Monday, May 17, 2021

ပုံတူမျိုးပွား (Clone) ဆိုတာ

 [Unicode]ပုံတူမျိုးပွား (Clone) ဆိုတာ




မိန်းကလေးလား၊ ယောက်ျားလေးလား။ကလေးတစ်ယောက်၏ လိင်ကွဲပြားမှုသည် မည်သူ့အပေါ်မူတည်နေ ပါသနည်း။

မွေးဖွားလာမည့် ကလေးတစ်ယောက်သည် မိန်းကလေး သို့မဟုတ် ယောက်ျားလေးဖြစ်ရမည်ဆိုသော အချက်သည် မိခင်တို့၏ဆန္ဒအတိုင်းမဟုတ်ပါ။ မိခင်၏စိတ်စွဲလမ်းမှုကြောင့်လည်းမဟုတ်ပါ။ ၄င်းသည် လိင်ခရိုမိုဆုမ်းဟုခေါ်သော ထူးခြားသည့်မျိုးရိုးဗီဇကိုသယ်ဆောင်ထားသည့် သက်ရှိတို့၏ ဆဲလ်အတွင်းမှ ခရုမိုဇုမ်းတစ်စုံစီကြောင့်ဖြစ်သည်။ အဆိုပါ လိင်ခရိုမိုဇုမ်းတွင် X နှင့် Y ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ မျိုးဥဆဲလ်များတွင် X ခရိုမိုဇုမ်းရှိပြီး စပမ်းခေါ် သုတ်ပိုး တွင် X သို့မဟုတ် Y ခရိုမိုဇုမ်းရှိနိုင်သည်။

X + X > XX > Girl 

X +Y > XY > Boy

X ခရိုမိုဇုမ်းတစ်ခုရှိသော စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိသောအခါ သန္ဓေသားလောင်းသည် မိန်းကလေးအဖြစ် ဖွံ့ဖြိုးလာသည်။ Y ခရိုမိုဇုမ်းတစ်ခုရှိသည့် စပမ်းတစ်ခုသည် မျိုးဥနှင့်ချိတ်ဆက်မိ သောအခါ သန္ဓေသားလောင်းသည် ယောက်ျားလေးအဖြစ် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။

ကလုန်း (Clone) ဆိုသည်မှာ

ယနေ့ခေတ်တွင် ကလုန်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့်အကြောင်းအရာတစ်ခု ဖြစ်လာနေပါသည်။ ကလုန်းကို 'လိင်မဲ့မျိုးပွားနည်းဖြင့် ရယူထားသော မျိုးတူကလာပ်စည်း'ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ကလုန်းသည် မျိုးရိုးဗီဇအလိုက်တထေရောတည်းဖြစ်သော သီးခြားအရာ တစ်ခုဖြစ်သည်။ အထူးသဖြင့်ဆဲလ်၏ နျူကလီးယပ်စ် အတွင်း၌ မျိုးဗီဇ(ဂျင်း)များသည် အတူတူပင် ဖြစ်သည်။

ကလုန်းများကို မည်ကဲ့သို့ထုတ်လုပ်ပါသနည်း။

၁။ သဘာဝနည်း

လူသားများတွင် တထေရာတည်းတူကြသည့် အမြွှာများသည် ကလုန်းများဖြစ်ကြသည်။ တစ်ခါတစ်ရံ တွင် သန္ဓေသားလောင်းသည် ဖွံ့ဖြိုးကာ သန္ဓေသားနှစ်ခုသို့ ကွဲထွက်တတ်သည်။ ၄င်းကွဲထွက်မှု တစ်ဝက်စီသည် သန္ဓေသားတစ်ခုအဖြစ် ဖွံ့ဖြိုးလာကာ မျိုးဗီဇများလည်း အတူတူပင်ဖြစ်လာကြသည်။

၂။ ဖန်တီးခြင်း

(က) သန္ဓေသားလောင်းတစ်ခုသည် အကြိမ်ကြိမ်ကွဲထွက်နိုင်သည်။ ဤသို့ဖြင့် မျိုးဥတစ်ခုစီမှ တူညီ သောကလုန်းတစ် ခုချင်းအဖြစ် အရေအတွက်များစွာဖြစ်ပေါ်စေနိုင်ပါသည်။ မျောက်နီ သို့မဟုတ် မျောက်ဖင်နီများကို ဤနည်းဖြင့် ကလုန်းများဖြစ်အောင်ဖန်တီးနိုင်ပါသည်။

(ခ) မျိုးဥတစ်ခု၏ နျူကလီးယပ်စ်တွင် ၄င်းကိုယ်ပိုင်နျူကလီးယပ်စ် အစားထိုးပေးခြင်းဖြင့် ကလုန်းတစ်ခုကို ဖန်တီးနိုင်သည်။ Dolly အမည်ရှိသော သိုးမလေးသည် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကလုန်းနို့တိုက်သတ္တ၀ါ ဖြစ်သည်။

ဒေါ်လီ (Dolly) ဆိုတာဘယ်သူလဲ။

ဒေါ်လီ(Dolly)သည် အရုပ်ကလေးတစ်ရုပ်၏ အမည်မဟုတ်ပါ။ နာမည်ကျော်အဆိုတော်တစ်ဦး၏ အမည် လည်း မဟုတ်ပါ။ ဒေါ်လီသည် သိုးမလေးတစ်ကောင်၏ အမည်ဖြစ်သည်။ ထိုအချိန်များက နာမည်ကျော်အဆိုတော် Dolly Parton ၏အမည်ကို ယူထားသည်ဟုလည်း ဆိုကြပါသည်။ အဆိုပါ သိုးမလေးသည် သိုးမကြီး၏ ဆဲလ်မှတစ်ဆင့် ပုံတူကိုယ်ပွားမွေးဖွားလာသည့် ကမ္ဘာ့ပထမဆုံးနို့တိုက်သတ္တ၀ါဖြစ် သည်။ ဒေါ်လီကို ၁၉၉၆ခုနှစ်တွင် စကော့တစ်ခ်ျလူမျိုးသိပ္ပံပညာရှင်များက ဖန်တီးမွေးဖွားစေခဲ့ခြင်း ဖြစ်ပါသည်။

(၁) သိုးမကြီး၏နို့အုံဆဲလ် >

(၂) အခြားသိုးမ၏ မျိုးဥကို ထုတ်ယူပြီး နျူကလီးယပ်စ်ကို ဖယ်ထုတ်လိုက်သည်။>

(၃) လျှပ်စစ်ခတ်သည့် နည်းဖြင့်ဆဲလ်ကိုထပ်မံကွဲထွက်စေသည်။>

(၄) သန္ဓေသားလောင်းသည် ဖွံ့ဖြိုးလာသည်။ မိခင်ကိုယ်စားပြုမည့် သိုးမ၏ သားအိမ်ထဲသို့ထည့် လိုက်သည်။>

(၅) လအနည်းငယ်ကြာပြီးနောက် မိခင်ကိုယ်စားပြုသိုးမသည် သိုးငယ်လေးကို မွေးဖွားခဲ့သည်။

(ပထမအဆင့်မှ ဒုတိယအဆင့်သို့ပြောင်းလဲသည်တွင် မျိုးဥ၏ နျူကလီးယပ်စ်ကို ဆေးထိုးသည့်နည်း ဖြင့် အစားထိုးလိုက်သည်။)

ဒေါ်လီ(Dolly) ၏ သက်တမ်း

Dolly သိုးမလေး၏သက်တမ်းသည် ၆နှစ်ဖြစ်သည်။ Dolly ကို ၁၉၉၆ခုနှစ် ဇူလိုင်လ၅ရက်တွင် မွေးဖွားခဲ့ပြီး ၂၀၀၃ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်တွင် သေဆုံးခဲ့သည်။ Dolly သည် အဖိုနှင့်အမတို့ သန္ဓေစပ်ရာမှ မွေးဖွားခဲ့သည့် သိုးငယ်လေး မဟုတ်ပါ။ လူသားတို့၏ ဖန်တီးချက်ဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်၍ ကလုန်းဟုသတ်မှတ်ကြသည့် သက်ရှိတိရစ္ဆာန်တစ် ကောင်သာဖြစ်သည်။ သို့ဖြစ်၍ ကလုန်းများ၏ အသက်ကို သို့မဟုတ်သက်တမ်းမည်သို့တွက်မည်ကို တိကျစွာမသိကြသေးပါဟု ဆိုပါသည်။

ကြောင်၊ခွေးစသည့် အိမ်မွေးတိရစ္ဆာများကို ကလုန်း (Clone) အဖြစ်ဖန်တီးမွေးဖွားနိုင်ပါသလား။

ဒေါ်လီ(Dolly)ခေါ် သိုးမလေးကို ပုံတူကိုယ်ပွားကလုန်းအဖြစ် ဖန်တီးမွေးဖွားစေခဲ့ပြီးဖြစ်သည်။ ထို့အတူ နွား၊ဆိတ်၊ သိုး၊၀က်၊ကြွက် စသည့်တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ် သုတေသနပြု စမ်းသပ် ဖန်တီးခဲ့ကြပါသည်။ ရည်ရွယ် ချက်မှာ လူသားများအတွက် အသုံးဝင်မည့် တိရစ္ဆာန်များကို မျိုးရိုးဗီဇ ပြုပြင်ကာ အရေအတွက် များပြားစွာထုတ်လုပ် ရန်ဖြစ်သည်။

သင်မွေးထားသော ကြောင်၊ခွေး ကဲ့သို့ တိရစ္ဆာန်များကိုလည်း ကလုန်းအဖြစ်ထုတ်လုပ်ပေးနိုင်သည်။ သင်အလွန်ချစ် သော ကြောင်ကလေးရုတ်တရက်သေဆုံးသွား၍ အစားယူလိုပါသလား၊ ၄င်းကြောင်ကလေး၏ ဆံချည်တမျှင်၊ အသား သို့မဟုတ် အရိုးတစ်စကိုရယူရုံဖြင့် သင့်ကြောင်ကလေးနှင့် မျိုးရိုးဗီဇတူသော ကြောင်ကလေးတစ်ကောင်ကို ဖန်တီးနိုင် သည်ဟုဆိုသည်။ မကြာတော့သော အချိန်ကာလတစ်ခုတွင် အဆိုပါစိတ်ကူးများသည် အကောင်အထည်ပေါ်လာပါ လိမ့်မည်။

မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည့် ရှေးခေတ်တိရစ္ဆာန်ကြီးများကို ပြန်လည်အသက်သွင်းဖော်ထုတ်နိုင် ပါသလား။

ရေခဲခေတ်က ရှင်သန်ကျက်စားခဲ့သော အမွှေးရှည်ဆင်ကြီး(mammoth)မျိုးကို ပုံဖော်အသက်သွင်းနိုင် မည့်အချိန် သည် မဝေးတော့ဟုဆိုပါသည်။ သည်လိုဆိုလျှင် သင်အံ့သြနေပါလိမ့်မည်။ တကယ်လည်းဖြစ်လာ နိုင်ပါသည်။ သို့ရာတွင် အဆိုပါအကြောင်းအရာများသည် သိပ္ပံနယ်ပယ်တွင် ရှုပ်ထွေးနေဆဲဖြစ်သည်။

စိတ်ကူးအရ - မျိုးသုဉ်းပျောက်ကွယ်ခဲ့ပြီးသော တိရစ္ဆာန်များကို ပုံတူကိုယ်ပွားထုတ်လုပ်နိုင်ပြီဟုဆိုပါ သည်။ ဥပမာအားဖြင့် အဆိုပါရှေးခေတ် တိရစ္ဆာန်များ၏ ဆံချည်တစ်မျှင်ကိုသုံးပြီး ယခုခေတ်ဆင် တစ်ကောင်၏ မျိုးဥဆဲလ်အလွတ်ထဲသို့ထည့်သွင်းရပါမည်။ဆင်ကလေးတစ်ကောင်မွေးဖွားလာခဲ့ပါက ၄င်းသည်အမွှေးရှည် mammoth ဆင်ကလေးဖြစ်လာလိမ့်မည်ဟုဆိုပါသည်။

လက်တွေ့တွင် – ကလုန်းများသည် လက်တွေ့အားဖြင့် ပုံမှန်တိရစ္ဆာန်များထက် အားနည်းချက်များရှိနေပါသည်။ အများအားဖြင့် ကလုန်းများသည် မမွေးဖွားမီ သေဆုံးကုန်လေ့ရှိသည်။

အဘယ့်ကြောင့်နည်း - သိပ္ပံပညာရှင်များသည် ကလုန်းများအဖြစ်ဖန်တီးကြရာတွင် သဘာဝကို ဆန့်ကျင်ချက်များရှိနေ သည်ဟု ဝေဖန်ကြပါသည်။ လက်ရှိအားဖြင့် ကလုန်းများသည် မူရင်းထက် စွမ်းရည်လျော့နည်းတတ်သည်။ တစ်နည်း အားဖြင့် အားနည်းကြပြီး ကျန်းမာသန်စွမ်းသော ကလုန်းကို ရရှိသည့်တိုင် ၄င်းတို့သည် ပုံမှန်တိရစ္ဆာန်တို့ထက် သက် တမ်းတိုတတ်သည်။ သဘာဝတရားကို ဆန့်ကျင်နိုင်ပါမည်လားဆိုသည်ကို တွေးစရာများဖြစ်နေပါသည်။

ပုံတူကိုယ်ပွား (Clone) ဖန်တီးမှုသည် တစ်ထပ်တည်းတူနိုင်ပါသလား။

သန္ဓေသားလောင်းကွဲထွက်ရာမှဖြစ်ပေါ်လာသည့်ပုံတူကိုယ်ပွား(clone)များသည် မျိုးရိုးဗီဇအရအတူတူပင်ဖြစ်သည်။ အထူး သဖြင့် ဆဲလ်၏ နျူကလီးယပ်စ်အတွင်း သို့မဟုတ် နျူကလီးယပ်စ်အပြင်ဘက်ရှိ မျိုးရိုး ဗီဇဆိုင်ရာပစ္စည်းများမှာ လည်း တူကြပါသည်။

သို့ရာတွင် Dolly (သိုးမကလေး) ကဲ့သို့နျူကလီးယပ်စ်များကို ပြောင်းရွှေ့ခြင်းဖြင့် ဖြစ်ပေါ်လာသည့် ကလုန်းများ၏ မျိုးရိုးဗီဇပစ္စည်းများသည် ထပ်တူထပ်မျှ မတူညီကြပါ။ မျိုးရိုးဗီဇများသည် မည်မျှပင်တူကြသည်ဆိုသည့်တိုင် ၄င်း နျူကလီးယပ်စ်ကို အပြင်ဘက်သို့ မည်ကဲ့သို့ထုတ်ယူသည် ဆိုသည့်အချက်နှင့် အဆိုပါမျိုးရိုးဗီဇ(ဂျင်း)များသည် အချင်းချင်းတုံ့ပြန်ကြသည့် အချက်များပေါ်တွင် မူတည်ပြီး အပြောင်းအလဲများဖြစ်နိုင်ပါသည်။

သို့ဖြစ်၍ ညီရင်းအစ်ကို မောင်ရင်းနှမများထက်ပင် ပို၍နီးစပ်ကြပြီး တစ်ထပ်တည်းတူသည်ဆိုသော အမြွှာများတွင်ပင် သီးခြားကွဲပြားမှုများရှိနေကြပါသည်။

သင့်အပြင် နောက်တစ်ယောက်ရှိနိုင်ပါသလား။

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများတွင် ပါဝင်သည့်လူသားပုံတူကိုယ်ပွား(clone)များသည် တကယ်ဖြစ်နိုင်ပါသလား။

သိပ္ပံပညာရှင်များသည် မကြာတော့သော အချိန်ကာလများတွင် လူသားကလုန်းများကို ဖန်တီးနိုင် တော့မည်ဟုဆိုပါ သည်။ အဆိုပါလူသားကလုန်းမျိုးကို ၁၉၉၃ခုနှစ်အစောပိုင်းအချိန်များကတည်းက ဖန်တီးခဲ့ဖူးသည်ဟုဆိုသည်။ သို့ရာ တွင်အကြောင်းကြောင်းကြောင့် ပြန်လည်ဖျက်ဆီးပစ်ခဲ့ရပါသည်။ တကယ့်လူသားကလုန်းများကို အောင်မြင်စွာ ထုတ် လုပ်ဖန်တီးရန်မှာ မဖြစ်နိုင်သေးဟုလည်း ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းလုပ်ငန်းစဉ်များသည် သဘာဝ တရားကို ဆန့်ကျင်နေခြင်းနှင့် ဘာသာရေးအရ လက်မခံနိုင်ခြင်းဖြစ်သည်။ နိုင်ငံအသီးသီး၏ ဥပဒေများအရလည်း လက်ခံနိုင်ခြင်းရှိ၊မရှိကို အငြင်းပွားနေဆဲဖြစ်သည်။ မေးခွန်းတစ်ခုအရ လူသားပုံတူကလုန်းများတွင် အသက် '၀ိညာဥ'် သို့မဟုတ် 'စိတ်' ဟူသောအရာများသည် တကယ့်လူသားများနှင့် မည်သို့ကွာခြားနိုင်ပါသနည်းဟူ၍ဖြစ်သည်။

Ref: Science & Technology Journal No.117 (27 Feb 2008)


[Zawgyi]ပံုတူမ်ိဳးပြား (Clone) ဆိုတာ




မိန္းကေလးလား၊ ေယာက္်ားေလးလား။ကေလးတစ္ေယာက္၏ လိင္ကြဲျပားမႈသည္ မည္သူ႔အေပၚမူတည္ေန ပါသနည္း။

ေမြးဖြားလာမၫ့္ ကေလးတစ္ေယာက္သည္ မိန္းကေလး သို႔မဟုတ္ ေယာက္်ားေလးျဖစ္ရမည္ဆိုေသာ အခ်က္သည္ မိခင္တို႔၏ဆႏၵအတိုင္းမဟုတ္ပါ။ မိခင္၏စိတ္စြဲလမ္းမႈေၾကာင့္လည္းမဟုတ္ပါ။ ၄င္းသည္ လိင္ခရိုမိုဆုမ္းဟုေခၚေသာ ထူးျခားသၫ့္မ်ိဳးရိုးဗီဇကိုသယ္ေဆာင္ထားသၫ့္ သက္ရိွတို႔၏ ဆဲလ္အတြင္းမွ ခရုမိုဇုမ္းတစ္စံုစီေၾကာင့္ျဖစ္သည္။ အဆိုပါ လိင္ခရိုမိုဇုမ္းတြင္ X ႏွင့္ Y ဟူ၍ ႏွစ္မ်ိဳးႏွစ္စားရိွသည္။ မ်ိဳးဥဆဲလ္မ်ားတြင္ X ခရိုမိုဇုမ္းရိွၿပီး စပမ္းေခၚ သုတ္ပိုး တြင္ X သို႔မဟုတ္ Y ခရိုမိုဇုမ္းရိွႏိုင္သည္။

X + X > XX > Girl 

X +Y > XY > Boy

X ခရိုမိုဇုမ္းတစ္ခုရိွေသာ စပမ္းတစ္ခုသည္ မ်ိဳးဥႏွင့္ခ်ိတ္ဆက္မိေသာအခါ သႏၶေသားေလာင္းသည္ မိန္းကေလးအျဖစ္ ဖြံ႔ၿဖိဳးလာသည္။ Y ခရိုမိုဇုမ္းတစ္ခုရိွသၫ့္ စပမ္းတစ္ခုသည္ မ်ိဳးဥႏွင့္ခ်ိတ္ဆက္မိ ေသာအခါ သႏၶေသားေလာင္းသည္ ေယာက္်ားေလးအျဖစ္ ဖြံ႔ၿဖိဳးလာျခင္းျဖစ္သည္။

ကလုန္း (Clone) ဆိုသည္မွာ

ယေန့ေခတ္တြင္ ကလုန္းသည္ အလြန္စိတ္ဝင္စားဖြယ္ေကာင္းသၫ့္အေၾကာင္းအရာတစ္ခု ျဖစ္လာေနပါသည္။ ကလုန္းကို 'လိင္မဲ့မ်ိဳးပြားနည္းျဖင့္ ရယူထားေသာ မ်ိဳးတူကလာပ္စည္း'ဟု အဓိပၸာယ္ဖြင့္ၾကသည္။ ကလုန္းသည္ မ်ိဳးရိုးဗီဇအလိုက္တေထေရာတည္းျဖစ္ေသာ သီးျခားအရာ တစ္ခုျဖစ္သည္။ အထူးသျဖင့္ဆဲလ္၏ န်ူကလီးယပ္စ္ အတြင္း၌ မ်ိဳးဗီဇ(ဂ်င္း)မ်ားသည္ အတူတူပင္ ျဖစ္သည္။

ကလုန္းမ်ားကို မည္ကဲ့သို႔ထုတ္လုပ္ပါသနည္း။

၁။ သဘာဝနည္း

လူသားမ်ားတြင္ တေထရာတည္းတူၾကသၫ့္ အႁမြွာမ်ားသည္ ကလုန္းမ်ားျဖစ္ၾကသည္။ တစ္ခါတစ္ရံ တြင္ သႏၶေသားေလာင္းသည္ ဖြံ႔ၿဖိဳးကာ သႏၶေသားႏွစ္ခုသို႔ ကြဲထြက္တတ္သည္။ ၄င္းကြဲထြက္မႈ တစ္ဝက္စီသည္ သႏၶေသားတစ္ခုအျဖစ္ ဖြံ႔ၿဖိဳးလာကာ မ်ိဳးဗီဇမ်ားလည္း အတူတူပင္ျဖစ္လာၾကသည္။

၂။ ဖန္တီးျခင္း

(က) သႏၶေသားေလာင္းတစ္ခုသည္ အႀကိမ္ႀကိမ္ကြဲထြက္ႏိုင္သည္။ ဤသို႔ျဖင့္ မ်ိဳးဥတစ္ခုစီမွ တူညီ ေသာကလုန္းတစ္ ခုခ်င္းအျဖစ္ အေရအတြက္မ်ားစြာျဖစ္ေပၚေစႏိုင္ပါသည္။ ေမ်ာက္နီ သို႔မဟုတ္ ေမ်ာက္ဖင္နီမ်ားကို ဤနည္းျဖင့္ ကလုန္းမ်ားျဖစ္ေအာင္ဖန္တီးႏိုင္ပါသည္။

(ခ) မ်ိဳးဥတစ္ခု၏ န်ူကလီးယပ္စ္တြင္ ၄င္းကိုယ္ပိုင္န်ူကလီးယပ္စ္ အစားထိုးေပးျခင္းျဖင့္ ကလုန္းတစ္ခုကို ဖန္တီးႏိုင္သည္။ Dolly အမည္ရိွေသာ သိုးမေလးသည္ ပံုတူကိုယ္ပြားေမြးဖြားလာသၫ့္ ကလုန္းႏို႔တိုက္သတၲဝါ ျဖစ္သည္။

ေဒၚလီ (Dolly) ဆိုတာဘယ္သူလဲ။

ေဒၚလီ(Dolly)သည္ အရုပ္ကေလးတစ္ရုပ္၏ အမည္မဟုတ္ပါ။ နာမည္ေက်ာ္အဆိုေတာ္တစ္ဦး၏ အမည္ လည္း မဟုတ္ပါ။ ေဒၚလီသည္ သိုးမေလးတစ္ေကာင္၏ အမည္ျဖစ္သည္။ ထိုအခ်ိန္မ်ားက နာမည္ေက်ာ္အဆိုေတာ္ Dolly Parton ၏အမည္ကို ယူထားသည္ဟုလည္း ဆိုၾကပါသည္။ အဆိုပါ သိုးမေလးသည္ သိုးမႀကီး၏ ဆဲလ္မွတစ္ဆင့္ ပံုတူကိုယ္ပြားေမြးဖြားလာသၫ့္ ကမ႓ာ့ပထမဆံုးႏို႔တိုက္သတၲဝါျဖစ္ သည္။ ေဒၚလီကို ၁၉၉၆ခုႏွစ္တြင္ စေကာ့တစ္ခ္်လူမ်ိဳးသိပၸံပညာရွင္မ်ားက ဖန္တီးေမြးဖြားေစခဲ့ျခင္း ျဖစ္ပါသည္။

(၁) သိုးမႀကီး၏ႏို႔အံုဆဲလ္ >

(၂) အျခားသိုးမ၏ မ်ိဳးဥကို ထုတ္ယူၿပီး န်ူကလီးယပ္စ္ကို ဖယ္ထုတ္လိုက္သည္။>

(၃) လ်ွပ္စစ္ခတ္သၫ့္ နည္းျဖင့္ဆဲလ္ကိုထပ္မံကြဲထြက္ေစသည္။>

(၄) သႏၶေသားေလာင္းသည္ ဖြံ႔ၿဖိဳးလာသည္။ မိခင္ကိုယ္စားျပဳမၫ့္ သိုးမ၏ သားအိမ္ထဲသို႔ထၫ့္ လိုက္သည္။>

(၅) လအနည္းငယ္ၾကာၿပီးေနာက္ မိခင္ကိုယ္စားျပဳသိုးမသည္ သိုးငယ္ေလးကို ေမြးဖြားခဲ့သည္။

(ပထမအဆင့္မွ ဒုတိယအဆင့္သို႔ေျပာင္းလဲသည္တြင္ မ်ိဳးဥ၏ န်ူကလီးယပ္စ္ကို ေဆးထိုးသၫ့္နည္း ျဖင့္ အစားထိုးလိုက္သည္။)

ေဒၚလီ(Dolly) ၏ သက္တမ္း

Dolly သိုးမေလး၏သက္တမ္းသည္ ၆ႏွစ္ျဖစ္သည္။ Dolly ကို ၁၉၉၆ခုႏွစ္ ဇူလိုင္လ၅ရက္တြင္ ေမြးဖြားခဲ့ၿပီး ၂၀၀၃ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၄ရက္တြင္ ေသဆံုးခဲ့သည္။ Dolly သည္ အဖိုႏွင့္အမတို႔ သႏၶေစပ္ရာမွ ေမြးဖြားခဲ့သၫ့္ သိုးငယ္ေလး မဟုတ္ပါ။ လူသားတို႔၏ ဖန္တီးခ်က္ျဖင့္ ေမြးဖြားလာခဲ့ျခင္းျဖစ္၍ ကလုန္းဟုသတ္မွတ္ၾကသၫ့္ သက္ရိွတိရစၧာန္တစ္ ေကာင္သာျဖစ္သည္။ သို႔ျဖစ္၍ ကလုန္းမ်ား၏ အသက္ကို သို႔မဟုတ္သက္တမ္းမည္သို႔တြက္မည္ကို တိက်စြာမသိၾကေသးပါဟု ဆိုပါသည္။

ေၾကာင္၊ေခြးစသၫ့္ အိမ္ေမြးတိရစၧာမ်ားကို ကလုန္း (Clone) အျဖစ္ဖန္တီးေမြးဖြားႏိုင္ပါသလား။

ေဒၚလီ(Dolly)ေခၚ သိုးမေလးကို ပံုတူကိုယ္ပြားကလုန္းအျဖစ္ ဖန္တီးေမြးဖြားေစခဲ့ၿပီးျဖစ္သည္။ ထို႔အတူ ႏြား၊ဆိတ္၊ သိုး၊၀က္၊ႂကြက္ စသၫ့္တိရစၧာန္မ်ားကိုလည္း ကလုန္းအျဖစ္ သုေတသနျပဳ စမ္းသပ္ ဖန္တီးခဲ့ၾကပါသည္။ ရည္ရြယ္ ခ်က္မွာ လူသားမ်ားအတြက္ အသံုးဝင္မၫ့္ တိရစၧာန္မ်ားကို မ်ိဳးရိုးဗီဇ ျပဳျပင္ကာ အေရအတြက္ မ်ားျပားစြာထုတ္လုပ္ ရန္ျဖစ္သည္။

သင္ေမြးထားေသာ ေၾကာင္၊ေခြး ကဲ့သို႔ တိရစၧာန္မ်ားကိုလည္း ကလုန္းအျဖစ္ထုတ္လုပ္ေပးႏိုင္သည္။ သင္အလြန္ခ်စ္ ေသာ ေၾကာင္ကေလးရုတ္တရက္ေသဆံုးသြား၍ အစားယူလိုပါသလား၊ ၄င္းေၾကာင္ကေလး၏ ဆံခ်ည္တမ်ွင္၊ အသား သို႔မဟုတ္ အရိုးတစ္စကိုရယူရံုျဖင့္ သင့္ေၾကာင္ကေလးႏွင့္ မ်ိဳးရိုးဗီဇတူေသာ ေၾကာင္ကေလးတစ္ေကာင္ကို ဖန္တီးႏိုင္ သည္ဟုဆိုသည္။ မၾကာေတာ့ေသာ အခ်ိန္ကာလတစ္ခုတြင္ အဆိုပါစိတ္ကူးမ်ားသည္ အေကာင္အထည္ေပၚလာပါ လိမ့္မည္။

မ်ိဳးသုဉ္းေပ်ာက္ကြယ္သြားခဲ့သၫ့္ ေရွးေခတ္တိရစၧာန္ႀကီးမ်ားကို ျပန္လည္အသက္သြင္းေဖာ္ထုတ္ႏိုင္ ပါသလား။

ေရခဲေခတ္က ရွင္သန္က်က္စားခဲ့ေသာ အေမႊးရွည္ဆင္ႀကီး(mammoth)မ်ိဳးကို ပံုေဖာ္အသက္သြင္းႏိုင္ မၫ့္အခ်ိန္ သည္ မေဝးေတာ့ဟုဆိုပါသည္။ သည္လိုဆိုလ်ွင္ သင္အံ့ၾသေနပါလိမ့္မည္။ တကယ္လည္းျဖစ္လာ ႏိုင္ပါသည္။ သို႔ရာတြင္ အဆိုပါအေၾကာင္းအရာမ်ားသည္ သိပၸံနယ္ပယ္တြင္ ရႈပ္ေထြးေနဆဲျဖစ္သည္။

စိတ္ကူးအရ - မ်ိဳးသုဉ္းေပ်ာက္ကြယ္ခဲ့ၿပီးေသာ တိရစၧာန္မ်ားကို ပံုတူကိုယ္ပြားထုတ္လုပ္ႏိုင္ၿပီဟုဆိုပါ သည္။ ဥပမာအားျဖင့္ အဆိုပါေရွးေခတ္ တိရစၧာန္မ်ား၏ ဆံခ်ည္တစ္မ်ွင္ကိုသံုးၿပီး ယခုေခတ္ဆင္ တစ္ေကာင္၏ မ်ိဳးဥဆဲလ္အလြတ္ထဲသို႔ထၫ့္သြင္းရပါမည္။ဆင္ကေလးတစ္ေကာင္ေမြးဖြားလာခဲ့ပါက ၄င္းသည္အေမႊးရွည္ mammoth ဆင္ကေလးျဖစ္လာလိမ့္မည္ဟုဆိုပါသည္။

လက္ေတြ့တြင္ – ကလုန္းမ်ားသည္ လက္ေတြ့အားျဖင့္ ပံုမွန္တိရစၧာန္မ်ားထက္ အားနည္းခ်က္မ်ားရိွေနပါသည္။ အမ်ားအားျဖင့္ ကလုန္းမ်ားသည္ မေမြးဖြားမီ ေသဆံုးကုန္ေလ့ရိွသည္။

အဘယ့္ေၾကာင့္နည္း - သိပၸံပညာရွင္မ်ားသည္ ကလုန္းမ်ားအျဖစ္ဖန္တီးၾကရာတြင္ သဘာဝကို ဆန႔္က်င္ခ်က္မ်ားရိွေန သည္ဟု ေဝဖန္ၾကပါသည္။ လက္ရိွအားျဖင့္ ကလုန္းမ်ားသည္ မူရင္းထက္ စြမ္းရည္ေလ်ာ့နည္းတတ္သည္။ တစ္နည္း အားျဖင့္ အားနည္းၾကၿပီး က်န္းမာသန္စြမ္းေသာ ကလုန္းကို ရရိွသၫ့္တိုင္ ၄င္းတို႔သည္ ပံုမွန္တိရစၧာန္တို႔ထက္ သက္ တမ္းတိုတတ္သည္။ သဘာဝတရားကို ဆန႔္က်င္ႏိုင္ပါမည္လားဆိုသည္ကို ေတြးစရာမ်ားျဖစ္ေနပါသည္။

ပံုတူကိုယ္ပြား (Clone) ဖန္တီးမႈသည္ တစ္ထပ္တည္းတူႏိုင္ပါသလား။

သႏၶေသားေလာင္းကြဲထြက္ရာမျွဖစ္ေပၚလာသၫ့္ပံုတူကိုယ္ပြား(clone)မ်ားသည္ မ်ိဳးရိုးဗီဇအရအတူတူပင္ျဖစ္သည္။ အထူး သျဖင့္ ဆဲလ္၏ န်ူကလီးယပ္စ္အတြင္း သို႔မဟုတ္ န်ူကလီးယပ္စ္အျပင္ဘက္ရိွ မ်ိဳးရိုး ဗီဇဆိုင္ရာပစၥည္းမ်ားမွာ လည္း တူၾကပါသည္။

သို႔ရာတြင္ Dolly (သိုးမကေလး) ကဲ့သို႔န်ူကလီးယပ္စ္မ်ားကို ေျပာင္းေရႊ့ျခင္းျဖင့္ ျဖစ္ေပၚလာသၫ့္ ကလုန္းမ်ား၏ မ်ိဳးရိုးဗီဇပစၥည္းမ်ားသည္ ထပ္တူထပ္မ်ွ မတူညီၾကပါ။ မ်ိဳးရိုးဗီဇမ်ားသည္ မည္မ်ွပင္တူၾကသည္ဆိုသၫ့္တိုင္ ၄င္း န်ူကလီးယပ္စ္ကို အျပင္ဘက္သို႔ မည္ကဲ့သို႔ထုတ္ယူသည္ ဆိုသၫ့္အခ်က္ႏွင့္ အဆိုပါမ်ိဳးရိုးဗီဇ(ဂ်င္း)မ်ားသည္ အခ်င္းခ်င္းတံု႔ျပန္ၾကသၫ့္ အခ်က္မ်ားေပၚတြင္ မူတည္ၿပီး အေျပာင္းအလဲမ်ားျဖစ္ႏိုင္ပါသည္။

သို႔ျဖစ္၍ ညီရင္းအစ္ကို ေမာင္ရင္းႏွမမ်ားထက္ပင္ ပို၍နီးစပ္ၾကၿပီး တစ္ထပ္တည္းတူသည္ဆိုေသာ အႁမြွာမ်ားတြင္ပင္ သီးျခားကြဲျပားမႈမ်ားရိွေနၾကပါသည္။

သင့္အျပင္ ေနာက္တစ္ေယာက္ရိွႏိုင္ပါသလား။

သိပၸံစိတ္ကူးယဉ္ဇာတ္လမ္းမ်ားတြင္ ပါဝင္သၫ့္လူသားပံုတူကိုယ္ပြား(clone)မ်ားသည္ တကယ္ျဖစ္ႏိုင္ပါသလား။

သိပၸံပညာရွင္မ်ားသည္ မၾကာေတာ့ေသာ အခ်ိန္ကာလမ်ားတြင္ လူသားကလုန္းမ်ားကို ဖန္တီးႏိုင္ ေတာ့မည္ဟုဆိုပါ သည္။ အဆိုပါလူသားကလုန္းမ်ိဳးကို ၁၉၉၃ခုႏွစ္အေစာပိုင္းအခ်ိန္မ်ားကတည္းက ဖန္တီးခဲ့ဖူးသည္ဟုဆိုသည္။ သို႔ရာ တြင္အေၾကာင္းေၾကာင္းေၾကာင့္ ျပန္လည္ဖ်က္ဆီးပစ္ခဲ့ရပါသည္။ တကယ့္လူသားကလုန္းမ်ားကို ေအာင္ျမင္စြာ ထုတ္ လုပ္ဖန္တီးရန္မွာ မျဖစ္ႏိုင္ေသးဟုလည္း ဆိုၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ၄င္းလုပ္ငန္းစဉ္မ်ားသည္ သဘာဝ တရားကို ဆန႔္က်င္ေနျခင္းႏွင့္ ဘာသာေရးအရ လက္မခံႏိုင္ျခင္းျဖစ္သည္။ ႏိုင္ငံအသီးသီး၏ ဥပေဒမ်ားအရလည္း လက္ခံႏိုင္ျခင္းရိွ၊မရိွကို အျငင္းပြားေနဆဲျဖစ္သည္။ ေမးခြန္းတစ္ခုအရ လူသားပံုတူကလုန္းမ်ားတြင္ အသက္ 'ဝိညာဥ'္ သို႔မဟုတ္ 'စိတ္' ဟူေသာအရာမ်ားသည္ တကယ့္လူသားမ်ားႏွင့္ မည္သို႔ကြာျခားႏိုင္ပါသနည္းဟူ၍ျဖစ္သည္။

Ref: Science & Technology Journal No.117 (27 Feb 2008)

No comments: