Friday, April 16, 2021

သင်္ဘောသီး - ခေါက်ဆွဲ - မုန့်တီဖတ် - ပြောင်းဖူး အကုန်ထောင်းမယ်

သင်္ဘောသီး - ခေါက်ဆွဲ - မုန့်တီဖတ် - ပြောင်းဖူး အကုန်ထောင်းမယ်

ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး




ပါဝင်ပစ္စည်းများ သင်္ဘောသီးစိမ်း - အနေတော် တလုံး ပုဇွန်ခြောက် - အကောင် ၂၀ခန့် မြေပဲလှော် - အစေ့၂၀ခန့် ငရုတ်သီးစိမ်း - ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ခဲ ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ ပဲတောင့်ရှည် - ၃တောင့်  ခရမ်းချဉ်သီး - ခပ်ကြီးကြီး တလုံး သံပုရာသီး - တခြမ်း

 ပြင်ဆင်ပုံ သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။ ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။ ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။ မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။ ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။ ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။ ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။ ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။ သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာဝင်ပါတယ်။ ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။ သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။ ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။ စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။ စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေးလုပ်စားကြရအောင်နော်..။

ချက်ပြုတ်ပြသူ - May Soe

 ယမ်ယမ်ခေါက်ဆွဲထောင်း


မုန့်ဖတ်(မုန့်ဟင်းခါးဖတ်)ကိုလည်း အောက်ပါနည်းအတိုင်းထောင်းနိုင်ပါသည်။

ပါဝင်ပစ္စည်းများ - ယမ်ယမ်ခေါက်ဆွဲခြောက် သုံးထုပ်စာ၊ မုန်လာဥနီ တစ်လုံး၊ ခရမ်းချဉ်သီး နှစ်လုံး၊ ခရမ်းကြွပ်သီး နှစ်လုံး၊ ပဲတောင့်ရှည် သုံးတောင့်၊ ပုဇွန်ခြောက်တစ်ဇွန်း၊ မြေပဲလှော် တစ်ဇွန်း၊ ထန်းလျက်အသေး သုံးလုံး၊ ကြက်သွန်ဖြူ သုံးတက်၊ ငရုတ်သီးစိမ်းအနီရောင် ၅တောင့်။

ပြင်ဆင်ပြုလုပ်ပုံ

ယမ်ယမ်ခေါက်ဆွဲခြောက်ကို နူးအိအောင်ပြုတ်ပြီး ရေအေးလောင်းရေစစ်ထားပါ။ သစ်သားငရုတ်ဆုံမှာ ထန်းလျက်ကိုအနည်းငယ်ကြေ အောင် ဖိချေပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းနီကို ညက်အောင်ထောင်းပါ။ ပုစွန်ခြောက်၊မြေပဲလှော်နှင့် ငါးပိဇွန်းတစ်ဝက်ခန့်ထည့်ပြီး ကြိတ်ချေပါ။ ပုစွန်ခြောက်မသုံးလိုသူများ ပုစွန်အစိမ်းကိုအခွံခွာပြီး ဆား၊သံပရာရည်နှင့်နယ်ကာ အစားထိုးထည့်နိုင်ပါသည်။ သကြား၊ ငါးငံပြာရည်တို့ဖြင့် အရသာဖြည့်စွက်ပြီး သံပရာသီးကို အရည်ညှစ်ကာ အခွံတွေပါထည့်မွှေပါ။ ခရမ်းချဉ်သီး၊ ခရမ်းကြွပ်သီးတွေကိုပါးပါး လှီးထည့်ပြီး ပဲတောင့်ရှည် ကိုလက်တစ်ဆစ်ခန့်လှီးထည့်ပါ။ နောက်ဆုံးမှာ ရေစစ်ထားသော ခေါက်ဆွဲပြုတ်တွေကို နှစ်ပိုင်းလောက်ဖြတ် ထည့်ကာ ထောင်းချင်ဟန်ပြုပြီး မွှေပေးပါ။ လတ်ဆတ်သော ကန်စွန်းရိုးနီ၊ဂေါ်ဖီတို့ဖြင့် တွဲဖက်သုံးဆောင်ပါ။ 


ယိုးဒယားမုန့်တီထောင်း



ပါဝင်ပစ္စည်းများ

မုန့်တီဖတ်၊ငံပြာရည်၊သံပုရာရည်၊ထန်းညက်ရည်၊ကြက်သားမှုန့်၊ဆား၊ကြက်သွန်ဖြူ၊ဆီကျက်ဆီအနည်းငယ်၊ကြက်သွန်ဖြူထောင်း၊ပဲသီးစိမ်း၊ မုန်လာဥနီ၊ကြက်သွန်ဖြူဆီကျက်၊ပုဇွန်ခြောက်။

ပြင်ဆင်ပြုလုပ်နည်း

ယိုးဒယားမုန့်တီထောင်းရန်အတွက် ငံပြာရည် ၊ သံပုရာရည် ၊ ထန်းညက်ရည် အနည်းငယ် ၊ ကြက်သားမှုန့် ၊ ဆား ၊ ကြက်သွန်ဖြူ ၊ ဆီ ကျက်ဆီအနည်းငယ် ၊ ကြက်သွန်ဖြူထောင်း အားလုံးရောပါ ။

မုန့်တီဖတ် ၊ ပဲသီးစိမ်း ၊ မုန်လာဥနီ ၊ ပုဇွန်ခြောက် အားလုံး သစ်သားဆုံမှာ တချက်၂ချက်ထောင်းပြီး ဇွန်းနဲ့ နံှ့အောင်မွှေပါ ။ ပင်လယ်စာကြိုက်ရင် ကင်ထည့် လှော်ထည့်လို့ရပါတယ် ။ ကြက်သွန်ဖြူ ဆီကျက်နဲ့ ပုဇွန်ခြောက်ဖြူ းပြီး သုံးဆောင်နိုင်ပါပြီ ။

တင်ဆက်သူ - ချက်မယ် စားမယ်


ချိုချဉ်စပ် ပြောင်းဖူးထောင်းနည်း




ပါဝင်ပစ္စည်းများ - သကြားပြောင်းဖူး တစ်ဖူး၊ ရှမ်းပြောင်း တစ်ဖူး (ပြောင်းဖူးများကိုပြုတ်ထားပါ)၊ ခရမ်းချဉ်သီးအသေး ၂လုံး၊ ပုစွန်ခြောက် အနည်းငယ်၊ ငရုတ်သီးတောင့် ၆တောင့်၊ ပဲတောင့်ရှည် နှစ်တောင့်၊ ကြက်သွန်ဖြူ လေးမွှာ၊ သံပရာသီး နှစ်လုံး၊ ထန်းလျက် အသေး ၄လုံး။

ပြင်ဆင်ပြုလုပ်ပုံ - ပြောင်းဖူးက သကြားပြောင်းအဝါနဲ့ထောင်းထားများပါတယ်။ ရှမ်းပြောင်းအစီးထည့်ထောင်းလည်းရပါတယ်။ သကြား ပြောင်းဖူးနဲ့ ရှမ်းပြောင်း တစ်ဖူးစီကို ဓားနဲ့လှီးထားပါ။ စပြီးထောင်းတော့မယ်ဆိုရင် ကြက်သွန်ဖြူ၊ငရုတ်သီး၊ထန်းလျက်၊ ပုစွန်ခြောက်တွေ ကိုထောင်းပြီးရင် ငါးငံပြာရည် ထမင်းစားဇွန်းနဲ့ သုံးဇွန်းလောက်ထည့်ပါ။ ခရမ်းချဉ်သီး၊ပဲတောင့်ရှည်တွေထည့်ပြီး တစ်ချက် နှစ်ချက် လောက် ထောင်းပြီးရင် ပြောင်းဖူးတွေကိုထည့်လိုက်ပါ။ သံပရာသီးညှစ်ထည့်ပြီး ဖြေးဖြေးလေး ၄ချက် ၅ချက်လောက်ထောင်းပါ။ အရသာအပေါ့အငန်မြည်းပြီး ပန်းကန်ထဲထည့်ကာ ချိုချဉ်စပ်ပြောင်းဖူးထောင်းကို စားလို့ရပါပြီ။


(Zawgyi) 

 သေဘၤာသီး - ေခါက္ဆြဲ - မုန္႔တီဖတ္ - ေျပာင္းဖူး အကုန္ေထာင္းမယ္

ယိုးဒယား သေဘၤာသီးေထာင္း စပ္စပ္ေလး



ပါ၀င္ပစၥည္းမ်ား သေဘၤာသီးစိမ္း - အေနေတာ္ တလံုး ပုဇြန္ေျခာက္ - အေကာင္ ၂၀ခန္႕ ေျမပဲေလွာ္ - အေစ့၂၀ခန္႕ င႐ုတ္သီးစိမ္း - ၇ေတာင့္ခန္႕ အစပ္ႀကိဳက္လ်ွင္ ပိုထည့္ပါ ထန္းလ်ွက္ခဲ - ကြမ္းသီးဆံအလံုးေလာက္ ၃ခဲ ၾကက္သြန္ျဖဴ - အမႊာႀကီးႀကီး ၄မႊာ ဆား - လက္ဖက္ရည္ဇြန္း တ၀က္သာသာ ပဲေတာင့္႐ွည္ - ၃ေတာင့္  ခရမ္းခ်ဥ္သီး - ခပ္ႀကီးႀကီး တလံုး သံပုရာသီး - တျခမ္း

 ျပင္ဆင္ပံု သေဘၤာသီးကို အခြံခြာျပီး အေျမွာင္း႐ွည္႐ွည္ေလးေတြ ရေအာင္ျခစ္ထားပါ။ ျခစ္ျပီးေသာ သေဘၤာသီးမ်ားကို သေဘၤာသီး အစိမ္းနံ႕မနံေအာင္ ေရမ်ားမ်ားနဲ႕ ေဆးျပီးေရစစ္ထားပါ။ ခရမ္းခ်ဥ္သီးကို ၈ စိတ္စိတ္ထားပါ။ ေျမပဲေလွာ္ကို မညက္တညက္ေထာင္းျပီး ဖယ္ထားပါ။ င႐ုတ္ဆံု ခပ္ႀကီးႀကီးထဲမွာ ပုဇြန္ေျခာက္ကို မညက္တညက္ ထည့္ေထာင္းပါ။ င႐ုတ္သီးစိမ္းကို မညက္တညက္ ေရာေထာင္းပါ။ ၾကက္သြန္ျဖဴကို မညက္တညက္ ေရာေထာင္းပါ။ ထန္းလ်ွက္ခဲကို ညက္ေနေအာင္ေထာင္းျပီးမွ သေဘၤာသီးကို ထည့္ေထာင္းပါ။ ေထာင္းေသာ က်ည္ေပြ႕ေပၚ မူတည္ျပီး သေဘၤာသီးကို ၾကည့္ေထာင္းပါ။ ေက်ာက္က်ည္ေပြ႕ဆိုပါက ၁၅ခ်က္ အခ်က္၂၀ေလာက္ ေထာင္းရင္ရပါၿပီ။ သစ္သားက်ည္ေပြ႕ဆိုပါက အခ်က္ ၁၀၀ ေလာက္ေထာင္းေပးမွ အရသာ၀င္ပါတယ္။ ေထာင္းေနစဥ္ သံပုရာရည္ ညွစ္ထည့္ျပီး ဆားပါ နည္းနည္းျခင္းဆီ ထည့္ေပးပါ။ သေဘၤာသီးေထာင္းျပီးပါက ပဲေတာင့္႐ွည္႐ွိရင္ ခ်ဳိးထည့္ျပီး ၅ခ်က္ေလာက္ ေထာင္းေပးပါ။ ခရမ္းခ်ဥ္သီးကိုလဲ ထည့္ျပီး၅ခ်က္ေလာက္ ေထာင္းေပးျပီးရင္ ရပါျပီ။ စားပြဲျပင္တဲ့အခါ ပန္းကန္ထဲသို႕ င႐ုတ္ဆံုကိုမျပီး အရည္မ်ားေရာ အဖတ္မ်ားပါ သြန္ခ်ျပီး ေျမပဲေထာင္း ျဖဴးေပးကာ ျပင္ဆင္ရပါမယ္။ စပ္စပ္ေမႊးေမႊး ယိုးဒယားသေဘၤာသီးေထာင္းေလးလုပ္စားၾကရေအာင္ေနာ္..။

ခ်က္ျပဳတ္ျပသူ - May Soe


 ယမ္ယမ္ေခါက္ဆြဲေထာင္း




မုန္႔ဖတ္(မုန္႔ဟင္းခါးဖတ္)ကိုလည္း ေအာက္ပါနည္းအတိုင္းေထာင္းႏိုင္ပါသည္။

ပါ၀င္ပစၥည္းမ်ား - ယမ္ယမ္ေခါက္ဆြဲေျခာက္ သုံးထုပ္စာ၊ မုန္လာဥနီ တစ္လံုး၊ ခရမ္းခ်ဥ္သီး ႏွစ္လံုး၊ ခရမ္းၾကြပ္သီး ႏွစ္လံုး၊ ပဲေတာင့္ရွည္ သံုးေတာင့္၊ ပုဇြန္ေျခာက္တစ္ဇြန္း၊ ေျမပဲေလွာ္ တစ္ဇြန္း၊ ထန္းလ်က္အေသး သံုးလံုး၊ ၾကက္သြန္ျဖဴ သံုးတက္၊ ငရုတ္သီးစိမ္းအနီေရာင္ ၅ေတာင့္။

ျပင္ဆင္ျပဳလုပ္ပံု

ယမ္ယမ္ေခါက္ဆြဲေျခာက္ကို ႏူးအိေအာင္ျပဳတ္ျပီး ေရေအးေလာင္းေရစစ္ထားပါ။ သစ္သားငရုတ္ဆံုမွာ ထန္းလ်က္ကိုအနည္းငယ္ေၾက ေအာင္ ဖိေခ်ျပီး ၾကက္သြန္ျဖဴႏွင့္ ငရုတ္သီးစိမ္းနီကို ညက္ေအာင္ေထာင္းပါ။ ပုစြန္ေျခာက္၊ေျမပဲေလွာ္ႏွင့္ ငါးပိဇြန္းတစ္၀က္ခန္႔ထည့္ျပီး ၾကိတ္ေခ်ပါ။ ပုစြန္ေျခာက္မသံုးလိုသူမ်ား ပုစြန္အစိမ္းကိုအခြံခြာျပီး ဆား၊သံပရာရည္ႏွင့္နယ္ကာ အစားထိုးထည့္ႏိုင္ပါသည္။ သၾကား၊ ငါးငံျပာရည္တို႔ျဖင့္ အရသာျဖည့္စြက္ျပီး သံပရာသီးကို အရည္ညွစ္ကာ အခြံေတြပါထည့္ေမႊပါ။ ခရမ္းခ်ဥ္သီး၊ ခရမ္းၾကြပ္သီးေတြကိုပါးပါး လွီးထည့္ျပီး ပဲေတာင့္ရွည္ ကိုလက္တစ္ဆစ္ခန္႔လွီးထည့္ပါ။ ေနာက္ဆံုးမွာ ေရစစ္ထားေသာ ေခါက္ဆြဲျပဳတ္ေတြကို ႏွစ္ပိုင္းေလာက္ျဖတ္ ထည့္ကာ ေထာင္းခ်င္ဟန္ျပဳျပီး ေမႊေပးပါ။ လတ္ဆတ္ေသာ ကန္စြန္းရိုးနီ၊ေဂၚဖီတို႔ျဖင့္ တြဲဖက္သံုးေဆာင္ပါ။ 


ယိုးဒယားမုန္႔တီေထာင္း




ပါ၀င္ပစၥည္းမ်ား

မုန္႔တီဖတ္၊ငံျပာရည္၊သံပုရာရည္၊ထန္းညက္ရည္၊ၾကက္သားမႈန္႔၊ဆား၊ၾကက္သြန္ျဖဴ၊ဆီက်က္ဆီအနည္းငယ္၊ၾကက္သြန္ျဖဴေထာင္း၊ပဲသီးစိမ္း၊ မုန္လာဥနီ၊ၾကက္သြန္ျဖဴဆီက်က္၊ပုဇြန္ေျခာက္။

ျပင္ဆင္ျပဳလုပ္နည္း

ယိုးဒယားမုန္႔တီေထာင္းရန္အတြက္ ငံျပာရည္ ၊ သံပုရာရည္ ၊ ထန္းညက္ရည္ အနည္းငယ္ ၊ ၾကက္သားမႈန္႔ ၊ ဆား ၊ ၾကက္သြန္ျဖဴ ၊ ဆီ က်က္ဆီအနည္းငယ္ ၊ ၾကက္သြန္ျဖဴေထာင္း အားလံုးေရာပါ ။

မုန္႔တီဖတ္ ၊ ပဲသီးစိမ္း ၊ မုန္လာဥနီ ၊ ပုဇြန္ေျခာက္ အားလံုး သစ္သားဆံုမွာ တခ်က္၂ခ်က္ေထာင္းျပီး ဇြန္းနဲ႔ နံွ႕ေအာင္ေမႊပါ ။ ပင္လယ္စာႀကိဳက္ရင္ ကင္ထည့္ ေလွာ္ထည့္လို႔ရပါတယ္ ။ ၾကက္သြန္ျဖဴ ဆီက်က္နဲ႔ ပုဇြန္ေျခာက္ျဖဴ းၿပီး သံုးေဆာင္ႏိုင္ပါၿပီ ။

တင္ဆက္သူ - ခ်က္မယ္ စားမယ္


ခ်ိဳခ်ဥ္စပ္ ေျပာင္းဖူးေထာင္းနည္း




ပါ၀င္ပစၥည္းမ်ား - သၾကားေျပာင္းဖူး တစ္ဖူး၊ ရွမ္းေျပာင္း တစ္ဖူး (ေျပာင္းဖူးမ်ားကိုျပဳတ္ထားပါ)၊ ခရမ္းခ်ဥ္သီးအေသး ၂လံုး၊ ပုစြန္ေျခာက္ အနည္းငယ္၊ ငရုတ္သီးေတာင့္ ၆ေတာင့္၊ ပဲေတာင့္ရွည္ ႏွစ္ေတာင့္၊ ၾကက္သြန္ျဖဴ ေလးမႊာ၊ သံပရာသီး ႏွစ္လံုး၊ ထန္းလ်က္ အေသး ၄လံုး။

ျပင္ဆင္ျပဳလုပ္ပံု - ေျပာင္းဖူးက သၾကားေျပာင္းအ၀ါနဲ႕ေထာင္းထားမ်ားပါတယ္။ ရွမ္းေျပာင္းအစီးထည့္ေထာင္းလည္းရပါတယ္။ သၾကား ေျပာင္းဖူးနဲ႔ ရွမ္းေျပာင္း တစ္ဖူးစီကို ဓားနဲ႔လွီးထားပါ။ စျပီးေထာင္းေတာ့မယ္ဆိုရင္ ၾကက္သြန္ျဖဴ၊ငရုတ္သီး၊ထန္းလ်က္၊ ပုစြန္ေျခာက္ေတြ ကိုေထာင္းျပီးရင္ ငါးငံျပာရည္ ထမင္းစားဇြန္းနဲ႔ သံုးဇြန္းေလာက္ထည့္ပါ။ ခရမ္းခ်ဥ္သီး၊ပဲေတာင့္ရွည္ေတြထည့္ျပီး တစ္ခ်က္ ႏွစ္ခ်က္ ေလာက္ ေထာင္းျပီးရင္ ေျပာင္းဖူးေတြကိုထည့္လိုက္ပါ။ သံပရာသီးညွစ္ထည့္ျပီး ေျဖးေျဖးေလး ၄ခ်က္ ၅ခ်က္ေလာက္ေထာင္းပါ။ အရသာအေပါ့အငန္ျမည္းျပီး ပန္းကန္ထဲထည့္ကာ ခ်ိဳခ်ဥ္စပ္ေျပာင္းဖူးေထာင္းကို စားလို႔ရပါျပီ။


Wednesday, April 14, 2021

ပြည်သူ့ရှေ့နေများအလိုရှိသည်

 ပြည်သူ့ရှေ့နေများအလိုရှိသည်

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




မနေ့ည ၈နာရီသတင်းမှာ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်နဲ့ ပဲခူးလူငယ်၄ယောက်ကို ဧပြီလ ၈ရက်နေ့က စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းက ပြည်သူတွေအတွက် တကယ်ကို အမင်္ဂလာသတင်းတစ်ပုဒ်ပါပဲ။ တစ်ဆက်တည်းမှာ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်ဆိုတဲ့ message ကို သွယ်ဝိုက်ပေးပို့ပြီး "Death Penalty" ဆိုတဲ့ စကားလုံးနဲ့ ပြည်သူလူထုကို အကြောက်တရားထည့်ဖို့ ကြိုးစားလာတာ ထင်ရှားပါတယ်။ မြဝတီကလုပ်ဇာတ်ထွင်ပြီး ထုတ်လွှင့်တယ်လို့ ယူဆရတဲ့အမှုဖြစ်စဉ်ကို ပြောရရင် "ဗိုလ်ကြီးထက်အောင်ကျော်နဲ့ မောင်သန့်စင်ထွေးတို့ စီနင်းလိုက်ပါလာတဲ့ အနက်ရောင်မော်တော်ဆိုင်ကယ်၊ ဗိုလ်ကြီးထက်အောင်ကျော် ကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်တစ်လက်၊ MAHUအမျိုးအစား iconတစ်လုံးတို့ကို လုယက်ယူဆောင်ခြင်း၊ ဗိုလ်ကြီးထက်အောင်ကျော်နဲ့ မောင်သန့်စင်ထွေးတို့အား နောက်ပြန်ကြိုးတုပ်ကာ တုတ်များ၊ ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ခြေထောက်နဲ့ကန်ခြင်းကြောင့် ၎င်းတို့မှာ ဒဏ်ရာအသီးသီးရရှိပြီး မောင်သန့်စင်ထွေး သေဆုံးခဲ့ရသည်" ဟုစွပ်စွဲကာ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်ကို ရာဇသတ်ကြီးပုဒ်မ ၃၉၆/၃၉၇ အရ ဧပြီလ ၈ရက်နေ့မှာ သေဒဏ်အမိန့်ချမှတ်လိုက်တဲ့အမှုပါ။ လက်ရှိအချိန်ထိတော့ မြောက်ဥက္ကလာပ လူငယ်၁၉ယောက်အကြောင်းကိုပဲ သိရပြီး ပဲခူးလူငယ်၄ယောက်နဲ့ ပတ်သက်တဲ့ သတင်းအစအနကိုတော့ မသိရသေးပါဘူး။ အရင်ဆုံး ဒီလူငယ်၂၃ ယောက် အစွဲခံရတဲ့ရာဇသတ်ကြီးပုဒ်မ ၂ ခုအကြောင်းကို အတိုချုံးရှင်းပြပါမယ်။ 


 ရာဇသတ်ကြီးပုဒ်မ ၃၉၆ 

===================


▪️လူသတ်မှုပါသောဓားပြမှု (Dacoity With Murder)


အဓိပ္ပာယ်ဖွင့်ဆိုချက်။    ။ ဓားပြမှုကို ပူးပေါင်းကျူးလွန်သောသူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော သူများအနက် တစ်ဦးတစ်ယောက်သောသူသည် အဆိုပါ ဓားပြမှုကျူးလွန်ရာ၌ လူသတ်မှုကိုပါ ကျူးလွန်လျှင် ထိုသူအသီးသီးကို သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်ဆယ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ဆယ်နှစ်အထိထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်ရမည်။


ဒီပုဒ်မရဲ့ စီရင်ထုံးတွေအရ ဓားပြတစ်ဦးက လူသတ်ပါက သူနဲ့အတူလိုက်ပါလာတဲ့ ကျန်ဓားပြအားလုံး လူသတ်ဓားပြမှု ကျူးလွန်းရာရောက်ပြီး လူသတ်ဓားပြအဖြစ် ပြစ်ဒဏ်စီရင်ခံရပါတယ်။ 


 ရာဇသတ်ကြီးပုဒ်မ ၃၉၇

===================


▪️သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ အားထုတ်မှုပါသော လုယက်မှု သို့မဟုတ် ဓားပြမှု။ 


အဓိပ္ပာယ်ဖွင့်ဆိုချက်။    ။ လုယက်မှုကိုဖြစ်စေ၊ ဓားပြမှုကိုဖြစ်စေ၊ ကျူးလွန်သောအခါတွင် ပြစ်မှုကျူးလွန်သူသည် တစ်ဦးတစ်ယောက်သောသူကို အပြင်းအထန်နာကျင်စေလျှင် သို့မဟုတ် တစ်ဦးတစ်ယောက်သောသူအား သေစေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း အားထုတ်လျှင် ထိုသူကိုချမှတ်သော ထောင်ဒဏ်သည် ခုနှစ်နှစ်အောက်မလျော့စေရ။


ဒီပုဒ်မနဲ့သက်ဆိုင်တဲ့ စီရင်ထုံးတစ်ခုဖြစ်တဲ့ Nga Sein V. King-Emperor [Vol. III, LBR, 121] မှာတော့ "ဓားပြတိုက်ရာတွင် လူဆိုးတစ်ဦးက လှံဖြင့်ထိုး၍ အပြင်းအထန်ဒဏ်ရာရစေရာတွင် ကျန်လူဆိုးများတွင် တာဝန်ရှိမရှိ နှင့်စပ်လျဉ်း၍ ပုဒ်မ၃၉၇တွင် ထိုသူကို (such offender) ဟုသုံးထားသဖြင့် အပြင်းအထန်ဒဏ်ရာရစေသူသာလျှင် ပုဒ်မ ၃၉၇ နှင့်အကျုံးဝင်သည်" လို့ စီရင်ထုံးဖွဲ့ထားပါတယ်။ သို့သော် ပုဒ်မ ၃၉၆နဲ့တွဲပြီး တရားစွဲခံရတာဖြစ်တဲ့အတွက် တကယ်ကျူးလွန်သူရော၊ လိုက်ပါလာသူပါ အားလုံးပြစ်မှုကျူးလွန်သူတွေ ဖြစ်ကုန်ပါတယ်။


ဒါကတော့ မြောက်ဥက္ကလာပ လူငယ်၁၉ဦးနဲ့ ပဲခူးလူငယ်၄ဦးကို အကြမ်းဖက်စစ်အုပ်စုက စွဲလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ၂ခုအကြောင်း အတိုချုံးရှင်းပြတာပါ။ ဆက်လက်ပြီး မြန်မာနိုင်ငံသမိုင်းကြောင်းမှာ စစ်ခုံရုံးမှာ သေဒဏ်ချမှတ်ခံရသူ တစ်ဦးအကြောင်း တင်ပြချင်ပါတယ်။


 

 စစ်ခုံရုံး၌ သေဒဏ်သင့်ခဲ့သူ 

=====================


စစ်ခုံရုံးဆိုတာ စင်စစ်အားဖြင့် စစ်ဘက်ဆိုင်ရာတရားရုံးနဲ့ ဝိသေသလက္ခဏာကွဲပြားပါတယ်။ စစ်ဘက်ဆိုင်ရာတရားရုံးတွေက စစ်မှုထမ်းတွေကျူးလွန်တဲ့ပြစ်မှုတွေအတွက် တရားစွဲဆွဲတဲ့နေရာပဲဖြစ်တယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်နေလူသုံးဦးအား သတ်ဖြတ်တဲ့အတွက် စစ်သားခြောက်ဦးကို ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့တာတွေရှိသလို၊ ရိုဟင်ဂျာဆယ်ဦးကို သတ်ခဲ့တဲ့ စစ်သားခုနှစ်ဦးကိုလည်း ရုံးတင်ခဲ့တာမျိုးရှိပါတယ်။


စစ်ခုံရုံးဆိုတာကတော့ မာရှယ်လော သို့မဟုတ်

စစ်အုပ်ချုပ်ရေးကာလအတွင်းမှာ အရပ်သားတွေကို တရားစွဲဆိုချင်လို့ကို အထူးရာဇဝတ်ခုံရုံးအဖြစ်နဲ့ စစ်တပ်က ယာယီထူထောင်ထားတဲ့ ခုံရုံးကို ရည်ညွှန်းပါတယ်။ 


မြန်မာနိုင်ငံဝယ် စစ်ခုံရုံးမှာ သေဒဏ်ပေးခံရပြီး အမှန်တကယ် စီရင်ခြင်းခံရတဲ့ နောက်ဆုံးပုဂ္ဂိုလ်မှာ ဆလိုင်းတင်မောင်ဦးပါ။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဇွန်အရေးအခင်း တို့ရဲ့ ဦးဆောင်သူဖြစ်တဲ့အတွက် ၁၉၇၆ ခုနှစ်၊ မတ် (၂၃) ရက်နေ့မှာ ဖမ်းဆီခံရပါတယ်။ ကိုယ်တော်မှိုင်း ရာပြည့်မတိုင်ခင် တစ်ရက်အလိုမှာ ဖမ်းဆီးခံရတာပါ။ အင်းစိန်ထောင်အမှောင်တိုက် နံပါတ် (၁) တွင် ချုပ်နှောင်ပြီး စစ်ခုံရုံးတင်ကာ သေဒဏ်ပေးခဲ့ပါတယ်။ စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်ပါက အပြစ်လျှော့ပေးနိုင်ပေမယ့် "မင်းတို့စစ်ဖိနပ်အောက်မှာ ဒူးမထောက်နိုင်ဘူး" ဟု ပြန်ပြောခဲ့ပါတယ်။ နောက်သုံးလအကြာ ၁၉၇၆ ခုနှစ်၊ ဇွန် (၂၆) ရက်မှာတော့ အင်းစိန်ထောင်မှာပဲ ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။ 


ထိုအမှုပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်ကိုမဖျက်သိမ်းခဲ့ပဲ ဆယ်စုနှစ် အတော်ကြာ သေဒဏ် ဆက်လက်ချမှတ်ခဲ့သော်လည်း တကယ်မကွပ်မျက်ဘဲ ‌ထောင်တွင်းအကျဉ်းချ အပြစ်ပေးခြင်းမျိုးသာ ပြုလုပ်ခဲ့ပါတယ်။ ရာဇသတ်ကြီးအရလည်း သေဒဏ်ချမှတ်တဲ့ အခါ ချက်ချင်းသတ်လို့မရအောင် အဆင့်များစွာနဲ့ ကန့်သတ်ထားပါသေးတယ်။ နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က အတည်ပြုပေးရသလို၊ နိုင်ငံတော်သမ္မတအနေနဲ့ကလည်း အတည်ပြုမိန့်ချဖို့ လိုအပ်ပါတယ်။ သေဒဏ်ချမှတ်ခံရသူအနေနဲ့လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံ ဝင်လို့ရပါတယ်။ ဒီလုပ်ထုံးလုပ်နည်းအတွက် အချိန်ကာလအားဖြင့်လည်း နှစ်နဲ့ချီပြီးတော့ကိုကြာပါတယ်။ သို့သော် ယခုအခါ အတိတ်က အဖြစ်ဆိုး တဖန်လည်လို့ ပြည်သူတွေအပေါ် မတရားဥပဒေတွေနဲ့ ပုဒ်မတွေတပ်ပြီး မျှတသောတရားခွင်အခွင့်အရေး (fair trial rights) တစ်ခုမှမရဘဲ သေဒဏ်တကယ်ပေးတော့လေမလား အလွန်စိုးရိမ်ရပါတယ်။


 စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ပြစ်ဒဏ်ချမှတ်ခြင်း

=================================


အခုစစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်  ၃/၂၀၂၁ အရ သေဒဏ်ကို အတည်ပြုဖို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌမှာ အာဏာရှိပါတယ်။ ထိုလုပ်ပိုင်ခွင့်အောက်မှာမှ နစကဥက္ကဌအနေနဲ့ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ပေးတာ၊ ပြစ်ဒဏ်ကို လျှော့ပေါ့တာ၊ အခြားသော ပိုနိမ့်တဲ့ ပြစ်ဒဏ်အမျိုးအစားကို ပြောင်းပေးတာ၊ ဒါမှမဟုတ် စစ်ခုံရုံးဆုံးဖြတ်တဲ့အတိုင်းပဲ အတည်ပြုပေးတာတို့ကို လုပ်ရမှာဖြစ်ပါတယ်။ 


စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတဲ့ မြို့နယ်တွေမှာ ပြစ်မှု ၂၃ ခုကို စစ်အုပ်ချုပ်ရေးအမိန့်နဲ့ ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးတွေမှာ စီရင်မယ်လို့ မတ်လ(၁၅)ရက်နေ့မှာ တစ်ပါတည်း ကြေညာခဲ့ပါတယ်။ နိုင်ငံတော်သစ္စာ ဖောက်ပုန်ကန်မှု အပါအဝင်၊ တပ်မတော်နဲ့ အစိုးရဝန်ထမ်းများ ဆောင်ရွက်မှုကို ဟန့်တား ခြင်း၊ သွေးထိုးခြင်း၊ မမှန်သတင်းဖြန့်ခြင်း၊ လူသတ်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှုအပြင် အထူးဥပဒေဆိုင်ရာတွေဖြစ်တဲ့ လက်နက်၊ မူယစ်ဆေးဝါး၊ ပြည်သူပိုင်ပစ္စည်း၊ သတင်းမီဒီ ယာနဲ့ အီလက်ထရောနစ် ဥပဒေပြစ်မှုတွေ လည်း ပါဝင်ပါတယ်။ Martial Law ကျင့်သုံးတဲ့ မြို့နယ်တွေမှာ အဆိုပါပြစ်မှုတွေ ကျူးလွန်မယ် ဆိုရင်တော့ စစ်ခုံရုံးအနေနဲ့ သက်ညှာမှုမရှိ ကြီးလေးတဲ့ပြစ်ဒဏ်သုံးမျိုးကိုသာပေးဖို့ အမိန့်ကျထားတာပါ။ သေဒဏ် ဒါမှမဟုတ် နှစ်အကန့်အသတ်မရှိ အလုပ်နဲ့ထောင်ဒဏ် ဒါမှမဟုတ် သက်ဆိုင်ရာပြစ်မှုတွေအတွက် သတ်မှတ်ထားတဲ့ အမြင့်ဆုံး၊ အပြင်းထန်ဆုံး ပြစ်ဒဏ်တွေကိုသာ ချမှတ်သွားမှာဖြစ်ပါတယ်။  


 အယူခံမရှိ၊ ပြင်ဆင်မှုရှိ

==================


သေဒဏ်စီရင်ချက်အတွက် ယခုတရားမဝင် ထုတ်ပြန်ထားတဲ့ Martial Law အရ အယူခံ ဝင်ခွင့်မရှိပေမယ့် ပြင်ဆင်မှု (Revision) တော့ လျှောက်ခွင့်ရှိပါတယ်။အယူခံမှုမှာတော့ အမှုဖြစ်အကြောင်းခြင်းရာ (matter of fact) ရော ဥပဒေကြောင်းအချက်အလက် (matter of law) တွေအပေါ်‌ အခြေပြုတင်သွင်းနိုင်ပေမယ့် ပြင်ဆင်မှုမှာတော့ ဥပဒေဆိုင်ရာအချက်အလက် (matter of law) အပေါ်ကိုပဲ အခြေပြုတင်သွင်းနိုင်ပါတယ်။ ထိုသို့တင်သွင်းရာမှာ ပြစ်ဒဏ်ချမှတ်တဲ့နေ့ကစလို့ ၁၅ ရက်အတွင်းမှာသာ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မအလထံ တင်သွင်းခွင့်ရှိတာပါ။ 


 စစ်အုပ်စု ဘာတွေကြံနေသလဲ

=======================


၂၀၁၄ခုနှစ် ဦးသိန်းစိန်လက်ထက်မှာ သေဒဏ် ချမှတ်ခံထားရသူ ၇၇ ဦးကို နှစ်ရှည်ထောင်ဒဏ်အဖြစ် လျှော့ပေါ့ပေးခဲ့ပါတယ်။ နှစ်သစ်ကူး အခါသမယ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းသက်သာခွင့်လည်း ပေးလေ့ရှိပါတယ်။ ဒီအချိန်မှာ အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်အနေနဲ့ ပြည်သူလူထု စိတ်နှလုံးအေးချမ်းစေရေးဆိုပြီး ရုပ်သံကနေ ပြောင်ပြောင်တင်းတင်း လီဆည်နိုင်ပါသေးတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ စစ်အုပ်စုအနေနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်းကို ချပြချင်တာက တစ်ကြောင်း၊ သေဒဏ်ဆိုတဲ့ စကားရပ်လေးနဲ့ပဲ အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွေ တုံ့ဆိုင်းသွားအောင် လုပ်ချင်တာတစ်ကြောင်း၊ သိသာလှပါတယ်။ 


သေဒဏ်ပေးပြီး စီရင်ချင်ရင် အလုပ်ရှုပ်ခံပြီး လုပ်ထုံးလုပ်နည်းအပေါ်မှာ အခြေခံသလိုလိုနဲ့ ခုံရုံးဖွဲ့စစ်ဆေးတာတွေ လုပ်နေစရာကို မလို ပါဘူး။ ချက်ချင်းတိတ်တဆိတ် လက်စဖျောက်လိုက်လို့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဥပဒေကြောင်းအရ စီရင်ပြချင်နေတာကို တွေးဆနိုင်ပါတယ်။ 


ပြည်သူ့ရှေ့နေများ အလိုရှိသည်

=======================


မည်သို့ပင်ဆိုစေကာမူ စစ်အာဏာသိမ်းခြင်းကိုယ်၌က တရားမဝင်အာဏာသိမ်းမှုပဲဖြစ်လို့ စစ်ကောင်စီသတ်မှတ်ပြဌာန်းတဲ့ဥပဒေတွေ ၊စစ်အုပ်ချုပ်ရေးနယ်မြေတွေဆိုတာဟာလည်း တရားမဝင်ပါဘူး။ သူတို့ကိုယ်တိုင်က အပြစ်မဲ့ပြည်သူတွေကို တရားဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ အဖိနှိပ်ခံတွေဘက်က လုပ်တဲ့လုပ်ရပ်တိုင်းဟာ မတရားတာမရှိ ဆိုသလို ပြည်သူတွေဘက်ကလည်း ရရာလက်နက်စွဲကိုင်ပြီး တန်ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒီလိုနောက်ဆက်တွဲတွေကို ကြိုမြင်လို့လည်း စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ မတ်လက Martial Law Order ထုတ်ပြန်ခဲ့တာလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ မတရား သေဒဏ်စီရင်ခံရတဲ့ ပြည်သူတွေအတွက် ပြင်ဆင်မှုတင်သွင်းဖို့ လိုက်ပါဆောင်ရွက်ပေးမယ့် ရဲစွမ်းသတ္တိရှိတဲ့ ပြည်သူ့ရှေ့နေများကို အချိန်မီလိုအပ်နေပါတယ်။ ဒါကြောင့်စွပ်စွဲခံရသူများရဲ့ မိသားစုဝင်များနဲ့ ဆက်သွယ်လို့ ပြင်ဆင်မှုလျှောက်ထားခွင့် သတ်မှတ်ရက်မကျော်လွန်မီ အချိန်မီလိုက်ပါ ဆောင်ရွက်ပေးဖို့ တရားဥပဒေဘက်တော်သား ရှေ့နေရှေ့ရပ်များကို တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။


စာရေးသူ - Justus, Scholly Green, Luis


ဥပဒေဖြင့်ဆင်ခြင်၊တို့မြန်ပြည်တစ်ခွင်


#အရေးတော်ပုံအောင်ရမည် ✊🏻


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


References


ရာဇသတ်ကြီးဋီကာ - ဦးကျော်စိန်

The Global New Light of Myanmar Vol VII, No.334.

စစ်အုပ်ချုပ်ရေး(Martial Law) အမိန့်အမှတ် ၃ / ၂၀၂၁

မြန်မာနိုင်ငံက စစ်ခုံရုံးဆိုတာ ဘာလဲ (MELISSA CROUCH - Mizzima Burmese)


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


#LawgicalMyanmar #Law #ဥပဒေ #စစ်ခုံရုံး #MartialLaw #မာရှယ်လော #စစ်အုပ်ချုပ်ရေး #သေဒဏ်

(Zawgyi)

ျပည္သူ႔ေရွ႕ေနမ်ားအလိုရွိသည္

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




မေန႔ည ၈နာရီသတင္းမွာ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္နဲ႔ ပဲခူးလူငယ္၄ေယာက္ကို ဧၿပီလ ၈ရက္ေန႔က စစ္ခုံ႐ုံးဖြဲ႕စစ္ေဆးၿပီး ေသဒဏ္ခ်မွတ္လိုက္တယ္ဆိုတဲ့ သတင္းက ျပည္သူေတြအတြက္ တကယ္ကို အမဂၤလာသတင္းတစ္ပုဒ္ပါပဲ။ တစ္ဆက္တည္းမွာ စစ္ေကာင္စီ ေနာက္ပိုင္းၾကမ္းမည္ဆိုတဲ့ message ကို သြယ္ဝိုက္ေပးပို့ၿပီး "Death Penalty" ဆိုတဲ့ စကားလုံးနဲ႔ ျပည္သူလူထုကို အေၾကာက္တရားထည့္ဖို့ ႀကိဳးစားလာတာ ထင္ရွားပါတယ္။ ျမဝတီကလုပ္ဇာတ္ထြင္ၿပီး ထုတ္လႊင့္တယ္လို့ ယူဆရတဲ့အမွုျဖစ္စဥ္ကို ေျပာရရင္ "ဗိုလ္ႀကီးထက္ေအာင္ေက်ာ္နဲ႔ ေမာင္သန္႔စင္ေထြးတို့ စီနင္းလိုက္ပါလာတဲ့ အနက္ေရာင္ေမာ္ေတာ္ဆိုင္ကယ္၊ ဗိုလ္ႀကီးထက္ေအာင္ေက်ာ္ ကိုင္ေဆာင္တဲ့ ပစၥတိုေသနတ္တစ္လက္၊ MAHUအမ်ိဳးအစား iconတစ္လုံးတို့ကို လုယက္ယူေဆာင္ျခင္း၊ ဗိုလ္ႀကီးထက္ေအာင္ေက်ာ္နဲ႔ ေမာင္သန္႔စင္ေထြးတို့အား ေနာက္ျပန္ႀကိဳးတုပ္ကာ တုတ္မ်ား၊ ဓားမ်ားျဖင့္ ဝိုင္းဝန္းရိုက္ႏွက္ျခင္း၊ လက္သီးျဖင့္ထိုးျခင္း၊ ေျခေထာက္နဲ႔ကန္ျခင္းေၾကာင့္ ၎တို့မွာ ဒဏ္ရာအသီးသီးရရွိၿပီး ေမာင္သန္႔စင္ေထြး ေသဆုံးခဲ့ရသည္" ဟုစြပ္စြဲကာ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္ကို ရာဇသတ္ႀကီးပုဒ္မ ၃၉၆/၃၉၇ အရ ဧၿပီလ ၈ရက္ေန႔မွာ ေသဒဏ္အမိန္႔ခ်မွတ္လိုက္တဲ့အမွုပါ။ လက္ရွိအခ်ိန္ထိေတာ့ ေျမာက္ဥကၠလာပ လူငယ္၁၉ေယာက္အေၾကာင္းကိုပဲ သိရၿပီး ပဲခူးလူငယ္၄ေယာက္နဲ႔ ပတ္သက္တဲ့ သတင္းအစအနကိုေတာ့ မသိရေသးပါဘူး။ အရင္ဆုံး ​ဒီလူငယ္၂၃ ေယာက္ အစြဲခံရတဲ့ရာဇသတ္ႀကီးပုဒ္မ ၂ ခုအေၾကာင္းကို အတိုခ်ဳံးရွင္းျပပါမယ္။ 


 ရာဇသတ္ႀကီးပုဒ္မ ၃၉၆ 

===================


▪️လူသတ္မွုပါေသာဓားျပမွု (Dacoity With Murder)


အဓိပၸာယ္ဖြင့္ဆိုခ်က္။    ။ ဓားျပမွုကို ပူးေပါင္းက်ဴးလြန္ေသာသူငါးဦး သို့မဟုတ္ ငါးဦးထက္ပိုေသာ သူမ်ားအနက္ တစ္ဦးတစ္ေယာက္ေသာသူသည္ အဆိုပါ ဓားျပမွုက်ဴးလြန္ရာ၌ လူသတ္မွုကိုပါ က်ဴးလြန္လၽွင္ ထိုသူအသီးသီးကို ေသဒဏ္ျဖစ္ေစ၊ ေထာင္ဒဏ္ႏွစ္ႏွစ္ဆယ္ျဖစ္ေစ၊ အလုပ္ၾကမ္းႏွင့္ ဆယ္ႏွစ္အထိေထာင္ဒဏ္ျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ရမည္။


ဒီပုဒ္မရဲ့ စီရင္ထုံးေတြအရ ဓားျပတစ္ဦးက လူသတ္ပါက သူနဲ႔အတူလိုက္ပါလာတဲ့ က်န္ဓားျပအားလုံး လူသတ္ဓားျပမွု က်ဴးလြန္းရာေရာက္ၿပီး လူသတ္ဓားျပအျဖစ္ ျပစ္ဒဏ္စီရင္ခံရပါတယ္။ 


 ရာဇသတ္ႀကီးပုဒ္မ ၃၉၇

===================


▪️ေသေစရန္ျဖစ္ေစ၊ အျပင္းအထန္နာက်င္ေစရန္ျဖစ္ေစ အားထုတ္မွုပါေသာ လုယက္မွု သို့မဟုတ္ ဓားျပမွု။ 


အဓိပၸာယ္ဖြင့္ဆိုခ်က္။    ။ လုယက္မွုကိုျဖစ္ေစ၊ ဓားျပမွုကိုျဖစ္ေစ၊ က်ဴးလြန္ေသာအခါတြင္ ျပစ္မွုက်ဴးလြန္သူသည္ တစ္ဦးတစ္ေယာက္ေသာသူကို အျပင္းအထန္နာက်င္ေစလၽွင္ သို့မဟုတ္ တစ္ဦးတစ္ေယာက္ေသာသူအား ေသေစရန္ေသာ္လည္းေကာင္း၊ အျပင္းအထန္နာက်င္ေစရန္​ ေသာ္လည္းေကာင္း အားထုတ္လၽွင္ ထိုသူကိုခ်မွတ္ေသာ ေထာင္ဒဏ္သည္ ခုႏွစ္ႏွစ္ေအာက္မေလ်ာ့ေစရ။


ဒီပုဒ္မနဲ႔သက္ဆိုင္တဲ့ စီရင္ထုံးတစ္ခုျဖစ္တဲ့ Nga Sein V. King-Emperor [Vol. III, LBR, 121] မွာေတာ့ "ဓားျပတိုက္ရာတြင္ လူဆိုးတစ္ဦးက လွံျဖင့္ထိုး၍ အျပင္းအထန္ဒဏ္ရာရေစရာတြင္ က်န္လူဆိုးမ်ားတြင္ တာဝန္ရွိမရွိ ႏွင့္စပ္လ်ဥ္း၍ ပုဒ္မ၃၉၇တြင္ ထိုသူကို (such offender) ဟုသုံးထားသျဖင့္ အျပင္းအထန္ဒဏ္ရာရေစသူသာလၽွင္ ပုဒ္မ ၃၉၇ ႏွင့္အက်ဳံးဝင္သည္" လို့ စီရင္ထုံးဖြဲ႕ထားပါတယ္။ သို့ေသာ္ ပုဒ္မ ၃၉၆နဲ႔တြဲၿပီး တရားစြဲခံရတာျဖစ္တဲ့အတြက္ တကယ္က်ဴးလြန္သူေရာ၊ လိုက္ပါလာသူပါ အားလုံးျပစ္မွုက်ဴးလြန္သူေတြ ျဖစ္ကုန္ပါတယ္။


ဒါကေတာ့ ေျမာက္ဥကၠလာပ လူငယ္၁၉ဦးနဲ႔ ပဲခူးလူငယ္၄ဦးကို အၾကမ္းဖက္စစ္အုပ္စုက စြဲလိုက္တဲ့ ရာဇသတ္ႀကီးပုဒ္မ၂ခုအေၾကာင္း အတိုခ်ဳံးရွင္းျပတာပါ။ ဆက္လက္ၿပီး ျမန္မာနိုင္ငံသမိုင္းေၾကာင္းမွာ စစ္ခုံ႐ုံးမွာ ေသဒဏ္ခ်မွတ္ခံရသူ တစ္ဦးအေၾကာင္း တင္ျပခ်င္ပါတယ္။


 

 စစ္ခုံ႐ုံး၌ ေသဒဏ္သင့္ခဲ့သူ 

=====================


စစ္ခုံ႐ုံးဆိုတာ စင္စစ္အားျဖင့္ စစ္ဘက္ဆိုင္ရာတရား႐ုံးနဲ႔ ဝိ​ေသသလကၡဏာကြဲျပားပါတယ္။ စစ္ဘက္ဆိုင္ရာတရား႐ုံးေတြက စစ္မွုထမ္းေတြက်ဴးလြန္တဲ့ျပစ္မွုေတြအတြက္ တရားစြဲဆြဲတဲ့ေနရာပဲျဖစ္တယ္။ ၂၀၁၈ ခုႏွစ္အတြင္းမွာ ကခ်င္ျပည္နယ္ေနလူသုံးဦးအား သတ္ျဖတ္တဲ့အတြက္ စစ္သား​ေျခာက္ဦးကို ေထာင္ဒဏ္ဆယ္ႏွစ္ ခ်မွတ္ခဲ့တာေတြရွိသလို၊ ရိုဟင္ဂ်ာဆယ္ဦးကို သတ္ခဲ့တဲ့ စစ္သားခုႏွစ္ဦးကိုလည္း ႐ုံးတင္ခဲ့တာမ်ိဳးရွိပါတယ္။


စစ္ခုံ႐ုံးဆိုတာကေတာ့ မာရွယ္ေလာ သို့မဟုတ္

စစ္အုပ္ခ်ဳပ္ေရးကာလအတြင္းမွာ အရပ္သားေတြကို တရားစြဲဆိုခ်င္လို့ကို အထူးရာဇဝတ္ခုံ႐ုံးအျဖစ္နဲ႔ စစ္တပ္က ယာယီထူေထာင္ထားတဲ့ ခုံ႐ုံးကို ရည္ညႊန္းပါတယ္။ 


ျမန္မာနိုင္ငံဝယ္ စစ္ခုံ႐ုံးမွာ ေသဒဏ္ေပးခံရၿပီး အမွန္တကယ္ စီရင္ျခင္းခံရတဲ့ ေနာက္ဆုံးပုဂၢိဳလ္မွာ ဆလိုင္းတင္ေမာင္ဦးပါ။ ရန္ကုန္တကၠသိုလ္ေက်ာင္းသား ဆလိုင္းတင္ေမာင္ဦးဟာ ၁၉၇၂ ခုႏွစ္ ေက်ာင္းသားလွုပ္ရွားမွု၊ ၁၉၇၄ ခုႏွစ္ ဦးသန္႔အေရးအခင္း၊ ၁၉၇၅ ဇြန္အေရးအခင္း တို့ရဲ့ ဦးေဆာင္သူျဖစ္တဲ့အတြက္ ၁၉၇၆ ခုႏွစ္၊ မတ္ (၂၃) ရက္ေန႔မွာ ဖမ္းဆီခံရပါတယ္။ ကိုယ္ေတာ္မွိုင္း ရာျပည့္မတိုင္ခင္ တစ္ရက္အလိုမွာ ဖမ္းဆီးခံရတာပါ။ အင္းစိန္ေထာင္အေမွာင္တိုက္ နံပါတ္ (၁) တြင္ ခ်ဳပ္ေႏွာင္ၿပီး စစ္ခုံ႐ုံးတင္ကာ ေသဒဏ္ေပးခဲ့ပါတယ္။ စစ္ခုံ႐ုံးတြင္ ျပင္ဆင္ခ်က္တင္ပါက အျပစ္ေလၽွာ့ေပးနိုင္ေပမယ့္ "မင္းတို့စစ္ဖိနပ္ေအာက္မွာ ဒူးမေထာက္နိုင္ဘူး" ဟု ျပန္ေျပာခဲ့ပါတယ္။ ေနာက္သုံးလအၾကာ ၁၉၇၆ ခုႏွစ္၊ ဇြန္ (၂၆) ရက္မွာေတာ့ အင္းစိန္ေထာင္မွာပဲ ႀကိဳးေပးကြပ္မ်က္ခံခဲ့ရပါတယ္။ 


ထိုအမွုၿပီးတဲ့ေနာက္ပိုင္း ျမန္မာနိုင္ငံမွာ ေသဒဏ္ကိုမဖ်က္သိမ္းခဲ့ပဲ ဆယ္စုႏွစ္ အေတာ္ၾကာ ေသဒဏ္ ဆက္လက္ခ်မွတ္ခဲ့ေသာ္လည္း တကယ္မကြပ္မ်က္ဘဲ ‌ေထာင္တြင္းအက်ဥ္းခ် အျပစ္ေပးျခင္းမ်ိဳးသာ ျပဳလုပ္ခဲ့ပါတယ္။ ရာဇသတ္ႀကီးအရလည္း ေသဒဏ္ခ်မွတ္တဲ့ အခါ ခ်က္ခ်င္းသတ္လို့မရေအာင္ အဆင့္မ်ားစြာနဲ႔ ကန႔္သတ္ထားပါေသးတယ္။ နိုင္ငံေတာ္ရဲ့ အျမင့္ဆုံးတရား႐ုံးျဖစ္တဲ့ ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္က အတည္ျပဳေပးရသလို၊ နိုင္ငံေတာ္သမၼတအေနနဲ႔ကလည္း အတည္ျပဳမိန္႔ခ်ဖို့ လိုအပ္ပါတယ္။ ေသဒဏ္ခ်မွတ္ခံရသူအေနနဲ႔လည္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ထံ အယူခံ ဝင္လို့ရပါတယ္။ ဒီလုပ္ထုံးလုပ္နည္းအတြက္ အခ်ိန္ကာလအားျဖင့္လည္း ႏွစ္နဲ႔ခ်ီၿပီးေတာ့ကိုၾကာပါတယ္။ သို့ေသာ္ ယခုအခါ အတိတ္က အျဖစ္ဆိုး တဖန္လည္လို့ ျပည္သူေတြအေပၚ မတရားဥပေဒေတြနဲ႔ ပုဒ္မေတြတပ္ၿပီး မၽွတေသာတရားခြင္အခြင့္အေရး (fair trial rights) တစ္ခုမွမရဘဲ ေသဒဏ္တကယ္ေပးေတာ့ေလမလား အလြန္စိုးရိမ္ရပါတယ္။


 စစ္အုပ္ခ်ဳပ္ေရးအမိန္႔နဲ႔ ျပစ္ဒဏ္ခ်မွတ္ျခင္း

=================================


အခုစစ္ေကာင္စီရဲ့ စစ္အုပ္ခ်ဳပ္ေရးအမိန္႔  ၃/၂၀၂၁ အရ ေသဒဏ္ကို အတည္ျပဳဖို့က နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ (နစက) ဥကၠ႒မွာ အာဏာရွိပါတယ္။ ထိုလုပ္ပိုင္ခြင့္ေအာက္မွာမွ နစကဥကၠဌအေနနဲ႔ ျပစ္မွုထင္ရွားစီရင္ျခင္းကို ပယ္ဖ်က္ေပးတာ၊ ျပစ္ဒဏ္ကို ေလၽွာ့ေပါ့တာ၊ အျခားေသာ ပိုနိမ့္တဲ့ ျပစ္ဒဏ္အမ်ိဳးအစားကို ေျပာင္းေပးတာ၊ ဒါမွမဟုတ္ စစ္ခုံ႐ုံးဆုံးျဖတ္တဲ့အတိုင္းပဲ အတည္ျပဳေပးတာတို့ကို လုပ္ရမွာျဖစ္ပါတယ္။ 


စစ္အုပ္ခ်ဳပ္ေရး (Martial Law) ေၾကညာထားတဲ့ ၿမိဳ့နယ္​ေတြမွာ ျပစ္မွု ၂၃ ခုကို စစ္အုပ္ခ်ဳပ္ေရးအမိန္႔နဲ႔ ဖြဲ႕စည္းထားတဲ့ စစ္ခုံ႐ုံးေတြမွာ စီရင္မယ္လို့ မတ္လ(၁၅)ရက္ေန႔မွာ တစ္ပါတည္း ေၾကညာခဲ့ပါတယ္။ နိုင္ငံေတာ္သစၥာ ေဖာက္ပုန္ကန္မွု အပါအဝင္၊ တပ္မေတာ္နဲ႔ အစိုးရဝန္ထမ္းမ်ား ေဆာင္ရြက္မွုကို ဟန္႔တား ျခင္း၊ ေသြးထိုးျခင္း၊ မမွန္သတင္းျဖန္႔ျခင္း၊ လူသတ္မွု၊ ဓားျပမွု၊ အဂတိလိုက္စားမွုအျပင္ အထူးဥပေဒဆိုင္ရာေတြျဖစ္တဲ့ လက္နက္၊ မူယစ္ေဆးဝါး၊ ျပည္သူပိုင္ပစၥည္း၊ သတင္းမီဒီ ယာနဲ႔ အီလက္ထေရာနစ္ ဥပေဒျပစ္မွုေတြ လည္း ပါဝင္ပါတယ္။ Martial Law က်င့္သုံးတဲ့ ၿမိဳ့နယ္ေတြမွာ အဆိုပါျပစ္မွုေတြ က်ဴးလြန္မယ္ ဆိုရင္ေတာ့ စစ္ခုံ႐ုံးအေနနဲ႔ သက္ညႇာမွုမရွိ ႀကီးေလးတဲ့ျပစ္ဒဏ္သုံးမ်ိဳးကိုသာေပးဖို့ အမိန္႔က်ထားတာပါ။ ေသဒဏ္ ဒါမွမဟုတ္ ႏွစ္အကန္႔အသတ္မရွိ အလုပ္နဲ႔ေထာင္ဒဏ္ ဒါမွမဟုတ္ သက္ဆိုင္ရာျပစ္မွုေတြအတြက္ သတ္မွတ္ထားတဲ့ အျမင့္ဆုံး၊ အျပင္းထန္ဆုံး ျပစ္ဒဏ္ေတြကိုသာ ခ်မွတ္သြားမွာျဖစ္ပါတယ္။  


 အယူခံမရွိ၊ ျပင္ဆင္မွုရွိ

==================


ေသဒဏ္စီရင္ခ်က္အတြက္ ယခုတရားမဝင္ ထုတ္ျပန္ထားတဲ့ Martial Law အရ အယူခံ ဝင္ခြင့္မရွိေပမယ့္ ျပင္ဆင္မွု (Revision) ေတာ့ ေလၽွာက္ခြင့္ရွိပါတယ္။အယူခံမွုမွာေတာ့ အမွုျဖစ္အေၾကာင္းျခင္းရာ (matter of fact) ေရာ ဥပေဒေၾကာင္းအခ်က္အလက္ (matter of law) ေတြအေပၚ‌ အေျချပဳတင္သြင္းနိုင္ေပမယ့္ ျပင္ဆင္မွုမွာေတာ့ ဥပေဒဆိုင္ရာအခ်က္အလက္ (matter of law) အေပၚကိုပဲ အေျချပဳတင္သြင္းနိုင္ပါတယ္။ ထိုသို့တင္သြင္းရာမွာ ျပစ္ဒဏ္ခ်မွတ္တဲ့ေန႔ကစလို့ ၁၅ ရက္အတြင္းမွာသာ အၾကမ္းဖက္စစ္အုပ္စု ေခါင္းေဆာင္ မအလထံ တင္သြင္းခြင့္ရွိတာပါ။ 


 စစ္အုပ္စု ဘာေတြႀကံေနသလဲ

=======================


၂၀၁၄ခုႏွစ္ ဦးသိန္းစိန္လက္ထက္မွာ ေသဒဏ္ ခ်မွတ္ခံထားရသူ ၇၇ ဦးကို ႏွစ္ရွည္ေထာင္ဒဏ္အျဖစ္ ေလၽွာ့ေပါ့ေပးခဲ့ပါတယ္။ ႏွစ္သစ္ကူး အခါသမယ အထိမ္းအမွတ္နဲ႔ လြတ္ၿငိမ္းသက္သာခြင့္လည္း ေပးေလ့ရွိပါတယ္။ ဒီအခ်ိန္မွာ အၾကမ္းဖက္​စစ္အုပ္စု​ ေခါင္းေဆာင္အေနနဲ႔ ျပည္သူလူထု စိတ္ႏွလုံးေအးခ်မ္းေစေရးဆိုၿပီး ႐ုပ္သံကေန ေျပာင္ေျပာင္တင္းတင္း လီဆည္နိုင္ပါေသးတယ္။ ဟုတ္ေသာ္ရွိ၊ မဟုတ္ေသာ္ရွိ၊ စစ္အုပ္စုအေနနဲ႔ ဥပေဒေၾကာင္းအရ လုပ္ေဆာင္ေနရျခင္း ျဖစ္ေၾကာင္းကို ခ်ျပခ်င္တာက တစ္ေၾကာင္း၊ ေသဒဏ္ဆိုတဲ့ စကားရပ္ေလးနဲ႔ပဲ အာဏာ ဖီဆန္ေရးလွုပ္ရွားမွုေတြ တုံ႔ဆိုင္းသြားေအာင္ လုပ္ခ်င္တာတစ္ေၾကာင္း၊ သိသာလွပါတယ္။ 


ေသဒဏ္ေပးၿပီး စီရင္ခ်င္ရင္ အလုပ္ရွုပ္ခံၿပီး လုပ္ထုံးလုပ္နည္းအေပၚမွာ အေျခခံသလိုလိုနဲ႔ ခုံ႐ုံးဖြဲ႕စစ္ေဆးတာေတြ လုပ္ေနစရာကို မလို ပါဘူး။ ခ်က္ခ်င္းတိတ္တဆိတ္ လက္စေဖ်ာက္လိုက္လို့ရပါတယ္။ အၾကမ္းဖက္စစ္အုပ္စုအေနနဲ႔ ဥပေဒေၾကာင္းအရ စီရင္ျပခ်င္ေနတာကို ေတြးဆနိုင္ပါတယ္။ 


ျပည္သူ႔ေရွ႕ေနမ်ား အလိုရွိသည္

=======================


မည္သို့ပင္ဆိုေစကာမူ စစ္အာဏာသိမ္းျခင္းကိုယ္၌က တရားမဝင္အာဏာသိမ္းမွုပဲျဖစ္လို့ စစ္ေကာင္စီသတ္မွတ္ျပဌာန္းတဲ့ဥပေဒေတြ ၊စစ္အုပ္ခ်ဳပ္ေရးနယ္ေျမေတြဆိုတာဟာလည္း တရားမဝင္ပါဘူး။ သူတို့ကိုယ္တိုင္က အျပစ္မဲ့ျပည္သူေတြကို တရားဥပေဒမဲ့ သတ္ျဖတ္ဖမ္းဆီးမွုေတြ လုပ္လာတဲ့အခါ အဖိႏွိပ္ခံေတြဘက္က လုပ္တဲ့လုပ္ရပ္တိုင္းဟာ မတရားတာမရွိ ဆိုသလို ျပည္သူေတြဘက္ကလည္း ရရာလက္နက္စြဲကိုင္ၿပီး တန္ျပန္တိုက္ခိုက္ရမွာျဖစ္ပါတယ္။ ဒီလိုေနာက္ဆက္တြဲေတြကို ႀကိဳျမင္လို့လည္း စစ္ေကာင္စီအေနနဲ႔ ၿပီးခဲ့တဲ့ မတ္လက Martial Law Order ထုတ္ျပန္ခဲ့တာလို့ ေျပာလို့ရပါတယ္။ အခုအခ်ိန္မွာ မတရား ေသဒဏ္စီရင္ခံရတဲ့ ျပည္သူေတြအတြက္ ျပင္ဆင္မွုတင္သြင္းဖို့ လိုက္ပါေဆာင္ရြက္ေပးမယ့္ ရဲစြမ္းသတၱိရွိတဲ့ ျပည္သူ႔ေရွ႕ေနမ်ားကို အခ်ိန္မီလိုအပ္ေနပါတယ္။ ဒါေၾကာင့္စြပ္စြဲခံရသူမ်ားရဲ့ မိသားစုဝင္မ်ားနဲ႔ ဆက္သြယ္လို့ ျပင္ဆင္မွုေလၽွာက္ထားခြင့္ သတ္မွတ္ရက္မေက်ာ္လြန္မီ အခ်ိန္မီလိုက္ပါ ေဆာင္ရြက္ေပးဖို့ တရားဥပေဒဘက္ေတာ္သား ေရွ႕ေနေရွ႕ရပ္မ်ားကို တိုက္တြန္းႏွိုးေဆာ္ လိုက္ရပါတယ္။


စာေရးသူ - Justus, Scholly Green, Luis


ဥပေဒျဖင့္ဆင္ျခင္၊တို့ျမန္ျပည္တစ္ခြင္


#အေရးေတာ္ပုံေအာင္ရမည္ ✊🏻


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


References


ရာဇသတ္ႀကီးဋီကာ - ဦးေက်ာ္စိန္

The Global New Light of Myanmar Vol VII, No.334.

စစ္အုပ္ခ်ဳပ္ေရး(Martial Law) အမိန႔္အမွတ္ ၃ / ၂၀၂၁

ျမန္မာနိုင္ငံက စစ္ခုံ႐ုံးဆိုတာ ဘာလဲ (MELISSA CROUCH - Mizzima Burmese)


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


#LawgicalMyanmar #Law #ဥပေဒ #စစ္ခုံ႐ုံး #MartialLaw #မာရွယ္ေလာ #စစ္အုပ္ခ်ဳပ္ေရး #ေသဒဏ္

Saturday, April 10, 2021

Fiscal Federalism အကြောင်း တစေ့တစောင်း

 Fiscal Federalism အကြောင်း တစေ့တစောင်း

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




ဖက်ဒရယ်အသံ သောသောညံနေတဲ့ ဒီကာလမှာ Federalism အကြောင်းရေးတဲ့ စာတစ်ပုဒ်တိုင်းဟာ စာဖတ်ပရိသတ်အတွက်  လိုအပ်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ နဂိုက နိုင်ငံရေးဇာတ်ရည်လည်ပြီးသား စာဖတ်သူတွေရော၊ မလည်သေးတဲ့ စာဖတ်ပရိသတ်တွေပါ ဒီကာလမှာ သူ့ထက်ငါအပြိုင်အဆိုင်ရေးကြတဲ့ ဖက်ဒရယ်ရေးရာဆောင်းပါးတွေအကြား ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရနဲ့ လည်ပတ်ပုံသဘောတရားတွေကို တီးမိခေါက်မိရှိကြလောက်ပြီလို့လည်း ယုံကြည်ပါတယ်။ 


ကျွန်တော်တို့ Lawgical Myanmar အနေနဲ့လည်း ရှေ့ဆောင်းပါးတွေမှာ နိုင်ငံရေးဖက်ဒရယ်လစ်ဇင်၊ အုပ်ချုပ်ရေးဖက်ဒရယ်လစ်ဇင် အကြောင်းတွေကို တတ်နိုင်သလောက်ပါဝင်အောင်ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ စာဖတ်ပရိသတ်တွေနဲ့ အနည်းငယ်စိမ်းနေမယ်လို့ ယူဆရတဲ့ ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် (Fiscal Federalism) အကြောင်းကို ရေးသားတင်ပြ သွားချင်ပါတယ်။ 


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


Fiscal Federalism ဆိုတာဘာလဲ။


ဖက်ဒရယ်စနစ်အရ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုပြီး အနည်းဆုံးအစိုးရနှစ်ရပ်ရှိရပါတယ်။ ဒီအစိုးရနှစ်ရပ်အကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေမှု အသီးသီးရှိရပါတယ်။ ဖွဲ့စည်းပုံအရပေါ်ပေါက်လာတဲ့ အစိုးရနှစ်ရပ်ဟာ ဖွဲ့စည်းပုံအရပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေကို ဆောင်ရွက်အကောင်အထည်ဖော်ဖို့ဆိုရင် ဘဏ္ဍာငွေလိုအပ်ပါတယ်။ Fiscal Federalism ဆိုတာကတော့ ဒီဘဏ္ဍာငွေတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ဘယ်လိုခွဲဝေသုံးစွဲမလဲ၊ ဗဟိုအစိုးရက ဘယ်ကဏ္ဍတွေကို တာဝန်ယူပြီး ပြည်နယ်အစိုးရက ဘယ်ကဏ္ဍတွေကို တာဝန်ယူမလဲ။ ဗဟိုအစိုးရက ဘယ်အခွန်တွေကို ကောက်ပြီးတော့ ပြည်နယ်အစိုးရက ဘယ်အခွန်တွေကို ကောက်မလဲ။ စသဖြင့် ဗဟိုနဲ့ပြည်နယ်အစိုးရအရပ်ရပ်ကြားက ဘဏ္ဍာရေးဆိုင်ရာဆက်နွယ်မှုနဲ့တာဝန်ခွဲဝေမှုတွေကို ဖက်ဒရယ်ဆန်ဆန်လုပ်ဆောင်ရတဲ့ စနစ်တစ်ခုပါပဲ။ ဒါကို လွယ်လွယ်ပြောရရင် Inter-governmental finance လို့လည်း ပြောလို့ရပါတယ်။ 

▄▄▄▄▄▄▄


ဖွဲ့စည်းပုံအရ သတ်သတ်မှတ်မှတ်ပြဌာန်းထား


ဖက်ဒရယ်နိုင်ငံတွေမှာတင်မဟုတ်ပဲ တစ်ပြည်ထောင်စနစ် (Unitary System) ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်း သက်ဆိုင်ရာဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ရှိနိုင်ပါတယ်။ တစ်ပြည်ထောင်နိုင်ငံတွေမှာတော့ ပြည်နယ်အစိုးရရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံမှာ သတ်သတ်မှတ်မှတ်ပြဌာန်းထားတာမျိုးမဟုတ်ပဲ ဗဟိုအစိုးရက လုပ်ပိုင်ခွင့်အာဏာတွေကိုချပေးတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရမှာရှိတဲ့ အခွန်ဘဏ္ဍာဟာလည်း များသောအားဖြင့် ဗဟိုအစိုးရကချမှတ်ပေးတဲ့ အခွန်ဘဏ္ဍာပဲ ဖြစ်လေ့ရှိပါတယ်။ 


Fiscal Federalismမှာတော့ ပြည်နယ်အစိုးရတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျအခွန်ဘဏ္ဍာကောက်ခံပိုင်ခွင့်ရယ်ဆိုပြီး ဖွဲ့စည်းပုံအရ သတ်သတ်မှတ်မှတ်ပြဌာန်းထားတာမျိုး ရှိပါတယ်။ 


▄▄▄▄▄▄▄


Fiscal Federalism ဘာကြောင့်အရေးကြီးလဲ။


ပထမတစ်ချက်အနေနဲ့ Fiscal Federalismဟာ အစိုးရတစ်ခုချင်းစီရဲ့ ဘဏ္ဍာရေးအရလွတ်လပ်စွာစီမံပိုင်ခွင့်(Fiscal autonomy)အပေါ် သက်ရောက်မှုအများကြီးရှိတဲ့အတွက် အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအရ ဆောင်ရွက်ရမယ့် မိမိရဲ့တာဝန်ဝတ္တရားတွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ဖို့ ပြည်နယ်အစိုးရတွေမှာ ဘဏ္ဍာရေးလွတ်လပ်စွာစီမံပိုင်ခွင့်ရှိရပါမယ်။ ပြည်နယ်အစိုးရတွေမှာ ကိုယ်ပိုင်အခွန်ဘဏ္ဍာနည်းပါးပြီးတော့ ဗဟိုအစိုးရကချမှတ်ပေးတဲ့ အခွန်ဘဏ္ဍာပေါ်မှာပဲ အလွန်အမင်းမှီခိုနေရရင် ပြည်နယ်အစိုးရတွေရဲ့ Fiscal Autonomyထိခိုက်နိုင်ချေရှိပါတယ်။ တစ်ပြိုင်တည်းမှာ ပြည်နယ်အစိုးရတွေရဲ့ တာဝန်ယူမှု (Responsibility) နဲ့ တာဝန်ခံမှု (Accountability) အပိုင်းတွေမှာလည်း မေးခွန်းထုတ်စရာရှိလာနိုင်ပါတယ်။


ဒုတိယတစ်ချက်အနေနဲ့ Federationတစ်ခုမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုဟာ စီးပွားရေးအခြေခံချင်းမတူကြပါဘူး။ ဒီအခါ ပြည်နယ်တစ်ခုနဲ့ တစ်ခုအကြား မမျှတမှု၊ မညီမျှမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီမညီမျှမှုတွေကို ညီမျှအောင် ထိန်းကျောင်းပေးနိုင်တဲ့စနစ်မရှိရင် ပြည်နယ်တစ်ခုနဲ့တစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို Fiscal federalism နဲ့အထိုက်အလျောက် ဖြေရှင်းပေးနိုင်ပါတယ်။ Fiscal Federalismမှာတော့ ယေဘုယျအားဖြင့် ငွေရှာတဲ့အပိုင်း (Taxation Assignment)၊ ငွေသုံးတဲ့အပိုင်း (Expenditure Assignment) နဲ့ ဘဏ္ဍာငွေလွှဲပြောင်းပေးတဲ့အပိုင်း (Intergovernmental Transfer) ဆိုပြီး ၃ပိုင်းရှိပါတယ်။


ငွေရှာတဲ့အပိုင်း (Taxation Assignment)

============


ဒီအပိုင်းမှာဆိုရင်တော့ ဗဟိုအစိုးရက ဘယ်အခွန်တွေကောက်မလဲ၊ ပြည်နယ်အစိုးရက ဘယ်အခွန်တွေကောက်မလဲဆိုတဲ့ အခွန်ကောက်ခံမှုတာဝန်ဝတ္တရားတွေကို ခွဲဝေရပါတယ်။ အခွန်တစ်ခုကို ပြည်ထောင်စုအစိုးရကို ပေးမလား၊ ပြည်နယ်အစိုးရကိုပေးမလားဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဒီလိုဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံရဲ့စီးပွားရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ economic efficiencyကိုထည့်စဉ်းစားရပါတယ်။ နောက်တစ်ခုက အခွန်မူဝါဒ သဟဇာတဖြစ်ဖို့လို/မလို၊ တစ်နည်းအားဖြင့် Tax harmonization ရှိမရှိ ထည့်သွင်းစဉ်းစားရပါတယ်။ တချို့သောအခွန်တွေက ပြည်နယ်အစိုးရတစ်ခုနဲ့တစ်ခုအကြားမှာ သဟဇာတဖြစ်ဖို့မလိုပေမယ့် တချို့သောအခွန်တွေကတော့ လိုအပ်ပါတယ်။ ဥပမာ ပြည်နယ်အစိုးရတွေဟာ ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax) ကို ကိုယ်ကြိုက်တဲ့နှုန်းထားသတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုကြပါစို့။ ပြည်နယ်အစိုးရတစ်ခုက သူတို့ပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှုတွေလာအောင်၊ စီးပွားရေးလုပ်ငန်းစုတွေ ဝင်လာအောင်ဆွဲဆောင်ဖို့ အခွန်နှုန်းထားတွေ လျှော့ပေးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းစုတွေအနေနဲ့ အဲဒီပြည်နယ်ကိုပဲ တိုးကြိတ်ဝင်လာပါလိမ့်မယ်။ သူတို့နဂိုရှိပြီးသား ပြည်နယ်ကနေ အဲဒီပြည်နယ်ကို ပြောင်းရွှေ့လာပါလိမ့်မယ်။ ဒီအခါမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အခွန်မူဝါဒ သဟဇာတမဖြစ်တော့ပဲ အပျက်သဘောဆောင်တဲ့အခွန်ယှဉ်ပြိုင်မှု (Destructive Tax Competition) တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီriskတွေကနေ ရှောင်နိုင်ဖို့အတွက် ဘယ်အခွန်တွေကိုတော့ ဘယ်ပြည်နယ်ကိုပေးမယ်၊ ဘယ်အခွန်တွေကို ဗဟိုအစိုးရကိုပေးမယ်ဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ရပါတယ်။


ငွေသုံးတဲ့အပိုင်း (Expenditure Assignment)

============


ဒီအပိုင်းမှာတော့ သက်ဆိုင်ရာကဏ္ဍတစ်ခု အတွက် အသုံးစရိတ်တစ်ခုကို Aပြည်နယ်ရဲ့ အစိုးရကသုံးစွဲရင် ပိုအကျိုးရှိမလား၊ Bပြည်နယ် ရဲ့အစိုးရကသုံးစွဲရင် ပိုအကျိုးရှိမလား၊ ဒါမှ မဟုတ် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင် ဗဟို အစိုးရက တိုက်ရိုက်သုံးစွဲရင် ပိုအကျိုးရှိမလား စသဖြင့် ပိုမိုအကျိုးရှိစွာ သုံးစွဲနိုင်မယ့် အစိုးရကို အသုံးစရိတ်ချပေးရပါတယ်။ ဒါကို Subsidiarity Principleလို့ခေါ်ပါတယ်။ CRPH က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း-၁၊ အခန်း-၂ရဲ့ Section-4မှာ Subsidiarity Principleကို ကျင့်သုံးမယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၀ခုနှစ် မေလအထိရရှိတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့အသုံးစရိတ် ၁၀၀ရာခိုင်နှုန်းမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး တွေရဲ့ အသုံးစရိတ်က ၁၀ရာခိုင်နှုန်းပဲရှိ‌နေ ပါတယ်။ အခြားနိုင်ငံတွေမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ပူးတွဲဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗဟိုအစိုးရကပဲ တိုက်ရိုက် ဆောင်ရွက်ပါတယ်။ ဒါတွေဟာ ပြည်နယ် အစိုးရတွေရဲ့ တိုက်ရိုက်အသုံးစရိတ်နည်းပါး နေပြီး ဗဟိုအစိုးရရဲ့တိုက်ရိုက်အသုံးစရိတ်က အဆမတန်ပိုမိုများပြားကာ decentralize ကောင်းကောင်းမလုပ်နိုင်သေးတာ၊ တနည်း အားဖြင့် Fiscal Federalism မပီပြင်သေးတာ ကို ဖော်ပြနေပါတယ်။ အိန္ဒိယမှာဆိုရင်ပြည်နယ် အစိုးရတွေရဲ့ တိုက်ရိုက်အသုံးစရိတ်ဟာ တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၆၀ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ပြည်နယ်က ၆၀သုံးပြီး ဗဟိုက ၄၀ပဲသုံးတဲ့ အနေအထားပါ။ ကနေဒါမှာဆိုရင် ၇၀ရာခိုင်နှုန်းထိ ရှိပါတယ်။ အရှေ့တောင်အာရှ ရဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ မှာတောင် ပြည်နယ်အစိုးရတွေရဲ့အသုံးစရိတ် က တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၃၀ရာခိုင်နှုန်း ရှိပါတယ်။ 


အစိုးရအချင်းချင်းကြားဘဏ္ဍာငွေလွှဲပြောင်းမှုအပိုင်း (Intergovernmental Transfer)

=============================


ဖက်ဒရယ်နိုင်ငံတွေမှာ များသောအားဖြင့် အခွန်ဘက်မှာ၊ တစ်နည်း ငွေရှာတဲ့ဘက်မှာ ထက် အသုံးစရိတ်ဘက်၊ ငွေသုံးတဲ့ဘက်မှာပိုပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားလေ့ရှိပါတယ်။ အကြောင်းကတော့ အခွန်ဘက်မှာ ဗဟိုချုပ်ကိုင် မှုလျှော့ချလွန်းရင် အစောပိုင်းကတင်ပြခဲ့သလို Destructive Tax Competitionတွေ ဖြစ်လာနိုင်လို့ပါ။ အကျိုးဆက်အနေနဲ့ ပြည်နယ် အစိုးရတွေမှာ အသုံးစရိတ်ကများသလောက် အခွန်ဘဏ္ဍာက လိုက်မများလာတော့ ဝင်ငွေ၊ ထွက်ငွေ မမျှတာတွေဖြစ်ပြီး Vertical Fiscal Inbalanceလို့ခေါ်တဲ့ အထက်အောက် ဒေါင်လိုက်ဘဏ္ဍာရေးကွာဟမှုတွေ ဖြစ်‌ပေါ်လာ ပါတယ်။ ဒီ Vertical Power Inbalanceတွေကို Intergovernmental Transferလို့ခေါ်တဲ့ ဗဟို အစိုးရနဲ့ပြည်နယ်အစိုးရအကြား ဘဏ္ဍာငွေ လွှဲပြောင်းမှုတွေနဲ့ ပြန်ဖြည့်လေ့ရှိပါတယ်။ ဖက်ဒရယ်နိုင်ငံတိုင်းမှာ ဘယ်ပြည်နယ် အစိုးရကမှ မိမိရဲ့ဝင်ငွေသီးသန့်နဲ့ မရပ်တည်နိုင် ပါဘူး။ Intergovernmental Transfer ကိုမဖြစ်မနေလိုအပ်ပါတယ်။ ဗဟိုအစိုးရရဲ့ ဘဏ္ဍာငွေလွှဲပြောင်းမှုကို ဘယ်လောက်ပမာဏ အထိရယူသလဲ၊ ဘယ်လောက်ထိရောက်စွာ အသုံးချနိုင်သလဲဆိုတာသာ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြားမှာ ကွာသွားတာပါ။ ဒီနေရာမှာ ဗဟိုအစိုးရအနေနဲ့ အခြေခံအဆောက်အအုံ (Infrastructure)အားနည်းတဲ့ ပြည်နယ်တွေကို လွှဲပြောင်းငွေပိုချပေးလေ့ရှိပါတယ်။ Aပြည်နယ်နဲ့ B ပြည်နယ်တို့မှာအခွန်‌ဆောင် ရတဲ့ပမာဏတူညီကြတယ်။၊ အဲဒီလို အခွန် ဆောင်ရတဲ့ပမာဏချင်းအတူတူ Aပြည်နယ် မှာရတဲ့ ပြည်သူ့ဝန်ဆောင်မှုက Bပြည်နယ်မှာ ရတဲ့ ပြည်သူ့ဝန်ဆောင်မှုထက် quality ပိုကောင်းနေတယ်ဆိုရင် မမျှတပါဘူး။ ဒီအခါမှာ Bပြည်နယ်ရဲ့ ပြည်သူ့ဝန်ဆောင်မှု qualityဟာ Aပြည်နယ်ကို လိုက်မီနိုင်ဖို့အတွက် ဗဟိုအစိုးရက Bပြည်နယ်ကို လွှဲပြောင်းငွေပိုမို ချပေးပြီး quality မြှင့်တင်ဖို့ လုပ်ရပါတယ်။ လွှဲပြောင်းငွေချပေးတဲ့နေရာမှာလည်း ၂မျိုး၂စား ရှိပါတယ်။ ပထမတစ်မျိုးက ပြည်နယ်အစိုးရ အနေနဲ့ ဗဟိုအစိုးရချပေးတဲ့ လွှဲပြောင်းငွေကို မိမိစိတ်ကြိုက်ကဏ္ဍမှာ သုံးစွဲခွင့်မရှိပဲ ဗဟို အစိုးရသတ်မှတ်ထားတဲ့ ကဏ္ဍမှာပဲ သုံးစွဲခွင့်ရှိ ပါတယ်။ ဒါကို Conditional Transfer၊ တစ်နည်း သီးသန့်လွှဲပြောင်းငွေ (Specific-purpose transfer)လို့ခေါ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ဗဟိုအစိုးရချပေးတဲ့ လွှဲပြောင်းငွေကို ပြည်နယ်အစိုးရက ကြိုက်တဲ့ကဏ္ဍမှာ စိတ်ကြိုက်သုံးစွဲခွင့် ရှိပါတယ်။ ဒါကို Unconditional Transfer၊ တစ်နည်း အထွေထွေလွှဲပြောင်းငွေ (General-purpose transfer)လို့ခေါ်ပါတယ်။ ဒါကတော့ အစိုးရအချင်းချင်းကြား ဘဏ္ဍာ ငွေလွှဲပြောင်းမှုပုံစံတွေပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံအနေနဲ့လည်း Fiscal Federalismကို စတင်ကျင့်သုံးလာတာ ၂၀၁၁ခုနှစ်ကတည်းကဖြစ်လို့ အခုဆိုရင် ၁၀နှစ်တင်းတင်းရှိပါပြီ။ သို့သော်ငြား နိုင်ငံရေးစနစ်ကိုယ်၌က ဖက်ဒရယ်စနစ် မဟုတ်သေးတာရယ်၊ အမျိုးမျိုးသော အားနည်း ချက်၊ လစ်ဟင်းချက်တွေရယ်ကြောင့် မြန်မာ နိုင်ငံရဲ့ Fiscal Federalism ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Fiscal Federalism တွေနဲ့ ယှဉ်ရင် သိသိသာသာ အရည်အသွေးနိမ့်ပြီး ပီပြင်မှုမရှိသေးတာ တွေ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းတိုက်ထုတ်လို့ အပြီးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြီးဖြစ်တည်လာရင် Fiscal Federalismကို နိုင်ငံတကာအဆင့်မီ ကျင့်သုံးဖို့ လိုအပ်လာ ပါလိမ့်မယ်။ စာရေးသူ Takeaway messageအနေနဲ့ ပေးချင်တာကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဖက်ဒရယ်အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ လုပ်ပိုင်ခွင့်ထက် အခွန်ဘက်ကို ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။ အရင်ဆုံး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ကို ကွဲကွဲပြားပြားသိအောင်လုပ်ပြီးမှ သင့်တော်တဲ့ ဘဏ္ဍာရေးအစီအမံတွေကို ဆောင်ရွက်ဖို့လိုပါမယ်။ နောက်တစ်ချက်က Fiscal Federalism ကောင်းစွာလည်ပတ် နိုင်ရေးအတွက် သက်ဆိုင်ရာ Institution တွေ အားကောင်းဖို့လိုပါတယ်။ သုတေသနအဖွဲ့ အစည်းတွေ၊ စောင့်ကြည့်ကော်မရှင်တွေကို ကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းပြီး ဗဟိုကို အဆက်မပြတ် တင်ပြ၊ သုံးသပ်၊ အကြံပေးဖို့ လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အပျက်သဘော ဆောင်တဲ့အခွန်ယှဉ်ပြိုင်မှု(Destructive Tax Competition)တွေ ရှောင်ဖို့လိုပါတယ်။ Fiscal Federalismကို ပီပီပြင်ပြင်ကျင့်သုံးလျက်ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေကို လေ့လာပြီး Adopt and Adaptလုပ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍသုံးခုလုံးမှာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချရင်း၊ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရင်း နိုင်ငံတကာ အဆင့်အတန်းမီဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာဖို့ စာရေးသူ တကယ်ပဲ မျှော်လင့်ပါတယ်။


စာရေးသူ - Luis


#အရေးတော်ပုံအောင်ရမည်


▄▄▄▄▄▄▄▄▄▄▄▄▄▄


References


- မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပြည်သူ့ဘဏ္ဍာကဏ္ဍ - ဂျိုင်းလ်ဒစ်ကင်ဆင်ဂျုန်း၊ စကနေဒီနှင့် အင်ဒရီယာ ဆမူရာ(မူဝါဒရေးရာဆွေးနွေးချက်စာတမ်းငယ်အမှတ်(၈))

- Natural Resource Federalism: Consideration for Myanmar - Natural Resource Government Institute

- တိုင်းပြုပြည်ပြု ၂၀၂၀ စကားဝိုင်း(ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင်ဆိုသည်မှာ) - The Voice Journal Facebook Page uploaded on 18th May, 2020

▄▄▄▄▄▄▄▄▄▄▄▄▄▄


#LawgicalMyanmar #Law #ဥပဒေ #Federalism #ဖက်ဒရယ် #FiscalFederalism

(Zawgyi) 

Fiscal Federalism အေၾကာင္း တေစ့တေစာင္း

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄




ဖက္ဒရယ္အသံ ေသာေသာညံေနတဲ့ ဒီကာလမွာ Federalism အေၾကာင္းေရးတဲ့ စာတစ္ပုဒ္တိုင္းဟာ စာဖတ္ပရိသတ္အတြက္  လိုအပ္မယ္လို့ ကၽြန္ေတာ္တို့ယူဆပါတယ္။ နဂိုက နိုင္ငံေရးဇာတ္ရည္လည္ၿပီးသား စာဖတ္သူေတြေရာ၊ မလည္ေသးတဲ့ စာဖတ္ပရိသတ္ေတြပါ ဒီကာလမွာ သူ႔ထက္ငါအၿပိဳင္အဆိုင္ေရးၾကတဲ့ ဖက္ဒရယ္ေရးရာေဆာင္းပါးေတြအၾကား ဖက္ဒရယ္စနစ္ရဲ့အႏွစ္သာရနဲ႔ လည္ပတ္ပုံသေဘာတရားေတြကို တီးမိေခါက္မိရွိၾကေလာက္ၿပီလို့လည္း ယုံၾကည္ပါတယ္။ 


ကၽြန္ေတာ္တို့ Lawgical Myanmar အေနနဲ႔လည္း ေရွ႕ေဆာင္းပါးေတြမွာ နိုင္ငံေရးဖက္ဒရယ္လစ္ဇင္၊ အုပ္ခ်ဳပ္ေရးဖက္ဒရယ္လစ္ဇင္ အေၾကာင္းေတြကို တတ္နိုင္သေလာက္ပါဝင္ေအာင္ေရးသားခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ စာဖတ္ပရိသတ္ေတြနဲ႔ အနည္းငယ္စိမ္းေနမယ္လို့ ယူဆရတဲ့ ဘ႑ာေရးဖက္ဒရယ္လစ္ဇင္ (Fiscal Federalism) အေၾကာင္းကို ေရးသားတင္ျပ သြားခ်င္ပါတယ္။ 


▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄


Fiscal Federalism ဆိုတာဘာလဲ။


ဖက္ဒရယ္စနစ္အရ ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရဆိုၿပီး အနည္းဆုံးအစိုးရႏွစ္ရပ္ရွိရပါတယ္။ ဒီအစိုးရႏွစ္ရပ္အၾကားမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အာဏာခြဲေဝမွု အသီးသီးရွိရပါတယ္။ ဖြဲ႕စည္းပုံအရေပၚေပါက္လာတဲ့ အစိုးရႏွစ္ရပ္ဟာ ဖြဲ႕စည္းပုံအရေပးအပ္ထားတဲ့ တာဝန္ဝတၱရားေတြကို ေဆာင္ရြက္အေကာင္အထည္ေဖာ္ဖို့ဆိုရင္ ဘ႑ာေငြလိုအပ္ပါတယ္။ Fiscal Federalism ဆိုတာကေတာ့ ဒီဘ႑ာေငြေတြကို ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြအၾကား ဘယ္လိုခြဲေဝသုံးစြဲမလဲ၊ ဗဟိုအစိုးရက ဘယ္က႑ေတြကို တာဝန္ယူၿပီး ျပည္နယ္အစိုးရက ဘယ္က႑ေတြကို တာဝန္ယူမလဲ။ ဗဟိုအစိုးရက ဘယ္အခြန္ေတြကို ေကာက္ၿပီးေတာ့ ျပည္နယ္အစိုးရက ဘယ္အခြန္ေတြကို ေကာက္မလဲ။ စသျဖင့္ ဗဟိုနဲ႔ျပည္နယ္အစိုးရအရပ္ရပ္ၾကားက ဘ႑ာေရးဆိုင္ရာဆက္ႏြယ္မွုနဲ႔တာဝန္ခြဲေဝမွုေတြကို ဖက္ဒရယ္ဆန္ဆန္လုပ္ေဆာင္ရတဲ့ စနစ္တစ္ခုပါပဲ။ ဒါကို လြယ္လြယ္ေျပာရရင္ Inter-governmental finance လို့လည္း ေျပာလို့ရပါတယ္။ 

▄▄▄▄▄▄▄


ဖြဲ႕စည္းပုံအရ သတ္သတ္မွတ္မွတ္ျပဌာန္းထား


ဖက္ဒရယ္နိုင္ငံေတြမွာတင္မဟုတ္ပဲ တစ္​ျပည္ေထာင္စနစ္ (Unitary System) က်င့္သုံးတဲ့နိုင္ငံေတြမွာလည္း သက္ဆိုင္ရာဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြ ရွိနိုင္ပါတယ္။ တစ္ျပည္ေထာင္နိုင္ငံေတြမွာေတာ့ ျပည္နယ္အစိုးရရဲ့ နိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ ဘ႑ာေရးဆိုင္ရာ လုပ္ပိုင္ခြင့္ေတြက ဖြဲ႕စည္းပုံမွာ သတ္သတ္မွတ္မွတ္ျပဌာန္းထားတာမ်ိဳးမဟုတ္ပဲ ဗဟိုအစိုးရက လုပ္ပိုင္ခြင့္အာဏာေတြကိုခ်ေပးတာျဖစ္ပါတယ္။ ျပည္နယ္အစိုးရမွာရွိတဲ့ အခြန္ဘ႑ာဟာလည္း မ်ားေသာအားျဖင့္ ဗဟိုအစိုးရကခ်မွတ္ေပးတဲ့ အခြန္ဘ႑ာပဲ ျဖစ္ေလ့ရွိပါတယ္။ 


Fiscal Federalismမွာေတာ့ ျပည္နယ္အစိုးရေတြအေနနဲ႔ ကိုယ္တိုင္ကိုယ္က်အခြန္ဘ႑ာေကာက္ခံပိုင္ခြင့္ရယ္ဆိုၿပီး ဖြဲ႕စည္းပုံအရ သတ္သတ္မွတ္မွတ္ျပဌာန္းထားတာမ်ိဳး ရွိပါတယ္။ 


▄▄▄▄▄▄▄


Fiscal Federalism ဘာေၾကာင့္အေရးႀကီးလဲ။


ပထမတစ္ခ်က္အေနနဲ႔ Fiscal Federalismဟာ အစိုးရတစ္ခုခ်င္းစီရဲ့ ဘ႑ာေရးအရလြတ္လပ္စြာစီမံပိုင္ခြင့္(Fiscal autonomy)အေပၚ သက္ေရာက္မွုအမ်ားႀကီးရွိတဲ့အတြက္ အေရးႀကီးပါတယ္။ ဖြဲ႕စည္းပုံအရ ေဆာင္ရြက္ရမယ့္ မိမိရဲ့တာဝန္ဝတၱရားေတြကို လြတ္လြတ္လပ္လပ္ေဆာင္ရြက္နိုင္ဖို့ ျပည္နယ္အစိုးရေတြမွာ ဘ႑ာေရးလြတ္လပ္စြာစီမံပိုင္ခြင့္ရွိရပါမယ္။ ျပည္နယ္အစိုးရေတြမွာ ကိုယ္ပိုင္အခြန္ဘ႑ာနည္းပါးၿပီးေတာ့ ဗဟိုအစိုးရကခ်မွတ္ေပးတဲ့ အခြန္ဘ႑ာေပၚမွာပဲ အလြန္အမင္းမွီခိုေနရရင္ ျပည္နယ္အစိုးရေတြရဲ့ Fiscal Autonomyထိခိုက္နိုင္ေခ်ရွိပါတယ္။ တစ္ၿပိဳင္တည္းမွာ ျပည္နယ္အစိုးရေတြရဲ့ တာဝန္ယူမွု (Responsibility) နဲ႔ တာဝန္ခံမွု (Accountability) အပိုင္းေတြမွာလည္း ေမးခြန္းထုတ္စရာရွိလာနိုင္ပါတယ္။


ဒုတိယတစ္ခ်က္အေနနဲ႔ Federationတစ္ခုမွာ ျပည္နယ္တစ္ခုနဲ႔တစ္ခုဟာ စီးပြားေရးအေျခခံခ်င္းမတူၾကပါဘူး။ ဒီအခါ ျပည္နယ္တစ္ခုနဲ႔ တစ္ခုအၾကား မမၽွတမွု၊ မညီမၽွမွုေတြ ျဖစ္ေပၚလာပါတယ္။ ဒီမညီမၽွမွုေတြကို ညီမၽွေအာင္ ထိန္းေက်ာင္းေပးနိုင္တဲ့စနစ္မရွိရင္ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကားမွာ စိတ္ဝမ္းကြဲျပားမွုေတြ၊ မတည္ၿငိမ္မွုေတြ ျဖစ္ေပၚလာနိုင္ပါတယ္။ ဒီျပႆနာေတြကို Fiscal federalism နဲ႔အထိုက္အေလ်ာက္ ေျဖရွင္းေပးနိုင္ပါတယ္။ Fiscal Federalismမွာေတာ့ ေယဘုယ်အားျဖင့္ ေငြရွာတဲ့အပိုင္း (Taxation Assignment)၊ ေငြသုံးတဲ့အပိုင္း (Expenditure Assignment) နဲ႔ ဘ႑ာေငြလႊဲေျပာင္းေပးတဲ့အပိုင္း (Intergovernmental Transfer) ဆိုၿပီး ၃ပိုင္းရွိပါတယ္။


ေငြရွာတဲ့အပိုင္း (Taxation Assignment)

============


ဒီအပိုင္းမွာဆိုရင္ေတာ့ ဗဟိုအစိုးရက ဘယ္အခြန္ေတြေကာက္မလဲ၊ ျပည္နယ္အစိုးရက ဘယ္အခြန္ေတြေကာက္မလဲဆိုတဲ့ အခြန္ေကာက္ခံမွုတာဝန္ဝတၱရားေတြကို ခြဲေဝရပါတယ္။ အခြန္တစ္ခုကို ျပည္ေထာင္စုအစိုးရကို ေပးမလား၊ ျပည္နယ္အစိုးရကိုေပးမလားဆိုတာကို ဆုံးျဖတ္ရပါတယ္။ ဒီလိုဆုံးျဖတ္တဲ့ေနရာမွာ နိုင္ငံရဲ့စီးပြားေရးအေပၚဘယ္လိုသက္ေရာက္မွုရွိသလဲဆိုတဲ့ economic efficiencyကိုထည့္စဥ္းစားရပါတယ္။ ေနာက္တစ္ခုက အခြန္မူဝါဒ သဟဇာတျဖစ္ဖို့လို/မလို၊ တစ္နည္းအားျဖင့္ Tax harmonization ရွိမရွိ ထည့္သြင္းစဥ္းစားရပါတယ္။ တခ်ိဳ့ေသာအခြန္ေတြက ျပည္နယ္အစိုးရတစ္ခုနဲ႔တစ္ခုအၾကားမွာ သဟဇာတျဖစ္ဖို့မလိုေပမယ့္ တခ်ိဳ့ေသာအခြန္ေတြကေတာ့ လိုအပ္ပါတယ္။ ဥပမာ ျပည္နယ္အစိုးရေတြဟာ ေကာ္ပိုရိတ္ဝင္ေငြခြန္ (Corporate Income Tax) ကို ကိုယ္ႀကိဳက္တဲ့ႏွုန္းထားသတ္မွတ္ပိုင္ခြင့္ရွိတယ္ဆိုၾကပါစို့။ ျပည္နယ္အစိုးရတစ္ခုက သူတို့ျပည္နယ္ကို ရင္းႏွီးျမႇုပ္ႏွံမွုေတြလာေအာင္၊ စီးပြားေရးလုပ္ငန္းစုေတြ ဝင္လာေအာင္ဆြဲေဆာင္ဖို့ အခြန္ႏွုန္းထားေတြ ေလၽွာ့ေပးမယ္ဆိုရင္ စီးပြားေရးလုပ္ငန္းစုေတြအေနနဲ႔ အဲဒီျပည္နယ္ကိုပဲ တိုးႀကိတ္ဝင္လာပါလိမ့္မယ္။ သူတို့နဂိုရွိၿပီးသား ျပည္နယ္ကေန အဲဒီျပည္နယ္ကို ေျပာင္းေရႊ႕လာပါလိမ့္မယ္။ ဒီအခါမွာ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကား အခြန္မူဝါဒ သဟဇာတမျဖစ္ေတာ့ပဲ အပ်က္သေဘာေဆာင္တဲ့အခြန္ယွဥ္ၿပိဳင္မွု (Destructive Tax Competition) ေတြ ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ ဒီriskေတြကေန ေရွာင္နိုင္ဖို့အတြက္ ဘယ္အခြန္ေတြကိုေတာ့ ဘယ္ျပည္နယ္ကိုေပးမယ္၊ ဘယ္အခြန္ေတြကို ဗဟိုအစိုးရကိုေပးမယ္ဆိုတာကို ေသခ်ာစဥ္းစားဆုံးျဖတ္ရပါတယ္။


ေငြသုံးတဲ့အပိုင္း (Expenditure Assignment)

============


ဒီအပိုင္းမွာေတာ့ သက္ဆိုင္ရာက႑တစ္ခု အတြက္ အသုံးစရိတ္တစ္ခုကို Aျပည္နယ္ရဲ့ အစိုးရကသုံးစြဲရင္ ပိုအက်ိဳးရွိမလား၊ Bျပည္နယ္ ရဲ့အစိုးရကသုံးစြဲရင္ ပိုအက်ိဳးရွိမလား၊ ဒါမွ မဟုတ္ တစ္ျပည္လုံးနဲ႔ဆိုင္တဲ့ကိစၥဆိုရင္ ဗဟို အစိုးရက တိုက္ရိုက္သုံးစြဲရင္ ပိုအက်ိဳးရွိမလား စသျဖင့္ ပိုမိုအက်ိဳးရွိစြာ သုံးစြဲနိုင္မယ့္ အစိုးရကို အသုံးစရိတ္ခ်ေပးရပါတယ္။ ဒါကို Subsidiarity Principleလို့ေခၚပါတယ္။ CRPH က ထုတ္ျပန္ထားတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္အပိုင္း-၁၊ အခန္း-၂ရဲ့ Section-4မွာ Subsidiarity Principleကို က်င့္သုံးမယ္ဆိုတဲ့ အေၾကာင္း ေဖာ္ျပထားပါတယ္။ ၂၀၂၀ခုႏွစ္ ေမလအထိရရွိတဲ့အခ်က္အလက္ေတြအရ ျမန္မာနိုင္ငံမွာ တစ္နိုင္ငံလုံးရဲ့အသုံးစရိတ္ ၁၀၀ရာခိုင္ႏွုန္းမွာ ျပည္နယ္နဲ႔တိုင္းေဒသႀကီး ေတြရဲ့ အသုံးစရိတ္က ၁၀ရာခိုင္ႏွုန္းပဲရွိ‌ေန ပါတယ္။ အျခားနိုင္ငံေတြမွာ ပညာေရးနဲ႔ က်န္းမာေရးက႑ေတြကို ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရ ပူးတြဲေဆာင္ရြက္ပါတယ္။ ျမန္မာနိုင္ငံမွာေတာ့ ဗဟိုအစိုးရကပဲ တိုက္ရိုက္ ေဆာင္ရြက္ပါတယ္။ ဒါေတြဟာ ျပည္နယ္ အစိုးရေတြရဲ့ တိုက္ရိုက္အသုံးစရိတ္နည္းပါး ေနၿပီး ဗဟိုအစိုးရရဲ့တိုက္ရိုက္အသုံးစရိတ္က အဆမတန္ပိုမိုမ်ားျပားကာ decentralize ေကာင္းေကာင္းမလုပ္နိုင္ေသးတာ၊ တနည္း အားျဖင့္ Fiscal Federalism မပီျပင္ေသးတာ ကို ေဖာ္ျပေနပါတယ္။ အိႏၵိယမွာဆိုရင္ျပည္နယ္ အစိုးရေတြရဲ့ တိုက္ရိုက္အသုံးစရိတ္ဟာ တစ္နိုင္ငံလုံးအသုံးစရိတ္ရဲ့ ၆၀ရာခိုင္ႏွုန္းအထိ ရွိေနပါတယ္။ ျပည္နယ္က ၆၀သုံးၿပီး ဗဟိုက ၄၀ပဲသုံးတဲ့ အေနအထားပါ။ ကေနဒါမွာဆိုရင္ ၇၀ရာခိုင္ႏွုန္းထိ ရွိပါတယ္။ အေရွ႕ေတာင္အာရွ ရဲ့ ဖက္ဒရယ္နိုင္ငံတစ္ခုျဖစ္တဲ့ မေလးရွားနိုင္ငံ မွာေတာင္ ျပည္နယ္အစိုးရေတြရဲ့အသုံးစရိတ္ က တစ္နိုင္ငံလုံးအသုံးစရိတ္ရဲ့ ၃၀ရာခိုင္ႏွုန္း ရွိပါတယ္။ 


အစိုးရအခ်င္းခ်င္းၾကားဘ႑ာေငြလႊဲေျပာင္းမွုအပိုင္း (Intergovernmental Transfer)

=============================


ဖက္ဒရယ္နိုင္ငံေတြမွာ မ်ားေသာအားျဖင့္ အခြန္ဘက္မွာ၊ တစ္နည္း ေငြရွာတဲ့ဘက္မွာ ထက္ အသုံးစရိတ္ဘက္၊ ေငြသုံးတဲ့ဘက္မွာပိုၿပီး ဗဟိုခ်ဳပ္ကိုင္မွု ေလၽွာ့ခ်ထားေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ အခြန္ဘက္မွာ ဗဟိုခ်ဳပ္ကိုင္ မွုေလၽွာ့ခ်လြန္းရင္ အေစာပိုင္းကတင္ျပခဲ့သလို Destructive Tax Competitionေတြ ျဖစ္လာနိုင္လို့ပါ။ အက်ိဳးဆက္အေနနဲ႔ ျပည္နယ္ အစိုးရေတြမွာ အသုံးစရိတ္ကမ်ားသေလာက္ အခြန္ဘ႑ာက လိုက္မမ်ားလာေတာ့ ဝင္ေငြ၊ ထြက္ေငြ မမၽွတာေတြျဖစ္ၿပီး Vertical Fiscal Inbalanceလို့ေခၚတဲ့ အထက္ေအာက္ ေဒါင္လိုက္ဘ႑ာေရးကြာဟမွုေတြ ျဖစ္‌ေပၚလာ ပါတယ္။ ဒီ Vertical Power Inbalanceေတြကို Intergovernmental Transferလို့ေခၚတဲ့ ဗဟို အစိုးရနဲ႔ျပည္နယ္အစိုးရအၾကား ဘ႑ာေငြ လႊဲေျပာင္းမွုေတြနဲ႔ ျပန္ျဖည့္ေလ့ရွိပါတယ္။ ဖက္ဒရယ္နိုင္ငံတိုင္းမွာ ဘယ္ျပည္နယ္ အစိုးရကမွ မိမိရဲ့ဝင္ေငြသီးသန္႔နဲ႔ မရပ္တည္နိုင္ ပါဘူး။ Intergovernmental Transfer ကိုမျဖစ္မေနလိုအပ္ပါတယ္။ ဗဟိုအစိုးရရဲ့ ဘ႑ာေငြလႊဲေျပာင္းမွုကို ဘယ္ေလာက္ပမာဏ အထိရယူသလဲ၊ ဘယ္ေလာက္ထိေရာက္စြာ အသုံးခ်နိုင္သလဲဆိုတာသာ ျပည္နယ္တစ္ခုနဲ႔ တစ္ခုၾကားမွာ ကြာသြားတာပါ။ ဒီေနရာမွာ ဗဟိုအစိုးရအေနနဲ႔ အေျခခံအေဆာက္အအုံ (Infrastructure)အားနည္းတဲ့ ျပည္နယ္ေတြကို လႊဲေျပာင္းေငြပိုခ်ေပးေလ့ရွိပါတယ္။ Aျပည္နယ္နဲ႔ B ျပည္နယ္တို့မွာအခြန္‌ေဆာင္ ရတဲ့ပမာဏတူညီၾကတယ္။၊ အဲဒီလို အခြန္ ေဆာင္ရတဲ့ပမာဏခ်င္းအတူတူ Aျပည္နယ္ မွာရတဲ့ ျပည္သူ႔ဝန္ေဆာင္မွုက Bျပည္နယ္မွာ ရတဲ့ ျပည္သူ႔ဝန္ေဆာင္မွုထက္ quality ပိုေကာင္းေနတယ္ဆိုရင္ မမၽွတပါဘူး။ ဒီအခါမွာ Bျပည္နယ္ရဲ့ ျပည္သူ႔ဝန္ေဆာင္မွု qualityဟာ Aျပည္နယ္ကို လိုက္မီနိုင္ဖို့အတြက္ ဗဟိုအစိုးရက Bျပည္နယ္ကို လႊဲေျပာင္းေငြပိုမို ခ်ေပးၿပီး quality ျမႇင့္တင္ဖို့ လုပ္ရပါတယ္။ လႊဲေျပာင္းေငြခ်ေပးတဲ့ေနရာမွာလည္း ၂မ်ိဳး၂စား ရွိပါတယ္။ ပထမတစ္မ်ိဳးက ျပည္နယ္အစိုးရ အေနနဲ႔ ဗဟိုအစိုးရခ်ေပးတဲ့ လႊဲေျပာင္းေငြကို မိမိစိတ္ႀကိဳက္က႑မွာ သုံးစြဲခြင့္မရွိပဲ ဗဟို အစိုးရသတ္မွတ္ထားတဲ့ က႑မွာပဲ သုံးစြဲခြင့္ရွိ ပါတယ္။ ဒါကို Conditional Transfer၊ တစ္နည္း သီးသန္႔လႊဲေျပာင္းေငြ (Specific-purpose transfer)လို့ေခၚပါတယ္။ ဒုတိယတစ္မ်ိဳးကေတာ့ ဗဟိုအစိုးရခ်ေပးတဲ့ လႊဲေျပာင္းေငြကို ျပည္နယ္အစိုးရက ႀကိဳက္တဲ့က႑မွာ စိတ္ႀကိဳက္သုံးစြဲခြင့္ ရွိပါတယ္။ ဒါကို Unconditional Transfer၊ တစ္နည္း အေထြေထြလႊဲေျပာင္းေငြ (General-purpose transfer)လို့ေခၚပါတယ္။ ဒါကေတာ့ အစိုးရအခ်င္းခ်င္းၾကား ဘ႑ာ ေငြလႊဲေျပာင္းမွုပုံစံေတြပဲ ျဖစ္ပါတယ္။


ျမန္မာနိုင္ငံအေနနဲ႔လည္း Fiscal Federalismကို စတင္က်င့္သုံးလာတာ ၂၀၁၁ခုႏွစ္ကတည္းကျဖစ္လို့ အခုဆိုရင္ ၁၀ႏွစ္တင္းတင္းရွိပါၿပီ။ သို့ေသာ္ျငား နိုင္ငံေရးစနစ္ကိုယ္၌က ဖက္ဒရယ္စနစ္ မဟုတ္ေသးတာရယ္၊ အမ်ိဳးမ်ိဳးေသာ အားနည္း ခ်က္၊ လစ္ဟင္းခ်က္ေတြရယ္ေၾကာင့္ ျမန္မာ နိုင္ငံရဲ့ Fiscal Federalism ဟာ နိုင္ငံတကာမွာ က်င့္သုံးေနတဲ့ Fiscal Federalism ေတြနဲ႔ ယွဥ္ရင္ သိသိသာသာ အရည္အေသြးနိမ့္ၿပီး ပီျပင္မွုမရွိေသးတာ ေတြ႕ရပါတယ္။ အၾကမ္းဖက္စစ္အုပ္စုကို ေခ်မွုန္းတိုက္ထုတ္လို့ အၿပီးမွာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ႀကီးျဖစ္တည္လာရင္ Fiscal Federalismကို နိုင္ငံတကာအဆင့္မီ က်င့္သုံးဖို့ လိုအပ္လာ ပါလိမ့္မယ္။ စာေရးသူ Takeaway messageအေနနဲ႔ ေပးခ်င္တာကေတာ့ ဖြံ့ၿဖိဳးဆဲ နိုင္ငံေတြ၊ ဖက္ဒရယ္အသြင္ကူးေျပာင္းစ နိုင္ငံေတြမွာ လုပ္ပိုင္ခြင့္ထက္ အခြန္ဘက္ကို ပိုၿပီး အာ႐ုံစိုက္တတ္ၾကပါတယ္။ အရင္ဆုံး ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြရဲ့ လုပ္ပိုင္ခြင့္ ကို ကြဲကြဲျပားျပားသိေအာင္လုပ္ၿပီးမွ သင့္ေတာ္တဲ့ ဘ႑ာေရးအစီအမံေတြကို ေဆာင္ရြက္ဖို့လိုပါမယ္။ ေနာက္တစ္ခ်က္က Fiscal Federalism ေကာင္းစြာလည္ပတ္ နိုင္ေရးအတြက္ သက္ဆိုင္ရာ Institution ေတြ အားေကာင္းဖို့လိုပါတယ္။ သုေတသနအဖြဲ႕ အစည္းေတြ၊ ေစာင့္ၾကည့္ေကာ္မရွင္ေတြကို ကၽြမ္းက်င္သူေတြနဲ႔ဖြဲ႕စည္းၿပီး ဗဟိုကို အဆက္မျပတ္ တင္ျပ၊ သုံးသပ္၊ အႀကံေပးဖို့ လိုပါတယ္။ အေရးႀကီးဆုံးအခ်က္ကေတာ့ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကား အပ်က္သေဘာ ေဆာင္တဲ့အခြန္ယွဥ္ၿပိဳင္မွု(Destructive Tax Competition)ေတြ ေရွာင္ဖို့လိုပါတယ္။ Fiscal Federalismကို ပီပီျပင္ျပင္က်င့္သုံးလ်က္ရွိတဲ့ ကမၻာ့နိုင္ငံေတြကို ေလ့လာၿပီး Adopt and Adaptလုပ္ဖို့လိုပါတယ္။ အုပ္ခ်ဳပ္ေရး၊ နိုင္ငံေရးနဲ႔ ဘ႑ာေရးက႑သုံးခုလုံးမွာ ဗဟိုခ်ဳပ္ကိုင္မွုကိုေလၽွာ့ခ်ရင္း၊ ျပည္နယ္ေတြရဲ့ အခန္းက႑ကို ျမႇင့္တင္ရင္း နိုင္ငံတကာ အဆင့္အတန္းမီဖက္ဒရယ္ဒီမိုကေရစီ နိုင္ငံေတာ္ႀကီးေပၚေပါက္လာဖို့ စာေရးသူ တကယ္ပဲ ေမၽွာ္လင့္ပါတယ္။


စာေရးသူ - Luis


#အေရးေတာ္ပုံေအာင္ရမည္


▄▄▄▄▄▄▄▄▄▄▄▄▄▄


References


- ျမန္မာနိုင္ငံ၏ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားရွိ ျပည္သူ႔ဘ႑ာက႑ - ဂ်ိဳင္းလ္ဒစ္ကင္ဆင္ဂ်ဳန္း၊ စကေနဒီႏွင့္ အင္ဒရီယာ ဆမူရာ(မူဝါဒေရးရာေဆြးေႏြးခ်က္စာတမ္းငယ္အမွတ္(၈))

- Natural Resource Federalism: Consideration for Myanmar - Natural Resource Government Institute

- တိုင္းျပဳျပည္ျပဳ ၂၀၂၀ စကားဝိုင္း(ဘ႑ာေရးဖက္ဒရယ္လစ္ဇင္ဆိုသည္မွာ) - The Voice Journal Facebook Page uploaded on 18th May, 2020

▄▄▄▄▄▄▄▄▄▄▄▄▄▄


#LawgicalMyanmar #Law #ဥပေဒ #Federalism #ဖက္ဒရယ္ #FiscalFederalism