Thursday, November 5, 2020

ခါးနာခြင်းအတွက် ယောဂကျင့်စဉ်

ခါးနာခြင်းအတွက် ယောဂကျင့်စဉ်

Yoga for Back Pain

🕉🙏💚




#ခါးနာခြင်းဟူသည် ကျောနောက်ဖက်ကြွက်သား ၊ နာဗ်ကြော ၊ အရိုး ၊ အရိုးဆက်အကြား ၊ ကြားခံအရွတ် ၊ ကျောရိုးဆစ် စသည်ဖြင့် နေရာတစ်ခုခုတွင် နာကျဉ်ခြင်းဖြစ်သည် ။ ရုတ်တရက် အလေးအပင်မခြင်း ၊ အထိုင်အထ မူမမှန်ခြင်း ၊ အထိုင်များစွာဖြင့် အလုပ်လုပ်ရသဖြင့် အညောင်းမိနေသူများ ၊ အဝေးပြေးကားမောင်းသူများ ၊ မီးအပူနှင့် နီးကပ်စွာ အလုပ်လုပ်ရသူများတွင် အဖြစ်များတတ်ပါသည် ။ ယေဘူယအားဖြင့် အဝလွန်နေသူ ၊ အထိုင်များသူ ၊ ဆီးချိုရှိသူ နှင့် ခါးအလုပ်များသူများတွင် အဖြစ်များတတ်ပါသည် ။ ⏩⏩


လေ့လာမှုများအရ လူသားတို့၏ ၈၀% ကျော် (သို့) လူတိုင်းနီးပါးသည် ဘဝတွင် ခါးနာခြင်းကို ကြုံဖူးကြသည်ဟု ဆိုပါသည် ။ သုတေသီများ၏ အဆိုအရ အသက် ၄၀ ကျော်ပါက အရိုးများအားနည်းကာ ကယ်လ်စီယမ်ကုန်ခမ်းခြင်းကြောင့် ကျား ၈၄% ၊ မ ၇၄% သည် ခါးနာခြင်းကို ကြုံတွေ့ရသည်ဟု ဆိုပါသည် ။ ခါးနာခြင်း Back Pain နှင့်အတူ ခါးကြောညပ်ခြင်း Sciatica Pain ၊ ခါးဆစ်ရိုးများကြားရှိ ကြားခံ Intervertebral Disc ကျွံခြင်းတို့လည်း ဖြစ်တတ်ပြီး ‌ကျောအောင့်ခြင်း ၊ ခါးစောင်းခြင်း ၊ ပေါင်တန်းခြင်း ၊ တင်ပါးခွက်ကိုက်ခြင်း ၊ နာကျဉ်မှုကြောင့် ခြေဖျားထော့နဲ့ထော့နဲ့ဖြစ်ခြင်း ၊ ခြေထောက်ခြေဖျားများ ထုံကျဉ်နေခြင်း စသည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်လာတတ်ပါသည် ။⏩⏩


Cauda Equina Syndrome ဟု‌ခေါ်ဆိုသော အာရုံကြောမျှင်များ ဖိနှိပ်ခံရသောအခါ နာတာရှည်ဖြစ်သွားတတ်ပြီး ဆီး ဝမ်း မထိမ်းနိုင်ဖြစ်ကာ အောက်ပိုင်းသေ လေဖြတ်ခြင်းအထိ ဖြစ်ပွားနိုင်သဖြင့် မပေါ့ဆသင့်သော ရောဂါတစ်ခုဖြစ်ပါသည် ။⏩⏩




#ဘာ့ကြောင့်ဖြစ်ပွားရသလဲ ။🕵🕵


ခါးအောက်ပိုင်း (သို့) ကျောရိုးအောက်ခြေပိုင်းသည် ကျောအောက်ပိုင်း ကျောရိုးဆစ် ၅ ခု (Lumbar Vertebrae) ၊ ကျောရိုးနာဗ်ကြောစည်း (Spinal Cord) ၊ ကျောရိုးဆစ်များကြားရှိ ခါးရိုးဆစ်ပြားဟုခေါ်သော ကြားခံကူရှင်ဝိုင်းများ (Discs) ၊ ကြွက်သားပေါင်း ၄၀၀ နှင့် ကြွက်သားအဆက်ရွတ်ပေါင်း ၁၀၀၀ ခန့်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည် ။ ခါးနာခြင်း ဘာ့ကြောင့်ဖြစ်ပွားရသည်ဆိုပါက ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များလက်ထက် မတ်တပ်ရပ်ခြင်းက စတင်ရပါမည် ။⏩⏩


ကျွန်တော်တို့ မွေးဖွားလာစဉ်က ကျောရိုးသည် ဖြောင့်တန်းနေသော်လည်း ခေါင်းကို တည့်မတ်အောင် ထူသောအခါ ကျောရိုးဆစ်များသည် လည်ပင်းနေရာတွင် ကွေးပေးရသည် ။ လမ်းစလျှောက်တတ်ချိန်တွင် ခါးအောက်ပိုင်းတွင် ကွေးပေးရသည် ။ ထို့ကြောင့်ပင် ကျွန်ုပ်တို့၏ ကျောရိုးများသည် ဖြောင့်တန်းစွာ မရှိတော့ဘဲ အင်္ဂလိပ် အက္ခရာ S ပုံသဏ္ဍာန်ကဲ့သို့ ဖြစ်နေပေသည် ။ အပေါ်ဆုံး #လည်ပင်းပိုင်းကျောရိုးဆစ် ၇ ခု ( Cervical Vertebrae ) သည် ဦးခေါင်းကို ငုံ့ ၊ မော့ ရန်နှင့် ဘေး ဘယ်/ညာ သို့ ၁၈၀˚ လှည့်နိုင်စေရန် ပြုလုပ်ပေးပါသည် ။ ဤအပိုင်းတွင် ပြဿနာဖြစ်နိုင်ခဲသော်လည်း တခါတရံတွင် Disc များသည် ဖြစ်တောင့်ဖြစ်ခဲစွာ ပေါက်ပြဲနိုင်ပါသည် ။⏩⏩


#ရင်ပိုင်းကျောရိုးဆစ်များ (Thoracic Vertebrae) တွင် အဆစ်‌ပေါင်း ၁၂ ခု ရှိ၍ နံရိုးများသည် ယင်းကျောရိုးဆစ်များတွင် ချိတ်ထားပါသည် ။ ဤအပိုင်းတွင် ပြဿနာဖြစ်နိုင်ခြေ အလွန်နည်းပါးပါသည် ။ အောက်ပိုင်းဖြစ်သော #ခါးပိုင်း(Lumbar Vertebrae) တွင် ကျောရိုးဆစ် ၅ ခု ရှိပြီး အောက်ဆုံးပိုင်း ခါးရိုးဆစ်(Sacral Segment) အပိုင်း ၅ ပိုင်းသည် မြီးညောင်းရိုး (Coccyx) အဖြစ် ပေါင်းစပ်သွားပါသည် ။ ခါးအောက်ပိုင်း ကျောရိုးဆစ်များသည် ခန္ဓာကိုယ် အလေးချိန်ကို ‌ထောက်မကာ သယ်မထားကြရသည်ဖြစ်ပြီး အထူးသဖြင့် ကျောအောက်ပိုင်း ကျောရိုးဆစ် အမှတ် ၄ မှ အမှတ် ၅ တစ်ဝိုက်တွင် ဒုက္ခအများဆုံး ရောက်တတ်ပါသည် ။⏩⏩


ယင်းအဆစ်များသည် ရွက်ဖျင်တိုင်ကဲ့သို့ပင် ခန္ဓာကိုယ်ကို ထောက်မခြင်း နှင့် ဆွဲဆန့်ခြင်းတို့ကြားတွင် အမြဲချိန်ညှိနေရပေသည် ။ ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးစုံဖြစ်သော ထိုင်ခြင်း ၊ ထခြင်း ၊ ခါးကုန်းခြင်း ၊ ခါးလှည့်ခြင်းတို့တွင် ပါဝင်ရသည် ။ ခန္ဓာကိုယ် အပေါ်ပိုင်းအလေးချိန်ကိုလည်း ထောက်ပံ့ပေးထားရသည် ။ လမ်းလျှောက်သည့်အခါ တင်ပါးကြွက်သားများကို အလိုက်သင့်ဖြစ်နေစေရန် ပြုလုပ်ပေးရပြီး ကျောရိုးတစ်ခုလုံးကို တည့်မတ်နေစေရန် ထောက်မပေးရပြန်သည် ။⏩⏩


#ဘယ်သူတွေမှာအဖြစ်များသလဲ ။👩‍🏫👩‍🔧👨‍🎨👩‍🍳👷


ခါးနာခြင်းဟူသည် ကြွက်သားများ ၊ အရွတ်များ နှင့် ခါးရိုးဆစ်ပြားများတွင် ပြဿနာတစ်စုံတစ်ခု‌ကြောင့် ထိခိုက်ဒဏ်ရာ ရသွားသည့်အခါ ဖြစ်ပေါ်တတ်ပါသည် ။ ခန္ဓာကိုယ်တွင် စနစ်တကျ စီစဉ်ထားသည့် ထောက်မသည့်စနစ်ရှိသည် ။ ယင်းစနစ်က ခါးတွင် ဒုက္ခတစ်ခုခု တွေ့သည့်အခါ ခန္ဓာကိုယ်တွင် ဒဏ်ဖြစ်ခြင်းကို ကာကွယ်ရန်အတွက် ကြွက်သားများကို ကျပ်စည်းသလို လိမ်ညစ်ပေးသည့်အတွက် #တင်ခံနာဗ်ကြော(Sciatic Nerve) ကိုပါ ဆွဲမိကာ အကျိုးဆက်အနေဖြင့် ခါးနာခြင်း ဖြစ်လာရသည် ။⏩⏩


ထို့ပြင် ခါးနာခြင်းသည် ကိုယ်ခံစွမ်းအားကျဆင်းပြီး ကူးစက်ရောဂါ(ဥပမာ-တီဘီရောဂါ)များ ဖြစ်ပွားသောအခါ ၊ မွေးရာပါ ခါးအနေအထား ပျက်ယွင်းသူများတွင်ဖြစ်တတ်သည့် ခါးရိုးကောက်ခြင်း (Scoliosis)ကြောင့်သော်လည်းကောင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ သုပ်ရည်ဂလင်းများ ၊ အသည်းတွင် ပြဿနာဖြစ်လျှင်သော်လည်းကောင်း ၊ အသက်ကြီးသူများတွင် အရိုးပါး အရိုးပွခြင်း ၊ မတော်တဆမှုများ‌ကြောင့် ကြွက်သားများ ပေါက်ပြဲခြင်း ၊ ခါးရိုးဆစ်ပြားများတွင် ထိခိုက်မိခြင်း ၊ ကျောရိုးဆစ်များ ဆက်သွားခြင်း ၊ ရိုးဆက်ရောင်ရမ်းနာများနှင့် စိတ်ထိခိုက်မှုများ‌ကြောင့်လည်း ဖြစ်ရနိုင်ပါသည် ။⏩⏩


အမျိုးသမီးများတွင်ကား ကိုယ်ဝန်‌ဆောင်ချိန်တွင် ကိုယ်အလေးချိန် တိုးလာခြင်း ၊ ဗိုက်ခွဲမွေးရာတွင် မိမိနှင့် သဟဇာတမဖြစ်သော ထုံ‌ဆေးကြောင့် ၊ မီးဖွားပြီးချိန်တွင် ကလေးကိုသာ အာရုံစိုက်မှုများကာ မိမိ၏ နေထိုင်မှုပုံစံမမှန်တော့ခြင်း ၊ သားဥအိမ်ကင်ဆာရောဂါ ဖြစ်ပွားခြင်း ၊ ဓမ္မတာလာစဉ်အချိန် နှင့် မီးယပ်ရောဂါ တစ်ခုခုကြောင့် စသည့်အကြောင်းရင်းများကြောင့် ခါးနာခြင်း ဝေဒနာကို ခံစားရနိုင်ပါသည် ။⏩⏩


#ကုသနည်း👩‍⚕️👨‍⚕️💚


အကယ်၍ သင်၏ ခါးသည် တစ်ခုခုကြောင့် မျက်သွားလျှင် ဦးစွာ မည်သည့်အလုပ်မှ မလုပ်တော့ဘဲ ၂ ရက်ခန့် အနားယူပါ ။ ဖြစ်ဖြစ်ချင်း ၄၈ နာရီအတွင်း ရေခဲကို တစ်ကြိမ်ကပ်လျှင် မိနစ် ၂၀ ဖြင့် ၂ နာရီခြား တစ်ခါ ကပ်ပေးပါ ။ အကိုက်အခဲ သက်သာစေသည့် ပလာစတာများကိုလည်း ကပ်ပေးနိုင်ပါသည် ။ ခါးကို ခါးနာခါးပတ် (သို့) ခါးစည်းဖြင့် ပတ်ထားပေးပါ ။ ပါရာစီတမော နှင့် အိုင် ဗျူ ရိုပရိုဖန် စသည့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါသည် ။ ပက်လက်အိပ်သည့်အခါ ဒူးခေါင်းအောက်တွင် ခေါင်းအုံးကို ခံပါ ။⏩⏩




ဘေးစောင်းအိပ်ပါက ဒူးနှစ်ခု သို့ ခြေထောက်နှစ်ဖက်ကြားတွင် ခွခေါင်းအုံးကို ခံပါ ။ ဖြစ်ဖြစ်ခြင်း ခါးလှည့်ခြင်း ၊ အလေးမခြင်း စသည့် မည်သည့်လေ့ကျင့်ခန်းကိုမှ မပြုလုပ်ဘဲ ၂ ပါတ်ခန့် နားပါ ။

နာတာရှည် ခါးနာခြင်းကို ကုသနေစဉ်နှင့် ကုသပြီးနောက်ပိုင်း ကာလများတွင် ခါးကြွက်သားများ ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် များစွာအရေးကြီးလှပါသည် ။ မှန်ကန်ကောင်းမွန်သော ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို မပြုလုပ်ပါက ဒါဏ်ရာရခဲ့သော ကြွက်သားသည် သိမ်သွားတတ်သဖြင့် နာတာရှည် ခါးမျက်ခြင်း ၊ ခါးနာခြင်းများကို ကြုံတွေ့ရလေ့ရှိသဖြင့် နာတာရှည် နာကျဉ်မှုစွဲကျန်တတ်ပါသည် ။⏩⏩


#ယောဂကျင့်စဉ်က ခါးနာခြင်းကို သက်သာပျောက်ကင်း စေနိုင်ပါ့မလား ။🔄👍📌📌


ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း နှင့် ညံ့ဖျင်းသော အာဟာရတို့သည် မလွဲမသေ တစ်ချိန်ချိန်၌ သင့်ကို ခါးနာခြင်း ဝေဒနာကို ဖြစ်စေနိုင်ပါသည် ။ ထို့ကြောင့်ပင် အချိန်ရှိနေသေးချိန်၌ ခါးနာခြင်းကို မဖြစ်ပွားစေရန်နှင့် ကာကွယ် ကုသနိုင်ရန် လေ့ကျင့်ခန်းတစ်ခုခုကို သင် ပြုလုပ်ဖို့လိုအပ်နေပါပြီ ။ လူနာတော်တော်များများနှင့် ဆရာဝန်တိုင်း၏ ထောက်ခံချက်အရ ယောဂကျင့်စဉ်သည် ခါးနာခြင်းအတွက် အကောင်းဆုံးကျင့်စဉ်ပင် ဖြစ်သည် ။ 👇👇👇


#အဘယ့်ကြောင့်နည်း ။🙏🙏🙏


📌📌 ကျောရိုးကြွက်သားဖွဲ့စည်းမှု ကွန်ယက်တွင် ခါးနှင့် ဝမ်းဗိုက်ကြွက်သားများသည် ပဓာနကျ၍ အ‌ရေးကြီးသော ကြွက်သာများပင် ဖြစ်သည် ။ ယောဂကျင့်စဉ်များသည် ယင်းကြွက်သားများ၏ လုပ်ငန်းစွမ်‌ဆောင်ရည်ကို ထောက်ပံ့ကူညီပေးနိုင်သည့်အတွက် ခါးနာခြင်းကိုပါ တစ်ပါတည်း သက်သာလာစေပါသည် ။


📌📌ခါးနာခြင်းကို သက်သာလာစေရန် ကြွက်သားများကို ဆွဲဆန့်ပေးခြင်းသည် ပဓာနကျလှပါသည် ။ ယောဂကျင့်စဉ်များဖြင့် ပေါင်နောက်ကြွက်သားများကို ဆွဲဆန့်ပေးလိုက်သောအခါ တင်ပါးဆုံပိုင်း၏ လှုပ်ရှားဆောင်ရွက်မှုကို တိုးတက်လာစေပြီး ခါးအောက်ပိုင်းတွင် ဝန်ပိနေမှုကို လျော့ကျသွားစေနိုင်ပါသည် ။


📌📌 ထို့ပြင် အကြောအချဉ်များကို ဆွဲဆန့်ပေးလိုက်ခြင်းဖြင့် ခါးအောက်ပိုင်းတွင် သွေးလှည့်ပတ် စီးဆင်းမှုကို တိုးတက်လာစေပြီး ကြွက်သားနှင့် တစ်ရှုးများကိုပါ အာဟာရဓါတ် ဖြည့်ပေးနိုင်ပါသည် ။ ယင်း အာဟာရဓါတ် ပြည့်ဝသော သွေးများက ကြွက်သားများကို သွက်လက်လာစေပြီး အဆိပ်အတောက်များ သန့်စင် ရှင်းထုတ်ရေးကိုပါ ကူညီပေးနိုင်ပါသည် ။


📌📌 မကောင်းသော အတွေးများသည် သင်၏ စိတ်ကို ဝန်ပိစေပြီး အလွန်အကျွံ ဖိစီးမှုကို ဖြစ်စေကာ ခါးနာခြင်းကိုလည်း ပိုမို ဆိုးရွားလာစေပါသည် ။ ယောဂအာစန များနှင့်အတူ တရားထိုင်ခြင်းတို့သည် သင့်စိတ်ကို ငြိမ်းအေးစေကာ ဖိစီးမှုများမှ သက်သာစေပြီး ခါးနာခြင်းကို သက်သာလာစေပါသည် ။


ထို့ကြောင့်ပင် ခါးနာခြင်းကို သက်သာလာစေမည့် #ယောဂအာစနအကွက်များကို အောက်တွင်ဖော်ပြပေးထားပါသည် ။ 💠💠🕉💠💠


⭕⭕ သတိပြုရန်မှာ ယင်းအကွက်များသည် သာမာန်နာတာရှည် အ‌ပျော့စားခါးနာမှုများကိုသာ သက်သာစေနိုင်ပါသည် ။ မခံမရပ်နိုင်‌လောက်အောင် နာကျဉ်မှုကို ခံစားနေရပါက နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ ပြသတိုင်ပင်ခြင်းက အကောင်းဆုံးဖြစ်သည် ။


✅✅ ထို့ပြင် အကွက်များကို ပြုလုပ်မည်ဆိုပါက ဆရာဝန်နှင့် ဦးစွာ ပြသဆွေးနွေးကာ ကျွမ်းကျင်သော ယောဂဆရာ၏ လမ်းညွှန်မှုဖြင့်သာ လေ့ကျင့်ရပါမည် ။


1️⃣ Bitilasana #ဘိတိလားစန (နှားပုံစံ) 💠💠




ဘိတိလ် ဟူသော သက္ကတစကားသည် နွားကို ဆိုလိုပြီး အာစနသည် အကွက် ၊ ပုံစံ ဖြစ်သည် ။ ဤကိုယ်နေဟန်ထားသည် နွားတစ်ကောင်၏ ပုံစံနှင့် ဆင်တူသဖြင့် ဤအမည်တွင်နေခြင်းဖြစ်သည် ။ နွားပုံစံကို လေ့ကျင့်ရာတွင် ကြောင်ပုံစံနှင့် တွဲဖက်၍ လေ့ကျင့်ရပေသည် ။ အဆိုပါ အကွက် ၂ မျိုးကို ပေါင်းစပ်၍ လေ့ကျင့်ခြင်းကို Cakravakasana ချက္ကရာ ဝါးကားစန ဟုခေါ်ပါသည် ။ နွားပုံစံကျင့်စဉ်သည် ဗင်ယာစယောဂကျင့်စဉ်၏ အခြေခံအကွက်တစ်ကွက်ဖြစ်ပြီး လေ့ကျင့်ရာတွင် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ ထားရှိ လေ့ကျင့်နိုင်ပါသည် ။🛡🛡


ယောဂကျင့်စဉ် အာစနအကွက်များကို လေ့ကျင့်ရာတွင် အစာအိမ်သည် သန့်ရှင်းစင်ကြယ်နေရန် နှင့် ဗိုက်ထဲတွင် အစာမရှိရန်သည် များစွာအရေးကြီးလှပါသည် ။ ထို့ကြောင့်ပင် လေ့ကျင့်ခန်းနှင့် အစာစားချိန်သည် အနည်းဆုံး ၄ နာရီမှ ၆ နာရီအထိ ခြားထားရန်လိုပါသည် ။ အကောင်းဆုံးမှာ မနက်စောစော နေထွက်ပြူစ ကိုယ်လက်သန့်စင်ပြီးချိန်ဖြစ်သည် ။ ဒုတိယအကောင်းဆုံးမှာ ညနေ နေဝင်ခါနီးအချိန်ပင် ဖြစ်သည် ။ အဆိုပါအချိန်များသည် အစာစားချိန်နှင့်လည်း ‌ဝေးသလို နေ ၊ လတို့၏ စွမ်းအားများ ကမ္ဘာပေါ်သို့ သက်ရောက်ချိန်ဖြစ်သဖြင့် လေ့ကျင့်ရာတွင် အကျိုးများစွာ ဖြစ်စေပါသည် ။🛡🛡


သို့ရာတွင် အချိန်မအားလပ်သူများ အနေဖြင့် မိမိတို့ အဆင်ပြေနိုင်မည့် အချိန်တွင် ကောင်းမွန်စွာ လေ့ကျင့်နိုင်ပါသည် ။ သို့ရာတွင် မည်သည့်အချိန်တွင် လေ့ကျင့်သည်ဖြစ်စေ ဗိုက်ထဲတွင် အစာဖြင့် ပြည့်တင်းမနေရန်သည် အရေးကြီးပါသည် ။ ထို့ကြောင့်ပင် ယောဂကျင့်စဉ်နှင့် အစာစားခြင်းအကြောင်းကို အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည် ။

https://m.facebook.com/story.php?story_fbid=446902115738825&id=100012571210267


အကျိုးကျေးဇူးများ 💎💎


ကျောရိုးလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အားလျော်စွာ ကျောရိုးကို ကောင်းမွန်စွာ ဆွဲဆန့်ပေးနိုင်ပြီး ကိုယ်နေဟန်ထား နှင့် ဟန်ချက်ကိုလည်း ထိမ်းညှိပေးပါသည် ။ လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတို့ကိုလည်း ဆွဲဆန့်ပေးနိုင်ပြီး လည်ပင်းအောက် အဆီများကို ကျစေကာ မေးနှစ်ထပ်ဖြစ်ခြင်းကို ကာကွယ်ပေးသည် ။ ခန္ဓာကိုယ်အတွင်း အော်ဂင်များကို နှိပ်နှယ်ပေးသကဲ့သို့ ဖိအားသက်ရောက်စေပြီး တစ်ကိုယ်လုံးတွင် သွေးလှည့်ပတ်စီးဆင်းမှုကို တိုးတက်လာစေပါသည် ။🛡🛡


စိတ်ဖိစီးမှုများကို လျေ့ာကျစေပြီး စိတ်ကိုလည်း ငြိမ်သက်အေးချမ်းစေပါသည် ။ ကျောရိုးများကို ဆွဲဆန့်ပေးနိုင်သည့်အတွက် ဖိစီးမှုများကို ကင်းဝေးစေကာ ခါးနာခြင်းကို သက်သာစေပါသည် ။ ဤကျင့်စဉ်သည် Sciatica ခေါ်  ခါးကြောညှပ်၍ ပေါင်ကြောတင်း ၊ တင်ပါးခွက်အောင့် ၊ ခြေသလုံးတောင့်ကာ လမ်းမလျှောက်နိုင်သည့် ရောဂါအတွက်လည်း ကုထုံးအကွက်တစ်ကွက် ဖြစ်ပါသည် ။🛡🛡


2️⃣ Marjariasana #မာရ်ဂျရာစန (ကြောင်ပုံစံ) 💠💠




သက္ကတဘာသာ မာရ်ဂျရီသည် ကြောင်မကို ခေါ်ဆိုခြင်းဖြစ်သည် ။ ယောဂကျင့်စဉ်အကွက်များစွာသည် သဘာဝ ရေ မြေ တောတောင် နှင့် ကျေးငှက်တိရိစ္ဆာန်များ၏ ကိုယ်ဟန်ကို တုပထားခြင်းဖြစ်သည် ။ ထို့ကြောင့်ပင် မိမိတို့ အိမ်ရှိ ကြောင်ကလေးများသည်လည်း သင်၏ မြင်ဆရာ ဖြစ်လာနိုင်ပါသည် ။🛡🛡


ဤကျင့်စဉ်သည် ကြောင်ကလေးများ အညောင်းဆန့်သကဲ့သို့ ‌ကျောရိုးတစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင် ဆွဲဆန့်ပေးနိုင်သော ကျင့်စဉ်ပင်ဖြစ်သည် ။ မည်မျှအကျိုး ရှိသည်ဟု ပြေပြရန်ပင် ခက်လောက်အောင် အထောက်အကူပြုနိုင်သော အကွက်ဖြစ်ပါသည် ။🛡🛡


ကြောင်ပုံစံကျင့်စဉ်သည် အာ့ရှ်တန်ဂကျင့်စဉ်၏ အခြေခံအဆင့် အကွက်တစ်ကွက်ဖြစ်ပါသည် ။ လေ့ကျင့်ရာတွင် နွားပုံစံ နှင့် ကြောင်ပုံစံ တို့ကို နှစ်ခုပေါင်းစပ်၍ လေ့ကျင့်ရပါသည် ။ ယင်းကို ချက္ကရာ ဝါးကားစနဟု ခေါ်ပါသည် ။

Cakravakasana ချက္ကရာ ဝါးကားစန ဟူသည် အကွက်အသစ် မဟုတ်ဘဲ နွား နှင့် ကြောင်ပုံစံ ၂ ခုကို ပေါင်းစပ်လေ့ကျင့်ရခြင်း ဖြစ်သည် ။ လေ့ကျင့်နည်းစနစ်များစွာရှိပြီး အများအားဖြင့် ရှုသွင်းချိန်တွင် နွားပုံစံကို ပြုလုပ်ပြီး ရှုထုတ်သည့်လေနှင့်အတူ ခေါင်းကို ငုံ့ကာ ကြောင်ပုံစံသို့ ပြောင်းလဲလေ့ကျင့်နည်းကို လေ့ကျင့်ကြပေသည် ။🔑🔑


ပြုလုပ်ရာတွင် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်နိုင်ပါသည် ။ တစ်ခြားနည်းလမ်း တစ်ခုမှာ အကွက် ၁ ခုစီတွင် ၁၀ စက္ကန့်စီ နေပေးခြင်းဖြစ်သည် ။ နွားပုံစံကို ၁၀ စက္ကန့်နေပြီးနောက် ကြောင်ပုံစံကိုလည်း ၁၀ စက္ကန့် ပြုလုပ်ရခြင်း ဖြစ်သည် ။ ထိုစနစ်ကိုလည်း ၅ ကြိမ်မှ ၆ ကြိမ်အထိ လေ့ကျင့်ပေးနိုင်ပါသည် ။🛡🛡


အကျိုးကျေးဇူးများ 💎💎


ကျောရိုးတစ်ခုလုံးကို ဆွဲဆန့်ပေးနိုင်ပြီး ပျော့ပျောင်းမှုကိုပါ တိုးတက်လာစေနိုင်သော ကျင့်စဉ်ဖြစ်သည် ။ လက်ကောက်ဝတ် ၊ ပခုံး တို့ကိုလည်း သန်စွမ်းလာစေနိုင်ပါသည် ။ နွားပုံစံသည် လည်ပင်းနှင့် ရင်ဘတ်ပိုင်း ၊ ကြောင်ပုံစံသည် ဇက်ပိုး နှင့် နောက်ကျောပိုင်းတို့ကို ဆွဲဆန့်ပေးနိုင်ပါသည် ။ အစာခြေအင်္ဂါစနစ်ကိုလည်း ဖိအားသက်ရောက်စေသည့်အတွက် ယင်းစနစ်ကို အထောက်အကူပေးကာ အစာချေဖျက်အားကို တိုးတက်လာစေပါသည် ။🔑🔑


ဝမ်းဗိုက်ကို အားပြုညစ်ထားရခြင်းဖြစ်ရာ ဗိုက်သားများကိုလည်း လှုံ့ဆော်ပေးနိုင်ပြီး မလိုအပ်သော အဆီပိုများကို လျေ့ာကျစေနိုင်ပါသည် ။ အလျင်အမြန်ပင် ဗိုက်အဆီများကို လျေ့ချပေးနိုင်သည်ဟု မဆိုလိုဘဲ ဖြည်းဖြည်းနှေးနှေးဖြင့် လျေ့ာကြသွားခြင်း ဖြစ်သည် ။ သွေးကောင်းသွေးသန့်မျာနှင့်တကွ ‌အောက်စီဂျင်ကိုပါ တစ်ကိုယ်လုံးသို့ ပျံ့နှံ့ရောက်ရှိသွားစေနိုင်ပြီး စိတ်တွင်လည်း ဖိစီးမှုများကို လျော့ကျသွားစေနိုင်မည့် ကျင့်စဉ်တစ်ရပ် ဖြစ်ပါသည် ။🔑🔑


3️⃣ Bharadvajasana #ဘာရတ်ဗာဂျာစန (ထိုင်လျက် ခါးလှည့်ခြင်းပုံစံ) 💠💠




ဤကျင့်စဉ်တွင် အမှတ် ၁ နှင့် ၂ ဟူ၍ ရှိပြီး #တမန်တော်ပုံစံ ဟူ၍လည်း ခေါ်ကြပါသည် ။ ဘာရတ်ဗာဂျာစနဟူသည် ဝေဒကျမ်းများ၌ အထူးထင်ရှားလှသော သူတော်စင်ကြီး ဘာရတ်ဗာဂျာ၏ အမည်ကိုယူ၍ မှည့်ခေါ်ထားခြင်းဖြစ်သည် ။ ရသေ့ကြီးသည် ဝေဒကျမ်းမြတ်များကို ပြုစုသူ သူတော်စင်မြတ် ၇ ပါးထဲမှ တစ်ပါးတစ်ပါအဝင်ဖြစ်ပြီး ဝေဒထဲမှ ဓမ္မတေး အတော်များများမှာ သူ၏ လက်ရာများဖြစ်သည် ။ ဝေဒကျမ်းများနှင့်တကွ အသိဉာဏ်ပညာအရာတွင်လည်း ပြိုင်စံရှားဆရာတစ်ဆူပင် ဖြစ်သည် ။🛡🛡

 

 သူ၏ ကြီးမားကျယ်ပြန့်လှသော ဉာဏ်ပညာ ဗဟုသုတများကို တပည့်အပေါင်းအား လက်ဆင့်ကမ်းဝေမျှပေးနေသော သူတော်စင်တစ်ပါးလည်း ဖြစ်သည် ။ ရိုးရာယုံကြည်မှုအရ ပညာလိုလားသော တပည့်များရှိနေသမျှကာလပတ်လုံး ဘာရတ်ဗာဂျာသည်

 အသိပညာကို ဖြန့်ဝေပေးရန် ဘဝဆက် မပျက် ဆက်ကာ ဆက်ကာ တည်ရှိနေဦးမည်ဟူ၍ ဖြစ်သည် ။🛡🛡

 

 ခါးကို လှည့်ကာကျောရိုးဆစ်များကို နောက်သို့ လိမ်လှည့်ပေးခြင်းသည် ရိုးရှင်းလွယ်ကူသည့်အားလျှော်စွာ လူတိုင်းပင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပေသည် ။ မနက်စောစော ဝမ်းဗိုက်တွင် မည်သည့်အစာမှ ရှိမနေချိန်တွင် လေ့ကျင့်ရပါမည် ။ ဤအကွက်သည် ဟတယောဂကျင့်စဉ်များတွင် အလယ်အလတ်အဆင့် အာစနတစ်ခု ဖြစ်ပြီး စက္ကန့် ၃၀ မှ ၆၀ အထိ ထားရှိနိုင်ပါသည် ။


အကျိုးကျေးဇူးများ 💎💎

 

 ကျောရိုးဆစ်များ ၊ ပခုံးနှင့် တင်ပါးတို့ကို ဆွဲဆန့်ပေးနိုင်ပြီး အာရုံကြောစနစ်ကို အားကောင်းလာစေပါသည် ။ ဝမ်းဗိုက်ကို နှိပ်နှယ်ပေးသကဲ့သို့ ဖြစ်စေသည့်အတွက် အစာခြေဖျက်အားကို ကောင်းစေကာ ဝမ်းချုပ်ခြင်းကို သက်သာစေသည် ။🔑🔑

 

 ခန္ဓာကိုယ်အပေါ် ထိရောက်သော အကျိုးသက်ရောက်မှုများစွာ ဖြစ်စေပြီး အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်ပါသည် ။ ကိုယ်ကာယအပေါ်ပိုင်း ၊ နောက်ကြောများကို ဆွဲဆန့်ပေးနိုင်သည့်အတွက် ဇက်ကြောတက် နောက်ကြောတက်ခြင်း ၊ တင်ပါးနှင့် ခြေသလုံးကြောနာကျဉ်ခြင်း ဝေဒနာများကိုပါ သက်သာစေပါသည် ။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း ကိုယ်ဝန်၏ ဒုတိယ သုံးလအပိုင်းအခြားဖြစ်သော ၃ လကျော်၍ ၄ လ နှင့် ၆ လကြားတွင် ခါးနာကျဉ်ကိုက်ခဲခြင်းကို သက်သာစေပါသည် ။🔑🔑


4️⃣ Sethu Bandha Sarvangasana #စေတုဗန္ဓစါဝန္ဂစန (ကုန်းတံတားပုံစံ)💠💠



စေတု သည် တံတား ၊ ဗန္ဓ သည် ဖွဲ့စည်းခြင်း (သို့) တည်ဆောက်ခြင်း ၊ စာဝ သည် အားလုံး ၊ အင်္ဂ သည်ကား အစိတ်အပိုင်း ဖြစ်သည် ။ ထို့ကြောင့်ပင် စေတု ဗန္ဓ စါဝန္ဂစန ဟူသည် မဟာရာမမင်းကြီးအတွက် ဝက်ဝံ နှင့် မျောက်များက တည်ဆောက်ပေးခဲ့သော တံတားအမည်ကို ယူ၍မှည့်ခေါ်ထားခြင်း ဖြစ်သည် ။ Adam’s Bridge အာဒမ်၏ တံတားဟူ၍လည်း ကျော်ကြားလှသော ဤတံတားကြီးသည် အိန္ဒိယ အရှေ့တောင်ပိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့၏ ကြားရှိ ပင်လယ်ပြင်ကို ဖြတ်သန်းကာ ဆက်သွယ်ထားသော တံတားကြီးဖြစ်သည် ။🐵🙉🐻


ရာမာယဏဇာတ်တော်ကြီး၏ အဆိုအရ ရာဝဏ(ဒသဂီရိ)က သီဟိုရ်ကျွန်းသို့ အတင်းအဓမ္မဖမ်းခေါ်သွားသော သီတာဒေဝီကို ပြန်လည်ဆောင်ကြဉ်းနိုင်ရန်အတွက် ဤတံတားကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သည် ။ ကုဋေနှင့်ချီသော မျောက်နှင့် ဝက်ဝံစစ်သည်များ ဖြတ်ကူးနိုင်ရန်အတွက် ဤတံတားကြီးသည် မဖြစ်မနေတည်ဆောက်ရန် လိုအပ်ခဲ့ခြင်းဖြစ်သည် ။🐵🙉🐻


တည်ဆောက်ရေးလုပ်ငန်းများကို Nala နာလ ၊ Hanuman ဟနုမာန် ၊ ဝက်ဝံတို့၏ ဘုရင် ဇမ္ဗူမာန် Jambavan ၊ မျောက်အပေါင်း၏ ဘုရင် သုကျိတ် Sugriva နှင့်သူ၏ ဝန်ကြီးများက ကြီးကြပ်ကာ ဝက်ဝံ နှင့် မျောက်စစ်သည်များက တည်‌‌ဆောက်ခဲ့ခြင်းဖြစ်သည် ။ အောက်ခံ အခြေခံအနေအဖြစ် ခိုင်ခံ့စေရန် ကြီးမားသော ကျောက်တုံးကြီးများကို ပင်လယ်တွင်းသို့ ပစ်ချကာ ထိုအပေါ်မှနေ၍ ချောမွတ်စေရန် ရွံ့နှင့် သစ်သားမှုန့်လေးများကို ရောစပ်၍ မံကာ တည်ဆောက်ခဲ့ပေသည် ။🔧🛠🔨


တည်ဆောက်ပြီးသွားသောအခါ စေတု ဗန္ဓဟူ၍ အမည်ပေးခဲ့ကြပေသည် ။ ကုန်းတံတားပုံစံကျင့်စဉ်သည် ဗင်ယာစယောဂကျင့်စဉ်၏ အခြေခံအဆင့်အကွက်တစ်ကွက်ဖြစ်ပြီး လေ့ကျင့်ရာတွင် မနက်စောစော (သို့) ညနေခင်း၌ ဝမ်းဗိုက်အတွင်း အစာမရှိချိန်တွင် လေ့ကျင့်ရပါမည် ။ လေ့ကျင့်ရာတွင် စက္ကန့် ၃၀ မှ ၁ မိနစ်အထိ ထားရှိကာ လေ့ကျင့်ရပါမည် ။🛡🛡


အကျိုးကျေးဇူးများ 💎💎


ပေါင်နောက်ကြွက်သားများကို ဆွဲဆန့်ပေးနိုင်ပြီး လက်ကောက်ဝတ်ကိုလည်း သန်စွမ်းစေပါသည် ။ ကျောက်ကပ်အားမကောင်းသူများသည် အထူးလေ့ကျင့်သင့်ပြီး ဝမ်းဗိုက်ကြွက်သားများ ကြွက်တက်ခြင်းကို လျော့ချပေးနိုင်ပါသည် ။ ဗဟိုအာရုံကြောစနစ်ကို ငြိမ်သက်စေပြီး ကျောရိုးကို ကျန်းမာကြံ့ခိုင်စေပါသည် ။🔑🔑


အသက်ရှုမှုကို တိုးတက်လာစေပြီး စိတ်နှင့်ခန္ဓာကိုယ်ကို အသစ်တစ်ဖန် အားပြန်ဖြည့်ပေးနိုင်ပါသည် ။ ဤကျင့်စဉ်သည် ခန္ဓာကိုယ် အကြောတင်းတောင့်လွန်းသူများ နှင့် အရိုးပွရောဂါခံစားနေရသူများအတွက်လည်း ကုထုံးအကွက်တစ်ကွက် ဖြစ်ပါသည် ။🔑🔑


5️⃣ Adho Mukha Swanasana #အေဒိုးမုခဆွာနစန (ဦးခေါင်းစိုက် ခွေးပုံစံ)💠💠


 


အေးဒိုးဟူသည် ‌ရှေ့ (သို့) အောက်ဘက် ၊ မုခ သည်ကား မျက်နှာ ၊ ဆွာနသည် ခွေး ဖြစ်သည် ။ အိမ်တွင် ခွေး ၊ ကြောင်လေးများရှိပါက သူတို့သည် အကြောဆန့်သည်အခါ ဤပုံစံဖြင့် ပြုလုပ်ကြသည်ကို မြင်ဘူးကြပါလိမ့်မည် ။ ခန္ဓာကိုယ်ရှေ့ပိုင်းကို ရှေ့ဘက်သို့ ကိုင်းကာ ကွေးညွတ်ချရသော ဦးခေါင်းစိုက်ခွေးပုံစံသည် တစ်ကိုယ်လုံးကို ဆွဲဆန့်ပေးနိုင်ကာ အကျိုးကျေးဇူးများစွာ ရှိသော အကွက်တစ်ကွက် ဖြစ်ပါသည် ။🐕🐕


ဤကျင့်စဉ်သည် အာ့ရှ်တန်ဂယောဂကျင့်စဉ်၏ အခြေခံအဆင့် အကွက်တစ်ကွက်ဖြစ်ပြီး လေ့ကျင့်ရာတွင် မနက်ပိုင်း ဗိုက်ထဲတွင် မည်သည့်အစာမှ မရှိချိန်တွင် ၁ မိနစ်မှ ၃ မိနစ်အထိ ထားရှိကာ လေ့ကျင့်ပေးနိုင်ပါသည် ။🐩🐩


 #မဟာဘာရတဇာတ်တော်ကြီး၏ ဇာတ်လမ်းအဆုံးတွင် #ဒရောပဒီ မင်းသမီးနှင့် #ပဏ္ဍဝ ညီနောင်တို့သည် ဘုရားသခင် စံနေရာဖြစ်သော ဟိမဝန္တာတောင်တန်းပေါ်သို့ ဘုရားဖူးခရီးထွက်ခဲ့ကြပေသည် ။ လမ်းတွင် ဒရောပဒီ နှင့် မင်သား ၄ ပါးတို့ သေဆုံးသွားကြပေသည် ။ သေဆုံးရခြင်းအကြောင်းရင်းမှာ သူတို့၏ ကိုယ်ခန္ဓာများသည် ကောင်းကင်ဘုံသို့ဝင်ရန် လုံလောက်သည့် စင်ကြယ်မှု မရှိ‌သေးသောကြောင့်ဖြစ်သည် ။ ယုဓိတ္တိရ တစ်ဦးတည်းသာ သစ္စာရှိသော ခွေးတစ်ကောင်ကို အဖော်ပြု၍ ဆက်လက် ခရီးနှင်ခဲ့ရပေသည် ။✨✨


ကောင်းကင်ဘုံသို့ ရောက်သောအခါ နတ်တို့၏ဘုရင် #ဣန္ဒာက ခွေးကို ကောင်းကင်ဘုံသို့ ဝင်ခွင့်မပြုနိုင်ဟု ဆိုသည့်အတွက် မိမိကို ကိုးစား၍ သစ္စာရှိစွာ လိုက်ပါလာသော ခွေးကို ဝင်ခွင့်မပြုလျှင် သူတစ်ဦးတည်း မဝင်တော့ဟု ဆုံးဖြတ်ကာ မဝင်ဘဲနေလေသည် ။ ထိုအခါမှ ခွေးသည် အသွင်ပြောင်းကာ #တရားကိုစိုးပိုင်သူအရှင် (ဓမ္မ) ဖြစ်သွားလေသည် ။ စိတ်သဘောထားကြီးစွာဖြင့် မိမိတို့၏ မိတ်ဆွေ အပေါင်းအသင်းများအပေါ်တွင် သစ္စာကြီးသူသည် အရာရာပြည့်စုံ‌အောင်မြင်ခြင်းကို ပြနေခြင်းဖြစ်ပါသည် ။✨✨

 

 အကျိုးကျေးဇူးများ 💎💎

 

စိတ်ဖိစီးများကို လျော့ချပေးရာတွင် အကောင်းဆုံသော စံအကွက်ဟု ရည်ညွှန်းကြသော အကွက်ဖြစ်ပါသည် ။ ပြုလုပ်ရာတွင် ဦးခေါင်းကို ရှေ့သို့ ငိုက်ချလိုက်ခြင်းဖြင့် ဦးနှောက်နှင့် ဦးရေပြားအတွင်း သွေးကောင်းသွေးသန့်များကို တိုးတက်ရရှိစေပါသည် ။🔑🔑


ခန္ဓာကိုယ်ကို အနားရစေရာတွင်လည်း လက်ဖျားခါရလောက်အောင် အကျိုးပြုနိုင်ပြီး ဆံသားအသစ်များကိုလည်း ပေါက်ရောက် သန်စွမ်းစေနိုင်ပါသည် ။ ကျောရိုးကိုလည်း ဆွဲဆန့်ပေးနိုင်ပြီး ခါးနာခြင်းအတွက်လည်း အလွန်ကောင်းမွန်သော အကွက်တစ်ကွက်ဖြစ်ပါသည် ။🔑🔑


6️⃣ Padangusthasana #ပါဒန်ဂူးစ်ထစန (ရပ်လျှက် ရှေ့သို့ မှောက်ချခြင်းပုံစံ)💠💠




ပါဒ သည် ခြေထောက် ၊ အန္ဂူစ်ထ သည် ခြေမ ကို ဆိုလိုပါသည် ။ ခန္ဓာကိုယ်ကို ရှေ့သို့ မှောက်ချကာ လက်ညိုးနှင့် လက်မဖြင့် ခြေမကို ကိုင်ထားရသော အကွက်ဖြစ်သည် ။ ဤကျင့်စဉ်သည် လူသစ်တန်း အခြေခံယောဂီများပင်လျှင် အလွယ်တကူ ပြုလုပ်နိုင်သော အကွက်ဖြစ်သည့်အားလျှော်စွာ ယောဂကျင့်စဉ်များ၏ အဦးအစပိုင်းတွင် အကြောများကို ဖြေလျော့သည့်အနေဖြင့် စတင် ပြုလုပ်ကြပါသည် ။ လက်များသည် ခြေမကို မကိုင်ထားဘဲ ကြမ်းပြင်တွင် အလိုက်သင့် ချထားပါက Uttanasana ဟု ခေါ်ဆိုပါသည် ။🛡🛡


ဥတာနာစန ဟူသည် အစွမ်းကုန် ဆွဲဆန့်ပေးခြင်းဟု အဓိပ္ပါယ်ရပေသည် ။ တခါတုန်းက တောအုပ်ကြီးတစ်ခုတွင် ကြီးမားသော ဝက်သစ်ချပင်ကြီး တစ်ပင် ရှိပေသည် ။ သူ၏ဘေးတွင်ကား ဝါးရုံပင်များ ရှိပေသည် ။ မနက်တိုင်းပင် တက်သစ်ချပင်ကြီးသည် သူသာလျှင် တောအုပ်တစ်ခုလုံးတွင် အကြီးမားဆုံး ၊ အမြင့်ဆုံး နှင့် အသန်မာဆုံး ဖြစ်သည်ဟု တစ်တောလုံးကြားအောင် ကြုံးဝါးကာ ဂုဏ်ယူလေ့ရှိပေသည် ။ ယင်း ကြုံးဝါးသံကို လေကို အစိုးရသော အရှင်က ကြားလိုက်သောအခါ သူ့ကို ပညာပေးရန်အတွက် ညနေပိုင်းတွင် ကြီးမားသော မုန်တိုင်းကြီးကို ဖန်တီးလိုက်ပေသည် ။🎑🌬🌳


ဝါးရုံပင်များသည် တိုက်ခတ်နေသော လေနှင့်အတူ ဘယ်/ညာ ယိမ်းနွဲ့ကာ အလိုက်သင့် နေကြသဖြင့် ရပ်တည်နိုင်ကြသော်လည်း ဝက်သစ်ချပင်ကြီးမှာမှု သူ၏ သန်မာမှုကို ယုံကြည်လျက် လေကို အံတုကာရင်ဆိုင်သဖြင့် အမြစ်ပါကျွတ်ထွက်ကာ ပြိုလဲခဲ့ရပေသည် ။ ထို့ကြောင့်ပင် ယောဂကျင့်သော ယောဂီသည် ခန္ဓာကိုယ်ကို တင်းတောင့်ထားခြင်းကို ရှောင်ကာ ပြုလွယ် ၊ ပျောင်းလွယ် ၊ ပြင်လွယ်တတ်စေရန် စိတ် နှင့် ခန္ဓာကိုယ်ကို လျော့ချထားရပါမည် ။ ✔🌟✨


သန်မာခြင်း နှင့် ပျော့ပြောင်းမှုကြား ၊ အလင်း နှင့် အမှောင်ကြား ၊ အဖြူ နှင့် အနက် တို့ကဲ့သို့သော ဆန့်ကျင်ဘက်အရာတို့၏ ကြားရှိ မျှခြေတစ်ခုကို နားလည် သဘော‌ပေါက်အောင် အားထုတ်ရခြင်းသည် ယောဂကျင့်စဉ်ပင် ဖြစ်သည် ။ ယင်းက လောကဓံမုန်တိုင်းများ မည်မျှပင် ထန်နေပါစေ ယောဂီသည် သတိဖြင့် ရင်ဆိုင်ခြင်းဖြင့် လွတ်မြောက်မှုကို မျက်မှောက်ပြုနိုင်ရန်လည်း ဖြစ်ပေသည် ။🛡🛡


အကျိုးကျေးဇူးများ💎💎


ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲဆန့်ပေးနိုင်ကာ ပျော့ပျောင်းမှုကို တိုးတက်လာစေနိုင်ပါသည် ။ အာရုံစူးစိုက်မှုကို တိုးတက်လာစေပြီး မောပန်းနွမ်းနယ်ခြင်းကို ဖယ်ရှား‌ပေးပါသည် ။ အစာအိမ် ၊ ကျောက်ကပ် ၊ အသည်း ၊ နှလုံး နှင့် အတွင်းအော်ဂန်များကိုလည်း လှုံ့ဆော်ပေးနိုင်ကာ ယင်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက်လာစေပါသည် ။🔑🔑


ခန္ဓာ နှင့် စိတ်ကိုလည်း ဟန်ချက်ညီစေပြီး နာဗ့်ကြောစနစ်တစ်ခုလုံးကို ထိမ်းချုပ်ပေးကာ သွေးတိုးရောဂါကို ကုသပေးနိုင်ပါသည် ။ ကျောရိုးကိုလည်း ဆွဲဆန့်ပေးနိုင်သည့်အတွက် ခါးနာခြင်းအတွက်လည်း ကောင်းမွန်သော အကွက်တစ်ကွက် ဖြစ်ပါသည် ။🔑🔑


7️⃣ Utthita Trikonasana #ဥတိတတြိကုံနစန (တြိဂံပုံစံ)💠💠




ဥတိတ ဟူသည် ချဲ့ကားခြင်း ၊ တြိ ဟူသည် သုံး ၊ ကုံန သည် ထောင့် ။ ထို့ကြောင့် ဥတိတ တြိကုံနစန ဟူသည် ထောင့် ၃ ခုရှိသော တြိဂံပုံစံကို ဆိုလိုပါသည် ။ ဤကျင့်စဉ်တွင် သင်သည် များစွာသော တြိဂံများကို တွေ့မြင်နိုင်ပါသည် ။ ခန္ဓာကိုယ်လုပ်ငန်းဆောက်ရွက်မှုကို တိုးတက်စေရန် နှင့် ကြွက်သားများကို ဆွဲဆန့်ပေးရာတွင် အကောင်းဆုံးသော ကျင့်စဉ်အကွက်ဖြစ်သည် ။ သတိပြုရန်မှာ တြိဂံဟူသည် မျဉ်းဖြောင့်များဖြင့်သာ ဖွဲ့စည်းထားသကဲ့သို့ပင် ကျင့်စဉ်ပြုလုပ်ရာတွင်လည်း သင်၏ အရိုးဆစ်များ ၊ ကြွက်သားများကို အစွမ်းကုန် ဆွဲဆန့်ထားရန် လိုအပ်ပါသည် ။✨✨


ယောဂကျင့်စဉ် အာစနအကွက်များ ပြုလုပ်ရာတွင် မျက်လုံးအကြည့်များသည် များစွာ အရေးပါလှပါသည် ။ သက္ကတဘာသာဖြင့် Drishiti ဒရစ်စတီ ဟု ခေါ်ဆိုသော မျက်လုံးအကြည့်သည် ခန္ဓာကိုယ် ဟန်ချက်ကို ထိမ်းပေးနိုင်စေရန်သာမက စိတ်အာရုံစူးစိုက်မှုအပြည့်ဖြင့် လေ့ကျင့်နိုင်ရန်လည်း အထောက်အကူပေးနိုင်ပါသည် ။ ✨✨


တြိဂံပုံစံသည် ဗင်ယာစယောဂကျင့်စဉ်၏ အခြေခံအဆင့် အကွက်တစ်ကွက်ဖြစ်ပြီး လေ့ကျင့်ရာတွင် စက္ကန့် ၃၀ ထိ ထားရှိလေ့ကျင့်ရပါမည် ။ ဘယ်/ညာ ပြောင်း၍ တစ်ဘက်လျှင် ၃ ကြော့မှ ၅ ကြော့အထိ ပြုလုပ်ပေးနိုင်ပါသည် ။✨✨


အကျိုးကျေးဇူးများ💎💎


ခြေကျင်းဝတ် ၊ ပေါင် နှင့် ဒူးခေါင်းများကို ပို၍ သန်မာလာစေပါသည် ။ ခြေကျင်းဝတ် ၊ ခြေသလုံးသား ၊ ဒူး ၊ ပေါင် ရှေ့/နောက် နှင့် အတွင်းကြွက်သားများ ၊ တင်ပါး ၊ ရင်ဘတ် နှင့် ပခုံးသားများကို ဆွဲဆန့်ပေးနိုင်ပါသည် ။ သွေးဖိအားကို လျော့ကျစေပြီး ဖိစီးမှုများ နှင့် စိုးရိမ်သောကများကို ဖယ်ရှားပေးနိုင်ပါသည် ။ ခါးတစ်ဝိုက်နှင့် ပေါင်ခြံတို့ရှိ မလိုအပ်သော အဆီပိုများကို လျော့ချပေးနိုင်ပါသည် ။ ကျောရိုးကိုလည်း ဆွဲဆန့်ပေးနိုင်သည့်အတွက် ခါးနာခြင်းကိုလည်း သက်သာလာစေပါသည် ။




အထွေထွေအကြံပြုချက်များ

📝📝📝📝


📌📌အခြားသော ကိုယ်တွင်းအင်္ဂါများထက်စာလျှင် ကျောရိုးသည် ကျွန်တော်တို့ကို နှစ်ဆမျှပို၍ ဒုက္ခပေးတတ်ပါသည် ။ ခါးနာခြင်းသည် အခန့်မသင့်လျှင်သော်လည်းကောင်း ၊ အခြားသော အခြေအနေ အကြောင်းရင်းများကြောင့်လည်းကောင်း ဖြစ်တတ်ပါသည် ။ 


⭕⭕ ခါးနာပါက လူတိုင်းသည် နှိပ်နယ်သည် ။ အပူကပ်သည် ။ ဆေးသောက်သည် ။ သို့သော် ရေရှည်သက်သာမည် မဟုတ်ပေ ။ ခါးနာရခြင်းအကြောင်းမှာ ကျောရိုးကို ကောင်းစွာ ဂရုမစိုက်သည့်အတွက် ဖြစ်သည် ။ ခါးနာခြင်းကို သက်သာစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မိမိ၏ နေထိုင်စားသောက်မှုကို ပြုပြင်ပြောင်းလဲပါ ။


❌❌ မာကျောသော အိပ်ရာ နှင့် ကုလားထိုင်များကိုသာ ‌ရွေးချယ်အသုံးပြုပါ ။ ထူထဲသော ဆိုဖာများ ၊ ပျော့အိသော ဆုံလည်ကူရှင်ကုလားထိုင်များကို ‌‌ရှောင်ပါ ။


✅✅ စိတ်ဖိစီးမှုများကို လျေ့ာချပါ ။ ရက်အတန်ကြာ စိတ်ထင့်စိုးရိမ်နေမည် ဆိုပါက ကြွက်သားများသည် နွမ်းလျပင်ပန်းလာကာ ကျောအောင့်ခြင်း(backache)ကို ဖြစ်စေနိုင်သည့်အတွက် စိတ်သောကများ ပြေပျောက်စေရန် နေ့စဉ် ပုံမှန် တရားထိုင်ပေးပါ ။


✅✅ ရေခပ်နွေးနွေးဖြင့် နေ့စဉ် ရေချိုးပါ ။ အချိန်ရပါက ရေနွေးနွေးဖြင့် ရေစိမ်ပါ ။


⭕❌ အလေးအပင်မသည့်အခါ ခါးကို အားပြု၍ ရှေ့သို့ ကုန်းချကာ မ မပါနှင့် ။ ခါးကို အဖြောင့်အတိုင်းပဲထားကာ  ဒူးကို ကွေး၍ ဆောင့်ကြောင့်ထိုင်ချကာ ခြေထောက်နှင့် လက် ကုပ်အားများကိုသုံးကာ မ ယူပါ ။


✅⭕ အသက်ရွယ်ကြီးလာသည့်အခါ ကြွက်သားများ အားနည်းလာသည့်အတွက် အားဖြည့်ပေးသော ကိုယ်လက်လှုပ်ရှားမှုများ ၊ အထက်ပါ ယောဂကျင့်စဉ်များကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးပါ ။ မြန်မာရိုးရာနည်းဖြစ်သော အုန်းမုန်းခွက်နင်းခြင်းသည်လည်း ခါးနာခြင်းအတွက် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပါသည် ။ အကြိမ် ၁၀၀ ခန့် နေ့စဉ် နင်းပေးပါ ။


✅✅ Vitamin E, Fish Oil နှင့် Thiamine စရှိသော ဖြည့်စွက်စာများကို သောက်သုံးနိုင်ပါသည် ။ သွေးတက်စေသော ဒညင်းသီး ၊ ဆူးပုတ် ၊ ဒံပေါက် ၊ မျှစ် ၊ မှို ၊ ဝမ်းတွင်းကလီစာများ ၊ ဝက်သား ၊ ငါးသ‌လောက် ၊ အင်ဥများကို ရှောင်ပါ ။


✅✅ ကယ်စီယမ်ပြည့်ဝသော နို့ နှင့် နို့ထွက်ပစ္စည်းများဖြစ်သည့် နွားနို့ ၊ ဒိန်ချဉ် ၊ ဆော်လမွန်ငါး ၊ အရိုးပါစားနိုင်သော ငါးကလေးများ ၊ မြေပဲ ၊ ကြက်သွန်ဖြူ ၊ ဆလပ်ရွက် ၊ မုန်ညှင်းရွက် ၊ ခရမ်းချဉ်သီး ၊ ပန်းဂေါ်ဖီ နှင့် အခြား အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို စားသုံးပေးပါ ။


အကယ်၍ မိတ်ဆွေတွင် ယောဂကျင့်စဉ်နှင့် ပတ်သတ်၍ ဆွေးနွေးလိုသည်များ ၊ အကြံပြုလိုသည်များရှိနေပါက 

အောက်ပါ Group

https://www.facebook.com/groups/219695225274415/

နှင့် Page 

https://www.facebook.com/MingalaYoga/

ကို ဝင်ရောက်ထားခြင်းဖြင့် update သတင်းများကို အမြဲသိရှိနေမည် ဖြစ်ပါသည် ။


Namaste'

Brahma Nanda


Ref;အင်တာနက်စာမျက်နှာများ ၊  International Sivananda Yoga Vedanta Centres Website ၊Yogipedia ၊ Stylecraze Website ၊

Yoga with Subhash Website ၊ 

Yoga London Website ၊ Swami Ramde-Yog Its philosophy & Practice ၊ Swati Chanchani,Rajiv Chanchani-Yoga for Children ၊ ဦးသော်ဇင်-မဝါဘာရတ နှင့် ဘဂဝါဂီတ ၊ ဗိုလ်မင်းဟန်-သိပ္ပံနည်းကျစိတ်ပျိုကိုယ်နုယောဂကျင့်စဉ်များ ၊ ကျော်ဇေယျာပုသိမ်-စကားပြောသောကိုယ်တွင်းအင်္ဂါများ ၊ Yoga Anatomy 20hrs Course ၊MFTA Fitness Nutrition Specialist Course ၊  ဗိုလ်မင်းဟန်-သင့်ဘဝတွက်ယောဂီကျင့်စဉ် ၊ မင်းမောင်(ဒဿနိက)-ဟိန္ဒူဓမ္မယဉ်ကျေးမှုမိတ်ဆက် ။

(Zawgyi) 

ခါးနာျခင္းအတြက္ ေယာဂက်င့္စဥ္

Yoga for Back Pain

🕉🙏💚




#ခါးနာျခင္းဟူသည္ ေက်ာေနာက္ဖက္ႂကြက္သား ၊ နာဗ္ေၾကာ ၊ အရိုး ၊ အရိုးဆက္အၾကား ၊ ၾကားခံအရြတ္ ၊ ေက်ာရိုးဆစ္ စသည္ျဖင့္ ေနရာတစ္ခုခုတြင္ နာက်ဥ္ျခင္းျဖစ္သည္ ။ ႐ုတ္တရက္ အေလးအပင္မျခင္း ၊ အထိုင္အထ မူမမွန္ျခင္း ၊ အထိုင္မ်ားစြာျဖင့္ အလုပ္လုပ္ရသျဖင့္ အေညာင္းမိေနသူမ်ား ၊ အေဝးေျပးကားေမာင္းသူမ်ား ၊ မီးအပူႏွင့္ နီးကပ္စြာ အလုပ္လုပ္ရသူမ်ားတြင္ အျဖစ္မ်ားတတ္ပါသည္ ။ ေယဘူယအားျဖင့္ အဝလြန္ေနသူ ၊ အထိုင္မ်ားသူ ၊ ဆီးခ်ိဳရွိသူ ႏွင့္ ခါးအလုပ္မ်ားသူမ်ားတြင္ အျဖစ္မ်ားတတ္ပါသည္ ။ ⏩⏩


ေလ့လာမွုမ်ားအရ လူသားတို့၏ ၈၀% ေက်ာ္ (သို့) လူတိုင္းနီးပါးသည္ ဘဝတြင္ ခါးနာျခင္းကို ၾကဳံဖူးၾကသည္ဟု ဆိုပါသည္ ။ သုေတသီမ်ား၏ အဆိုအရ အသက္ ၄၀ ေက်ာ္ပါက အရိုးမ်ားအားနည္းကာ ကယ္လ္စီယမ္ကုန္ခမ္းျခင္းေၾကာင့္ က်ား ၈၄% ၊ မ ၇၄% သည္ ခါးနာျခင္းကို ၾကဳံေတြ႕ရသည္ဟု ဆိုပါသည္ ။ ခါးနာျခင္း Back Pain ႏွင့္အတူ ခါးေၾကာညပ္ျခင္း Sciatica Pain ၊ ခါးဆစ္ရိုးမ်ားၾကားရွိ ၾကားခံ Intervertebral Disc ကၽြံျခင္းတို့လည္း ျဖစ္တတ္ၿပီး ‌ေက်ာေအာင့္ျခင္း ၊ ခါးေစာင္းျခင္း ၊ ေပါင္တန္းျခင္း ၊ တင္ပါးခြက္ကိုက္ျခင္း ၊ နာက်ဥ္မွုေၾကာင့္ ေျခဖ်ားေထာ့နဲ႔ေထာ့နဲ႔ျဖစ္ျခင္း ၊ ေျခေထာက္ေျခဖ်ားမ်ား ထုံက်ဥ္ေနျခင္း စသည့္ ေနာက္ဆက္တြဲ အက်ိဳးဆက္မ်ား ျဖစ္ေပၚလာတတ္ပါသည္ ။⏩⏩


Cauda Equina Syndrome ဟု‌ေခၚဆိုေသာ အာ႐ုံေၾကာမၽွင္မ်ား ဖိႏွိပ္ခံရေသာအခါ နာတာရွည္ျဖစ္သြားတတ္ၿပီး ဆီး ဝမ္း မထိမ္းနိုင္ျဖစ္ကာ ေအာက္ပိုင္းေသ ေလျဖတ္ျခင္းအထိ ျဖစ္ပြားနိုင္သျဖင့္ မေပါ့ဆသင့္ေသာ ေရာဂါတစ္ခုျဖစ္ပါသည္ ။⏩⏩


#ဘာ့ေၾကာင့္ျဖစ္ပြားရသလဲ ။🕵🕵


ခါးေအာက္ပိုင္း (သို့) ေက်ာရိုးေအာက္ေျခပိုင္းသည္ ေက်ာေအာက္ပိုင္း ေက်ာရိုးဆစ္ ၅ ခု (Lumbar Vertebrae) ၊ ေက်ာရိုးနာဗ္ေၾကာစည္း (Spinal Cord) ၊ ေက်ာရိုးဆစ္မ်ားၾကားရွိ ခါးရိုးဆစ္ျပားဟုေခၚေသာ ၾကားခံကူရွင္ဝိုင္းမ်ား (Discs) ၊ ႂကြက္သားေပါင္း ၄၀၀ ႏွင့္ ႂကြက္သားအဆက္ရြတ္ေပါင္း ၁၀၀၀ ခန႔္ျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားျခင္းျဖစ္သည္ ။ ခါးနာျခင္း ဘာ့ေၾကာင့္ျဖစ္ပြားရသည္ဆိုပါက ကၽြန္ုပ္တို့၏ ဘိုးေဘးဘီဘင္မ်ားလက္ထက္ မတ္တပ္ရပ္ျခင္းက စတင္ရပါမည္ ။⏩⏩


ကၽြန္ေတာ္တို့ ေမြးဖြားလာစဥ္က ေက်ာရိုးသည္ ေျဖာင့္တန္းေနေသာ္လည္း ေခါင္းကို တည့္မတ္ေအာင္ ထူေသာအခါ ေက်ာရိုးဆစ္မ်ားသည္ လည္ပင္းေနရာတြင္ ေကြးေပးရသည္ ။ လမ္းစေလၽွာက္တတ္ခ်ိန္တြင္ ခါးေအာက္ပိုင္းတြင္ ေကြးေပးရသည္ ။ ထို့ေၾကာင့္ပင္ ကၽြန္ုပ္တို့၏ ေက်ာရိုးမ်ားသည္ ေျဖာင့္တန္းစြာ မရွိေတာ့ဘဲ အဂၤလိပ္ အကၡရာ S ပုံသ႑ာန္ကဲ့သို့ ျဖစ္ေနေပသည္ ။ အေပၚဆုံး #လည္ပင္းပိုင္းေက်ာရိုးဆစ္ ၇ ခု ( Cervical Vertebrae ) သည္ ဦးေခါင္းကို ငုံ႔ ၊ ေမာ့ ရန္ႏွင့္ ေဘး ဘယ္/ညာ သို့ ၁၈၀˚ လွည့္နိုင္ေစရန္ ျပဳလုပ္ေပးပါသည္ ။ ဤအပိုင္းတြင္ ျပႆနာျဖစ္နိုင္ခဲေသာ္လည္း တခါတရံတြင္ Disc မ်ားသည္ ျဖစ္ေတာင့္ျဖစ္ခဲစြာ ေပါက္ျပဲနိုင္ပါသည္ ။⏩⏩


#ရင္ပိုင္းေက်ာရိုးဆစ္မ်ား (Thoracic Vertebrae) တြင္ အဆစ္‌ေပါင္း ၁၂ ခု ရွိ၍ နံရိုးမ်ားသည္ ယင္းေက်ာရိုးဆစ္မ်ားတြင္ ခ်ိတ္ထားပါသည္ ။ ဤအပိုင္းတြင္ ျပႆနာျဖစ္နိုင္ေျခ အလြန္နည္းပါးပါသည္ ။ ေအာက္ပိုင္းျဖစ္ေသာ #ခါးပိုင္း(Lumbar Vertebrae) တြင္ ေက်ာရိုးဆစ္ ၅ ခု ရွိၿပီး ေအာက္ဆုံးပိုင္း ခါးရိုးဆစ္(Sacral Segment) အပိုင္း ၅ ပိုင္းသည္ ၿမီးေညာင္းရိုး (Coccyx) အျဖစ္ ေပါင္းစပ္သြားပါသည္ ။ ခါးေအာက္ပိုင္း ေက်ာရိုးဆစ္မ်ားသည္ ခႏၶာကိုယ္ အေလးခ်ိန္ကို ‌ေထာက္မကာ သယ္မထားၾကရသည္ျဖစ္ၿပီး အထူးသျဖင့္ ေက်ာေအာက္ပိုင္း ေက်ာရိုးဆစ္ အမွတ္ ၄ မွ အမွတ္ ၅ တစ္ဝိုက္တြင္ ဒုကၡအမ်ားဆုံး ေရာက္တတ္ပါသည္ ။⏩⏩


ယင္းအဆစ္မ်ားသည္ ရြက္ဖ်င္တိုင္ကဲ့သို့ပင္ ခႏၶာကိုယ္ကို ေထာက္မျခင္း ႏွင့္ ဆြဲဆန႔္ျခင္းတို့ၾကားတြင္ အျမဲခ်ိန္ညႇိေနရေပသည္ ။ ခႏၶာကိုယ္လွုပ္ရွားမွုမ်ိဳးစုံျဖစ္ေသာ ထိုင္ျခင္း ၊ ထျခင္း ၊ ခါးကုန္းျခင္း ၊ ခါးလွည့္ျခင္းတို့တြင္ ပါဝင္ရသည္ ။ ခႏၶာကိုယ္ အေပၚပိုင္းအေလးခ်ိန္ကိုလည္း ေထာက္ပံ့ေပးထားရသည္ ။ လမ္းေလၽွာက္သည့္အခါ တင္ပါးႂကြက္သားမ်ားကို အလိုက္သင့္ျဖစ္ေနေစရန္ ျပဳလုပ္ေပးရၿပီး ေက်ာရိုးတစ္ခုလုံးကို တည့္မတ္ေနေစရန္ ေထာက္မေပးရျပန္သည္ ။⏩⏩


#ဘယ္သူေတြမွာအျဖစ္မ်ားသလဲ ။👩‍🏫👩‍🔧👨‍🎨👩‍🍳👷


ခါးနာျခင္းဟူသည္ ႂကြက္သားမ်ား ၊ အရြတ္မ်ား ႏွင့္ ခါးရိုးဆစ္ျပားမ်ားတြင္ ျပႆနာတစ္စုံတစ္ခု‌ေၾကာင့္ ထိခိုက္ဒဏ္ရာ ရသြားသည့္အခါ ျဖစ္ေပၚတတ္ပါသည္ ။ ခႏၶာကိုယ္တြင္ စနစ္တက် စီစဥ္ထားသည့္ ေထာက္မသည့္စနစ္ရွိသည္ ။ ယင္းစနစ္က ခါးတြင္ ဒုကၡတစ္ခုခု ေတြ႕သည့္အခါ ခႏၶာကိုယ္တြင္ ဒဏ္ျဖစ္ျခင္းကို ကာကြယ္ရန္အတြက္ ႂကြက္သားမ်ားကို က်ပ္စည္းသလို လိမ္ညစ္ေပးသည့္အတြက္ #တင္ခံနာဗ္ေၾကာ(Sciatic Nerve) ကိုပါ ဆြဲမိကာ အက်ိဳးဆက္အေနျဖင့္ ခါးနာျခင္း ျဖစ္လာရသည္ ။⏩⏩


ထို့ျပင္ ခါးနာျခင္းသည္ ကိုယ္ခံစြမ္းအားက်ဆင္းၿပီး ကူးစက္ေရာဂါ(ဥပမာ-တီဘီေရာဂါ)မ်ား ျဖစ္ပြားေသာအခါ ၊ ေမြးရာပါ ခါးအေနအထား ပ်က္ယြင္းသူမ်ားတြင္ျဖစ္တတ္သည့္ ခါးရိုးေကာက္ျခင္း (Scoliosis)ေၾကာင့္ေသာ္လည္းေကာင္း ၊ ေက်ာက္ကပ္ေရာင္ျခင္း ၊ သုပ္ရည္ဂလင္းမ်ား ၊ အသည္းတြင္ ျပႆနာျဖစ္လၽွင္ေသာ္လည္းေကာင္း ၊ အသက္ႀကီးသူမ်ားတြင္ အရိုးပါး အရိုးပြျခင္း ၊ မေတာ္တဆမွုမ်ား‌ေၾကာင့္ ႂကြက္သားမ်ား ေပါက္ျပဲျခင္း ၊ ခါးရိုးဆစ္ျပားမ်ားတြင္ ထိခိုက္မိျခင္း ၊ ေက်ာရိုးဆစ္မ်ား ဆက္သြားျခင္း ၊ ရိုးဆက္ေရာင္ရမ္းနာမ်ားႏွင့္ စိတ္ထိခိုက္မွုမ်ား‌ေၾကာင့္လည္း ျဖစ္ရနိုင္ပါသည္ ။⏩⏩


အမ်ိဳးသမီးမ်ားတြင္ကား ကိုယ္ဝန္‌ေဆာင္ခ်ိန္တြင္ ကိုယ္အေလးခ်ိန္ တိုးလာျခင္း ၊ ဗိုက္ခြဲေမြးရာတြင္ မိမိႏွင့္ သဟဇာတမျဖစ္ေသာ ထုံ‌ေဆးေၾကာင့္ ၊ မီးဖြားၿပီးခ်ိန္တြင္ ကေလးကိုသာ အာ႐ုံစိုက္မွုမ်ားကာ မိမိ၏ ေနထိုင္မွုပုံစံမမွန္ေတာ့ျခင္း ၊ သားဥအိမ္ကင္ဆာေရာဂါ ျဖစ္ပြားျခင္း ၊ ဓမၼတာလာစဥ္အခ်ိန္ ႏွင့္ မီးယပ္ေရာဂါ တစ္ခုခုေၾကာင့္ စသည့္အေၾကာင္းရင္းမ်ားေၾကာင့္ ခါးနာျခင္း ေဝဒနာကို ခံစားရနိုင္ပါသည္ ။⏩⏩


#ကုသနည္း👩‍⚕️👨‍⚕️💚




အကယ္၍ သင္၏ ခါးသည္ တစ္ခုခုေၾကာင့္ မ်က္သြားလၽွင္ ဦးစြာ မည္သည့္အလုပ္မွ မလုပ္ေတာ့ဘဲ ၂ ရက္ခန္႔ အနားယူပါ ။ ျဖစ္ျဖစ္ခ်င္း ၄၈ နာရီအတြင္း ေရခဲကို တစ္ႀကိမ္ကပ္လၽွင္ မိနစ္ ၂၀ ျဖင့္ ၂ နာရီျခား တစ္ခါ ကပ္ေပးပါ ။ အကိုက္အခဲ သက္သာေစသည့္ ပလာစတာမ်ားကိုလည္း ကပ္ေပးနိုင္ပါသည္ ။ ခါးကို ခါးနာခါးပတ္ (သို့) ခါးစည္းျဖင့္ ပတ္ထားေပးပါ ။ ပါရာစီတေမာ ႏွင့္ အိုင္ ဗ်ဴ ရိုပရိုဖန္ စသည့္ အကိုက္အခဲေပ်ာက္ေဆးမ်ားကို ဆရာဝန္ညႊန္ၾကားခ်က္ျဖင့္ ေသာက္သုံးနိုင္ပါသည္ ။ ပက္လက္အိပ္သည့္အခါ ဒူးေခါင္းေအာက္တြင္ ေခါင္းအုံးကို ခံပါ ။⏩⏩


ေဘးေစာင္းအိပ္ပါက ဒူးႏွစ္ခု သို့ ေျခေထာက္ႏွစ္ဖက္ၾကားတြင္ ခြေခါင္းအုံးကို ခံပါ ။ ျဖစ္ျဖစ္ျခင္း ခါးလွည့္ျခင္း ၊ အေလးမျခင္း စသည့္ မည္သည့္ေလ့က်င့္ခန္းကိုမွ မျပဳလုပ္ဘဲ ၂ ပါတ္ခန႔္ နားပါ ။

နာတာရွည္ ခါးနာျခင္းကို ကုသေနစဥ္ႏွင့္ ကုသၿပီးေနာက္ပိုင္း ကာလမ်ားတြင္ ခါးႂကြက္သားမ်ား ျပန္လည္သန္စြမ္းေရးအတြက္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ မ်ားစြာအေရးႀကီးလွပါသည္ ။ မွန္ကန္ေကာင္းမြန္ေသာ ျပန္လည္သန္စြမ္းေရးေလ့က်င့္ခန္းမ်ားကို မျပဳလုပ္ပါက ဒါဏ္ရာရခဲ့ေသာ ႂကြက္သားသည္ သိမ္သြားတတ္သျဖင့္ နာတာရွည္ ခါးမ်က္ျခင္း ၊ ခါးနာျခင္းမ်ားကို ၾကဳံေတြ႕ရေလ့ရွိသျဖင့္ နာတာရွည္ နာက်ဥ္မွုစြဲက်န္တတ္ပါသည္ ။⏩⏩


#ေယာဂက်င့္စဥ္က ခါးနာျခင္းကို သက္သာေပ်ာက္ကင္း ေစနိုင္ပါ့မလား ။🔄👍📌📌


ကိုယ္လက္လွုပ္ရွားမွုနည္းျခင္း ႏွင့္ ညံ့ဖ်င္းေသာ အာဟာရတို့သည္ မလြဲမေသ တစ္ခ်ိန္ခ်ိန္၌ သင့္ကို ခါးနာျခင္း ေဝဒနာကို ျဖစ္ေစနိုင္ပါသည္ ။ ထို့ေၾကာင့္ပင္ အခ်ိန္ရွိေနေသးခ်ိန္၌ ခါးနာျခင္းကို မျဖစ္ပြားေစရန္ႏွင့္ ကာကြယ္ ကုသနိုင္ရန္ ေလ့က်င့္ခန္းတစ္ခုခုကို သင္ ျပဳလုပ္ဖို့လိုအပ္ေနပါၿပီ ။ လူနာေတာ္ေတာ္မ်ားမ်ားႏွင့္ ဆရာဝန္တိုင္း၏ ေထာက္ခံခ်က္အရ ေယာဂက်င့္စဥ္သည္ ခါးနာျခင္းအတြက္ အေကာင္းဆုံးက်င့္စဥ္ပင္ ျဖစ္သည္ ။ 👇👇👇


#အဘယ့္ေၾကာင့္နည္း ။🙏🙏🙏


📌📌 ေက်ာရိုးႂကြက္သားဖြဲ႕စည္းမွု ကြန္ယက္တြင္ ခါးႏွင့္ ဝမ္းဗိုက္ႂကြက္သားမ်ားသည္ ပဓာနက်၍ အ‌ေရးႀကီးေသာ ႂကြက္သာမ်ားပင္ ျဖစ္သည္ ။ ေယာဂက်င့္စဥ္မ်ားသည္ ယင္းႂကြက္သားမ်ား၏ လုပ္ငန္းစြမ္‌ေဆာင္ရည္ကို ေထာက္ပံ့ကူညီေပးနိုင္သည့္အတြက္ ခါးနာျခင္းကိုပါ တစ္ပါတည္း သက္သာလာေစပါသည္ ။


📌📌ခါးနာျခင္းကို သက္သာလာေစရန္ ႂကြက္သားမ်ားကို ဆြဲဆန႔္ေပးျခင္းသည္ ပဓာနက်လွပါသည္ ။ ေယာဂက်င့္စဥ္မ်ားျဖင့္ ေပါင္ေနာက္ႂကြက္သားမ်ားကို ဆြဲဆန႔္ေပးလိုက္ေသာအခါ တင္ပါးဆုံပိုင္း၏ လွုပ္ရွားေဆာင္ရြက္မွုကို တိုးတက္လာေစၿပီး ခါးေအာက္ပိုင္းတြင္ ဝန္ပိေနမွုကို ေလ်ာ့က်သြားေစနိုင္ပါသည္ ။


📌📌 ထို့ျပင္ အေၾကာအခ်ဥ္မ်ားကို ဆြဲဆန႔္ေပးလိုက္ျခင္းျဖင့္ ခါးေအာက္ပိုင္းတြင္ ေသြးလွည့္ပတ္ စီးဆင္းမွုကို တိုးတက္လာေစၿပီး ႂကြက္သားႏွင့္ တစ္ရွုးမ်ားကိုပါ အာဟာရဓါတ္ ျဖည့္ေပးနိုင္ပါသည္ ။ ယင္း အာဟာရဓါတ္ ျပည့္ဝေသာ ေသြးမ်ားက ႂကြက္သားမ်ားကို သြက္လက္လာေစၿပီး အဆိပ္အေတာက္မ်ား သန႔္စင္ ရွင္းထုတ္ေရးကိုပါ ကူညီေပးနိုင္ပါသည္ ။


📌📌 မေကာင္းေသာ အေတြးမ်ားသည္ သင္၏ စိတ္ကို ဝန္ပိေစၿပီး အလြန္အကၽြံ ဖိစီးမွုကို ျဖစ္ေစကာ ခါးနာျခင္းကိုလည္း ပိုမို ဆိုးရြားလာေစပါသည္ ။ ေယာဂအာစန မ်ားႏွင့္အတူ တရားထိုင္ျခင္းတို့သည္ သင့္စိတ္ကို ၿငိမ္းေအးေစကာ ဖိစီးမွုမ်ားမွ သက္သာေစၿပီး ခါးနာျခင္းကို သက္သာလာေစပါသည္ ။


ထို့ေၾကာင့္ပင္ ခါးနာျခင္းကို သက္သာလာေစမည့္ #ေယာဂအာစနအကြက္မ်ားကို ေအာက္တြင္ေဖာ္ျပေပးထားပါသည္ ။ 💠💠🕉💠💠


⭕⭕ သတိျပဳရန္မွာ ယင္းအကြက္မ်ားသည္ သာမာန္နာတာရွည္ အ‌ေပ်ာ့စားခါးနာမွုမ်ားကိုသာ သက္သာေစနိုင္ပါသည္ ။ မခံမရပ္နိုင္‌ေလာက္ေအာင္ နာက်ဥ္မွုကို ခံစားေနရပါက နားလည္တတ္ကၽြမ္းေသာ ဆရာဝန္ႏွင့္သာ ျပသတိုင္ပင္ျခင္းက အေကာင္းဆုံးျဖစ္သည္ ။


✅✅ ထို့ျပင္ အကြက္မ်ားကို ျပဳလုပ္မည္ဆိုပါက ဆရာဝန္ႏွင့္ ဦးစြာ ျပသေဆြးေႏြးကာ ကၽြမ္းက်င္ေသာ ေယာဂဆရာ၏ လမ္းညႊန္မွုျဖင့္သာ ေလ့က်င့္ရပါမည္ ။


1️⃣ Bitilasana #ဘိတိလားစန (ႏွားပုံစံ) 💠💠


ဘိတိလ္ ဟူေသာ သကၠတစကားသည္ ႏြားကို ဆိုလိုၿပီး အာစနသည္ အကြက္ ၊ ပုံစံ ျဖစ္သည္ ။ ဤကိုယ္ေနဟန္ထားသည္ ႏြားတစ္ေကာင္၏ ပုံစံႏွင့္ ဆင္တူသျဖင့္ ဤအမည္တြင္ေနျခင္းျဖစ္သည္ ။ ႏြားပုံစံကို ေလ့က်င့္ရာတြင္ ေၾကာင္ပုံစံႏွင့္ တြဲဖက္၍ ေလ့က်င့္ရေပသည္ ။ အဆိုပါ အကြက္ ၂ မ်ိဳးကို ေပါင္းစပ္၍ ေလ့က်င့္ျခင္းကို Cakravakasana ခ်ကၠရာ ဝါးကားစန ဟုေခၚပါသည္ ။ ႏြားပုံစံက်င့္စဥ္သည္ ဗင္ယာစေယာဂက်င့္စဥ္၏ အေျခခံအကြက္တစ္ကြက္ျဖစ္ၿပီး ေလ့က်င့္ရာတြင္ ၁၀ စကၠန႔္မွ ၁၅ စကၠန႔္အထိ ထားရွိ ေလ့က်င့္နိုင္ပါသည္ ။🛡🛡


ေယာဂက်င့္စဥ္ အာစနအကြက္မ်ားကို ေလ့က်င့္ရာတြင္ အစာအိမ္သည္ သန႔္ရွင္းစင္ၾကယ္ေနရန္ ႏွင့္ ဗိုက္ထဲတြင္ အစာမရွိရန္သည္ မ်ားစြာအေရးႀကီးလွပါသည္ ။ ထို့ေၾကာင့္ပင္ ေလ့က်င့္ခန္းႏွင့္ အစာစားခ်ိန္သည္ အနည္းဆုံး ၄ နာရီမွ ၆ နာရီအထိ ျခားထားရန္လိုပါသည္ ။ အေကာင္းဆုံးမွာ မနက္ေစာေစာ ေနထြက္ျပဴစ ကိုယ္လက္သန႔္စင္ၿပီးခ်ိန္ျဖစ္သည္ ။ ဒုတိယအေကာင္းဆုံးမွာ ညေန ေနဝင္ခါနီးအခ်ိန္ပင္ ျဖစ္သည္ ။ အဆိုပါအခ်ိန္မ်ားသည္ အစာစားခ်ိန္ႏွင့္လည္း ‌ေဝးသလို ေန ၊ လတို့၏ စြမ္းအားမ်ား ကမၻာေပၚသို့ သက္ေရာက္ခ်ိန္ျဖစ္သျဖင့္ ေလ့က်င့္ရာတြင္ အက်ိဳးမ်ားစြာ ျဖစ္ေစပါသည္ ။🛡🛡


သို့ရာတြင္ အခ်ိန္မအားလပ္သူမ်ား အေနျဖင့္ မိမိတို့ အဆင္ေျပနိုင္မည့္ အခ်ိန္တြင္ ေကာင္းမြန္စြာ ေလ့က်င့္နိုင္ပါသည္ ။ သို့ရာတြင္ မည္သည့္အခ်ိန္တြင္ ေလ့က်င့္သည္ျဖစ္ေစ ဗိုက္ထဲတြင္ အစာျဖင့္ ျပည့္တင္းမေနရန္သည္ အေရးႀကီးပါသည္ ။ ထို့ေၾကာင့္ပင္ ေယာဂက်င့္စဥ္ႏွင့္ အစာစားျခင္းအေၾကာင္းကို ေအာက္ပါ Link တြင္ ဖတ္ရွုနိုင္ပါသည္ ။

https://m.facebook.com/story.php?story_fbid=446902115738825&id=100012571210267


အက်ိဳးေက်းဇူးမ်ား 💎💎


ေက်ာရိုးေလ့က်င့္ခန္းတစ္ခုျဖစ္သည့္အားေလ်ာ္စြာ ေက်ာရိုးကို ေကာင္းမြန္စြာ ဆြဲဆန႔္ေပးနိုင္ၿပီး ကိုယ္ေနဟန္ထား ႏွင့္ ဟန္ခ်က္ကိုလည္း ထိမ္းညႇိေပးပါသည္ ။ လည္ပင္းႏွင့္ ရင္ဘတ္အေပၚပိုင္းတို့ကိုလည္း ဆြဲဆန႔္ေပးနိုင္ၿပီး လည္ပင္းေအာက္ အဆီမ်ားကို က်ေစကာ ေမးႏွစ္ထပ္ျဖစ္ျခင္းကို ကာကြယ္ေပးသည္ ။ ခႏၶာကိုယ္အတြင္း ေအာ္ဂင္မ်ားကို ႏွိပ္ႏွယ္ေပးသကဲ့သို့ ဖိအားသက္ေရာက္ေစၿပီး တစ္ကိုယ္လုံးတြင္ ေသြးလွည့္ပတ္စီးဆင္းမွုကို တိုးတက္လာေစပါသည္ ။🛡🛡


စိတ္ဖိစီးမွုမ်ားကို ေလ့်ာက်ေစၿပီး စိတ္ကိုလည္း ၿငိမ္သက္ေအးခ်မ္းေစပါသည္ ။ ေက်ာရိုးမ်ားကို ဆြဲဆန႔္ေပးနိုင္သည့္အတြက္ ဖိစီးမွုမ်ားကို ကင္းေဝးေစကာ ခါးနာျခင္းကို သက္သာေစပါသည္ ။ ဤက်င့္စဥ္သည္ Sciatica ေခၚ  ခါးေၾကာညႇပ္၍ ေပါင္ေၾကာတင္း ၊ တင္ပါးခြက္ေအာင့္ ၊ ေျခသလုံးေတာင့္ကာ လမ္းမေလၽွာက္နိုင္သည့္ ေရာဂါအတြက္လည္း ကုထုံးအကြက္တစ္ကြက္ ျဖစ္ပါသည္ ။🛡🛡


2️⃣ Marjariasana #မာရ္ဂ်ရာစန (ေၾကာင္ပုံစံ) 💠💠


သကၠတဘာသာ မာရ္ဂ်ရီသည္ ေၾကာင္မကို ေခၚဆိုျခင္းျဖစ္သည္ ။ ေယာဂက်င့္စဥ္အကြက္မ်ားစြာသည္ သဘာဝ ေရ ေျမ ေတာေတာင္ ႏွင့္ ေက်းငွက္တိရိစၧာန္မ်ား၏ ကိုယ္ဟန္ကို တုပထားျခင္းျဖစ္သည္ ။ ထို့ေၾကာင့္ပင္ မိမိတို့ အိမ္ရွိ ေၾကာင္ကေလးမ်ားသည္လည္း သင္၏ ျမင္ဆရာ ျဖစ္လာနိုင္ပါသည္ ။🛡🛡


ဤက်င့္စဥ္သည္ ေၾကာင္ကေလးမ်ား အေညာင္းဆန႔္သကဲ့သို့ ‌ေက်ာရိုးတစ္ခုလုံးကို မယုံၾကည္နိုင္ေလာက္ေအာင္ ဆြဲဆန႔္ေပးနိုင္ေသာ က်င့္စဥ္ပင္ျဖစ္သည္ ။ မည္မၽွအက်ိဳး ရွိသည္ဟု ေျပျပရန္ပင္ ခက္ေလာက္ေအာင္ အေထာက္အကူျပဳနိုင္ေသာ အကြက္ျဖစ္ပါသည္ ။🛡🛡


ေၾကာင္ပုံစံက်င့္စဥ္သည္ အာ့ရွ္တန္ဂက်င့္စဥ္၏ အေျခခံအဆင့္ အကြက္တစ္ကြက္ျဖစ္ပါသည္ ။ ေလ့က်င့္ရာတြင္ ႏြားပုံစံ ႏွင့္ ေၾကာင္ပုံစံ တို့ကို ႏွစ္ခုေပါင္းစပ္၍ ေလ့က်င့္ရပါသည္ ။ ယင္းကို ခ်ကၠရာ ဝါးကားစနဟု ေခၚပါသည္ ။

Cakravakasana ခ်ကၠရာ ဝါးကားစန ဟူသည္ အကြက္အသစ္ မဟုတ္ဘဲ ႏြား ႏွင့္ ေၾကာင္ပုံစံ ၂ ခုကို ေပါင္းစပ္ေလ့က်င့္ရျခင္း ျဖစ္သည္ ။ ေလ့က်င့္နည္းစနစ္မ်ားစြာရွိၿပီး အမ်ားအားျဖင့္ ရွုသြင္းခ်ိန္တြင္ ႏြားပုံစံကို ျပဳလုပ္ၿပီး ရွုထုတ္သည့္ေလႏွင့္အတူ ေခါင္းကို ငုံ႔ကာ ေၾကာင္ပုံစံသို့ ေျပာင္းလဲေလ့က်င့္နည္းကို ေလ့က်င့္ၾကေပသည္ ။🔑🔑


ျပဳလုပ္ရာတြင္ ၅ ႀကိမ္မွ ၁၀ ႀကိမ္အထိ ျပဳလုပ္နိုင္ပါသည္ ။ တစ္ျခားနည္းလမ္း တစ္ခုမွာ အကြက္ ၁ ခုစီတြင္ ၁၀ စကၠန႔္စီ ေနေပးျခင္းျဖစ္သည္ ။ ႏြားပုံစံကို ၁၀ စကၠန႔္ေနၿပီးေနာက္ ေၾကာင္ပုံစံကိုလည္း ၁၀ စကၠန႔္ ျပဳလုပ္ရျခင္း ျဖစ္သည္ ။ ထိုစနစ္ကိုလည္း ၅ ႀကိမ္မွ ၆ ႀကိမ္အထိ ေလ့က်င့္ေပးနိုင္ပါသည္ ။🛡🛡


အက်ိဳးေက်းဇူးမ်ား 💎💎


ေက်ာရိုးတစ္ခုလုံးကို ဆြဲဆန႔္ေပးနိုင္ၿပီး ေပ်ာ့ေပ်ာင္းမွုကိုပါ တိုးတက္လာေစနိုင္ေသာ က်င့္စဥ္ျဖစ္သည္ ။ လက္ေကာက္ဝတ္ ၊ ပခုံး တို့ကိုလည္း သန္စြမ္းလာေစနိုင္ပါသည္ ။ ႏြားပုံစံသည္ လည္ပင္းႏွင့္ ရင္ဘတ္ပိုင္း ၊ ေၾကာင္ပုံစံသည္ ဇက္ပိုး ႏွင့္ ေနာက္ေက်ာပိုင္းတို့ကို ဆြဲဆန႔္ေပးနိုင္ပါသည္ ။ အစာေျခအဂၤါစနစ္ကိုလည္း ဖိအားသက္ေရာက္ေစသည့္အတြက္ ယင္းစနစ္ကို အေထာက္အကူေပးကာ အစာေခ်ဖ်က္အားကို တိုးတက္လာေစပါသည္ ။🔑🔑


ဝမ္းဗိုက္ကို အားျပဳညစ္ထားရျခင္းျဖစ္ရာ ဗိုက္သားမ်ားကိုလည္း လွုံ႔ေဆာ္ေပးနိုင္ၿပီး မလိုအပ္ေသာ အဆီပိုမ်ားကို ေလ့်ာက်ေစနိုင္ပါသည္ ။ အလ်င္အျမန္ပင္ ဗိုက္အဆီမ်ားကို ေလ့်ခ်ေပးနိုင္သည္ဟု မဆိုလိုဘဲ ျဖည္းျဖည္းေႏွးေႏွးျဖင့္ ေလ့်ာၾကသြားျခင္း ျဖစ္သည္ ။ ေသြးေကာင္းေသြးသန႔္မ်ာႏွင့္တကြ ‌ေအာက္စီဂ်င္ကိုပါ တစ္ကိုယ္လုံးသို့ ပ်ံ႕ႏွံ့ေရာက္ရွိသြားေစနိုင္ၿပီး စိတ္တြင္လည္း ဖိစီးမွုမ်ားကို ေလ်ာ့က်သြားေစနိုင္မည့္ က်င့္စဥ္တစ္ရပ္ ျဖစ္ပါသည္ ။🔑🔑


3️⃣ Bharadvajasana #ဘာရတ္ဗာဂ်ာစန (ထိုင္လ်က္ ခါးလွည့္ျခင္းပုံစံ) 💠💠


ဤက်င့္စဥ္တြင္ အမွတ္ ၁ ႏွင့္ ၂ ဟူ၍ ရွိၿပီး #တမန္ေတာ္ပုံစံ ဟူ၍လည္း ေခၚၾကပါသည္ ။ ဘာရတ္ဗာဂ်ာစနဟူသည္ ေဝဒက်မ္းမ်ား၌ အထူးထင္ရွားလွေသာ သူေတာ္စင္ႀကီး ဘာရတ္ဗာဂ်ာ၏ အမည္ကိုယူ၍ မွည့္ေခၚထားျခင္းျဖစ္သည္ ။ ရေသ့ႀကီးသည္ ေဝဒက်မ္းျမတ္မ်ားကို ျပဳစုသူ သူေတာ္စင္ျမတ္ ၇ ပါးထဲမွ တစ္ပါးတစ္ပါအဝင္ျဖစ္ၿပီး ေဝဒထဲမွ ဓမၼေတး အေတာ္မ်ားမ်ားမွာ သူ၏ လက္ရာမ်ားျဖစ္သည္ ။ ေဝဒက်မ္းမ်ားႏွင့္တကြ အသိဉာဏ္ပညာအရာတြင္လည္း ၿပိဳင္စံရွားဆရာတစ္ဆူပင္ ျဖစ္သည္ ။🛡🛡

 

 သူ၏ ႀကီးမားက်ယ္ျပန႔္လွေသာ ဉာဏ္ပညာ ဗဟုသုတမ်ားကို တပည့္အေပါင္းအား လက္ဆင့္ကမ္းေဝမၽွေပးေနေသာ သူေတာ္စင္တစ္ပါးလည္း ျဖစ္သည္ ။ ရိုးရာယုံၾကည္မွုအရ ပညာလိုလားေသာ တပည့္မ်ားရွိေနသမၽွကာလပတ္လုံး ဘာရတ္ဗာဂ်ာသည္

 အသိပညာကို ျဖန႔္ေဝေပးရန္ ဘဝဆက္ မပ်က္ ဆက္ကာ ဆက္ကာ တည္ရွိေနဦးမည္ဟူ၍ ျဖစ္သည္ ။🛡🛡

 

 ခါးကို လွည့္ကာေက်ာရိုးဆစ္မ်ားကို ေနာက္သို့ လိမ္လွည့္ေပးျခင္းသည္ ရိုးရွင္းလြယ္ကူသည့္အားေလၽွာ္စြာ လူတိုင္းပင္ လြယ္လြယ္ကူကူ ျပဳလုပ္နိုင္ေပသည္ ။ မနက္ေစာေစာ ဝမ္းဗိုက္တြင္ မည္သည့္အစာမွ ရွိမေနခ်ိန္တြင္ ေလ့က်င့္ရပါမည္ ။ ဤအကြက္သည္ ဟတေယာဂက်င့္စဥ္မ်ားတြင္ အလယ္အလတ္အဆင့္ အာစနတစ္ခု ျဖစ္ၿပီး စကၠန႔္ ၃၀ မွ ၆၀ အထိ ထားရွိနိုင္ပါသည္ ။


အက်ိဳးေက်းဇူးမ်ား 💎💎

 

 ေက်ာရိုးဆစ္မ်ား ၊ ပခုံးႏွင့္ တင္ပါးတို့ကို ဆြဲဆန႔္ေပးနိုင္ၿပီး အာ႐ုံေၾကာစနစ္ကို အားေကာင္းလာေစပါသည္ ။ ဝမ္းဗိုက္ကို ႏွိပ္ႏွယ္ေပးသကဲ့သို့ ျဖစ္ေစသည့္အတြက္ အစာေျခဖ်က္အားကို ေကာင္းေစကာ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစသည္ ။🔑🔑

 

 ခႏၶာကိုယ္အေပၚ ထိေရာက္ေသာ အက်ိဳးသက္ေရာက္မွုမ်ားစြာ ျဖစ္ေစၿပီး အဆိပ္အေတာက္မ်ားကိုလည္း ဖယ္ရွားေပးနိုင္ပါသည္ ။ ကိုယ္ကာယအေပၚပိုင္း ၊ ေနာက္ေၾကာမ်ားကို ဆြဲဆန႔္ေပးနိုင္သည့္အတြက္ ဇက္ေၾကာတက္ ေနာက္ေၾကာတက္ျခင္း ၊ တင္ပါးႏွင့္ ေျခသလုံးေၾကာနာက်ဥ္ျခင္း ေဝဒနာမ်ားကိုပါ သက္သာေစပါသည္ ။ ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနျဖင့္လည္း ကိုယ္ဝန္၏ ဒုတိယ သုံးလအပိုင္းအျခားျဖစ္ေသာ ၃ လေက်ာ္၍ ၄ လ ႏွင့္ ၆ လၾကားတြင္ ခါးနာက်ဥ္ကိုက္ခဲျခင္းကို သက္သာေစပါသည္ ။🔑🔑


4️⃣ Sethu Bandha Sarvangasana #ေစတုဗႏၶစါဝႏၢစန (ကုန္းတံတားပုံစံ)💠💠


ေစတု သည္ တံတား ၊ ဗႏၶ သည္ ဖြဲ႕စည္းျခင္း (သို့) တည္ေဆာက္ျခင္း ၊ စာဝ သည္ အားလုံး ၊ အဂၤ သည္ကား အစိတ္အပိုင္း ျဖစ္သည္ ။ ထို့ေၾကာင့္ပင္ ေစတု ဗႏၶ စါဝႏၢစန ဟူသည္ မဟာရာမမင္းႀကီးအတြက္ ဝက္ဝံ ႏွင့္ ေမ်ာက္မ်ားက တည္ေဆာက္ေပးခဲ့ေသာ တံတားအမည္ကို ယူ၍မွည့္ေခၚထားျခင္း ျဖစ္သည္ ။ Adam’s Bridge အာဒမ္၏ တံတားဟူ၍လည္း ေက်ာ္ၾကားလွေသာ ဤတံတားႀကီးသည္ အိႏၵိယ အေရွ႕ေတာင္ပိုင္းႏွင့္ သီရိလကၤာနိုင္ငံတို့၏ ၾကားရွိ ပင္လယ္ျပင္ကို ျဖတ္သန္းကာ ဆက္သြယ္ထားေသာ တံတားႀကီးျဖစ္သည္ ။🐵🙉🐻


ရာမာယဏဇာတ္ေတာ္ႀကီး၏ အဆိုအရ ရာဝဏ(ဒသဂီရိ)က သီဟိုရ္ကၽြန္းသို့ အတင္းအဓမၼဖမ္းေခၚသြားေသာ သီတာေဒဝီကို ျပန္လည္ေဆာင္ၾကဥ္းနိုင္ရန္အတြက္ ဤတံတားႀကီးကို တည္ေဆာက္ခဲ့ျခင္းျဖစ္သည္ ။ ကုေဋႏွင့္ခ်ီေသာ ေမ်ာက္ႏွင့္ ဝက္ဝံစစ္သည္မ်ား ျဖတ္ကူးနိုင္ရန္အတြက္ ဤတံတားႀကီးသည္ မျဖစ္မေနတည္ေဆာက္ရန္ လိုအပ္ခဲ့ျခင္းျဖစ္သည္ ။🐵🙉🐻


တည္ေဆာက္ေရးလုပ္ငန္းမ်ားကို Nala နာလ ၊ Hanuman ဟႏုမာန္ ၊ ဝက္ဝံတို့၏ ဘုရင္ ဇမၺဴမာန္ Jambavan ၊ ေမ်ာက္အေပါင္း၏ ဘုရင္ သုက်ိတ္ Sugriva ႏွင့္သူ၏ ဝန္ႀကီးမ်ားက ႀကီးၾကပ္ကာ ဝက္ဝံ ႏွင့္ ေမ်ာက္စစ္သည္မ်ားက တည္‌‌ေဆာက္ခဲ့ျခင္းျဖစ္သည္ ။ ေအာက္ခံ အေျခခံအေနအျဖစ္ ခိုင္ခံ့ေစရန္ ႀကီးမားေသာ ေက်ာက္တုံးႀကီးမ်ားကို ပင္လယ္တြင္းသို့ ပစ္ခ်ကာ ထိုအေပၚမွေန၍ ေခ်ာမြတ္ေစရန္ ရြံ့ႏွင့္ သစ္သားမွုန႔္ေလးမ်ားကို ေရာစပ္၍ မံကာ တည္ေဆာက္ခဲ့ေပသည္ ။🔧🛠🔨


တည္ေဆာက္ၿပီးသြားေသာအခါ ေစတု ဗႏၶဟူ၍ အမည္ေပးခဲ့ၾကေပသည္ ။ ကုန္းတံတားပုံစံက်င့္စဥ္သည္ ဗင္ယာစေယာဂက်င့္စဥ္၏ အေျခခံအဆင့္အကြက္တစ္ကြက္ျဖစ္ၿပီး ေလ့က်င့္ရာတြင္ မနက္ေစာေစာ (သို့) ညေနခင္း၌ ဝမ္းဗိုက္အတြင္း အစာမရွိခ်ိန္တြင္ ေလ့က်င့္ရပါမည္ ။ ေလ့က်င့္ရာတြင္ စကၠန႔္ ၃၀ မွ ၁ မိနစ္အထိ ထားရွိကာ ေလ့က်င့္ရပါမည္ ။🛡🛡


အက်ိဳးေက်းဇူးမ်ား 💎💎


ေပါင္ေနာက္ႂကြက္သားမ်ားကို ဆြဲဆန႔္ေပးနိုင္ၿပီး လက္ေကာက္ဝတ္ကိုလည္း သန္စြမ္းေစပါသည္ ။ ေက်ာက္ကပ္အားမေကာင္းသူမ်ားသည္ အထူးေလ့က်င့္သင့္ၿပီး ဝမ္းဗိုက္ႂကြက္သားမ်ား ႂကြက္တက္ျခင္းကို ေလ်ာ့ခ်ေပးနိုင္ပါသည္ ။ ဗဟိုအာ႐ုံေၾကာစနစ္ကို ၿငိမ္သက္ေစၿပီး ေက်ာရိုးကို က်န္းမာႀကံ့ခိုင္ေစပါသည္ ။🔑🔑


အသက္ရွုမွုကို တိုးတက္လာေစၿပီး စိတ္ႏွင့္ခႏၶာကိုယ္ကို အသစ္တစ္ဖန္ အားျပန္ျဖည့္ေပးနိုင္ပါသည္ ။ ဤက်င့္စဥ္သည္ ခႏၶာကိုယ္ အေၾကာတင္းေတာင့္လြန္းသူမ်ား ႏွင့္ အရိုးပြေရာဂါခံစားေနရသူမ်ားအတြက္လည္း ကုထုံးအကြက္တစ္ကြက္ ျဖစ္ပါသည္ ။🔑🔑


5️⃣ Adho Mukha Swanasana #ေအဒိုးမုခဆြာနစန (ဦးေခါင္းစိုက္ ေခြးပုံစံ)💠💠

 

ေအးဒိုးဟူသည္ ‌ေရွ႕ (သို့) ေအာက္ဘက္ ၊ မုခ သည္ကား မ်က္ႏွာ ၊ ဆြာနသည္ ေခြး ျဖစ္သည္ ။ အိမ္တြင္ ေခြး ၊ ေၾကာင္ေလးမ်ားရွိပါက သူတို့သည္ အေၾကာဆန႔္သည္အခါ ဤပုံစံျဖင့္ ျပဳလုပ္ၾကသည္ကို ျမင္ဘူးၾကပါလိမ့္မည္ ။ ခႏၶာကိုယ္ေရွ႕ပိုင္းကို ေရွ႕ဘက္သို့ ကိုင္းကာ ေကြးညြတ္ခ်ရေသာ ဦးေခါင္းစိုက္ေခြးပုံစံသည္ တစ္ကိုယ္လုံးကို ဆြဲဆန႔္ေပးနိုင္ကာ အက်ိဳးေက်းဇူးမ်ားစြာ ရွိေသာ အကြက္တစ္ကြက္ ျဖစ္ပါသည္ ။🐕🐕


ဤက်င့္စဥ္သည္ အာ့ရွ္တန္ဂေယာဂက်င့္စဥ္၏ အေျခခံအဆင့္ အကြက္တစ္ကြက္ျဖစ္ၿပီး ေလ့က်င့္ရာတြင္ မနက္ပိုင္း ဗိုက္ထဲတြင္ မည္သည့္အစာမွ မရွိခ်ိန္တြင္ ၁ မိနစ္မွ ၃ မိနစ္အထိ ထားရွိကာ ေလ့က်င့္ေပးနိုင္ပါသည္ ။🐩🐩


 #မဟာဘာရတဇာတ္ေတာ္ႀကီး၏ ဇာတ္လမ္းအဆုံးတြင္ #ဒေရာပဒီ မင္းသမီးႏွင့္ #ပ႑ဝ ညီေနာင္တို့သည္ ဘုရားသခင္ စံေနရာျဖစ္ေသာ ဟိမဝႏၲာေတာင္တန္းေပၚသို့ ဘုရားဖူးခရီးထြက္ခဲ့ၾကေပသည္ ။ လမ္းတြင္ ဒေရာပဒီ ႏွင့္ မင္သား ၄ ပါးတို့ ေသဆုံးသြားၾကေပသည္ ။ ေသဆုံးရျခင္းအေၾကာင္းရင္းမွာ သူတို့၏ ကိုယ္ခႏၶာမ်ားသည္ ေကာင္းကင္ဘုံသို့ဝင္ရန္ လုံေလာက္သည့္ စင္ၾကယ္မွု မရွိ‌ေသးေသာေၾကာင့္ျဖစ္သည္ ။ ယုဓိတၱိရ တစ္ဦးတည္းသာ သစၥာရွိေသာ ေခြးတစ္ေကာင္ကို အေဖာ္ျပဳ၍ ဆက္လက္ ခရီးႏွင္ခဲ့ရေပသည္ ။✨✨


ေကာင္းကင္ဘုံသို့ ေရာက္ေသာအခါ နတ္တို့၏ဘုရင္ #ဣႏၵာက ေခြးကို ေကာင္းကင္ဘုံသို့ ဝင္ခြင့္မျပဳနိုင္ဟု ဆိုသည့္အတြက္ မိမိကို ကိုးစား၍ သစၥာရွိစြာ လိုက္ပါလာေသာ ေခြးကို ဝင္ခြင့္မျပဳလၽွင္ သူတစ္ဦးတည္း မဝင္ေတာ့ဟု ဆုံးျဖတ္ကာ မဝင္ဘဲေနေလသည္ ။ ထိုအခါမွ ေခြးသည္ အသြင္ေျပာင္းကာ #တရားကိုစိုးပိုင္သူအရွင္ (ဓမၼ) ျဖစ္သြားေလသည္ ။ စိတ္သေဘာထားႀကီးစြာျဖင့္ မိမိတို့၏ မိတ္ေဆြ အေပါင္းအသင္းမ်ားအေပၚတြင္ သစၥာႀကီးသူသည္ အရာရာျပည့္စုံ‌ေအာင္ျမင္ျခင္းကို ျပေနျခင္းျဖစ္ပါသည္ ။✨✨

 

 အက်ိဳးေက်းဇူးမ်ား 💎💎

 

စိတ္ဖိစီးမ်ားကို ေလ်ာ့ခ်ေပးရာတြင္ အေကာင္းဆုံေသာ စံအကြက္ဟု ရည္ညႊန္းၾကေသာ အကြက္ျဖစ္ပါသည္ ။ ျပဳလုပ္ရာတြင္ ဦးေခါင္းကို ေရွ႕သို့ ငိုက္ခ်လိုက္ျခင္းျဖင့္ ဦးေႏွာက္ႏွင့္ ဦးေရျပားအတြင္း ေသြးေကာင္းေသြးသန႔္မ်ားကို တိုးတက္ရရွိေစပါသည္ ။🔑🔑


ခႏၶာကိုယ္ကို အနားရေစရာတြင္လည္း လက္ဖ်ားခါရေလာက္ေအာင္ အက်ိဳးျပဳနိုင္ၿပီး ဆံသားအသစ္မ်ားကိုလည္း ေပါက္ေရာက္ သန္စြမ္းေစနိုင္ပါသည္ ။ ေက်ာရိုးကိုလည္း ဆြဲဆန႔္ေပးနိုင္ၿပီး ခါးနာျခင္းအတြက္လည္း အလြန္ေကာင္းမြန္ေသာ အကြက္တစ္ကြက္ျဖစ္ပါသည္ ။🔑🔑


6️⃣ Padangusthasana #ပါဒန္ဂူးစ္ထစန (ရပ္လၽွက္ ေရွ႕သို့ ေမွာက္ခ်ျခင္းပုံစံ)💠💠


ပါဒ သည္ ေျခေထာက္ ၊ အႏၢဴစ္ထ သည္ ေျခမ ကို ဆိုလိုပါသည္ ။ ခႏၶာကိုယ္ကို ေရွ႕သို့ ေမွာက္ခ်ကာ လက္ညိဳးႏွင့္ လက္မျဖင့္ ေျခမကို ကိုင္ထားရေသာ အကြက္ျဖစ္သည္ ။ ဤက်င့္စဥ္သည္ လူသစ္တန္း အေျခခံေယာဂီမ်ားပင္လၽွင္ အလြယ္တကူ ျပဳလုပ္နိုင္ေသာ အကြက္ျဖစ္သည့္အားေလၽွာ္စြာ ေယာဂက်င့္စဥ္မ်ား၏ အဦးအစပိုင္းတြင္ အေၾကာမ်ားကို ေျဖေလ်ာ့သည့္အေနျဖင့္ စတင္ ျပဳလုပ္ၾကပါသည္ ။ လက္မ်ားသည္ ေျခမကို မကိုင္ထားဘဲ ၾကမ္းျပင္တြင္ အလိုက္သင့္ ခ်ထားပါက Uttanasana ဟု ေခၚဆိုပါသည္ ။🛡🛡


ဥတာနာစန ဟူသည္ အစြမ္းကုန္ ဆြဲဆန႔္ေပးျခင္းဟု အဓိပၸါယ္ရေပသည္ ။ တခါတုန္းက ေတာအုပ္ႀကီးတစ္ခုတြင္ ႀကီးမားေသာ ဝက္သစ္ခ်ပင္ႀကီး တစ္ပင္ ရွိေပသည္ ။ သူ၏ေဘးတြင္ကား ဝါး႐ုံပင္မ်ား ရွိေပသည္ ။ မနက္တိုင္းပင္ တက္သစ္ခ်ပင္ႀကီးသည္ သူသာလၽွင္ ေတာအုပ္တစ္ခုလုံးတြင္ အႀကီးမားဆုံး ၊ အျမင့္ဆုံး ႏွင့္ အသန္မာဆုံး ျဖစ္သည္ဟု တစ္ေတာလုံးၾကားေအာင္ ၾကဳံးဝါးကာ ဂုဏ္ယူေလ့ရွိေပသည္ ။ ယင္း ၾကဳံးဝါးသံကို ေလကို အစိုးရေသာ အရွင္က ၾကားလိုက္ေသာအခါ သူ႔ကို ပညာေပးရန္အတြက္ ညေနပိုင္းတြင္ ႀကီးမားေသာ မုန္တိုင္းႀကီးကို ဖန္တီးလိုက္ေပသည္ ။🎑🌬🌳


ဝါး႐ုံပင္မ်ားသည္ တိုက္ခတ္ေနေသာ ေလႏွင့္အတူ ဘယ္/ညာ ယိမ္းႏြဲ႕ကာ အလိုက္သင့္ ေနၾကသျဖင့္ ရပ္တည္နိုင္ၾကေသာ္လည္း ဝက္သစ္ခ်ပင္ႀကီးမွာမွု သူ၏ သန္မာမွုကို ယုံၾကည္လ်က္ ေလကို အံတုကာရင္ဆိုင္သျဖင့္ အျမစ္ပါကၽြတ္ထြက္ကာ ၿပိဳလဲခဲ့ရေပသည္ ။ ထို့ေၾကာင့္ပင္ ေယာဂက်င့္ေသာ ေယာဂီသည္ ခႏၶာကိုယ္ကို တင္းေတာင့္ထားျခင္းကို ေရွာင္ကာ ျပဳလြယ္ ၊ ေပ်ာင္းလြယ္ ၊ ျပင္လြယ္တတ္ေစရန္ စိတ္ ႏွင့္ ခႏၶာကိုယ္ကို ေလ်ာ့ခ်ထားရပါမည္ ။ ✔🌟✨


သန္မာျခင္း ႏွင့္ ေပ်ာ့ေျပာင္းမွုၾကား ၊ အလင္း ႏွင့္ အေမွာင္ၾကား ၊ အျဖဴ ႏွင့္ အနက္ တို့ကဲ့သို့ေသာ ဆန႔္က်င္ဘက္အရာတို့၏ ၾကားရွိ မၽွေျခတစ္ခုကို နားလည္ သေဘာ‌ေပါက္ေအာင္ အားထုတ္ရျခင္းသည္ ေယာဂက်င့္စဥ္ပင္ ျဖစ္သည္ ။ ယင္းက ေလာကဓံမုန္တိုင္းမ်ား မည္မၽွပင္ ထန္ေနပါေစ ေယာဂီသည္ သတိျဖင့္ ရင္ဆိုင္ျခင္းျဖင့္ လြတ္ေျမာက္မွုကို မ်က္ေမွာက္ျပဳနိုင္ရန္လည္း ျဖစ္ေပသည္ ။🛡🛡


အက်ိဳးေက်းဇူးမ်ား💎💎


ခႏၶာကိုယ္တစ္ခုလုံးကို ဆြဲဆန္႔ေပးနိုင္ကာ ေပ်ာ့ေပ်ာင္းမွုကို တိုးတက္လာေစနိုင္ပါသည္ ။ အာ႐ုံစူးစိုက္မွုကို တိုးတက္လာေစၿပီး ေမာပန္းႏြမ္းနယ္ျခင္းကို ဖယ္ရွား‌ေပးပါသည္ ။ အစာအိမ္ ၊ ေက်ာက္ကပ္ ၊ အသည္း ၊ ႏွလုံး ႏွင့္ အတြင္းေအာ္ဂန္မ်ားကိုလည္း လွုံ႔ေဆာ္ေပးနိုင္ကာ ယင္းတို့၏ လုပ္ငန္းစြမ္းေဆာင္ရည္ကို တိုးတက္လာေစပါသည္ ။🔑🔑


ခႏၶာ ႏွင့္ စိတ္ကိုလည္း ဟန္ခ်က္ညီေစၿပီး နာဗ့္ေၾကာစနစ္တစ္ခုလုံးကို ထိမ္းခ်ဳပ္ေပးကာ ေသြးတိုးေရာဂါကို ကုသေပးနိုင္ပါသည္ ။ ေက်ာရိုးကိုလည္း ဆြဲဆန႔္ေပးနိုင္သည့္အတြက္ ခါးနာျခင္းအတြက္လည္း ေကာင္းမြန္ေသာ အကြက္တစ္ကြက္ ျဖစ္ပါသည္ ။🔑🔑


7️⃣ Utthita Trikonasana #ဥတိတႀတိကုံနစန (ႀတိဂံပုံစံ)💠💠


ဥတိတ ဟူသည္ ခ်ဲ႕ကားျခင္း ၊ ႀတိ ဟူသည္ သုံး ၊ ကုံန သည္ ေထာင့္ ။ ထို့ေၾကာင့္ ဥတိတ ႀတိကုံနစန ဟူသည္ ေထာင့္ ၃ ခုရွိေသာ ႀတိဂံပုံစံကို ဆိုလိုပါသည္ ။ ဤက်င့္စဥ္တြင္ သင္သည္ မ်ားစြာေသာ ႀတိဂံမ်ားကို ေတြ႕ျမင္နိုင္ပါသည္ ။ ခႏၶာကိုယ္လုပ္ငန္းေဆာက္ရြက္မွုကို တိုးတက္ေစရန္ ႏွင့္ ႂကြက္သားမ်ားကို ဆြဲဆန႔္ေပးရာတြင္ အေကာင္းဆုံးေသာ က်င့္စဥ္အကြက္ျဖစ္သည္ ။ သတိျပဳရန္မွာ ႀတိဂံဟူသည္ မ်ဥ္းေျဖာင့္မ်ားျဖင့္သာ ဖြဲ႕စည္းထားသကဲ့သို့ပင္ က်င့္စဥ္ျပဳလုပ္ရာတြင္လည္း သင္၏ အရိုးဆစ္မ်ား ၊ ႂကြက္သားမ်ားကို အစြမ္းကုန္ ဆြဲဆန႔္ထားရန္ လိုအပ္ပါသည္ ။✨✨


ေယာဂက်င့္စဥ္ အာစနအကြက္မ်ား ျပဳလုပ္ရာတြင္ မ်က္လုံးအၾကည့္မ်ားသည္ မ်ားစြာ အေရးပါလွပါသည္ ။ သကၠတဘာသာျဖင့္ Drishiti ဒရစ္စတီ ဟု ေခၚဆိုေသာ မ်က္လုံးအၾကည့္သည္ ခႏၶာကိုယ္ ဟန္ခ်က္ကို ထိမ္းေပးနိုင္ေစရန္သာမက စိတ္အာ႐ုံစူးစိုက္မွုအျပည့္ျဖင့္ ေလ့က်င့္နိုင္ရန္လည္း အေထာက္အကူေပးနိုင္ပါသည္ ။ ✨✨


ႀတိဂံပုံစံသည္ ဗင္ယာစေယာဂက်င့္စဥ္၏ အေျခခံအဆင့္ အကြက္တစ္ကြက္ျဖစ္ၿပီး ေလ့က်င့္ရာတြင္ စကၠန႔္ ၃၀ ထိ ထားရွိေလ့က်င့္ရပါမည္ ။ ဘယ္/ညာ ေျပာင္း၍ တစ္ဘက္လၽွင္ ၃ ေၾကာ့မွ ၅ ေၾကာ့အထိ ျပဳလုပ္ေပးနိုင္ပါသည္ ။✨✨


အက်ိဳးေက်းဇူးမ်ား💎💎


ေျခက်င္းဝတ္ ၊ ေပါင္ ႏွင့္ ဒူးေခါင္းမ်ားကို ပို၍ သန္မာလာေစပါသည္ ။ ေျခက်င္းဝတ္ ၊ ေျခသလုံးသား ၊ ဒူး ၊ ေပါင္ ေရွ႕/ေနာက္ ႏွင့္ အတြင္းႂကြက္သားမ်ား ၊ တင္ပါး ၊ ရင္ဘတ္ ႏွင့္ ပခုံးသားမ်ားကို ဆြဲဆန႔္ေပးနိုင္ပါသည္ ။ ေသြးဖိအားကို ေလ်ာ့က်ေစၿပီး ဖိစီးမွုမ်ား ႏွင့္ စိုးရိမ္ေသာကမ်ားကို ဖယ္ရွားေပးနိုင္ပါသည္ ။ ခါးတစ္ဝိုက္ႏွင့္ ေပါင္ၿခံတို့ရွိ မလိုအပ္ေသာ အဆီပိုမ်ားကို ေလ်ာ့ခ်ေပးနိုင္ပါသည္ ။ ေက်ာရိုးကိုလည္း ဆြဲဆန႔္ေပးနိုင္သည့္အတြက္ ခါးနာျခင္းကိုလည္း သက္သာလာေစပါသည္ ။


အေထြေထြအႀကံျပဳခ်က္မ်ား

📝📝📝📝


📌📌အျခားေသာ ကိုယ္တြင္းအဂၤါမ်ားထက္စာလၽွင္ ေက်ာရိုးသည္ ကၽြန္ေတာ္တို့ကို ႏွစ္ဆမၽွပို၍ ဒုကၡေပးတတ္ပါသည္ ။ ခါးနာျခင္းသည္ အခန႔္မသင့္လၽွင္ေသာ္လည္းေကာင္း ၊ အျခားေသာ အေျခအေန အေၾကာင္းရင္းမ်ားေၾကာင့္လည္းေကာင္း ျဖစ္တတ္ပါသည္ ။ 


⭕⭕ ခါးနာပါက လူတိုင္းသည္ ႏွိပ္နယ္သည္ ။ အပူကပ္သည္ ။ ေဆးေသာက္သည္ ။ သို့ေသာ္ ေရရွည္သက္သာမည္ မဟုတ္ေပ ။ ခါးနာရျခင္းအေၾကာင္းမွာ ေက်ာရိုးကို ေကာင္းစြာ ဂ႐ုမစိုက္သည့္အတြက္ ျဖစ္သည္ ။ ခါးနာျခင္းကို သက္သာေစရန္ႏွင့္ ႀကိဳတင္ကာကြယ္နိုင္ရန္ မိမိ၏ ေနထိုင္စားေသာက္မွုကို ျပဳျပင္ေျပာင္းလဲပါ ။


❌❌ မာေက်ာေသာ အိပ္ရာ ႏွင့္ ကုလားထိုင္မ်ားကိုသာ ‌ေရြးခ်ယ္အသုံးျပဳပါ ။ ထူထဲေသာ ဆိုဖာမ်ား ၊ ေပ်ာ့အိေသာ ဆုံလည္ကူရွင္ကုလားထိုင္မ်ားကို ‌‌ေရွာင္ပါ ။


✅✅ စိတ္ဖိစီးမွုမ်ားကို ေလ့်ာခ်ပါ ။ ရက္အတန္ၾကာ စိတ္ထင့္စိုးရိမ္ေနမည္ ဆိုပါက ႂကြက္သားမ်ားသည္ ႏြမ္းလ်ပင္ပန္းလာကာ ေက်ာေအာင့္ျခင္း(backache)ကို ျဖစ္ေစနိုင္သည့္အတြက္ စိတ္ေသာကမ်ား ေျပေပ်ာက္ေစရန္ ေန႔စဥ္ ပုံမွန္ တရားထိုင္ေပးပါ ။


✅✅ ေရခပ္ေႏြးေႏြးျဖင့္ ေန႔စဥ္ ေရခ်ိဳးပါ ။ အခ်ိန္ရပါက ေရေႏြးေႏြးျဖင့္ ေရစိမ္ပါ ။


⭕❌ အေလးအပင္မသည့္အခါ ခါးကို အားျပဳ၍ ေရွ႕သို့ ကုန္းခ်ကာ မ မပါႏွင့္ ။ ခါးကို အေျဖာင့္အတိုင္းပဲထားကာ  ဒူးကို ေကြး၍ ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ေျခေထာက္ႏွင့္ လက္ ကုပ္အားမ်ားကိုသုံးကာ မ ယူပါ ။


✅⭕ အသက္ရြယ္ႀကီးလာသည့္အခါ ႂကြက္သားမ်ား အားနည္းလာသည့္အတြက္ အားျဖည့္ေပးေသာ ကိုယ္လက္လွုပ္ရွားမွုမ်ား ၊ အထက္ပါ ေယာဂက်င့္စဥ္မ်ားကို ေန႔စဥ္ ပုံမွန္ျပဳလုပ္ေပးပါ ။ ျမန္မာရိုးရာနည္းျဖစ္ေသာ အုန္းမုန္းခြက္နင္းျခင္းသည္လည္း ခါးနာျခင္းအတြက္ အလြန္ေကာင္းမြန္ေသာ နည္းလမ္းတစ္ခု ျဖစ္ပါသည္ ။ အႀကိမ္ ၁၀၀ ခန႔္ ေန႔စဥ္ နင္းေပးပါ ။


✅✅ Vitamin E, Fish Oil ႏွင့္ Thiamine စရွိေသာ ျဖည့္စြက္စာမ်ားကို ေသာက္သုံးနိုင္ပါသည္ ။ ေသြးတက္ေစေသာ ဒညင္းသီး ၊ ဆူးပုတ္ ၊ ဒံေပါက္ ၊ မၽွစ္ ၊ မွို ၊ ဝမ္းတြင္းကလီစာမ်ား ၊ ဝက္သား ၊ ငါးသ‌ေလာက္ ၊ အင္ဥမ်ားကို ေရွာင္ပါ ။


✅✅ ကယ္စီယမ္ျပည့္ဝေသာ နို့ ႏွင့္ နို့ထြက္ပစၥည္းမ်ားျဖစ္သည့္ ႏြားနို့ ၊ ဒိန္ခ်ဥ္ ၊ ေဆာ္လမြန္ငါး ၊ အရိုးပါစားနိုင္ေသာ ငါးကေလးမ်ား ၊ ေျမပဲ ၊ ၾကက္သြန္ျဖဴ ၊ ဆလပ္ရြက္ ၊ မုန္ညႇင္းရြက္ ၊ ခရမ္းခ်ဥ္သီး ၊ ပန္းေဂၚဖီ ႏွင့္ အျခား အစိမ္းေရာင္ရွိေသာ ဟင္းသီးဟင္းရြက္မ်ားကို စားသုံးေပးပါ ။




အကယ္၍ မိတ္ေဆြတြင္ ေယာဂက်င့္စဥ္ႏွင့္ ပတ္သတ္၍ ေဆြးေႏြးလိုသည္မ်ား ၊ အႀကံျပဳလိုသည္မ်ားရွိေနပါက 

ေအာက္ပါ Group

https://www.facebook.com/groups/219695225274415/

ႏွင့္ Page 

https://www.facebook.com/MingalaYoga/

ကို ဝင္ေရာက္ထားျခင္းျဖင့္ update သတင္းမ်ားကို အျမဲသိရွိေနမည္ ျဖစ္ပါသည္ ။


Namaste'

Brahma Nanda


Ref;အင္တာနက္စာမ်က္ႏွာမ်ား ၊  International Sivananda Yoga Vedanta Centres Website ၊Yogipedia ၊ Stylecraze Website ၊

Yoga with Subhash Website ၊ 

Yoga London Website ၊ Swami Ramde-Yog Its philosophy & Practice ၊ Swati Chanchani,Rajiv Chanchani-Yoga for Children ၊ ဦးေသာ္ဇင္-မဝါဘာရတ ႏွင့္ ဘဂဝါဂီတ ၊ ဗိုလ္မင္းဟန္-သိပၸံနည္းက်စိတ္ပ်ိဳကိုယ္ႏုေယာဂက်င့္စဥ္မ်ား ၊ ေက်ာ္ေဇယ်ာပုသိမ္-စကားေျပာေသာကိုယ္တြင္းအဂၤါမ်ား ၊ Yoga Anatomy 20hrs Course ၊MFTA Fitness Nutrition Specialist Course ၊  ဗိုလ္မင္းဟန္-သင့္ဘဝတြက္ေယာဂီက်င့္စဥ္ ၊ မင္းေမာင္(ဒႆနိက)-ဟိႏၵဴဓမၼယဥ္ေက်းမွုမိတ္ဆက္ ။

No comments: