Friday, September 4, 2020

ငါး သံပရာပေါင် -ကြက်သား သံပုရာပေါင်း -ကင်းမွန် သံပုရာပေါင်း_ဘဲဥသံပုရာ

 #ဘဲဥသံပုရာ 



ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။ 

ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။

ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။

ကဲ ဘော်ဒါတွေ ချက်ကြည့်ရအောင်

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ

ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)

သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)

စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)

ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)

ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)

ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)

နံနံပင် - အနည်းငယ် 

ရှမ်းနံနံ - အနည်းငယ်


ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ


ဆော့စ်ရည်အတွက် 

သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း

ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း

ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း

ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက် 

သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း 

ရေနွေး - ပန်းကန်လုံး ၁ လုံး 


ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။


ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။


အခုဆိုရင် ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ 😁😁😁


Credit : Kyaw Min Min


ငါး သံပရာပေါင်း





---------------------------------------

ငါးသံပရာပေါင်း ချက်နည်းလေးပါ။ ငါးသံပရာပေါင်းမှာ ဇီးချိုသီးလည်း ပါဝင်တာမို့ အရသာက ချိုပြီ ထူးခြား ကောင်းမွန်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..


---------------------------------------


ပါဝင်သောပစ္စည်းများ


 တလာဗီယားငါး – ၁ကောင် (၃၅၀- ၄ဝဝဂရမ်)

 ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

 သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

 ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)

  ကြက်သွန်ဖြူ – ၅မွှာ (အဝိုင်းပါးပါးလှီးပါ)

 ဇီးချိုသီး – ၄လုံး

ဆား – လက်ဖက်ရည်ဇွန်း တဝက်

 အသားမှုန့် – လက်ဖက်ရည်ဇွန်း တဝက်

  သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

   ကြက်ပြုတ်ရည် – ခွက်တဝက် (၁ဝဝမီလီလီတာ)

 နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)


---------------------------------------


ချက်ပြုတ်နည်း

၁။ ငါးကို ကြေခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမျှောင်းမွှန်းပေးပါ။

၂။ ပြီလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။

၃။ ပြီနောက် ဆော့ရည် အတွက် ပါဝင်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

၄။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂ဝခန့် ပေါင်းပေးပါ။

၅။ အရသာရှိသော ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

---------------------------------------

#credit  Wutyee Food House

---------------------------------------



ကြက်သား သံပုရာပေါင်း 





အရမ်းစားလို့ကောင်းပြီး အရသာရှိလှပါတယ်။


 လုပ်စားကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ


၁။ ကြက်သား ရင်အုပ်သား - ၂၅ ကျပ်သား


၂။ ရေ - ၂ ခွက် (သို့) ထမင်းစားဇွန်း ၃၂ ဇွန်း


၃။ သံပုရာသီး - ၁ ခြမ်း (သို့) ၁ လုံး


၄။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့) ၁ ဇွန်းခွဲ


၅။ သကြား - လက်ဖက်ရည်ဇွန်း တ ဝက်


၆။ ဆား - အနည်းငယ်


၇။ ငရုတ်သီးစိမ်း - ၃ တောင့်(သို့) ၅ တောင့် 


၈။ နံနံပင် - ၅ ပင်


၉။ ကြက်သွန်မြိတ် - ၂ ပင် 


၁၀။ ကြက်သွန်ဖြူ - ၂ မွှာ


( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) 


(ထမင်းစားဇွန်း = 1 tablespoon= 15 ml)


(လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)




ပြုလုပ်နည်း


၁။ ကြက်သွန်ဖြူ၊ နံနံပင်၊ ကြက်သွန်မြိတ် နှင့် ငရုတ်သီးတို့ကို ညက်နေအောင် တောက်တောင်စဉ်းထားပါ။ 


၂။ ကြက်သားကို အတုံးလိုက်ကို ရေဆေး ဆားအနည်းငယ်နှင့် နယ်ပြီး ရေ ၂ ခွက်ဖြင့် ဒယ်အိုးထဲထည့်ရ်ျ ပြုတ်ပါ။ ထည့်ထားသော ရေရဲ့တဝက်လောက်ခမ်းသွားလျှင်မီးဖိုပေါ်မှချပါ။ (၁၅ မိနစ်လောက်ပြုတ်ရပါတယ်။)


၃။ ကြက်သားကို ပြုတ်ထားသော အိုးထဲမှ ဆယ်ရ်ျ အအေးခံပြီး အတုံးတုံးထားပါ။ ကြက်သားတုံးများကို ပန်းကန်ပြားတခုထဲထည့်ထားပါ။


၄။ ဒယ်အိုးထဲတွင် ကျန်သော ကြက်သားပြုတ်ရည်ကို ဆူအောင်တည်ပါ။ ယိုးဒယားငံပြာရည်၊ သကြား၊ သံပုရာရည်တို့ကိုထည့်ပါ။ အပေါ့အငံနှင့်အချဉ်တို့ကိုမြည်းပါ။ 


၅။ ထို့နောက် တောက်တောက်စဉ်းထားသော အရာများကိုထည့်ပါ။ ၁ မိနစ်လောက်နေလို့မွှေးလာလျှင် ကြက်သားပန်းကန်ထဲကိုလောင်းထည့်ပါ။


၅။ ချဉ်ငံစပ် စားလို့အလွန်ကောင်းတဲ့ကြက်သား သံပုရာပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။


Crd.Eisan




ကင်းမွန် သံပုရာပေါင်း




-----------------------------------------------




ဒီနေ့တော့ ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပြည်ကြီးငါး သံပုရာပေါင်းလေး လုပ်စားဖြစ်ပါတယ် အင်မတန်မှ စားလို့ကောင်းပြီး ရာသီဥတု အေးစိမ့်စိမ့်လေးနဲ့ လိုက်ဖက်လွန်းတဲ့ စားဖွယ်ရာ တစ်မျိုး ဖြစ်လေတော့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပြည်ကြီးငါးပေါင်း ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။




ပါဝင်ပစ္စည်းများ




    ပြည်ကြီးငါး - နှစ်ကောင် (400 g)


    ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်


    ကြက်သားမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်


    ငါးငံပြာရည် -  ထမင်းစားဇွန်း နှစ်ဇွန်း


    သံပုရာရည် -  ထမင်းစားဇွန်း လေးဇွန်း


    ငရုတ်သီးစိမ်း အနီရောင် -  လေးတောင့် 


    ငရုတ်သီးစိမ်း အစိမ်းရောင် - လေးတောင့် 


    ကြက်သွန်ဖြူ  အမွှာကြီးကြီး ငါးမွှာ


    သကြား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း


    ရေ - ခွက်တစ်ဝက် (၁ဝဝမီလီလီတာ)


    သံပုရာသီး - တစ်လုံး (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)


    နံနံပင်  - နှစ်သက်သလောက် (အလှဆင်ရန် အကွင်းလေးတွေ လှီးထားပါ)




ဆော့ရည်အတွက် ပြင်ဆင်ပုံ




    ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ


    ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ


    ဇလုံတစ်လုံးထဲမှာ အဆင်သင့်ပြင်ထားသော သံပုရာရည် ငါးငံပြာရည် သကြား ရေ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်းတို့ကို ရောပြီး သကြားပျော်တဲ့အထိ ဖျော်ထားပေးပါ




ဟင်းပွဲအလှဆင်ရန်




    သံပုရာသီးကို အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် ခပ်ပါးပါး လှီးထားပါ


    နံနံပင်ကို အပင်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ




 


ပြင်ဆင်ပုံ




    ပြည်ကြီးငါးကို ကြောဘက်မှ ကော်ချောင်းကို ထုတ်ပေးပါ


    ဗိုက်ထဲမှ အစာအိတ်ကို မပေါက်မပြဲအောင် သေသေချာချာကိုင်ပြီး ထုတ်ပေးပါ


    ဗိုက်ထဲမှ သည်းခြေအိတ်ကို မပေါက်မပြဲအောင် သေသေချာချာ ကိုင်ပြီး ထုတ်ပေးပါ 


    မျက်လုံးနှစ်လုံးနှင့် သွားတို့ကို လက်နှင့်ညှစ်ပြီး ထုတ်ပေးပါ


    ပြီးတာနဲ့ ပြည်ကြီးငါးကို ဇလုံထဲမှာ ထည့်ပေးကာ ဆားထည့်ပြီး ခပ်ဖွဖွနယ်ပြီး ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ


    ရေစစ်ထားသော ပြည်ကြီးငါးကို ဆား ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ပေးထားပါ


    အရေသာ နယ်ပြီးတာနဲ့ အရသာ စပ်ထားသော ဆော့ရည်ကို ပြည်ကြီးငါး အပေါ်သို့ လောင်းထည့်ပါ 


    အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုံမှာပြထားသော ပေါင်းအိုးဖြင့် steam ခလုတ်ကို နှိပ်ပေးကာ ၅မိနစ် ပေါင်းပေးပါ


    ပြည်ကြီးငါး ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ


    အိုးအဖုံး ဖွင့်ပြီးတာနဲ့ အရသာမြည်းပြီး ချိုချဉ်ငံစပ် အရသာကို မိမိစိတ်ကြိုက်ရအောင် ပြင်ပေးကာ သံပုရာသီး အစိတ်လေးများနှင့် နံနံပင် ထည့်ပေးကာ အိုးအဖုံးကို ခနအုပ်ထားပါ


    ပြီးတာနဲ့ ပြည်ကြီးငါးပေါင်း အလှဆင်ရန်အတွက် ပန်းကန်ထဲမှာ ပြည်ကြီးငါးကို ထည့်ပေးပြီး ထိုအပေါ်မှ သံပုရာကွင်းနှင့် နံနံပင်ကို တင်ပေးပါ


    ချိုချဉ်ငံစပ် အရသာရှိသော ပြည်ကြီးငါး သံပုရာပေါင်းကို ဓါးပြတ်ပြတ်လေးဖြင့် လှီးပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။




မှတ်ချက် ။ ။ မာမာပြထားသော ပေါင်းအိုးမျိုး အဆင်သင့် မရှိပါက ဇောက်နက်သော အိုးထဲမှာ ရေလေးပုံတစ်ပုံခန့် ထည့်ပေးပြီး ပေါင်းခံခုံကို တင်ပေးပါ


ထိုပေါင်းခံခုံပေါ်မှာ ပြည်ကြီးငါး ပန်းကန်ကို တင်ပေးကာ အဖုံးအုပ်ပြီး ဆယ့်ငါးမိနစ်လောက် ပေါင်းပေးပါ။


#credit mmlazp


(Zawgyi) 


ဘဲဥသံပုရာ 


ဆီမပါတဲ့ဟင္းတစ္ခြက္ပါ။ 

က်န္းမာေရးနဲ႔လည္း ညီညြတ္ပါတယ္။ ဘဲဥကို တစ္ေန႔တစ္လုံးစားသုံးျခင္းျဖင့္ ဒူးနာခါးနာေရာဂါေတြ သက္သာေပ်ာက္ကင္းေစပါတယ္။

ခ်ဥ္ငံစပ္အရသာေလးနဲ႔မို့ ထမင္းၿမိန္မွာ ေသခ်ာပါတယ္။

ကဲ ေဘာ္ဒါေတြ ခ်က္ၾကည့္ရေအာင္


ဘဲဥသံပုရာအတြက္ ပါဝင္ပစၥည္းမ်ား

ဘဲဥ - ၅ လုံး(ဆားထည့္ျပဳတ္ပါ)

သံပုရာသီး - ၃ လုံး(အရည္ညႇစ္ထားပါ)

စပါးလင္ - ၁ ပင္ (ရိတ္ရိတ္လွီး)

င႐ုတ္သီးစိမ္းအနီေတာင့္ - ၁၀ ေတာင့္(လွီးထားပါ)

ၾကက္သြန္ျဖဴ - ၁ လုံး(ႏုတ္ႏုတ္စင္း)

ဂ်င္း - လက္ ၂ ဆစ္(ႏုတ္ႏုတ္စင္း)

နံနံပင္ - အနည္းငယ္ 

ရွမ္းနံနံ - အနည္းငယ္


ျပဳတ္ထားတဲ့ဘဲဥေတြကို ထက္ျခမ္းျခမ္းထားပါ


ေဆာ့စ္ရည္အတြက္ 

သံပုရာရည္ - စားပြဲတင္ဇြန္း ၄ စြန္း

ငံျပာရည္ - စားပြဲတင္ဇြန္း ၂ စြန္း

ဆား - လက္ဖက္ရည္ဇြန္း ၁ စြန္း

ၾကက္သားမွုန္႔ - လက္ဖက္ရည္ဇြန္း ၁ ဝက္ 

သၾကား - လက္ဖက္ရည္ဇြန္း ၂ စြန္း 

ေရေႏြး - ပန္းကန္လုံး ၁ လုံး 


ပန္းကန္ ၁ ခုထဲသို့ လွီးထားတဲ့အစာေတြထည့္ ၊ အေပၚက ပါဝင္ပစၥည္းေတြထည့္ၿပီး သမေအာင္ေရာေပးပါ။ အရသာျမည္းပါ။လိုသလိုျပင္ပါ။


ၿပီးရင္ ေဆာ့စ္ရည္ကို ဘဲဥပန္းကန္ထဲ ေလာင္းထည့္ပါ။ သံပုရာသီး ၁ လုံးကို အကြင္းလိုက္လွီးၿပီး စီထည့္ပါ။


အခုဆိုရင္ ခ်ဥ္ငံစပ္အရသာေလးနဲ႔ ဘဲဥသံပုရာကို ထမင္းပူပူေလးနဲ႔ သုံးေဆာင္နိုင္ပါၿပီ 😁😁😁


Credit : Kyaw Min Min

ငါး သံပရာေပါင္း

---------------------------------------

ငါးသံပရာေပါင္း ခ်က္နည္းေလးပါ။ ငါးသံပရာေပါင္းမွာ ဇီးခ်ိဳသီးလည္း ပါ၀င္တာမို့ အရသာက ခ်ိဳၿပီ ထူးျခား ေကာင္းမြန္ပါတယ္။ လုပ္ရလည္း အရမ္းလြယ္ၿပီ စားလို့ ေကာင္းတာမို့ ခုပဲ တူတူ လုပ္စားၾကည့္ရေအာင္..

---------------------------------------

ပါ၀င္ေသာပစၥည္းမ်ား


    တလာဗီယားငါး – ၁ေကာင္ (၃၅၀- ၄၀၀ဂရမ္)

    ငါးငံျပာရည္ – စားပြဲတင္ဇြန္း ၂ဇြန္း

    သံပရာရည္ – စားပြဲတင္ဇြန္း ၄ဇြန္း


    င႐ုတ္သီးစိမ္း၊နီ – ၄ေတာင့္ (ပါးပါးလွီးပါ)

    ၾကက္သြန္ျဖဴ – ၅မႊာ (အဝုိင္းပါးပါးလွီးပါ)

    ဇီးခ်ိဳသီး – ၄လုံး

    ဆား – လက္ဖက္ရည္ဇြန္း တ၀က္

    အသားမွုန္႔ – လက္ဖက္ရည္ဇြန္း တ၀က္

    သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း

    ၾကက္ျပဳတ္ရည္ – ခြက္တ၀က္ (၁၀၀မီလီလီတာ)

    နံနံပင္ – လက္တဆုတ္စာ (ပါးပါးလွီးပါ)

---------------------------------------

ခ်က္ျပဳတ္နည္း


၁။ ငါးကို ေၾကခြံဖယ္၊ သန္႔စင္ၿပီ ဓားျဖင့္ အေမၽွာင္းမႊန္းေပးပါ။


၂။ ၿပီလၽွင္ တလဗီယားငါးကို ဆား၊ ၾကက္သားမွုန္႔တို့ျဖင့္ သမေအာင္ ေရာႏုယ္ထားပါ။


၃။ ၿပီေနာက္ ေဆာ့ရည္ အတြက္ ပါ၀င္ေသာပစၥည္းမ်ားျဖစ္ေသာ ( ၾကက္သြန္ျဖဴ၊ ၊သံပရာရည္၊ င႐ုတ္သီးစိမ္း၊ သၾကား၊ ငံျပာရည္၊ေရ) အားလုံးကို ပန္းကန္လုံး တစ္ခုထဲ ထည့္ၿပီး သၾကားအရည္ေပ်ာ္သည္အထိ ေရာေမႊေပးပါ။


၄။ ထိုေဆာ့အရည္မ်ားကို တလာဗီယားငါးေပၚသို့ ေလာင္းထည့္၊ ဇီခ်ိဳသီးထည့္ၿပီ၊ နံနံပင္(အနည္းငယ္) အုပ္ၿပီ ေပါင္းအိုးျဖင့္ မိနစ္ ၂၀ခန္႔ ေပါင္းေပးပါ။


၅။ အရသာရွိေသာ ငါးသံပရာေပါင္းကို ထမင္းပူပူေလးနဲ႔ တြဲဖက္ သုံးေဆာင္နိုင္ပါၿပီ…

---------------------------------------

#credit  Wutyee Food House

---------------------------------------


ၾကက္သား သံပုရာေပါင္း 


အရမ္းစားလို့ေကာင္းၿပီး အရသာရွိလွပါတယ္။

 လုပ္စားၾကည့္ရေအာင္ေနာ္။


ပါဝင္ေသာပစၥည္းမ်ား

၁။ ၾကက္သား ရင္အုပ္သား - ၂၅ က်ပ္သား

၂။ ေရ - ၂ ခြက္ (သို့) ထမင္းစားဇြန္း ၃၂ ဇြန္း

၃။ သံပုရာသီး - ၁ ျခမ္း (သို့) ၁ လုံး

၄။ ယိုးဒယား ငံျပာရည္ - ထမင္းစားဇြန္း ၁ ဇြန္း (သို့) ၁ ဇြန္းခြဲ

၅။ သၾကား - လက္ဖက္ရည္ဇြန္း တ ဝက္

၆။ ဆား - အနည္းငယ္

၇။ င႐ုတ္သီးစိမ္း - ၃ ေတာင့္(သို့) ၅ ေတာင့္ 

၈။ နံနံပင္ - ၅ ပင္

၉။ ၾကက္သြန္ၿမိတ္ - ၂ ပင္ 

၁၀။ ၾကက္သြန္ျဖဴ - ၂ မႊာ

( ၁ ခြက္ = 240 ml = ရိုးရိုးေကာ္ဖီခြက္ ၁ခြက္) 

(ထမင္းစားဇြန္း = 1 tablespoon= 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon= 5 ml)


ျပဳလုပ္နည္း

၁။ ၾကက္သြန္ျဖဴ၊ နံနံပင္၊ ၾကက္သြန္ၿမိတ္ ႏွင့္ င႐ုတ္သီးတို့ကို ညက္ေနေအာင္ ေတာက္ေတာင္စဥ္းထားပါ။ 

၂။ ၾကက္သားကို အတုံးလိုက္ကို ေရေဆး ဆားအနည္းငယ္ႏွင့္ နယ္ၿပီး ေရ ၂ ခြက္ျဖင့္ ဒယ္အိုးထဲထည့္ရ္် ျပဳတ္ပါ။ ထည့္ထားေသာ ေရရဲ့တဝက္ေလာက္ခမ္းသြားလၽွင္မီးဖိုေပၚမွခ်ပါ။ (၁၅ မိနစ္ေလာက္ျပဳတ္ရပါတယ္။)

၃။ ၾကက္သားကို ျပဳတ္ထားေသာ အိုးထဲမွ ဆယ္ရ္် အေအးခံၿပီး အတုံးတုံးထားပါ။ ၾကက္သားတုံးမ်ားကို ပန္းကန္ျပားတခုထဲထည့္ထားပါ။

၄။ ဒယ္အိုးထဲတြင္ က်န္ေသာ ၾကက္သားျပဳတ္ရည္ကို ဆူေအာင္တည္ပါ။ ယိုးဒယားငံျပာရည္၊ သၾကား၊ သံပုရာရည္တို့ကိုထည့္ပါ။ အေပါ့အငံႏွင့္အခ်ဥ္တို့ကိုျမည္းပါ။ 

၅။ ထို့ေနာက္ ေတာက္ေတာက္စဥ္းထားေသာ အရာမ်ားကိုထည့္ပါ။ ၁ မိနစ္ေလာက္ေနလို့ေမႊးလာလၽွင္ ၾကက္သားပန္းကန္ထဲကိုေလာင္းထည့္ပါ။

၅။ ခ်ဥ္ငံစပ္ စားလို့အလြန္ေကာင္းတဲ့ၾကက္သား သံပုရာေပါင္းကို သုံးေဆာင္နိုင္ပါၿပီရွင္။

Crd.Eisan


ကင္းမြန္ သံပုရာေပါင္း

-----------------------------------------------


ဒီေန႔ေတာ့ ျပည္ႀကီးငါး လတ္လတ္ဆတ္ဆတ္ေလးေတြ ရလာတာနဲ႔ ျပည္ႀကီးငါး သံပုရာေပါင္းေလး လုပ္စားျဖစ္ပါတယ္ အင္မတန္မွ စားလို့ေကာင္းၿပီး ရာသီဥတု ေအးစိမ့္စိမ့္ေလးနဲ႔ လိုက္ဖက္လြန္းတဲ့ စားဖြယ္ရာ တစ္မ်ိဳး ျဖစ္ေလေတာ့ မာမာျပင္ဆင္ၿပီး ေပါင္းထားတဲ့ ျပည္ႀကီးငါးေပါင္း ေပါင္းနည္းေလးကို မၽွေဝေပးလိုက္ပါတယ္ရွင္။


ပါ၀င္ပစၥည္းမ်ား


    ျပည္ႀကီးငါး - ႏွစ္ေကာင္ (400 g)

    ဆား - လက္ဖက္ရည္ဇြန္း တစ္၀က္

    ၾကက္သားမွုန္႔  - လက္ဖက္ရည္ဇြန္း တစ္၀က္

    ငါးငံျပာရည္ -  ထမင္းစားဇြန္း ႏွစ္ဇြန္း

    သံပုရာရည္ -  ထမင္းစားဇြန္း ေလးဇြန္း

    င႐ုတ္သီးစိမ္း အနီေရာင္ -  ေလးေတာင့္ 

    င႐ုတ္သီးစိမ္း အစိမ္းေရာင္ - ေလးေတာင့္ 

    ၾကက္သြန္ျဖဴ  အမႊာႀကီးႀကီး ငါးမႊာ

    သၾကား  - လက္ဖက္ရည္ဇြန္း တစ္ဇြန္း

    ေရ - ခြက္တစ္၀က္ (၁၀၀မီလီလီတာ)

    သံပုရာသီး - တစ္လုံး (အလွဆင္ရန္ အကြင္းေလးေတြ လွီးထားပါ)

    နံနံပင္  - ႏွစ္သက္သေလာက္ (အလွဆင္ရန္ အကြင္းေလးေတြ လွီးထားပါ)


ေဆာ့ရည္အတြက္ ျပင္ဆင္ပုံ


    ၾကက္သြန္ျဖဴကို အခြံခြာၿပီး ေရေဆးကာ ဓါးျပားရိုက္ၿပီး ခပ္ႏုတ္ႏုတ္ လွီးထားပါ

    င႐ုတ္သီးစိမ္းကို အညႇာျဖဳတ္ၿပီး ေရေဆးကာ မညက္တစ္ညက္ ေထာင္းထားပါ

    ဇလုံတစ္လုံးထဲမွာ အဆင္သင့္ျပင္ထားေသာ သံပုရာရည္ ငါးငံျပာရည္ သၾကား ေရ ၾကက္သြန္ျဖဴ  င႐ုတ္သီးစိမ္းတို့ကို ေရာၿပီး သၾကားေပ်ာ္တဲ့အထိ ေဖ်ာ္ထားေပးပါ


ဟင္းပြဲအလွဆင္ရန္


    သံပုရာသီးကို အလုံးလိုက္ ေရေဆးၿပီး အကြင္းလိုက္ ခပ္ပါးပါး လွီးထားပါ

    နံနံပင္ကို အပင္လိုက္ ေရေဆးၿပီး မထူမပါး လွီးေပးထားပါ


 

ျပင္ဆင္ပုံ


    ျပည္ႀကီးငါးကို ေၾကာဘက္မွ ေကာ္ေခ်ာင္းကို ထုတ္ေပးပါ

    ဗိုက္ထဲမွ အစာအိတ္ကို မေပါက္မျပဲေအာင္ ေသေသခ်ာခ်ာကိုင္ၿပီး ထုတ္ေပးပါ

    ဗိုက္ထဲမွ သည္းေျခအိတ္ကို မေပါက္မျပဲေအာင္ ေသေသခ်ာခ်ာ ကိုင္ၿပီး ထုတ္ေပးပါ 

    မ်က္လုံးႏွစ္လုံးႏွင့္ သြားတို့ကို လက္ႏွင့္ညႇစ္ၿပီး ထုတ္ေပးပါ

    ၿပီးတာနဲ႔ ျပည္ႀကီးငါးကို ဇလုံထဲမွာ ထည့္ေပးကာ ဆားထည့္ၿပီး ခပ္ဖြဖြနယ္ၿပီး ေရစင္ေအာင္ ေဆးေပးကာ ေရစစ္ထားပါ

    ေရစစ္ထားေသာ ျပည္ႀကီးငါးကို ဆား ၾကက္သားမွုန္႔တို့ျဖင့္ သမေအာင္ ေရာနယ္ေပးထားပါ

    အေရသာ နယ္ၿပီးတာနဲ႔ အရသာ စပ္ထားေသာ ေဆာ့ရည္ကို ျပည္ႀကီးငါး အေပၚသို့ ေလာင္းထည့္ပါ 

    အားလုံးအဆင္သင့္ ျဖစ္တာနဲ႔ ပုံမွာျပထားေသာ ေပါင္းအိုးျဖင့္ steam ခလုတ္ကို ႏွိပ္ေပးကာ ၅မိနစ္ ေပါင္းေပးပါ

    ျပည္ႀကီးငါး ေပါင္းခ်ိန္ျပည့္တာနဲ႔ ေပါင္းအိုးထဲမွ ေလကိုကုန္ေအာင္ ထုတ္ေပးၿပီးမွ အိုးအဖုံးကို ဖြင့္ေပးပါ

    အိုးအဖုံး ဖြင့္ၿပီးတာနဲ႔ အရသာျမည္းၿပီး ခ်ိဳခ်ဥ္ငံစပ္ အရသာကို မိမိစိတ္ႀကိဳက္ရေအာင္ ျပင္ေပးကာ သံပုရာသီး အစိတ္ေလးမ်ားႏွင့္ နံနံပင္ ထည့္ေပးကာ အိုးအဖုံးကို ခနအုပ္ထားပါ

    ၿပီးတာနဲ႔ ျပည္ႀကီးငါးေပါင္း အလွဆင္ရန္အတြက္ ပန္းကန္ထဲမွာ ျပည္ႀကီးငါးကို ထည့္ေပးၿပီး ထိုအေပၚမွ သံပုရာကြင္းႏွင့္ နံနံပင္ကို တင္ေပးပါ

    ခ်ိဳခ်ဥ္ငံစပ္ အရသာရွိေသာ ျပည္ႀကီးငါး သံပုရာေပါင္းကို ဓါးျပတ္ျပတ္ေလးျဖင့္ လွီးေပးကာ သုံးေဆာင္ရန္ ျပင္ေပးနိုင္ပါၿပီ။


မွတ္ခ်က္ ။ ။ မာမာျပထားေသာ ေပါင္းအိုးမ်ိဳး အဆင္သင့္ မရွိပါက ေဇာက္နက္ေသာ အိုးထဲမွာ ေရေလးပုံတစ္ပုံခန္႔ ထည့္ေပးၿပီး ေပါင္းခံခုံကို တင္ေပးပါ

ထိုေပါင္းခံခုံေပၚမွာ ျပည္ႀကီးငါး ပန္းကန္ကို တင္ေပးကာ အဖုံးအုပ္ၿပီး ဆယ့္ငါးမိနစ္ေလာက္ ေပါင္းေပးပါ။

#credit mmlazp

No comments: