Saturday, September 19, 2020
Samsung Galaxy Note 20 Review
Samsung Galaxy Note 20 Review : A Plastic Love
ရေးမယ်ဆိုပြီး မရေးဖြစ်တော့တဲ့ Device တစ်ခုဖြစ်တော့မယ့် Galaxy Note 20 က အခုမှ စိတ်ထဲပြောချင်တာတစ်ခုပေါ်လာတာနဲ့ ရေးဖြစ်ပါတယ်။ Galaxy Note 20 က Maybe ကိုယ်တိုင်သုံးလို့ကောင်း၊ ဒါကလည်း Daily Driver အနေနဲ့ သုံးဖို့အထိကို ကောင်းကောင်းသုံးနိုင်ပြီးတော့ ရေရှည်ကိုယ်တိုင်သုံးဖို့၊ Recommned ပေးဖို့မဖြစ်နိုင်တဲ့ ဖုန်းတစ်လုံးဆိုရင်လည်းမမှားပါဘူး။
So, yeah… It’s just one of those plastic loves. (Pun intended)
But… wait.
ဘာလို့ ကျွန်တော်တို့ Galaxy Note 20 ကို သုံးရတာသဘောကျမိတာလဲ? ပြောရရင် ဒါက Bad Reputation ရထားတဲ့ဖုန်းမဟုတ်ဘူးလား? ဘာလို့ Huawei P40 Pro လိုမျိုး ဖုန်းထက်တောင် ပိုပြီး Daily သုံးနိုင်တဲ့အဆင့်ဖြစ်နေရတာလဲ?
အဖြေက ပြောရရင် Illogical ဖြစ်နေတဲ့အကြောင်းပြချက်တွေပဲ ပေးနိုင်ပါလိမ့်မယ်။ Exynos 990 Chipset တွေ၊ Polycarbonate Plastic Body တွေ၊ 60Hz FHD+ Display ဆိုတာတွေက ဒီ Note 20 ကို မကောင်းပြောဖို့ Logical ကျတဲ့ အကြောင်းပြချက်တွေဆိုပေမယ့် သုံးရတာကောင်းတယ်ဆိုတဲ့ဘက်မှာတော့ ဘာမှအကျိုးအကြောင်းသင့်တဲ့ အကြောင်းပြချက်တစ်ခုမှမရှိနေပါဘူး။
အဲ့တော့ စကြတာပေါ့။
Design
Samsung Galaxy Note 20 ဖုန်းက Note 10 ရိုးရိုးလောက်မဟုတ်ပေမယ့် အဲ့လောက်နီးနီးကို ကြိုက်မိ၊ ဒီနှစ်ရဲ့ Foldable မဟုတ်တဲ့ Flagship ဖုန်းတွေထဲမှာ အကြိုက်မိဆုံး Design ပါ။ Impression တုန်းက ပြောသလိုမျိုးပဲ Note 20 Design က ကျွန်တော်တို့အတွက် Note 20 Ultra ထက်တောင် ပိုသဘောကျမိပါတယ်။
ဒါက ရိုးရှင်းတယ်ဆိုတာကြောင့် အဓိကဖြစ်ပါလိမ့်မယ်။ နောက်ဖက်က Camera Design က Camera Bump အရရော၊ ပြီးတော့ Design ပိုင်းအရရော Simple ဖြစ်ပြီး Minimal ဖြစ်လွန်းတယ်။ ရလိုက်တဲ့ ဒီ Mystic Green က Fan ဖြစ်တဲ့အထိတော့ မကြိုက်ပေမယ့် Minimal ဖြစ်နေပြီး လက်ထဲကိုင်ရတာသဘောကျဖို့ကောင်းနေတယ်။
And…wait again. လက်ထဲကိုင်ရတာ သဘောကျဖို့ကောင်းတယ်? ပလတ်စတစ်ဖုန်းတစ်လုံးက ဘာလို့ကိုင်ရကောင်းရမှာလဲပေါ့။ ဒါပေမယ့် ကိုင်ရတာတော်တော်လေးကို ကောင်းတဲ့ဖုန်းတွေထဲမှာ ပါတယ်ဆိုတာကတော့ ငြင်းလို့မရဘူး။
ဒါပေမယ့် ဒါက Note 20 Ultra Mystic Brown လိုမျိုးမှာပါတဲ့ Soft Touch Texture တို့ တခြား Glass Back နဲ့ဖုန်းတွေမှာရတဲ့ Texture နဲ့တော့ မတူဘူး။ ပြောရရင် Premium ဆန်တဲ့ Feeling ကိုတော့ သုံးတာကြာလေ၊ ကိုင်နေတာကြာလေ ပြန်မရတာတော့ သေချာတယ်။ ဒါပေမယ့် တဖက်ကကြည့်ရင် စျေးကို မကြည့်ပဲ ကိုင်ရတဲ့ Feeling တစ်ခုထဲကြည့်ရင်တော့ ကိုင်လို့အဆင်ပြေတယ်၊ ဒါပေမယ့် ဒီ ၁၃ သိန်းတန်လောက်အတွက်ကတော့ ကိုင်တာကြာလေ Premium ဆန်တယ်၊ ပေးရတဲ့စျေးနဲ့ တန်တယ်ဆိုပြီး မဖြစ်နေတာကလည်း အမှန်ပဲ။
ပြီးတော့ လေးလားဆိုတော့လည်း သိသိသာသာမပေါ့နေဘူးဆိုပြီး ပြန်ဖြေရလိမ့်မယ်။ ပုံမှန်လောက်ပဲဆိုပေမယ့် ကိုင်ရတာ အဆင်ပြေတယ်၊ ပေါ့သလိုခံစားရတယ်။
ဒီ Design ပိုင်းမှာကတော့ S Pen ကို ညာဘက်ကနေ ဘယ်ဘက်ကို ပြောင်းလိုက်တာကလွဲရင် ကျန်တဲ့ပြစ်ချက်မရှိဘူးလို့ ပြောလို့ရတယ်။ ဒါကတော့ Physical ပိုင်းအရ၊ Psychological ပိုင်းအရတော့ ၁၃ သိန်းတန်ဖုန်းဖြစ်နေပြီးတော့ Plastic ဖုန်းဆိုတာက ကိုင်တာကြာလေ သိသာလေဖြစ်နေပြီး စိတ်ကပါ ပိုအဆင်မပြေဖြစ်လာတာရှိမယ်။
Display
I don’t know why… but Samsung က Galaxy Note 20 မှာ ကျိန်းသေ FHD+ ကိုပဲ ပေးသုံးမယ်ဆိုရင် မနှစ်တုန်းက Note 10 လိုမျိုး 6.7” အစား 6.3” လောက်ပဲ Display Size ကို ထားသင့်တယ်လို့ မြင်တယ်။ အခုကြတော့ ဒီ Display Size ကို Full-on Note ဖုန်းတစ်လုံးအတိုင်းလုပ်လိုက်တာက အားသာချက်ထက် အားနည်းချက်အကြီးကြီး ၂ ခုဖြစ်သွားတယ်။
ပထမဆုံးအားနည်းချက်က ဒီ Resolution – Full HD+ ဆိုတာက ပုံမှန် Standard တော့ဖြစ်နေတုန်းပဲ။ ဒါပေမယ့် Samsung Flagship ဖုန်းအနေနဲ့ကတော့ မဖြစ်သင့်သလို ဒီ 6.7” Size ဖုန်းမှာ သိသာလာတဲ့အားနည်းချက်ဖြစ်လာတယ်။ ဘယ်လိုပဲ Battery စား ပိုသက်သာမယ်တို့၊ ကြည့်နေတဲ့ Content တွေက QHD+ ရှိတာနည်းတယ်တို့၊ Data စားသက်သာတယ်ဆိုတဲ့ ကြောင်တောင်တောင် အကြောင်းပြချက်တွေက Bulls**t တွေလို့တောင် ဖြစ်နေတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း 4K မပြောနဲ့ 8K Video Stream ကိုတောင် လက်ခံနိုင်တဲ့ 90Mbps Fiber ရှိနေတယ်၊ Laptop မှာတောင် 4K မရတဲ့ Display လည်း YouTube ကို 4K နဲ့ဖွင့်မိနေတယ်၊ ပြီးတော့ Netflix လိုမျိုးလည်း 4K Suscription ရှိနေတယ်၊ ကျွန်တော်တို့တင်မဟုတ်ပဲ ဒီ အလားတူ ၁၃ သိန်းလောက်ကို ဖုန်းလေးတစ်လုံးအတွက် သုံးနိုင်တဲ့သူတွေမှာလည်း ဒီ Facilities တွေဆိုတာက ရှိနေဖို့ ကျိန်းသေသလောက်ပဲ၊ အဲ့တော့ ဘာကြောင့် Full HD+ ကို Flagship စျေး၊ Screen Size အကြီးနဲ့ Note ဖုန်းမှာ သုံးနေရမှာတုန်း Samsung ရယ်…။
ပိုပြီး ဒီ Resolution မှာ အားနည်းချက်ဖြစ်သွားတာက အရှေ့က S20 Series ဖုန်း ၃ လုံးစလုံးကို QHD+ သုံးပေးထားလိုက်တာ… Consistency မရှိ၊ Note Series ကို ပြန်သတ်ချင်နေတဲ့ Note 20 ဆိုတာကလွဲ စကားပျောက်။
Actuall, nope. ထပ်ပြောရမယ့် အားနည်းချက်တစ်ခုရှိပါသေးတယ်၊ အဲ့ဒါက Refresh Rate ပါ။ Full HD+ အထိ ဖြတ်ချပြီးပြီပဲ၊ 120Hz Refresh Rate ပေးနိုင်လားဆိုတော့လည်း မဟုတ်။ ဒါက ပုံမှန် Note 10 လိုမျိုး 6.3” လောက်၊ ဒါမှမဟုတ် သုံးနေတဲ့ Pixel 3 5.5” လောက်ဆိုရင် 60Hz ဖြစ်တာက အရမ်းသိသာမှာတော့မဟုတ်၊ ဒါပေမယ့် Note 20 က 6.7” ကိုမှ 60Hz ဖြစ်နေပြီး ဒီ Screen Size လောက်ရှိတဲ့ P40 Pro ကို 90Hz နဲ့ ယှဥ်သုံးဖြစ်တော့ မတရားကို ပိုသိသာသွားတယ်။ Screen Size ပိုကြီးသွားတယ်၊ Viewing Area ပိုသွားသလိုပဲ High Refresh Rate ဖြစ်ခဲ့ရင် ပို Smooth ဖြစ်မယ်ဆိုတာကလည်း ပိုသိသာသွားတယ်။
ကျန်တာကတော့ Screen Quality တွေ၊ Brightness တွေ၊ Color Accuracy တွေက Samsung Flagship ဆိုတဲ့အတိုင်း တော်တော်ကို ကောင်းတယ်၊ ပုံမှန် Social Media တစ်ခါတလေဝင်စစ်ရုံ၊ ဖုန်းသုံးရုံ၊ Map တို့ Foodpanda တို့ Grab တို့လောက်ပဲ သုံးဖြစ်တဲ့ ကျွန်တော်တို့အတွက်ကတော့ ဘာပြဿနာမှမရှိ။
So, this is not the end of the world ပေါ့…။
ဒီ Display မှာ ထပ်ပြောချင်တာက ဒီ Curved မဟုတ်တဲ့ Flat Display ပါ။ Personally ကတော့ Galaxy S20+ တုန်းက Flat မကျ၊ Curved မကျ Display ကိုပဲ ကြိုက်မိလို့လားမသိ၊ Note 20 ရဲ့ Flat Display ကို သဘောကျမိပေမယ့် ဒီစျေး၊ ဒီလို Screen Size ကြီးတဲ့ Note Series ဖုန်းအနေနဲ့ကြတော့ တမျိုးဖြစ်မိတယ်။ အောက်ဖက်ဘောင်တွေရော၊ ဘေးဘက်တွေရော၊ အပေါ်ဘက်ရော အကုန်လုံး Symmertical မဖြစ်နေတာကလွဲရင် တော်တော်လေးကိုပါးတယ်။ Punch-hole Selfie Camera ဆိုလည်း Noti Bar ထဲဝင်နေတဲ့အထိသေးတယ်။ ဒါပေမယ့် Curved ဖြစ်လိုက်ရင် Note Series Flagship ပိုပီသမယ်ဆိုပြီး မြင်မိနေတုန်းပဲ။
အဲ့တော့ Display က Samsung Flagship ဖုန်းတိုင်းမှာ ပြောနေကြ Media Consumption အတွက် ကောင်းတယ်ဆိုတာက ဒီ Full HD+ ဖြစ်သွားတော့ ပြောမရတော့ဘူး၊ သုံးလို့ကောင်းတယ်အတွက်ကလည်း 120Hz မရတာက ဖျက်နေတယ်။ အဲ့တော့ ဘာကောင်းသေးလဲဆိုတော့ အနည်းဆုံးကမ္ဘာမပျက်သေးဘူးပေါ့ ဆိုတာက အလိုက်ဖက်ဆုံးအဖြေဖြစ်နေလိမ့်မယ်။
Camera
ဒီအပိုင်းကတော့ ဖြစ်နိုင်ရင် မရေးပဲ ကျော်သွားဖြစ်မယ့် Section တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ Galaxy Note 20 ရဲ့ Camera Setup က S20+ အတိုင်း လုံးဝတူတူနီးပါးဖြစ်နေလို့ပါ။ ပုံမှန် Daytime မှာ Primary နဲ့ Ultrawide နဲ့ရိုက်ရင် တော်တော်လေးကို Flagship Qualtiy ရှိတဲ့ ပုံတွေထွက်မယ်၊ 64MP ကို Crop ချတဲ့ Telephoto Sensor ကတော့ 3x ကနေ 30x Zoom Range အကုန်လုံးမှာ အားမရဖြစ်နေတာကလည်း အမှန်ပဲ။
ဒါပေမယ့် အားမရဘူးဆိုပေမယ့် S20+ ထက်တော့ အကုန်လုံးမှာ နည်းနည်းပို Improve ဖြစ်လာတာလည်း အမှန်ပဲ။ Daytime မှာတော့ မသိသာပေမယ့် Lowlight ပိုင်းနဲ့ Color ပိုင်းမှာတော့ နည်းနည်းပိုကောင်းလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ဆိုတာက Keyword မဖြစ်တော့ပဲ တူတူနီးပါးပဲလို့ပဲ ပြောတာကတောင် ပိုမှန်တာပါ။
Maybe, Camera ပိုကောင်းတာလိုချင်ရင် Note 20 Ultra ပဲ ရွေးခိုင်းတာလည်းဖြစ်နိုင်တာပေါ့။
မကြိုက်တာတစ်ခုကတော့ AR Measure တွေကောင်းကောင်းသုံးလို့ရတဲ့ ToF Sensor မပါတော့တာပါ။ Note 20 Ultra လိုမျိုး Laser Autofocus လည်းမလိုတော့ ToF လည်း ဆက်ထည့်ပေးရင်ကောင်းမယ်ဆိုပေမယ့် Samsung က လုံးဝဖြုတ်ချလိုက်တာကတော့ တခါတလေ ပြန်လိုချင်မိတဲ့ Feature တစ်ခုပါ။
The Experience
Samsung Flagship ဖုန်းတိုင်းလိုလို ပြောနေကြပါပဲ။ ဒီ Samsung ဖုန်းတွေက OneUI ပြောင်းပြီးနောက်ပိုင်း ဘယ်လိုပဲ Overpriced ဖြစ်နေတယ်တို့၊ Camera က DxOMark မှာ Xiaomi ကို မမှီဘူးပဲပြောပြော… Daily ကောင်းကောင်းသုံးလို့ရတဲ့ဖုန်းတွေပါ။ သုံးရတဲ့ User Experience ပိုင်း ပြစ်ချက်ကြီးကြီးမာမားမရှိပဲ အဆင်ပြေတယ်၊ အခု Galaxy Note 20 မှာ ပိုတောင် သဘောကျမိတဲ့အချက်တွေရှိလာတယ်။
ဒီ User Experience ဆိုတဲ့နေရာမှာ Exynos 990 ဆိုတဲ့ Chipset ထက် စသုံးဖို့ Setup လုပ်ထဲကနေ လုံးဝပုံမှန် Daily Driver လုပ်နေတဲ့အထိ သုံးနေရတဲ့ Experience ကို ပိုပြောချင်ပါတယ်။ ပြောရရင် Setup လုပ်ရတာ Pixel ကနေ Pixel ပြောင်းသလိုမျိုးတော့ Google Backup & Restore ကို ပေးမသုံးဘူး၊ အဲ့အစား Samsung ရဲ့ Smart Switch App နဲ့က တော်တော်အဆင်ပြေတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ Android ဖုန်းတွေထဲမှာ Home Screen Layout ၊ Wi-Fi Password တွေ၊ တခြား System Setting တွေပါ ပြန်ရတဲ့ Pixel ကိုတော့ ပိုကြိုက်မိနေတုန်းပဲ။
ပြီးတော့ သုံးမယ်ဆိုတော့လည်း Google Account က ပုံမှန်အတိုင်းထည့်လို့ရတာတွေ၊ Mail နဲ့ တခြား Notification နောက်မကျတာတွေ၊ Google Photos ကလည်း Background Sync ရတာတွေက သုံးရတာ အဆင်ပြေတယ်။ Samsung OneUI Setting ကလည်း အောက်ဖက်မှာ Related တွေကို Suggest လုပ်ပေးတာက အသုံးဝင်တယ်၊ (ဥပမာ – Display Setting ထဲရောက်နေရင် သီးသန့် မလိုပဲခွဲထုတ်ထားတဲ့ AOD ကို Suggest ပေးတာမျိုး) ပုံမှန် Samsung Stuff တွေပဲ၊ ဒါပေမယ့် Daily ကောင်းကောင်းကို သုံးလို့ရတယ်။
ကောင်းကောင်းသုံးလို့ရတာကနေ သုံးရတာမတရားပျော်ဖို့ကောင်းသွားတာက Laptop နဲ့ Microsoft Your Phone ကို သုံးပြီး ချိတ်ထားလိုက်ရင်ပါ။
ပြောရရင် ပုံမှန်လည်း Your Phone က သုံးနေကြ App ပဲ၊ ဒါပေမယ့် Note 20 လိုမျိုး Samsung Flagship ဖုန်းနဲ့ ချိတ်လိုက်ရင် အများကြီး ပို Powerful ဖြစ်သွားတယ်။
ဒါက ဘာတွေလဲဆိုရင် Files တွေကို Cable နဲ့ ချိတ်နေစရာမလိုပဲ Drag & Drop လုပ်ပြီး စိတ်ကြိုက်ကူးလို့ရတယ်၊ Transfer Speed က အမြန်ကြီးမဟုတ်ပေမယ့် ပုံမှန် File ကူးတာကလည်း Word File တို့၊ ဓါတ်ပုံတို့ဆိုတော့ တော်တော်အဆင်ပြေတယ်။ ပြီးတော့ Text တွေကိုပါ Device တစ်ခုကနေ တစ်ခုကို Copy, Paste လုပ်လို့ရတာက တော်တော်ကို အသုံးဝင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဖုန်းဆိုတာက Laptop မှာ မလုပ်နိုင်တဲ့ ကိစ္စရှိမှသာ ကိုင်ဖြစ်တာဆိုတော့ ဒီလိုမျိုး ဖုန်းကနေ Bank Account Copy လိုက်ပြီး Laptop မှာ Paste လုပ်နိုင်တာမျိုးတွေက တကယ်ပို Productive ဖြစ်တယ်။
နောက်ထပ် Galaxy Note 20 မှာ အသစ်ပါလာတာက Note 20 က App တွေကိုပါ Your Phone ကနေ Laptop မှာ သုံးလို့ရတာပါ။ ဒါက It Sounds like Huge Deal ဆိုပေမယ့် မှန်းထားသလောက်ထိ အသုံးမဝင်နေပါဘူး။ အဓိကက မှန်တယ်၊ App တွေကို သီးသန့် Windows တစ်ခုအနေနဲ့ ဖွင့်ထားလို့ရတယ်၊ အဲ့ App ကို Mouse နဲ့ သုံးတာတို့၊ စာရိုက်တာတို့ လုပ်လို့ရတယ်။ ကြည့်လိုက်ရင်တော့ အဆင်ပြေလောက်တဲ့ပုံစံပဲ။
ဒါပေမယ့် အဆင်မပြေတာက တစ်ခါဖွင့်ရင် App တစ်ခုပဲ ပေးသုံးတာ၊ ဒါက ဖုန်းထဲက App ၂ ခု ဒါမှမဟုတ် ၂ ခုအထက်ကို Laptop မှာ Parallel ဖွင့်ထားချင်ရင် အဆင်မပြေဘူး။ နောက်တစ်ခုက စာရိုက်ရင်ပါ၊ ပုံမှန် Eng လိုကတော့ အေးဆေးပဲ၊ ဒါပေမယ့် MM မှာကြတော့ Unicode လည်း ရိုက်မရဘူး။ အဲ့တော့ ဒါက ဥပမာ WhatsApp လိုမျိုး ဖုန်းမှာပဲရတဲ့ Messaging App တွေမှာ ပြန် Reply ချင်တာမျိုး ဆိုရင်အဆင်မပြေသလိုဖြစ်လာတယ်။ ဘာပဲဖြစ်ဖြစ် ဒီ ၂ ခုထဲက ၁ ခုလောက်ပဲ အဆင်ပြေသွားရင် ဒီအချက်နဲ့တင် Productivity ပိုင်းပိုကောင်းလာတာနဲ့ Note 20 လို Samsung Flagship ဖုန်းတွေဝယ်ဖို့ထိ စဥ်းစားမိနိုင်တယ်။
Productivity အကြောင်းစလိုက်တော့ Main Highlight တစ်ခုကို ဆက်ပြောတာပေါ့။
S Pen
S Pen က ဒီ Note 20 မှာတော့ Note 20 Ultra လောက်ထိ 9ms Latency မရဘူး၊ ဒါပေမယ့် 27ms လားဆိုတာက ကျွန်တော်တို့လို ကြောင်ခြစ်တဲ့သူတွေအတွက်ကတော့ မသိသာဘူး၊ သုံးရတာ အဆင်ပြေပြီး သွက်နေတုန်းပဲ။ အဲ့တော့ S Pen က Artist တွေအတွက် ဘယ်လောက်ကောင်းတာဆိုပြီးလည်း ပြောသွားဖို့မရှိဘူး။
အဲ့အစား S Pen မှာ Gesture အသစ်တွေပါလာတယ်၊ ပြောရရင် Harry Potter ထဲကအတိုင်းကို Spell မျိုးစုံအတွက် လက်ကို ပုံစံမျိုးစုံလုပ်မှ ရတဲ့ Commend အသစ်တွေ၊ Default ကတော့ Back ၊ Home ၊ Recent ၊ Smart Select တို့ Screenshot တို့ဆိုပေမယ့် ပြန်ပြင်လို့ရတယ်။ ဒီ Gesture အသစ် ၅ မျိုးက မှတ်ရတာလွယ်မလိုရှိသလောက်တော်တော်လေးကို ခက်တယ်၊ ပြီးတော့ Input မှန်ဖို့ကလည်း Posture မှန်ဦးမှဆိုတော့ တော်တော်လေးကို အိမ်မှာလေ့ကျင့်ပြီးမှ အပြင်မှာထုတ်ကြွားလို့ရတဲ့ Feature ဖြစ်တယ်။ Pure Gimmick ပဲ၊ ဒါပေမယ့် Gesture တွေအလွတ်ရရင်တော့ တခါတလေအသုံးတည့်နိုင်တယ်။
နောက်တစ်ခုကတော့ S Pen ထက် Samsung Notes App ပါ။ ဒီ Handwriting တွေကို Text ပြောင်းပေးနိုင်တာလေးက တော်တော်လေးအသုံးဝင်တယ်၊ Maybe ဒါက Laptop မပါတဲ့၊ ဖုန်းမှာလည်း စာရိုက်ရတာ မမြန်တဲ့သူတွေအတွက်တော့ အဆင်ပြေကောင်းပြေနိုင်တဲ့ Feature တစ်ခုပါ။ ဒါပေမယ့် ဒီ S Pen ထုတ်ပြီး လက်ရေးချရေးတာထက်တော့ ကျွန်တော်တို့အတွက် Laptop မှာပဲ စာရိုက်ပြီး ချရိုက်လိုက်တာက ပိုမြန်နေတုန်းပဲ – Urgent မှတ်ချင်ရင်ကတော့ ဒီ Handwriting to Text က တော်တော်ကို အဆင်ပြေပြီး အသုံးဝင်တယ်။ Urgent မဟုတ်ရင်တော့ Why not just use a laptop?
ကျန်တာကတော့ ပြောစရာမရှိဘူး၊ ဒီ S Pen ရဲ့ Placement က ညာဘက်နေ ဘယ်ဘက်ဖြစ်သွားတာကိုတေ့ာ မကြိုက်တုန်းပဲ။ ပြီးတော့ ဒီ Gesture တွေ၊ Single Tap ၊ Double Tap တွေထက် S Pen ကို Pointer အနေနဲ့ သုံးလို့ရရင် တော်တော်လေးကို ပိုအဆင်ပြေလောက်တယ်။
Others
Battery Life is Great tho. စစခြင်းကတော့ ပုံမှန်သုံးတာကို OST ၆ နာရီကျော် ၇ နာရီလောက်ပဲရတယ်၊ ဒါပေမယ့် နည်းနည်းအသားကျလာတော့ ၇ နာရီနဲ့ ၈ နာရီလောက်က အေးဆေးရတယ်၊ တခါဆိုရင် Light Usage လည်းဖြစ်တော့ ၉ နာရီလောက်တောင် OST ရနေတုန်းပဲ။ Huawei P40 Pro လောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်ရက်ကတော့ အေးဆေးကို သုံးလို့ရတယ်။
ဒါပေမယ့် ဒီ Battery Life ကို QHD+ or High Refresh Rate နဲ့ လဲနိုင်မလားဆိုရင် Absolutely YES ပါ။ OST ၂ နာရီလောက် ပြန်ပေးလိုက်ပြီး ဒီလိုမျိုး Flaship Feature ဆိုတာက ကျိန်းသေလဲနိုင်တယ်။ အားသွင်းမြန်ခဲ့ရင်ပေါ့။
Charging Speed ကတော့ Samsung ကနေ 25W Fast Charger Provide မလုပ်ပေးတော့ မစမ်းဖြစ်လိုက်ဘူး။ ပုံမှန် Charger နဲ့ကတော့ 15W လားပဲဆိုတော့ ၂ နာရီလောက်သွင်းရမယ်။
So?
Samsung Galaxy Note 20 ရှိနေတယ်ဆိုတာက ကျွန်တော်တို့အမြင်ကတော့ နောက်ထပ် ၃ သိန်းကျော် ပိုပေးရတဲ့ Note 20 Ultra ပိုရောင်းရဖို့အတွက်လို့ပဲ မြင်ပါတယ်။ သုံးလို့အဆင်ပြေတယ်၊ Battery Life ကောင်းတယ်၊ Camera Flagship အဆင့်ရှိတယ်ဆိုပေမယ့် ဒီစျေးမှာ လက်ခံဖို့တော်တော်ကို ခက်သလို ညွှန်းဖို့လည်း တော်တော်ခက်ပါတယ်။
Maybe ဒီပြဿနာတွေက Galaxy Note 10 တုန်းက ပြောခဲ့သလိုမျိုးပဲ Galaxy Note 20e တို့၊ Note 20 Lite ဆိုပြီး နာမည်ပြောင်းလိုက်၊ စျေးကို အနည်းဆုံး ၃ သိန်းလောက် လျော့လိုက်ရင် ဖြေရှင်းနိုင်ပြီး Recommend တောင် ပေးမိမယ့်ဖုန်းပါ။
အခုကြတော့ ဒီရက်ပိုင်းလောက် Review Unit အလကားရလိုက်တဲ့အချိန်မှာ စမ်းသုံးတယ်၊ Daily Driver အဖြစ်လည်း သုံးလို့အဆင်ပြေတယ်၊ သုံးရတာသဘောကျတယ်၊ ဒါပေမယ့် ကိုယ်တိုင် ရေရှည်သုံးဖို့ရော၊ ၁၃ သိန်းလောက်အကုန်ခံပြီး ဝယ်ပါ ဆိုပြီး ညွှန်းဖို့ရော ခက်လာတဲ့ Plastic Love ဆန်ဆန်ဖြစ်တာနဲ့ပဲ အဆုံးသတ်ပါတယ်။
So, that’s it.
(Zawgyi) 
Samsung Galaxy Note 20 Review : A Plastic Love
But… wait.
အဲ့တော့ စကြတာပေါ့။
Design
Display
Camera
The Experience
S Pen
Others
So?
Maybe ဒီပြဿနာတွေက Galaxy Note 10 တုန်းက ပြောခဲ့သလိုမျိုးပဲ Galaxy Note 20e တို့၊ Note 20 Lite ဆိုပြီး နာမည်ပြောင်းလိုက်၊ ဈေးကို အနည်းဆုံး ၃ သိန်းလောက် လျော့လိုက်ရင် ဖြေရှင်းနိုင်ပြီး Recommend တောင် ပေးမိမယ့်ဖုန်းပါ။
So, that’s it.
#TechGadgetMM
No comments: