Sunday, November 29, 2020

“Sexual objectification”

“Sexual objectification” 




မြန်မာလို အဓိပ္ပါယ်ကတော့ လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအတွက် အသုံးချစရာ အရာဝတ္ထုတစ်ခုလို သဘောထား ဆက်ဆံတာမျိုးကို ခေါ်တာပါ။ 


ခပ်ဟော့ဟော့ ဝတ်စားတတ်တဲ့ နာမည်ကျော် မင်းသမီးကို ဆိုင်ဖွင့်ပွဲ ဖိတ်တယ်။ ဒီအတိုင်း မင်းသမီးတစ်လက်ကို ပွဲတက်ဖို့ ဖိတ်တာမျိုး မဟုတ်ဘဲ ဘယ်လို ဝတ်လာပေးရင် ဈေးပိုပေးမယ် ဆိုတာ ဒီသဘောပါပဲ။ ကားဘက်ထရီ ကြော်ငြာတွေမှာ Sexy model တွေ သုံးတာ၊ Hip Hop MTV တွေမှာ အတိုအပြတ် ဝတ်ထားတဲ့ မိန်းကလေးတွေ အများကြီးနဲ့ ရိုက်ပြတာ၊ ဓါတ်မြေသြဇာကြော်ငြာကို Sexy မင်းသမီး ၃ လက်နဲ့ ကြော်ငြာတာ၊ ဒါတွေဟာလည်း Sexual objectification လုပ်နေတာပဲ ဖြစ်ပါတယ်။ 


တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက ကမ္ဘာမှာလည်း ရှိပါတယ်။ ဥပမာ ကားမောင်းပြိုင်ပွဲတွေမှာ ပွဲစဖို့ အလံထောင်တဲ့ မိန်းကလေးတွေ၊ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဘယ်နှချီမြောက် ရောက်ပြီ ဆိုတာကို ဆိုင်းဘုတ်ထောင်ပြတဲ့ Ring girl တွေ စသဖြင့် တွေ့ဖူးကြမှာပါ။ ယူနီဆက်ဖ်က ကိုးကားထားတဲ့ လေ့လာချက်တစ်ခုမှာတော့ အမျိုးသားမဂ္ဂဇင်းတွေမှာ ပါတဲ့ ကြော်ငြာတွေရဲ့ ၇၆ % မှာ အမျိုးသမီးတွေကို အဲ့လို Sexual object အဖြစ် ဖော်ပြထားကြတယ်လို့ သိရပါတယ်။ 


နောက်ပြီး ဒီလိုပုံဖော်တာက အမျိုးသမီးတွေတင် မဟုတ်ပါဘူး။ အမျိုးသားတွေကိုလည်း ပုံဖော်ကြပါတယ်။ ဒါကို MTV တွေ၊ ကြော်ငြာတွေမှာ တွေ့နိုင်ပါတယ်။ ဗလတောင့်တောင့်၊ Six packs နဲ့ အမျိုးသားတစ်ယောက်ကို မဆီမဆိုင် ထည့်ရိုက်ပြတာမျိုးပေါ့။ နောက် အမျိုးသားချင်း ချစ်ကြိုက်သူတွေကို ရည်ရွယ်တဲ့ ကြော်ငြာမျိုးတွေမှာလည်း အဲ့လို Sexual object အနေနဲ့ သဘောထား ခံနေရပါတယ်။ အမျိုးသမီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းကောင်းနည်းမယ်ပေါ့။ ဒါကြောင့် အမျိုးသမီးနဲ့ ပတ်သက်တာကို ဆက်ပြီး ရေးသွားပါ့မယ်။ 


(တစ်လက်စတည်း ရှင်းပြချင်တာက မိန်းကလေးတစ်ယောက် ခန္ဓာကိုယ် အချိုးအစား လှတာကို ပြသတိုင်း၊ ယောက်ျားလေးတစ်ယောက် သူ့ဗလကိုသူ ပြတိုင်း Sexual objectification မဟုတ်ဘူးဆိုတာပါပဲ။ ဟိုတလောက ရေပန်းစားသွားတဲ့ ဖိနပ်ကြော်ငြာနဲ့ နမူနာပေးရရင် ဒီမိန်းကလေးဟာ သူ့အလှကို ပေါ်လွင်စေမဲ့ ဝတ်စားဆင်ယင်မှုမျိုး လုပ်လို့ရတယ်။ မင်းသမီးအနေနဲ့ ကပြ၊ သရုပ်ဆောင်ပြလို့ ရတယ်။ သို့သော် သူ့ရင်သားဟာ ကြော်ငြာတစ်ခုလုံးရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်နေရင်တော့ Sexual objectification ဖြစ်ပါတယ်။) 


ဒီလို လုပ်ရပ်တွေကြောင့် ဘာဆက်ဖြစ်လာသလဲဆို အရင်ဆုံးအနေနဲ့ လူတစ်ယောက်၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူရာဝင်မှု၊ အောင်မြင်မှုတွေဟာ ဒီလိုခန္ဓာကိုယ် လှပမှုအပေါ်မှာ မူတည်တယ် ဆိုတဲ့ အမြင်တွေ ရကုန်ပါတယ်။ ဒီမင်းသမီးဟာ သရုပ်ဆောင် ကောင်းစရာ မလိုဘူး။ ဒီလိုဝတ်စားတတ်ရင်၊ ဝတ်စားရဲရင် ရပြီ ဆိုတာမျိုးပေါ့။ အဲ့တော့ အနုပညာဝမ်းစာ ဖြည့်ဖို့ထက် ခန္ဓာကိုယ်က လိင်ဆွဲဆောင်မှု ရှိဖို့ကိုပဲ ကြိုးစားကြတော့တယ်။ ခွဲစိတ်ပြုပြင်ကြတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ ရှက်ရွံ့တာ၊ သိမ်ငယ်တာတွေ ဖြစ်လာကြတယ်။ 


နောက်ပြီး အမျိုးသမီးတွေအပေါ်မှာ အထင်သေးတဲ့ အမြင်တွေ ရှိလာတယ်။ လိင်ဖျော်ဖြေမှုအတွက်ပဲလို့ မြင်လာကြတယ်။ ဒီကနေမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒါကိုလည်း သာမန်လုပ်ရပ်တစ်ခုလိုပဲ ယူဆနေကြတယ်။ အဆိုးဆုံးကတော့ Self-objectification လို့ခေါ်တဲ့၊ အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အဲ့လိုသဘောထားလာကြတာပဲ။ 


ခုနက ဆိုင်ဖွင့်ပွဲတက်တဲ့ မင်းသမီးကို ဒီအကြောင်း ပြောပြကြည့်ပါလား။ ဘာပြန်ပြောမယ် ထင်သလဲ။ ငါ့အလှနဲ့ငါ ပိုက်ဆံရှာနေတာ နင့်အပူပါလားလို့ ပြန်ဖြေမှာပေါ့။ ပိုလည်း ဝင်ငွေရတယ်။ ပိုလည်း နာမည်ကြီးတယ်။ ပိုလည်း အောင်မြင်တယ်။ ငါ့ကို စော်ကားနေပါလားလို့လည်း မခံယူဘူး။ 


ဖိနပ်ကြော်ငြာ ရိုက်လိုက်တဲ့ မိန်းကလေးနေရာကနေလည်း စဉ်းစားကြည့်ရအောင်။ သူဆို မျက်နှာသစ် သရုပ်ဆောင်လို့ ပြောလို့ ရတယ်။ အခုနေ သူနာမည်ကြီးပြီလို့များ တွေးနေမလား။ နောက်ထပ်များ ဒီလိုထပ်ရိုက်ဖို့ ကြုံလာမယ်ဆိုရင်ရော ငြင်းမလား။ 


ဆိုပါစို့၊ ဒါရိုက်တာတစ်ယောက်က လာကမ်းလှမ်းတဲ့အခါ ဒီသရုပ်ဆောင်က ငြင်းမယ်။ ကျွန်မ ဒါမျိုး မရိုက်နိုင်ဘူး။ ဒါရိုက်တာက ဘာပြန်ပြောမယ် ထင်သလဲ။ သြော် အိုခေပေါ့ ဆိုပြီး နောက်တစ်ယောက် သွားခေါ်မယ်။ ဟိုက လက်ခံလိုက်မယ်။ နာမည်ကြီးသွားမယ်။ ဆိုတော့ သူပဲ မရိုက်လိုက်ရတာ အဖတ်တင်မယ်ပေါ့။ ဒီလိုနဲ့ Sexual objectification ဟာ မိန်းကလေးတွေအတွက် အောင်မြင်ဖို့ လမ်းစ ဖြစ်လာတော့တယ်။ 


ဒါကြောင့် ဒီလိုမျိုး ရိုက်တဲ့ မင်းသမီးတွေ၊ သရုပ်ဆောင်တွေထက်စာရင် သူ့ကို ကမ်းလှမ်းတဲ့သူ၊ ဒါမျိုး ရိုက်ဖို့ လုပ်တဲ့သူကို ရှုံ့ချရမယ်။ ဒါဖြင့် ဆက်စဉ်းစားတော့ သူတို့ ဘာလို့ အဲ့လိုရိုက်လဲ။ ရှင်းပါတယ်။ ကြည့်တဲ့သူ ရှိလို့ပေါ့။ နောက်ပြီး ဆဲခံရလေ နာမည်ကြီးလေလို့ ယူဆကြတဲ့ ခေတ်ကြီးလည်း ဖြစ်နေပြန်တယ်လေ။ 


ဒါဆို ကျွန်တော်တို့ ဘာလုပ်မလဲ။ မကြည့်နဲ့ပေါ့။ အားမပေးနဲ့ပေ့ါ။ ဒီလိုရိုက်ထားတဲ့ ကုန်ပစ္စည်းဆို မဝယ်ဘူး။ ဒီလိုကြော်ငြာထားတဲ့ ဆိုင်ဆို အားမပေးဘူး။ ဒါမျိုးတွေသာ လုပ်ကြမယ်ဆိုရင် ဘယ်ရိုက်တော့မလဲ။ 


ဒါကလည်း ပြောတော့သာ လွယ်တာ။ Sexual objectification ကို ပုံမှန်လိုပဲ ယူဆနေကြသူတွေက တစ်ပုံကြီးမို့လား။ အများစုကလည်း တက်သစ်စကိုသာ ဆဲနေကြတာ။ နာမည်ကျော် မင်းသမီးဆိုရင်တော့ အားပေးကြတာကိုး။ 


ဆိုတော့ ဒီယဉ်ကျေးမှုကြီးက ကာလတစ်ခုထိတော့ ရှိနေဦးမှာပဲ။ Demand ရှိရင် ကြော်ငြာချင်တဲ့သူ ရှိမယ်။ ရိုက်ချင်တဲ့သူ ရှိမယ်။ ဒီအခါ တက်သစ်စတွေ၊ ငွေကြေးလိုအပ်နေသူတွေ၊ ဝမ်းစာမပြည့်သူတွေ၊ တစ်နည်းအားဖြင့် ငြင်းဆန်တောင့်ခံနိုင်စွမ်း မရှိသူတွေဟာ ဒါတွေကို လုပ်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကို သိစေချင်တယ်။ 


နောက်တစ်ခု ထပ်စဉ်းစားကြည့်မယ်။ ကားဘက်ထရီပဲ ဆိုပါတော့။ အကုန်လုံးက အဲ့လိုမျိုးတွေ ကြော်ငြာထားကြတယ်ဆိုရင် ကျွန်တော်တို့က ငြင်းမယ်ဆို ဘယ်လိုငြင်းမလဲ။ ကားမစီးဘဲ နေရတော့မလို ဖြစ်နေပြီပေါ့။ ဒီတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒါမျိုး မလုပ်တော့ဖို့၊ ဝယ်သူတွေဘက်ကလည်း ဒါမျိုး မကြော်ငြာတဲ့သူကို ပိုအားပေးဖို့ စသဖြင့် အပြန်အလှန် တာဝန်လေးတွေ ရှိလာတယ်။ 


ဒီနေရာမှာ Women empowerment ဆိုတဲ့ ကိစ္စကိုလည်း ချန်ထားခဲ့လို့ မရပြန်ဘူး။ တကယ်တော့ Women empowerment ဆိုတာ အမျိုးသမီးတွေကို စွမ်းရည်မြှင့်ပေးတာ မဟုတ်ဘူး။ စွမ်းရည်က ရှိပြီးသား။ သူတို့ကို လုပ်ပိုင်ခွင့်ပေးတာ၊ တန်းတူညီမျှခွင့် ပေးတာ၊ အလှအပထက်၊ လိင်ဆွဲဆောင်မှုထက် အရည်အချင်းနဲ့ ရပ်တည်ခွင့်ကို ပေးတာကို ဆိုလိုတာပါ။ 


ဥပမာ အမျိုးသမီးတစ်ယောက်ကို ရာထူးတိုးပေးဖို့ အရည်အချင်းနဲ့ မဆုံးဖြတ်ဘဲ လိင်ကိစ္စနဲ့ ဆုံးဖြတ်နေမယ်၊ ဒါကို အမျိုးသမီးက မလိုက်လျောဘူးဆိုရင် ရာထူးမတိုးပေးဘဲ နေမယ်။ တက်သစ်စ မင်းသမီးတွေကို သရုပ်ဆောင်ပညာ၊ အနုပညာဝမ်းစာနဲ့ မရွေးဘဲ ဒါရိုက်တာ၊ သို့မဟုတ် ထုတ်လုပ်သူရဲ့ ဆန္ဒကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပြီး စင်တင်ပေးနေမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အရည်အချင်းကို အသုံးချပြီး ရှင်သန်နိုင်ဖို့ရာ ခက်သွားပါတယ်။ Sexual object လို့ ကိုယ့်ကိုယ်ကိုယ် သဘောထားနိုင်သူက ကျန်ခဲ့မယ်။ မထားနိုင်သူက ဒီလောကထဲက ထွက်သွားရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။ 


ဒါကြောင့်လည်း အမျိုးသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ လိုတယ် ပြောတာပါ။ ခုနက ပြောတဲ့ ဥပမာတွေမှာ အထက်လူကြီးက အမျိုးသမီး ဖြစ်ခဲ့မယ်၊ ဒါရိုက်တာ သို့မဟုတ် ထုတ်လုပ်သူကသာ အမျိုးသမီး ဖြစ်ခဲ့မယ်ဆို ဒီပြဿနာ နည်းသွားနိုင်တယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သာ အမျိုးသမီး ဖြစ်ခဲ့မယ် ဆိုပါတော့။ အဲ့လို Sexual object အနေနဲ့ သုံးထားတဲ့ Billboard ကြော်ငြာဆို လုံးဝခွင့်မပြုဘူးလို့ လုပ်လိုက်ရင် ဘယ်သူမှ ကြော်ငြာလို့ မရတော့ဘူး။ ဒီအတွက် အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုပြီး အာရုံစိုက်နိုင်စေချင်တယ်ဆိုရင် အမျိုးသမီးတွေ နေရာပိုရဖို့ လိုပါတယ်။ 


ပြောရရင်တော့ Sexual objectification ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျားမခွဲခြားဆက်ဆံမှု၊ ကျင့်ဝတ်၊ Women empowerment စသဖြင့် အချက်အလက်ပေါင်း မြောက်များစွာနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေကို Sexual object လို သဘောမထားနဲ့ ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘဲ သူတို့အတွက် ရင်သားနဲ့ တင်ပါးထက် ဦးနှောက်နဲ့ အရည်အချင်းကို ပိုအသုံးချခွင့်ရတဲ့ ဝန်းကျင်ကောင်းတစ်ရပ် တည်ဆောက်ပေးနိုင်မှသာ ပပျောက်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကိုတော့ သိစေချင်ပါတယ်။ 


ဒေါက်တာ ဖြိုးသီဟ

၂.၁၀.၂၀၂၀

(လက်ရှိအချိန်နှင့် ကိုက်အောင် ဆောင်းပါးကို အနည်းငယ် တည်းဖြတ်ထားပါသည်။) 


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr


#16DaysActivism

#Day3


 (Zawgyi) 

“Sexual objectification” 




ျမန္မာလို အဓိပၸါယ္ကေတာ့ လူတစ္ဦးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ လွုံ႔ေဆာ္မွုအတြက္ အသုံးခ်စရာ အရာဝတၳဳတစ္ခုလို သေဘာထား ဆက္ဆံတာမ်ိဳးကို ေခၚတာပါ။ 


ခပ္ေဟာ့ေဟာ့ ဝတ္စားတတ္တဲ့ နာမည္ေက်ာ္ မင္းသမီးကို ဆိုင္ဖြင့္ပြဲ ဖိတ္တယ္။ ဒီအတိုင္း မင္းသမီးတစ္လက္ကို ပြဲတက္ဖို့ ဖိတ္တာမ်ိဳး မဟုတ္ဘဲ ဘယ္လို ဝတ္လာေပးရင္ ေဈးပိုေပးမယ္ ဆိုတာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ေၾကာ္ျငာေတြမွာ Sexy model ေတြ သုံးတာ၊ Hip Hop MTV ေတြမွာ အတိုအျပတ္ ဝတ္ထားတဲ့ မိန္းကေလးေတြ အမ်ားႀကီးနဲ႔ ရိုက္ျပတာ၊ ဓါတ္ေျမၾသဇာေၾကာ္ျငာကို Sexy မင္းသမီး ၃ လက္နဲ႔ ေၾကာ္ျငာတာ၊ ဒါေတြဟာလည္း Sexual objectification လုပ္ေနတာပဲ ျဖစ္ပါတယ္။ 


တကယ္ေတာ့ ဒီလိုလုပ္ရပ္မ်ိဳးေတြက ကမၻာမွာလည္း ရွိပါတယ္။ ဥပမာ ကားေမာင္းၿပိဳင္ပြဲေတြမွာ ပြဲစဖို့ အလံေထာင္တဲ့ မိန္းကေလးေတြ၊ လက္ေဝွ႕ၿပိဳင္ပြဲေတြမွာ ဘယ္ႏွခ်ီေျမာက္ ေရာက္ၿပီ ဆိုတာကို ဆိုင္းဘုတ္ေထာင္ျပတဲ့ Ring girl ေတြ စသျဖင့္ ေတြ႕ဖူးၾကမွာပါ။ ယူနီဆက္ဖ္က ကိုးကားထားတဲ့ ေလ့လာခ်က္တစ္ခုမွာေတာ့ အမ်ိဳးသားမဂၢဇင္းေတြမွာ ပါတဲ့ ေၾကာ္ျငာေတြရဲ့ ၇၆ % မွာ အမ်ိဳးသမီးေတြကို အဲ့လို Sexual object အျဖစ္ ေဖာ္ျပထားၾကတယ္လို့ သိရပါတယ္။ 


ေနာက္ၿပီး ဒီလိုပုံေဖာ္တာက အမ်ိဳးသမီးေတြတင္ မဟုတ္ပါဘူး။ အမ်ိဳးသားေတြကိုလည္း ပုံေဖာ္ၾကပါတယ္။ ဒါကို MTV ေတြ၊ ေၾကာ္ျငာေတြမွာ ေတြ႕နိုင္ပါတယ္။ ဗလေတာင့္ေတာင့္၊ Six packs နဲ႔ အမ်ိဳးသားတစ္ေယာက္ကို မဆီမဆိုင္ ထည့္ရိုက္ျပတာမ်ိဳးေပါ့။ ေနာက္ အမ်ိဳးသားခ်င္း ခ်စ္ႀကိဳက္သူေတြကို ရည္ရြယ္တဲ့ ေၾကာ္ျငာမ်ိဳးေတြမွာလည္း အဲ့လို Sexual object အေနနဲ႔ သေဘာထား ခံေနရပါတယ္။ အမ်ိဳးသမီးနဲ႔ ယွဥ္လိုက္ရင္ေတာ့ နည္းေကာင္းနည္းမယ္ေပါ့။ ဒါေၾကာင့္ အမ်ိဳးသမီးနဲ႔ ပတ္သက္တာကို ဆက္ၿပီး ေရးသြားပါ့မယ္။ 


(တစ္လက္စတည္း ရွင္းျပခ်င္တာက မိန္းကေလးတစ္ေယာက္ ခႏၶာကိုယ္ အခ်ိဳးအစား လွတာကို ျပသတိုင္း၊ ေယာက္်ားေလးတစ္ေယာက္ သူ႔ဗလကိုသူ ျပတိုင္း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ ဟိုတ​ေလာက ​ေရပန္းစားသြားတဲ့ ဖိနပ္ေၾကာ္ျငာနဲ႔ နမူနာေပးရရင္ ဒီမိန္းကေလးဟာ သူ႔အလွကို ေပၚလြင္ေစမဲ့ ဝတ္စားဆင္ယင္မွုမ်ိဳး လုပ္လို့ရတယ္။ မင္းသမီးအေနနဲ႔ ကျပ၊ သ႐ုပ္ေဆာင္ျပလို့ ရတယ္။ သို့ေသာ္ သူ႔ရင္သားဟာ ေၾကာ္ျငာတစ္ခုလုံးရဲ့ အဓိက အာ႐ုံစိုက္စရာ ျဖစ္ေနရင္ေတာ့ Sexual objectification ျဖစ္ပါတယ္။) 


ဒီလို လုပ္ရပ္ေတြေၾကာင့္ ဘာဆက္ျဖစ္လာသလဲဆို အရင္ဆုံးအေနနဲ႔ လူတစ္ေယာက္၊ အထူးသျဖင့္ မိန္းကေလးတစ္ေယာက္ရဲ့ ဂုဏ္သိကၡာ၊ လူရာဝင္မွု၊ ေအာင္ျမင္မွုေတြဟာ ဒီလိုခႏၶာကိုယ္ လွပမွုအေပၚမွာ မူတည္တယ္ ဆိုတဲ့ အျမင္ေတြ ရကုန္ပါတယ္။ ဒီမင္းသမီးဟာ သ႐ုပ္ေဆာင္ ေကာင္းစရာ မလိုဘူး။ ဒီလိုဝတ္စားတတ္ရင္၊ ဝတ္စားရဲရင္ ရၿပီ ဆိုတာမ်ိဳးေပါ့။ အဲ့ေတာ့ အႏုပညာဝမ္းစာ ျဖည့္ဖို့ထက္ ခႏၶာကိုယ္က လိင္ဆြဲေဆာင္မွု ရွိဖို့ကိုပဲ ႀကိဳးစားၾကေတာ့တယ္။ ခြဲစိတ္ျပဳျပင္ၾကတယ္။ ကိုယ့္ရဲ့ ခႏၶာကိုယ္ ပုံပန္းသြင္ျပင္နဲ႔ ပတ္သက္လို့ ရွက္ရြံ့တာ၊ သိမ္ငယ္တာေတြ ျဖစ္လာၾကတယ္။ 


ေနာက္ၿပီး အမ်ိဳးသမီးေတြအေပၚမွာ အထင္ေသးတဲ့ အျမင္ေတြ ရွိလာတယ္။ လိင္ေဖ်ာ္ေျဖမွုအတြက္ပဲလို့ ျမင္လာၾကတယ္။ ဒီကေနမွတစ္ဆင့္ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္တာ၊ အၾကမ္းဖက္တာေတြ ျဖစ္လာတယ္။ ဒါကိုလည္း သာမန္လုပ္ရပ္တစ္ခုလိုပဲ ယူဆေနၾကတယ္။ အဆိုးဆုံးကေတာ့ Self-objectification လို့ေခၚတဲ့၊ အမ်ိဳးသမီးေတြကိုယ္တိုင္က သူတို့ကိုယ္သူတို့ အဲ့လိုသေဘာထားလာၾကတာပဲ။ 


ခုနက ဆိုင္ဖြင့္ပြဲတက္တဲ့ မင္းသမီးကို ဒီအေၾကာင္း ေျပာျပၾကည့္ပါလား။ ဘာျပန္ေျပာမယ္ ထင္သလဲ။ ငါ့အလွနဲ႔ငါ ပိုက္ဆံရွာေနတာ နင့္အပူပါလားလို့ ျပန္ေျဖမွာေပါ့။ ပိုလည္း ဝင္ေငြရတယ္။ ပိုလည္း နာမည္ႀကီးတယ္။ ပိုလည္း ေအာင္ျမင္တယ္။ ငါ့ကို ေစာ္ကားေနပါလားလို့လည္း မခံယူဘူး။ 


ဖိနပ္ေၾကာ္ျငာ ရိုက္လိုက္တဲ့ မိန္းကေလးေနရာကေနလည္း စဥ္းစားၾကည့္ရေအာင္။ သူဆို မ်က္ႏွာသစ္ သ႐ုပ္ေဆာင္လို့ ေျပာလို့ ရတယ္။ အခုေန သူနာမည္ႀကီးၿပီလို့မ်ား ေတြးေနမလား။ ေနာက္ထပ္မ်ား ဒီလိုထပ္ရိုက္ဖို့ ၾကဳံလာမယ္ဆိုရင္ေရာ ျငင္းမလား။ 


ဆိုပါစို့၊ ဒါရိုက္တာတစ္ေယာက္က လာကမ္းလွမ္းတဲ့အခါ ဒီသ႐ုပ္ေဆာင္က ျငင္းမယ္။ ကၽြန္မ ဒါမ်ိဳး မရိုက္နိုင္ဘူး။ ဒါရိုက္တာက ဘာျပန္ေျပာမယ္ ထင္သလဲ။ ေၾသာ္ အိုေခေပါ့ ဆိုၿပီး ေနာက္တစ္ေယာက္ သြားေခၚမယ္။ ဟိုက လက္ခံလိုက္မယ္။ နာမည္ႀကီးသြားမယ္။ ဆိုေတာ့ သူပဲ မရိုက္လိုက္ရတာ အဖတ္တင္မယ္ေပါ့။ ဒီလိုနဲ႔ Sexual objectification ဟာ မိန္းကေလးေတြအတြက္ ေအာင္ျမင္ဖို့ လမ္းစ ျဖစ္လာေတာ့တယ္။ 


ဒါေၾကာင့္ ဒီလိုမ်ိဳး ရိုက္တဲ့ မင္းသမီးေတြ၊ သ႐ုပ္ေဆာင္ေတြထက္စာရင္ သူ႔ကို ကမ္းလွမ္းတဲ့သူ၊ ဒါမ်ိဳး ရိုက္ဖို့ လုပ္တဲ့သူကို ရွုံ႔ခ်ရမယ္။ ဒါျဖင့္ ဆက္စဥ္းစားေတာ့ သူတို့ ဘာလို့ အဲ့လိုရိုက္လဲ။ ရွင္းပါတယ္။ ၾကည့္တဲ့သူ ရွိလို့ေပါ့။ ေနာက္ၿပီး ဆဲခံရေလ နာမည္ႀကီးေလလို့ ယူဆၾကတဲ့ ေခတ္ႀကီးလည္း ျဖစ္ေနျပန္တယ္ေလ။ 


ဒါဆို ကၽြန္ေတာ္တို့ ဘာလုပ္မလဲ။ မၾကည့္နဲ႔ေပါ့။ အားမေပးနဲ႔ေပ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန္ပစၥည္းဆို မဝယ္ဘူး။ ဒီလိုေၾကာ္ျငာထားတဲ့ ဆိုင္ဆို အားမေပးဘူး။ ဒါမ်ိဳးေတြသာ လုပ္ၾကမယ္ဆိုရင္ ဘယ္ရိုက္ေတာ့မလဲ။ 


ဒါကလည္း ေျပာေတာ့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆေနၾကသူေတြက တစ္ပုံႀကီးမို့လား။ အမ်ားစုကလည္း တက္သစ္စကိုသာ ဆဲေနၾကတာ။ နာမည္ေက်ာ္ မင္းသမီးဆိုရင္ေတာ့ အားေပးၾကတာကိုး။ 


ဆိုေတာ့ ဒီယဥ္ေက်းမွုႀကီးက ကာလတစ္ခုထိေတာ့ ရွိေနဦးမွာပဲ။ Demand ရွိရင္ ေၾကာ္ျငာခ်င္တဲ့သူ ရွိမယ္။ ရိုက္ခ်င္တဲ့သူ ရွိမယ္။ ဒီအခါ တက္သစ္စေတြ၊ ေငြေၾကးလိုအပ္ေနသူေတြ၊ ဝမ္းစာမျပည့္သူေတြ၊ တစ္နည္းအားျဖင့္ ျငင္းဆန္ေတာင့္ခံနိုင္စြမ္း မရွိသူေတြဟာ ဒါေတြကို လုပ္ေနၾကရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥေတြနဲ႔ ပတ္သက္ရင္ ကၽြန္ေတာ္တို့အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကို သိေစခ်င္တယ္။ 


ေနာက္တစ္ခု ထပ္စဥ္းစားၾကည့္မယ္။ ကားဘက္ထရီပဲ ဆိုပါေတာ့။ အကုန္လုံးက အဲ့လိုမ်ိဳးေတြ ေၾကာ္ျငာထားၾကတယ္ဆိုရင္ ကၽြန္ေတာ္တို့က ျငင္းမယ္ဆို ဘယ္လိုျငင္းမလဲ။ ကားမစီးဘဲ ေနရေတာ့မလို ျဖစ္ေနၿပီေပါ့။ ဒီေတာ့ လုပ္ငန္းရွင္ေတြဘက္ကလည္း ဒါမ်ိဳး မလုပ္ေတာ့ဖို့၊ ဝယ္သူေတြဘက္ကလည္း ဒါမ်ိဳး မေၾကာ္ျငာတဲ့သူကို ပိုအားေပးဖို့ စသျဖင့္ အျပန္အလွန္ တာဝန္ေလးေတြ ရွိလာတယ္။ 


ဒီေနရာမွာ Women empowerment ဆိုတဲ့ ကိစၥကိုလည္း ခ်န္ထားခဲ့လို့ မရျပန္ဘူး။ တကယ္ေတာ့ Women empowerment ဆိုတာ အမ်ိဳးသမီးေတြကို စြမ္းရည္ျမႇင့္ေပးတာ မဟုတ္ဘူး။ စြမ္းရည္က ရွိၿပီးသား။ သူတို့ကို လုပ္ပိုင္ခြင့္ေပးတာ၊ တန္းတူညီမၽွခြင့္ ေပးတာ၊ အလွအပထက္၊ လိင္ဆြဲေဆာင္မွုထက္ အရည္အခ်င္းနဲ႔ ရပ္တည္ခြင့္ကို ေပးတာကို ဆိုလိုတာပါ။ 


ဥပမာ အမ်ိဳးသမီးတစ္ေယာက္ကို ရာထူးတိုးေပးဖို့ အရည္အခ်င္းနဲ႔ မဆုံးျဖတ္ဘဲ လိင္ကိစၥနဲ႔ ဆုံးျဖတ္ေနမယ္၊ ဒါကို အမ်ိဳးသမီးက မလိုက္ေလ်ာဘူးဆိုရင္ ရာထူးမတိုးေပးဘဲ ေနမယ္။ တက္သစ္စ မင္းသမီးေတြကို သ႐ုပ္ေဆာင္ပညာ၊ အႏုပညာဝမ္းစာနဲ႔ မေရြးဘဲ ဒါရိုက္တာ၊ သို့မဟုတ္ ထုတ္လုပ္သူရဲ့ ဆႏၵကို ဘယ္ေလာက္ ျဖည့္ဆည္းေပးနိုင္သလဲ ဆိုတာနဲ႔ တိုင္းတာၿပီး စင္တင္ေပးေနမယ္ဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႔ အရည္အခ်င္းကို အသုံးခ်ၿပီး ရွင္သန္နိုင္ဖို့ရာ ခက္သြားပါတယ္။ Sexual object လို့ ကိုယ့္ကိုယ္ကိုယ္ သေဘာထားနိုင္သူက က်န္ခဲ့မယ္။ မထားနိုင္သူက ဒီေလာကထဲက ထြက္သြားရမယ္ ဆိုတာမ်ိဳး ျဖစ္လာပါတယ္။ 


ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြ ေခါင္းေဆာင္ေနရာ ရဖို့ လိုတယ္ ေျပာတာပါ။ ခုနက ေျပာတဲ့ ဥပမာေတြမွာ အထက္လူႀကီးက အမ်ိဳးသမီး ျဖစ္ခဲ့မယ္၊ ဒါရိုက္တာ သို့မဟုတ္ ထုတ္လုပ္သူကသာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ဆို ဒီျပႆနာ နည္းသြားနိုင္တယ္။ တိုင္း​ေဒသႀကီး ဝန္ႀကီးခ်ဳပ္သာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ ဆိုပါေတာ့။ အဲ့လို Sexual object အေနနဲ႔ သုံးထားတဲ့ Billboard ေၾကာ္ျငာဆို လုံးဝခြင့္မျပဳဘူးလို့ လုပ္လိုက္ရင္ ဘယ္သူမွ ေၾကာ္ျငာလို့ မရေတာ့ဘူး။ ဒီအတြက္ အမ်ိဳးသမီးေတြရဲ့ အေရးကိစၥကို ပိုၿပီး အာ႐ုံစိုက္နိုင္ေစခ်င္တယ္ဆိုရင္ အမ်ိဳးသမီးေတြ ေနရာပိုရဖို့ လိုပါတယ္။ 


ေျပာရရင္ေတာ့ Sexual objectification ဆိုတဲ့ ကိစၥဟာ ကၽြန္ေတာ္တို့ရဲ့ ယဥ္ေက်းမွု၊ က်ားမခြဲျခားဆက္ဆံမွု၊ က်င့္ဝတ္၊ Women empowerment စသျဖင့္ အခ်က္အလက္ေပါင္း ေျမာက္မ်ားစြာနဲ႔ ဆက္စပ္ေနပါတယ္။ အမ်ိဳးသမီးေတြကို Sexual object လို သေဘာမထားနဲ႔ ဆိုတဲ့ တစ္ခြန္းတည္းနဲ႔ ၿပီးသြားမွာ မဟုတ္ဘဲ သူတို့အတြက္ ရင္သားနဲ႔ တင္ပါးထက္ ဦးေႏွာက္နဲ႔ အရည္အခ်င္းကို ပိုအသုံးခ်ခြင့္ရတဲ့ ဝန္းက်င္ေကာင္းတစ္ရပ္ တည္ေဆာက္ေပးနိုင္မွသာ ပေပ်ာက္သြားမယ္လို့ ထင္ပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို့အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကိုေတာ့ သိေစခ်င္ပါတယ္။ 


ေဒါက္တာ ၿဖိဳးသီဟ

၂.၁၀.၂၀၂၀

(​လက္ရွိအခ်ိန္ႏွင့္ ကိုက္​ေအာင္ ေဆာင္းပါးကို အနည္းငယ္ တည္းျဖတ္ထားပါသည္။) 


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr


#16DaysActivism

#Day3

Saturday, November 28, 2020

EBoy Fashion အကြောင်း

လက်တွေ့ဘဝထက် ဆိုရှယ်မီဒီယာပေါ်မှာ ပိုရေပန်းစားတဲ့ EBoy Fashion အကြောင်း




ဖက်ရှင်စတိုင်တွေထဲမှာမှ EBoy စတိုင်ဆိုတာ ခုဆယ်ကျော်သက်လူငယ်တွေကြားမှာ နောက်ဆုံးခေတ်စားနေတဲ့ ဖက်ရှင်စတိုင်တစ်ခု ဖြစ်ပြီး ဒီ trend က TikTok ကနေစခဲ့တာပါ။ EBoy Look ဟာလူတိုင်းနဲ့အဆင်မပြေနိုင်ပေမယ့် Eboy style ထဲက ကိုယ်သဘောကျတဲ့ Fashion Element တွေနဲ့ ကိုယ်အမြဲဝတ်နေကျ အဝတ်အစားတစ်ချို့နဲ့ ပေါင်းစပ်တွဲချလိုက်တဲ့အခါ Internet Style Icon တစ်ခုြဖြစ်သွားတဲ့သဘောပါပဲ။


EBoy Style ဟာ Edgy တို့ Alternative ဘက်ရောက်တယ်လို့ဆိုနိုင်သလို အဲဒါကိုမှ အပေါ်မှာပြောသလို ဒီနေ့ခေတ် Trendy ဖြစ်နေတဲ့ အဝတ်အစားဒီဇိုင်းတွေနဲ့ပေါင်းစပ်ပြီး ထူးခြားအောင်ဆင်မြန်းလိုက်တာမျိုးပါပဲ။ ဒါ့အပြင် Eboy Look တွေဟာ ၂၀၀၀ပြည့်နှစ်က Goths နဲ့ Punk ဂီတတွေ၊ ၉၀ပြည့်နှစ်က စကိတ်ယဉ်ကျေးမှုတွေနဲ့ Kpop မြူးဇစ်တွေရဲ့ လွှမ်းမိုးမှုလည်း ရှိနေပြန်ပါတယ်။


တကယ့်အပြင်လောကမှာထက် အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခေတ်စားလာခဲ့တဲ့ ဒီ Eboy Fashion မှာလည်း ထပ်ပြီးအမျိုးအစားခွဲထားတာရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့် outfit မှာ monochrome လို့ဆိုရမယ့်အနက်နဲ့ မီးခိုးတွေ၊ အဖြူ၊ အနက်စတာတွေကိုပဲ တွဲစပ်ဝတ်ဆင်ထားတယ်။ Layer လုပ်ထားတယ်ဆိုရင် သူ့ကို Soft-Boy Aesthetic ရယ်လို့သတ်မှတ်ပြီး အဖြူ အနက်အပြင်ကိုမှ Outfit မှာ အနီတို့၊ နီယွန်ကာလာအစိမ်းမျိုးတွေပေါင်းစပ်ထည့်ထားတာမျိုးဆိုရင်တော့ Cyber Goths ဆိုပြီးခေါ်ကြပါ တယ်။


EBoy Outfit မှာ အများဆုံးတွေ့ရတဲ့ clothing items တွေကတော့ တီရှပ်လက်ရှည်အစင်းတွေ၊ Sweatshirt ၊ turtle neck တွေ၊ ရှေ့ကြယ်သီးတပ်ရှပ်အင်္ကျီတွေ၊ Crewneck ဆွယ်တာတွေ၊ Oversized T-shirt တွေ၊ distressed denim တွေ၊ အနက်ရောင် Jogger တွေ၊ Grey Trouser တွေပဲဖြစ်ပါတယ်။ အခြားသောအပြင်အဆင်အနေနဲ့ လက်သည်းအမည်းဆိုးတာတွေ၊ ဆံပင်အရောင်ဆိုးတာမျိုးတွေအပြင်ကိုမှ မျက်နှာမှာ Freckle တွေခြယ်ထားပြီး တစ်ချို့ကတော့ heart stamp တွေ ပါးနှစ်ဖက်မှာကပ်တာမျိုးလည်း လုပ်လေ့ရှိပါတယ်။


Eboy fashion အတွက် styling လုပ်မယ်ဆိုရင်

Eboy တွေအတွက် မရှိမဖြစ် clothing item တွေထဲ crewneck sweater, sweatshirt တွေပါပါတယ်။ သူ့ကိုမှ အောက်ကရှပ် အင်္ကျီအဖြူလက်ရှည်ခံပြီး ကော်လာကိုထုတ် layering ပုံစံဝတ်တတ်ကြသလို တစ်ချို့ကျတော့လည်း fake collar တွေနဲ့ခံဝတ် တတ်ကြပါတယ်။ အောက်ကနေ Jean Pants ကိုမှ အနက်ရောင်အရေးများပြီး တစ်ချို့ကလည်း cuffed pants တွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။


ဘောင်းဘီရွေးချယ်ရာမှာ Jeans ဆို အနက်ရောင်ကိုအများဆုံးရွေးချယ်လေ့ရှိပြီး တစ်ချို့က distressed Jeans တွေကိုရွေးကြပါတယ်။ အမျိုးအစားဆိုရင် loose fit jeans တွေကိုအရွေးများပြီး Jeans Pant အပြင်ကိုမှ Jogger တွေ၊ Ankle Pants တွေ Dress Pants နဲ့ Tapered Pant ပုံစံတွေကိုလည်း ဆင်မြန်းလေ့ရှိပါတယ်။ အဲ့လိုဆင်မြန်းတဲ့အခါ ဘောင်းဘီအောက်နားကို ခြေအိတ်ပေါ်အောင်ဖော်ဝတ်လေ့ရှိပါတယ်။ ဖိနပ်တွေထဲမှာ အစီးများတဲ့အရောင်ကတော့ အဖြူနဲ့အနက်တွေပါပဲ။




အင်္ကျီအဝတ်အစားနဲ့ပတ်သက်ရင် Print ဒီဇိုင်းတွေထဲ EBoy တွေအမြဲရွေးချယ်လေ့ရှိတာ အစင်းနဲ့ပတ်သက်တာတွေပါ။ T-shirt လက်ရှည်အစင်းတွေသာမက ရှပ်အင်္ကျီအစင်းတွေကိုလည်းဝတ်လေ့ရှိကြပါတယ်။ ဒါကိုမှ Layered Fashion သဘောမျိုးြပြန်တွဲစပ်ကြတာမျိုးပါ။


Eboy တွေရဲ့ outfit တော်တော်များများဟာ Layered ဘက်ကိုပဲသွားပါတယ်။ T-shirt လက်ရှည်အစင်းတွေပေါ်ကနေ တီရှပ်လက်တို Oversized ကိုထပ်ဝတ်တာမျိုး၊ Turtle neck လိုလည်ပင်းအထောင်ဆွယ်တာတွေပေါ် ရှပ်အင်္ကျီလက်တိုကိုထပ်ဝတ်တာမျိုး၊ Sweatshirt တွေနဲ့ Fake collar တွေတွဲဝတ်တာမျိုးတွေအပြင် Blazer တွေ၊ Fishing Vest တွေကို Layered Fashion ပုံဆင်မြန်းတာမျိုး တွေမြင်တွေ့ကြရမှာဖြစ်ပြီး Harness Body Belt တွေပတ်တာ၊Chest bag တွေဆင်မြန်းတာတွေလည်း လုပ်တတ်ကြပါသေးတယ်။


Jean Jacket တွေ Jumper တွေကလည်း EBoy မှာမှ Soft-Boy တွေအရွေးများတဲ့ clothing items တွေပဲဖြစ်ပါတယ်။ pullover တွေ Sweatshirt တွေပေါ်က Layered Fashion အနေနဲ့ Jumper တွေထပ်ဝတ်တတ်ကြသလို တီရှပ်တွေပေါ်မှာလည်း Jean Jacket တွေကို ဆင်မြန်းလေ့ရှိပါတယ်။


ထူးခြားတဲ့ Outwear တွေအနေနဲ့ Blazer တွေ၊ Cropped Jacket တွေ၊ Bomber Jacket တွေ၊ Coat တွေ၊ Fishing Vest စတာတွေကို ဦးစားပေးဆင်မြန်းကြပါတယ်။ အဲဒါတွေအပေါ်ကမှ Chest Bag တွေ၊ Harness Beltေတွေထပ်ပတ်တတ်ကြပါသေးတယ်။


Accessory တွေအနေနဲ့ Eboy Fashion အတွက် မရှိမဖြစ်တွေကတော့ chain ကြိုးတွေနဲ့ Lock necklace တွေပါပဲ။ အရောင်ကိုတော့ ရွှေနဲ့ငွေမှာ ငွေကိုပိုရွေးချယ်ကြပါတယ်။ ဒါ့အပြင်အပေါ်မှာပြောသလို harness body bet တွေ၊ Chest Bag တွေ၊ Wallet Chain စတာ တွေကိုလည်း ဆင်မြန်းလေ့ရှိကြပါတယ်။




EBoy တွေရဲ့ ဆံပင်ပုံစံကတော့ ၉၀ပြည့်နှစ်ကခေတ်စားခဲ့တဲ့ အလယ်ခွဲပုံစံနဲ့ ပါးလောက်ထိသာအရှည်ရှိတဲ့ curtain hairstyle ပုံစံမျိုး ဖြစ်ပြီး တစ်ချို့က အရောင်ဆိုးတာ၊ ရှေ့ဆံပင်တွေကို အရောင်ချွတ်တာမျိုး လုပ်ကြပါတယ်။


ရေးသားသူ - မေသော် (I am Fashion)


(Zawgyi) 

လက္ေတြ႕ဘ၀ထက္ ဆိုရွယ္မီဒီယာေပၚမွာ ပိုေရပန္းစားတဲ့ EBoy Fashion အေၾကာင္း




ဖက္ရွင္စတိုင္ေတြထဲမွာမွ EBoy စတိုင္ဆိုတာ ခုဆယ္ေက်ာ္သက္လူငယ္ေတြၾကားမွာ ေနာက္ဆံုးေခတ္စားေနတဲ့ ဖက္ရွင္စတိုင္တစ္ခု ျဖစ္ျပီး ဒီ trend က TikTok ကေနစခဲ့တာပါ။ EBoy Look ဟာလူတိုင္းနဲ႔အဆင္မေျပႏိုင္ေပမယ့္ Eboy style ထဲက ကိုယ္သေဘာက်တဲ့ Fashion Element ေတြနဲ႔ ကိုယ္အျမဲ၀တ္ေနက် အ၀တ္အစားတစ္ခ်ိဳ႕နဲ႔ ေပါင္းစပ္တြဲခ်လိုက္တဲ့အခါ Internet Style Icon တစ္ခု ျဖစ္သြားတဲ့သေဘာပါပဲ။

EBoy Style ဟာ Edgy တို႔ Alternative ဘက္ေရာက္တယ္လို႔ဆိုႏိုင္သလို အဲဒါကိုမွ အေပၚမွာေျပာသလို ဒီေန႔ေခတ္ Trendy ျဖစ္ေနတဲ့ အ၀တ္အစားဒီဇိုင္းေတြနဲ႔ေပါင္းစပ္ျပီး ထူးျခားေအာင္ဆင္ျမန္းလိုက္တာမ်ိဳးပါပဲ။ ဒါ့အျပင္ Eboy Look ေတြဟာ ၂၀၀၀ျပည့္ႏွစ္က Goths နဲ႔ Punk ဂီတေတြ၊ ၉၀ျပည့္ႏွစ္က စကိတ္ယဥ္ေက်းမႈေတြနဲ႔ Kpop ျမဴးဇစ္ေတြရဲ႕ လႊမ္းမိုးမႈလည္း ရွိေနျပန္ပါတယ္။

တကယ့္အျပင္ေလာကမွာထက္ အြန္လိုင္းနဲ႔ ဆိုရွယ္မီဒီယာေတြေပၚမွာ ေခတ္စားလာခဲ့တဲ့ ဒီ Eboy Fashion မွာလည္း ထပ္ျပီးအမ်ိဳးအစားခြဲထားတာရွိပါေသးတယ္။ အဲဒါကေတာ့ ကိုယ့္ outfit မွာ monochrome လုိ႔ဆိုရမယ့္အနက္နဲ႔ မီးခိုးေတြ၊ အျဖဴ၊ အနက္စတာေတြကိုပဲ တြဲစပ္၀တ္ဆင္ထားတယ္။ Layer လုပ္ထားတယ္ဆိုရင္ သူ႕ကို Soft-Boy Aesthetic ရယ္လို႔သတ္မွတ္ျပီး အျဖဴ အနက္အျပင္ကိုမွ Outfit မွာ အနီတို႔၊ နီယြန္ကာလာအစိမ္းမ်ိဳးေတြေပါင္းစပ္ထည့္ထားတာမ်ိဳးဆိုရင္ေတာ့ Cyber Goths ဆိုျပီးေခၚၾကပါ တယ္။




EBoy Outfit မွာ အမ်ားဆံုးေတြ႕ရတဲ့ clothing items ေတြကေတာ့ တီရွပ္လက္ရွည္အစင္းေတြ၊ Sweatshirt ၊ turtle neck ေတြ၊ ေရွ႕ၾကယ္သီးတပ္ရွပ္အက်ႌေတြ၊ Crewneck ဆြယ္တာေတြ၊ Oversized T-shirt ေတြ၊ distressed denim ေတြ၊ အနက္ေရာင္ Jogger ေတြ၊ Grey Trouser ေတြပဲျဖစ္ပါတယ္။ အျခားေသာအျပင္အဆင္အေနနဲ႔ လက္သည္းအမည္းဆုိးတာေတြ၊ ဆံပင္အေရာင္ဆိုးတာမ်ိဳးေတြအျပင္ကိုမွ မ်က္ႏွာမွာ Freckle ေတြျခယ္ထားျပီး တစ္ခ်ိဳ႕ကေတာ့ heart stamp ေတြ ပါးႏွစ္ဖက္မွာကပ္တာမ်ိဳးလည္း လုပ္ေလ့ရွိပါတယ္။

Eboy fashion အတြက္ styling လုပ္မယ္ဆိုရင္

Eboy ေတြအတြက္ မရွိမျဖစ္ clothing item ေတြထဲ crewneck sweater, sweatshirt ေတြပါပါတယ္။ သူ႕ကိုမွ ေအာက္ကရွပ္ အက်ႌအျဖဴလက္ရွည္ခံျပီး ေကာ္လာကိုထုတ္ layering ပံုစံ၀တ္တတ္ၾကသလို တစ္ခ်ိဳ႕က်ေတာ့လည္း fake collar ေတြနဲ႔ခံ၀တ္ တတ္ၾကပါတယ္။ ေအာက္ကေန Jean Pants ကိုမွ အနက္ေရာင္အေရးမ်ားျပီး တစ္ခ်ိဳ႕ကလည္း cuffed pants ေတြနဲ႔ တြဲ၀တ္ေလ့ရွိပါတယ္။

ေဘာင္းဘီေရြးခ်ယ္ရာမွာ Jeans ဆို အနက္ေရာင္ကိုအမ်ားဆံုးေရြးခ်ယ္ေလ့ရွိျပီး တစ္ခ်ိဳ႕က distressed Jeans ေတြကိုေရြးၾကပါတယ္။ အမ်ိဳးအစားဆိုရင္ loose fit jeans ေတြကိုအေရြးမ်ားျပီး Jeans Pant အျပင္ကိုမွ Jogger ေတြ၊ Ankle Pants ေတြ Dress Pants နဲ႔ Tapered Pant ပံုစံေတြကိုလည္း ဆင္ျမန္းေလ့ရွိပါတယ္။ အဲ့လိုဆင္ျမန္းတဲ့အခါ ေဘာင္းဘီေအာက္နားကို ေျခအိတ္ေပၚေအာင္ေဖာ္၀တ္ေလ့ရွိပါတယ္။ ဖိနပ္ေတြထဲမွာ အစီးမ်ားတဲ့အေရာင္ကေတာ့ အျဖဴနဲ႔အနက္ေတြပါပဲ။

အက်ႌအ၀တ္အစားနဲ႔ပတ္သက္ရင္ Print ဒီဇိုင္းေတြထဲ EBoy ေတြအျမဲေရြးခ်ယ္ေလ့ရွိတာ အစင္းနဲ႔ပတ္သက္တာေတြပါ။ T-shirt လက္ရွည္အစင္းေတြသာမက ရွပ္အက်ႌအစင္းေတြကိုလည္း၀တ္ေလ့ရွိၾကပါတယ္။ ဒါကိုမွ Layered Fashion သေဘာမ်ိဳး ျပန္တြဲစပ္ၾကတာမ်ိဳးပါ။

Eboy ေတြရဲ႕ outfit ေတာ္ေတာ္မ်ားမ်ားဟာ Layered ဘက္ကိုပဲသြားပါတယ္။ T-shirt လက္ရွည္အစင္းေတြေပၚကေန တီရွပ္လက္တို Oversized ကိုထပ္၀တ္တာမ်ိဳး၊ Turtle neck လိုလည္ပင္းအေထာင္ဆြယ္တာေတြေပၚ ရွပ္အက်ႌလက္တိုကိုထပ္၀တ္တာမ်ိဳး၊ Sweatshirt ေတြနဲ႔ Fake collar ေတြတြဲ၀တ္တာမ်ိဳးေတြအျပင္ Blazer ေတြ၊ Fishing Vest ေတြကို Layered Fashion ပံုဆင္ျမန္းတာမ်ိဳး ေတြျမင္ေတြ႕ၾကရမွာျဖစ္ျပီး Harness Body Belt ေတြပတ္တာ၊Chest bag ေတြဆင္ျမန္းတာေတြလည္း လုပ္တတ္ၾကပါေသးတယ္။

Jean Jacket ေတြ Jumper ေတြကလည္း EBoy မွာမွ Soft-Boy ေတြအေရြးမ်ားတဲ့ clothing items ေတြပဲျဖစ္ပါတယ္။ pullover ေတြ Sweatshirt ေတြေပၚက Layered Fashion အေနနဲ႔ Jumper ေတြထပ္၀တ္တတ္ၾကသလို တီရွပ္ေတြေပၚမွာလည္း Jean Jacket ေတြကို ဆင္ျမန္းေလ့ရွိပါတယ္။

ထူးျခားတဲ့ Outwear ေတြအေနနဲ႔ Blazer ေတြ၊ Cropped Jacket ေတြ၊ Bomber Jacket ေတြ၊ Coat ေတြ၊ Fishing Vest စတာေတြကို ဦးစားေပးဆင္ျမန္းၾကပါတယ္။ အဲဒါေတြအေပၚကမွ Chest Bag ေတြ၊ Harness Belt ေတြထပ္ပတ္တတ္ၾကပါေသးတယ္။

Accessory ေတြအေနနဲ႔ Eboy Fashion အတြက္ မရွိမျဖစ္ေတြကေတာ့ chain ၾကိဳးေတြနဲ႔ Lock necklace ေတြပါပဲ။ အေရာင္ကိုေတာ့ ေရႊနဲ႔ေငြမွာ ေငြကိုပိုေရြးခ်ယ္ၾကပါတယ္။ ဒါ့အျပင္အေပၚမွာေျပာသလို harness body bet ေတြ၊ Chest Bag ေတြ၊ Wallet Chain စတာ ေတြကိုလည္း ဆင္ျမန္းေလ့ရွိၾကပါတယ္။




EBoy ေတြရဲ႕ ဆံပင္ပံုစံကေတာ့ ၉၀ျပည့္ႏွစ္ကေခတ္စားခဲ့တဲ့ အလယ္ခြဲပံုစံနဲ႔ ပါးေလာက္ထိသာအရွည္ရွိတဲ့ curtain hairstyle ပံုစံမ်ိဳး ျဖစ္ျပီး တစ္ခ်ိဳ႕က အေရာင္ဆိုးတာ၊ ေရွ႕ဆံပင္ေတြကို အေရာင္ခၽြတ္တာမ်ိဳး လုပ္ၾကပါတယ္။

ေရးသားသူ - ေမေသာ္ (I am Fashion)

Friday, November 27, 2020

ကိုကာကိုလာကြက်တောင်ပံ -ငါးခေါင်းမြေအိုးဟင်းအချို - ငါး ဆားအုံ မီးကင်

ငါး ဆားအုံ မီးကင် 




အသားကင်ကိုမှ ကြိုက်နှစ်သက်သူတွေအတွက်၊ ဒီတပတ်တော့ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ငါး ဆားအုံ မီးကင်ဆိုတဲ့ အစားအစာလေးအကြောင်းေြပြောပြချင်ပါတယ်။


ပလာပေါင်ကလူယာ့ (Pla Paung Gluea)လို့ ခေါ်တဲ့ ငါးဆားအုံမီးကင်ကို ထိုင်းနိုင်ငံမှာတော့ လူတော် တော်များများက နှစ်နှစ် ခြိုက်ခြိုက် စား သောက်လေ့ရှိပြီး၊ ယမကာသမားတွေအတွက်လည်း အမြည်း ကောင်းတခုလို့ ဆိုရမှာပါ။  Street food  လို့ ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ လူစည် ကားရာလမ်းဘေးက စားသောက်ဆိုင်တန်းလေးတွေ မှာ မီးဖိုတဖိုနဲ့ ငါးဆားအုံမီးကင်ကို ရောင်းချကြတာ တွေ့မြင်နိုင်ပါတယ်။  ငါးဆိုတာကလည်း လူမှာလိုအပ်တဲ့ အသားဓာတ် ကို အကောင်းဆုံးပေးနိုင်ရုံသာမက ကျန်ဗီတာမင် တွေနဲ့ သတ္တုဓာတ်တွေကိုလည်း အပြည့်အဝပေးနိုင် သလို ငါးကထွက်ရှိတဲ့  ဉာနါေ ၃  အက်ဆစ်ကလည်း နှလုံးရောဂါ တို့၊ စိတ်ဖိစီးမှုကြောင့် ထွက်လာ တဲ့ ဟော်မုန်းဓာတ်တို့ကိုတောင် ဟန့်တားကာကွယ် နိုင်တယ်လို့ ကျန်းမာရေး အဆိုတွေ ရှိတာကြောင့် ဧရာဝတီ စာဖတ်ပရိသတ်ကြီးအနေနဲ့ ပြည့်ဝဆီတွေ များတဲ့ ကြက်၊ ဝက်စတဲ့ အကင် တွေအစား၊ ငါး ဆားအုံ မီးကင်ကို ကိုယ်တိုင် ပျော်ပျော်ပါးပါးပြုလုပ် မြည်းစမ်းနိုင်အောင် ရေးသားတင်ပြလိုက်ပါ တယ်။ မြန်မာပြည်မှာလည်း  “ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်” ဆိုတဲ့ ကြော်ငြာတောင် ရှိခဲ့ဖူးတယ် မဟုတ်လား။    ငါးကို  ဆားနဲ့အုံပြီး  ကင်တဲ့နည်းက  တခြား အဆာပလာတွေ အများကြီး ထည့်စရာမလိုတာ ကြောင့် လုပ်ရတာလည်း အင်မတန်မှ လွယ်ကူလှပါတယ်။ 


#လိုအပ်တဲ့  ပစ္စည်းတွေက 

 ငါးကင်ဖို့အတွက်တော့ ဝယ် ရတာလည်း လွယ်ကူ၊ ဈေးနှုန်း လည်း ချိုသာ၊ အရိုးလည်း နည်းတဲ့ တီလား ဗီးယားငါးကို အသုံးပြုပါမယ်။  တီလားဗီးယားက မြန်မာပြည်မှာလည်း ဈေးချိုချိုနဲ့ အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။ လူ ၂ ယောက်စာအတွက်ဆိုရင်တော့ အလေး ချိန် ၄၀ ကျပ်သားအရွယ် ငါးတကောင်ဆိုရင် လုံ လောက်ပါပြီ။ တခြားလိုအပ်တဲ့ ပစ္စည်းတွေကတော့ ငါးရဲ့ အညှီနံ့ ပျောက်စေဖို့ စပါးလင် ၂ ချောင်း၊ ရှောက်ဘီလူးရွက် ၁၀ ရွက်၊ ဆား ၁၅ ကျပ်သား၊ ဂျုံမှုန့် စတီးဇွန်း ၂ ဇွန်းနဲ့ မီးသွေး ၁ ပိဿာ၊ ရေ စတီးဇွန်း ၂ ဇွန်းတို့ ဖြစ်ပါတယ်။ ငါးကင်နဲ့တွဲဖက်စားမယ့် အချဉ်အတွက်တော့ ငရုတ်သီးစိမ်း ၁၅ တောင့်၊ ကြက်သွန်ဖြူ ၃ တက်၊ သံပရာသီး ၁ လုံး၊ ငါးငံပြာရည် စတီးဇွန်း ၁ ဇွန်း၊ သကြားနဲ့ ဆားအနည်းငယ်တို့ လိုအပ်မှာဖြစ်ပါတယ်။


#ပစ္စည်းစုံရင် ကင်ကြရအောင်


 အရင်ဆုံး မီးသွေးမီးဖိုကို မီးမွေးရပါမယ်။ ငါးကင်တဲ့အခါမှာ မီးအရှိန်ကို မများစေဘဲ မီးသွေး မီးပြာကျ၊ မီးအရှိန်လျော့ နေမှ ပိုပြီးကောင်းမှာဖြစ်လို့၊ စောစော မီးမွေးထားရင်တော့ အားလုံးပြင်ဆင်ပြီးတဲ့ အချိန်မှာ ကင်လို့ကောင်းတဲ့  မီး အနေထား ကိုရမှာ ပါ။   မီးမွေးပြီးရင်တော့ ငါးကို အကြေးခွံ မခွာဘဲ ဗိုက်ဖောက်၊ အူထုတ်၊ ပါးဟက်ထုတ်ပြီး၊ စင်ကြယ် အောင်ဆေးကာ ရေစစ်ထားပါ။  ငါး ရေစစ်သွားပြီဆိုမှ စပါးလင် ၂ ချောင်းကို အရှည်လိုက် ထုပြီး ငါးရဲ့ ပါးစပ်ကနေ ထည့်ပါ။ ဆက်လက်ပြီး ရှောက်ဘီလူးရွက် ၁၀ ရွက်ကိုလည်း ဗိုက်ထဲကို အစာသွတ်သကဲ့သို့ သွတ်ထားပါ။  ငါးကို ဆားအုံဖို့ ဗန်းတချပ်ထဲမှာ ဆားကြမ်းနဲ့ ဂျုံမှုန့် စတီးဇွန်း ၂ ဇွန်း၊ ရေ စတီးဇွန်း ၂ ဇွန်းထည့်၊ သမအောင် အထက်အောက် စေးပျစ်လာတဲ့အထိ နယ်ပါ။ ဆားနဲ့ ဂျုံမှုန့် သမပြီး စေးပျစ်လာပြီဆိုရင်၊ ငါးကို ဆားနဲ့ နှံ့နှံ့စပ်စပ် သုတ်လိမ်းမံထားရပါမယ်။  ဆားနဲ့ ငါးကို အထပ်ထပ် သုတ်လိမ်းပြီးရင် တော့ ငါးကို ၁၀ မိနစ်ခန့် ခြောက်သွေ့အောင်ထားပါ။  ပြီးတဲ့နောက်မှာတော့ မီးသွေးမီးဖိုပေါ်မှာ ဆန်ခါ နဲ့တင်ပြီး မီးအရှိန်ပျော့ပျော့နဲ့ ငါးကို မိနစ် ၂၀ ခန့် ကင်လိုက်ပါ။


တဖက်ကို မိနစ် ၂၀ ခန့်နဲ့ စုစုပေါင်း မိနစ် ၄၀ ခန့်အကြာ ကင်ရပါလိမ့်မယ်။ ကင်တဲ့နေရာမှာ တခု သတိပြုရမှာကတော့ ငါးအရွယ်အစားကို မူ တည်ပြီး ကင်ရတဲ့အချိန် အနည်းငယ် ကွာခြားမှု ရှိတာပဲ ဖြစ်ပါတယ်။  ၂ ဖက်လုံး လှန်ကင်ပြီးတဲ့အခါမှာတော့ ဆား ငွေ့ရိုက်ပြီး အထဲက ငါးရဲ့အသားဟာ “ပုစွန်အကွေး ငါးအနွေး” ဆိုသလို ကျက်သွားပါပြီ။  ငါးရဲ့အကြေးခွံမှာ ကပ်နေတဲ့ ဆားဟာ မီးနဲ့ တွေ့အခါမှာ တဖြည်းဖြည်း အရည်ပျော်ပြီး ငါး အသားထဲကို စိမ့်ဝင်သွားလို့ ရရှိတဲ့ ဆားအရသာရယ်၊ ဆားကို မီးကင် လိုက်လို့ ထွက်လာတဲ့ မွှေးတဲ့ အနံ့ ရယ်ဟာ ထူးခြားတာကြောင့် စားရသူ တိုင်းအဖို့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိသွားမှာ ဖြစ်ပါတယ်။  ကင်ပြီးပြီးခြင်း၊ ချက်ချင်းစားသုံးရင်တော့ အရသာ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။  ပြင်ဆင်စားသောက်တဲ့ အခါမှာ ဆားနဲ့ဂျုံမှုန့် တွေကပ်နေတဲ့ ငါးကင်ရဲ့ အပေါ်ယံအကြေးခွံကို ကတ်ကြေးနဲ့ဖြစ်စေ၊ လက်နဲ့ဖြစ်စေ၊ တဖြည်းဖြည်း ချင်း ဖယ်ထုတ်လိုက်တယ်ဆိုရင်၊ အနံ့အရသာမွှေးပြီး  နူးညံပျော့ပျောင်းတဲ့ ငါးကင်ကို ရမှာ မလွဲပါဘူး။  ငါးကင်နဲ့တွဲဖက် စားသောက်ရမယ့် အချဉ် အတွက် ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုရောပြီး ကြေ ညက်အောင် ကြိတ်ထားတဲ့ အရောထဲကို သံပရာ ရည်၊ ဆား၊ သကြား၊ ငံပြာရည်နဲ့ ရေတို့ကို အားလုံး ရောမွှေလိုက်ရင် တွဲစားရမယ့် အချဉ်ရပါပြီ။  


ထိုင်းနိုင်ငံ မြောက်ပိုင်းမှာတော့ ငါးဆားအုံ မီးကင်ကို ညနေစောင်းမှာ ခေါက်ညိုလို့ ခေါ်တဲ့ ကောက်ညှင်း၊ ဒါမှမဟုတ် ထမင်းတို့နဲ့ စားသုံးကြပါ တယ်။ ဒါကြောင့်လည်း ထမင်းနဲ့တွဲဖက်လို့ ညနေစာအဖြစ် စားသုံးနိုင် သလို ဘီယာယမကာ နှစ်သက် သူတွေအတွက်လည်း အမြည်းအဖြစ် အမျိုးမျိုး စား သောက်နိုင်တာကြောင့် အရသာရှိတဲ့ ထိုင်းငါးဆားအုံ မီးကင် နည်းလေးကို မိမိကိုယ်တိုင် ပြုလုပ်မြည်းစမ်း ကြည့်ဖို့ တင်ပြလိုက်ရပါတယ်။ 


ငါးခေါင်းမြေအိုးဟင်းအချို




ပါဝင်သောပစ္စည်းများ

ငါးကြင်းခေါင်း တစ်ခေါင်း(၃၀ကျပ်သားခန့်)၊ ပဲပြား တစ်တုံး(လေးထောင့်တုံးလေးများ တုံးထားပါ)၊ မုန့်ညင်းဖြူ ခြောက် ကျပ်သား(တစ်လက်မအရွယ်စီ လှီးထားပါ)၊ တရုတ်မှိုခြောက် ငါးပွင့် (ရေနွေးဖြင့် စိမ်ထားပါ၊ အညှာဖယ်ပစ်ပါ)၊ ဝက်သား ကင် ခြောက်ကျပ်သား (ပါးပါးလှီးထားပါ)၊ မျှစ်နုနု သုံးကျပ်သားခန့် (မထူမပါး လှီးထားပါ)၊ မုန်လာဥနီ သုံးကျပ်သားခန့် (ပါးပါးလှီးထားပါ)၊ ကြက်သွန်မြိတ် နှစ်ပင် ( ခပ်ရှည်ရှည်ပိုင်းဖြတ်ထားပါ)၊ ပဲငါးပိအနှစ် ထမင်းစားဇွန်း တစ်ဇွန်း၊ ကြက်ပြုတ် ရည် သို့မဟုတ် ရေ ၁.၂ လီတာ၊ ချင်းပါးပါးလှီး လေးပြား၊ ခရုဆီ ထမင်းစားဇွန်း တစ်ဇွန်း၊ ဟင်းချက်ဝိုင် ထမင်းစားဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ပဲငံပြာရည်အကျဲ လက်ဖက်ရည်ဇွန်း တစ်ဇွန်း + ထမင်းစားဇွန်း နှစ်ဇွန်း၊ ပဲငံပြာရည်အပျစ် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်နှင့် ကော်မှုန့် အနည်းငယ်။


ချက်ပြုတ်နည်း

၁)ငါးခေါင်းကို အကြေးခွံများဖယ်ပြီး ရေစင်အောင်ဆေးကာ ထက်ခြမ်းခြမ်းပါ။ ရေစစ်ပြီး ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း နှစ်ဇွန်းနှင့် ကော်မှုန့်တို့ဖြင့်နယ်ပါ။

၂) မြေအိုးထဲတွင် ဆီအနည်းငယ်ကို အပူပေးကာ ငါးခေါင်းနှင့် ပဲပြားများကို ညိုရောင်သန်းသည်အထိ ထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပြီး အိုးထဲသို့ ဆီသုံးဇွန်းထည့်ပါ။ ဆီပူလျှင် ချင်းနှင့် ပဲငါးပိထည့် ဆီသတ်ပါ။

၃)မွှေးပျံ့လာလျှင် မုန့်ညင်းဖြူ၊ မုန်လာဥနီ၊ မှို၊မျှစ်နှင့် ဝက်သားကင်ထည့်ကြော်ပါ။ ထို့နောက် အရသာမှုန့်ခတ်၍ ကျန်ပစ္စည်းအားလုံးနှင့် ရေကိုထည့်ပါ။ ငါးခေါင်းနှင့် ပဲပြားကြော်ကိုပါထည့်ပြီး မီးမျှဉ်းမျှဉ်းဖြင့် မိနစ် ၂၀ခန့် ဖုံးအုပ်ကာချက်ပါ။ ထို့နောက် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်ပါ။

(Ref: Heavenly Claypot Magic by Pang Nyuk Yoon)


Coca Cola Chicken Wings




တရုတ်ပြည်မှ စားဖိုမှူးတစ်ယောက်ပြောပြသော ဟင်းချက်နည်းလေးပါ။ ကြက်ကြော်ရဲ့အရောင်အဆင်းက နီညိုရောင် သမ်းနေပြီး ပန်းကန်လှလှပပထဲထည့် ကီဝီသီးကို အကွင်းလိုက်လှီးပြီးအပေါ်ကတင်ကာ အလှဆင်ထားနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ

အသားများသောကြက်တောင်ပံ (အရင်း+အဖျား) ၃၀ ကျပ်သား၊ ကိုကာကိုလာသံဘူး တစ်ဝက် (၁၇၀ မီလီလီတာခန့်)၊ ချင်းပါးပါးလှီး နှစ်ပြား၊ ဟင်းချက်အရက် ထမင်းစားဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆား အနည်းငယ်၊ ဆီ ထမင်း စားဇွန်း နှစ်ဇွန်း။


ပြုလုပ်နည်း

(၁) ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး အရင်းပိုင်းနဲ့ အဖျားပိုင်းတို့ကို သတ်သတ်စီဖြစ်အောင် အဆစ်နေရာမှ ခုတ်ပိုင်းထားပါ။ ခုတ်ပြီးရင် ဆား၊ ဟင်းချက်အရက်၊ ပဲငံပြာရည်တို့ဖြင့် နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။

(၂) ထို့နောက် အိုးတစ်လုံးကို အပူပေး၍ ကြက်တောင်ပံများထည့်ကာ ရေမြုပ်ရုံ လောင်းထည့်ပြီးချက်ပါ။ ထိုရေအား လုံးခန်းသွားပြီဆိုရင် ကြက်တောင်ပံများဆယ်ယူ ထားပါ။

(၃) ဒယ်အိုးတစ်လုံးနဲ့ ဆီကိုအပူပေး၍ ချင်းထည့်ကာဆီသတ်ပါ။ ချင်းနံ့မွှေးလာရင် ကြက်တောင်ပံမြုပ်ရုံလောင်းထည့်ပါ။ ကိုကာကိုလာ ရည်များ ခန်းခြောက်ခါနီးပြီဆိုရင် ပန်းကန်ထဲဆယ်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

(Zawgyi) 

ငါး ဆားအံု မီးကင္ 




အသားကင္ကိုမွ ႀကိဳက္ႏွစ္သက္သူေတြအတြက္၊ ဒီတပတ္ေတာ့ ထိုင္းႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ ငါး ဆားအံု မီးကင္ဆိုတဲ့ အစားအစာေလးအေၾကာင္း ေျပာျပခ်င္ပါတယ္။

ပလာေပါင္ကလူယာ့ (Pla Paung Gluea)လို႔ ေခၚတဲ့ ငါးဆားအံုမီးကင္ကို ထိုင္းႏိုင္ငံမွာေတာ့ လူေတာ္ ေတာ္မ်ားမ်ားက ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ စား ေသာက္ေလ့ရွိၿပီး၊ ယမကာသမားေတြအတြက္လည္း အျမည္း ေကာင္းတခုလို႔ ဆိုရမွာပါ။  Street food  လို႔ ေခၚတဲ့ ထိုင္းႏိုင္ငံရဲ႕ လူစည္ ကားရာလမ္းေဘးက စားေသာက္ဆိုင္တန္းေလးေတြ မွာ မီးဖိုတဖိုနဲ႔ ငါးဆားအံုမီးကင္ကို ေရာင္းခ်ၾကတာ ေတြ႕ျမင္ႏိုင္ပါတယ္။  ငါးဆိုတာကလည္း လူမွာလိုအပ္တဲ့ အသားဓာတ္ ကို အေကာင္းဆံုးေပးႏိုင္႐ံုသာမက က်န္ဗီတာမင္ ေတြနဲ႔ သတၲဳဓာတ္ေတြကိုလည္း အျပည့္အဝေပးႏိုင္ သလို ငါးကထြက္ရွိတဲ့  ဥာနါေ ၃  အက္ဆစ္ကလည္း ႏွလံုးေရာဂါ တို႔၊ စိတ္ဖိစီးမႈေၾကာင့္ ထြက္လာ တဲ့ ေဟာ္မုန္းဓာတ္တို႔ကိုေတာင္ ဟန္႔တားကာကြယ္ ႏိုင္တယ္လို႔ က်န္းမာေရး အဆိုေတြ ရွိတာေၾကာင့္ ဧရာဝတီ စာဖတ္ပရိသတ္ႀကီးအေနနဲ႔ ျပည့္ဝဆီေတြ မ်ားတဲ့ ၾကက္၊ ဝက္စတဲ့ အကင္ ေတြအစား၊ ငါး ဆားအံု မီးကင္ကို ကိုယ္တိုင္ ေပ်ာ္ေပ်ာ္ပါးပါးျပဳလုပ္ ျမည္းစမ္းႏိုင္ေအာင္ ေရးသားတင္ျပလိုက္ပါ တယ္။ ျမန္မာျပည္မွာလည္း  “ေခတ္မီသူတိုင္း ပင္လယ္ငါး စားၾကသည္” ဆိုတဲ့ ေၾကာ္ျငာေတာင္ ရွိခဲ့ဖူးတယ္ မဟုတ္လား။    ငါးကို  ဆားနဲ႔အံုၿပီး  ကင္တဲ့နည္းက  တျခား အဆာပလာေတြ အမ်ားႀကီး ထည့္စရာမလိုတာ ေၾကာင့္ လုပ္ရတာလည္း အင္မတန္မွ လြယ္ကူလွပါတယ္။ 

လိုအပ္တဲ့  ပစၥည္းေတြက 

 ငါးကင္ဖို႔အတြက္ေတာ့ ဝယ္ ရတာလည္း လြယ္ကူ၊ ေဈးႏႈန္း လည္း ခ်ိဳသာ၊ အ႐ိုးလည္း နည္းတဲ့ တီလား ဗီးယားငါးကို အသံုးျပဳပါမယ္။  တီလားဗီးယားက ျမန္မာျပည္မွာလည္း ေဈးခ်ိဳခ်ိဳနဲ႔ အလြယ္တကူ ဝယ္လို႔ရႏိုင္ပါတယ္။ လူ ၂ ေယာက္စာအတြက္ဆိုရင္ေတာ့ အေလး ခ်ိန္ ၄၀ က်ပ္သားအရြယ္ ငါးတေကာင္ဆိုရင္ လံု ေလာက္ပါၿပီ။ တျခားလိုအပ္တဲ့ ပစၥည္းေတြကေတာ့ ငါးရဲ႕ အညႇီနံ႔ ေပ်ာက္ေစဖို႔ စပါးလင္ ၂ ေခ်ာင္း၊ ေရွာက္ဘီလူးရြက္ ၁၀ ရြက္၊ ဆား ၁၅ က်ပ္သား၊ ဂ်ံဳမႈန္႔ စတီးဇြန္း ၂ ဇြန္းနဲ႔ မီးေသြး ၁ ပိႆာ၊ ေရ စတီးဇြန္း ၂ ဇြန္းတို႔ ျဖစ္ပါတယ္။ ငါးကင္နဲ႔တြဲဖက္စားမယ့္ အခ်ဥ္အတြက္ေတာ့ င႐ုတ္သီးစိမ္း ၁၅ ေတာင့္၊ ၾကက္သြန္ျဖဴ ၃ တက္၊ သံပရာသီး ၁ လံုး၊ ငါးငံျပာရည္ စတီးဇြန္း ၁ ဇြန္း၊ သၾကားနဲ႔ ဆားအနည္းငယ္တို႔ လိုအပ္မွာျဖစ္ပါတယ္။

ပစၥည္းစံုရင္ ကင္ၾကရေအာင္

 အရင္ဆံုး မီးေသြးမီးဖိုကို မီးေမြးရပါမယ္။ ငါးကင္တဲ႔အခါမွာ မီးအရွိန္ကို မမ်ားေစဘဲ မီးေသြး မီးျပာက်၊ မီးအရွိန္ေလ်ာ့ ေနမွ ပိုၿပီးေကာင္းမွာျဖစ္လို႔၊ ေစာေစာ မီးေမြးထားရင္ေတာ့ အားလံုးျပင္ဆင္ၿပီးတဲ႔ အခ်ိန္မွာ ကင္လို႔ေကာင္းတဲ့  မီး အေနထား ကိုရမွာ ပါ။   မီးေမြးၿပီးရင္ေတာ့ ငါးကို အေၾကးခြံ မခြာဘဲ ဗိုက္ေဖာက္၊ အူထုတ္၊ ပါးဟက္ထုတ္ၿပီး၊ စင္ၾကယ္ ေအာင္ေဆးကာ ေရစစ္ထားပါ။

  ငါး ေရစစ္သြားၿပီဆိုမွ စပါးလင္ ၂ ေခ်ာင္းကို အရွည္လိုက္ ထုၿပီး ငါးရဲ႕ ပါးစပ္ကေန ထည့္ပါ။ ဆက္လက္ၿပီး ေရွာက္ဘီလူးရြက္ ၁၀ ရြက္ကိုလည္း ဗိုက္ထဲကို အစာသြတ္သကဲ့သို႔ သြတ္ထားပါ။  ငါးကို ဆားအံုဖို႔ ဗန္းတခ်ပ္ထဲမွာ ဆားၾကမ္းနဲ႔ ဂ်ံဳမႈန္႔ စတီးဇြန္း ၂ ဇြန္း၊ ေရ စတီးဇြန္း ၂ ဇြန္းထည့္၊ သမေအာင္ အထက္ေအာက္ ေစးပ်စ္လာတဲ့အထိ နယ္ပါ။ ဆားနဲ႔ ဂ်ံဳမႈန္႔ သမၿပီး ေစးပ်စ္လာၿပီဆိုရင္၊ ငါးကို ဆားနဲ႔ ႏွံ႔ႏွံ႔စပ္စပ္ သုတ္လိမ္းမံထားရပါမယ္။  ဆားနဲ႔ ငါးကို အထပ္ထပ္ သုတ္လိမ္းၿပီးရင္ ေတာ့ ငါးကို ၁၀ မိနစ္ခန္႔ ေျခာက္ေသြ႕ေအာင္ထားပါ။  ၿပီးတဲ့ေနာက္မွာေတာ့ မီးေသြးမီးဖိုေပၚမွာ ဆန္ခါ နဲ႔တင္ၿပီး မီးအရွိန္ေပ်ာ့ေပ်ာ့နဲ႔ ငါးကို မိနစ္ ၂၀ ခန္႔ ကင္လိုက္ပါ။

တဖက္ကို မိနစ္ ၂၀ ခန္႔နဲ႔ စုစုေပါင္း မိနစ္ ၄၀ ခန္႔အၾကာ ကင္ရပါလိမ့္မယ္။ ကင္တဲ့ေနရာမွာ တခု သတိျပဳရမွာကေတာ့ ငါးအရြယ္အစားကို မူ တည္ၿပီး ကင္ရတဲ့အခ်ိန္ အနည္းငယ္ ကြာျခားမႈ ရွိတာပဲ ျဖစ္ပါတယ္။  ၂ ဖက္လံုး လွန္ကင္ၿပီးတဲ့အခါမွာေတာ့ ဆား ေငြ႕႐ိုက္ၿပီး အထဲက ငါးရဲ႕အသားဟာ “ပုစြန္အေကြး ငါးအေႏြး” ဆိုသလို က်က္သြားပါၿပီ။  ငါးရဲ႕အေၾကးခြံမွာ ကပ္ေနတဲ့ ဆားဟာ မီးနဲ႔ ေတြ႕အခါမွာ တျဖည္းျဖည္း အရည္ေပ်ာ္ၿပီး ငါး အသားထဲကို စိမ့္ဝင္သြားလို႔ ရရွိတဲ့ ဆားအရသာရယ္၊ ဆားကို မီးကင္ လိုက္လို႔ ထြက္လာတဲ့ ေမႊးတဲ့ အနံ႔ ရယ္ဟာ ထူးျခားတာေၾကာင့္ စားရသူ တိုင္းအဖို႔ စိတ္ေက်နပ္မႈ အျပည့္အဝ ရရွိသြားမွာ ျဖစ္ပါတယ္။  ကင္ၿပီးၿပီးျခင္း၊ ခ်က္ခ်င္းစားသံုးရင္ေတာ့ အရသာ ပိုမိုေကာင္းမြန္မွာျဖစ္ပါတယ္။  ျပင္ဆင္စားေသာက္တဲ့ အခါမွာ ဆားနဲ႔ဂ်ံဳမႈန္႔ ေတြကပ္ေနတဲ့ ငါးကင္ရဲ႕ အေပၚယံအေၾကးခြံကို ကတ္ေၾကးနဲ႔ျဖစ္ေစ၊ လက္နဲ႔ျဖစ္ေစ၊ တျဖည္းျဖည္း ခ်င္း ဖယ္ထုတ္လိုက္တယ္ဆိုရင္၊ အနံ႔အရသာေမႊးၿပီး  ႏူးညံေပ်ာ့ေပ်ာင္းတဲ့ ငါးကင္ကို ရမွာ မလြဲပါဘူး။  ငါးကင္နဲ႔တြဲဖက္ စားေသာက္ရမယ့္ အခ်ဥ္ အတြက္ င႐ုတ္သီးနဲ႔ ၾကက္သြန္ျဖဴကိုေရာၿပီး ေၾက ညက္ေအာင္ ႀကိတ္ထားတဲ့ အေရာထဲကို သံပရာ ရည္၊ ဆား၊ သၾကား၊ ငံျပာရည္နဲ႔ ေရတို႔ကို အားလံုး ေရာေမႊလိုက္ရင္ တြဲစားရမယ့္ အခ်ဥ္ရပါၿပီ။  ထိုင္းႏိုင္ငံ ေျမာက္ပိုင္းမွာေတာ့ ငါးဆားအံု မီးကင္ကို ညေနေစာင္းမွာ ေခါက္ညိဳလို႔ ေခၚတဲ့ ေကာက္ညႇင္း၊ ဒါမွမဟုတ္ ထမင္းတို႔နဲ႔ စားသံုးၾကပါ တယ္။ ဒါေၾကာင့္လည္း ထမင္းနဲ႔တြဲဖက္လို႔ ညေနစာအျဖစ္ စားသံုးႏိုင္ သလို ဘီယာယမကာ ႏွစ္သက္ သူေတြအတြက္လည္း အျမည္းအျဖစ္ အမ်ိဳးမ်ိဳး စား ေသာက္ႏိုင္တာေၾကာင့္ အရသာရွိတဲ့ ထိုင္းငါးဆားအံု မီးကင္ နည္းေလးကို မိမိကိုယ္တိုင္ ျပဳလုပ္ျမည္းစမ္း ၾကည့္ဖို႔ တင္ျပလိုက္ရပါတယ္။ 


ငါးေခါင္းေျမအိုးဟင္းအခ်ိဳ




ပါ၀င္ေသာပစၥည္းမ်ား

ငါးၾကင္းေခါင္း တစ္ေခါင္း(၃၀က်ပ္သားခန္႕)၊ ပဲျပား တစ္တံုး(ေလးေထာင့္တံုးေလးမ်ား တံုးထားပါ)၊ မုန္႕ညင္းျဖဴ ေျခာက္ က်ပ္သား(တစ္လက္မအရြယ္စီ လွီးထားပါ)၊ တရုတ္မႈိေျခာက္ ငါးပြင့္ (ေရေႏြးျဖင့္ စိမ္ထားပါ၊ အညွာဖယ္ပစ္ပါ)၊ ၀က္သား ကင္ ေျခာက္က်ပ္သား (ပါးပါးလွီးထားပါ)၊ မွ်စ္ႏုႏု သံုးက်ပ္သားခန္႕ (မထူမပါး လွီးထားပါ)၊ မုန္လာဥနီ သံုးက်ပ္သားခန္႕ (ပါးပါးလွီးထားပါ)၊ ၾကက္သြန္ျမိတ္ ႏွစ္ပင္ ( ခပ္ရွည္ရွည္ပိုင္းျဖတ္ထားပါ)၊ ပဲငါးပိအႏွစ္ ထမင္းစားဇြန္း တစ္ဇြန္း၊ ၾကက္ျပဳတ္ ရည္ သို႕မဟုတ္ ေရ ၁.၂ လီတာ၊ ခ်င္းပါးပါးလွီး ေလးျပား၊ ခရုဆီ ထမင္းစားဇြန္း တစ္ဇြန္း၊ ဟင္းခ်က္၀ိုင္ ထမင္းစားဇြန္း တစ္ဇြန္း ဆား လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း၊ သၾကား လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ပဲငံျပာရည္အက်ဲ လက္ဖက္ရည္ဇြန္း တစ္ဇြန္း + ထမင္းစားဇြန္း ႏွစ္ဇြန္း၊ ပဲငံျပာရည္အပ်စ္ လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း၊ ႏွမ္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ငရုတ္ေကာင္းမႈန္႕ႏွင့္ ေကာ္မႈန္႕ အနည္းငယ္။

ခ်က္ျပဳတ္နည္း

၁)ငါးေခါင္းကို အေၾကးခြံမ်ားဖယ္ျပီး ေရစင္ေအာင္ေဆးကာ ထက္ျခမ္းျခမ္းပါ။ ေရစစ္ျပီး ပဲငံျပာရည္အက်ဲ ထမင္းစားဇြန္း ႏွစ္ဇြန္းႏွင့္ ေကာ္မႈန္႕တို႕ျဖင့္နယ္ပါ။

၂) ေျမအိုးထဲတြင္ ဆီအနည္းငယ္ကို အပူေပးကာ ငါးေခါင္းႏွင့္ ပဲျပားမ်ားကို ညိဳေရာင္သန္းသည္အထိ ထည့္ေၾကာ္ပါ။ ျပီးလွ်င္ ဆယ္ယူထားျပီး အိုးထဲသို႕ ဆီသံုးဇြန္းထည့္ပါ။ ဆီပူလွ်င္ ခ်င္းႏွင့္ ပဲငါးပိထည့္ ဆီသတ္ပါ။

၃)ေမႊးပ်ံ႕လာလွ်င္ မုန္႕ညင္းျဖဴ၊ မုန္လာဥနီ၊ မႈိ၊မွ်စ္ႏွင့္ ၀က္သားကင္ထည့္ေၾကာ္ပါ။ ထို႕ေနာက္ အရသာမႈန္႕ခတ္၍ က်န္ပစၥည္းအားလံုးႏွင့္ ေရကိုထည့္ပါ။ ငါးေခါင္းႏွင့္ ပဲျပားေၾကာ္ကိုပါထည့္ျပီး မီးမွ်ဥ္းမွ်ဥ္းျဖင့္ မိနစ္ ၂၀ခန္႕ ဖံုးအုပ္ကာခ်က္ပါ။ ထို႕ေနာက္ ၾကက္သြန္ျမိတ္ျဖဴးျပီး သံုးေဆာင္ပါ။

(Ref: Heavenly Claypot Magic by Pang Nyuk Yoon)


ကိုကာကိုလာၾကက္ေတာင္ပံ




တရုတ္ျပည္မွ စားဖိုမွဴးတစ္ေယာက္ေျပာျပေသာ ဟင္းခ်က္နည္းေလးပါ။ ၾကက္ေၾကာ္ရဲ႕အေရာင္အဆင္းက နီညိဳေရာင္ သမ္းေနျပီး ပန္းကန္လွလွပပထဲထည့္ ကီ၀ီသီးကို အကြင္းလိုက္လွီးျပီးအေပၚကတင္ကာ အလွဆင္ထားႏိုင္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

အသားမ်ားေသာၾကက္ေတာင္ပံ (အရင္း+အဖ်ား) ၃၀ က်ပ္သား၊ ကိုကာကိုလာသံဘူး တစ္၀က္ (၁၇၀ မီလီလီတာခန္႕)၊ ခ်င္းပါးပါးလွီး ႏွစ္ျပား၊ ဟင္းခ်က္အရက္ ထမင္းစားဇြန္း တစ္ဇြန္း၊ ပဲငံျပာရည္အက်ဲ ထမင္းစားဇြန္း တစ္ဇြန္း၊ ဆား အနည္းငယ္၊ ဆီ ထမင္း စားဇြန္း ႏွစ္ဇြန္း။

ျပဳလုပ္နည္း

(၁) ၾကက္ေတာင္ပံမ်ားကို ေရစင္ေအာင္ေဆးျပီး အရင္းပိုင္းနဲ႕ အဖ်ားပိုင္းတို႕ကို သတ္သတ္စီျဖစ္ေအာင္ အဆစ္ေနရာမွ ခုတ္ပိုင္းထားပါ။ ခုတ္ျပီးရင္ ဆား၊ ဟင္းခ်က္အရက္၊ ပဲငံျပာရည္တို႕ျဖင့္ နယ္ကာ နာရီ၀က္ခန္႕ ႏွပ္ထားပါ။

(၂) ထို႕ေနာက္ အိုးတစ္လံုးကို အပူေပး၍ ၾကက္ေတာင္ပံမ်ားထည့္ကာ ေရျမဳပ္ရံု ေလာင္းထည့္ျပီးခ်က္ပါ။ ထိုေရအား လံုးခန္းသြားျပီဆိုရင္ ၾကက္ေတာင္ပံမ်ားဆယ္ယူ ထားပါ။

(၃) ဒယ္အိုးတစ္လံုးနဲ႕ ဆီကိုအပူေပး၍ ခ်င္းထည့္ကာဆီသတ္ပါ။ ခ်င္းနံ႕ေမႊးလာရင္ ၾကက္ေတာင္ပံျမဳပ္ရံုေလာင္းထည့္ပါ။ ကိုကာကိုလာ ရည္မ်ား ခန္းေျခာက္ခါနီးျပီဆိုရင္ ပန္းကန္ထဲဆယ္ထည့္ကာ သံုးေဆာင္ႏိုင္ပါျပီ။

Wednesday, November 25, 2020

မရှိမဖြစ်KPI (မင်းခေါင်)

 မရှိမဖြစ်KPI (မင်းခေါင်)




KPI ဆိုတာဘာလဲ

KPI တွေဟာ လုပ်ငန်းတွေကို သူတို့ရဲ့မဟာဗျူဟာမြောက်ရည်မှန်း ချက်၊ ပန်းတိုင်တွေအပေါ်မှာ ဘယ်လောက်ထိ ဆောင်ရွက်နိုင်ပြီလဲဆိုတာကို နားလည်ဖို့ကူညီပေးပါတယ်။ ဒီထက်ပိုပြီးအကျယ်တဝင့်ပြောရရင် KPI တွေဟာ လုပ်ငန်းတွေအနေနဲ့ သူတို့သွားရမည့်ရည်မှန်းချက်ပန်းတိုင်အပေါ်မှာ သွားနေပြီလား၊ ဘယ်နားရောက်နေပြီလဲလို့ သူတို့နဲ့သက်ဆိုင် သူတွေကို ပြောပြ ပေးတဲ့ အရေးကြီးသတင်းအချက်အလက်တွေပဲဖြစ်ပါ တယ်။ ဒါ့အပြင် KPIs တွေဟာ လုပ်ငန်းတွေကို ရှုပ်ထွေးလှတဲ့နားလည်ဖို့ ခက်လှတဲ့လုပ်ငန်းရဲ့အောင်မြင်စွာစွမ်းဆောင်နိုင်မှုတွေကို ပိုမိုနားလည်ဖို့လွယ်ကူတဲ့ Indicators  တွေအဖြစ် ပြောင်းလဲပေးပြီး ဆုံးဖြတ်ချက်ချမှတ် မှုပိုမိုလွယ်ကူစေမယ့်အပြင် လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါ လိမ့်မယ်။


ကြည့်လိုက်ရင် ရှုပ်သလိုထင်ရတဲ့ KPIs  ဟာ တကယ်တော့ ကျနော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ကိစ္စရပ်တချို့နဲ့ အလားသဏ္ဍာန်ဆင်ပါ တယ်။ ဥပမာကြည့်အောင် - ကျနော်တို့နေထိုင်မကောင်းလို့ဆရာဝန်သွားပြတယ်ဆိုပါစို့။ ဆရာဝန်က ကျနော်တို့က ဘာပြောမလဲ။ သေချာတာက ဘာဖြစ်တာလဲ လို့စမေးမယ်။ နောက်ပြီး သူဆက်လုပ်မှာက ပေါင်ချိန်မယ်၊ သွေးတိုင်း မယ်၊ အဖျားတိုင်းမယ်၊ နှလုံးခုန်နှုန်းတွေ တိုင်းမယ်မဟုတ်ပါ လား။ အဲဒီအချက်အလက်တွေဟာ ကျနော်တို့ ဘယ်လောက်ကျန်းမာ သလဲဆိုတာရဲ့ညွှန်းကိန်းတွေမဟုတ်ပါလား။ အလားတူပါပဲ။ KPIS တွေကိုကြည့်ပြီး ကျနော်တို့ရဲ့လုပ်ငန်းကို ကျနော်တို့အကဲဖြတ်လို့ ရနိုင်ပါတယ်။


          တကယ့်လက်တွေ့မှာတော့ ကျနော်တို့ဟာ KPI ကို သေချာနားမလည်ကြသလိုပဲ မလိုအပ်ဘဲ လျှောက်သုံးနေကြတာမျိုး ဖြစ်နေကြပါတယ်။ အများအားဖြင့် KPI တွေကို ငွေကြေးဆိုင်ရာကိန်းဂဏာန်းလောက်ပဲ ယူဆထားကြတာမျိုးလဲရှိလေရဲ့။ ဒါပေမဲ့ အဲလိုစဉ်းစားတာမှားပါတယ်။ KPI အတွက် သတင်းအချက်အလက်တွေဟာ လုပ်ငန်းအောင်မြင်ဖို့ အတွက် အကောင်းဆုံးအဖြေပေး နိုင်ဖို့နေရာပေါင်းစုံကရယူရတာဖြစ်ပါတယ်။  ရှုပ်ထွေးပြီး လက်ဆုပ်လက်ကိုင်ပြဖို့ခက်တဲ့ လုပ်ငန်းရဲ့အချက်အလက်တွေ ကို KPIs တွေသုံးပြီး ခြေရာခံတိုင်းတာလို့ရပါတယ်။ အထူးသဖြင့် လုပ်ငန်းအောင်မြင်ဖို့အရမ်းအရေးကြီးတဲ့အချက်အလက်တွေဟာ ဘယ် အခြေအနေကနေ ဘယ်အခြေအနေအထိ ရွေ့လျားနေသလဲ ကြည့်ပြီး စဉ်းစားဆုံးဖြတ်လို့ရတာပေါ့။ 


          မကောင်းတာတစ်ခုက တိုင်းတာလို့ရတဲ့အရာတစ်ခုနဲ့ တိုင်းတာသင့်တဲ့အရာတွေက အများအားဖြင့်ဆက်စပ်လို့မရတာပါ။ လိုတဲ့သတင်းအချက် အလက်ကဘာလဲရှာ၊ ပြီးတော့မှ Performance တိုင်းဖို့  Indicators ကို သေချာဒီဇိုင်းထုတ်မယ်ဆိုရင် အဲဒါဟာ KPI  ပဲဖြစ်ပါလိမ့်မယ်။ အဲဒီ KPI ကို ဖော်ထုတ်ပြီးအသုံးချရမယ့်အစား ကုမ္ပဏီတွေက ဘာလုပ်ကြသလဲဆိုတော့ရေခဲ  (ICE)


နည်းလမ်းကို သုံးကြပါတယ်။ အဲဒါက 


(၁) Identify everything that is easy to measure and count


 ဘယ်အရာတွေက တိုင်းတာလို့အလွယ်တကူရရှိနိုင်မလဲ သေချာရှာဖွေ ဖော်ထုတ်မယ်။


(၂) Collect and report the data on everything that is easy to measure and count


 -  ပြီးရင် အဲဒီအရာတွေနဲ့ပတ်သက်တဲ့ သ တင်းအချက်အလက်တွေကို စုဆောင်းပြီး အစီရင်ခံစာပြုစုမယ်။


(၃) End up scratching your head thinking, ‘What on earth does this all mean and what are we going to do with all this performance data?’  - ခေါင်းကုတ်ပြီးစဉ်းစားရပြီ (အဲဒီသတင်းအချက် အလက်တွေက ဘာကိုပြောပြနေတာလဲ။ အဲဒီအချက် အလက်တွေကို ကိုင် ပြီး ငါဘာဆက်လုပ်ရမလဲပေါ့)


          ကဲ။ မေးစရာရှိတာက မိတ်ဆွေတို့ကော။KPI ကို တကယ်စနစ်တကျ အသုံးချနေကြပြီလား။ ရေခဲတုံးကြီးပဲလုပ်နေကြ တာလား။


ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချမှတ်ဖို့အတွက် မရှိမဖြစ် KPI


          သေချာထိထိရောက်ရောက်သုံးနိုင်မယ်ဆိုရင် KPIs တွေဟာ ပိုကောင်းတဲ့၊ ပိုမှန်တဲ့ ဆုံးဖြတ်ချက်တွေကို စိုးရိမ်စိတ် အနည်းဆုံးနဲ့ချမှတ်နိုင်ဖို့လိုအပ်တဲ့အထောက်အထားတွေ၊ သတင်းအချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။ စီးပွားရေးမှာ လုပ်ငန်းအတွေ့အကြုံတွေ လိုတာမှန်တာပေါ့။နောက်ပြီး တစ်ခါတလေကျတော့ လိုအပ်တဲ့သတင်းအချက်အလက် တွေမရလိုက်ဘဲနဲ့ ဆုံးဖြတ်ချက်ချလိုက်ရတဲ့အချိန်တွေအများကြီး ကြုံကြရမှာပါ။ အဲဒီအချိန်မှာ အမှားအနည်းဆုံးနဲ့ သံသယရှင်းရှင်း၊ အပူအပင် ကင်းကင်းနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ကျတော့ KPIs တွေမရှိရင် ခက်သွားပြီ။


(၁)KPIs တွေကိုသုံးပြီး လုပ်ငန်းအတွက် အရေးကြီးတဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီး အဖြေရှာမယ်။ 


          စီးပွားရေးလုပ်ငန်းတွေအနေနဲ့ KPI ရှိမှသာ လုပ်ငန်းအတွက် အရေး ကြီးတဲ့မေးခွန်းတွေကို အဖြေရှာနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရဲ့မဟာဗျူ ဟာအလိုက် ကိုယ့်လုပ်ငန်းဟာ ရည်မှန်းချက်ပန်းတိုင်ကိုသွားမယ့်လမ်း ကြောင်းပေါ်မှာ ရှိနေရဲ့လားဆိုတာ သိရဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပြန်မေး ရမယ့်မေးခွန်းတွေ အများကြီးရှိပါတယ်။ အဲဒီမေးခွန်းတွေကို သိပြီဆိုတာနဲ့ အဲဒီမေးခွန်းရဲ့ အဖြေကိုရှာဖို့ လိုအပ်မယ့်သတင်းအချက်အလက်တွေရှာဖို့လွယ်သွားပြီပေါ့။ လိုအပ်တဲ့သတင်းအချက်အလက်တွေရပြီဆိုရင် လုပ်ငန်း နဲ့ကိုက်ညီတဲ့ KPI ကိုဖော်ထုတ်ပြီး လုပ်ငန်းရဲ့မဟာဗျူဟာထဲမှာထည့်သုံးလို့ရပြီပေါ့။


          KPI တွေကိုအသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို တိတိကျကျ တိုင်းတာနိုင်သလိုပဲ တစ်ဖန်


- ပြီးခဲ့တဲ့ကာလမှ ဘာရလဒ်တွေရခဲ့တယ်ဆိုတာအခြေခံပြီး အနာဂတ်မှာ တိုးတက်အောင် ဘာတွေဆက်လုပ်မယ်ပြင်ဆင်လို့ရသလို


- ကိုယ့်လုပ်ငန်းရဲ့ Stakeholder တွေကို ရှင်းပြတာ၊ လုပ်ငန်းရဲ့ Compliance ဘယ်လောက်ဖြစ်သလဲဆိုတာကို ဖော်ပြနိုင်တာစတဲh အကျိုးကျေးဇူးတွေရပါလိမ့်မယ်။ 


- လိုအပ်ချက်ပေါ်မှာ အာရုံစိုက်ပြီး အားထုတ်လုပ်ဆောင်စေနိုင်မှာဖြစ်တဲ့အပြင် Output ကိုလည်း ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။ 


(၂) KPIs ကိုသုံးပြီး စွမ်းဆောင်ရည်တိုးတက်အောင်လုပ်ကြမယ်


          တကယ်လို့သာ လုပ်ငန်းတွေမှာ လိုအပ်တဲ့သတင်းအချက်အလက်အပြည့်အစုံရှိမယ်ဆို ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ အဲဒီသတင်းအချက်အလက်တွေကတစ်ဆင့် ဘာတွေကအလုပ်ဖြစ်တယ်၊ ဘာတွေက အလုပ်မဖြစ်ဘူးဆိုတာ သင်ယူလို့ရနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်တက်လာစေမှာဖြစ်ပါတယ်။ ဒါအပြင် KPIs တွေ ဟာ တခြားအပြင် လောကမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေနိုင်မယ့်အ ပြင် လုပ်ငန်းကိုလမ်းကြောင်းမှန်ပေါ်ရှိနေသလားဆိုတာကို သေချာ သိရှိစေပါလိမ့်မယ်။


(၃) ကိုယ့်လုပ်ငန်းရဲ့ Stakeholder တွေကို ရှင်းပြခြင်း လုပ်ငန်းရဲ့ Compliance ဘယ်လောက်ဖြစ်သလဲဆိုတာကို ဖော်ပြနိုင်ခြင်း


          KPIs တွေအနေနဲ့ လုပ်ငန်းရဲ့ Stakeholder တွေကို လိုအပ်တဲ့သတင်းအချက်အလက်တွေပေးနိုင်စွမ်းသလိုပဲ လုပ်ငန်းဟာ ဘယ်လောက်ထိ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေသလဲဆိုတာကိုသိစေနိုင်ပါ တယ်။ အဲဒီရည်ရွယ်ချက်အတွက် တိုင်း တာမယ်ဆိုရင်တော့ Regulators တွေအတွက် လိုအပ်မယ့်အစီရင်ခံစာတွေ ညွှန်ကိန်းတွေ  (ဥပမာအားဖြင့်နှစ်စဉ်ဘဏ္ဍာရေး စာရင်းတွေ၊ အကောင့်တွေနဲ့ စွမ်းဆောင်ရည်အစီရင်ခံ စာတွေနဲ့သက်ဆိုင်တဲ့ အစီရင်ခံစာတွေ) ကို မဖြစ်မနေပြုစုရမှာဖြစ်ပါတယ်။ 


(၄) လိုအပ်ချက်ပေါ်မှာအာရုံစိုက်ပြီး အားထုတ်လုပ်ဆောင်စေနိုင်မှာဖြစ် ခြင်းနဲ့ Output ကိုလည်း ထိန်းချုပ်နိုင်စေနိုင်ခြင်း


          KPIs တွေကိုသုံးပြီး ဝန်ထမ်းတွေရဲ့ အလေ့အထကို အာရုံစိုက်နိုင်မှာ ဖြစ်သလို သူတို့ရဲ့ Output ကိုလည်း စောင့်ကြည့်ထိန်း ချုပ်နိုင်မှာဖြစ်ပါ တယ်။ နည်းနည်းတော့ လူသားမဆန်ဘူးလို့ ယူဆနိုင်သော်လည်း KPIs တွေနဲ့သာလျှင် ဝန်ထမ်းနဲ့လုပ်ငန်းအကြား အပြုသဘောဆောင်တဲ့ Dialogue တွေပြုလုပ်ဖို့ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။ 


          ဥပမာအားဖြင့် မန်နေဂျာတစ်ယောက်ဟာ လုပ်နည်းလုပ်ဟန်တစ်ခုနဲ့ ပတ်သက်ပြီး သိပ်ခေါင်းမာတယ်ပေါ့။ ဒါပေမဲ့ သူ့လုပ်ပုံလုပ်နည်းနဲ့ပတ်သက် ပြီး သူ့ဝန်ထမ်းတွေကလည်း နည်းနည်းမှသဘောမတူဘူးဆိုပါစို့။ အဲလိုအ ခြေအနေမျိုးမှာ KPIs ကသာလျှင် နှစ်ဘက်စလုံးအတွက် ဘယ်သူ့စဉ်းစား ချက်က မှန်ကန်သလဲ၊ ဘယ်သူ့ဆောင်ရွက်ချက်ကမှန်ကန်သလဲဆိုတာ ဘက် လိုက်မှုကင်းကင်းနဲ့ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ အလားတူပဲ။ 


ဝန်ထမ်းတစ်ယောက်က သူလုပ်ရမယ့်လုပ်ငန်းတာဝန်ကို သူမလုပ် ဘူးဆိုရင် KPIs တွေ က သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို ချက်နဲ့လက်နဲ့ပြောပြနိုင်စေပါလိမ့်မယ်။ ထင်မြင်ယူဆချက်သက် သက်ဆိုတာက အငြင်းပွားနိုင်စရာတွေ ဖြစ်နေတာကို။ KPIs နဲ့ကျတော့ ဘယ်သူမှငြင်းလို့မရတော့ဘူးပေါ့။¬¬


(ဆရာမင်းခေါင်)


(Zawgyi) 

မရွိမျဖစ္KPI (မင္းေခါင္)




KPI ဆိုတာဘာလဲ

KPI ေတြဟာ လုပ္ငန္းေတြကို သူတို့ရဲ့မဟာဗ်ဴဟာေျမာက္ရည္မွန္း ခ်က္၊ ပန္းတိုင္ေတြအေပၚမွာ ဘယ္ေလာက္ထိ ေဆာင္ရြက္နိုင္ၿပီလဲဆိုတာကို နားလည္ဖို့ကူညီေပးပါတယ္။ ဒီထက္ပိုၿပီးအက်ယ္တဝင့္ေျပာရရင္ KPI ေတြဟာ လုပ္ငန္းေတြအေနနဲ႔ သူတို့သြားရမည့္ရည္မွန္းခ်က္ပန္းတိုင္အေပၚမွာ သြားေနၿပီလား၊ ဘယ္နားေရာက္ေနၿပီလဲလို့ သူတို့နဲ႔သက္ဆိုင္ သူေတြကို ေျပာျပ ေပးတဲ့ အေရးႀကီးသတင္းအခ်က္အလက္ေတြပဲျဖစ္ပါ တယ္။ ဒါ့အျပင္ KPIs ေတြဟာ လုပ္ငန္းေတြကို ရွုပ္ေထြးလွတဲ့နားလည္ဖို့ ခက္လွတဲ့လုပ္ငန္းရဲ့ေအာင္ျမင္စြာစြမ္းေဆာင္နိုင္မွုေတြကို ပိုမိုနားလည္ဖို့လြယ္ကူတဲ့ Indicators  ေတြအျဖစ္ ေျပာင္းလဲေပးၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ မွုပိုမိုလြယ္ကူေစမယ့္အျပင္ လုပ္ငန္းစြမ္းေဆာင္ရည္ကိုပါ တိုးတက္ေစပါ လိမ့္မယ္။


ၾကည့္လိုက္ရင္ ရွုပ္သလိုထင္ရတဲ့ KPIs  ဟာ တကယ္ေတာ့ က်ေနာ္တို့ေန႔စဥ္ဘဝမွာ ၾကဳံေတြ႕ေနရတဲ့ကိစၥရပ္တခ်ိဳ့နဲ႔ အလားသ႑ာန္ဆင္ပါ တယ္။ ဥပမာၾကည့္ေအာင္ - က်ေနာ္တို့ေနထိုင္မေကာင္းလို့ဆရာဝန္သြားျပတယ္ဆိုပါစို့။ ဆရာဝန္က က်ေနာ္တို့က ဘာေျပာမလဲ။ ေသခ်ာတာက ဘာျဖစ္တာလဲ လို့စေမးမယ္။ ေနာက္ၿပီး သူဆက္လုပ္မွာက ေပါင္ခ်ိန္မယ္၊ ေသြးတိုင္း မယ္၊ အဖ်ားတိုင္းမယ္၊ ႏွလုံးခုန္ႏွုန္းေတြ တိုင္းမယ္မဟုတ္ပါ လား။ အဲဒီအခ်က္အလက္ေတြဟာ က်ေနာ္တို့ ဘယ္ေလာက္က်န္းမာ သလဲဆိုတာရဲ့ညႊန္းကိန္းေတြမဟုတ္ပါလား။ အလားတူပါပဲ။ KPIS ေတြကိုၾကည့္ၿပီး က်ေနာ္တို့ရဲ့လုပ္ငန္းကို က်ေနာ္တို့အကဲျဖတ္လို့ ရနိုင္ပါတယ္။


          တကယ့္လက္ေတြ႕မွာေတာ့ က်ေနာ္တို့ဟာ KPI ကို ေသခ်ာနားမလည္ၾကသလိုပဲ မလိုအပ္ဘဲ ေလၽွာက္သုံးေနၾကတာမ်ိဳး ျဖစ္ေနၾကပါတယ္။ အမ်ားအားျဖင့္ KPI ေတြကို ေငြေၾကးဆိုင္ရာကိန္းဂဏာန္းေလာက္ပဲ ယူဆထားၾကတာမ်ိဳးလဲရွိေလရဲ့။ ဒါေပမဲ့ အဲလိုစဥ္းစားတာမွားပါတယ္။ KPI အတြက္ သတင္းအခ်က္အလက္ေတြဟာ လုပ္ငန္းေအာင္ျမင္ဖို့ အတြက္ အေကာင္းဆုံးအေျဖေပး နိုင္ဖို့ေနရာေပါင္းစုံကရယူရတာျဖစ္ပါတယ္။  ရွုပ္ေထြးၿပီး လက္ဆုပ္လက္ကိုင္ျပဖို့ခက္တဲ့ လုပ္ငန္းရဲ့အခ်က္အလက္ေတြ ကို KPIs ေတြသုံးၿပီး ေျခရာခံတိုင္းတာလို့ရပါတယ္။ အထူးသျဖင့္ လုပ္ငန္းေအာင္ျမင္ဖို့အရမ္းအေရးႀကီးတဲ့အခ်က္အလက္ေတြဟာ ဘယ္ အေျခအေနကေန ဘယ္အေျခအေနအထိ ေရြ႕လ်ားေနသလဲ ၾကည့္ၿပီး စဥ္းစားဆုံးျဖတ္လို့ရတာေပါ့။ 


          မေကာင္းတာတစ္ခုက တိုင္းတာလို့ရတဲ့အရာတစ္ခုနဲ႔ တိုင္းတာသင့္တဲ့အရာေတြက အမ်ားအားျဖင့္ဆက္စပ္လို့မရတာပါ။ လိုတဲ့သတင္းအခ်က္ အလက္ကဘာလဲရွာ၊ ၿပီးေတာ့မွ Performance တိုင္းဖို့  Indicators ကို ေသခ်ာဒီဇိုင္းထုတ္မယ္ဆိုရင္ အဲဒါဟာ KPI  ပဲျဖစ္ပါလိမ့္မယ္။ အဲဒီ KPI ကို ေဖာ္ထုတ္ၿပီးအသုံးခ်ရမယ့္အစား ကုမၸဏီေတြက ဘာလုပ္ၾကသလဲဆိုေတာ့ေရခဲ  (ICE)


နည္းလမ္းကို သုံးၾကပါတယ္။ အဲဒါက 


(၁) Identify everything that is easy to measure and count


 ဘယ္အရာေတြက တိုင္းတာလို့အလြယ္တကူရရွိနိုင္မလဲ ေသခ်ာရွာေဖြ ေဖာ္ထုတ္မယ္။


(၂) Collect and report the data on everything that is easy to measure and count


 -  ၿပီးရင္ အဲဒီအရာေတြနဲ႔ပတ္သက္တဲ့ သ တင္းအခ်က္အလက္ေတြကို စုေဆာင္းၿပီး အစီရင္ခံစာျပဳစုမယ္။


(၃) End up scratching your head thinking, ‘What on earth does this all mean and what are we going to do with all this performance data?’  - ေခါင္းကုတ္ၿပီးစဥ္းစားရၿပီ (အဲဒီသတင္းအခ်က္ အလက္ေတြက ဘာကိုေျပာျပေနတာလဲ။ အဲဒီအခ်က္ အလက္ေတြကို ကိုင္ ၿပီး ငါဘာဆက္လုပ္ရမလဲေပါ့)


          ကဲ။ ေမးစရာရွိတာက မိတ္ေဆြတို့ေကာ။KPI ကို တကယ္စနစ္တက် အသုံးခ်ေနၾကၿပီလား။ ေရခဲတုံးႀကီးပဲလုပ္ေနၾက တာလား။


ဆုံးျဖတ္ခ်က္မွန္မွန္ကန္ကန္ခ်မွတ္ဖို့အတြက္ မရွိမျဖစ္ KPI


          ေသခ်ာထိထိေရာက္ေရာက္သုံးနိုင္မယ္ဆိုရင္ KPIs ေတြဟာ ပိုေကာင္းတဲ့၊ ပိုမွန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို စိုးရိမ္စိတ္ အနည္းဆုံးနဲ႔ခ်မွတ္နိုင္ဖို့လိုအပ္တဲ့အေထာက္အထားေတြ၊ သတင္းအခ်က္အလက္ေတြကို ေပးစြမ္းနိုင္ပါတယ္။ စီးပြားေရးမွာ လုပ္ငန္းအေတြ႕အၾကဳံေတြ လိုတာမွန္တာေပါ့။ေနာက္ၿပီး တစ္ခါတေလက်ေတာ့ လိုအပ္တဲ့သတင္းအခ်က္အလက္ ေတြမရလိုက္ဘဲနဲ႔ ဆုံးျဖတ္ခ်က္ခ်လိုက္ရတဲ့အခ်ိန္ေတြအမ်ားႀကီး ၾကဳံၾကရမွာပါ။ အဲဒီအခ်ိန္မွာ အမွားအနည္းဆုံးနဲ႔ သံသယရွင္းရွင္း၊ အပူအပင္ ကင္းကင္းနဲ႔ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ဖို့က်ေတာ့ KPIs ေတြမရွိရင္ ခက္သြားၿပီ။


(၁)KPIs ေတြကိုသုံးၿပီး လုပ္ငန္းအတြက္ အေရးႀကီးတဲ့ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး အေျဖရွာမယ္။ 


          စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ KPI ရွိမွသာ လုပ္ငန္းအတြက္ အေရး ႀကီးတဲ့ေမးခြန္းေတြကို အေျဖရွာနိုင္မွာျဖစ္ပါတယ္။ လုပ္ငန္းရဲ့မဟာဗ်ဴ ဟာအလိုက္ ကိုယ့္လုပ္ငန္းဟာ ရည္မွန္းခ်က္ပန္းတိုင္ကိုသြားမယ့္လမ္း ေၾကာင္းေပၚမွာ ရွိေနရဲ့လားဆိုတာ သိရဖို့အတြက္ ကိုယ့္ကိုယ္ကိုယ္ျပန္ေမး ရမယ့္ေမးခြန္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီေမးခြန္းေတြကို သိၿပီဆိုတာနဲ႔ အဲဒီေမးခြန္းရဲ့ အေျဖကိုရွာဖို့ လိုအပ္မယ့္သတင္းအခ်က္အလက္ေတြရွာဖို့လြယ္သြားၿပီေပါ့။ လိုအပ္တဲ့သတင္းအခ်က္အလက္ေတြရၿပီဆိုရင္ လုပ္ငန္း နဲ႔ကိုက္ညီတဲ့ KPI ကိုေဖာ္ထုတ္ၿပီး လုပ္ငန္းရဲ့မဟာဗ်ဴဟာထဲမွာထည့္သုံးလို့ရၿပီေပါ့။


          KPI ေတြကိုအသုံးခ်ၿပီး လုပ္ငန္းစြမ္းေဆာင္ရည္ကို တိတိက်က် တိုင္းတာနိုင္သလိုပဲ တစ္ဖန္


- ၿပီးခဲ့တဲ့ကာလမွ ဘာရလဒ္ေတြရခဲ့တယ္ဆိုတာအေျခခံၿပီး အနာဂတ္မွာ တိုးတက္ေအာင္ ဘာေတြဆက္လုပ္မယ္ျပင္ဆင္လို့ရသလို


- ကိုယ့္လုပ္ငန္းရဲ့ Stakeholder ေတြကို ရွင္းျပတာ၊ လုပ္ငန္းရဲ့ Compliance ဘယ္ေလာက္ျဖစ္သလဲဆိုတာကို ေဖာ္ျပနိုင္တာစတဲh အက်ိဳးေက်းဇူးေတြရပါလိမ့္မယ္။ 


- လိုအပ္ခ်က္ေပၚမွာ အာ႐ုံစိုက္ၿပီး အားထုတ္လုပ္ေဆာင္ေစနိုင္မွာျဖစ္တဲ့အျပင္ Output ကိုလည္း ထိန္းခ်ဳပ္နိုင္ေစမွာ ျဖစ္ပါတယ္။ 


(၂) KPIs ကိုသုံးၿပီး စြမ္းေဆာင္ရည္တိုးတက္ေအာင္လုပ္ၾကမယ္


          တကယ္လို့သာ လုပ္ငန္းေတြမွာ လိုအပ္တဲ့သတင္းအခ်က္အလက္အျပည့္အစုံရွိမယ္ဆို ပိုေကာင္းတဲ့ဆုံးျဖတ္ခ်က္ေတြခ်မွတ္နိုင္မယ္ဆိုတာ ျငင္းစရာမရွိပါဘူး။ အဲဒီသတင္းအခ်က္အလက္ေတြကတစ္ဆင့္ ဘာေတြကအလုပ္ျဖစ္တယ္၊ ဘာေတြက အလုပ္မျဖစ္ဘူးဆိုတာ သင္ယူလို့ရနိုင္မွာျဖစ္ၿပီး စြမ္းေဆာင္ရည္တက္လာေစမွာျဖစ္ပါတယ္။ ဒါအျပင္ KPIs ေတြ ဟာ တျခားအျပင္ ေလာကမွာ ဘာေတြျဖစ္ေနလဲဆိုတာကို သိေစနိုင္မယ့္အ ျပင္ လုပ္ငန္းကိုလမ္းေၾကာင္းမွန္ေပၚရွိေနသလားဆိုတာကို ေသခ်ာ သိရွိေစပါလိမ့္မယ္။


(၃) ကိုယ့္လုပ္ငန္းရဲ့ Stakeholder ေတြကို ရွင္းျပျခင္း လုပ္ငန္းရဲ့ Compliance ဘယ္ေလာက္ျဖစ္သလဲဆိုတာကို ေဖာ္ျပနိုင္ျခင္း


          KPIs ေတြအေနနဲ႔ လုပ္ငန္းရဲ့ Stakeholder ေတြကို လိုအပ္တဲ့သတင္းအခ်က္အလက္ေတြေပးနိုင္စြမ္းသလိုပဲ လုပ္ငန္းဟာ ဘယ္ေလာက္ထိ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ေဆာင္ေနသလဲဆိုတာကိုသိေစနိုင္ပါ တယ္။ အဲဒီရည္ရြယ္ခ်က္အတြက္ တိုင္း တာမယ္ဆိုရင္ေတာ့ Regulators ေတြအတြက္ လိုအပ္မယ့္အစီရင္ခံစာေတြ ညႊန္ကိန္းေတြ  (ဥပမာအားျဖင့္ႏွစ္စဥ္ဘ႑ာေရး စာရင္းေတြ၊ အေကာင့္ေတြနဲ႔ စြမ္းေဆာင္ရည္အစီရင္ခံ စာေတြနဲ႔သက္ဆိုင္တဲ့ အစီရင္ခံစာေတြ) ကို မျဖစ္မေနျပဳစုရမွာျဖစ္ပါတယ္။ 


(၄) လိုအပ္ခ်က္ေပၚမွာအာ႐ုံစိုက္ၿပီး အားထုတ္လုပ္ေဆာင္ေစနိုင္မွာျဖစ္ ျခင္းနဲ႔ Output ကိုလည္း ထိန္းခ်ဳပ္နိုင္ေစနိုင္ျခင္း


          KPIs ေတြကိုသုံးၿပီး ဝန္ထမ္းေတြရဲ့ အေလ့အထကို အာ႐ုံစိုက္နိုင္မွာ ျဖစ္သလို သူတို့ရဲ့ Output ကိုလည္း ေစာင့္ၾကည့္ထိန္း ခ်ဳပ္နိုင္မွာျဖစ္ပါ တယ္။ နည္းနည္းေတာ့ လူသားမဆန္ဘူးလို့ ယူဆနိုင္ေသာ္လည္း KPIs ေတြနဲ႔သာလၽွင္ ဝန္ထမ္းနဲ႔လုပ္ငန္းအၾကား အျပဳသေဘာေဆာင္တဲ့ Dialogue ေတြျပဳလုပ္ဖို့ပိုမိုအားေကာင္းေစမွာျဖစ္ပါတယ္။ 


          ဥပမာအားျဖင့္ မန္ေနဂ်ာတစ္ေယာက္ဟာ လုပ္နည္းလုပ္ဟန္တစ္ခုနဲ႔ ပတ္သက္ၿပီး သိပ္ေခါင္းမာတယ္ေပါ့။ ဒါေပမဲ့ သူ႔လုပ္ပုံလုပ္နည္းနဲ႔ပတ္သက္ ၿပီး သူ႔ဝန္ထမ္းေတြကလည္း နည္းနည္းမွသေဘာမတူဘူးဆိုပါစို့။ အဲလိုအ ေျခအေနမ်ိဳးမွာ KPIs ကသာလၽွင္ ႏွစ္ဘက္စလုံးအတြက္ ဘယ္သူ႔စဥ္းစား ခ်က္က မွန္ကန္သလဲ၊ ဘယ္သူ႔ေဆာင္ရြက္ခ်က္ကမွန္ကန္သလဲဆိုတာ ဘက္ လိုက္မွုကင္းကင္းနဲ႔ ဆုံးျဖတ္ေပးနိုင္ပါလိမ့္မယ္။ အလားတူပဲ။ 


ဝန္ထမ္းတစ္ေယာက္က သူလုပ္ရမယ့္လုပ္ငန္းတာဝန္ကို သူမလုပ္ ဘူးဆိုရင္ KPIs ေတြ က သူ႔ရဲ့အားသာခ်က္၊ အားနည္းခ်က္ေတြကို ခ်က္နဲ႔လက္နဲ႔ေျပာျပနိုင္ေစပါလိမ့္မယ္။ ထင္ျမင္ယူဆခ်က္သက္ သက္ဆိုတာက အျငင္းပြားနိုင္စရာေတြ ျဖစ္ေနတာကို။ KPIs နဲ႔က်ေတာ့ ဘယ္သူမွျငင္းလို့မရေတာ့ဘူးေပါ့။¬¬


(ဆရာမင္းေခါင္)

Tuesday, November 24, 2020

ဗုဒ္ဓဘာသာအယူ မှာ မိဘကျေးဇူးဟာ မြင့်မိုရ် မက ကြီ

“ဗုဒ္ဓဘာသာအယူ မှာ မိဘကျေးဇူးဟာ မြင့်မိုရ် မက ကြီးမြတ်ပါတယ်။ တဝက် မှန်ပါတယ် “




ဒါပေမဲ့ အမြဲ မမှန်ပါဘူး။

မိဘ ကလည်း မိဘ တာဝန် ကျေပွန် မှပါ။ အဲ့အတွက် ဘာသာတရားနဲ့ ညှိစွန်းလို့ အရွဲ့တိုက် ပြောဆိုခြင်း မဟုတ်ပါဘူး။ မိဘ နဲ့ သားသမီး ဆိုတာ ဘဝ ရေစက် ရှိလို့ ဆုံရတဲ့ သံသယ စက်ဝန်းထဲက ခရီးသည်တွေပါ။  ဗုဒ္ဓဘာသာ အယူမှာ လူတစ်ဦး ကွယ်လွန်ခြင်း နဲ့ မွေးဖွားခြင်း နိမိတ်ကြားမှာ မိဘကလဲ နောင် ဘဝ  မှာ ကိုယ်မွေးခဲ့တဲ့ ခန္ဓာ ကိုယ် ထဲက သားသမီးရဲ့ သားသမီး ပြန်ဖြစ်နိုင်တာပါပဲ။ တဘဝ နဲ့ တခန္ဓာကြားမှာ လူဖြစ်ခြင်းအတွက် “ ငါ့မိဘ”ဆိုတဲ့ မာန်တွေ ထားနေဖို့မလိုပါဘူး ... မဟုတ်လား နော့...

ပေးဆပ်တဲ့ ခန္ဓာ ကိုယ်ရဲ့ နာကျင်မှု နဲ့ တာဝန်ကျေပွန်ခြင်း ဝတ္တရားတွေ အားလုံး အတွက် မိဘကျေးဇူးဟာ ဆပ်မကုန်အောင် ကြီးမြတ်တယ် လို့ ဆိုလိုခြင်းဖြစ်ပါလိမ့်မယ်။ မွေးပေးလိုက်ရုံနဲ့ မိဘ တာဝန် မကျေပွန်သွားနိုင် ပါဘူး။ အမေ တစ်ယောက်ရဲ့ ကလေးမီးဖွားခြင်း နာကျင် မှု နဲ့ အဖေ တစ်ယောက်ရဲ့ ပခုံး ထမ်း တာဝန်တွေ ပြည့်လာခြင်း အရာ နှစ်ခုပေါင်းစပ်လို့ လူသားတစ်ယောက် မွေးဖွားလာတဲ့ အခါ မိဘတာဝန် ကို ပြည့်ပြည့်ဝဝ ယူနိုင်ဖို့ သာ ပိုခက်ခဲ တာပါ။ ကလေးတစ်ယောက်အတွက် Physical Support လို့ခေါ်တဲ့ ထမင်းကျွေး ကျောင်းထားပေးရုံအပြင် Mental Support အတွက် အတွေးအခေါ် ပိုင်းဆိုင်ရာ ဆုံးမ ပဲ့ပြင်မှုတွေ အပြင် သင်ကြားနားသွင်းမှုတွေကိုပါ သိပ်အစွန်း မရောက်နေဖို့ လိုပါတယ်။

အဆုံးမ မတော်ရင် ပရမ်းပတာ နဲ့ အောက်ခြေလွတ်နေတတ်သလို အဆုံးမ လွန်ပြန်ရင်လည်း ကိုယ့်သားသမီးဟာ သာမန်ထက် ချာ သွားတတ်ပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်း ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဆုံးမတာ နဲ့ နှိပ်စက်တာ ကို သည်းကွဲ ရဲ့လား?

ဆုံးမသလို နဲ့ နှိပ်စက်ခြင်း လို့ ဆိုတဲ့ အခါ Physically Abuse (ရုပ်ပိုင်းဆိုင်ရာ အရ)
Mentally Abuse (စိတ်ပိုင်းဆိုင်ရာ အရ)

အရှေ့တိုင်း နိုင်ငံနဲ့ အာရှမှာတော့ သားသမီးကို ပြောမရ ဆိုမရ ရင် ရိုက်နှက်တတ်ကြတာ သဘာဝပါပဲ။ မြန်မာပြည်မှာလည်း ထို့အတူ ဖြစ်သလို အဖေ သို့မဟုတ် အမေ ရိုက်တာ မခံဖူးတဲ့ သားသမီး ရှိမယ်တောင် မထင်ပါဘူး။ သားသမီးကို လိမ္မာစေချင်လို့ ၊ နားလည်စေချင်လို့ ဆိုတဲ့ စိတ်တခုနဲ့ ဆုံးမတဲ့ အခါ ကိုယ့်ရဲ့ အတ္တစိတ် မပါဖို့ အရမ်း အရေးကြီးပါတယ်။ အဲ့ဒါဟာ စိတ်ဖြေလက်ပျောက် သို့မဟုတ် ထွက်ပေါက်ရှာ ရိုက်နှက်ခြင်းပါပဲ။

အလုပ်တွေ ပင်ပန်းတဲ့အခါ
စိတ်ထဲမှာ ဖိအားတွေ အရမ်းများနေတဲ့အခါ

ကလေးက အမှား အသေး လေး လုပ်တာမြင်တာနဲ့ လက်ပါပြီး တန်းရိုက် တဲ့ မိဘတွေ ရှိကို ရှိပါတယ်။  ရိုးရိုးတန်းတန်း အပြစ်ပေးချင်လို့ ဆိုတာထက် စိတ်ထဲက ပါသလို အားရှိပါးရှိနဲ့ ခေါင်းအုံးရိုက်သလို တွယ် တာမျိုး ပါ။ လက် နဲ့ အားမရလို့ တံမြက်စည်းရိုး ၊ သစ်သား တုတ် ၊ နံရံ နဲ့ ဆောင့်တာတို့ လိုတာထက် ပိုလာရင် ၊ သွေးထွက်သံယိုတွေထိ ဖြစ်လာရင် ဒါက အိမ်တွင်း ကလေး သူငယ် နှိပ်စက်မှု (Child Abuse) ပါ ။ အမေ ဖြစ်နေလို့ ၊ အဖေ ဖြစ်နေလို့ ရိုက်သမျှ ၊ လုပ်သမျှ ခံနေရမယ် ဆိုတဲ့ ဥပဒေ မရှိပါဘူး။ ဒါပေမဲ့ အရိုးစွဲနေတဲ့ ဓလေ့ တော့ ရှိပါတယ်။ မြန်မာ Logic မှာ မိဘ ပြောသမျှ  ၊ လုပ်သမျှ အမှန်စကား ချည်း ပါပဲ ။ ဒါကြောင့်လဲ တချို့ မိဘတွေရဲ့ အတ္တအရိပ်ထဲက စိတ်ရော ကိုယ်ပါ အနှိပ်စက်ခံ လူတွေဟာ သားသမီး တွေ ဖြစ်လာတာပါ။  သူတို့ရဲ့ ဒေါသ တွေကို သားသမီး တွေ အပေါ် တနည်းနည်း နဲ့ ဖွင့်ချ လိုက်ရတဲ့ အခါ နေသာထိုင်သာရှိသွားတတ်ကြပါတယ်။

ပြောပြောဆိုဆိုနဲ့ သားသမီးကို အပြစ်တင်စကားတွေ တောက်လျှောက်ဆိုပြီး ကိုယ် ဘဝမှာ ပင်ပန်းသမျှ အားလုံး အတွက် မင်းက တရားခံလို့ သတ်မှတ် စကား ဆိုပါလိမ့်မယ်။ ကလေး ဆိုတာ ငို တာ ၊ စားတာ နဲ့ ဆော့တာ ဘာမှ မသိတဲ့ အရွယ်ပါ ။ ငိုလို့ ပိုရိုက်တယ်၊ ဆော့လို့ ပိုရိုက်တယ် ဆိုတဲ့ အကြောင်းပြချက်တွေ က အဓိပ္ပာယ်လုံးဝ ကို မရှိတာပါ ။ ငိုလို့ မချော့နိုင်ရင် ပစ်ထားလိုက်ပါ၊ ငိုတိုင်း မချော့တာ သိရင် အငိုရပ်ပြီး နောက် အကျင့်ရလာပါလိမ့်မယ်။ “ငါ ကျွေးတာ စား ၊ ငါ ပြောတာ နားထောင် ၊ ငါ ရိုက်သမျှခံ “ဆိုလို့ကတော့ ကိုယ်မွေးထားတာ နွားလား ၊ လူလား တွေးကြည့်ပါ။

“ Children are not joke “  ကလေးတွေဟာ ပျော်စေ ပြက်စေ ဆိုပြီး မွေးထုတ်လိုက်တာမဟုတ်ဘူး။ မိသားစုဘဝ လိုချင်ပါတယ် ၊ အမေအဖေ ဖြစ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ ဆိုပြီး အိမ်ထောင်ပြုခဲ့ကြတာပဲ မဟုတ်လား? နှစ်ဦးနှစ်ဖက် ပေါင်းသင်းခဲ့ကြတာပဲ မလား ?

မတော်မဆ ဆိုပြီး ကလေးက ဗိုက်ထဲ ဝင် ဥသွားတာမျိုး မဟုတ်ဘူး။ ကိုယ်တိုင် ကိုယ်ကျ ဒီလူသား ဖြစ်အောင်ကို လိင်မှုကိစ္စကို ပြုခဲ့လို့  ကလေး ဆိုတာ ဖြစ်တည်လာတာပဲ။ အဲ့ အတွက် အချိန်မတန်သေးဘူး ထင်ရင် ၊ တာဝန်မခံနိုင်သေးဘူး ထင်ရင် ကာကွယ်ခဲ့ပါ။ ဆေးပညာ လောက ဆရာဝန်တွေ နဲ့  သေချာတိုင်ပင်ပြီး ဖျက်ချခဲ့လိုက်ပါ။ မွေးပြီးမှ တော့ “ နင့်ကို မလိုချင်ပဲ ရတယ် ၊ နင့်ကြောင့် ငါပိုပင်ပန်းရတယ် “ လို့ များ ကိုယ့်သွေးသားကို ဘယ်တော့မှ အပြစ် မတင်ပါနဲ့။ ကလေး တစ်ယောက်အတွက် လူဖြစ်ရခြင်း အဓိပ္ပာယ်မဲ့ အများကြီး မဲ့သွားစေပါတယ်။ လူကြီးတွေလိုတော့ ကလေးတွေက မတွေးတတ်ပါဘူး၊ သူဘာလို့ လူ ဖြစ်လာသလဲ ဆိုတာကို ပေါ့ ။ အဲ့ အတွက် “ငါ ရှိနေလို့ ငါ မိဘ ပင်ပန်းရတယ်၊ ငါ့မိဘက ငါ့ကို မချစ်ဘူး “ လို့ ပဲ တွေးမှာပါ။ ကိုယ့်ကို မကြိုက်နှစ်သက်ဘူး လို့ ထင်ရတဲ့  ပတ်ဝန်းကျင်နဲ့ မိဘ အရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ မှာ အများကြီး ချို့တဲ့ သွားပါတယ်။  သိမ်ငယ်စိတ် ၊ အားငယ်စိတ်၊ ကိုယ့်ကိုကိုယ် အထင်မကြီးတဲ့ စိတ် ၊ မျှော်လင့်ချက် မဲ့နေတဲ့ စိတ် ၊ မူမမှန်တဲ့ စိတ်၊ တောင်စဉ်ရေမရ တွေးနေတတ်တဲ့ စိတ်၊ လူကြောက်တဲ့ စိတ် ၊ သွေးသားထက် သူစိမ်းကို ပိုမင်တဲ့ စိတ်၊ အပြင်လောက ကိုပိုခုံမင်တဲ့ စိတ်  ၊ အပေါင်းအသင်း မက်တဲ့ စိတ် နဲ့ အဆိုးဆုံးက အရာရာတိုင်းမှာ ပျော့ညံ့သွားတဲ့ စိတ် တို့လို မျိုး သားသမီး သို့မဟုတ် လူငယ် တစ်ဦးရဲ့ စိတ်ဟာ မိဘက ပေးခဲ့တဲ့ စိတ်ဒဏ်ရာ သို့မဟုတ် Mentally Abuse လုပ်ခံရခြင်း ရဲ့ Side Effect တွေပါ။

မိဘ ဖြစ်နေရခြင်း ရဲ့ အကြောင်းအရာဟာ ကိုယ်တိုင်ရွေးချယ်မှုပါပဲ။ မိဘ ကျေးဇူး ဘယ်လောက်ကြီးပါတယ် ပြောပြော ...၊ မိဘ တာဝန် ဟာ သားသမီးအတွက် စိတ်ရော ကိုယ်အတွက်ပါ ကျေနိုင်မှပဲ ကျေးဇူးကြီးနိုင်ပါလိမ့်မယ်။  ကိုယ့် သားသမီး ကံကြီးထိုက်ဖို့ အကုသိုလ် တွေ ချည်း အလုံးလိုက် အရင်းလိုက် နဲ့ စတင်ခဲ့ပြီး မှ တချိန်က ကြောင်ဟာ ကျား ဖြစ်လာရင် “ အသား နဲ့ ငါး “ ချော့ ပေးလို့ရတဲ့ အရွယ် ကျော်သွားပြီး ဖြစ်ပါလိမ့်မယ်။ စံပြ မိဘ ဖြစ်ခြင်း / မဖြစ်ခြင်းထက် ကိုယ့် ရွေးချယ်မှု အတွက် ကိုယ့် Generation မှာ တာဝန်ကျေပွန် ဖို့ပါပဲ။ ဘာသာတရားတိုင်း မှာတော့ လိမ်တဲ့သူဟာ လိမ်တာပဲ၊ ခိုးတဲ့သူက ခိုးတာပဲ ၊ ဆိုးတဲ့သူက ဆိုးတာပဲ .. မကောင်းတဲ့သူက မကောင်းတာပါပဲ။ မိဘ ဖြစ်လို့ သားသမီး ဖြစ်လို့ ဆိုတဲ့ အောက်က အမြဲမှန်ခြင်း ၊ ကောင်းခြင်း ဆိုတာ မရှိပါဘူး။ “သားသမီး မကောင်း ၊ မိဘ ခေါင်း “ဆိုကြပေမဲ့  ဒါဟာ လောကီလောက ထဲက “သောက်ပိုစကား”ပါ ။ ဗုဒ္ဓဘာသာအယူ မှာ တော့ Karma (ကံကြမ္မာ)  ဆိုတာ - “ကိုယ် မကောင်း ကိုယ်ခံ၊ ကိုယ် ကောင်း ကိုယ်ခံ” ပါပဲ ။ ဘယ်သူ မှအမြဲ မမှန်ပါဘူး ...။

#Adminpan
#childandparentrelationship
#childabuse
#Truthbutbitter

———————————————————

“ဗုဒၶဘာသာအယူ မွာ မိဘေက်းဇူးဟာ ျမင့္မိုရ္ မက ႀကီးျမတ္ပါတယ္။ တဝက္ မွန္ပါတယ္ “




ဒါေပမဲ့ အၿမဲ မမွန္ပါဘူး။

မိဘ ကလည္း မိဘ တာဝန္ ေက်ပြန္ မွာပါ။ အဲ့အတြက္ ဘာသာတရားနဲ႔ ညႇိစြန္းလို႔ အ႐ြဲ႕တိုက္ ေျပာဆိုျခင္း မဟုတ္ပါဘူး။ မိဘ နဲ႔ သားသမီး ဆိုတာ ဘဝ ေရစက္ ရွိလို႔ ဆုံရတဲ့ သံသယ စက္ဝန္းထဲက ခရီးသည္ေတြပါ။  ဗုဒၶဘာသာ အယူမွာ လူတစ္ဦး ကြယ္လြန္ျခင္း နဲ႔ ေမြးဖြားျခင္း နိမိတ္ၾကားမွာ မိဘကလဲ ေနာင္ ဘဝ  မွာ ကိုယ္ေမြးခဲ့တဲ့ ခႏၶာ ကိုယ္ ထဲက သားသမီးရဲ႕ သားသမီး ျပန္ျဖစ္ႏိုင္တာပါပဲ။ တဘဝ နဲ႔ တခႏၶာၾကားမွာ လူျဖစ္ျခင္းအတြက္ “ ငါ့မိဘ”ဆိုတဲ့ မာန္ေတြ ထားေနဖို႔မလိုပါဘူး ... မဟုတ္လား ေနာ့...

ေပးဆပ္တဲ့ ခႏၶာ ကိုယ္ရဲ႕ နာက်င္မႈ နဲ႔ တာဝန္ေက်ပြန္ျခင္း ဝတၱရားေတြ အားလုံး အတြက္ မိဘေက်းဇူးဟာ ဆပ္မကုန္ေအာင္ ႀကီးျမတ္တယ္ လို႔ ဆိုလိုျခင္းျဖစ္ပါလိမ့္မယ္။ ေမြးေပးလိုက္႐ုံနဲ႔ မိဘ တာဝန္ မေက်ပြန္သြားႏိုင္ ပါဘူး။ အေမ တစ္ေယာက္ရဲ႕ ကေလးမီးဖြားျခင္း နာက်င္ မႈ နဲ႔ အေဖ တစ္ေယာက္ရဲ႕ ပခုံး ထမ္း တာဝန္ေတြ ျပည့္လာျခင္း အရာ ႏွစ္ခုေပါင္းစပ္လို႔ လူသားတစ္ေယာက္ ေမြးဖြားလာတဲ့ အခါ မိဘတာဝန္ ကို ျပည့္ျပည့္ဝဝ ယူႏိုင္ဖို႔ သာ ပိုခက္ခဲ တာပါ။ ကေလးတစ္ေယာက္အတြက္ Physical Support လို႔ေခၚတဲ့ ထမင္းေကြၽး ေက်ာင္းထားေပး႐ုံအျပင္ Mental Support အတြက္ အေတြးအေခၚ ပိုင္းဆိုင္ရာ ဆုံးမ ပဲ့ျပင္မႈေတြ အျပင္ သင္ၾကားနားသြင္းမႈေတြကိုပါ သိပ္အစြန္း မေရာက္ေနဖို႔ လိုပါတယ္။

အဆုံးမ မေတာ္ရင္ ပရမ္းပတာ နဲ႔ ေအာက္ေျခလြတ္ေနတတ္သလို အဆုံးမ လြန္ျပန္ရင္လည္း ကိုယ့္သားသမီးဟာ သာမန္ထက္ ခ်ာ သြားတတ္ပါတယ္။ သားသမီးရွိတဲ့ မိဘတိုင္း ကိုယ့္ကိုကိုယ္ ျပန္ေမးၾကည့္ပါ။ ဆုံးမတာ နဲ႔ ႏွိပ္စက္တာ ကို သည္းကြဲ ရဲ႕လား?

ဆုံးမသလို နဲ႔ ႏွိပ္စက္ျခင္း လို႔ ဆိုတဲ့ အခါ Physically Abuse (႐ုပ္ပိုင္းဆိုင္ရာ အရ)
Mentally Abuse (စိတ္ပိုင္းဆိုင္ရာ အရ)

အေရွ႕တိုင္း ႏိုင္ငံနဲ႔ အာရွမွာေတာ့ သားသမီးကို ေျပာမရ ဆိုမရ ရင္ ႐ိုက္ႏွက္တတ္ၾကတာ သဘာဝပါပဲ။ ျမန္မာျပည္မွာလည္း ထို႔အတူ ျဖစ္သလို အေဖ သို႔မဟုတ္ အေမ ႐ိုက္တာ မခံဖူးတဲ့ သားသမီး ရွိမယ္ေတာင္ မထင္ပါဘူး။ သားသမီးကို လိမၼာေစခ်င္လို႔ ၊ နားလည္ေစခ်င္လို႔ ဆိုတဲ့ စိတ္တခုနဲ႔ ဆုံးမတဲ့ အခါ ကိုယ့္ရဲ႕ အတၱစိတ္ မပါဖို႔ အရမ္း အေရးႀကီးပါတယ္။ အဲ့ဒါဟာ စိတ္ေျဖလက္ေပ်ာက္ သို႔မဟုတ္ ထြက္ေပါက္ရွာ ႐ိုက္ႏွက္ျခင္းပါပဲ။

အလုပ္ေတြ ပင္ပန္းတဲ့အခါ
စိတ္ထဲမွာ ဖိအားေတြ အရမ္းေနတဲ့အခါ

ကေလးက အမွား အေသး ေလး လုပ္တာျမင္တာနဲ႔ လက္ပါၿပီး တန္း႐ိုက္ တဲ့ မိဘေတြ ရွိကို ရွိပါတယ္။  ႐ိုး႐ိုးတန္းတန္း အျပစ္ေပးခ်င္လို႔ ဆိုတာထက္ စိတ္ထဲက ပါသလို အားရွိပါးရွိနဲ႔ ေခါင္းအုံး႐ိုက္သလို တြယ္ တာမ်ိဳး ပါ။ လက္ နဲ႔ အားမရလို႔ တံျမက္စည္း႐ိုး ၊ သစ္သား တုတ္ ၊ နံရံ နဲ႔ ေဆာင့္တာတို႔ လိုတာထက္ ပိုလာရင္ ၊ ေသြးထြက္သံယိုေတြထိ ျဖစ္လာရင္ ဒါက အိမ္တြင္း ကေလး သူငယ္ ႏွိပ္စက္မႈ (Child Abuse) ပါ ။ အေမ ျဖစ္ေနလို႔ ၊ အေဖ ျဖစ္ေနလို႔ ႐ိုက္သမွ် ၊ လုပ္သမွ် ခံေနရမယ္ ဆိုတဲ့ ဥပေဒ မရွိပါဘူး။ ဒါေပမဲ့ အ႐ိုးစြဲေနတဲ့ ဓေလ့ ေတာ့ ရွိပါတယ္။ ျမန္မာ Logic မွာ မိဘ ေျပာသမွ်  ၊ လုပ္သမွ် အမွန္စကား ခ်ည္း ပါပဲ ။ ဒါေၾကာင့္လဲ တခ်ိဳ႕ မိဘေတြရဲ႕ အတၱအရိပ္ထဲက စိတ္ေရာ ကိုယ္ပါ အႏွိပ္စက္ခံ လူေတြဟာ သားသမီး ေတြ ျဖစ္လာတာပါ။  သူတို႔ရဲ႕ ေဒါသ ေတြကို သားသမီး ေတြ အေပၚ တနည္းနည္း နဲ႔ ဖြင့္ခ် လိုက္ရတဲ့ အခါ ေနသာထိုင္သာရွိသြားတတ္ၾကပါတယ္။

ေျပာေျပာဆိုဆိုနဲ႔ သားသမီးကို အျပစ္တင္စကားေတြ ေတာက္ေလွ်ာက္ဆိုၿပီး ကိုယ္ ဘဝမွာ ပင္ပန္းသမွ် အားလုံး အတြက္ မင္းက တရားခံလို႔ သတ္မွတ္ စကား ဆိုပါလိမ့္မယ္။ ကေလး ဆိုတာ ငို တာ ၊ စားတာ နဲ႔ ေဆာ့တာ ဘာမွ မသိတဲ့ အ႐ြယ္ပါ ။ ငိုလို႔ ပို႐ိုက္တယ္၊ ေဆာ့လို႔ ပို႐ိုက္တယ္ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြ က အဓိပၸာယ္လုံးဝ ကို မရွိတာပါ ။ ငိုလို႔ မေခ်ာ့ႏိုင္ရင္ ပစ္ထားလိုက္ပါ၊ ငိုတိုင္း မေခ်ာ့တာ သိရင္ အငိုရပ္ၿပီး ေနာက္ အက်င့္ရလာပါလိမ့္မယ္။ “ငါ ေကြၽးတာ စား ၊ ငါ ေျပာတာ နားေထာင္ ၊ ငါ ႐ိုက္သမွ်ခံ “ဆိုလို႔ကေတာ့ ကိုယ္ေမြးထားတာ ႏြားလား ၊ လူလား ေတြးၾကည့္ပါ။

“ Children are not joke “  ကေလးေတြဟာ ေပ်ာ္ေစ ျပက္ေစ ဆိုၿပီး ေမြးထုတ္လိုက္တာမဟုတ္ဘူး။ မိသားစုဘဝ လိုခ်င္ပါတယ္ ၊ အေမအေဖ ျဖစ္ဖို႔ အဆင့္သင့္ျဖစ္ပါၿပီ ဆိုၿပီး အိမ္ေထာင္ျပဳခဲ့ၾကတာပဲ မဟုတ္လား? ႏွစ္ဦးႏွစ္ဖက္ ေပါင္းသင္းခဲ့ၾကတာပဲ မလား ?

မေတာ္မဆ ဆိုၿပီး ကေလးက ဗိုက္ထဲ ဝင္ ဥသြားတာမ်ိဳး မဟုတ္ဘူး။ ကိုယ္တိုင္ ကိုယ္က် ဒီလူသား ျဖစ္ေအာင္ကို လိင္မႈကိစၥကို ျပဳခဲ့လို႔  ကေလး ဆိုတာ ျဖစ္တည္လာတာပဲ။ အဲ့ အတြက္ အခ်ိန္မတန္ေသးဘူး ထင္ရင္ ၊ တာဝန္မခံႏိုင္ေသးဘူး ထင္ရင္ ကာကြယ္ခဲ့ပါ။ ေဆးပညာ ေလာက ဆရာဝန္ေတြ နဲ႔  ေသခ်ာတိုင္ပင္ၿပီး ဖ်က္ခ်ခဲ့လိုက္ပါ။ ေမြးၿပီးမွ ေတာ့ “ နင့္ကို မလိုခ်င္ပဲ ရတယ္ ၊ နင့္ေၾကာင့္ ငါပိုပင္ပန္းရတယ္ “ လို႔ မ်ား ကိုယ့္ေသြးသားကို ဘယ္ေတာ့မွ အျပစ္ မတင္ပါနဲ႔။ ကေလး တစ္ေယာက္အတြက္ လူျဖစ္ရျခင္း အဓိပၸာယ္မဲ့ အမ်ားႀကီး မဲ့သြားေစပါတယ္။ လူႀကီးေတြလိုေတာ့ ကေလးေတြက မေတြးတတ္ပါဘူး၊ သူဘာလို႔ လူ ျဖစ္လာသလဲ ဆိုတာကို ေပါ့ ။ အဲ့ အတြက္ “ငါ ရွိေနလို႔ ငါ မိဘ ပင္ပန္းရတယ္၊ ငါ့မိဘက ငါ့ကို မခ်စ္ဘူး “ လို႔ ပဲ ေတြးမွာပါ။ ကိုယ့္ကို မႀကိဳက္ႏွစ္သက္ဘူး လို႔ ထင္ရတဲ့  ပတ္ဝန္းက်င္နဲ႔ မိဘ အရိပ္ေအာက္မွာ ႀကီးျပင္းလာရတဲ့ သားသမီးေတြဟာ စိတ္ပိုင္းဆိုင္ရာ မွာ အမ်ားႀကီး ခ်ိဳ႕တဲ့ သြားပါတယ္။  သိမ္ငယ္စိတ္ ၊ အားငယ္စိတ္၊ ကိုယ့္ကိုကိုယ္ အထင္မႀကီးတဲ့ စိတ္ ၊ ေမွ်ာ္လင့္ခ်က္ မဲ့ေနတဲ့ စိတ္ ၊ မူမမွန္တဲ့ စိတ္၊ ေတာင္စဥ္ေရမရ ေတြးေနတတ္တဲ့ စိတ္၊ လူေၾကာက္တဲ့ စိတ္ ၊ ေသြးသားထက္ သူစိမ္းကို ပိုမင္တဲ့ စိတ္၊ အျပင္ေလာက ကိုပိုခုံမင္တဲ့ စိတ္  ၊ အေပါင္းအသင္း မက္တဲ့ စိတ္ နဲ႔ အဆိုးဆုံးက အရာရာတိုင္းမွာ ေပ်ာ့ညံ့သြားတဲ့ စိတ္ တို႔လို မ်ိဳး သားသမီး သို႔မဟုတ္ လူငယ္ တစ္ဦးရဲ႕ စိတ္ဟာ မိဘက ေပးခဲ့တဲ့ စိတ္ဒဏ္ရာ သို႔မဟုတ္ Mentally Abuse လုပ္ခံရျခင္း ရဲ႕ Side Effect ေတြပါ။

မိဘ ျဖစ္ေနရျခင္း ရဲ႕ အေၾကာင္းအရာဟာ ကိုယ္တိုင္ေ႐ြးခ်ယ္မႈပါပဲ။ မိဘ ေက်းဇူး ဘယ္ေလာက္ႀကီးပါတယ္ ေျပာေျပာ ...၊ မိဘ တာဝန္ ဟာ သားသမီးအတြက္ စိတ္ေရာ ကိုယ္အတြက္ပါ ေက်ႏိုင္မွပဲ ေက်းဇူးႀကီးႏိုင္ပါလိမ့္မယ္။  ကိုယ့္ သားသမီး ကံႀကီးထိုက္ဖို႔ အကုသိုလ္ ေတြ ခ်ည္း အလုံးလိုက္ အရင္းလိုက္ နဲ႔ စတင္ခဲ့ၿပီး မွ တခ်ိန္က ေၾကာင္ဟာ က်ား ျဖစ္လာရင္ “ အသား နဲ႔ ငါး “ ေခ်ာ့ ေပးလို႔ရတဲ့ အ႐ြယ္ ေက်ာ္သြားၿပီး ျဖစ္ပါလိမ့္မယ္။ စံျပ မိဘ ျဖစ္ျခင္း / မျဖစ္ျခင္းထက္ ကိုယ့္ ေ႐ြးခ်ယ္မႈ အတြက္ ကိုယ့္ Generation မွာ တာဝန္ေက်ပြန္ ဖို႔ပါပဲ။ ဘာသာတရားတိုင္း မွာေတာ့ လိမ္တဲ့သူဟာ လိမ္တာပဲ၊ ခိုးတဲ့သူက ခိုးတာပဲ ၊ ဆိုးတဲ့သူက ဆိုးတာပဲ .. မေကာင္းတဲ့သူက မေကာင္းတာပါပဲ။ မိဘ ျဖစ္လို႔ သားသမီး ျဖစ္လို႔ ဆိုတဲ့ ေအာက္က အၿမဲမွန္ျခင္း ၊ ေကာင္းျခင္း ဆိုတာ မရွိပါဘူး။ “သားသမီး မေကာင္း ၊ မိဘ ေခါင္း “ဆိုၾကေပမဲ့  ဒါဟာ ေလာကီေလာက ထဲက “ေသာက္ပိုစကား”ပါ ။ ဗုဒၶဘာသာအယူ မွာ ေတာ့ Karma (ကံၾကမၼာ)  ဆိုတာ - “ကိုယ္ မေကာင္း ကိုယ္ခံ၊ ကိုယ္ ေကာင္း ကိုယ္ခံ” ပါပဲ ။ ဘယ္သူ မွအၿမဲ မမွန္ပါဘူး ...။

#Adminpan
#childandparentrelationship
#childabuse
#Truthbutbitter

Monday, November 23, 2020

The classification of cars (ကားအမျိုးအစား အခေါ်အဝေါ်နှင့် ဥပမာများ )

The classification of cars (ကားအမျိုးအစား အခေါ်အဝေါ်နှင့် ဥပမာများ )




ကျတော် UK magazine တခုမှာ ဟိုးအရင်က တွေ့လို့မှတ်ထားတာလေးပါ။ သူက Segment ခွဲတာတော့ မဟုတ်ပါဘူး အခေါ်အဝေါ်လေးတွေပါ။ 


1.City cars

မြို့ထဲသုံးဖို့ရည်ရွယ်ထားတဲ့ကားလေးတွေ ဖြစ်ပြီး Parking ထိုးလို့လွယ်မယ်၊ မောင်းရလွယ်မယ်၊ ဆီစားသက်သာမယ်၊ ဒီလိုအချက်လေးတွေနဲ့ ပြည့်စုံတဲ့ကားလေးတွေပါ။ Engine က 0.75 ကနေ 1 liter (750cc-1000cc) ထိရှိပါတယ်၊ JDM Kei ကားတွေပါထည့်စဉ်းစားရင်တော 660cc ရှိပါတယ်။ 

eg.Mercedes smart,Mitsubishi i,cherry QQ,fiat 500, Kia Picanto , Hyundai i10 etc 


2.super minis

City ကားလေးတွေထက်ကြီးပါတယ်၊ နည်းနည်းပို Style ကျတယ်၊ Engine ကတော့ 1300cc-1500cc လောက်လေးတွေပေါ့။ ဆီစားသက်သာသလို ကုန်ကျစရိတ်လဲ သက်သာတဲ့ကားလေးတွေပါပဲ။ 

Eg.mini cooper,Honda fit,Suzuki swift,Toyota vitz,Toyota vios(belta),Honda city , Kia Rio etc 

Hyundai Accent တို့ Suzuki Ciaz တို့လဲ ဒီအထဲပဲထည့်လို့ သင့်တော်မယ်ထက်ပါတယ်၊ Super Mini Saloon လေးတွေပေါ့။ Small Family Car စာရင်းထည့်ရအောင်လဲ မကြီးလို့ပါ။ 


3.Hybrids

အရင်ကတော့ Hybrid ဆိုတာ အောက်က စာရင်းထဲက ကားလေးတွေ အဓိက ရှိပေမယ့် ခုခေတ်ကတော့ Honda Civic က အစ Mercedes S class, Lexus LS, Toyota Century အဆုံး အကုန် Hybrid ဖြစ်တာကြောင့် ခုခေတ်မှာတော့ Category သပ်သပ်ခွဲ ဖို့ မလိုတော့ပါဘူး။ 

Eg.Chevrolet bolt,Nissan leaf,Toyota prius,Honda insight.


4.small family cars

Compact sedan လေးတွေပါမယ်၊ ပေါ့ပေါ့ပါးပါးမောင်းလို့လဲရမယ် ဆိုတဲ့ ကားမျိုးလေးတွေပါ ။ Engine 1500-2000cc ရှိပါတယ်။ 


Eg.Toyota corolla,Nissan Versa, Honda civic တို့ပါ။ 


5.family cars

သူတို့ကတော့ မိသားစုစီး Saloon ကားတွေ၊ နေရာကျယ်မယ်၊ နည်းပညာနဲ့ သက်တောင့် သက်သာ တွေပိုပါမယ်၊ စီး ရတာ ကောင်းပါတယ်၊ US မှာဆိုရင်တော့ သူ့ကို Mid size နဲ့ Large ပြန်ခွဲလို့ရပါတယ်။ Engine က 2000-2500 cc လို့ရေးထားပေးမယ့် US Toyota Camry/ Avalon တွေမှာ 3500cc ထိရှိပါတယ်။ 


Mid size Family sedan ဆိုရင်တော့ Toyota Mark II,Toyota verossa,Toyota mark X,Toyota Camry, Nissan Altima ,Honda accord, Kia Optima, Chevy Malibu, Ford Fusion , Hyundai Sonata, Mazda 6 တွေပါ။ 

Large Family sedan ကတော့ Toyota Avalon, Nissan Maxima, Kia K7( Cardenza) , Hyundai Azera, Dodge Charger, Chevy Impala, Ford Taurus တွေပါ။ 




6.compact executive sedens

Family ကားတွေထက်တော့ သေးတယ် ဒါပေမယ့် နည်းပညာတွေပိုပါတတ်သလို Engine power ကလဲ 1800cc ကနေ 5000 cc ထိတောင်ရှိတတ်ပါတယ်။


Eg.Mercedes C class,Audi A4,BMW 3series,Lexus IS တွေပါ။ 

(ဒီ Article ကိုဖတ်တုန်းက Mercedes CLA/A class sedan  လောက်သေးတဲ့ကားမျိုး ဇိမ်ခံကား Company  တွေ ကမထုတ်သေးလို့ သူတို့ကျတော့ Segment နဲ့ခွဲပြောမှ ပဲအဆင်ပြေမယ်ထင်ပါတယ်၊ Compact ထက်သေးတဲ့ ကားဆိုတော့ ခေါ်ချင်ရင် Very compact executive လို့ခေါ်ချင်လဲ ခေါ်ပါ။ )


7.Executive cars

ဒီကားတွေက Mid size family saloon တွေထက်ပိုကြီးလာတယ်၊ မောင်းရတာ၊ ထိုင်ရတာ၊ ဇိမ်ကျတာ၊ နေရာကျယ်တာ အကုန် သာလာပါတယ်၊ Crown/ Lexus ES ဆိုရင်တော့ နောက်ခန်း လက်တင်ပေါ်မှာ ခလုတ်တွေပါလာပါမယ်၊ German ကားတွေလဲ China/ India ဆို ပါတာတွေ ရှိတတ်ပါတယ်။ သုံးထားတဲ့ Material တွေလဲ ပိုကောင်းလာပါမယ်။ အရင်က တော့ 2800cc-5000cc ဆိုပေမယ့် ခုခေတ်မှာတော့ 2.0 တွေခေတ်မို့ Engine အရမ်းကြီးတာတွေက သိပ် Popular မဖြစ်တော့ပါဘူး။ ဈေးက $50000 ဝန်းကျင်က စပါတယ်။ 


Eg.Lexus ES,Lexus GS,Toyota crown royal,crown athlete,Infiniti M,nissan FUGA,Nissan Cedric(Gloria),Mercedes E class,BMW 5,Audi A6,jaguar XF.CADILLAC xts


8.Full size Luxury cars

ဒါတွေကတော့ ဈေးအကြီးဆုံး၊ အကောင်းဆုံး ၊ Size အကြီးဆုံး ကားတွေပါ ၊ နည်းပညာတွေ၊ Leather တွေ ၊ Feature တွေ အကုန် အစုံပါပြီး ဇိမ်အကျဆုံးကားအမျိုးအစားတွေပါ။ $80000 ဝန်းကျင် ကစပါတယ်။ Engine ကတော့ 3000-6200 cc လို့ရေးထားပေမယ့် ခုခေတ်က တော့ 2.0 တွေလဲရှိပါတယ်၊ ဥပမာ BMW 7 ပေါ့။ 


Eg.,Mercedes S class ,BMW 7,Audi A8,Lexus LS(celsior),Nissan CIMA etc


9.SUV & cross over


အရင်ခေတ်ကတော့ SUV က Brand တခုမှာ ၂-၃ မျိုးပဲရှိတာပါ၊ ခုခေတ်ကတော့ Brand တခုကိုတင် ၇ မျိုး -၈ မျိုးဆိုတော့ အရမ်းကျယ်ပြန့်တာကြောင့် သူ့အကြောင်း Post တခုရေးလို့ရပါတယ်။ 


Eg.Mercedes GLK,ML...range rover sport,evoque..BMW X3,X5,X6.Cadillac SRX,Lexus RX,GX.Infiniti ex,jx,fx...Chevrolet suburban,Chevy Tahoe, Land cruiser.


10.LUV


Luxury utility vehicle ပါ၊ ဒီ ဝေါဟာရက Lexus ကစထွင်ခဲ့တာပေမယ့် Full size SUV ကြီးတွေရည်ညွှန်းတဲ့အနေနဲ့ သုံးလို့ရပါတယ်။ 

Price 70000 to 200000$ ထိရှိပါတယ်။ 

Eg.Cadillac escalade,Mercedes GL,Lexus LX,Range rover luxury,Infiniti QX.

ခုခေတ်ဆို ပိုမြင့်တဲ့ Bentley Bentayga တို့ Rolls-Royce Cullinan တို့ Aston DBX တွေရော ပေါ်နေတော့ ပြောရတာ အရမ်းကျယ်ပြန့် လွန်းပါတယ်။ 


11.coûpe...

လူလေးယောက် စီး ၊ တံခါးနှစ်ပေါက်ကားပါ၊ အမိုးအမာနဲ့ ပါ။ ဒီထဲမှာ ကျတော် ပြောနေကျ Grand Tourer GT ကားတွေကို သပ်သပ်မခွဲဘဲ ထည့်လဲရတာပါပဲ၊ Coupe ဆိုတာ Class တခုဆိုတာထက် Body ပုံစံ ကို ဆိုလိုတာပါ။ 


Eg.VW beetle,VW golf,Mercedes CL,Rolls-Royce phantom coûpe , Maserati Granturismo, Bentley Continental GT , Rolls-Royce Wraith 


12.cabriolet


လေးယောက်စီး၊ တံခါးနှစ်ပေါက် အမိုးဖွင့် ၊ ဒါကလဲ Coupe တွေရဲ့ အမိုးဖွင့် Version ပါပဲ။ 


Rolls-Royce phantom.Bentley continental GTC,BMW 6,VW golf,beetle, Maserati GranCabrio , Bentley Continental GTC , Rolls-Royce Dawn 


13.Roadsters


နှစ်ယောက်သာစီးလို့ရတဲ့ အမိုးဖွင့်ကားလေးတွေပါ 


Eg.MercedesSLK,SL...BMW Z4...Mazda MX 5.


14.Touring/Estate (station wagon)


Family cars,executive cars တွေအားလုံးရဲ့ picnic van version ပေါ့လေ။ ကျတော်တို့တွေ Van လို့ခေါ်နေတဲ့ အုပ်စုပါ။ 

Eg. Mercedes e class touring,Audi A6 avant, Toyota Fielder etc


P.s..Toyota probox n Nissan AD vans တွေကျတော့ commercial station wagons လို့ ခေါ်ရပါမယ်။ especially the grade with no head rest on rear seats.


သူတို့ထဲမှာ Shooting Brake ဆိုတာရှိပါသေးတယ်၊ အဲဒါက Mercedes CLS လို 4 door coupe တွေရဲ့ Estate version ကိုခေါ်တာပါ။ 


15.MPV


အမြင်ဆုံး ပြောရရင် Suzuki Ertiga လိုပုံစံ 7 seater ကားတွေပါ။ 

Eg.Mercedes R class ,Toyota ipsum,Toyota innova,Toyota wish, Toyota Avanza, Mitsubishi Expander 


16.minivan..

ဆွဲတံခါးပါပြီးပိုကြီးတဲ့ MPV လို့လဲ ခေါ်လို့ရပါတယ်။ 


Eg.Mercedes Vito,Toyota Alphard,Nissan Elgrand,Toyota Sienna ,Nissan quest. Honda Odyssey, Kia Carnival 


17.Vans

Van ကားဆိုတာ ဒီလိုကားကြီးတွေကိုမှ ခေါ်တာပါ။ လူတွေအများကြီးသယ်မယ်၊ ပစ္စည်းတွေသယ်မယ်၊ Hi Ace လိုကားတွေပါ။ 


Eg.Chevrolet express,Toyota hiace,Ford E series...


18.super cars..

မြန်မြန်မောင်းဖို့ ထုတ်ထားတဲ့ကားတွေပါ၊ ရှင်းပြစရာ သိပ်မလိုဘူး ထင်ပါတယ်။ 

Eg.Lambo,Ferrari,pagani,bugatti,

koenigsegg,McLaren...


19.Driving performance cars

ရိုးရိုး Saloon ကားတွေရဲ့ Performance version ပါ။ 

Eg..Mitsubishi lancer evo,Lexus IS-F,BMW M,Mercedes AMG,Cadillac V series...


20. Ultra Luxury cars

Full size တွေ ရဲ့ အပေါ်မှာရှိပြီး သူတို့တွေရဲ့ Starting price က အနည်းဆုံး $150000 ကနေ $600000 လောက်ထိ သွားပါတယ်။ အများစုက Hand Made ပါ Mercedes Maybach တွေကလွဲလို့ပေါ့။ ဒါပေမယ့်ခုနောက်ဆုံး Mercedes Maybach မှာ Hand paint job နည်းနည်းပါလာပါပြီ၊ Engine ကလဲ အနည်းဆုံး အရင်က စံနှုန်းနဲ့ဆိုရင်တော့ 5000cc နဲ့အထက်တွေသာများတာပါ၊ ဒါပေမယ့် Mercedes Maybach က ဒီကားစာရင်းထဲပါနေပြီး သူက ခြောက်လုံးထိုးနဲ့ ပါရောင်းတော့ ပြောရတာ ကို့လို့ ကန့်လန့် ဖြစ်နေပါတယ်။ အဲတော့ Mercedes Maybach ကိုပဲ ဒီစာရင်းထဲက ထုတ်လိုက်ရင် ကောင်းမလား မသိပါဘူး။ သူ့ကို ဘောင်ဝင်အောင် အတင်းလိုက်ညှိပြောပေးနေရလို့ ပါ။ Engine တွေကတော့ V8,V12 တွေများပါတယ်၊ (Mercedes-Maybach ကလွဲ၍)


Rolls-Royce Phantom ,Rolls-Royce ghost, Toyota Century, Bentley Mulsanne, Bentley Flying Spur, Maybach 57,62,57s,62s (Real Maybach) , Mercedes Maybach S560 V8, S680 V12 တွေကတော့ ဘောင်ဝင်ပေမယ့် ခြောက်လုံးထိုးနဲ့ Mercedes Maybach ကိုတော့ ဒီစာရင်းထဲထည့်ဖို့ မသင့်တော်ဘူးထင်ပါတယ်။


(Zawgyi) 

The classification of cars (ကားအမ်ိဳးအစား အေခၚအေဝၚႏွင့္ ဥပမာမ်ား )




က်ေတာ္ UK magazine တခုမွာ ဟိုးအရင္က ေတြ႕လို႔မွတ္ထားတာေလးပါ။ သူက Segment ခြဲတာေတာ့ မဟုတ္ပါဘူး အေခၚအေဝၚေလးေတြပါ။ 


1.City cars

ၿမိဳ႕ထဲသံုးဖို႔ရည္ရြယ္ထားတဲ့ကားေလးေတြ ျဖစ္ၿပီး Parking ထိုးလို႔လြယ္မယ္၊ ေမာင္းရလြယ္မယ္၊ ဆီစားသက္သာမယ္၊ ဒီလိုအခ်က္ေလးေတြနဲ႔ ျပည့္စံုတဲ့ကားေလးေတြပါ။ Engine က 0.75 ကေန 1 liter (750cc-1000cc) ထိရွိပါတယ္၊ JDM Kei ကားေတြပါထည့္စဥ္းစားရင္ေတာ 660cc ရွိပါတယ္။ 

eg.Mercedes smart,Mitsubishi i,cherry QQ,fiat 500, Kia Picanto , Hyundai i10 etc 


2.super minis

City ကားေလးေတြထက္ႀကီးပါတယ္၊ နည္းနည္းပို Style က်တယ္၊ Engine ကေတာ့ 1300cc-1500cc ေလာက္ေလးေတြေပါ့။ ဆီစားသက္သာသလို ကုန္က်စရိတ္လဲ သက္သာတဲ့ကားေလးေတြပါပဲ။ 

Eg.mini cooper,Honda fit,Suzuki swift,Toyota vitz,Toyota vios(belta),Honda city , Kia Rio etc 

Hyundai Accent တို႔ Suzuki Ciaz တို႔လဲ ဒီအထဲပဲထည့္လို႔ သင့္ေတာ္မယ္ထက္ပါတယ္၊ Super Mini Saloon ေလးေတြေပါ့။ Small Family Car စာရင္းထည့္ရေအာင္လဲ မႀကီးလို႔ပါ။ 


3.Hybrids

အရင္ကေတာ့ Hybrid ဆိုတာ ေအာက္က စာရင္းထဲက ကားေလးေတြ အဓိက ရွိေပမယ့္ ခုေခတ္ကေတာ့ Honda Civic က အစ Mercedes S class, Lexus LS, Toyota Century အဆံုး အကုန္ Hybrid ျဖစ္တာေၾကာင့္ ခုေခတ္မွာေတာ့ Category သပ္သပ္ခြဲ ဖို႔ မလိုေတာ့ပါဘူး။ 

Eg.Chevrolet bolt,Nissan leaf,Toyota prius,Honda insight.


4.small family cars

Compact sedan ေလးေတြပါမယ္၊ ေပါ့ေပါ့ပါးပါးေမာင္းလို႔လဲရမယ္ ဆိုတဲ့ ကားမ်ိဳးေလးေတြပါ ။ Engine 1500-2000cc ရွိပါတယ္။ 


Eg.Toyota corolla,Nissan Versa, Honda civic တို႔ပါ။ 


5.family cars

သူတို႔ကေတာ့ မိသားစုစီး Saloon ကားေတြ၊ ေနရာက်ယ္မယ္၊ နည္းပညာနဲ႔ သက္ေတာင့္ သက္သာ ေတြပိုပါမယ္၊ စီး ရတာ ေကာင္းပါတယ္၊ US မွာဆိုရင္ေတာ့ သူ႔ကို Mid size နဲ႔ Large ျပန္ခြဲလို႔ရပါတယ္။ Engine က 2000-2500 cc လို႔ေရးထားေပးမယ့္ US Toyota Camry/ Avalon ေတြမွာ 3500cc ထိရွိပါတယ္။ 


Mid size Family sedan ဆိုရင္ေတာ့ Toyota Mark II,Toyota verossa,Toyota mark X,Toyota Camry, Nissan Altima ,Honda accord, Kia Optima, Chevy Malibu, Ford Fusion , Hyundai Sonata, Mazda 6 ေတြပါ။ 

Large Family sedan ကေတာ့ Toyota Avalon, Nissan Maxima, Kia K7( Cardenza) , Hyundai Azera, Dodge Charger, Chevy Impala, Ford Taurus ေတြပါ။ 


6.compact executive sedens

Family ကားေတြထက္ေတာ့ ေသးတယ္ ဒါေပမယ့္ နည္းပညာေတြပိုပါတတ္သလို Engine power ကလဲ 1800cc ကေန 5000 cc ထိေတာင္ရွိတတ္ပါတယ္။


Eg.Mercedes C class,Audi A4,BMW 3series,Lexus IS ေတြပါ။ 

(ဒီ Article ကိုဖတ္တုန္းက Mercedes CLA/A class sedan  ေလာက္ေသးတဲ့ကားမ်ိဳး ဇိမ္ခံကား Company  ေတြ ကမထုတ္ေသးလို႔ သူတို႔က်ေတာ့ Segment နဲ႔ခြဲေျပာမွ ပဲအဆင္ေျပမယ္ထင္ပါတယ္၊ Compact ထက္ေသးတဲ့ ကားဆိုေတာ့ ေခၚခ်င္ရင္ Very compact executive လို႔ေခၚခ်င္လဲ ေခၚပါ။ )


7.Executive cars

ဒီကားေတြက Mid size family saloon ေတြထက္ပိုႀကီးလာတယ္၊ ေမာင္းရတာ၊ ထိုင္ရတာ၊ ဇိမ္က်တာ၊ ေနရာက်ယ္တာ အကုန္ သာလာပါတယ္၊ Crown/ Lexus ES ဆိုရင္ေတာ့ ေနာက္ခန္း လက္တင္ေပၚမွာ ခလုတ္ေတြပါလာပါမယ္၊ German ကားေတြလဲ China/ India ဆို ပါတာေတြ ရွိတတ္ပါတယ္။ သံုးထားတဲ့ Material ေတြလဲ ပိုေကာင္းလာပါမယ္။ အရင္က ေတာ့ 2800cc-5000cc ဆိုေပမယ့္ ခုေခတ္မွာေတာ့ 2.0 ေတြေခတ္မို႔ Engine အရမ္းႀကီးတာေတြက သိပ္ Popular မျဖစ္ေတာ့ပါဘူး။ ေဈးက $50000 ဝန္းက်င္က စပါတယ္။ 


Eg.Lexus ES,Lexus GS,Toyota crown royal,crown athlete,Infiniti M,nissan FUGA,Nissan Cedric(Gloria),Mercedes E class,BMW 5,Audi A6,jaguar XF.CADILLAC xts


8.Full size Luxury cars

ဒါေတြကေတာ့ ေဈးအႀကီးဆံုး၊ အေကာင္းဆံုး ၊ Size အႀကီးဆံုး ကားေတြပါ ၊ နည္းပညာေတြ၊ Leather ေတြ ၊ Feature ေတြ အကုန္ အစံုပါၿပီး ဇိမ္အက်ဆံုးကားအမ်ိဳးအစားေတြပါ။ $80000 ဝန္းက်င္ ကစပါတယ္။ Engine ကေတာ့ 3000-6200 cc လို႔ေရးထားေပမယ့္ ခုေခတ္က ေတာ့ 2.0 ေတြလဲရွိပါတယ္၊ ဥပမာ BMW 7 ေပါ့။ 


Eg.,Mercedes S class ,BMW 7,Audi A8,Lexus LS(celsior),Nissan CIMA etc


9.SUV & cross over


အရင္ေခတ္ကေတာ့ SUV က Brand တခုမွာ ၂-၃ မ်ိဳးပဲရွိတာပါ၊ ခုေခတ္ကေတာ့ Brand တခုကိုတင္ ၇ မ်ိဳး -၈ မ်ိဳးဆိုေတာ့ အရမ္းက်ယ္ျပန္႔တာေၾကာင့္ သူ႔အေၾကာင္း Post တခုေရးလို႔ရပါတယ္။ 


Eg.Mercedes GLK,ML...range rover sport,evoque..BMW X3,X5,X6.Cadillac SRX,Lexus RX,GX.Infiniti ex,jx,fx...Chevrolet suburban,Chevy Tahoe, Land cruiser.


10.LUV


Luxury utility vehicle ပါ၊ ဒီ ေဝါဟာရက Lexus ကစထြင္ခဲ့တာေပမယ့္ Full size SUV ႀကီးေတြရည္ၫႊန္းတဲ့အေနနဲ႔ သံုးလို႔ရပါတယ္။ 

Price 70000 to 200000$ ထိရွိပါတယ္။ 

Eg.Cadillac escalade,Mercedes GL,Lexus LX,Range rover luxury,Infiniti QX.

ခုေခတ္ဆို ပိုျမင့္တဲ့ Bentley Bentayga တို႔ Rolls-Royce Cullinan တို႔ Aston DBX ေတြေရာ ေပၚေနေတာ့ ေျပာရတာ အရမ္းက်ယ္ျပန္႔ လြန္းပါတယ္။ 


11.coûpe...

လူေလးေယာက္ စီး ၊ တံခါးႏွစ္ေပါက္ကားပါ၊ အမိုးအမာနဲ႔ ပါ။ ဒီထဲမွာ က်ေတာ္ ေျပာေနက် Grand Tourer GT ကားေတြကို သပ္သပ္မခြဲဘဲ ထည့္လဲရတာပါပဲ၊ Coupe ဆိုတာ Class တခုဆိုတာထက္ Body ပံုစံ ကို ဆိုလိုတာပါ။ 


Eg.VW beetle,VW golf,Mercedes CL,Rolls-Royce phantom coûpe , Maserati Granturismo, Bentley Continental GT , Rolls-Royce Wraith 


12.cabriolet


ေလးေယာက္စီး၊ တံခါးႏွစ္ေပါက္ အမိုးဖြင့္ ၊ ဒါကလဲ Coupe ေတြရဲ႕ အမိုးဖြင့္ Version ပါပဲ။ 


Rolls-Royce phantom.Bentley continental GTC,BMW 6,VW golf,beetle, Maserati GranCabrio , Bentley Continental GTC , Rolls-Royce Dawn 


13.Roadsters


ႏွစ္ေယာက္သာစီးလို႔ရတဲ့ အမိုးဖြင့္ကားေလးေတြပါ 


Eg.MercedesSLK,SL...BMW Z4...Mazda MX 5.


14.Touring/Estate (station wagon)


Family cars,executive cars ေတြအားလံုးရဲ႕ picnic van version ေပါ့ေလ။ က်ေတာ္တို႔ေတြ Van လို႔ေခၚေနတဲ့ အုပ္စုပါ။ 

Eg. Mercedes e class touring,Audi A6 avant, Toyota Fielder etc


P.s..Toyota probox n Nissan AD vans ေတြက်ေတာ့ commercial station wagons လို႔ ေခၚရပါမယ္။ especially the grade with no head rest on rear seats.


သူတို႔ထဲမွာ Shooting Brake ဆိုတာရွိပါေသးတယ္၊ အဲဒါက Mercedes CLS လို 4 door coupe ေတြရဲ႕ Estate version ကိုေခၚတာပါ။ 


15.MPV


အျမင္ဆံုး ေျပာရရင္ Suzuki Ertiga လိုပံုစံ 7 seater ကားေတြပါ။ 

Eg.Mercedes R class ,Toyota ipsum,Toyota innova,Toyota wish, Toyota Avanza, Mitsubishi Expander 


16.minivan..

ဆြဲတံခါးပါၿပီးပိုႀကီးတဲ့ MPV လို႔လဲ ေခၚလို႔ရပါတယ္။ 


Eg.Mercedes Vito,Toyota Alphard,Nissan Elgrand,Toyota Sienna ,Nissan quest. Honda Odyssey, Kia Carnival 


17.Vans

Van ကားဆိုတာ ဒီလိုကားႀကီးေတြကိုမွ ေခၚတာပါ။ လူေတြအမ်ားႀကီးသယ္မယ္၊ ပစၥည္းေတြသယ္မယ္၊ Hi Ace လိုကားေတြပါ။ 


Eg.Chevrolet express,Toyota hiace,Ford E series...


18.super cars..

ျမန္ျမန္ေမာင္းဖို႔ ထုတ္ထားတဲ့ကားေတြပါ၊ ရွင္းျပစရာ သိပ္မလိုဘူး ထင္ပါတယ္။ 

Eg.Lambo,Ferrari,pagani,bugatti,

koenigsegg,McLaren...


19.Driving performance cars

႐ိုး႐ိုး Saloon ကားေတြရဲ႕ Performance version ပါ။ 

Eg..Mitsubishi lancer evo,Lexus IS-F,BMW M,Mercedes AMG,Cadillac V series...


20. Ultra Luxury cars

Full size ေတြ ရဲ႕ အေပၚမွာရွိၿပီး သူတို႔ေတြရဲ႕ Starting price က အနည္းဆံုး $150000 ကေန $600000 ေလာက္ထိ သြားပါတယ္။ အမ်ားစုက Hand Made ပါ Mercedes Maybach ေတြကလြဲလို႔ေပါ့။ ဒါေပမယ့္ခုေနာက္ဆံုး Mercedes Maybach မွာ Hand paint job နည္းနည္းပါလာပါၿပီ၊ Engine ကလဲ အနည္းဆံုး အရင္က စံႏႈန္းနဲ႔ဆိုရင္ေတာ့ 5000cc နဲ႔အထက္ေတြသာမ်ားတာပါ၊ ဒါေပမယ့္ Mercedes Maybach က ဒီကားစာရင္းထဲပါေနၿပီး သူက ေျခာက္လံုးထိုးနဲ႔ ပါေရာင္းေတာ့ ေျပာရတာ ကို႔လို႔ ကန္႔လန္႔ ျဖစ္ေနပါတယ္။ အဲေတာ့ Mercedes Maybach ကိုပဲ ဒီစာရင္းထဲက ထုတ္လိုက္ရင္ ေကာင္းမလား မသိပါဘူး။ သူ႔ကို ေဘာင္ဝင္ေအာင္ အတင္းလိုက္ညႇိေျပာေပးေနရလို႔ ပါ။ Engine ေတြကေတာ့ V8,V12 ေတြမ်ားပါတယ္၊ (Mercedes-Maybach ကလြဲ၍)


Rolls-Royce Phantom ,Rolls-Royce ghost, Toyota Century, Bentley Mulsanne, Bentley Flying Spur, Maybach 57,62,57s,62s (Real Maybach) , Mercedes Maybach S560 V8, S680 V12 ေတြကေတာ့ ေဘာင္ဝင္ေပမယ့္ ေျခာက္လံုးထိုးနဲ႔ Mercedes Maybach ကိုေတာ့ ဒီစာရင္းထဲထည့္ဖို႔ မသင့္ေတာ္ဘူးထင္ပါတယ္။


မူလရေးသားမျှဝေသူ - ကားများအကြောင်း page

Sunday, November 22, 2020

လမ်းခွဲကြစို့

#လမ်းခွဲကြစို့ 




တစ်ခါတစ်ရံမှာ ကိုယ်ကိုင်ဆုပ်ထားတဲ့လက်တစ်စုံဟာ လက်တွဲဖို့မသင့်မှန်း သိလိုက်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ 


ဒီအသိဟာစောစောဝင်တတ်သလို နောက်ကျမှလည်းဝင်တတ်လေ့ရှိပါတယ်။ ရက်သတ္တပတ်ကြာမှ သိရလေ့ရှိသလို နှစ်ကာလကြာညောင်းတော့မှလည်း သိရလေ့ရှိပါတယ်။ ဘယ်လိုပဲ သိသိ ဒီအသိဟာ အသိနှောင်းဖြစ်သွားပါပြီ။ ဘာ ကြောင့်လည်းဆိုတော့ ကိုယ်ထင်မြင်ယူဆခဲ့တဲ့အချစ်ဟာ ကိုယ်တကယ်လိုချင်လိုအပ်တဲ့ အချစ်မဟုတ်မှန်း နောက်ကျမှ သိခဲ့ရလို့ပါပဲ။ 


လွန်နောင်တနဲ့အတူ လက်လွန်သွားတဲ့ အချစ်တွေကို ပြန်နှုတ်ရင်း တွဲထားတဲ့လက်တစ်စုံကို ပြန်ဖြုတ် တော့မယ်လို့ စိတ်ကူးဝင်လာပြီဆိုရင်တော့.......။ 


#လမ်းခွဲစကားပြောနည်း 


(၁) ကျွန်တော်၊ကျွန်မတို့ကြားမှာ စကားပြောဖို့ လိုနေပြီ။ 


(၂) ဒါမင်းအမှားမဟုတ်ပါဘူး။ ငါ့အမှားပါ။ 


(၃) ငါမင်းကို လိမ်ခဲ့မိတယ်။ 


(၄) အားလုံးအဆင်ပြေသွားမှာပါလို့ ငါပြောခဲ့တဲ့စကားကိုမင်းမှတ်မိသေးလား။ 


(၅) မင်း၊ရှင်ဟာ ငါ့၊ကျွန်မအတွက်တော့ ညီမ၊အစ်မ၊အစ်ကို၊မောင် တစ်ယောက်လိုပါပဲ။ 


(၆) ကျွန်မတို့၊ ငါတို့အနေနဲ့ သူငယ်ချင်းဖြစ်ရတာ ပိုကောင်းလိမ့်မယ်လို့ ယူဆတယ်။ 


(၇) ကျွန်မ၊ ငါ မင်းကိုဆက်မချစ်နိုင်တော့ဘူး။ 


(၈) ဘာလို့ အပြင်မှာပဲ အချိန်ဖြုန်းနေရတာလည်းဆိုတာ သိလား စတဲ့စကားများပဲဖြစ်တယ်။ 


လမ်းခွဲစကားပြောဖို့ စဉ်းစားပြီးသွားပြီဆိုရင်တော့ ဘယ်လိုလမ်းခွဲကြမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်......။ 


#လမ်းခွဲနည်း 


#အချိန်မဆွဲပါနဲ့။ 


အချိန်မဆွဲပါနဲ့။ ကိုယ့်သိစိတ်ကရော၊မသိစိတ်ကပါ လက်တွဲဖြုတ်ချင်နေပြီဆိုရင် တစ်ဖက်သူကိုဆက်ပြီး မျှော်လင့်ချက် တွေ၊ အကြင်နာအတုအယောင်တွေပေးမနေပါနဲ့တော့။ တစ်ဖက်သူပိုပြီး ခံစားရစေပါတယ်။ အချိန်ပိုကြာလေလေ ပိုခံစား ရလေလေပဲဖြစ်ပါတယ်။ ဒါကြောင့် လက်တွဲဖြုတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် တစ်ဖက်သားကြာကြာမခံစားရအောင် မြန်မြန်ရင်ဆိုင်လိုက်ပါ။ 


#ဖွင့်ပြောပါ ကိုယ်ဘာကြောင့်လက်တွဲဖြုတ်ချင်သလဲဆိုတာကို ဖွင့်ပြောလိုက်ပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့တဲ့စကားတွေ ပြောမနေပါနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြစ်ဖို့တဲ့စကားတွေပြောနေရင် ပြဿနာကပိုကြီးလာပါ လိမ့်မယ်။ ရန်ပွဲ အသွင်သို့ ဆောင်လာပါလိမ့်မယ်။ ဖွင့်ပြောတဲ့အခါမှာလည်း လူချင်းတွေ့ပြီး ဖွင့်ပြောတာဟာ အကောင်းဆုံးပါပဲ။ 


လူချင်း တွေ့ဖို့ရင်မဆိုင်ရဲ့ဘူးဆိုရင်လည်း ဖုန်းနဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်းပို့ပြီး အကျိုးအကြောင်းပြော နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောတာဟာ ပြတ်စဲတဲ့အခါမှာ ကတောက်ကဆတ်ဖြစ်စေနိုင်ပါတယ်။ တစ်ဖက်ကို တန်ဖိုး မထား၊ မလေးစားရာကျပါတယ်။ 


#အမှန်အတိုင်းပြောပါ။ ကိုယ်နဲ့သူဘာကြောင့်ပြတ်စဲချင်ရတာလည်းဆိုတာကို အမှန်အတိုင်းပြောရပါမယ်။ လိမ်လည်ပြီးပြောဆို တာဟာပိုပြီးဆိုး သွားစေပါတယ်။


#ပြန်မဆက်ပါနှင့် 


ကိုယ့်ကို မချစ်တော့တဲ့သူ တစ်ယောက်နဲ့ပြတ်စဲပြီးသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ဘက်ကချက်ခြင်းပြန်လည်ဆက်သွယ်မှု မပြုလုပ်ပါနှင့်။ 


တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဘယ်လူမှ အလွယ်တကူမပြောင်းလဲနိုင်ပါဘူး ကိုယ့်အနေနဲ့ သူ့ ဘက်က စိတ်လည်ပြီး ကိုယ့်ကိုပြန်ချစ်လာဦးမယ်လို့ ထင်နေပေမယ့် အမှန်က မပြောင်းလဲဘူး။ 


အချစ်ဟာ အပြုံးလေးတစ်ပွင့်နဲ့အတူ ဖူးပွင့်လာတယ်။နောက်တော့ အနမ်းလေးနဲ့ကြီးပြင်းလာတယ်။ နောက်ဆုံးမှာတော့ မျက်ရည်လေးနဲ့ အဆုံးသတ်သွားရတယ်။ အဲဒီ့မျက်ရည်စနဲ့အဆုံးသတ်မှုကို မကျေနပ်ဘဲ ကိုယ့်ဘက်က အဆိုးသဘောဆန်ဆန်တုံ့ပြန်ဖို့ စိတ်ကူးဝင်လာပြီဆိုရင်တော့....။ 


#လမ်းခွဲပြီးနောက် ရှောင်ကြဉ်ရမည့် အရာများ 


(၁) လက်စားချေခြင်း။ 


(၂) ရိုင်းစိုင်းစွာတုံ့ပြန်မိခြင်း။ 


(၃) ဒေါသလွန်စွာထွက်မိခြင်း။ 


(၄) လူတိုင်းကို လက်ပါလိုခြင်း။ 


(၅) မစဉ်းစားဘဲ ပြုလုပ်လိုခြင်း။ 


(၆) ဒေါသတကြီးရန်မူလိုခြင်း စတဲ့အပြုအမူများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ 


ဘယ်သူမဆို တစ်သက်အမြဲ လက်တစ်စုံကိုမြဲမြဲမြံမြံဆုပ်ကိုင်ထားချင်ကြတာပါပဲ။ ဒါပေမဲ့ အမှန်တကယ့်ကို လက်တွဲထား ဖို့မဖြစ်နိုင်တော့ဘူး မဆုပ်ကိုင်ချင်တော့လောက်အောင်ဖြစ်ကြရင် အဆင်ပြေပြေလေးပဲ နားလည်မှုနဲ့ လမ်းခွဲကြတာ ကိုဖြစ်စေချင်ပါတယ်။ အမုန်းမပါဘဲ ဆိုပါတော့.....။


#ဇာနည် 


Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009


(Zawgyi) 

#လမ္းခြဲၾကစို႔




တစ္ခါတစ္ရံမွာ ကိုယ္ကိုင္ဆုပ္ထားတဲ့လက္တစ္စံုဟာ လက္တြဲဖို႔မသင့္မွန္း သိလိုက္ရတဲ့အခါမ်ိဳးေတြ ရွိတတ္ပါတယ္။

ဒီအသိဟာေစာေစာ၀င္တတ္သလို ေနာက္က်မွလည္း၀င္တတ္ေလ့ရွိပါတယ္။ ရက္သတၲပတ္ၾကာမွ သိရေလ့ရွိသလို ႏွစ္ကာလၾကာေညာင္းေတာ့မွလည္း သိရေလ့ရွိပါတယ္။ ဘယ္လိုပဲ သိသိ ဒီအသိဟာ အသိေႏွာင္းျဖစ္သြားပါျပီ။ ဘာ ေၾကာင့္လည္းဆိုေတာ့ ကိုယ္ထင္ျမင္ယူဆခဲ့တဲ့အခ်စ္ဟာ ကိုယ္တကယ္လိုခ်င္လိုအပ္တဲ့ အခ်စ္မဟုတ္မွန္း ေနာက္က်မွ သိခဲ့ရလို႔ပါပဲ။

လြန္ေနာင္တနဲ႕အတူ လက္လြန္သြားတဲ့ အခ်စ္ေတြကို ျပန္ႏႈတ္ရင္း တြဲထားတဲ့လက္တစ္စံုကို ျပန္ျဖဳတ္ ေတာ့မယ္လို႔ စိတ္ကူး၀င္လာျပီဆိုရင္ေတာ့.......။

#လမ္းခြဲစကားေျပာနည္း

(၁) ကြၽန္ေတာ္၊ကြၽန္မတို႔ၾကားမွာ စကားေျပာဖို႔ လိုေနျပီ။

(၂) ဒါမင္းအမွားမဟုတ္ပါဘူး။ ငါ့အမွားပါ။

(၃) ငါမင္းကို လိမ္ခဲ့မိတယ္။

(၄) အားလံုးအဆင္ေျပသြားမွာပါလို႔ ငါေျပာခဲ့တဲ့စကားကိုမင္းမွတ္မိေသးလား။

(၅) မင္း၊ရွင္ဟာ ငါ့၊ကြၽန္မအတြက္ေတာ့ ညီမ၊အစ္မ၊အစ္ကို၊ေမာင္ တစ္ေယာက္လိုပါပဲ။

(၆) ကြၽန္မတို႔၊ ငါတို႔အေနနဲ႕ သူငယ္ခ်င္းျဖစ္ရတာ ပိုေကာင္းလိမ့္မယ္လို႔ ယူဆတယ္။

(၇) ကြၽန္မ၊ ငါ မင္းကိုဆက္မခ်စ္ႏိုင္ေတာ့ဘူး။

(၈) ဘာလို႔ အျပင္မွာပဲ အခ်ိန္ျဖဳန္းေနရတာလည္းဆိုတာ သိလား စတဲ့စကားမ်ားပဲျဖစ္တယ္။

လမ္းခြဲစကားေျပာဖို႔ စဥ္းစားျပီးသြားျပီဆိုရင္ေတာ့ ဘယ္လိုလမ္းခြဲၾကမလဲဆိုတာ ဆက္ၾကည့္လိုက္ၾကရေအာင္......။

#လမ္းခြဲနည္း

#အခ်ိန္မဆြဲပါနဲ႕။

အခ်ိန္မဆြဲပါနဲ႕။ ကိုယ့္သိစိတ္ကေရာ၊မသိစိတ္ကပါ လက္တြဲျဖဳတ္ခ်င္ေနျပီဆိုရင္ တစ္ဖက္သူကိုဆက္ျပီး ေမွ်ာ္လင့္ခ်က္ ေတြ၊ အၾကင္နာအတုအေယာင္ေတြေပးမေနပါနဲ႕ေတာ့။ တစ္ဖက္သူပိုျပီး ခံစားရေစပါတယ္။ အခ်ိန္ပိုၾကာေလေလ ပိုခံစား ရေလေလပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လက္တြဲျဖဳတ္မယ္လို႔ ဆံုးျဖတ္လိုက္ျပီဆိုရင္ တစ္ဖက္သားၾကာၾကာမခံစားရေအာင္ ျမန္ျမန္ရင္ဆိုင္လိုက္ပါ။

#ဖြင့္ေျပာပါ ကိုယ္ဘာေၾကာင့္လက္တြဲျဖဳတ္ခ်င္သလဲဆိုတာကို ဖြင့္ေျပာလိုက္ပါ။ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ဖို႔တဲ့စကားေတြ ေျပာမေနပါနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္အျပစ္ဖို႔တဲ့စကားေတြေျပာေနရင္ ျပႆနာကပိုၾကီးလာပါ လိမ့္မယ္။ ရန္ပြဲ အသြင္သို႔ ေဆာင္လာပါလိမ့္မယ္။ ဖြင့္ေျပာတဲ့အခါမွာလည္း လူခ်င္းေတြ႕ျပီး ဖြင့္ေျပာတာဟာ အေကာင္းဆံုးပါပဲ။

လူခ်င္း ေတြ႕ဖို႔ရင္မဆိုင္ရဲ႕ဘူးဆိုရင္လည္း ဖုန္းနဲ႕ေသာ္လည္းေကာင္း၊ စာနဲ႕ေသာ္လည္းေကာင္းပို႔ျပီး အက်ိဳးအေၾကာင္းေျပာ ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလိုေျပာတာဟာ ျပတ္စဲတဲ့အခါမွာ ကေတာက္ကဆတ္ျဖစ္ေစနိုင္ပါတယ္။ တစ္ဖက္ကို တန္ဖိုး မထား၊ မေလးစားရာက်ပါတယ္။

#အမွန္အတိုင္းေျပာပါ။ ကိုယ္နဲ႕သူဘာေၾကာင့္ျပတ္စဲခ်င္ရတာလည္းဆိုတာကို အမွန္အတိုင္းေျပာရပါမယ္။ လိမ္လည္ျပီးေျပာဆို တာဟာပိုျပီးဆိုး သြားေစပါတယ္။

#ျပန္မဆက္ပါႏွင့္

ကိုယ့္ကို မခ်စ္ေတာ့တဲ့သူ တစ္ေယာက္နဲ႕ျပတ္စဲျပီးသြားတဲ့ေနာက္ပိုင္းမွာ ကိုယ့္ဘက္ကခ်က္ျခင္းျပန္လည္ဆက္သြယ္မႈ မျပဳလုပ္ပါႏွင့္။

တိုေတာင္းတဲ့အခ်ိန္ကာလအတြင္းမွာ ဘယ္လူမွ အလြယ္တကူမေျပာင္းလဲႏိုင္ပါဘူး ကိုယ့္အေနနဲ႕ သူ႕ ဘက္က စိတ္လည္ျပီး ကိုယ့္ကိုျပန္ခ်စ္လာဦးမယ္လို႔ ထင္ေနေပမယ့္ အမွန္က မေျပာင္းလဲဘူး။

အခ်စ္ဟာ အျပံဳးေလးတစ္ပြင့္နဲ႕အတူ ဖူးပြင့္လာတယ္။ေနာက္ေတာ့ အနမ္းေလးနဲ႕ၾကီးျပင္းလာတယ္။ ေနာက္ဆံုးမွာေတာ့ မ်က္ရည္ေလးနဲ႕ အဆံုးသတ္သြားရတယ္။ အဲဒီ့မ်က္ရည္စနဲ႕အဆံုးသတ္မႈကို မေက်နပ္ဘဲ ကိုယ့္ဘက္က အဆိုးသေဘာဆန္ဆန္တံု႔ျပန္ဖို႔ စိတ္ကူး၀င္လာျပီဆိုရင္ေတာ့....။

#လမ္းခြဲျပီးေနာက္ ေရွာင္ၾကဥ္ရမည့္ အရာမ်ား

(၁) လက္စားေခ်ျခင္း။

(၂) ရိုင္းစိုင္းစြာတံု႔ျပန္မိျခင္း။

(၃) ေဒါသလြန္စြာထြက္မိျခင္း။

(၄) လူတိုင္းကို လက္ပါလိုျခင္း။

(၅) မစဥ္းစားဘဲ ျပဳလုပ္လိုျခင္း။

(၆) ေဒါသတၾကီးရန္မူလိုျခင္း စတဲ့အျပဳအမူမ်ားကို ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။

ဘယ္သူမဆို တစ္သက္အျမဲ လက္တစ္စံုကိုျမဲျမဲျမံျမံဆုပ္ကိုင္ထားခ်င္ၾကတာပါပဲ။ ဒါေပမဲ့ အမွန္တကယ့္ကို လက္တြဲထား ဖို႔မျဖစ္ႏိုင္ေတာ့ဘူး မဆုပ္ကိုင္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္ၾကရင္ အဆင္ေျပေျပေလးပဲ နားလည္မႈနဲ႕ လမ္းခြဲၾကတာ ကိုျဖစ္ေစခ်င္ပါတယ္။ အမုန္းမပါဘဲ ဆိုပါေတာ့.....။

#ဇာနည္

Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009


Friday, November 20, 2020

ဆိတ်သား(ကီးမား) – ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ် - ပင်လယ်ငါးထမင်းကြော်

ဆိတ်သား(ကီးမား) – ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ် - ပင်လယ်ငါးထမင်းကြော်


ဆိတ်သားကီးမားဟင်း

ကီးမားပလာတာထဲမှာပါတတ်တဲ့ ဆိတ်သားဟင်းကို သပ်သပ်ချက်စားချင်သူများအတွက် ချက်နည်းလေးပါ။



ပါဝင်ပစ္စည်းများ

ဆိတ်သား ၅၀ကျပ်သား၊ ကြက်သွန်နီဥကြီး ၃ဥ၊ ကြက်သွန်ဖြူ ၁ဥ၊ ငရုတ်သီးခြောက် ၅တောင့်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဖာလာအမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ လေးညှင်းအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ချင်း လက်တစ်ဆစ်။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ဆိတ်သားကို နုပ်နုပ်စဉ်း (သို့မဟုတ်) အသားကြိတ်စက်ဖြင့် ကြိတ်ပါ။ ဆားသင့်ရုံထည့်။ အထက်ပါ အမွှေးအကြိုင်များထည့်မွှေပါ။

ငရုတ်သီး၊ ကြက်သွန်ဖြူ/နီထောင်းပြီး ဆီသတ်၍ ဆိတ်သားရောချက်ပါ။ ဆီပြန်မှချစားပါ။


ဝက်အူနု/ဝက်အူမကြီးစွပ်ပြုတ်


 

ပါဝင်သောပစ္စည်းများ

ဝက်အူနု (သို့မဟုတ်) အူမကြီး ၅၀ကျပ်သား၊ ကြက်သွန်ဖြူ/နီ ၂ဥစီ၊ ပဲငံပြာရည်/ချင်း သင့်ရုံ။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ဝက်အူနုနှင့် ဝက်အူမကြီးများကို ရေဆေးသန့်စင်ပြီး အတုံးလှလှတုံးကာ ပဲငံပြာရည်နှင့်နယ်ပါ။ သကြား ၁ကျပ်သားကို နီရဲလာအောင် လှော်ပြီး ဝက်အူမကြီးတို့ကိုထည့်လုံးပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းထုထောင်းထည့်ပြီးကျက်သည်အထိပြုတ်ပါ။ အချိုမှုန့်ခတ်ပါ။ ငရုတ်ကောင်းဖြူး၍ သုံးဆောင်ပါ။


ပင်လယ်ငါးထမင်းကြော်


 

ပါဝင်ပစ္စည်းများ

ပင်လယ်ငါးတစ်မျိုးမျိုး ၂၀ကျပ်သား၊ ဘဲဥ ၂လုံး၊ ကြက်သွန်နီဥကြီး ၅ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ တရုတ်နံနံပင် သင့်ရုံ၊ တရုတ်ကြက်သွန်မြိတ် သင့်ရုံ၊ ငရုတ်ကောင်းမှုန့်/ဆား သင့်ရုံ၊ ငံပြာရည်အပျစ်/အကျဲ သင့်ရုံ၊ ဆီ ၇ကျပ်ခွဲသား။


ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်

ငါးမုတ်၊ ငါးခုံး၊ ငါးရွှေစသော နှစ်သက်ရာ ပင်လယ်ငါးတစ်မျိုးမျိုးကို ပါးပါးလှီးပြီး ဆားနယ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးပါ။ ချင်းကိုထောင်း၍ ငါးများဖြင့်နယ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်၍ အခွံနွှာထားပါ။ ဆန်နှစ်လုံးခန့်ချက်ထားပါ။

အိုးတွင် ဆီထည့်၍ ကြက်သွန်ဖြူ/နီကိုဆီသတ်ပါ။ နံနံပင်၊ကြက်သွန်မြိတ်ထည့်ပါ။ ကြက်သွန်နွမ်းလျှင် ငါးများထည့်ပါ။

ငါးများနီလာလျှင် ချက်ထားသော ထမင်းများထည့်၍ ဆား၊ပဲငံပြာရည်များ သင့်ရုံထည့်ပါ။ ငရုတ်ကောင်းမှုန့်၊ ဟင်းချိုမှုန့် သင့်ရုံထည့်ပါ။

ဘဲဥနှစ်လုံးကို ခေါက်၍ကြော်ပြီးလျှင် ထမင်းကြော်တွင် အပေါ်မှ ဖုံး၍ပြင်ပါ။


(Zawgyi) 


ဆိတ္သား(ကီးမား) – ၀က္အူႏု/၀က္အူမၾကီးစြပ္ျပဳတ္ - ပင္လယ္ငါးထမင္းေၾကာ္

ဆိတ္သားကီးမားဟင္း



ကီးမားပလာတာထဲမွာပါတတ္တဲ့ ဆိတ္သားဟင္းကို သပ္သပ္ခ်က္စားခ်င္သူမ်ားအတြက္ ခ်က္နည္းေလးပါ။

ပါ၀င္ပစၥည္းမ်ား

ဆိတ္သား ၅၀က်ပ္သား၊ ၾကက္သြန္နီဥၾကီး ၃ဥ၊ ၾကက္သြန္ျဖဴ ၁ဥ၊ ငရုတ္သီးေျခာက္ ၅ေတာင့္၊ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ သစ္ၾကမ္းပိုးေခါက္မႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ဖာလာအမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ေလးညွင္းအမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ခ်င္း လက္တစ္ဆစ္။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

ဆိတ္သားကို ႏုပ္ႏုပ္စဥ္း (သို႕မဟုတ္) အသားၾကိတ္စက္ျဖင့္ ၾကိတ္ပါ။ ဆားသင့္ရံုထည့္။ အထက္ပါ အေမႊးအၾကိဳင္မ်ားထည့္ေမႊပါ။

ငရုတ္သီး၊ ၾကက္သြန္ျဖဴ/နီေထာင္းျပီး ဆီသတ္၍ ဆိတ္သားေရာခ်က္ပါ။ ဆီျပန္မွခ်စားပါ။

၀က္အူႏု/၀က္အူမၾကီးစြပ္ျပဳတ္



ပါ၀င္ေသာပစၥည္းမ်ား

၀က္အူႏု (သို႕မဟုတ္) အူမၾကီး ၅၀က်ပ္သား၊ ၾကက္သြန္ျဖဴ/နီ ၂ဥစီ၊ ပဲငံျပာရည္/ခ်င္း သင့္ရံု။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

၀က္အူႏုႏွင့္ ၀က္အူမၾကီးမ်ားကို ေရေဆးသန္႔စင္ျပီး အတံုးလွလွတံုးကာ ပဲငံျပာရည္ႏွင့္နယ္ပါ။ သၾကား ၁က်ပ္သားကို နီရဲလာေအာင္ ေလွာ္ျပီး ၀က္အူမၾကီးတို႔ကိုထည့္လံုးပါ။

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခ်င္းထုေထာင္းထည့္ျပီးက်က္သည္အထိျပဳတ္ပါ။ အခ်ိဳမႈန္႔ခတ္ပါ။ ငရုတ္ေကာင္းျဖဴး၍ သံုးေဆာင္ပါ။

ပင္လယ္ငါးထမင္းေၾကာ္


 

ပါ၀င္ပစၥည္းမ်ား

ပင္လယ္ငါးတစ္မ်ိဳးမ်ိဳး ၂၀က်ပ္သား၊ ဘဲဥ ၂လံုး၊ ၾကက္သြန္နီဥၾကီး ၅ဥ၊ ၾကက္သြန္ျဖဴ ၂ဥ၊ တရုတ္နံနံပင္ သင့္ရံု၊ တရုတ္ၾကက္သြန္ျမိတ္ သင့္ရံု၊ ငရုတ္ေကာင္းမႈန္႔/ဆား သင့္ရံု၊ ငံျပာရည္အပ်စ္/အက်ဲ သင့္ရံု၊ ဆီ ၇က်ပ္ခြဲသား။

ျပင္ဆင္ျပဳလုပ္နည္းအဆင့္ဆင့္

ငါးမုတ္၊ ငါးခံုး၊ ငါးေရႊစေသာ ႏွစ္သက္ရာ ပင္လယ္ငါးတစ္မ်ိဳးမ်ိဳးကို ပါးပါးလွီးျပီး ဆားနယ္ထားပါ။ ၾကက္သြန္နီကို ပါးပါးလွီးပါ။ ခ်င္းကိုေထာင္း၍ ငါးမ်ားျဖင့္နယ္ပါ။ ၾကက္သြန္ျဖဴကို ဓားျပားရိုက္၍ အခြံႏႊာထားပါ။ ဆန္ႏွစ္လံုးခန္႔ခ်က္ထားပါ။

အိုးတြင္ ဆီထည့္၍ ၾကက္သြန္ျဖဴ/နီကိုဆီသတ္ပါ။ နံနံပင္၊ၾကက္သြန္ျမိတ္ထည့္ပါ။ ၾကက္သြန္ႏြမ္းလွ်င္ ငါးမ်ားထည့္ပါ။

ငါးမ်ားနီလာလွ်င္ ခ်က္ထားေသာ ထမင္းမ်ားထည့္၍ ဆား၊ပဲငံျပာရည္မ်ား သင့္ရံုထည့္ပါ။ ငရုတ္ေကာင္းမႈန္႔၊ ဟင္းခ်ိဳမႈန္႔ သင့္ရံုထည့္ပါ။

ဘဲဥႏွစ္လံုးကို ေခါက္၍ေၾကာ္ျပီးလွ်င္ ထမင္းေၾကာ္တြင္ အေပၚမွ ဖံုး၍ျပင္ပါ။