Monday, November 2, 2020

အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် သုက်ပိုးလှူဒါန်းခြင်း

အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် သုက်ပိုးလှူဒါန်းခြင်း


(ခုနောက်ပိုင်းတော့ သိလာကြပြီးသားဆိုပေမယ့် သေချာစေ့ငုမသိသေးသူများဖတ်ဖို့ ပြန်လည်ဝေငှလိုက်ပါတယ်။) 


#ဆွေမျိုးချင်း သုတ်ပိုးပေးလှူခြင်း




စုံတွဲတွေဟာ ကလေးမရတဲ့အခါမှာ ဆေးပညာအကူအညီရယူပြီး ကိုယ်ဝန်ဆောင်ကလေးမွေးဖို့ ပြုလုပ်လေ့ရှိပါတယ်။ များသောအားဖြင့် မျိုးပွားခြင်းဆိုင်ရာ အထူးကုဆေးခန်းများမှာ အထူးသင်ကြားလေ့ကျင့်ထားသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြုလုပ်လေ့ရှိပါ တယ်။ IVF (Invitro Fertilization) ဆိုတာကတော့ အမျိုးသားရဲ့ သုတ်ပိုးနဲ့ အမျိုးသမီးရဲ့ မမျိုးဥကို ခန္ဓာကိုယ်ပြင်ပမှာ ပေါင်းစပ်ပေးပြီး သန္ဓေအောင်စေပြီးမှ အမျိုးသမီးရဲ့ သားအိမ်ထဲကို နေရာချပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။


ဒါပေမယ့် တချို့စုံတွဲတွေမှာ ကံမကောင်းစွာဘဲ အဲဒီထက်ပိုမိုခက်ခဲတဲ့ပြဿနာကတော့ ပြင်ပမှာ IVF နည်းနဲ့သန္ဓေအောင်ဖို့တောင်မှ အမျိုးသားမှာ သုတ်ပိုး (Sperm) မရှိခြင်းပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ကလေ်းညလး မဖြစ်မနေလိုချင်တယ်ဆိုရင် အခြားသူတစ်ဦးဦးက ပေးလှူတဲ့ သုတ်ပိုးကို အသုံးပြုကြပါတယ်။ ယေဘုယျအားဖြင့်တော့ သုတ်ပိုးပေးလှူတဲ့သူနဲ့ အလှူခံသူတို့ဟာ တစ်ဦးနဲ့ တစ်ဦးဘယ် သူကပေးလှူပြီး ဘယ်သူကရယူသွားသလဲဆိုတာ သိခွင့်မရှိပါဘူး။ ကလေးမွေးဖွားလာတဲ့အခါ အဲဒီကလေးဟာ အမျိုးသမီးဖြစ်သူရဲ့ သားသမီးအရင်းဖြစ်ပေမယ့် အမျိုးသားနဲ့ကတော့ ဇီဝဗေဒသဘောအရ သွေးသားတော်စပ်ခြင်းမရှိပါ။ သို့သော် ကလေးမယူခင်ကတည်း က ဖခင်ကိုယ်တိုင် စဉ်းစားပြီး သဘောတူရွေးချယ်ထားတာဖြစ်တဲ့အတွက်ြပြဿနာမရှိပါဘူး။


ဒါပေမယ့် အချို့စုံတွဲတွေဟာ သူစိမ်းတွေပေးလှူထားတဲ့ သုတ်ပိုးကို မလိုချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကလေးရဲ့မျိုးရိုးဗီဇထဲမှာ ခင်ပွန်းဘက်က မိသားစုဆီက ဆင်းသက်လာတဲ့ မျိုးဗီဇ(Gene) ပါမလာလို့ဖြစ်တယ်။

ခင်ပွန်းဖြစ်သူမှာ ညီအစ်ကိုလည်း မရှိတဲ့အခါမျိုးတွေမှာ ခင်ပွန်းဖြစ်သူရဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကို သုတ်ပိုးပေးလှူတာမျိုးတွေရှိလာ ပါတယ်။ အဲဒီတော့ သူစိမ်းဆီက သုတ်ပိုးအလှူခံတဲ့အခါ ခင်ပွန်းဖြစ်သူနဲ့ သားသမီးဖြစ်သူဟာ မွေးစားဖခင်နဲ့ မွေးစားသားသမီးလိုမျိုး ဖြစ်တဲ့အတွက် ရှင်းရှင်းလင်းလင်းဖြစ်ပြီး ဆွေမျိုးရင်းချာချင်း သုတ်ပိုးပေးလှူတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာြပြဿနာအချို့ရှိလာပါတယ်။


ခင်ပွန်းဖြစ်သူရဲ့ ဖခင်ဖြစ်သူထံမှ သုတ်ပိုးနဲ့ ရရှိလာတဲ့ကလေးအနေနဲ့ သူ့ဖခင်ဟာ ဇီဝဗေဒသဘောအရ သူ့ရဲ့အဖေတူအမေကွဲအစ်ကို တော်စပ်နေပါတယ်။ သူ့ရဲအဖိုးဖြစ်သူကတော့ ဇီဝဗေဒသဘောအရ သူ့ရဲ့ဖခင်ဖြစ်ပါတယ်။


သုတ်ပိုးလှူဒါန်းမယ့် အစီအစဉ်မှာပါဝင်တဲ့ ပုဂ္ဂိုလ်အားလုံး သဘောတူဆုံးဖြတ်ပြီးရင် မျိုးပွားခြင်းဆိုင်ရာဆေးခန်း Fertility Clinic ကို သွားပြီး အဲဒီလိုပြုလုပ်ပေးဖို့ တောင်းဆိုတဲ့အခါ ဆေးခန်းရဲ့ ကျင့်ဝတ်ကော်မတီနှင့် ဆွေးနွေးခြင်း၊ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေး ခြင်းတွေပြုလုပ်ပြီး ဆေးခန်းက အဲဒီစုံတွဲရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးဖို့ သင့်၊ မသင့် ဆုံးဖြတ်ပါတယ်။


မိသားစုဝင် ဆွေမျိုးရင်းချာအချင်းချင်း သုတ်ပိုး၊ မမျိုးဥ ပေးလှူတာ၊ ကိုယ်ဝန်ဆောင်အငှားဆောင်ပေးတာတွေဟာ နည်းပညာဆိုင်ရာ အနေနဲ့ တရားမဝင်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လုပ်လည်း လုပ်နေကြတာပါပဲ။ အဲဒီလိုပြုလုပ်ခြင်းတွေမှာ သူစိမ်းတွေဆီက အလှူခံတာ ထက် ပိုကောင်းတဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ကလေးရဲ့ဖခင် ဘယ်သူလဲဆိုတဲ့ ရှုပ်ထွေးမှုအချို့ကတော့ ရှိနေပါတယ် လို့ The Journal Human Reproduction မှာ သုတေသီတစ်ဦးက ရေးသားခဲ့ပါတယ်။ အဲဒီသုတေသီက နယ်သာလန်နိုင်ငံမှ ခင်ပွန်း ရဲ့ဖခင်ထံမှ သုတ်ပိုးကိုရယူပြီး ကလေးမွေး ခဲ့တဲ့စုံတွဲကို အသေးစိတ် Case Report ရေးခဲ့တာဖြစ်ပါတယ်။ သူတင်ပြခဲ့တဲ့ Case Report ကို ကျွမ်းကျင်သူများက ရှုထောင့်အမျိုးမျိုးကနေ ဝေဖန်သုံးသပ်ကြပြီး အများစုကတော့ မိသားစုဝင်အချင်းချင်း ကူညီမျိုးပွားခြင်း Intrafamilial Assisted Reproduction ကိုမဖြစ်မနေ တားဆီးပိတ်ပင်စရာမလိုကြောင်း၊ အချို့အခြေအနေတွေမှာ အလုပ်ဖြစ်ကြောင်း သဘောတူလက်ခံကြပါတယ်။


ဒါပေမယ့် ဒီလိုမျိုးပြုလုပ်ရမယ့် စုံတွဲတွေဟာ ကြုံတွေ့လာရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ကိုသိထားကာ ဆုံးဖြတ်ချက်ကို အထူး သတိထားပြီး ချသင့်ကြောင်းပြောကြားခဲ့ပါတယ်။


#ကျင့်ဝတ်ပိုင်းဆိုင်ရာပြဿနာများ (Ethical Problems)


မိသားစုဝင်အချင်းချင်းဆီက ပေးလှူမှုအကူအညီနဲ့ မျိုးပွားခြင်းကို မျိုးဗီဇဆက်ခံမှု (Genetic Tie) ရရှိဖို့၊ အချိန်နှင့်ငွေကုန်ကျမှု သက် သာဖို့စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ ဒီလိုနဲ့ မွေးဖွားလာတဲ့ကလေးကို သုတ်ပိုးပေးလှူတဲ့ ဇီဝဗေဒဖခင်ရင်းဟာ အဲဒီကလေးအပေါ်မှာ ဖခင်အရင်းသဖွယ် ဆက်ဆံပြုမူလာလေ့ရှိတယ်။ 


ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ ဇီဝကျင့်ဝတ်ပညာရှင် (Bioethicist) တစ်ဦး Arthur Caplan က 'ကျွန်တော်က လုံးဝမလုပ်ရဘူးလို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အန္တရာယ်အခွင့်အလမ်းမြင့်မားတယ် (Ethically High Risk ) လို့ပြောချင်တာပါ၊ ကလေးရဲ့ ဇီဝဖခင်ရင်းဖြစ်သူအဖိုးဟာ မိသားစုထဲမှာ အဲဒီအခြေအနေကို ကိုင်တွယ်ဖို့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်' လို့ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ပေးလှူသူမိသားစုဝင်ဟာ အဲဒီလိုလုပ်ဖို့ အတင်းအကျပ်ဖိအားပေးခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ သမီးဖြစ်သူဟာ နောက်တစ်ကြိမ် အိမ်ထောင်ပြုထားတဲ့ မိခင်ကို သားဥပေးလှူလိုက်ရပေမယ့် သူမဟာ စိတ်ထဲက ရေရေရာရာ ဆုံးဖြတ်ထားခြင်းမရှိ၊ ဆန္ဒမရှိဘဲ မိခင်ကိုငွေကြေးဆိုင်ရာ မှီခိုမှုပြုနေရခြင်း ဒါမှမဟုတ် မိခင်ရဲ့ ရိုးရာထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်ခြင်းတို့ကြောင့် ပေးလိုက်ရတာဖြစ်နိုင်ပါတယ်။ 


ကျင့်ဝတ်အရလူတိုင်းလွတ်လပ်တဲ့ သဘောဆန္ဒနဲ့ဆုံးဖြတ်ပြီးမှ လှူသင့်ပါတယ်။ အများအားဖြင့်တော့ လှူဒါန်းသူတွေဟာ လက်ဆောင်မွန်တစ်ခုအဖြစ် ပေးလှူခဲ့တာဖြစ်ပေမယ့် ရှေ့ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်မမှန်းဆနိုင် ပါဘူး။


ပုံမှန်မဟုတ်တဲ့ မိသားစုတည်ဆောက်ပုံကြောင့် အဲဒီကလေးရဲ့ ဘဝအရည်အသွေးကျဆင်းပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ ကိုယ်ပိုင် လက္ခဏာ ကိုယ်ရည်ကိုယ်သွေးရှုပ်ထွေးခြင်းစတာတွေ ခံစားရနိုင်ပါတယ်။ သူ့ရဲ့အဘိုးဖြစ်သူဟာ သူ့ရဲ့ဇီဝဖခင်ဖြစ်တယ်ဆိုတဲ့အဖြစ် ဟာ ကလေးအတွက် အလွန်ထူးဆန်းရှုပ်ထွေးနေနိုင်ပါတယ်။


#ဥပဒေနှင့် ထုပ်ထုံးလုပ်နည်းများ (Law and Regulations)


အမေရိကန်မျိုးပွားခြင်းဆိုင်ရာ ဆေးပညာအဖွဲ့ American Society for Reproductive Medicine (ASRM) ကတော့ မိသားစုဝင် အချင်းချင်း ကူညီမျိုးပွားခြင်း Intrafamilial Assisted Reproduction ဟာ ကျင့်ဝတ်အရ ယေဘုယျအားဖြင့် လက်သင့်ခံနိုင်ကြောင်း (Generally Ethical Acceptable) ၊ ဒါပေမယ့် အချို့အခြေအနေများကိုတော့ တားမြစ်သင့်ကြောင်း ပြောကြားခဲ့တယ်၊ တားဖြစ်သင့်တဲ့ ဥပမာအချို့က အမျိုးသမီးတစ်ဦးက သူ့ရဲ့ယောင်းမဖြစ်သူကို သားဥပေးလှူခြင်း၊ အစ်ကိုဖြစ်သူက ညီမဖြစ်သူအတွက် သုတ်ပိုးလှူခြင်း၊ ဖခင်ဖြစ်သူက သမီးဖြစ်သူရဲ့ ခင်ပွန်းမြုံနေလို့ သုက်ပိုးပေးလှူခြင်းတို့ဖြစ်ပါတယ်။


ဖခင်ဖြစ်သူက သားဖြစ်သူကို Father-to-Son သုက်ပိုးပေးလှူမယ်ဆိုရင် ASRM အဖွဲ့က အသက်၄၀ထက်ကြီးတဲ့ အမျိုးသားရဲ့ သုက်ပိုး ဟာ ဗီဇချို့ယွင်းမှုတွေဖြစ်ပေါ်နိုင်လို့ အားမပေးချင်ပါဘူး။ ဒီလိုမျိုးအကူအညီနဲ့မျိုးပွားခြင်းကိစ္စတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းက ကျယ်ကျယ်ပြန့်ပြန့်တော့မရှိပါဘူး။ ပြုလုပ်မယ့်ဆေးခန်းရဲ့ ပေါ်လစီအရ လုပ်ဆောင်ကြတာသာ များပါတယ်။ အဓိကကတော့ သုက်ပိုး၊ မမျိုးဥပေးလှူသူရော၊ ရယူသူပါ ကိုယ်တိုင်စဉ်းစားသုံးသပ်ဖို့ပါပဲ။


Credit: Health Digest Journal – Vol(9), No. (26) 16-5-2012


#အငှားကိုယ်ဝန်ဆောင်ခြင်း




မြုံခြင်းကြောင့် ကိုယ်ဝန်မရနိုင်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေးလိုချင်တဲ့အခါ အငှားကိုယ်ဝန်ဆောင်ခြင်း(Surrogacy)ဟာ လည်း ရွေးချယ် စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးမရနိုင်တဲ့စုံတွဲနဲ့ ကိုယ်ဝန်ဆောင်ပေးနိုင်သော အမျိုးသမီးကြားသဘောတူညီမှု စာချုပ်ကို အငှား ကိုယ်ဝန်ဆောင်ခြင်း(Surrogacy)လို့ သတ်မှတ်ပါတယ်။ အငှားကိုယ်ဝန်သည်ဟာ ကလေးမွေးပြီးတဲ့အခါမှာ ကလေး မရနိုင်တဲ့စုံတွဲကို ကလေးအား ပေးလိုက်ရပါတယ်။ ထိုသို့အငှားကိုယ်ဝန်ဆောင်သူဟာ ထိုက်တန်တဲ့အဖိုးအခ ပြန်လည်ရရှိတတ်ကြပါ တယ်။ နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်တဲ့ လုပ်ငန်းတစ်ခုလည်းြဖြစ်နိုင်ပါတယ်။


#အမျိုးအစားများ


#သမာရိုးကျ အငှားကိုယ်ဝန်ဆောင်ခြင်း

ဒီနည်းလမ်းမှာ အခြားစုံတွဲ၏ယောက်ျားဖြစ်သူထံမှ သုက်ပိုးကောင်ကို ဆရာဝန်မှရယူပြီး အငှားကိုယ်ဝန်သည်၏သားအိမ်ထဲသို့ ထည့်သွင်းပေးလိုက်ခြင်းဖြစ်ပါတယ်။ သူမ၏သွေးရင်းတစ်ဝက်ပါသော ကလေးငယ်ကို အခြားသူမွေးစားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပါတယ်။ သူမဟာ ကလေးငယ်ကို မွေးဖွားပေးသော Biological Motherြဖြစ်ပါတယ်။


#Gestational အငှားကိုယ်ဝန်ဆောင်ခြင်း

အငှားကိုယ်ဝန်သည်က အခြားစုံတွဲ၏မျိုးအောင်ထားပြီးသော သန္ဓေသားလောင်းကို သူမ၏သားအိမ်ထဲတွင် ထည့်သွင်းစေကာ ကိုယ်ဝန်ဆောင်ပေးခြင်းဖြစ်ပါတယ်။

အငှားကိုယ်ဝန်ဆောင်ပေးခြင်းဟာ စီးပွားရေးသဘောဖြစ်နိုင်သလို သူတစ်ပါးကို ကိုယ်ကျိုးစွန့်ကူညီပေးချင်တဲ့စိတ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခကြေးငွေယူကာ အငှားကိုယ်ဝန်ဆောင်ခြင်းကတော့ ငွေကြေးပြည့်စုံတဲ့အသိုင်းအဝိုင်းမှာသာ ပြုလုပ်လေ့ရှိကြ ပါတယ်။


တစ်ခါတစ်ရံမှာတော့ သုက်ပိုးကောင်ကို သုက်ပိုးဘဏ်မှရယူတာမျိုးလည်းရှိပါတယ်။ အငှားကိုယ်ဝန်ဆောင်ခြင်းကိုပြုလုပ်မယ့် စုံတွဲ အနေနဲ့ မိမိတို့ရွေးချယ်မယ့်နည်းလမ်းတွေကိုေသေချာတိုင်ပင်စဉ်းစားရမှာဖြစ်ပါတယ်။


