Wednesday, September 23, 2020

“ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင်ရော ဖြစ်နေရဲ့လား”

 “ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင်ရော ဖြစ်နေရဲ့လား”




ခုတလော သိပ်ကြိုက်မိနေတဲ့ အဆိုအမိန့်လေးတစ်ခု ရှိပါတယ်။ ဘယ်သူ ပြောခဲ့မှန်းတော့ မသိပါဘူး။ အဲဒါလေးက ဘာလဲဆိုတော့ 


Be the type of person you want to meet. 


ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ့်ကိုယ်ကိုယ် ဖြစ်အောင် လုပ်ပါတဲ့။ 


ဖတ်ဖတ်ရချင်း အတော်လေးလည်း သဘောကျမိသွားသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်မိပါတယ်။ ငါရော ငါ ဆုံတွေ့ဆက်ဆံချင်တဲ့သူမျိုး ဖြစ်နေရဲ့လားပေါ့။ အဲ့လို စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်တွေလည်း မြင်လာမိတယ်။ 


ဒါကြောင့် ဒီဆောင်းပါးမှာ ကျွန်တော် ဆုံတွေ့ချင်တဲ့ လူပုံစံ၊ တစ်နည်းအားဖြင့် ကျွန်တော် တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး ၁၀ မျိုးကို ပြောပြချင်ပါတယ်။ တခြားအချက်တွေလည်း ရှိပါသေးတယ်။ ကျွန်တော် သဘောအကျဆုံး ၁၀ ချက်ကို ပြောပြထားတာပါ။


၁။ ချဉ်းကပ်လွယ်ခြင်း (Approachable)


ပြဿနာတစ်ခုခု ဖြစ်ရင် ဖွင့်ပြောရဲတယ်။ ကြောက်နေစရာ မလိုဘူး။ မာနမကြီးဘူး။ အဆင့်အတန်း မခွဲဘူး။ ခင်မင်နှစ်လိုဖွယ် ကောင်းတယ်။ အမြဲပြုံးရွှင်နေတဲ့ မျက်နှာထား ရှိတယ်။ အဲ့လိုလူတွေနဲ့မို့ တွဲလုပ်ရရင် လူက ပေါ့ပါးပြီး ပျော်နေရော။


၂။ လေးစားမှု ထားခြင်း (Showing respect)


အသက်ကြီးတာ၊ ငယ်တာ၊ ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာ၊ ရာထူးကြီးတာ၊ ငယ်တာတွေနဲ့ မဆိုင်ဘဲ လူတိုင်းအပေါ် လေးစားမှု ထားတယ်။ ခေါ်တာ ဝေါ်တာ သုံးနှုန်းတာက အစ လေးစားမှု ထားမှန်း သိသာတယ်။ လူတိုင်းဟာ တန်ဖိုးကိုယ်စီ ရှိကြတယ်လို့ ခံယူထားတယ်။ အဲ့လိုလူတွေနဲ့ ဆုံလိုက်ရင် နဂိုရှိနေတဲ့ လေးစားမှုထက်ကို ပိုပြီး လေးစားမိသွားတယ်။


၃။ ကိုယ်ပိုင်စည်းကမ်းနဲ့ နေတတ်ခြင်း (Self-disciplined)


ဒါလေးကလည်း သိပ်အရေးကြီးတယ်။ ပြောတာ၊ ဆိုတာ၊ နေတာ၊ ထိုင်တာကအစ သပ်ရပ်တယ်။ အချိန်တိကျတယ်။ လေးနက်တယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိတယ်။


၄။ ယုံကြည်ရခြင်း (Trustworthy)


ငွေကြေးအရတင် မဟုတ်ဘူး။ ပြောထားတဲ့ စကားတည်တာ၊ တာဝန်ယူ၊ တာဝန်ခံတတ်တာ၊ အလုပ်မှာ အမှားအယွင်းနည်းတာ၊ ဒါတွေပါ ပါဝင်ပါတယ်။


၅။ ကူညီတတ်ခြင်း (Helpful)


ဘဝမှာ ကိုယ့်ကို ကူညီပေးခဲ့သူတွေ အများကြီးပါ။ လမ်းသွားရင်း နေရာရှာမတွေ့လို့ မေးလိုက်တာ စိတ်ရှည်လက်ရှည်နဲ့ ဖော်ဖော်ရွေရွေ ဖြေပေးသူကစလို့ အလုပ်ကိစ္စမှာ ကိုယ်မသိလို့ မေးတာကို ဖြေပေးသူ၊ အဆက်အသွယ် မရှိလို့ မေးတာကို ချိတ်ပေးလိုက်သူ စသဖြင့် ကြုံဖူးကြမှာပါ။ သိပ်ကျေးဇူးတင်ရပါတယ်။ သူတို့လိုလူမျိုး ကိုယ်လည်း ဖြစ်ချင်မိတယ်။


၆။ စိတ်ရှည်သည်းခံခြင်း (Patient)


တခုခုဆို လက်လျှော့လွယ်ရင်လည်း ကျွန်တော် သဘောမကျဘူး။ ပြဿနာနည်းနည်းလေး တက်လိုက်ရင်ကို ဆက်မလုပ်တော့တာ၊ ခဏလေးနဲ့ အောင်မြင်ချင်တာ၊ ဒါတွေကလည်း ကျွန်တော် မကြိုက်တဲ့အချက်ထဲမှာ ပါပါတယ်။


၇။ စွမ်းအားပြည့်ဝခြင်း (Energetic)


အပင်ပန်းမခံနိုင်တာ၊ နည်းနည်းကလေး အိပ်ရေးပျက်လိုက်တာနဲ့ ဖျားတာ၊ ထမင်းစားချိန်လေး နောက်ကျရင်တောင် မရတာ၊ အဲ့လို ပျော့တဲ့သူတွေနဲ့ဆို တစ်ခါတစ်လေ တွဲလုပ်ရတာ အဆင်မပြေပါဘူး။ ရောဂါတခုခု ရှိလို့ဆိုလည်း ထားပါ။ အဲ့လိုမဟုတ်ရင်တော့ ခပ်မာမာနဲ့ အလုပ်လုပ်နိုင်သူ ဖြစ်ဖို့ လိုပါတယ်။


၈။ ဉာဏ်ရည်မြင့်ခြင်း (Intelligent)


ဒါလည်း ရှင်းပါတယ်။ ခေတ်စကားနဲ့ ပြောရရင် တအားပိန်းလွန်းတာ၊ မစဉ်းစားတတ်တာ၊ ဘာကိုမဆို အယုံလွယ်တာတွေက အတော်လေး စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။


၉။ အလုပ်ကြိုးစားခြင်း (Hardworking)


ဒါကလည်း သိပ်သဘောကျစရာ ကောင်းတဲ့ အချက်ပါပဲ။ အလုပ်လုပ်ဖို့၊ ကြိုးစားဖို့ လိုပါတယ်။ ပျင်းနေမယ်၊ ကိုယ့်ကိုယ်ကိုယ် ညှာနေမယ်ဆို အဆင်မပြေပါဘူး။ 


၁၀။ ဇွဲကောင်းခြင်း (Persistent)


တစ်ခုခု လုပ်ပြီဆို မဖြစ်ဖြစ်အောင် လုပ်တာ သဘောကျတယ်။ အသေးစိတ်တွေအစ ဂရုစိုက်တယ်။ အဲဒါတွေ မပြည့်စုံရင် အလွယ်တကူ မလွှတ်ပေးလိုက်ဘူး။ မရရအောင် ထပ်လုပ်တယ်။


ဒီအချက်တွေကတော့ ကျွန်တော် သဘောကျမိတဲ့ အချက်တွေပါ။ တစ်ယောက်နဲ့ တစ်ယောက်တော့ တူမယ် မထင်ဘူး။ ဒါကြောင့် ဒီဆောင်းပါးလေး ဖတ်ပြီးရင် ကိုယ်နှစ်သက်တဲ့ အချက်တွေကို ချရေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်ကြည့်ပါ။ ကိုယ် ဆိုတဲ့လူကို တခြားလူတစ်ယောက်အနေနဲ့သာ ဆက်ဆံပတ်သက်ရမယ်ဆို ဘယ်လိုနေမလဲ။ ပျော်မလား။ စိတ်ညစ်မလား။ ဘယ်အချက်တွေဆို မကြိုက်ဘူးလဲ။ ပြီ်းရင်တော့ အဲဒါတွေကို ပြင်ဆင်ကြည့်ပါ။ Be the type of person you want to meet ဆိုတဲ့ စကားအတိုင်း၊ ကိုယ်ဆုံတွေ့ချင်တဲ့ လူပုံစံမျိုး ကိုယ်တိုင် ဖြစ်အောင်လုပ်ပါ။


ဒေါက်တာ ဖြိုးသီဟ

၃၁.၈.၂၀၂၀


(မှတ်ချက် - အခွင့်အလမ်းဂျာနယ်တွင် ဖော်ပြပြီးသော ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်။)


(Zawgyi) 

“ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ္တိုင္ေရာ ျဖစ္ေနရဲ့လား”




ခုတေလာ သိပ္ႀကိဳက္မိေနတဲ့ အဆိုအမိန႔္ေလးတစ္ခု ရွိပါတယ္။ ဘယ္သူ ေျပာခဲ့မွန္းေတာ့ မသိပါဘူး။ အဲဒါေလးက ဘာလဲဆိုေတာ့ 


Be the type of person you want to meet. 


ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ့္ကိုယ္ကိုယ္ ျဖစ္ေအာင္ လုပ္ပါတဲ့။ 


ဖတ္ဖတ္ရခ်င္း အေတာ္ေလးလည္း သေဘာက်မိသြားသလို ကိုယ့္ကိုယ္ကိုယ္လည္း ျပန္သုံးသပ္မိပါတယ္။ ငါေရာ ငါ ဆုံေတြ႕ဆက္ဆံခ်င္တဲ့သူမ်ိဳး ျဖစ္ေနရဲ့လားေပါ့။ အဲ့လို စဥ္းစားၾကည့္လိုက္တဲ့အခါ ကိုယ့္ရဲ့ အားနည္းခ်က္ေတြလည္း ျမင္လာမိတယ္။ 


ဒါေၾကာင့္ ဒီေဆာင္းပါးမွာ ကၽြန္ေတာ္ ဆုံေတြ႕ခ်င္တဲ့ လူပုံစံ၊ တစ္နည္းအားျဖင့္ ကၽြန္ေတာ္ တန္ဖိုးထားတဲ့ ကိုယ္ရည္ကိုယ္ေသြး ၁၀ မ်ိဳးကို ေျပာျပခ်င္ပါတယ္။ တျခားအခ်က္ေတြလည္း ရွိပါေသးတယ္။ ကၽြန္ေတာ္ သေဘာအက်ဆုံး ၁၀ ခ်က္ကို ေျပာျပထားတာပါ။


၁။ ခ်ဥ္းကပ္လြယ္ျခင္း (Approachable)


ျပႆနာတစ္ခုခု ျဖစ္ရင္ ဖြင့္ေျပာရဲတယ္။ ေၾကာက္ေနစရာ မလိုဘူး။ မာနမႀကီးဘူး။ အဆင့္အတန္း မခြဲဘူး။ ခင္မင္ႏွစ္လိုဖြယ္ ေကာင္းတယ္။ အျမဲျပဳံးရႊင္ေနတဲ့ မ်က္ႏွာထား ရွိတယ္။ အဲ့လိုလူေတြနဲ႔မို့ တြဲလုပ္ရရင္ လူက ေပါ့ပါးၿပီး ေပ်ာ္ေနေရာ။


၂။ ေလးစားမွု ထားျခင္း (Showing respect)


အသက္ႀကီးတာ၊ ငယ္တာ၊ ခ်မ္းသာတာ၊ ဆင္းရဲတာ၊ ပညာတတ္တာ၊ မတတ္တာ၊ ရာထူးႀကီးတာ၊ ငယ္တာေတြနဲ႔ မဆိုင္ဘဲ လူတိုင္းအေပၚ ေလးစားမွု ထားတယ္။ ေခၚတာ ေဝၚတာ သုံးႏွုန္းတာက အစ ေလးစားမွု ထားမွန္း သိသာတယ္။ လူတိုင္းဟာ တန္ဖိုးကိုယ္စီ ရွိၾကတယ္လို့ ခံယူထားတယ္။ အဲ့လိုလူေတြနဲ႔ ဆုံလိုက္ရင္ နဂိုရွိေနတဲ့ ေလးစားမွုထက္ကို ပိုၿပီး ေလးစားမိသြားတယ္။


၃။ ကိုယ္ပိုင္စည္းကမ္းနဲ႔ ေနတတ္ျခင္း (Self-disciplined)


ဒါေလးကလည္း သိပ္အေရးႀကီးတယ္။ ေျပာတာ၊ ဆိုတာ၊ ေနတာ၊ ထိုင္တာကအစ သပ္ရပ္တယ္။ အခ်ိန္တိက်တယ္။ ေလးနက္တယ္။ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္နိုင္စြမ္း ရွိတယ္။


၄။ ယုံၾကည္ရျခင္း (Trustworthy)


ေငြေၾကးအရတင္ မဟုတ္ဘူး။ ေျပာထားတဲ့ စကားတည္တာ၊ တာဝန္ယူ၊ တာဝန္ခံတတ္တာ၊ အလုပ္မွာ အမွားအယြင္းနည္းတာ၊ ဒါေတြပါ ပါဝင္ပါတယ္။


၅။ ကူညီတတ္ျခင္း (Helpful)


ဘဝမွာ ကိုယ့္ကို ကူညီေပးခဲ့သူေတြ အမ်ားႀကီးပါ။ လမ္းသြားရင္း ေနရာရွာမေတြ႕လို့ ေမးလိုက္တာ စိတ္ရွည္လက္ရွည္နဲ႔ ေဖာ္ေဖာ္ေရြေရြ ေျဖေပးသူကစလို့ အလုပ္ကိစၥမွာ ကိုယ္မသိလို့ ေမးတာကို ေျဖေပးသူ၊ အဆက္အသြယ္ မရွိလို့ ေမးတာကို ခ်ိတ္ေပးလိုက္သူ စသျဖင့္ ၾကဳံဖူးၾကမွာပါ။ သိပ္ေက်းဇူးတင္ရပါတယ္။ သူတို့လိုလူမ်ိဳး ကိုယ္လည္း ျဖစ္ခ်င္မိတယ္။


၆။ စိတ္ရွည္သည္းခံျခင္း (Patient)


တခုခုဆို လက္ေလၽွာ့လြယ္ရင္လည္း ကၽြန္ေတာ္ သေဘာမက်ဘူး။ ျပႆနာနည္းနည္းေလး တက္လိုက္ရင္ကို ဆက္မလုပ္ေတာ့တာ၊ ခဏေလးနဲ႔ ေအာင္ျမင္ခ်င္တာ၊ ဒါေတြကလည္း ကၽြန္ေတာ္ မႀကိဳက္တဲ့အခ်က္ထဲမွာ ပါပါတယ္။


၇။ စြမ္းအားျပည့္ဝျခင္း (Energetic)


အပင္ပန္းမခံနိုင္တာ၊ နည္းနည္းကေလး အိပ္ေရးပ်က္လိုက္တာနဲ႔ ဖ်ားတာ၊ ထမင္းစားခ်ိန္ေလး ေနာက္က်ရင္ေတာင္ မရတာ၊ အဲ့လို ေပ်ာ့တဲ့သူေတြနဲ႔ဆို တစ္ခါတစ္ေလ တြဲလုပ္ရတာ အဆင္မေျပပါဘူး။ ေရာဂါတခုခု ရွိလို့ဆိုလည္း ထားပါ။ အဲ့လိုမဟုတ္ရင္ေတာ့ ခပ္မာမာနဲ႔ အလုပ္လုပ္နိုင္သူ ျဖစ္ဖို့ လိုပါတယ္။


၈။ ဉာဏ္ရည္ျမင့္ျခင္း (Intelligent)


ဒါလည္း ရွင္းပါတယ္။ ေခတ္စကားနဲ႔ ေျပာရရင္ တအားပိန္းလြန္းတာ၊ မစဥ္းစားတတ္တာ၊ ဘာကိုမဆို အယုံလြယ္တာေတြက အေတာ္ေလး စိတ္ပ်က္စရာ ေကာင္းလြန္းပါတယ္။


၉။ အလုပ္ႀကိဳးစားျခင္း (Hardworking)


ဒါကလည္း သိပ္သေဘာက်စရာ ေကာင္းတဲ့ အခ်က္ပါပဲ။ အလုပ္လုပ္ဖို့၊ ႀကိဳးစားဖို့ လိုပါတယ္။ ပ်င္းေနမယ္၊ ကိုယ့္ကိုယ္ကိုယ္ ညႇာေနမယ္ဆို အဆင္မေျပပါဘူး။ 


၁၀။ ဇြဲေကာင္းျခင္း (Persistent)


တစ္ခုခု လုပ္ၿပီဆို မျဖစ္ျဖစ္ေအာင္ လုပ္တာ သေဘာက်တယ္။ အေသးစိတ္ေတြအစ ဂ႐ုစိုက္တယ္။ အဲဒါေတြ မျပည့္စုံရင္ အလြယ္တကူ မလႊတ္ေပးလိုက္ဘူး။ မရရေအာင္ ထပ္လုပ္တယ္။


ဒီအခ်က္ေတြကေတာ့ ကၽြန္ေတာ္ သေဘာက်မိတဲ့ အခ်က္ေတြပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ တူမယ္ မထင္ဘူး။ ဒါေၾကာင့္ ဒီေဆာင္းပါးေလး ဖတ္ၿပီးရင္ ကိုယ္ႏွစ္သက္တဲ့ အခ်က္ေတြကို ခ်ေရးၾကည့္ပါ။ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္သုံးသပ္ၾကည့္ပါ။ ကိုယ္ ဆိုတဲ့လူကို တျခားလူတစ္ေယာက္အေနနဲ႔သာ ဆက္ဆံပတ္သက္ရမယ္ဆို ဘယ္လိုေနမလဲ။ ေပ်ာ္မလား။ စိတ္ညစ္မလား။ ဘယ္အခ်က္ေတြဆို မႀကိဳက္ဘူးလဲ။ ၿပီ္းရင္ေတာ့ အဲဒါေတြကို ျပင္ဆင္ၾကည့္ပါ။ Be the type of person you want to meet ဆိုတဲ့ စကားအတိုင္း၊ ကိုယ္ဆုံေတြ႕ခ်င္တဲ့ လူပုံစံမ်ိဳး ကိုယ္တိုင္ ျဖစ္ေအာင္လုပ္ပါ။


ေဒါက္တာ ၿဖိဳးသီဟ

၃၁.၈.၂၀၂၀


(မွတ္ခ်က္ - အခြင့္အလမ္းဂ်ာနယ္တြင္ ေဖာ္ျပၿပီးေသာ ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္။)

No comments: