ခံစား/ စံစား လိုစိတ္မ်ားျဖစ္ေပၚလာေစပါသည္။


၅။ သံစဥ္မွန္ အႏုပညာအသိဉာဏ္ (Musical Rhythmic Intelligence)  


လူသားတို႔ ႏူးညံ့သိမ္ေမြ႕လာေစရန္ သံစဥ္မွန္ အႏုပညာအသိဉာဏ္ကို ပညာေရးတြင္ ေလ့က်င့္ သင္ၾကားေပးရပါသည္။ သံစဥ္မွန္ အႏုပညာအသိဉာဏ္ ရင့္သန္အားေကာင္းလာျခင္းျဖင့္ လူသားတို႔၏ စိတ္သဏၭာန္တြင္ သနားၾကင္နာမႈ၊ ကိုယ္ခ်င္းစာနာမႈမ်ား အားေကာင္းလာပါသည္။ ထို႔အျပင္ အလုပ္တစ္ခု တြင္ စူးစူး စိုက္စိုက္ လုပ္ကိုင္ႏိုင္လာသည္။ တည္ၿငိမ္ေသာ လူမႈဘဝပံုစံကိုပါ ေထာက္ပံ့ေပး ႏိုင္သည္။ နားလည္လြယ္ေေအာင္ ေျပာရလွ်င္ ဂီတ၊ အႏုပညာသည္ လူသားတို႔၏ သေဘာထားကို ႏူးညံ့သိမ္ေမြ႕ ေစပါသည္။ ထုိအသိဉာဏ္က လူသားတို႔ တစ္ဦးႏွင့္ တစ္ဦး စာနာ နားလည္ ႐ိုင္းပင္းကူညီ ေသာစိတ္ဓာတ္ ကို ေမြးျမဴေပးပါသည္။  


၆။ သဘာဝတရား အသိဉာဏ္ (Naturalist Intelligence)  


သဘာဝတရားကို ခ်စ္ျမတ္ႏိုးတတ္ေစရန္အတြက္ သဘာဝတရားအသိဉာဏ္ကို သင္ၾကားေပးရ ပါသည္။ သဘာဝတရားအသိဉာဏ္ အားေကာင္းပါမွ သဘာဝတရားကို တန္ဖိုးထားတတ္ပါသည္၊ သဘာဝတစ္ရား၏ အလွကို ခံစားတတ္ပါသည္၊ သဘာဝတရား ၏ အက်ိဳးသက္ေရာက္မႈ အေကာင္း/ အဆိုးကို နားလည္တတ္ၾကသည္။ အဆိုပါ အသိဉာဏ္ဖြံ႕ၿဖိဳးေသာ သူတို႔သည္ မိမိ ေနထိုင္ရာ ပတ္ဝန္းက်င္ သာမက ရွင္သန္ရာသဘာဝပတ္ဝန္းက်င္ အားလံုးကိုပါ တန္ဖိုးထား ထိမ္းသိမ္းေစာင့္ေရွာက္တတ္လာသည္ ။ သဘာဝတရားအသိဉာဏ္ျမင့္မားမွသာ သဘာဝတရားကို ပ်က္စီးရာပ်က္စီးေၾကာင္း မႀကံေတာ့ပါ၊ ထို႔အျပင္ သဘာဝ သတၱေလာကႀကီးတန္ဖိုးကို နားလည္သူသည္ အမိေျမ၏ တန္ဖိုးကိုကား ေျပာစရာပင္မလိုေတာ့ပါ၊ အမိေျမကို ခ်စ္ျမတ္ႏိုးရန္ စာေရးၿပီး ကပ္ထား၍မရပါ၊ ေဆာင္ပုဒ္ႀကီး အႀကီးႀကီးေရးထားယံုႏွင့္ မလံုေလာက္ပါ၊ ခ်စ္ျမတ္ႏိုးတန္ဖိုးထားတတ္ေစရန္ ငယ္စဥ္ကပင္ စနစ္တက် ေလ့က်င့္သင္ၾကားေပးရပါသည္။ မ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္ ရွင္သန္ထက္ျမက္ေရး အတြက္ အလြန္ အေရးႀကီးေသာ အသိဉာဏ္ ျဖစ္ပါသည္။ ထိုအသိဉာဏ္ကို ပညာေရးတြင္ ေလ့က်င့္သင္ၾကားေပးရာ၌ သိပၸံႏွင့္ ပထဝီ ဘာသာရပ္မ်ားကို အေၾကာင္းျပဳခ်က္ မ်ားအျဖစ္ အသံုးျပဳၾကပါသည္။   

၇။ လူမႈဆက္ဆံေရး အသိဉာဏ္ (Interpersonal Intelligence)  


လူမႈပတ္ဝန္းက်င္တြင္ ဝင္ဆန္႔ကာ အျခားသူမ်ား၏ အရည္အေသြး/ အရည္အခ်င္း၊ လုပ္ႏိုင္စြမ္းအား ခံစားခ်က္မ်ားကို နားလည္တတ္ေစရန္ လူမႈဆက္ဆံေရး အသိဉာဏ္ကို ေလ့က်င့္သင္ၾကားေပးရပါသည္။ ထိုအသိဉာဏ္ ေၾကာင့္ စုေပါင္းေဆာင္ရြက္ျခင္း၏ အက်ိဳးေက်းဇူးမ်ား၊ မိမိ၏ မိတ္ေဆြ/ အေပါင္းအသင္းမ်ားအေပၚတြင္ရွိေသာ တာဝန္၊ ဝတၱရား၊ က်င့္ဝတ္ မ်ား၊ မိမိ၏ ပတ္ဝန္းက်င္တြင္ရွိေသာ တာဝန္ဝတၱရားမ်ားကို နားလည္သေဘာေပါက္ကာ လက္ခံက်င့္သံုးၾကပါသည္။ လူမႈဆက္ဆံေရး အသိဉာဏ္ ရင့္သန္သူမ်ားသည္ မိမိႏိုင္ငံႏွင့္ လူမ်ိဳးအေပၚရွိသည့္ တာဝန္ႏွင့္ ဝတၱရားမ်ားကို လက္ခံနားလည္ က်င့္သံုးၾကပါသည္။ တာဝန္သိေသာ ႏိုင္ငံသားေကာင္း တစ္ေယာက္ျဖစ္လာေစရန္ လူမႈဆက္ဆံေရး အသိဉာဏ္ကို အထူးေလ့က်င့္ေပးရပါမည္။  


၈။ မိမိကိုယ္ မိမိသိေသာ အသိဉာဏ္ (Intrapersonal Intelligence)  


မိမိ၏ ခႏၶာကိုယ္၊ မိမိ၏ ဂုဏ္သိကၡာ၊ အိေျႏၵ၊ အဆင့္အတန္း စသည္တို႔ကို ထိန္းသိမ္း ကာကြယ္ ေစာင့္ေရွာက္တတ္ ေစရန္ မိမိကိုယ္ မိမိသိေသာ အသိဉာဏ္ ကို ေလ့က်င့္သင္ၾကားေပးရပါသည္။ ဤအသိဉာဏ္ျမင့္မားေအာင္ ေလ့က်င့္ေပးထားေပးျခင္း မရွိပါက မိမိကိုယ္ကို တန္ဖိုးမထားတတ္ပါ။ မိမိကိုယ္ကို မိမိသိေသာ အသိဉာဏ္ဖြံ႕ၿဖိဳးသူမ်ားသည္ မိမိ၏ တာဝန္/ ဝတၱရား၊ မိသားစုအေပၚတြင္ရွိသည့္ တာဝန္/ ဝတၱရား၊ မိမိ၏ ၿမိဳ႕၊ ရြာ၊ ပတ္ဝန္းက်င္၊ ႏိုင္ငံ အပၚတြင္ရွိသည့္တာဝန္/ ဝတၱရားမ်ားကိုပါ ေကာင္းစြာ နားလည္ က်င့္သံုးၾကသည္။ သိုပါ၍ ႏိုင္ငံသားေကာင္းတစ္ေယာက္ ျဖစ္လာေစရန္၊ ႏိုင္ငံသားေကာင္း ပီသေစရန္ ဤအသိဉာဏ္ကို စနစ္တက် ေလ့က်င့္သင္ေပးရန္ အထူးအေရးႀကီးပါသည္။ ဤအသိဉာဏ္ျမင့္မားသူမ်ားသည္ အိမ္ေထာင္ဦးစီးေကာင္းမ်ား၊ မိမိ က်င္လည္ရာ ပတ္ဝန္းက်င္ ေနရာေဒသတြင္ ေခါင္းေဆာင္ေကာင္းမ်ား၊ မိမိတို႔၏ လုပ္ငန္းမ်ားတြင္ ဦးေဆာင္ ဦးရြက္ ျပဳသူမ်ား ျဖစ္လာၾကပါသည္။


ယခုတင္ျပခဲ့သည့္ အသိဉာဏ္ (၈) မ်ိဳးကို ျမန္မာစာ၊ အဂၤလိပ္စာ၊ သခၤ်ာ၊ ပထဝီ၊ သမိုင္း၊ သိပၸံ၊ ကာယပညာ ႏွင့္ အႏုပညာ စသည့္ ဘာသာရပ္ မ်ားကို အေၾကာင္းျပဳကာ စနစ္တက် ျပဳစုပ်ိဳးေထာင္ ေလ့က်င့္ သင္ၾကားေပးရပါသည္။ ေဖာ္ျပခဲ့ေသာ အသိဉာဏ္မ်ားသည္ အေျခခံအဆင့္မွာပင္ ေလ့က်င့္ သင္ၾကားေပးရမည္ျဖစ္ၿပီး ေလ့က်င့္သင္ၾကားေပးရန္ အသိဉာဏ္မ်ားစြာ ရွိပါေသးသည္။ ထိုရည္ရြယ္ခ်က္ ကို လြဲေခ်ာ္ၿပီး အမွန္တကယ္ အဓိကထား အေကာင္အထည္ေဖာ္ေလ့က်င့္ သင္ၾကားေပးရမည့္ အစား အေၾကာင္းျပဳခ်က္မ်ားျဖစ္သည့္ ဘာသာရပ္မ်ားကို အာဂံုေဆာင္ အလြတ္က်က္ ပံုစံျဖင့္ စခန္းသြားၾကလွ်င္ ကေလးငယ္မ်ား၏ ကိုယ္ပိုင္အေတြး၊ ကိုယ္ပိုင္ အသိဉာဏ္မ်ားဆံုး႐ႈံးကာ လြပ္လပ္စြာေတြးေခၚႏိုင္စြမ္း လည္း ေပ်ာက္ဆံုးသြားပါလိမ့္မည္။ မူလရည္ရြယ္ခ်က္ကို မွန္ကန္စြာ ေလ့က်င့္ေပးႏိုင္လွ်င္ လူသားေကာင္းက်ိဳးျပဳ လုပ္ငန္းမ်ား ေဆာင္ရြက္ၾကသူမ်ားျဖစ္လာၿပီး မိမိကိုယ္ကိုလည္း ထိန္းသိမ္းလာႏိုင္ၾကကာ ျဗဟၼစိုရ္တရားမ်ား ျဖစ္တည္လာ၍ ေလာကပါလတရားမ်ား ထြန္းကားလာပါလိမ့္မည္။ ပညာေရးစနစ္၏ ရည္ရြယ္ခ်က္မွာ က်န္းမာႀကံခိုင္၍ ဉာဏ္ရည္ျပည့္ဝသည့္ ႏိုင္ငံသားေကာင္းမ်ား ေမြးထုတ္ေပးႏိုင္ရန္ႏွင့္ တိုင္းျပည္၏ ကုန္ထုတ္လုပ္မႈစြမ္းအား ျမင့္မားလာေစရန္ ျဖစ္သည့္အတြက္ ဆရာ/ ဆရာမမ်ား အေနျဖင့္ မိမိပခံုးေပၚတြင္ ရွိေနေသာ သင္ၾကားေရးတာဝန္ကို အဓိက ရည္မွန္းခ်က္မ်ား အပ်က္မခံဘဲ ရင္ႏွင့္အမွ် သင္ၾကားေလ့က်င့္ေပးရပါမည္။ ႏိုင္ငံေတာ္အေနျဖင့္လည္း ဆရာ/ ဆရာမမ်ား ေဖာ္ျပပါကဲ့သို႔ စနစ္တက်ေလ့က်င့္သင္ၾကားေပးႏိုင္ေစရန္ ျမန္မာျပည္ တစ္နံတစ္လ်ား အေျခခံပညာအဆင့္မွသည္ အဆင့္ျမင့္ပညာအဆင့္အထိ သင္ၾကားမႈ/ သင္ယူမႈအတြက္ အေျခအေန ေကာင္းမ်ားကို အခ်ိန္မီဖန္တီးေပးရပါမည္။ သို႔မွသာ အေယာက္စီတိုင္း ကိုယ္ပိုင္ အသိဉာဏ္၊ ကိုယ္ပိုင္ အေတြးအေခၚ၊ ကိုယ္ပိုင္ အယူအဆမ်ားျဖင့္ ကိုယ္တိုင္ဆႏၵရွိရာလမ္းကို လြပ္လပ္ မွန္ကန္စြာေရြးခ်ယ္ႏိုင္ၿပီး ႏိုင္ငံသားတို႔၏ ဆႏၵႏွင့္ ဘဝ တစ္ထပ္တည္းက်ကာ ႏိုင္ငံသားတုိင မိမိခ်စ္ျမတ္ႏိုးရာ လုပ္ငန္းခြင္တြင္ ေပ်ာ္ရြင္စြာ တာဝန္ယူ ႏိုင္ၾကမည္ျဖစ္ပါသည္။ သို႔ပါလွ်င္ ႏိုင္ငံေတာ္အစိုးရ ႏွင့္ ျပည္သူတစ္ရပ္လံုး၏ ဦးတည္ခ်က္ျဖစ္ေသာ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ စည္းကမ္းျပည့္ဝသည္ ဒီမိုကေရစီ ႏိုင္ငံေတာ္သစ္ဆီသို႔ အျမန္ခ်ီတက္ ေရာက္ရွိႏိုင္ပါလိမ့္မည္။ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ေတြးဆႏိုင္ၾကပါေစေၾကာင္း နားလည္သမွ် တင္ျပလိုက္ပါသည္။  


Ref: "Modern Education Outlook & Character Education" by ILBC


 "Research on Multiple Intelligences Teaching and Assessment" by Jingchen Xie and Ruilin Lin (Chienkuo Technology University, Taiwan)


 "Howard Gardner's Theory Multiple Intelligences" (Northern Illinois University, Faculty Development and Instructional Design Center)


 "Multiple intelligences" by TE Editor 


 (http://www.teachingenglish.org.uk/articles/multiple-intelligences)  


ေအာင္ကိုုကို(အမ္း)


Monday, September 21, 2020

အခမဲ့ စာကြည့်တိုက်များ (English Medium)

 အခမဲ့ စာကြည့်တိုက်များ (English Medium)

===========================




ဒီဂျစ်တယ် ခေတ်တွင် tablet တစ်လုံးနှင့် စာဖတ်ခြင်း အလေ့ရှိထားလျှင်ကောင်းသည်။ အကြောင်းမှာ အွန်လိုင်း ဒီဂျစ်တယ် format နှင့် အခမဲ့ရယူနိုင်သော စာအုပ်ပေါင်းများစွာ ရှိနေ၍ ဖြစ်သည်။ ပညာရေး သမားများအတွက် အိတ်ဆောင်ကွန်ပြူ တာသို့ မဟုတ် tablet တစ်လုံးက ခေတ်ဟောင်းမှ စာကြည့်တိုက်များ၊ စာအုပ်စင်များနေရာတွင် အစားဝင်ရောက်နေရာယူလာသည်။ ဒီဂျစ်တယ် ပစ္စည်းများကိုဖျော်ဖြေရေး အတွက် မဟုတ်ဘဲ ပညာရေး အထောက်အကူပစ္စည်း  အဖြစ် သုံးနိုင်လျှင် ခရီးတွင်၍ အရောက်မြန်သည်။ တိုးတက်သောနိုင်ငံများတွင်တော့ ရုပ်မြင်သံကြားပေါ်စကပင် မာတီမီဒီယာ အဖြစ်ပညာရေးတွင် သုံးကြသည် ဟု သိရသည်။ အကြားအမြင် နှစ်ခုလုံးမှထိုးဖောက်၍ အသိပညာ၊ ဗဟုသုတ၊ သတင်းအချက်လက်များကိုပေးခြင်းဖြစ်သည်။ ယခု ခေတ် စမတ်ဖုန်းများ၊ တက်ဘလက်များ၊အိတ်ဆောင် ကွန်ပြူ တာများ ပေါ်လာသည့် အခါ ထို ထို ပစ္စည်းများကို

လည်း ပညာရေး အထောက်အကူ အဖြစ်ပို၍ ပို၍ သုံးလာကြသည်။ ပမာဏ အနည်းဆုံး ဝင်ဆံ့သည့် တက်ဘလက် တစ်လုံးသည်ပင်စာအုပ်ပေါင်း ထောင်ချီ ထည့်ထားနိုင်ရာ လိုအပ်သည့် အချက်လက်များကို အလွယ်တကူဖြင့် လေ့လာနိုင်သည်။ အကြောင်းရာများစွာအတွက်ရှေးခေတ်များကဲ့သို့အချိန်ကုန် လူပင်ပန်းခံ၍ စာကြည့်တိုက်တွင် သွားရောက်ရှာဖွေရန် မလိုအပ်တော့ပေ။


တစ်ခါ၊ တစ်ခါ စိတ်ကူးကြည့်သည်။ အဋ္ဌကထာဆရာတော်ကြီး ရှင်ဗုဒ္ဓဃောသ များ ယနေ့ ခေတ် ပြန်လာ၍ လက်တော့ပ်တစ်လုံးဖြင့် ကျမ်းစာ ရေးသားဦးမည် ဆိုလျှင် ဗုဒ္ဓဝါဒ တွင် ဘယ်လောက်ထူးခြား များပြားသော ကျမ်းစာများ ထွက်ပေါ်လာဦးမည်နည်း ဟုဖြစ်သည်။


အောက်တွင် ဗုဒ္ဓဝါဒနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များ ရယူနိုင်သော ဝက်ဆိုဒ် လိပ်စာ အချို့ ကို မျှဝေလိုက်ပါသည်။ အသုံးဝင်မည်ဟု မျှော်လင့်လျက်။


၁။ထေရဝါဒ ဗုဒ္ဓဘာသာ သုတ္တန်များ ဘာသာပြန် 

Access to Insight

Languages: English, Pali. Entries: ~1400 (Suttas: HTML); ~600 (Others: HTML); ~100 (PDF).

http://www.accesstoinsight.org/


၂။ ထေရဝါဒကျမ်းစာများ

Buddhist Publication Society

 Languages: English. Entries: ~700 (PDF & HTML & ePub).

 http://www.bps.lk/

၃။ တိဗက်နှင့် ဝဇိရယာန ဗုဒ္ဓဝါဒ ကျမ်းစာများ

Lotsawa House 

Languages: English, Tibetan, German, Spanish, French. Entries: ~250 in English; ~700+ total (HTML).

http://www.lotsawahouse.org/


၄။ ပါဠိ၊ တရုတ်၊ သက္ကတ၊ ဂန္ဓာရီ၊ ပြက္ကရိုက် ဘာသာများနှင့်ရှိသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ကျမ်းစာများကို နှိုင်းယှဉ်ဖော်ပြထားသည်။ အင်္ဂလိပ် ဘာသာပြန် အချို့ ပါဝင်သည်။

Sutta Central

Languages: English, Pali, Sanskrit, Chinese, Tibetan. Entries: ~Thousands (HTML).

http://suttacentral.net/


၅။ ဗုဒ္ဓဝါဒ အဘိဓမ္မာကျမ်းစာများကို အဓိက ရယူနိုင်သည်။

Languages: English, Pali. Entries: ~100+ (PDF).

http://abhidhamma.com/


၆။ ဒေါင်းလုပ် လုပ်ရန် အနည်းငယ် ခက်သည်။ သို့သော်စိတ်ဝင်စားဖွယ် ဆရာတော်ကြီးများ၏ ကျမ်းစာများ

အင်္ဂလိပ် ဘာသာဖြင့် ရယူနိုင်သည်။

A Buddhist Library 

Traditions: Theravada, Mahayana, Vajrayana, Zen. Languages: English. Entries: ~1000+ (PDF & HTML).

http://www.abuddhistlibrary.com/


၇။ ဗုဒ္ဓဝါဒ ကျမ်းစာ အကြောင်းအရာ မျိုးစုံကို ရယူနိုင်သည်။

Buddhist e library

Traditions: Theravada, Mahayana, Vajrayana, Zen. Languages: English, Chinese, Thai, Spanish and Portuguese. Entries: ~350 in English; ~2000 total (PDF).

http://www.buddhistelibrary.org/


၈။ တိဗက် ဗုဒ္ဓဝါဒ ကျမ်းစာများ အင်္ဂလိပ်ဘာသာပြန် မူဖြစ်သည်။

Languages: English, Tibetan. Entries: ~150+ (PDF & HTML).

http://84000.co/


၉ ။ အိန္ဒိယ အွန်လိုင်းစာကြည့်တိုက်ဖြစ်၍ စာအုပ်ပေါင်း ငါးသိန်းကျော်ရှိသည် ဟုဆိုသည်။ အင်္ဂလိပ် ဘာသာဖြင့် ရွေးချယ် ရှာဖွေနိုင်သည်။

Books: ~550,000 (PDF).

http://www.new.dli.ernet.in/


၁၀။ ထေရဝါဒ၊ မဟာယာန ဗုဒ္ဓဝါဆိုင်ရာ ကျမ်းစာများ အလွယ်တကူ ရယူနိုင်သည်။

http://www.buddhanet.net/ebooks.htm


၁၁။ မေ့လျော့နေသော ကျမ်းစာများ ဟု အဓိပ္ပါယ်ရသည့် ဝက်ဆိုဒ်ဖြစ်သည်။ ရှေးဟောင်း ရှားပါးကျမ်းစာပေါင်း ငါးသိန်းကျော်သည်။

https://www.forgottenbooks.com/en


၁၂။ ဗုဒ္ဓဝါဒ အပါအဝင် ဘာသာရေး ဆိုင်ရာ ကျမ်းစာများကို ရယူနိုင်သည်။

http://www.holybooks.com


၁၃။ စာအုပ်သာမက အခြား ပညာရေးဆိုင်ရာ အသံ၊ ရုပ်သံ ဖိုင်များလည်း ရယူနိုင်၍ စာအုပ်ပေါင်း ခြောက်သန်းကျော် ရှိနေသည်။ ရှာရတော့ ခက်နိုင်သည်။ ဥပမာ အောက်ပါ လင့် အတိုင်း သွားနိုင်သည်။ 


https://archive.org/details/freeindological


၁၄။ ရောင်းတဲ့ စာအုပ်တွေ ရှိနေပေမဲ့ free ရယူနိုင်တဲ့ ကျမ်းစာ

များလည်း ရှိနေတဲ့ ဆိုဒ် ဖြစ်ပါတယ်။


https://store.pariyatti.org/eBooks_ep_49-1.html


၁၅။ မြန်မာနိုင်ငံက နာမည်ကျော် ဆိုဒ် တစ်ခု ဖြစ်တဲ့ 

dhammadownload ဆိုဒ် ဖြစ်ပြီး မြန်မာ ဘာသာ 

ဘာသာရေး ကျမ်းစာပေါင်း များစွာ ရယူနိုင်ပြီး အင်္ဂလိပ်

ဘာသာနဲ့ကျမ်းစာတွေ လည်း ရှိနေပါတယ်။


http://dhammadownload.com/eBook-English.htm


၁၆။ ကမ္ဘာအေး သာသနာ ရေးဦးစီးဌာန ဆိုဒ်ဖြစ်ပြီး

မြန်မာ၊ အင်္ဂလိပ် ဘာသာ ကျမ်းစာပေါင်းများစွာ 

ရှိနေပါတယ်။ ယခုတော့ English ဘာသာ index ကိုသာ

လင့်ပေးလိုက်ပါမယ်

http://www.kbrl.gov.mm/catalog/index/58

============================


ကျန်တဲ့ ဆိုဒ် တွေကို လည်း တွေ့ ရင် တွေ့ သလို

ထပ်မံ ဖြည့်စွက်ပေးပါဦးမယ်။ အားလုံး အဆင်ပြေကြ

ပါစေ။


(Zawgyi) 

အခမဲ့ စာၾကည့္တိုက္မ်ား (English Medium)

===========================




ဒီဂ်စ္တယ္ ေခတ္တြင္ tablet တစ္လုံးႏွင့္ စာဖတ္ျခင္း အေလ့ရွိထားလၽွင္ေကာင္းသည္။ အေၾကာင္းမွာ အြန္လိုင္း ဒီဂ်စ္တယ္ format ႏွင့္ အခမဲ့ရယူနိုင္ေသာ စာအုပ္ေပါင္းမ်ားစြာ ရွိေန၍ ျဖစ္သည္။ ပညာေရး သမားမ်ားအတြက္ အိတ္ေဆာင္ကြန္ျပဴ တာသို့ မဟုတ္ tablet တစ္လုံးက ေခတ္ေဟာင္းမွ စာၾကည့္တိုက္မ်ား၊ စာအုပ္စင္မ်ားေနရာတြင္ အစား၀င္ေရာက္ေနရာယူလာသည္။ ဒီဂ်စ္တယ္ ပစၥည္းမ်ားကိုေဖ်ာ္ေျဖေရး အတြက္ မဟုတ္ဘဲ ပညာေရး အေထာက္အကူပစၥည္း  အျဖစ္ သုံးနိုင္လၽွင္ ခရီးတြင္၍ အေရာက္ျမန္သည္။ တိုးတက္ေသာနိုင္ငံမ်ားတြင္ေတာ့ ႐ုပ္ျမင္သံၾကားေပၚစကပင္ မာတီမီဒီယာ အျဖစ္ပညာေရးတြင္ သုံးၾကသည္ ဟု သိရသည္။ အၾကားအျမင္ ႏွစ္ခုလုံးမွထိုးေဖာက္၍ အသိပညာ၊ ဗဟုသုတ၊ သတင္းအခ်က္လက္မ်ားကိုေပးျခင္းျဖစ္သည္။ ယခု ေခတ္ စမတ္ဖုန္းမ်ား၊ တက္ဘလက္မ်ား၊အိတ္ေဆာင္ ကြန္ျပဴ တာမ်ား ေပၚလာသည့္ အခါ ထို ထို ပစၥည္းမ်ားကို

လည္း ပညာေရး အေထာက္အကူ အျဖစ္ပို၍ ပို၍ သုံးလာၾကသည္။ ပမာဏ အနည္းဆုံး ၀င္ဆံ့သည့္ တက္ဘလက္ တစ္လုံးသည္ပင္စာအုပ္ေပါင္း ေထာင္ခ်ီ ထည့္ထားနိုင္ရာ လိုအပ္သည့္ အခ်က္လက္မ်ားကို အလြယ္တကူျဖင့္ ေလ့လာနိုင္သည္။ အေၾကာင္းရာမ်ားစြာအတြက္ေရွးေခတ္မ်ားကဲ့သို့အခ်ိန္ကုန္ လူပင္ပန္းခံ၍ စာၾကည့္တိုက္တြင္ သြားေရာက္ရွာေဖြရန္ မလိုအပ္ေတာ့ေပ။


တစ္ခါ၊ တစ္ခါ စိတ္ကူးၾကည့္သည္။ အ႒ကထာဆရာေတာ္ႀကီး ရွင္ဗုဒၶေဃာသ မ်ား ယေန႔ ေခတ္ ျပန္လာ၍ လက္ေတာ့ပ္တစ္လုံးျဖင့္ က်မ္းစာ ေရးသားဦးမည္ ဆိုလၽွင္ ဗုဒၶဝါဒ တြင္ ဘယ္ေလာက္ထူးျခား မ်ားျပားေသာ က်မ္းစာမ်ား ထြက္ေပၚလာဦးမည္နည္း ဟုျဖစ္သည္။


ေအာက္တြင္ ဗုဒၶဝါဒႏွင့္ ပတ္သက္၍ အဂၤလိပ္ဘာသာျဖင့္ စာအုပ္မ်ား ရယူနိုင္ေသာ ၀က္ဆိုဒ္ လိပ္စာ အခ်ိဳ့ ကို မၽွေဝလိုက္ပါသည္။ အသုံး၀င္မည္ဟု ေမၽွာ္လင့္လ်က္။


၁။ေထရဝါဒ ဗုဒၶဘာသာ သုတၱန္မ်ား ဘာသာျပန္ 

Access to Insight

Languages: English, Pali. Entries: ~1400 (Suttas: HTML); ~600 (Others: HTML); ~100 (PDF).

http://www.accesstoinsight.org/


၂။ ေထရဝါဒက်မ္းစာမ်ား

Buddhist Publication Society

 Languages: English. Entries: ~700 (PDF & HTML & ePub).

 http://www.bps.lk/

၃။ တိဗက္ႏွင့္ ၀ဇိရယာန ဗုဒၶဝါဒ က်မ္းစာမ်ား

Lotsawa House 

Languages: English, Tibetan, German, Spanish, French. Entries: ~250 in English; ~700+ total (HTML).

http://www.lotsawahouse.org/


၄။ ပါဠိ၊ တ႐ုတ္၊ သကၠတ၊ ဂႏၶာရီ၊ ျပကၠရိုက္ ဘာသာမ်ားႏွင့္ရွိေသာ သုတ္၊ ဝိနည္း၊ အဘိဓမၼာ က်မ္းစာမ်ားကို ႏွိုင္းယွဥ္ေဖာ္ျပထားသည္။ အဂၤလိပ္ ဘာသာျပန္ အခ်ိဳ့ ပါ၀င္သည္။

Sutta Central

Languages: English, Pali, Sanskrit, Chinese, Tibetan. Entries: ~Thousands (HTML).

http://suttacentral.net/


၅။ ဗုဒၶဝါဒ အဘိဓမၼာက်မ္းစာမ်ားကို အဓိက ရယူနိုင္သည္။

Languages: English, Pali. Entries: ~100+ (PDF).

http://abhidhamma.com/


၆။ ေဒါင္းလုပ္ လုပ္ရန္ အနည္းငယ္ ခက္သည္။ သို့ေသာ္စိတ္၀င္စားဖြယ္ ဆရာေတာ္ႀကီးမ်ား၏ က်မ္းစာမ်ား

အဂၤလိပ္ ဘာသာျဖင့္ ရယူနိုင္သည္။

A Buddhist Library 

Traditions: Theravada, Mahayana, Vajrayana, Zen. Languages: English. Entries: ~1000+ (PDF & HTML).

http://www.abuddhistlibrary.com/


၇။ ဗုဒၶဝါဒ က်မ္းစာ အေၾကာင္းအရာ မ်ိဳးစုံကို ရယူနိုင္သည္။

Buddhist e library

Traditions: Theravada, Mahayana, Vajrayana, Zen. Languages: English, Chinese, Thai, Spanish and Portuguese. Entries: ~350 in English; ~2000 total (PDF).

http://www.buddhistelibrary.org/


၈။ တိဗက္ ဗုဒၶဝါဒ က်မ္းစာမ်ား အဂၤလိပ္ဘာသာျပန္ မူျဖစ္သည္။

Languages: English, Tibetan. Entries: ~150+ (PDF & HTML).

http://84000.co/


၉ ။ အိႏၵိယ အြန္လိုင္းစာၾကည့္တိုက္ျဖစ္၍ စာအုပ္ေပါင္း ငါးသိန္းေက်ာ္ရွိသည္ ဟုဆိုသည္။ အဂၤလိပ္ ဘာသာျဖင့္ ေရြးခ်ယ္ ရွာေဖြနိုင္သည္။

Books: ~550,000 (PDF).

http://www.new.dli.ernet.in/


၁၀။ ေထရဝါဒ၊ မဟာယာန ဗုဒၶဝါဆိုင္ရာ က်မ္းစာမ်ား အလြယ္တကူ ရယူနိုင္သည္။

http://www.buddhanet.net/ebooks.htm


၁၁။ ေမ့ေလ်ာ့ေနေသာ က်မ္းစာမ်ား ဟု အဓိပၸါယ္ရသည့္ ၀က္ဆိုဒ္ျဖစ္သည္။ ေရွးေဟာင္း ရွားပါးက်မ္းစာေပါင္း ငါးသိန္းေက်ာ္သည္။

https://www.forgottenbooks.com/en


၁၂။ ဗုဒၶဝါဒ အပါအ၀င္ ဘာသာေရး ဆိုင္ရာ က်မ္းစာမ်ားကို ရယူနိုင္သည္။

http://www.holybooks.com


၁၃။ စာအုပ္သာမက အျခား ပညာေရးဆိုင္ရာ အသံ၊ ႐ုပ္သံ ဖိုင္မ်ားလည္း ရယူနိုင္၍ စာအုပ္ေပါင္း ေျခာက္သန္းေက်ာ္ ရွိေနသည္။ ရွာရေတာ့ ခက္နိုင္သည္။ ဥပမာ ေအာက္ပါ လင့္ အတိုင္း သြားနိုင္သည္။ 


https://archive.org/details/freeindological


၁၄။ ေရာင္းတဲ့ စာအုပ္ေတြ ရွိေနေပမဲ့ free ရယူနိုင္တဲ့ က်မ္းစာ

မ်ားလည္း ရွိေနတဲ့ ဆိုဒ္ ျဖစ္ပါတယ္။


https://store.pariyatti.org/eBooks_ep_49-1.html


၁၅။ ျမန္မာနိုင္ငံက နာမည္ေက်ာ္ ဆိုဒ္ တစ္ခု ျဖစ္တဲ့ 

dhammadownload ဆိုဒ္ ျဖစ္ၿပီး ျမန္မာ ဘာသာ 

ဘာသာေရး က်မ္းစာေပါင္း မ်ားစြာ ရယူနိုင္ၿပီး အဂၤလိပ္

ဘာသာနဲ႔က်မ္းစာေတြ လည္း ရွိေနပါတယ္။


http://dhammadownload.com/eBook-English.htm


၁၆။ ကမၻာေအး သာသနာ ေရးဦးစီးဌာန ဆိုဒ္ျဖစ္ၿပီး

ျမန္မာ၊ အဂၤလိပ္ ဘာသာ က်မ္းစာေပါင္းမ်ားစြာ 

ရွိေနပါတယ္။ ယခုေတာ့ English ဘာသာ index ကိုသာ

လင့္ေပးလိုက္ပါမယ္

http://www.kbrl.gov.mm/catalog/index/58

============================


က်န္တဲ့ ဆိုဒ္ ေတြကို လည္း ေတြ႕ ရင္ ေတြ႕ သလို

ထပ္မံ ျဖည့္စြက္ေပးပါဦးမယ္။ အားလုံး အဆင္ေျပၾက

ပါေစ။