Tuesday, November 3, 2020

လိင်ဆွဲဆောင်မှု မရှိသေးတဲ့ ကလေးငယ်တွေကို မုဒိန်းသမားတွေ ဘာလို့ ပစ်မှတ်ထားကြလဲ ?

လိင်ဆွဲဆောင်မှု မရှိသေးတဲ့ ကလေးငယ်တွေကို မုဒိန်းသမားတွေ ဘာလို့ ပစ်မှတ်ထားကြလဲ ? 




 မိဘများ သတိရှိပါ -“ ယောကျ်ားလေး ဖြစ်ဖြစ် / မိန်းကလေးဖြစ်ဖြစ် မွေးကင်းစ (infants) အရွယ်ကနေ အသက် ပြည့် / မပြည့်သည်ထိ လိင်ပိုင်းဆိုင်ရာ စော်ကားခံရနိုင်ပါတယ်။ စာကို အဆုံးထိ သေချာဖတ်ပါ။ 


ကလေးသူငယ် ညဉ်းပန်းနှိပ်စက်မှု(Child Abuse)ထဲမှာ တခုအပါအဝင်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု (child sexual Abuse-CSA) မှာ 


(၁)ကလေးငယ်ရဲ့ Sexualဆိုင်ရာ ကိုယ်ခန္ဓာအစိတ်အပိုင်းများ( လိင်အင်္ဂါ ၊ နို့သီးခေါင်း၊ တင်ပါး တို့ကို )ထိကိုင်ပွတ်သပ်ခြင်း


(၂)လိင်အင်္ဂါ/ တန်ဆာကို ထိကိုင်ရန် အတင်းအကျပ် စေခိုင်းခြင်း


(၃)အဓမ္မပြုကျင့်ခြင်း 


(၄)Child Pornography (ခေါ် )ကလေးသူငယ်ဆိုင်ရာ အပြာကားများ အတွက် အသုံးချခြင်း


(၅)Child Prostitution (ခေါ်) ကလေးငယ်များကို ပြည့်တန်ဆာ အလုပ်များတွင် ခိုင်းစေခြင်း


စသည်တို့ အကျုံးဝင်ပါတယ်။ 


အထူးသဖြင့် မြန်မာပြည်မှာ အဖြစ်များတာ အပေါ်ဆုံးက (၃)ချက်ပါ။ သိပ်ရင်နာဖို့ ကောင်းပါတယ်။ မိဘတွေ ဂရုစိုက်မှု အားနည်းလို့ လို့လဲ အပြစ်မတင်ချင် သလို မိဘ မရှိရှာတဲ့ သားသမီးငယ်လေးတွေ အတွက်ဆို ပိုလို့ ဝမ်းနည်းကြေကွဲဖို့ ကောင်းပါတယ်။ ဖြစ်ပြီးသွားရင် ဘာမှ ပြုပြင်မရတဲ့ အတွက် နောက်နောင် ဒီ အဖြစ်ဆိုးတွေ နည်းသထပ် နည်းအောင် ကာကွယ်နိုင်ဖို့ အတွက် မိဘ နဲ့ အုပ်ထိန်းသူ တိုင်းမှာ တာဝန်ရှိပါတယ်။ မိဘ တစ်ယောက်ဖြစ်တယ် ဆိုရင် စာကို အဆုံးထိ ဖတ်ပါ။ 


ကလေးငယ်တွေကို အဓိကပြုကျင့်တဲ့ တရားခံ အများစု လောက်ဟာ ယောကျ်ား သားတွေ ဖြစ်ပြီး မိန်းမ Case တွေကတော့ မြန်မာပြည်မှာ မရှိသလောက် အတော်လေး နည်းပါတယ်။


တရားခံ အမျိုးအစားတွေကို ပြန်ပိုင်းခြားရရင် -


ဘယ်သူတွေဟာ ကျူးလွန်နိုင်ချေ ပိုများသလဲ ?


နည်းသလဲ ? 


-ကလေးငယ်ရဲ့ ဆွေမျိုး ( အကို၊ အဖေ ၊ပထွေး၊ ဦးလေး၊ တဝမ်းကွဲ ဆွေမျိုး) - ၃၀%


-ကလေးငယ်ရဲ့ နီးစပ်ရာ ပတ်ဝန်းကျင်( မိသားစုရဲ့ မိတ်ဆွေ၊ ကလေးထိန်း၊ အိမ်နီးချင်း) - ၆၀%


-သူစိမ်း (၁၀%)


-ကလေးအချင်းချင်း ကျူးလွန်မှု(၅%) 


ကလေးအချင်းအချင်း ဖြစ်တဲ့ အမှုတွေထဲမှာ မြန်မာပြည်အတွင်း လူသိများခဲ့တဲ့ အမှုက Victoria အမှု ဖြစ်ပါတယ်။ ကလေးထိန်းပျင်းတဲ့ မိဘ နဲ့ မိုဘိုင်းဖုန်း တွေကိုမှ ကစားစရာထင်လာတဲ့ ကလေးတွေဟာ မြန်မာပြည်Server မှာ  Banထားတာ မရှိသလောက်နည်း တဲ့ Porn Website  တွေကနေ ဒီအမှုက တရားခံကလေးတွေ ဟာ - အတုယူမှားတယ်လို့ဖြစ်နိုင်ချေ  မှန့်ခန်းမိပါတယ်။  ညီအကို ချင်း ၊ မောင်နှမ ချင်း ပြန်ကျူးလွန်တဲ့ ကိစ္စတွေမှာလဲ ထို့အတူပဲ မိသားစုရဲ့ TV ယဉ်ကျေးမှုတွေမှာ ချစ်ခန်းနမ်းခန်းတောင် အတူ မကြည့်ကြတာ ၊ မိဘက  လိင်ကိစ္စကို ပညာပေးတဲ့ အနေနဲ့ စပြောဖို့ ဆိုတာ ရှိပါ့မလား?


မိဘတွေ ရဲ့ သင်ကြားမှု ဘယ်လောက်အရေးပါသလဲ ဆိုတာ ?? စေ့စေ့တွေးပါ ။  


ကလေးချင်း (child Sexual offender) ကျူးလွန်တဲ့ အမှုက minor case ဖြစ်ပြီး အရွယ် ရောက်ပြီး လူဆိုရင်တော့ Major case ဖြစ်ပါတယ်။ မွေးကင်းစကနေ - ကလေး အသက် (၁၂) နှစ်အောက်ဆို ရာဇသတ်ကြီး ဥပဒေမှာ အလိုတူတူ မတူတူ သက်ငယ် မုဒိန်းမှု ဖြစ်ပါတယ်။အသက် (၁၂)နှစ်နဲ့ အထက်ဆို သာမန် မုဒိန်းမှု ဖြစ်ပါတယ်။ ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာတော့ - (၁၈)နှစ်အောက် မှာဆို သက်ငယ်မုဒိန်းမှုလို့ အကျုံးဝင်ပါတယ်။ ထောင်ဒဏ်- နှစ်၂၀- တစ်သက်တစ်ကျွန်း ထိ ချလို့ရပါတယ် ။ 


ဆိုတော့ သူစိမ်းတွေထက် အနီးပတ်ဝန်းကျင်က လူတွေကနေ ကလေးငယ်တွေ ကို အဓမ္မပြုကျင့် ခံရနိုင်ခြေ ပိုများပြီး ဒီလိုအမှု မျိုးက မြန်မာပြည်မှာ အများဆုံး လို့ ဆိုနိုင်ပါတယ်။ ကျောင်း အဆင်း ၊ သူများအိမ်အလည် အချိန် ခဏလေးအတွင်းမှာတောင် ဖြစ်နိုင်ချေ ရှိပါတယ်။


ဘာလို့ ကလေးငယ်တွေကို ပစ်မှတ်ထားလဲ?


-မိဘ အုပ်ထိန်းမှူ အားနည်းခြင်း


-အဓမ္မပြုကျင့်ဖို့ လွယ်ကူခြင်း


-အင်အားချည့်နဲ့ခြင်း


-sexual mind zero ဖြစ်ခြင်းကြောင့် လိင်မှုကိစ္စအကြောင်း နားမလည်ခြင်း


-တိုင်တောဖို့ မသိတတ်ခြင်း


-အရွယ်ရောက်ကလေးငယ်တွေထက် အစဖျောက်ဖို့ ပိုမိုလွယ်ကူခြင်း


-အမှုကိစ္စထွက်ရပ်များအတွက် ကလေးငယ်တွေဟာ သက်သေထွက်ရန် ပိုခက်ခဲခြင်း(ဥပဒေအကြောင်း နားမလည်ပါ)


-ပန်းနု/ပန်းကောင်း အညွန့်ဖျက်လိုခြင်း


Child Molester( ကလေး မုဒိန်းသမား/ကျူးလွန်းသူ) တရားခံ အများစုရဲ့ သမိုင်းနောက်ခံ နဲ့ အအမူအကျင့် များဟာ-


-အပေါင်းအသင်း ဆက်ဆံရေး ညံဖျင်းကြသူများ၊  -စိတ်ဖိစီးမှုများပြီး ဘာလုပ်လုပ် အဆင်မပြေသူများ


-လိင်ပိုင်းဆိုင်ရာ ခံစားမှု မှုမမှန်သူများ 


-ဗဟုသုတ ခေါင်းပါးပြီး ဖျက်လိုဖျက်စီးစိတ်ရှိသူများ


-အလုပ်အကိုင်မရှိပဲ ငွေကြေးဆိုင်ရာ ပြဿနာ အလွန်များသူများ


-မိသားစု အဆင်မပြေသူများ( မုဆိုးဖို၊ အိမ်ထောင်ကွဲ၊ ...)


-ငယ်စဉ်က မိဘ-သားသမီး ဆိုးရွာသော ဆက်ဆံရေးနဲ့ ကြီးပြင်းလာသူများ


-ငယ်စဉ်က ကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု သမိုင်းရှိဖူးသူများ 


တို့ဖြစ်ကြပါတယ်။ 


ကလေးအပေါ် ကျူးလွန်ဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်များ -


ဘာကြောင့် ကျူးလွန်ကြလဲ?


-အရက် ( Alcohol dependence)


-မှုးယစ်ဆေးဝါး(Drug Dependence)


-စိတ်မှုမမှန်ခြင်း(mental illness)


-လိင်စိတ် မှုမမှန်ခြင်း(Psychosexual disorder)



မြန်မာပြည်မှာတော့ အရက်နဲ့ မူးယစ်ဆေး ကြောင့် သက်ငယ်မုဒိန်းမှုတွေ နည်းပြီး အပြုသဘောသက်သက်နဲ့ တမင် တကာကြီးကို ကျူးလွန်တာမျိုးတွေ တွေ့လာရပါတယ်။ Post-traumatic stress disorder (PTSD) ကဲ့သို့သော စိတ်ကျရောဂါ လို့ ခေါ်နိုင်တဲ့ - လူတယောက်ရဲ့ အမြင့်ဆုံးသော ၊ အန္တရာယ်အကြီးဆုံးသော စိတ်ဖိအားအခြေအနေ တမျိုး ဖြစ်ပါတယ်၊ ပေါက်ကွဲတော့မဲ့ မီးတောင်လို ၊ သဘာဝ ဘေးဆိုက်မဲ့ ကပ်ကြီး လို စိတ်ဖိအားတွေရဲ့ ထွက်ပေါက် အဖြစ် လမ်းခရီး တခုသွားနေရင်း Accident တခုကို သက်သက်ဖန်တီးလိုက်တာမျိုး ၊ လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ / အနိုင်ကျင့်ဖို့ /လူသတ်/အလောင်းဖျောက်ဖို့မျိုးတွေထိ မကြောက်တော့တဲ့ စိတ် ရောဂါ မျိုးကြောင့် လည်း ဖြစ်နိုင်ပါတယ်။ 


ဒီရောဂါက ရူးတဲ့ အဆင့်မဟုတ်ပေမဲ့ PTSD လို mental illness နဲ့ မှုမမှန်တဲ့ လိင်စိတ် (Psychosexual disorder) တို့ကြောင့် - အမှားအမှန်ကို သိလျှက် အာသာဖြေ ဆန္ဒပြီးမြောက်လိုတာကလွဲလို့  ဘာမှ မမြင်တော့တဲ့ အတွက် မုဒိန်း သမားတွေ / လူသတ်သမားတွေ ဖြစ်လာကြတာပါ။ လက်ရှိ မြန်မာပြည် စစ်တမ်းအရ အလုပ်လက်မဲ့ လူဦးရေ များသထက် များပြီး ပြဿနာကတော့ သာမန်မိသားစု ကနေ နိုင်ငံရေးတွေထိ ရှင်းမကုန်အောင် များလွန်းတဲ့ အတွက် လူ့ဦးနှောက်တွေကလည်း သုံးစရာမရအောင် ချောင်သထက် ချောင်လာကြပါတယ်။ ဘယ်လိုပဲ ဆိုဆို ...


ကြားထဲကနေ ဓားစာခံ အဖြစ် သက်သက် ခံစားလိုက်ရသူတွေက ကလေးငယ်တွေပါ ..။ ဘာတွေ နစ်နာသွားနိုင်မလဲ ?


ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ထိခိုက်မှု (Physically injures)


-အတင်းထိုးသွင်းပြုကျင့်ခြင်းကြောင့် လိင်အင်္ဂါ/တန်ဆာ ပျက်စီးခြင်း (သားအိမ် ပျက်စီး/ထုတ်ပစ်ရခြင်း)


-ရိုက်နက် နှိပ်စက်ခံရခြင်း (ခြေကျိုး/လက်ကျိုး၊ ကိုယ်လက် များ ၊အရိုးများ ကြေသည်ထိ) 


-လိင်ပိုင်းရာ ရောဂါများ ကူးစက်နိုင်ချေ များခြင်း


-သေတဲ့ထိ ပြုကျင့်ခြင်း/ ကိစ္စပြီးမြောက်၍ သတ်ပစ်ခံရခြင်း


စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Mental illnesses)


-ရှက်ရွံကြောက်လန့်လွန်ခြင်း(လူကြောက်လာခြင်း)


-စိတ်ကျခြင်း


-စိုးရိမ်စိတ်များခြင်း


-lack of self-confident ဖြစ်လာခြင်း


-အမူအကျင့်များ ပြောင်းလဲသွားခြင်း(ဒေါသကြီး၊ခိုက်ရန်လိုစိတ်များလာခြင်း)


-ကျောင်းကိစ္စများတွင် ပျက်ကွက်လာခြင်း(ဘာပျော်ပွဲ၊ Activities ကိုမှ စိတ်ဝင်စားမှု မရှိတော့ခြင်း)


-suicideကဲ့သို့သော ကိုယ်ကိုကိုယ်ထိခိုက်အောင် ပြုမူနိုင် ခြင်း 


ကျူးလွန်ခံရတဲ့ ကလေးငယ် တွေဟာ အခုလို ကျူးလွန်ခံရလို့ ဘယ်သူမှ မပြောရဲ အောင် ရှက်ရွံ ကြသလို အထူးသဖြင့် ကျူးလွန်သူတရားခံဟာ ဆွေမျိုး သို့မဟုတ် အုပ်ထိန်းသူထဲက ဆိုရင် ပြောပြဖို့ ပိုခက်ခဲကြပါတယ်။ Post-traumatic stress disorder (PTSD) ကိုပြန်လည်ခံစား ရနိုင်ပြီး victims ကလေးငယ်တိုင်း စိတ်ကျန်းမာရေးချို့တဲ့ သွားမယ်လို့ မဆိုလိုပေမဲ့ အချိန်အတော်အတန် သူတို့ရဲ့ Normal life ကို ပြန်ရဖို့ အရမ်းခက်ပါတယ်။ ပိုခက်ခဲစေတာကတော့ လူတွေရဲ့ သနားစဖွယ် ဆက်ဆံခံရတဲ့ အပြောအဆို ၊ အပြုအမူ နဲ့ အကြည့်တွေ ကြောင့် ပို အခြေအနေ ဆိုးနိုင်ပါတယ်။ ဒါကြောင့် victims ကလေးတွေကို လိုတာထက် ပို သနားပြစရာ မလိုသလို ဒီလို ကိစ္စဖြစ်မှ လိုအပ်တာထက် ပို ဂရုစိုက်ပြတာမျိုး လည်း မလိုအပ်ပါဘူး။  သူတို့ရဲ့ သာမန် life နဲ့ အတွေးအခေါ်ကို ပြန်ရဖို့ ဘာမှ မဖြစ်ခဲ့သလို ပြန်လည် အစမဖော် မမေးမမှန်းပဲ  ၊ သာမန်ပဲ ခေါ်ပြောဆက်ဆံသင့်ပါတယ်။ နဂုံးချုပ်အနေနဲ့ - အရမ်းကို အရေးကြီးတဲ့ စာ မို့ မိဘ ဖြစ်သည်ဖြစ်စေ၊ သားသမီးရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သက်ငယ်မုဒိန်းမှု လျော့ကျရေး အတွက် Share နဲ့မျှဝေ  ဖို့ မေတ္တာရပ်ခံပါရစေ ။


#Adminpan


#crimeaboutchildsexualabuse


#childsexualabuse


————————————————————-


လိင္ဆြဲေဆာင္မႈ မရွိေသးတဲ့ ကေလးငယ္ေတြကို မုဒိန္းသမားေတြ ဘာလို႔ ပစ္မွတ္ထားၾကလဲ ? 




မိဘမ်ား သတိရွိပါ -“ ေယာက်္ားေလး ျဖစ္ျဖစ္ / မိန္းကေလးျဖစ္ျဖစ္ ေမြးကင္းစ (infants) အ႐ြယ္ကေန အသက္ ျပည့္ / မျပည့္သည္ထိ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရႏိုင္ပါတယ္။ စာကို အဆုံးထိ ေသခ်ာဖတ္ပါ။ 


ကေလးသူငယ္ ညဥ္းပန္းႏွိပ္စက္မႈ(Child Abuse)ထဲမွာ တခုအပါအဝင္ျဖစ္တဲ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ (child sexual Abuse-CSA) မွာ 


(၁)ကေလးငယ္ရဲ႕ Sexualဆိုင္ရာ ကိုယ္ခႏၶာအစိတ္အပိုင္းမ်ား( လိင္အဂၤါ ၊ ႏို႔သီးေခါင္း၊ တင္ပါး တို႔ကို )ထိကိုင္ပြတ္သပ္ျခင္း

(၂)လိင္အဂၤါ/ တန္ဆာကို ထိကိုင္ရန္ အတင္းအက်ပ္ ေစခိုင္းျခင္း

(၃)အဓမၼျပဳက်င့္ျခင္း 

(၄)Child Pornography (ေခၚ )ကေလးသူငယ္ဆိုင္ရာ အျပာကားမ်ား အတြက္ အသုံးခ်ျခင္း

(၅)Child Prostitution (ေခၚ) ကေလးငယ္မ်ားကို ျပည့္တန္ဆာ အလုပ္မ်ားတြင္ ခိုင္းေစျခင္း


စသည္တို႔ အက်ဳံးဝင္ပါတယ္။ 


အထူးသျဖင့္ ျမန္မာျပည္မွာ အျဖစ္မ်ားတာ အေပၚဆုံးက (၃)ခ်က္ပါ။ သိပ္ရင္နာဖို႔ ေကာင္းပါတယ္။ မိဘေတြ ဂ႐ုစိုက္မႈ အားနည္းလို႔ လို႔လဲ အျပစ္မတင္ခ်င္ သလို မိဘ မရွိရွာတဲ့ သားသမီးငယ္ေလးေတြ အတြက္ဆို ပိုလို႔ ဝမ္းနည္းေၾကကြဲဖို႔ ေကာင္းပါတယ္။ ျဖစ္ၿပီးသြားရင္ ဘာမွ ျပဳျပင္မရတဲ့ အတြက္ ေနာက္ေနာင္ ဒီ အျဖစ္ဆိုးေတြ နည္းသထပ္ နည္းေအာင္ ကာကြယ္ႏိုင္ဖို႔ အတြက္ မိဘ နဲ႔ အုပ္ထိန္းသူ တိုင္းမွာ တာဝန္ရွိပါတယ္။ မိဘ တစ္ေယာက္ျဖစ္တယ္ ဆိုရင္ စာကို အဆုံးထိ ဖတ္ပါ။ 


ကေလးငယ္ေတြကို အဓိကျပဳက်င့္တဲ့ တရားခံ အမ်ားစု ေလာက္ဟာ ေယာက်္ား သားေတြ ျဖစ္ၿပီး မိန္းမ Case ေတြကေတာ့ ျမန္မာျပည္မွာ မရွိသေလာက္ အေတာ္ေလး နည္းပါတယ္။


တရားခံ အမ်ိဳးအစားေတြကို ျပန္ပိုင္းျခားရရင္ -

ဘယ္သူေတြဟာ က်ဴးလြန္ႏိုင္ေခ် ပိုမ်ားသလဲ ?

နည္းသလဲ ? 


-ကေလးငယ္ရဲ႕ ေဆြမ်ိဳး ( အကို၊ အေဖ ၊ပေထြး၊ ဦးေလး၊ တဝမ္းကြဲ ေဆြမ်ိဳး) - ၃၀%

-ကေလးငယ္ရဲ႕ နီးစပ္ရာ ပတ္ဝန္းက်င္( မိသားစုရဲ႕ မိတ္ေဆြ၊ ကေလးထိန္း၊ အိမ္နီးခ်င္း) - ၆၀%

-သူစိမ္း (၁၀%)

-ကေလးအခ်င္းခ်င္း က်ဴးလြန္မႈ(၅%) 


ကေလးအခ်င္းအခ်င္း ျဖစ္တဲ့ အမႈေတြထဲမွာ ျမန္မာျပည္အတြင္း လူသိမ်ားခဲ့တဲ့ အမႈက Victoria အမႈ ျဖစ္ပါတယ္။ ကေလးထိန္းပ်င္းတဲ့ မိဘ နဲ႔ မိုဘိုင္းဖုန္း ေတြကိုမွ ကစားစရာထင္လာတဲ့ ကေလးေတြဟာ ျမန္မာျပည္Server မွာ  Banထားတာ မရွိသေလာက္နည္း တဲ့ Porn Website  ေတြကေန ဒီအမႈက တရားခံကေလးေတြ ဟာ - အတုယူမွားတယ္လို႔ျဖစ္ႏိုင္ေခ်  မွန္႔ခန္းမိပါတယ္။  ညီအကို ခ်င္း ၊ ေမာင္ႏွမ ခ်င္း ျပန္က်ဴးလြန္တဲ့ ကိစၥေတြမွာလဲ ထို႔အတူပဲ မိသားစုရဲ႕ TV ယဥ္ေက်းမႈေတြမွာ ခ်စ္ခန္းနမ္းခန္းေတာင္ အတူ မၾကည့္ၾကတာ ၊ မိဘက  လိင္ကိစၥကို ပညာေပးတဲ့ အေနနဲ႔ စေျပာဖို႔ ဆိုတာ ရွိပါ့မလား?

မိဘေတြ ရဲ႕ သင္ၾကားမႈ ဘယ္ေလာက္အေရးပါသလဲ ဆိုတာ ?? ေစ့ေစ့ေတြးပါ ။  


ကေလးခ်င္း (child Sexual offender) က်ဴးလြန္တဲ့ အမႈက minor case ျဖစ္ၿပီး အ႐ြယ္ ေရာက္ၿပီး လူဆိုရင္ေတာ့ Major case ျဖစ္ပါတယ္။ ေမြးကင္းစကေန - ကေလး အသက္ (၁၂) ႏွစ္ေအာက္ဆို ရာဇသတ္ႀကီး ဥပေဒမွာ အလိုတူတူ မတူတူ သက္ငယ္ မုဒိန္းမႈ ျဖစ္ပါတယ္။အသက္ (၁၂)ႏွစ္နဲ႔ အထက္ဆို သာမန္ မုဒိန္းမႈ ျဖစ္ပါတယ္။ ကေလးသူငယ္ဆိုင္ရာ ဥပေဒမွာေတာ့ - (၁၈)ႏွစ္ေအာက္ မွာဆို သက္ငယ္မုဒိန္းမႈလို႔ အက်ဳံးဝင္ပါတယ္။ ေထာင္ဒဏ္- ႏွစ္၂၀- တစ္သက္တစ္ကြၽန္း ထိ ခ်လို႔ရပါတယ္ ။ 

ဆိုေတာ့ သူစိမ္းေတြထက္ အနီးပတ္ဝန္းက်င္က လူေတြကေန ကေလးငယ္ေတြ ကို အဓမၼျပဳက်င့္ ခံရႏိုင္ေျခ ပိုမ်ားၿပီး ဒီလိုအမႈ မ်ိဳးက ျမန္မာျပည္မွာ အမ်ားဆုံး လို႔ ဆိုႏိုင္ပါတယ္။ ေက်ာင္း အဆင္း ၊ သူမ်ားအိမ္အလည္ အခ်ိန္ ခဏေလးအတြင္းမွာေတာင္ ျဖစ္ႏိုင္ေခ် ရွိပါတယ္။


ဘာလို႔ ကေလးငယ္ေတြကို ပစ္မွတ္ထားလဲ?


-မိဘ အုပ္ထိန္းမႉ အားနည္းျခင္း

-အဓမၼျပဳက်င့္ဖို႔ လြယ္ကူျခင္း

-အင္အားခ်ည့္နဲ႔ျခင္း

-sexual mind zero ျဖစ္ျခင္းေၾကာင့္ လိင္မႈကိစၥအေၾကာင္း နားမလည္ျခင္း

-တိုင္ေတာဖို႔ မသိတတ္ျခင္း

-အ႐ြယ္ေရာက္ကေလးငယ္ေတြထက္ အစေဖ်ာက္ဖို႔ ပိုမိုလြယ္ကူျခင္း

-အမႈကိစၥထြက္ရပ္မ်ားအတြက္ ကေလးငယ္ေတြဟာ သက္ေသထြက္ရန္ ပိုခက္ခဲျခင္း(ဥပေဒအေၾကာင္း နားမလည္ပါ)

-ပန္းႏု/ပန္းေကာင္း အၫြန္႔ဖ်က္လိုျခင္း


Child Molester( ကေလး မုဒိန္းသမား/က်ဴးလြန္းသူ) တရားခံ အမ်ားစုရဲ႕ သမိုင္းေနာက္ခံ နဲ႔ အအမူအက်င့္ မ်ားဟာ-

-အေပါင္းအသင္း ဆက္ဆံေရး ညံဖ်င္းၾကသူမ်ား၊  -စိတ္ဖိစီးမႈမ်ားၿပီး ဘာလုပ္လုပ္ အဆင္မေျပသူမ်ား

-လိင္ပိုင္းဆိုင္ရာ ခံစားမႈ မႈမမွန္သူမ်ား 

-ဗဟုသုတ ေခါင္းပါးၿပီး ဖ်က္လိုဖ်က္စီးစိတ္ရွိသူမ်ား

-အလုပ္အကိုင္မရွိပဲ ေငြေၾကးဆိုင္ရာ ျပႆနာ အလြန္မ်ားသူမ်ား

-မိသားစု အဆင္မေျပသူမ်ား( မုဆိုးဖို၊ အိမ္ေထာင္ကြဲ၊ ...)

-ငယ္စဥ္က မိဘ-သားသမီး ဆိုး႐ြာေသာ ဆက္ဆံေရးနဲ႔ ႀကီးျပင္းလာသူမ်ား

-ငယ္စဥ္က ကိုယ္တိုင္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမႈ သမိုင္းရွိဖူးသူမ်ား 


တို႔ျဖစ္ၾကပါတယ္။ 


ကေလးအေပၚ က်ဴးလြန္ျဖစ္ဖို႔ တြန္းအားေပးတဲ့ အခ်က္မ်ား -

ဘာေၾကာင့္ က်ဴးလြန္ၾကလဲ?


-အရက္ ( Alcohol dependence)

-မႈးယစ္ေဆးဝါး(Drug Dependence)

-စိတ္မႈမမွန္ျခင္း(mental illness)

-လိင္စိတ္ မႈမမွန္ျခင္း(Psychosexual disorder)


ျမန္မာျပည္မွာေတာ့ အရက္နဲ႔ မူးယစ္ေဆး ေၾကာင့္ သက္ငယ္မုဒိန္းမႈေတြ နည္းၿပီး အျပဳသေဘာသက္သက္နဲ႔ တမင္ တကာႀကီးကို က်ဴးလြန္တာမ်ိဳးေတြ ေတြ႕လာရပါတယ္။ Post-traumatic stress disorder (PTSD) ကဲ့သို႔ေသာ စိတ္က်ေရာဂါ လို႔ ေခၚႏိုင္တဲ့ - လူတေယာက္ရဲ႕ အျမင့္ဆုံးေသာ ၊ အႏၲရာယ္အႀကီးဆုံးေသာ စိတ္ဖိအားအေျခအေန တမ်ိဳး ျဖစ္ပါတယ္၊ ေပါက္ကြဲေတာ့မဲ့ မီးေတာင္လို ၊ သဘာဝ ေဘးဆိုက္မဲ့ ကပ္ႀကီး လို စိတ္ဖိအားေတြရဲ႕ ထြက္ေပါက္ အျဖစ္ လမ္းခရီး တခုသြားေနရင္း Accident တခုကို သက္သက္ဖန္တီးလိုက္တာမ်ိဳး ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားဖို႔ / အႏိုင္က်င့္ဖို႔ /လူသတ္/အေလာင္းေဖ်ာက္ဖို႔မ်ိဳးေတြထိ မေၾကာက္ေတာ့တဲ့ စိတ္ ေရာဂါ မ်ိဳးေၾကာင့္ လည္း ျဖစ္ႏိုင္ပါတယ္။ 


ဒီေရာဂါက ႐ူးတဲ့ အဆင့္မဟုတ္ေပမဲ့ PTSD လို mental illness နဲ႔ မႈမမွန္တဲ့ လိင္စိတ္ (Psychosexual disorder) တို႔ေၾကာင့္ - အမွားအမွန္ကို သိလွ်က္ အာသာေျဖ ဆႏၵၿပီးေျမာက္လိုတာကလြဲလို႔  ဘာမွ မျမင္ေတာ့တဲ့ အတြက္ မုဒိန္း သမားေတြ / လူသတ္သမားေတြ ျဖစ္လာၾကတာပါ။ လက္ရွိ ျမန္မာျပည္ စစ္တမ္းအရ အလုပ္လက္မဲ့ လူဦးေရ မ်ားသထက္ မ်ားၿပီး ျပႆနာကေတာ့ သာမန္မိသားစု ကေန ႏိုင္ငံေရးေတြထိ ရွင္းမကုန္ေအာင္ မ်ားလြန္းတဲ့ အတြက္ လူ႔ဦးေႏွာက္ေတြကလည္း သုံးစရာမရေအာင္ ေခ်ာင္သထက္ ေခ်ာင္လာၾကပါတယ္။ ဘယ္လိုပဲ ဆိုဆို ...


ၾကားထဲကေန ဓားစာခံ အျဖစ္ သက္သက္ ခံစားလိုက္ရသူေတြက ကေလးငယ္ေတြပါ ..။ ဘာေတြ နစ္နာသြားႏိုင္မလဲ ?


ကိုယ္ခႏၶာပိုင္းဆိုင္ရာ ထိခိုက္မႈ (Physically injures)


-အတင္းထိုးသြင္းျပဳက်င့္ျခင္းေၾကာင့္ လိင္အဂၤါ/တန္ဆာ ပ်က္စီးျခင္း (သားအိမ္ ပ်က္စီး/ထုတ္ပစ္ရျခင္း)

-႐ိုက္နက္ ႏွိပ္စက္ခံရျခင္း (ေျခက်ိဳး/လက္က်ိဳး၊ ကိုယ္လက္ မ်ား ၊အ႐ိုးမ်ား ေၾကသည္ထိ) 

-လိင္ပိုင္းရာ ေရာဂါမ်ား ကူးစက္ႏိုင္ေခ် မ်ားျခင္း

-ေသတဲ့ထိ ျပဳက်င့္ျခင္း/ ကိစၥၿပီးေျမာက္၍ သတ္ပစ္ခံရျခင္း


စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ (Mental illnesses)


-ရွက္႐ြံေၾကာက္လန္႔လြန္ျခင္း(လူေၾကာက္လာျခင္း)

-စိတ္က်ျခင္း

-စိုးရိမ္စိတ္မ်ားျခင္း

-lack of self-confident ျဖစ္လာျခင္း

-အမူအက်င့္မ်ား ေျပာင္းလဲသြားျခင္း(ေဒါသႀကီး၊ခိုက္ရန္လိုစိတ္မ်ားလာျခင္း)

-ေက်ာင္းကိစၥမ်ားတြင္ ပ်က္ကြက္လာျခင္း(ဘာေပ်ာ္ပြဲ၊ Activities ကိုမွ စိတ္ဝင္စားမႈ မရွိေတာ့ျခင္း)

-suicideကဲ့သို႔ေသာ ကိုယ္ကိုကိုယ္ထိခိုက္ေအာင္ ျပဳမူႏိုင္ ျခင္း 


က်ဴးလြန္ခံရတဲ့ ကေလးငယ္ ေတြဟာ အခုလို က်ဴးလြန္ခံရလို႔ ဘယ္သူမွ မေျပာရဲ ေအာင္ ရွက္႐ြံ ၾကသလို အထူးသျဖင့္ က်ဴးလြန္သူတရားခံဟာ ေဆြမ်ိဳး သို႔မဟုတ္ အုပ္ထိန္းသူထဲက ဆိုရင္ ေျပာျပဖို႔ ပိုခက္ခဲၾကပါတယ္။ Post-traumatic stress disorder (PTSD) ကိုျပန္လည္ခံစား ရႏိုင္ၿပီး victims ကေလးငယ္တိုင္း စိတ္က်န္းမာေရးခ်ိဳ႕တဲ့ သြားမယ္လို႔ မဆိုလိုေပမဲ့ အခ်ိန္အေတာ္အတန္ သူတို႔ရဲ႕ Normal life ကို ျပန္ရဖို႔ အရမ္းခက္ပါတယ္။ ပိုခက္ခဲေစတာကေတာ့ လူေတြရဲ႕ သနားစဖြယ္ ဆက္ဆံခံရတဲ့ အေျပာအဆို ၊ အျပဳအမူ နဲ႔ အၾကည့္ေတြ ေၾကာင့္ ပို အေျခအေန ဆိုးႏိုင္ပါတယ္။ ဒါေၾကာင့္ victims ကေလးေတြကို လိုတာထက္ ပို သနားျပစရာ မလိုသလို ဒီလို ကိစၥျဖစ္မွ လိုအပ္တာထက္ ပို ဂ႐ုစိုက္ျပတာမ်ိဳး လည္း မလိုအပ္ပါဘူး။  သူတို႔ရဲ႕ သာမန္ life နဲ႔ အေတြးအေခၚကို ျပန္ရဖို႔ ဘာမွ မျဖစ္ခဲ့သလို ျပန္လည္ အစမေဖာ္ မေမးမမွန္းပဲ  ၊ သာမန္ပဲ ေခၚေျပာဆက္ဆံသင့္ပါတယ္။ နဂုံးခ်ဳပ္အေနနဲ႔ - အရမ္းကို အေရးႀကီးတဲ့ စာ မို႔ မိဘ ျဖစ္သည္ျဖစ္ေစ၊ သားသမီးရွိသည္ျဖစ္ေစ ၊ မရွိသည္ျဖစ္ေစ သက္ငယ္မုဒိန္းမႈ ေလ်ာ့က်ေရး အတြက္ Share နဲ႔မွ်ေဝ  ဖို႔ ေမတၱာရပ္ခံပါရေစ ။




#Adminpan

#crimeaboutchildsexualabuse

#childsexualabuse

No comments: