Monday, May 31, 2021

ဘာကြောင့် Telegram ကိုသုံးသင့်တာလဲ??

 [Unicode]ဘာကြောင့် Telegram ကိုသုံးသင့်တာလဲ??

==============




ကျွန်တော်တို့တွေအားလုံး Social Media တိုင်းကိုသုံးကြတယိ။ ‌‌ဒါပေမယ့် Social Media သုံးရတာမလုံခြုံဘူးလို့ခံစားရလာတယ်။ အထူးသဖြင့် Facebook သုံးနေတဲ့အခါ မလုံခြုံတော့ဘူးလို့ ခံစားလာရတာပါပဲ။ ဒီလိုမလုံခြုံတော့တဲ့ Social တွေအစား ဘယ်လို App တွေကိုသုံးသင့်လဲ ဆိုတာကို ဒီ Article မှာပြောပေးသွားမှာပါပဲဖြစ်ပါတယ်။ ဆိုတော့ Article ကိုဆက်လိုက်ရအောင်...


ကျွန်တော်ပထမဆုံးအကြံပေးချင်တာကတော့ Telegram ပါ


ဆိုတော့ ဒီ Telegram ဆိုတာဘာလဲ ? 


Telegram က Facebook Messenger လိုပဲ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့၊ စာပို့ဖို့၊ ဖုန်းခေါ်ဆိုဖို့ အသုံးပြုကြတဲ့ Social Platform တခုဖြစ်ပါတယ်။


သူ့ရဲ့ အားသာချက်တွေအနေနဲ့ကတော့ 


၁။ သုံးရတာရိုးရှင်းမြန်ဆန်ပြီး လုံခြုံရေးပိုင်းကို ပိုအသားပေးထားတာကို တွေ့ရတယ်။ 


၂။ သူ့မှာ စာတွေအပြင်၊ ဗီဒီယို၊ ဓါတ်ပုံ ဖိုင်တွဲတွေကို doc,zip, mp3 အစရှိသဖြင့် format အမျိုးမျိုးနဲ့ပို့လို့ရတယ်။ ဒီမှာ ပုံတွေ ဗီဒီယိုတွေကိုလည်း မူလ Resolution အတိုင်း ပို့လို့ရပါသေးတယ်။


၃။ Message ပို့တဲ့အခါမှာလည်း တစ်ဖက်လူဖုန်းထဲက ကိုယ်နဲ့ chat ထားတဲ့ မတ်ဆေ့တွေကို ကိုယ့်ဖုန်းကနေပဲ အချိန်မရွေးလှမ်းဖျက်လို့ရတယ်။


၄။ ကိုယ့် Telegram acc ကို auto delete လုပ်ဖို့ date ကြိုသတ်မှတ်ထားလို့ရတယ်။


၅။ Message ပေးပို့သူ နဲ့ လက်ခံသူ ဖုန်း၂လုံးကလွဲလို့ တခြားဘယ်နေရာကမှ အကောင့်ဝင်ကြည့်လို့မရပါဘူး။


၆။ လုံခြုံရေးအတွက်လည်း Application passcode အပြင် 2 Steps Verification ပါခံလို့ရတယ်။

 

၇။ Voice call နဲ့ Video call တွေအတွက်လည်း end to end encryption လုပ်ပေးထားတဲ့အတွက် စိတ်အေးလက်အေးပြောလို့ရမယ်။


နောက်ပြီး Telegram ကို သတင်းချန်နယ်တခုအနေနဲ့သုံးလို့ရတာလည်း တွေ့ရပါတယ်။ Group chatting လည်းရပြီး လူနှစ်သိန်းထိဖွဲ့နိုင်တယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာ Telegram ကို လူပေါင်း သန်း ၅၀၀ ကျော်လောက်အသုံးပြုနေကြတဲ့အတွက် Social Apps တွေထဲမှာတော်တော်​လေးအဆင်ပြေတယ်လို့ပြောလို့ရပါတယ်။


အချုပ်အနေပြောရရင် Telegram က သတင်းအချက်လက် လုံခြုံရေးအတွက် Telegram ကတော်တော်လေးအဆင်ပြေပါတယ်။ 


အသုံးပြုပုံအနေနဲ့ကတော့ 

App store နဲ့ Google Play store မှာ Telegram ဆိုပီးအလွယ်တကူရှာနိုင်ပါတယ်။

Download ဆွဲ Install လုပ်ပြီးတာနဲ့ ကိုယ့်ဖုန်းနံပါတ်နဲ့အကောင့်တစ်ခုဖွင့်ရပါမယ်။ ကိုယ့်ဖုန်းနံပါတ်ထည့်ပီး Confirmation code တောင်းရပါမယ်။ Confirmation Code ထည့်ပီးတာနဲ့ မိမိအသုံးပြုချင်တဲ့ username ကို set up လုပ်လို့ရပါတယ်။ နာမည်တူအသုံးပြုခဲ့သည်ရှိသော် နာမည်နောက်မှာ နှစ်သက်ရာ ဂဏန်း 1234 အစရှိသဖြင့်ပေးပီးတော့သုံးလို့ရပါတယ်။


ဒီလို Telegram ကိုသုံးစေချင်တဲ့အကြောင်းကတော့ အင်တာနက်မှနောက်ယောင်ခံလိုက်ခံရခြင်း (Tracking) မဖြစ်ရစေဖို့ပါပဲ


ဒီလို Track မခံရအောင်လုပ်ထားသင့်တာတွေကတော့

၁။ Facebook Messenger အစား အခု Telegram app ကိုသုံးစေချင်ပါတယ်။ ဖြစ်နိုင်သမျှ အဲဒီ Telegram ကပဲ စကားပြောတာတွေ ဖုန်းခေါ်တာတွေလုပ်စေချင်ပါတယ်။ နောက်ပြီး ပြောထားတာတွေ ပြန်ဖျက်ပေးပါ။


၂။ App ထဲမှာ စကားပြောရင်နာမည်တွေ ထည့်ခေါ်တဲ့ အကျင့်ဖျောက်ပါ။ နာမည်ဝှက် သုံးပါ။ အရေးကြီးတဲ့စကားတွေကို စကားဝှက်နဲ့ ခေါ်ပါ။


၃. Facebook , Viber ,စတာတွေကိုသုံးတဲ့အခါမှာ location ပိတ်သုံးစေချင်ပါတယ်။ ဖွင့်မသုံးမိပါနဲ့။ Location ဖွင့်မိသွားပြီဆိုရင် Track လုပ်ဖို့ကတော်တော်လေးလွယ်သွားပါပြီ။


ဒီလိုသာကိုယ့်ဘက်ကနေသေချာသုံးမယ်ဆိုရင် Tacking လိုက်ဖို့ကတော်တော်လေးခက်သွားပြီလို့ပြောလို့ရပါတယ်။ 

ကဲအားလုံးပဲ Social ကို လုံလုံခြုံခြုံနဲ့သုံးနိုင်ကြပါစေလို့ ပြောရင်း ဒီ Article လေးကိုအဆုံးသတ်လိုက်ရပါတယ်။ 


-----------------------

Telegram App Link


IOS- https://apps.apple.com/sg/app/telegram-messenger/id686449807


Android- https://play.google.com/store/apps/details..


[Zawgyi]ဘာေၾကာင့္ Telegram ကိုသံုးသင့္တာလဲ??

==============




ကြၽန္ေတာ္တို႔ေတြအားလံုး Social Media တိုင္းကိုသံုးၾကတယိ။ ‌‌ဒါေပမယ့္ Social Media သံုးရတာမလံုၿခံဳဘူးလို႔ခံစားရလာတယ္။ အထူးသျဖင့္ Facebook သံုးေနတဲ့အခါ မလံုၿခံဳေတာ့ဘူးလို႔ ခံစားလာရတာပါပဲ။ ဒီလိုမလံုၿခံဳေတာ့တဲ့ Social ေတြအစား ဘယ္လို App ေတြကိုသံုးသင့္လဲ ဆိုတာကို ဒီ Article မွာေျပာေပးသြားမွာပါပဲျဖစ္ပါတယ္။ ဆိုေတာ့ Article ကိုဆက္လိုက္ရေအာင္...


ကြၽန္ေတာ္ပထမဆံုးအႀကံေပးခ်င္တာကေတာ့ Telegram ပါ


ဆိုေတာ့ ဒီ Telegram ဆိုတာဘာလဲ ? 


Telegram က Facebook Messenger လိုပဲ တစ္ဦးနဲ႔တစ္ဦးဆက္သြယ္ဖို႔၊ စာပို႔ဖို႔၊ ဖုန္းေခၚဆိုဖို႔ အသံုးျပဳၾကတဲ့ Social Platform တခုျဖစ္ပါတယ္။


သူ႔ရဲ့ အားသာခ်က္ေတြအေနနဲ႔ကေတာ့ 


၁။ သံုးရတာရိုးရွင္းျမန္ဆန္ၿပီး လံုၿခံဳေရးပိုင္းကို ပိုအသားေပးထားတာကို ေတြ့ရတယ္။ 


၂။ သူ႔မွာ စာေတြအျပင္၊ ဗီဒီယို၊ ဓါတ္ပံု ဖိုင္တြဲေတြကို doc,zip, mp3 အစရိွသျဖင့္ format အမ်ိဳးမ်ိဳးနဲ႔ပို႔လို႔ရတယ္။ ဒီမွာ ပံုေတြ ဗီဒီယိုေတြကိုလည္း မူလ Resolution အတိုင္း ပို႔လို႔ရပါေသးတယ္။


၃။ Message ပို႔တဲ့အခါမွာလည္း တစ္ဖက္လူဖုန္းထဲက ကိုယ္နဲ႔ chat ထားတဲ့ မတ္ေဆ့ေတြကို ကိုယ့္ဖုန္းကေနပဲ အခ်ိန္မေရြးလွမ္းဖ်က္လို႔ရတယ္။


၄။ ကိုယ့္ Telegram acc ကို auto delete လုပ္ဖို႔ date ႀကိဳသတ္မွတ္ထားလို႔ရတယ္။


၅။ Message ေပးပို႔သူ နဲ႔ လက္ခံသူ ဖုန္း၂လံုးကလြဲလို႔ တျခားဘယ္ေနရာကမွ အေကာင့္ဝင္ၾကၫ့္လို႔မရပါဘူး။


၆။ လံုၿခံဳေရးအတြက္လည္း Application passcode အျပင္ 2 Steps Verification ပါခံလို႔ရတယ္။

 

၇။ Voice call နဲ႔ Video call ေတြအတြက္လည္း end to end encryption လုပ္ေပးထားတဲ့အတြက္ စိတ္ေအးလက္ေအးေျပာလို႔ရမယ္။


ေနာက္ၿပီး Telegram ကို သတင္းခ်န္နယ္တခုအေနနဲ႔သံုးလို႔ရတာလည္း ေတြ့ရပါတယ္။ Group chatting လည္းရၿပီး လူႏွစ္သိန္းထိဖြဲ႔ႏိုင္တယ္လို႔ ဆိုပါတယ္။ အခုလက္ရိွမွာ Telegram ကို လူေပါင္း သန္း ၅၀၀ ေက်ာ္ေလာက္အသံုးျပဳေနၾကတဲ့အတြက္ Social Apps ေတြထဲမွာေတာ္ေတာ္​ေလးအဆင္ေျပတယ္လို႔ေျပာလို႔ရပါတယ္။


အခ်ဳပ္အေနေျပာရရင္ Telegram က သတင္းအခ်က္လက္ လံုၿခံဳေရးအတြက္ Telegram ကေတာ္ေတာ္ေလးအဆင္ေျပပါတယ္။ 


အသံုးျပဳပံုအေနနဲ႔ကေတာ့ 

App store နဲ႔ Google Play store မွာ Telegram ဆိုပီးအလြယ္တကူရွာႏိုင္ပါတယ္။

Download ဆြဲ Install လုပ္ၿပီးတာနဲ႔ ကိုယ့္ဖုန္းနံပါတ္နဲ႔အေကာင့္တစ္ခုဖြင့္ရပါမယ္။ ကိုယ့္ဖုန္းနံပါတ္ထၫ့္ပီး Confirmation code ေတာင္းရပါမယ္။ Confirmation Code ထၫ့္ပီးတာနဲ႔ မိမိအသံုးျပဳခ်င္တဲ့ username ကို set up လုပ္လို႔ရပါတယ္။ နာမည္တူအသံုးျပဳခဲ့သည္ရိွေသာ္ နာမည္ေနာက္မွာ ႏွစ္သက္ရာ ဂဏန္း 1234 အစရိွသျဖင့္ေပးပီးေတာ့သံုးလို႔ရပါတယ္။


ဒီလို Telegram ကိုသံုးေစခ်င္တဲ့အေၾကာင္းကေတာ့ အင္တာနက္မွေနာက္ေယာင္ခံလိုက္ခံရျခင္း (Tracking) မျဖစ္ရေစဖို႔ပါပဲ


ဒီလို Track မခံရေအာင္လုပ္ထားသင့္တာေတြကေတာ့

၁။ Facebook Messenger အစား အခု Telegram app ကိုသံုးေစခ်င္ပါတယ္။ ျဖစ္ႏိုင္သမ်ွ အဲဒီ Telegram ကပဲ စကားေျပာတာေတြ ဖုန္းေခၚတာေတြလုပ္ေစခ်င္ပါတယ္။ ေနာက္ၿပီး ေျပာထားတာေတြ ျပန္ဖ်က္ေပးပါ။


၂။ App ထဲမွာ စကားေျပာရင္နာမည္ေတြ ထၫ့္ေခၚတဲ့ အက်င့္ေဖ်ာက္ပါ။ နာမည္ဝွက္ သံုးပါ။ အေရးႀကီးတဲ့စကားေတြကို စကားဝွက္နဲ႔ ေခၚပါ။


၃. Facebook , Viber ,စတာေတြကိုသံုးတဲ့အခါမွာ location ပိတ္သံုးေစခ်င္ပါတယ္။ ဖြင့္မသံုးမိပါနဲ႔။ Location ဖြင့္မိသြားၿပီဆိုရင္ Track လုပ္ဖို႔ကေတာ္ေတာ္ေလးလြယ္သြားပါၿပီ။


ဒီလိုသာကိုယ့္ဘက္ကေနေသခ်ာသံုးမယ္ဆိုရင္ Tacking လိုက္ဖို႔ကေတာ္ေတာ္ေလးခက္သြားၿပီလို႔ေျပာလို႔ရပါတယ္။ 

ကဲအားလံုးပဲ Social ကို လံုလံုၿခံဳၿခံဳနဲ႔သံုးႏိုင္ၾကပါေစလို႔ ေျပာရင္း ဒီ Article ေလးကိုအဆံုးသတ္လိုက္ရပါတယ္။ 


-----------------------

Telegram App Link


IOS- https://apps.apple.com/sg/app/telegram-messenger/id686449807


Android- https://play.google.com/store/apps/details..

Sunday, May 30, 2021

ပံ့သကူမှတ်စု (၁)

 [Unicode]ပံ့သကူမှတ်စု (၁)


#Buddhism_article

#ဘာသာရေးဆောင်းပါး

#ဗုဒ္ဓဘာသာအမြင်




(ဘာသာတရားအဆုံးအမတစ်ခုအောက်မှာနေထိုင်ကြတာ အကြောက်တရားမကင်းတဲ့ လူ့သဘာဝဆိုသော်ငြား မိမိကိုးကွယ်ယုံကြည်ရာ ဘသာတရားအကြောင်းကို ဂဃနဏသိနေ၊ လိုက်နာ၊ နှစ်သက်နေဖို့လိုပါတယ်။ မိရိုးဖလာမို့ကိုးကွယ်နေတာမျိုးတော့မဖြစ်သင့်ပါဘူး။ ယုံကြည်မှုမခိုင်မာရင် ဘာသာပြောင်းကိုးကွယ်တာတွေဖြစ်လာမှာပါပဲ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပြီး သည်ဘာသာတရားအဆုံးအမအောက်မှာ နေထိုင်ရတာကိုနှစ်သက်ပါတယ်။ မိရိုးဖလာဘာသာဝင်တစ်ဦးအဆင့်ထက်တော့ ကျော်လွန် အောင် ကြိုးစားနေသူပါ။ ဆရာဝင်းသိန်းဦးရေးတဲ့ ဘာသာရေးဆောင်းပါးများဟာ ကျွန်တော့်စိတ်ဘ၀င်မှာ မှတ်သားထားထိုက် တယ်လို့ထင်တာကြောင့် သူငယ်ချင်းများလည်းဖတ်ရှုနိုင်အောင် တစ်ပုဒ်ပြီး တစ်ပုဒ်ဝေငှပေးမှာဖြစ်ကြောင်းပါ။)


(၁) သဘာဝလွန်စွမ်းအားရှင်များ

အချို့သောပုဂ္ဂိုလ်တို့တွင် သဘာဝလွန်စွမ်းအင် (Super Natural Power) ဟုခေါ်သည့် သာမန်လူတို့မစွမ်းဆောင်နိုင်သော၊ မျက်မှောက်ခေတ် သိပ္ပံနည်းပညာဖြင့်ဖော်ထုတ်၍ မရနိုင်သေးသော စွမ်းအင်များကို ပိုင်ဆိုင်ထားလေ့ရှိကြသည်။ ယင်းပုဂ္ဂိုလ်တို့အနက် အချို့မှာ တစ်စုံတစ်ရာသော နည်းစနစ်အတိုင်း ကျင့်ကြံအားထုတ်၍ ရရှိလာကြသူများ ရှိသကဲ့သို့ အချို့မှာမူ အလိုအလျောက် ရရှိလာကြခြင်းဖြစ်ကြောင်း ၄င်းတို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားချက်အရ သိရှိရသည်။

ယင်းကိုနားမလည်သူတို့က ထိုပုဂ္ဂိုလ်တို့အား သာမန်လူတို့ထက် ထူးကဲမြင့်မြတ်သူများဟု ထင်မှတ်တတ်ကြသည်။ ဘာသာခြား အချို့က ထိုပုဂ္ဂိုလ်တို့အား ဖန်ဆင်းရှင်၏ တမန်တော်များအဖြစ်လည်းကောင်း၊ ထာဝရဘုရားသခင်က သီးခြားကောင်းချီးပေးမှုကို ခံယူရသူများအဖြစ်လည်းကောင်း ယူဆကိုးကွယ်တတ်ကြသည်။ ထို့အတူပင် ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသော်လည်း ဗုဒ္ဓ သာသနာတော်အဆုံးအမကို ဂဃနဏမသိသူတချို့က ယင်းပုဂ္ဂိုလ်မျိုးကို သီလ၊သမာဓိ၊ ပညာနှင့် ပြည့်စုံသူများဟု ထင်မှတ်ယုံကြည် ကိုးစားတတ်ကြသည်။

အကယ်စင်စစ် ယင်းစွမ်းအင်များသည် အရှည်သဖြင့် တည်မြဲလေ့မရှိကြပေ။ အထူးသဖြင့် ယင်းစွမ်းအင်မျိုးကို အလိုအလျောက်ရရှိလာ သည်ဆိုသူများမှာ ကာလအပိုင်းအခြား တစ်ခုအထိသာ စွမ်းဆောင်နိုင်ကြသည်။ သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်မှုသည် သီလ၊သမာဓိ၊ ပညာပြည့်စုံမှုနှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရသည်။

ရုရှနိုင်ငံတွင် တစ်ခေတ်တစ်ခါက တန်ခိုးကြီးခဲ့သော ဘုန်းတော်ကြီး ရပ်စပြူတင်၏အဖြစ်က ယင်းအချက်အတွက် ထင်ရှားသောပြယုဂ် တစ်ခုပင်ဖြစ်သည်။ ရပ်စပြူတင်သည် မည်သည့်ဆရာဝန်ကမျှ ကုသမပေးနိုင်၍ လက်လျှော့ထားရသော ဇာဘုရင်၏သားငယ်တွင် စွဲကပ်နေသည့်ရောဂါကို သူ၏သဘာဝလွန်စွမ်းအားဖြင့်ကုသပေးနိုင်ခဲ့သည်။ ဇာဘုရင်၏ မျက်နှာသာပေး ကိုးကွယ်ဆည်းကပ်ယုံကြည်မှု ကိုရလာသည့်အလျောက် နိုင်ငံရေးတွင်ပါ ၀င်ရောက်စွက်ဖက်နိုင်လောက်အောင် သြဇာကြီးမားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူ၏သီလ၊ သမာဓိ၊ပညာကင်းမဲ့မှုက ဖုံးဖိမရအောင် ပေါ်လွင်လာခဲ့သည်။ အာဏာရှင် အသိုင်းအ၀ိုင်းအတွင်းမှ မိန်းမပျိုနန်းတွင်းသူများ နှင့် ကာမဂုဏ်ကြူးချင်တိုင်း ကြူးခဲ့သည်။ သူ့ကိုမလိုလားသူတို့က အဆိပ်ကျွေးသတ်ခဲ့သော်လည်း တစ်ခါစားရုံဖြင့် လူ ၃၀သေစေနိုင် သော အဆိပ်က သူ့အားမည်သို့မျှ အကျိုးမသက်ရောက်စေခဲ့ပေ။ အဆိပ်ပြီးနေသော သဘာဝလွန်စွမ်းအားရှင် ရပ်စပြူတင်အား နောက်ဆုံး၌ နန်းတွင်းသူတစ်ဦးနှင့် မျှားခေါ်ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်သောအခါတွင်မှ မိုက်ဇာတ်တုံးခဲ့ရတော့သည်။


(၂) သဘာဝလွန်စွမ်းအားသည် အံ့သြစရာမဟုတ်ပါ

သတ္တ၀ါတိုင်း၌ ရုပ်တရားနှင့်နာမ်တရားတို့ တွဲဖက်တည်ရှိနေပေသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကို တစ်စုံတစ်ရာသော ဦးတည်ချက် အား စွမ်းဆောင်နိုင်စေရန်လေ့ကျင့်ယူ၍ရသကဲ့သို့ နာမ်တရားတည်းဟူသော စိတ်ကိုလည်း လေ့ကျင့်ယူ၍ ရနိုင်သည်။ သို့သော် ရုပ်စွမ်းအင်နှင့် စိတ်စွမ်းအင်တို့ကို သူ့နေရာနှင့်သူ နေသားတကျ သုံးစွဲတတ်ဖို့ အရေးကြီးသည်။

ပမာဆိုရသော် ရပ်တည်နေသော ဘောလုံးတစ်လုံးအား ရုပ်ခန္ဓာကိုသုံး၍ ရွေ့လျားအောင် လုပ်ဆောင်၍ရနိုင်သလို စိတ်စွမ်းအင်ဖြင့် လည်း လုပ်ဆောင်နိုင်ပါသည်။ သို့သော် ပေးဆပ်ရသော အရင်းအနှီးမှာမူ များစွာ ကွာခြားလှသည်ကို တွေ့ရှိရပေမည်။ လက်ဖြင့်တွန်း လိုက်ပါက စက္ကန့်ပိုင်းအတွင်း ရွေ့လျားသွားနိုင်သော ဘောလုံးကို စိတ်စွမ်းအင်သုံး၍ ရွေ့လျားသွားစေလိုပါလျှင် နှစ်၊လ ရှည်ကြာစွာ အချိန်ကုန်ခံ၍ စိတ်ကို လေ့ကျင့်ရပေလိမ့်မည်။ ဤနေရာတွင် ရရှိမည့်တန်ဖိုးနှင့် ပေးဆပ်ရသည့် အရင်းအနှီးမကာမိသည်ကို သတိပြုသင့်သည်။ လောကတွင် အဆန်းတကြယ်လုပ်ဆောင်နိုင်တိုင်း အကျိုးမရှိပါချေ။ ပညာဉာဏ်ကိုသုံး၍ လုပ်သင့်မလုပ်သင့်၊ တန်၏မတန်၏နှိုင်းချိန်သင့်သည်။


ရုပ်စွမ်းအင်သုံးကာ အလွယ်တကူလုပ်၍ရနိုင်သည့် အလုပ်မျိုးအတွက် ရုပ်စွမ်းအင်ကိုသာ အားကိုးရပေလိမ့်မည်။ လွယ်သည်ကို ခက်အောင်လုပ်ခြင်းသည် ပညာမဲ့သူတို့၏ အလုပ်သာဖြစ်သည်။ ထို့အတူ ရုပ်စွမ်းအင်ကိုသုံး၍ အလွယ်တကူရနိုင်သည်များကို စိတ်စွမ်းအင်သုံး၍ ရယူပြနိုင်သူများအား ဘာသာရေးဆိုင်ရာ ကိုးစားထိုက်သူများဟု ယုံကြည်ဆည်းကပ် ကိုးကွယ်နေသူများမှာလည်း လူမိုက်ကို ကိုးကွယ်သည့်ပညာမဲ့များသာဖြစ်ပေသည်။



(၃) သမာဓိစွမ်းအင်

အချို့က သဘာဝလွန်စွမ်းအားရှင်များ၏ စိတ်တန်ခိုးဖြင့် ဖန်တီးပြမှုများကို သမာဓိစွမ်းအင်ဟု ထင်မှတ်တတ်ကြသည်။အကယ်စင်စစ် သမာဓိဆိုသည့်ဝေါဟာရကို ဗုဒ္ဓအလိုတော်ကျ ဖွင့်ဆိုရသော် လောကဓံတရားရှစ်ပါးကို မတုန်မလှုပ် ရင်ဆိုင်နိုင်စွမ်းရှိသော သတ္တိထူးပင် ဖြစ်ပေသည်။ သမ္မာသမာဓိဟုလည်း ဆိုနိုင်သည်။


သမာဓိနှင့်ပြည့်စုံသောသူသည် သဘာဝလွန်စွမ်းအင်များနှင့် ပြည့်စုံချင်မှ ပြည့်စုံပေလိမ့်မည်။ သို့သော် ဘ၀တစ်သက်တာတွင် လာဘ်ရ ခြင်း၊ မရခြင်း၊ အခြွေအရံရှိခြင်း၊ အခြွေအရံမဲ့ခြင်း၊ ချီးမွမ်းခံရခြင်း၊ကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့နှင့် ကြုံတွေ့ရသည့် အခါ တိုင်း တုန်လှုပ်ချောက်ချားခြင်းမရှိဘဲ ရဲဝံ့စွာရင်ဆိုင်နိုင်စွမ်းရှိကြသည်ကို တွေ့ရပေသည်။


ယင်းသို့ သတ္တိထူးနှင့် ပြည့်စုံရန်မှာ အထက်ကဆိုခဲ့သည့် သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်လာအောင်ကြိုးပမ်းရသည်ထက် အဆ များစွာ ခက်ခဲပေသည်။ တန်ဖိုးလည်းကြီးမားလှပေသည်။ သမာဓိနှင့်ပြည့်စုံခြင်းသည် စိတ်ပိုင်းဆိုင်ရာ အမြင့်မြတ်ဆုံး စွမ်းအင်နှင့် ပြည့်စုံခြင်းပင်ဖြစ်ရာ ပေးဆပ်ရသည့် အရင်းအနှီးနှင့် ထိုက်တန်သောတန်ဖိုးကို ရရှိနိုင်ပေသည်။


သမာဓိနှင့်ပြည့်စုံသူသည် မိမိကိုယ်ကို ကောင်းမြတ်အောင် ပြုစုပျိုးထောင်နိုင်စွမ်းရှိသူဖြစ်သည်။ သူ၏ပတ်ဝန်းကျင်ကိုလည်း စည်ပင် တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်သူဖြစ်သည်။ အရာရာ၌ ဝေဖန်သုံးသပ်ဆုံးဖြတ်ရာတွင် အဂတိတရားကင်းရှင်းစွာဆောင်ရွက်တတ် သည်ဖြစ်ရာ ထိုသို့သောပုဂ္ဂိုလ်မျိုးအား ချဉ်းကပ်နည်းနာခံယူခြင်းသည် ပညာရှိကို မှီဝဲဆည်းကပ်ခြင်းတည်းဟူသော မင်္ဂလာတရားနှင့် ပြည့်စုံသည့် လုပ်ရပ်ပင်ဖြစ်ပေတော့သည်။


(၄) ဓမ္မဂုဏ်အင်နှင့် သဘာဝလွန်ဖြစ်ရပ်များ

သဘာဝလွန်ဖြစ်ရပ်များကို ဗုဒ္ဓဓမ္မ၏ ဂုဏ်တော်များနှင့် ဆက်စပ်ပြောဆိုရေးသားခြင်းသည် ပညာမဲ့တို့၏လုပ်ရပ်သာ ဖြစ်ပေသည်။ အစ,အလယ်,အဆုံးကောင်းခြင်း၊ ကိလေသာအညစ်အကြေးကို ဖယ်ရှားနိုင်ခြင်း၊ ကာလ ဒေသမရွေး ကောင်းကျိုးချမ်းသားကိုပေးခြင်း၊ စိစစ်ဝေဖန်လေ့လာ မှတ်ကျောက်တင်ခံနိုင်ခြင်း၊ စိတ်ဝယ်ကပ်ဆောင် လိုက်နာကျင့်သုံးခြင်းဖြင့် အကျိုးရှိခြင်း၊ ပညာရှိသူတိုင်း သိမြင် ခံစား နားလည်နိုင်ခြင်းတည်းဟူသော မြင့်မြတ်သည့် ဂုဏ်အင်္ဂါတို့နှင့်ပြည့်စုံသော ဗုဒ္ဓသာသနာတော်လာ ဓမ္မတရားတော်တို့၏ အာနိသင်ကို ရပ်စပြူတင်ကဲ့သို့ သူတော်ယောင် လူယုတ်မာတို့ပင် စွမ်းဆောင်နိုင်သည့် သဘာဝလွန်စွမ်းအင်များနှင့် နှိုင်းဆခြင်းမှာကား အမြင်မတော် ဆင်တော်ကို ခလောက်တပ်သကဲ့သို့ ဖြစ်နေချေတော့သည်။


(၅) ဓမ္မတရားတော် ရွတ်ဖတ်ခြင်း

ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော ဓမ္မဒေသနာတော်တို့ကို ရွတ်ဖတ်နေရုံဖြင့် အကျိုးထူးခံစားရမည်ဟူသော အယူအဆမျိုးသည် ပင်ရင်းမူလ ဗုဒ္ဓသာသနာတော်၌ မရှိခဲ့ချေ။ ဓမ္မဒေသနာမှန်သမျှလိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းဖြင့်သာ ကောင်းကျိုးချမ်းသာကိုရရှိခံစား ကြရပေလိမ့်မည်။ ရွတ်ဖတ်နာယူခြင်း၊နားလည်သဘောပေါက်ခြင်းနှင့် လိုက်နာကျင့်သုံးခြင်းတို့ကို တစ်ဆက်တစ်စပ်တည်း ဆောင်ရွက် ကြပါမှ ဗုဒ္ဓဓမ္မဒေသနာတော်တို့၏အကျိုးကို ပြည့်ဝစွာ ရရှိခံစားကြရပေမည်။ အချို့က ဗုဒ္ဓဓမ္မဒေသနာတော်တို့၏အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်စရာမလိုဘဲ ရွတ်ဖတ်နေရုံ၊ကြားနာနေရုံဖြင့် မင်္ဂလာရှိမည်၊ ကောင်းကျိုးရမည်ဟု ထင်မှတ်မှားနေကြသေးသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရပေသည်။ ထိုပုဂ္ဂိုလ်တို့အနေနှင့် ဗုဒ္ဓမြတ်စွာဟောကြားခဲ့သည့် မင်္ဂလာရှိရာအကြောင်းတရား(၃၈)ပါးကို ပြန်လည် လေ့လာသင့်ကြပေသည်။ ဗုဒ္ဓမြတ်စွာက မင်္ဂလသုတ်တွင် ‘ငါဘုရားဟောကြားခဲ့သည့် ဓမ္မတရားတော်တို့အား အနက်အဓိပ္ပာယ် နားလည်စရာမလိုဘဲ အသံကြားရရုံဖြင့် မင်္ဂလာရှိ၏’ ဟုမဟောကြားခဲ့ပါချေ။ ထို့အပြင် ဒွန်းစဏ္ဍားနှင့်တူသော ဥပသကာ၏ အင်္ဂါရပ်များ တွင် အသံကိုကြားရုံဖြင့် မင်္ဂလာရှိ၏ဟု ယူဆတတ်ခြင်းဟူသော အချက်တစ်ရပ်ကို ဗုဒ္ဓမြတ်စွာကိုယ်တိုင် ထည့်သွင်းဟောကြားခဲ့သည်ကို လည်း သတိပြုအပ်လှပေသည်။


(၆) အမျှော်စိတ်နှစ်မျိုး

ဘာသာရေးဆိုင်ရာကျင့်စဉ်များကို လိုက်နာဆောင်ရွက်သူတိုင်း၌ ဤမည်သောကျင့်စဉ်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် တစ်စုံတစ်ခုသော အကျိုးရလဒ်ကို ရလိမ့်အံ့ဟူသည့်အမျှော်စိတ် ရှိကြစမြဲဖြစ်သည်။ သို့ရာတွင် အမျှော်စိတ် နှစ်မျိုးနှစ်စားရှိသည်ကိုကား မမေ့အပ်ပါချေ။ ပညာဉာဏ်ပြည့်စုံသူတို့၏အမျှော်စိတ်သည် ကြောင်းကျိုးသင့်အမျှော်စိတ်ဖြစ်ပြီး ပညာဉာဏ်ချို့တဲ့သူတို့၏ အမျှော်စိတ်မှာမူ ကြောင်းကျိုးမဲ့ အမျှော်စိတ်သာ ဖြစ်သည်။


ဖြစ်နိုင်၏ မဖြစ်နိုင်၏၊ လောကဓမ္မနိယာမနှင့် ညီညွတ်မှုရှိ၏ မရှိ၏ မချင့်ချိန်ဘဲ မိမိဖြစ်ချင်သည့် ဦးတည်ချက် တစ်ခုတည်းကိုသာသိပြီး၊ မိမိလုပ်ဆောင်မှုသည် မိမိဦးတည်ချက်ပန်းတိုင်နှင့် စပ်ဆိုင်မှုမရှိခြင်းကို နားမလည်သူတို့၏ အမျှော်စိတ်မျိုးသည် ကြောင်းကျိုးမဲ့အမျှော် စိတ်ပင် ဖြစ်ပေသည်။


မိမိရည်မှန်းချက်ပန်းတိုင်ကို သတ်သတ်မှတ်မှတ်ချထားသလို မိမိလုပ်ဆောင်ချက်သည်လည်း ယင်းပန်းတိုင်သို့ရောက်ရှိစေနိုင်သည့် အကြောင်းတရား အမှန်အကန်ဖြစ်ကြောင်း လောကဓမ္မနိယာမတို့နှင့် နှိုင်းဆသုံးသပ်ပြီးမှ ထားရှိအပ်သော အမျှော်စိတ်မျိုးသည်သာ ကြောင်းကျိုးသင့်အမျှော်စိတ် မည်ပေသည်။



(၇) ကြောင်းကျိုးမဲ့အမျှော်စိတ်၏ အန္တရာယ်နှစ်မျိုး

ဗုဒ္ဓဓမ္မတရားတော်တို့အား အကြောင်းသင့်အကျိုးသင့် သိရှိနားလည်အောင်ရှင်းမပြဘဲ မျှော်လင့်ချက်တစ်ခုကိုသာပေးပြီး ပုံမှန်ဝတ်မပျက် ရွတ်ဖတ်စေခြင်းသည် ကာယကံရှင်အတွက်ရော သာသနာတော်အတွက်ပါ အန္တရာယ်ကြီးမားလှပေသည်။ ထိုပုဂ္ဂိုလ်များအနေနှင့် ပုံမှန် ၀တ်မပျက်ရွတ်ဖတ်ရင်း နောင်ကာလကြာရှည်သော် ဘာသာရေးအသိ ရင့်ကျက်လာလိမ့်မည်ဟု စိတ်ကူးယဉ်၍မရပါချေ။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဗုဒ္ဓသာသနာတော်၏ ဆန့်ကျင်ဘက်အစွန်းတစ်ဖက်ဖက်သို့ ကျရောက်နစ်မွန်းသွားကြသည်ကသာ များလှပေသည်။



(၈) လက်ယာစွန်းရောက် ယုံမှားမှု

ဗုဒ္ဓဓမ္မအဆိုအဆုံးအမတို့အား အနက်အဓိပ္ပာယ်သိရှိနားလည်ခြင်းမရှိဘဲ ဂန္ဓာရီဂိုဏ်းသားတို့၏ ဂါထာမန္တန်ဆန်ဆန် ရွတ်ဖတ်နေရာမှ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုပုဂ္ဂိုလ်၏အတိတ်ကပြုခဲ့သည့် ကံ-ဉာဏ်-၀ီရိယ အစွမ်းကြောင့်မျှော်လင့်ထားသလို ဖြစ်လာတတ်သည့်အခါမျိုး လည်းရှိတတ်ပါသည်။ သို့သော် ထိုပုဂ္ဂိုလ်မှာ မိမိ၏ ကံ-ဉာဏ်-၀ီရိယ အကျိုးကိုခံစားရသည်ဟု မယူဆဘဲ ဗုဒ္ဓဓမ္မတရားတော်တို့အား အနက်အဓိပ္ပာယ်မသိဘဲ ကြောင်းကျိုးမဲ့အမျှော်စိတ်ဖြင့် ရွတ်ဖတ်ခြင်းကြောင့်သာ ဖြစ်သည်ဟု နက်ရှိုင်းစွာ ယုံကြည်သွားတတ်ပေသည်။ ထိုအခါ ယင်းပုဂ္ဂိုလ်အနေနှင့် ဗုဒ္ဓ၀ါဒသည် လိုက်နာကျင့်သုံးစရာမလိုဘဲ ဓမ္မတရားတော်များကို ဂါထာမန္တရားသဖွယ် အသုံးပြုရုံဖြင့် လိုရာ ပြီးမြောက်စေသည့်လမ်းစဉ်ဟု ထင်မှတ်မှားကာ အဓိပ္ပာယ်မဲ့ ရွတ်ဖတ်ခြင်းသံသရာမှ ရုန်းမထွက်နိုင်ဘဲ ရှိနေတတ်ကြသည်။ ယင်းယုံမှားမှု မျိုးသည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ချို့၌ ထိုးဖောက်နေရာယူလာခဲ့ရာ ကျင့်ကြံအားထုတ်စရာမလိုဘဲ ဗုဒ္ဓဓမ္မတရားတော်များရွတ် ဖတ်ရုံမျှဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုပင် မျက်မှောက်ပြုနိုင်သည်ဆိုသောအယူအဆ ထွန်းကားလာခဲ့သည်ကို အထင်အရှား တွေ့ရှိနိုင်ပေသည်။



(၉) လက်ဝဲစွန်းရောက် ယုံမှားမှု

ဗုဒ္ဓဓမ္မအဆိုအဆုံးအမတို့အား အနက်အဓိပ္ပာယ်မသိဘဲ ရွတ်ဖတ်သရဇ္ဈာယ်နေသူတို့သည် ၄င်းတို့မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာ သည့်အခါ ကြောင်းကျိုးမဲ့ ယုံကြည်တတ်သော မိမိ၏အပြစ်ကို မိမိမမြင်တတ်ကြဘဲ ဗုဒ္ဓသာသနာတော်အပေါ် အပြစ်ပုံချတတ်ကြသည်။ 


ထိုပုဂ္ဂိုလ်ခမျာမှာ မူလကပင် ဗုဒ္ဓဓမ္မတရားတော်တို့အား ဂါထာမန္တရားသဖွယ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသည် ဗုဒ္ဓ၀ါဒ၏ ကျင့်စဉ်တစ်ခုဟု ထင်မှတ်မှားခဲ့ပေရာ ၄င်းမျှော်လင့်ထင်မှတ်ထားသကဲ့သို့ ဖြစ်မလာသောအခါတွင် ‘ဗုဒ္ဓ၀ါဒဆိုတာအလကားပါ’ ဟု ပုတ်ခတ်ပြောဆိုလျက် သာသနာတော်ကို စွန့်ပယ်ကျောခိုင်းသွားတတ်ကြပေသည်။



(၁၀) မျက်မှောက်ခေတ်လူငယ်နှင့် အနာဂတ်သာသနာ

သိပ္ပံပညာတိုးတက်ထွန်းကားမှု အဆင့်ဆင့်သည် ဗုဒ္ဓသာသနာတော်အဆုံးအမ မည်မျှမှန်ကန်သည်ကို သက်သေပြနေသကဲ့သို့ရှိလာပေ သည်။ ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားမှုကို လိုလားသူတိုင်း သိပ္ပံပညာတိုးတက်မှုကို ကြိုဆိုအပ်ပေသည်။


သိပ္ပံပညာ မည်မျှထွန်းကားလာပါစေ၊ ဗုဒ္ဓဟောကြားတော်မူခဲ့သည့် ဓမ္မနိယာမ၊ဗီဇနိယာမ၊ ကမ္မနိယာမ၊စိတ္တနိယာမ၊ ဥတုနိယာမတည်းဟူ သော နိယာမတရားငါးပါး၏ ဘောင်းအတွင်းမှာပင် ရှိနေမည်သာဖြစ်ရာ အနတ္တဒေသနာသည်ကား ခိုင်မာသည်ထက် ခိုင်မာနေမည် သာပင်။


သို့သော် မျက်မှောက်ခေတ်လူငယ် အတော်များများမှာ ဗုဒ္ဓသာသနာတော်အဆုံးအမကို တိတိပပနားလည် သဘောပေါက်ခြင်းမရှိကြ ချေ။ အထက်ကဆိုခဲ့သော လက်ယာအစွန်းရောက်ယုံမှားမှုနှင့် လက်ဝဲအစွန်းရောက်ယုံမှားမှုတို့ကိုသာ သူတို့ပတ်ဝန်းကျင်တွင် အများ အားဖြင့် တွေ့မြင်နေကြရပေရာ စစ်မှန်သောဗုဒ္ဓသာသနာတော်ကြီး ဆက်လက်တည်တံ့ခိုင်မြဲပြန့်ပွားရေးအတွက် အသိတရားရှိသူတို့က ၀ိုင်းဝန်းကြိုးပမ်းကြပါမှ တော်ရုံကျပေလိမ့်မည်။


၁၉၈၀ ပြည့်လွန်နှစ်များတွင် အရှိန်အဟုန်ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော အရှေ့တောင်အာရှကျွန်းနိုင်ငံတစ်ခုရှိ မှတ်တမ်းများအရ သူတို့နိုင်ငံတွင် သိပ္ပံပညာထွန်းကားမှုနှင့် ဗုဒ္ဓဘာသာကိုးကွယ်မှု ပြောင်းပြန်အချိုးကျခဲ့ကြောင်း တွေ့ရှိရသည်။


လူငယ်အများစုမှာ သိပ္ပံပညာကိုသာ အထင်ကြီးကိုးစားလာကြပြီး ဗုဒ္ဓသာသနာတော်အားကျောခိုင်းလာကြသည်ဟုဆိုသည်။


အကယ်စင်စစ် ယင်းသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ သူတို့ဆီတွင် စစ်မှန်သောဗုဒ္ဓသာသနာ မထွန်းကားခဲ့ဘဲ ထိုလူငယ်တို့ထက် အလျင်ကျသော မျိုးဆက်မှာလည်း ကြောင်းကျိုးမဲ့ အမျှော်စိတ်ကိုအခြေခံခဲ့သည့် အမည်ခံဗုဒ္ဓဘာသာဝင်များသာ ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။


အချုပ်ဆိုရသော် အသိဉာဏ်နှင့် မယှဉ်သောယုံကြည်မှုမျိုးသည် သာသနာကွယ်ပရာ အကြောင်းတရားတစ်ရပ်ဖြစ်သည် ဆိုခြင်းကို ကျွန်ုပ်တို့အလေးအနက်သတိပြုအပ်ပေတော့သည်။


၀င်းသိန်းဦး

(ဓမ္မရံသီ၊အမှတ် - ၆၀၊ ၁၉၉၄ ခုနှစ်၊ ဒီဇင်ဘာလ)




[Zawgyi]ပံ့သကူမွတ္စု (၁)


#Buddhism_article

#ဘာသာေရးေဆာင္းပါး

#ဗုဒၶဘာသာအျမင္




(ဘာသာတရားအဆံုးအမတစ္ခုေအာက္မွာေနထိုင္ၾကတာ အေၾကာက္တရားမကင္းတဲ့ လူ႔သဘာဝဆိုေသာ္ျငား မိမိကိုးကြယ္ယံုၾကည္ရာ ဘသာတရားအေၾကာင္းကို ဂဃနဏသိေန၊ လိုက္နာ၊ ႏွစ္သက္ေနဖို႔လိုပါတယ္။ မိရိုးဖလာမို႔ကိုးကြယ္ေနတာမ်ိဳးေတာ့မျဖစ္သင့္ပါဘူး။ ယံုၾကည္မႈမခိုင္မာရင္ ဘာသာေျပာင္းကိုးကြယ္တာေတျြဖစ္လာမွာပါပဲ။ ကြၽန္ေတာ္ကေတာ့ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္ၿပီး သည္ဘာသာတရားအဆံုးအမေအာက္မွာ ေနထိုင္ရတာကိုႏွစ္သက္ပါတယ္။ မိရိုးဖလာဘာသာဝင္တစ္ဦးအဆင့္ထက္ေတာ့ ေက်ာ္လြန္ ေအာင္ ႀကိဳးစားေနသူပါ။ ဆရာဝင္းသိန္းဦးေရးတဲ့ ဘာသာေရးေဆာင္းပါးမ်ားဟာ ကြၽန္ေတာ့္စိတ္ဘ၀င္မွာ မွတ္သားထားထိုက္ တယ္လို႔ထင္တာေၾကာင့္ သူငယ္ခ်င္းမ်ားလည္းဖတ္ရႈႏိုင္ေအာင္ တစ္ပုဒ္ၿပီး တစ္ပုဒ္ေဝငွေပးမွာျဖစ္ေၾကာင္းပါ။)


(၁) သဘာဝလြန္စြမ္းအားရွင္မ်ား

အခ်ိဳ႕ေသာပုဂၢိုလ္တို႔တြင္ သဘာဝလြန္စြမ္းအင္ (Super Natural Power) ဟုေခၚသၫ့္ သာမန္လူတို႔မစြမ္းေဆာင္ႏိုင္ေသာ၊ မ်က္ေမွာက္ေခတ္ သိပၸံနည္းပညာျဖင့္ေဖာ္ထုတ္၍ မရႏိုင္ေသးေသာ စြမ္းအင္မ်ားကို ပိုင္ဆိုင္ထားေလ့ရိွၾကသည္။ ယင္းပုဂၢိုလ္တို႔အနက္ အခ်ိဳ႕မွာ တစ္စံုတစ္ရာေသာ နည္းစနစ္အတိုင္း က်င့္ႀကံအားထုတ္၍ ရရိွလာၾကသူမ်ား ရိွသကဲ့သို႔ အခ်ိဳ႕မွာမူ အလိုအေလ်ာက္ ရရိွလာၾကျခင္းျဖစ္ေၾကာင္း ၄င္းတို႔ကိုယ္တိုင္ ထုတ္ေဖာ္ေျပာၾကားခ်က္အရ သိရိွရသည္။

ယင္းကိုနားမလည္သူတို႔က ထိုပုဂၢိုလ္တို႔အား သာမန္လူတို႔ထက္ ထူးကဲျမင့္ျမတ္သူမ်ားဟု ထင္မွတ္တတ္ၾကသည္။ ဘာသာျခား အခ်ိဳ႕က ထိုပုဂၢိုလ္တို႔အား ဖန္ဆင္းရွင္၏ တမန္ေတာ္မ်ားအျဖစ္လည္းေကာင္း၊ ထာဝရဘုရားသခင္က သီးျခားေကာင္းခ်ီးေပးမႈကို ခံယူရသူမ်ားအျဖစ္လည္းေကာင္း ယူဆကိုးကြယ္တတ္ၾကသည္။ ထို႔အတူပင္ ဗုဒၶဘာသာဝင္ဟု အမည္ခံထားေသာ္လည္း ဗုဒၶ သာသနာေတာ္အဆံုးအမကို ဂဃနဏမသိသူတခ်ိဳ႕က ယင္းပုဂၢိုလ္မ်ိဳးကို သီလ၊သမာဓိ၊ ပညာႏွင့္ ျပၫ့္စံုသူမ်ားဟု ထင္မွတ္ယံုၾကည္ ကိုးစားတတ္ၾကသည္။

အကယ္စင္စစ္ ယင္းစြမ္းအင္မ်ားသည္ အရွည္သျဖင့္ တည္ၿမဲေလ့မရိွၾကေပ။ အထူးသျဖင့္ ယင္းစြမ္းအင္မ်ိဳးကို အလိုအေလ်ာက္ရရိွလာ သည္ဆိုသူမ်ားမွာ ကာလအပိုင္းအျခား တစ္ခုအထိသာ စြမ္းေဆာင္ႏိုင္ၾကသည္။ သဘာဝလြန္စြမ္းအင္ ပိုင္ဆိုင္မႈသည္ သီလ၊သမာဓိ၊ ပညာျပၫ့္စံုမႈႏွင့္ မည္သို႔မ်ွသက္ဆိုင္ျခင္း မရိွသည္ကိုလည္း ေတြ့ရိွရသည္။

ရုရွႏိုင္ငံတြင္ တစ္ေခတ္တစ္ခါက တန္ခိုးႀကီးခဲ့ေသာ ဘုန္းေတာ္ႀကီး ရပ္စျပဴတင္၏အျဖစ္က ယင္းအခ်က္အတြက္ ထင္ရွားေသာျပယုဂ္ တစ္ခုပင္ျဖစ္သည္။ ရပ္စျပဴတင္သည္ မည္သၫ့္ဆရာဝန္ကမ်ွ ကုသမေပးႏိုင္၍ လက္ေလ်ွာ့ထားရေသာ ဇာဘုရင္၏သားငယ္တြင္ စြဲကပ္ေနသၫ့္ေရာဂါကို သူ၏သဘာဝလြန္စြမ္းအားျဖင့္ကုသေပးႏိုင္ခဲ့သည္။ ဇာဘုရင္၏ မ်က္ႏွာသာေပး ကိုးကြယ္ဆည္းကပ္ယံုၾကည္မႈ ကိုရလာသၫ့္အေလ်ာက္ ႏိုင္ငံေရးတြင္ပါ ၀င္ေရာက္စြက္ဖက္ႏိုင္ေလာက္ေအာင္ ၾသဇာႀကီးမားခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ သူ၏သီလ၊ သမာဓိ၊ပညာကင္းမဲ့မႈက ဖံုးဖိမရေအာင္ ေပၚလြင္လာခဲ့သည္။ အာဏာရွင္ အသိုင္းအဝိုင္းအတြင္းမွ မိန္းမပ်ိဳနန္းတြင္းသူမ်ား ႏွင့္ ကာမဂုဏ္ၾကဴးခ်င္တိုင္း ၾကဴးခဲ့သည္။ သူ႔ကိုမလိုလားသူတို႔က အဆိပ္ေကြၽးသတ္ခဲ့ေသာ္လည္း တစ္ခါစားရံုျဖင့္ လူ ၃၀ေသေစႏိုင္ ေသာ အဆိပ္က သူ႔အားမည္သို႔မ်ွ အက်ိဳးမသက္ေရာက္ေစခဲ့ေပ။ အဆိပ္ၿပီးေနေသာ သဘာဝလြန္စြမ္းအားရွင္ ရပ္စျပဴတင္အား ေနာက္ဆံုး၌ နန္းတြင္းသူတစ္ဦးႏွင့္ မ်ွားေခၚကာ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ေသာအခါတြင္မွ မိုက္ဇာတ္တံုးခဲ့ရေတာ့သည္။


(၂) သဘာဝလြန္စြမ္းအားသည္ အံ့ၾသစရာမဟုတ္ပါ

သတၲဝါတိုင္း၌ ရုပ္တရားႏွင့္နာမ္တရားတို႔ တြဲဖက္တည္ရိွေနေပသည္။ ရုပ္ပိုင္းဆိုင္ရာ ခႏၶာကိုယ္ ကို တစ္စံုတစ္ရာေသာ ဦးတည္ခ်က္ အား စြမ္းေဆာင္ႏိုင္ေစရန္ေလ့က်င့္ယူ၍ရသကဲ့သို႔ နာမ္တရားတည္းဟူေသာ စိတ္ကိုလည္း ေလ့က်င့္ယူ၍ ရႏိုင္သည္။ သို႔ေသာ္ ရုပ္စြမ္းအင္ႏွင့္ စိတ္စြမ္းအင္တို႔ကို သူ႔ေနရာႏွင့္သူ ေနသားတက် သံုးစြဲတတ္ဖို႔ အေရးႀကီးသည္။

ပမာဆိုရေသာ္ ရပ္တည္ေနေသာ ေဘာလံုးတစ္လံုးအား ရုပ္ခႏၶာကိုသံုး၍ ေရြ့လ်ားေအာင္ လုပ္ေဆာင္၍ရႏိုင္သလို စိတ္စြမ္းအင္ျဖင့္ လည္း လုပ္ေဆာင္ႏိုင္ပါသည္။ သို႔ေသာ္ ေပးဆပ္ရေသာ အရင္းအႏွီးမွာမူ မ်ားစြာ ကြာျခားလွသည္ကို ေတြ့ရိွရေပမည္။ လက္ျဖင့္တြန္း လိုက္ပါက စကၠန႔္ပိုင္းအတြင္း ေရြ့လ်ားသြားႏိုင္ေသာ ေဘာလံုးကို စိတ္စြမ္းအင္သံုး၍ ေရြ့လ်ားသြားေစလိုပါလ်ွင္ ႏွစ္၊လ ရွည္ၾကာစြာ အခ်ိန္ကုန္ခံ၍ စိတ္ကို ေလ့က်င့္ရေပလိမ့္မည္။ ဤေနရာတြင္ ရရိွမၫ့္တန္ဖိုးႏွင့္ ေပးဆပ္ရသၫ့္ အရင္းအႏွီးမကာမိသည္ကို သတိျပဳသင့္သည္။ ေလာကတြင္ အဆန္းတၾကယ္လုပ္ေဆာင္ႏိုင္တိုင္း အက်ိဳးမရိွပါေခ်။ ပညာဉာဏ္ကိုသံုး၍ လုပ္သင့္မလုပ္သင့္၊ တန္၏မတန္၏ႏိႈင္းခ်ိန္သင့္သည္။


ရုပ္စြမ္းအင္သံုးကာ အလြယ္တကူလုပ္၍ရႏိုင္သၫ့္ အလုပ္မ်ိဳးအတြက္ ရုပ္စြမ္းအင္ကိုသာ အားကိုးရေပလိမ့္မည္။ လြယ္သည္ကို ခက္ေအာင္လုပ္ျခင္းသည္ ပညာမဲ့သူတို႔၏ အလုပ္သာျဖစ္သည္။ ထို႔အတူ ရုပ္စြမ္းအင္ကိုသံုး၍ အလြယ္တကူရႏိုင္သည္မ်ားကို စိတ္စြမ္းအင္သံုး၍ ရယူျပႏိုင္သူမ်ားအား ဘာသာေရးဆိုင္ရာ ကိုးစားထိုက္သူမ်ားဟု ယံုၾကည္ဆည္းကပ္ ကိုးကြယ္ေနသူမ်ားမွာလည္း လူမိုက္ကို ကိုးကြယ္သၫ့္ပညာမဲ့မ်ားသာျဖစ္ေပသည္။



(၃) သမာဓိစြမ္းအင္

အခ်ိဳ႕က သဘာဝလြန္စြမ္းအားရွင္မ်ား၏ စိတ္တန္ခိုးျဖင့္ ဖန္တီးျပမႈမ်ားကို သမာဓိစြမ္းအင္ဟု ထင္မွတ္တတ္ၾကသည္။အကယ္စင္စစ္ သမာဓိဆိုသၫ့္ေဝါဟာရကို ဗုဒၶအလိုေတာ္က် ဖြင့္ဆိုရေသာ္ ေလာကဓံတရားရွစ္ပါးကို မတုန္မလႈပ္ ရင္ဆိုင္ႏိုင္စြမ္းရိွေသာ သတၲိထူးပင္ ျဖစ္ေပသည္။ သမၼာသမာဓိဟုလည္း ဆိုႏိုင္သည္။


သမာဓိႏွင့္ျပၫ့္စံုေသာသူသည္ သဘာဝလြန္စြမ္းအင္မ်ားႏွင့္ ျပၫ့္စံုခ်င္မွ ျပၫ့္စံုေပလိမ့္မည္။ သို႔ေသာ္ ဘ၀တစ္သက္တာတြင္ လာဘ္ရ ျခင္း၊ မရျခင္း၊ အေႁခြအရံရိျွခင္း၊ အေႁခြအရံမဲ့ျခင္း၊ ခ်ီးမြမ္းခံရျခင္း၊ကဲ့ရဲ့ခံရျခင္း၊ ခ်မ္းသာျခင္း၊ ဆင္းရဲျခင္းတို႔ႏွင့္ ႀကံဳေတြ့ရသၫ့္ အခါ တိုင္း တုန္လႈပ္ေခ်ာက္ခ်ားျခင္းမရိွဘဲ ရဲဝံ့စြာရင္ဆိုင္ႏိုင္စြမ္းရိွၾကသည္ကို ေတြ့ရေပသည္။


ယင္းသို႔ သတၲိထူးႏွင့္ ျပၫ့္စံုရန္မွာ အထက္ကဆိုခဲ့သၫ့္ သဘာဝလြန္စြမ္းအားမ်ား ပိုင္ဆိုင္လာေအာင္ႀကိဳးပမ္းရသည္ထက္ အဆ မ်ားစြာ ခက္ခဲေပသည္။ တန္ဖိုးလည္းႀကီးမားလွေပသည္။ သမာဓိႏွင့္ျပၫ့္စံုျခင္းသည္ စိတ္ပိုင္းဆိုင္ရာ အျမင့္ျမတ္ဆံုး စြမ္းအင္ႏွင့္ ျပၫ့္စံုျခင္းပင္ျဖစ္ရာ ေပးဆပ္ရသၫ့္ အရင္းအႏွီးႏွင့္ ထိုက္တန္ေသာတန္ဖိုးကို ရရိွႏိုင္ေပသည္။


သမာဓိႏွင့္ျပၫ့္စံုသူသည္ မိမိကိုယ္ကို ေကာင္းျမတ္ေအာင္ ျပဳစုပ်ိဳးေထာင္ႏိုင္စြမ္းရိွသူျဖစ္သည္။ သူ၏ပတ္ဝန္းက်င္ကိုလည္း စည္ပင္ တိုးတက္ေအာင္ ေဆာင္ၾကဉ္းေပးႏိုင္သူျဖစ္သည္။ အရာရာ၌ ေဝဖန္သံုးသပ္ဆံုးျဖတ္ရာတြင္ အဂတိတရားကင္းရွင္းစြာေဆာင္ရြက္တတ္ သည္ျဖစ္ရာ ထိုသို႔ေသာပုဂၢိုလ္မ်ိဳးအား ခ်ဉ္းကပ္နည္းနာခံယူျခင္းသည္ ပညာရိွကို မွီဝဲဆည္းကပ္ျခင္းတည္းဟူေသာ မဂၤလာတရားႏွင့္ ျပၫ့္စံုသၫ့္ လုပ္ရပ္ပင္ျဖစ္ေပေတာ့သည္။


(၄) ဓမၼဂုဏ္အင္ႏွင့္ သဘာဝလြန္ျဖစ္ရပ္မ်ား

သဘာဝလြန္ျဖစ္ရပ္မ်ားကို ဗုဒၶဓမၼ၏ ဂုဏ္ေတာ္မ်ားႏွင့္ ဆက္စပ္ေျပာဆိုေရးသားျခင္းသည္ ပညာမဲ့တို႔၏လုပ္ရပ္သာ ျဖစ္ေပသည္။ အစ,အလယ္,အဆံုးေကာင္းျခင္း၊ ကိေလသာအညစ္အေၾကးကို ဖယ္ရွားႏိုင္ျခင္း၊ ကာလ ေဒသမေရြး ေကာင္းက်ိဳးခ်မ္းသားကိုေပးျခင္း၊ စိစစ္ေဝဖန္ေလ့လာ မွတ္ေက်ာက္တင္ခံႏိုင္ျခင္း၊ စိတ္ဝယ္ကပ္ေဆာင္ လိုက္နာက်င့္သံုးျခင္းျဖင့္ အက်ိဳးရိျွခင္း၊ ပညာရိွသူတိုင္း သိျမင္ ခံစား နားလည္ႏိုင္ျခင္းတည္းဟူေသာ ျမင့္ျမတ္သၫ့္ ဂုဏ္အဂၤါတို႔ႏွင့္ျပၫ့္စံုေသာ ဗုဒၶသာသနာေတာ္လာ ဓမၼတရားေတာ္တို႔၏ အာနိသင္ကို ရပ္စျပဴတင္ကဲ့သို႔ သူေတာ္ေယာင္ လူယုတ္မာတို႔ပင္ စြမ္းေဆာင္ႏိုင္သၫ့္ သဘာဝလြန္စြမ္းအင္မ်ားႏွင့္ ႏိႈင္းဆျခင္းမွာကား အျမင္မေတာ္ ဆင္ေတာ္ကို ခေလာက္တပ္သကဲ့သို႔ ျဖစ္ေနေခ်ေတာ့သည္။


(၅) ဓမၼတရားေတာ္ ရြတ္ဖတ္ျခင္း

ဗုဒၶျမတ္စြာ ေဟာၾကားခဲ့ေသာ ဓမၼေဒသနာေတာ္တို႔ကို ရြတ္ဖတ္ေနရံုျဖင့္ အက်ိဳးထူးခံစားရမည္ဟူေသာ အယူအဆမ်ိဳးသည္ ပင္ရင္းမူလ ဗုဒၶသာသနာေတာ္၌ မရိွခဲ့ေခ်။ ဓမၼေဒသနာမွန္သမ်ွလိုက္နာက်င့္သံုး အေကာင္အထည္ေဖာ္ျခင္းျဖင့္သာ ေကာင္းက်ိဳးခ်မ္းသာကိုရရိွခံစား ၾကရေပလိမ့္မည္။ ရြတ္ဖတ္နာယူျခင္း၊နားလည္သေဘာေပါက္ျခင္းႏွင့္ လိုက္နာက်င့္သံုးျခင္းတို႔ကို တစ္ဆက္တစ္စပ္တည္း ေဆာင္ရြက္ ၾကပါမွ ဗုဒၶဓမၼေဒသနာေတာ္တို႔၏အက်ိဳးကို ျပၫ့္ဝစြာ ရရိွခံစားၾကရေပမည္။ အခ်ိဳ႕က ဗုဒၶဓမၼေဒသနာေတာ္တို႔၏အနက္အဓိပၸာယ္ကို နားလည္သေဘာေပါက္စရာမလိုဘဲ ရြတ္ဖတ္ေနရံု၊ၾကားနာေနရံုျဖင့္ မဂၤလာရိွမည္၊ ေကာင္းက်ိဳးရမည္ဟု ထင္မွတ္မွားေနၾကေသးသည္ကို ၀မ္းနည္းဖြယ္ေတြ့ရိွရေပသည္။ ထိုပုဂၢိုလ္တို႔အေနႏွင့္ ဗုဒၶျမတ္စြာေဟာၾကားခဲ့သၫ့္ မဂၤလာရိွရာအေၾကာင္းတရား(၃၈)ပါးကို ျပန္လည္ ေလ့လာသင့္ၾကေပသည္။ ဗုဒၶျမတ္စြာက မဂၤလသုတ္တြင္ ‘ငါဘုရားေဟာၾကားခဲ့သၫ့္ ဓမၼတရားေတာ္တို႔အား အနက္အဓိပၸာယ္ နားလည္စရာမလိုဘဲ အသံၾကားရရံုျဖင့္ မဂၤလာရိွ၏’ ဟုမေဟာၾကားခဲ့ပါေခ်။ ထို႔အျပင္ ဒြန္းစ႑ားႏွင့္တူေသာ ဥပသကာ၏ အဂၤါရပ္မ်ား တြင္ အသံကိုၾကားရံုျဖင့္ မဂၤလာရိွ၏ဟု ယူဆတတ္ျခင္းဟူေသာ အခ်က္တစ္ရပ္ကို ဗုဒၶျမတ္စြာကိုယ္တိုင္ ထၫ့္သြင္းေဟာၾကားခဲ့သည္ကို လည္း သတိျပဳအပ္လွေပသည္။


(၆) အေမ်ွာ္စိတ္ႏွစ္မ်ိဳး

ဘာသာေရးဆိုင္ရာက်င့္စဉ္မ်ားကို လိုက္နာေဆာင္ရြက္သူတိုင္း၌ ဤမည္ေသာက်င့္စဉ္ကို လိုက္နာေဆာင္ရြက္ျခင္းျဖင့္ တစ္စံုတစ္ခုေသာ အက်ိဳးရလဒ္ကို ရလိမ့္အံ့ဟူသၫ့္အေမ်ွာ္စိတ္ ရိွၾကစၿမဲျဖစ္သည္။ သို႔ရာတြင္ အေမ်ွာ္စိတ္ ႏွစ္မ်ိဳးႏွစ္စားရိွသည္ကိုကား မေမ့အပ္ပါေခ်။ ပညာဉာဏ္ျပၫ့္စံုသူတို႔၏အေမ်ွာ္စိတ္သည္ ေၾကာင္းက်ိဳးသင့္အေမ်ွာ္စိတ္ျဖစ္ၿပီး ပညာဉာဏ္ခ်ိဳ႕တဲ့သူတို႔၏ အေမ်ွာ္စိတ္မွာမူ ေၾကာင္းက်ိဳးမဲ့ အေမ်ွာ္စိတ္သာ ျဖစ္သည္။


ျဖစ္ႏိုင္၏ မျဖစ္ႏိုင္၏၊ ေလာကဓမၼနိယာမႏွင့္ ညီၫြတ္မႈရိွ၏ မရိွ၏ မခ်င့္ခ်ိန္ဘဲ မိမိျဖစ္ခ်င္သၫ့္ ဦးတည္ခ်က္ တစ္ခုတည္းကိုသာသိၿပီး၊ မိမိလုပ္ေဆာင္မႈသည္ မိမိဦးတည္ခ်က္ပန္းတိုင္ႏွင့္ စပ္ဆိုင္မႈမရိျွခင္းကို နားမလည္သူတို႔၏ အေမ်ွာ္စိတ္မ်ိဳးသည္ ေၾကာင္းက်ိဳးမဲ့အေမ်ွာ္ စိတ္ပင္ ျဖစ္ေပသည္။


မိမိရည္မွန္းခ်က္ပန္းတိုင္ကို သတ္သတ္မွတ္မွတ္ခ်ထားသလို မိမိလုပ္ေဆာင္ခ်က္သည္လည္း ယင္းပန္းတိုင္သို႔ေရာက္ရိွေစႏိုင္သၫ့္ အေၾကာင္းတရား အမွန္အကန္ျဖစ္ေၾကာင္း ေလာကဓမၼနိယာမတို႔ႏွင့္ ႏိႈင္းဆသံုးသပ္ၿပီးမွ ထားရိွအပ္ေသာ အေမ်ွာ္စိတ္မ်ိဳးသည္သာ ေၾကာင္းက်ိဳးသင့္အေမ်ွာ္စိတ္ မည္ေပသည္။



(၇) ေၾကာင္းက်ိဳးမဲ့အေမ်ွာ္စိတ္၏ အႏၲရာယ္ႏွစ္မ်ိဳး

ဗုဒၶဓမၼတရားေတာ္တို႔အား အေၾကာင္းသင့္အက်ိဳးသင့္ သိရိွနားလည္ေအာင္ရွင္းမျပဘဲ ေမ်ွာ္လင့္ခ်က္တစ္ခုကိုသာေပးၿပီး ပံုမွန္ဝတ္မပ်က္ ရြတ္ဖတ္ေစျခင္းသည္ ကာယကံရွင္အတြက္ေရာ သာသနာေတာ္အတြက္ပါ အႏၲရာယ္ႀကီးမားလွေပသည္။ ထိုပုဂၢိုလ္မ်ားအေနႏွင့္ ပံုမွန္ ၀တ္မပ်က္ရြတ္ဖတ္ရင္း ေနာင္ကာလၾကာရွည္ေသာ္ ဘာသာေရးအသိ ရင့္က်က္လာလိမ့္မည္ဟု စိတ္ကူးယဉ္၍မရပါေခ်။ တစ္ေန့ေန့ တစ္ခ်ိန္ခ်ိန္တြင္ ဗုဒၶသာသနာေတာ္၏ ဆန႔္က်င္ဘက္အစြန္းတစ္ဖက္ဖက္သို႔ က်ေရာက္နစ္မြန္းသြားၾကသည္ကသာ မ်ားလွေပသည္။



(၈) လက္ယာစြန္းေရာက္ ယံုမွားမႈ

ဗုဒၶဓမၼအဆိုအဆံုးအမတို႔အား အနက္အဓိပၸာယ္သိရိွနားလည္ျခင္းမရိွဘဲ ဂႏၶာရီဂိုဏ္းသားတို႔၏ ဂါထာမႏၲန္ဆန္ဆန္ ရြတ္ဖတ္ေနရာမွ တိုက္တိုက္ဆိုင္ဆိုင္ပင္ ထိုပုဂၢိုလ္၏အတိတ္ကျပဳခဲ့သၫ့္ ကံ-ဉာဏ္-ဝီရိယ အစြမ္းေၾကာင့္ေမ်ွာ္လင့္ထားသလို ျဖစ္လာတတ္သၫ့္အခါမ်ိဳး လည္းရိွတတ္ပါသည္။ သို႔ေသာ္ ထိုပုဂၢိုလ္မွာ မိမိ၏ ကံ-ဉာဏ္-ဝီရိယ အက်ိဳးကိုခံစားရသည္ဟု မယူဆဘဲ ဗုဒၶဓမၼတရားေတာ္တို႔အား အနက္အဓိပၸာယ္မသိဘဲ ေၾကာင္းက်ိဳးမဲ့အေမ်ွာ္စိတ္ျဖင့္ ရြတ္ဖတ္ျခင္းေၾကာင့္သာ ျဖစ္သည္ဟု နက္ရိႈင္းစြာ ယံုၾကည္သြားတတ္ေပသည္။ ထိုအခါ ယင္းပုဂၢိုလ္အေနႏွင့္ ဗုဒၶဝါဒသည္ လိုက္နာက်င့္သံုးစရာမလိုဘဲ ဓမၼတရားေတာ္မ်ားကို ဂါထာမႏၲရားသဖြယ္ အသံုးျပဳရံုျဖင့္ လိုရာ ၿပီးေျမာက္ေစသၫ့္လမ္းစဉ္ဟု ထင္မွတ္မွားကာ အဓိပၸာယ္မဲ့ ရြတ္ဖတ္ျခင္းသံသရာမွ ရုန္းမထြက္ႏိုင္ဘဲ ရိွေနတတ္ၾကသည္။ ယင္းယံုမွားမႈ မ်ိဳးသည္ မဟာယာနဗုဒၶဘာသာဂိုဏ္းခြဲတစ္ခ်ိဳ႕၌ ထိုးေဖာက္ေနရာယူလာခဲ့ရာ က်င့္ႀကံအားထုတ္စရာမလိုဘဲ ဗုဒၶဓမၼတရားေတာ္မ်ားရြတ္ ဖတ္ရံုမ်ျွဖင့္ မဂ္ဖိုလ္နိဗၺာန္ကိုပင္ မ်က္ေမွာက္ျပဳႏိုင္သည္ဆိုေသာအယူအဆ ထြန္းကားလာခဲ့သည္ကို အထင္အရွား ေတြ့ရိွႏိုင္ေပသည္။



(၉) လက္ဝဲစြန္းေရာက္ ယံုမွားမႈ

ဗုဒၶဓမၼအဆိုအဆံုးအမတို႔အား အနက္အဓိပၸာယ္မသိဘဲ ရြတ္ဖတ္သရဇၩာယ္ေနသူတို႔သည္ ၄င္းတို႔ေမ်ွာ္လင့္ထားသကဲ့သို႔ ျဖစ္မလာ သၫ့္အခါ ေၾကာင္းက်ိဳးမဲ့ ယံုၾကည္တတ္ေသာ မိမိ၏အျပစ္ကို မိမိမျမင္တတ္ၾကဘဲ ဗုဒၶသာသနာေတာ္အေပၚ အျပစ္ပံုခ်တတ္ၾကသည္။ 


ထိုပုဂၢိုလ္ခမ်ာမွာ မူလကပင္ ဗုဒၶဓမၼတရားေတာ္တို႔အား ဂါထာမႏၲရားသဖြယ္ ရြတ္ဖတ္သရဇၩာယ္ျခင္းသည္ ဗုဒၶဝါဒ၏ က်င့္စဉ္တစ္ခုဟု ထင္မွတ္မွားခဲ့ေပရာ ၄င္းေမ်ွာ္လင့္ထင္မွတ္ထားသကဲ့သို႔ ျဖစ္မလာေသာအခါတြင္ ‘ဗုဒၶဝါဒဆိုတာအလကားပါ’ ဟု ပုတ္ခတ္ေျပာဆိုလ်က္ သာသနာေတာ္ကို စြန႔္ပယ္ေက်ာခိုင္းသြားတတ္ၾကေပသည္။



(၁၀) မ်က္ေမွာက္ေခတ္လူငယ္ႏွင့္ အနာဂတ္သာသနာ

သိပၸံပညာတိုးတက္ထြန္းကားမႈ အဆင့္ဆင့္သည္ ဗုဒၶသာသနာေတာ္အဆံုးအမ မည္မ်ွမွန္ကန္သည္ကို သက္ေသျပေနသကဲ့သို႔ရိွလာေပ သည္။ ဗုဒၶသာသနာေတာ္ထြန္းကားျပန႔္ပြားမႈကို လိုလားသူတိုင္း သိပၸံပညာတိုးတက္မႈကို ႀကိဳဆိုအပ္ေပသည္။


သိပၸံပညာ မည္မ်ွထြန္းကားလာပါေစ၊ ဗုဒၶေဟာၾကားေတာ္မူခဲ့သၫ့္ ဓမၼနိယာမ၊ဗီဇနိယာမ၊ ကမၼနိယာမ၊စိတၲနိယာမ၊ ဥတုနိယာမတည္းဟူ ေသာ နိယာမတရားငါးပါး၏ ေဘာင္းအတြင္းမွာပင္ ရိွေနမည္သာျဖစ္ရာ အနတၲေဒသနာသည္ကား ခိုင္မာသည္ထက္ ခိုင္မာေနမည္ သာပင္။


သို႔ေသာ္ မ်က္ေမွာက္ေခတ္လူငယ္ အေတာ္မ်ားမ်ားမွာ ဗုဒၶသာသနာေတာ္အဆံုးအမကို တိတိပပနားလည္ သေဘာေပါက္ျခင္းမရိွၾက ေခ်။ အထက္ကဆိုခဲ့ေသာ လက္ယာအစြန္းေရာက္ယံုမွားမႈႏွင့္ လက္ဝဲအစြန္းေရာက္ယံုမွားမႈတို႔ကိုသာ သူတို႔ပတ္ဝန္းက်င္တြင္ အမ်ား အားျဖင့္ ေတြ့ျမင္ေနၾကရေပရာ စစ္မွန္ေသာဗုဒၶသာသနာေတာ္ႀကီး ဆက္လက္တည္တံ့ခိုင္ၿမဲျပန႔္ပြားေရးအတြက္ အသိတရားရိွသူတို႔က ဝိုင္းဝန္းႀကိဳးပမ္းၾကပါမွ ေတာ္ရံုက်ေပလိမ့္မည္။


၁၉၈၀ ျပၫ့္လြန္ႏွစ္မ်ားတြင္ အရိွန္အဟုန္ေကာင္းစြာ ဖြံ႔ၿဖိဳးတိုးတက္လာခဲ့ေသာ အေရ႔ွေတာင္အာရွကြၽန္းႏိုင္ငံတစ္ခုရိွ မွတ္တမ္းမ်ားအရ သူတို႔ႏိုင္ငံတြင္ သိပၸံပညာထြန္းကားမႈႏွင့္ ဗုဒၶဘာသာကိုးကြယ္မႈ ေျပာင္းျပန္အခ်ိဳးက်ခဲ့ေၾကာင္း ေတြ့ရိွရသည္။


လူငယ္အမ်ားစုမွာ သိပၸံပညာကိုသာ အထင္ႀကီးကိုးစားလာၾကၿပီး ဗုဒၶသာသနာေတာ္အားေက်ာခိုင္းလာၾကသည္ဟုဆိုသည္။


အကယ္စင္စစ္ ယင္းသို႔ျဖစ္ရျခင္း၏အေၾကာင္းရင္းမွာ သူတို႔ဆီတြင္ စစ္မွန္ေသာဗုဒၶသာသနာ မထြန္းကားခဲ့ဘဲ ထိုလူငယ္တို႔ထက္ အလ်င္က်ေသာ မ်ိဳးဆက္မွာလည္း ေၾကာင္းက်ိဳးမဲ့ အေမ်ွာ္စိတ္ကိုအေျခခံခဲ့သၫ့္ အမည္ခံဗုဒၶဘာသာဝင္မ်ားသာ ျဖစ္ခဲ့ေသာေၾကာင့္ပင္ ျဖစ္သည္။


အခ်ဳပ္ဆိုရေသာ္ အသိဉာဏ္ႏွင့္ မယွဉ္ေသာယံုၾကည္မႈမ်ိဳးသည္ သာသနာကြယ္ပရာ အေၾကာင္းတရားတစ္ရပ္ျဖစ္သည္ ဆိုျခင္းကို ကြၽႏ္ုပ္တို႔အေလးအနက္သတိျပဳအပ္ေပေတာ့သည္။


၀င္းသိန္းဦး

(ဓမၼရံသီ၊အမွတ္ - ၆၀၊ ၁၉၉၄ ခုႏွစ္၊ ဒီဇင္ဘာလ)


Saturday, May 29, 2021

စိတ်ကြွ - မူးယစ် - အရက် မိမိကိုယ်တိုင်ဖြတ်

 [Unicode]စိတ်ကြွ - မူးယစ် - အရက် မိမိကိုယ်တိုင်ဖြတ်

========================

#ဆောင်းပါးရှင် တင်ထက်ထက်ဇော်

#မူးယစ်ဆေးဝါး

#အရက်သေစာ

#ကျန်းမာရေး




(ယနေ့ခေတ်လူငယ်တွေအတော်များများ လိုင်းမစုံရင် ယောက်ျားမပီသဘူးထင်မြင်ယူဆနေကြတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောလာတဲ့အခါ ငြင်းဆန်ရတာ ခပ်ခက်ခက်ဖြစ်နေမိပါတယ်။ ပညာတတ်ပြီး မိမိကျန်းမာရေးကို မိမိသိရှိဂရုစိုက်သူလူငယ်တွေကတော့ အာရုံတွေဖျားယောင်းတဲ့နောက်လိုက်မှာမဟုတ်ပါဘူးလို့ ဆင်ခြေပေးရတာပေါ့သူ့ကို။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး၊ အရက်သေစာ၊ ဓာတုစိတ်ပြောင်းဆေးတွေကို သုံးစွဲမိပြီး စွဲလမ်းနေကြတဲ့ လူငယ်များ အနေနဲ့ မိမိစိတ်ကိုမိမိ ထိန်းချုပ်ကာ ဆေးဖြတ်နိုင်ကြပါပြီ။ ဥပဒေရေးရာ အရေးယူမှုမခံရဘဲ ကုသမှုခံယူနိုင်ကြတဲ့နေရာတွေများလာပြီလေ။ သည်အကြောင်းလေးကို ပြောချင်တာမို့ ဆောင်းပါးရှင် ဆရာမပေါက်ပေါက်ရဲ့ စာတစ်ပုဒ်ကို ကူးယူဝေငှလိုက်ပါတယ်။)


         စိတ်ကြွရူးသွပ်ဆေးပြား၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် တို့က လူကို ဘေးဖြစ်စေတတ်သည်၊ ရှောင်ရှားကြရမည်ကို တတ်သိစအရွယ်ကစ၍ ယနေ့လူသားအားလုံး နားရည်ဝြကပြီးဖြစ်သည်။ သို့သော် “အသိခေါက်ခက် အ၀င်နက်” ဆိုသကဲ့သို့           မကောင်းတာကို သိသိကြီးနှင့်ပင် စိတ်အလိုလိုက်ကာ သုံးစွဲနေကြသူများလည်းရှိသည်။ ထို့ကြောင့် စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် တို့ကို မိမိကိုယ်တိုင်ဖြတ်မှ ပြတ်မည်ဖြစ်ကြောင်းကို စာရေးသူမှ အောက်ပါအတိုင်း အကြံပြု ရေးသားလိုပါသည်။


#စိတ်ကြွရူးသွပ်ဆေးပြား။


ဂျပန်လူမျိုး သိပ္ပံပညာရှင် Dr.Nagayoshi Nagai က ၁၈၈၈ ခုနှစ်တွင် ဓာတုဗေဒပစ္စည်းများဖြင့် စမ်းသပ်ထုတ်လုပ်ရာမှ မက်ဒက်ဖီတမင်း ကို တွေ့ရှိခဲ့သည်။ ထိုမှတဆင့် အမ်ဖက်တမင်းဆေးမှုန့်ကို ထုတ်လုပ်ခဲ့ပြီး ၄င်းဆေးဝါးကို ပန်းနာရင်ကျပ် ပျောက်ဆေး၊ အ၀လွန်ခြင်းကို လျော့ချစေသည့်ဆေးအဖြစ် အသုံးပြုကြသည်။ ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုက်နိုပွန်ကုမ္ပဏီက Philopon ဟူသော ဆေးအမည်ဖြင့် WY ဆေးပြား အမ်ဖက်တမင်းကို ထုတ်လုပ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း စတင် အသုံးပြုခဲ့ သည်။ ထိုခေတ်ကာလက ဂျပန်စစ်သည်လူနာ များအတွက် WY ဆေးပြားသုံးရခြင်း၏ ရည်ရွယ်ချက်မှာ စိတ်ကို နိုးကြား ပျော်ရွှင် လန်းဆန်းစေရန်၊ စိတ်မွန်းကျပ်မှု၊ ချုပ်တီးမှု၊ ဖိစီးမှုများ ပြေလျော့စေရန်၊ သောကများ၍ စိတ်ဝေဒနာ ခံစားနေရခြင်းများမှ သက် သာစေရန်အတွက် တိုက်ကျွေးခဲ့ခြင်းဖြစ်သည်။ သို့သော် ၄င်းဆေးပြားသည် ဦးနှောက် နှင့် ဗဟိုနာဗ့်ကြော အဖွဲ့အစည်းများ ၏  လှုပ်ရှားမှုများကို ပိုမိုမြန်ဆန်သွက်လက်အောင် လှုံ့ဆော် တတ်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည်။ မလိုအပ်ဘဲ သုံးစွဲခြင်း (သို့မဟုတ်) ကျန်းမာရေးအရ လိုအပ်သည်ထက် ပို၍ သုံးစွဲမိရာတွင် အဆင်မသင့်ပါက စိတ်ရောဂါလက္ခဏာများ ပေါ်ထွက်လာ ကာ အရူးတစ်ပိုင်းသဖွယ် ပြုမူဆက်ဆံတတ်သော ကြောင့် “စိတ်ကြွရူးသွပ်ဆေး” ဟု ခေါ်ခြင်းဖြစ်သည်။


#စိတ်ကြွရူးသွပ်ဆေးအန္တရာယ်။

·         စဦး အဆင့်။

စိတ်ကြွရူးသွပ်ဆေးကို တလွဲသုံးစွဲသောက်ပြီးနောက် ခဏအကြာမှာ နှလုံးတုန်ရင်ခုန်ပြီး အသက်ရှုမြန်စေသည်။ စိတ် တက်ကြွမှုကိုခံစားရပြီး စကားများများပြောခြင်း၊ သွက်လက်လှုပ်ရှားခြင်း၊ စိတ်ဆတ် စိတ်ဆိုးခြင်း ဖြစ်လွယ်သည်။ စိတ် တက်ကြွမှု ပြင်းထန်လာသည်နှင့်အမျှ အားအင်ဆုတ်ယုတ်၍ နုံးခွေမှုပါ တစ်ဆက်တည်း ခံစားရသည်။ ထို့နောက် ခြေ၊ လက်တုန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မူးဝြေခင်း၊ စိတ်တင်းကျပ်ခြင်း၊ ရင်ဘတ်နာခြင်း၊ ကာမရာဂစိတ်များ ပြောင်းလဲဖောက် ပြန်ခြင်း၊ စိုးရိမ်လွန်ပူပန်ခြင်း၊ အအိပ်နည်းခြင်း ဖြစ်စေသည်။


·         ဆေးကျွမ်း(ဆေးစွဲ) အဆင့်။

သုံးစွဲမှုများပြားလာသည်နှင့်အမျှအသက်ရှုမဝြခင်း၊ ခေါင်းကိုက်ခြင်း၊ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အစားအသောက် ပျက် ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်မြန်ခြင်း၊ အမှန်တကယ်မရှိပါဘဲ နှင့် အမြင်၊ အကြား၊ အသိ အာရုံမှားများ ခံစား ရခြင်း၊ သူတစ်ပါးအား သံသယစိတ်ဝင်ပြီး သင်္ကာမကင်းဖြစ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ် ပျောက်ပြီး ပတ်ဝန်းကျင်ကို စိုးကြောက်ခြင်း၊ သောကများပြီး ထိန်းမနိုင် သိမ်းမရပေါက်ကွဲခြင်း၊ မိမိအား လျှပ်စစ်ဖြင့်တို့ခြင်း၊ လေဆာရောင်ခြည်ဖြင့် တိ်ု့ခြင်း၊ အဝေးထိန်းခလုတ်ဖြင့် ထိန်း၍ တစ်ယောက်ယောက်က စိတ်ဒုက္ခပေးနေသည်ဟု ထင်ယောင်ထင်မှား ခံစား ရခြင်း၊ အာရုံကြောနှင့် ကြွက်သားများရုန်း၍ တွန့်လိမ် ကောက်ကွေးဖြစ်ခြင်း တို့ဖြစ်စေသည်။


·         ဆေးလွန် အဆင့်။

ဆေးလွန်လျှင် စိတ်ဖောက်ပြန်ရူးသွပ်ခြင်း၊ ၀က်ရူးပြန်ခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း နှင့် နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက် သွေးကြော ပွခြင်း၊ သွေးကြောပြတ်၍ သွေးယိုစီးခြင်း၊ လေဖြတ်ခြင်းနှင့်အတူ အသက်ပါ ဆုံးနိုင်သည်။ စိတ်ကြွရူးသွပ် ဆေးပြားများကို ထိုသို့အလွဲသုံးနေရာမှ ရုတ်တရက် ရပ်နားလိုက်လျှင် ပြင်းထန်သော စိတ်ကျရောဂါဖြစ်လာသည်။ ထိုဝေဒနာကို ပြေပျောက်ရန် ယာယီကုစားမှုအနေဖြင့် ရေချိန်ကိုက်ကာ ပြန်လည်သုံးစွဲ နေစဉ် လုံးဝ အိပ်စက်၍မရတော့ ပေ။ ထိုအခါ အိပ်ဆေး နှင့် အရက် ရောနှောပြီးသောက်သုံးသဖြင့် စိတ်ကျလိုက်၊ စိတ်တက်လိုက်ဖြစ်ကာ ၄င်းစွဲလမ်း စိတ်ကို ခံနိုင်ရည်စွမ်းအား မရှိတော့ဘဲ ဆေးလွန်ပြီး သေဆုံးနိုင်သည်။


·         ဘ၀နိဂုံးအဆုံးမလှ။

စိတ်မခိုင်ဘဲ ဆေးဖြတ်လိုက်၊ သုံးစွဲလိုက် ပြုလုပ်ခဲ့လျှင် စိတ်ကျခြင်း၊ အစားများများစားခြင်း၊ အချိန်ကြာမြင့်စွာ အိပ်စက် ခြင်း၊ အစာအိမ်ရောဂါဖြစ်ခြင်း စသည်တို့ခံစားရပြီး နောက်ဆုံးအဆင့်တွင် မိမိကိုယ်ကို သတ်သေခြင်းဖြင့် အဆုံးစီရင် သွားကြသော သာဓကများစွာ တွေ့ရသည်။


#ဘိန်းဖြူ။

စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများတွက် ဘိန်းဖြူသည် အမြင့်ဆုံး နှင့် အပြင်းထန်ဆုံး အက်ဆစ်တစ်မျိုး ဖြစ် သည်။ အထက်တွင် ဖော်ပြထားသော WY ဆေးပြား အက်ဆစ်ကို အခြေခံထားပြီး၊ sulphuric အက်ဆစ်၊ nitric အက်ဆစ် တို့အပြင် ထုံးရည်ကြည် စသည့် အက်ဆစ် (၁၄) မျိုးပါဝင်သည်။ ဘိန်းဖြူသုံးစွဲပြီးနောပ် ဆေးကျွမ်းသည့်အဆင့်မှာ လူ့ခန္ဓာကိုယ် ၏ အမာဆုံး အစိပ်အပိုင်းဖြစ်သော အရိုးများက အမှုန့်ဖြစ်သွားစေသည်။


#နီကိုတင်း (သို့မဟုတ်) အဆိပ်ငွေ့။

“မူးယစ်အစ ဆေးလိပ်က” ဖြစ်ပါသည်။ နီကိုတင်း (Nicotine) ဆိုသည်မှာ ဓာတုဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ဓာတုနည်းအရ ဖော်မြူလာကို C10H14N2 ဟု သတ်မှတ်သည်။ နီကိုတင်းဓာတ်သည် ခန္ဓာကိုယ်တွင်း ရောက်ရှိပြီးနောက် နာရီ ၂၀ ကြာသည် အထိ အာနိသင်မပြယ် ရှိနေတတ်ပြီး၊ ၄င်းပမာဏ၏ ရာခိုင်နှုန်း အနည်းငယ်ကိုသာ ဆီးအဖြစ် ကျောက်ကပ်က အဆိပ်ဖယ်ရှား နိုင်သည်။ မိမိကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် နီကိုတင်း အဆိပ်သင့်နိုင်ပါသည်။ ဆေးလိပ်ငွေ့ထဲတွင် ကင်ဆာဖြစ် စေနိုင်သည့် ဓာတုပစ္စည်း ၅၀ ကျော် နှင့် အခြားဓာတ်ပစ္စည်း အမျိုးပေါင်း ၄၀၀၀ ကျော်တို့ ပါဝင်သည်။ ရုံးခန်း၊ အိမ်ခန်း၊ အိမ်စီးကားများ အတွင်း ဆေးလိပ်သောက်ပါက ဆေးလိပ်မှုန်များသည် ကြမ်းပြင်၊ ကြမ်းခင်း၊ ကော်ဇော၊ ဆိုဖာဆက်တီ၊ ဗီရို စသည်တို့အပေါ်တွင် စွဲတင်ကျန်နေပြီး နီကိုတင်းဓာတ်မှာ ရက်ပေါင်းများစွာ တည်ရှိနေသည်။ လေလုံသည့် အခန်းတစ်ခုထဲတွင် ဆေးလိပ်ငွေ့၏ အကြွင်း အကျန်များက ငါးနာရီခန့်ကြာသည်အထိ ရှိနေတတ်သည်။ ကျန်းမာ ရေးအတွက် အလွန်အန္တရာယ်များပြီး  ၄င်းပြဿနာကို Third Hand Smoke ဟု ခေါ်သည်။


နီကိုတင်းဓာတ်သည် လူကိုစွဲလမ်းစေတတ်သောဂုဏ်သတ္တိရှိပြီး စိတ်ကိုပါပြောင်းလဲစေတတ်သည်။ နီကိုတင်း စွဲလမ်းမှု သည် အရက်စွဲ လမ်းမှုထက် ၆ ဆ မှ ၈ ဆအထိ ပိုသည်။ ထို့ကြောင့်လည်း နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဖြစ်သွားကြသည်။ ဆေးလိပ်ထဲတွင်ပါရှိသော နီကိုတင်းဓာတ်သည် ကောင်းစွာအိပ်စက်မှုကို နှောင့်ယှက်ရုံ သာမက၊ အဆုတ်ထဲရောက် သွားသော နီကိုတင်းအဆိပ်ဓာတ်တို့သည် အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းကိုပါ အဟန့် အတား ဖြစ်စေသည်။ ထိုမျှမက နှလုံး သွေးကြောကျဉ်း၊ သွေးကြောပိတ်၊ လေဖြတ်၊ အဆုတ်ပြွန်ရောင်၊ အဆုတ်ပွ၊ သွေးတိုး၊ ခြေ ပုပ်လက်ပုပ်၊ ပန်းသေပန်းညှိုး၊ ပါကင်န်ဆဲန် (ခေါ်) ခြေတုံလက်တုံရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ အူရောင်ရောဂါ၊ သတိမေ့လျော့သွားခြင်း၊ စိတ်ကျရောဂါ၊ အ၀လွန်ခြင်း၊ အဆစ်အမြစ်ရောင်နာရောဂါ စသည့်ရောဂါများစွာကို ခံစားရရှိနိုင်သည်။ ကိုယ်ဝန်ဆောင် မိခင်များကိုယ်တိုင် ဆေးလိပ် သောက်၍ဖြစ်စေ၊ ကိုယ်ဝန်ဆောင်စဉ် second smoker အဖြစ် နီကိုတင်းဓာတ်ကို မကြာခဏ ရှုရှိုက်မိ၍ဖြစ်စေ မိခင်ရောသန္ဓေသားပါ ဆိုးကျိုးများစွာကိုခံစားရနိုင်သည်။ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုးတွေပါ ထွက်စေသည်။


အီးစီးကရက်သောက်ခြင်းက ဆေးလိပ် လုံးဝ မပြတ်နိုင်ပါ။ နီကိုတင်းကို ပုံစံပြောင်းပြီး ရေပြောင်းပုံစံ ပြုလုပ်ထားခြင်း မျှသာဖြစ်သည်။ အီးစီးကရက်သောက်သုံးခြင်းက ပေါက်ကွဲတတ်၍ လူကို အန္တရာယ်ဖြစ်စေနိုင်သည်။ ယခုအခါ အီးစီးကရက် ထုတ်လုပ်ခဲ့သော အနောက်နိုင်ငံများပင် သုံးစွဲမှုကို တရားဝင် တားမြစ်ထားသည်။


အောက်ပါအစားအစာများက နီကိုတင်း အဆိပ်ပြေပျောက်စေရန် အထိုက်အလျောက် ကောင်းကျိုးပြုသည်။

·         လက်ဖက်ခြောက်ခပ်ထားသော ရေနွေးပူပူသောက်ပါ။

·         ပူရှိန်းဓာတ်ပါသော ပီကေ (သို့မဟုတ်) အချိုဓာတ်လျော့သော ပူရှိန်းသကြားလုံးများ၊  ပူရှိန်းငုံဆေးပြားများ က ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်းမှလည်း သက်သာစေသည်။

·         ရေများများသောက်ပါ။

·         မုန်လာဥနီက ဆေးလိပ်သောက်သုံးသူများ နှင့် စီးကရက်မီးခိုးငွေ့ရှုရှိုက်မိသူများအတွက် နီကိုတင်းအဆိပ် ငွေ့ ဖြေပေးနိုင်ပါသည်။

·         ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီဖြူ၊ ဂေါ်ဖီထုပ်၊ မချိုသော လိမ္မော်သီး၊ ကီဝီသီး၊ ပန်းသီး၊ တ လည်းသီး၊ သံပုရာသီး၊ ဘယ်ရီသီးအမျိုးမျိုး၊ ပူစီနံရွက်၊ ကိုက်လံ၊ ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်၊ နှင့် ဟင်းနုနယ်ရွက် တို့ကလည်း ခန္ဓာကိုယ်တွင်းရှိ နီကိုတင်းအဆိပ်အတောက်များကို ဖယ်ရှားသုတ်သင် ပေး နိုင်သည်။ 


#သေရည်အရက်။


အရက်ဆိုသည်မှာ ပေါင်းခံချက်လုပ်ရသော Ethyl Alcohol ဓာတုအရည်တစ်မျိုးဖြစ်၍၊ အရက်သောက်သုံး သူများသည် ဓာတုအရည် များကို မျိုချိုနေကြခြင်းဖြစ်သည်။ Ethyl Alcohol ဟာ ဓာတုပစ္စည်းတစ်မျိုး ဖြစ်တာကြောင့်လည်း ရေမွှေး၊ ပေါင်ဒါ မှုန့်၊ မိတ်ကပ် စသည့် အလှကုန်ပစ္စည်းများ အတွက်သာမက ဆေးဝါး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့် စသဖြင့် လူသုံးကုန် ပစ္စည်းတွေမှာပါ ထည့်သွင်းဖော်စပ်လေ့ရှိသည်။ အရက်သောက်ခြင်းက DNA ၏ ပင်မဆဲလ်များ ပျက်စီးသွားခြင်းကြောင့် အသည်း၊ ရင်သား၊ အူသိမ် အူမ၊ လည်ချောင်း၊ ခံတွင်း၊ အစာပြွန် နှင့် အသံအိုးဆိုင်ရာ ကင်ဆာရောဂါ  ခုနှစ်မျိုးကို ဖြစ်ပွားစေနိုင်သည်။ ရံဖန်ရံခါမှ အရက်အလွန်အကျွံ သောက်မိခြင်းထက် ပမာဏ အနည်းငယ်စီ မကြာခဏသောက်ခြင်းက နှလုံးခုန်နှုန်း မူမမှန်ဖြစ်လာနိုင်သည့် အန္တရာယ်မြင့်တက်စေနိုင်သည်။


“ဓားကိုဖျက် ဝါးမြက်၊ လူကိုဖျက် အရက်”  ဖြစ်သည်။ အရက်သောက်နည်း သုံးမျိုးရှိရာ (၁) ရံဖန်ရံခါမှ  ပေါင်းသင်း ဆက်ဆံရေးအတွက် မလွှဲမရှောင်သာ၍ သောက်ခြင်းကို “လူက အရက်ကိုသောက်တယ်” ဟုခေါ်သည်။  (၂) ညနေစောင်းချိန် ရောက်တိုင်း လေချဉ်တက်ကာ တောင်းတနေခြင်းမျိုးကို “ အရက်က လူကိုသောက်တယ်” ဟုခေါ်သည်။  (၃) မိုးလင်းကတည်း က အရက်နှင့်မျက်နှာသစ်ကာ တစ်နေကုန် အချိန်ရှိသရွေ့သောက်ခြင်းကို “ အရက်က အရက်ကိုသောက်တယ် ” ဟု ခေါ်သည်။


အရက်နာကျ ဝေဒနာမဖြစ်စေရန်အတွက် -

·         အရက်သောက်ပြီးနောက် အိပ်ခါနီး သောက်ရေ ၂ ခွက်ဆင့်သောက်ပါ။ (သို့မဟုတ်) အိပ်ယာမ၀င်ခင် အက်စ်ပရင်ဆေးပြား နှစ်ပြားကို သောက်ရေ တစ်ဖန်ခွက်ဖြင့် သောက်ပါ။

·         အရက်နာကျဝေဒနာ သက်သာစေရန် သခွားသီး ဆားရည်စိမ် စားပါ။

·         မနက်အိပ်ယာထ  ဖြီးကြမ်းငှက်ပျောစားပါ (သို့မဟုတ်) ပျားရည် နှင့် ရေနွေးပူသောက်ပါ။ (သို့မဟုတ်) ကြက်ဥစိမ်း သောက်ပါ။


အရက်ဖြတ်ရန် ကြိုးစားရာတွင် ဇောချွေးပြန်ခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ စိုး ရိမ်စိတ်ကြီး ခြင်း၊ စိတ်တို တတ်ခြင်း၊ သူတပါးအပေါ် သံသယစိတ်ကြီးခြင်း၊ စိတ် ကယောင်ချောက်ချားဖြစ်ခြင်း၊ တက်ခြင်း စသည် ဖြင့်  အသက်အန္တရာယ် ကိုဖြစ်စေနိုင်၍ အရက်စွဲသူများအနေဖြင့် အရက်ဖြတ်သည့်အခါမှာလည်း အိမ်မှာ မိမိဖာသာ အရက်ဖြတ် ခြင်းထက်၊ ဆေးရုံတက်၍ အရက်ဖြတ်သင့်ပါသည်။ ဆေးရုံတွင် လိုအပ်သော ဆေးဝါးများကို အသုံးပြုပေးပါလိမ့်မည်။


#မိမိကိုယ်တိုင်ဖြတ်။


စိတ်ကြွရူးသွပ်ဆေးပြား၊ မူးယစ်ဆေးဝါး နှင့် သေရည်အရက် စွဲလမ်းခြင်းကို ကုသရာတွင် ၎င်းတို့ကို တဖြည်းဖြည်း လျော့သုံးစေသည့် နည်း (သို့မဟုတ်) လုံးဝ ဖြတ်စေသည့်နည်း ဖြစ်သည်။ ၎င်းတို့သုံးစွဲမှုကို လုံးဝ ပြတ်သွားသည်နှင့် နောက်ထပ် တစ်ကြိမ် အနည်းငယ် မျှလောက်ပင် လုံးဝ ပြန်မသုံးရန် လိုအပ်သည်။ ၎င်းတို့ကို သုံးစွဲသောက်စားနေသူများ၊ ရောင်းဝယ်သူများ နှင့် လုံးဝ အဆက်အသွယ် ဖြတ်ရန် လိုအပ်သည်။ အကောင်းဆုံး ရှောင်ရှားရမည့်နည်းမှာ ၎င်းတို့ကို လုံးဝ စတင် အသုံးမပြုရန် ဖြစ်သည်။ မည်သူ တစ်ဦးတစ် ယောက်မျှ မွေးကတည်း မူးယစ်၊ ဆေးလိပ်၊ အရက် ဖက်လာခဲ့ကြသည်မဟုတ်ပေ။ ၎င်းတို့သည် သူရာမေရယကံ မြောက်သဖြင့် (၅) ပါးသီလ မလုံ၍ နိဗ္ဗာန်ချမ်းသာနှင့် ဝေးနိုင်သည်။


အလွန်အကျွံသုံးစွဲ သောက်သုံးမိ၍ ဆေးစွဲခြင်း၊ အရက်နာကျခြင်း ဖြစ်လာရသည်။ ထိုအခါ သတိသံဝေဂရ၍ ဆေးဖြတ်၊ အရက်ဖြတ် ခြင်းကို ခံယူကြရာ၌ မိသားစု၊ ဆွေမျိုး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် အားထုတ်ကြရသောအခါ အခက် အခဲလေးတွေ ရှိကောင်းရှိလာနိုင်သည်။ မည်ကဲ့သို့သော အခြေအနေမျိုးတွင်ဖြစ်စေ အများသဘောထားတွေကို မိမိစိတ်ဖြင့် အဆင်ပြေအောင် ကြိုးစား နေထိုင်သွားမည်ဟု စိတ်ကိုပြင်ဆင်ထားဖို့လိုပါသည်။ ပတ်ဝန်းကျင်က ယုံကြည်လာအောင် နေထိုင် ပြရပါမည်။ အိမ်ထောင်သည်ဖြစ်စေ၊ အိမ်ထောင်မရှိသည်ဖြစ်စေ ယောကျာ်းတို့မည်သည် အိမ်ထောင်ဦးစီးဖြစ်သည့်အတွက် ဦးစွာပထမ မိမိစိတ်ကို မိမိကိုယ်တိုင် ထိန်းမတ်နိုင်မှသာလျှင် မိသားစုကိုလည်း ဦးဆောင်နိုင်မှာဖြစ်သည်။


စာရေးသူက အောက်ပါ စကား (၃)ခွန်းဖြင့် စကားလက်ဆောင်ပါးရင်း ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ပါသည်။

·         ပျင်း ပျင်းမှန်းသိ လူတော်ဖြစ်၏ ၊ ပျင်းလျက်ပင် လူတော်ထင် ပျင်းမြဲ ပျင်းမည်ပင်။

·         ဖျင်း ဖျင်းမှန်းသိ လူတော်ဖြစ်၏ ၊ ဖျင်းလျက်ပင် လူတော်ထင် ဖျင်းမြဲ ဖျင်းမည်ပင်။

·         မကောင်း မကောင်းမှန်းသိ လူတော်ဖြစ်၏၊ မကောင်းလျက်ပင် ကောင်းသည်ထင် မကောင်းမြဲမကောင်းမည်ပင်။


စေတနာများစွာဖြင့်

ဆောင်းပါးရှင်... တင်ထက်ထက်ဇော် (ခ) ပေါက်ပေါက် ရေးသားမျှဝေသည်။


[Zawgyi]စိတ္ႂကြ - မူးယစ္ - အရက္ မိမိကိုယ္တိုင္ျဖတ္

========================

#ေဆာင္းပါးရွင္ တင္ထက္ထက္ေဇာ္

#မူးယစ္ေဆးဝါး

#အရက္ေသစာ

#က်န္းမာေရး




(ယေန့ေခတ္လူငယ္ေတြအေတာ္မ်ားမ်ား လိုင္းမစံုရင္ ေယာက္်ားမပီသဘူးထင္ျမင္ယူဆေနၾကတယ္လို႔ သူငယ္ခ်င္းတစ္ေယာက္က ေျပာလာတဲ့အခါ ျငင္းဆန္ရတာ ခပ္ခက္ခက္ျဖစ္ေနမိပါတယ္။ ပညာတတ္ၿပီး မိမိက်န္းမာေရးကို မိမိသိရိွဂရုစိုက္သူလူငယ္ေတြကေတာ့ အာရံုေတြဖ်ားေယာင္းတဲ့ေနာက္လိုက္မွာမဟုတ္ပါဘူးလို႔ ဆင္ေျခေပးရတာေပါ့သူ႔ကို။ သို႔ေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ကိုေျပာင္းလဲေစေသာ မူးယစ္ေဆးဝါး၊ အရက္ေသစာ၊ ဓာတုစိတ္ေျပာင္းေဆးေတြကို သံုးစြဲမိၿပီး စြဲလမ္းေနၾကတဲ့ လူငယ္မ်ား အေနနဲ႔ မိမိစိတ္ကိုမိမိ ထိန္းခ်ဳပ္ကာ ေဆးျဖတ္ႏိုင္ၾကပါၿပီ။ ဥပေဒေရးရာ အေရးယူမႈမခံရဘဲ ကုသမႈခံယူႏိုင္ၾကတဲ့ေနရာေတြမ်ားလာၿပီေလ။ သည္အေၾကာင္းေလးကို ေျပာခ်င္တာမို႔ ေဆာင္းပါးရွင္ ဆရာမေပါက္ေပါက္ရဲ့ စာတစ္ပုဒ္ကို ကူးယူေဝငွလိုက္ပါတယ္။)


         စိတ္ႂကြရူးသြပ္ေဆးျပား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ တို႔က လူကို ေဘးျဖစ္ေစတတ္သည္၊ ေရွာင္ရွားၾကရမည္ကို တတ္သိစအရြယ္ကစ၍ ယေန့လူသားအားလံုး နားရည္ျဝကၿပီးျဖစ္သည္။ သို႔ေသာ္ “အသိေခါက္ခက္ အ၀င္နက္” ဆိုသကဲ့သို႔           မေကာင္းတာကို သိသိႀကီးႏွင့္ပင္ စိတ္အလိုလိုက္ကာ သံုးစြဲေနၾကသူမ်ားလည္းရိွသည္။ ထို႔ေၾကာင့္ စိတ္ႂကြရူးသြပ္ေဆးျပားမ်ား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ တို႔ကို မိမိကိုယ္တိုင္ျဖတ္မွ ျပတ္မည္ျဖစ္ေၾကာင္းကို စာေရးသူမွ ေအာက္ပါအတိုင္း အႀကံျပဳ ေရးသားလိုပါသည္။


#စိတ္ႂကြရူးသြပ္ေဆးျပား။


ဂ်ပန္လူမ်ိဳး သိပၸံပညာရွင္ Dr.Nagayoshi Nagai က ၁၈၈၈ ခုႏွစ္တြင္ ဓာတုေဗဒပစၥည္းမ်ားျဖင့္ စမ္းသပ္ထုတ္လုပ္ရာမွ မက္ဒက္ဖီတမင္း ကို ေတြ့ရိွခဲ့သည္။ ထိုမွတဆင့္ အမ္ဖက္တမင္းေဆးမႈန႔္ကို ထုတ္လုပ္ခဲ့ၿပီး ၄င္းေဆးဝါးကို ပန္းနာရင္က်ပ္ ေပ်ာက္ေဆး၊ အ၀လြန္ျခင္းကို ေလ်ာ့ခ်ေစသၫ့္ေဆးအျဖစ္ အသံုးျပဳၾကသည္။ ၁၉၄၁ ခုႏွစ္တြင္ ဂ်ပန္ႏိုင္ငံ ဒိုက္ႏိုပြန္ကုမၸဏီက Philopon ဟူေသာ ေဆးအမည္ျဖင့္ WY ေဆးျပား အမ္ဖက္တမင္းကို ထုတ္လုပ္ၿပီး ဒုတိယကမ႓ာစစ္အတြင္း စတင္ အသံုးျပဳခဲ့ သည္။ ထိုေခတ္ကာလက ဂ်ပန္စစ္သည္လူနာ မ်ားအတြက္ WY ေဆးျပားသံုးရျခင္း၏ ရည္ရြယ္ခ်က္မွာ စိတ္ကို ႏိုးၾကား ေပ်ာ္ရႊင္ လန္းဆန္းေစရန္၊ စိတ္မြန္းက်ပ္မႈ၊ ခ်ဳပ္တီးမႈ၊ ဖိစီးမႈမ်ား ေျပေလ်ာ့ေစရန္၊ ေသာကမ်ား၍ စိတ္ေဝဒနာ ခံစားေနရျခင္းမ်ားမွ သက္ သာေစရန္အတြက္ တိုက္ေကြၽးခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ၄င္းေဆးျပားသည္ ဦးေနွာက္ ႏွင့္ ဗဟိုနာဗ့္ေၾကာ အဖြဲ႔အစည္းမ်ား ၏  လႈပ္ရွားမႈမ်ားကို ပိုမိုျမန္ဆန္သြက္လက္ေအာင္ လႈံ႔ေဆာ္ တတ္ေသာ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္သည္။ မလိုအပ္ဘဲ သံုးစြဲျခင္း (သို႔မဟုတ္) က်န္းမာေရးအရ လိုအပ္သည္ထက္ ပို၍ သံုးစြဲမိရာတြင္ အဆင္မသင့္ပါက စိတ္ေရာဂါလကၡဏာမ်ား ေပၚထြက္လာ ကာ အရူးတစ္ပိုင္းသဖြယ္ ျပဳမူဆက္ဆံတတ္ေသာ ေၾကာင့္ “စိတ္ႂကြရူးသြပ္ေဆး” ဟု ေခၚျခင္းျဖစ္သည္။


#စိတ္ႂကြရူးသြပ္ေဆးအႏၲရာယ္။

·         စဦး အဆင့္။

စိတ္ႂကြရူးသြပ္ေဆးကို တလြဲသံုးစြဲေသာက္ၿပီးေနာက္ ခဏအၾကာမွာ ႏွလံုးတုန္ရင္ခုန္ၿပီး အသက္ရႈျမန္ေစသည္။ စိတ္ တက္ႂကြမႈကိုခံစားရၿပီး စကားမ်ားမ်ားေျပာျခင္း၊ သြက္လက္လႈပ္ရွားျခင္း၊ စိတ္ဆတ္ စိတ္ဆိုးျခင္း ျဖစ္လြယ္သည္။ စိတ္ တက္ႂကြမႈ ျပင္းထန္လာသည္ႏွင့္အမ်ွ အားအင္ဆုတ္ယုတ္၍ ႏံုးေခြမႈပါ တစ္ဆက္တည္း ခံစားရသည္။ ထို႔ေနာက္ ေျခ၊ လက္တုန္ျခင္း၊ ဂနာမၿငိမ္ျဖစ္ျခင္း၊ မူးေျဝခင္း၊ စိတ္တင္းက်ပ္ျခင္း၊ ရင္ဘတ္နာျခင္း၊ ကာမရာဂစိတ္မ်ား ေျပာင္းလဲေဖာက္ ျပန္ျခင္း၊ စိုးရိမ္လြန္ပူပန္ျခင္း၊ အအိပ္နည္းျခင္း ျဖစ္ေစသည္။


·         ေဆးကြၽမ္း(ေဆးစြဲ) အဆင့္။

သံုးစြဲမႈမ်ားျပားလာသည္ႏွင့္အမ်ွအသက္ရႈမျဝခင္း၊ ေခါင္းကိုက္ျခင္း၊ ပူလိုက္ေအးလိုက္ျဖစ္ျခင္း၊ အစားအေသာက္ ပ်က္ ျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ စိတ္ျမန္ျခင္း၊ အမွန္တကယ္မရိွပါဘဲ ႏွင့္ အျမင္၊ အၾကား၊ အသိ အာရံုမွားမ်ား ခံစား ရျခင္း၊ သူတစ္ပါးအား သံသယစိတ္ဝင္ၿပီး သကၤာမကင္းျဖစ္ျခင္း၊ မိမိကိုယ္ကို ယံုၾကည္စိတ္ ေပ်ာက္ၿပီး ပတ္ဝန္းက်င္ကို စိုးေၾကာက္ျခင္း၊ ေသာကမ်ားၿပီး ထိန္းမႏိုင္ သိမ္းမရေပါက္ကြဲျခင္း၊ မိမိအား လ်ွပ္စစ္ျဖင့္တို႔ျခင္း၊ ေလဆာေရာင္ျခည္ျဖင့္ တိ္ု႔ျခင္း၊ အေဝးထိန္းခလုတ္ျဖင့္ ထိန္း၍ တစ္ေယာက္ေယာက္က စိတ္ဒုကၡေပးေနသည္ဟု ထင္ေယာင္ထင္မွား ခံစား ရျခင္း၊ အာရံုေၾကာႏွင့္ ႂကြက္သားမ်ားရုန္း၍ တြန႔္လိမ္ ေကာက္ေကြးျဖစ္ျခင္း တို႔ျဖစ္ေစသည္။


·         ေဆးလြန္ အဆင့္။

ေဆးလြန္လ်ွင္ စိတ္ေဖာက္ျပန္ရူးသြပ္ျခင္း၊ ၀က္ရူးျပန္ျခင္း၊ ႏွလံုးေသြးေၾကာ ပိတ္ျခင္း ႏွင့္ ႏွလံုးေရာဂါျဖစ္ျခင္း၊ ဦးေနွာက္ ေသြးေၾကာ ပျြခင္း၊ ေသြးေၾကာျပတ္၍ ေသြးယိုစီးျခင္း၊ ေလျဖတ္ျခင္းႏွင့္အတူ အသက္ပါ ဆံုးႏိုင္သည္။ စိတ္ႂကြရူးသြပ္ ေဆးျပားမ်ားကို ထိုသို႔အလြဲသံုးေနရာမွ ရုတ္တရက္ ရပ္နားလိုက္လ်ွင္ ျပင္းထန္ေသာ စိတ္က်ေရာဂါျဖစ္လာသည္။ ထိုေဝဒနာကို ေျပေပ်ာက္ရန္ ယာယီကုစားမႈအေနျဖင့္ ေရခ်ိန္ကိုက္ကာ ျပန္လည္သံုးစြဲ ေနစဉ္ လံုးဝ အိပ္စက္၍မရေတာ့ ေပ။ ထိုအခါ အိပ္ေဆး ႏွင့္ အရက္ ေရာေနွာၿပီးေသာက္သံုးသျဖင့္ စိတ္က်လိုက္၊ စိတ္တက္လိုက္ျဖစ္ကာ ၄င္းစြဲလမ္း စိတ္ကို ခံႏိုင္ရည္စြမ္းအား မရိွေတာ့ဘဲ ေဆးလြန္ၿပီး ေသဆံုးႏိုင္သည္။


·         ဘ၀နိဂံုးအဆံုးမလွ။

စိတ္မခိုင္ဘဲ ေဆးျဖတ္လိုက္၊ သံုးစြဲလိုက္ ျပဳလုပ္ခဲ့လ်ွင္ စိတ္က်ျခင္း၊ အစားမ်ားမ်ားစားျခင္း၊ အခ်ိန္ၾကာျမင့္စြာ အိပ္စက္ ျခင္း၊ အစာအိမ္ေရာဂါျဖစ္ျခင္း စသည္တို႔ခံစားရၿပီး ေနာက္ဆံုးအဆင့္တြင္ မိမိကိုယ္ကို သတ္ေသျခင္းျဖင့္ အဆံုးစီရင္ သြားၾကေသာ သာဓကမ်ားစြာ ေတြ့ရသည္။


#ဘိန္းျဖဴ။

စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားတြက္ ဘိန္းျဖဴသည္ အျမင့္ဆံုး ႏွင့္ အျပင္းထန္ဆံုး အက္ဆစ္တစ္မ်ိဳး ျဖစ္ သည္။ အထက္တြင္ ေဖာ္ျပထားေသာ WY ေဆးျပား အက္ဆစ္ကို အေျခခံထားၿပီး၊ sulphuric အက္ဆစ္၊ nitric အက္ဆစ္ တို႔အျပင္ ထံုးရည္ၾကည္ စသၫ့္ အက္ဆစ္ (၁၄) မ်ိဳးပါဝင္သည္။ ဘိန္းျဖဴသံုးစြဲၿပီးေနာပ္ ေဆးကြၽမ္းသၫ့္အဆင့္မွာ လူ႔ခႏၶာကိုယ္ ၏ အမာဆံုး အစိပ္အပိုင္းျဖစ္ေသာ အရိုးမ်ားက အမႈန႔္ျဖစ္သြားေစသည္။


#နီကိုတင္း (သို႔မဟုတ္) အဆိပ္ေငြ့။

“မူးယစ္အစ ေဆးလိပ္က” ျဖစ္ပါသည္။ နီကိုတင္း (Nicotine) ဆိုသည္မွာ ဓာတုျဒပ္ေပါင္းတစ္မ်ိဳးျဖစ္ၿပီး ဓာတုနည္းအရ ေဖာ္ျမဴလာကို C10H14N2 ဟု သတ္မွတ္သည္။ နီကိုတင္းဓာတ္သည္ ခႏၶာကိုယ္တြင္း ေရာက္ရိွၿပီးေနာက္ နာရီ ၂၀ ၾကာသည္ အထိ အာနိသင္မျပယ္ ရိွေနတတ္ၿပီး၊ ၄င္းပမာဏ၏ ရာခိုင္ႏႈန္း အနည္းငယ္ကိုသာ ဆီးအျဖစ္ ေက်ာက္ကပ္က အဆိပ္ဖယ္ရွား ႏိုင္သည္။ မိမိကိုယ္တိုင္ ေဆးလိပ္မေသာက္ေသာ္လည္း တစ္ဆင့္ခံ ေဆးလိပ္ေငြ့ေၾကာင့္ နီကိုတင္း အဆိပ္သင့္ႏိုင္ပါသည္။ ေဆးလိပ္ေငြ့ထဲတြင္ ကင္ဆာျဖစ္ ေစႏိုင္သၫ့္ ဓာတုပစၥည္း ၅၀ ေက်ာ္ ႏွင့္ အျခားဓာတ္ပစၥည္း အမ်ိဳးေပါင္း ၄၀၀၀ ေက်ာ္တို႔ ပါဝင္သည္။ ရံုးခန္း၊ အိမ္ခန္း၊ အိမ္စီးကားမ်ား အတြင္း ေဆးလိပ္ေသာက္ပါက ေဆးလိပ္မႈန္မ်ားသည္ ၾကမ္းျပင္၊ ၾကမ္းခင္း၊ ေကာ္ေဇာ၊ ဆိုဖာဆက္တီ၊ ဗီရို စသည္တို႔အေပၚတြင္ စြဲတင္က်န္ေနၿပီး နီကိုတင္းဓာတ္မွာ ရက္ေပါင္းမ်ားစြာ တည္ရိွေနသည္။ ေလလံုသၫ့္ အခန္းတစ္ခုထဲတြင္ ေဆးလိပ္ေငြ့၏ အႂကြင္း အက်န္မ်ားက ငါးနာရီခန႔္ၾကာသည္အထိ ရိွေနတတ္သည္။ က်န္းမာ ေရးအတြက္ အလြန္အႏၲရာယ္မ်ားၿပီး  ၄င္းျပႆနာကို Third Hand Smoke ဟု ေခၚသည္။


နီကိုတင္းဓာတ္သည္ လူကိုစြဲလမ္းေစတတ္ေသာဂုဏ္သတၲိရိွၿပီး စိတ္ကိုပါေျပာင္းလဲေစတတ္သည္။ နီကိုတင္း စြဲလမ္းမႈ သည္ အရက္စြဲ လမ္းမႈထက္ ၆ ဆ မွ ၈ ဆအထိ ပိုသည္။ ထို႔ေၾကာင့္လည္း နီကိုတင္းကို သံုးစြဲမိသြားသူမ်ားမွာ ၉၅ ရာခိုင္ႏႈန္းမွ ၁၀၀ ရာခိုင္ႏႈန္းအထိ ျဖစ္သြားၾကသည္။ ေဆးလိပ္ထဲတြင္ပါရိွေသာ နီကိုတင္းဓာတ္သည္ ေကာင္းစြာအိပ္စက္မႈကို ေနွာင့္ယွက္ရံု သာမက၊ အဆုတ္ထဲေရာက္ သြားေသာ နီကိုတင္းအဆိပ္ဓာတ္တို႔သည္ အိပ္ေပ်ာ္ေနစဉ္ အသက္ရႈလမ္းေၾကာင္းကိုပါ အဟန႔္ အတား ျဖစ္ေစသည္။ ထိုမ်ွမက ႏွလံုး ေသြးေၾကာက်ဉ္း၊ ေသြးေၾကာပိတ္၊ ေလျဖတ္၊ အဆုတ္ႁပြန္ေရာင္၊ အဆုတ္ပြ၊ ေသြးတိုး၊ ေျခ ပုပ္လက္ပုပ္၊ ပန္းေသပန္းၫွိုး၊ ပါကင္န္ဆဲန္ (ေခၚ) ေျခတံုလက္တံုေရာဂါ၊ အယ္လ္ဇိုင္းမား (ေခၚ) ဦးေနွာက္ဇရာႀကိဳေရာဂါ၊ အူေရာင္ေရာဂါ၊ သတိေမ့ေလ်ာ့သြားျခင္း၊ စိတ္က်ေရာဂါ၊ အ၀လြန္ျခင္း၊ အဆစ္အျမစ္ေရာင္နာေရာဂါ စသၫ့္ေရာဂါမ်ားစြာကို ခံစားရရိွႏိုင္သည္။ ကိုယ္ဝန္ေဆာင္ မိခင္မ်ားကိုယ္တိုင္ ေဆးလိပ္ ေသာက္၍ျဖစ္ေစ၊ ကိုယ္ဝန္ေဆာင္စဉ္ second smoker အျဖစ္ နီကိုတင္းဓာတ္ကို မၾကာခဏ ရႈရိႈက္မိ၍ျဖစ္ေစ မိခင္ေရာသႏၶေသားပါ ဆိုးက်ိဳးမ်ားစြာကိုခံစားရႏိုင္သည္။ နီကိုတင္းဓာတ္ေၾကာင့္ ခံတြင္း၊ ဆီး၊ ေခြၽးရနံ႔ဆိုးေတြပါ ထြက္ေစသည္။


အီးစီးကရက္ေသာက္ျခင္းက ေဆးလိပ္ လံုးဝ မျပတ္ႏိုင္ပါ။ နီကိုတင္းကို ပံုစံေျပာင္းၿပီး ေရေျပာင္းပံုစံ ျပဳလုပ္ထားျခင္း မ်ွသာျဖစ္သည္။ အီးစီးကရက္ေသာက္သံုးျခင္းက ေပါက္ကြဲတတ္၍ လူကို အႏၲရာယ္ျဖစ္ေစႏိုင္သည္။ ယခုအခါ အီးစီးကရက္ ထုတ္လုပ္ခဲ့ေသာ အေနာက္ႏိုင္ငံမ်ားပင္ သံုးစြဲမႈကို တရားဝင္ တားျမစ္ထားသည္။


ေအာက္ပါအစားအစာမ်ားက နီကိုတင္း အဆိပ္ေျပေပ်ာက္ေစရန္ အထိုက္အေလ်ာက္ ေကာင္းက်ိဳးျပဳသည္။

·         လက္ဖက္ေျခာက္ခပ္ထားေသာ ေရႏြေးပူပူေသာက္ပါ။

·         ပူရိွန္းဓာတ္ပါေသာ ပီေက (သို႔မဟုတ္) အခ်ိဳဓာတ္ေလ်ာ့ေသာ ပူရိွန္းသၾကားလံုးမ်ား၊  ပူရိွန္းငံုေဆးျပားမ်ား က ေဆးလိပ္ေသာက္ခ်င္စိတ္ကို ခ်ိဳးႏိွမ္ကာ ခံတြင္းခ်ဉ္ျခင္းမွလည္း သက္သာေစသည္။

·         ေရမ်ားမ်ားေသာက္ပါ။

·         မုန္လာဥနီက ေဆးလိပ္ေသာက္သံုးသူမ်ား ႏွင့္ စီးကရက္မီးခိုးေငြ့ရႈရိႈက္မိသူမ်ားအတြက္ နီကိုတင္းအဆိပ္ ေငြ့ ေျဖေပးႏိုင္ပါသည္။

·         ဘရိုကိုလီ (ေခၚ) ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီျဖဴ၊ ေဂၚဖီထုပ္၊ မခ်ိဳေသာ လိမၼော္သီး၊ ကီဝီသီး၊ ပန္းသီး၊ တ လည္းသီး၊ သံပုရာသီး၊ ဘယ္ရီသီးအမ်ိဳးမ်ိဳး၊ ပူစီနံရြက္၊ ကိုက္လံ၊ ဂ်င္း၊ နႏြင္း၊ ၾကက္သြန္ျဖဴ၊ လက္ဖက္၊ ႏွင့္ ဟင္းႏုနယ္ရြက္ တို႔ကလည္း ခႏၶာကိုယ္တြင္းရိွ နီကိုတင္းအဆိပ္အေတာက္မ်ားကို ဖယ္ရွားသုတ္သင္ ေပး ႏိုင္သည္။ 


#ေသရည္အရက္။


အရက္ဆိုသည္မွာ ေပါင္းခံခ်က္လုပ္ရေသာ Ethyl Alcohol ဓာတုအရည္တစ္မ်ိဳးျဖစ္၍၊ အရက္ေသာက္သံုး သူမ်ားသည္ ဓာတုအရည္ မ်ားကို မ်ိဳခ်ိဳေနၾကျခင္းျဖစ္သည္။ Ethyl Alcohol ဟာ ဓာတုပစၥည္းတစ္မ်ိဳး ျဖစ္တာေၾကာင့္လည္း ေရေမႊး၊ ေပါင္ဒါ မႈန႔္၊ မိတ္ကပ္ စသၫ့္ အလွကုန္ပစၥည္းမ်ား အတြက္သာမက ေဆးဝါး၊ ဆပ္ျပာ၊ ဆပ္ျပာမႈန႔္ စသျဖင့္ လူသံုးကုန္ ပစၥည္းေတြမွာပါ ထၫ့္သြင္းေဖာ္စပ္ေလ့ရိွသည္။ အရက္ေသာက္ျခင္းက DNA ၏ ပင္မဆဲလ္မ်ား ပ်က္စီးသြားျခင္းေၾကာင့္ အသည္း၊ ရင္သား၊ အူသိမ္ အူမ၊ လည္ေခ်ာင္း၊ ခံတြင္း၊ အစာႁပြန္ ႏွင့္ အသံအိုးဆိုင္ရာ ကင္ဆာေရာဂါ  ခုႏွစ္မ်ိဳးကို ျဖစ္ပြားေစႏိုင္သည္။ ရံဖန္ရံခါမွ အရက္အလြန္အကြၽံ ေသာက္မိျခင္းထက္ ပမာဏ အနည္းငယ္စီ မၾကာခဏေသာက္ျခင္းက ႏွလံုးခုန္ႏႈန္း မူမမွန္ျဖစ္လာႏိုင္သၫ့္ အႏၲရာယ္ျမင့္တက္ေစႏိုင္သည္။


“ဓားကိုဖ်က္ ဝါးျမက္၊ လူကိုဖ်က္ အရက္”  ျဖစ္သည္။ အရက္ေသာက္နည္း သံုးမ်ိဳးရိွရာ (၁) ရံဖန္ရံခါမွ  ေပါင္းသင္း ဆက္ဆံေရးအတြက္ မလႊဲမေရွာင္သာ၍ ေသာက္ျခင္းကို “လူက အရက္ကိုေသာက္တယ္” ဟုေခၚသည္။  (၂) ညေနေစာင္းခ်ိန္ ေရာက္တိုင္း ေလခ်ဉ္တက္ကာ ေတာင္းတေနျခင္းမ်ိဳးကို “ အရက္က လူကိုေသာက္တယ္” ဟုေခၚသည္။  (၃) မိုးလင္းကတည္း က အရက္ႏွင့္မ်က္ႏွာသစ္ကာ တစ္ေနကုန္ အခ်ိန္ရိွသေရြ့ေသာက္ျခင္းကို “ အရက္က အရက္ကိုေသာက္တယ္ ” ဟု ေခၚသည္။


အရက္နာက် ေဝဒနာမျဖစ္ေစရန္အတြက္ -

·         အရက္ေသာက္ၿပီးေနာက္ အိပ္ခါနီး ေသာက္ေရ ၂ ခြက္ဆင့္ေသာက္ပါ။ (သို႔မဟုတ္) အိပ္ယာမ၀င္ခင္ အက္စ္ပရင္ေဆးျပား ႏွစ္ျပားကို ေသာက္ေရ တစ္ဖန္ခြက္ျဖင့္ ေသာက္ပါ။

·         အရက္နာက်ေဝဒနာ သက္သာေစရန္ သခြားသီး ဆားရည္စိမ္ စားပါ။

·         မနက္အိပ္ယာထ  ၿဖီးၾကမ္းငွက္ေပ်ာစားပါ (သို႔မဟုတ္) ပ်ားရည္ ႏွင့္ ေရႏြေးပူေသာက္ပါ။ (သို႔မဟုတ္) ၾကက္ဥစိမ္း ေသာက္ပါ။


အရက္ျဖတ္ရန္ ႀကိဳးစားရာတြင္ ေဇာေခြၽးျပန္ျခင္း၊ မူးေမာ္ျခင္း၊ ေအာ့အန္ျခင္း၊ တုန္တုန္ယင္ယင္ျဖစ္ျခင္း၊ စိုး ရိမ္စိတ္ႀကီး ျခင္း၊ စိတ္တို တတ္ျခင္း၊ သူတပါးအေပၚ သံသယစိတ္ႀကီးျခင္း၊ စိတ္ ကေယာင္ေခ်ာက္ခ်ားျဖစ္ျခင္း၊ တက္ျခင္း စသည္ ျဖင့္  အသက္အႏၲရာယ္ ကိုျဖစ္ေစႏိုင္၍ အရက္စြဲသူမ်ားအေနျဖင့္ အရက္ျဖတ္သၫ့္အခါမွာလည္း အိမ္မွာ မိမိဖာသာ အရက္ျဖတ္ ျခင္းထက္၊ ေဆးရံုတက္၍ အရက္ျဖတ္သင့္ပါသည္။ ေဆးရံုတြင္ လိုအပ္ေသာ ေဆးဝါးမ်ားကို အသံုးျပဳေပးပါလိမ့္မည္။


#မိမိကိုယ္တိုင္ျဖတ္။


စိတ္ႂကြရူးသြပ္ေဆးျပား၊ မူးယစ္ေဆးဝါး ႏွင့္ ေသရည္အရက္ စြဲလမ္းျခင္းကို ကုသရာတြင္ ၄တို႔ကို တျဖည္းျဖည္း ေလ်ာ့သံုးေစသၫ့္ နည္း (သို႔မဟုတ္) လံုးဝ ျဖတ္ေစသၫ့္နည္း ျဖစ္သည္။ ၄တို႔သံုးစြဲမႈကို လံုးဝ ျပတ္သြားသည္ႏွင့္ ေနာက္ထပ္ တစ္ႀကိမ္ အနည္းငယ္ မ်ွေလာက္ပင္ လံုးဝ ျပန္မသံုးရန္ လိုအပ္သည္။ ၄တို႔ကို သံုးစြဲေသာက္စားေနသူမ်ား၊ ေရာင္းဝယ္သူမ်ား ႏွင့္ လံုးဝ အဆက္အသြယ္ ျဖတ္ရန္ လိုအပ္သည္။ အေကာင္းဆံုး ေရွာင္ရွားရမၫ့္နည္းမွာ ၄တို႔ကို လံုးဝ စတင္ အသံုးမျပဳရန္ ျဖစ္သည္။ မည္သူ တစ္ဦးတစ္ ေယာက္မ်ွ ေမြးကတည္း မူးယစ္၊ ေဆးလိပ္၊ အရက္ ဖက္လာခဲ့ၾကသည္မဟုတ္ေပ။ ၄တို႔သည္ သူရာေမရယကံ ေျမာက္သျဖင့္ (၅) ပါးသီလ မလံု၍ နိဗၺာန္ခ်မ္းသာႏွင့္ ေဝးႏိုင္သည္။


အလြန္အကြၽံသံုးစြဲ ေသာက္သံုးမိ၍ ေဆးစြဲျခင္း၊ အရက္နာက်ျခင္း ျဖစ္လာရသည္။ ထိုအခါ သတိသံေဝဂရ၍ ေဆးျဖတ္၊ အရက္ျဖတ္ ျခင္းကို ခံယူၾကရာ၌ မိသားစု၊ ေဆြမ်ိဳး၊ ပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္ေအာင္ အားထုတ္ၾကရေသာအခါ အခက္ အခဲေလးေတြ ရိွေကာင္းရိွလာႏိုင္သည္။ မည္ကဲ့သို႔ေသာ အေျခအေနမ်ိဳးတြင္ျဖစ္ေစ အမ်ားသေဘာထားေတြကို မိမိစိတ္ျဖင့္ အဆင္ေျပေအာင္ ႀကိဳးစား ေနထိုင္သြားမည္ဟု စိတ္ကိုျပင္ဆင္ထားဖို႔လိုပါသည္။ ပတ္ဝန္းက်င္က ယံုၾကည္လာေအာင္ ေနထိုင္ ျပရပါမည္။ အိမ္ေထာင္သည္ျဖစ္ေစ၊ အိမ္ေထာင္မရိွသည္ျဖစ္ေစ ေယာက်ာ္းတို႔မည္သည္ အိမ္ေထာင္ဦးစီးျဖစ္သၫ့္အတြက္ ဦးစြာပထမ မိမိစိတ္ကို မိမိကိုယ္တိုင္ ထိန္းမတ္ႏိုင္မွသာလ်ွင္ မိသားစုကိုလည္း ဦးေဆာင္ႏိုင္မွာျဖစ္သည္။


စာေရးသူက ေအာက္ပါ စကား (၃)ခြန္းျဖင့္ စကားလက္ေဆာင္ပါးရင္း ဤေဆာင္းပါးကို နိဂံုးခ်ဳပ္လိုက္ပါသည္။

·         ပ်င္း ပ်င္းမွန္းသိ လူေတာ္ျဖစ္၏ ၊ ပ်င္းလ်က္ပင္ လူေတာ္ထင္ ပ်င္းၿမဲ ပ်င္းမည္ပင္။

·         ဖ်င္း ဖ်င္းမွန္းသိ လူေတာ္ျဖစ္၏ ၊ ဖ်င္းလ်က္ပင္ လူေတာ္ထင္ ဖ်င္းၿမဲ ဖ်င္းမည္ပင္။

·         မေကာင္း မေကာင္းမွန္းသိ လူေတာ္ျဖစ္၏၊ မေကာင္းလ်က္ပင္ ေကာင္းသည္ထင္ မေကာင္းၿမဲမေကာင္းမည္ပင္။


ေစတနာမ်ားစြာျဖင့္

ေဆာင္းပါးရွင္... တင္ထက္ထက္ေဇာ္ (ခ) ေပါက္ေပါက္ ေရးသားမ်ွေဝသည္။

Friday, May 28, 2021

ပုစွန်ဆိတ်ကြက်ဥကြော် - ကြက်အသည်းအမြစ်သုပ် - ကယားဟင်းချို

 [Unicode]ပုစွန်ဆိတ်ကြက်ဥကြော် - ကြက်အသည်းအမြစ်သုပ် - ကယားဟင်းချို


ပုစွန်ဆိတ်ကြက်ဥကြော်




ပါဝင်ပစ္စည်းများ

ပုစွန်ဆိတ် ၂၀ကျပ်သား၊ ကြက်ဥ ၅လုံး၊ ကော်ရည် တစ်ဇွန်း၊ အရက် တစ်ဇွန်း၊ ဆီ ၂ကျပ်ခွဲသား၊ ငံပြာရည် ၂ဇွန်း၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၂ဥ။

ပြင်ဆင်ပုံ

ပုစွန်ကို အခွံများသင်ပြီး အနေတော်လှီးထားပါ။ ၄င်းတို့ကို ကော်ရည်၊ အရက်၊ ဆားတို့ဖြင့် နယ်ထားပါ။

ကြက်ဥကို ဖောက်၍ မွှေတံဖြင့် မွှေခေါက်ထားပါ။

ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရောထောင်းထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီပူအိုးထဲတွင် ချင်း၊ကြက်သွန်ဖြူထောင်းပြီးသားတို့ကိုထည့်၍ ဆီသတ်ပါ။

ပုစွန်နဲ့ ကြက်ဥတို့ကိုရောနှောမွှေပြီး ပဲငံပြာရည်ကိုပါလောင်းထည့်မွှေပေးရတာပါ။ ပြီးရင် ဆီချက်အိုးထဲထည့်ပါ။

အရောင်နီလာသည်အထိကြော်ပေးပါ။ မတူးအောင်တစ်ဖက်တစ်ချက်လှန်ပေးပြီး ဆယ်ယူပါ။


ကြက်အသည်းအမြစ်သုပ်




ပါဝင်ပစ္စည်းများ

ကြက်အသည်းအမြစ် ၃စုံ၊ ကြက်သွန်နီ ၄လုံး၊ ဂေါ်ဖီထုပ် ၁၀ကျပ်သား၊ ဟင်းခတ်မှုန့်/ငံပြာရည် အနည်းငယ်၊ ငရုတ်ဆီ အနည်းငယ်၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက် အနည်းငယ်၊ နနွင်း အနည်းငယ်။

ပြင်ဆင်ပုံ

ကြက်အသည်းနှင့် အမြစ်များကို ရေစင်စွာဆေးပြီး ဆား၊ နနွင်းမှုန့်ဖြင့်ပြုတ်ပါ။

အမြစ်ကို အရင်ပြုတ်ပါ။ အမြစ်နူးလောက်မှ အသည်ထည့်၍ ပြုတ်ပါ။

ပြီးလျှင် သုပ်စားရန်အတွက် အတုံးသေးသေးလှီးပါ။

ကြက်သွန်နီ၊ ဂေါ်ဖီတို့ကို ရေဆေး၍ လှီးထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းကန်ထဲတွင် အတုံးသေးသေးလှီးထားသော ကြက်အသည်း၊အမြစ်ကိုထည့်ပါ။

လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ငရုတ်ဆီများထည့်၍သုပ်ပါ။

ရှောက်ရွက်အုပ်ပါ။ ငရုတ်သီးစိမ်းထည့်စားပါက ပိုကောင်းပါသည်။

အပေါ့အငန်မြည်း၍ စားသုံးနိုင်ပါပြီ။


ကယားဟင်းချို




ပါဝင်ပစ္စည်းများ

ရွှေဖရုံပွင့် ၁၀ပွင့်၊ ရွှေဖရုံညွှန့် ၁၀ညွှန့်၊ ငရုတ်သီးစိမ်း ၅တောင့်၊ ရုံးပတီသီး ၃တောင့်၊ မြန်မာပင်စိမ်း အနည်းငယ်၊ ငရုတ်ကောင်း အနည်းငယ်၊ ငါးတစ်မျိုးမျိုး ၁၀ကျပ်သား။

ပြင်ဆင်ပုံ

ရွှေဖရုံပွင့်၊ ရွှေဖရုံညွှန့်တို့ကို လိုအပ်သလို ခွဲစိတ်ပိုင်းဖြတ်ပြီး ရေဆေးထားပါ။ ငါးများကို ဆား၊ ငံပြာရည်အနည်းငယ်ထည့်၍ ပြုတ်ပါ။ ကျက်လျှင် အရိုးများသင်ထားပါ။

ငရုတ်သီးစိမ်းများကို ထောင်းထားပါ။ ကြက်သွန်နီ ဥကြီးများကို ပါးပါးလှီး၍ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ပြုလုပ်ပုံအဆင့်ဆင့်

ချက်မည့်အိုးတွင် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူတို့နှင့် အရိုးသင်ထားသော ငါးများရော၍ပြုတ်ပါ။

ပွက်ပွက်ဆူလျှင် ထောင်းထားသော ငရုတ်သီးစိမ်းများထည့်ပါ။

ပြီးလျှင် ရွှေဖရုံညွှန့်၊ ရွှေဖရုံပွင့်များထည့်ပါ။

ပင်စိမ်းရွက်အုပ်၍ချကာ သုံးဆောင်နိုင်ပါသည်။ ငရုတ်ကောင်းကြိုက်လျှင် ချကာနီးအနည်းငယ်ထည့်နိုင်သည်။


[Zawgyi]ပုစြန္ဆိတ္ၾကက္ဥေၾကာ္ - ၾကက္အသည္းအျမစ္သုပ္ - ကယားဟင္းခ်ိဳ


ပုစြန္ဆိတ္ၾကက္ဥေၾကာ္




ပါဝင္ပစၥည္းမ်ား

ပုစြန္ဆိတ္ ၂၀က်ပ္သား၊ ၾကက္ဥ ၅လံုး၊ ေကာ္ရည္ တစ္ဇြန္း၊ အရက္ တစ္ဇြန္း၊ ဆီ ၂က်ပ္ခြဲသား၊ ငံျပာရည္ ၂ဇြန္း၊ ဆား/ဟင္းခတ္မႈန႔္ အနည္းငယ္စီ၊ ၾကက္သြန္ျဖဴ ၂ဥ၊ ၾကက္သြန္နီ ၂ဥ။

ျပင္ဆင္ပံု

ပုစြန္ကို အခြံမ်ားသင္ၿပီး အေနေတာ္လွီးထားပါ။ ၄င္းတို႔ကို ေကာ္ရည္၊ အရက္၊ ဆားတို႔ျဖင့္ နယ္ထားပါ။

ၾကက္ဥကို ေဖာက္၍ ေမႊတံျဖင့္ ေမႊေခါက္ထားပါ။

ခ်င္း၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ကို ေရာေထာင္းထားပါ။

ျပဳလုပ္နည္းအဆင့္ဆင့္

ဆီပူအိုးထဲတြင္ ခ်င္း၊ၾကက္သြန္ျဖဴေထာင္းၿပီးသားတို႔ကိုထၫ့္၍ ဆီသတ္ပါ။

ပုစြန္နဲ႔ ၾကက္ဥတို႔ကိုေရာေနွာေမႊၿပီး ပဲငံျပာရည္ကိုပါေလာင္းထၫ့္ေမႊေပးရတာပါ။ ၿပီးရင္ ဆီခ်က္အိုးထဲထၫ့္ပါ။

အေရာင္နီလာသည္အထိေၾကာ္ေပးပါ။ မတူးေအာင္တစ္ဖက္တစ္ခ်က္လွန္ေပးၿပီး ဆယ္ယူပါ။


ၾကက္အသည္းအျမစ္သုပ္




ပါဝင္ပစၥည္းမ်ား

ၾကက္အသည္းအျမစ္ ၃စံု၊ ၾကက္သြန္နီ ၄လံုး၊ ေဂၚဖီထုပ္ ၁၀က်ပ္သား၊ ဟင္းခတ္မႈန႔္/ငံျပာရည္ အနည္းငယ္၊ ငရုတ္ဆီ အနည္းငယ္၊ ငရုတ္သီးစိမ္း၊ ေရွာက္ရြက္ အနည္းငယ္၊ နႏြင္း အနည္းငယ္။

ျပင္ဆင္ပံု

ၾကက္အသည္းႏွင့္ အျမစ္မ်ားကို ေရစင္စြာေဆးၿပီး ဆား၊ နႏြင္းမႈန႔္ျဖင့္ျပဳတ္ပါ။

အျမစ္ကို အရင္ျပဳတ္ပါ။ အျမစ္ႏူးေလာက္မွ အသည္ထၫ့္၍ ျပဳတ္ပါ။

ၿပီးလ်ွင္ သုပ္စားရန္အတြက္ အတံုးေသးေသးလွီးပါ။

ၾကက္သြန္နီ၊ ေဂၚဖီတို႔ကို ေရေဆး၍ လွီးထားပါ။

ျပဳလုပ္နည္းအဆင့္ဆင့္

ပန္းကန္ထဲတြင္ အတံုးေသးေသးလွီးထားေသာ ၾကက္အသည္း၊အျမစ္ကိုထၫ့္ပါ။

လွီးထားေသာ ၾကက္သြန္နီ၊ ေဂၚဖီ၊ ဟင္းခတ္မႈန႔္၊ ငံျပာရည္၊ ငရုတ္ဆီမ်ားထၫ့္၍သုပ္ပါ။

ေရွာက္ရြက္အုပ္ပါ။ ငရုတ္သီးစိမ္းထၫ့္စားပါက ပိုေကာင္းပါသည္။

အေပါ့အငန္ျမည္း၍ စားသံုးႏိုင္ပါၿပီ။


ကယားဟင္းခ်ိဳ




ပါဝင္ပစၥည္းမ်ား

ေရႊဖရံုပြင့္ ၁၀ပြင့္၊ ေရႊဖရံုၫႊန႔္ ၁၀ၫႊန႔္၊ ငရုတ္သီးစိမ္း ၅ေတာင့္၊ ရံုးပတီသီး ၃ေတာင့္၊ ျမန္မာပင္စိမ္း အနည္းငယ္၊ ငရုတ္ေကာင္း အနည္းငယ္၊ ငါးတစ္မ်ိဳးမ်ိဳး ၁၀က်ပ္သား။

ျပင္ဆင္ပံု

ေရႊဖရံုပြင့္၊ ေရႊဖရံုၫႊန႔္တို႔ကို လိုအပ္သလို ခြဲစိတ္ပိုင္းျဖတ္ၿပီး ေရေဆးထားပါ။ ငါးမ်ားကို ဆား၊ ငံျပာရည္အနည္းငယ္ထၫ့္၍ ျပဳတ္ပါ။ က်က္လ်ွင္ အရိုးမ်ားသင္ထားပါ။

ငရုတ္သီးစိမ္းမ်ားကို ေထာင္းထားပါ။ ၾကက္သြန္နီ ဥႀကီးမ်ားကို ပါးပါးလွီး၍ ၾကက္သြန္ျဖဴကို ဓားျပားရိုက္ထားပါ။

ျပဳလုပ္ပံုအဆင့္ဆင့္

ခ်က္မၫ့္အိုးတြင္ ပါးပါးလွီးထားေသာ ၾကက္သြန္နီ၊ ဓားျပားရိုက္ထားေသာ ၾကက္သြန္ျဖဴတို႔ႏွင့္ အရိုးသင္ထားေသာ ငါးမ်ားေရာ၍ျပဳတ္ပါ။

ပြက္ပြက္ဆူလ်ွင္ ေထာင္းထားေသာ ငရုတ္သီးစိမ္းမ်ားထၫ့္ပါ။

ၿပီးလ်ွင္ ေရႊဖရံုၫႊန႔္၊ ေရႊဖရံုပြင့္မ်ားထၫ့္ပါ။

ပင္စိမ္းရြက္အုပ္၍ခ်ကာ သံုးေဆာင္ႏိုင္ပါသည္။ ငရုတ္ေကာင္းႀကိဳက္လ်ွင္ ခ်ကာနီးအနည္းငယ္ထၫ့္ႏိုင္သည္။

Thursday, May 27, 2021

ငွေ ဖြစ်လွယ်စွမ်း သို့မဟုတ် Liquidity ဆိုသည်မှာ…

 [Unicode]ငွေကြေးနှင့် Liquidity အကြောင်း ပြန်လည်စုစည်းမှု




ငွေ ဖြစ်လွယ်စွမ်း သို့မဟုတ် Liquidity ဆိုသည်မှာ…....…

အပိုင်း (၁)(၂)

ငွေကြေးဆိုင်ရာ အသိပညာ

.

ကဲဗျာ..မိတ်ဆွေ မှာ ရင်းနှီးစုဆောင်းငွေ သိန်းတစ်ထောင်လောက်ရှိ နေပြီး တော့ မိတ်ဆွေ ကိုယ်တိုင်က လဲ စီးပွား ရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ဖို့စိတ်အားထက်သန်နေကာ စတင်အကောင်အထည် ဖော် ပြီ ဆိုကြပါတော့။ ဒါဆို ရင် လက်ထဲရှိတဲ့ သိန်းတစ်ထောင်လုံးကို စီးပွားရေးထဲ ပစ်ထည့်ပြီး အလုပ်လုပ်မယ် လို့ တွေး ပါမလား။ ဒါပေါ့ဗျာ…ဘယ်တွေး ပါမလဲ။ စီးပွားရေးထဲကို အချို့တစ်ဝက်ကိုထည့် ပြီး ပမာဏ တစ်ခု ကိုတော့ လက်ထဲမှာ အစောင့်အနေ အဖြစ် ချန်ထားရဦးမှာပါ။ ဒါမှ လဲ စီးပွားရေး ဟာ ထင်သလိုမမြတ် သေး ပဲ နောက်ထပ်ငွေကြေးကျားကန်ဖို့လိုအပ်လာရင် အဆင့်သင့်ဖြစ်နေမှာ ဖြစ်သလို ထင်သလောက်ပေါက် ပြီး မြတ်လာရင် လဲ လုပ်ငန်းတိုးချဲ့ဖို့ ငွေ ကြေးက လိုလာဦးမှာဖြစ်ပါတယ်။ဒီတော့ ကာ သိန်းတစ်ထောင်မှာ ခုနှစ် ရာ လောက်ကို လုပ်ငန်းလုပ်ပြီး သုံးရာလောက်ကို ချန်ထားမယ်ဆိုပါတော့။ ဒါဆို နောက်ထပ်တွေးရမှာ က အဲဒီ သုံးရာကို လက်ထဲမှာ ပဲထားမလား ဒါမှမဟုတ် ကုတင်အောက် ထဲ ထားပြီး အိပ်မလား ဘဏ်သွားအပ်ထား မလား (ပုံမှန် အချိန် ဆိုပါစို့ဗျာ)…မိတ်ဆွေ ဘာလုပ်မယ်လို့ စဉ်းစားပါသလဲဗျား။

.

နောက်ထပ်တစ်ခုကတော့ မိတ်ဆွေ က စီးပွားရေးလုပ်ငန်းမလုပ်ပဲ ရုံးဝန်ထမ်းတစ်ဦး ဆိုကြပါတော့။ ဒီတော့ ရတဲ့ လခ ကို လစဉ်စုဆောင်းလာရင်းနဲ့ ဆယ်သိန်းလောက်ရလာပြီ ဆိုပါတော့ ။ ဒါဆို မေးခွန်းကတော့ အတူတူပါပဲ ဒီဆယ်သိန်းကို လက်ထဲမှာ ထားမလား ကုတင်အောက် ထဲထားအိပ်မလား ဘဏ်သွားအပ်ထားမလား ဆိုတာစဉ်းစားရပါတော့တယ်။

.

ဒီတော့ လက်ထဲ မှာထားလို့ ကတော့ လုံးလုံးအဆင်မပြေတာ သိသာလှပါတယ်။ ဒီငွေ တွေကို သူခိုးပဲ ခိုးမလား မီးပဲလောင်မလား နဲ့ ငွေ ထုပ်ဖင်ခုထိုင်ပြီး အိပ်မပျော်စိတ်မချ ဖြစ်နေရမှာက ပထမဆုံး ပြသနာဖြစ်ပါတယ်။ ဒါပေမယ့် မိတ်ဆွေက သံကွန်ချာ ခုနှစ်ထပ်လောက်ကာရံ ပြီး လုံခြုံရေး အပြည့်ရှိနေတယ် ဆိုရင်ရော ဒိငွေ ကို လက်ထဲ ထားရတာအဆင်မပြေဘူးလားလို့မေးနိုင်ပါတယ်။ အဲ…တစ်ချို့ လဲရှိတာကိုး လက်ထဲရှိတဲ့ ငွေလေးကို တစ်ရက်တစ်ခါ ထုတ်ရေ ပြီး ကျေနပ်ပီတိ ဖြစ်နေတာမျိုး လေ။ ဒီနေရာမှာ သတိမူ ရမှာ က ဘယ်လောက်လုံခြုံရေးရှိနေရှိနေ လက်ထဲမှာ ထားတဲ့ ငွေ ဟာ ကာလ ကြာလာလေလေ တန်ဖိုးလျော့ လေလေ ဖြစ်လာတာပဲဖြစ်ပါတယ်။ မြန်မာကျပ်ငွေဆိုရင် ပိုတောင်ဆိုးပါဦးမယ်။ ဘာကြောင့် တန်ဖိုးလျော့လာရသလဲဆိုရင်တော့ ငွေကြေးဖောင်းပွမှု(inflation) ဆိုတဲ့ လက်မည်းကြီးကြောင့်ပဲ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှု inflation အကြောင်းကို တော့ ကျွန်တော်အပါအဝင် ပညာရှင် အတော်များများ က ရေးသားကြပြီးဖြစ်လို ဒီမျှဝေမှုမှာတော့ အသေးစိတ်ထပ် မပြောတော့ပါဘူး။ 

.

မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဟာ ၈ရာခိုင်နှုန်း ၉ ရာခိုင်နှုန်း အမျိုးမျိုး ပြောလေ့ ရှိကြပေမယ့် ၁၀ ရာခိုင်နှုန်းလို့ သာ အလွယ်မှတ် လိုက်ကြရအောင်ပါ။ ဆိုလိုတာက လက်ထဲမှာထားတဲ့ ငွေ ဟာ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်း တန်ဖိုး လျော့နေပါတယ်။ ဒီနှစ်မှာ သိန်းတစ်ရာနဲ့ ဝယ်လို့ ရတဲ့ ပစ္စည်းဟာ နောက်နှစ်မှာ ၁၀ ရာခိုင်နှုန်း ငွေကြေးဖောင်းပွမှုကြောင့် အဲဒီ ပစ္စည်းကိုပဲ သိန်းတစ်ရာ့တစ်ဆယ် နဲ့ ဝယ်မှ ရပါတော့တယ်။ ထပ်ပြီး ဆိုလိုတာက မိတ်ဆွေ သာ သိန်းတစ်ရာကို ဆယ်နှစ် တိတိ လက်ထဲမှာ သိမ်းထားမယ် ငွေကြေး ဖောင်း ပွ မှုနှုန်းကလဲ တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းသာ မှန်မှန် ရှိနေမယ်ဆိုရင် ဆယ်နှစ်အကြာမှာ မိတ်ဆွေ လက်ထဲ က ငွေသိန်းတစ်ရာဟာ ဘာတန်ဖိုး မှ ရှိမှာ မဟုတ်တော့ပါဘူး။ မရှိတော့ဘူးဆိုတာ တန်ဖိုးကို ပြောတာပါ ငွေ စက္ကူ အရွက်လေးတွေကို ရေ ကြည့်ရင်တော့ သိန်းတစ်ရာ ပမာဏ ကရှိနေဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ငွေကြေးဖောင်းပွ တာက ၁၀ ရာခိုင်နှုန်းထက်များ များသွားရင်တော့….ဂျွမ်းတွေ ချည်းပစ်နေ ရမှာ ပါ။

.

ဒါဆိုဘဏ်ထဲထားရင်ရောအဆင်ပြေမလားပေါ့။ ဘဏ်ကတော့ လက်ထဲထားတာထက် အတိုး နှုန်းလဲ ရပါတယ်။ ဒါပေမယ့် ဘဏ်တိုးဆိုတာဟာ ငွေ ကြေးဖောင်းပွမှုနှုန်းရဲ့ အောက် ကို လျော့ ပြီး ပေးလေ့ရှိပါတယ်။ လက်ရှိ တစ်နှစ်ကို ၈ ရာခိုင်နှန်းပေးနေတာဖြစ်တဲ့အတွက် တစ်နှစ်ကို ငွေကြေးဖောင်း ပွမှု ၁၀ ရာခိုင်နှုန်းမှာ ၂ ရာခိုင်နှုန်းတော့ တန်ဖိုးလျော့နေဦးမှာဖြစ်ပါတယ်။

.

Company တွေမှာလည်းဒီလိုပဲဖြစ်ပါတယ်။ လုပ်ငန်းအတွက် အသင့်ရည်ရွယ်ပြီး ငွေ အချို့ ကို ဖယ်ထုတ်ထား ပေမယ့် ဒီငွေကို လက်ထဲထားရင် တန်ဖိုးလျော့မယ် ဘဏ်ထဲထည့်မယ်။ ဘဏ်ထဲထည့်ရင်လည်း တန်ဖိုး နည်းနည်း လျော့ဦးမယ်ဆိုတော့ လုံးလုံး တန်ဖိုး မလျော့ပဲ မြတ်တောင်မြတ်နိုင်တဲ့ နည်းကို ရှာလာကြပါတယ်။ ပိုက်ဆံကို ဘာလို့ ဖယ်ထားရလဲ ဆိုတဲ့ ရည်ရွယ်ချက်က လုပ်ငန်းငွေလိုအပ်ချိန်မှာ ချက်ချင်း ထောက်ခံ မတည် ပေးဖို့ ဖြစ်တဲ့အတွက် တန်ဖိုးလဲ မလျော့ ရဘူး မြတ်လဲမြတ်နိုင်မယ် ငွေလိုချိန်မှာ လဲ ချက်ချင်းငွေအဖြစ် ကို ပြောင်း လဲနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်လာကြပါတော့တယ်။ အဲဒီနည်းလမ်းကတော့ Liquidity မြင့် သော ပိုင်ဆိုင်မှုများကို ဝယ်ယူထားခြင်းပဲဖြစ်ပါတော့တယ်။

.

Liquidity ဆိုတာကို တိုက်ရိုက်ဘာသာပြန်ရရင်တော့ အရည်ဖြစ်လွယ်စွမ်းလို့ ဘာသာပြန်နိုင်ပါတယ်။ ဥပမာ သတ္တု တစ်ခုခုက အခဲ အခြေအနေကနေ အရည်အခြေအနေကို ဘယ် အပူချိန်မှာ ပြောင်းနိုင်သလဲ ဆိုတာ Liquidity ဖြစ်ပါတယ်။ ဥပမာ ရေခဲ က အရည် အဖြစ်ကို 1 ‘C မှာ စပြောင်းပေမယ့် သံ ကတော့ အရည် ဘဝ ကို ၁၀၀၀’C ကျမှပြောင်းပါတယ်။ ဒီတော့ ရေခဲဟာ သံထက် အရည်ဖြစ်နိုင်စွမ်း မြင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

.

Finance ပိုင်းမှာတော့ Liquidity ဆိုတာ ပိုင်ဆိုင်မှု Asset တစ်ခုရဲ့  လက်ရှိ ဖြစ်နေတဲ့ ဈေးကွက်ပေါက် ဈေးထက် မလျော့ စေပဲ ငွေ အဖြစ်ကို အမြန်ဆုံး အလွယ်ဆုံး ပြောင်းလဲ နိုင်စွမ်းကို Liquidity လို့ ခေါ်ပါတယ်။ ဒီနေရာမှာ ဈေးကွက်ပေါက်ဈေးဆိုတဲ့ စကားစုလေးက အရေးအပါဆုံးဖြစ်ပါတယ်။ ဥပမာ ကျွန်တော် က ဈေးကွက်ပေါက်ဈေး အရ သိန်းတစ်ထောင်တန် မြေကွက်တစ်ကွက်ကို ဝယ်လိုက်ပြီး ငွေလို တဲ့အတွက် အဲ့ ဒီ မြေကွက်ကို သိန်း လေးရာလျော့ကာ ဗိုက်နာတဲ့ ဈေးနဲ့ သိန်းခြောက်ရာနဲ့ ရောင်းမယ်ဆိုရင် ချက်ချင်းကို ရောင်း ထွက် နိုင်ပါတယ်။ ချက်ချင်းငွေ အဖြစ် ရောင်းထွက်သွားလို့ ဒီမြေကွက်ဟာ Liquidity ကောင်းတယ်လို့ ပြောလို့ မရပါဘူး ဘာကြောင့်လဲဆိုတော့ ဈေးကွက်ပေါက်ဈေး သိန်းတစ်ထောင် မရလို့ ပဲဖြစ်ပါတယ်။

.

Liquidity ဟာ ပစ္စည်း အမျိုး အစားခြင်းတူ နေရင်တောင် အခြားသော အခြေအနေတွေ အပေါ်မူတည်ပြီး ဒီဂရီ ကွဲပြားပါသေးတယ်။ ဥပမာ အထက်က မြေကွက်ပဲဆိုပါတော့ သိန်း တစ်ထောင်တန် မြေကွက်ချင်းအတူတူ ပေမယ့် လမ်းဆုံ မှာ ရှိတဲ့ မြေကွက် နဲ့ ဟိုးရပ်ကွက် အတွင်းပိုင်း က မြေကွက် မှာ ငြွေဖစ်လွယ် စွမ်း Liquidity က မတူတော့ပြန်ပါဘူး။

.

အထက်က company တွေ အကြောင်းကို ပြန်ဆက်ရရင် company တွေ ဟာ လက်ထဲမှာ ရှိတဲ့ ငွေ တွေကို liquidity ကောင်းတဲ့ ပိုင်ဆိုင်မှု ဖြစ်ရမယ့် အပြင် အမြတ် ပါရနိုင်မယ့် ပိုင်ဆိုင်မှု တွေ အဖြစ် ပြောင်းလဲ ထားလိုက် ကြပါတယ်။ ဒါဟာ ငွေတန်ဖိုး လျော့တာကို ကာကွယ်ပြီးသား ဖြစ်သလို company ရဲ့ Financing activity အနေနဲ့ ငွေ အပို ရစေတဲ့ ငွေရလမ်းတစ်ခု အဖြစ် ရယူလိုက်ကြတာဖြစ်ပါတယ်။

.

Company တွေ အနေနဲ့ အများဆုံး ရွေး ချယ်ဝယ်ယူလေ့ရှိကြတဲ့ Liquidity မြင့် ပိုင်ဆိုင်မှုတွေ ကတော့ Share တွေ အထူး သဘောတူညီချက်နဲ့ Bond ငွေ ချေးစာချုပ်တွေ ခိုင်မာ တဲ့ နိုင်ငံခြားငွေ ကြေးတွေ ကို ဝယ်ယူ ထားလေ့ရှိတတ်ပါတယ်။ Share ဆိုတဲ့ နေရာမှာ Listed လုပ်ပြီး stock exchange မှာ တင်ရောင်း နေတဲ့ ရှယ်ယာ များကို ဝယ်ယူ တတ်ကြသလို အခြား company တွေ မှာ လဲ ရှယ်ယာအဖြစ် ထည့်ဝင် ထားတတ် ကြပါတယ်။ stock exchange တင် ရှယ်ယာတွေ ကတော့ အခု ရောင်းချင် အခု ငွေ အဖြစ် ဖန် တီးလို့ ရ သလို နိုင်ငံခြား ငွေ လို ပိုင်ဆိုင်မှုတွေ ကလည်း ဈေးကွက်ပေါက်ဈေးကို မထိ ပဲ ချက်ချင်း ငွေ အဖြစ် ပြောင်းလဲလို့ ရပါတယ်။ ဒါ့အပြင် ရှယ်ယာတွေ နိုင်ငံခြားငွေ တွေက အမြတ် ကိုလဲ မျှော်မှန်းလို့ ရနိုင်ပါသေးတယ်။

.

လွန်ခဲ့တဲ့ ဆယ်နှစ်ကနေ ဒီနေ့ ၂၀၁၉ အထိ လေ့လာကြည့်မယ် ဆိုရင် နိုင်ငံခြားငွေ တွေ ရဲ့ ခိုင်မာမှုကို တွေ့ နိုင်ပါတယ်။ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် နိုင်ငံခြားငွေ တန် ဖိုးတွေ ကို ကြည့်မယ် ဆိုရင် ယူရို ငွေကြေး ဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်လိုက်ရင် တန်ဖိုး မလျော့ ရုံ သာမက ပို ပြီးတော့ တောင် မာ လာတာကို တွေ့ ရမှာဖြစ်ပါတယ်။ မြန်မာငွေ ကရော ၂၀၀၉ ခုနှစ်တုန်းက အမေရိကန် ဘယ်နှစ်ဒေါ်လာလောက်နဲ့ ညီပါသလဲ ဆိုတာကို တွေး ကြည့်ရင် ငွေ တန်ဖိုးဘယ်လောက် တောင် လျော့လာတယ်ဆိုတာကို ကြက်သည်းထဖွယ်မြင်တွေ့ ရမှာဖြစ်ပါတယ်။

.

ဒါ့ကြောင့် Company တွေက Liquidity မြင့် ပိုင်ဆိုင်မှုတွေကို ဝယ်လေ့ရှိပါတယ်။ နောက်ထပ်ရည်ရွယ် ချက် တစ်ခု အနေနဲ့ လဲ company တွေက Liquidity မြင့် ပိုင်ဆိုင်မှုတွေကို ဝယ် လေ့ရှိကြပါသေးတယ်။ ဒါကတော့ အကယ် လို့ company အနေနဲ့ financial crises ကြုံလာလို့ ငွေ အရေးပေါ် လိုအပ်လာရင် company ရဲ့ အဲဒီ Liquidity မြင့် ပိုင်ဆိုင်မှု asset တွေဟာ ကယ်ပေါက် တွေ အဖြစ် သုံးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လုပ်ငန်း ကြီး တစ်ခုရဲ့ CFO တွေ ဟာ မိမိလုပ်ငန်းရဲ့ Liquidity ratio ငြွေဖစ်လွယ်စွမ်းပိုင်ဆိုင်မှု ပမာဏ တွေကို စံသတ်မှတ် နှုန်း တစ်ခုအတွင်းမှာ တည်ရှိနေအောင် ကြိုး စားထိန်းသိမ်းလေ့ရှိပါတယ်။

.

တစ်ခါတုန်းက သင်္ဘောလောကမှာ သိပ်ကို ကြီးမားတဲ့သင်္ဘောလိုင်းကြီးတစ်ခုရှိပါတယ်။ တန်ချိန် သုံးသောင်း အထက်ပင်လယ်ကူးသင်္ဘောကြီး အစင်း ၁၀၀၀ လောက်ပိုင်တဲ့ company ကြီးဟာ Financial crises ငွေကြေး အကျပ်အတည်းကြုံ ပြီး တော့ ပြို လဲခဲ့ပါတယ်။ ပြိုလဲခဲ့တဲ့ အကြောင်းအရင်းထဲမှာ company မှာ Liquidity asset တွေ မရှိတာကြောင့်လဲပါဝင်ပါတယ်။ တန်ချိန် သုံးသောင်းရှိတဲ့ ပင်လယ်ကူးသင်္ဘောဆိုတာ သင်္ဘောဦး အနေ နောက်ဆုံးအထိ ပုံမှန် လမ်းလျှောက်ရင် ဆယ်မိနစ် ဆယ်ငါ့းမိနစ်လောက် လျှောက်ရအောင် ကြီး ပြီး ပင် မအင် ဂျင် ကြီးသက်သက် ဟာ လေးထပ်တိုက်တစ်လုံးစာလောက်ရှိပါတယ်။ ဒေါ်လာ လဲ သိန်းသန်းနဲ့ ချီ ပြီး တစ်စီးတစ်စီးကို တန်ကြေးရှိပါတယ်။ဒါပေမယ့် လုပ်ငန်းက ငွေ ကြေးအခက်အခဲ တွေ တဲ့ အခါ ဒီလောက် သိန်းသန်းချီတန်တဲ့ သင်္ဘောတွေ အစီး၁၀၀၀ လောက်ပိုင်ပေမယ့် ဒီသင်္ဘောတွေ ဟာ အလွယ်တကူ ပြန်ရောင်း လို့ ရတဲ့ တစ်နည်းအားဖြင့် liquidity မြင့် ပိုင်ဆိုင်မှုတွေ မဟုတ်တဲ့ အတွက် ချက်ချင်းရောင်းပြီး အကြွေးမဆပ်နိုင်ပဲ ဆိုးသထက်ဆိုးလာကာ ဒေဝါလီခံရပါတော့တယ်။ ဒါဟာ liquidity မြင့် ပိုင်ဆိုင်မှု ရှိနေဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိသာစေချင်တာဖြစ်ပါတယ်။

.

ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ personal life မှာရော အဲဒီ Liquidity မြင့် ပိုင်ဆိုင်မှုတွေ များ ရှိနေဖို့ မလို ဘူးလားဗျာ။ ဒါဆို မေးခွန်း တစ်ခုမေးကြည့်ပါမယ်။ ရှေးလူကြီးတွေ ကအစ ဒီနေ့ ခေတ် လူ တွေ အထိ အတော်များများ က ငွေလေးပို လာရင် ရွှေဝယ် လေ့ရှိပါတယ်။ စကားပုံလေးတောင်ပေါ်လာပါသေးတယ် မရှိဝမ်းစာ ရှိတန်ဆာ ပါတဲ့။ ကဲဗျာ… ဒါဆို ဒိလောက်ဝယ်စရာတွေ များလှတဲ့အထဲမှာ မှ ဘာလို့ ရွှေဆို တဲ့ အရာ ကို ပဲ ဝယ်ယူလေ့ရှိကြတာပါလဲ။  ရွှေဟာ Liquidity မြင့်လို့ ပဲဖြစ်ပါတယ်။ ကြိုက်တဲ့အချိန် ကြိုက်တဲ့ နေရာမှာ ဈေးကွက်ပေါက်ဈေး အတိုင်း အလွယ်တကူ ငွေ အဖြစ်ကို ပြန်ပြောင်း လို့ ရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့ကြောင့် မောင်ကောင်းကြီးတို့ ရဲ့ personal life မှာလဲ ငွေတန်ဖိုးမလျော့ ဖို့ အရေးကိစ္စရှိချိန်မှာ အလွယ်တကူ ငွေအဖြစ်ပြောင်းလဲ နိုင်ဖို့ အတွက် Liquidity မြင့်တဲ့ ပိုင်ဆိုင်မှု တွေကို လဲ ပမာဏ တစ်ခုအထိ ဝယ်ယူ စုဆောင်းထားဖို့ လိုအပ်ကြောင်းကို တင်ပြလိုက်ရပါတယ်ခင်ဗျား။

.

အပိုင်း (၂)

.

ပထမ အပိုင်းမှာ တုန်းက တော့ Liquidity အကြောင်း ကိုဖော် ပြခဲ့ ပြီး ဖြစ်ပါတယ်။ ဒီနေ ရာမှာ တစ်ခါ ထပ်ပြီး ပြောလိုတာကတော့ Company ကြီးတွေ မှာ အသုံးချ တဲ့ သီအိုရီ တွေ ဟာ မိမိကိုယ် ပိုင် personal life အတွက်လည်း အသုံးချလို့ ရနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ Liquidity ratio လို့ ခေါ်တဲ့ company တစ်ခုမှာ ငွေ ဖြစ်လွယ်စွမ်း ဘယ်လောက် အချိုး ရှိနိုင်သလဲ ဆိုတာကို တွက်ချက်တဲ့ အချိုးသုံးခု ကို မျှဝေပေးလိုပါတယ်။ 

.

Accounting မှာ accounting equation ဆိုတာရှိပါတယ်။ ဒါကတော့ Company’s assets = liability + Owner Equity လို့ ပဲဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ လုပ်ငန်းတစ်ခုရဲ့ ပိုင်ဆိုင်မှု ဆိုသည်မှာ လုပ်ငန်း ရှင် က ထည့်ဝင် ထားတဲ့ ရင်းနှီး ပိုင်ဆိုင်ငွေ နဲ့ လုပ်ငန်းရဲ့ ကြွေးမြီ တွေ ပေါင်း ခြင်းကို ခေါ်တယ်လို့ သတ်မှတ် ထားတာ ဖြစ်ပါတယ်။ ဒီပုံသေနည်းမှာကို ကရှင်းပါတယ် လုပ်ငန်းတစ်ခုရဲ့ assest ဆိုတဲ့ အထဲ မှာ အကြွေး ဆိုတဲ့ Liability တွေ ရှိပါတယ်။ တစ်နည်းအားဖြင့် တော့ လုပ်ငန်း company မှန် သမျှ Liability အကြွေးကင်း တယ် ဆိုတဲ့ လုပ်ငန်း မရှိဘူးလို့ကို ဆိုလို့ရပါတယ်။ လုပ်ငန်းတစ်ခုမှာ အကြွေးဆို တာ မရှိရင် အဲဒီ လုပ်ငန်း ဟာ စီးပွားရေး ကောင်းကောင်း မလုပ်တတ်ဘူး လို့ လဲ အဓိပ္ပာယ် ရပါတယ်။ အကြွေးဆိုတာ အသုံးချ နိုင်ရင် စီးပွား ရေးအတွက် အလွန်အသုံးဝင်ပါတယ်။

.

ဥပမာ company A က Supplier A ဆီ ကနေ ပြီးတော့ ကုန်ပစ္စည်း တစ်ခုကို ၁၀၀ နဲ့ ၁၀ ခု ၁၀၀၀ ဖိုး ဝယ် လာပြီး customer တွေ ကို တစ်ခုကို ၂၀ နဲ့ ၁၀ ခု လုံးရောင်းလိုက်ရင် ရောင်းရငွေ revenue 2000 ရမှာ ဖြစ်ပြီး အမြတ် က ၁၀၀၀ ကျန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ လို process ကို လုပ်ရဖို့ အတွက် က supplier ဆီက ကုန် ပစ္စည်း ၁၀ ခုကို အရင်ဆုံး ငွေ တစ်ထောင် ရင်းပြီး စိုက် ထားပြီး ဝယ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ငွေ တစ်ထောင် မရှိရင် တခြား က ချေးငှားပြီး ဝယ်ရမယ်ဆိုရင် အတိုး ကပေးရဦးမှာ ဖြစ်ပါတယ်။ တကယ် လို့ အဲဒီလို မဟုတ်ပဲ အကြွေးကို အသုံးချပါတယ်။ Supplier A ဆီက ကုန်ပစ္စည်း ၁၀ ခုကို အကြွေးနဲ့ ဝယ် လာမယ်ဆိုပါတော့။ ပြီး ရင် နောက် တစ်လ နေမှ ငွေ ချေ ဖို့ သဘောတူညီချက်ရခဲ့မယ် ဆိုပါတော့ ။ ဒိ ကုန် ပစ္စည်း ၁၀ ခုကို ယူလာပြီး customer ဆီကို လက်ငင်းပဲ ပြန်ရောင်းလိုက်မယ် ဆိုရင် အထက်ကလိုပဲ Revenue 2000 ရပြီး ၁၀၀၀ မြတ်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အကြွေး ယူလိုက်တဲ့ အတွက် အရင်းငွေ တစ်ထောင် ရှာစရာမလို တော့ သလို စိုက် စရာလဲ မလို တော့ပါဘူး။ ဒီငွေ တစ်ထောင်ကို တခြား နေရာမှာ တောင် ရင်းနှီးလိုက်နိုင်ပါသေးတယ်။ ဒါဟာ အကြွေး ရဲ့ ကောင်းပုံ တစ်ခုဖြစ်ပါတယ်။

.

အထက်ကလို အကြောင်းကြောင်းတွေ ကြောင့် လုပ်ငန်းတိုင်းမှာ အကြွေး ဆိုတာ ရှိ နေပါတယ်။ ပထမ ဆုံး အရင်း တစ်ထောင် စိုက်ပြီး ဝယ်လိုက်တဲ့ လုပ်ငန်း က အကြွေး မရှိတဲ့ အတွက် လုပ်ငန်းရဲ့ asset ပိုင် ဆိုင်မှု က အဲဒီ အရင်း ၁၀၀၀ ပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ထဲမှာ ငွေ တစ်ထောင်ရှိသော်လည်း ဒုတိယ လုပ်ငန်းလို အကြွေး နဲ့ ကုန် ၁၀၀၀ ဖိုး ထပ်ဝယ်လိုက်တော့ လက်ထဲကငွေ တစ်ထောင် ကုန် တန် ဖိုး ၁၀၀၀ နဲ့ လုပ်ငန်းရဲ့ ပိုင်ဆိုင်မှု ဟာ ၂၀၀၀ ဖြစ်သွားပါတော့ တယ်။ ဒါ ဟာ အထက်က ဖော်ပြခဲ့တဲ့Assest = liability + equity ဆိုတဲ့ သဘောကို ထပ်ပြီး ရှင်းပြပေးတာဖြစ်ပါတယ်။

.

ကဲ..ဟုတ်ပြီဗျာ..ဒီတော့ လုပ်ငန်း က ဒုတိယ နည်းလမ်းဖြစ်တဲ့ အကြွေး ယူ ပြီး ပြန်ရောင်းတာက ပိုကိုက် တယ် ဆိုတော့ အဲဒီ အတိုင်း ပဲလုပ်မယ်ဆိုပါတော့။Supplier ကို တစ်လ ကြာမှ ငွေ ချေရမယ် ဆိုပေမယ့် တစ်လ အတွင်းမှာ customer တွေဆီကို ကုန် ပစ္စည်းတစ်ခု မှ မရောင်းနိုင် ဘူးဆိုရင် ပြသနာရှိလာပါတယ်။ ဘာကြောင့် လဲ ဆိုတော့ supplier ကို အကြွေး ပြန်ဆပ်ရမှာတော့ကြောင့်ဖြစ် ပါတယ်။ အဲဒိလို အချိန်မှာ လက်ထဲ မှာ ပေးစရာငွေ ရှိ နေရင် ကိုယ့် ငွေကို ပဲ ပြန် စိုက် ပြီး supplier ကို ရှင်းပေးလိုက်လို့ ရရင် အဆင်ပြေ ပါတယ်။ အဲ…ဒါပေမယ့် လက်ထဲမှာ ငွေ မရှိတော့ဘူး..ဒါမှမဟုတ် ရှိတဲ့ ငွေကို တခြား မှာ ထည့်လိုက်မိ တယ် ဆိုရင် supplier ကို ပေးရမယ့် အကြွေး ပူကို ဆပ်စရာတစ်နည်းပဲရှိပါတော့ တယ်။ ဒါကတော့ company ပိုင် ပိုင်ဆိုင်မှု ပစ္စည်း Asset တွေကို ရောင်းချပြီး ဆပ်ရတာပဲဖြစ်ပါတယ်။

.

ဒီနေရာမှာ company ပိုင် ပစ္စည်းတွေက Liquidity မကောင်းတဲ့ asset တွေ များ ဖြစ်နေခဲ့မယ် ဆိုရင် မြွေ စကိုက် ပါပြီ။ လုံးဝ ရောင်းမထွက် ဘူးဆိုရင်နောက်ဆုံးမှာ company ပျက်သည်အထိ ဖြစ် နိုင် ပါတယ်။ ဒါ့ကြောင့် ဒီလို ဘာမဟုတ်တာလေးနဲ့ အဖြစ် ဆိုး တွေ မကြုံရအောင် CFO တွေက လုပ်ငန်းပိုင် asset တွေ ရဲ့ liquidity ratio တွေကို တွက်ချက်နေရပြီး သတ်မှတ် စံနှုန်းအတွင်း ရှိအောင် ကြိုးစားလေ့ရှိပါတယ်။ တကယ်လို့ မိတ်ဆွေ ဟာ လုပ်ငန်းတစ်ခုခု မှာ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားပြီး ဆိုရင် လုပ်ငန်း ဟာ အကြွေး နဲ့ ပိုင်ဆိုင်မှု မျှ တမှု ရှိသလားဆိုတာကို သိဖို့ ဒီ liquidity ratio တွေကို တောင်းယူ သုံးသပ်ဖို့ လိုအပ်ပါတယ်။

.

Current Ratio

.

ဒါကတော့ Liquidity ratio ရဲ့ ပထမဆုံး ratio လဲဖြစ်သလို အလျော့ပေါ့ဆုံး တွက်ချက်ထားတဲ့ စံနှုန်းလဲ ဖြစ်ပါတယ်။ သူရဲ့ ပုံသေနည်းကတော့ သိပ်ရှင်းပါတယ်။ company ရဲ့ Current Asset ကို တည်ပြီး Current liability တန်ဖိုး နဲ့ စားလိုက်တာပဲဖြစ်ပါတယ်။ လုပ်ငန်းရဲ့ current asset အမျိုးအစား ဆိုတာ တစ်နှစ်အတွင်း ငွေ အဖြစ် ပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ယူထားတဲ့ အရာတွေ၊ ငွေ၊ ငွေ နှင့် အလားတူသော ပိုင်ဆိုင်မှု၊ ဘဏ်စာရင်း၊ Stock တွေ inventory တွေ customer ဆီက ရရန် ရှိတဲ့ ငွေ စာရင်းတွေ အကုန် ပါပါ တယ်။ current liability ဆိုတာကတော့ လုပ်ငန်းက ခြောက်လကနေ တစ်နှစ်အတွင်း ပေးဆပ်ရမယ့် အကြွေးတွေ ဖြစ်ပါတယ်။ ဒီ တန်ဖိုး နှစ်ခုလုံးကို company တွေ ကနှစ်စဉ်ထုတ်ပြန်တဲ့ Balance sheet ဆိုတဲ့ ငွေစာရင်းရှင်းတမ်းမှာ အလွယ်တကူ ရယူနိုင်ပါတယ်။

.

ဥပမာ လုပ်ငန်းတစ်ခုရဲ့ current asset တန်ဖိုး က 1575.6$ ရှိပြီး current liability တန်ဖိုး က606.9$ ရှိမယ် ဆိုပါတော့ ဒါဆို 1575.6 ကို 606.9 နဲ့ စားလိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အဖြေက 2.6 ဆိုပြီးရပါတယ်။ 

.

ဒါရဲ့ အဓိပ္ပာယ်ကတော့ လုပ်ငန်းမှာ ပေးဆပ် စရာရှိတဲ့ အကြွေး တစ်ဒေါ်လာ အတွက် ရောင်းချပြီး ဆပ် နိုင် မယ့် current asset တန်ဖိုး ၂.၆ ဒေါ်လာ ဖိုး ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်း အား ဖြင့် ဒီ လုပ်ငန်းဟာ တကယ်လို့ ၆၀၆.၉ ဒေါ်လာ အကြွေးကို ရုတ်တရက် ဆပ်ရမယ့် ဒါမှ မဟုတ် ကြွေးဆပ်ရမယ့် နေ့ အထိ ဘာအရောင်းမှမရှိဘူး ဆိုရင် တောင် လုပ်ငန်းမပျက်နိုင်သေးဘူးလို့ ယူဆလို့ ရပါတယ်။ Standard အနေနဲ့ ကတော့ current ratio ဟာ 2 ရဲ့ အထက် မှာ ရှိနေသင့်ပါတယ်။ 2 အောက်ကိုရောက်နေပြီ ဆိုရင် တော့ဒါဟာ liquidity အားနည်းနေတဲ အနေအထားဖြစ်ပါတယ်။

.

.

Quick ratio သို့ မဟုတ် Acid test ratio

.

ဒါကတော့ Liquidity ratio မှာ တစ် ဆင့် တင်းကျပ်ပြီးတွက်လိုက်တဲ့ အချိုးဖြစ်ပါတယ်။ အထက်က ဖော်ပြခဲ့ တဲ့ current asset တွေ ထဲမှာ Stock တွေ inventory တွေဟာ ငွေလို ချိန်မှာ ချက်ချင်း ရောင်း ချရဖို့ ဆို တာ မလွယ်ကူပါဘူး။ ကိုယ်က ငွေလိုတယ်ဆိုတိုင်း customer က ချက်ချင်းငွေချေပြီး ဝယ်ဖို့ ဆိုတာ မဖြစ် နိုင် ပါဘူး။ဒီအတွက် တကယ်လို့ အကြွေး တွေကို ချက်ချင်းဆပ်ရတော့မယ် ဆိုရင် inventory တွေ ဟာ current asset ဖြစ်သော်ငြားလည်း အထော်ကအကူပြု ဒါကြောင့် ဒီတစ်ဆင့်မှာ တော့ current asset တန်ဖိုး ထဲက stock and inventory တန်ဖိုးတွေ ကို ထုတ် နှုတ် ပြီး အထက်က ပုံသေနည်းအတိုင်း ပြန် တွက်ချက်ကြည့်ပါတယ်။

.

တွက်ချက်လိုက်ရင် သေချာ တာကတော့ အထက်က ရခဲ့ တဲ့ 2.6 တန်ဖိုး ထက်တော့ လျော့ကျသွားပြီး 1 ကျော်ကျော်လောက်ပဲ ရှိတော့မှာဖြစ်ပါတယ်။ standard အနေနဲ့ ကတော့ acid test ratio ဟာ 1 လောက် ကနေ အထက် မြင့်နေတာပဲ ကောင်းမှာ ဖြစ် ပြီး 1 ကနေ 1.8 လောက်အတွင်းရှိသင့်ပါတယ်။ 1 အောက် ကျသွား ရင် တော့ liquidity နည်းနေပြီး လုပ်ငန်းဟာ ကျရှုံးနိုင်ပါတယ်။

.

.

Cash Ratio

.

ဟုတ်ကဲ့ဗျာ …ဒါ ကတော့ နောက်ဆုံး ratio တစ်ခု ဖြစ်တဲ့ အပြင် Liquidity အတွက် အတင်းကျပ် ဆုံး တွက် ချက် ထားတဲ့ အချိုးတစ်ခုလဲ ဖြစ်ပါတယ်။ current ratio တုန်းက တော့ current asset ကို current liability နဲ့ စား ခဲ့ပြီး Quick ratio မှာတော့ current asset ထဲက inventory တန်ဖိုး ကို ထုတ်နုတ်ပြီး current liability နဲ စားခဲ့ပါတယ်။

.

Current asset ထဲက inventory တန်ဖိုး ကို ထုတ်နုတ်ပြီး ပေမယ့် အလွယ်တကူ ငွေ အဖြစ်ပြန် မရနိုင် တဲ့ အရာ တစ်ခု ရှိပါသေးတယ် ဒါကတော့ AR လို့ ခေါ်တဲ့ account receivable ပဲဖြစ်ပါတယ်။ AR ဆိုတာ ကို အကြမ်းအား ဖြင့်ပြောရရင်တော့ မိမိရဲ့ ကုန် ပစ္စည်းတွေကို customer တွေ ဆီကို အကြွေး နဲ့ သိုမ့ဟုတ် Consignment နည်းနဲ့ ရောင်း ထားပြီး ရစရာရှိနေတဲ့ မရသေးတဲ့ ငွေကို AR လို့ ခေါ်ပါတယ်။ ကိုယ်က ရစရာရှိ တဲ့ အကြွေး လို့ ပြောနိုင်ပါတယ်။ ဒီ AR ဟာလည်း တကယ် တမ်း ငွေလို လာတဲ့ အခါမှာ customer ဆီက ချက်ချင်း ပြန်တောင်းလို့ မရနိုင်တဲ့အရာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ်လို့ ကြွေးဆုံး အဖြစ်တောင် ရောက်ပြီး လုံးဝလဲ ဆုံးရှုံးသွားနိုင်ပါသေးတယ်။ ဒါ့ကြောင့် cash ratio မှာတော့ AR တန်ဖိုး တွေကို ထည့်မတွက် ပဲ တွက်ချက်တာ ဖြစ်ပါတယ်။

.

Current asset တွေ ထဲက inventory နဲ့ AR တန်ဖိုးတွေကို နှုတ်လိုက်ရင် ဘာတွေ ကျန်လဲ ဆိုတော့ Cash in Hand ဆိုတဲ့ လက်ထဲကိုင်ထားတဲ့ ငွေရယ် Cash in Bank လို့ခေါ်တဲ့ ဘဏ်ထဲက ငွေရယ် အသေးသုံး အဖြစ် ထုတ် ထားတဲ့ ငွေ တွေရယ် ငွေ နဲ့ အလားတူသော ပိုင်ဆိုင်မှု တွေ ဖြစ်တဲ့ Share တွေ Bond တွေ ရယ်ပဲ အဓိက အား ဖြင့် ကျန် ပါတော့တယ်။

.

Cash ratio ကို ရဖို့ အထက် က အရာတွေ ကို current liability တန်ဖိုးနဲ့ စားလိုက်ရင် cash ratio အချိုးကို ရပါတယ်။ cash ratio ကတော့ 1 နေရင် အကောင်းဆုံးဖြစ်ပေမယ့် ပုံမှန်အားဖြင့် တော့ လုပ်ငန်းတွေ မှာ 0.6 နဲ့ 1 အကြားမှာ ရှိလေ့ရှိပါတယ်။ cash ratio 0.6 ဆိုတဲ့ အဓိပ္ပာယ် ကတော့ အထက်ကလိုပဲ လုပ်ငန်းမှာ ဆပ်စရာ အကြွေး ၁ ဒေါ်လာ အတွက် ငွေသားချည်းသက်သက် ပေးဖို့ ပြား ၆၀ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

.

Liquidity ratio တွေကို အထက်ကလို ကြည့်ရှုပြီး လုပ်ငန်းတစ်ခု ဟာ အကြွေး ကြောင့် ပြိုလဲနိုင်မှု ရှိ မရှိ အခြေအနေကို သုံးသပ်နိုင်မှာ ဖြစ်ပါကြောင်း။

.

ထပ်တိုး မှတ်ချက်

.

ထပ်ဆောင်းပြီး ပြောလိုတာကတော့ ငြွေဖစ်လွယ် စွမ်း Liquidity ဟာ ပုံမှန် အခြေအနေ ကိုသာ ယူဆ တွက် ချက်ပြီး ဝယ်ယူ ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေလို ပုံမှန် မဟုတ်တဲ့ မတည်ငြိမ်တဲ့ အခြေအနေမှာတော့ ပုံမှန်မှာ Liquidity ကောင်းတဲ့asset တွေဟာလည်း liquidity လျော့ကျ ပြီး ရောင်းမထွက်တာမျိုးတော့ဖြစ်လာနိုင်ပါတယ်။ ဥပမာ Liquidity ကောင်း ပါတယ် ဆိုတဲ့ ရွှေ တောင်မှ Panic Buying ဖြစ်ပြီး အမြင့်ဆုံး ဈေး ၁၇ သိန်းကျော် ရုတ်တရက် ထိုး တက်သွားတဲ့အချိန်မှာ အဲဒီဈေးနဲ့ ရွှေဆိုင်တွေ ကိုယ်တိုင်က ပြန်မဝယ် ရဲ တာ မျိုး ဖြစ်ခဲ့တဲ့အတွက် ရောင်းထွက်ထို့ ခက်တဲ့အချိန် ကြုံရတတ်လေ့ရှိပါတယ်။ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေ မှာတော့ မနေ့က မျှဝေပေးခဲ့တဲ့ Marketability က Liquidity ထက် ပိုပြီး အသုံး ကျလေ့ရှိတတ်ပါတယ်။

.

ဒီတော့ စီးပွားရေး ဖြစ်ဖြစ် ရင်းနှီးမြုပ်နှံမှု ဖြစ်ဖြစ် လုပ်မယ်ဆိုရင် Liquidity နဲ့ Marketability နှစ်ခု ကိုတော့ မဖြစ်မနေ စဉ်းစားပါလို့ တိုက်တွန်းချင်တာပါပဲ။

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ေငြေၾကးႏွင့္ Liquidity အေၾကာင္း ျပန္လည္စုစည္းမႈ




ေငြ ျဖစ္လြယ္စြမ္း သို႔မဟုတ္ Liquidity ဆိုသည္မွာ…....…

အပိုင္း (၁)(၂)

ေငြေၾကးဆိုင္ရာ အသိပညာ

.

ကဲဗ်ာ..မိတ္ေဆြ မွာ ရင္းႏွီးစုေဆာင္းေငြ သိန္းတစ္ေထာင္ေလာက္ရိွ ေနၿပီး ေတာ့ မိတ္ေဆြ ကိုယ္တိုင္က လဲ စီးပြား ေရးလုပ္ငန္းတစ္ခုကို စတင္လုပ္ေဆာင္ဖို႔စိတ္အားထက္သန္ေနကာ စတင္အေကာင္အထည္ ေဖာ္ ၿပီ ဆိုၾကပါေတာ့။ ဒါဆို ရင္ လက္ထဲရိွတဲ့ သိန္းတစ္ေထာင္လံုးကို စီးပြားေရးထဲ ပစ္ထၫ့္ၿပီး အလုပ္လုပ္မယ္ လို႔ ေတြး ပါမလား။ ဒါေပါ့ဗ်ာ…ဘယ္ေတြး ပါမလဲ။ စီးပြားေရးထဲကို အခ်ိဳ႕တစ္ဝက္ကိုထၫ့္ ၿပီး ပမာဏ တစ္ခု ကိုေတာ့ လက္ထဲမွာ အေစာင့္အေန အျဖစ္ ခ်န္ထားရဦးမွာပါ။ ဒါမွ လဲ စီးပြားေရး ဟာ ထင္သလိုမျမတ္ ေသး ပဲ ေနာက္ထပ္ေငြေၾကးက်ားကန္ဖို႔လိုအပ္လာရင္ အဆင့္သင့္ျဖစ္ေနမွာ ျဖစ္သလို ထင္သေလာက္ေပါက္ ၿပီး ျမတ္လာရင္ လဲ လုပ္ငန္းတိုးခ်ဲ့ဖို႔ ေငြ ေၾကးက လိုလာဦးမွာျဖစ္ပါတယ္။ဒီေတာ့ ကာ သိန္းတစ္ေထာင္မွာ ခုႏွစ္ ရာ ေလာက္ကို လုပ္ငန္းလုပ္ၿပီး သံုးရာေလာက္ကို ခ်န္ထားမယ္ဆိုပါေတာ့။ ဒါဆို ေနာက္ထပ္ေတြးရမွာ က အဲဒီ သံုးရာကို လက္ထဲမွာ ပဲထားမလား ဒါမွမဟုတ္ ကုတင္ေအာက္ ထဲ ထားၿပီး အိပ္မလား ဘဏ္သြားအပ္ထား မလား (ပံုမွန္ အခ်ိန္ ဆိုပါစို႔ဗ်ာ)…မိတ္ေဆြ ဘာလုပ္မယ္လို႔ စဉ္းစားပါသလဲဗ်ား။

.

ေနာက္ထပ္တစ္ခုကေတာ့ မိတ္ေဆြ က စီးပြားေရးလုပ္ငန္းမလုပ္ပဲ ရံုးဝန္ထမ္းတစ္ဦး ဆိုၾကပါေတာ့။ ဒီေတာ့ ရတဲ့ လခ ကို လစဉ္စုေဆာင္းလာရင္းနဲ႔ ဆယ္သိန္းေလာက္ရလာၿပီ ဆိုပါေတာ့ ။ ဒါဆို ေမးခြန္းကေတာ့ အတူတူပါပဲ ဒီဆယ္သိန္းကို လက္ထဲမွာ ထားမလား ကုတင္ေအာက္ ထဲထားအိပ္မလား ဘဏ္သြားအပ္ထားမလား ဆိုတာစဉ္းစားရပါေတာ့တယ္။

.

ဒီေတာ့ လက္ထဲ မွာထားလို႔ ကေတာ့ လံုးလံုးအဆင္မေျပတာ သိသာလွပါတယ္။ ဒီေငြ ေတြကို သူခိုးပဲ ခိုးမလား မီးပဲေလာင္မလား နဲ႔ ေငြ ထုပ္ဖင္ခုထိုင္ၿပီး အိပ္မေပ်ာ္စိတ္မခ် ျဖစ္ေနရမွာက ပထမဆံုး ျပသနာျဖစ္ပါတယ္။ ဒါေပမယ့္ မိတ္ေဆြက သံကြန္ခ်ာ ခုႏွစ္ထပ္ေလာက္ကာရံ ၿပီး လံုၿခံဳေရး အျပၫ့္ရိွေနတယ္ ဆိုရင္ေရာ ဒိေငြ ကို လက္ထဲ ထားရတာအဆင္မေျပဘူးလားလို႔ေမးႏိုင္ပါတယ္။ အဲ…တစ္ခ်ိဳ႕ လဲရိွတာကိုး လက္ထဲရိွတဲ့ ေငြေလးကို တစ္ရက္တစ္ခါ ထုတ္ေရ ၿပီး ေက်နပ္ပီတိ ျဖစ္ေနတာမ်ိဳး ေလ။ ဒီေနရာမွာ သတိမူ ရမွာ က ဘယ္ေလာက္လံုၿခံဳေရးရိွေနရိွေန လက္ထဲမွာ ထားတဲ့ ေငြ ဟာ ကာလ ၾကာလာေလေလ တန္ဖိုးေလ်ာ့ ေလေလ ျဖစ္လာတာပဲျဖစ္ပါတယ္။ ျမန္မာက်ပ္ေငြဆိုရင္ ပိုေတာင္ဆိုးပါဦးမယ္။ ဘာေၾကာင့္ တန္ဖိုးေလ်ာ့လာရသလဲဆိုရင္ေတာ့ ေငြေၾကးေဖာင္းပြမႈ(inflation) ဆိုတဲ့ လက္မည္းႀကီးေၾကာင့္ပဲ ျဖစ္ပါတယ္။ ေငြေၾကးေဖာင္းပြမႈ inflation အေၾကာင္းကို ေတာ့ ကြၽန္ေတာ္အပါအဝင္ ပညာရွင္ အေတာ္မ်ားမ်ား က ေရးသားၾကၿပီးျဖစ္လို ဒီမ်ွေဝမႈမွာေတာ့ အေသးစိတ္ထပ္ မေျပာေတာ့ပါဘူး။ 

.

ျမန္မာႏိုင္ငံ ရဲ့ ေငြေၾကးေဖာင္းပြမႈႏႈန္း ဟာ ၈ရာခိုင္ႏႈန္း ၉ ရာခိုင္ႏႈန္း အမ်ိဳးမ်ိဳး ေျပာေလ့ ရိွၾကေပမယ့္ ၁၀ ရာခိုင္ႏႈန္းလို႔ သာ အလြယ္မွတ္ လိုက္ၾကရေအာင္ပါ။ ဆိုလိုတာက လက္ထဲမွာထားတဲ့ ေငြ ဟာ တစ္ႏွစ္ကို ၁၀ ရာခိုင္ႏႈန္း တန္ဖိုး ေလ်ာ့ေနပါတယ္။ ဒီႏွစ္မွာ သိန္းတစ္ရာနဲ႔ ဝယ္လို႔ ရတဲ့ ပစၥည္းဟာ ေနာက္ႏွစ္မွာ ၁၀ ရာခိုင္ႏႈန္း ေငြေၾကးေဖာင္းပြမႈေၾကာင့္ အဲဒီ ပစၥည္းကိုပဲ သိန္းတစ္ရာ့တစ္ဆယ္ နဲ႔ ဝယ္မွ ရပါေတာ့တယ္။ ထပ္ၿပီး ဆိုလိုတာက မိတ္ေဆြ သာ သိန္းတစ္ရာကို ဆယ္ႏွစ္ တိတိ လက္ထဲမွာ သိမ္းထားမယ္ ေငြေၾကး ေဖာင္း ပြ မႈႏႈန္းကလဲ တစ္ႏွစ္ကို ၁၀ ရာခိုင္ႏႈန္းသာ မွန္မွန္ ရိွေနမယ္ဆိုရင္ ဆယ္ႏွစ္အၾကာမွာ မိတ္ေဆြ လက္ထဲ က ေငြသိန္းတစ္ရာဟာ ဘာတန္ဖိုး မွ ရိွမွာ မဟုတ္ေတာ့ပါဘူး။ မရိွေတာ့ဘူးဆိုတာ တန္ဖိုးကို ေျပာတာပါ ေငြ စကၠူ အရြက္ေလးေတြကို ေရ ၾကၫ့္ရင္ေတာ့ သိန္းတစ္ရာ ပမာဏ ကရိွေနဦးမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေငြေၾကးေဖာင္းပြ တာက ၁၀ ရာခိုင္ႏႈန္းထက္မ်ား မ်ားသြားရင္ေတာ့….ဂြၽမ္းေတြ ခ်ည္းပစ္ေန ရမွာ ပါ။

.

ဒါဆိုဘဏ္ထဲထားရင္ေရာအဆင္ေျပမလားေပါ့။ ဘဏ္ကေတာ့ လက္ထဲထားတာထက္ အတိုး ႏႈန္းလဲ ရပါတယ္။ ဒါေပမယ့္ ဘဏ္တိုးဆိုတာဟာ ေငြ ေၾကးေဖာင္းပြမႈႏႈန္းရဲ့ ေအာက္ ကို ေလ်ာ့ ၿပီး ေပးေလ့ရိွပါတယ္။ လက္ရိွ တစ္ႏွစ္ကို ၈ ရာခိုင္ႏွန္းေပးေနတာျဖစ္တဲ့အတြက္ တစ္ႏွစ္ကို ေငြေၾကးေဖာင္း ပြမႈ ၁၀ ရာခိုင္ႏႈန္းမွာ ၂ ရာခိုင္ႏႈန္းေတာ့ တန္ဖိုးေလ်ာ့ေနဦးမွာျဖစ္ပါတယ္။

.

Company ေတြမွာလည္းဒီလိုပဲျဖစ္ပါတယ္။ လုပ္ငန္းအတြက္ အသင့္ရည္ရြယ္ၿပီး ေငြ အခ်ိဳ႕ ကို ဖယ္ထုတ္ထား ေပမယ့္ ဒီေငြကို လက္ထဲထားရင္ တန္ဖိုးေလ်ာ့မယ္ ဘဏ္ထဲထၫ့္မယ္။ ဘဏ္ထဲထၫ့္ရင္လည္း တန္ဖိုး နည္းနည္း ေလ်ာ့ဦးမယ္ဆိုေတာ့ လံုးလံုး တန္ဖိုး မေလ်ာ့ပဲ ျမတ္ေတာင္ျမတ္ႏိုင္တဲ့ နည္းကို ရွာလာၾကပါတယ္။ ပိုက္ဆံကို ဘာလို႔ ဖယ္ထားရလဲ ဆိုတဲ့ ရည္ရြယ္ခ်က္က လုပ္ငန္းေငြလိုအပ္ခ်ိန္မွာ ခ်က္ခ်င္း ေထာက္ခံ မတည္ ေပးဖို႔ ျဖစ္တဲ့အတြက္ တန္ဖိုးလဲ မေလ်ာ့ ရဘူး ျမတ္လဲျမတ္ႏိုင္မယ္ ေငြလိုခ်ိန္မွာ လဲ ခ်က္ခ်င္းေငြအျဖစ္ ကို ေျပာင္း လဲႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြေဖာ္ထုတ္လာၾကပါေတာ့တယ္။ အဲဒီနည္းလမ္းကေတာ့ Liquidity ျမင့္ ေသာ ပိုင္ဆိုင္မႈမ်ားကို ဝယ္ယူထားျခင္းပဲျဖစ္ပါေတာ့တယ္။

.

Liquidity ဆိုတာကို တိုက္ရိုက္ဘာသာျပန္ရရင္ေတာ့ အရည္ျဖစ္လြယ္စြမ္းလို႔ ဘာသာျပန္ႏိုင္ပါတယ္။ ဥပမာ သတၲု တစ္ခုခုက အခဲ အေျခအေနကေန အရည္အေျခအေနကို ဘယ္ အပူခ်ိန္မွာ ေျပာင္းႏိုင္သလဲ ဆိုတာ Liquidity ျဖစ္ပါတယ္။ ဥပမာ ေရခဲ က အရည္ အျဖစ္ကို 1 ‘C မွာ စေျပာင္းေပမယ့္ သံ ကေတာ့ အရည္ ဘဝ ကို ၁၀၀၀’C က်မွေျပာင္းပါတယ္။ ဒီေတာ့ ေရခဲဟာ သံထက္ အရည္ျဖစ္ႏိုင္စြမ္း ျမင့္တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။

.

Finance ပိုင္းမွာေတာ့ Liquidity ဆိုတာ ပိုင္ဆိုင္မႈ Asset တစ္ခုရဲ့  လက္ရိွ ျဖစ္ေနတဲ့ ေဈးကြက္ေပါက္ ေဈးထက္ မေလ်ာ့ ေစပဲ ေငြ အျဖစ္ကို အျမန္ဆံုး အလြယ္ဆံုး ေျပာင္းလဲ ႏိုင္စြမ္းကို Liquidity လို႔ ေခၚပါတယ္။ ဒီေနရာမွာ ေဈးကြက္ေပါက္ေဈးဆိုတဲ့ စကားစုေလးက အေရးအပါဆံုးျဖစ္ပါတယ္။ ဥပမာ ကြၽန္ေတာ္ က ေဈးကြက္ေပါက္ေဈး အရ သိန္းတစ္ေထာင္တန္ ေျမကြက္တစ္ကြက္ကို ဝယ္လိုက္ၿပီး ေငြလို တဲ့အတြက္ အဲ့ ဒီ ေျမကြက္ကို သိန္း ေလးရာေလ်ာ့ကာ ဗိုက္နာတဲ့ ေဈးနဲ႔ သိန္းေျခာက္ရာနဲ႔ ေရာင္းမယ္ဆိုရင္ ခ်က္ခ်င္းကို ေရာင္း ထြက္ ႏိုင္ပါတယ္။ ခ်က္ခ်င္းေငြ အျဖစ္ ေရာင္းထြက္သြားလို႔ ဒီေျမကြက္ဟာ Liquidity ေကာင္းတယ္လို႔ ေျပာလို႔ မရပါဘူး ဘာေၾကာင့္လဲဆိုေတာ့ ေဈးကြက္ေပါက္ေဈး သိန္းတစ္ေထာင္ မရလို႔ ပဲျဖစ္ပါတယ္။

.

Liquidity ဟာ ပစၥည္း အမ်ိဳး အစားျခင္းတူ ေနရင္ေတာင္ အျခားေသာ အေျခအေနေတြ အေပၚမူတည္ၿပီး ဒီဂရီ ကြဲျပားပါေသးတယ္။ ဥပမာ အထက္က ေျမကြက္ပဲဆိုပါေတာ့ သိန္း တစ္ေထာင္တန္ ေျမကြက္ခ်င္းအတူတူ ေပမယ့္ လမ္းဆံု မွာ ရိွတဲ့ ေျမကြက္ နဲ႔ ဟိုးရပ္ကြက္ အတြင္းပိုင္း က ေျမကြက္ မွာ ေငျြဖစ္လြယ္ စြမ္း Liquidity က မတူေတာ့ျပန္ပါဘူး။

.

အထက္က company ေတြ အေၾကာင္းကို ျပန္ဆက္ရရင္ company ေတြ ဟာ လက္ထဲမွာ ရိွတဲ့ ေငြ ေတြကို liquidity ေကာင္းတဲ့ ပိုင္ဆိုင္မႈ ျဖစ္ရမယ့္ အျပင္ အျမတ္ ပါရႏိုင္မယ့္ ပိုင္ဆိုင္မႈ ေတြ အျဖစ္ ေျပာင္းလဲ ထားလိုက္ ၾကပါတယ္။ ဒါဟာ ေငြတန္ဖိုး ေလ်ာ့တာကို ကာကြယ္ၿပီးသား ျဖစ္သလို company ရဲ့ Financing activity အေနနဲ႔ ေငြ အပို ရေစတဲ့ ေငြရလမ္းတစ္ခု အျဖစ္ ရယူလိုက္ၾကတာျဖစ္ပါတယ္။

.

Company ေတြ အေနနဲ႔ အမ်ားဆံုး ေရြး ခ်ယ္ဝယ္ယူေလ့ရိွၾကတဲ့ Liquidity ျမင့္ ပိုင္ဆိုင္မႈေတြ ကေတာ့ Share ေတြ အထူး သေဘာတူညီခ်က္နဲ႔ Bond ေငြ ေခ်းစာခ်ဳပ္ေတြ ခိုင္မာ တဲ့ ႏိုင္ငံျခားေငြ ေၾကးေတြ ကို ဝယ္ယူ ထားေလ့ရိွတတ္ပါတယ္။ Share ဆိုတဲ့ ေနရာမွာ Listed လုပ္ၿပီး stock exchange မွာ တင္ေရာင္း ေနတဲ့ ရွယ္ယာ မ်ားကို ဝယ္ယူ တတ္ၾကသလို အျခား company ေတြ မွာ လဲ ရွယ္ယာအျဖစ္ ထၫ့္ဝင္ ထားတတ္ ၾကပါတယ္။ stock exchange တင္ ရွယ္ယာေတြ ကေတာ့ အခု ေရာင္းခ်င္ အခု ေငြ အျဖစ္ ဖန္ တီးလို႔ ရ သလို ႏိုင္ငံျခား ေငြ လို ပိုင္ဆိုင္မႈေတြ ကလည္း ေဈးကြက္ေပါက္ေဈးကို မထိ ပဲ ခ်က္ခ်င္း ေငြ အျဖစ္ ေျပာင္းလဲလို႔ ရပါတယ္။ ဒါ့အျပင္ ရွယ္ယာေတြ ႏိုင္ငံျခားေငြ ေတြက အျမတ္ ကိုလဲ ေမ်ွာ္မွန္းလို႔ ရႏိုင္ပါေသးတယ္။

.

လြန္ခဲ့တဲ့ ဆယ္ႏွစ္ကေန ဒီေန့ ၂၀၁၉ အထိ ေလ့လာၾကၫ့္မယ္ ဆိုရင္ ႏိုင္ငံျခားေငြ ေတြ ရဲ့ ခိုင္မာမႈကို ေတြ့ ႏိုင္ပါတယ္။ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္ ႏိုင္ငံျခားေငြ တန္ ဖိုးေတြ ကို ၾကၫ့္မယ္ ဆိုရင္ ယူရို ေငြေၾကး ဟာ အေမရိကန္ ေဒၚလာနဲ႔ ယွဉ္လိုက္ရင္ တန္ဖိုး မေလ်ာ့ ရံု သာမက ပို ၿပီးေတာ့ ေတာင္ မာ လာတာကို ေတြ့ ရမွာျဖစ္ပါတယ္။ ျမန္မာေငြ ကေရာ ၂၀၀၉ ခုႏွစ္တုန္းက အေမရိကန္ ဘယ္ႏွစ္ေဒၚလာေလာက္နဲ႔ ညီပါသလဲ ဆိုတာကို ေတြး ၾကၫ့္ရင္ ေငြ တန္ဖိုးဘယ္ေလာက္ ေတာင္ ေလ်ာ့လာတယ္ဆိုတာကို ၾကက္သည္းထဖြယ္ျမင္ေတြ့ ရမွာျဖစ္ပါတယ္။

.

ဒါ့ေၾကာင့္ Company ေတြက Liquidity ျမင့္ ပိုင္ဆိုင္မႈေတြကို ဝယ္ေလ့ရိွပါတယ္။ ေနာက္ထပ္ရည္ရြယ္ ခ်က္ တစ္ခု အေနနဲ႔ လဲ company ေတြက Liquidity ျမင့္ ပိုင္ဆိုင္မႈေတြကို ဝယ္ ေလ့ရိွၾကပါေသးတယ္။ ဒါကေတာ့ အကယ္ လို႔ company အေနနဲ႔ financial crises ႀကံဳလာလို႔ ေငြ အေရးေပၚ လိုအပ္လာရင္ company ရဲ့ အဲဒီ Liquidity ျမင့္ ပိုင္ဆိုင္မႈ asset ေတြဟာ ကယ္ေပါက္ ေတြ အျဖစ္ သံုးရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္လုပ္ငန္း ႀကီး တစ္ခုရဲ့ CFO ေတြ ဟာ မိမိလုပ္ငန္းရဲ့ Liquidity ratio ေငျြဖစ္လြယ္စြမ္းပိုင္ဆိုင္မႈ ပမာဏ ေတြကို စံသတ္မွတ္ ႏႈန္း တစ္ခုအတြင္းမွာ တည္ရိွေနေအာင္ ႀကိဳး စားထိန္းသိမ္းေလ့ရိွပါတယ္။

.

တစ္ခါတုန္းက သေဘၤာေလာကမွာ သိပ္ကို ႀကီးမားတဲ့သေဘၤာလိုင္းႀကီးတစ္ခုရိွပါတယ္။ တန္ခ်ိန္ သံုးေသာင္း အထက္ပင္လယ္ကူးသေဘၤာႀကီး အစင္း ၁၀၀၀ ေလာက္ပိုင္တဲ့ company ႀကီးဟာ Financial crises ေငြေၾကး အက်ပ္အတည္းႀကံဳ ၿပီး ေတာ့ ၿပိဳ လဲခဲ့ပါတယ္။ ၿပိဳလဲခဲ့တဲ့ အေၾကာင္းအရင္းထဲမွာ company မွာ Liquidity asset ေတြ မရိွတာေၾကာင့္လဲပါဝင္ပါတယ္။ တန္ခ်ိန္ သံုးေသာင္းရိွတဲ့ ပင္လယ္ကူးသေဘၤာဆိုတာ သေဘၤာဦး အေန ေနာက္ဆံုးအထိ ပံုမွန္ လမ္းေလ်ွာက္ရင္ ဆယ္မိနစ္ ဆယ္ငါ့းမိနစ္ေလာက္ ေလ်ွာက္ရေအာင္ ႀကီး ၿပီး ပင္ မအင္ ဂ်င္ ႀကီးသက္သက္ ဟာ ေလးထပ္တိုက္တစ္လံုးစာေလာက္ရိွပါတယ္။ ေဒၚလာ လဲ သိန္းသန္းနဲ႔ ခ်ီ ၿပီး တစ္စီးတစ္စီးကို တန္ေၾကးရိွပါတယ္။ဒါေပမယ့္ လုပ္ငန္းက ေငြ ေၾကးအခက္အခဲ ေတြ တဲ့ အခါ ဒီေလာက္ သိန္းသန္းခ်ီတန္တဲ့ သေဘၤာေတြ အစီး၁၀၀၀ ေလာက္ပိုင္ေပမယ့္ ဒီသေဘၤာေတြ ဟာ အလြယ္တကူ ျပန္ေရာင္း လို႔ ရတဲ့ တစ္နည္းအားျဖင့္ liquidity ျမင့္ ပိုင္ဆိုင္မႈေတြ မဟုတ္တဲ့ အတြက္ ခ်က္ခ်င္းေရာင္းၿပီး အေႂကြးမဆပ္ႏိုင္ပဲ ဆိုးသထက္ဆိုးလာကာ ေဒဝါလီခံရပါေတာ့တယ္။ ဒါဟာ liquidity ျမင့္ ပိုင္ဆိုင္မႈ ရိွေနဖို႔ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို သိသာေစခ်င္တာျဖစ္ပါတယ္။

.

ဒါဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ့ personal life မွာေရာ အဲဒီ Liquidity ျမင့္ ပိုင္ဆိုင္မႈေတြ မ်ား ရိွေနဖို႔ မလို ဘူးလားဗ်ာ။ ဒါဆို ေမးခြန္း တစ္ခုေမးၾကၫ့္ပါမယ္။ ေရွးလူႀကီးေတြ ကအစ ဒီေန့ ေခတ္ လူ ေတြ အထိ အေတာ္မ်ားမ်ား က ေငြေလးပို လာရင္ ေရႊဝယ္ ေလ့ရိွပါတယ္။ စကားပံုေလးေတာင္ေပၚလာပါေသးတယ္ မရိွဝမ္းစာ ရိွတန္ဆာ ပါတဲ့။ ကဲဗ်ာ… ဒါဆို ဒိေလာက္ဝယ္စရာေတြ မ်ားလွတဲ့အထဲမွာ မွ ဘာလို႔ ေရႊဆို တဲ့ အရာ ကို ပဲ ဝယ္ယူေလ့ရိွၾကတာပါလဲ။  ေရႊဟာ Liquidity ျမင့္လို႔ ပဲျဖစ္ပါတယ္။ ႀကိဳက္တဲ့အခ်ိန္ ႀကိဳက္တဲ့ ေနရာမွာ ေဈးကြက္ေပါက္ေဈး အတိုင္း အလြယ္တကူ ေငြ အျဖစ္ကို ျပန္ေျပာင္း လို႔ ရတဲ့အတြက္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေမာင္ေကာင္းႀကီးတို႔ ရဲ့ personal life မွာလဲ ေငြတန္ဖိုးမေလ်ာ့ ဖို႔ အေရးကိစၥရိွခ်ိန္မွာ အလြယ္တကူ ေငြအျဖစ္ေျပာင္းလဲ ႏိုင္ဖို႔ အတြက္ Liquidity ျမင့္တဲ့ ပိုင္ဆိုင္မႈ ေတြကို လဲ ပမာဏ တစ္ခုအထိ ဝယ္ယူ စုေဆာင္းထားဖို႔ လိုအပ္ေၾကာင္းကို တင္ျပလိုက္ရပါတယ္ခင္ဗ်ား။

.

အပိုင္း (၂)

.

ပထမ အပိုင္းမွာ တုန္းက ေတာ့ Liquidity အေၾကာင္း ကိုေဖာ္ ျပခဲ့ ၿပီး ျဖစ္ပါတယ္။ ဒီေန ရာမွာ တစ္ခါ ထပ္ၿပီး ေျပာလိုတာကေတာ့ Company ႀကီးေတြ မွာ အသံုးခ် တဲ့ သီအိုရီ ေတြ ဟာ မိမိကိုယ္ ပိုင္ personal life အတြက္လည္း အသံုးခ်လို႔ ရႏိုင္ပါတယ္။ ဒီတစ္ခါမွာေတာ့ Liquidity ratio လို႔ ေခၚတဲ့ company တစ္ခုမွာ ေငြ ျဖစ္လြယ္စြမ္း ဘယ္ေလာက္ အခ်ိဳး ရိွႏိုင္သလဲ ဆိုတာကို တြက္ခ်က္တဲ့ အခ်ိဳးသံုးခု ကို မ်ွေဝေပးလိုပါတယ္။ 

.

Accounting မွာ accounting equation ဆိုတာရိွပါတယ္။ ဒါကေတာ့ Company’s assets = liability + Owner Equity လို႔ ပဲျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ လုပ္ငန္းတစ္ခုရဲ့ ပိုင္ဆိုင္မႈ ဆိုသည္မွာ လုပ္ငန္း ရွင္ က ထၫ့္ဝင္ ထားတဲ့ ရင္းႏွီး ပိုင္ဆိုင္ေငြ နဲ႔ လုပ္ငန္းရဲ့ ေႂကြးၿမီ ေတြ ေပါင္း ျခင္းကို ေခၚတယ္လို႔ သတ္မွတ္ ထားတာ ျဖစ္ပါတယ္။ ဒီပံုေသနည္းမွာကို ကရွင္းပါတယ္ လုပ္ငန္းတစ္ခုရဲ့ assest ဆိုတဲ့ အထဲ မွာ အေႂကြး ဆိုတဲ့ Liability ေတြ ရိွပါတယ္။ တစ္နည္းအားျဖင့္ ေတာ့ လုပ္ငန္း company မွန္ သမ်ွ Liability အေႂကြးကင္း တယ္ ဆိုတဲ့ လုပ္ငန္း မရိွဘူးလို႔ကို ဆိုလို႔ရပါတယ္။ လုပ္ငန္းတစ္ခုမွာ အေႂကြးဆို တာ မရိွရင္ အဲဒီ လုပ္ငန္း ဟာ စီးပြားေရး ေကာင္းေကာင္း မလုပ္တတ္ဘူး လို႔ လဲ အဓိပၸာယ္ ရပါတယ္။ အေႂကြးဆိုတာ အသံုးခ် ႏိုင္ရင္ စီးပြား ေရးအတြက္ အလြန္အသံုးဝင္ပါတယ္။

.

ဥပမာ company A က Supplier A ဆီ ကေန ၿပီးေတာ့ ကုန္ပစၥည္း တစ္ခုကို ၁၀၀ နဲ႔ ၁၀ ခု ၁၀၀၀ ဖိုး ဝယ္ လာၿပီး customer ေတြ ကို တစ္ခုကို ၂၀ နဲ႔ ၁၀ ခု လံုးေရာင္းလိုက္ရင္ ေရာင္းရေငြ revenue 2000 ရမွာ ျဖစ္ၿပီး အျမတ္ က ၁၀၀၀ က်န္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ လို process ကို လုပ္ရဖို႔ အတြက္ က supplier ဆီက ကုန္ ပစၥည္း ၁၀ ခုကို အရင္ဆံုး ေငြ တစ္ေထာင္ ရင္းၿပီး စိုက္ ထားၿပီး ဝယ္ရမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေငြ တစ္ေထာင္ မရိွရင္ တျခား က ေခ်းငွားၿပီး ဝယ္ရမယ္ဆိုရင္ အတိုး ကေပးရဦးမွာ ျဖစ္ပါတယ္။ တကယ္ လို႔ အဲဒီလို မဟုတ္ပဲ အေႂကြးကို အသံုးခ်ပါတယ္။ Supplier A ဆီက ကုန္ပစၥည္း ၁၀ ခုကို အေႂကြးနဲ႔ ဝယ္ လာမယ္ဆိုပါေတာ့။ ၿပီး ရင္ ေနာက္ တစ္လ ေနမွ ေငြ ေခ် ဖို႔ သေဘာတူညီခ်က္ရခဲ့မယ္ ဆိုပါေတာ့ ။ ဒိ ကုန္ ပစၥည္း ၁၀ ခုကို ယူလာၿပီး customer ဆီကို လက္ငင္းပဲ ျပန္ေရာင္းလိုက္မယ္ ဆိုရင္ အထက္ကလိုပဲ Revenue 2000 ရၿပီး ၁၀၀၀ ျမတ္မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အေႂကြး ယူလိုက္တဲ့ အတြက္ အရင္းေငြ တစ္ေထာင္ ရွာစရာမလို ေတာ့ သလို စိုက္ စရာလဲ မလို ေတာ့ပါဘူး။ ဒီေငြ တစ္ေထာင္ကို တျခား ေနရာမွာ ေတာင္ ရင္းႏွီးလိုက္ႏိုင္ပါေသးတယ္။ ဒါဟာ အေႂကြး ရဲ့ ေကာင္းပံု တစ္ခုျဖစ္ပါတယ္။

.

အထက္ကလို အေၾကာင္းေၾကာင္းေတြ ေၾကာင့္ လုပ္ငန္းတိုင္းမွာ အေႂကြး ဆိုတာ ရိွ ေနပါတယ္။ ပထမ ဆံုး အရင္း တစ္ေထာင္ စိုက္ၿပီး ဝယ္လိုက္တဲ့ လုပ္ငန္း က အေႂကြး မရိွတဲ့ အတြက္ လုပ္ငန္းရဲ့ asset ပိုင္ ဆိုင္မႈ က အဲဒီ အရင္း ၁၀၀၀ ပဲျဖစ္ပါတယ္။ ဒါေပမယ့္ လက္ထဲမွာ ေငြ တစ္ေထာင္ရိွေသာ္လည္း ဒုတိယ လုပ္ငန္းလို အေႂကြး နဲ႔ ကုန္ ၁၀၀၀ ဖိုး ထပ္ဝယ္လိုက္ေတာ့ လက္ထဲကေငြ တစ္ေထာင္ ကုန္ တန္ ဖိုး ၁၀၀၀ နဲ႔ လုပ္ငန္းရဲ့ ပိုင္ဆိုင္မႈ ဟာ ၂၀၀၀ ျဖစ္သြားပါေတာ့ တယ္။ ဒါ ဟာ အထက္က ေဖာ္ျပခဲ့တဲ့Assest = liability + equity ဆိုတဲ့ သေဘာကို ထပ္ၿပီး ရွင္းျပေပးတာျဖစ္ပါတယ္။

.

ကဲ..ဟုတ္ၿပီဗ်ာ..ဒီေတာ့ လုပ္ငန္း က ဒုတိယ နည္းလမ္းျဖစ္တဲ့ အေႂကြး ယူ ၿပီး ျပန္ေရာင္းတာက ပိုကိုက္ တယ္ ဆိုေတာ့ အဲဒီ အတိုင္း ပဲလုပ္မယ္ဆိုပါေတာ့။Supplier ကို တစ္လ ၾကာမွ ေငြ ေခ်ရမယ္ ဆိုေပမယ့္ တစ္လ အတြင္းမွာ customer ေတြဆီကို ကုန္ ပစၥည္းတစ္ခု မွ မေရာင္းႏိုင္ ဘူးဆိုရင္ ျပသနာရိွလာပါတယ္။ ဘာေၾကာင့္ လဲ ဆိုေတာ့ supplier ကို အေႂကြး ျပန္ဆပ္ရမွာေတာ့ေၾကာင့္ျဖစ္ ပါတယ္။ အဲဒိလို အခ်ိန္မွာ လက္ထဲ မွာ ေပးစရာေငြ ရိွ ေနရင္ ကိုယ့္ ေငြကို ပဲ ျပန္ စိုက္ ၿပီး supplier ကို ရွင္းေပးလိုက္လို႔ ရရင္ အဆင္ေျပ ပါတယ္။ အဲ…ဒါေပမယ့္ လက္ထဲမွာ ေငြ မရိွေတာ့ဘူး..ဒါမွမဟုတ္ ရိွတဲ့ ေငြကို တျခား မွာ ထၫ့္လိုက္မိ တယ္ ဆိုရင္ supplier ကို ေပးရမယ့္ အေႂကြး ပူကို ဆပ္စရာတစ္နည္းပဲရိွပါေတာ့ တယ္။ ဒါကေတာ့ company ပိုင္ ပိုင္ဆိုင္မႈ ပစၥည္း Asset ေတြကို ေရာင္းခ်ၿပီး ဆပ္ရတာပဲျဖစ္ပါတယ္။

.

ဒီေနရာမွာ company ပိုင္ ပစၥည္းေတြက Liquidity မေကာင္းတဲ့ asset ေတြ မ်ား ျဖစ္ေနခဲ့မယ္ ဆိုရင္ ေႁမြ စကိုက္ ပါၿပီ။ လံုးဝ ေရာင္းမထြက္ ဘူးဆိုရင္ေနာက္ဆံုးမွာ company ပ်က္သည္အထိ ျဖစ္ ႏိုင္ ပါတယ္။ ဒါ့ေၾကာင့္ ဒီလို ဘာမဟုတ္တာေလးနဲ႔ အျဖစ္ ဆိုး ေတြ မႀကံဳရေအာင္ CFO ေတြက လုပ္ငန္းပိုင္ asset ေတြ ရဲ့ liquidity ratio ေတြကို တြက္ခ်က္ေနရၿပီး သတ္မွတ္ စံႏႈန္းအတြင္း ရိွေအာင္ ႀကိဳးစားေလ့ရိွပါတယ္။ တကယ္လို႔ မိတ္ေဆြ ဟာ လုပ္ငန္းတစ္ခုခု မွာ ရင္းႏွီးျမဳပ္ႏွံဖို႔ စဉ္းစားၿပီး ဆိုရင္ လုပ္ငန္း ဟာ အေႂကြး နဲ႔ ပိုင္ဆိုင္မႈ မ်ွ တမႈ ရိွသလားဆိုတာကို သိဖို႔ ဒီ liquidity ratio ေတြကို ေတာင္းယူ သံုးသပ္ဖို႔ လိုအပ္ပါတယ္။

.

Current Ratio

.

ဒါကေတာ့ Liquidity ratio ရဲ့ ပထမဆံုး ratio လဲျဖစ္သလို အေလ်ာ့ေပါ့ဆံုး တြက္ခ်က္ထားတဲ့ စံႏႈန္းလဲ ျဖစ္ပါတယ္။ သူရဲ့ ပံုေသနည္းကေတာ့ သိပ္ရွင္းပါတယ္။ company ရဲ့ Current Asset ကို တည္ၿပီး Current liability တန္ဖိုး နဲ႔ စားလိုက္တာပဲျဖစ္ပါတယ္။ လုပ္ငန္းရဲ့ current asset အမ်ိဳးအစား ဆိုတာ တစ္ႏွစ္အတြင္း ေငြ အျဖစ္ ေျပာင္းလဲမယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ ဝယ္ယူထားတဲ့ အရာေတြ၊ ေငြ၊ ေငြ ႏွင့္ အလားတူေသာ ပိုင္ဆိုင္မႈ၊ ဘဏ္စာရင္း၊ Stock ေတြ inventory ေတြ customer ဆီက ရရန္ ရိွတဲ့ ေငြ စာရင္းေတြ အကုန္ ပါပါ တယ္။ current liability ဆိုတာကေတာ့ လုပ္ငန္းက ေျခာက္လကေန တစ္ႏွစ္အတြင္း ေပးဆပ္ရမယ့္ အေႂကြးေတြ ျဖစ္ပါတယ္။ ဒီ တန္ဖိုး ႏွစ္ခုလံုးကို company ေတြ ကႏွစ္စဉ္ထုတ္ျပန္တဲ့ Balance sheet ဆိုတဲ့ ေငြစာရင္းရွင္းတမ္းမွာ အလြယ္တကူ ရယူႏိုင္ပါတယ္။

.

ဥပမာ လုပ္ငန္းတစ္ခုရဲ့ current asset တန္ဖိုး က 1575.6$ ရိွၿပီး current liability တန္ဖိုး က606.9$ ရိွမယ္ ဆိုပါေတာ့ ဒါဆို 1575.6 ကို 606.9 နဲ႔ စားလိုက္ရမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ အေျဖက 2.6 ဆိုၿပီးရပါတယ္။ 

.

ဒါရဲ့ အဓိပၸာယ္ကေတာ့ လုပ္ငန္းမွာ ေပးဆပ္ စရာရိွတဲ့ အေႂကြး တစ္ေဒၚလာ အတြက္ ေရာင္းခ်ၿပီး ဆပ္ ႏိုင္ မယ့္ current asset တန္ဖိုး ၂.၆ ေဒၚလာ ဖိုး ရိွတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ ဒါကို ၾကၫ့္ျခင္း အား ျဖင့္ ဒီ လုပ္ငန္းဟာ တကယ္လို႔ ၆၀၆.၉ ေဒၚလာ အေႂကြးကို ရုတ္တရက္ ဆပ္ရမယ့္ ဒါမွ မဟုတ္ ေႂကြးဆပ္ရမယ့္ ေန့ အထိ ဘာအေရာင္းမွမရိွဘူး ဆိုရင္ ေတာင္ လုပ္ငန္းမပ်က္ႏိုင္ေသးဘူးလို႔ ယူဆလို႔ ရပါတယ္။ Standard အေနနဲ႔ ကေတာ့ current ratio ဟာ 2 ရဲ့ အထက္ မွာ ရိွေနသင့္ပါတယ္။ 2 ေအာက္ကိုေရာက္ေနၿပီ ဆိုရင္ ေတာ့ဒါဟာ liquidity အားနည္းေနတဲ အေနအထားျဖစ္ပါတယ္။

.

.

Quick ratio သို႔ မဟုတ္ Acid test ratio

.

ဒါကေတာ့ Liquidity ratio မွာ တစ္ ဆင့္ တင္းက်ပ္ၿပီးတြက္လိုက္တဲ့ အခ်ိဳးျဖစ္ပါတယ္။ အထက္က ေဖာ္ျပခဲ့ တဲ့ current asset ေတြ ထဲမွာ Stock ေတြ inventory ေတြဟာ ေငြလို ခ်ိန္မွာ ခ်က္ခ်င္း ေရာင္း ခ်ရဖို႔ ဆို တာ မလြယ္ကူပါဘူး။ ကိုယ္က ေငြလိုတယ္ဆိုတိုင္း customer က ခ်က္ခ်င္းေငြေခ်ၿပီး ဝယ္ဖို႔ ဆိုတာ မျဖစ္ ႏိုင္ ပါဘူး။ဒီအတြက္ တကယ္လို႔ အေႂကြး ေတြကို ခ်က္ခ်င္းဆပ္ရေတာ့မယ္ ဆိုရင္ inventory ေတြ ဟာ current asset ျဖစ္ေသာ္ျငားလည္း အေထာ္ကအကူျပဳ ဒါေၾကာင့္ ဒီတစ္ဆင့္မွာ ေတာ့ current asset တန္ဖိုး ထဲက stock and inventory တန္ဖိုးေတြ ကို ထုတ္ ႏႈတ္ ၿပီး အထက္က ပံုေသနည္းအတိုင္း ျပန္ တြက္ခ်က္ၾကၫ့္ပါတယ္။

.

တြက္ခ်က္လိုက္ရင္ ေသခ်ာ တာကေတာ့ အထက္က ရခဲ့ တဲ့ 2.6 တန္ဖိုး ထက္ေတာ့ ေလ်ာ့က်သြားၿပီး 1 ေက်ာ္ေက်ာ္ေလာက္ပဲ ရိွေတာ့မွာျဖစ္ပါတယ္။ standard အေနနဲ႔ ကေတာ့ acid test ratio ဟာ 1 ေလာက္ ကေန အထက္ ျမင့္ေနတာပဲ ေကာင္းမွာ ျဖစ္ ၿပီး 1 ကေန 1.8 ေလာက္အတြင္းရိွသင့္ပါတယ္။ 1 ေအာက္ က်သြား ရင္ ေတာ့ liquidity နည္းေနၿပီး လုပ္ငန္းဟာ က်ရႈံးႏိုင္ပါတယ္။

.

.

Cash Ratio

.

ဟုတ္ကဲ့ဗ်ာ …ဒါ ကေတာ့ ေနာက္ဆံုး ratio တစ္ခု ျဖစ္တဲ့ အျပင္ Liquidity အတြက္ အတင္းက်ပ္ ဆံုး တြက္ ခ်က္ ထားတဲ့ အခ်ိဳးတစ္ခုလဲ ျဖစ္ပါတယ္။ current ratio တုန္းက ေတာ့ current asset ကို current liability နဲ႔ စား ခဲ့ၿပီး Quick ratio မွာေတာ့ current asset ထဲက inventory တန္ဖိုး ကို ထုတ္ႏုတ္ၿပီး current liability နဲ စားခဲ့ပါတယ္။

.

Current asset ထဲက inventory တန္ဖိုး ကို ထုတ္ႏုတ္ၿပီး ေပမယ့္ အလြယ္တကူ ေငြ အျဖစ္ျပန္ မရႏိုင္ တဲ့ အရာ တစ္ခု ရိွပါေသးတယ္ ဒါကေတာ့ AR လို႔ ေခၚတဲ့ account receivable ပဲျဖစ္ပါတယ္။ AR ဆိုတာ ကို အၾကမ္းအား ျဖင့္ေျပာရရင္ေတာ့ မိမိရဲ့ ကုန္ ပစၥည္းေတြကို customer ေတြ ဆီကို အေႂကြး နဲ႔ သိုမ့ဟုတ္ Consignment နည္းနဲ႔ ေရာင္း ထားၿပီး ရစရာရိွေနတဲ့ မရေသးတဲ့ ေငြကို AR လို႔ ေခၚပါတယ္။ ကိုယ္က ရစရာရိွ တဲ့ အေႂကြး လို႔ ေျပာႏိုင္ပါတယ္။ ဒီ AR ဟာလည္း တကယ္ တမ္း ေငြလို လာတဲ့ အခါမွာ customer ဆီက ခ်က္ခ်င္း ျပန္ေတာင္းလို႔ မရႏိုင္တဲ့အရာ ျဖစ္ပါတယ္။ ဒါ့အျပင္ တကယ္လို႔ ေႂကြးဆံုး အျဖစ္ေတာင္ ေရာက္ၿပီး လံုးဝလဲ ဆံုးရႈံးသြားႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ cash ratio မွာေတာ့ AR တန္ဖိုး ေတြကို ထၫ့္မတြက္ ပဲ တြက္ခ်က္တာ ျဖစ္ပါတယ္။

.

Current asset ေတြ ထဲက inventory နဲ႔ AR တန္ဖိုးေတြကို ႏႈတ္လိုက္ရင္ ဘာေတြ က်န္လဲ ဆိုေတာ့ Cash in Hand ဆိုတဲ့ လက္ထဲကိုင္ထားတဲ့ ေငြရယ္ Cash in Bank လို႔ေခၚတဲ့ ဘဏ္ထဲက ေငြရယ္ အေသးသံုး အျဖစ္ ထုတ္ ထားတဲ့ ေငြ ေတြရယ္ ေငြ နဲ႔ အလားတူေသာ ပိုင္ဆိုင္မႈ ေတြ ျဖစ္တဲ့ Share ေတြ Bond ေတြ ရယ္ပဲ အဓိက အား ျဖင့္ က်န္ ပါေတာ့တယ္။

.

Cash ratio ကို ရဖို႔ အထက္ က အရာေတြ ကို current liability တန္ဖိုးနဲ႔ စားလိုက္ရင္ cash ratio အခ်ိဳးကို ရပါတယ္။ cash ratio ကေတာ့ 1 ေနရင္ အေကာင္းဆံုးျဖစ္ေပမယ့္ ပံုမွန္အားျဖင့္ ေတာ့ လုပ္ငန္းေတြ မွာ 0.6 နဲ႔ 1 အၾကားမွာ ရိွေလ့ရိွပါတယ္။ cash ratio 0.6 ဆိုတဲ့ အဓိပၸာယ္ ကေတာ့ အထက္ကလိုပဲ လုပ္ငန္းမွာ ဆပ္စရာ အေႂကြး ၁ ေဒၚလာ အတြက္ ေငြသားခ်ည္းသက္သက္ ေပးဖို႔ ျပား ၆၀ ရိွတယ္ဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။

.

Liquidity ratio ေတြကို အထက္ကလို ၾကၫ့္ရႈၿပီး လုပ္ငန္းတစ္ခု ဟာ အေႂကြး ေၾကာင့္ ၿပိဳလဲႏိုင္မႈ ရိွ မရိွ အေျခအေနကို သံုးသပ္ႏိုင္မွာ ျဖစ္ပါေၾကာင္း။

.

ထပ္တိုး မွတ္ခ်က္

.

ထပ္ေဆာင္းၿပီး ေျပာလိုတာကေတာ့ ေငျြဖစ္လြယ္ စြမ္း Liquidity ဟာ ပံုမွန္ အေျခအေန ကိုသာ ယူဆ တြက္ ခ်က္ၿပီး ဝယ္ယူ ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုလက္ရိွအေျခအေနလို ပံုမွန္ မဟုတ္တဲ့ မတည္ၿငိမ္တဲ့ အေျခအေနမွာေတာ့ ပံုမွန္မွာ Liquidity ေကာင္းတဲ့asset ေတြဟာလည္း liquidity ေလ်ာ့က် ၿပီး ေရာင္းမထြက္တာမ်ိဳးေတာ့ျဖစ္လာႏိုင္ပါတယ္။ ဥပမာ Liquidity ေကာင္း ပါတယ္ ဆိုတဲ့ ေရႊ ေတာင္မွ Panic Buying ျဖစ္ၿပီး အျမင့္ဆံုး ေဈး ၁၇ သိန္းေက်ာ္ ရုတ္တရက္ ထိုး တက္သြားတဲ့အခ်ိန္မွာ အဲဒီေဈးနဲ႔ ေရႊဆိုင္ေတြ ကိုယ္တိုင္က ျပန္မဝယ္ ရဲ တာ မ်ိဳး ျဖစ္ခဲ့တဲ့အတြက္ ေရာင္းထြက္ထို႔ ခက္တဲ့အခ်ိန္ ႀကံဳရတတ္ေလ့ရိွပါတယ္။ ပံုမွန္ မဟုတ္တဲ့ အေျခအေနေတြ မွာေတာ့ မေန့က မ်ွေဝေပးခဲ့တဲ့ Marketability က Liquidity ထက္ ပိုၿပီး အသံုး က်ေလ့ရိွတတ္ပါတယ္။

.

ဒီေတာ့ စီးပြားေရး ျဖစ္ျဖစ္ ရင္းႏွီးျမဳပ္ႏွံမႈ ျဖစ္ျဖစ္ လုပ္မယ္ဆိုရင္ Liquidity နဲ႔ Marketability ႏွစ္ခု ကိုေတာ့ မျဖစ္မေန စဉ္းစားပါလို႔ တိုက္တြန္းခ်င္တာပါပဲ။

.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

Kaung Hein Soe – Strategic

Business Consultant