#လုပ်ဆောင်ချက်

ဒီလို အငှားကိုယ်ဝန်ဆောင်ခြင်းကို စုံတွဲတစ်တွဲရှိ အမျိုးသမီးတွင် ကိုယ်ဝန်မရနိုင်၊ မဆောင်နိုင်သည့် ကျန်းမာရေးပြဿနာများရှိခြင်းနှင့် ယနေ့ခေတ်ငွေကြေးချမ်းသာပြည့်စုံသောစုံတွဲအချို့တွင်လည်း အမျိုးသမီးက အလှပျက်မည်စိုးသောကြောင့် ကိုယ်တိုင်ကိုယ်ဝန် မဆောင်လိုခြင်းတို့ကြောင့် ပြုလုပ်လေ့ရှိပါတယ်။အငှားကိုယ်ဝန်ဆောင်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ သားသမီးမရနိုင်တဲ့သူ အတွက် ကလေးမွေးပေးခြင်းသာဖြစ်ပါတယ်။ 


အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်မဆောင်နိုင်စေတဲ့ အကြောင်းရင်းများစွာရှိပါ တယ်။ အငှားကိုယ်ဝန်ဆောင်ခြင်း ပြုလုပ်ရတဲ့အချက်တွေကတော့ ကလေးမမွေးနိုင်ခြင်း၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ သို့မဟုတ် Thrombophilia ရောဂါ သို့မဟုတ် အသက်အရွယ်ကြီးခြင်းတို့ကြောင့်ပြုလုပ်လေ့ရှိပါတယ်။


#တရားဥပဒေ

အငှားကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ဥပဒေများကတော့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီကြပါဘူး။ ဥပဒေအရအဓိကအငြင်းပွားလေ့ရှိတဲ့ ပြဿနာကတော့ မည်သူက တရားဝင်မိဘဖြစ်သလဲဆိုတာကိုပါပဲ။တစ်နိုင်ငံနှင့် တစ်နိုင်ငံသတ်မှတ်ထားတဲ့ ဥပဒေတွေလည်း မတူ ညီကြပါဘူး။


#အကျိုးကျေးဇူးများ

ကလေးမရနိုင်တဲ့မိဘများအတွက် အကျိုးရှိလှပါတယ်။ အငှားကိုယ်ဝန်ဆောင်သည်အတွက်လည်း အကျိုးရှိစေပါတယ်။ အငှားကိုယ်ဝန် ဆောင်သည်အတွက် ကလေးလိုချင်သောစုံတွဲက အခကြေးငွေ၊ ဆေးဖိုးစရိတ်တွေပေးရတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့မှာဆိုရင် အငှားကိုယ်ဝန်ဆောင်ခြင်းရဲ့ စရျိတ်မှာ ဒေါ်လာတစ်သောင်းမှ သုံးသောင်းအထိ ကုန်ကျကြပါတယ်။ ဒီလိုမျိုး စီးပွားရေးအရ အငှားကိုယ်ဝန်ဆောင်ခြင်းကို သားသမီးကို ပိုက်ဆံပေးဝယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဆန့်ကျင်သူအများအပြား လည်းရှိပါတယ်။


#အငှားကိုယ်ဝန်သည်ရှာဖွေခြင်း

အငှားကိုယ်ဝန်သည်ကို ရှာဖွေဖို့ရန်တော့ မလွယ်ကူပါ။ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုထံမှ တစ်ဦးဦးက ကိုယ်ဝန်ဆောင်ပေးမယ်ဆိုလျှင် အခြားသူများထက် ပိုမိုအဆင်ပြေမှာပါ။ ယနေ့ခေတ်မှာ အငှားကိုယ်ဝန်ဆောင်လျှင် အခကြေးငွေရယူခြင်းများကို ဥပဒေအရ ပိတ်ပင်လာ ကြတဲ့အတွက် အငှားကိုယ်ဝန်သည်များ မရှိလှတော့ပါ။ အချို့နှိင်ငံတွေမှာ ဆေးကုသစရိတ်၊ ကိုယ်ဝန်သည် အဝတ်အစားများ၊ ကိုယ်ဝန် ဆောင်ခြင်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များကိုသာပေးခွင့်ရှိပြီး အခြားအဖိုးအခများပေးခြင်းကို တားမြစ်ထားကြပါတယ်။ဒါကြောင့် အငှားကိုယ်ဝန်ဆောင်တဲ့အခါ ရှေ့နေတစ်ဦးငှားရမ်းကာ အစစအရာရာဆောင်ရွက်ကြပါတယ်။


Credit: Health Digest Journal – Vol(9), No. (26) 16-5-2012


(Zawgyi) 


 အငွားကိုယ္ဝန္ေဆာင္ျခင္းႏွင့္ သုက္ပိုးလွူဒါန္းျခင္း


(ခုေနာက္ပိုင္းေတာ့ သိလာၾကၿပီးသားဆိုေပမယ့္ ေသခ်ာေစ့ငုမသိေသးသူမ်ားဖတ္ဖို့ ျပန္လည္ေဝငွလိုက္ပါတယ္။) 




#ေဆြမ်ိဳးခ်င္း သုတ္ပိုးေပးလွူျခင္း


စုံတြဲေတြဟာ ကေလးမရတဲ့အခါမွာ ေဆးပညာအကူအညီရယူၿပီး ကိုယ္ဝန္ေဆာင္ကေလးေမြးဖို့ ျပဳလုပ္ေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ မ်ိဳးပြားျခင္းဆိုင္ရာ အထူးကုေဆးခန္းမ်ားမွာ အထူးသင္ၾကားေလ့က်င့္ထားေသာ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူမ်ားႏွင့္ ျပဳလုပ္ေလ့ရွိပါ တယ္။ IVF (Invitro Fertilization) ဆိုတာကေတာ့ အမ်ိဳးသားရဲ့ သုတ္ပိုးနဲ႔ အမ်ိဳးသမီးရဲ့ မမ်ိဳးဥကို ခႏၶာကိုယ္ျပင္ပမွာ ေပါင္းစပ္ေပးၿပီး သေႏၶေအာင္ေစၿပီးမွ အမ်ိဳးသမီးရဲ့ သားအိမ္ထဲကို ေနရာခ်ေပးတဲ့ နည္းစနစ္ျဖစ္ပါတယ္။


ဒါေပမယ့္ တခ်ိဳ့စုံတြဲေတြမွာ ကံမေကာင္းစြာဘဲ အဲဒီထက္ပိုမိုခက္ခဲတဲ့ျပႆနာကေတာ့ ျပင္ပမွာ IVF နည္းနဲ႔သေႏၶေအာင္ဖို့ေတာင္မွ အမ်ိဳးသားမွာ သုတ္ပိုး (Sperm) မရွိျခင္းပါပဲ။ ဒီလိုအေျခအေနမ်ိဳးမွာ ကေလ္းညလး မျဖစ္မေနလိုခ်င္တယ္ဆိုရင္ အျခားသူတစ္ဦးဦးက ေပးလွူတဲ့ သုတ္ပိုးကို အသုံးျပဳၾကပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ သုတ္ပိုးေပးလွူတဲ့သူနဲ႔ အလွူခံသူတို့ဟာ တစ္ဦးနဲ႔ တစ္ဦးဘယ္ သူကေပးလွူၿပီး ဘယ္သူကရယူသြားသလဲဆိုတာ သိခြင့္မရွိပါဘူး။ ကေလးေမြးဖြားလာတဲ့အခါ အဲဒီကေလးဟာ အမ်ိဳးသမီးျဖစ္သူရဲ့ သားသမီးအရင္းျဖစ္ေပမယ့္ အမ်ိဳးသားနဲ႔ကေတာ့ ဇီဝေဗဒသေဘာအရ ေသြးသားေတာ္စပ္ျခင္းမရွိပါ။ သို့ေသာ္ ကေလးမယူခင္ကတည္း က ဖခင္ကိုယ္တိုင္ စဥ္းစားၿပီး သေဘာတူေရြးခ်ယ္ထားတာျဖစ္တဲ့အတြက္ျျပႆနာမရွိပါဘူး။


ဒါေပမယ့္ အခ်ိဳ့စုံတြဲေတြဟာ သူစိမ္းေတြေပးလွူထားတဲ့ သုတ္ပိုးကို မလိုခ်င္ၾကဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကေလးရဲ့မ်ိဳးရိုးဗီဇထဲမွာ ခင္ပြန္းဘက္က မိသားစုဆီက ဆင္းသက္လာတဲ့ မ်ိဳးဗီဇ(Gene) ပါမလာလို့ျဖစ္တယ္။

ခင္ပြန္းျဖစ္သူမွာ ညီအစ္ကိုလည္း မရွိတဲ့အခါမ်ိဳးေတြမွာ ခင္ပြန္းျဖစ္သူရဲ့ ဖခင္ျဖစ္သူက သားျဖစ္သူကို သုတ္ပိုးေပးလွူတာမ်ိဳးေတြရွိလာ ပါတယ္။ အဲဒီေတာ့ သူစိမ္းဆီက သုတ္ပိုးအလွူခံတဲ့အခါ ခင္ပြန္းျဖစ္သူနဲ႔ သားသမီးျဖစ္သူဟာ ေမြးစားဖခင္နဲ႔ ေမြးစားသားသမီးလိုမ်ိဳး ျဖစ္တဲ့အတြက္ ရွင္းရွင္းလင္းလင္းျဖစ္ၿပီး ေဆြမ်ိဳးရင္းခ်ာခ်င္း သုတ္ပိုးေပးလွူတဲ့အခါမွာေတာ့ စိတ္ပိုင္းဆိုင္ရာ၊ က်င့္ဝတ္ပိုင္းဆိုင္ရာ၊ ဥပေဒပိုင္းဆိုင္ရာျျပႆနာအခ်ိဳ့ရွိလာပါတယ္။


ခင္ပြန္းျဖစ္သူရဲ့ ဖခင္ျဖစ္သူထံမွ သုတ္ပိုးနဲ႔ ရရွိလာတဲ့ကေလးအေနနဲ႔ သူ႔ဖခင္ဟာ ဇီဝေဗဒသေဘာအရ သူ႔ရဲ့အေဖတူအေမကြဲအစ္ကို ေတာ္စပ္ေနပါတယ္။ သူ႔ရဲအဖိုးျဖစ္သူကေတာ့ ဇီဝေဗဒသေဘာအရ သူ႔ရဲ့ဖခင္ျဖစ္ပါတယ္။


သုတ္ပိုးလွူဒါန္းမယ့္ အစီအစဥ္မွာပါဝင္တဲ့ ပုဂၢိဳလ္အားလုံး သေဘာတူဆုံးျဖတ္ၿပီးရင္ မ်ိဳးပြားျခင္းဆိုင္ရာေဆးခန္း Fertility Clinic ကို သြားၿပီး အဲဒီလိုျပဳလုပ္ေပးဖို့ ေတာင္းဆိုတဲ့အခါ ေဆးခန္းရဲ့ က်င့္ဝတ္ေကာ္မတီႏွင့္ ေဆြးေႏြးျခင္း၊ လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ စစ္ေဆး ျခင္းေတြျပဳလုပ္ၿပီး ေဆးခန္းက အဲဒီစုံတြဲရဲ့ ဆႏၵကိုျဖည့္ဆည္းေပးဖို့ သင့္၊ မသင့္ ဆုံးျဖတ္ပါတယ္။


မိသားစုဝင္ ေဆြမ်ိဳးရင္းခ်ာအခ်င္းခ်င္း သုတ္ပိုး၊ မမ်ိဳးဥ ေပးလွူတာ၊ ကိုယ္ဝန္ေဆာင္အငွားေဆာင္ေပးတာေတြဟာ နည္းပညာဆိုင္ရာ အေနနဲ႔ တရားမဝင္တဲ့ ကိစၥေတာ့မဟုတ္ပါဘူး။ လုပ္လည္း လုပ္ေနၾကတာပါပဲ။ အဲဒီလိုျပဳလုပ္ျခင္းေတြမွာ သူစိမ္းေတြဆီက အလွူခံတာ ထက္ ပိုေကာင္းတဲ့ အခ်က္ေတြလည္း ရွိေနပါတယ္။ ဒါေပမယ့္ ကေလးရဲ့ဖခင္ ဘယ္သူလဲဆိုတဲ့ ရွုပ္ေထြးမွုအခ်ိဳ့ကေတာ့ ရွိေနပါတယ္ လို့ The Journal Human Reproduction မွာ သုေတသီတစ္ဦးက ေရးသားခဲ့ပါတယ္။ အဲဒီသုေတသီက နယ္သာလန္နိုင္ငံမွ ခင္ပြန္း ရဲ့ဖခင္ထံမွ သုတ္ပိုးကိုရယူၿပီး ကေလးေမြး ခဲ့တဲ့စုံတြဲကို အေသးစိတ္ Case Report ေရးခဲ့တာျဖစ္ပါတယ္။ သူတင္ျပခဲ့တဲ့ Case Report ကို ကၽြမ္းက်င္သူမ်ားက ရွုေထာင့္အမ်ိဳးမ်ိဳးကေန ေဝဖန္သုံးသပ္ၾကၿပီး အမ်ားစုကေတာ့ မိသားစုဝင္အခ်င္းခ်င္း ကူညီမ်ိဳးပြားျခင္း Intrafamilial Assisted Reproduction ကိုမျဖစ္မေန တားဆီးပိတ္ပင္စရာမလိုေၾကာင္း၊ အခ်ိဳ့အေျခအေနေတြမွာ အလုပ္ျဖစ္ေၾကာင္း သေဘာတူလက္ခံၾကပါတယ္။


ဒါေပမယ့္ ဒီလိုမ်ိဳးျပဳလုပ္ရမယ့္ စုံတြဲေတြဟာ ၾကဳံေတြ႕လာရနိုင္တဲ့ စိတ္ပိုင္းဆိုင္ရာျပႆနာအခ်ိဳ့ကိုသိထားကာ ဆုံးျဖတ္ခ်က္ကို အထူး သတိထားၿပီး ခ်သင့္ေၾကာင္းေျပာၾကားခဲ့ပါတယ္။


#က်င့္ဝတ္ပိုင္းဆိုင္ရာျပႆနာမ်ား (Ethical Problems)


မိသားစုဝင္အခ်င္းခ်င္းဆီက ေပးလွူမွုအကူအညီနဲ႔ မ်ိဳးပြားျခင္းကို မ်ိဳးဗီဇဆက္ခံမွု (Genetic Tie) ရရွိဖို့၊ အခ်ိန္ႏွင့္ေငြကုန္က်မွု သက္ သာဖို့စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျပဳလုပ္ၾကပါတယ္။ ဒီလိုနဲ႔ ေမြးဖြားလာတဲ့ကေလးကို သုတ္ပိုးေပးလွူတဲ့ ဇီဝေဗဒဖခင္ရင္းဟာ အဲဒီကေလးအေပၚမွာ ဖခင္အရင္းသဖြယ္ ဆက္ဆံျပဳမူလာေလ့ရွိတယ္။ 


ပင္ဆယ္လ္ေဗးနီးယားတကၠသိုလ္မွ ဇီဝက်င့္ဝတ္ပညာရွင္ (Bioethicist) တစ္ဦး Arthur Caplan က 'ကၽြန္ေတာ္က လုံးဝမလုပ္ရဘူးလို့ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ က်င့္ဝတ္ပိုင္းဆိုင္ရာမွာ အႏၲရာယ္အခြင့္အလမ္းျမင့္မားတယ္ (Ethically High Risk ) လို့ေျပာခ်င္တာပါ၊ ကေလးရဲ့ ဇီဝဖခင္ရင္းျဖစ္သူအဖိုးဟာ မိသားစုထဲမွာ အဲဒီအေျခအေနကို ကိုင္တြယ္ဖို့ ခက္ခဲေကာင္းခက္ခဲပါလိမ့္မယ္' လို့ေျပာၾကားခဲ့ပါတယ္။


ဒါ့အျပင္ ေပးလွူသူမိသားစုဝင္ဟာ အဲဒီလိုလုပ္ဖို့ အတင္းအက်ပ္ဖိအားေပးခံရတာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။ ဥပမာ သမီးျဖစ္သူဟာ ေနာက္တစ္ႀကိမ္ အိမ္ေထာင္ျပဳထားတဲ့ မိခင္ကို သားဥေပးလွူလိုက္ရေပမယ့္ သူမဟာ စိတ္ထဲက ေရေရရာရာ ဆုံးျဖတ္ထားျခင္းမရွိ၊ ဆႏၵမရွိဘဲ မိခင္ကိုေငြေၾကးဆိုင္ရာ မွီခိုမွုျပဳေနရျခင္း ဒါမွမဟုတ္ မိခင္ရဲ့ ရိုးရာထိန္းခ်ဳပ္မွုေအာက္က ႐ုန္းမထြက္နိုင္ျခင္းတို့ေၾကာင့္ ေပးလိုက္ရတာျဖစ္နိုင္ပါတယ္။ 


က်င့္ဝတ္အရလူတိုင္းလြတ္လပ္တဲ့ သေဘာဆႏၵနဲ႔ဆုံးျဖတ္ၿပီးမွ လွူသင့္ပါတယ္။ အမ်ားအားျဖင့္ေတာ့ လွူဒါန္းသူေတြဟာ လက္ေဆာင္မြန္တစ္ခုအျဖစ္ ေပးလွူခဲ့တာျဖစ္ေပမယ့္ ေရွ႕ဘာျဖစ္လာမယ္ဆိုတာ ဘယ္သူမွ ႀကိဳတင္မမွန္းဆနိုင္ ပါဘူး။


ပုံမွန္မဟုတ္တဲ့ မိသားစုတည္ေဆာက္ပုံေၾကာင့္ အဲဒီကေလးရဲ့ ဘဝအရည္အေသြးက်ဆင္းၿပီး စိတ္ပိုင္းဆိုင္ရာ ျပႆနာ၊ ကိုယ္ပိုင္ လကၡဏာ ကိုယ္ရည္ကိုယ္ေသြးရွုပ္ေထြးျခင္းစတာေတြ ခံစားရနိုင္ပါတယ္။ သူ႔ရဲ့အဘိုးျဖစ္သူဟာ သူ႔ရဲ့ဇီဝဖခင္ျဖစ္တယ္ဆိုတဲ့အျဖစ္ ဟာ ကေလးအတြက္ အလြန္ထူးဆန္းရွုပ္ေထြးေနနိုင္ပါတယ္။


#ဥပေဒႏွင့္ ထုပ္ထုံးလုပ္နည္းမ်ား (Law and Regulations)


အေမရိကန္မ်ိဳးပြားျခင္းဆိုင္ရာ ေဆးပညာအဖြဲ႕ American Society for Reproductive Medicine (ASRM) ကေတာ့ မိသားစုဝင္ အခ်င္းခ်င္း ကူညီမ်ိဳးပြားျခင္း Intrafamilial Assisted Reproduction ဟာ က်င့္ဝတ္အရ ေယဘုယ်အားျဖင့္ လက္သင့္ခံနိုင္ေၾကာင္း (Generally Ethical Acceptable) ၊ ဒါေပမယ့္ အခ်ိဳ့အေျခအေနမ်ားကိုေတာ့ တားျမစ္သင့္ေၾကာင္း ေျပာၾကားခဲ့တယ္၊ တားျဖစ္သင့္တဲ့ ဥပမာအခ်ိဳ့က အမ်ိဳးသမီးတစ္ဦးက သူ႔ရဲ့ေယာင္းမျဖစ္သူကို သားဥေပးလွူျခင္း၊ အစ္ကိုျဖစ္သူက ညီမျဖစ္သူအတြက္ သုတ္ပိုးလွူျခင္း၊ ဖခင္ျဖစ္သူက သမီးျဖစ္သူရဲ့ ခင္ပြန္းျမဳံေနလို့ သုက္ပိုးေပးလွူျခင္းတို့ျဖစ္ပါတယ္။


ဖခင္ျဖစ္သူက သားျဖစ္သူကို Father-to-Son သုက္ပိုးေပးလွူမယ္ဆိုရင္ ASRM အဖြဲ႕က အသက္၄၀ထက္ႀကီးတဲ့ အမ်ိဳးသားရဲ့ သုက္ပိုး ဟာ ဗီဇခ်ိဳ့ယြင္းမွုေတြျဖစ္ေပၚနိုင္လို့ အားမေပးခ်င္ပါဘူး။ ဒီလိုမ်ိဳးအကူအညီနဲ႔မ်ိဳးပြားျခင္းကိစၥေတြအတြက္ ျပ႒ာန္းထားတဲ့ ဥပေဒနဲ႔ လုပ္ထုံးလုပ္နည္းက က်ယ္က်ယ္ျပန႔္ျပန႔္ေတာ့မရွိပါဘူး။ ျပဳလုပ္မယ့္ေဆးခန္းရဲ့ ေပၚလစီအရ လုပ္ေဆာင္ၾကတာသာ မ်ားပါတယ္။ အဓိကကေတာ့ သုက္ပိုး၊ မမ်ိဳးဥေပးလွူသူေရာ၊ ရယူသူပါ ကိုယ္တိုင္စဥ္းစားသုံးသပ္ဖို့ပါပဲ။


Credit: Health Digest Journal – Vol(9), No. (26) 16-5-2012


#အငွားကိုယ္ဝန္ေဆာင္ျခင္း




ျမဳံျခင္းေၾကာင့္ ကိုယ္ဝန္မရနိုင္တဲ့အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကေလးလိုခ်င္တဲ့အခါ အငွားကိုယ္ဝန္ေဆာင္ျခင္း(Surrogacy)ဟာ လည္း ေရြးခ်ယ္ စရာနည္းလမ္းတစ္ခုျဖစ္ပါတယ္။ ကေလးမရနိုင္တဲ့စုံတြဲနဲ႔ ကိုယ္ဝန္ေဆာင္ေပးနိုင္ေသာ အမ်ိဳးသမီးၾကားသေဘာတူညီမွု စာခ်ဳပ္ကို အငွား ကိုယ္ဝန္ေဆာင္ျခင္း(Surrogacy)လို့ သတ္မွတ္ပါတယ္။ အငွားကိုယ္ဝန္သည္ဟာ ကေလးေမြးၿပီးတဲ့အခါမွာ ကေလး မရနိုင္တဲ့စုံတြဲကို ကေလးအား ေပးလိုက္ရပါတယ္။ ထိုသို့အငွားကိုယ္ဝန္ေဆာင္သူဟာ ထိုက္တန္တဲ့အဖိုးအခ ျပန္လည္ရရွိတတ္ၾကပါ တယ္။ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိနိုင္တဲ့ လုပ္ငန္းတစ္ခုလည္းျျဖစ္နိုင္ပါတယ္။


#အမ်ိဳးအစားမ်ား


#သမာရိုးက် အငွားကိုယ္ဝန္ေဆာင္ျခင္း

ဒီနည္းလမ္းမွာ အျခားစုံတြဲ၏ေယာက္်ားျဖစ္သူထံမွ သုက္ပိုးေကာင္ကို ဆရာဝန္မွရယူၿပီး အငွားကိုယ္ဝန္သည္၏သားအိမ္ထဲသို့ ထည့္သြင္းေပးလိုက္ျခင္းျဖစ္ပါတယ္။ သူမ၏ေသြးရင္းတစ္ဝက္ပါေသာ ကေလးငယ္ကို အျခားသူေမြးစားနိုင္ေစရန္ ရည္ရြယ္ခ်က္ျဖင့္ ကိုယ္ဝန္ေဆာင္ျခင္းျဖစ္ပါတယ္။ သူမဟာ ကေလးငယ္ကို ေမြးဖြားေပးေသာ Biological Motherျျဖစ္ပါတယ္။


#Gestational အငွားကိုယ္ဝန္ေဆာင္ျခင္း

အငွားကိုယ္ဝန္သည္က အျခားစုံတြဲ၏မ်ိဳးေအာင္ထားၿပီးေသာ သေႏၶသားေလာင္းကို သူမ၏သားအိမ္ထဲတြင္ ထည့္သြင္းေစကာ ကိုယ္ဝန္ေဆာင္ေပးျခင္းျဖစ္ပါတယ္။

အငွားကိုယ္ဝန္ေဆာင္ေပးျခင္းဟာ စီးပြားေရးသေဘာျဖစ္နိုင္သလို သူတစ္ပါးကို ကိုယ္က်ိဳးစြန႔္ကူညီေပးခ်င္တဲ့စိတ္ေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။ အခေၾကးေငြယူကာ အငွားကိုယ္ဝန္ေဆာင္ျခင္းကေတာ့ ေငြေၾကးျပည့္စုံတဲ့အသိုင္းအဝိုင္းမွာသာ ျပဳလုပ္ေလ့ရွိၾက ပါတယ္။


တစ္ခါတစ္ရံမွာေတာ့ သုက္ပိုးေကာင္ကို သုက္ပိုးဘဏ္မွရယူတာမ်ိဳးလည္းရွိပါတယ္။ အငွားကိုယ္ဝန္ေဆာင္ျခင္းကိုျပဳလုပ္မယ့္ စုံတြဲ အေနနဲ႔ မိမိတို့ေရြးခ်ယ္မယ့္နည္းလမ္းေတြကိုေေသခ်ာတိုင္ပင္စဥ္းစားရမွာျဖစ္ပါတယ္။


#လုပ္ေဆာင္ခ်က္

ဒီလို အငွားကိုယ္ဝန္ေဆာင္ျခင္းကို စုံတြဲတစ္တြဲရွိ အမ်ိဳးသမီးတြင္ ကိုယ္ဝန္မရနိုင္၊ မေဆာင္နိုင္သည့္ က်န္းမာေရးျပႆနာမ်ားရွိျခင္းႏွင့္ ယေန႔ေခတ္ေငြေၾကးခ်မ္းသာျပည့္စုံေသာစုံတြဲအခ်ိဳ့တြင္လည္း အမ်ိဳးသမီးက အလွပ်က္မည္စိုးေသာေၾကာင့္ ကိုယ္တိုင္ကိုယ္ဝန္ မေဆာင္လိုျခင္းတို့ေၾကာင့္ ျပဳလုပ္ေလ့ရွိပါတယ္။အငွားကိုယ္ဝန္ေဆာင္ျခင္းရဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ သားသမီးမရနိုင္တဲ့သူ အတြက္ ကေလးေမြးေပးျခင္းသာျဖစ္ပါတယ္။ 


အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ကိုယ္ဝန္မေဆာင္နိုင္ေစတဲ့ အေၾကာင္းရင္းမ်ားစြာရွိပါ တယ္။ အငွားကိုယ္ဝန္ေဆာင္ျခင္း ျပဳလုပ္ရတဲ့အခ်က္ေတြကေတာ့ ကေလးမေမြးနိုင္ျခင္း၊ အသည္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါ သို့မဟုတ္ Thrombophilia ေရာဂါ သို့မဟုတ္ အသက္အရြယ္ႀကီးျခင္းတို့ေၾကာင့္ျပဳလုပ္ေလ့ရွိပါတယ္။


#တရားဥပေဒ

အငွားကိုယ္ဝန္ေဆာင္ျခင္းဆိုင္ရာ ဥပေဒမ်ားကေတာ့ တစ္နိုင္ငံႏွင့္ တစ္နိုင္ငံ မတူညီၾကပါဘူး။ ဥပေဒအရအဓိကအျငင္းပြားေလ့ရွိတဲ့ ျပႆနာကေတာ့ မည္သူက တရားဝင္မိဘျဖစ္သလဲဆိုတာကိုပါပဲ။တစ္နိုင္ငံႏွင့္ တစ္နိုင္ငံသတ္မွတ္ထားတဲ့ ဥပေဒေတြလည္း မတူ ညီၾကပါဘူး။


#အက်ိဳးေက်းဇူးမ်ား

ကေလးမရနိုင္တဲ့မိဘမ်ားအတြက္ အက်ိဳးရွိလွပါတယ္။ အငွားကိုယ္ဝန္ေဆာင္သည္အတြက္လည္း အက်ိဳးရွိေစပါတယ္။ အငွားကိုယ္ဝန္ ေဆာင္သည္အတြက္ ကေလးလိုခ်င္ေသာစုံတြဲက အခေၾကးေငြ၊ ေဆးဖိုးစရိတ္ေတြေပးရတတ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ့ ျပည္နယ္အခ်ိဳ့မွာဆိုရင္ အငွားကိုယ္ဝန္ေဆာင္ျခင္းရဲ့ စရ်ိတ္မွာ ေဒၚလာတစ္ေသာင္းမွ သုံးေသာင္းအထိ ကုန္က်ၾကပါတယ္။ ဒီလိုမ်ိဳး စီးပြားေရးအရ အငွားကိုယ္ဝန္ေဆာင္ျခင္းကို သားသမီးကို ပိုက္ဆံေပးဝယ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ဆန႔္က်င္သူအမ်ားအျပား လည္းရွိပါတယ္။


#အငွားကိုယ္ဝန္သည္ရွာေဖြျခင္း

အငွားကိုယ္ဝန္သည္ကို ရွာေဖြဖို့ရန္ေတာ့ မလြယ္ကူပါ။ သူငယ္ခ်င္းမိတ္ေဆြ၊ မိသားစုထံမွ တစ္ဦးဦးက ကိုယ္ဝန္ေဆာင္ေပးမယ္ဆိုလၽွင္ အျခားသူမ်ားထက္ ပိုမိုအဆင္ေျပမွာပါ။ ယေန႔ေခတ္မွာ အငွားကိုယ္ဝန္ေဆာင္လၽွင္ အခေၾကးေငြရယူျခင္းမ်ားကို ဥပေဒအရ ပိတ္ပင္လာ ၾကတဲ့အတြက္ အငွားကိုယ္ဝန္သည္မ်ား မရွိလွေတာ့ပါ။ အခ်ိဳ့ႏွိင္ငံေတြမွာ ေဆးကုသစရိတ္၊ ကိုယ္ဝန္သည္ အဝတ္အစားမ်ား၊ ကိုယ္ဝန္ ေဆာင္ျခင္းႏွင့္ ပတ္သက္သည့္ ကုန္က်စရိတ္မ်ားကိုသာေပးခြင့္ရွိၿပီး အျခားအဖိုးအခမ်ားေပးျခင္းကို တားျမစ္ထားၾကပါတယ္။ဒါေၾကာင့္ အငွားကိုယ္ဝန္ေဆာင္တဲ့အခါ ေရွ႕ေနတစ္ဦးငွားရမ္းကာ အစစအရာရာေဆာင္ရြက္ၾကပါတယ္။




Credit: Health Digest Journal – Vol(9), No. (26) 16-5-2012

No comments: