Sunday, September 29, 2019
Digital Marketing သမားတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်း (၇) ခု"
Digital Marketing ဟာ ယနေ့ခေတ်မှာတော့ မရှိမဖြစ်လိုအပ်လာတဲ့ Marketing နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလို မရှိမဖြစ်လိုအပ်လာတဲ့အပြင် မြန်မာနိုင်ငံမှာ သင်တန်းတွေဘာတွေလဲ ရေရေရာရာမရှိသေးတဲ့အခါ ဒီနေရာဟာ တကယ်ကျွမ်းကျင်ခဲ့ရင် တကယ်ကိုလစာကောင်းကောင်းနဲ့ အဆင်ပြေစေနိုင်တဲ့ နေရာတစ်ခု ဖြစ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် Digital Marketing သမားအဖြစ်နဲ့ အသက်မွေးချင်တဲ့ လူငယ်များအတွက် Digital Marketer တစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်း (၇) ခုကို ရေးသားပေးလိုက်ပါတယ်။
(၁) သိချင်မှု
ဟုတ်ပါတယ်။ ပထမဆုံး လိုအပ်တဲ့ အရည်အချင်းကတော့ သိချင်မှုပါ။ အရာရာကို သိလိုစိတ်ရှိရပါမယ်။ ငယ်ငယ်တုန်းကလိုပေါ့။ ကောင်းကင်ကြီးက ဘာလို့ ပြာတာလဲ၊ မိုးက ဘာလို့ရွာတာလဲ စသဖြင့် ကလေးသဘာဝ မေးမိတတ်တယ်မဟုတ်လား။ Digital Marketer တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီလိုမေးခွန်းမျိုးတွေ ပြန်မေးတတ်ရပါတယ်။ ဒီ Brand က ဘာကြောင့် ဒီ Campaign ကို လုပ်တာလဲ၊ ဒီမေးခွန်းကို ဘာကြောင့် ဒီလိုပြန်ဖြေတာလဲ၊ ဒီ Post ကို ဘာကြောင့်တင်တာလဲ.. မေးပါ။ ကြည့်ပါ။ လေ့လာပါ။
(၂) တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
သေချာပါတယ်။ Digital Marketer တစ်ယောက်ဟာ တီထွင်ဖန်တီးနိုင်စွမ်း ရှိကိုရှိရပါမယ်။ ခုခေတ်လို Brand တွေအများအပြားက အပြိုင်အဆိုင်ကြော်ငြာနေကြတဲ့ခေတ်မှာ Creative မဖြစ်ရင်တော့ ကိုယ့်ရဲ့ Content ကို User တွေက ကျော်သွားမှာပါပဲ။ စိတ်တော့မပူပါနဲ့ .. Creative ဖြစ်ဖို့ဆိုတာ လေ့လာယူလို့ ရတဲ့ အရာပါ။
(၃) အချက်အလက် ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Analytic & Data Driven Metrics)
ယနေ့ခေတ်ဟာ Data ခေတ်ပါ။ အရင်ကလို သတင်းစာအစောင်ရေ (၁၀၀၀) မှာ ကြော်ငြာရမ်းထည့်လိုက်ကွာ၊ ဘယ်လောက်လောက် မြင်မလဲတော့ မသိဘူးပေါ့.. အဲလို လုပ်လို့မရတော့ပါဘူး။ ဒီသတင်းကို ဖတ်တဲ့သူက ဘယ်နှယောက်၊ အဲဒီထဲမှာ ယောက်ျားလေးက ဘယ်နှယောက်၊ မိန်းကလေးက ဘယ်နှယောက်၊ အခြောက်က ဘယ်နှယောက်၊ အသက်အရွယ်တွေက ဘယ်လောက်နဲ့ ဘယ်လောက်ကြားတွေ၊ ရန်ကုန်မှာနေတာက ဒီလောက်၊ အဲဒီထဲမှာမှ ဘောလုံးအားကစားကို ဝါသနာပါတာက ဒီလောက်… Ok ဒါဆို သိပြီမလား၊ အချက်အလက်ကို မူတည်ပြီး လိုအပ်တဲ့ Target ကို မှန်အောင်ပစ်နိုင်စွမ်းလဲ Digital Marketer တွေမှာ လိုပါတယ်။
(၄) ပြင်းပြတဲ့ စိတ်ဆန္ဒ (Passion)
တကယ် Digital Marketer ဖြစ်ချင်ရဲ့လား? ညနက်သန်းခေါင် Client က လိုအပ်ရင် မအိပ်ဘဲ အလုပ်လုပ်နိုင်လား? Data တွေ ထိုင်ကြည့်ပြီး မျက်လုံးကိုက်တဲ့ဒဏ်ကို ခံနိုင်လား? ဒီနေ့ ဘယ်လို Content မျိုး Create လုပ်ရမလဲ စဉ်းစားရလွန်းလို့ ခေါင်းပူတဲ့ဒဏ်ခံနိုင်လား? Proposal တွေ တင်နိုင်လား? Pitch တွေ ပြောနိုင်လား? အိပ်မက်ထဲမှာတောင် Content တွေ ထည့်မက်နေမိလား?
အပေါ်ကအချက်တွေကို ခံနိုင်တယ်ဆိုရင် သင့်မှာ Passion ရှိတာသေချာပါပြီ။ Digital Marketing လောကမှ ကြိုဆိုပါတယ်။
(၅) ပြီးမြောက်အောင် လုပ်နိုင်စွမ်း
Digital Marketing အလုပ်ဟာ ရှည်ကြာပါတယ်။ တစ်ထိုင်တည်းလုပ်လို့ မပြီးပါဘူး၊ တစ်လလဲ မပြီးပါဘူး။ Contract ရှိရင် ရှိသလောက်လုပ်ရမှာပါ။ ကြာလာတဲ့အခါ စိတ်ညစ်လာတာတွေ၊ အပေါ်ကအချက်တွေကြောင့် ဆက်မလုပ်ချင်တော့တာတွေ ရှိလာမှာပါ။ အဲဒီလိုရှိလာတဲ့အခါ ကိုယ့်ကိုကိုယ် အားတင်းပြီး အလုပ်ပြီးမြောက်အောင် လုပ်နိုင်စွမ်း ရှိဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
(၆) Digital Marketing နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု
သေချာတာပေါ့။ Digital Marketing လုပ်မယ်ဆိုရင် Digital Marketing နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှု ရှိရမှာပါ။
(၇) အလုပ်လုပ်ရင်း အတွေ့အကြုံမှ သင်ယူပါ
Digital Marketing ဟာ သင်တန်းတက်ရုံနဲ့ မပြီးပါဘူး။ အခြေခံသဘောတရားလောက်ပဲ သင်တန်းတွေက သင်ပေးနိုင်မှာပါ။ အကောင်းဆုံးနည်းလမ်းကတော့ အလုပ်လုပ်ရင်း သင်ယူတာပါပဲ။ အလုပ်လုပ်ပါ၊ နေ့စဉ် လေ့လာပါ၊ စာဖတ်ပါ၊ အတွေ့အကြုံရှာပါ။ ဒီနည်းမ်းနဲ့ဆိုရင်တော့ နှစ်အနည်းငယ်အတွင်း ကျွမ်းကျင်တဲ့ Digital Marketing သမားတစ်ယောက် ဖြစ်လာနိုင်ပါတယ်။
Friday, September 27, 2019
ဘဲဆီပေါင်းထမင်း (Duck Confit and Rice) _ ကြက်ြွကပ်လီမွန်ဆော့စ် - ဒံပေါက် (Biryani) -
ဘဲဆီပေါင်းထမင်း (Duck Confit and Rice)
------------------------------------------------------
ဘဲသားကို ပုံမှန်ပေါင်းနေကျလိုမျိုးမဟုတ်ဘဲ ဥရောပစတိုင်လ် ဆီစိမ်ပြီး ပေါင်းတဲ့နည်းဟာလည်း ဘဲသားအရသာကို ထူးကဲကောင်းမွန်စေတဲ့ ချက်နည်းတစ်မျိုးပါပဲ။
Oven ကို အသုံးပြုပြီး အချိန်ကြာကြာ ပေါင်းရတယ်ဆိုပေမယ့်လည်း အရသာကတော့ တစ်မူပိုထူးခြားလှပါတယ်။ ဘဲပေါင်းဆီနဲ့ ချက်ထားတဲ့ ထမင်းကို တွဲဖက်လိုက်တဲ့ အချိန် မှာတော့ လိုက်ဖက်မှုရှိလှတဲ့ ဘဲဆီပေါင်းထမင်းကို ရရှိမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
• ဘဲပေါင်  -  ၂ ခု
• ဆီ  -  ၁ လီတာ
• လိမ္မော်သီး  -  ၁ လုံး
• ကရဝေးရွက်  -  ၁ ရွက်
• ငရုတ်ကောင်းစေ့  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ဟင်းခတ်အမွှေးရွက် (Thyme)  -  အနည်းငယ်
ထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• ဆန်  -  ၃၀ ဂရမ်
• ရေ  -  ၅၀ မီလီလီတာ
• ဆီ (ဘဲသားပေါင်းထားသောဆီ)  -  စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ  -  အနည်းငယ်
• ချင်း  -  အနည်းငယ်
ပြုလုပ်နည်း
၁။ ဦးစွာ ဘဲပေါင်ခြမ်း ၂ ခြမ်းကို သန့်စင်အောင် ဆေးထားပါ။ ဆေးထားသော ဘဲပေါင်ခြမ်း တို့ကို ဇလုံတစ်လုံးထဲထည့်ပြီး ၎င်းဇလုံထဲ လိမ္မော်သီးကို အဝိုင်းလေးများ စိတ်ပြီး အရည် ညှစ်ထည့်ပါ။ လိမ္မော်သီးအဖတ်လေးတွေကိုလည်း ဘဲသားထဲ ထည့်ပါ။ ကြက်သွန်ဖြူ အလုံးလိုက်ကိုလည်း ထက်ခြမ်းခြမ်းပြီး ထည့်ပါ။ ဆား၊ ကရဝေးရွက်၊ ငရုတ်ကောင်းစေ့နှင့် ဟင်းခတ်အမွှေးရွက်တို့ကိုလည်း ထည့်၍ သမအောင် နယ်ပြီး ၁ နာရီခွဲခန့် နှပ်ထားပါ။
၂။ ၁ နာရီခွဲခန့်နှပ်ထားသော ဘဲသားများကို ရေစင်အောင်ပြန်ပြီး ဆေးပါ။ ရေဆေးပြီးပြီဆိုလျှင် အိုးတစ်လုံးထဲ ထည့်ပြီး ဆီကို ဘဲသားများမြုပ်သည်အထိ ထည့်ပါ။ ပြီးလျှင် အပူချိန် 100˚C  အိုဗင်ထဲထည့်ပြီး ၄ နာရီခန့်ကြာအောင် ထည့်ထားပါ။ ၄ နာရီအချိန်ပြည့်သွားပြီ ဆိုလျှင် အိုဗင်ထဲက ထုတ်ပြီး ဘဲသားများကို ပန်းကန်ထဲမှာ ထည့်ထားပါ။
၃။ ဘဲသားနဲ့တွဲစားဖို့အတွက် ထမင်းတည်ပါမယ်။ ဘဲသားပေါင်းထားသော ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ချင်းနှင့် ဆန်တို့ကို ထည့်၍ မွှေပါ။ ပြီးလျှင် ရေထည့်ပြီး ထမင်းကို တည်ပါ။ ထမင်းရပြီဆိုလျှင် ပေါင်းထားသော ဘဲသားနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
--------------------------------------
Jenny
ကြက်ြွကပ်လီမွန်ဆော့စ်
------------------------------
 လုပ်ရတာလည်း လွယ်ကူပြီး အရသာလည်း ရှိစေမယ့် ကြက်ြွကပ်လီမွန်ဆော့စ်လေးပါ။ ကဲ... ချက်နည်းလေး ကြည့်ရအောင်ပါ။
ပါဝင်ပစ္စည်းများ
• ကြက်သား  -  ၃ဝဝ ဂရမ်
• သံပရိုသီး (Lemon)  -  ၂ လုံး
• ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ကော်မှုန့်  -  စားပွဲဇွန်း ၃ ဇွန်း
• ဂျုံမှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆီ  -  ကြော်ရန်
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၆ မြွှာ
• ချင်း  -  ၅ ဂရမ်
• ငရုတ်သီးအနီ  -  ၁ တောင့်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• နှမ်းဆီမွှေး  -  အနည်းငယ်
• ရေ
ပြုလုပ်နည်း
 ကြက်သွန်နီကို အနေတော်အတုံးလေးများ တုံးပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ် စဉ်းပါ။ ချင်းကို အမျှင်လေးများ လှီးဖြတ်ပြီး ငရုတ်သီးအနီနှင့် ကြက်သွန်မြိတ်တို့ကို ပါးပါးလှီး
ထားပါ။ သံပရိုသီးကို အရည်ညှစ်ထားပါ။ ကြက်သားကို အနေတော် အတုံးများ လှီး၍ ငရုတ် ကောင်းမှုန့်၊ ဆား၊ သံပရိုအရည်၊ သကြား၊ နှမ်းဆီမွှေးနှင့် ဆီ အနည်းငယ် ထည့်ပြီး အရသာနယ်ပါ။ ပြီးလျှင် ကော်မှုန့်နှင့် ဂျုံမှုန့်တို့နှင့် နယ်ပါ။ ပြီးလျှင် ဆီဆူဆူမှာြွကပ်သည်အထိ ကြော်ပါ။
 ဒယ်အိုးကို အပူပေးပြီး ဆီထည့်၍ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ပါ။ အနံ့ မွှေးလာလျှင် ကြက်သွန်နီထည့်ပြီး သံပရိုရည်များထည့်ပါ။ ရေနှင့် ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများ ထည့်ပါ။ ငရုတ်သီးအနီ ထည့်၍ ကြက်သွန် မြိတ်ထည့်ပြီး ကော်ရည် ထည့်ပါ။ ပြီးလျှင် ပန်းကန်ထဲမှာ ထည့်ပါ။ ပြီးလျှင် ကြက်သွန်မြိတ်နှင့် လီမွန်အခွံတို့ ဖြူးထည့်ပါ။
-------------------------------
Eant Wint Htut
ဒံပေါက် (Biryani)
----------------------
 ဒံပေါက်ချက်နည်းပုံစံ များစွာရှိပါတယ်။ မိမိစိတ်ကြိုက်ပုံစံဖြင့် ချက်နိုင်ပါတယ်။ အခုချက်ထားတဲ့ချက်နည်းကတော့ ကျွန်မတို့မိသားစုအကြိုက်ပုံစံပါ။ ဟင်းခတ်အမွှေး အကြိုင် အနံ့သင်းသင်းနဲ့ အဆီအအိမ့်လျှော့ထားခြင်း ဖြစ်ပါတယ်။ ဒံပေါက်ချက်နည်းက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွဲပြားကြပါတယ်။ ဆိုဖီယာကတော့ ဒံပေါက်ကို ဆီများများ၊ အနှစ်များများနဲ့ စားရတာ မကြိုက်ပါဘူး။ အခုချက်ထားတာက ကြက်သားနဲ့ ထမင်းကို ခွဲချက်ထားတာပါ။
ပါဝင်ပစ္စည်းများ
• ဒံပေါက်ဆန် (Basmati Rice)  -  ၁ ပြည်
• ကြက်သွန်နီ  -  ၃၀ ကျပ်သား
 (ကြက်သွန်ကြော်ခြေထားတဲ့ ထမင်းစားပန်းကန်လုံး ၁ လုံး)
• ဆား  -  စားပွဲဇွန်း ၁ ဇွန်း
• ဒံပေါက်မဆလာ  -  ၁ ဇွန်း
• သကြား  -  ၂ ဇွန်း
• အချိုမှုန့်  -  ၁/၂ ဇွန်း
• ဆီ  -  ၅ ကျပ်သား
• ထောပတ်  -  ၅ ကျပ်သား
• သီဟိုဠ်စေ့  -  ၁၀ ကျပ်သား
• စပျစ်ခြောက်  -  ၅ ကျပ်သား
• ပဲစိမ်းလုံး  -  ၁၀ ကျပ်သား
• အစိမ်းရောင်
• လိမ္မော်ရောင်
ဆန်ပြုတ်ရန် လိုအပ်သောပစ္စည်းများ
• ကရဝေးရွက်  -  ၅ ရွက်
• သစ်ကြံပိုးခေါက်  -  ၂ ချောင်း
• ဆား  -  ၁ ဇွန်း
ကြက်သားချက်ရန်
 ကြက်သားကို  အရင်ဆုံး လိုသလိုခုတ်ထစ်ပြီး ဆား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆီ၊ မဆလာတို့နှင့် နှပ်ထားပါ။ ကြက်သားကို အနှစ်အနည်းငယ်နဲ့ ကြက်သားနှပ်ပုံစံ ချက်ထားပါ။
ဒံပေါက်မဆလာ
• ဇီရာ  -  ၅ ကျပ်သား
• ဖာလာစေ့  -  ၈ စေ့
• လေးညှင်း  -  ၈ စေ့ (လှော်ပြီး ကြိတ်ထားပါ)
ကြက်သွန်ကြော်အရော
 ကြက်သွန်နီကြော်ကို အရင်ကြေအောင် ခြေပါ။ ခြေပြီးပါက ပန်းကန်လုံးတစ်လုံးဖြင့် ချိန်ပြီး ဇလုံတစ်လုံးထဲထည့်၍ ဆား ၁ ဇွန်း၊ သကြား ၂ ဇွန်း၊ အချိုမှုန့် ဇွန်းတစ်ဝက်၊ ကြိတ်ထားတဲ့ မဆလာ
၁ ဇွန်း မောက်မောက်ထည့်ပြီး ရောမွှေထားပါ။
ဒံပေါက်ချက်နည်း
 ၁။ ဒံပေါက်ဆန်ကို မိနစ် ၃၀ ခန့် ရေစိမ်ထားပါ။
 ၂။ ရေနွေးအိုးတည်ပြီး ဆူပွက်ပါက ကရဝေးရွက်နှင့် သစ်ကြံပိုးခေါက်ထည့်ပါ။ ဆား ၁ ဇွန်းထည့်၍ စိမ်ထားတဲ့ ဆန်ကို ရေစစ်ပြီး ထည့်ပြုတ်ပါ။ တစ်ဝက်ကျက် အနေအထားရပါက ဆန်ခါထဲမှာ ရေစစ်ထားပါ။
 ၃။ ပြီးလျှင် အဖုံးလုံတဲ့ အိုးတစ်လုံးထဲ ဆန်ကို သုံးပုံတစ်ပုံခန့်ထည့်ပါ။ အရသာရောစပ်ပြီးသား ကြက်သွန်ကြော်တစ်ဝက်ကို ဆန်အပေါ်မှာ ဖြန့်ခင်းပါ။
 ၄။ အပေါ်မှာ ဆန်တစ်ပုံထပ်ခင်းပါ။ ကျန်ကြက်သွန်ကြော်တစ်ဝက်ကို ခင်းထည့်ပါ။
 ၅။ ပြီးလျှင် လက်ကျန်ဆန်များကို ခင်းထည့်ပြီးလျှင် သီဟိုဠ်စေ့၊ စပျစ်ခြောက်နှင့် ပဲစိမ်းလုံးတို့ကို ထည့်ပါ။
 ၆။ ထမင်းအိုးထောင့်တစ်နေရာမှာ အရောင် (၂)မျိုးကို နေရာခြား၍ ရေဖျော်ပြီး ထည့်ပါ။ ပြီးလျှင် အဖုံးလုံအောင် ဖုံး၍ အောက်မီးများများဖြင့် ခဏတည်ပြီး အပူပေးပါ။
 ၇။ အငွေ့ထွက်ပါက အောက်မီးလျှော့ချပြီး အပေါ်မီး၊ အောက်မီးနည်းနည်းဖြင့် နှပ်ပေးပါ။
 ၈။ အငွေ့ကောင်းကောင်းထွက်လာပါက ထမင်းနပ်ပါပြီ။
 ၉။ နှပ်ပြီးသားထမင်းကို မီးဖိုပေါ်မှချ၍ (နှပ်ထားတဲ့ အိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါက အိုးချိန်းရန်မလို) အိုးကြီးကြီး (သို့) ဗန်းကြီးကြီးတစ်ခုထဲ သွန်ချပြီး ဆီနှင့် ထောပတ်ထည့်၍ ဖြည်းဖြည်းချင်း ဆန်လုံးမပျက်အောင် သာသာလေးရောမွှေပေးပါ။
 ၁၀။ ထမင်း၊ ကြက်သွန်ကြော်၊ အရသာ၊ အရောင်အားလုံးကို ယောက်မဖြင့် သာသာလေး ရောမွှေ၍ အိုးထဲ ပြန်ထည့်ပြီး ဖုံးအုပ်ထားပါ။
 ၁၁။ နှပ်ထားတဲ့ ကြက်သားနှင့် ပွဲပြင်ပြီး သခွားသီးချဉ်၊ ပူဒီနာ၊ ဘာလချောင်တို့ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။
 နောက်တစ်နည်းကတော့ အသားနှင့် ထမင်းကို ရောချက်လိုပါက အသားကို တစ်ဝက်ကျက် အနေအထားအထိ ချက်ထားပြီး ထမင်းနှပ်သည့်အချိန် အိုးအောက်ခြေမှာ အသားနှင့် အနှစ် တို့ကိုခင်း၍ အပေါ်မှာပြုတ်ထားတဲ့ ဆန်တစ်ထပ်၊ ကြက်သွန်တစ်ထပ်ခင်းပြီး အထက်ပါနည်း အတိုင်း ပြုလုပ်နိုင်ပါတယ်။
-------------------------------------
Sofia
Sunday, September 22, 2019
#ဆင်တုတ်ကွေးဖြစ်ပြီးနောက်__မြန်မြန်နာလန်ထူအောင်__ဦးစားပေး___စားရမည့်___အစားအစာများ
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ၇ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။
အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။
ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။ အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။
“မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ”
ရေ – တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။
အုန်းစိမ်းရည် – အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။
အစိမ်းရင့်ရောင်အသီးအရွက် – အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။
စွပ်ပြုတ် – အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။
ပန်းသီးနဲ့ ငှက်ပျောသီး – ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။
Omega 3 Fatty Acids – Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဗီတာမင် C နဲ့ E – ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။
ရှောင်ရမှာက – အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။ ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဆေးလိပ်၊ အရက် ရှောင်ပါ။ ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အပူအစပ်တွေ ရှောင်ပါ။
Unicode
အခု အဖြစ်များနေကြတဲ့ ဆင်တုပ်ကွေး ခေါ် Chikungunya ဟာ ရောဂါပိုးသယ်ဆောင်လာတဲ့ခြင်ကိုက်တာခံရပြီး ၂ ရက်ကနေ ရ ရက်အတွင်း လက္ခဏာတွေပေါ်လာတတ်ပါတယ်။ စစချင်းမှာ ကိုယ်ပူတာ၊ အဆစ်အမြစ်တွေကိုက်ခဲတာခံစားရတယ်၊ နောက်တော့ နုံးတာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာ၊ အရေပြားအနီကွက်ဖြစ်တာတွေဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ပြဿနာကတော့ အဖျားပျောက်တာကြာနေတာတောင် အားနည်းတာ၊ ယားယံတာနဲ့ နာကျင်ကိုက်ခဲမှုတွေက ကျန်နေခဲ့တာပဲဖြစ်ပါတယ်။
အများစုကတော့ ၃ ရက်ကနေ ၁၀ ရက်အတွင်း လက္ခဏာတွေသက်သာပျောက်ကင်းသွားကြပါတယ်။ တချို့တွေမှာတော့ အဆစ်နာကျင်ကိုက်ခဲမှုအကြွင်းအကျန်တွေကို လနဲ့ချီ၊ နှစ်နဲ့ချီပြီး ခံစားရနိုင်ပါတယ်။ Chikungunya ရဲ့နောက်ဆက်တွဲပြဿနာကြောင့် သေဆုံးမှုဖြစ်တာရှားပါတယ်။ ဒါပေမယ့် နာတာရှည်ရောဂါတွေရှိတဲ့ သက်ကြီးပိုင်းအရွယ်တွေမှာ တစ်ခါတလေ ရောဂါပိုပြင်းထန်တတ်ပါတယ်။
ဆင်တုပ်ကွေးဖြစ်လာပြီဆိုရင် – နားနားနေနေ နေပါ။ ရေများများသောက်ပါ။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကိုပဲသောက်ပါ။ ကိုယ်ထင်ရာအကိုက်အခဲပျောက်ဆေး၊အဖျားကျဆေးတွေမသောက်ပါနဲ့။ အာဟာရပြည့်ဝအောင်စားပါ။ Chikungunya ဖြစ်ပြီးပြီဆိုလည်း ပေါ့ပေါ့ဆဆမနေပါနဲ့။ လက္ခဏာစတင်ပြီး တစ်ပတ်အတွင်းမှာခြင်ထပ်အကိုက်မခံရအောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ကိုယ့်ကို ကိုက်သွားတဲ့ ခြင်ကတဆင့် ကိုယ့်မိသားစု သို့မဟုတ် တခြားသူတွေဆီ ဆက်ပြီးကူးစက်နိုင်လို့ပါ။ အဖျားကျပြီး သက်သာလာတဲ့ နာလန်ထအချိန်ကလည်း အရေးကြီးပါတယ်။ဒါမှ ဆင်တုပ်ကွေးလက်ကျန် ဝေဒနာဒဏ်ကို တွန်းလှန်နိုင်ပြီး မြန်မြန်ပျောက်ကင်းနိုင်မှာပါ။
“မြန်မြန်နာလန်ထူနိုင်အောင် ဘာတွေစားရမလဲ”
ရေ – တုပ်ကွေးဖြစ်နေတဲ့အချိန်မှာရော၊ သက်သာလာတဲ့အချိန်မှာရော ရေများများသောက်ပေးသင့်ပါတယ်။ ရေ သို့မဟုတ် ရေဓာတ်ပြည့်စေမယ့် အရည်တွေများများဝင်အောင် ဂရုစိုက်ပါ။
အုန်းစိမ်းရည် – အုန်းစိမ်းရည်သောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်အတွက်လည်း အထောက်အကူပေးလို့ အုန်းစိမ်းရည်လေးသောက်ပေးပါ။
အစိမ်းရင့်ရောင်အသီးအရွက် – အစိမ်းရောင်အသီးအရွက်တွေက ကယ်လိုရီနည်းသလို ချေဖျက်ရလွယ်တယ်။ ဒီလိုအချိန်မှာ ခန္ဓာကိုယ်ကို ပြန်ဖြည့်တင်းပေးဖို့ လိုအပ်နေတဲ့ ဗီတာမင်တွေအများကြီးပါဝင်တယ်။ ဒီဗီတာမင်တွေကြောင့် ဆင်တုပ်ကွေးလို ရောဂါတွေကနေ ကျန်းမာရေးပြန်ကောင်းမွန်လာဖို့ အထောက်အပံ့များစွာရနိုင်ပါတယ်။
စွပ်ပြုတ် – အိမ်မှာပဲ ချက်တဲ့ အသားနဲ့ အသီးအရွက်ဟင်းရည်၊ စွပ်ပြုတ်လေးတွေသောက်ပါ။ မုန်လာဥဖြူ သို့မဟုတ် ဥနီပါရင်ပိုကောင်းပါတယ်။
ပန်းသီးနဲ့ ငှက်ပျောသီး – ဆင်တုပ်ကွေးဖြစ်ရာကနေ သက်သာကာစအချိန်မှာ ပန်းသီးနဲ့ ငှက်ပျောသီး စားပေးပါ။ ပန်းသီးမှာ အစာခြေလမ်းကြောင်းကို သန့်စင်ကျန်းမာစေတဲ့ အမျှင်ဓာတ်တွေကြွယ်ဝပြီး ကိုလက်စထရောပမာဏကို ထိန်းညှိပေးတယ်။ ငှက်ပျောသီးမှာလည်း ဝမ်းချုပ်တာကိုကာကွယ်ပေးပြီး အူကိုသန့်စေတဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။
Omega 3 Fatty Acids – Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်အားဆေးတွေ စားသုံးဖို့လိုပါတယ်။ Omega 3 fatty acids က ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန်စေတယ်၊ လေဖြတ်နိုင်ခြေလျော့နည်းစေတယ်၊ အဆစ်ရောင်လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
ဗီတာမင် C နဲ့ E – ဗီတာမင် C က အနာကျက်စေတဲ့အပြင် ကြွက်သား၊ အရိုး၊ အရွတ်နဲ့ သွေးကြောတွေရဲ့ဖွဲ့စည်းဖြစ်ပေါ်မှုကို ကူညီပေးပါတယ်။ ဗီတာမင် E က အသားအရေအတွက်ကောင်းတဲ့အပြင် ကင်ဆာရောဂါတွေ၊ ပါကင်ဆန်ရောဂါနဲ့ အဆစ်ရောင်လေးဘက်နာရောဂါတို့ကို ကာကွယ်ပေးပါတယ်။ မာလကာသီး၊ ပန်းငရုတ်ပွအဝါ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး စတာတွေမှာ ဒီဗီတာမင်နှစ်မျိုးလုံးကို ရရှိနိုင်ပါတယ်။
ရှောင်ရမှာက – အချိုများတဲ့အစားအစာတွေ၊ အသင့်စားသရေစာနဲ့ အဆီများတာတွေရှောင်ပါ။ ကဖင်းနဲ့ ဂက်စ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ ဆေးလိပ်၊ အရက် ရှောင်ပါ။ ပြုပြင်စီမံထားတဲ့၊ အေးခဲထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အပူအစပ်တွေ ရှောင်ပါ။
ခရက်ဒစ်Hello ဆရာဝန်
Friday, September 20, 2019
ကြက်ဥ အုန်းနို့အစပ်ဟင်း _ ချပါတီနှင့် မဆလာခရမ်းချဉ်သီးချက် _တိုဟူးနှင့် မှိုအစပ်ကြော်_ ကြက်သားရခိုင်သုပ်
ကြက်သားရခိုင်သုပ်
------------------------
 ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ ထမင်းမြိန်စေမယ့် အသုပ်လေးတစ်မျိုးပါ။ လုပ်စားကြည့်ကြပါနော်။
ပါဝင်ပစ္စည်းများ
• ကြက်သား  -  ၂ဝဝ ဂရမ်
• ငရုတ်သီးစိမ်း/နီ  -  ၁၀ တောင့်
• ကြက်သွန်ဖြူ  -  ၆ မြွှာ
• သကြား  -  အနည်းငယ်
• ကြက်သွန်နီ  -  ၂ လုံး
• သံပရာသီး  -  ၂ လုံး
• ငံပြာရည်  -  စားပွဲဇွန်း ၁ ဇွန်း
• စိမ်းစားငါးပိ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား  -  အနည်းငယ်
• ကြက်သွန်မြိတ်  -  ၃ ပင်ခန့်
• ခရမ်းချဉ်သီး  -  ၂ လုံး
• ရှောက်ရွက်  -  ၇ ရွက်ခန့်
ပြုလုပ်နည်း
 ကြက်သွန်နီနှင့် ခရမ်းချဉ်သီးတို့ကို ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကို အနေတော် လှီးပြီး ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာသီးကို အရည်ညှစ်ရန်အတွက် လှီးထားပါ။ ပြီးလျှင် အိုးကို မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်း/နီတို့ကို အနံ့မွှေးလာသည်အထိ  လှော်ပါ။ လှော်ထားတဲ့ ငရုတ်သီးစိမ်း/နီနှင့် ကြက်သွန်ဖြူတို့ကို ထောင်းပါ။ ထောင်းထားတဲ့ အထဲ စိမ်းစားငါးပိထည့်ပြီး သံပရာရည်ထည့်ပါ။ ဆား၊ သကြား၊ ငံပြာရည်ထည့်ပြီး
နှံ့စပ်အောင် နယ်ပါ။ ပြီးလျှင် ပြုတ်ပြီး ပြင်ထားတဲ့ ကြက်သား၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပြီး နှံ့အောင်မွှေထားပါ။ အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------
Eant Wint Htut
ကြက်ဥ အုန်းနို့အစပ်ဟင်း
-------------------------------
 ကြက်ဥ၊ ဘဲဥကို ပုံမှန်ချက်စားနေတဲ့ ပုံစံထက် တစ်မူ ထူးခြားအောင် အုန်းနို့လေး ထည့်ပြီး ချက်ပြပေးထားပါတယ်။
ပါဝင်ပစ္စည်းများ
• ကြက်သွန်နီ  -  စားပွဲဇွန်း ၂ ဇွန်း (ထောင်းထားပါ)
• ကြက်သွန်ဖြူ  -  စားပွဲဇွန်း ၁ ဇွန်း (ထောင်းထားပါ)
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• နနွင်းမှုန့်  -  အနည်းငယ်
• မဆလာ   -  အနည်းငယ်
• ကွကျဥ  -  ၄ လုံး
• ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
• ချင်း  -  ၅ ဂရမ်
• သက်သတ်လွတ်ဟင်းခတ်မှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်အနှစ်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်သီးစိမ်း/နီ  -  ၆ တောင့်ခန့်
• အုန်းနို့  -  ၈၀ ဂရမ်
• ငရုတ်သီးအနီအတောင့်ကြီး  -  ၁ တောင့်
• Baby Corn  -  ၄ ခု
• မုန်လာဥနီ  -  အနည်းငယ်
• ရုံးပတီသီး  -  ၂ တောင့်
• ခရမ်ြးွကပ်သီး  -  ၄ လုံး
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ရှမ်းနံနံ  -  အနည်းငယ်
ပြုလုပ်နည်း
 ဦးစွာ ပြုတ်ထားတဲ့ ကြက်ဥကို အနည်းငယ် မွှန်းထားပါ။ မုန်လာဥနီကို အနေ တော် အတုံးလေးများ တုံးပြီး ရုံးပတီသီးကိုလည်း အနေတော်လှီးပါ။ ပြောင်းဖူးလေး များနှင့် ခရမ်ြးွကပ်သီးတို့ကိုလည်း အနေတော်လှီးထားပါ။ ငရုတ်သီးစိမ်း/နီကို အနေတော် လှီးဖြတ်ပြီး ရှမ်းနံနံကိုလည်း အနေတော်လှီးပါ။ ငရုတ်သီးအနီတောင့်ကို ထက်ခြမ်းခြမ်းပါ။
 ဒယ်အိုးကို အပူပေးပြီး ဆီထည့်၍ ဆီပူလာပြီဆိုလျှင် နနွင်းမှုန့်ကို ဆီသတ်ပါ။ ပြီးလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ထည့်ပြီး ဆီသတ် ပါ။ အနံ့မွှေး လာပြီဆိုလျှင် ငရုတ်အနှစ်ထည့်ပြီး ဆီသတ်ပါ။ အရသာရှိစေရန်အတွက် ဆား၊ သကြား၊ သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာနှင့် ငံပြာရည်တို့ကို ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ရအောင် ချက်ပါ။
 ပြီးလျှင် လှီးထားတဲ့ ငရုတ်သီးများထည့်၍ ရေ အနည်းငယ်ထပ်ထည့်ပါ။ ပြီးလျှင် မွှန်းထားတဲ့ကြက်ဥနှင့် လှီးထားတဲ့အသီးအနှံတို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ခဏနှပ် ထားပါ။
 အသီးအနှံများ အနည်းငယ်နူးသွားပြီဆိုလျှင် အုန်းနို့ထည့်ပြီး ရှမ်းနံနံထည့်ပါ။ အနံ့ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
------------------------------------------
Eant Wint Htut
တိုဟူးနှင့် မှိုအစပ်ကြော်
-------------------------------
 သက်သတ်လွတ်သမားများအတွက် အထူးသင့်လျော်တဲ့ ဟင်းပွဲလေးပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
• တိုဟူး  -  ၁၅၀ ဂရမ်
• ခရမ်းချဉ်သီး  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၄ မြွှာ
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• မှို  -  ၈၀ ဂရမ်
• ငရုတ်သီးစိမ်း/နီ  -  ၆ တောင့်
• ကော်မှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ပဲငံပြာရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သက်သတ်လွတ်ဟင်းခတ်မှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• တရုတ်နံနံ  -  အနည်းငယ်
• ဆီ  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
 ဦးစွာ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ခရမ်းချဉ်သီးကို အနေတော် အတုံး လှီးဖြတ်ထားပါ။ ငရုတ်သီးကို ထက်ခြမ်းခြမ်း၍ ကြက်သွန်မြိတ်ကို အနေတော်လှီးဖြတ်ပါ။ တရုတ်နံနံကို အရွက်လေးများြွေခထားပါ။ မှိုကို အနေတော်လှီးဖြတ်၍ တိုဟူးကို အနေတော် အတုံးလေးများ လှီးဖြတ်ထားပါ။ တိုဟူးကို ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ် နှင့် ကော်မှုန့်ဖြူးပါ။ ဆီပူလာလျှင် တိုဟူးကိုြွကပ်သည်အထိ ကြော်ပါ။ ကြက်သွန်ဖြူကို ဆီသတ်ပြီး အနံ့မွှေးလာလျှင် ငရုတ်သီးစိမ်း/နီ ထည့်ပါ။ ပြီးလျှင် မှိုထည့်ပြီး ခရမ်းချဉ်သီး ထည့်ပါ။ အရသာများ၊ သကြား၊ ဆား အနည်းငယ်၊  သက်သတ်လွတ် ဟင်းခတ် မှုန့် အနည်း ငယ်၊ ပဲငံပြာရည် အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ထည့်ပါ။ တရုတ်နံနံ ထည့်ပြီး ကြက်သွန်မြိတ်ထည့်၍ ကြော်ထားသော တိုဟူးများထည့်ပါ။ ပြီးလျှင် ပန်းကန်မှာ ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
------------------------------
Eant Wint Htut
ချပါတီနှင့် မဆလာခရမ်းချဉ်သီးချက်
--------------------------------------------
 ပူရီ၊ တိုရှည်၊ ပလာတာတို့ကို စားတဲ့အခါ ပဲဟင်း၊ အာလူးဟင်းတို့အပြင် အရန်ဟင်း ဖြစ်တဲ့ ချပ်တနီး (Chutney) နဲ့ စားမှ အရသာပြည့်စုံပါတယ်။ အဲဒါကြောင့် ကြက်သွန်များများ၊ ခရမ်းချဉ်သီးနဲ့ချက်ထားတဲ့ Onion Tomato Chutney လို့ခေါ်တဲ့ မဆလာ ခရမ်းချဉ်သီးချက် ချက်နည်းလေးကိုပါ ရေးထားပေးပါတယ်။
 ချပါတီက မြန်မာအစားအစာမဟုတ်ပေမယ့် ကျွန်တော်တို့ မိသားစုအတွက်ကတော့ မစိမ်းပါဘူး။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ငယ်ငယ်ကတည်းက အိမ်မှာ ထမင်းနဲ့ ဟင်းစားရတာ ရိုးအီနေပြီဆိုရင် ချပါတီလုပ်စားလေ့ရှိပါတယ်။ အသား တလိမ့်တုံးအစား ဖန်ပုလင်းအခွံနဲ့လှိမ့်ပြီး ချပါတီကို လုပ်စားခဲ့ကြတာကို အမြဲသတိရနေမိပါတယ်။
မဆလာခရမ်းချဉ်သီးချက်အတွက် ပါဝင်ပစ္စည်းများ
• ခရမ်းချဉ်သီး  -  ၃၀ ဂရမ်
 (အတုံးသေးသေးတုံးထားပါ)
• ကြက်သွန်နီ  -  ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)
• ပျဉ်းတော်သိမ်  -  ၂ ခက်
• မုန်ညင်းစေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဇီရာ  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နံနံစေ့မှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေ  -  စားပွဲဇွန်း ၁၂ ဇွန်း
မဆလာခရမ်းချဉ်သီးချက် ပြုလုပ်နည်း
၁။ ဇီရာ၊ ပျဉ်းတော်သိမ်နှင့် မုန်ညင်းစေ့ကို ဆီ စားပွဲဇွန်း ၄ ဇွန်း နဲ့ ဆီသတ်ပါ။
၂။ ပြီးလျှင် ကြက်သွန်နီထည့်ပြီး ကြက်သွန်နီပျော့လာသည် အထိ ဆီသတ်ပါ။
၃။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးမှုန့်ထည့်ပြီး ခရမ်းချဉ်သီး နွမ်း သည်အထိ ချက်ပါ။
၎။ ပြီးလျှင် ရေ၊ ဆား၊ မဆလာနှင့် နံနံစေ့မှုန့်တို့ကို ထည့်ပြီး ချက်ပါ။
ချပါတီအတွက် ပါဝင်ပစ္စည်းများ
• ဂျုံမှုန့်အကြမ်း  - ၃ ခွက် (၄၅၀ ဂရမ်)
 (Atla Flour or Whole Wheat Flour)
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• ရေ  -  ၁၇၅ မီလီလီတာ
ချပါတီ ပြုလုပ်နည်း
၁။ မုန့်နယ်မယ့် ဇလုံထဲ ဂျုံမှုန့်၊ ဆားနှင့် ဆီတို့ကိုထည့်ပြီး နယ်ပါ။
၂။ ပြီးလျှင် ရေနည်းနည်းချင်းထည့်ပြီး နယ်ပါ။ မုန့်နယ်တဲ့ဇလုံထဲမှာ လုံးဝ ဂျုံမှုန့် မကျန်တော့လျှင် မုန့်သားကို ဆီသုတ်၍ အဖုံးဖုံးပြီး မိနစ်၂၀ ခန့် နှပ်ထားပါ။
၃။ ပြီးလျှင် ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာ မုန့်သားကို အရှည်ရအောင် လက်ဖြင့် လှိမ့်ပါ။
၎။ မုန့်သားအရှည်ရလျှင် ၁၂ ပိုင်းဖြတ်ပါ။ ပြီးလျှင် တစ်ပိုင်းစီကို လက်ဖြင့် ပြန်လုံးပါ။
၅။ အားလုံး လုံးပြီးလျှင် မုန့်သားတစ်လုံးကိုယူပြီး လက်ဖြင့် အဝိုင်းပုံရအောင် ဖိပေးပါ။
၆။ ပြီးလျှင် တလိမ့်တုံးနဲ့ စက်ဝိုင်းပုံရအောင် လှိမ့်ပြီး ဆီနည်းနည်းသုတ်ထားတဲ့ မကပ်တဲ့ဒယ်အိုးထဲမှာ ထည့်ပြီး ကင်ပါ။
၇။ ၂ မိနစ်ခန့်ကင်ပြီး၍ မုန့်သားနည်းနည်းခြောက်လာလျှင် နောက်တစ်ဖက်လှန်ပြီး ကင်ပါ။ မုန့်သားရဲ့အောက်ဘက်ပိုင်းမှာ အညိုရောင်အစက်လေးများမြင်ရလျှင် ချပါတီ ကျက်ပါပြီ။
၈။ ချပါတီကို မဆလာအာလူးဟင်း၊ ကုလားပဲဟင်း၊ မဆလာခရမ်းချဉ်သီးချက်တို့နှင့် တွဲပြီး သုံးဆောင်နိုင်ပါတယ်။
------------------------------------
Myint Oo Tha
Thursday, September 19, 2019
လုပ်ငန်းရှင်တွေ လျှော့တွက်လေ့ရှိတဲ့ ကုန်ကျစရိတ်များ
------------------------------------------------------------
လုပ်ငန်းရှင်တွေက တခါတလေမှာ အချို့သော ကုန်ကျစရိတ်တွေကို လိုတာထက်ပိုပီးလျှော့တွက်မိတတ်ကျပါတယ်။
အဲ့ဒီလိုလျှော့တွက်မိပြီး တကယ်နှဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါ အဲ့ဒီ ကုန်ကျစရိတ်တွေက ကိုယ့်အတွက်ဝန်ထုတ်ဝန်ပိုးတွေ ပြဿနာတွေ ဖြစ်လာပါတော့တယ်။
အထူးသဖြင့် Small Business Ownerတော်တော်များများ မမျှော်လင့်တဲ့ကုန်ကျစရိတ်တွေရဲ့ ဒဏ်ကို အလူးအလဲခံရတာကိုတွေ့ရပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ အမြတ်အစွန်းတွေ နည်းသွားတာ၊
လုပ်ငန်းချဲ့ထွင်ဖို့ နှောင့်နှေးသွားတာ၊နောက်ဆုံး လုပ်ငန်းရဲ့ Cash Flow ကိုထိခိုက်တာတွေအထိဖြစ်လာနိုင်ပါတယ်။
လူရဲ့ ဦးနှောက်က တချို့လုပ်ငန်းဆောင်တာတွေအတွက် Heuristics လို့ခေါ်တဲ့ Mental Shortcut( စိတ်ပိုင်းဆိုင်ရာဖြတ်လမ်း) အသုံးပြုတတ်ကြပါတယ်။
Heuristics ဆိုတာကတော့ ပြဿနာဖြေရှင်းရန် (သို့)ကိုယ့်ကိုကိုယ်ပြန်လည်သုံးသတ်တဲ့ အခါမှာ အရင်က အတွေ့အကြုံ၊ အဖြေတွေအပေါ်မှာ အားပြုပြီး လက်ရှိ ပြဿနာတစ်ခုကို အသေးစိတ်ပြန်လည်သုံးသတ်ခြင်းမလုပ်ဘဲ ဖြတ်လမ်းလိုက်ပြီး ကောက်ချက်ဆွဲလိုက်တာဖြစ်ပါတယ်။
လူတွေက ဘဝရဲ့ နယ်ပယ်တော်တော်များများမှာ Heuristics ကို အသုံးပြုတတ်ကျပါတယ်။
အဲ့လိုပဲ လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေ၊ ဘက်ဂျက်တွေ တွက်တဲ့အခါမှာလည်း  တိတိကျကျ သေသေချာချာ တွက်ချက်တာမျိုးမလုပ်ပဲ  အလွယ်ပဲစိတ်နဲ့ခန့်မှန်းလိုက်ကြပါတယ်။
ဒီလိုစိတ်မှန်းနဲ့ တွက်တဲ့ အခါမှာလည်း ကုန်ကျစရိတ်တွေကို ပိုတွက်ကြတာထက်လျှော့တွက်မိတတ်ကြပါတယ်။
ဒီလိုတွေမဖြစ်ရအောင် လုပ်ငန်းရှင်တွေ များသောအားဖြင့်လျှော့တွက်မိတတ်ကြတဲ့ ကုန်ကျစရိတ်တွေကိုဖော်ပြပေးလိုက်ပါတယ်။
Product Development 
---------------------------------
Product Development ဆိုတာ New Product Management( ကုန်ပစ္စည်းအသစ် ဖန်တီးရာမှာ စီမံခန့်ခွဲခြင်း) လို့လည်းခေါ်ပါတယ်။
Product Development မှာ ကုန်ပစ္စည်းအသစ် (သို့) Rebrand လုပ်မဲ့ Product or Service တွေကို စိတ်ကူးပုံဖော်တာတွေ၊ ဒီဇိုင်းတွေ၊Development Strategy တွေ၊ Marketing Strategy တွေ ပါဝင်ပါတယ်။
Product Development ရဲ့ ရည်ရွယ်ချက်ကတော့
မိမိဖောက်သည်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြင့်
လုပ်ငန်းရဲ့ ရှိပြီးသား ဈေးကွက်ဝေစုကို ထိန်းသိမ်းရန်နှင့်
ဈေးကွက်ဝေစုပိုမိုရလာစေရန်ဖြစ်သည်။
ကိုယ့်လုပ်ငန်းက ထုတ်လိုက်သမျှ ကုန်ပစ္စည်းတိုင်းက
ဖောက်သည်တိုင်း၊ စားသုံးသူတိုင်း အတွက် အံဝင်ခွင်ကျ
ဖြစ်မှာမဟုတ်ပါဘူး။
ဒါကြောင့်မို့ Product Development မလုပ်ခင်မှာ
ဘယ်လို ဈေးကွက်၊ ဘယ်လို ဖောက်သည်တွေဆီကို
ရောင်းချမလည်းဆိုတာ အရင်ဆုံး Target ထားရပါမယ်။
Product Development က ရှုပ်ထွေးတဲ့
လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ကိုယ်ကတော့ အလုံးစုံ ပြင်ဆင်ပီးပီလိုနေပေမဲ့လည်း
နောက်ထပ်လုပ်ရမဲ့ အဆင့်တွေ၊ တည်းဖြတ်မှုတွေ၊
အပြောင်းအလဲတွေ အများကြီးရှိပါတယ်။
ဒါကြောင့်မလို့ ကိုယ်ခန့်မှန်းထားတာထက်
ပိုပီးကုန်ကျနိုင်တယ်ဆိုတာကို သိထားရပါမယ်။
ပစ္စည်းထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်း
-------------------------------------
လုပ်ငန်းအတွက် စက်ပစ္စည်း ဝယ်တဲ့အခါမှာ
တော်တော်များများက ရေရှည်ကုန်ကျစရိတ်တွေကို
ထည့်မတွေးတတ်ကျပါဘူး။
ပစ္စည်းရဲ့ လက်ရှိဈေးနှုန်းကိုသာကြည့်ပီး
ဝယ်မယ်မဝယ်ဘူး ဆုံးဖြတ်တတ်ကြပါတယ်။
ဝယ်ယူလိုက်တဲ့ ပစ္စည်း ပျက်သွားလို့ပြုပြင်ရတာဖြစ်ဖြစ်၊
ထိန်းသိမ်းစရိတ်တွေ ကြီးတာဘဲဖြစ်ဖြစ်
အဲဒီကုန်ကျစရိတ်တွေကို ထည်ပီးတွက်မထားတဲ့အတွက်
ပြဿနာဖြစ်လာပါတယ်။
ဒီတော့ လုပ်ငန်းအတွက် စက်ပစ္စည်း၊ ယာဉ်
ဘယ်ဟာ ဝယ်တာဘဲဖြစ်ဖြစ် အပိုပစ္စည်းတွေရဲ့တန်ဖို့းတွေ၊
ပြုပြင်စရိတ်နဲ့ ထိန်းသိမ်းစရိတ်တွေပါ
ထည့်သွင်းတွက်ချက်ထားရပါမယ်။
Human Resource 
---------------------------
အချိန်ပြည့်ဝန်ထမ်းငှားရမ်းတာက ထင်သလောက်
ဈေးမပေါပါဘူး။  လုပ်ငန်းရှင်တော်တော်များများက
ဝန်ထမ်းတွေရဲ့ လစာတစ်ခုထဲကိုသာ
ထည့်တွက်တတ်ကြပြီးတော့
ဝန်ထမ်းတွေရဲ့ Training ၊ Bonus အစရှိတဲ့အရာတွေကို
မေ့နေတတ်ကြပါတယ်။
ဒီလို Training ၊ Bonus စတာတွေကို
ဘက်ဂျက်ထဲမှာလည်းထည့်မထားတတ်ကြပါဘူး။
ဝန်ထမ်းတွေကို အလုပ်နဲ့ သင့်တော်တဲ့ Training တွေ
မပေးနိုင်ဘူးဆိုရင် ကိုယ့် Customers  တွေကို
ဘယ်လိုမှ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာမဟုတ်ပါဘူး။
ဒီအတွက် အချိန်ပြည့်ဝန်ထမ်းတွေ ငှားဖို့အတွက်
စီစဉ်နေတယ်ဆိုရင် သူတို့အတွက် Training ၊
Bonus တွေအတွက်ပါ ထည့်ပြီးစဉ်းစားရပါမယ်။
အခွန်အခ နဲ့ အာမခံများ 
--------------------------
လုပ်ငန်းရှင်တော်တော်များများကတော့ လုပ်ငန်းနဲ့
ပက်သက်ပြီး အခွန်အခတွေ၊ အာမခံတွေ
ပေးသွင်းရမယ်ဆိုတာကို နားလည်ကြပါတယ်။
ဒါပေမဲ့ ပုံမှန်အားဖြင့် လျှော့ပေါ့ပြီးတွက်ထားကြတာများပါတယ်။ အခုဆိုရင် အစိုးရကနေ အခွန်အခတွေ ပိုပြီးကြပ်မတ်
လိုက်တဲ့အတွက် လုပ်ငန်းနဲ့ ပက်သက်တဲ့ အခွန်တွေ၊
လိုင်စင်တွေ၊ ပါမစ်တွေကို သေသေခြာခြာ
တွက်ချက်ထားရန်လိုအပ်လာပါပြီ။
အာမခံအနေနဲ့လည်း တချို့လုပ်ငန်းရှင်တွေက
မလိုအပ်ဘူးဆိုပြီး လုပ်မထားတတ်ကြပါဘူး။
အာမခံထားခြင်းက ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်တဲ့
သဘောဖြစ်သလို ပျက်ဆီးဆုံးရှုံးမှုတွေရှိလာခဲ့ရင်တောင်
ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုကို တတ်နိုင်သမျှနည်းစေနိုင်ပါတယ်။
ဖောက်သည်ရှာခြင်း
----------------------
အချို့လုပ်ငန်းရှင်တွေတွေထင်ကြတာက ငါ့မှာ
ဒီ Product ရှိရင် ဖောက်သည်တွေ
သူ့ဘာသူလာဝယ်ကြမှာ ၊
ဖောက်သည်တွေရှာစရာမလိုဘူးလို့ထင်ကြပါတယ်။
ဒါကမမှန်ပါဘူး
ကိုယ်ရဲ့ Product က ဘာကြီးပဲဖြစ်နေပါစေ
ဖောက်သည်မရှာတတ်ရင်အလကားပါပဲ။
ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ Product ကို
ဖောက်သည်တွေသိအောင် Marketing Strategy တွေ
ရှိထားဖို့လိုကို လိုအပ်ပါတယ်။
Marketing Strategy အတွက်လည်း
ဘက်ဂျက်ထဲမှာ ထည့်သွင်းရေးဆွဲရပါမယ်။
ယေဘူယျအားဖြင့်တော့ ဈေးကွက်မရသေးတဲ့
လုပ်ငန်းအသစ်တွေအနေနဲ့ ဝင်ငွေရဲ့ ၁၀% ကနေ ၂၀%၊
ဈေးကွက်ရပြီးသားလုပ်ငန်းဟောင်းတွေအနေနဲ့တော့
ဝင်ငွေရဲ့ ၅% ကနေ ၁၀% ထိ
Marketing အတွက်ချန်ထားရပါမယ်။
(ကိုးကား - U.S. Small Business Administration)
ကုန်ကျစရိတ်တွေခန့်မှန်းတွက်ချက်တဲ့နေရာမှာ
တိကျအောင်ဘယ်လိုလုပ်ရမလဲ?
--------------------------------------
အခုဘယ်လို ကုန်ကျစရိတ်တွေကို လျှော့တွက်တတ်တယ်
ဆိုတာသိပြီဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းအတွက်
ကုန်ကျစရိတ်တွေ နဲ့ ဘက်ဂျက်တွေကို
အချိန်ယူပြီးတွက်ချက်နိုင်ပါတယ်။
-
• တတ်ကျွမ်းနားလည်သူများနှင့်တိုင်ပင်ပြောဆိုပါ
လုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေ တွက်တဲ့ အခါမှာ
ကိုယ်တစ်ယောက်ထဲ တွက်တာထက်စာရင်
တတ်ကျွမ်းနားလည်တဲ့ ပညာရှင်
(Accountant, Financial Analyst စသည်) တို့နဲ့
တိုင်ပင်ပြီးတွက်တာပိုပီး တာသွားစေနိုင်ပါတယ်။
-
• ကုန်ကျစရိတ်တွေကို လိုအပ်ရင်ဖြတ်တောက်နိုင်ပါစေ
လုပ်ငန်းရဲ့ကုန်ကျစရိတ်တွေကို တွက်ရင်း မလိုအပ်တဲ့ အပိုကုန်ကျငွေတွေ၊ လိုအပ်ပေမဲ့ လျှော့ချလို့ရတဲ့ ကုန်ကျစရိတ်တွေတွေ့လာပါက လျှော့ချနိုင်ရပါမယ်။
-
• လုပ်ငန်းနဲ့ပက်သက်တာတွေ အကုန်လုံးကိုခြေရာခံပါ
ကိုယ့်ပြိုင်ဘက်တွေကို လေ့လာခြင်းဖြင့် ကိုယ့် Product or Service တွေအတွက် Pricing (ဈေးနှုန်းသတ်မှတ်ခြင်း) နဲ့ Reserve Money (အရံငွေအင်အား) ကိုပိုပြီး ထိုးထွင်းသိမြင်လာနိုင်မည်ဖြစ်ပါတယ်။
-
• ဒါ့အပြင် သတင်းအချက်အလက်စုဆောင်းခြင်း၊ ကုန်ရောင်းသူတွေရဲ့ဈေးကို ခြေရာခံခြင်း၊
တခြားကိုယ်သုံးရတဲ့ Resources တွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ လုပ်သားတွေရဲ့ ကုန်ကျစရိတ်တွေ အစရှိတာတွေကို မှတ်တမ်းတင်ထားရပါမယ်။ နောင်တချိန် ဘက်ဂျက်ရေးဆွဲတာဘဲဖြစ်ဖြစ် လိုအပ်လာရင် ဒီ Data တွေကို မှီငြမ်းလို့ရပါတယ်။
-
• မထင်မှတ်တဲ့ကုန်ကျစရိတ်တွေအတွက် အရံထားပါ
ခန့်မှန်းကုန်ကျစရိတ်တွေအကုန်တွက်ချက်ပြီးပြီဆိုရင်တော့ အဲဒီ တွက်ချက်လို့ရတဲ့ ပမာဏရဲ့ ၁၀%​ ကို Unexpected Cost (မထင်မှတ်တဲ့ကုန်ကျစရိတ်တွေ) အတွက် အရံထားပါ။ လုပ်ငန်းရှင်များအားလုံး ကုန်ကျစရိတ်များကို မှန်မှန်ကန်ကန် ခန့်မှန်းတွက်ချက်နိုင်ကြပါစေ။
Credit
#balance #accounting #business_advice
https://balance.service
by Balance Accounting
Tuesday, September 17, 2019
"ပဲကောသီး (နှစ်တရာသီး)"
%%%%%%%%%%%%%%
အထွေထွေဆေးသုံးဝင်ပုံ
Ginkgo biloba
or Maiden hair tree
Order: Ginkgoales
Family: Ginkgoaceae
တခါတလေ စားသောက်ဆိုင် ထိုင်လို့ ဘဲဖြစ်ဖြစ်၊ ဘီယာဆိုင် ရောက်လို့ဘဲဖြစ်ဖြစ် ပဲကောသီးကို မှာစားမိကြမှာပါ၊ ပဲကောသီးကို တုတ်တံနဲ့ တံစိုးထိုးထားသော အကင်က ခါးသက်သက်မို့ Beer နဲ့ လိုက်ဖက်လှသည်၊ သူ့အရသာကလည် ချိုအီစိမ့်စိမ့် နဲ့ သက်သော အရသာမို့ ပြောပြလို့ မရအောင်ထူးခြားလှသည်၊ ကိုက်လန်နဲ့ ပဲကော ရောကြော်ထားသော အစိမ်းကြော်လည်း စားကောင်းလှသလို အသားမပါ သူခြည့်ဘဲလည်း စားလို့ အဆင်ပြေလှသည်၊ တရုတ် အစားအစာ အတော်များများတွင် ပဲကောသီးက မပါမဖြစ်ပါ၊
ပဲကောသီးကို ဘယ်အပင်ကရသလည်းလို့ မေးစရာဖြစ်လာပါသည်၊ အရသာရှိသော ပဲကောသီးကို  Gingko biloba (ဂင်ကို ဘိုင်လိုဘာ)  ဆိုသောအပင်ကရပါသည်၊ Ginkgo အပင်တွေသည်  long-living, deciduous tree အသက်ရှည်ပြီး ရာသီအလိုက် အရွက်ကြွေသော အပင်ကြီးမျိုးဖြစ်သည်၊ ကမ္ဘာဦးအစကတည်းက ရှင်သန်ခွင့်ရခဲ့သော သက်တန်းရှည်လှသည့် အပင်ကြီးဖြစ်သည်၊ Ginkgo trees တွေရဲ့ မူရင်းဒေသက  East Asia ဖြစ်ပါသည်၊ ဘယ်က အစပြုခဲ့ သလည်း ဆိုလျှင် တရုတ်ပြည်ရှိ တောနက်ကြီးတွေက အစပြုခဲ့ပုံရသည်၊ Ginkgo အပင်တွေ ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင်အခြေအနေ ကောင်းမွန်ဖို့လည်း အထူး လိုအပ်လှပါသည်၊ တနေ့က post တခုတွင် Ginkgo ပင်တွေစိုက်ထားသော တရုတ်နိုင်ငံက ရွာလေးတရွာအကြောင်းဖတ်ရသည်၊ အစေ့ထုတ်ပုံကြည့်ဖို့ နိုင်ငံခြားသားတွေ တကူးတက လာကြည့်ကြရသည်၊ ရွာသူရွာသားတွေလည်း အလုပ်အကိုင်  ဝင်ငွေလည်းရ သဘာဝပတ်ဝန်းကျင် လည်းထိမ်းသားဖြစ်သည့် Eco tourism . အစီစဉ်ကောင်းတခုဖြစ်သည်၊  
Ginkgo အပင်တွေကို အေးမြသောတောင်ပေါ်ဒေသများတွင်သာ စိုက်ပျိုးလို့ရမှာပါ၊ ဒီအပင်ကို လူ့သမိုင်း အစောဆုံး ကာလတွေကတည်းက အစား အသောက်အနေနဲ့သာမက တိုင်းရင်းဆေး အတွက်ပါရည်ရွယ်စိုက်ခဲ့ကြတာပါ၊
Ginko ပင်ဟာအပင်ကြီးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ပေ တရာကျော်မြင့်ပါတယ်၊အပင်က နှင်းနဲ့ လေပြင်းတိုက်တာကို ခံနိုင်ရည်ရှိပါတယ်၊ အပင်နုစဉ် ကိုင်းဖြာမှုနဲပြီး ရှည်မြောသောပုံဖြစ်ပေမဲ့ အသက်ကြီးလာသည်နှင့်အမျှ အပင်က ဘေးဖက်ကိုကားလာပြီး crown ပုံစံဖြစ်လို့လာပါတယ်။ နွေဦးကာလမှာတော့ Ginkgo. အရွက်လေးတွေက တောက်ပသော အ၀ါရောင် ပြောင်းလို့ လာပါတယ်။ ရောဂါဒါဏ် အင်းဆက်ပိုးမွှားဒါဏ်ခံနိုင်ရည်ရှိသောအပင်ဖြစ်ပြီး  အချို့သော အပင်များမှာ  ၂၅၀၀ နှစ်လောက်ရှင်သန် တယ်လို့ မှတ်တမ်းများအရသိရပါသည်၊
အမည်ဖြစ်တဲ့ Ginkgo ဆိုသည့် မျိုးစုအမည် ဟာ Gin နဲ့ kgo စကားစု ၂ ခုပေါင်းထားတာပါ၊ Gin ဆိုတာ ငွေရောင်လို့ တရုတ်လို အဓိပ္ပာယ် ရသည်၊ kgo ဆိုတာကတော့ kyo ဆိုသည့် ဂျပန်စကားစုက ဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပာယ် က မက်မန်းသီးဖြစ်သည်၊ စကားစု ၂ ခုပေါင်းလိုက်ရင် ငွေရောင်အဆင်းရှိမက်မန်းသီးဖြစ်သည်။ Species မျိုးစိတ်အမည် biloba ဘိုင်လိုဘာ ဆိုတာကတော့ အရွက်လေးကိုညွှန်းပါသည်။ Ginkgo ပင်၏ အရွက်များကတော့ အထူးခြား ဆုံးပါဘဲ၊ bi ဆိုတာ ၂ ခု ဖြစ်ပြီး loba ဆိုတာ lobe အဝိုက် ၂ ခုဖြစ်သည်၊ ဒီ ၂ ခုပေါင်းလိုက်ရင် biloba ဖြစ်လာပြီး အဝိုက် ၂ ခုရှိသော အရွက်ဖြစ်လာသည်၊  အရွက်ကလေးပုံစံက အပျိုစင်လေးတယောက်ရဲ့ ဆံပင်ပုံစံနဲ့ဆင်လှတာမို့ ချစ်စဖွယ် အမည်လေးတခုကို အင်္ဂလိပ်လူမျိုးများကပေးထားသည်၊ အမည်က Maiden hair tree အပျိုစင်ဆံပင်ပုံစံသစ်ပင် ဖြစ်သည်။
အရွက်ပုံစံက ကျနော်တို့မြင်နေကြ သရက်ရွက် မာလကာရွက် စပယ်ရွက် တွေလို ပုံစံမဟုတ်ဘူး၊ အလွန်တရာမှ အဆင့်နိမ့်သည့် အရွက်ဖြစ်သည်။  ရွက်ပြားပုံစံက ယပ်တောင်ပုံစံ ဖြစ်ပြီး ရွက်ကြော veins များက ထင်ရှားသည် ၊ ရွက်ကြောဖြာပုံက ၂ခွဖြာ ပုံစံ bifurcating ပုံစံပါ၊ ဒီ ရွက်ကြောဖြာပုံဟာ အလွန်ရှေးကျလွန်းသော လက္ခဏာ  premitive characters ဖြစ်ပါသည်၊ အများစုက ၄လက်မလောက်ရှိပေမဲ့ တခါတရံ ၆လက်မထိရှိတတ်တာပါ၊ အရွက်ပုံစံ ရွက်ကြောဖြာပုံကြည့်ရုံနဲ့ ဒီအပင်ဟာ ကမ္ဘာဦးပေါ်စကပင်ရှိခဲ့ရမယ်လို့ ခန့်မှန်းနိုင်သည်၊ ကျောက်ဖြစ်ရုပ်ကြွင်း တွေအပေါ်မှာလည်း ဒီအရွက်ပုံစံတွေ ထင်ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀၀ ခန့်ကတည်းက ဖြစ်တည်ခဲ့သောအပင်ဖြစ်သည်၊ အခြားသော မျိုးစိတ်တွေလို မျိုးတုံးပျောက်ကွယ်ခြင်းမရှိဘဲ ယနေ့တိုင်ရှင်သန်နေသော အပင်တပင်လည်းဖြစ်သည်၊ ဒါ့ကြောင့် ဒီအပင်ကို "ကမ္ဘာဦးအပင်တပင်" living fossil tree လို့ တင်စားခေါ်ကြသည်။
အထူးခြားဆုံးအချက်ကတော့ Ginkgo ပင်လေးတွေက အဖိုပင် သတ်သတ် အမပင်သတ်သတ် ရှိတာပါ၊ အဖိုပင်က pollen cone လေးတွေထုတ်ပေမဲ့ အမပင်ကတော့ cones မထုတ်ပါဘူး၊ Ginkgo အပင်တွေသည် ဘယ်သောအခါမှပန်းပွင့်ခြင်းမရှိသည့် Gymnosperms "အစေ့ဖော်ပင်" (ဂျင်မနိုစပန်း) အနွယ်ဝင် အပင်တွေဖြစ်သည်၊ ထို့ကြောင့်လည်း ပဲကောအစေ့ကို အစေ့အိမ်နံရံဖြင့်ဝန်းရံမထားပါ၊ အမပင်ကသီးသောအရာသည် အကယ်စဉ်စစ် အသီး မဟုတ်ပါ၊  အစေ့သာဖြစ်သည်၊ ထိုအစေ့တွင် အခွံ ၂ ခုရှိသည် ။ နုညံပြီးအရည်ရွှမ်းသောအပြင်ခွံ soft and fleshy section (the sarcotesta) နှင့်   မာသော အတွင်းအခွံ hard section (the sclerotesta) တို့ဖြစ်သည်၊
 နုညံသော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ရှိသည်၊ ၀တ်မှုံကူးပြီးရင် အစေ့လောင်း ၂ ခုက ရိုးတံအခြေမှာ ရှိနေတာပါ။ အစေ့မှာပြင်ပ အလွှာ sarcotesta ပါပြီး light yellow brown အရောင်ပါ။ နုညံပြီး butyric acid ထုတ်ပေးပါသည် ရနံ့က  ဆီခြေး စော်နံသော ထောပတ်ရနံ့ဖြစ်ပြီး အနံ့ဆိုးလှသည်၊ သူရှိရင် ဆိုးဝါးလှတဲ့အနံ့ရယ် အစေ့အမှည့်က ထွက်သော  အရေတွေက မြို့ပြကို ညစ်ပေစေသည်။ ဒါ့ကြောင့်လည်း အလှစိုက်သူတွေက အဖိုပင်ကိုမှ သီးသန့်  ရွေးချယ်စိုက်ကြသည်၊ဥယျာဉ်စိုက်ပျိုးသူတွေက အစေ့တွေကိုသာ စိုက်ရင် အမပင်တွေပါလာမှာ စိုးလှပါသည်။ ဒါ့ကြောင့် male Ginkgo အပင်ကနေ ကိုင်းကူး ကိုင်းဆက်နည်းနဲ့ အဖိုပင်တွေခြည်း ပေါက်ဖွားလာအောင် ကြံဆောင်ခဲ့ကြသည်၊
Ginkgo အပင်လေးတွေက စိုက်ရ ပျိုးရ အလွန်လွယ်ပါတယ်၊ ရာသီဥတုသာ သမ မျှတ နေပါစေ ကိုင်းထိုးစိုက်ယုံနဲ့ရှင်သန်ပါတယ်၊ အေးမြပြီးစွတ်စိုသော နေရာဒေသအားလုံးကို နှစ်သက်သောအပင်တပင်ဖြစ်သည်။ ဒီအပင်က လေထုညစ်ညမ်းမှုဒါဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဓာတ်ငွေ့ကို စုတ်ယူပြီး လူသားတွေ အတွက် တန်ဖိုးရှိသည့် အောက်စီဂျင်ကို ထုတ်ပေးနိုင်စွမ်းရှိသော အပင်ဖြစ်သည်၊ စက်မှုလုပ်ငန်းထွန်းကားပြီး လေထုညစ်ညမ်းသော မြို့ကြီးတွေ ၊ လူနေထူထပ်လှသော မြို့ပြတွေမှာ လေထုက ညစ်ညမ်းလှသည်၊ ဒီမြို့ကြီးတွေမှာ  သဘာဝလေသန့်စင်စက်တခုအလား ဒီအပင်တွေ ကို စိုက်ကြသည်၊ ကိုရီးယားက ဆိုးမြို့၊ တရုတ်ပြည်က ရှမ်ဟိုင်း၊ ပီကင်း စသော စသော စသော  မြို့ကြီးတွေမှာ ထူထပ်စွာ စိုက်ကြသည်။ များများစိုက်လေ များများလေသန့် နိုင် လေလေ ဖြစ်သည်။
အမ Ginkgo အပင်တွေအပေါ်မှာ  ဘဲဥပုံ သို့မဟုတ် လုံးဝန်းသောပုံစံရှိသည့်  အရည်ရွှမ်းသည့် အသီးပုံစံ အစေ့ တွေကို အကိုင်းတွေပေါ်မှာ အစုလိုက် သီးလေ့ရှိပါသည်၊ အရွယ်ကတော့small jujube (Chinese date) ဇီးသီး အရွယ်လောက်ဖြစ်ပါသည်၊ အစေ့ပုံစံ အသီးရဲ့ အပြင်ခွံ exocarp က ရနံ့ပြင်းသော အနှစ် pulp ရနံ့ရှိပြီး ရုက္ခဗေဒလို  assarcotesta လို့ခေါ်ပါသည်၊ အခွံမာဖြင့်ဖုံးကာထားသော တခုတည်းသော အစေ့ထဲမှာ စားလို့ရ သည့်  edible embryo (kernel) ကိုတွေ့ရမှာပါ၊အတွင်းက အဝါရောင် အစေ့ကိုဘဲ စားသုံးကြပါသည်၊
တရုပ်ရိုးရာ ယဉ်ကျေးမှုမှာ ပဲကောစေ့တွေ စားရင် ကျမ်းမာရေးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ထားကြသည်၊ Ginkgo nuts တွေကို  congee မှာသုံးကြသည်၊ နောက်ပြီး တရုပ်ရိုးရာနှစ်သစ်ကူးပွဲတော် တွေမှာလည်း အမှတ်တရစားသုံးဖို့ ချက်ပြုတ်ကြပါသည်၊ အချို့ကလည်း သူ့မှာ  aphrodisiac qualities ရှိတယ်လို့ သတ်မှတ်ထားကြပါသည်၊ ဂျပန် အစားအသောက်တွေမှာ ginkgo seeds တွေထည့်ချက်ထားကြပြီး  အစေ့ကို ginnanလို့ ခေါ်ကြသည်၊
Ginkgo ပင်လေးတွေက လေထုညစ်ညမ်းမှု လျောနဲစေတယ် မြေဆီလွှာလည်း ခိုင်မြဲစေသည်၊ Urasenke ကျောင်းရဲ့ Japanese tea seremony မှာ Ginkgo အရွက်လေးက symbol ဖြစ်နေသည်၊ မြန်မာပြည်မှာ ပိတောက်က national flowers ဖြစ်သလို တရုတ်ပြည်မှာ Ginkgo က national tree ဖြစ်ပါသည်။ တရုတ်ပြည်မှာတော့ လွန်ခဲ့သော  လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ကတည်းက ဘုရားကျောင်း temples တွေမှာ စိုက်ခဲ့ကြသည် ၊ Korea နဲ့ Japan မှာလည်းစိုက်ခဲ့ကြသည်။ Ginkgo leaves ရဲ့ extracts မှာ flavonoid, glycosides နဲ့ terpenoids တွေပါသည်၊ အာရုံကြောနဲ့ဆိုင်သော ရောဂါတွေ ကုသရာမှာသက်ရောက်မှုရှိသည်၊ အဓိကကတော့ memory and concentration ehancer,  anti vertigo agent အနေနဲ့သုံးခဲကြသည်၊
အငြင်းပွားစရာ အချို့သုတေသနတွေမှာ Ginkgo extract က လူသားတွေရဲ့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းစေသည်၊ oxidative cell damage တွေကို ကာကွယ်ပေးသည် cardiovascular, renal, respiratory နဲ့ central nervous system တွေနဲ့ဆက်နွယ်သော platelet activating factors အပေါ်သက်ရောက်သည်၊အခြားသော ဆေးဝင်မှုတွေကအများကြီးပါ၊ ရေးလို့မကုန်နိုင်အောင်ပါဘဲ
အများစုက Ginkgo အပင်နဲ့ ပဲကောသီးကို ဆက်စပ် တွေးမိကြပုံမရပါ၊ သီးသန့်သာ တွေးမိကြပါသည်၊ ရုက္ခဗေဒ ဆရာပီပီ တပည့်တွေ မိတ်ဆွေတွေကမေးလာရင် ရှင်းပြတတ်ဖို့တော့လိုပါသည်၊ ယခုအခါ မြန်မာပြည်မှာ Ginkgo အပင်အငယ်လေးတွေကို ဝယ်ယူလို့ ရနေပါဘီ၊ အလှအပအနေနဲ့လည်း စိုက်ပျိုးနေကြပါဘီ၊ ကျနော်တို့ ကျောင်းသားဘဝက Ginkgo ပင်ကိုတွေ့ခြင်လျှင် မေမြို့ ရုက္ခဗေဒဥယျာဉ်ဆီ သွားရောက် လေ့လာရပါသည်၊ တပင်ထဲသော Ginkgo ပင်ကိုကြည့်ရင်းအံသြခဲ့ဖူးသည်၊ သူက အပင်ထက် သက်ရှိရုပ်ကြွင်း Living fossile တပင်လို့သာ တင်စားမိသည်အထိပါ၊
ထိုစဉ်က ဆရာကြီးပြောပြလို့  မှတ်ဥာဏ် ကောင်းတယ်ဆိုပြီး အရွက်လေးတွေ ကောက်ခဲ့ဖူးသည်၊ အခုအခါတွင်မူ Fame မှ အာရုံကြောအားကောင်းဆေးအဖြစ်အရွက်မှ ဆေးထုတ်ယူကာရောင်းချနေဘီဖြစ်သည်၊ အသက်၅၀ ကျော်လာရင် သွေးကြောတွေတဖြည်းဖြည်းကျဉ်းလာသည်၊ အထူးသဖြင့် ဦးဏှောက်နဲ့ အာရုံကြောသွားသော သွေးကြောတွေ ကျဉ်းမသွားစေရန်အတွက် ကာကွယ်သည့်သဘောအဖြစ် သောက်သုံးသင့်သည်။ သွေးတိုးရောဂါသည် ၊ လေဖြတ်ခြင်း၊ မှတ်ဉာဏ်ရောနဲလာခြင်း၊ Alzheimer ၊မူးဝေတတ်သူများ၊ ပန်းသေ ပန် ညှိုးရောဂါများအတွက်သောက်သုံးသင့်သည့် ဆေးပါ။ ဘယ်လိုဆေးမဆို ဘေးထွက်ဆိုးကျိုးရှိနေတတ်ပါတယ်၊ သစ်ရွက် သစ်ဥ အမြစ်က ထုတ်သော်လည်း အချို့သောဆေးဝါးတွေက နှလုံး သွေးတိုး ရောဂါသည်တွေအတွက်ပိုဆိုးသွားစေနိုင်သည်။ အာမခံချက်မရှိသော ဈေးပေါလှသည့် ဆေးဝါးများကို သောက်သုံးခြင်းက အလွန် အန္တရာယ်ရှိပါသည်၊ ဒါ့ကြောင့် တတ်သိနားလည်သော သမားတော်များ၏ ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်လှသည်၊
Ginkgo အပင်အကြောင်းကို Ginkgo အပင်အောက်မှာ ရှင်းပြဖူးခဲ့သော ကျနော်တို့၏ ဆရာကြီး ဒေါက်တာတင်မြင့် ၊ ဆရာကြီး ဦးခင်မောင်တင် တို့ကား မရှိတော့ဘီ၊ သို့သော်လည်း ကမ္ဘာ့ အသက်အရှည်ဆုံး  Ginkgo အပင်ကြီးကား ရှင်သန်ဆဲ ရွက်နု တွေဝေနေဆဲ...
သင်ဆရာ မြင်ဆရာကြီးများကို ဦးညွှတ်လျက်....
Credit-မူရင်းဆရာအား
Song Wai-ပြန်လည်မျှဝေသည်။
Monday, September 16, 2019
“LDRS များအတွက် ကိုယ်ဝန်တားနည်း”
LDRS ဆိုတာ လူငယ်တွေတော့ သိလိမ့်မယ်။ Long Distance Relationship ကို ပြောတာပါ။ အနေဝေးကြတဲ့ ချစ်သူတွေပေါ့။
ခုနောက်ပိုင်း လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ လူငယ်တွေရဲ့ အမြင်နဲ့ အလေ့အကျင့်တွေ ပြောင်းလဲလာကြတာ အားလုံးလည်း သိမှာပါ။ လက်ထပ်မှ အတူနေမယ် ဆိုတာမျိုး မဟုတ်တော့ဘဲ သမီးရည်းစား ဘ၀မှာကတည်းကိုက အတူနေကြတယ်။ တချို့လည်း စောင့်ထိန်းပါတယ်။ ဒီလိုလူငယ်တွေလည်း အများကြီး ရှိသေးတယ်။ ဒီလိုထိန်းနေရင်းကမှ မတော်တဆ လွန်လွန်ကျူးကျူး ဖြစ်သွားတဲ့အခါ အရေးပေါ် ကိုယ်ဝန်တားဆေးကို သုံးကြရတယ်။
တချို့ကျတော့လည်း လက်သာမထပ်ရသေးတာ၊ အိမ်ထောင်သည်တွေလိုပဲ ပုံမှန်ဆက်ဆံမှု ရှိကြတယ်။ သူတို့ကျ အတူနေပြီးတိုင်း အရေးပေါ်ဆေး သောက်နေလို့ မရဘူး။ ဒီဆေးက ထိရောက်မှု နည်းတယ်။ မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ အနေအထားမျိုးမှသာ သုံးသင့်တာ။ ဒါကြောင့် ကွန်ဒုံးလို၊ နေ့စဉ်သောက်ဆေးကတ်လို၊ ၃ လခံထိုးဆေးလိုမျိုးတွေ သုံးမှ အဆင်ပြေမယ်။ စိတ်ချရမယ်။
ကြားမှာ ခက်နေတာက ခုပြောတဲ့ LDRS တွေ။ တစ်ယောက်ယောက်က နယ်မှာ ရောက်နေတာ ဖြစ်မယ်။ ၂လမှ တစ်ခါ၊ ၃လမှ တစ်ခါလောက် တွေ့ကြရတယ်။ တွေ့တဲ့အခါတော့ အတူနေဖြစ်ကြတယ်ပေါ့။ ဒီအခါ ဘယ်လိုကိုယ်ဝန်တားနည်း သုံးရမလဲလို့ မကြာခဏ လာမေးကြတယ်။ ၃လမှ တစ်ခါလေး တွေ့ရတာမို့ နေ့စဉ်သောက်ဆေးလို သုံးနေရမယ်ဆိုလည်း မတန်ဘူးပေါ့။ ပြဿနာက ဘယ်နည်းသုံးပါဆိုပြီး အကောင်းဆုံး နည်းရယ်လည်း မရှိဘူး။ ရွေးချယ်လို့ရနိုင်တာတွေပဲ ပြောပြချင်တယ်။ အားသာချက်၊ အားနည်းချက်ကို ကိုယ့်ဟာကိုယ် ချိန်ဆကြည့်ပြီး ဆုံးဖြတ်တာ ပိုကောင်းပါမယ်။
၁။ ရက်ရှောင်နည်း
ဒါက မိန်းကလေးရဲ့ ရာသီလာရက်ပေါ် မူတည်ပြီး တွက်တာပေါ့။ အကြမ်းအားဖြင့် ရာသီစပေါ်တဲ့ ရက်ကနေ ၇ ရက်အတွင်းသည် ကိုယ်ဝန်ရနိုင်ခြေ အနည်းဆုံးကာလ ဖြစ်တယ်။ ဒီရက်မှာ ချိန်းပြီး နေမယ်ပေါ့။ ဒီနည်းကို သုံးမယ်ဆို မိန်းကလေးက တစ်လတစ်ခါ ရာသီမှန်မှန်ပေါ်တဲ့သူ ဖြစ်ဖို့တော့ လိုတယ်။ မဟုတ်ရင် ရက်က မမှန်နိုင်ဘူး။ ထိရောက်မှုလည်း နည်းတယ်။ ဒါပေမဲ့ သဘာဝနည်းဖြစ်လို့ ဘာဆေးမှ ၀ယ်နေစရာ မလိုသလို၊ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။
၂။ သုက်ရည်အပြင်ထုတ်နည်း
ဒါကလည်း သဘာဝနည်းပဲ။ သုက်ရည်ကို မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲ မထည့်ဘဲ အပြင်မှာ စွန့်ထုတ်လိုက်တာပေါ့။ ဒီတော့ ကိုယ်ဝန်မရတော့ဘူး။ သူကလည်း ဘေးထွက်ဆိုးကျိုး မရှိဘူး။ ဘာမှလည်း ၀ယ်နေစရာ မလိုဘူး။ ဒါပေမဲ့ ဒီနည်းနဲ့ ပတ်သက်လို့ သိထားရမှာ နှစ်ချက်ရှိတယ်။ ဒါကို သုံးမယ်ဆို ယောကျာ်းလေးက အချိန်အဆ ကျွမ်းကျင်ဖို့ လိုတယ်။ ခုမှ ပထမဆုံး အတွေ့အကြုံဆို မရွေးသင့်ဘူး။ နောက်ပြီး သုက်ရည်က လိင်ဆက်ဆံပြီးမှ ထွက်တာ မဟုတ်ဘဲ ဆက်ဆံနေတုန်းမှာလည်း အနည်းအပါး ထွက်တတ်ပြီး အဲဒီကနေ ကိုယ်ဝန်ရတတ်လို့ သိပ်စိတ်ချရတဲ့နည်းတော့ မဟုတ်ပါဘူး။
၃။ ကွန်ဒုံး
ဒီနည်းကတော့ အမျိုးသားက သုံးရမှာ။ ကိုယ်ဝန်တင်မကဘဲ လိင်ကတစ်ဆင့် ကူးတဲ့ ရောဂါတွေပါ ကာကွယ်ပေးနိုင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တော်တော်ကြီး ကြာမှ တွေ့ကြရတာမို့ ကိုယ့်နောက်ကွယ်မှာ သူ ဘာတွေလုပ်နေမယ် မသိနိုင်ဘူး။ ဒါကြောင့် ကွန်ဒုံးကတော့ အဆင်ပြေဆုံးပဲ။ သုံးမယ်ဆို စပြီးနေကတည်းက သုံးရမယ်။ သုက်ရည်ထွက်ခါနီးမှ သုံးလို့ မရဘူး။ ရှေ့ကနှစ်နည်းနဲ့ ယှဉ်ရင် ထိရောက်မှုလည်း ကောင်းတယ်။ နောက်တစ်ခု သူ့ရဲ့ အားသာချက်က ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ ဒါပေမဲ့ ပြဿနာက အမျိုးသားတချို့က ဒီလိုအကာအကွယ်ကို မသုံးချင်ကြဘူး။ တကယ်တော့ ဒီလိုသုံးလိုက်ရင် လိင်ဆန္ဒပြည့်ဝမှုမှာ ဘာအနှောင့်အယှက်မှ မပေးပါဘူး။ ပေးတယ်ဆိုရင်တောင် သူ့ကြောင့် ပြန်ရတဲ့ အကျိုးကျေးဇူးက သိပ်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆို သုံးစေချင်ပါတယ်။
၎။ အရေးပေါ် ကိုယ်ဝန်တားဆေး
အပေါ်က ပြောခဲ့တဲ့ နည်းတွေ ဘာမှမသုံးချင်ဘူး ဆိုတဲ့သူတွေအတွက် နောက်ဆုံးနည်းပါ။ မရည်ရွယ်ဘဲ ဖြစ်သွားတာမျိုး မဟုတ်ဘဲ ရည်ရွယ်ပြီးမှတော့ နေကြတာ ဆိုပေမဲ့ ၃လမှ တစ်ခါလောက်၊ ၂လမှ တစ်ခါလောက် ဖြစ်တာမို့ နေပြီးတာနဲ့ သောက်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ ဒါမှမဟုတ် အပေါ်က နည်းတွေကို သုံးရင်းနဲ့ တခုခု လွဲချော်သွားတာမျိုး (ဥပမာ သုက်ရည်ကို အထဲမှာ စွန့်မိလိုက်တာ၊ ကွန်ဒုံးပေါက်သွားတာ) တွေမှာလည်း သုံးလို့ရတယ်။
တချို့ကျလည်း တစ်ညတည်းမှာပဲ ၂ ခါလောက် နေကြတယ်။ ဒီတော့ အားလုံးပြီးသွားမှပဲ သောက်ပါ။ သောက်ပြီးမှ ထပ်ဖြစ်တယ်ဆို ထပ်သောက်ရမှာလိုလို မသောက်ရမှာလိုလို ဖြစ်တတ်လို့။ အတူနေပြီး နာရီ ၁၂၀ အတွင်း သောက်ရတယ်။ စောသောက်လေလေ ကောင်းလေလေပဲ။
သူ့ရဲ့ အားနည်းချက်ကတော့ ထိရောက်မှုအားဖြင့် ၈၇ % ပဲ ရှိတယ်။ ဒီတော့ အရေးပေါ်ဆေး သောက်လိုက်ပေမဲ့လည်း ရသွားနိုင်တယ်ပေါ့။ နောက်တစ်ခုက ဒီဆေးက ကိုယ်ဝန်ပဲ တားပေးနိုင်တယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေတော့ ကာကွယ်မပေးနိုင်ဘူး။ ဒါကြောင့်လည်း နောက်ဆုံးနည်းအဖြစ်နဲ့ပဲ ရွေးစေချင်တာ။
ဒီ ၄ နည်းကတော့ LDRS တွေအနေနဲ့ ရွေးလို့ရတဲ့ နည်းတချို့ ဖြစ်ပါတယ်။ တခြားနည်းတွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အသုံးပြုလို့ အဆင်ပြေနိုင်ဆုံးကတော့ စဉ်းစားမိသလောက် ဒါတွေပါပဲ။ ပြောခဲ့ပြီးသလိုပဲ၊ ဘယ်နည်းကတော့ အကောင်းဆုံးရယ် မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ချိန်ဆကြည့်ပါ။ မရလောက်ပါဘူးအထင်နဲ့ ဒီအတိုင်း နေလိုက်မိပြီး ကိုယ်ဝန်ရသွားမှ မလိုချင်လို့ ဘာလုပ်ရမလဲ လိုက်မေးနေရတာထက်စာရင်တော့ ဘာနည်းပဲသုံးသုံး အဆင်ပြေပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(၂.၉.၂၀၁၉ ထုတ် Good Health ဂျာနယ်ပါ ဆောင်းပါး)
Sunday, September 15, 2019
ဆင်တုပ်ကွေးရောဂါ (အပိုင်း နှစ်)
ကာကွယ်ဆေးမရှိသေးသော
Chikungunya Virus ကြောင့်ဖြစ်သည့်
ဆင်တုပ်ကွေးရောဂါ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹
အမေရိကန်နိုင်ငံက..ရောဂါထိန်းချုပ်ရေး ဗဟိုဌာနချုပ် Center of Disease Control(CDC)၏ "ချစ်ကွန်ကွန်းယား" ဆင်တုပ်ကွေးအဖျားကြောင့်ဖြစ်သည့် အဆစ်ရောင်ရောဂါအကြောင်းကို
ဖတ်ကြည့်မိသောအခါတွင် ယခု မြန်မာပြည်တွင်လူအများခံစားနေကြရသည်နှင့် တစ်ထပ်တည်းတူညီနေသည်ကိုတွေ့ရသည်။
ထို့ကြောင့် အဆစ်ရောင်ရောဂါအကြောင်းဖတ်ကြည့်ပြီး ကျန်းမာရေးဗဟုသုတရနိုင်ကြပါစေ။
အများအားဖြင့်အဆစ်ကြီးကြီးတွေ..ရောင်ရမ်းနာကျင်တတ်သည်။
®ပုခုံးဆစ်
®တတောင်ဆစ်
®လက်ကောက်ဝတ်ဆစ်
®ခါးရိုးဆစ်
®ကျောရိုးဆစ်
®တင်ပဆုံရိုးဆစ်
®ဆီးခုံရိုးဆစ်
®ပေါင်ရင်းဆစ်..တင်ပခွက်ဆစ်..
®ဒူးဆစ်..
®ခြေကောက်ဝတ်ဆစ်..
®ဖနောင့်..
®ခြေချောင်းဆစ်
®လက်ချောင်းဆစ်များလည်းရောင်သည်။
အဆစ်ရောင်ရမ်းမှုအပြင် ကြွက်သားကြီးများလည်းရောင်ရမ်းတတ်သည်။
®ပခုံးကြွက်သားများ
®လက်ပြင်ကြွက်သားများ
®ရင်ဘတ်ကြွက်သားများ
®ပုခုံးကြွက်သားများ
®လက်မောင်းကြွက်သားများ
®လက်ဖျံကြွက်သားများ
®တင်ပဆုံကြွက်သားများ
®ပေါင်ကြွက်သားများ
®ခြေသလုံးကြွက်သားများ
ကိုင်ရိုက်ထားသကဲ့သို့နာကျင်နေတတ်သည်။
လူတယောက်နှင့်တစ်ယောက်
ရောဂါဒဏ်ကိုခံနိုင်ရည်ရှိမှုမတူကြချေ။
တစ်ချို့  မှာ ၃ရက်မှ ၅ ရက်၊ သို့မဟုတ်
ရက်သတ္တတစ်ပတ်လောက်နှင့် သက်သာသွား
သော်လည်း တချို့ မှာ ၂ ပတ်၊၃ပတ်မှ
တစ်လလောက်အထိအချိန်ကြာကြာနာကျင်မှုကို
ဒဏ်ခံစားရတတ်သည်။
တစ်ချို့ မှာ လပေါင်းများစွာနာကျင်မှုဝေဒနာ
ခံရတတ်ပြီး ယခုအချိန်ထိ ၂ ပတ်ကြာတဲ့အထိ
နာနေသောလူနာများကိုသာတွေ့ရပါသေးသည်။
သတိပြုစရာများမှာ ⤵️
✖ Chikungunya..ဆင်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။
✖ ရောဂါပိုးသယ်ဆောင်လာသည့်
ခြင်ကိုက်ခံရမှု ကြောင့် ရောဂါကူးစက်ခံရတတ်
သောကြောင့် ခြင်ကိုက်မခံရအောင်သတိထားရ
ပါမည်။ ခြင်မပေါက်ပွားအောင်နည်းလမ်းကို
ရှာကြရပါမည်။
✖ Vaxagrip..လို..တုပ်ကွေးကာကွယ်ဆေးမှာ..
Chikungunya Virus..မပါသည့်အတွက်..
တုပ်ကွေးကာကွယ်ဆေးထိုးထားသော်လည်း
ရောဂါပိုးပါသည့်ခြင်ကိုက်ခံရပါက ရောဂါကူးစက်
ခံရမည်ဖြစ်သည်။
✖ Chikingunya..ဆင်တုပ်ကွေးရောဂါအတွက်
ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်နိုင်သောဆေးမပေါ်
သေးဟုထုတ်ပြန်ချက်များအရသိရသည်။
✖ ဆရာဝန်များ ကုသပေးနေကြသည်မှာ
Chikungunya..ဆင်တုပ်ကွေးရောဂါကို
ကုသပေးနေကြတာမဟုတ်ပါ။
#တုပ်ကွေးပိုးကြောင့်..
☺ အဖျားကြီးနေသည်ကိုအဖျားလျော့လာအောင်
ဆေးထိုးသောက်ဆေးပေးကြခြင်းဖြစ်သည်။
☺ ကိုက်ခဲနာကျင်တာသက်သာအောင်..
အကိုက်အခဲပျောက်ဆေးထိုးပေးခြင်းနှင့်
သောက်ဆေးပေးခြင်းဖြစ်သည်။
☺ သွေးပေါင်ချိန်ကျသွားလျင်၊ ရေခမ်းခြောက်သည့်
လက္ခဏာပြလျင် ဓာတ်ဆားရည်သွင်းပေးခြင်းနှင့်
ဓာတ်ဆားရည်သောက်ခိုင်းသည်။
☺ တုပ်ကွေးကြောင့် ကိုယ်ခန္ဓာ၏
သဘာဝခုခံအားများကျသွားတတ်ပါသည်။
ထိုအခါမျိုးတွင် ဘက်တီးရီးယားရောဂါပိုးများ
အပိုဝင်လာတတ်သောကြောင့် သင့်လျော်သည့်
ပိုးသတ်ဆေးများထိုးသင့်ပါကထိုးပေးရသကဲ့သို့
သာက်ဆေးပေးသင့်ပါကလည်းပေးရပါသည်။
✌ အမှန်မှာ ယခုဖြစ်နေသည့် Chikungunya virus ပိုးအတွက် သီးသန့်ထုတ်ထားသည့်ဆေး
တစ်ခုမျှမပါသကဲ့သို့ရှိလည်းမရှိပါ။
➖➖➖➖➖➖➖➖➖➖➖
✌ Chikungunya..ဆင်တုပ်ကွေးရောဂါ
ပျောက်ကင်းဖို့အတွက်..အဓိကအရေးကြီးဆုံးမှာ
ခန္ဓာကိုယ်ရဲ့သဘာဝခုခံကာကွယ်အား..
Immunity ကိုမြင့်တင်နိုင်ဖို့ပင်ဖြစ်သည်။🔺
#လိုက်နာဖို့လိုသည်မှာ🔻🔻🔻🔻
☺ အိပ်ရေးဝဝအိပ်ရမည်။
☺ သက်တောင့်သက်သာအနားယူရမည်။
☺ ပင်ပန်းသည့်အလုပ် မလုပ်ရ၆ာ။
☺ ပင်ပင်ပန်းပန်းအားကစားမျိုးမလုပ်ရပါ။
☺ အဟာရ ပြည့်ဝသည့် အသား၊ငါး၊ကြက်ဥ၊
နွားနို့၊ ပဲနို့ ၊ ငှက်ပျောသီး များများစားရမည်၊
များများသောက်ရမည်။
☺ သဘာဝသစ်သီးရည်များ၊ လတ်လတ်
ဆတ်ဆတ်အသီးများများစားပေးရမည်။
☺ အိုဗာတင်း၊ကွေကာ၊ ဟောလစ်၊ မိုင်လို၊
အင်ရှူးယားစသည့် အဟာရမှုန့်များးဖျော်သောက်
ပေးရမည်။
☺ ရေဓာတ်ပြည့်ဝနေအောင်ဂရုတစိုက်ဖြင့်
ရေများများသောက်ပေးရမည်။
☺ သွေးပေါင်ကျနေပါက၊ ခြေလက်ညောင်းပြီး
ပျော့နေပါက ဓာတ်ဆားထုပ်ဖျော်သောက်ရမည်။
☺ Chikungunya..အဆစ်ရောင်ရမ်းနာ
ကြွက်သားရောင်ရမ်းနာအတွက်
အကောင်းဆုံးမှာ
☺ ရေနွေးခပ်နွေးနွေးနဲ့စိမ်ချိုးခြင်း။
☺ ရေစိမ်ကန်မရှိပါက ရေနွေးနဲ့ခပ်ကြာကြာ
ချိုးခြင်း။ အဝတ်လေးကိုရေနွေးမှာစိမ်၊
ဆပ်ပြာအမြုပ်ထအောင်လုပ်၊ ခန္ဓာကိုယ်အနှံ့
ပွတ်တိုက်ခြင်းလည်းထိရောက်ပါသည်။
☺ ရေနွေးကြောင့်ရောင်နေသည့်အဆစ်များ
ရောင်နေသည့်ကြွက်သားများပြေလျော့ပြီး
သိသိသာသာနာကျင်မှုဒဏ်လျော့ကျစေပါသည်။
☺ ရေနွေးဖြင့်ရေချိုးဖို့အတွက်မဖြစ်နိုင်ပါက
ဝန်လေးနေပါက၊ကြောက်နေပါက၊
ရေနွေးအိတ်လေးေ၉ာ်လည်းကောင်း၊
ရေနွေးပုလင်းလေးသော်လည်းကောင်း
နာနေသည့် အဆစ်များကြွက်သားများတွင်
ကပ်ထားလည်းဖြစ်ပါသည်။
✖ အထူးသတိထားရမည်မှာ.....🔻🔻🔻
အဆစ်များ ကြွက်သားများကို လုံးဝလုံးဝ
နှိပ်နှယ်ခြင်း၊ အနင်ခံခြင်း၊အဆစ်ချိုးခြင်း၊
အဆစ်ဆွဲဆန့်ခြင်းမလုပ်ရပါ။
✖ တုပ်ကွေးကြောင့်အဆစ်ရောင်ကြွက်သား
ရောင်သည့်အခါ
အဆစ်များကြွက်သားများနုသွားကြပါသည်။
နုနေသည့် အဆစ်များ ကြွက်သားများကို
ကြမ်းကြမ်းတမ်းတမ်းကိုယ်တွယ်မိပါက
ဒဏ်ရာအကြီးကြီးရသွားနိုင်ပါသည်။
Chikungunya  တုပ်ကွေးရောဂါသည်
ခန္ဓကိုယ်၏ သဘာဝခုခံအား Immunity နှင့်
အလိုအလျောက်ပျောက်ကင်းနိုင်သော်လည်း
အခန့်မသင့်ပါက နောက်ဆက်တွဲရောဂါ
ကြီးကြီးမားမားရတတ်သောကြောင့်
တတ်ကျွမ်းနားလည်သည့် ဆရာဝန်များထံတွင်
ပြသပြီး ကုသစေဖို့ အကြံပြုပါသည်။
✖ အထူးသဖြင့်🔻🔻🔻🔻
အကိုက်အခဲအမြန်ပျောက်စေသည့်
စပ်ထုပ်ဆေးများသည် အခုဖြစ်နေသော
တုပ်ကွေးရောဂါအား ပိုဆိုးစေသည့်အတွက်
ရှောင်ကြဖို့အထူးလိုအပ်ပါသည်။
စပ်ထုပ်ဆေးများတွင်
ခန္ဓာကိုယ်၏ သဘာဝခုခံအားကို
ပျက်စီးစေနိုင်သည့် ဒက်စာမီသာစုန်း၊
ပရက်နီဆိုလုံး စသည့် စတီးရွိုက်များ
ပါပါနေတတ်သောကြောင့်ဖြစ်သည်။
ဆင်ခြင်နိုင်ကြပါစေ..
အသိတိုးကြပါစေ.
ဖျားသူတွေအမြန်ပျောက်ကြပါစေ..
မဖျားသေးသူတွေ..မဖျားကြပါစေနှင့်..
မေတ္တာဖြင့်
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ.၁၁၀၀၈
M.B.,B.S;Dip.Med.Sc;
M.Med.(National University of Singapore);
Completion Certificate in Family Medicine
Saturday, September 14, 2019
#တရုတ်ရိုးရာ_လမုန့်ပွဲတော် 中秋节
ယနေ့ ၉ လပိုင်း ၁၃ ရက်နေ့ဟာ တရုတ်ရိုးရာလမုန့်ပွဲတော်နေ့ (ကျူံးချိုးကျယ်) ပဲ ဖြစ်ပါတယ်။
#တရုတ်ရိုးရာ_လမုန့်ပွဲတော် 中秋节
တရုတ်ရိုးရာ လမုန့်ပွဲတော်ဟာ တရုတ်ရိုးရာ ပွဲတော်ကြီး ၄ ခု (နွေဦးပွဲတော် နှစ်သစ်ကူး၊ တရုတ်ရိုးရာ သင်္ချိုင်းကန်တော့ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ လမုန့်ပွဲတော်) ထဲတွင် တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ တရုတ်ရိုးရာ လမုန့်ပွဲတော်ကို တရုတ်လ ၈ လပိုင်း ၁၅ ရက်နေ့မှာ ပြုလုပ်လေ့ ရှိပါတယ်။ တရုတ်ပြက္ခဒိန်အရ ၇ ၊ ၈ ၊ ၉ လ ဒီ 3 လ အချိန်အခါက ဆောင်ဦးရာသီထဲမှာ ပါဝင်ပါတယ်။ 8 လပိုင်းက ဆောင်းဦးရာသီရဲ့ အလယ်မှာရှိတဲ့ လတစ်လ ဖြစ်ပြီး ၈ လ ပိုင်း ၁၅ ရက် ကလည်း ၈ လပိုင်းရဲ့ အလယ်မှာရှိတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲတော်ကို “ဆောင်းဦးရာသီ-လလယ်ပွဲတော်” 中秋节 လို့လည်း ခေါ်ဆိုပါတယ်။ အဲဒီရက်မှာ တရုတ်လူမျိုးတွေဟာ လကိုရှုစားပြီး လမုန့်စားတဲ့ အလေ့အကျင့်တွေ ရှိပါတယ်။ ပွဲတော်ရက်မှာ လက ၀ိုင်းစက်ပြီး နေပါတယ်၊ ပြည့်စုံခြင်း စုံညီခြင်း နမိတ်ကို ယူပြီး "စုံညီပွဲတော်" လို့လည်း ခေါ်ဆိုပါသေးတယ်။
ရှေးယခင်ထဲက လ နှင့် ပတ်သတ်၍ ဒဏ္ဍာရီပုံပြင် မြောက်မြားစွာရှိပါတယ်။ ဒီအထဲမှာ ”ချန်အော် လ ထံသို့ ပျံသန်းခြင်း“ က နာမည် အကျော်ကြားဆုံးပါပဲ။ ချန်အော်ဟာ တရုတ် ရှေးဟောင်း ဒဏ္ဍာရီ ပုံပြင်ထဲမှ နေကို ခွင်းတဲ့ သူရဲကောင်း ဟုတ်ရီရဲ့ ဇနီး ဖြစ်ပါတယ်။ ရှေးအခါက ကောင်းကင်ပေါ်မှာ နေဆယ်စင်းက တပြိုင်နက် ထွက်ပေါ်လာခဲ့ပါတယ်။ ပူပြင်းလှတာကြောင့် ကောက်ပဲသီးနှံတွေဟာ ခြောက်သွေ့ပြီး သေကုန်ပါတယ်။ လူသားတွေဟာ နေထိုင်ရတာ ပူပြင်းလွန်း ခက်ခဲလွန်းလှပါတယ်။ သူရဲကောင်း ဟုတ်ရီက အတိဒုက္ခရောက်နေသော ပြည်သူတွေကို မကြည့်ရက်တာကြောင့် ခွန်းလွန်တောင်ပေါ်သို့ တတ်ပြီး နေတစ်စင်းကိုသာ ချန်ထားပြီး ကျန် နေ ၉ စင်းကို ပြစ်ချခဲ့ပြီးနောက် ကျန်တဲ့ နေတစင်းကိုလည်း အချိန်မှန် နေ၀င် နေထွက် ပြုလုပ်ဖို့ တာဝန်ပေးခဲ့ပါသည်။ အနောက်မယ်တော်ဟာ သူရဲကောင်း ဟုတ်ရီကို မအိုမသေဆေး ချီးမြှင့် ခဲ့ပါတယ်။ ဤဆေးကို သောက်ပြီးရင် ကောင်းကင်ပေါ်ကို ချက်ချင်း ပျံတတ်သွားပြီး နတ်ဖြစ်သွားမယ်လို့ ဆိုပါတယ်။ သူရဲကောင်း ဟုတ်ရီသည် ဇနီးသည်ကို မချန်ထားခဲ့ရက်တာမို့ သိမ်းထားဖို့ အပ်ထားခဲ့ပါတယ်။ ချန်အော်ဟာ ဗူးထဲမှာထည့်ပြီး မှန်တင်ခုံထဲမှာ သိမ်းထားလိုက်ပါတယ်။ ဒါကို ဖန်းမန်လို့ခေါ်သော လူကတွေ့သွားပြီး ခိုးစားဖို့ ချောင်းနေပါတယ်။ နောက် ၃ရက်လောက် နေသောအခါ ဟုတ်ရီက အမဲလိုက် သွားခဲ့ပါတယ်။ ဖန်းမန်က နေမကောင်းချင်ဟန်ဆောင်ပြီး လိုက်မသွားခဲ့ပါဘူး။ ဟုတ်ရီတို့ ထွက်သွားပြီးသွားနောက်မှာ ဖန်းမန်က ဟုတ်ရီ အိမ်ကို ဓားနဲ့ ၀င်သွားပြီး ချန်အော်ကို ဆေးထုတ် ပေးဖို့တောင်းပါတယ်။ ချန်အော်ဟာ ဖန်းမန်ကို ဘယ်လိုမှ မယှဉ်နိုင်တဲ့အတွက် ဗူးကို ဖွင့်ပြီး တခါထည်း မြိုချခဲ့ပါတယ်။ ချန်အော် ဆေးကို မြိုချလိုက်တာနဲ့ ချက်ချင်းပဲ မြေပြင်မှ တဖြည်းဖြည်း ဝေးကွာပြီး ကောင်းကင် ပေါ်ကို တတ်သွားပြီး လဗိမာန် ဆီကို ရောက်ရှိ သွားပါတယ်။
ချန်အော် လပေါ်ကို ရောက်ရှိသွားပြီးနောက်မှာ အိမ်နောက်ဖက်က ပန်းခြံထဲမှာ ချန်အော် ကြိုက်နှစ်သက်တဲ့ မှုန့်ချိုများ၊ သစ်သီးများနဲ့ ခင်းကျင်းပြီး ဇနီးသည်ကို သတိရ အောင်းမေ့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ ပြည်သူများကလည်း လရောင်အောက်မှာ ခင်းကျင်းပြီး စိတ်ရင်းကောင်းလှတဲ့ ချန်အော် ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သကြပါသည်။ တဖြည်းဖြည်းခြင်းဖြင့် ဓလေ့ထုံးစံ တစ်ခုဖြစ်လာခဲ့ပါသည်။
လမုန့်ပွဲတော်ကျင်းပတာကို ထန်ခေတ်မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။ ထန်မင်းဆက် ဘုရင်ထိုက်ကျူံး (လီရှီမင်း) လက်ထက်မှာ ချူံးနု (မွန်ဂို) တွေကို အောင်မြင်ပြီး ၈ လပိုင်း ၁၅ ရက်နေ့ လပြည့်နေ့မှာ သူဟာ အောင်ပွဲခံနေချိန် အနောက်အရပ်က ကုန်သည်တစ်ယောက်ဟာ လမုန့်ကို ဆက်သခဲ့ပါတယ်။ ဘုရင်ကြီးလည်း စားသုံးပြီးသည့်အခါ နှစ်သက်သဖြင့် သူ့ရဲ့ ဝန်ကြီးများကို ခွဲဝေကျွေးပေးပြီး လပြည့်နေ့မှာ လမုန့်စားခြင်း ဓလေ့ဟာ နိုင်ငံတဝှမ်း ပြန့်နှံ့သွားခဲ့ပါတယ်။
နောက်ထပ်ပုံပြင်တစ်ခုက ထန်ခေတ်မှာပဲ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ။ ထန်မင်းဆက်ခေတ်မှာ ဝေကုဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ လပြည့်နေ့ညမှာ ထူးဆန်းတဲ့ အဖိုးအိုတစ်ယောက်ကို တွေ့လိုက်ပါတယ်။ သူ့နဲ့အတူ ဘေးမှာလဲ အိတ်တစ်လုံးကို တွေ့တဲ့အခါ ဝေကုက သိလိုစိတ်ဖြင့် အဖိုးအိုကို မေးမြန်းကြည့်ပါတယ်။ ထိုအခါ အဖိုးအိုက စာအုပ်ကိုကြည့်ပြီး "ကျွန်ပ်သည် လောက၌ရှိသော ချစ်သူတို့၏ ဖူးစာရေးကို တိုက်ဆိုင်ခြင်းနှင့် စစ်ဆေးခြင်းကို ပြုလုပ်နေတာပါ။ စကားပုံအရ ဖူးစာမှန်လျှင် မိုင်ပေါင်းတစ်ထောင်ဝေးသည့်တိုင် ပေါင်းဖက်ရပါလိမ့်မယ်။" လို့ ဖြေလိုက်ပါတယ်။
ဝေကုလဲ အဖိုးအိုဖြေတာကို နားထောင်ပြီးနောက် အဖိုးအိုအား သူ၏ ဖူးစာရှင်ဇနီးဟာ ဘယ်အရပ်မှာ ရှိနေပါသလဲဟု မေးတဲ့အခါ အဖိုးအိုက "သင့်ရဲ့ ဇနီးသည်ဟာ မြောက်ဘက်အရပ်တွင် နေထိုင်သော ချန်အမျိုးနွယ်ဝင် မိန်းမပျိုလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့မျက်နှာလေးမှာ အမာရွတ်လေးတစ်ခု ပါလိမ့်မယ်" ဟု ဖြေကြားလိုက်ပါတယ်။ ထိုအခါ ဝေကုက မြောက်အရပ်သို့ သွားရောက်ရှာဖွေရာ ဇနီးလောင်းဟာ ယခုအချိန်မှာ  ၃ နှစ်သာ ရှိသေးကြောင်း သိရပါတယ်။ ဝေကုက လူသတ်သမားကို ကလေးငယ်အား သတ်ရန် စေလွှတ်ခဲ့ပါတယ်။ လူသတ်သမားသည် မိန်းကလေးငယ်အား မြင်သည်နှင့်  သနားစိတ်ဝင်လာသဖြင့် မသတ်ပဲ မျက်ခုံးအလယ်တွင် ဒဏ်ရာအနည်းငယ် ဖြစ်စေပြီး ပြန်သွားခဲ့ပါတယ်။  ၁၄ နှစ်ခန့် ကြာသောအခါ ဝေကုဟာ စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။  သူရဲ့ အထက်အရာရှိ ဝမ်ထိုက်က ဝေကုအား သဘောကျသဖြင့် သူ့သမီးနှင့် လွန်စွာသဘောတူပါတယ်။  ဝမ်ထိုက်ရဲ့ သမီးဟာ အလွန်ချောမောလှပတယ်။ ဒါပေမယ့် မျက်ခုံးအလယ်မှာ ဒဏ်ရာအသေး တစ်ခုရှိပါတယ်။ ထိုဒဏ်ရာကို ပန်းပွင့်ဖြင့် ကပ်ပြီး ဖုံးကွယ်ထားပါတယ်။ ဝေကုက ဒဏ်ရာအကြောင်းကို စုံစမ်းမေးမြန်းရာမှ လွန်ခဲ့သော ၁၄ နှစ်ခန့်က  သူကိုယ်တိုင် သတ်ခိုင်းခဲ့သော မိန်းကလေးငယ်ဖြစ်ကြောင်းကို သိလိုက်ရပါတယ်။ သူမကို ဝမ်ထိုက်က မွေးစားလိုက်သဖြင့် ယခုအခါ ဝမ်ထိုက်၏ သမီးဖြစ်လာပါတယ်။ ထိုအခါ ဝေကုက အံ့သြသွားပြီး ဖူးစာမှန်သဖြင့် ဝေးကွာနေသည့်တိုင် ထိုမိန်းကလေးဖြင့် ပြန်လည်ပေါင်းဖက်ရလေပါတယ်။ လူတွေကလည်း ၎င်းသတင်းကြောင့် ဖူးစာရေးနတ်ကို ယုံကြည်ကြပြီး လရိပ်အောက်က ဖူးစာရေးနတ်အဖိုးအိုဟု ခေါ်ဆိုကြပါတယ်။
ဖူးစာရေးနတ်ရဲ့ မွေးနေ့ပူဇော်ခြင်းကို ဝေကုနှင့် တွေ့ဆုံသော တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့  လပြည့်နေ့ဟု သတ်မှတ်ကာ ကိုးကွယ်ကြပါတယ်။ ထိုနေ့ရောက်တိုင်း အဖိုးအိုအား အိမ်ထောင်ဘက်ရရှိရန် သွားရောက် ဆုတောင်းကြပါတယ်။ ဒါကတော့ နောက်ထပ် လမုန့်ပွဲတော်ရဲ့ ဒဏ္ဍာရီတွေထဲက တစ်ခုပေါ့နော်။
လမုန့်ပွဲတော်ကို ပွဲတော်အဖြစ် ကျင်းပတာကိုတော့ သစုန့်ခေတ်မှာ စတင်တွေ့ခဲ့ရပါတယ်။ လမုန့်ပွဲတော်မှာ ထင်ရှားတဲ့ သမိုင်းဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ မွန်ဂိုမင်းဆက်အုပ်စိုးချိန် ယွမ်ခေတ်၌ ဖြစ်ပျက်ခဲ့တာပါ။
ယွမ်ခေတ်နှောင်းပိုင်းလောက်က မွန်ဂိုလူမျိုးတွေ တရုတ်ပြည်မကို အုပ်စိုးချိန်ဖြစ်ပါတယ်။ ထိုအချိန်အခါက ပုန်ကန်မှာ စိုးတဲ့အတွက် မွန်ဂိုတွေဟာ လူစုလူဝေးပြုလုပ်ခြင်းကို တာမြစ်ထားသောကြောင့် တရုတ် ဟန်လူမျိုးတွေဟာ မွန်ဂိုမင်းဆက်တွေကို ပုန်ကန်ဖို့ အခွင့်မသာခဲ့ကြဘူး။ ဒါအပြင် ပုန်ကန်မယ့်သူတွေကလည်း နယ်အရပ်ရပ်မှာ တကွဲတပြားစီ ဖြစ်နေတဲ့အတွက် သူတို့ကို အချိန်မှီစုစည်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒါနဲ့ သူတို့က ပုန်ကန်ရမယ့်အချိန်ကို စဉ်းစားကြရင်း မွန်ဂိုတွေ လမုန့်မစားဖူးတာကို သတိသွားရမိပါတယ်။ ဒီအကြံကို ကျူယွင်ကျန်းနဲ့ သူ့ရဲ့ အတိုင်ပင်ခံ လျိုပေါဝမ်တို့က ရခဲ့ပါတယ်။
ထိုလမုန့်ပွဲတော်ကို အကြောင်းပြုပြီး Zhu Yuan Zhang 朱元璋 ကျူယွင်ကျန်း (မင်မင်းဆက်ကို တည်ထောင်သူ) (ဘုရင်အမည်- 洪武帝 ဟုန်ဝူသိ Hong Wu Di) ဟာ မွန်ဂိုဘုရင်ကို ဆုတောင်းပေးဖို့အတွက် လပြည့်နေ့မှာ  တရုတ်လူမျိုးတွေက လမုန့်များ ဝေပါရစေလို့ မွန်ဂိုတွေကို ခွင့်တောင်းပြီး လမုန့်တွေကို တရုတ် ဟန်လူမျိုးတွေရဲ့ အိမ်တိုင်းစေ့ ဝေပေးခဲ့ပါတယ်။ အမှန်မှာတော့ လမုန့်ထဲမှာ မွန်ဂိုတွေကို ၈ လပိုင်း ၁၅ ရက်နေ့မှာ ပုန်ကန်မယ်ဆိုတဲ့ စာတိုလေးကို ထည့်ပေးခဲ့ပါတယ်။ အဲဒီ ၈ လပိုင်း ၁၅ ရက် လပြည့်ညမှာတော့ တရုတ်တွေက ၁၀ အိမ်ထောင်စုကို ဓားကိုင်တစ်ယောက်က စောင့်ရှောက်ပေးပြီး မြို့တွင်းရှိ မွန်ဂိုအစောင့်တွေကို တိတ်တဆိတ် လုပ်ကြံကာ မွန်ဂိုတွေကို အောင်မြင်စွာ တော်လှန် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ ထို့ပွဲတော်ကို အစပြုကာ ယွမ်ခေတ် ကုန်ဆုံးခဲ့ပြီး မွန်ဂိုများ ပြည်မမှ ထွက်ခွာခဲ့ရကာ ဟန်လူမျိုးတွေ အုပ်စိုးသော မင်ခေတ်ကို စတင်နိုင်ခဲ့ပါတယ်။ ထိုအကြောင်းကို အစွဲပြုပြီး တရုတ်လူမျိုးများသည် တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့မှာ လမုန့်ပွဲတော်ကို ကျင်းပပြီး လမုန့်ကို အမှတ်တရအနေနဲ့ စားသုံးကြခြင်း ဖြစ်ပါတယ်။
လမုန့်စားသုံးနည်း
ထုံးစံအတိုင်းပေါ့ တရုတ်မုန့်တွေ အစားအစာတွေ အစားအသောက်တွေအများစုဟာ သူ့စားသုံးနည်းနဲ့သူ ရှိကြပါတယ်။ လမုန့်ဟာ ကျွန်တော်တို့ မြန်မာက လမုန့်တွေထက် ပိုအီပါတယ်။ တစ်ခုတည်းလဲ မစားနိုင်ပါဘူး။ အရင်ဆုံး ရေနွေးကြမ်းလေးကို အနေတော် သောက်သုံးရန် ပြင်ဆင်ထားပါ။ ပြီးနောက် ဒီသမိုင်းလေးကို ထပ်ဖတ်ကြည့်ပါ။ အဲ့ဒါကတော့ ကျူးယွင်ကျန်းသမိုင်းမှာ လမုန့်ပေါ် စာလုံးလေးတွေ ရေးထွင်းထားပြီး လမုန့်ကို လေးခြမ်း ခြမ်း ၈ ခြမ်း ခြမ်း စသည်ဖြင့် ခြမ်းပြီးမှ စာတလုံးချင်းစီ ရရှိလာပါတယ်။ ထိုစာတွေကို ဆက်လိုက်မှ တော်လှန်ရေးလုပ်မယ်ဆိုတဲ့ စာသားတစ်ကြောင်း ဖြစ်လာပါတယ်တဲ့။ အရင်ဆုံး အလယ်ကနေ ၂ ခြမ်း ခြမ်းပါ။ ပြီးတာနဲ့ တခြမ်းစီကို အလယ်ကနေ ထပ်ပိုင်းလိုက်ပါ။ မကုန်လောက်ဖူးထင်ရင် နောက်ထပ် အစိပ်အသေးလေး ထပ်ခြမ်းလိုက်ပါ။ ကုန်နိုင်သလောက်ပဲ စားသုံးပါ။ အရမ်းစားရင် အီလည်လည်ဖြစ်ပြီး နေထိုင်မရ ဖြစ်တတ်ပါတယ်။ လပြည့်နေ့မှာ လမုန့်စားရင်း ရေနွေးကြမ်းသောက်ကာ တိန့်လိကျွင်းရဲ့ 月亮代表我的心 သီချင်းကို ခံစားနားဆင်ရင်းနဲ့ ဘဝအမောတွေကို ဖြေဖျောက်နိုင်ကြပါစေ။
祝你们中秋节日快乐!!!!!
#SwanHtet(天下第一)
Friday, September 13, 2019
ချင်းမိုင်ခေါက်ဆွဲ - မလေးရှားဘိန်းမုန့် - Mango Crepe Roll - fruit salad (သစ်သီးစုံသုပ်)
ချင်းမိုင်ခေါက်ဆွဲ
Kao Soi Curry Paste အတွက် ပါဝ◌င်ပစ္စည်း
ကြက်သွန်နီ                  - ၁၆၀ ဂရမ်
ကြက်သွန်ဖြူ                -  ၃၅ ဂရမ်
ငရုတ်သီးခြောက်           - ၂၀ ဂရမ်(ရေစိမ်ထားပါ)
ပတဲကော              -  ၁၂ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
စပါးလင်             - ၂ ချောင်း (ပါးပါးလှီးထားပါ)
ရှောက်ဘီလူးအခွံ          - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
နံနံပင်အမြစ်               - ၈ ပင်
ငါးပိ              - လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မီးကင်ထားပါ)
နံနံစေ့              - စားပွဲဇွန်း ၂ ဇွန်း
ဇီရာ            - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ငရုတ်ကောင်းစေ့             - ၁၀ စေ့
ဆား             - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခေါက်ဆွဲဟင်းရည်အတွက် ပါဝ◌င်ပစ္စည်း
ကြက်ရိုးပြုတ်ရည်           - ၂ လီတာ
ကြက်သွန်နီ                - ၇၅ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
ကြက်သွန်ဖြူ           - ၂၅ ဂရမ် (နုပ်နုပ်စဥ◌်းထားပါ)
ငရုတ်သီးမှည့်အနီ            - ၃ တောင့် (နုပ်နုပ်စဥ◌်းထားပါ)
ဆီ            - စားပွဲဇွန်း ၃ ဇွန်း
အုန်းနို့                - ၈၀၀ မီလီလီတာ
သံပရာရည်              - စားပွဲဇွန်း ၂ ဇွန်း
ထိုင်းငံပြာရည်               - စားပွဲဇွန်း ၄ ဇွန်း
ထိုင်းထန်းလျက်               - စားပွဲဇွန်း ၂ ဇွန်း
ဆား           - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Garnish အတွက် ပါဝ◌င်ပစ္စည်း
ခေါက်ဆွဲအစို             - ၄၀၀ ဂရမ် (၈ ပွဲအတွက်)
ခေါက်ဆွဲခြောက်ကြော်
ငရုတ်သီးကြော်
နံနံပင်               - အနည်းငယ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ   (ပါးပါးလှီးထားပါ)
ကြက်သွန်မြိတ်  (ပါးပါးလှီးထားပါ)
သံပရာသီး (စိတ်ထားပါ)
ထိုင်းကြံမဆိုင်  (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
၁။ နံနံစေ့နဲ့ ဇီရာကို လှော်ပြီးထောင်းထားပါ။
၂။ Kao Soi Curry paste အတွက်လိုအပ်တဲ့ ပါဝ◌င်ပစ္စည်းအားလုံးကို ရောပြီးထောင်းထားပါ။
၃။ ပြီးလျှင် ချက်မည့်အိုးထဲကို ဆီထည့်ပြီး နုပ်နုပ်စဥ◌်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအမှည့်အနီတို့ကို ထည့်ပြီး ဆီသတ်ပါ။
၎။ ပြီးလျှင် ထောင်းထားတဲ့အနှစ် ထောင်းထားတဲ့ ဇီရာနဲ့ နံနံစေ့ကို ဆီသတ်ပေးပါ။ ပြီးလျှင် အုန်းနို့တစ်ခွက်ထည့်ပြီး ဆီသတ်ပါ။
၅။ မွှေးပြီး အပေါ်ဆီတက်လာရင် ကြက်သားထည့်ပြီး မွှေပေးပါ။
၆။ အသားအရောင်ပြောင်းပြီးတင်းလာရင် ကြက်ပြုတ်ရည်ထည့်ပါ။
၇။ ဆူလာရင် ကျန်တဲ့ အုန်းနို့ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပေးပါ။
၈။ ပြီးလျှင် ငံပြာရည်၊ ထိုင်းထန်းလျက်၊ ဆား၊ သံပရာရည်ထည့်ပြီး မွှေပေးပါ။
၉။ မီးအရှိန်လျော့ပြီး ကြက်သားနူးအောင်ချက်ပါ။ (၂၀- ၃၀ မိနစ်)
၁၀။ ပြီးလျှင် တစ်ပွဲစာခေါက်ဆွဲထည့်ပြီး ဟင်းရည်လောင်းထည့်ပါ။ ပြီးလျှင် ခေါက်ဆွဲခြောက်ကြော်၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ထိုင်းကြံမဆိုင်၊ ငရုတ်သီးကြော်ထည့်ပြီး သုံးဆောင်ပါ။
#ChefMyintOoTha
မလေးရှားဘိန်းမုန့်
ဂျုံမှုန့်               - ၂ ခွက် (၂၆၅ ဂရမ်)
သကြား              - စားပွဲဇွန်း ၆ ဇွန်း
ရိစ်                      - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဘိတ်ကင်ပေါင်ဒါ        - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ဘိတ်ကင်ဆိုဒါ                   - လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း
ဆား                              - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကွကျဥ                       - ၂ လုံး
နွားနို့                          - ၁ ၁/၂ ခွက် (နွေးနေအောင်နွှေးထားပါ)
အဆာသွတ်ရန်လိုအပ်တာတွေကတော့
မြေပဲလှော်             - ၁ ၁/၂ ခွက် (မညက်တညက်ထောင်းထားပါ)
သကြားအညို                 - စားပွဲဇွန်း ၈ ဇွန်း
ထောပတ်           - အနည်းငယ်
ပြုလုပ်ပုံ
၁။ မုန့်နှစ်ဖျော်ရန်အတွက် ဇလုံကြီးထဲကို ဂျုံမှုန့်၊ သကြား၊ ရိစ်၊ ဘိတ်ကင်ပေါင်ဒါ၊ ဘိတ်ကင်ဆိုဒါ၊ ဆားတို့ကို ထည့်ပြီး မွှေထားပါ။
၂။ ပြီးလျှင် ကြက်ဥဖောက်ထည့်ပါ။ ပြီးလျှင် နွားနို့ထည့်ပြီး ဇွန်းဖြင့် မွှေပေးပါ။
၃။ အားလုံးသမပြီး မုန့်နှစ်ပျစ်ပျစ်ရလာရင် အဖုံးဖုံးပြီး ၂/ ၃ နာရီခန့်နှပ်ထားပါ။(ညအိပ်ထားမယ်ဆိုရင် ရေခဲသေတာထဲထည့်ပြီးထားပါ။ အသုံးမပြုခင် အခန်းအပူချိန်မှာ မိနစ် ၃၀ - ၄၀ လောက်ထားဖို့လိုပါတယ်)
၎။ မြေပဲကို မညက်တညက်ထောင်းပါ။ ပြီးလျှင် သကြားအညိုနဲ့ ရောပြီး မွှေထားပါ။
၅။ ၂ / ၃ နာရီကြာတဲ့အခါမှာ မုန့်နှစ်က နှစ်ဆဖြစ်လာပြီး အပေါ်ယံမှ ပူစီဖောင်းလေးများကို မြင်ရပြီဆိုလျှင် ဘိန်းမုန့်လုပ်လို့ရပါပြီ။
၆။ ၁၂ လက်မအရွယ်ရှိတဲ့ မကပ်တဲ့ ဒယ်အိုးအပြားကို မီးဖိုပေါ်တင်ပြီးအပူပေးပါ။ ပြီးလျှင် ဆီအနည်းငယ်သုတ်ပါ။ ပြီးလျှင် ဟင်းချိုခတ်တဲ့ ယောက်ချိုဇွန်းကြီးနဲ့ မုန့်နှစ် ၂ ဇွန်းခပ်ယူပြီးထည့်ပါ။ အဖုံးဖုံးပြီး မီးအေးအေးထားပါ။
၇။ ဘိန်းမုန့်ရဲ့အပေါ်ယံမှာ အပေါက်လေးတွေ တွေ့ရပြီဆိုလျှင် ဘိန်းမုန့်ကို ကော်ယူပြီး သန့်ရှင်းတဲ့ စားပွဲပေါ်မှာချထားပါ။
၈။ ပြီးလျှင် ဘိန်းမုန့်မျက်နှာပြင်တစ်ခုလုံးကို ထောပတ်သုတ်ပါ။ ပြီးလျှင် မြေပဲမထည့်ထားတဲ့တစ်ခြမ်းကို ခေါက်ယူပြီး မြေပဲထည့်ထားတဲ့အခြမ်းကို ဖုံးလိုက်ပါ။ (ကြိုက်နှစ်သက်ပါက ပြောင်းဖူးခရင်မ်ကို မြေပဲပေါ်မှာထည့်နိုင်ပါတယ်။ ချောကလက်အစေ့လေးတွေလည်း ထည့်နိုင်ပါတယ်။ အဲ့ဒါအပြင် အုန်းယို ဒါမှမဟုတ် အုန်းသီးဖတ်များများထည့်နိုင်ပါတယ်)
၉။ ပြီးလျှင် ဘိန်းမုန့်ကို နှစ်ခြမ်းခြမ်းပါ။ ဘိန်းမုန့်အသားကို ကြည့်လိုက်ပါက ပျားအုံလိုအပေါက်ပေါက်တွေကို မြင်နေရမှာ ဖြစ်ပါတယ်။
Mango Crepe Roll
---------------------------------
 သရက်သီးလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ်နေတဲ့ ကာလဖြစ်နေတော့ သရက်သီး အချိုပွဲလေးတွေ လုပ်စားဖို့ စိတ်ကူးမိနေရင်းကနေ Mango Crepe Roll လေးလုပ်ဖို့ စိတ်ကူး ရလာပါတယ်။ လုပ်ရတာလည်း ရိုးရှင်းလွယ်ကူပြီး ချစ်ဖို့ကောင်းတဲ့ မုန့်လေးတွေကို သာသား၊ မီးမီးတို့လည်း ကြိုက်ကြမှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
• သရက်သီး  -  ၂ လုံး
• ဂျုံ  -  ၁ ခွက်
• ကြက်ဥ  -  ၂ လုံး
• ထောပတ်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဘေကင်ပေါင်ဒါ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား  -  စားပွဲဇွန်း ၂  ၁/၂ ဇွန်း
• ရေ  -  ၁ ခွက်
ပြုလုပ်နည်း
၁။ ဦးစွာ သရက်သီးမှည့် ၁ လုံးကို စက်ဖြင့် ကြိတ်ပြီး ဆန်ခါတိုက်ထားပါ။ နောက် ၁ လုံးကိုလည်း လက်ညှိုးလုံးခန့် လှီးထားပါ။
၂။ ပြီးလျှင် ခွက်တစ်ခွက်ထဲမှာ ထောပတ်နှင့် သကြားကို မွှေ၍ ကြက်ဥကို ၁ လုံးချင်း ဖောက်ထည့်ပြီး မွှေပါ။ ထို့နောက် ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါကို ဆန်ခါချပြီး ကြိတ်ထားသော သရက်သီးများ ထည့်၍ နှံ့စပ်အောင် မွှေပါ။
၃။ ၎င်းထဲသို့ ရေကို ဖြည်းဖြည်းချင်းထည့်၍ မွှေပေးပြီး ဆော့စ်ထည့်တဲ့ဘူးထဲ ထည့်၍ ဒယ်အိုးပူမှာ ထောပတ်အနည်းငယ် သုတ်ပြီး ဆန်ခါကွက်လေးပုံစံ ဖော်ပေးပါ။
၎။ ၁ မိနစ်ခန့် အပူပေးပြီးတဲ့အခါ နောက်တစ်ဖက်ကို ပြန်လှန်၍ ၁၀ စက္ကန့်ခန့်  အပူပေးပြီး မီးဖိုမှ ဆယ်ယူပါ။
၅။ တစ်ရွက်ချင်း ပြုလုပ်ပြီးလျှင် သရက်သီးတစ်ချောင်းကို တစ်ရွက်ထည့် လိပ်ပေးပြီး မိမိနှစ်သက်ရာ ပျားရည် (သို့) Whipping Cream တို့ဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။
--------------------------------------
May Phyo Thi
fruit salad (သစ်သီးစုံသုပ်)
အခုပြုလုပ်တဲ့ fruit salad လေးကို မြန်မာနိုင်ငံပြန်သွားတုန်းက လူတော်တော်များများကို လုပ်ကျွေးဖူးတဲ့အပြင် ဝါဆိုသက္ကင်္န်းကပ်တော့လဲ ဘုန်းဘုန်းတို့ ကိုကပ်ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ က အရမ်းကောင်းတယ်လို့ ချီးကျူးခံရတဲ့အပြင် လူတိုင်းလဲကြိုက်ကြပါတယ်။ လူတိုင်းကြိုက်တဲ့ ဒီသစ်သီးစုံသုပ်လေးကို လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာသစ်သီးအစုံ (ဖရဲသီး၊ သခွားမွှေးသီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး) - တရုတ် ထမင်းစားပန်းကန်လုံး ၅ လုံးစာ
(အိစံကတော့ ဖရဲသီး၊ သခွားမွှေးသီး နှင့် နာနတ်သီးကို အဓိကပါအောင်ထည့်ပါတယ်။)
၂။ သံပုရာသီး - ၁ စိတ်
၃။ ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
၎။ အသင့်စား အချိုပါပြီးသား ဒိန်ချဉ် - ထမင်းစားဇွန်း ၃ ဇွန်း
၅။ mayonnaise (မရိုနီးစ်) - ထမင်းစားဇွန်း ၂ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
ပြုလုပ်နည်း
၁။ သစ်သီးများကို အတုံးလေးတွေတုံးထားပြီး ဇလုံတခုထဲကိုထည့်ထားပါ။ သစ်သီးများထည့်ပြီးရေများရှိနေလျှင် ရေများကိုသွန်ပစ်ပါ။
၂။ ထို့ နောက် အသီးများပေါ်ကို သံပုရာသီးညှစ်၊ ပျားရည်ဆမ်းပြီး ဇွန်းကြီးကြီးဖြင့် ဖွဖွလေးသမအောင်လုပ်ပါ။
၃။ ထို့ နောက် ဒိန်ချဉ်နှင့် mayonnaise တို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။
၎။ ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်ထားပြီး အေးအေးလေးမှာစားမှပိုစားလို့ ကောင်းပါတယ်။ သုံးဆောင်နိုင်ပါပြီရှင်။ (မြန်ချင်ရင်တော့ အပေါ်အခဲခန်းထဲမှာ နာရီဝက်လောက်ထားပြီးလျှင် သုံးဆောင်နိုင်ပါတယ်။)
Thursday, September 12, 2019
👐မလွှဲသာလို့ ခွဲခွာတဲ့အခါ👐
--------------------------
(အလုပ်ထွက်ဖို့စဉ်းစားသူတွေဖတ်သင့်တဲ့စာ)
☘️Talent War! Talent War! Talent War! ဆိုပြီး ပါရမီထူး ကျွမ်းကျင်သူ ၀န်ထမ်းတွေကို လုပ်ငန်းတွေက အပြိုင်အဆိုင်လုနေကြတဲ့စစ်ကြီးဖြစ်နေပါပြီ။ ဒီစစ်ကြီးနဲ့အတူ လုပ်ငန်းခွင်တွေမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ၀န်ထမ်းတွေ ခဏခဏထွက်နေကြတာတွေ မြင်တွေ့နေရပါတယ်။ စာဖတ်သူတွေလည်း ဒီလိုအခြေအနေနဲ့ကြုံတွေ့လာပြီး လက်ရှိအလုပ်ကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့ရင် လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းတချို့ကိုဖေါ်ပြလိုက်ပါတယ်။
 ☘️Be convinced you are ready to resign. အလုပ်ထွက်မယ်လို့ ဆုံးဖြတ်ပြီး သွားပြီဆိုရင် မိမိကိုယ်မိမိ သေချာပါစေ။ ၀န်ထမ်းအမျိုးမျိုးက အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကနေထွက်သွားကြပါတယ်။ တချို့က လစာမတိုးလို့၊ ရာထူးမတိုးလို့ တချို့က သင်ယူလေ့လာစရာမရှိလို့၊ သင်ယူလေ့လာခွင့်မရှိလို့၊ တချို့က အသိအမှတ်ပြုမခံရလို့၊ အထက်အောက်ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံရေးမကောင်းလို့၊ တချို့က လစာနဲ့ခံစားခွင့်ပိုကောင်းတဲ့၊ အခွင့်အလမ်းပိုသာတဲ့ လုပ်ငန်းတွေမှာ လုပ်ချင်လို့ လက်ရှိအလုပ်ကနေ ထွက်သွားကြတာပါ။ စာဖတ်သူအနေနဲ့ အလုပ်ထွက်မယ်လို့ မဆုံးဖြတ်ခင်မှာ အရင်စဉ်းစားပါ။ အကြံဥာဏ်ပေးနိုင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အလုပ်ထွက်ဖို့ သေချာပြီလို့ ဆုံးဖြတ်ချက်ချပြီးရင်တော့ မိမိစိတ်ကို ယတိပြတ်ဆုံးဖြတ်ထားပါ။ မိမိဆုံးဖြတ်ချက်ခိုင်မာဖို့လိုအပ်ပါတယ်။ မလုပ်မရှုပ်လုပ်နေတာထက်စာရင် မိမိဆုံးဖြတ်တဲ့အတိုင်းလုပ်တာ ပိုကောင်းပါတယ်။
 ☘️Keep your decision to resign under wraps.  အလုပ်ထွက်မယ်ဆိုတဲ့ ကိစ္စကို တိုက်ရိုက်သက်ဆိုင်သူတွေ အချိန်မတန်ခင်မသိအောင် သိုသိပ်ထားပါ။ လုပ်ငန်းခွင်ဟာ သတင်းတစ်ခုပေါက်ကြားတာနဲ့ ဟုတ်တာရောမဟုတ်တာရော တဆင့်စကားတဆင့်နားနဲ့ မလိုအပ်ဘဲ ကြီးထွားသွားတတ်ပါတယ်။ ဒါကြောင့် သိုသိပ်ထားဖို့လိုအပ်ပါတယ်။ မဟုတ်ရင် အသံကြောင့်ဖားသေတဲ့ အဖြစ်မျိုးတွေ ကြုံတွေနိုင်ပါတယ်။ သတ်မှတ်ထားတဲ့ နှုတ်ထွက်ခွင့်ပုံစံနဲ့ နှုတ်ထွက်ခွင့် တင်ပြတဲ့အချိန်မျိုးမှသာ သက်ဆိုင်ရာ အကြီးပိုင်း စီမံခန့်ခွဲသူတွေ သိရှိအောင် လုပ်ပါ။
 ☘️Pow-wow with the boss, first. တကယ်တော့ အလုပ်ကထွက်တော့မယ် ဆိုရင် မိမိရဲ့အထက်လူကြီးနဲ့ အရင်တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ထွက်တော့မယ့်အကြောင်းအရာကို အခြားဝန်ထမ်းတွေသိပြီးမှ မိမိအထက် လူကြီးသိရတာမျိုးမဖြစ်စေချင်ပါ။ ဘာဖြစ်လို့လဲဆိုရင်ထွက်မယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ပေးနိုင်တာ မိမိရဲ့အထက်လူကြီးဖြစ်နေတတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတစ်ခုရှိပါတယ်။ စာရေးသူ ပြည်တွင်းနာမည်ကြီးကုမ္ပဏီတစ်ခုမှာလုပ်စဉ်က နိုင်းငံခြားကုမ္ပဏီက လက်ရှိရနေတဲ့လစာထက် ၃ ဆခွဲကျော်လောက် လစာနဲ့ခံစားခွင့်တွေ ပိုပေးမယ် သူတို့ကုမ္ပဏီကိုလာခဲ့ပါဆိုပြီး ကမ်းလှမ်းလာပါတယ်။ HR အခေါ်အဝေါ်အရဆို Head Hunting လုပ်တယ်လို့ခေါ်ပါတယ်။ အဲလိုအခြေအနေကို စာရေးသူရဲ့ Head of Department (HOD) ကို ပွင့်ပွင့်လင်းလင်းပြောပြီး စာရေးသူသွားချင်တယ်ဆိုတဲ့အကြောင်းပြောပြခဲ့ တယ်။ အဲတော့ HOD က သွားတော့မသွားစေချင်ဘူး။ ဒီအတိုင်း ပေးတော့မထွက်နိုင်ဘူး Management ကိုတင်ပြဆွေးနွေးကြည့်ပါမယ်ဆိုပြီး Management ကိုပြောပြလိုက်တော့ Management က စာရေးသူကိုခေါ် တွေ့ပါလေရော။ ခေါ်တွေ့လိုက်တဲ့ Result အရ လုပ်ငန်းက မထွက်စေချင်ကြောင်း လက်ရှိရနေတဲ့ ရာထူး၊ လစာ၊ ခံစားခွင့်ထက် ၃ ဆင့်ပိုမြှင့်ပေးပါလေရော။ ဒါကြေင့်မို့ မိမိရဲ့သက်ဆိုင်ရာအထက်လူကြီးနဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ မိမိကလည်း လုပ်ငန်းအတွက် အကျိုးပြုတန်ဖိုးထားနိုင်တဲ့သူဖြစ်နေမယ်ဆိုရင်၊ မိမိအထက်လူကြီးကလည်း ဖြောင့်မတ်မှန်ကန်သူဖြစ်ပါက တစုံတရာအကျိုးဖြစ်ထွန်းနိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာတစ်ခုရှိတာက အခြားမလိုတဲ့ ၀န်ထမ်းတွေရဲ့ Jealousy ကိုတော့ခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။
 ☘️Ask how you can help. ဒီလိုညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပေမယ့် ဘာမှထူးခြားမလာဘူးဆိုရင် စာဖတ်သူအနေနဲ့ အလုပ်ထွက်တော့မှာ ဖြစ်လို့ လုပ်ငန်းအတွက် ဘာတွေလုပ်ပေးခဲ့ရမလဲဆိုတာကို မေးပါ။ အလုပ်ထွက်ခွင့် ပြုတဲ့နေ့မတိုင်ခင်အထိ လုပ်ငန်းတာဝန်တွေကိုတိတိကျကျ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ တချို့တွေ့ရတတ်ပါတယ်။ ထွက်စာတင်ပြီးတာနဲ့ လုပ်ငန်းတာဝန်တွေက သူတို့နဲ့မသက်ဆိုင်သလိုမျိုးတွေရှိတတ်ပါတယ်။ တကယ်တော့ ထွက်ခွင့်ပြုလိုက်တဲ့နေ့မတိုင်ခင်အထိလစာပေးထားရတာဖြစ်တဲ့ အတွက် လုပ်ငန်းတာဝန်တွေကျေပွန်အောင်ထမ်းဆောင်ဖို့လိုအပါတယ်။ စာဖတ်သူအနေနဲ့ ဒီလိုတာဝန်ကျေပွန်စိတ်အပြည့်အ၀နဲ့ ထွက်ခွင့်ပြုတဲ့နေ့ မတိုင်ခင်အထိ လုပ်ငန်းတာဝန်တွေစွမ်းဆောင်ခဲ့တယ်ဆိုတာဟာ စာဖတ်သူရဲ့ Professional ဆန်တဲ့ အပြုအမူကို သက်သေထူလိုက်သလိုဖြစ်ပါတယ်။
 ☘️Ask for a testimonial or reference. စာဖတ်သူ လုပ်ငန်းတာဝန်ထမ်းဆောင် ခဲ့တဲ့အတောအတွင်းမှာ ပေးအပ်တဲ့တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့ ကြောင်း၊ လုပ်ငန်းအတွက်ဘယ်လိုအကျိုးပြုခဲ့တဲ့အကြောင်းတွေကို ထောက်ခံချက်တောင်းခံပါ။ ဒီထောက်ခံချက်တွေဟာ စာဖတ်သူအနေနဲ့ အခြားအလုပ်တစ်ခုခုကို လျှောက်တဲ့နေရာမှာ တစုံတရာအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါက Theory အရတော့ ဒီလိုတောင်းရမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ လက်တွေ့ မြန်မာပြည်အနေအထားအရ အလုပ်ထွက်မယ့် ၀န်ထမ်းကို ကြည်ကြည်ဖြူဖြူ ၀မ်းပန်းတသာနဲ့ ထောက်ခံချက် ပေးတဲ့ အလုပ်ရှင်ဆိုတာ ရှားပါတယ်။ သမာသမတ်ကျတဲ့လုပ်ငန်းရှင်တွေအများကြီးရှိပေမဲ့ တချို့ လုပ်ငန်းရှင်တွေက ထောက်ခံချက်မပေးကြကြောင်း မြင်တွေ့ကြား သိနေရတာဟာစိတ်မကောင်းစရာပါပဲ။
 ☘️Say Goodbyes. နှုတ်ထွက်ခွင့်မကျခင်တစ်ရက်အလိုလောက်မှာ မိမိရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေကို လိုက်နှုတ်ဆက်ပါ။ မလွှဲသာလို့ခွဲခွာရပေမယ့် ကတ္ထီပါလမ်းခွဲဖြစ်နေဖို့လိုအပ်ပါတယ်။ တချို့တွေရှိပါတယ်။ ထွက်တော့မယ်ဆိုရင် လုပ်ငန်းအထဲမှာရှိတဲ့တချို့သူတွေကို မကောင်းကြောင်းပြောတတ်ပါတယ်။ တကယ်တော့ မိမိထွက်တော့မှာ သေချာပြီဆိုရင် ကတ္ထီပါလမ်းခွဲဖြစ်တာကပိုအဆင်ပြေမယ်လို့ယူဆမိပါတယ်။
ဖေါ်ပြခဲ့တာတွေအပြင်စာရေးသူအနေနဲ့ အကြံပေးလိုတာက အခြားအလုပ်ကို ပြောင်းသွားတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မိမိလုပ်ခဲ့တဲ့ လုပ်ငန်းကို မကောင်းမပြောပါနဲ့။ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါ။ ကုမ္ပဏီရဲ့ မိမိအပေါ်ကောင်းခဲ့တာတွေကို ပြန်လည်သတိရပါ။ မလွှဲသာလို့ ခွဲခွာခဲ့ရပေမယ့် ကတ္ထီပါလမ်းခွဲနဲ့ပဲအဆုံးသတ်နိုင်ကြပါစေလို့တောင်းဆုပြုလိုက်ပါတယ်။
Ref; The Management Bible by Neil Flanagan & Jarvis Finger,
လေးစားစွာဖြင့်
ပိုင်စိုး (Management)
PSM Business Institute
Wednesday, September 11, 2019
အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ
ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အရက်နာကျတဲ့ ခံစားချက်က တော်တော်ဆိုးဝါးတယ်ဆိုတာ ကြုံဖူးတဲ့သူတွေပဲ သိကြမှာပါ။ ဒီဘက်ခေတ်ကြီးမှာ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အရက်သောက်လာကြပါတယ်။ အပေါင်းအသင်းတွေနဲ့ ဆုံခိုက်၊ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံနေချိန်မှာ အနည်းဆုံးတော့ အရက်လေး ၀င်လိုက်ရမှ အာလေး၊ လျှာလေး သွက်လာပြီး ပိုပျော်ဖို့ကောင်းလာတာပေါ့။
ကျန်းမာရေးအရ အရက်ဆိုတာ မကောင်းတဲ့အရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေဆိုတော့ ဒါတွေကို ဂရုမစိုက်ပဲ သောက်ကြတာပါပဲ။ ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ အရက်ကို ပမာဏတစ်ခုထိ ကျော်လွန်ပြီး သောက်တာကြောင့်ရော အရက်သောက်နည်း မမှန်တာကြောင့် မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ လက္ခဏာကို ကြုံရပါတယ်။
အရက်နာကျနေမှန်း သိနိုင်မယ့် လက္ခဏာများ
မောပန်းတာ၊ အားနည်းတာ
ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ
ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား နာကျင်ကိုက်ခဲတာ
မူးဝေတာ၊ အန်တာ၊ ၀မ်းဗိုက်က နာကျင်တာ
အိပ်ရေးမ၀သလို ခံစားရတာ
အလင်းစူးမခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ
အခန်းကလည်နေသလို ခေါင်းထဲ မူးဝေနေတာ
ခြေလက် တုန်တာ
အာရုံမစူးစိုက်နိုင်တာ
စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ
နှလုံးခုန်မြန်တာတို့ပဲ ဖြစ်ပါတယ်။
အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ
၁။ ရေ – အရက်သောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
၂။ အားဖြည့်အချိုရည် – ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်ဖြစ်ပေမယ့် အရက်နာကျတာကို သက်သာစေတဲ့ အရည်ထဲမှာ တစ်ခုအပါအ၀င်ပါပဲ။ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓာတ်နဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်မှာ အရက်ကြောင့် စုမိနေတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ပေးနိုင်ပြီး ခေါင်းကြည်လင်စေပါတယ်။
၃။ ရေနွေးကြမ်း – စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ လတ်လတ်ဆတ်ဆတ် ရေနွေးကြမ်းပူပူလေးဟာ အရက်နာကျနေတဲ့ မနက်ခင်းအတွက်တော့ အကောင်းဆုံး ဓာတ်စာပါပဲ။ ဗိုက်အောင့်တာ၊ လေပွတာ၊ မူးဝေအော့အန်တာကို သက်သာစေတယ်။ ရေနွေးကြမ်းအစား ဂျင်းပြုတ်ရည်ကို သောက်ပေးရင်လည်း အဆင်ပြေပါတယ်။
၎။ သစ်သီးဖျော်ရည် – သစ်သီးကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစေပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေဓာတ်ပါဝင်လို့ အရက်သောက်ပြီး ရေဓာတ်ခမ်းခြောက်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။
၅။ ကော်ဖီ – တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတယ်။ ကဖင်းဓာတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။
၆။ ဒိန်ချဉ် – အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်ကတော့ ပိုတက်စီယမ်ဓာတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ၀မ်းမှန်စေတယ်။ အာဟာရဓာတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။
အရက်နာကျနေချိန်မှာ စားသင့်တဲ့ အစားအစာများ
အရက်နာကျနေချိန်မှာ လူတော်တော်များများက ခံတွင်းပျက်ပြီး စားချင်၊ သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်က အာဟာရဓာတ်တွေ လိုအပ်နေမယ်၊ အားနည်းနေတာ ဖြစ်တဲ့အတွက် ဘာမှမစားပဲ နေလို့တော့ မဖြစ်ပါဘူး။
၁။ ကြက်ဥ – ကြက်ဥဟာ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများအပြား ပါဝင်လို့ အရက်နာကျနေသူတွေအတွက် အကောင်းဆုံး မနက်စာပါပဲ။
၂။ ငှက်ပျောသီး – ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေတယ်။ အမျှင်ဓာတ်ပါဝင်မှု များလို့ အစာကြေရင်ချောင်စေတယ်။ ငှက်ပျောသီးကို ဒိန်ချဉ်နဲ့ တွဲစားပေးရင်လည်း ပိုတက်စီယမ်ဓာတ်ကို ပိုရနိုင်ပါတယ်။
၃။ ကြက်စွပ်ပြုတ် – ဖျားနာခြင်းအတွက်သာမက အရက်နာကျတာကိုပါ သက်သာစေနိုင်တဲ့ ကြက်စွပ်ပြုတ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်။ ကိုယ်တွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အသည်းကို အားကောင်းစေလို့ အရက်အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်ပေးတဲ့နေရာမှာ အားဖြစ်စေနိုင်ပါတယ်။
၎။ ခရက်ကာ – ဘီစကွတ်မုန့်တွေ ယှဉ်လိုက်ရင် သကြားပါဝင်မှုနည်းတဲ့ ခရက်ကာ မုန့်တွေဟာလည်း အရက်နာကျတဲ့ မနက်ခင်းမှာ စားပေးသင့်တဲ့ အစားအစာပါပဲ။ ကိုယ်က ခရက်ကာမုန့် မကြိုက်ဘူးဆိုရင် ပေါင်မုန့်မီးကင်ပြီး ပျားရည်နဲ့ သုတ်ပြီးစားပေးရင်လည်း အဆင်ပြေပါတယ်။
ဘယ်အစားအစာတွေကို ရှောင်ဖို့ လိုမလဲ။
အဆီများတဲ့ အစားအစာတွေ၊ ကိုယ်ခန္ဓာက အစာချေရခက်စေတဲ့ အစားအစာတွေကိုလည်း မစားသင့်ပါဘူး။ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေဟာလည်း အားနည်းနေတဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အရက်နာကျနေတဲ့ မနက်ခင်းမှာ ရှောင်သင့်ပါတယ်။
Monday, September 9, 2019
ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ခြင်း
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Htain Lin Kyaw (HR)
ကိုယ်ရည်ကိုယ်သွေဖွံ့ဖြိုးရေး ဆိုတာ ဘာလဲ လို့ သေသေချာချာစဉ်းစားဖူးတယ် ၊ ကနဦးအရင်ဆုံး လေ့လာမိ တာက ကိုယ်ရည်ကိုယ်သွေးဆိုတာပါပဲ ၊  ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတိုင်းမှာ ရှိတယ် ၊ ကောင်းတာလည်း ရှိသလို ၊အားနည်းတာ ပြင်ဆင်ဖို့ လိုအပ်တာတွေကလည်း အတူဒွန်တွဲရှိနေမှာပါ  ။
ကိုယ်ရည်ကိုယ်သွေးလို့ ပြောတဲ့  Personality  ဆိုတာကို သေချာဖတ်ကြည့်တော့ လူတွေရဲ့ စိတ်ခံစားမှု အတွေးအခေါ် ၊ ရုပ်ပိုင်းဆိုင်ရာ ၊တုံပြန်မှု အားလုံးကို ကိုယ်ရည်ကိုယ်သွေးလို့ ဆိုရမှာပါပဲ ။
☺️☺️☺️ တနည်းအားဖြင့်ပြောရရင်  ကိုယ်က ဘယ်လိုလူမျိုးလဲ ဆိုတာဖော်ပြထားတဲ့ အရာကို တနည်းအားဖြင့်    Personality လို့ ဆိုလို့ရပါတယ် ။
စိတ်ဆိုးလွယ်တာ ၊ ပျော်ပျော်နေတတ်တာ ၊ ကူညီချင်စိတ်ရှိတာ ၊ အကောင်းမမြင်တတ်တာ ၊ ရုပ်ပိုင်းဆိုင်ရာတုံပြန်မှု အားလုံးကလည်း  Personality တွေပါပဲ ။
ဒါကိုဘာကြောင့် တိုးတတ်အောင်လုပ်သင့်သလဲဆိုတာလည်း အရေးကြီးလာပြန်ပါတယ် ၊  လူတိုင်းမှာ ကြုံရတဲ့ အခက်အခဲတွေ ၊စိန်ခေါ်မှု တွေ ပြသာနာတွေကို ကြုံလာရတဲ့အခါ ပိုပြီးအားကောင်းတဲ့ ကိုယ်ရည် ကိုယ်သွေးကြံ့ခိုင်မှု ရှိမနေရင် ယိုင်လဲသွားတတ်ပါတယ် ။ ဒါတွေကို ကျော်လွှားဖို့ အတွက်  ကိုယ့်မှာ ကောင်းမွန်တဲ့ စိတ်ထား  Positive Attitude တွေ အားကောင်း ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတတ်ဖို့က လိုကို လိုအပ်တာပါ ။
သင့်ဘ၀မှာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားလေလေ  ၊  သင်ဖြစ်ချင်တဲ့ အောင်မြင်ခြင်း တွေကို ပိုပြီးနီးကပ်လေလေပါပဲ ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆက်စပ်ပြီးပြောရရင် လုပ်ငန်းခွင်ထဲမှာ အလုပ်ခန့်မယ့်သူတွေ တော်တော်များများက ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ သူတွေကို ပိုပြီးလိုအပ်ကြတယ် ၊ အလုပ်လုပ်တတ်ယုံနဲ့တင်မကပဲ အဲ့လူရဲ့  Personality ကိုလည်း သိနိုင်စေဖို့ လိုအပ်ရင် Personality Test တွေ စစ်ဆေးကြတာမျိုးတွေလုပ်ကြပါတယ် ။
ဘာကြောင့်လဲဆိုတော့ အဲ့လူရဲ့  ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်တာဝန်နဲ့ကိုက်ညီမှု ရှိမရှိကိုစစ်ဆေးချင်ကြလို့ပါ ။  နောက်ပြီး လူတစ်ယောက်ရဲ့ Personality Type က အခြားလူတွေအပေါ်မှာလည်း အများကြီးသက်ရောက်မှု ရှိပါတယ် ၊ သူနဲ့အတူတွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေမပြေ ကြိုတင်သိထားရင်လည်း ပိုပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ် ။
ဒါကြောင့်  Personality Development  ဆိုတာကို ဒီဘက် ခေတ်မှာ မဖြစ်မနေ လုပ်ရတော့မယ် အရာပါပဲ ။
ဆက်ပြီးတော့  Personality အကြောင်းပြောတဲ့အခါ အပိုင်း (၂) ပိုင်းခွဲပြောရပါမယ်
❗ကိုယ်နဲ့ ဆိုင်တဲ့အပိုင်းရယ်
❗သူတစ်ပါးနဲ့ သက်ဆိုင်တဲ့ အပိုင်းရယ်ပါ ၊
တနည်အားဖြင့်  Mindset and Attitude လို့ပြောရမယ် ၊
ကိုယ့်ဆီမှာ ရှိနေတဲ့ စိတ်ထားရမယ့် အပိုင်းက  Mindset ဖြစ်ပြီး သူတစ်ပါးနဲ့ သက်ဆိုင်ပြီး စိတ်ထားရမယ့် အပိုင်းက  Attitude ဖြစ်ပါတယ် ။  ဒါကြောင့် ဒီနှစ်ပိုင်းလုံးက အရေးကြီးသလိုမဖြစ်မနေလည်း ပိုပြီးကောင်းမွန်အောင်တည်ဆောက်ပေးရမှာဖြစ်ပါတယ် ။
ဆက်ပြီးတော့ လူတိုင်းအတွက်မဖြစ်မနေ သိရှိထားရမယ့်   Personality Tips တစ်ချို့ကို လည်း တစ်ခါတည်း မျှဝေပေးချင်ပါတယ်။
1.Be Confident  ❗
အရာရာကို ယုံကြည်မှုနဲ့တည်ဆောက်ရပါတယ် ၊ အရင်ဆုံးမိမိ ကိုယ်တိုင်ယုံကြည်မှု ရှိပါစေ
2.Improve Your Communication Skills ❗
၂၁ ရာစုမှာ မဖြစ်မနေပါလာရတော့မှာက Communication Skills ပါပဲ ၊ သင်ဘယ်လောက်တော်တော် ဒီအချက်ကို မပိုင်ဆိုင်နိုင်သေးရင်  တိုးတတ်သင့်သလောက် မတိုးတတ်နိုင်ပါဘူး ။
3.Dress Up Well (Appearance) ❗
လှလှပပ မဖြစ်ရင်တောင် သပ်သပ်ရပ်ရပ်ဖြစ်ဖို့လိုပါတယ် ၊ ဒါကို အမြဲဂရုပြဖို့ လိုသလို ၊အလေ့ အကျင့်လုပ် ဖိုကလည်း လိုအပ်ပါတယ် ။
4.Be Optimistic ❗
လူတွေအပေါ် အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ ပြောတာ လွယ်သလောက်နားလည်ဖို့ ခက်သလို ၊ လိုက်လုပ်ဖို့ နည်းခက်ပါတယ် ၊  တော်တော်များများက သိရက်နဲ့ လိုက်လုပ်နိုင်ဖို့ ခက်ပါတယ် ၊  ဒါကလည်း အကောင်းမြင် တတ်တဲ့ စိတ်အခြေအနေဖြစ်တဲ့ နားလည်မှု ၊ လိုက်လျောညီထွေနေတတ်ဖို့နဲ့ စိတ်အခြေ အနေ သဘောထား တွေကို လေ့ကျင်ထားရပါမယ် ။
5.Be a Good Learner❗
နားထောင်တတ်ပါစေ ၊ ကိုယ်သိချင်သိရဖို့ နားထောင်တတ်ခြင်းက အရေးကြီးပါတယ် ၊ လူမှုဆက်ဆံ ရေးနယ်ပယ်မှာ ဒါက မဖြစ်မနေလိုက်နာရမယ့်အရာပါပဲ ။
6.Passion for work ❗
စိတ်မပါရင်ဘာမှ မလုပ်ပါနဲ့ ၊ ကိုယ်လုပ်တဲ့ အလုပ်ကို စိတ်ပါဝင်စားဖို့ ဆိုတာ အရေးကြီးသလို ၊ စိတ်ပါတဲ့ အလုပ်ကို ရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ် ။
7.Body Language  ❗
သင့်နဲ့ အပြုအမူတုံပြန်မှု ဖြစ်တဲ့ စကားပြောဆိုပုံ  ၊  ကိုယ်ဟန်အမူအရာ ၊နေထိုင်မှု ပုံစံတွေကလည်း အရေးကြီးတဲ့  Personality တွေပဲဖြစ်ပါတယ် ။
8.Social Skills❗
Social ကောင်းဖို့လိုတယ် ဆိုတာလည်း အရေးကြီးပါတယ်  ၊ သင့်ပတ်ဝန်းကျင်မှာ လုပ်ဖော်ကိုင်ဖက်တွေ ၊  တွဲဖက်လုပ်ကိုင်သူတွေ ၊ သူငယ်ချင်းမိတ်ဆွေများများနဲ့အတူ Social Community ကိုပိုပြီးချဲထွင်ပြီး Social Network ကောင်းအောင် လုပ်ထားဖို့ လိုပါတယ် ။
9.Learning Mind ❗
ရပ်နေရင် ကျန်ခဲ့ပါမယ် ၊  သင့်အနေနဲ့ လေ့လာသင်ယူစိတ်ဆိုတာ မရှိရင် တော့ ပိုပြီးခက်ခဲမှာဖြစ်သလို ၊  ဆက်သွားဖို့လည်း ခက်ခဲပါလိမ့်မယ် ။
10.Leadership Qualities ❗
ထွေထွေထူးထူးပြောစရာမလိုတဲ့ ခေါင်းဆောင်မှု အရည်အသွေးဆိုတာ သင့်ဘ၀အတွက် ဘယ်မှာ ရောက်နေနေ မရှိမဖြစ် အရေးကြီးတဲ့ အပိုင်းပါ ။
အထက်ပါ အချက်တစ်ချို့ကတော့ သင့်အတွက် ထားရှိရမယ့်  Personality  Tips  တွေပဲဖြစ်ပါတယ် ၊  အားလုံးမဟုတ်ရင်တောင် တစ်ခု နှစ်ခုလောက်ပဲဖြစ်ဖြစ် ကောင်းမွန်အောင် တည်ဆောက်ခြင်းဖြင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ …..
ထိန်လင်းကျော်  (HR)