Friday, September 11, 2020

ထားဝယ်ဝက်သားဟင်း - ထိုင်းစတိုင်လ်ကြက်ဥသုပ် - ငါးကျည်းကျပ်တိုက် ကင်ပွန်းရွက်ကြော် -အစိမ်းကြော်

  အစိမ်းကြော်


-----------------



 ဒါလေးကတော့ အလှူမှာ ထမင်းကျွေးတဲ့အခါ အရံဟင်းအဖြစ် တော်တော်လေး စားကောင်းအရသာရှိပါတယ်။ ကြက်မြစ်ကြက်သည်းရဲ့ သဘာဝအရောင် လေး အတိုင်းကို ပဲကြာဆံ၊ ငရုတ်ကောင်းလေး ခတ်


ထားလို့ မွှေးပြီးချိုနေတတ်တဲ့ ပွဲထိုင်အစိမ်းကြော်လေးပါရှင်။ 




ပါဝင်ပစ္စည်းများ


ဗမာကြက်သည်းမြစ်  -  ၁ပိဿာ


ကြိုက်နှစ်သက်ရာအသီးနှံများ


(ဆန်ခါခုံးကြီးတစ်လုံးစာ)  -  ၂၅ကျပ်သား


ကြက်သွန်ဖြူဗမာဥ  -  ၂၀ လုံး


ငရုတ်ကောင်း  -  စားပွဲဇွန်း ၁ ဇွန်းခန့်


ဆီ  -  ၂၅ကျပ်သား


ဗမာကြက်ရိုး  -  အနည်းငယ်


ဆား  -  သင့်ရုံ


သကြား  -  သင့်ရုံ


တရုတ်နံနံ  -  အနည်းငယ်




ကြော်နည်း


 ကြက်သည်းကြက်မြစ်ကို အတုံးသေးများ လှီး ထားပါ။ ကြက်ရိုးများကို သေးသေးခုတ်ပြီး ပြုတ်ထားပါ။အသီးနှံများကို လှလှလေးတွေ လှီးထားပါ။ ကြက်သွန် ဖြူ ဓားပြားရိုက်ထားပါ။ ပဲကြာဆံရေစိမ်ထားပါ။ ကြော် တော့မယ်ဆိုရင် ဆီပူလာတာနဲ့ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူတွေ ထည့်ကြော်ပါ။ မွှေးပြီးကြွပ်လာရင် ကြက်သွန်ကြော်တွေကို သီးနှံတွေထဲ ဆယ်ထားပြီး ကျန်ဆီထဲ ကြက်သည်းကြက်မြစ်များ ထည့်ကြော်ပါ။ အမြစ်များနူးစေရန် ကြက်ပြုတ်ရည်အနည်းငယ် လောင်းပြီး အဖုံးအုပ်တည်ပါ။ ရေခန်းပြီး အမြစ်များ နူးလာလျှင် အသီးအနှံများနှင့် ပဲကြာဆံ ထည့်ကြော်ပါ။ ဆား၊ သကြားထည့်ပါ။ ကြက်ပြုတ်ရည်၊ ကြက်ရိုး အကုန်လောင်းထည့်ပါ။ ခဏအဖုံးအုပ်တည်ပါ။ အသီးနှံတွေ နူးလာလျှင် ငရုတ်ကောင်းနှင့် တရုတ်နံနံ အုပ်ပါ။ ကြက်မြစ်ကြက်သည်းကထွက်တဲ့ သဘာဝ အရောင်အရည်စိုစိုနဲ့ အလွန်စားကောင်းသော ပွဲထိုင်အစိမ်းကြော်ပါရှင်။


-------------------------


ပန်းခရေ




ငါးကျည်းကျပ်တိုက် ကင်ပွန်းရွက်ကြော်


-----------------------------------------------



ဧရာဝတီတိုင်း၊ ဟင်္သာတနယ်တစ်ဝိုက်၌ ချက်လေ့ရှိသည့် ဟင်းအမယ်ဖြစ်ပါသည်။ ရေချို၊ ရေငန် ငါးမျိုးစုံ ပေါပေါများများထွက်ရှိသည့် ဧရာဝတီတိုင်းဘက်၌ ငါးကျည်းများကို ကာလရှည်ထားစားသုံးနိုင်ရန် ကြပ်တိုက်စင်များ၌ မီးဖို၍ ကျပ်တင်ထားလေ့ရှိကြ ပါသည်။ ငါးကျည်းကျပ်တိုက်၏ ထူးခြားချက်မှာ ငါးအရသာ၌ ကျပ်တိုက်နံ့လေး မွှေးကြိုင်နေခြင်းပင်။




ပါဝင်ပစ္စည်းများ


ငါးကျည်းကျပ်တိုက်  -  ၁၀ ကျပ်သား


ဆီ  -  ၅ ကျပ်သား


ငရုတ်ပွတောင့်  -  ၃ တောင့်


ကြက်သွန်နီ  -  ၂ လုံး


ကြက်သွန်ဖြူ  -  ၁ လုံး


ဆား  -  အနည်းငယ်


နနွင်း  -  အနည်းငယ်


ငံပြာရည်  -  အနည်းငယ်


ကင်ပွန်းရွက်  -  ၂ စည်း




ပြုလုပ်နည်း


 ရှေးဦးစွာ ငါးကျည်းကျပ်တိုက်များကို အသား နွှာရလွယ်ကူရန် ၁၀ မိနစ်ခန့် ရေစိမ်ရပါမည်။ ရေနူးပါက ငါးကျည်း၏ အသားနှင့် အရေခွံကိုသာယူပြီး အရိုး


များကို ဖယ်ပါ။ ငရုတ်ပွတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အသင့်ထောင်းထားပါ။ ကင်ပွန်းရွက် များကို သင်ပြီးရေဆေး၍ ရေစစ်ထားပါ။ အားလုံးပြီးပါက ဆီအိုးတည်ကာ ဒယ်အိုး၌ ငရုတ်၊ ကြက်သွန် ထောင်းပြီးသားအရောကို ဆီသတ်ပါ။ ရွှေရောင်သန်း လာပါက အသားလွှာထားသော ငါးကျည်းကျပ်တိုက် များထည့်ကာ အနှံ့မွှေပါ။


 ငါးကျည်းကျပ်တိုက်၌ အငန်အရသာမပါ၍  ငံပြာရည်ထည့်ပေးပါ။ ဟင်းအိုးဆီပြန်လာပါက အရွက်သင်ထားသည့် ကင်ပွန်းရွက်များထည့်ကာ အထက်အောက် အနှံ့မွှေပေးပါ။ ဒယ်အိုး၌ ရေခန်း၍ ဆီနာနာပြန်လျှင် အပေါ့အငန်မြည်းကာ မီးဖိုမှချပါ။ ကျပ်တင်နံ့လေးသင်းနေသော ခံတွင်းလိုက်သည့် ငါးကျည်းကျပ်တိုက်ကင်ပွန်းရွက်ကြော်ကို အသင့်စားသုံးနိုင်ပါပြီ။


---------------------------


စံလွင် (ငါးဦးစီး)




ထိုင်းစတိုင်လ်ကြက်ဥသုပ်


-------------------------------



ပါဝင်ပစ္စည်းများ


ကြက်ဥပြုတ်  -  ၆ လုံး (တစ်ခြမ်းစီ ခြမ်းထားပါ)


ခရမ်းချဉ်သီး  -  ၁ လုံး  (ပါးပါးလှီးပါ)


သခွားသီး  -  ၂၀ ဂရမ်  (အချောင်းသေးများ လှီးထားပါ)


ဆလတ်ရွက်  -  အနည်းငယ်


ကြက်သွန်မြိတ်  -  ၁ စည်း   (အနေတော်လှီးပါ)


ပင်စိမ်း  -  အနည်းငယ်  (အရွက်များ ခြွေထားပါ)


ငရုတ်သီးစိမ်း/နီ  -  ၁၀ တောင့်ခန့်  (ပါးပါးလှီးပါ)


ကြက်သွန်နီ  -  ၂ လုံး  (ပါးပါးလှီးပါ)


ကြက်သွန်ဖြူ  -  ၆ မြွှာ    (နုပ်နုပ်စဉ်းပါ)


Sweet Chilli Sauce   -  စားပွဲဇွန်း ၄ ဇွန်း


ဆား  -  အနည်းငယ်


သကြား  -  အနည်းငယ်


 ငရုတ်ကောင်းမှုန့်  -  အနည်းငယ်


ငံပြာရည်  -  အနည်းငယ်


သံပရာသီး  -  ၂ လုံး 




ပြုလုပ်နည်း 


 ဇလုံတစ်လုံးထဲ ကြက်ဥမှလွဲ၍ ကျန်ပါဝင်ပစ္စည်း များအားလုံးကို ရောထည့်ပြီး သမအောင် နယ်ပေးပါ။ အရသာပြည့်စုံပြီဆိုရင် ပန်းကန်ထဲ ကြက်ဥပြုတ်ထည့် ပြီး အပေါ်မှနယ်ထားတာများကို တင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါသည်။


----------------------------------


Eant Wint Htut




ထားဝယ်ဝက်သားဟင်း





ထားဝယ်ဝက်သားဟင်းကတော့ ထားဝယ်သူသူငယ်ချင်းတယောက်သင်ပေးတဲ့ဟင်းတခွက်ဖြစ်ပါတယ်။ ဒီဟင်းထဲမှာ ငပိ၊မန်ကျည်းမှည့်ရည်၊ မဆလာ တို့ပါဝင်တော့ တကယ်ကို မြန်မာပါးစပ်နဲ့ဆို အစပ်အဟပ်တည့်တဲ့ဟင်းတခွက်ပဲဖြစ်ပါတယ်။ အိစံချက်ကျွေးတဲ့သူတိုင်းလဲ ကြိုက်ကြတယ်။ ကဲ...အဲ့ဒီတော့ ကိုယ့်နိုင်ငံရဲ့ ဟင်းတခွက်ဖြစ်တဲ့ ထားဝယ်ဝက်သားဟင်းလဲ လုပ်စားကြည့်အုံးနော်။




ပါဝင်သောပစ္စည်းများ


၁။ ဝက်သား - ၂၅ ကျပ်သား


၂။ ကြက်သွန်ဖြူ - ၃ မွှာ


၃။ ကြက်သွန်နီ - ၁ ဥ


၄။ ခရမ်းချဉ်သီး - ၁ လုံး 


၅။ စိမ်းစားငပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၆။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၇။ ပဲငံပြာရည်အပျစ်(ကြာညို့) - လက်ဖက်ရည်ဇွန်း 


၈။ ငါးငံပြာရည် - ထမင်းစားဇွန်း တဝက်


၉။ မကျည်းမှည့်ရည် - ထမင်းစားဇွန်း ၁ ဇွန်း


၁၀။ သကြား (သို့) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၁၁။ မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း


၁၂။ Goody နေကြာဆီ - ထမင်းစားဇွန်း ၆ ဇွန်း


(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)


(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)




#EiSansHomemadeInspiration


#CookingShow


(Zawgyi) 

အစိမ္းေၾကာ္

-----------------



 ဒါေလးကေတာ့ အလွူမွာ ထမင္းေကၽြးတဲ့အခါ အရံဟင္းအျဖစ္ ေတာ္ေတာ္ေလး စားေကာင္းအရသာရွိပါတယ္။ ၾကက္ျမစ္ၾကက္သည္းရဲ့ သဘာဝအေရာင္ ေလး အတိုင္းကို ပဲၾကာဆံ၊ င႐ုတ္ေကာင္းေလး ခတ္

ထားလို့ ေမႊးၿပီးခ်ိဳေနတတ္တဲ့ ပြဲထိုင္အစိမ္းေၾကာ္ေလးပါရွင္။ 


ပါဝင္ပစၥည္းမ်ား

ဗမာၾကက္သည္းျမစ္  -  ၁ပိႆာ

ႀကိဳက္ႏွစ္သက္ရာအသီးႏွံမ်ား

(ဆန္ခါခုံးႀကီးတစ္လုံးစာ)  -  ၂၅က်ပ္သား

ၾကက္သြန္ျဖဴဗမာဥ  -  ၂၀ လုံး

င႐ုတ္ေကာင္း  -  စားပြဲဇြန္း ၁ ဇြန္းခန႔္

ဆီ  -  ၂၅က်ပ္သား

ဗမာၾကက္ရိုး  -  အနည္းငယ္

ဆား  -  သင့္႐ုံ

သၾကား  -  သင့္႐ုံ

တ႐ုတ္နံနံ  -  အနည္းငယ္


ေၾကာ္နည္း

 ၾကက္သည္းၾကက္ျမစ္ကို အတုံးေသးမ်ား လွီး ထားပါ။ ၾကက္ရိုးမ်ားကို ေသးေသးခုတ္ၿပီး ျပဳတ္ထားပါ။အသီးႏွံမ်ားကို လွလွေလးေတြ လွီးထားပါ။ ၾကက္သြန္ ျဖဴ ဓားျပားရိုက္ထားပါ။ ပဲၾကာဆံေရစိမ္ထားပါ။ ေၾကာ္ ေတာ့မယ္ဆိုရင္ ဆီပူလာတာနဲ႔ ဓားျပားရိုက္ထားတဲ့ ၾကက္သြန္ျဖဴေတြ ထည့္ေၾကာ္ပါ။ ေမႊးၿပီးႂကြပ္လာရင္ ၾကက္သြန္ေၾကာ္ေတြကို သီးႏွံေတြထဲ ဆယ္ထားၿပီး က်န္ဆီထဲ ၾကက္သည္းၾကက္ျမစ္မ်ား ထည့္ေၾကာ္ပါ။ အျမစ္မ်ားႏူးေစရန္ ၾကက္ျပဳတ္ရည္အနည္းငယ္ ေလာင္းၿပီး အဖုံးအုပ္တည္ပါ။ ေရခန္းၿပီး အျမစ္မ်ား ႏူးလာလၽွင္ အသီးအႏွံမ်ားႏွင့္ ပဲၾကာဆံ ထည့္ေၾကာ္ပါ။ ဆား၊ သၾကားထည့္ပါ။ ၾကက္ျပဳတ္ရည္၊ ၾကက္ရိုး အကုန္ေလာင္းထည့္ပါ။ ခဏအဖုံးအုပ္တည္ပါ။ အသီးႏွံေတြ ႏူးလာလၽွင္ င႐ုတ္ေကာင္းႏွင့္ တ႐ုတ္နံနံ အုပ္ပါ။ ၾကက္ျမစ္ၾကက္သည္းကထြက္တဲ့ သဘာဝ အေရာင္အရည္စိုစိုနဲ႔ အလြန္စားေကာင္းေသာ ပြဲထိုင္အစိမ္းေၾကာ္ပါရွင္။

-------------------------

ပန္းခေရ


ငါးက်ည္းက်ပ္တိုက္ ကင္ပြန္းရြက္ေၾကာ္

-----------------------------------------------

 ဧရာဝတီတိုင္း၊ ဟသၤာတနယ္တစ္ဝိုက္၌ ခ်က္ေလ့ရွိသည့္ ဟင္းအမယ္ျဖစ္ပါသည္။ ေရခ်ိဳ၊ ေရငန္ ငါးမ်ိဳးစုံ ေပါေပါမ်ားမ်ားထြက္ရွိသည့္ ဧရာဝတီတိုင္းဘက္၌ ငါးက်ည္းမ်ားကို ကာလရွည္ထားစားသုံးနိုင္ရန္ ၾကပ္တိုက္စင္မ်ား၌ မီးဖို၍ က်ပ္တင္ထားေလ့ရွိၾက ပါသည္။ ငါးက်ည္းက်ပ္တိုက္၏ ထူးျခားခ်က္မွာ ငါးအရသာ၌ က်ပ္တိုက္နံ့ေလး ေမႊးႀကိဳင္ေနျခင္းပင္။


ပါဝင္ပစၥည္းမ်ား

ငါးက်ည္းက်ပ္တိုက္  -  ၁၀ က်ပ္သား

ဆီ  -  ၅ က်ပ္သား

င႐ုတ္ပြေတာင့္  -  ၃ ေတာင့္

ၾကက္သြန္နီ  -  ၂ လုံး

ၾကက္သြန္ျဖဴ  -  ၁ လုံး

ဆား  -  အနည္းငယ္

နႏြင္း  -  အနည္းငယ္

ငံျပာရည္  -  အနည္းငယ္

ကင္ပြန္းရြက္  -  ၂ စည္း


ျပဳလုပ္နည္း

 ေရွးဦးစြာ ငါးက်ည္းက်ပ္တိုက္မ်ားကို အသား ႏႊာရလြယ္ကူရန္ ၁၀ မိနစ္ခန႔္ ေရစိမ္ရပါမည္။ ေရႏူးပါက ငါးက်ည္း၏ အသားႏွင့္ အေရခြံကိုသာယူၿပီး အရိုး

မ်ားကို ဖယ္ပါ။ င႐ုတ္ပြေတာင့္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီကို အသင့္ေထာင္းထားပါ။ ကင္ပြန္းရြက္ မ်ားကို သင္ၿပီးေရေဆး၍ ေရစစ္ထားပါ။ အားလုံးၿပီးပါက ဆီအိုးတည္ကာ ဒယ္အိုး၌ င႐ုတ္၊ ၾကက္သြန္ ေထာင္းၿပီးသားအေရာကို ဆီသတ္ပါ။ ေရႊေရာင္သန္း လာပါက အသားလႊာထားေသာ ငါးက်ည္းက်ပ္တိုက္ မ်ားထည့္ကာ အႏွံ့ေမႊပါ။

 ငါးက်ည္းက်ပ္တိုက္၌ အငန္အရသာမပါ၍  ငံျပာရည္ထည့္ေပးပါ။ ဟင္းအိုးဆီျပန္လာပါက အရြက္သင္ထားသည့္ ကင္ပြန္းရြက္မ်ားထည့္ကာ အထက္ေအာက္ အႏွံ့ေမႊေပးပါ။ ဒယ္အိုး၌ ေရခန္း၍ ဆီနာနာျပန္လၽွင္ အေပါ့အငန္ျမည္းကာ မီးဖိုမွခ်ပါ။ က်ပ္တင္နံ့ေလးသင္းေနေသာ ခံတြင္းလိုက္သည့္ ငါးက်ည္းက်ပ္တိုက္ကင္ပြန္းရြက္ေၾကာ္ကို အသင့္စားသုံးနိုင္ပါၿပီ။

---------------------------

စံလြင္ (ငါးဦးစီး)


ထိုင္းစတိုင္လ္ၾကက္ဥသုပ္

-------------------------------




ပါဝင္ပစၥည္းမ်ား

ၾကက္ဥျပဳတ္  -  ၆ လုံး (တစ္ျခမ္းစီ ျခမ္းထားပါ)

ခရမ္းခ်ဥ္သီး  -  ၁ လုံး  (ပါးပါးလွီးပါ)

သခြားသီး  -  ၂၀ ဂရမ္  (အေခ်ာင္းေသးမ်ား လွီးထားပါ)

ဆလတ္ရြက္  -  အနည္းငယ္

ၾကက္သြန္ၿမိတ္  -  ၁ စည္း   (အေနေတာ္လွီးပါ)

ပင္စိမ္း  -  အနည္းငယ္  (အရြက္မ်ား ေႁခြထားပါ)

င႐ုတ္သီးစိမ္း/နီ  -  ၁၀ ေတာင့္ခန႔္  (ပါးပါးလွီးပါ)

ၾကက္သြန္နီ  -  ၂ လုံး  (ပါးပါးလွီးပါ)

ၾကက္သြန္ျဖဴ  -  ၆ ႁမႊာ    (ႏုပ္ႏုပ္စဥ္းပါ)

Sweet Chilli Sauce   -  စားပြဲဇြန္း ၄ ဇြန္း

ဆား  -  အနည္းငယ္

သၾကား  -  အနည္းငယ္

 င႐ုတ္ေကာင္းမွုန႔္  -  အနည္းငယ္

ငံျပာရည္  -  အနည္းငယ္

သံပရာသီး  -  ၂ လုံး 


ျပဳလုပ္နည္း 

 ဇလုံတစ္လုံးထဲ ၾကက္ဥမွလြဲ၍ က်န္ပါဝင္ပစၥည္း မ်ားအားလုံးကို ေရာထည့္ၿပီး သမေအာင္ နယ္ေပးပါ။ အရသာျပည့္စုံၿပီဆိုရင္ ပန္းကန္ထဲ ၾကက္ဥျပဳတ္ထည့္ ၿပီး အေပၚမွနယ္ထားတာမ်ားကို တင္ၿပီး အရသာရွိစြာ သုံးေဆာင္နိုင္ပါသည္။

----------------------------------

Eant Wint Htut


ထားဝယ္ဝက္သားဟင္း




ထားဝယ္ဝက္သားဟင္းကေတာ့ ထားဝယ္သူသူငယ္ခ်င္းတေယာက္သင္ေပးတဲ့ဟင္းတခြက္ျဖစ္ပါတယ္။ ဒီဟင္းထဲမွာ ငပိ၊မန္က်ည္းမွည့္ရည္၊ မဆလာ တို႔ပါဝင္ေတာ့ တကယ္ကို ျမန္မာပါးစပ္နဲ႔ဆို အစပ္အဟပ္တည့္တဲ့ဟင္းတခြက္ပဲျဖစ္ပါတယ္။ အိစံခ်က္ေကြၽးတဲ့သူတိုင္းလဲ ႀကိဳက္ၾကတယ္။ ကဲ...အဲ့ဒီေတာ့ ကိုယ့္ႏိုင္ငံရဲ႕ ဟင္းတခြက္ျဖစ္တဲ့ ထားဝယ္ဝက္သားဟင္းလဲ လုပ္စားၾကည့္အုံးေနာ္။


ပါဝင္ေသာပစၥည္းမ်ား

၁။ ဝက္သား - ၂၅ က်ပ္သား

၂။ ၾကက္သြန္ျဖဴ - ၃ မႊာ

၃။ ၾကက္သြန္နီ - ၁ ဥ

၄။ ခရမ္းခ်ဥ္သီး - ၁ လုံး 

၅။ စိမ္းစားငပိ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၆။ အေရာင္တင္မႈန္႔ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၇။ ပဲငံျပာရည္အပ်စ္(ၾကာညိဳ႕) - လက္ဖက္ရည္ဇြန္း 

၈။ ငါးငံျပာရည္ - ထမင္းစားဇြန္း တဝက္

၉။ မက်ည္းမွည့္ရည္ - ထမင္းစားဇြန္း ၁ ဇြန္း

၁၀။ သၾကား (သို႔) အခ်ိဳမႈန္႔ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၁။ မဆလာ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

၁၂။ Goody ေနၾကာဆီ - ထမင္းစားဇြန္း ၆ ဇြန္း

(လက္ဖက္ရည္ဇြန္း ၁ ဇြန္း = 1 teaspoon = 5 ml)

(ထမင္းစားဇြန္း ၁ ဇြန္း = 1 tablespoon = 15 ml)


#EiSansHomemadeInspiration

#CookingShow

No comments: