Tuesday, June 28, 2022

တရုတ်ရိုးရာ လက်ဖက်ရည်ယဉ်ကျေးမှု

 တရုတ်ရိုးရာ လက်ဖက်ရည်ယဉ်ကျေးမှုနှင့် လက်ဖက်ရည်အနုပညာ




တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေလို့ ဆိုလိုက်တာနဲ့ မပါမဖြစ်အရာ ၂ မျိုးမှာ အရက်နဲ့ လက်ဖက်ရည်ပင် ဖြစ်သည်။ အရက်နှင့် လက်ဖက်ရည်သည် တရုတ်လူမျိုးတို့၏ ရိုးရာအခမ်းအနားများ၊ မင်္ဂလာဧည့်ခံပွဲ၊ ဘိုးဘေးဘီဘင်ကန်တော့ပွဲမှသည် အခမ်းအနားပွဲအမျိုးမျိုးတွင် မပါမဖြစ် အရာများဖြစ်လာခဲ့သည်။ ကမ္ဘာပေါ်တွင် လက်ဖက်ပင်ကို အစောဆုံး တွေ့ရှိခဲ့ကြသူများမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဝန်းကျင်ကတည်းကပင် လက်ဖက်ရည်သည် အရက်ထက်ပင်စော၍ ရိုးရာထုံးတမ်းပွဲများ၊ ဧည့်ခံပွဲများတွင် အသုံးပြုခဲ့ကြကြောင်း သိရသည်။ အစောပိုင်းကာလများတွင် အရက်ကို ဘိုးဘေးကန်တော့ပွဲ၊ နတ်ပူဇော်ပွဲများတွင်သာ အသုံးပြုခဲ့ပြီး လက်ဖက်ရည်ကိုမူ နန်းတွင်းအခမ်းအနားပွဲများတွင် ဧည့်ခံသည့်အခါ အသုံးပြုခဲ့သည်။ 


လက်ဖက်ရာဇဝင် 


ဒဏ္ဍာရီအရ လက်ဖက်ပင်ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ဒဏ္ဍာရီဧကရာဇ် ၈ ပါးခေတ် 三皇五帝 က တရုတ်လူမျိုးတို့၏ ဘိုးဘေး ဧကရာဇ် ရှန့်နုန် 神農 က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုကြသည်။ ရှန်းနုန်သည် တရုတ်လူမျိုးတို့၏ ဆေးပညာနှင့် စိုက်ပျိုးရေးပညာကို သင်ကြားပေးခဲ့သော ဖခင်ကြီး ဖြစ်ပေသည်။ ရှန်းနုန်သည် ဆေးပညာထွန်းကားစေရန်အတွက် မြောက်မြားစွာသော အပင်နှင့် မှိုများကို မြည်းစမ်းခဲ့ပြီး လူသားတို့အတွက် အကျိုးရှိစေမည့် ဆေးကျမ်းစာကို ရေးသားပေးခဲ့သည်။ ထိုအထဲတွင် မည်သည့်အပင်က ဆေးဝါးဖြစ်စေသည်၊ မည်သည့်အပင်နှင့် မှိုက စားသောက်ရန်သင့်သည်၊ မည်သည့်အပင်နှင့် မှိုက အဆိပ်ရှိသည်တို့ကို လက်ဆင့်ကမ်း ပညာအမွေပေးခဲ့လေသည်။ ရာဇဝင်အရ ရှန်းနုန်သည် မွှေးရနံ့သင်းသော လက်ဖက်ပင်ကို မြည်းစမ်းကြည့်ရင်း တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ပထမဆုံး လက်ဖက်ရွက်ကို ဝါးစားကြည့်ရာ စိတ်ကြည်လင်သလို ခံစားရသည်ဟု ဆိုသည်။ ထို့ကြောင့် လက်ဖက်ရွက်တစ်ချို့ကို အိမ်သို့ ယူလာခဲ့လေသည်။ လက်ဖက်ရွက်များသည် ရက်အတော်ကြာသွားသည့်အတွက် ခြောက်သွေ့ကုန်ကြလေသည်။ ထိုအချိန် ရှန်းနုန်သည် ရေနွေးပူပူကို ငှဲ့ထည့်ထားစဉ် လက်ဖက်ရွက်ခြောက်တစ်ချို့ ရေနွေးထဲ ကျသွားလေသည်။ ရှန်းနုန်လည်း ထိုလက်ဖက်ရည်ကို သောက်ကြည့်လိုက်ရာ ထူးကဲသောအရသာကို မြည်းစမ်းမိပြီးနော​က် ထိုအရသာကို စွဲမက်သွားလေသည်။ ပြီးနောက် လက်ဖက်ရည်သည် လူ​ကို လန်းဆန်းတက်ကြွအောင် လှုံ့ဆော်ပေးနိုင်ကြောင်းကိုပါ တွေ့ရှိသွားလေသည်။ နောက်ထပ် မှတ်တမ်းတစ်ခု၌ ရှန်းနုန်သည် အဆိပ်ပင် ၇၂ မျိုးကို မြည်းစမ်းကြည့်ပြီးနောက် အလွန်နေမကောင်းဖြစ်လျက်ရှိသည်။ ထိုအချိန် သူ့ဘေးနားတွင် ကျလျက်ရှိသော အရွက်လေးများကို ဝါးပြီး ထွေးထုတ်လိုက်သည်။ ထိုအရွက်လေးများကို ဝါးစားလိုက်သည့်အခါ လန်းဆန်းအားပြည့်သွားသလို ခံစားရသည့်အတွက် အရွက်များကို အကုန်ဝါးစားလိုက်လေသည်။ ထိုအခါ ရှန်းနုန်ကိုယ်တွင်းရှိ အဆိပ်များအားလုံးလည်း ပြယ်သွားသည်ဟု ဆိုသည်။ ထို့ကြောင့် တရုတ်ဆေးပညာတွင် လက်ဖက်ရွက်နှင့် ကန်စွန်းရွက်သည် အဆိပ်ပြယ်စေသော ဂုဏ်သတ္တိရှိသည်ဟု ရေးသားခဲ့ကြလေသည်။ ကနဦး သမိုင်းမတင်မီခေတ်က တရုတ်လူမျိုးများသည် လက်ဖက်ရွက်ကို လက်ဖက်ရည်အဖြစ် သောက်သုံးခြင်းထက် လက်ဖက်ရွက်ကို စာသုံးခြင်းက ပိုများခဲ့ကြောင်း သိရသည်။ နောက်ပိုင်းခေတ်များတွင်မှ လက်ဖက်ရည်သောက်သုံးခြင်းဓလေ့ ပိုတွင်ကျယ်လာပြီး လက်ဖက်ရည်သောက်သုံးခြင်းကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် ဖော်ဆောင်ခဲ့ကြလေသည်။ 


အစောဆုံးသမိုင်းမှတ်တမ်း


ကျိုးမင်းဆက်ခေတ် (ဘီစီ ၁၀၄၅ ခုနှစ်မှ ၂၅၆ ခုနှစ်) ၏ မှတ်တမ်းများတွင် လက်ဖက်ခြောက်သည် ကျိုးခေတ်က တော်ဝင်မျိုးနွယ်၊ ဘုရင့်မျိုးနွယ်တို့အတွက် ဇိမ်ခံပစ္စည်းတစ်မျိုး ဖြစ်ခဲ့သည်ဟု သိရသည်။ ထိုခေတ်က အထက်တန်းလွှာများသာ လက်ဖက်ခြောက်ကို သုံးဆောင်ခွင့်ရကြသည်။ အထက်တန်းလွှာများသည် လက်ဖက်ခြောက်ကို ရေနွေးဇလုံထဲထည့်ပြီး ချိုးရေအဖြစ် အသုံးပြုခဲ့ကြသလို စိတ်ကြည်လင်စေရန် သောက်သုံးရသည့် ဆေးဝါးများတွင်လည်း လက်ဖက်ကို ထည့်သွင်းအသုံးပြုခဲ့ကြသည်။ လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်ခတ်ပြီး အစားအစာ၊ ဆေးဝါးနှင့် လက်ဖက်ရည်အဖြစ် သုံးစွဲခဲ့ကြသည်။ လက်ဖက်ရွက်ကို အသုံးပြုကာ ဟင်းလျာ၊ ဟင်းရည် ချက်ပြုတ်ရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြသေးသည်။ ကျိုးခေတ်ယဉ်ကျေးမှုမှတ်တမ်းများအရ ကျိုးခေတ်ကတည်းကပင် လက်ဖက်ရည်ယဉ်ကျေးမှု စတင်နေပြီဖြစ်ပြီး နန်းတွင်း၌ လက်ဖက်ရည်ဧည့်ခံပွဲအခမ်းအနားများကို ကျင်းပလေ့ရှိကြောင်း သိရသည်။ လက်ဖက်ခြောက်သည် တရုတ်ပြည်တောင်ပိုင်းတွင်သာ ထွက်ရှိပြီး တောင်ပိုင်း၏ အထူးဒေသထွက်ကုန်လည်း ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလများတွင် တောင်ပိုင်း၌ တာဝန်ကျသော အရာရှိများသည် ဧကရာဇ်ထံမှ မျက်နှာသာရရှိရန်အတွက် တောင်ပိုင်းမှ လက်ဖက်ကောင်းကို ဆက်သပေးလေ့ ရှိသည်။ 


စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ယဉ်ကျေးမှု


တရုတ်မင်းဆက် အဆက်ဆက်တွင် လက်ဖက်ရည်ယဉ်ကျေးမှုများ တစ်ခုနှင့် တစ်ခု မတူညီပဲ တမူထူးခြားစွာ ရှိခဲ့ကြသည်။ ယခု Post တွင် အဓိကပြောချင်တာက လျိုရိဖေးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲတစ်ခုဖြစ်သည့် 夢華錄 (A Dream of Splendor) ထဲမှ စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ယဉ်ကျေးမှုအကြောင်းပင် ဖြစ်သည်။ စုန့်မင်းဆက်ခေတ် (၉၆၀ ခုနှစ်မှ ၁၂၇၉ ခုနှစ်) သည် တရုတ်ပြည်၏ မင်းဆက်ခေတ်များတွင် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ချမ်းသာကြွယ်ဝမှု အမြင့်မားဆုံး ခေတ်တစ်ခေတ် ဖြစ်ခဲ့သည်။ စုန့်ခေတ်မှ လက်ဖက်ရည်ယဉ်ကျေးမှုသည် ယနေ့ထက်တိုင် ကမ္ဘာကျော်ပြီး စုန့်ခေတ်ယဉ်ကျေးမှုကို ဂျပန်၊ ကိုးရီးယား၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တိုင်းနိုင်ငံများမှ လက်ဆင့်ကမ်း ဖြန့်ဝေသယ်ဆောင်ခဲ့ကြလေသည်။ စုန့်ခေတ်က လက်ဖက်ရည်ဧည့်ခံပွဲအခမ်းအနားများသည် စာပေယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများကို နှီးနှောဖလှယ်ရာ ပွဲများဖြစ်ကြသည်။ စုန့်ခေတ်တွင် လက်ဖက်ရည်ဧည့်ခံပွဲများကို အထက်တန်းလွှာ တော်ဝင်မျိုးနွယ်၊ စာပေပညာရှင်များသာမက သာမန်ပြည်သူများပါ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ 


ဒါဆို စုန့်မင်းဆက်ခေတ်ရဲ့ လက်ဖက်ရည်ယဉ်ကျေးမှုက ဘယ်လောက်ထိ ထွန်းကားခဲ့သလဲ ? ဘယ်နိုင်ငံတွေအထိ ပျံ့နှံ့ခဲ့သလဲ ? ဆိုတာ လေ့လာကြည့်ရကြပါစို့။ 


စုန့်မင်းဆက်ခေတ်၏ လက်ဖက်ရည်ဖျော်နည်းများ 


တျန့်လက်ဖက်ရည် (點茶) သို့မဟုတ် Green Tea (末茶 - Matcha) ၏ အစ 


စုန့်ခေတ်တွင် လက်ဖက်ခြောက်ကို အမှုန့်ကြိတ်ပြီး လက်ခြောက်မှုန့်များဖြင့် ဖျော်ရသော တျန့်ချာ 點茶 လက်ဖက်ရည်သည် နာမည်ကြီးသည်။ တျန့်ချာဖျော်နည်းသည် ထန်မင်းဆက်ခေတ်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး စုန့်ခေတ်နှင့် အနည်းငယ်ကွဲပြားမှုရှိသည်။ စုန့်ခေတ်၏ တျန့်ချာဖျော်နည်းမှာ လက်ဖက်မှုန့်များကို လက်ဖက်ရည်ခွက်ထဲ ထည့်ပြီး ရေနွေးအနည်းငယ်ဖြင့် မွှေထားရမည်။ ပြီးနောက် ရေနွေးအနည်းငယ်ကို ထည့်ပြီး ဝါးဖြင့်ပြုလုပ်ထားသော လက်ဖက်ရည်မွှေတံဖြင့် ပထမတစ်ခေါက် မွှေခဲ့သည့်အချိန်အတိုင်း ထပ်မံမွှေပေးပါမည်။ အမြှုပ်ထလာပါက တတိယအကြိမ် ရေနွေးအနည်းငယ် ထည့်ပြီး ထပ်မွှေပေးရမည်။ စတုတ္ထအကြိမ် ရေနွေးထည့်မွှေပြီးသည့်အခါတွင် သောက်သုံးနိုင်ပြီ ဖြစ်သည်။ စုန့်ခေတ်တွင် လက်ဖက်ရည်အမြှုပ်ပေါ်၌ အနုပညာပုံဖော်ခြင်း (Tea Art) ကို ပြုလုပ်နေပြီ ဖြစ်သည်။ စုန့်ခေတ်က လက်ဖက်ရည်အနုပညာပုံဖော်နည်းမှာ လက်ဖက်မှုန့်များကို ပထမအဆင့်အတိုင်း ရေနွေးအနည်းငယ်ဖြင့် ပျစ်ပျစ်လေး ထည့်မွှေပေးပြီး အလှပုံဖော်သည့် တုတ်တံလေးဖြင့် ပန်းချီ၊ စာလုံးများကို ရေးသားပုံဖော်လေ့ရှိကြသည်။ ထိုခေတ်အခါက ဂျပန်နိုင်ငံမှလာသော ပညာတော်သင် ဘုန်းတော်ကြီးများသည် စုန့်ခေတ်လက်ဖက်ရည်ယဉ်ကျေးမှုကို သင်ကြားပြီး ဂျပန်ပြည်သို့ ယူဆောင်သွားခဲ့လေသည်။ ဂျပန်တို့သည်လည်း တရုတ်နည်းတူ လက်ဖက်ရည်အခမ်းအနားများတွင် စုန့်လက်ဖက်ရည်ဖြင့် ဧည့်ခံလေ့ရှိသည်။ ဂျပန်လို 抹茶 (Matcha) ဆိုသည်မှာ လက်ဖက်ခြောက်ကို အမှုန့်ကြိတ်ခြင်းဟု ဆိုလိုခြင်း ဖြစ်သည်။ တရုတ်စာလုံး 末茶 ၏ အရှေ့တွင် 打 ကျစ့်ဖန်ကို ထည့်ရေးထားခြင်း ဖြစ်သည်။ 


စုန့်ခေတ်က လက်ဖက်ရည်ဖျော်ပြိုင်ပွဲ (鬥茶) 


စုန့်ခေတ်တွင် လက်ဖက်ရည်ဖျော်ပြိုင်ပွဲများကို ကျင်းပလေ့ရှိကြောင်းကို ပန်းချီနှင့် စာပေမှတ်တမ်းများအရ သိရသည်။ ပြိုင်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ အရည်အချင်းရှိသော အဖျော်ဆရာများ၊ အရသာကောင်းမွန်သော လက်ဖက်ရည်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန်ပင် ဖြစ်လေသည်။ လက်ဖက်ရည်၏ တန်ဖိုးအရည်အသွေးကို အမြဲထိန်းသိမ်းလိုသော ဘိုးဘေးတို့သည် ပြိုင်ပွဲဝင်တို့၏ လက်ဖက်ရည်ဖျော်စပ်ပုံ၊ လက်ဖက်ရည်၏ အရောင်အသွေး၊ အရသာနှင့် ခွက်ထဲမှ ရေချိန်မှတ်ကို ကွက်တိဖျော်ထည့်နိုင်စွမ်းများကို စစ်ဆေးအကဲဖြတ်ပေးကြလေသည်။ 




လက်ဖက်ရည်၏ အရည်အသွေးကို ဤနည်းလမ်းများဖြင့် စစ်ဆေးအကဲဖြတ်ရသည်။ 


၁။ အကယ်၍ ရေနွေးသည် လုံးဝအဖြူရောင်ဖြစ်နေပြီး ဖျော်စပ်ရာတွင် အသုံးပြုမည့် လက်ဖက်ရွက်သည်လည်း နူးညံ့နေရမည်ဖြစ်သည်။


၂။ အကယ်၍ လက်ဖက်ရည်၏ အရောင်သည် အစိမ်းရောင်သမ်းရုံလေးသာဆိုပါက လက်ဖက်ရည်ဆူရန် လိုနေသေးသည့် သဘောပင် ဖြစ်သည်။


၃။ အကယ်၍ လက်ဖက်ရည်သည် ပြာနှမ်းနေပြီး မီးခိုးရောင်ဖြစ်နေပါက လက်ဖက်ရည်အဆူလွန်သွားသည့် သဘောဖြစ်သည်။ 


၄။ အကယ်၍ လက်ဖက်ရည်သည် အဝါရောင်ဖြစ်နေပါက အချိန်မတိုင်မီ ခူးဆွတ်ထားသော လက်ဖက်ရွက်ကို သုံးထားသောကြောင့် ဖြစ်သည်။ 


၅။ အကယ်၍ လက်ဖက်ရည်သည် နီကြင်ကြင်ဖြစ်နေပါက အခါလွန်မှ ခူးဆွတ်ထားသော လက်ဖက်ရွက်ကို အသုံးပြုထားသောကြောင့် ဖြစ်သည်။ 


၆။ ခလောက်တံဖြင့် မွှေထားသော လက်ဖက်ရည်ကို လောင်းထည့်ပြီးသည့်အခါ အမြှုပ်များသည် အချိန်အတော်ကြာသည့်အထိ ပျောက်မသွားပဲ ရှိနေရမည်။ ခဏအတွင်း အမြှုပ်များ ပျောက်ကွယ်သွားပါက ညံ့ဖျင်းသော လက်ဖက်ရည်ဖျော်သူအဖြစ် သတ်မှတ်ခံရလေသည်။ အမြှုပ်များ နောက်ဆုံးမှ ပျောက်သွားသည့် လက်ဖက်ရည်ခွက်သည် နောက်ဆုံးအဆင့်သို့ တက်ရောက်သွားနိုင်မည် ဖြစ်သည်။ အမြှုပ်မရှိသည့်အခါ လက်ဖက်ရည်ခွက်ထဲမှ အရည်သည် သင့်တော်သော ရေပြင်ညီမျဉ်းအမှတ်တွင် ရှိနေရမည် ဖြစ်သည်။ ရေအမှတ်ကိုကြည့်ပြီးမှ အနိုင်ရသူကို ဆုံးဖြတ်လေ့ရှိသည်။ 


ပြိုင်ပွဲဝင်များသည် နေရာအနှံ့မှ လာသော လက်ဖက်ရွက်များကို အသုံးပြုပြီး အကောင်းဆုံး ယှဉ်ပြိုင်လေ့ ရှိကြသည်။ အလွန်တော်သည့် လက်ဖက်ရည်ဖျော်သူသည် လက်ဖက်ရွက်ကို ကြည့်ပြီး ဘယ်ဒေသမှ လာသည်၊ ဘယ်ရာသီထွက် လက်ဖက်ရွက်ဖြစ်သည်၊ ဘယ်နေရာတွင် စိုက်ပျိုးထားသည်ကအစ ခန့်မှန်းနိုင်သည်ဟု ဆိုကြသည်။ ထိုအရည်အချင်းမျိုးကို တကယ့်ပြိုင်ပွဲကြီးများတွင် စစ်ဆေးလေ့ ရှိသည်။ လက်ဖက်ရည်ဖျော်ပြိုင်ပွဲသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းရုံသာမက လက်ဖက်ရည်၏ အရည်အသွေးနှင့် အဖျော်ဆရာ၏ အရည်အချင်းကိုပါ မြှင့်တင်ပေးနိုင်ပေသည်။ 


လက်ဖက်ရည်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများ 


လက်ဖက်ရည်ပွဲတစ်ပွဲ၏ အသက်မှာ လက်ဖက်ခြောက်အပြင် လက်ဖက်ရည်ထည့်ရမည့် လက်ဖက်ရည်ခွက်အစုံလိုက် ဖြစ်သည်။ ထန်ခေတ်က လက်ဖက်ရည်ခွက်များသည် အဖြူရောင်ကြွေခွက်များသာ ဖြစ်ကြပြီး ထန်ခေတ်၏ အယူအဆအရ လက်ဖက်ရည်အရောင်ကို အဖြူရောင်ကြွေခွက်ထဲ ထည့်ပြီး သောက်သုံးမှသာ လိုက်ဖက်ညီသည်ဟု ဆိုကြသည်။ စုန့်ခေတ်ရောက်သည့်အခါ၌ ထိုအယူအဆနှင့် ပြောင်းပြန်ဖြစ်သွားပြီး ဖူကျန့်ပြည်နယ်မှ ထွက်ရှိသည့် အနက်ရောင်နှင့် အညိုရောင်သမ်းနေသော ကျန့်ကျန်ကြွေခွက်များမှာ နိုင်ငံတစ်ဝှမ်း အလွန်ခေတ်စားခဲ့သည်။ ထိုအချိန်က ကျန်းကျန်ကြွေခွက်သည် လူကြိုက်များပြီး ခွက်အတွင်း၌ ကျောက်စိမ်းရောင်အစင်းကြောင်းများက စွဲဆောင်မှုတစ်ခုလို ဖြစ်နေခဲ့သည်။ ထိုအစင်းကြောင်းများသည် ယုန်မွှေးနှင့်လည်း ဆင်တူသည်ဖြစ်သောကြောင့် ယုန်မွှေးကြွေခွက် 兔毫盞 ဟုလည်း ခေါ်သေးသည်။ ထိုခေတ်ကာလက လက်ဖက်ရည်ကြွေခွက်အစုံနှင့် လက်ဖက်ခြောက်သည် လူတန်းစားမရွေး ကြိုက်နှစ်သက်ကြသော မက်မောဖွယ်ရာ လက်ဆောင်မွန်များ ဖြစ်ကြပေသည်။ ယနေ့ထိလည်း တရုတ်လူမျိုးအများစုသည် လက်ဖက်ရည်ခွက်၊ လက်ဖက်ခြောက်၊ အရက်ကောင်းကောင်း၊ ဆေးလိပ်ဗူးတို့ကို လက်ဆောင်ပေးပါက ဝမ်းမြောက်ဝမ်းသာ လက်ခံလေ့ရှိသည်။ 


​စုန့်နန်းတွင်းမှ လက်ဖက်ရည်ယဉ်ကျေးမှု 


စုန့်ဧကရာဇ်များသည် လက်ဖက်ရည်အခမ်းအနားပွဲများဖြင့် တည်ခင်းပြုလုပ်ရသည်ကို နှစ်သက်ကြသည်။ အထူးသဖြင့် ရာထူးချီးမြှင့်သည့်အခမ်းအနား၊ စာပေပညာရှင်ကို ချီးကျူးဂုဏ်ပြုသည့် အခမ်းအနား စသည့် အခမ်းအနားမျိုးစုံတို့တွင် ရှေးမင်းဆက်များကဲ့သို့ အရက်ဖြင့် ဂုဏ်ပြုခြင်းထက် လက်ဖက်ရည်ဖြင့်သာ ဂုဏ်ပြုခဲ့ကြသည်။ ထို့အပြင် အစိုးရဝန်ကြီးဌာနများတွင်လည်း မြင်းနှင့် လက်ဖက်ခြောက် ကုန်သွယ်ရေးဝန်ကြီးဌာနကို ဖွင့်လှစ်ထားပြီး ထိုဝန်ကြီးဌာနသည် စစ်ရေးနှင့် စီးပွားရေးအတွက် အလွန်အရေးပါသည့် နေရာတွင် ရှိလေသည်။ 


ပဏ္ဍာဆက်လက်ဖက်ခြောက် (貢茶 - ကုံ့ချာ)


လက်ဖက်ထွက်ရှိသော ဒေသတိုင်းကို လက်ဖက်ပဏ္ဍာဆက်သရန်အတွက် ဒေသခံအရာရှိတစ်ဦးနှင့် နန်းတွင်းမှ စေလွှတ်လိုက်သော အရာရှိတစ်ဦးတို့ကို ပူးတွဲခန့်အပ်ထားလေ့ ရှိသည်။ စုန့်ဧကရာဇ်များသည် လက်ဖက်ရည်ကို ကြိုက်နှစ်သက်သူများဖြစ်ကြလေရာ မင်းဧကရာဇ်တို့သာ သုံးဆောင်ခွင့်ရသော ပေယွမ်လက်ဖက်ဥယျာဉ်ကို ဖူကျန့်ပြည်နယ်တွင် စိုက်ပျိုးထားလေသည်။ မင်းဧကရာဇ်တို့ နည်းတူပင် အမတ်၊ အရာရှိများသည်လည်း လက်ဖက်ထွက်ရာ ဒေသများတွင် ကိုယ်ပိုင်ခြံဝန်းများဖြင့် စိုက်ပျိုးလေ့ရှိကြသည်။ မင်းဧကရာဇ်က နှစ်သက်သော ဒေသထွက် လက်ဖက်ခြောက်များကို နှစ်စဉ် ပဏ္ဍာဆက်သရလေသည်။ သို့သော်လည်း မင်းဧကရာဇ်မှ ကြိုက်နှစ်သက်သည့် ဒေသထွက် လက်ဖက်ခြောက်သည် ထိုဒေသရှိ လက်ဖက်ခြောက်ကုန်တန်ဖိုးကို တိုးမြှင့်သွားစေနိုင်သည်။  ထိုလက်ဖက်ခြောက်မျိုးကို ငွေကြေးတတ်နိုင်သူများက ဈေးကြီးပေးပြီး တကူးတက ဝယ်ယူသောက်သုံးလေ့ရှိကြသည်။ 


နဂါးဇာမဏီလက်ဖက်ခြောက်အခဲ (龍鳳茶餅)


ပေယွမ်လက်ဖက်ဥယျာဉ်သည် တော်ဝင်နန်းတွင်းမှ ပိုင်ဆိုင်သော လက်ဖက်ဥယျာဉ်ဖြစ်ပြီး လက်ဖက်နှင့် ပတ်သတ်သော နည်းပညာကိုလည်း ထိုဥယျာဉ်တွင် တီထွင်ဆန်းသစ်ခဲ့ကြသည်။ ထိုအထဲတွင် လက်ဖက်ကို လက်ဖက်ရည်ခွက်ထဲတွင် နှပ်ပြီး လုံးထားကာ လက်ဖက်ခွက်အရွယ်အစားတိုင်း အခြောက်လှမ်းထားသော လက်ဖက်ခြောက်အခဲများကို စုန့်ခေတ်တွင် အသုံးပြုခဲ့ကြသည်။ ထိုလက်ဖက်ခြောက်လုံးအခဲပေါ်တွင် နဂါးပုံနှင့် ဇာမဏီပုံကို ပုံနှိပ်ထားသည့်အတွက်ကြောင့် ပေယွမ် နဂါးဇာမဏီလက်ဖက်ခြောက်အခဲ (龍鳳茶餅) ဟု ခေါ်ကြသည်။ နဂါးသည် ဧကရာဇ်၊ ဇာမဏီသည် မိဖုရားခေါင်ကြီးကို ကိုယ်စားပြုလေသည်။ နောက်ပိုင်းတွင် ထိုလက်ဖက်ရည်ကို 烏龍茶 ဟုလည်း ခေါ်ဆိုခဲ့ကြသည်။ 


ဂုဏ်ပြုချီးမြှင့်လက်ဖက်ရည် (賜茶)


စုန့်ခေတ်တွင် စာပေထူးချွန်ဆုရ စာပေပညာရှင်များ၊ မှူးမတ်၊ စစ်သူကြီး၊ အရာရှိများကို ဂုဏ်ပြုချီးမြှင့်သည့်အခါ စုန့်ဧကရာဇ်က ဂုဏ်ပြုအရက်အစား ဂုဏ်ပြုလက်ဖက်ရည်ကို တိုက်လေ့ရှိသည်။ ဧကရာဇ်ချီးမြှင့်သည့် လက်ဖက်ရည်သည် အမြင့်ဆုံးချီးမြှောက်ခံရခြင်းဟု သတ်မှတ်ထားကြလေသည်။ ထို့အပြင် ဧကရာဇ်သည် လက်ဖက်အကောင်းတကာ့ အကောင်းဆုံးကို ပိုင်ဆိုင်ထားသူဖြစ်သည့်အလျောက် ဧကရာဇ်ထံမှ လက်ဖက်ခြောက်ချီးမြှင့်ခံရပါက အထိုက်တန်ဆုံး ချီးမြှင့်ခံရသည်ဟု မှတ်ယူလို့ရပေသည်။ 


သာမန်ပြည်သူတို့၏ မိသားစုကိစ္စများတွင်လည်း ထို့နည်းတူစွာပင် ဖြစ်ပေသည်။ မင်္ဂလာအခမ်းအနား၊ မွေးနေ့မင်္ဂလာအခမ်းအနား၊ ဧည့်ခံပွဲများတွင်လည်း ဂုဏ်ပြုလက်ဖက်ရည်ဖြင့် အရင်ဦးစွာ ဧည့်ခံပေးလေ့ရှိသည်။ ယနေ့ခေတ်ထိတိုင်အောင် မင်္ဂလာအခမ်းအနားတွင် သတို့သားနှင့် သတို့သမီးတို့သည် နှစ်ဖက်မိဘများကို လက်ဖက်ရည်ဆက်၍ ကျေးဇူးတင်စကား ပြောရလေသည်။ ပြီးနောက် သတို့သားနှင့် သတို့သမီးတို့ အပြန်အလှန် လက်ဖက်ရည်ခွက်ကို လဲ၍ သောက်သုံးကြရလေသည်။ ထို့အပြင် တရုတ်ပြည်ရှိ Company များတွင် ကော်ဖီဖြင့် ဧည့်ခံခြင်းထက် လက်ဖက်ရည်ဖြင့် ဧည့်ခံကြသည်ကိုသာ တွေ့ရပေလိမ့်မည်။


​မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးဌာန


စုန့်မင်းဆက်ခေတ်၌ အရေးပါဆုံးသော ဝန်ကြီးဌာနမှာ မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးဌာန 茶马司 ဖြစ်သည်။ စုန့်မင်းဆက်နှင့် တိဗက်ဘုရင့်နိုင်ငံတို့အကြား ကုန်သွယ်ရေးလုပ်သည့် လမ်းကြောင်းကို မြင်းနှင့် လက်ဖက်ခြောက်ကုန်သွယ်ရေးလမ်းမဟု ခေါ်ဆိုကြသည်။ အကြောင်းမှာ တိဗက်တို့သည် စုန့်နိုင်ငံမှ လက်ဖက်ခြောက်ကို နှစ်သက်ကြသလို စုန့်နိုင်ငံအနေဖြင့်လည်း ကျင်း၊ လျောင်၊ ရှီးရှ နိုင်ငံများကဲ့သို့သော မြင်းတပ်အားကောင်းသည့် နိုင်ငံများနှင့် ရင်ဆိုင်နေရသည့်အတွက် မြင်းကောင်ရေများစွာ လိုအပ်ပေသည်။ ထို့ကြောင့် တိဗက်နှင့် စုန့်မင်းဆက်တို့သည် အကျိုးတူအတွက် ကုန်သွယ်ခဲ့ကြခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် ထိုလမ်းကြောင်းကို ဖြတ်တောက်ရန်ကြိုးပမ်းခဲ့ကြသည့်အတွက် မြင်းနှင့် လက်ဖက်ခြောက် ကုန်သွယ်ရေးဌာနကို ဖျက်သိမ်းပြီး သာမန်ကုန်သည်နှင့်သာ ကုန်သွယ်ခဲ့ရလေသည်။ 


တိဗက်သည် ကျယ်ဝန်းသော်လည်း လက်ဖက်စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ များစွာမရှိပေ။ ထို့အပြင် တိဗက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ သုံးဆောင်ရန်အတွက်နှင့် အဆီချရန်အတွက် တိဗက်အများစုက လက်ဖက်ရည်ကို သောက်သုံးလေ့ရှိရာ လက်ဖက်လိုအပ်ချက်မှာ မြင့်မားလေသည်။ ထို့ကြောင့် တိဗက်တို့ထံတွင် အလျှံပယ်ပေါများသော မြင်းနှင့် တစုန့်မင်းဆက်မှ လက်ဖက်ခြောက်ကောင်းကို ကုန်သွယ်လဲလှယ်ခဲ့ကြလေသည်။ ထို့အပြင် တိဗက်-တစုန့် အကျိုးတူကုန်သွယ်ရေးကြောင့် တရုတ်ပြည် အနောက်တောင်ပိုင်းဒေသသည် အေးချမ်းတည်ငြိမ်ပြီး စီးပွားရေးကောင်းလာခဲ့သည်။ ထိုလမ်းကြောင်းမှတစ်တင့် ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအပြင် အခြားသော ကုန်စည်များကိုလည်း ကူးသန်းရောင်းဝယ်ခဲ့ကြလေသည်။ 


လက်ဖက်ရည်နှင့် စာပေပညာရှင် 


လက်ဖက်ရည်သည် စာပေသမားများအတွက် မရှိမဖြစ် လိုအပ်သည့် သောက်သုံးစရာတစ်ခု ဖြစ်လာခဲ့သည်။ ရှေးခေတ်က စာပေသမားအများစုသည် အရက်ကိုသာ သောက်သုံးလေ့ရှိသော်လည်း စုန့်ခေတ်မှ စာပေသမား အများစုသည် လက်ဖက်ရည်ကိုသာ သောက်သုံးလေ့ရှိကြသည်။ ရှေးခေတ်က ကဗျာဆရာကြီးများသည် အရက်အကြောင်းကို ကဗျာစပ်ကြသလို စုန့်ခေတ်မှ ကဗျာဆရာတို့ကလည်း လက်ဖက်ရည်အကြောင်း၊ လက်ဖက်ရည်ယဉ်ကျေးမှုကို ကဗျာရေးစပ်ခဲ့ကြလေသည်။ စုန့်ခေတ်မှ ပညာရှင်များသည် လက်ဖက်ရည်နှင့် ပတ်သတ်သည့်အကြောင်းအရာများကို သေချာနှံ့စပ်အောင် မှတ်တမ်းတင်ပေးခဲ့သည်။ ထိုသူတို့၏ ကျေးဇူးကြောင့်သာ ယနေ့ခေတ်လူတို့ လက်ဖက်ရည်အကြောင်းကို သိခွင့်ရခဲ့ကြလေသည်။ 


ဗဟုသုတအနေဖြင့် ပြောပြရလျှင် ဥက္ကဋ္ဌကြီး မော်စီတုန်းသည် လက်ဖက်ရည်ကိုသာ သောက်သုံးပြီး ကော်ဖီတစ်ခါမှ မသောက်ဖူးခဲ့ပေ။ မော်စီတုန်းသည် သွားတိုက်ရာ၌ ခံတွင်းသန့်ရှင်းရေးအတွက် အာလုတ်ကျင်းသည့်အခါ လက်ဖက်ရည်ဖြင့်သာ အာလုတ်ကျင်းလေ့ရှိသည်ဟု သိရသည်။ 


#林圛朙「天下第一」

Monday, June 27, 2022

တရုတ်နိုင်ငံရဲ့ ပညာရေး (၂)

 တရုတ်နိုင်ငံရဲ့ ပညာရေး (၂)





တရုတ်ပြည်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲပြီးသွားပြီ။ ဒီလ ၂၃ ရက်နေ့မှာ အမှတ်တွေထွက်လာပြီး ကျောင်းသားတွေက မိမိရဲ့ ရမှတ်နဲ့မီတဲ့ တက္ကသိုလ်ကို လျှောက်မယ်။ တက္ကသိုလ်ကျောင်းတွေကတော့ ကျောင်းသားတွေ မိမိကို လာရွေးတာကို စောင့်မှာ မဟုတ်ဘူး။ တက္ကသိုလ်တွေကလည်း ကျောင်းသားကောင်းတွေရဖို့ လူသွား “လု” ရမယ်။


ကျွန်မက ယူနန်ပြည်နယ်မှာ ကျောင်းသားခေါ်ခြင်းလုပ်ငန်းကို တာဝန်ခံလို့ မနက်ဖန်ကစပြီး ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်ကို အများသိလာဖို့၊ ကျောင်းသားတွေရဲ့ စုံစမ်းမှုတွေဖြေပေးဖို့ အွန်လိုင်းကနေ စတင်လုပ်ဆောင်တော့မယ်။ ဇွန်လနဲ့ ဇူလိုင်လက ကျွန်မတို့ အလုပ်အရမ်းများတဲ့ ကာလဖြစ်ပါတယ်။


တရုတ်ပြည်မှာ ကျောင်းသားတွေက မိမိရဲ့အမှတ်အရ မိမိသဘောကျတဲ့ တက္ကသိုလ်တွေကို ရွေးနိုင်တဲ့အပြင် တက္ကသိုလ်ကျောင်းတွေကလည်း ကျောင်းသားကောင်းတွေကို နည်းမျိုးစုံဖြင့် ဆွဲခေါ်ရပါတယ်။


ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်ကျောင်းတစ်ကျောင်းရဲ့ အဆင့်အတန်းကို အကဲဖြတ်တဲ့ အချက်က သုံးချက်ရှိပါတယ်။


နံပါတ် ၁ -- ကျောင်းသားကောင်းတွေရှိရပါတယ်။ ကျောင်းဘယ်လောက်ကောင်းကောင်း၊ ဆရာဘယ်လောက်တော်တော် ကျောင်းသားမတော်ရင် အလကားပဲ။ ဒါကြောင့် ကျောင်းကောင်းဖြစ်ချင်ရင် ကျောင်းသားကောင်းတွေကို အရင် ဆွဲခေါ်ရပါတယ်။ 


နံပါတ် ၂ -- ကျောင်းကောင်းရပါတယ်။ ကျောင်းကောင်းတယ်ဆိုတာ hardware နဲ့ softward နှစ်မျိုးစလုံးကောင်းရပါတယ်။ 


hardware  ကဘာလဲဆိုတော့ ကျောင်းရဲ့အဆောက်အဦးတွေပါ။ အခု တရုတ်ပြည်ရဲ့  ပထမတန်းစား တက္ကသိုလ်ကျောင်းတွေမှာ ကျောင်းဝင်းက ပန်းခြံလို လှတယ်။ အိမ်သာက လေဆိပ်ကအိမ်သာလောက်သန့်ရှင်းတယ်။ အဆင့်မြင့်တဲ့ စာကြည့်တိုက်နဲ့ စာသင်ခန်းတွေရှိတယ်။ ကျွန်မတို့ရဲ့ ကျောင်းစာကြည့်တိုက်မှာ ခေတ်အမီဆုံး ကွန်ပျူတာတွေရှိပြီး ကျောင်းသားတွေ ကြိုက်သလိုသုံးလို့ရပါတယ်။ စာကြည့်တိုက်ထဲမှ ၄-၅ ယောက်လောက်နေနိုင်တဲ့ ဆွေးဆွေးခန်းတွေရှိပါတယ်။ ကျောင်းသားရော၊ ဆရာဆရာမတွေရော သုံးချင်ရင် ကြိုတင်ချိန်းလို့ ရပါတယ်။ စာကြည့်တိုက်က နှစ်တိုင်း နိုင်ငံအသီးသီးမှ အသစ်ထုတ်တဲ့ စာအုပ်နာမည်စာရင်းတွေကို ဆရာဆရာမတွေကို ပြပြီး ဝယ်လိုတာကို ရွေးခိုင်းပါတယ်။ မြန်မာစာအုပ်တွေကတော့ Front ရဲ့ ပြဿနာကြောင့် နာမည်စာရင်းမလုပ်နိုင်ဘဲ အခုထိ  စာအုပ် ၂၀၀၀ လောက်က ဂိုဒေါင်မှာပဲ ထားနိုင်တယ်။ စာအုပ်စင် မတင်နိုင်သေးပါဘူး။ 


softward ဆိုတာက ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ ဆရာ၊ ဆရာမတွေ ရှိခြင်းကို ဆိုလိုတာပါ။ ကောင်းမွန်တဲ့သင်ကြားမှုမှာ ခေတ်မီတဲ့ ဘာသာရပ်နဲ့ ကောင်းမွန်တဲ့ သင်ရိုးညွန်းတမ်း ရှိရပါတယ်။ 




အခုခေတ်က လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ တက္ကသိုလ်ကျောင်းမှာ သင်ပြတဲ့ဘာသာရပ်တွေက ခေတ်နဲ့ မလိုက်ဘူးဆိုရင် ကျောင်းသားတွေက အသုံးဝင်တဲ့ ပညာရရှိနိုင်မှာ မဟုတ်ဘူး။  ဒါကြောင့် ကျွန်မတို့ ကျောင်းမှာ ငါးနှစ်တစ်ခါ သင်ရိုးညွန်းတမ်းကို ပြုပြင်ရတယ်။ နိုင်ငံခြားဘာသာအပြင် ခေတ်မီတဲ့ တခြားဘာသာရပ်အသစ်တွေကိုလည်း သင်ပေးနေပါတယ်။ အခုကတော့ တခြားနာမည်ကြီးတဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး ဘာသာရပ်ဖြတ်ကျော်တဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးနေပါတယ်။ 


အခုကျွန်မတို့ကျောင်းမှာ သင်ကြားပို့ချပေးနေတဲ့ နိုင်ငံခြားဘာသာစကားရပ်အမျိုးပေါင်း ၁၀၁ မျိုးရှိတဲ့အပြင် နိုင်ငံခြားဘာသာ မဟုတ်တဲ့ အခြားဘာသာစကားအမျိုး ၂၀ ကျော်ရှိသေးတယ်။ ဒီဘာသာစကားတွေကို သင်ပြတဲ့အခါမှာ အင်္ဂလိပ်လိုနဲ့ သင်ပြတာများပါတယ်။ 


ကျောင်းသားတွေက Major နိုင်ငံခြားဘာသာစကားအပြင် တခြားဘာသာစကား ၁၀၀ ကျော်ထဲကမှ မိမိကြိုက်နှစ်သက်သေးတဲ့ ဘာသာစကားတစ်ခုကို ရွေးပြီးသင်လို့ ရပါသေးတယ်။ ကျောင်းထဲမှာလည်း ဘာသာရပ်ဖြတ်ကျော်ပြီး ဒီပလိုမာရအောင် တွဲသင်လို့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ တက္ကသိုလ်ကျောင်းသူတွေက အင်မတန် ပင်ပန်းပါတယ်။ တစ်ပတ်လုံးမှာ တနင်္လာနေ့ကနေ တနင်္ဂနွေအထိ နေ့တိုင်းလိုလို သင်တန်းရှိနေပါတယ်။ ကျောင်းစာသင်ခန်းတွေက နေ့တိုင်း နံနက် ၈ နာရီကနေ ည ၁၀ အထိ အတန်းအပြည့်ရှိတယ်။ 


စာကြည့်တိုက်မှာလည်း နေ့တိုင်း လူအပြည့်၊ နေ့တိုင်း မနက် ၈ နာရီ မရောက်ခင် ကလေးတွေက တန်းစီပြီး စာကြည့်တိုက်ဖွင့်တာကို စောင့်နေပြီ။ 


ကျောင်းသားတွေ ပင်ပန်းသလို ဆရာ၊ ဆရာမတွေလည်း အရမ်းပင်ပန်းတယ်။ တရုတ်ပြည်ရဲ့ တက္ကသိုလ်တွေက ပြိုင်ဆိုင်မှုအရမ်းများတယ်။ ပြည်တွင်းမှာ ပြိုင်ဆိုင်နေကြတဲ့အပြင် တစ်ကမ္ဘာလုံးနဲ့လည်း ပြိုင်ဆိုင်ရတယ်။ ဒါကြောင့် တက္ကသိုလ် ဆရာ၊ ဆရာမတွေက အရမ်းပင်ပန်းတယ်။ တက္ကသိုလ် ဆရာ၊ ဆရာမတွေက အပင်ပန်းဆုံးနဲ့ ဖိအားအများဆုံး လူတန်းစားဖြစ်ပါတယ်။ ကျွန်မရဲ့ ဘဝမှာတော့ ပိတ်ရက်ဆိုတာ မရှိဘူး။ တစ်နှစ်လုံးမှာ နွေးဦးပွဲတော်မှာပဲ ၃-၄ ရက်လောက် နားတယ်။ ကျန်တဲ့နေ့တွေမှာ ရတဲ့အချိန်နဲ့ အလုပ်လုပ်ရတယ်၊ စာဖတ်ရတယ်။ 


[ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှ မြန်မာစာဘာသာရပ်ဌာန၏ တွဲဖက်ပါမောက္ခ ဆရာမ ဒေါ်စောကြည်၏ “တရုတ်နိုင်ငံရဲ့ ပညာရေး” ဆောင်းပါးကို ကူးယူဖော်ပြပါသည်။]


#林圛朙「天下第一」

Sunday, June 26, 2022

တရုတ်နိုင်ငံ၏ တက္ကသိုလ်၀င်ခွင့်စားမေးပွဲနှင့်ဆိုင်သော ဗဟုသုတများ

တရုတ်နိုင်ငံ၏ တက္ကသိုလ်၀င်ခွင့်စားမေးပွဲနှင့်ဆိုင်သော ဗဟုသုတများ 




တရုတ်နိုင်ငံမှာ စာမေးပွဲသမိုင်းကြောင်းကတော့ ရှည်လျားစွာရှိနေနှင့်ပြီးသားပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀  တရုတ်မင်းဆက်များခေတ်မှာထဲက အချိန်ကာလသတ်မှတ်ပြီး အရာရှိစာမေးပွဲဆိုတာ ကျင်းပလေ့ရှိပါတယ်။ စာမေးပွဲရလဒ်ကောင်းတဲ့ထူးချွန်သူတွေကို ရွေးခြယ်ပြီး ရာထူးရာခံပေးပြီးတာဝန်ထမ်းဆောင်စေပါတယ်။ ၁၉၀၅ ခုနှစ်မန်ချူးမင်းဆက်လက်ထက် အနောက်နိုင်ငံရဲ့ အနိုင်ကျင့်မှုကိုခံရပြီးတဲ့နောက်မှာ အရာရှိစာမေးပွဲ ကိုဖျက်သိမ်းခဲ့ပြီး အနောက်တိုင်းပညာရေးစနစ်နဲ့ စာမေးပွဲပုံစံတွေသို့ ပြောင်းလဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေတွေမတည်ငြိမ်မှုကြောင့် တရုတ်နိုင်ငံရဲ့ပညာရေးစနစ်ဟာလည်း အတည်တကျမရှိခဲ့ပါဘူး။ 


၁၉၅၂ ခုနှစ်ရောက်မှ တနိုင်ငံလုံး တပြေးညီစနစ်နဲ့ တက္ကသိုလ်၀င်ခွင့်စာမေးပွဲကို စတင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ကျောင်းတွေကို ၁၀ နှစ်ကြာ ရပ်နားခဲ့ရပါတယ်။ ၁၉၇၇ ခုနှစ် တိန့်ရှောင်ဖိန် နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ရာထူးကို တာဝန်ယူခဲ့ချိန်ကျမှ တရုတ်နိုင်ငံဟာ တက္ကသိုလ်၀င်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ပညာရေးစနစ်ကို ကယ်တင်လိုက်ရုံသာမကပဲ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးကို ကယ်တင်လိုက်ခြင်းပါပဲ။ ထိုနှစ်ရဲ့ တက္ကသိုလ်၀င်ခွင့်စာမေးပွဲဟာ လူ့သမိုင်းတလျှောက်မှာ အကြီးဆုံးသော စာမေးပွဲဖြစ်ခဲ့ပါတယ်။ စာရင်းပေးဖြေကြားသူဦးရေ ၁၁.၆သန်းရှိပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ နာမည်ကျော်ပညာရှင် တော်တော်များများဟာဆိုရင်ဖြင့် ထိုနှစ်က ဆယ်တန်းစာမေးပွဲကြောင့် ဘဝပြောင်းလဲလာခဲ့ကြတာ ဖြစ်ပါတယ်။


၂၀၀၃ ခုနှစ်မှာ တရုတ်နိုင်ငံပညာရေး၀န်ကြီးဌာနမှ တက္ကသိုလ်၀င်ခွင့်စာမေးပွဲအချိန်စာရင်းကို နှစ်စဉ် ဇွန်လ ၇ - ၉ ရက်မှာ ကျင်းပဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် တက္ကသိုလ်တချို့ကိုလည်း ကိုယ်တိုင်ကျောင်းသားရွေးချယ်ခွင့်ရစာမေးပွဲကို ကျင်းပခွင့်ပေးလိုက်ပါတယ်။အဆိုပါ စာမေးပွဲကို တက္ကသိုလ်၀င်ခွင့်းစာမေးပွဲပြီးနောက်မှာ စီစဉ်ထားပါတယ်။ ရေးဖြေနဲ့ နှုတ်ဖြေ ၂မျိုးခွဲထားပါတယ်။ သို့ပေမယ့်လည်း ၄င်းစာမေးပွဲခေါ်ဆိုနိုင်သည့် ကျောင်းသားဦးရေက ကျောင်းက ခေါ်ဆိုတဲ့ ကျောင်းသားဦးရေစုစုပေါင်းရဲ့ ၅% မျှသာရှိပါတယ်။ တရုတ်နိုင်ငံ တက္ကသိုလ်၀င်တန်းစာမေးပွဲဆိုတာကလည်း တနိုင်ငံလုံး မေးခွန်းတစ်စုံပဲထုတ်တာမဟုတ်ပါဘူး။ စီးပွားရေးအခြေအနေနဲ့ ပညာရေးအခြေအနေပေါ်မူတည်ပြီး ပိုတိုးတက်တဲ့ပြည်နယ်နှင့် မြို့တွေက ကိုယ်ပိုင်မေးခွန်းထုတ်ခွင့်ရှိပါတယ်။ ဥပမာ- ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့၊ ကျန်းစူးပြည်နယ်၊ ကျန့်ကျန်းပြည်နယ် စသဖြင့်ပေါ့။ တက္ကသိုလ်၀င်ခွင့်စာမေးပွဲက များသောအားဖြင့် ၇ ရက်နဲ့ ၈ ရက် ၂ ရက်ဖြစ်ပြီး ၉ ရက်နေ့ကတော့ အင်္ဂလိပ်စာမှအပ တခြားသောဘာသာစကားကို ဖြေဆိုရတာဖြစ်တာကြောင့် ကျောင်းသားတိုင်းတော့ဖြေစရာမလိုပါဘူး။ 


မေးခွန်းတင်မတူတာမဟုတ်ပါဘူး။ စာမေးပွဲပုံစံကလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ- တနိုင်ငံလုံးကျင့်သုံးတဲ့ စာမေးပွဲပုံစံက 3+X ဖြစ်ပြီး 3 က စာပေ၊ သင်္ချာ၊ နိုင်ငံခြားဘာသာစကားဆိုတဲ့ ဘာသာရပ် ၃ မျိုးဖြစ်ပြီး၊ X ကတော့ ဝိဇ္ဇာဘာသာရပ် (နိုင်ငံရေး၊ သမိုင်း၊ ပထဝီ) နဲ့ သိပ္ပံဘာသာရပ် ( ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ထဲက တစ်ခုကိုရွေးခြယ်ရတာဖြစ်ပါတယ်။ ဒီပုံစံအောက်မှာ ရမှတ်ပေါင်း ၇၅၀ မှတ် ( စာပေ ၁၅၀ မှတ်၊ သင်္ချာ ၁၅၀ မှတ်၊ နိုင်ငံခြားဘာသာစကား ၁၅၀ မှတ်၊ ဝိဇ္ဇာ/သိပ္ပံ ၃၀၀ မှတ်) ရှိပါတယ်။ တရက်ကို မနက်ပိုင်းနဲ့နေ့လည်ပိုင်းခွဲပြီး နှစ်ဘာသာစီဖြေရတာ ဖြစ်ပါတယ်။


သို့ပေမယ့် ရှန်ဟိုင်းရဲ့ပုံစံကတော့ 3+3 ဖြစ်ပါတယ်။ ပထမ 3 က တနိုင်ငံလုံးနဲ့အတူတူ စာပေ၊ သင်္ချာနဲ့ နိုင်ငံခြားဘာသာစကား ဖြစ်ပြီး ရမှတ်ကလည်း ဘာသာတိုင်းအတွက် ၁၅၀ မှတ်ဖြစ်ပါတယ်။ ဒုတိယ  3 ကတော့ ဝိဇ္ဇာ၊ သိပ္ပံ တွဲမခွဲတော့ပဲ ရူပ၊ ဓာတု၊ ဇီဝ၊ နိုင်ငံရေး၊ သမိုင်း၊ ပထဝီ ၆ဘာသာထဲမှ ကြိုက်နှစ်သက်ရာ ၃ ဘာသာရွေးခြယ်ဖြေဆိုနိုင်ပြီး ဘာသာတိုင်းအတွက် ၇၀ မှတ်သတ်မှတ်ပါတယ်။ ဒါ့ကြောင့် ရှန်ဟိုင်းရဲ တက္ကသိုလ်၀င်ခွင့်စာမေးပွဲရမှတ်စုစုပေါင်းက ၆၆၀မှတ် ဖြစ်ပါတယ်။


တရုတ်နိုင်ငံရဲ့ ဒေသအသီးသီးကစာမေးပွဲပုံစံ၊ မေးခွန်း နဲ့ ပညာရေးအခြေအနေတွေမတူညီတာကြောင့် အရည်အချင်းတွေကလည်းမတူညီပါဘူး။ တက္ကသိုလ်တိုင်းရဲ့ပညာရေးအနေအထားတွေလည်းမတူညီကြတာကြောင့် တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းတွေလည်း မတူညီကြပါဘူး။ ဥပမာ- ပေကျင်းမြို့ရဲ့ပေကျင်းတက္ကသိုလ်၊ ဆင်းဟွာတက္ကသိုလ် နဲ့ ရှန်ဟိုင်းမြို့ရဲ့ ဖုတမ်းတက္ကသိုလ်တို့ဟာ တရုတ်နိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်ကြီး ၃ခုဖြစ်ပြီး ထိုတက္ကသိုလ် ၃ ခုရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်က အမြင့်ဆုံးဖြစ်ပါတယ်။


တရုတ်နိုင်ငံရဲ့ ကျန်းစူးပြည်နယ်ဟာ တနိုင်ငံလုံးမှာ မေးခွန်းအခက်ဆုံးဖြစ်တာကြောင့် ကျန်းစူးပြည်နယ်ရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်က အနိမ့်ဆုံးဖြစ်ပါတယ်။ ဟော်ပေပြည်နယ်မှာတော့ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းဖြစ်တဲ့ ဟန်ဆွေကျောင်းရှိတာကြောင့် ( ပြင်ဦးလွင်က စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းကဲ့သို့သော) ဟော်ပေပြည်နယ်ရဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်က တနိုင်ငံလုံးမှာအမြင့်ဆုံးဖြစ်ပါတယ်။ ဥပမာထပ်ပေးရမယ်ဆိုရင် ပေကျင်းတက္ကသိုလ်ရဲ့ ၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်အမှတ်သတ်မှတ်ချက်က ကျန်းစူးပြည်နယ်မှကျောင်းသားများအတွက် ဝိဇ္ဇာတွဲရမှတ် ၄၀၈ မှတ်၊ သိပ္ပံတွဲရမှတ် ၄၁၃ မှတ်လို့သတ်မှတ်ထားပြီး၊ ဟော်ပေပြည်နယ်မှကျောင်းသားတွေအတွက် ဝိဇ္ဇာတွဲရမှတ် ၆၉၁ မှတ်၊ သိပ္ပံတွဲရမှတ် ၇၀၇ မှတ် သတ်မှတ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့မတူတာတစ်ခုကတော့ တရုတ်နိုင်ငံတက္ကသိုလ်၀င်ခွင့်စာမေးပွဲ  ဟာ တက္ကသိုလ်တိုင်းကခေါ်ယူတဲ့ ဝင်ခွင့်ရမှတ်ကိုမှီမမှီပဲကြည့်တာဖြစ်တဲ့အတွက်ကြောင့် အမှတ်စာရင်းမှာ အောင်မှတ်၊ ကျမှတ် ဆိုတာမျိုးမရှိပါဘူး။ တခြားသော ပုံမှန်စာမေးပွဲတွေမှာတော့ ဘာသာရပ်တစ်ခု၏ အောင်မှတ်ကို ၆၀ မှတ် သတ်မှတ်ထားပါတယ်။ 




ဒါကတော့ တရုတ်နိုင်ငံရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြောင်းပဲ ဖြစ်ပါတယ်။ ဒါဆို တက္ကသိုလ်ဝင်တန်းစာမေးပွဲထဲက မေးခွန်းတွေအကြောင်းကို ဆက်ပြီး လေ့လာကြည့်ရအောင်နော်။


စာစီစာကုံးမေးခွန်းမှ ဖော်ပြနေသည့် တရုတ်ပညာရေးစနစ်


ကိုဗစ်-၁၉ ကပ်ရောဂါနှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော တရုတ်နိုင်ငံသည် ၎င်း၏ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်လနောက်ဆုတ်ပြီး ဇူလိုင်လ ၇ရက်နှင့် ၈ရက်နေ့တွင် ကျင်းပလိုက်ပါတယ် ကမ္ဘာ့ဖြေဆိုသူအများဆုံးစာမေးပွဲဟု ဆိုနိုင်သော တရုတ်နိုင်ငံ တက္ကသိုလ်ဝင်စာမေးပွဲသည် ယခုအကြိမ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၀၇.၁ သိန်း ပါဝင်ဖြေဆိုသည်ဟု သိရှိရပါတယ်။ 


ယခုနှစ်တွင် တရုတ် တက္ကသိုလ်ဝင်စာမေးပွဲသည် မေးခွန်း (၁၀) စုံရှိပြီး၊ ပညာရေးဝန်ကြီးဌာန စာမေးပွဲစင်တာမှ မေးခွန်း (၅)စုံနှင့် ပေကျင်းမြို့၊ ထျန်းကျင်းမြို့၊ ရှန်ဟိုင်းမြို့၊ ကျဲ့ကျန်းပြည်နယ်နှင့် ကျန်းစုပြည်နယ်တို့၏ ကိုယ်ပိုင်မေးခွန်း (၅) စုံ ဖြစ်ပါတယ်။ 


မည်သည့်နိုင်ငံမဆို တက္ကသိုလ်ဝင်စာမေးပွဲတွင် အရေးကြီးဆုံးဘာသာရပ်မှာ မိမိနိုင်ငံ၏ ဘာသာစကားပဲ ဖြစ်ပါတယ်။ အမိဘာသာစကားဘာသာရပ်ကို စစ်ဆေးရာတွင်လည်း စာစီစာကုံးသည် အရေးကြီးဆုံးဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် စာစီစာကုံးသည် ဖြေဆိုသူ၏ဘက်စုံ အရည်အချင်းနှင့် ဘဝအတွေးအမြင်ကို အပေါ်လွင်ဆုံးဖြစ်ပါတယ်။ ပညာရေးစနစ်၏ ရည်ရွယ်ချက်၊ ထိရောက်မှုနှင့် လိုအပ်မှုကိုလည်း အထင်ဟပ်နိုင်ဆုံး ဖြစ်ပါတယ်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ပညာရေးစနစ်အခြေအနေကို လေ့လာသိရှိနိုင်ရန်အတွက် ထိုမေးခွန်းလွှာ (၁၀) စုံ၏ စာစီစာကုံးမေးခွန်းကို ဘာသာပြန်ပြီး တင်ပြလိုက်ရပါတယ်။


တနိုင်ငံလုံးဆိုင်ရာ မေးခွန်း (၁)


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


ချွမ်းချိုခေတ်တွင် ချီပြည်ထောင်၏ မင်းသားကျိုးနှင့် မင်းသားရှောင်ပိုင်တို့ ထီးနန်းရာထူးကို လုကြသည်။ ကွမ့်ကျုံးနှင့် ပေါင်ဆုတို့က မင်းသားနှစ်ဦးထံအသီးသီး ခစား အမှုထမ်းသည်။ ကွမ့်ကျုံးက မင်းသားရှောင်ပိုင်ကို တပ်ဖြင့်တိုက်ခိုက်ခဲ့ရာ မင်းသားရှောင်ပိုင်၏ အင်္ကျီချိတ်ကို မြားထိမှန်ခဲ့သည်။ မင်းသားရှောင်ပိုင်က သေချင်ဟန်ဆောင်ပြီး လွတ်မြောက်ခဲ့သည်။ နောင်အခါတွင် ရှောင်ပိုင်က ထီးနန်း ဆက်ခံရရှိခဲ့ပြီး ချီဟွမ်ကုန်းမင်းကြီးဟု အမည်တွင်သည်။ ထိုစဉ် ပေါင်ဆုက “မင်းကြီး၏ မဟာရည်မှန်းချက်များကို အောင်မြင်စေလိုပါက ကွမ့်ကျုံး၏ အကူအညီသည် မရှိမဖြစ် လိုအပ်လိမ့်မည်” ဟု လျှောက်သည်။ ချီဟွမ်ကုန်းမင်းကြီးလည်း ကွမ့်ကျုံးကို ကြီးလေးသည့်တာဝန်ရာထူးပေး၍ အမှုထမ်းစေခဲ့သည်။ ပေါင်ဆုသည် ကွမ့်ကျုံး၏ အောက်တွင် မိမိ၏ တာဝန်ကို ကျေကျေနပ်နပ် ထမ်းဆောင်ခဲ့ပြီး ချီဟွမ်ကုန်းမင်းကြီး၏ မဟာရည်မှန်းချက်များကို ဖြစ်မြောက်အောင် အတူ ကူညီပံ့ပိုးပေးခဲ့သည်။ ချီဟွမ်ကုန်းမင်းကြီးသည် တခြား တိုင်းပြည်မင်းကြီးများကို ၉ ကြိမ်တိုင်တိုင် စည်းရုံးဦးဆောင်ကာ တတိုင်းပြည်လုံးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပြီး ချွမ်းချိုးခေတ် မဟာမင်းကြီး ၅ ပါး၏ ခေါင်းဆောင် အဖြစ် သမိုင်းတွင်ခဲ့သည်။ ကွန်ဖြူးရှပ်က “ချီဟွမ်ကုန်းမင်းကြီးသည် တိုင်းပြည်မင်းကြီးများကို ၉ ကြိမ်တိုင်တိုင် စည်းရုံးဦးဆောင်နိုင်ခဲ့ခြင်းသည် စစ်တပ်မြင်းတပ်အင်အားကြောင့်မဟုတ်ဘဲ ကွမ့်ကျုံး၏ အစွမ်းကြောင့် ဖြစ်သည်” ဟု မှတ်ချက်ပြုခဲ့သည်။ ဟန့်ခေတ် သမိုင်းဆရာကြီး စီးမာချန်းကလည်း “ပြည်သူလူထုက ကွမ့်ကျုံးအစွမ်းကို ချီးကျူးခြင်းထက် ပေါင်ဆု၏ မွန်မြတ်စိတ်ဓာတ်ကို ပို၍ ချီးကျူးကြသည်” ဟု ရေးသားခဲ့ပါသည်။


စာသင်ခန်းထဲတွင် အထက်ပါ သမိုင်းအကြောင်းအရာနှင့် ပတ်သက်ပြီး စာဖတ်ပွဲ ကျင်းပနေသည်။  ချီဟွမ်ကုန်း၊ ကွမ့်ကျုံး၊ ပေါင်ဆု သုံးဦးထဲမှ မည်သူကို သင်အနှစ်သက်ဆုံးလဲ။ မိမိ၏ စဉ်းစားတွေးခေါ်မှုနှင့် ခံစားချက်ကို ပေါင်းစပ်၍ စာဖတ်ပွဲတွင် ဆွေးနွေးရန် စာမူတစ်စောင် ရေးသားပါ။


တောင်းဆိုချက်။ ။ အထက်ပါအကြောင်းအရာကို အသုံးချပြီး၊ ရှုထောင့်တစ်ခုကို ရွေးချယ်ပါ။ မိမိ၏ ရပ်တည်ချက်ကို ချမှတ်ပြီး၊ စာစီကုံး၏ ရသအမျိုးအစားကို ဆုံးဖြတ်ပါ။ ခေါင်းစဉ်ကို ကိုယ်တိုင်သတ်မှတ်ပါ။ သူတစ်ပါး၏ အရေးအသားကို ပုံစံအတုခိုးခြင်း၊ ကူးချခြင်း မပြုလုပ်ရ။ မိမိ၏ ကိုယ်ရေးအချက်အလက်မပါစေရ။ စာလုံးရေ ၈၀၀ ထက် မနည်းရ။


တနိုင်ငံလုံးဆိုင်ရာမေးခွန်း (၂)


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


ဒဿနပညာရှင် မော့်ကျစ်က “သူတစ်ပါးနိုင်ငံကို ကြည့်ရှုခြင်းဖြင့် မိမိနိုင်ငံကို တွေ့မြင်ပါ၊ သူတစ်ပါးမိသားစုကို ကြည့်ရှုခြင်းဖြင့် မိမိမိသားစုကို တွေ့မြင်ပါ၊ သူတစ်ပါးကို ကြည့်ရှုခြင်းဖြင့် မိမိကိုယ်ကိုယ် တွေ့မြင်ပါ” ဟု ပြောခဲ့သည်။ အင်္ဂလိပ်ကဗျာဆရာ John Donne က “မည်သူမှ တစ်ကိုယ်တော်ဖြစ်တည်နေခြင်း မဟုတ်ပေ၊ မည်သူမှ လောကနှင့် အဆက်အသွယ်မရှိသည့် ကျွန်းငယ်ကလေး မဟုတ်ပေ၊ လူတိုင်းက ဒီကြီးမားကျယ်ပြန့်သည့် ကမ္ဘာမြေကြီး၏ တစိတ်တပိုင်းဖြစ်သည်” ဟု စာဆိုခဲ့သည်။


“စိမ်းလန်းတောင်တန်းတစ်လျောက်ဆီ မိုးတိမ်တပြေးညီ၊ နှစ်ရွာမခွဲပါ လမင်းဝင်းထိန်သာ”၊ “တစ်ပင်တည်းမှကိုင်းဆက်တည် အတူရင်မှ မျှော်ပြီခါနွေဦး” ဒီကဗျာစာသားများဟာ ၂၀၂၀ခုနှစ် နွေဦးတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရုတ်နိုင်ငံသို့ ပံ့ပိုးခဲ့သော ထောက်ပံ့ပစ္စည်းများပေါ်တွင် ရေးသားထားသော စာသားများ ဖြစ်သည်။ ဤသည် ကမ္ဘာ့ပြည်သူလူထုမှ တရုတ်နိုင်ငံအပေါ် ထောက်ခံကူညီခြင်းကို ပြသခြင်း ဖြစ်သည်။


“တောင်နှင့်တောင်စွယ် မဆုံဖွယ်၊ လူလူချင်းတော့ ဆုံကြမယ်” “ကွယ်ပျောက်ဟဲ့ မှောင်မိုက်တဲ့ ည။ မိုးသောက်ယံနေအထွက် တို့များနိုင်မည်ကွဲ့။” ဒီစာသားများသည် တရုတ်မှ နိုင်ငံတကာသို့ ပံ့ပိုးသည့် ထောက်ပံ့ပစ္စည်းပေါ်တွင် ရေးသားထားသောစာသားများဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံမှ ကမ္ဘာ့ပြည်သူလူထုအတွက် ဆုမွန်ကောင်းတောင်းခြင်း ဖြစ်သည်။


“ကမ္ဘာ့လူငယ်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးဖိုရမ်”မှ တရုတ်လူငယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် သင်ဖိတ်ကြားခြင်းခံရသည်။ ဖိုရမ်တွင် “တစ်ခုတည်းသော ကမ္ဘာအတွက် လက်တွဲစို့၊ အနာဂတ်ကို လူငယ်များ အတူဖန်တီးစို့” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောရမည်။ ထို့ကြောင့် မိမိပြောကြားမည့် မိန့်ခွန်းကို စာစီကုံးပါ။


တောင်းဆိုချက်။ ။ ပေးထားချက်အကြောင်းအရာနှင့် အနှစ်သာရကို ပေါင်းစပ်ပြီး စာစီကုံးပါ။ ရှုထောင့်ရွေးချယ်ပါ၊ ရပ်တည်ချက်ထင်ရှားပါ၊ ရသအမျိုးအစားသတ်မှတ်ပါ၊ ကိုယ်ပိုင်ခေါင်းစဉ်ဖြင့် ရေးသားပါ။ သူတစ်ပါးအရေးအသားကို ပုံတူအတုခိုးခြင်း၊ ကူးချခြင်း မပြုလုပ်ရ။ ကိုယ်ရေးအချက်အလက် မပါစေရ။ စာလုံးရေ ၈၀၀ထက် မနည်းရ။


တနိုင်ငံလုံးဆိုင်ရာ မေးခွန်းလွှာ (၃)


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


လူဆိုသည်မှာ ကိုယ့်မျက်လုံးနှင့် သူတစ်ပါးကို ကြည့်ရှုသည်၊ ကမ္ဘာကို ကြည့်ရှုသည်၊ သို့သော် မိမိကိုယ်ကိုယ်တော့ အလုံးစုံ မမြင်တွေ့နိုင်ပေ။ ထို့ကြောင့် လူ့ဘဝရဲ့ ခရီးတလျှောက် ကျွန်တော်တို့သည် “ကြေးမုံ” အမျိုးမျိုးကို ရှာဖွေတွေ့ရှိရန်လိုအပ်သည်။ “ကိုယ့်ကိုယ်ကို ပုံဖော်ရေးခြယ်၍” ပြန်လည်စစ်ဆေးရမည်။ မိမိ ဘယ်လိုလူစားမျိုးလဲ၊ မိမိ မည်ကဲ့သို့ ဘဝမျိုးကို လိုချင်သလဲ၊ မိမိ ဘာစွမ်းဆောင်နိုင်သလဲ၊ ဘဝအဓိပ္ပါယ်ရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုသည့် မေးခွန်းများကို ကြိုးစားဖြေကြားရမည်။


သင် ကျောင်းပြီးဆုံးချိန်တွင် အသစ်ဝင်ရောက်လာမည့် အထက်တန်း ပထမနှစ်ကျောင်းသားကျောင်းသူများအတွက် စာတစ်စောင်ရေးထားပေးရန် ကျောင်းမှ တောင်းဆိုသည်။ “မိမိကိုယ်ကိုယ် ပုံဖော်ရေးခြယ်ခြင်း” ဟူသည့် အကြောင်းအရာကို ရေးသားစေလိုခြင်း ဖြစ်သည်။ ဤစာမှ တစ်ဆင့် မိမိ၏ ဘဝအတွေ့အကြုံနှင့် စဉ်းစားတွေးခေါ်မှုများကို သူတစ်ပါးနှင့် ဝေမျှစေလိုခြင်းဖြစ်သည်။


တောင်းဆိုချက်။ ။ ပေးထားချက်ကို အသုံးချပြီး၊ ရှုထောင့်တစ်ခုကို ရွေးချယ်ပါ။ မိမိ၏ ရပ်တည်ချက်ကို ချမှတ်ပြီး၊ စာစီကုံး၏ ရသအမျိုးအစားကို ဆုံးဖြတ်ပါ။ ခေါင်းစဉ်ကို ကိုယ်တိုင်သတ်မှတ်ပါ။ သူတစ်ပါး၏ အရေးအသားကို ပုံစံအတုခိုးခြင်း၊ ကူးချခြင်း မပြုလုပ်ရ။ မိမိ၏ ကိုယ်ရေးအချက်အလက်မပါစေရ။ စာလုံးရေ ၈၀၀ ထက် မနည်းရ။


တနိုင်ငံလုံးဆိုင်ရာ မေးခွန်းလွှာသစ် (၁)


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


ယခုလို ရုတ်တရက်အရေးပေါ်ဖြစ်ပေါ်လာသော ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရာတွင် နိုင်ငံတော်မှ ပြည်သူ့အသက်သည်သာ ပဓာန၊ လူ့အသက်သည်သာ အဓိကဟု ဆွဲကိုင်ပြီး ရောဂါကာကွယ်ရေးလုပ်ဆောင်ချက်များကို ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့သည်။ တနိုင်ငံလုံး၏ ပြည်သူလူထုသည်လည်း အရေးပေါ် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။


လူအများက မိမိအိမ်တွင်းမှ “ကန့်သတ်ချက်ဖြင့်နေထိုင်ခြင်း (Quaratine)” ပြုလုပ်ကြသည်။ အပြင်ထွက်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ရှားလိုက်သည်။ ဖျော်ဖြေမှုနှင့် အားကစားနေရာများကို ပိတ်ပင်လိုက်သည်။ အစိုးရဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းသို့ ပြောင်းရွေ့လိုက်သည်။ စာသင်ကျောင်းများ ကျောင်းဖွင့်ရက်ကို ရွေ့ဆိုင်းလိုက်သည်။ အများပြည်သူဝန်ဆောင်မှုနေရာများတွင်လည်း “တစ်မီတာ” အကွာအဝေးကို သတ်မှတ်လိုက်သည်။ ရောဂါကာကွယ်ရေးအတွက် လူတွေအချင်းချင်း ဝေးကွာစေခဲ့သည်။


မြို့ရွာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများဟာ ဆေးဖြန်းခြင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးဝယ်ယူခြင်းနှင့် ပို့ဆောင်ခြင်းများကို တာဝန်ယူလိုက်သည့်အတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခဲ့သည်။ ဆေးပညာရှင်များက ၂၄နာရီ အွန်လိုင်းတွင်တာဝန်ယူပြီး သိပ္ပံနည်းကျကျ ညွှန်ကြားချက်များပေး၍ ရောဂါတိုက်ဖျက်အောင်မြင်ရေးယုံကြည်ချက်ကို တိုးပွားစေခဲ့သည်။ အမြန်ချောပို့သူများက နေပူမိုးရွာမရှောင် မြို့ရွာမရွေး ကုန်ပစ္စည်းများကို ပြေးလွှားပို့ဆောင်ပေးနေသည်။ ကားမောင်းဆရာများက နေ့ညမနား ထောက်ပံ့ပစ္စည်းပို့ဆောင်မှုကို စွမ်းစွမ်းတမံဖြစ်မြောက်စေခဲ့သည်။ ကျောင်းဆရာများသည် မိမိ၏ သင်ကြားရေးတာဝန်များကို အွန်လိုင်းမှ တစ်ဆင့် ဆက်လက် ထမ်းဆောင်နေပါသည်။ သတင်းပြန်ကြားရေးတာဝန်ရှိသူများက ရှေ့တန်းသို့ ဝင်ရောက်၍ နွေးထွေးမှုနှင့် ခွန်အားများကို ပေးပို့ခဲ့သည်။ ရောဂါတိုက်ဖျက်ခြင်းဟာ လူတို့၏ ဆက်ဆံရေးကို ပိုရင်းနှီးစေခဲ့သည်။


အထက်ပါ အချက်အလက်များကို အခြေခံပြီး “ကပ်ရောဂါကာလတွင်း Social Distance” ဟူသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး စာစီကုံးပါ။


တောင်းဆိုချက်။ ။ ပေးထားချက်ကို အသုံးချပြီး၊ ရှုထောင့်တစ်ခုကို ရွေးချယ်ပါ။ မိမိ၏ ရပ်တည်ချက်ကို ချမှတ်ပြီး၊ စာစီကုံး၏ ရသအမျိုးအစားကို ဆုံးဖြတ်ပါ။ ခေါင်းစဉ်ကို ကိုယ်တိုင်သတ်မှတ်ပါ။ သူတစ်ပါး၏ အရေးအသားကို ပုံစံအတုခိုးခြင်း၊ ကူးချခြင်း မပြုလုပ်ရ။ မိမိ၏ ကိုယ်ရေးအချက်အလက်မပါစေရ။ စာလုံးရေ ၈၀၀ ထက် မနည်းရ။


တနိုင်ငံလုံးဆိုင်ရာ မေးခွန်းလွှာသစ် (၂)


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


စာပေထောင်ချီဖတ်ရှုပြီး၊ ခရီးမိုင်ထောင်ချီလျှောက်ပါ။ စာဖတ်သည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ ကျွန်ုပ်တို့သည် ဒေသအမည်များနှင့် ကြုံတွေ့ရမည်။ တချို့သော ဒေသအမည်များသည် ထိုဒေသ၏ သဘာဝရုပ်လက္ခဏာ၊ ဌာနေယဉ်ကျေးမှု၊ သမိုင်းအကြောင်းအရာနှင့် ကျော်ကြားပုဂ္ဂိုလ် တို့ကို အလွယ်တကူ တွဲမြင်စေပါသည်။ တချို့ဒေသအမည်များမှာမူ မိမိ၏ အတိတ်နှင့် ခံစားချက်များကို ပြန်ပေါ်လာစေပါသည်။ မေ့မရသော အဖြစ်အပျက်ပုံပြင်တစ်ပုဒ်ဖြစ်နိုင်သကဲ့သို့ မိမိအနေဖြင့် အဓိပ္ပါယ်ထူးခြားလေးနက်သည့် အဖြစ်အပျက်လည်း ဖြစ်နိုင်ပါသည်။


ရုပ်မြင်သံကြားဌာနမှ သင့်အား “တရုတ်၏ ဒေသအမည်”ဟူသော အစီအစဉ်၏ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန် ဖိတ်ခေါ်သည်။ “_____ သို့ ချည်းကပ်ခြင်း” (ဒေသအမည်တစ်ခုကို ဖြည့်စွက်ပါ) ဟူသည့် ခေါင်းစဉ်ဖြင့် အခမ်းအနားတင်ဆက်ခြင်း မိတ်ဆက်စကား ပြောကြားရန် စာစီကုံးပါ။


တောင်းဆိုချက်။ ။ ပေးထားချက်ကို အသုံးချပြီး၊ ရှုထောင့်တစ်ခုကို ရွေးချယ်ပါ။ မိမိ၏ ရပ်တည်ချက်ကို ချမှတ်ပြီး၊ စာစီကုံး၏ ရသအမျိုးအစားကို ဆုံးဖြတ်ပါ။ မိမိနှင့် လိုက်ဖက်သည့် အကြောင်းကို ရေးပါ။ သူတစ်ပါး၏ အရေးအသားကို ပုံစံအတုခိုးခြင်း၊ ကူးချခြင်း မပြုလုပ်ရ။ မိမိ၏ ကိုယ်ရေးအချက်အလက်မပါစေရ။ စာလုံးရေ ၈၀၀ ထက် မနည်းရ။


ပေကျင်းမြို့မေးခွန်းလွှာ


အောက်ပါ ခေါင်းစဉ် ၂ခုမှ ၁ ခုကို ရွေးချယ်ပြီး တောင်းဆိုချက်နှင့် အညီ ဖြေဆိုပါ။ စာလုံးရေ ၇၀၀ ထက်မနည်းရ။ ခေါင်းစဉ်ကို အဖြေလွှာတွင်လည်း ရေးသားပါ။


(၁) ၂၀၂၀ခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် ပေတုန်အမှတ်(၃) ၏ နောက်ဆုံး ဂြိုလ်တုတစ်လုံးသည်လည်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဤသည် ကျွန်ုပ်တို့နိုင်ငံ၏ ကိုယ်ပိုင်တည်ဆောက်၊ ကိုယ်ပိုင်လည်ပတ်လုပ်ကိုင်သည့် ပေတုန်ဂြိုလ်တုစနစ်သည် ကမ္ဘာ့ကွန်ရက်ချိတ်ဆက်မှု ပြီးမြောက်ကြောင်း သင်္ကေတဖြစ်သည်။ ထိုဂြိုလ်တုစနစ်သည် ဂြိုလ်တု ၅၅လုံး ဖြင့် ဖွဲ့စည်းထားပြီး ဂြိုလ်တုတိုင်းတွင် ကိုယ်ပိုင်စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသည်။ ထိုဂြိုလ်တုများသည် စုပေါင်းပြီး “ကောင်းကင်ကွန်ရက်”တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းတွင် ဝန်ဆောင်မှု ပေးနိုင်ပါပြီ။


အထက်ပါ အချက်အလက်ထဲမှ “ဂြိုလ်တုတိုင်းတွင် ကိုယ်ပိုင်စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားသည်” ဟူသော စကားသည် သင့်ကို မည်သို့သော စဉ်းစားတွေးခေါ်မှုများကို ဖြစ်ပေါ်စေသနည်း။ မိမိ၏ နေ့စဉ်ဘဝနှင့် တွဲဖက်၍ ကိုယ်ပိုင်ရှုထောင့်တစ်ခုရွေးချယ်ပြီး ကိုယ်ပိုင်ခေါင်းစဉ်ဖြင့် သုံးသပ်ဆောင်းပါး တစ်ပုဒ်ကို စာစီကုံးပါ။


တောင်းဆိုချက်။ ။ သုံးသပ်ချက်အမြင် ထင်ရှားရမည်၊ သုံးသပ်သည့် အချက်အလက်ပြည့်စုံရမည်၊ သုံးသပ်သည့်အကြောင်းအရာ ကျိုးကြောင်းဆီလျော် ရမည်။ အရေးအသားချောမွေ့ပြီး၊ လက်ရေးသေသပ်ရမည်။


(၂) ယနေ့ခေတ်တွင် ကျွန်ုပ်တို့သည် နေ့စဉ် သတင်းအချက်အလက်ပေါင်းစုံကို လက်ခံရရှိနေပါသည်။ တချို့သော သတင်းအချက်အလက်သည် သင့်ကို သဘောတရားတစ်ခုကို နားလည်သွားစေခြင်း၊ သို့မဟုတ် သင့်ဘဝကို အပြောင်းအလဲဖြစ်စေခြင်း ဥပမာ အားတက်ခြင်း၊ အပြစ်ရှိကြောင်းခံစားရခြင်း၊ အမှားအမှန်ခွဲခြားသိရှိစေခြင်း များ ဖြစ်ပေါ်စေသည်။


“သတင်း တစ်ကြောင်း” ဟူသည့် ခေါင်းစဉ်အောက်တွင် မိမိ၏ဘဝနှင့်ဆက်စပ် တွေးခေါ်ပြီး မှတ်တမ်းဆောင်းပါးတစ်ပုဒ် စာစီကုံးပါ။


တောင်းဆိုချက်။ ။ အတွေးအခေါ်မှန်ကန်ရမည်၊ အကြောင်းအရာပြည့်စုံရမည်၊ အသေးစိတ်အချက်အလက်ပါဝင်ရမည်၊ အရေးအသားချောမွေ့ပြီး၊ လက်ရေးသေသပ်ရမည်။


ထျန်းကျင်းမြို့ မေးခွန်းလွှာ


အောက်ပါအကြောင်းအရာကို ဖတ်ရှုလေ့လာပြီး တောင်းဆိုချက်နှင့်အညီ စာစီကုံးပါ။


“တရုတ်ရုပ်သွင်” ဟုဆိုလျှင် ယနေ့ကမ္ဘာ့တစ်ဝန်းတွင် လူကြိုက်များနေသည့်မှတ်တမ်းရုပ်ရှင်ထဲမှ ထန်ခေတ် မျိုးချစ်ကဗျာဆရာ သုဖူ၊ တရုတ်တိုင်းရင်းဆေးပညာနှင့် လူသားများကို ကောင်းကျိုးပြုနိုင်ခဲ့သည့် နိုဗယ်ဆုရှင် ထူရိုးရိုး၊ တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံအထပ်ထပ်ကို ဝတ်ဆင်ထားသော ကျန်းမာရေးဝန်ထမ်း၏ မောပန်းနွမ်းနယ်နေသောအပြုံးမျက်နှာ၊ တိတ်ဆိတ်ငြိမ်သက်နေသော ရပ်ကွက်လမ်းကြားများတွင် ပစ္စည်းပို့ဆောင်ပေးနေ့သည့် အမြန်ချောပို့ဝန်ထမ်းလေး၏ နွေးထွေးသောလက်တစ်စုံ စသည်တို့ကိုတန်းမြင်နိုင်သလို မတူညီသည့် အသွင်ဖြင့် ပုံဖော်နေကြသည့် ကျွန်ုပ်တို့ အားလုံးလည်းပါဝင်ပါသည်။


၂၀၂၀ခုနှစ် နွေဦးကာလကို ကျော်ဖြတ်လာပြီးနောက် သင်သည် “တရုတ်ရုပ်သွင်”နှင့် ပတ်သက်ပြီး မည်သည့်ခံစားချက်အသစ်များ ရရှိထားသနည်း။ ဤအကြောင်းနှင့်ပတ်သက်ပြီး စာစီကုံးပါ။


တောင်းဆိုချက်။ ။ (၁) ကိုယ်ပိုင် ရှုထောင့်နှင့် ကိုယ်ပိုင်ခေါင်းစဉ်သတ်မှတ်ပါ။ (၂)ရသအမျိုးအစား အကန့်အသတ်မရှိပါ (ကဗျာမှလွဲ၍)။ ရသအမျိုးအစားထင်ရှားအောင်ရေးသားပါ။ (၃)စာလုံးရေ ၈၀၀ထက်မနည်းရ။ (၄)စာသားခိုးကူးခြင်း၊ ပုံစံတုယူခြင်း မပြုရ။


ရှန်ဟိုင်းမြို့ မေးခွန်းလွှာ


လူ့လောကတွင် အရေးကြီးသည့် အချိုးအကွေ့များစွာသည် မထင်မှတ်သည့်အချိန်တွင် ဖြစ်ပွားတတ်ကြသည်။ ဤသည် လူသားများက လောကရဲ့ဖွံ့ဖြိုးရေးဖြစ်စဉ်ကို မည်သို့မျှ စီမံနိုင်စွမ်းမရှိခြင်းကို ဖော်ပြနေသည်လော။


ဤမေးခွန်းနှင့်ပတ်သက်ပြီး မိမိ၏ နားလည်မှုနှင့် စဉ်းစားတွေးခေါ်မှုကို စာစီကုံး တစ်ပုဒ်ရေးသားပါ။


တောင်းဆိုချက်။ ။ (၁) ကိုယ်ပိုင်ခေါင်းစဉ်သတ်မှတ်ပါ။ (၂) စာလုံးရေ ၈၀၀ထက် မနည်းရေးသားပါ။


ကျန်းစုပြည်နယ် မေးခွန်းလွှာ


အောက်ပါ အချက်အလက်ကို အခြေခံပြီး ကိုယ်ပိုင်ရှုထောင့်နှင့် ခေါင်းစဉ်ဖြင့် စာလုံးရေ ၈၀၀ ထက်မနည်းသော စာစီစာကုံး တစ်ပုဒ်ရေးသားပါ။ ကဗျာပုံစံမှ လွဲ၍ ကြိုက်နှစ်သက်ရာ ရသပုံစံဖြင့် ရေးသားနိုင်သည်။


တူညီသည့်အသံသည် ပဲ့တင်ထပ်မြဲဖြစ်ပြီး တူညီသည့်အနံ့သည် ပေါင်းစပ်သွားမြဲဖြစ်သည်။ လူတိုင်းသည် မိမိနှစ်သက်သော လူနှင့်အရာကိစ္စများကို အာရုံပိုစူးစိုက်ကြသည်။ အချိန်ကြာမြင့်လာသောအခါ တူညီသည့်သတင်းအချက်အလက်များ၏ ဝိုင်းရံခြင်းနှင့် ပုံဖော်ခြင်းကို ခံကြရသည်။ အင်တာနက်နည်းပညာခေတ်တွင် ယခုလို ဝိုင်းရံမှုသည် ပို၍ နီးကပ်လာပြီး ပို၍ ပုံဖော်လာနိုင်ကြသည်။ သင်၏ အနာဂတ်ပုံသဏ္ဍာန်သည် လက်ရှိ သတိမပြုမိသော အင်တာနက်ပေါ်ဖတ်ရှုခြင်း၊ နှစ်သက်ကြောင်း like တစ်ချက်နှိပ်လိုက်ခြင်း၊ ဝေမျှလိုက်ခြင်းနှင့် စိတ်ကြည်နူးသွားခြင်းမှ အုတ်မြစ်တည်သွားနိုင်သည်။


ကျဲ့ကျန်းပြည်နယ်မေးခွန်းလွှာ


လူတိုင်းတွင် မိမိ၏ဘဝရပ်တည်ချက်နှင့် အနာဂတ်ရည်မှန်းချက်များရှိကြပါလိမ့်မည်။


မိသားစုသည် ကျွန်တော်တို့အပေါ် မတူညီသည့် မျှော်မှန်းချက်ထားရှိနိုင်သလို လူ့အဖွဲ့အစည်းမှလည်း ကျွန်ုပ်တို့ထမ်းဆောင်ရမည့် တခြားသောတာဝန် ပေးနိုင်ချေရှိသည်။


အဆက်မပြတ်ပြောင်းလဲနေသည့် လက်တွေ့ဘဝမှာ မိမိနှင့် မိသားစု၊ လူ့အဖွဲ့အစည်းအကြား မျှော်လင့်ချက်မတူညီမှုများ ဖြစ်တတ်သည်မှာ ရှောင်လွှဲ၍ မရပေ။


ဤကိစ္စနှင့်ပတ်သက်၍ မိမိတွင် မည်သည့် အတွေ့အကြုံများရှိခဲ့သနည်း။ မည်သို့ စဉ်းစားတွေးခေါ်ထားသနည်း။ စာစီစာကုံးတစ်ပုဒ်ဖြင့် မိမိ၏ အမြင်ကို ဖော်ပြပါ။


(သတိပေးချက်) (၁) ကိုယ်ပိုင်ရှုထောင့်၊ ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင်ခေါင်းစဉ်ဖြင့် ရေးသားပါ။ (၂) ရသပုံစံတိကျထင်ရှားပါ၊ ကဗျာပုံစံဖြင့် မရေးရ။ (၃) စာလုံးရေ ၈၀၀ထက် မနည်းရ။ (၄) သူတစ်ပါး အရေးအသား ပုံစံအတုယူခြင်း၊ စာသားခိုးကူးခြင်း မပြုရ။


*Seize China မှ ကူးယူဖော်ပြပါသည်*


#林圛朙「天下第一」


စာကြွင်း ။     ။ နောက်တစ်ခုပြောဖို့ ကျန်ခဲ့တာက တိုင်းရင်းသားတွေဟာ ဟန့် (တရုတ်) လူမျိုးတွေထက် အခွင့်အရေးပိုရကြပါတယ်။ ဥပမာ ဟန့်လူမျိုးတွေအတွက် တက္ကသိုလ်ဝင်ခွင့်အမှတ်တွေ ၅၀၀ လောက်ဖြစ်နေချိန်မှာ တိုင်းရင်းသားဒေသက တိုင်းရင်းသားတွေကိုတော့ ဝင်ခွင့်အမှတ်ကို ၄၀၀ လောက်နဲ့ခွင့်ပြုပေးခဲ့တာမျိုးတွေ ရှိပါတယ်။ ချင်းဟွာတက္ကသိုလ်ရဲ့ ဝင်ခွင့်အမှတ်က ဟန့် (တရုတ်) ဆိုရင် ၇၀၀ လောက်မှ ရပေမယ့် တိုင်းရင်းသားတွေဆို ၆၀၀ ကျော်လောက်နဲ့တင် ဝင်ခွင့်ပေးပါတယ်။ ဒါက တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ တိုင်းရင်းသားအခွင့်အရေးကဏ္ဍ ဖြစ်ပါတယ်။

Monday, June 20, 2022

အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု

 အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု ..................




အသားဖြူချင်သူတွေ လုပ်မိနေတဲ့အမှား (၁၁)ခု

အသားဖြူချင်သူတွေ ထဲမှာ အတော်များများက အမှားတွေ လုပ်မိတတ်ပါတယ်။ အသားဖြူဖို့ပဲ အာရုံထားပြီး သတိပေးချက်တွေကို ဂရုမပြုမိကြတာကြောင့် အရေပြားအပေါ် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်နေစေပါတယ်။ အသားဖြူဆေးတွေ၊ bleaching productsတွေ အများကြီး ဈေးကွက်မှာ ပျံ့နှံ့နေပြီး အသုံးပြုသူလည်း များလာပါတယ်။ ဒါပေမယ့် အရည်အသွေးနဲ့ ဘေးဥပါဒ် ကင်းရှင်းမှုအတွက်တော့ အာမခံချက် မရှိတာ များနေပြီး အသားအရေတွေ ပျက်စီးကုန်တာ၊ အရေပြား ထိလွယ်ရှလွယ် တုံ့ပြန်မှု လွန်ကဲကုန်တာနဲ့ ပြန်ပြင်လို့ မရလောက်အောင် ထိခိုက်ပျက်စီးစေတာတွေ အထိတောင် ဖြစ်တတ်ပါတယ်။


အသားဖြူဆေးတွေ မသုံးဘဲ ပုံမှန်အလှကုန်တွေ၊ အသားအရေထိန်းသိမ်းရေး ပစ္စည်းတွေကိုပဲ သုံးမယ်ဆိုလည်း သုံးစွဲပုံ နည်းလမ်းမကျရင်၊ မမှန်ကန်ရင် အကျိုးမထူးတဲ့အပြင် အသားအရေကိုပါ ထိခိုက်စေနိုင်ပါတယ်။ တကယ်တမ်းက နည်းပေါင်းစုံ စမ်းလုပ်ကြည့်လို့ အရေပြား ထိခိုက်ရတာထက် skin care ကောင်းကောင်းလေးသုံးပြီး အသားအရေကို အားဖြည့်၊သန့်စင်ပေးဖို့ အာရုံစိုက်မယ်ဆိုရင် အသားဖြူဆေးဆိုတာ မလိုလောက်တော့ ပါဘူး။ အလှတရားဟာ ဖြူစင်ကျန်းမာတဲ့ အသားအရေမှာပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့နေ့စဉ် skin care အသုံးပြုပုံတွေမှာ အောက်ပါ အမှားတွေကို မလုပ်မိဖို့ သတိထားဆင်ခြင်ရင် အကျိုးထူးစေမှာပါ။


ပြဒါးပါတဲ့ လိုးရှင်းတွေ၊ခရင်မ်တွေကို အသုံးပြုခြင်း – ဒီလို ပြဒါးပါဝင်တဲ့ ကုန်ပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။

သင့်တော်တဲ့ ရေဓါတ်ထိန်းသိမ်းမှုမလုပ်ခြင်း –ရေဓါတ် မထိန်းသိမ်းဘဲနဲ့ သုံးမယ်ဆိုရင် အသားဖြူစေတဲ့ ဘယ်အလှပစ္စည်းကမှ ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။ အသားအရေ ကျန်းမာလှပစေဖို့ ရေအလုံအလောက် သောက်ပါ။


ကိုယ်အ့အသားအရေနဲ့ မကိုက်ညီတဲ့ အသားဖြူဆေးတွေ အသုံးပြုခြင်း – အသားဖြူစေတဲ့ ဆေးတွေ၊ ခရင်မ်တွေ သုံးရင် အာမခံချက်ရှိတဲ့ အမျိုးအစားကိုသာ ထည့်စဉ်းစားပါ။ ပါဝင်မှုစာရင်းကို label မှာ သေချာ ကြည့်ရှုပါ။ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာလေ့လာပါ။ ကိုယ်နဲ့မကိုက်ညီတာကို သုံးနေတာက အန္တရာယ် များလွန်းပါတယ်။ အသားဖြူပြီးရော တွေ့ကရာ အမှတ်တံဆိပ်တွေ လျှောက်သုံးပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အသားအရေကို ထိခိုက်စေအောင် မလုပ်သင့်ဘဲ ဂုဏ်သိက္ခာရှိ နိုင်ငံတကာ အမှတ်တံဆိပ်တွေကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။


exfoliation မလုပ်ခြင်း – အရေပြားဆဲလ်သေဖယ်ရှားတဲ့ exfoliation ကိုမလုပ်ဘဲနဲ့တော့ သင့်ရဲ့အသားဖြူရေး ရည်မှန်းချက်က ရလဒ်ကောင်းကောင်းထွက်မှာ မဟုတ်ပါဘူး။ ဆဲလ်သေဖယ်ရှားရင် အသားအရေကို သဘာဝအတိုင်း လင်းလက်လာစေနိုင်လို့ပဲ ဖြစ်ပါတယ်။


နေလောင်ခံခရင်မ်မသုံးခြင်း -sunscreen မသုံးဘဲ ဆိုရင်လည်း အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုက မပြည့်စုံနိုင်ပါဘူး။ နေလောင်ဒဏ်ကို မကာကွယ်နိုင်တာကြောင့် အသားဘယ်လို ဖြူနိုင်ပါ့မလဲ။


ကိုယ်သုံးတဲ့ပစ္စည်းရဲ့ပါဝင်ပစ္စည်းတွေကိုမသိရှိခြင်း – ဒီလို သိမထားဘဲ label ကိုဖတ်မကြည့်ဘဲ သုံးနေတာက အသားအရေအတွက် စွန့်စားလွန်းရာကျပါလိမ့်မယ်။ ကိုယ်နဲ့ မတည့်တဲ့ပစ္စည်းတွေ ဒါမှမဟုတ် ဆိုးကျိုးပေးနိုင်တဲ့ ပစ္စည်းတွေကို သုံးမိတဲ့အခါ ဖြစ်လာမယ့် အကျိုးဆက်က မကောင်းပါဘူး။


အရင်မစမ်းသပ်ဘဲ အသုံးပြုခြင်း – လက်မှာ အရင်မစမ်းကြည့်ဘဲ ဘယ်လိမ်းဆေးခရင်မ်ကိုမှ တစ်ကိုယ်လုံး မလိမ်းပစ်ပါနဲ့၊ ကိုယ်မသုံးဖူးသေးတဲ့ ဘယ် skin care ကိုမှ မျက်နှာမှာ ချက်ချင်း တန်းမသုံးပါနဲ့။ လူသိနည်းတဲ့ ၊ထုတ်လုပ်မှုဆိုင်ရာအချက်အလက်တွေ မခိုင်မာတဲ့ ပစ္စည်းတွေဆို ပိုဆိုးပါတယ်။ ဘာပဲဖြစ်ဖြစ် ဓါတ်တည့်၊ မတည့် အရင်စမ်းသပ်ကြည့်ပြီးမှ သုံးပါ။


facial wipesတွေသုံးလွန်းတာ – မျက်နှာသုတ်တဲ့ wet tissueတွေ၊ facial wipeတွေက အသားအရေ ထိန်းသိမ်းမှုအတွက် အထောက်အကူ မပေးနိုင်ဘူးဆိုတာ သတိရပါ။ ခရီးသွားရင်း၊ လမ်းသွားရင်း အရေးပေါ်သာ မျက်နှာသန့်စင်ရေးအတွက် အသုံးဝင်ပေမယ့် အများစုက အရေပြားအပေါ်ယံအလွှာနုလေးတွေကို ပျက်စီးစေပြီး အသားအရေ ကြမ်းတမ်းစေပါတယ်။


မိတ်ကပ်အထူကြီးမလိမ်းပါနဲ့ – တချို့က ထင်ကြပါတယ်။ မိတ်ကပ်များများ လိမ်းရင် ပိုလှလိမ့်မယ်၊ မျက်နှာ ပိုဖြူလိမ့်မယ်လို့။ ဒါပေမယ့် တကယ်တော့ ဆန့်ကျင်ဘက်ပါ။ မိတ်ကပ်ကို အများကြီး အထူကြီး မလိမ်းသင့်ပါဘူး။ အောက်ခံမိတ်ကပ်နဲ့ အသားဖြူခရင်မ် ခံလိမ်းတာများလွန်းရင် အသားမဖြူစေနိုင်ပါဘူး။နောက်ဆုံးမှာ အသားအရေနဲ့ ထိတွေ့မှုများလွန်းရင် အသားဖြူဝင်းလာမယ့်အစား ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။


မျက်နှာနဲ့ ခန္ဓါကိုယ်သန့်စင်ရေး လုပ်တာများလွန်းခြင်း – တချို့လူတွေက ကိုယ့်အသားအရေ နဲ့ပတ်သက်ပြီး အရမ်း အာရုံထားလွန်းတတ်ပါတယ်။ မကြာခဏ ရေချိုး၊ ချေးတွန်းပွတ်တိုက်လွန်းတာ၊ သန့်စင်တာ၊ မျက်နှာ ခဏခဏသစ်တာ၊ scrub သုံးလွန်းတာတွေ လုပ်ရင် အညစ်အကြေးကင်းစင်ပြီး ဖြူစင်လှပတဲ့ အသားအရေရနိုင်လိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ cleansing products တွေနဲ့ ဆပ်ပြာတွေ မကြာခဏ ထိတွေ့ရလွန်းတာတွေ မဖြစ်သင့်ပါဘူး။ cleanser သုံးတာများလွန်းရင် အသားအရေ ပျက်စီးနိုင်ပါတယ်။


Exfoliation ဆဲလ်သေဖယ်ရှားခြင်းကို အလွန်ပြုလုပ်ခြင်း – exfoliation လုပ်တာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမယ့် သိပ်များလွန်းရင်လည်း ကောင်းကျိုးမပေးနိုင်တော့ပါဘူး။ ဘယ်အရာကိုမဆို တန်ဆေးလွန်ဘေး ဆိုတာလေး သတိချပ်စေချင်ပါတယ်။ တစ်ခုရှိတာက တုံ့ပြန်လွယ်တဲ့ အသားအရေရှိသူ အမျိုးသမီးတွေအတွက်exfoliation လုပ်ဖို့ မသင့်တော်ဘူးဆိုတာပါပဲ။


ဒီအချက်တွေကို ဖတ်ကြည့်ရင်းနဲ့ အသားအရေဖြူဝင်းစေဖို့ အဖြေတစ်ခုတွေ့ရှိကြမှာပါ။ အသားဖြူစေဖို့ဆေးတွေဘာတွေ အပြင်းအထန်လုပ်နေစရာမလိုဘဲ skin careကောင်းကောင်းတွေကို နည်းလမ်းမှန်စွာသုံးရင် အသားအရေသန့်စင်ကြည်လင်ပြီး အလိုလိုဖြူဝင်းလှပလာစေမယ်ဆိုတာပါပဲ။ အရွေးမမှားဖို့တော့လိုတာပေါ့နော် အသားရေဖြူစင်ဝင်းပလာစေဖို့အတွက်ဆိုရင် စိတ်ရှည်လက်ရှည်နဲ့ အသေအချာ ဂရုစိုက်ပြုလုပ်ရပါတယ်။ဖြူရင်ပြီးရောဆိုပြီး အရည်အသွေးမပြည့်တာတွေ၊ စိတ်မချရတာတွေ သွားသုံးမိရင် ဆိုးကျိုးတွေအများကြီးနဲ့ ကြုံတွေ့နိုင်ရလို့ ယုံကြည်စိတ်ချရပြီး အရည်အသွေးအာမခံထားတဲ့ အမှတ်တံဆိပ်တွေကိုသာရွေးချယ်အသုံးပြုဖို့ တိုက်တွန်း လိုက်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Thursday, June 16, 2022

သိထားသင့်သော အားကစားဆိုင်ရာ ဝေါဟာရအသုံးအချို့

 😎 ကဲ . . .  ကျန်းမာရေး နဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ ဝေါဟာရ တချို့ကို လေ့လာကြည့်ရအောင် 😎




📗 Energy (စွမ်းအင်)

၁ - လူတွေ စက်တွေ လှုပ်ရှားသွားလာနိုင်ဖို့အတွက် Energy ဆိုတာ လိုအပ်ပါတယ် ။ လိုအပ်တဲ့ Energy တွေကို လောင်စာတွေ အစားအသောက်တွေကနေ ရရှိတယ် ။ ဥပမာ - ဓာတ်အားပေးစက်ရုံ တစ်ရုံက မြို့တစ်မြို့လုံးအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တယ် ။ ကားတစ်စီးက လောင်စာဆီကို လောင်ကျွမ်းပြီး စွမ်းအင်ရရှိတယ် ။


၂. Energy ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ အတွက် ခွန်အားဖြစ်စေပြီး

ရှေ့ဆက်ရမဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ ။ ဥပမာ - ကိုယ်က တစ်နေကုန် အလုပ်မှာ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့ အခါ အိမ်အလုပ်တွေပါ ထပ်လုပ်ဖို့ လုံလောက်တဲ့ Energy မရှိတော့ သလိုမျိုးပေါ့ ။


📗 CHEMISTRY

နောက်တစ်ခုက "ဓာတုဗေဒ" ။ "ဓာတုဗေဒ" ဆိုတာ သိပ္ပံပညာရဲ့ အရေးပါတဲ့ သွင်ပြင်လက္ခဏာတွေ

ဘယ်လို တုံ့ပြန်လဲ ၊ ဘယ်လိုပေါင်းစပ်ကြလဲ ၊ ဘယ်လိုပြောင်းလဲကြလဲ စတာတွေကို လေ့လာပြီး

ကိုင်တွယ်ဖြေရှင်းတဲ့ ပညာတစ်ခုဖြစ်ပါတယ် ။


📗 Chemical

1️⃣.

Chemical ဆိုတာ ဒြပ်ဝတ္ထုပစ္စည်းတွေ ဘယ်လိုဖွဲ့စည်းပြီး အဲ့ဒီ ဒြပ်ဝတ္ထုတွေ ဘယ်လိုတုံ့ပြန်လဲ ဆိုတာကို

ဆိုလိုတာပါ ။ ဥပမာ - ဓာတ်ခွဲခန်းထဲက အရည်တွေက ဓာတုဗေဒ အရ ဘယ်လို တုံ့ပြန်ကြလဲဆိုတာကို

လေ့လာကြပြီး တုံ့ပြန်မှုတွေပေါ်မှာ မူတည်ပြီး ကောင်းကျိုး ဆိုးကျိုးတွေကို ရှာကြသလိုမျိုးပေါ့ ။


2️⃣.

ဓာတုပစ္စည်းတစ်ခု ဆိုတာ ဓာတ်ပြုပြီး ပြောင်းလဲနိုင်တဲ့ အရာအားလုံးကို ပြောတာပါ ။

ဥပမာ - ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တံတွေး ဆိုတာ အစားအစာတွေ တစ်ခုနဲ့တစ်ခု

ဓာတ်ပြုပြီး ပြန်ဖြိုခွဲတဲ့ အခါမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ် ။ ရေ ဆိုတာလဲ Chemical တစ်ခုပါပဲ ။ ရေနဲ့ အခြားအရာတွေနဲ့ ပေါင်းစပ်တဲ့အခါ တုံ့ပြန်မှုတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ရရှိလာတဲ့ အရာက ဓာတုပစ္စည်း ဖြစ်ပါတယ် ။


🚨 မှတ်ချက် - အများအားဖြင့် လူတွေက Chemical(ဓာတုပစ္စည်း) လို့ ပြောတဲ့အခါ လူလုပ်ပစ္စည်းတွေကို ထင်နေကြပေမဲ့ Chemical ဟာ ဒီတစ်ခုတည်းကို မဆိုလိုပါဘူး ။ ကောင်းတဲ့ Chemical နဲ့ မကောင်းတဲ့ Chemical ဆိုပြီးလဲ ရှိပါသေးတယ် ။ နောက်တော့ ဆက်ပြောတာပေါ့ ။


📗 Organism ( သက်ရှိ )

Organism ဆိုတာ လူတိုင်းသိပြီးသားဖြစ်တဲ့ လူ ၊ တိရစ္ဆာန်  ၊ အပင် . . . တွေကို ပြောတာပါ ။


📗 Cell (ဆဲလ်)

Cell ဆိုတာ သက်ရှိအားလုံးကို ဖွဲ့စည်းတည်ဆောက်ရာမှာ အခြေခံလိုအပ်တဲ့ အလွန်သေးငယ်လွန်းတဲ့

အရာတွေ ဖြစ်ပါတယ် ။ တချို့ သက်ရှိတွေကတော့ Cell တစ်ခုတည်းနဲ့သာ တည်ရှိကြပါတယ် ။ ပုံမှန်ခန္ဓာကိုယ်အရွယ်အစားရှိတဲ့ အမျိုးသားတစ်ယောက်မှာ Cell ပေါင်း ၆၀ ကနေ ၁၀၀ ထရီလီယံ ထိ ရှိပါတယ်။ Cell တွေက သူတို့ အသက်ရှင်ဖို့ ၊ Energy ထုတ်ဖို့ ၊ Cell အချင်းချင်း အပြန်အလှန် ဖလှယ်ဖို့ သူတို့ကိုယ်တိုင် လုပ်ဆောင်ကြပါတယ် ။Cell တစ်ခုစီကို ပါးလွှာတဲ့ ပစ္စည်းတစ်ခုဖြင့် ထုပ်ပိုးထားပြီး သေးငယ်တဲ့ ဓာတုပစ္စည်းများနှင့် ရေများထည့်တဲ့ Container တစ်ခုနဲ့တူပါတယ် ။ တစ်သျှူးဆိုတာ တိရစ္ဆာန်တွေနဲ့ အပင်တွေရဲ့ ပုံသဏ္ဍာန် နဲ့ အလုပ်လုပ်ပုံချင်း ဆင်တူတဲ့ Cell အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ အရာဖြစ်ပါတယ် ။


📗 Muscle (ကြွက်သား)

Muscle ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်သျှူးအစုဝေး တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်လှုပ်ရှားသွားလာနိုင်ဖို့အတွက်

flexible ဖြစ်တဲ့ အရိုးများ နဲ့ တွဲနေပါတယ် ။


📗 Fat (အဆီ)

Fat ဆိုတာ အရေးပြားအောက်မှာ သဘာ၀ အတိုင်းရှိနေတဲ့ ပိုနေတဲ့ အသားတွေ ဖြစ်ပါတယ် ။

အဆီတွေ အရမ်းများလို့ ဗိုက်က ခါးပတ်ကြိုးပေါ် အသားတွေ တွဲလောင်းကျနေသလိုမျိုး ပေါ့ ။

တချို့ အဆီတွေက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်များ ဖြစ်တဲ့အပြင် Cell တွေ တည်ဆောက်ဖို့ နဲ့ ကိုယ်ခန္ဓာထဲမှာ လုပ်ဆောင်မှုတွေကို ပြီးမြောက်စေပါတယ် ။


📗 Organ ( ကိုယ်အင်္ဂါအစိတ်အပိုင်း )

Organ ဆိုတာ ခန္ဓာကိုယ်ထဲက လုပ်ဆောင်ချက်တွေကို တစ်ခုပြီး တစ်ခုအောင်မြင်စေအောင် Tissue တွေနဲ့

ဖွဲ့စည်းထားတဲ့ သက်ရှိတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။ ဥပမာ - အဆုတ် ၊ နှလုံး ၊ အစာအိမ် နဲ့ ဦးနှောက် တို့က ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါများဖြစ်ပါတယ် ။ မျက်လုံးတို့ နားတို့က အာရုံခံအင်္ဂါများဖြစ်ပြီး အရေပြားကတော့ အကြီးဆုံး အင်္ဂါတစ်ခု ဖြစ်ပါတယ် ။


🚨 မှတ်ချက် 🚨 - Muscle ဆိုတာ Tissue တစ်ခုသာဖြစ်ပြီး ကိုယ်တွင်းအင်္ဂါတစ်ခုမဟုတ်ပါဘူး ။


📗 Matter ( ဒြပ်စင် )

Matter ဆိုတာ စကြာဝဋ္ဌာအတွင်းမှာရှိတဲ့ အလေးချိန် နဲ့ အရွယ်အစား ရှိတဲ့ အရာအားလုံးကို ဆိုလိုပါတယ် ။

ဥပမာ - ကမ္ဘာဆိုတာ အရာဝတ္ထုများနဲ့ ဖွဲ့စည်းထားတယ် ။ Plastic ဆိုတာလဲ Matter တစ်မျိုးပဲ ။ အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကကြတော့ စားလို့ရတဲ့ Matter တွေပါ ။


📗 Element ( ဒြပ်စင် )

Element တစ်ခု ဆိုတာ ဓာတုဗေဒနည်းနဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားအောင် ခွဲလို့မရနိုင်ပါဘူး ။ Periodic Table မှာ Element ပေါင်း ၁၀၀ ကျော်ရှိပါတယ် ။ ဥပမာ - အောက်စီဂျင် ၊ ဟီလီယံ တို့ဟာ Element တွေပါပဲ ။


📗 Compound ( ဒြပ်ပေါင်း )

Compound တစ်ခုမှာ မတူညီတဲ့ Element နှစ်ခု မဟုတ် နှစ်ခုထက်ပိုပြီး ဖွဲ့စည်းထားပါတယ် ။

ဥပမာ - ရေဆိုတာ အောက်စီဂျင် နဲ့ ဟိုက်ဒရိုဂျင် ပေါင်းစပ်ထားတဲ့ Element များနဲ့ ဖွဲ့စည်းထားတဲ့ Compound ဖြစ်တယ် ။


📗 Break Down ( ဖြိုခွဲခြင်း )

Break Down လုပ်တယ်ဆိုတာ အရာတစ်ခုခုကို ပိုမိုသေးငယ်တဲ့ အခြေခံ အစိတ်အပိုင်းများကို ရအောင် လုပ်တာကို ဆိုလိုတာပါ ။ ဥပမာ - ကြာရှည်စွာ စွန့်ပစ်ထားတဲ့ အမှိုက်တွေက နောက်ဆုံးမှာ ပြိုကွဲပြီး မြေဆီလွှာ ဖြစ်သွားပါတယ် ။


📗 Molecule ( မော်လီကျူး )

Molecule ဆိုတာ Element အဖြစ် ဆက်လက်တည်ရှိနေတဲ့ Compound များရဲ့ အသေးငယ်ဆုံး အမှုန်ပဲ ဖြစ်ပါတယ် ။ အဲ့တာထက်ပိုပြီး ဖြိုခွဲလိုက်ရင် အဲ့ဒါကို ဖန်တီးထားတဲ့ Element တွေအဖြစ် ခွဲထွက်သွားလိမ့်မယ် ။

ဆိုလိုတာက အဲ့ဒီမူလဓာတ်တွေ မရှိတော့ပါဘူး ။ ဥပမာ - Molecule များက Cell များနဲ့ ဖွဲ့စည်းထားပြီးမှ ခန္ဓာကိုယ်ကို ဖွဲ့စည်းတာပါ ။ အရာဝတ္ထုတစ်ခုချင်းစီရဲ့ Molecule တွေက အလွန်သေးငယ်တဲ့ အတွက် Molecule တွေကို အဏုကြည့်မှန်ဘီလူးတွေနဲ့သာ မြင်နိုင်ပါတယ် ။


📗 Acid ( အက်စစ် )

Acid ဆိုတာ အချဉ်အရသာ ရှိတဲ့ Chemical Compound တစ်ခုဖြစ်ပါတယ် ။


📗 Protein ( ပရိုတင်း )

Protein တွေက ခန္ဓာကိုယ် ကြီးထွားဖို့ ၊ ပြုပြင်ဖို့ ၊ Cell များ နဲ့ Tissue များ တည်ဆောက်ဖို့အတွက်

အသုံးပြုတဲ့ Compound တစ်မျိုးဖြစ်ပါတယ် ။ Muscle tissue တွေမှာ ပရိုတင်းများစွာ ပါဝင်ပါတယ် ။ ပရိုတင်းဓာတ်က သန်မာစေပြီး ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ် ။


📗 Amino Acid ( အမိုင်နိုအက်စစ် )

Amino Acid တွေက ပရိုတင်းနဲ့ တည်ဆောက်ထားတဲ့ အလွန်သေးငယ်တဲ့ အရာတစ်ခုရဲ့ ယူနစ်ဖြစ်ပါတယ် ။


📗 Gas ( အငွေ့ )

Gas ဆိုတာ လေနဲ့ တူတဲ့ ပုံစံရှိတဲ့ အရာပါ ။


📗 Carbon ( ကာဗွန် )

Carbon ဆိုတာ ကမ္ဘာပေါ်မှာရှိ အရာများစွာ နဲ့ သက်ရှိအားလုံးမှာ တွေ့ရလေ့ရှိတဲ့ သတ္တုမဟုတ်တဲ့ Element တစ်ခုဖြစ်ပါတယ် ။ ဥပမာ - ကျောက်မီးသွေးကို အဓိကအားဖြင့် Carbon နဲ့ ဖွဲ့စည်းထားပြီး မီးလောင်ပြီးနောက် ကျန်ခဲ့တဲ့ ပြာတွေဟာလဲ Carbon တွေပါပဲ ။ မော်တော်ဆီတွေ အပင်တွေ နဲ့ တိရစ္ဆာန်တွေ လူတွေ အားလုံးမှာ Carbon ပါဝင်ပါတယ် ။


📗 Oxygen ( အောက်စီဂျင် )

Oxygen ဆိုတာ အရောင်ရော အနံ့ရော မရှိတဲ့ ဓာတ်ငွေ့ဖြစ်ပြီး သက်ရှိအများစု အသက်ရှင် အများစု အသက်ရှင်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတု element တစ်ခုဖြစ်ပါတယ် ။


📗 Hydrogen ( ဟိုက်ဒရိုဂျင် )

Hydrogen ဆိုတာ အရောင်မရှိ အနံ့မရှိတဲ့ ဓာတ်ငွေ့တစ်မျိုဖြစ်ပြီး မီးလောင်လွယ်တဲ့အပြင် စကြဝဠာထဲမှာ

အပေါများဆုံး  Element တစ်ခုဖြစ်ပါတယ် ။ ဥပမာ - ရေက Oxygen နဲ့ Hydrogen ပါဝင်တဲ့ Compound တစ်မျိုးဖြစ်ပါတယ် ။


📗 ဟိုက်ဒရိုဂျင်နှစ်ယူနစ်သည် အောက်ဆီဂျင်တစ်ယူနစ်နှင့် ပေါင်းစပ်သောအခါ၊ ရေသည် ရေခဲ (အစိုင်အခဲ)၊ အရည် သို့မဟုတ် ရေနွေးငွေ့ (ဓာတ်ငွေ့) အဖြစ် ဖြစ်ပေါ်လာသည်။ ရေကို H20၊  hydrogen ၂ဆ ၊ Oxygen ၁ဆ နဲ့ဖွဲ့စည်းထားပါတယ် ။ Hydrogen နှစ်ယူနစ်ကို Oxygen တစ်ယူနစ် နဲ့ ပေါင်းစပ်တဲ့အခါ ရေသည် ရေခဲ (အစိုင်အခဲ) ၊ အရည် သို့မဟုတ် ရေနွေးငွေ့ (ဓာတ်ငွေ့) အဖြစ် ဖြစ်ပေါ်လာပါတယ် ။ ဒါကြောင့် ရေကို H20 လို့ ခေါ်တာပါ ။


📗 Carbohydrate ( ကာဗိုဟိုက်ဒရိတ် )

Carbohydrate ဆိုတာကကြတော့ Carbon ၊ Oxygen နဲ့ Hydrogen တို့ ပါဝင်တဲ့ Chemical Element ဖြစ်ပါတယ် ။ Carbohydrate က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Energy နဲ့ Cell များကို တည်ဆောင်ဖို့အတွက် အရေးကြီးတဲ့ အာဟာရများဖြစ်ပါတယ် ။ Carbohydrate ဆိုတဲ့ စကားလုံးကို Carbo ( ကာဗွန် ) နဲ့ Hydrate ( ရေဓာတ် )  ဖြင့်ဖွဲ့စည်းထားပြီး သူလဲ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပါတယ် ။  ဂေါ်ဖီစိမ်း ၊ ဆလတ်၊ ပန်းသီး၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ စီရီရယ်နှင့် သကြားတို့က Carbohydrate တွေပဲ ဖြစ်ပါတယ် ။


📗 Digestion (အစာချေဖျက်ခြင်း)

Digestion ဆိုတာ အစာချေဖျက်တဲ့ လုပ်ချက်ခြင်းလုပ်ငန်းစဉ်ဖြစ်ပြီး  ချေဖျက်လို့ရလာတဲ့ အာဟာရတွေကို

ခန္ဓာကိုယ်က စုပ်ယူအသုံးပြုပါတယ် ။


📗 Enzyme ( အင်ဇိုင်း )

Enzyme တွေက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ဓာတုတုံ့ပြန်မှုတွေကို အရှိန်မြှင့်တင်ပေးတယ် ။

သူလဲ အစာခြေဖျက်ဖို့ ၊ အသည်းလုပ်ဆောင်ချက် နဲ့ အခြားအရာများအတွက် မရှိမဖြစ်အရေးကြီးတဲ့

အရာတစ်ခုဖြစ်ပါတယ် ။


📗 Metabolism (  ဇီဝဖြစ်စဉ် )

Metabolism ဆိုတာ အစားအစာတွေကနေ Molecule တွေကို Energy ထုတ်လွှတ်ဖို့အတွက် ဖြိုခွဲလိုက်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ် ။ ပြီးတော့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Cell တွေကို အာဟာရပေးဖို့နဲ့ Cell အသစ်များကို တည်ဆောက်ဖို့ Molecule များကို ဖန်တီးရန်အတွက်လဲ အသုံးပြုပါတယ် ။ Metabolism က အသက်ရှင်သန်ဖို့အတွက်လိုအပ်ပြီး ခန္ဓာကိုယ်ထဲက Cell များကို ထိန်းသိမ်းဖို့ဖြစ်တယ် ။


မှတ်ချက် - ခန္ဓာကိုယ်က ဆာလောင်လာတဲ့အခါ Metabolism (ဇီဝဖြစ်ပျက်မှု) နှေးကွေးစေပြီး Energy တွေ လျော့နည်းလာပါတယ် ။ ဒါကြောင့် အစာစားချိန် တစ်ချိန်နဲ့တစ်ချိန် ကြာလေ Metabolism နှေးကွေးလေ ဖြစ်ပါတယ် ။


📗 Anabolism ( ခန္ဓာကိုယ်ကြီးထွားစေတဲ့ ဓာတ်များ စုဝေးခြင်း )

Anabolism ဆိုတာ Metabolic process (ဇီဝဖြစ်စဉ်) တစ်ခုဖြစ်ပါတယ် ။ ဒါပေမဲ့ Anabolism ကကြတော့

ရိုးရှင်းတဲ့ အရာတွေကို ပိုမိုရှုပ်ထွေးတဲ့ Tissue လို အရာတွေကို ပြုလုပ်ဖို့ ခန္ဓာကိုယ် ပိုကြီးထွားစေဖို့

လိုအပ်တဲ့ ဓာတ်တွေကို စုဝေးပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ် ။


📗 Catabolism (ရှုပ်ထွေးတဲ့ Compound များကို ဒြပ်ပယ်စေခြင်း )

Catabolism ကကြတော့ ရှုပ်ထွေးနေတဲ့ molecule များ (ဥပမာ ကြွက်သား ၊ အဆီ) တွေကို ရိုးရှင်းတဲ့ အရာတွေကို ပြောင်းလဲပြီး Energy ထုတ်လုပ်ပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ် ။


ဖတ်ရတာတော့ ဦးနှောက်တွေ အရေပျော်ကုန်ပြီ ထင်ပါတယ် ။ 😅

လောလောဆယ်တော့ ဒီလောက်ပဲ 😅

နောက်တစ်ပုဒ်မှာ ပြန်တွေ့ကြတော့ပေါ့ ။ 😉


#Booty_Glute_by_Jack


#Glute_specialist_ISSA


#Fatloss #Nutrition #Dietplan #Womenfitness #Menfitness #2022_Goal #Fatlossgoal #Burnfat


#JackLogan

#Fatloss

#Supplements

#Nutrition

#Personal_Training

#ISSA

#PED_Steroid


#Main_MFTA

#ISSA_Elite_Trainer

 personal fitness trainer (men physique ,trainer Jack Logan)

Rehab Trainer


#ISSA International Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Trainer

Saturday, June 11, 2022

အာလူးပီဇာ - အဆာသွပ် ထမင်းလုံးကြော် - သီးစုံသုပ်

 မီးခိုကြပ်တိုက်ဘဲသား နှင့် ကင်ချီ အစာသွပ် ထမင်းလုံးကြော် (Fried Rice Ball Stuffed with Smoked Duck & Kimchi )




ကျပ်တိုက်ဘဲ အရသာနဲ့ ချဉ်စပ်ကင်ချီ ကို ထမင်းလုံးထဲအစာသွပ်ပြီး တစ်ခါကိုက်လေးတွေလုံးကြော်လို့ ရသော ထမင်းလုံးကြော်လေးပါ။


ပါ၀င်ပစ္စည်းများ

အုပ်စု(က) ဘဲသားစာသွပ်

ကြပ်တိုက်ဘဲ ၈ ဇွန်း စားပွဲဇွန်း  (အသားကို နုတ်နုတ်စင်းထားပါ)

ကင်ချီ ၃ ဇွန်း စားပွဲဇွန်း (နုတ်နုတ်စင်းထားပါ)

Parmesan ချီမှုန့် ၃ ဇွန်း စားပွဲဇွန်း 

အသားမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း (ကိုးရီးယား ဟင်းခတ်မှုန့်)

ငရုတ်ကောင်းမှုန့်  အနည်းငယ်


အုပ်စု (ခ) ထမင်းလုံး လုပ်ရန်

ထမင်း ၂ ခွက် (ကိုးရီးယားဆန် (သို့) ရှမ်းဆန်)

နှမ်းဆီ ၁ ဇွန်း စားပွဲဇွန်း

နှမ်းဆား ၁ ဇွန်း လက်ဖက်ဇွန်း (ကိုးရီးယား နှမ်းမှုန့်နဲ့လုပ်ထားတယ့်ဆား)

ပန်းသီးရှလကာရည် ၁ ဇွန်း စားပွဲဇွန်း


အုပ်စု(ဂ)

ပေါင်မုန့်ကြမ်းမှုန့် ၁ ခွက် (ထမင်းလုံး ကြော်ရန်၊ ဘန်းထဲ ဖြန့်ဖြူးထားပါ)

ကြက်ဥ ၂ လုံး ( ထမင်းလုံးကြော်ရန်၊ ဖန်ပုကန်လုံးထဲ ခေါက်ထားပါ)

ဆီ လိုသလောက် (ထမင်းလုံး ကြော်ရန်)

မုန်လာဥနီ ၁ လုံး အသေး (အမျှင်လေးတွေခြစ်ထားပါ၊ အလှဆင်ရန်)

Broccoli sprouts အနည်းငယ် (အလှဆင်ရန်)

Mayonnaise mix ၅ ဇွန်း (ထမင်းလုံးကြော် နဲ့တွဲစားရန်)

ပြုလုပ်နည်း

၁။ မကပ်သောဒယ်အိုး ထဲ အုပ်စု (က) မှ ချိစ် ကလွဲလို့ ပါ၀င်ပစ္စည်းများ အားလုံး ထည့်ကြော်ပါ။ ကင်ချီ နွမ်းလာပြီး အနံမွှေးလာလျှင် မီးဖိုပေါ်ကချပါ။ ချိစ်မှုန့်ဖြူးပါ။ နှံ့အောင်မွှေပေးပါ။

၂။ ဖန်ဇလုံ ထဲ ကို အုပ်စု (ခ) များ အားလုံး ထည့်နယ်ပါ။ 

၃။ မီးဖို ပေါ်မှာ ကြော်အိုးကို ဆီပူအောင်တည်ထားပါ။

၄။ နယ်ထားသော ထမင်းများ ကို လက်တစ်ဆုပ်စာ ဆီယူပြီး အလုံးလုံး ပါ။ ပြီးလျှင် အသာလေးလက်ဝါးပေါ်မှာ ဖျန့်ပြားပါ ဘဲကင်ချီကြော်ကို လက်ဖက်ဇွန်း တစ်ဇွန်းစာ လောက်တင်ပါ ပြီးလျှင် လုံးနေအောင် ပြန်လုံးပါ။ မကပ်သော ဘန်းပေါ်မှာတင်ထားပါ (သို့) ပုကန်အပြားကို ဆီအနည်းငယ် သုပ် ပေး ပါ ပြီးလျှင် ထမင်းလုံးများ တင်လဲရပါတယ်။

၅။ အားလုံး လုံးပြီးသွား လျှင် ထမင်းလုံးများကို တစ်လုံးချင်း ခေါက်ထားသော ကြက်ဥ အနှစ် ထဲနှစ်ပါ။ ပြီးလျှင် ပေါင်မုန့်ခြောက် ဘန်းပေါ်အသာလေးလှိမ့်ပေးပါ။ ထမင်းလုံးတစ်လုံး လုံး ပေါင်မုန့်ခြောက်များ ကပ်သွားလျှင် ဆီပူလျှင် ထည့်ကြော်ပါ။ 

၆။ ထမင်းလုံးအရောင်လေးများ ရွှေရောင်သန်းလာလျှင် ဆယ်ပြီး ဇကာထဲဆီစစ်ထားပါ။

၇။ ပြင်ဆင်ရန်ပုကန်ထဲ ကို ထမင်းလုံးကြော်များ တင်ပါ။ အပေါ်မှာ မယ်ယိုနစ်ရောမွှေ ဆန်းပါ။ မုန်လာဥနီ ချောင်းလေး များနဲ့ broccoli sprouts နှစ်ခုရောတင်ပါ။ ပူပူလေး စားသုံးပါ။ ဒါမှ ထမင်းလုံးအပြင်က ကြွပ်ရွတယ့်အရသာ ကိုရရှိ ပြီး အထဲမှာ ချဉ်စပ်ဆိမ့်အရသာကို သေချာ ခံစားလို့ရမှာပါ။


အမေရိကန် ရာဆယ် အာလူး ပီဇာ (US Russet potato slice Pizza )




US Russet potato ၂ လုံး ( အခွံခွာ ပြီး ၁ စင်တီမီတာအပါး အရှည်လိုက်လှီးထားပါ)

ပါစတာဆော့ ၅ ဇွန်း စားပွဲဇွန်း

ချိစ်အစုံ ၆ -၇ စားပွဲဇွန်း

သံလွင်သီး အနက် ၈ လုံး (ပါးပါး အကွင်းလှီးထားပါ)

၀ကျသားပွား (Bacon) ၂ ပြား ( နုတ်နုတ်လှီးထားပါ)

နာနတ်သီး ၁ ပြား (နုတ်နုတ်လှီးထားပါ)

ပင်စိမ်း အချို ၁ ပင် (အရွက်တွေ ချွေထားပါ)

ငရုတ်ပွနီ ၁ ခြမ်း (အစေ့ထုပ် အတုံးသေးတွေ တုံးထားပါ)

ဆား ၁ ဇွန်း လက်ဖက်ဇွန်း 


ပြုလုပ်နည်း

၁။ ဆားရည်ကို ဆူအောင်တည်ပါ။ ရေပွတ်ပွတ် ဆူလျင် အာလူးအပြားများကို ကျက်ရုံပြုတ်ပါ။ ပေါင်းအိုးဖြင့်လဲ ပေါင်းလို့ရပါတယ်။ ပြီးလျင်ရေခဲ ရေထဲ အအေးခံပါ။


၂။ အာလူးပြား အပေါ် ပါစတာဆော့ တင်ပြီး အာလူးပြား အပေါ်အနှံ့အောင်သေချာ ဖျန့်တင်ပါ။ ပြီးလျင် ၀ကျသားပွား၊ ချိစ် များများဖြူးပါ၊ သံလွင်သီး၊ နာနတ်သီး၊ ငရုတ်ပွနီ၊ ပင်စိမ်းရွက် တင်ပြီးလျင် ချိစ် ထပ်ဖြူးပါ။


၃။ အာဗင်ထဲ အပူချိန် ၂၃၀ စငျတီဂ၇ိတျပေးပွီး ၅ - ၈ မိနစ်လောက် ချိစ် များ အရည်ပျော်လာသည် အထိထည့် ကင်ပါ။ အာဗင်ထဲ မှထုပ်ပြီး အနည်းငယ်အအေးခံပြီး လိုသလို သုံးဆောင်လို့ရပါပြီး။

 #potatoes #pizza


လတ်ဆတ်လန်းဆန်းသီိးစုံ သုပ် (Fresh Goodness Fruity Salad)




အစာပြေ စားတာပဲဖြစ်စေ၊ ညစာ များများ မစားသူတွေ အတွက်လဲ သိပ်ကိုအဆင်ပြေသော အစာလဲဖြစ်ပါတယ်။ လူကြီးလူငယ် များ အားလုံးအတွက် အဆင်ပြေစေနိုင် ပြီး သတ်သတ်လွတ် စားနေသူများ အတွက် လဲ အဆင်ပြေသော အာဟာရအစားအစာ လဲဖြစ်ပါတယ်။ 


ပါ၀င်ပစ္စည်းများ

ဘလူးဘယ်ရီသီး ၁ ထုပ် (blueberries)

စတော်ဘယ်ရီ ၅ လုံး (၆ ခြမ်းခြမ်းထားပါ)

Alfalfa Sprouts ၁၂၅ ဂရမ် (၁ ထုပ်)

ထောပတ်သီး တစ်ခြမ်း (အသားများ ဇွန်းဖြင့်ကော်ထုပ်ပြီး အတုံးတုံးထားပါ)

ချယ်ရီ ခရမ်းချဉ်သီး ၁၀ လုံး ( ထက်ခြမ်းခြမ်းထားပါ)

ဂျုံကြမ်းပေါင်မုန့် ၁ ချပ် (ကင်ပြီး အတုံးလေးတွေ လှီးထားပါ)


Dressing ပါ၀င်ပစ္စည်းများ

ဆားကြမ်း ၁/၄ ပုံ လက်ဖက်ဇွန်း

Balsamic ၁ ဇွန်း ခွဲ ထမင်းစားဇွန်း

သံလွင်ဆီ ၁ ဇွန်း ထမင်းစားဇွန်း

Fresh Oregano ၂ ပင် (နုတ်နုတ်လေးတွေ စင်းထားပါ)

ငရုတ်ကောင်းနက် အနည်းငယ်


ပြုလုပ်နည်း

၁။ ရေဆေးရန်လိုသော အသီးများ အားလုံးရေဆေးပြီး လှီးရမယ့်အသီးများ လှီးထားပါ။


၂။ ဖန်ပုလင်းထဲ dressing ပါ၀င်ပစ္စည်းများ အားလုံးထည့်ပါ။ ပြီးလျှင် အဖုံးပိတ်ပြီး သေချာ ခလောက်ပေးပါ။


၃။ ထောပတ်သီး အခွံခွက်လေးကို ပြန်လည် အလှဆင် သုံးလို့ရပါတယ်။ ထောပတ်သီး အခွံလေးထဲ တစ်ခါစာ လေးသီးစုံလုပ်ရန် ပါ၀င် ပစ္စည်းများ အားလုံး ထည့်ပြီး အပေါ်မှနေ အသင့် စပ်ထားသော dressing ကိုယ်လိုသလောက် လောင်းထည့်ပြီး ချက်ချင်းစားသုံးပါ။


*မှတ်ချက် - တစ်ခါတစ်လေ ဘယ်ရီးသီးများ ၀ယ်မရတာမျိုးရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာ အသီးနှင့် အစားထိုး အသုံးပြုလို့ရပါတယ်။ dressing ပိုလျှင် ပုလင်းထဲ ဒီအတိုင်းရေခဲသေတ္တာထဲ မှာသိမ်းထားလို့ရပါတယ်။

 #fruits #fruitsalad

ချက်ပြုတ်ပြသူ - Syi Lwin Foods Garden 

Friday, June 10, 2022

ဟက်ပီးဝါးတား စိတ်ကြွဆေးရည်ဆိုတာ ဘာလဲ

 


(ထိုကော့တေးလ်တွင် MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများကို အမှုန့်ကြိတ် အရည်ဖျော်ပြီး ဟက်ပီးဝါးတား “happy water” ဟုခေါ်သည် စိတ်ကြွဆေးရည်ကို ဖော်စပ်ထားသည်။)

အရှေ့တောင်အာရှမှ အာဏာပိုင်များသည် မကြာသေးမီက ထိုင်းနှင့် မြန်မာတွင် ရေပန်းစားလာသော မူယစ်ဆေးပေါင်းစုံ ရောစပ်ထားသည့် စိတ်ကြွရည် ကော့တေးလ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်လာကြသည်။

ထိုကော့တေးလ်တွင် MDMA (အက်တစီ)၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နှင့် ကက်တမင်းတို့ အပါအဝင် ဓာတုဆေးဝါးများကို အမှုန့်ကြိတ် အရည်ဖျော်ပြီး ဟက်ပီးဝါးတား “happy water” ဟုခေါ်သည် စိတ်ကြွဆေးရည်ကို ဖော်စပ်ထားသည်။

ပေါက်ဈေးအားဖြင့် ၅,၆၈၀,၀၀၀ ကျပ် (၃,၀၅၅ ဒေါ်လာ) တန်ကြေးရှိ ဟက်ပီးဝါးတား အမှုန့်ထုတ် ၄၉၇ ဂရမ်ကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က လွန်ခဲ့သော အပတ်က ကြေညာသည်။ တထုတ်စီလျှင် ၄၃ ဒေါ်လာနှင့် ညီမျှသောဈေးနှုန်းဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော ရန်ကုန်ရှိ ဖျော်ဖြေရေးနေရာများ၊ ဘားများနှင့် ကလပ်များတွင် ရောင်းချသည်ဟု CCDAC က ဖော်ပြသည်။

“ထိုသို့ အန္တရာယ်ရှိသော မူးယစ်ဆေးများကို လူငယ်များသို့ ဖြန့်ချိနေသူများအား ဖော်ထုတ်ရန် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်” ဟု CCDAC က ပြီးခဲ့သည့် စနေနေ့က ၎င်းတို့၏ Facebook ထုတ်ပြန်ချက်တွင် ပြောထားသည်။ သို့သော် ထိုသို့ မူးယစ်ဆေးဝါး အရောအနှောများကို ဒေသတွင်း မူးယစ်အာဏာပိုင်များ တွေ့ရှိသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။

တထုတ်စီလျှင် ၄၃ ဒေါ်လာနှင့် ညီမျှသောဈေးနှုန်းဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော ရန်ကုန်ရှိ ဖျော်ဖြေရေးနေရာများ၊ ဘားများနှင့် ကလပ်များတွင် ရောင်းချသည်

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ထိုင်းအာဏာပိုင်များသည် ကမ်းခြေအပမ်းဖြေစခန်းမြို့ဖြစ်သော ပတ္တယားမြို့လယ်မှ အပမ်းဖြေကမ်းခြေအိမ်ကြီးတလုံးကို စီးနင်းပြီး လူ ၂၀ ကျော်ကိုဖမ်းကာ ဟက်ပီးဝါးတား အပါအဝင် တရားမဝင် မူးယစ်ဆေး အများအပြားကို သိမ်းဆည်းခဲ့သည်။

အဆိုပါမူးယစ်ဆေးကို လူမှုကွန်ရက်နှင့် ထိုဒေသမှ ဖျော်ဖြေရေးနေရာများတွင် တရားမဝင် ရောင်းနေကြောင်း နောက်တလကြာသောအခါ အာဏာပိုင်များက လူသိရှင်ကြား သတိပေးသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဗျူရို (NSB) အကြီးအကဲ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ဆူရာယွတ် ဆန်ဂွန်ပေါ့ခိုင်ကလည်း အလားတူစွာပင် ထိုမူးယစ်ဆေးသည် ထိုင်းနိုင်ငံသားများနှင့် ပြည်တွင်းရှိ ညဘက် လူစည်ကားသောနေရာ နိုင်ငံခြားသားများ အကြားတွင် ရေပန်းစားနေကြောင်းပြောပြီး ထိုဆေးဝါးကို ဖြန့်ချိရာတွင် ပါဝင်ပတ်သက်နေသည့် မူးယစ်ဂိုဏ်းများကို ဖြိုခွဲရန် ရဲတပ်ဖွဲ့၏ အားထုတ်မှုများကို ရှင်းပြသည်။

၂၀၂၂ ဧပြီ ထိုင်းနိုင်ငံ ဖတ်တယားမြို့ရှိ မူးယစ်ဆေးဝါးပါတီတခုကို ရဲက ဝင်ဖမ်းစဉ်/Bangkok Post

ထိုအချိန်မှစတင်ပြီး အာဏာပိုင်များသည် ဟက်ပီးဝါးတား ကော့တေးလ်ရောင်းသူများကို စစ်ဆင်ရေးအရှိန် မြှင့်တင်ပြီး ရောင်းချသူဟု သံသယရှိသူများကို ဖမ်းဆီးသောကြောင့် ထိုမူးယစ်ဆေး ကော့တေးလ် သတင်းများသည် ချွန်ဘူရီပြည်နယ်တွင် အနည်းငယ်ကြားရသည်။

ထိုမူးယစ် ကော့တေးလ်များ အနှံ့အပြားတွင် ပေါ်ပေါက်လာခြင်းသည် ဓာတုမူးယစ်ဆေးဝါးများ၏ စိန်ခေါ်မှု တစိတ်အပိုင်းမျှသာဖြစ်ကြောင်း နားလည်သင့်ပြီး ထိုကော့တေးလ်များသည် လွန်ခဲ့သော ၁၈ လအတွင်း ဒေသတွင်းတွင် သမိုင်းဝင် များပြားလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ တရားမဝင် မူးယစ်ဆေးဝါးများဆိုင်ရာ သုတေသီ အင်ရှစ်ခ် ဆင်းမ်က VICE World News သို့ ထိုစဉ်က ပြောကြားခဲ့သည်။

ထိုမူးယစ် ကော့တေးလ်များ အနှံ့အပြားတွင် ပေါ်ပေါက်လာခြင်းသည် ဓာတုမူးယစ်ဆေးဝါးများ၏ စိန်ခေါ်မှု တစိတ်အပိုင်းမျှသာဖြစ်ပြီး ထိုကော့တေးလ်များသည် လွန်ခဲ့သော ၁၈ လအတွင်း ဒေသတွင်းတွင် သမိုင်းဝင် များပြားလာသည်

ယခုအခါ ဟက်ပီးဝါးတားကို မြန်မာတွင်လည်း တွေ့လာရပြီး အရှေ့တောင်အာရှမှ အခြားနိုင်ငံများအနေဖြင့် ဆန်းပြားပြီး အန္တရာယ်များနိုင်ခြေရှိသည့် ဓာတုဆေးဝါးကို ပိုမိုအာရုံစိုက်ရန်လိုကြောင်း အင်ရှစ်ခ် ဆင်းမ်က သတိပေးသည်။

“ဒီမူးယစ်ဆေးက ထိုင်းမှာ ဘယ်အချိန်က စပေါ်သလဲဆိုတာ အတိအကျ ပြောရခက်ပေမယ့် နှိုင်းယှဉ်ချက်အားဖြင့် ပြောရရင် အသစ်အဆန်း ဖြစ်ပုံရတယ်” ဟုလည်း သူက ပြောသည်။ ထိုင်းတွင် ထိုမူးယစ်ဆေးကြောင့် သေဆုံးမှုနှုန်းကို အတိအကျ မသိရသေးသော်လည်း “စိုးရိမ်စရာကောင်းတာက ဓာတုဆေးဝါး အရောအနှောတွေကို သုံးစွဲလို့ သေဆုံးမှုတွေကို မကြာခဏ တွေ့နေရတာပဲ” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်က စတင်တွေသည့် အလားတူ ဓာတုဆေးဝါး အရောအနှောဖြစ်သော မက်သာဖက်တမင်း၊ ကတ်တမင်း၊ ဒိုင်ယာဇီပင်နှင့် MDMA အရည်အရောအနှောကို ကမ္ဘောဒီယားမှ ကလပ်များတွင် တွေ့လာရကြောင်းလည်း ဆင်းမ်က ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း တရုတ်အစိုးရက ပိတ်ပင်ခြင်းခံရသည့် ဟတ်ပီးဝါးတား ပုလင်းများ

ဟက်ပီးဝါးတား happy water အမည်ဖြင့် ရောင်းချသည့် အဖျော်ယမကာများဖြစ်ပြီး မက်သာဖက်တမင်း၊ ကတ်တမင်းနှင့် MDMA တို့ အရောအနှောများပါသည့် အဖျော်ယမကာများကို တရုတ်နိုင်ငံတွင်လည်း တွေ့လာရကြောင်း ဆင်းမ်က ပြောသည်။

MDMA, ကိုဒင်း (codeine) နှင့် စွမ်းအားပြင်း အိပ်မွေ့ချဆေး နင်မက်တဇီပမ် (nimetazepam) တို့ပါသည့် fairy water အမည်ဖြင့် ဈေးကွက်တင်သည့် အခြားအဖျော်ယမကာ တခုလည်း တချိန်တည်းနီးပါးတွင် ပေါ်လာကြောင်း သူကပြောသည်။

ထိုသို့သော ကိစ္စများတွင် အလွန်အကျွံသုံးစွဲမှု အန္တရာယ်များနှင့် အကျိုးဆက်များကို ခန်မှန်းရန် ခက်ခဲခြင်းသည် စိုးရိမ်စရာ ဖြစ်ကြောင်း ဆင်းမ်က ပြောသည်။ ဘေးထွက် ဆိုးကျိုးမရှိဘဲ ဟက်ပီးဝါးတား တထုတ်ကို သုံးစွဲလျှင်ပင် အမျိုးတူ ဆေးဝါး နောက်တထုတ်တွင် မည်မျှအချိုးအစား ပါသည်ကို အတိအကျသိရန် ခက်ခဲကြောင်းလည်း သူက ပြောသည်။

အမျိုးမျိုးသော ဟက်ပီးဝါးတားများတွင် မတူညီသော ဓာတုဆေးဝါးမျိုးစုံ ပါဝင်နေပြီး ဓာတုဆေးဝါးများကို ဖန်းတီးရာတွင် မူးယစ်ဂိုဏ်းများက အမျိုးမျိုးပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း ပြသနေသည်

အမျိုးမျိုးသော ဟက်ပီးဝါးတားများတွင် မတူညီသော ဓာတုဆေးဝါးမျိုးစုံ ပါဝင်နေပြီး ဓာတုဆေးဝါးများကို ဖန်းတီးရာတွင် မူးယစ်ဂိုဏ်းများက အမျိုးမျိုးပြောင်းလဲ လုပ်ကိုင်နိုင်ကြောင်း ပြသနေသည်ဟု ဆင်းမ်က ဆက်လက်ပြောကြားပြီး “ဒီနေရာမှာ အဓိကပြဿနာက အရည်အသွေး ထိန်းချုပ်မှုမရှိလို့ တချို့ ဟက်ပီးဝါးတား အမျိုးအစားမှာ အခြားအမျိုးအစားတွေထက် ဓာတုဆေးတွေ ပိုမိုပါဝင်နိုင်တာပဲ” ဟု ဆိုသည်။

“ဓာတုဆေး အများအပြားပါတဲ့ အထုပ်ကို သောက်မိတဲ့အခါ ဆေးလွန်ပြီး သေနိုင်တဲ့အန္တရာယ်က အရမ်းမြင့်မားလာတယ်” ဟု သူကရှင်းပြသည်။

(VICE World News မှ Gavin Butler ၏ What’s in ‘Happy Water,’ a Synthetic Drug Cocktail Being Taken by Partygoers? ကို ဘာသာပြန် ဖော်ပြသည်။)

Thursday, June 9, 2022

CDB နဲ့ ရေကိစ္စ



Cannabidiol (CBD) Oil အဆီဆိုတာ အခုနောက်ပိုင်းနှစ်တွေမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ နာမည်ကြီးလာတဲ့ ပစ္စည်းတမျိုးပေါ့။ CBD ကို ပုံစံပေါင်းစုံနဲ့ စားသောက်ကုန်တွေထဲမှာ ထည့်ပြီး လုပ်လာကြပါတယ်။ CBD infused capsule, gummies, vapes, brownie, cookies, coffee, etc. စသဖြင့် အမျိုးမျိုးပါပဲ။ သူ့တို့နဲ့တူတူ CBD infused water ဆိုတာလဲ လူကြိုက်များလာပါတယ်။ (CBD only infused လုပ်ထားတာနဲ့ CBD + THC ပါတဲ့ edibles တွေနဲ့ မမှားကြပါနဲ့နော်၊ CBD+THC edibles တွေက အပျော် recreation အနေနဲ့ သုံးကြတာပါ) 


အဲ့တော့ CBD Water ဆိုတာဘာလဲ? 


CBD ဆိုတာ ဆေးခြောက်/နွယ်ဂျာ/ဂန်ဂျာ/ဝိ/Marry Jane/ Marijuana/ Cannabis စသဖြင့် အမျိုးမျိုးခေါ်ကြတဲ့ အပင်/အဖူးက ရတဲ့ organic chemical တမျိုးပါ။ အဲ့ဒီအပင်ထဲမှာပဲ tetrahydrocannabinol (THC) လို့ခေါ်တဲ့ chemical လဲ ပါပါတယ်။ THC နဲ့ CBD ကွာတဲ့ အချက်ကတော့ THC က psychoactive ဖြစ်စေတဲ့အတွက် သောက်သုံး/စားသုံး/ရှူရှိုက်သူကို high စေတဲ့ ခံစားချက်ရစေပါတယ်။ CBD သီးသန့်ကို THC မပါပဲ ထုတ်ပြီး သုံးမယ်ဆိုရင်တော့ THC ရဲ့ High တဲ့ effect ကို ရမှာမဟုတ်ပဲ ဆေးဖက်ဝင်တဲ့ ကောင်းကျိုးတွေကိုပဲခံစားရပါတယ်။ အဲ့အတွက်လဲ နောက်ပိုင်း ဆေးခြောက်ကို တရားဝင် သုံးခွင့်ပေးလာတဲ့ နိုင်ငံတွေမှာ CBD ပါဝင်တဲ့ စားသောက်ကုန်တွေ အရမ်းကို နာမည်ကြီးလာတာပါ။ Research တွေလဲ အခိုင်အမာရှိလာပါပြီ။ 


အခု CBD ရဲ့ ကောင်းကျိုးတွေကို မပြောခင် ဆေးခြောက်သမိုင်းကြောင်းလေးနဲ့ ဆေးခြောက်ကို ဘာလို့ တရားမဝင် ပစ္စည်းတခုလို ကမ္ဘာပေါ်မှာ အချိန်တော်တော်ကြာတဲ့အထိ သတ်မှတ်ထားခဲ့ကြတာလဲဆိုတာ ကျွန်တော်ဖတ်ဖူးသလောက် ပြောပြပါမယ်၊ အမှားတော့ ပါနိုင်ပါတယ်။ ကျွန်တော် ဖတ်ဖူးသလောက် 1937 လောက်မှာ US မှာ the Marihuana Tax Act of 1937 ဆိုပြီး ဆေးခြောက်သုံးတာ တရားမဝင်ဘူးဆိုတာ စဖြစ်တယ်၊ နောက်ကွယ်က ကိစ္စတွေက တော်တော် ရှုပ်ထွေးတယ်ဗျ။ ဆေးလိပ် company အရက် company တွေက နောက်ကွယ်ကနေ ဆေးခြောက်ကို တရားမဝင်ပစ္စည်းအဖြစ် တကမ္ဘာလုံးသတ်မှတ်ကြအောင် ငွေအင်အား၊ အာဏာအင်အား၊စသဖြင့် အင်အားပေါင်းစုံနဲ့ လုပ်ခဲ့ကြတယ်၊ သူတို့ ဆေးလိပ်အရက်တွေ လူပိုသောက်လာအောင်လို့ လုပ်တယ်လို့ ယူဆလို့ရတယ်ပေါ့၊ အခု နောက်ပိုင်းကျမှ research တွေ ခိုင်လုံလာပြီး CBD ရဲ့ medicinal benefits တွေကို လူတွေ စလက်ခံလာကြတာ၊ ဒါတောင် ပညာတတ်ပြီး open-minded ဖြစ်တဲ့နိုင်ငံ အချို့ပဲ လုပ်နိုင်သေးတယ်။ 


CBD oil အဆီကို ရေနဲ့ ရောပြီး CBD water လုပ်ဖို့က CBD အဆီကို nano emulsion technology ဆိုတာကို သုံးရပါတယ်။ အဲ့ဒါမှ ဆီက ရေထဲ ပျော်ဝင်တာပါ၊ ဒါတောင် chemical ရဲ့ earthy smell အနံ့ကျန်တဲ့အတွက် ရေထဲထည့်ပြီဆို အနံ့ကို ကာဖို့ fruity flavours တွေပါ ထပ်ထည့်ကြတာများပါတယ်။ 

အဲ့တော့ CBD Water ရဲ့ ကောင်းကျိုးလေးတွေပြောမယ်၊ ဘာလို့ လူတွေသောက်တာလဲ? 


1. Anxiety problem ရှိတဲ့သူတွေမှာ စိတ်လှုပ်ရှားမှုကို လျော့ချပေးနိုင်တယ်၊

2. အားကစားသမားတွေမှာ work our recovery ကောင်းစေတယ်၊ muscle ရောင်ရမ်းတာတွေ သက်သာစေတယ်၊

3. အချို့ studies တွေမှာ နုလုံးနဲ့ သွေးကြော ကျန်းမာရေးအတွက် CBD က အထောက်အကူဖြစ်စေတယ်ပြောတယ်၊ သွေးပေါင်ချပေးနိုင်တယ်ပြောပါတယ်၊ 

4. ခေါင်းကိုက်ခြင်းတွေ stress တွေကို သိသိသာသာ လျော့ချပေးနိုင်တယ်၊ နိုင်ငံခြား ဆေးရုံတွေမှာလဲ အချို့ patient တွေကို စပေးလာကြပြီ။ 

အခြား ကျန်းမာရေးကောင်းကျိုးတွေလဲ အများကြီး ရှိပါသေးတယ်။


CBD က စွဲလား? 

အဖြေက CBD သီးသန့်ဆို မစွဲတတ်ပါဘူး။ 


THC ကတော့ psychoactive effects ရတဲ့အတွက် စွဲလမ်းစိတ် ရံဖန်ရံခါဖြစ်တတ်ပင်မဲ့ မသောက်ရမနေနိုင်ပဲ ယင်းထသလိုမျိုး ဘယ်တော့မှ မဖြစ်ပါဘူး။ ကော်ဖီစွဲတာ caffine addiction or သကြားစွဲတာ sugar addiction ကမှ နည်းနည်းပိုဆိုးတယ်ထင်ပါတယ်။ 


အခု ဒီမှာဖြစ်နေကြတဲ့ ပြဿနာက ဟို ရေစင်ရေမန်းကို CBD infused water ဆိုပြီး ပေါက်တက်ကရတွေ ရေးနေကြတာပါ 😂 FDA ကိစ္စနဲ့ သူ့ရဲ့ Marketing technique တွေကို ထောက်ပြတာတွေကို ကျွန်တော် မပြောပါဘူး၊ ထောက်ပြတဲ့သူတွေ မှန်ပါတယ်၊ ဒါပင်မဲ့ CBD infused water ဆိုပြီး မသိသေးပဲ ပြောချလိုက်တော့ အဲ့ စကားတခွန်း နောက်က ဖြစ်လာတဲ့ ပြဿနာတွေ ဖြေရှင်းရတာ တကယ် မလွယ်ဘူးဗျ။ Cannabis legalisation လုပ်နေတဲ့ local အဖွဲ့အစည်းတွေအတွက်လဲ ဒီလိုတွေဖြစ်တာ လုပ်ငန်းတွေကို ပိုပြီးနှောင့်နှေးစေမယ်ထင်တယ်။ ကျွန်တော် ရေထုတ်လုပ်တဲ့ သူတွေဖက်ကို မေးကြည့်တဲ့ သဘောအရကတော့ သူတို့ cannabis infused လုပ်ထားတာ မရှိဘူးလို့တော့ ပြောပါတယ်၊ နည်းပညာ အသေးစိတ်ကိုတော့ ကျွန်တော့ကိုလဲ မပြောတဲ့အတွက် ကျွန်တော် judge လုပ်မရပါဘူး။ ဒါပင်မဲ့ ကျွန်တော် ရှေ့တွေမှာ ပြောခဲ့သလို နည်းပညာတွေပဲ ဖြစ်ပါလိမ့်မယ်။ ရှေ့ post တွေမှာ ရှာပြန်ဖတ်ကြည့်ကြပါ။ Research မလုံလောက်သေးတော့ Scam လို့ ပြောတဲ့ အဖွဲ့ နဲ့ သက်သေပြန်ပြနေတဲ့ အဖွဲ့ ၂ ဖွဲ့ကွဲနေတဲ့ ကိစ္စပါ။ ကျွန်တော်ကတော့ ကိုယ်တိုင်က ရေကို ကြိုက်တယ်၊ ရေကို လေ့လာချင်တဲ့ သူတယောက်ဖြစ်လို့ ရှိသမျှ နည်းပညာအကုန် လိုက်ဖတ်လေ့ရှိပါတယ်၊ အဲ့မှာ သိလာတာကတော့ ဘယ်အရာမှ 100% မမှန်သလို ဘယ်အရာမှ 100% မမှားပါဘူး။ ရေဆိုတာ ကျွန်တော်တို့ ထင်ထားကြတာထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ သေချာတာတခုကတော့ သန့်ရှင်းတဲ့ ရေဖြစ်ရင် ဘယ်ရေသောက်သောက် ရေသောက်တာ ကျန်းမာပါတယ်။

မူလဘူတ ရေးသားမျှဝေသူ - WaterLab by Dr.Sai

Wednesday, June 8, 2022

သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ

 သွေးတိုးရောဂါ အကြောင်းသိကောင်းစရာ




အသက်ကြီးလာလျှင် အဖြစ်များသောရောဂါတစ်ခုမှာ သွေးတိုးရောဂါဖြစ်သည်။အသက်လေးဆယ်ကျော်လာသည်နှင့်ထိုရောဂါမှာ စတင်တံခါးခေါက်လာပြီဖြစ်သည်။ အမှုမဲ့အမှတ်မဲ့နေရင်းအလစ်ဝင်ရောက်လာတတ်သည်။


 သွေးတိုးရောဂါသည် အဖြစ်များသော နာတာရှည်ရောဂါမျိုး ဖြစ်သည်။ ဆေးဝါး၊ ဓာတ်စာမမှီဝဲဘဲ ပျောက်ကင်းနိုင်သော ရောဂါမျိုးမဟုတ်ပေ။ သွေးတိုးရောဂါ၏ မူလအစမှာ အဆီစားသုံးမှုများပြားခြင်း ကြောင့်နှလုံးမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပေးပို့သော သွေးလွှတ်ကြောများအတွင်းတွင် အဆီထုတက်ပြီး သွေး ကြောကျဉ်းမြောင်းလာရာမှစ၍ ဖြစ်သည်။ ကျဉ်းမြောင်းသော သွေးကြောမှ သွေးပို့ပေးရာတွင် လိုအပ်သော နေရာ ရောက်ရှိရန် နှလုံးသည်ညှစ်အားပို၍ သုံးရသည်။ ထိုသွေးဖိအား ညှစ်အားကို လက်မောင်းတွင် ပတ်၍ ချိန်သောသွေးပေါင်ချိန်ကိရိယာက သွေးတိုးအဖြစ် ညွှန်ပြသည်။


နောက်ဆက်တွဲရောဂါ


 သွေးတိုးရောဂါ၏ နောက်ဆက်တွဲမှာ နှလုံးရောဂါနှင့် အလွန်ကြောက်စရာကောင်းသော လေငန်း၊ လေဖြတ်ရောဂါဖြစ်သည်။ ရောဂါနှစ်ကြာလာသောအခါ ကျောက်ကပ်ကို ပျက်စီးစေနိုင်သည်။ သွေးတိုး ရောဂါ ဖြစ်ပွားလာလျှင် သွေးပေါင်ပုံမှန်ချိန်ခြင်း၊ မိမိနှင့်သင့်တော်သော သွေးကျဆေးတစ်မျိုးမျိုးကို ပုံမှန် စားခြင်း ပြုလုပ်သင့်သည်။ အချို့သူများမှာ သွေးတိုးရောဂါဝင်လာခါစမှာ ကြိုတင်သတိရှိပြီး မြန်မာဆေးမြီး တိုနှင့် ပျောက်ကင်းသွားသူများလည်းရှိသည်။


 နှလုံးမကောင်းခြင်း၊ ကျောက်ကပ်မကောင်းခြင်း၊ အဆီအအိမ့်အစားများ၍ သွေးကြောများတွင် ပထဝီဓာတ်လွန်ကဲ၍ လေးလံထိုင်းမှိုင်းခြင်း၊ ပိတ်ဆို့ခြင်းများကြောင့် သွေးဖိအားတိုးရောဂါဖြစ်လာရသည်။ ပထဝီဓာတ်ပိတ်ဆို့ခြင်းကြောင့် လေသွားလမ်းကျဉ်းမြောင်းသဖြင့် ဖိတိုးသောကြောင့် “လေတိုးရောဂါ” ဟုလည်းမြန်မာဆေးဆရာကြီးအချို့က ယူဆကြသည်။

 စိတ္တဇဝါယော(ခေါ်) စိတ်ကြောင့်ဖြစ်သောလေဖိအားကြောင့်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။ (တစ်နည်း) စိတ်မချမ်းသာလျှင်လည်း သွေးတိုးရောဂါဖြစ်နိုင်သည်။


ငါးစားခြင်းအကျိုး


 လေဖြတ်ရောဂါ မှန်သမျှသည် သွေးတိုးရောဂါ အခြေခံမှ စသည်ကို တွေ့ရသည်။ ငါးစားခြင်းဖြင့် သွေးတိုးရောဂါကို ထိန်းနိုင်သည်ဟုဆိုသည်။ လူတို့သည် နေ့စဉ်စားသောက်ကာ အစာအဟာရများကို အ မျိုးအစားခွဲခြားကြည့်သောအခါ (၁) အသီးအရွက်များ၊ (၂) တိရစ္ဆာန်အသားများဟူ၍ နှစ်မျိုးနှစ်စားတွေ့ရှိရ သည်။ အသားစားသူများ စားသုံး သည့်အသားအမျိုးအစားကို ထပ်မံခွဲခြားကြည့်လျှင် (၁) ကုန်းသတ္တဝါအ သားနှင့် (၂) ရေသတ္တဝါအသားများ ဖြစ်ပြီး ရေသတ္တဝါအသားအဖြစ် ငါးကိုစားသုံးကြသည်ကို တွေ့ရသည်။


 ဆေးပညာသဘောအရ ကုန်းသတ္တဝါအသားများသည် ပထဝီဓာတ်လွန်ကဲပြီး ကြေခဲသောအစာ များဖြစ်သည်။ မီးဖြင့် အချိန်ကြာမြင့်စွာ ချက်ပြုတ်မှသာ စားသုံးနိုင်သည့် အခြေအနေသို့ရောက်သည်။ အဆီများသော အသားမျိုးဖြစ်လျှင် ပို၍ပင် အချိန်ကြာမြင့်စွာ ချက်ပြုတ်ရသည်။ ချက်ပြုတ်၍ မကြေကျက် သောအစားအစာများကို စားသုံးသဖြင့် အစာအိမ်နှင့် အူမကြီးရောင်သော ရောဂါများရရှိနိုင်သည်။ ထိုထက် ဆိုးသည်မှာ အဆီဓာတ်များသည် လူ၏သွေးကြောများ အတွင်းသို့ရောက်ရှိကာ သွေးပိုက်လိုင်းများကျဉ်း သွားစေနိုင်သည်။ ထိုကျဉ်းနေသော သွေးကြောမှသွေးများ စီးဆင်းစေရန် နှလုံးသည် ပို၍ ညှစ်အားပေးရ သည်။ ထို့ကြောင့် သွေးတိုးရောဂါ ဖြစ်လာသည်။ အလုပ်ပိုလုပ်ရသော နှလုံးသည် ကြာရှည်မခံနိုင်၍ နှလုံး ရောဂါဖြစ်ပြီး လူ့သက်တမ်းစေ့မနေရတော့ပေ။

 ငါးစားသုံးသူများသည် သတ်သတ်လွတ်စားသုံးသူများနည်းတူ နှလုံးတွင် အဆီတက်ခြင်း၊ သွေး ကြောများကျဉ်းခြင်း ရောဂါဖြစ်ပွားမှုနည်းပါသည်။ ငါးတွင်ပါဝင်သော အဆီဓာတ်သည် ပထဝီဓာတ်နည်း ပါပြီး အာပေါဓာတ်များခြင်းကြောင့် နှလုံးသွေးကြောများအတွင်း အဆီခဲခြင်း၊ သွေးကြောပိုက်လိုင်းများ ကျဉ်းမြောင်းခြင်း မဖြစ်စေနိုင်ပေ။


 အနောက်တိုင်း ဆေးပညာရှင်များကလည်း ငါးတွင်ပါဝင်သော အဆီသည် အိုမီဂါသရီးခေါ် လူကို အကျိုးပြုသည့် ဖက်တီးအက်စစ်ပါဝင်သည်ဟု သုတေသနပြုထားကြသည်။ ရေချိုငါးများထက် ပင်လယ်ငါး များတွင် လူကိုအကျိုးပြုသော အဆီပို၍ ပါဝင်သည်ဟု ဆိုကြသည်။ တူနာခေါ် ပင်လယ်ငါးတစ်မျိုး၏ အဆီ ကိုထုတ်ယူပြီး ငါးကြီးဆီအဖြစ် အားနည်းသောလူနာများကို ပေးလေ့ရှိသည်။ ငါကြီးဆီသည် နှလုံးသွေး ကြောကျဉ်းရောဂါကိုလည်း ဖြစ်ပွားမှုနှုန်းလျော့ကျစေ နိုင်သည်ဟုဆိုသည်။ မြန်မာ့ဆေးကျမ်းများတွင်ကား ပင်လယ်ငါးသည် ဆူ၏။ ကြေခဲ၏။ ချိုဆိမ့်၏။ ပူ၏။ သည်းခြေကိုစဉ်းငယ် ပျက်စေတတ်၏။ လေကိုနိုင်၏။ သုက်၊ သလိပ်တို့ကို ပွားစေတတ်၏။ ကျင်ကြီးကို ပွားစေတတ်၏။ (မြစ်ငါးနှင့် ပင်လယ်ငါးတို့ကား အကျိုး အပြစ်တူကြ၏ ဟု ဥတုဘောဇနကျမ်းတွင် ဖော်ပြထားသည်။)


အသက်ရာကျော်အဖွား


 စာရေးသူသည် မန္တလေးမြို့တောင်ဘက် ပေါက်ချောင်းရွာမှ အသက် (၁၁၅) နှစ်ရှိသော အဘွားမြ နှင့်တွေ့ဆုံသောအခါ အကြိုက်ဆုံးအစားအစာမှာ ငါးလေးအိုးကပ်နှင့် ကန်စွန်းရွက် ချဉ်ရည်ဟင်း တို့ ဖြစ် ကြောင်း ပြောပြသည်။ မိမိတို့မျိုးရိုးတွင် လယ်ငါး၊ ချောင်းငါးများကိုသာ အဓိကထားပြီး စားသုံးကြသည်။ ဝက်သား၊ အမဲသား စားသုံးမှုအလွန်နည်းသည်။ ငါးစားသုံးခြင်းကြောင့် လေဖြတ်ရောဂါနှင့် မြို့ပေါ် တွင် အဖြစ်များသော သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း ပြောပြသည်။


 ငါးစားသုံးခြင်းကြောင့် ကောင်းသောအဆီများသာရနိုင်သည်။ ခြေလေးချောင်းသားများကဲ့သို့  မကောင်းသောအဆီများ သွေးကြောနှင့် နှလုံးသို့ရောက်ရှိပြီး နှလုံးညှစ်အား မြင့်တက်လာရာမှ ဖြစ်သော ဦးနှောက်သွေးကြောပေါက်ရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ နှလုံးရုတ်တရက် ရပ်ဆိုင်းသည့်ရောဂါများ ဘေးမှ ကင်းဝေးစေနိုင်ပါသည်။


သွေးတိုး လေတိုး


 ရှေးဆရာကြီးများက သွေးတိုးကို “လေတိုး” ရောဂါ ဟုလည်းပြောကြသည်။ ထိုလေသည် သာမန် လေမဟုတ်ပါ။ လေပူဖြစ်သည်။ လေပူထရောဂါသည် အစာအိမ်မှ အချဉ်ပေါက်ပြီးဖြစ်လာသော ရောဂါ ဖြစ်သည်။ အစာအိမ်မှ အချဉ်ဓာတ်ပါသော အရည်များသည် လေနှင့်တကွ အထက်သို့ဆန်တက်သို့ ဆန် တက်လာပြီး ပါးစောင်၊ သွား ဖုံး၊ လျှာ၊ အာခေါင် စသည့်နေရာများတွင် လောင်ပြီး အပူဖုငယ်များထွက် လေ့ရှိသည်။ လျှာတွင်ချိုင့်ခွက် ကဲ့သို့လည်းထွက်လေ့ရှိသည်။ အလွန်နာပြီး အစားအသောက်အပူအစပ် မစားနိုင် ဒုက္ခတွေ့ရသော အပူ နာများဖြစ်သည်။ ကျောင်းသူသမီးငယ်တစ်ဦးသည် စာမေးပွဲနီးသည့် အခါ တိုင်းလျှာတွင် အနာစက်များ ပေါက်လေ့ရှိသည်။ ဆရာဝန်ပြသောအခါ Stress Ulcer ခေါ် စိတ်ရှုတ်ထွေးမှု၊ စိတ်ပူပန်မှုကြောင့်ဖြစ်သော အနာဟု အမည်တပ်သည်။ ဇာစ်မြစ်ကို လေ့လာကြည့်သောအခါ စာမေးပွဲနီး လာလျှင် သူသည် အချိန်မှန် ထမင်းမစား၊ ထမင်းအစားကော်ဖီမစ်နှင့် ရယ်ဒီမိတ်ခေါက်ဆွဲခြောက်များ၊ မအိပ်ချင်အောင် အစပ်ထုပ်များစားရာမှ လျှာအပူကန်ရောဂါရလာခြင်း ဖြစ်ပုံရသည်။


လေပူထရောဂါ


 လေပူထရောဂါကြောင့် လူကြီးများတွင် သွေးတိုးခြင်း၊ ခေါင်းပူခြင်း၊ ခေါင်းအုံ၊ ခေါင်းမူးခြင်း၊ မျက်စိ မှုန်ပြီးကြည့်မ ကောင်းခြင်းများ ဖြစ်နိုင်သည်။ လေပူသည် မျက်စိအတွင်းရှိ မှန်ဘီလူးနှင့် မျက်ကြည်လွှာ အကြားတွင်အခိုး တက်ရိုက်သောအခါ မျက်စိအတွင်း တိမ်ရောဂါဖြစ်တက်သည်။ ရှေးက လူကြီးများသည် မျက်စိတိမ်စွဲရော ဂါမဖြစ်အောင် နှင့် လေပူများ အောက်သို့ဆင်းစေရန်အတွက် ညအိပ်ယာဝင်ချိန်တိုင်း တွင် ဒူးမှအောက်ပိုင်းကို ရေအေးခုနစ်ခွက်လောင်းပေးပြီးမှ အိပ်ကြသဖြင့် မျက်စိလည်းကြည့်ကောင်း ခေါင်း ပူပြီး မူးခြင်းမှလည်း သက်သာသည်ဟု ဆိုကြသည်။


လေရောဂါအစ အစာအိမ်က


 လေပူရောဂါ၏ မူရင်းအစမှာ အစာအိမ်မှ ဖြစ်သည်။ အပူ၊ အစပ်၊ အချဉ်အရသာ သုံးမျိုးကိုကြိုက် နှစ်သက်၍ အစဉ်အမြဲစားသုံးလျှင် ဖြစ်စေ၊ ထိုအစာများကို  စာသုံးပြီးနောက် ဆန့်ကျင်ဘက်ဖြစ်သော အေး သောရေခဲရေကို သောက်သုံးလျှင်ဖြစ်စေ အစာအိမ်မှ ဝမ်းမီးပျက်ပြီး လေချဉ်ဖြစ်လာသည်။ ထိုလေချဉ်တွင် ဥဏှတေဇော ခေါ် အပူဓာတ်သည် လေဝါယောဓာတ်နှင့် ပေါင်းမိပြီး အထက်သို့အချဉ်ဓာတ်များကို သယ် ဆောင်ပြီးတက်လာသည်။ ပါးစပ်၊ ခံတွင်း၊ လျှာ၊ အာခေါင်ပေါက်မှ၊ မျက်စိ၊ ဦးခေါင်းအတွင်းမှ ငယ်ထိပ် ပေါက်ထိအောင် အပူချိန်တက်သည်ဟုဆိုသည်။

 လေချဉ်၊ လေပူတက်ခြင်းကို ရှေးလူကြီးများသည် သင်္ဘောသီးနုကို ထန်းလျက်နှင့် စားခြင်းဖြင့် လည်းကောင်း၊ ဖရဲသီးမှည့်ကို သကြားနှင့် ခေါက်စားခြင်းဖြင့် လည်းကောင်း၊ မန်ကျည်းမှည့် အနှစ်ကို ထန်း လျက်နှင့် စိမ်၍ ဆားအနည်းငယ်ခပ်ကာ ညအိပ်ယာဝင်သောက်ခြင်းဖြင့် လည်းကောင်း သက်သာစေသည် ဟုဆိုသည်။


 လေပူထရောဂါလက်တွေ့ပျောက်ကင်းနည်းကို တိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးမာဃက (၁၉၈၄ ခုနှစ် မတ်လထုတ်သိပ္ပံမဂ္ဂဇင်းတွင်) ရေးသားခဲ့ရာတွင် အိမ်သုံးနနွင်းမှုန့်ရိုးရိုး(နနွင်းခါးမဟုတ်) ကို ချိုအောင်သကြားရော၍ တစ်နေ့လျှင် မန်ကျည်းစေ့ နှစ်စေ့၊ သုံးစေ့ခန့် (အင်အားနှင့် အခြေအနေကို ကြည့် ၍သောက်ပါ။ အစာအိမ်အတွက် ဆရာတို့လက်တွေ့ဖြစ်ပါသည်။ ( နနွင်းအပူကို သကြားကပြန်ထိန်းထား သဖြင့် ခံနိုင်ရည်ရှိပါလိမ့်မည်။) ဟု ရေးသားထားကြောင်း မှတ်သားထားသည်ကို တွေ့ရသည်။


ဝမ်းချုပ်ခြင်းပြဿနာ


 ဝမ်းချုပ်ခြင်းဖြင့်လည်း သွေးတိုးတက်သည်ကို သတိပြုပါ။ လူကြီးများ၊ အထိုင်များသော အလုပ် လုပ်ရသူများ၊ စားချိန်သောက်ချိန်မမှန်သော အလုပ်လုပ်ရသူများ၊ ခရီးသွားသူများတွင် အခြားကျန်းမာရေး ကောင်းမွန်သည့်တိုင် ဝမ်းချုပ်ခြင်းပြဿနာ ကြုံတွေ့ရလေ့ရှိသည်။ ဝမ်းချုပ်ခြင်းကို ဆေးကျမ်းများတွင် ရော ဂါဟု သတ်မှတ်မထားသော်လည်း လူတော်တော်များများတွင် ခံစားရသည့် ဝေဒနာဖြစ်သည်။


 ယနေ့ ကြော်ငြာရောင်းချနေသော တိုင်းရင်းမြန်မာဆေးအမျိုးမျိုးကို လေ့လာကြည့်သော အခါ ရောဂါအမည်အမျိုးမျိုး တတ်ထားကြသော်လည်း များသောအားဖြင့် ဝမ်းနုတ်ဆေးအမျိုးအစားများသာ ဖြစ်နေသည်ကို တွေ့ရသည်။ ဝယ်ယူသုံးစွဲကြသောအခါ ဝမ်းမှန်မှန်သွားခြင်း၊ လွယ်ကူစွာဝမ်းသွားခြင်း၊ ဝမ်း ချုပ်ခြင်းကြောင့်ဖြစ်သော နောက်ဆက်တွဲ အကြောတက်ခြင်း၊ အညောင်းအကိုက်များခြင်းပါ သက်သာသ ဖြင့် ထိုဆေးများကို ကြောငြာသည့်ရောဂါ မပျောက်သည့်တိုင် ဆက်လက်ဝယ်ယူ သုံးစွဲနေသည်ကို တွေ့ရ ပေသည်။ ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲဟူသော ရှေးလူကြီးများစကားကို အချို့က ဝမ်းသွား လျှင် ခေါင်းမကိုက်ဟု ယူဆနေကြသည်။ မူရင်းစကားမှာ ထိုသို့ ရည်ရွယ်ခြင်းမဟုတ်ပေ။ ဝမ်းဗိုက်အတွင်းမှ အစာအိမ်မကောင်းလျှင် အစာကြေကျက်အား(သို့မဟုတ်) ဝမ်းမီးအား ကောင်းလျှင် ခေါင်းခဲစရာ နောက် ဆက်တွဲရောဂါဆိုးများ မဖြစ်နိုင်ဟု ဆိုလိုရင်းဖြစ်သည်။ ဝမ်းမချုပ်လျှင် ခေါင်းမခဲဟု အယူအဆမှားနေကြ ခြင်းဖြစ်ပေသည်။


 ဝမ်းချုပ်ခြင်း ပြဿနာရှိသူတော်တော်များများကို လေ့လာကြည့်သောအခါ လမ်းလျှောက်နည်း သူများ ဖြစ်သည်ကို တွေ့ရပေသည်။ လမ်းမလျှောက်ခြင်းကြောင့် အစာမကြေ၊ လေအောက်သို့မကျ၊ အူလှုပ် ရှားမှုမရှိသဖြင့် ရှေ့ကအစာနှင့် နောက်ကအစာပေါင်း၍ အူမကြီးတွင် ပိတ်ဆို့ကာ စမြင်းကဲ့သို့ဖြစ်ပြီး ဝမ်း ချုပ်သွားခြင်းဖြစ်ရလေသည်။


 ဝမ်းနုတ်ဆေးမှန်သမျှသည် အူနံရံလှုပ်ရှားမှုကို ဖြစ်စေပြီး ဝမ်းသွားစေခြင်း၊ အစာဟောင်းများကို အရည်အဖြစ်ပျော်ပြီး ဝမ်းသွားစေခြင်း နှစ်မျိုးရှိသည်။ ထိုနှစ်မျိုးလုံးသည် ရေရှည်တွင် အူနံရံများမှ သက် စောင့် အချွဲအမြှေးများကွာကျစေခြင်း၊ ဝမ်းနှင့်အတူပါသွားစေခြင်းကြောင့် အကျိုးထက် အပြစ်ကပိုများလာ မည် ဖြစ်သည်။ မြန်မာဝမ်းနုတ်ဆေးတွင် ပွေးကိုင်းနှင့် ကနခိုများများပါလျှင် ပို၍ပင် ဥပါဒ်ပေးနိုင်သည်။ ထိုဆေးများသည် ကြာကြာစွဲသုံးလျှင် အူသာမက ကျောက်ကပ်ကိုပင် ပျက်စီးစေနိုင်သည်။ တစ်ခါတစ်ရံ သာ သုံးစွဲသင့်သောဆေးများကို သက်စောင့်ဆေးသဖွယ် နေ့စဉ်စွဲ၍ စားသုံးနေလျှင် တစ်နေ့တွင် ဒုက္ခနှင့် တွေ့ရမည်ကို သတိပြုမိစေလိုသည်။


 လမ်းများများလျှောက်ခြင်း၊ ထိုင်ထလေ့ကျင့်ခန်လုပ်ခြင်း၊ လှေခါးအဆင်းအတက်ပြုလုပ်ခြင်း၊ ရေ များများသောက်ခြင်း၊ အိပ်ယာဝင်ချိန်နှင့် အိပ်ယာထချိန်တွင် ရေမတ်ခွက်တစ်ခွက်ခန့်သောက်ခြင်း၊ အသီး အရွက်များများစားခြင်း၊ သင်္ဘောသီးမှည့်၊ ငှက်ပျောသီးမှည့်များကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်း၊ ညအိပ် ယာဝင်ချိန်တွင် မန်ကျည်းမှည့်ဖျော်ရည်သောက်ခြင်း၊ နံနက်စောစော အစာမစားမီ နွားနို့အစိမ်းကိုဆားခပ် ၍ သောက်ခြင်း၊ အူမကြီးကို အန္တရာယ်မပေးသည့် ဆားခါးနှင့် ရှောက်ရည်သောက်ခြင်းတို့ဖြင့် ဝမ်းမှန် အောင် ပြုလုပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။


သွေးတိုးကျစေနိုင်သော ဆေးမြီးတိုများမှာ-


 သွေးတိုးရောဂါအတွက် မြန်မာဆေးမြီးတို (ဆေးနည်းတို) များစွာရှိသည်။ လူတစ်ဦးနှင့်တစ်ဦး ပျောက်ကင်းစေနိုင်သော နည်းလမ်းများ မတူညီသော်လည်း တိုက်ဆိုင်၍ ပျောက်ကင်းသွားလျှင် ငွေကုန် ကြေးကျမများဘဲ အလွယ်တကူ မိမိပတ်ဝန်းကျင်တွင် ရရှိနိုင်သော အပင်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့်တို့ မှ ရရှိခြင်းဖြစ်သဖြင့် အားကိုးထိုက်သော ဆေးမြီးတိုများဖြစ်သည်။ အချို့ခေတ်ပညာတတ် တိုင်းရင်းဆေးကို အထင်မကြီးသူများပင် သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါကြီးများ ရုတ်တရက် အသက်ဆုံးနိုင်သည့် နှလုံးသွေး ကြောပိတ်၊ ရင်ဘတ်အောင့်ရောဂါကြီးများ ဆေးမြီးတိုနှင့် ပျောက်သွားသည်ကို တွေ့ရသောအခါ အံ့သြနေ ကြသည်။ ဆေးမြီးတိုများသည် လူထုအတွက် အသုံးဝင်သော တိုင်းရင်းဆေးပညာဖြစ်သည်။


၁။ ရှောက်သီးအခွံပါ ၄ စိတ် စိတ်ပြီး မတ်ခွက်တွင်ထည့် ရေနွေးစိမ်ထားပြီး အအေးခံ၍ တစ်နေကုန် သောက်ပါ။


၂။ ရှောက်သီးအရည်ညှစ် ၃ ဇွန်း+ပျားရည်စစ်စစ် ၁ဇွန်း ထမင်းစားပြီးသောက်ပါ။


၃။ ရှောက်ရွက်အနု၊ အရင့် တစ်နေ့လျှင် ၇ ရွက်မှ ၁၀ ရွက်ခန့် နေ့စဉ်အတို့ အမြှုပ်ပြုလုပ်၍စားပါ။


၄။ ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်စသည်တို့သည် မြန်မာလူမျိုးတို့နှင့် မကင်းနိုင်သော အစာများ ဖြစ်သည်။ ထိုအစာများ စားသည့်နေ့တွင် ဒန့်သလွန်ရွက် ဟင်းချိုကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် ချက်ပြီး တွဲဖက်သောက် ပေးပါ။ ကြက်သွန်ဖြူသည် သွေးတိုးကို ကျစေနိုင်သည်။ (သွေးတိုးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးခဲ့ပါသဖြင့် ပျောက်ကင်းခဲ့သည်။) (မဟတ္တမဂန္ဒီ)


၅။ ဒန့်သလွန်သီးအရင့်များကို နေဖြင့် အခြောက်လှန်းထားပြီး သွေးအလွန်တိုးလျှင် ၂ စေ့၊ ၃ စေ့ ဝါးစားပါ။


၆။ သင်္ဘောအဖိုပင်၏ အပွင့်ကို ပြုတ်၍ စားပါက သွေးတိုးရောဂါသက်သာစေသည်။


၇။ ကြက်သွန်နီကို ထက်ခြမ်း ခြမ်း ရေတစ်ဖန်ခွက်တွင်စိမ်၍ နံနက်အိပ်ယာထစောစော သောက်ပေးလျှင် သွေးတိုးရောဂါကို ကာကွယ်သည်။ နံနက်အိပ်ယာထချိန် ခေါင်းကိုက်ခြင်းကို သက်သာစေသည်။


၈။ ပြောင်းဖူး၏ထိပ်မှ အမွှေးကိုပြုတ်၍ အရည်ကို အကြမ်းပန်းကန်တစ်လုံးစာသောက်လျှင် သွေးတိုးရောဂါ သက်သာစေသည်။


၉။ ချင်းလက်နှစ်ဆစ်ကို ထုထောင်းအရည်ကိုယူ သံပရာသီးတစ်လုံးအရည်နှင့် ပျားရည်တစ်ဇွန်းစပ် နေ့စဉ် သောက်ပါ။ သွေးတိုးရောဂါဘေး ကင်းဝေးနိုင်သည်။


ကြည်လွင်မြင့် (မုဒြာ)

Monday, June 6, 2022

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် အကြောင်း

 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် နှင့် တက္ကသီလ ဓမ္မာစရိယ ဟူသည်….

===========================================




နိဒါန်း

===

မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများအနက် မြန်မာနိုင်ငံသည် ရွှေရောင်တောက်ပသော စေတီဘုရား များ၏ အရှိအဝါ အကျော်အစောကြောင့် Golden Land ရွှေရောင်နိုင်ငံတော်ဟု ကမ္ဘာမှ အသိအမှတ်ပြု လက်ခံထားသော နိုင်ငံတစ်ခုဖြစ်ပေသည်။ ထိုနည်းတူစွာ ထေရဝါဒ ရဟန်းတော်များလောကမှာ တိပိဋက၊ ဓမ္မာစရိယ၊ ပထမပြန် အစရှိသော ရိုးရာပညာရေး၏ ထင်ရှားမှုမှာလည်း အများသူငါ အံ့ဩယူရလောက်သည်အထိ ထူးချွန်ပြောင်မြောက်ကြသည်။ တိုးတတ် ပြောင်းလဲလာသော ခေတ်နှင့်အညီ များစွာသော ဗုဒ္ဓဘာသာ ကောလိပ်များ၊ တက္ကသိုလ်များ အသီးအသီး ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ ထိုကဲ့သို့ များပြားလှသော ဗုဒ္ဓဘာသာတက္ကသိုလ် ကောလိပ်များအနက် တိပိဋကတို့၏ ဖခင်ဟု တင်စားခေါ်ဝေါ် ထိုက်သော မင်းကွန်းဆရာတော်ဘုရားကြီး၏ အနာဂါတ်သာသနာအရေးကို မြှော်ဆတွေးလျက် မြန်မာပြည်အဝှမ်းလုံးသို့ လှည့်လည်ကာ တရားရေအေး တိုက်ကျွေးပြီးနောက် ရရှိလာသော ဓမ္မပူဇာ အလှူငွေများကို မတည်လျက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့ကို ဦးဆောင်လျက် တည်ထောင်တော်မူခဲ့လေသည်။ တက္ကသိုလ်၏ ရေရှည် ရပ်တည်နိုင်ရေး မျှော်ဆတွေးလျက် ပုဂ္ဂလိက တက္ကသိုလ်အဖြစ် အမည်နာမ မခံယူပဲ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့နှင့် နိုင်ငံတော် အစိုးရသို့ အပ်နှင်းလှူဒါန်းခဲ့လေသည်။


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင်ရာတွင် ပရိယတ္တိမူဝါဒကြီးလေးရပ်ကို အခြေခံပြီး ရှေးရိုးနည်းတည်၊ ဆင့်ကာထွင် ဆိုသည့် နည်းလမ်းအတိုင်း ရိုးရာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ များသာမက အခြား သာသနာပြု အထောက်အကူပြု ဘာသာရပ်များဖြင့် ထည့်သွင်းပြဌာန်းကာ စနစ်တကျ သင်ကြားပို့ချပေးလေသည်။ သို့အတွက် ဤစာစုဖြင့် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်များ၏ အခြေခံ သင်ရိုးညွှန်းတမ်းများကို အများသူငါ လေ့လာ

သိရှိပြီး သဒ္ဓါတရားပွားများစေရန် ရည်သန်လျက် မိမိ၏ ကိုယ်တွေ့ အတွေ့အကြုံ၊ ခံစားချက်များပါမကျန် အခန်း ၆-ခန်း ခွဲလျက် တင်ပြလိုက်ရပေတော့သည်။


#သာသနတက္ကသီလ ဓမ္မာစရိယ B.A(Buddhism)…ဟူသည် (၁)#

@@@@@#######@@@@@


#စာသင်သားတစ်ပါးအတွက် မူလ အဓိက ပန်းတိုင်မှာ စာပေ တတ်မြောက်ကျွမ်းကျင်ရေးပင် ဖြစ်ပြီး ဘွဲ့တံဆိပ်ဆိုသည်မှာမူ အသိအမှတ်ပြုလွှာ တစ်ခု ဟုသာဆိုရပေမည်။

#ထို့ထက် အဆင့်မြင့်ကာ အဓိကအချက်ကို ဆိုရသော်…

မြတ်ဗုဒ္ဓ၏ တရားတော်များကို နားလည်ဖို့ရန်နှင့် အစဉ်အဆက်မပြတ်၊

ရေရှည်အဓွန့်တည်တံ၊ ပြန့်ပွားရေး။ သိရှိပြီးသော အသိပညာရပ်မှသည် အကျင့်ပညာသို့တစ်ဆင့်တက်ကာ သံသရာလွတ်မြောက်ရေးသည် အဓိက ပန်းတိုင်ဖြစ်သည်။


#သာသနတက္ကသီလ ဓမ္မာစရိယ ဟူသည်…

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့များတွင် ပထမအဆင့် ဘွဲ့တစ်ခုဖြစ်ပြီး ပြင်ပ Bachelor of Arts နှင့် အဆင့်တူ ဘွဲ့တစ်ခုဖြစ်သည်။

#ထိုနည်းတူစွာ ပြင်ပ စာသင်တိုက်များမှ ဝင်ရောက်ဖြေဆိုသည့် သာသနဓဇဓမ္မာစရိယ နှင့် အဆင့်တူသင်ကြားရခြင်းပင်ဖြစ်သည်။

ဤ နေရာတွင် စာသင်တိုက်ကြီးမှ စာသင်သားများက စောဒက တက်စရာ ရှိပါသည်။

ငါတို့လောက် စာအံချိန်၊ စာဝါချိန် မများဘူး မလေ့လာရဘူး ဟု ဆိုဖွယ် ဖြစ်သည်။

#မိမိကိုယ်တိုင်လည်း ပြင်ပ စာသင်တိုက်ကြီးတွေမှာ စာချတန်းအတွက် ကျမ်းရင်း သုံးကျမ်းလုံးကို စနစ်တကျ လေ့လာခဲ့ပြီးမှ

တက္ကသိုလ်ကို တတ်ရောက်ခဲ့ခြင်းပါ။

သို့သော်…ချွင်းခြက်အဖြစ် အချို့သော ကျောင်းသားများမှာ စာချတန်းစာဝါ အနည်းငယ်သာ လိုက်ခဲ့ဖူးပြီး

တက္ကသိုလ်ရောက်မှ စနစ်တကျ လေ့လာ သင်ကြားရသူလည်း ရှိပါသည်။

#အနည်းငယ် တက္ကသီလဓမ္မာစရိယတန်းအတွက် သင်ကြားရသည့် ဘာသာရပ်များကို မိတ်ဆက်တင်ပြလိုပါသည်။


နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် တွင် ဘာသာရပ်သင် မဟာဌာန (၇) ခုရှိပြီး ဘာသာရပ် (၇) ခုကို လေ့လာသင်ကြားရပါတယ်။

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သတ်မှတ်ပြဌာန်း သင်ကြားနေသော ဘာသာရပ်ကြီး (၇) မျိုးမှာ-

(က) ဝိနယဘာသာ

( ခ ) သုတ်တန်တဘာသာ

( ဂ) အဘိဓမ္မာဘာသာ

(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဘာသာ

( င ) ပိဋကတ်ဆိုင်ရာမြန်မာစာပေဘာသာ

( စ ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဘာသာ

(ဆ) ဗုဒ္ဓဒေသေနာပြန့် ပွားရေးပညာဘာသာ တို့ပဲ ဖြစ်ကြပါတယ်။

ထိုအထဲတွင် အဓိကဘာသာရပ်များမှာ ဝိနည်း၊သုတ္တန်၊အဘိဓမ္မာ တို့ဖြစ်ကြပြီး ပါဠိဘာသာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပြန့်ပွားရေးပညာ

ဘာသာရပ်များမှာ အထောက်အကူပြုဘာသာရပ်များဖြစ်ကြပေသည်။

#အဓိကဘာသာရပ်ကြီး ၃-ခု၏ သင်ရိုးပြဌာန်းစာများမှာ အစိုးရဓမ္မာစရိယ နှင့် အတူတူပင်ဖြစ်ပြီး သင်ကြားမှု နည်းစနစ်အရမူ

(က) ရိုးရာနည်း၊

(ခ) ခေတ်လေ့လာနည်း ဟု အပိုဆောင်း ထပ်မံလေ့လာသင်ယူကြသည့် အခါ ခေတ်လေ့လာနည်း ပိုလာပါတယ်။

#သာသနတက္ကသီလဓမ္မာစရိယ (ပထမနှစ်) ဝိနယဘာသာအတွက်…

အကျယ်မရေးတော့ပဲ ရိုးရာနည်းနဲ့ ခေတ်လေ့လာနည်း နှစ်ခုကို မိတ်ဆက်ပေးလိုက်ပါမည်။


#ရိုးရာနည်းအရ…

၁) ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့၌ သုံးစွဲရိုးဖြစ်သော အနက်ပေးနည်းများကို အတ္ထယောဇနာဆိုင်ရာ နိယံကျမ်းလာ နည်းစနစ်များ၊ အာစရိယဝါဒများဖြင့် သင်ကြားခြင်း။ (လုံးကောက်ဘာသာပြန်နည်းကို နည်းအမျိုးမျိုးဖြင့် လေ့လာခြင်း)

၂) အတက်အထွက်၊ စုဒ်၊ စောဒနာများကို သင်ကြားခြင်း။ (ရှေ့ဝါကျ (သို့) ရှေ့စကားလုံးကို ထောက်ဆ၍ စာရေးဆရာ၏ အယူအဆများကို ကောက်ချက်ချခြင်း (သို့) ဝါကျများကို အချိတ်အဆက်မိမိ ရေးတတ်အောင် လေ့လာခြင်း (သို့)မေးခွန်းမေးနည်းနှင့် ချေပနည်းကို လေ့လာခြင်း)

၃) ဝါကျအမျိုးမျိုးအကြောင်း၊ ဝါကျအမည်၊ ဝါကျတစ်ခုမှ တစ်ခုသို့ ဆက်သွယ်ပုံ၊ ဆင်းသက်ပုံ၊ ဝါကျ၌ အပြစ်ဒေါသ သင့်ပုံများကို သင်ကြားခြင်း။ (ဝါကျတည်ဆောက်ပုံကို နည်းအမျိုးမျိုးဖြင့် လေ့လာခြင်း)

၄) ဝိဂ္ဂဟပြုပုံ၊ ဉာသ်ကောက်ပုံများကို သင်ကြားခြင်း။ (ပါဠိစကားလုံးတစ်လုံးကို ဓါတ်ကို အခြေခံ၍ သဒ္ဒါနည်းဖြင့် ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခြင်းနှင့် ယင်း၏ အနက်များကို အသေးစိတ်ဖော်ထုတ် နားလည်ခြင်း)

၅) ဓါတ်၊ ပစ္စည်း၊ ဝိဘတ်၊ လိင်၊ ကာရက၊ ကြိယာတို့၏ အဓိပ္ပါယ်နှင့် အဆုံးအဖြတ်ကို သင်ကြားခြင်း။

၆) အဋ္ဌကထာဆရာ၏ အာဘောဂနှင့် သံဝဏ္ဏနာများကို သင်ကြားခြင်း။ (စာရေးဆရာ၏အယူအဆများ (သို့) စကားလုံး၏ အနက်အဓိပ္ပါယ်များကို ကောက်ချက်ချ လေ့လာခြင်း)

၇) ပုဒ်မှား၊ ပုဒ်မှန်ဆုံးဖြတ်နည်း(ပါဌဝိနိစ္ဆယ) များကို သင်ကြားခြင်း။

၈) ပဒတ္ထ၊ အဝယဝတ္ထ၊ ပိဏ္ဍတ္ထများကို ထုတ်ပြလျက် နည်း၊ ဥပစာများကို သင်ကြားခြင်း။ (နည်း၊ ဥပစာများကို လေ့လာခြင်းနှင့် ပါဠိစကားလုံးတစ်ခုကို ဓါတ်ကိုအခြေခံ၍ သဒ္ဒါနည်း၊ အဘိဓမ္မာနည်းများကို လေ့လာခြင်း)

၉) ပါဠိဝါကျရေးနည်းများကို သင်ကြားခြင်း။

၁၀) ပဒတ္ထ၊ အဝယဝတ္ထ၊ ပိဏ္ဍတ္ထများကို ထုတ်ပြလျက် နေတ္ထိနည်းဖြင့် သင်ကြားခြင်း။ (ပါဠိစကားလုံးတစ်ခုကို ဓါတ်ကိုအခြေခံ၍ သဒ္ဒါနည်း၊ အဘိဓမ္မာနည်းများဖြင့် လေ့လာခြင်း)

၁၁) စာစပ်နည်းအမျိုးမျိုးကို သင်ကြားခြင်း။

၁၂) ပြဋ္ဌာန်းကျမ်းစာပါ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများလာ ဝါကျတစ်ခု၊ စာပိုဒ် တစ်ခု၊ ကဏ္ဍတစ်ရပ်စီ၌ ပါဝင်သော အဓိပ္ပါယ်များကို သင်ကြားခြင်း။

၁၃) ဂန္ထန္တရနည်းများ၊ အတ္ထဝိနိစ္ဆယများကို သင်ကြားခြင်း။

၁၄) ပါဠိကို မြန်မာပြန်ဆိုခြင်းနှင့် မြန်မာကို ပါဠိဘာသာပြန်ဆိုခြင်း။

၁၅) ပါဠိတော်ကို အဋ္ဌကထာ၊ ဋီကာကျမ်းတို့နှင့် တွဲဖက်၍ သင်ကြားခြင်း။

၁၆) ဝါကျအနေအထားကို စီစစ်ခြင်းနှင့် ဝါကျတစ်မျိုးမှ ဝါကျတစ်မျိုးသို့ ပြောင်းလဲ ရေးသားခြင်း။

၁၇) အပေါင်းဝါကျကို အစိတ်စိတ်ရေးနည်း၊ အစိတ်ဝါကျကို တပေါင်းတည်း ရေးနည်း ကို သင်ကြားခြင်း။

၁၈) အသိခက်သော သမာသ်ပုဒ်များကို အဋ္ဌကထာ၊ ဋီကာအလို သဒ္ဒါကျမ်း အဆိုအမိန့်များဖြင့် စိစစ်တင်ပြခြင်း။

၁၉) ကျမ်းတစ်ကျမ်းနှင့်ဆက်သွယ်ပြခြင်း၊ အဆိုကွဲပြားရာ၌ ကျမ်းညှိခြင်းနှင့် အဆုံးအဖြတ် ဝိနိစ္ဆယများကို သင်ကြားခြင်း၊ ဝိနည်းဓိုရ်ပုဂ္ဂိုလ်များ သိသင့်သိထိုက်သော အကြောင်းအရာများကို သင်ကြားခြင်း၊ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများကို ကိုင်တွယ်သုံးသပ်ဆုံးဖြတ်ပုံ လုပ်ထုံးလုပ်နည်း များကို သင်ကြားခြင်း။

၂၀) သိက္ခာပုဒ်အင်္ဂါရပ်များနှင့် ချိုးဖောက်မှုကြောင့် သင့်ရောက်နိုင်သော အာပတ်များကို သင်ကြားခြင်း။ ၂၁) ကမ္မာကမ္မဆိုင်ရာ ဝိနိစ္ဆယများကို သင်ကြားခြင်း။ ထူးခြားချက်အနေနဲ့ ပထမနှစ်မှာ စည်းမျဉ်းများကိုသာ အဓိကထားပြီး သင်ကြားပို့ချတာ ဖြစ်ပါတယ်။

သို့အတွက် မေးခွန်းအနေအားဖြင့်

၁။ အတ္ထယောဇနာ

၂။ ဝါကျသဒ္ဒါ

၃။ ကျမ်းရိုးနည်းစနစ်

၄။ အဓိပ္ပါယတ္ထ ဆိုပိုင်း အပိုင်းခွဲထားပါတယ်။

#ဒုတိယနှစ်က စလို့ စတုတ္ထနှစ်အထိကိုတော့ အစိုးရဓမ္မာစရိယပြဌာန်းစာအတိုင်းကို စာမျက်နှာခွဲပြီး သတ်မှတ်ပြဌာန်းထားတာပါ။


#ဒုတိယနှစ် ............

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ) (စာမျက်နှာ ၁ မှ ၁၆၈ထိ)

၃။ ဝဇိရဗုဒ္ဓိဋီကာ (စာမျက်နှာ ၁ မှ ၆၅ထိ)

၄။ သာရတ်ထဒီပနီဋီကာ(ပ)

၅။ ဝိမတိဝိနောဒနီဋီကာ(ပ) (စာမျက်နှာ ၁ မှ ၉၈ ထိ)

၆။ ပါရာဇိကဏ် ပါဠိတော် နိဿယများ

၇။ ဂန်ထာဘရဏ ပါဠိ

၈။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း

၉။ နေတ္တိ အရကောက်ကျမ်း

၁၀။ သာသနာ့တက္ကသိုလ်နိယံပေါင်းချုပ်


#တတိယနှစ်အတွက် ...............

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ပ) (၁၆၉ မှ ၃၄၆)

၃။ ပါရာဇိကကဏ္ဍအဋ္ဌကထာ (ဒု) (၁ မှ ၇၃)

၄။ ဝဇိရဗုဒ္ဓိဋီကာ (၆၆ မှ ၁၇၀)

၅။ သာရတ်ထဒီပနီဋီကာ(ဒု) (၁ မှ ၂၇၈)

၆။ ဝိမတိဝိနေဒနိဋီကာ(ပ) (၉၉ မှ ၂၄၀)


#စတုတ္ထနှစ်အတွက်..........

၁။ ပါရာဇိကပါဠိတော်

၂။ ပါရာဇိကကဏ္ဍအဋ္ဌကထာ(ဒု) (၇၃ မှ ၃၁၂)

၃။ ဝဇိရဗုဒ္ဓိဋီကာ(၁၇၀ မှ ၂၈၅)

၄။ သာရတ်ထဒီပနီဋီကာ(ဒု) (၂၇၈ မှ ၄၄၈)

၅။ ဝိမတိဝိနေဒနီဋီကာ (ပ) (၂၄၀ မှ ၃၆၂) တို့ဖြစ်ပါတယ်

#မေးခွန်းပုံစံကိုကြည့်ရအောင်ပါ

၁။ အတ္ထ ယောဇနာ

၂။ ဝါကျသဒ္ဒါ

၃။ အဓိပ်ပါယတ်ထ

၄။ ခေတ်လေ့လာနည်းဆိုပြီး လေးပိုင်းခွဲထားပါတယ်။

ခေတ်လေ့လာနည်း ၂ ပုဒ်မှာ တစ်ပုဒ်ကို ရေးချိန် နာရီဝက်စီထား ၂ ပုဒ် ၁ နာရီ အချိန်ပေးရမှာဖြစ်ပါတယ်။

ဒါကလည်း ၂၀ ဖိုးမှ ၁၅မှတ်ရတာ ၁၀ ပါး၊ ၁၅ ပါးထက်မကျော်ပါဘူး။ ပုံမှန် (၁၀) မှတ်ရရင် ကံကောင်းပါ။

#ဆိုတော့ကား (၉၀) ဖိုးပဲ ဖြေရတဲ့အနေအထား။

ကျန်တဲ့ သုံးခုကို အနက်က မလှည့်ထားရင် သို့ နည်းစနစ် မရထားရင် အမှတ်ပြည့်မလွယ်။

တက္ကသိုလ်မတက်ခင် အပြင်က စာချတန်း ကောင်းကောင်းမလုပ်ခဲ့ရင်

တက္ကသိုလ်မှာ ကျမ်းရင်းသုံးကျမ်းအတွက် အတော်ပင်ပန်းပါတယ်။

#တက္ကသိုလ်တက်နေရင်းနှင့် အစိုးရဓမ္မာစရိယ ဝင်ရောက်ဖြေဆို အောင်မြင်သူတွေလည်း ဒုနဲ့ဒေးပါပဲ။

#ပညာသင်ကာလနှင့် သင်တန်းချိန်ကို တစ်ချက် ကြည့်ရအောင်ပါ နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်းနှစ်ဝက်နှင့် နယုန်လဆန်း (၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ်ရက်အား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ သတ်မှတ်ထားပါသည်။ သင်တန်းချိန်အား လစဉ် လပြည့်၊ လကွယ်၊ (၇)ရက် အဖိတ်၊(၈)ရက်ဥပုသ်နေ့များမှအပ နေ့စဉ် နံနက် (၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ(၁၀:၀၀)နေ့စာသင်ချိန်၊ (၁၀:၃၀)နာရီမှ(၁၁:၀၀) နာရီ ထိနေ့ဆွမ်း၊ နေ့လည်(၁၃:၀၀)နာရီမှညနေ(၁၆:၀၀)နာရီအထိ ညနေစာသင်ချိန်၊ ညနေ(၁၇:၄၅) နာရီမှ (၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။ ဒါတင်မကပဲ နောက်ထပ် လိုအပ်ချက်များကို ကြည့်ကြဦးစို့…။


#(၁) သာသနတက္ကသီလဓမ္မာစရိယ(B.ABuddhism) ဘွဲ့ အတွက် စာသင်နှစ်(၄)နှစ်သင်ယူပြီး တောင်တန်းသာသနာပြု (၂)နှစ်ထမ်းဆောင် ရမည် ဖြစ်သည်။

#သင်တန်း လေးနှစ်အပြင် သာသနာ့တက္ကသီလဓမ္မာစရိယတန်း (စတုတ္ထနှစ်) သင်တန်းသားများသည် ပထမနှစ်ဝက်စာမေးပွဲဖြေဆိုပြီး ကျောင်းပိတ်ရက်အတွင်း ကျန်းမာရေးအထောက်အကူပြု အခြေခံသင်တန်းအဖြစ် အရှေ့တိုင်းနှင့် အနောက်တိုင်း ဆေးပညာများကို (၁)လခန့် တက်ရောက်သင်ယူရပါသည်။

#ဒုတိယ နှစ်ဝက်တွင် သင်ကြားရေးဌာန(၇)ဌာနက ကျရာမဲစနစ်ဖြင့် ချမှတ်ပေးသော စာတမ်းခေါင်းစဉ်များကို အနည်းဆုံး စာမျက်နှာ(၅၀)ရှိစာတမ်းကို ရေးသား၍ အတန်းတင်စာမေးပွဲမဖြေမီ မော်ကွန်းထိန်းဌာနသို့ မဖြစ်မနေ တင်သွင်းရပါသည်။ #ထို့နောက် တက္ကသိုလ်၏ အစီအစဉ်ဖြင့် မဟာစည်နည်းအတိုင်း (၁၀)ရက်တိတိ ပဋိပတ်အလုပ် တရားအားထုတ်ရပါမည်၊ #ထို့နောက် စာမေးပွဲ အောင်မြင်ပြီးသောအခါ နယ်စပ်နှင့်တောင်တန်းဒေသသို့ သာသနာပြုတာဝန်(၂)နှစ် မဖြစ်မနေသွားရောက်ထမ်းဆောင်ရပါသည်။ တာဝန်ကျေပွန်မှသာလျှင် (B.A Buddhism)ဘွဲ့ ခံယူခွင့်ရှိပါသည်၊ တာဝန်မကျေပွန်လျှင်(B.A Buddhism)ဘွဲ့ ခံယူခွင့် မရှိပါ။

#တောင်တန်းမှာ အသက်စွန့်သွားခဲ့ရတဲ့ နောင်တော်များ၊ ရဟန်းဘဝစွန့်သွားခဲ့ရသည့် နောင်တော်များလည်း တပုံတပင်။

အပြန်မှာ ငှက်ဖျားလက်ဆောင်သယ်လာသူတွေလည်း တပုံတပင်။မိမိသည်ပင် ထိုစဉ်က ငှက်ဖျားလက်ဆောင်ကို ခုထိသယ်ဆောင်ထားဆဲဖြစ်သည်။

#သာသနာ့တက္ကသိုလ်များ စတင်တည်ထောင်စဉ်အခါက တစ်ချို့အပိုင်းများမှာ အားနည်းချက် ရှိခဲ့ဟန်တူသော်လည်း

၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာ အထူးသဖြင့် မန္တလေးဌာနခွဲမှာ စည်းမျဉ်းများ ပညာရေးသတ်မှတ်ချက်များကို သံမဏိစည်းမျဉ်းအလား လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။

#အထူးသဖြင့် စမ ကိစ္စ ကင်းရှင်းစေပါတယ်။ သံသယ ဖြစ်သည်ဆိုသည်နှင့်တပြိုင်နက် တက္ကသိုလ်က ချက်ချက် ထုတ်ပယ်ပါတယ်။ ထို့အပြင် အစိုးရဖြေစဉ် စမ မသင်္ကာတွေ့သော်လည်း တက္ကသိုလ်မှ ထုတ်ပယ်ပါတယ်။

#ထိုအချက်များက စာသင်သားများ၏ အရည်အသွေး စံနှုန်းကို အတိအကျ စစ်ထုတ်ပေးထားပါတယ်။

#သို့သော်… အပြင်ဖြစ်စေ၊ တက္ကသိုလ်တွင်းဖြစ်စေ စာအောင်ယုံဆိုသည်ထက် တတ်ကျွမ်းဖို့ကိုမူ ပုဂ္ဂလိက စိတ်ဝင်စားမှု နှင့် ကြိုးစားအားထုတ်မှု အပေါ်တွင်သာ မူတည်မည်ဖြစ်သည်။

#မိမိအတွက်မူ… စာသင်တိုက်များတွင် လစဉ် အပါတ်စဉ်စာမေးပွဲများမှာ ဒဏ်မှတ် (၅၀) ဖြစ်သည်မို့ မည်သည့်အခါမှ ဒဏ်မထမ်းခဲ့ရဘူးခဲ့သလို့ တက္ကသိုလ်မှာ အောင်မှတ် (၆၅) ဂုဏ်ထူး (၈၅) မှာ တစ်ခါမှ မကျခဲ့ဘူးပါဘူး။

#အမြဲမဟုတ်သော်လည်း ရံခါ ဝိနည်း၊ သုတ္တန်က ဂုဏ်ထူးထွက်ခဲ့ဘူးပါတယ်။

#နိဂုံးချုပ်အနေအားဖြင့်….။

#ပုထုဇဉ်လူသားတစ်ယောက်ပီပီ ကိုယ်တိုင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယဖြင့် ရထားတဲ့ အသိအမှတ်ပြုလွှာအပေါ်မှာတော့ တန်ဖိုးထားမိတာ အမှန်ပါပဲ။

#နောက်ထပ် မာစတာ၊ ပါရဂူတွေမှာလည်း ကိုယ့်စိတ်သန့်သန့်နဲ့ ကိုယ်တိုင် အားထုတ်ယူထားတဲ့ အသိအမှတ်ပြုလွှာတွေပါပဲ။ ရေပေါ်ဆီ မပါဘူးဆိုတာ ကိုယ့်ဘာသာ အသိဆုံးမို့ ကိုယ့်စိတ်ကို သန့်ရတယ်ပေါ့။

#တက္ကသီလ ကိုမြတ်နိုးတန်ဖိုးထားသလို ထိုနည်းတူစွာ သာသနဓဇ ကိုလည်း လေးစားကြည်ညိုပြီးသားပါ။ နှိုင်းယှဉ် ချိန်ပြကာ သူသာတယ်၊ ငါသာတယ် ဆိုတာမျိုးက ကလေးအတွေးသာသာမျှ ဖြစ်သည်မို့ ဘယ်သောအခါမှ မတွေးမိခဲ့ပါဘူး။

#တကယ်က လက်တွေ့ဘဝမှာ သာသနာ့တာဝန်ကို ရောက်ရာအရပ်ကနေ တတ်စွမ်းသမျှ ထမ်းဆောင်နေဖို့ပါပဲ။ ကိုယ်တိုင်လည်း ခုချိန်ထိ နေ့စဉ်နှင့်အမျှ လေ့လာသင်ယူတယ်။

#သိသမျှလေးကို ကိုယ်စွမ်းရာ ပတ်ဝန်းကျင်မှာ ဝေငှတယ်။ ကိုယ့်အတွက် ကိုယ့်အလုပ်ကို လုပ်နေရတာကိုပဲ ကျေနပ်နေတာပါ။


#သာသနတက္ကသီလဓမ္မာစရိယ= B.A (Buddhism) ဟူသည် (၂)#

         

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင်

ဘီအေတန်းအတွက် သင်ကြားရသည့် ဘာသာရပ်များတွင် ဝိနည်း၊သုတ္တန်၊အဘိဓမ္မာ (ကျမ်းရင်းသုံးကျမ်း) ကို အဓိက major ဘာသာရပ်များနောက်တွင် ကျောင်းသားများ ကြောက်ရလေ့ရှိသည့် ဘာသာရပ်မှာ ပိဋကတ်ဆိုင်ရာ ပါဠိဘာသာရပ်ဖြစ်သည်။

ကျမ်းရင်းသုံးကျမ်းဖြေပြီးနောက် ပါဠိဘာသာ ဖြေဆိုပြီးချိန်တွင်မှ ကျောင်းသား အများစုမှာ သက်ပြင်းချနိုင်ကြလေသည်။

ကျစရာရှိလျှင်လည်း ကျမ်းရင်းများနောက် ပါဠိက ကပ်ပါလာတတ်သည်။ သို့အတွက် လေးဘာသာကျပြီဆိုလျှင် စိုးရိမ်ရေမှတ်ရှိသည်။

၅ ဘာသာအထက် ၂ ခါ ဆက်တိုက်ကျ လျှင် တစ်နှစ်ထဲ ကျောင်းမှ ထုတ်ပယ်ခံရတတ်လေသည်။

လုံးဝမရှိဟု… ပြောလို့မရပါ။ မည်မျှဝင် ရေးဖြေ၊ လူတွေ့ စစ်ဆေးစေကာမူ အဆင်မပြေသည့် ကျောင်းသားများလည်း ခြွင်းချက် ပါလာတတ်သည်သာ။

မှတ်မှတ်ရရ မိမိတို့ ပထမနှစ်စတက်စဉ်က ဘွဲ့မမှတ်မိသော်လည်း ထူးခြားသည့် သူ့၏ မြန်မာစာ စာစီကုံးနှင့်အတူ တစ်နှစ်တည်း တပ်ဆုပ်သွားခဲ့ရသည့် ကျောင်းသားတစ်ပါး ပါခဲ့ဘူးသည်။

ထိုစဉ်က ပိဋကတ်ဆိုင်ရာ မြန်မာစာပေဘာသာရပ်အတွက် ဌာနမှူးဆရာတော်က စာစီစာကုံး လေ့ကျင့်ခန်း လုပ်ခိုင်းရာဝယ်…ကျောင်းသားအားကစားပွဲတော် ဟူသည့် ခေါင်းစဉ်ဖြင့် သူငယ်စဉ်က ကျောင်းတက်ခဲ့ရသည့် ဘဝကို အတော်လေး စာစီစာကုံးရေးသားခဲ့သည်ဟု မှတ်သားခဲ့ရလေသည်။

ရှိစေ..။ ယခု တင်ပြမိတ်ဆက်လိုသည်က ပိဋကတ်ဆိုင်ရာ ပါဠိဘာသာရပ် အကြောင်းဖြစ်သည်။

အကယ်စင်စစ် ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာနသည် ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်ျးမားကို အခြေခံ၍ ယင်းတို့နွင့် ဆက်နွယ်သော ပါဠိဖတ်ဈာမား၊ သက္ကတဖတ်ဈာမားဖြင့် ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပေးသော ဌာနဖြစ်သည်။

၄င်းအပြင် ဌာနသို့ တင်သွင်းလာသော ကျမ်းဈာမား၊ စာတမ်ျးမားကိုလည်း စိစစ်၍ အဆင့်မီ ကျမ်းတစ်စောင် ပေတစ်ဖွဲ့ဖြစ်အောင် လမ်းညွန် ပို့ချေပးပါသည်။

ပင်ရင်းကျမ်းစားများအနေဖြင့်

၁။ ပါဠိသဒ္ဒါကျမ်းများ ၂။ သက္ကတသဒ္ဒါကျမ်းများ ဟု အုပ်စုခွဲကာ သင်ကြားရခြင်းသည်။

ပြဌာန်းကျမ်းစာများအနေဖြင့်မူ အောက်ပါအတိုင်းဖြစ်သည်။

၁။ သဒ်ဒနီတိ

၂။ မောဂ္ဂလာနဗျာကရဏ

၃။ သဒ်ဒတ်ထဘဒေစိန်တာ

၄။ ကစ်စာယနသာရ

၅။ ပဒရူပသိဒ္ဓိ

၆။ ကစ္စယနဗျာကရဏ

၇။ ပါဠိတော်ကျမ်းများ

၈။ အဋ္ဌကထာ၊ ဋီကာကျမ်းများ

၉။ မဓျသိဒ္ဓန္တကောမုဒီ

၁၀။သီရိမင်္ဂလာပရိတ်တော်

၁၁။ ဂါထာများ

၁၂။ ဓမ်မစက်ကပဝတ်တနသုတျ

၁၃။ အနတ္တလက္ခဏသုတ်

၁၄။ ကလျာဏီကျောက်စာ(ပါဠိမူ)

၁၅။ ရာဇကုမာရကျောက်စာ(ပါဠိမူ)

၁၆။ ဟိတောပဒေသ

၁၇။ ဗုဒ္ဓစရိတ

၁၈။ မာဂဓီ၊ အဒ္ဓမာဂဓီ(ကောက်နှုတ်ချက်)

၁၉။ ပြာကတသဒ္ဒါ

၂၀။ အင်ဒို - ဥရောပဘာသာစကားများ(သမိုင်း)

၂၁။ A Practical Grammar of the Pali Language (Charles Duroiselle)

၂၂။ A Grammar of the Pali Language (V.Perniola)

၂၃။ Pali Language and Literature (W.Geiger)

၂၄။ A History of Indian Literature (Maurice Winternitz)

၂၅။ Pali Literature of Burma (Mabel Bode)

၂၆။ Asoka’s Edicts (Amulyachandra Sen)

၂၇။ Pali Literature of Ceylon (G.P Malasekera)

၂၈။ An Advanced History of India Patre Ancient India (R.C Majumdar)

၂၉။ Prakrta-pravesika

၃၀။ Introduction of Prakrit (A.C Woolner) တို့ဖြစ်ကြလေသည်။

#သင်ကြားပုံ

နည်းစနစ်များအနေဖြင့်လည်း ရိုးရာနည်း ခေတ်နည်း ဟု နှစ်ခု ခွဲခြားကာ ရိုးရာနည်းက (၃) ပုစ္ဆာ၊ ခေတ်နည်းက (၃) ပုစ္ဆာ ဖြေဆိုကြရလေသည်။

ရိုးရာပါဠိသဒ္ဒါနှင့်စာပေ အတွက်

၁) ပါဠိသဒ္ဒါကျမ်းများကို သင်ကြားခြင်း။

၂) ပါဠိစာပေသမိုင်း(မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ)ကို သင်ကြားခြင်း။

၃) ပါဠိစာပေ( ကောက်နှုတ်ချက်) များကို သင်ကြားခြင်း။

၄) ပါဠိဘာသာဗေဒ (သမိုင်း) ကို သင်ကြားခြင်း။

၅) ရှေးဟောင်းအိန္ဒိယနိုင်ငံသမိုင်းကို သင်ကြားခြင်း။

၆) ကျောက်စာများကို သင်ကြားခြင်း။

(က) အသောကကျောက်စာ

(ခ) ရာဇကုမာရကျောက်စာ

(ဂ) ကလျာဏီကျောက်စာ

၇) ပါဠိဝါကျများကို သင်ကြားခြင်း။

(က) ဝါကျရေးသားနည်းစနစ်များ။

(ခ) ပိဋကတ်တော်လာဝါကျများ။

(ဂ) ပါဠိဝါကျမျိုးစုံဖွဲ့စည်းမှုများ။

(ဃ) ပါဠိဝါကျများ ပြောင်းလဲရေးသားခြင်း။

(င) ပါဠိဘာသာမှ မြန်မာဘာသာပြန်ခြင်းနှင့် မြန်မာဘာသာမှ ပါဠိဘာသာသို့ ပြန်ခြင်း။

၈) ပါဠိတော်ကို အရေးအသားရှု့ထောင့်မှ သင်ကြားခြင်း။

၉) အဋ္ဌကထာ၊ ဋီကာမြား၏ ရေးဟန်ကို သင်ကြားခြင် တို့ကို လေ့လာသင်ယူရပါတယ်။

ခေတ်နည်းအရ သင်ကြားခြင်းမှာတော့

၁) အက္ခရာများး(ရောမ၊ဒေဝနာဂရီ)တို့ကို သင်ကြားခြင်း။

၂) သက္ကတ သန္ဓိ၊ ကာရက၊ သမာသ်၊ တဒ္ဓိတ်နာမ်များ၊ ကိတ်နာမ်များ၊ ဥပသာရနှင့် နိပါတ်များ၊ ဣစ္ဆတ္ထနှင့် ပုဗ္ဗကာလ ကြိယာများကို သင်ကြားခြင်း။၊

၃) သက္ကတဝိဘတ်သွယ်ခြင်းများကို သင်ကြားခြင်း။

(က) သက္ကတသရန္တနာမ်များ ဝိဘတ်သွယ်ခြင်း။

(ခ) သက္ကတဗျဉ္ဇနန္တနာမ်များ ဝိဘတ်သွယ်ခြင်း။

(ဂ)သက္ကတ ကြိယာများ ဝိဘတ်သွယ်ခြင်း။

၄)သက္ကတ ကမ္မဘာဝကြိယာ၊ ကာရိတ်ကြိယာ၊ နာမကြိယာ၊ တုမိစ္ဆတ္ထကြိယာ၊ ဘုသတ္ထကြိယာ (အတိသယတ္ထ)များကို သင်ကြားခြင်း။

၅) ပါဠိ၊သက္ကတစာပိုဒ်များ၊ ဂါထာများရေးဖွဲ့ပုံကို သင်ကြားခြင်း တို့ဖြစ်ပြီး

အနှစ်ချုပ်အားဖြင့်ဆိုသော် Philology နည်းအားဖြင့် ပါဠိ၊ သက္ကတ ပုဒ်များရဲ့ အဆင့်ဆင့် ပြောင်းလဲပုံများ၊ သက္ကတဖတ်စာများ၊ သက္ကတ ဂိုဏ်းစဉ်များကို သင်ကြားရတာပါ။

ရိုးရာနည်း သင်ကြားရာမှာ မိမိအတွက် ကံကောင်းသည် ဟု ဆိုရမည်လား မသိပါ။

တက္ကသိုလ်မတက်ခင်ကတည်းက အပြင်မှာ သဒ္ဒနီတိ၊ ဘေဒစိန္တာ နှင့် ကစ္စာယနသာရ တို့ကို ကျက်မှတ် လေ့လာခဲ့ဘူးသည်မို့ မိမိအတွက် စိမ်းမနေခဲ့ပါ။

သို့သော်… အများစုအတွက်မူ ထိုရိုးရာ ပါဠိသဒ္ဒါကျမ်းများသည်လည်း အစိမ်းသက်သက်ဖြစ်နေတတ်ကြသည်မို့ ပါဠိဘာသာကို ကြောက်ကြခြင်းဖြစ်ပေသည်။

#နောက်ထပ်

ကျောင်းသားများ ပါဠိဘာသာကို ကြောက်ရခြင်း အကြောင်းမှာ ပါဠိဌာနတာဝန်ကျ ဆရာများကို အခြားဌာနမှ ဆရာများထက် ပိုမိုကြောက်ရွံ့တတ်ကြပေသည်။

#အကြောင်းမှာ… အဆောင်နေစဉ်၊ အပြင်မှာ သဘော မည်မျှပင် ကောင်းစေကာမူ ပါဠိဆရာများက စာသင်ခန်းတွင် မျက်နှာထားတည်ကာ စာချည်းသက်သက် သင်လေ့ရှိသည့်အတွက်ဖြစ်သည်။

အမှတ်စစ်ရာတွင်လည်း ရိုမာန်လိုဖြေရသည့် ဘာသာဗေဒ ပုစ္ဆာများက တစ်လုံးကျသည်ဖြစ်စေ ပိုသည်ဖြစ်စေ အမှားခြစ်လျက် အမှတ်အတိအကျပေးရသည်မို့ တိတိကျကျ မမှန်ကန်ပါမူ အတော်မလွယ်သည့် ဘာသာရပ်တစ်ခုဖြစ်ပေသည်။

သို့အတွက် အပြင်မှာ ချစ်စရာကောင်းသလောက် စာသင်ခန်းမှာ ကြောက်စရာ ကောင်းအောင် ဘလက်ဘုတ် အပြည့် စာရေးကာ သင်လေ့ရှိသည့် ဆရာများပေမို့ ချစ်ကြောက်ရရိုသေ ဟု ဆိုရပေတော့သည်သာ။

#သက္ကတ ဂိုဏ်းစဉ်များကို အသံထွက်ကျက်ကြသည့်အခါ အတော်ရယ်ရမည့် မြန်မာသက္ကတအသံထွက်မျိုးစုံကိုလည်း စာမေးပွဲဖြေခါနီးတိုင်း ကြားရစမြဲဖြစ်လေသည်။

ထိုနည်းတူစွာ အချို့က ဘာသာဗေဒ ရုပ်ပြောင်းပုံ၊ မူရင်းဓာတ်ရှာပုံများကိုပင် ရဟန်းတော်များဖြစ်သည့်အလျောက် ကိုယ်ပိုင် လင်္ကာလေးများစပ်ကာ ကျက်မှတ်ကြသည်ကိုလည်း ကြုံတွေ့ခဲ့လေသည်မို့ လွမ်းမောဖွယ်ပါ ညီနောင်များခင်မျာ…။

တစ်ချို့ကမူ *ဂစ္ဆတိ၊ ပါဠိ ဂမုကွာ၊ သက္ကတ ဂန်ဓာတ်၊ ဂန်ကနေ ဂစ္ဆပြောင်းကွာ ဆိုပြီး တစ်လုံးချင်း အာဂုံကျက်သူများလည်းရှိလေသည်။ ဂိုဏ်းစဉ်များကိုကျက်ရာတွင်လည်း ဒေဝါ့၊ ဒေဝဝု ဒေဝေါ … စသည်ဖြင့် အသံများစုံလင်လှပေသည်။

မည်သို့ဆိုစေ… သာသနတက္ကသီလဓမ္မာစရိယ အတွက် လေးနှစ်တာ ကာလအတွင်းမှာ စနစ်တကျ လေ့လာသင်ယူထားသည့် ရဟန်းတော်တစ်ပါးအတွက်

ရိုးရာ ပါဠိသဒ္ဒါကျမ်း၊ သက္ကတသဒ္ဒါကျမ်းများနှင့် ဘာသာဗေဒ အခြေခံ အချက်အလက်များကို ကောင်းကောင်းကြီး အခြေခံရသွားသည်မှာ မလွယ်ပါပေ။

တစ်ဆင့်တက်ကာ အဆင့်မြင့်လေ့လာခြင်း၊ မလေ့လာခြင်းကမူ ပုဂ္ဂလိက စိတ်ဝင်စားမှု အပေါ်မှာသာ မူတည်မည်ဖြစ်ပေသည်။

ယနေ့ မိမိ လျောက်လှမ်းနေသည့် ပညာရေးလမ်းကြောင်းပေါ်ဝယ်…

နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မှ ပိဋကတ်ဆိုင်ရာ ပါဠိစာပေဌာနမှ ဆရာများ၏ ဂုဏ်ကျေးဇူးကြောင့်ပင် နောက်ထပ်သော အတန်းများအတွက် ပါဠိ၊သက္ကတ အထောက်အကူပြုခဲ့ခြင်းဖြစ်ပေသည်မို့…..

ပါဠိဆိုင်ရာမိမိဘဝ၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းအား ဤစာစုဖြင့် ဦးထိပ်ပန်ဆင် ကန်တော့ပန်း တင်လိုက်ရပေတော့သည်သာ….။


#သာသနတက္ကသီလဓမ္မာစရိယ=B.A (Buddhism) ဟူသည် (၃)#

         


#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မှ ပေးအပ်သော တက္ကသီလဓမ္မာစရိယဘွဲ့ကို ပြင်ပ Bachelor of Arts နှင့် အဆင့်တူဟု သတ်မှတ်လို့ ရနိုင်ပါသလော… ဟု မေးဖွယ် ရှိသည့်အတွက်

တက္ကသီလ ရိုးရိုးဓမ္မာစရိယ တန်းတွင် ပါဠိစာပေ နှင့်ပတ်သက်ကာ အပိုင်း (၂)တွင် အတော်အတန်သင့် မိတ်ဆက် ပေးခဲ့ပြီဖြစ်သည်။

လေ့လာကြည့်သော်… အဆိုပါ အပိုင်းမှာ မိတ်ဆက်သဘောဖြစ်သော်လည်း သုံးသပ်ကြည့်ရသော်… ပြင်ပ Oriental Studies သမားများနှင့် နှိုင်းယှဉ်ကြည့်လို့ ရမည်ထင်ပါသည်။

နည်းသည်၊ များသည် ဆိုသည်ထက် ရဟန်းတော်များအတွက် သင်ကြားရေးတွင်ရော စာမေးပွဲတွင်ပါ မိမိတို့ နပသ တွင် သံမဏိစည်းမျဉ်းအတိုင်းလိုက်နာကျင့်သုံးရတာပါ။

#တစ်ဖန် ယနေ့ တင်ပြ မိတ်ဆက်ပေးလိုသည်က ပိဋကတ်ဆိုင်ရာ မြန်မာစာပေ ဌာန မှ သင်ကြားပို့ချသည့် မြန်မာဘာသာရပ်နှင့် ပတ်သက်ကာ မိတ်ဆက် လိုပါသည်။

ပြင်ပတက္ကသိုလ်များရှိ မြန်မာစာ အထူးပြု များနှင့် အတော်အတန်သင့်ညီညွတ်မှု ရှိသည်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရဟန်းတော်များနှင့် မြန်မာစာ ဘာဆိုင်သနည်း… ဟု စောဒကတက်ဖွယ် ရှိပါပေတယ်။

သို့အတွက် ပထမအကြိမ် သံဃာ့အစည်းအဝေးကြီးကို သိဖို့လိုအပ်ပါတယ်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များရဲ့ ပညာရေးမူဝါဒများမှာ….

ပထမအကြိမ် ဂိုဏ်းပေါင်စုံ သံဃာ့အစည်းအဝေးကြီးက ချမှတ်ထားသော...

(၁) အကျင့်သိက္ခာမြင့်မားစေခြင်း၊

(၂) ပိဋကတ်ကျမ်းဂန်နှံ့စပ်စေခြင်း၊

(၃) ပါဠိဘာသာတတ်‌မြောက်ကျွမ်းကျင်စေခြင်း၊

(၄) မြန်မာစာပေအေရးအသားတော်စေခြင်း- ဟူသည့် ပရိယတ္တိမူဝါဒ လေးရပ်အနက်

မြန်မာစာပေအေရးအသားတော်စေခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပေသည်။

အကယ်စင်စစ် ထိုမူဝါဒမှာ ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးမှ ချမှတ်ခဲ့သည့် မူဝါဒပဲ ဖြစ်ပါတယ်။

ပထမပြန်စာမေးပွဲများတွင် ၁၉၉၉ ခုနှစ်အထိ မြန်မာစာပေ ဘာသာရပ်တစ်ခု ပါဝင်ခဲ့ဖူးပါတယ်။

မိမိကိုယ်တိုင် ပထမလတ်တန်းအထိ မှတ်မှတ်ရရ စိန္တကျော်သူ ဦးသြ ရဲ့ သြဝါဒထူးပျို့များကို ကျက်မှတ်လေ့လာခဲ့ရဖူးသည်ကို သတိတရရှိဆဲဖြစ်သည်။

ထိုခေတ်က ပါဠိစာပေအတွက် ပါဠိစာပေကောက်နှုတ်ချက်များအတန်းတိုင်းတွင် ထည့်သွင်းပြဌာန်းခဲ့ဖူးသည်။

#၂၀၀၀ ပြည့်နွစ်တွင် စနစ်သစ်ပထမပြန် ပြဌာန်းဈာမားအဖြစ် မြန်မာဘာသာအစား ဇာတ်အဋ္ဌကထာများကို အစားထိုးကာ သင်ကြားစေခဲ့သော်လည်း…

လိုအပ်သည့် ပါဠိနှင့်မြန်မာအေရးအသား တော်စေရန် ဆိုသည့် မူလ ရည်ရွယ်ချက်ကိုအကောာင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိကိုမူကား

ပညာရေးဆိုင်ရာ နိုင်ငံတော်အဆင့် သုတေသန လုပ်ရန် လိုအပ်နေသေးသည်သာတည်း။

ဦးစွာပထမ တက္ကသီလဓမ္မာစရိယ အတွက် ပြဌာန်းထားသည့် ကျမ်းစာအမျိုးအစားများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

၁။ လယ်တီဒီပနီပေါင်းချုပ်

၂။ မဟာဗုဒ္ဓဝင်

၃။ မြန်မာစာပေသမိုင်း(ဦးဖေမောင်တင်)

၄။ စကားပြေသဘောတရားနှင့် စကားပြေအတတ်ပညာ (မောင်ခင်မင်၊ ဓနုဖြူ)

၅။ တက္ကသိုလ်စာပေးစာယူမြန်မာစာ(ကောက်နှုတ်ချက်)

၆။ ဂါထာခြောက်ဆယ်ပျို့(ရှင်အုန်းညို)

၇။ စတုဓမ္မသာရကိုးခန်းပျို့(ရှင်မဟာရဋ္ဌသာရ)

၈။ ဆုတောင်းခန်းပျို့(ရှင်မဟာသီလဝံသ)

၉။ ပါရမီတော်ခန်းပျို့ (ရှင်မဟာသီလဝံသ)

၁၀။ မဃဒေဝ လင်္ကာသစ်(မန်လည်ဆရာတော်)

၁၁။ မြန်မာသဒ္ဒါ(တွဲ-၁၊၂)

၁၂။ ဝေါဟာရတ္ထပကာသနီ

၁၃။ ဝေါဟာရလီနတ္ထ ဒီပနီ(လှေသင်းအတွင်းဝန်၊ ဦးချိန်)

၁၄။ သမန္တစက္ခု ဒီပနီ(မုံရွေးဆရာတော်)

၁၅။ ရာဇကုမာရ်ကျောက်စာ(မြန်မာမူ)

၁၆။ အမတ်ကြီးသိင်္ဃသူရ် ပုဂံကျောက်စာ

၁၇။ ညောင်ရမ်းကြီးသမီးကျောက်စာ

၁၈။ ဒိသာပါမောက် ကျောက်စာ

၁၉။ သင်ကြီးအဘိနန္တသူ ကျောက်စာ

၂၀။ သင်ကြီးဆရာတော်ကျောက်စာ

၂၁။ တောင်ဂူနီဘုရားကျောက်စာ

၂၂။ ကျစွာမင်းအမိန့်တော်ပြန်တမ်း

၂၃။ လောကထိပ်ပန် မင်စာ

၂၄။ မြန်မာစကားအဖွင့်ကျမ်း (ဦးဖိုးလတ်)

၂၅။ စကားပြောကျွမ်းကျင်အောင် ဘယ်လိုလုပ်မည်နည်း (ဆောင်းပါး) (ဦးတင်အောင်)

၂၆။ မဏိကုဏ္ဍလ ဝတ္ထု (ဝရာသင်္ဃနာထဆရာတော်)

၂၇။ ယသဝဎ္ဍန ဝတ္ထု (တောင်ဖီလာဆရာတော်)

၂၈။ ပါရာယနဝတ္ထု (ရှင်မဟာသီလဝံသ)

၂၉။ အနန္တကျေးဇူးနှင့် ဆံချည်တစ်မျှင်ဝတ္ထုတို(လေးမြင့်)

၃၀။ ဝေဿန္တရာဇာတ်တော်ကြီး(မင်းဘူးဦးသြဘာသ)

၃၁။ ဂမ္ဘီရ ကဗျာ(လယ်တီဆရာတော်)

၃၂။ ရေသည်ပြဇာတ် (ဦးပုည)

၃၃။ ပဒုမပြဇာတ်(ဦးပုည)

၃၄။ ဒေါနဆီမေတ္တာစာ (ဦးပုည)

၃၅။ ပြန်ပေးမေတ္တာစာ (ဦးပုည)

#နောက်ထပ် သင်ကြားပုံ နည်းစနစ်များကို လေ့လာကြည့်သော်…။

၁) မြန်မာသဒ္ဒါကို သင်ကြားခြင်း။ = သဒ္ဒါဝေါဟာရများ၊ = ဗျည်းများ၊ = ဝါစင်္ဂ(၉)မျိုး၊ ဥပမာ - နာမ်များ၊ နာမ်စားများ၊ = ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတများ၊ = ဝါကျများ၊

၂) မြန်မာဝေါဟာရများကို သင်ကြားခြင်း။ = စကားလုံးရင်းမြစ်၊ အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ အသုံးပြုပုံများ။

၃) မြန်မာစာပေသမိုင်းကို သင်ကြားပေးခြင်း။ = ခေတ်အလိုက်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များ၊ ကျမ်းစာများ၊ ဖွဲ့စည်းမှုများ၊

၄) မြန်မာစာပေကို သင်ကြားခြင်း။ = စကားပြေဖွဲ့စည်းပုံ၊ စကားပြေရေးဟန်၊ သုတ၊ ရသ အမျိုးအစား၊

၅) စကားပြေ သဘောတရားနှင့် စကားပြေအတတ်ပညာကို သင်ကြားခြင်း။ = စကားပြေ၏ အခြေခံလက္ခဏာများ၊ စကားသုံးပုံအတတ်ပညာ၊ ဝါကျဖွဲ့မှု အတတ်ပညာ၊ စာပိုဒ်ဖွဲ့မှုအတတ်ပညာ၊ စကားပြေရေးဟန် သဘောတရား များ။

၆) ပျို့၊ ကဗျာများကို သင်ကြားခြင်း။ = ပျို့၊ ကဗျာရေးသူအမည်၊ ပျို့၊ ကဗျာအမျိုးအစား၊ ရည်ရွယ်ချက်၊ အကြောင်းအရာ၊ ဖွဲ့စည်းပုံ၊ ဝေါဟာရရှင်းလင်းချက်၊

၇) ကျောက်စာ၊ မင်စာများကို သင်ကြားခြင်း။ = ကျောက်စာသမိုင်း၊ ကျောက်စာရေးသူ၊ အကြောင်းအရာ၊ စကားသုံးဟန်၊ ဝါကျဟန်၊ စာပိုဒ်ဖွဲ့ဟန်၊ ဝေါဟာရရှင်းလင်းချက်။

၈) မင်စာများကို သင်ကြားခြင်း။ = အကြောင်းအရာ၊ စကားလုံးဖွဲ့စည်းမှု၊ ဝါကျဖွဲ့ထုံး၊

၉) ပြဇာတ်များကို သင်ကြားခြင်း။ = ပြဇာတ်သမိုင်း၊ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ဆောင်များနှင့် ဇာတ်ဆောင်စရိုက်၊ စာဟန်ပိုင်း၊ ဘန်းစကားများ၊ ဦးတည်ချက်များ၊ ခြုံငုံသုံးသပ်ချက်၊

၁၀) ဝတ္ထုများကို သင်ကြားခြင်း။ = ဝတ္ထုသမိုင်း၊ ရည်ရွယ်ချက်၊ ဇာတ်ဆောင်များ၊ ဇာတ်ဆောင်စရိုက်၊ ကာလဒေသဝန်းကျင်၊ ဝါကျဖွဲ့စည်းပုံ၊

၁၁) မေတ္တာစာများကို သင်ကြားခြင်း။ = မေတ္တာစာသမိုင်း၊ မေတ္တာစာ၏သဘော၊ မေတ္တာစာ၏ယေဘုယျ လက္ခဏာ၊ အကြောင်းအရာ၊ ဖှဲ့စညျးပုံများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးပါတယ်။

#၂၀၀၀ ပြည့်နှစ်များမှသည် ၂၀၂၀ ဟူသည့် အနှစ် ၂၀ ကာလအတွင်းမှာ ရဟန်းတော်များရဲ့ မြန်မာစာပေ အရေးအသား နားလည်မှု စွမ်းအားများ စာသင်တိုက်များမှာ အတော်လေးလျော့ကျခဲ့ရသည်ကို တွေ့မြင်နိုင်သော်လည်းတက္ကသီလများအတွက် အစဉ်အလာမပျက် မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အမျှော်အမြင် ကြီးမားမှု ကို ထိန်းသိမ်းစောင့်လျက်သာ ရှိနေဆဲဖြစ်သည်ကို တွေ့ရမှာပါ။

#ထိုကဲ့သို့ စနစ်တကျ အနည်းဆုံး လေးနှစ်သင်ကြားခဲ့ရသူတစ်ပါးသည် ပုဂ္ဂလိက ၀ါသနာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အတော်အတန်သင့်သော မြန်မာစာပေ အရေးအသားပိုင်းတွင် နားလည်သဘောပေါက်ပြီး ဖြစ်မည်မှာမလွဲပါချေ။

#မိမိပုဂ္ဂလိက စိတ်အ၀င်စားဆုံး အကြောင်းအရာမှာ ကျောက်စာ နှင့် မေတ္တာစာ တို့ပင်ဖြစ်သည်။

ခုချိန်ထိ… ပုရ်ဟာ…ပုသျှာ…ဘာညာစသည်ကိုအတန်ငယ် မှတ်မိနေဆဲဖြစ်ပြီး….ဦးပုညရဲ့ ရေသည်ပြဇာတ်မှ …ဆံထုံးတော်ကြီး၊ တမာသီးနှင့်… စသည်ကိုလည်းကောင်း၊

မေတ္တသုတ်၊ တစ်စောင်လုံးကို၊ ပုဒ်မပါမကျန်၊ သိမ်းကြုံးကာပို့လိုက်သည်… စသည့် ဦးပုညရဲ့ စာပေရေးသားဟန်နှင့် စိတ်နေစိတ်ထားများကို အသင်အပြကောင်းသည့် မြန်မာစာဌာနမှ ဆရာများရဲ့ စေတနာ ဗလပွ သိနေဟ..ကြောင့် ခုထိကျောင်းပြီးခဲ့တာ ၁၂ နှစ်ရှိပြီဖြစ်သော်လည်း မှတ်မိနေဆဲပါလေ…။

#န.ပ.သ (မန်း)ရဲ့ ထင်ရှားသည့် စာဆိုတော် အချို့ဖြစ်သည့် တက္ကသိုလ်သောတုဇန (မဟာဓမ္မာစရိယ)၊ တက္ကသိုလ်တေဇာလင်း … စသည့် ရိုးရာ စာပေပညာရှင်များ၊

မောင်သစ်ဝေ (မြင်းခြံ)၊ လင်းနေ (နမော) စသည့် ခေတ်သစ် မော်ဒန် ရဟန်းစာဆိုများလည်း အများအပြားပေါ်ထွန်းခဲ့သည်သာ။

ထိုနည်းတူစွာ ဇေယျာနရိန်(မြောင်းမြ) စသည့် နပသ (ရန်ကုန်) မှလည်း မြန်မာစာပေ ပညာရှင်များ ပေါ်ထွန်းခဲ့သည်မို့

တက္ကသီလရဲ့ မြန်မာစာပေ လေ့လာမှု စွမ်းအားသည်လည်း အခြားသော မြန်မာစာအထူးပြု များထက် အလွန်အမင်း မယုတ်လျော့သည့် လေ့လာသင်ကြားမှုများ ရှိသည်ကို လက်ခံရပေမည်သာတည်း။

#မိမိအနေဖြင့်မူ ကျောင်းတက်စဉ်ကာလတစ်လျောက်မှာ မြန်မာစာ ဂုဏ်ထူး မရရှိခဲ့ဖူးပါဘူး။ သာမန် အောင်မှတ်နဲ့ပဲ ကျေနပ်ခဲ့တာပါ။ စာဖြေစဉ် အချိန်ရသော်လည်း စာစီစာကုံးကို အချိန်ပေးကာ များများစားစား ရေးလေ့မရှိခဲ့တဲ့အတွက်ပါ။

သို့သော်…အခြားသော ပုစ္ဆာများကို ဖြေဆိုရင်းဖြင့် ယေဘုယျ အောင်မှတ်သာသာဖြင့်သာ အောင်မြင်ခဲ့ပြီး ကျရှုံးခြင်းလည်းမရှိခဲ့ဘူးသည့်ဘာသာရပ် တစ်ခုဖြစ်ပေသည်။

သို့အတွက် အရေးအသားကောင်းသည့် ညီနောင်များကို အားကျကာ မုဒိတာပီတိ ပွားမိခဲ့ရသလို ခုချိန်ထိ မိမိအနေဖြင့် မြန်မာစာအနေဖြင့် ဆောင်းပါးတစ်ပုဒ်၊ စာတစ်ပုဒ်ဖြစ်အောင် အတော်လေး အရေးလေ့ကျင့်နေရဆဲဖြစ်သည်မို့….။

ထာဝရတက္ကသီလ (မန်း)ရဲ့ မြန်မာစာ လေ့လာဆဲ ကျောင်းသားဟောင်းကြီးပါ… ဟု။


#သာသနတက္ကသီလဓမ္မာစရိယ=B.A (Buddhism) ဟူသည် (၄)#

         

#နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့ရဲ့ ရည်ရွယ်ချက်များတွင်

(ဂ) ပြည်တွင်း/ပြည်ပ သာသနာပြုနိုင်စွမ်းသော ရဟန်းတော်များ ပေါ်ပေါက်စေရန်နှင့် အထူးအားဖြင့် သင်တန်းသားရဟန်းသံဃာများအား

ဆင်းရဲချမ်းသာမရွေး၊ ကျေးလက် တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓာတ်မျိုး အလေ့ အကျင့်မျိုးရရှိအောင် ဆောင်ရွက်ပေးရန်…

ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တက္ကသီလဓမ္မာစရိယများအတွက် ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန ထည့်သွင်းလျက် အင်္ဂလိပ်ဘာသာရပ် တစ်ခုကိုလည်း လေ့လာသင်ကြားရသေးသည်။

#ယနေ့ မိတ်ဆက်တင်ပြလိုသည်က ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာ ဘာသာရပ် အကြောင်းကို သိကောင်းစရာ တစေ့တကြောင်းအဖြစ် တင်ပြလိုက်ရပေသည်။

#အင်္ဂလိပ်ဘာသာစကားနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အမျိုးသားရေးအားသန်ခဲ့ကြသည့် မထေရ်အချို့က ကျွန်စာ၊ခွေးစာ၊ တိရိစ္ဆာနဝိဇ္ဇာအဖြစ်သတ်မှတ်ကာ အတော်လေး အကြီးအကျယ် ရှုတ်ချတော်မူခဲ့ဘူးလို့ အစဉ်အဆက် မှတ်သားခဲ့ရဘူးပါတယ်။

သို့သော်… နောက်ပိုင်း ရှင်ဥက္ကဋ္ဌ၊ ရှင်အာဒိစ္စဝံသ၊ အရှင်သေဋ္ဌိလ စသည်တို့ ကမ္ဘာနှင့်ရင်ဘောင်တန်းကာ သာသနာပြု နိုင်ခဲ့ကြသည်မှ စတင်ကာ

မျက်မှောက်ခေတ်တွင် ကြားခံ ဘာသာစကားတစ်ခုအနေဖြင့် လိုအပ်သည့် ဘာသာရပ်တစ်ခုဖြစ်ကြောင်း အများစု လက်ခံလာကြပြီဖြစ်လေသည်။

#အမှန်စင်စစ် မိမိမှာ ငယ်စဉ်က အတန်းပညာ မသင်ခဲ့ရသူမို့ အင်္ဂလိပ်စာနှင့်ပတ်သက်၍မူ တက္ကသိုလ်စတင်သည့်အချိန်မှ အေဘီစီ မှစတင်ကာ သင်ကြားခဲ့ရခြင်းဖြစ်သည်ကို ဦးစွာ ၀န်ခံလိုပါသည်။

#အမှတ်တရ ရှိခဲ့သည့် ပထမဆုံး အင်္ဂလိပ်စာ သင်ခန်းစာများအဖြစ် Phonetic Symbols များကို ထိုစဉ်အခါက ပါမောက္ခချုပ်ဆရာတော်က သင်ကြားပေးလေသည်။

ထိုဆရာတော်မှာ ရန်ကုန် နပသ မှ ပြောင်းလဲတာ၀န်ယူသည်မို့ နာမည်ပြောင်ကိုတော့ ရန်ကုန် နပသ ညီနောင်များက ပိုသိလိမ့်မည်ဖြစ်သည်။

verb များကို -ing ဆက်သည့်အခါ ….ခြင်ထောင်သံလေးနဲ့ ထွက်ရတယ်ကွ… ဟူ၍ သင်ကြားပေးခဲ့ပြီး ဆရာတော်ကိုယ်တိုင် ပါးစပ်မှ တံတွေးများထွက်သည်အထိ မိမိတို့အား စေတနာ ပါပါ သင်ကြားပေးခဲ့လေသည်။ (ဤစာဖြင့် ဦးတော်တင်လိုက်ပါသည်ဘုရား။)

#ဘာသာစကားတစ်ခုကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားရသည့် မိမိတို့အတွက် လေးနှစ်တာ သည် မနည်းလွန်း၊ မများလွန်းသည့် အချိန်ကာလ တစ်ခုပင် ဖြစ်ပါသည်။

သို့သော်… တကယ်စိတ်၀င်တစား လေ့လာမည်ဆိုပါမူ အင်္ဂလိပ်ဘာသာစကား တစ်ခုကို ပုံမှန်ဉာဏ်ရည်ရှိသူ ရဟန်းတော်တစ်ပါးအတွက် ၂ နှစ်ဖြင့် လုံလောက်သည်ဟု မိမိကတော့ သုံးသပ်လိုသည်။

#အကယ်စင်စစ် လေးနှစ်တာ သင်ကြားပြီးသူတစ်ယောက်အနေဖြင့် ကျောင်းပြီးချိန်တွင် အခြေခံပညာအထက်တန်းအဆင့်ထက် မနိမ့်သည့် အင်္ဂလိပ်ဘာသာရပ်ကို အတော်အတန်သင့် တတ်မြောက်ပြီးဖြစ်သည်သာ။


#ချွင်းချက်အနေအားဖြင့်…

ဝါသနာ လုံး၀မပါသူ ဖြစ်စေကာမူ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်သင်ကြားပေးဖို့ လုံလောက်နေပြီဖြစ်သည်။

#အင်္ဂလိပ်ဘာသာစကားသည် Living language ဖြစ်သည့်အားလျော်စွာ grammar စာအုပ်များနှင့်ပတ်သက်ကာမူ သီးသန့် တင်းကြပ်စွာ ပြဌာန်းထားခြင်းမရှိပါဘူး။

၂၀၀၀ ခုနှစ်အကြို ခေတ်များကမူ သီးသန့် စာအုပ်အသေးလေးများ ရိုက်နှိပ်ကာ သင်ကြားစေခဲ့သော်လည်း နှောင်းခေတ်တွင်မူ

#မိမိတို့ န.ပ.သ (မန်း) ပထမနှစ်အတွက် အခြေခံသက်သက်ကိုသာ သင်ကြားစေပြီး ဒုတိယနှစ်မှ စတင်ကာ

Raymond Murphy and Surai တို့ရဲ့ English Grammar in Use (အနီ၊အပြာ၊အစိမ်း) သုံးအုပ်ကို level အလိုက်ခွဲခြားကာ သင်ကြားစေခဲ့တာပါ။

Reading Text အနေနဲ့ကတော့ ဒေါ်မြတင် ဘာသာပြန်တဲ့ ဓမ္မပဒ ကို အတန်းအလိုက် စာမျက်နှာခွဲကာ သင်မှတ်သင်ကြားစေခဲ့ပါတယ်။


##အတန်းအလိုက် သတ်မှတ် ပြဌာန်းချက်များကို အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ လေ့လာကြည့်ရအောင်ပါ….။


B.A (1st Yr)

E. 101: (a) Basic English Structures and Basic Vocabulary of Common Use.

E. 101: (b) Basic Grammar writing a limited vocabulary

E. 101: (c) Simple Idiomatic Usage & Study of Buddhist terms and expressions

E. 102: (d) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 101: (e) Prescribed Texts

(1) Readers I to III – Specially prepared for SPSU, and approved by the Central Administrative Board of SPSU

(2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

E. 102: (2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

B.A (2nd Yr)

E. 201 (a) Grammar & Vocabulary Development

E. 201 (b) Study of Idioms & Usage

E. 201 (c) Paragraph-writing & Writing short informal letters

E. 201 (d) Prescribed Texts

(1) Readers IV to VIII, Specially prepared for SPSU, and approved by the Central Administrative Board of SPSU

(2) A Dictionary of Buddhist Terms specially prepared for SPSU, and approved by the Central Administrative Board of SPSU

E. 201 (e) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 202 (f) DHAMMAPADA

For detailed and comprehensive study

Yamaka Vagga

(1) Reading Comprehension Practice

(2) Study of Syntax, Canonical Terms and Usage

(3) Summary - Writing

(4) Study of new words & word forms

B.A (3rd Yr)

E. 301 (a) Simple, Compound & Complex Sentences

E. 301 (b) Revision of Tenses

E. 301 (c) The Passive Form

E. 301 (d) Reported Speech

E. 301 (e) Transformation of Sentences

E. 301 (f) Study of Canonical terms selected from Tripitaka Texts

E. 301 Prescribed Text

(1) Reader IX, specially prepared for SPSU and approved by the Central Administrative Board of SPSU

(2) Selection of Buddhist Terms by the Ministry of Religious Affairs

E. 301 (g) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 302 (h) DHAMMAPADA

For detailed and comprehensive study

Appamada Vagga

(1) Comprehension Exercises

(2) Study of Syntax, Canonical Terms and Usage

(3) Summary - Writing

(4) Study of new words & word forms

(5) Enumerating Facts & Ideas

B.A (4th Yr)

E. 401 (a) To study how to construct Combining Sentences

(b) Transformation of Sentences (Continued)

(c) Study of Phrasal Verbs & Idioms

(d) Study of Word Forms in Sentences

(e) Study of Phonetic Symbols for Practical Use

(f) Speech Practice

E. 401 Reading Books

(i) Reader X and Special Essays Prepared for SPSU, and approved by the Central Administrative Board of SPSU

(ii) Selection of Buddhist Terms by the ministry of Religious Affairs

E. 401 (g) Translation Practice

(1) English into Myanmar

(2) Myanmar into English

E. 402 (h) DHAMMAPADA

For a detailed and comprehensive study

Citta Vagga

(1) Comprehension Exercises

(2) Study of Syntax, Canonical Terms, and Usage,

(3) Note-Writing & Summarizing

(4) Using new words in sentences

ဒါကတော့ အခြေခံသတ်မှတ် ပြဌာန်းချက်များပဲ ဖြစ်ပါတယ်။

#မိမိဖြတ်သန်းခဲ့သမျှ အတွေ့အကြုံ အချို့ကို မကွယ်မဝှက် ပြောပြလိုပါသည်။

ငယ်စဉ်က တန်းကျောင်းမနေခဲ့ရဘူးသည့် မိမိအနေဖြင့် အင်္ဂလိပ်မတတ်သည်ကို တက္ကသိုလ်မတက်ခင် ရဟန်းတစ်ပါးအနေဖြင့် မည်သည့်ခံစားချက်မှ မရှိစဖူးခဲ့…။

#သို့သော်… တက္ကသီလာအောက်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်အနေဖြင့်မူ မိမိကိုယ်မိမိ အားရကျေနပ်မှု မရှိခဲ့ပါ။

#န.ပ.သ (မန်း) တွင် အစဉ်အလာတစ်ခုအဖြစ် အင်္ဂလိပ်ဘာသာ နှင့်ပတ်သက်ကာ အချိန်ပိုအဖြစ် ကိုယ်ပိုင်ချိန်များတွင် ဆရာများ၊ စီနီယာ ကျောင်းသားများက သင်ကြားပို့ချလေ့ရှိပါသည်။

အင်္ဂလိပ်သဒ္ဒါ ဘာသာပြန်စာအုပ်အချို့လည်း ထိုစဉ်က ထွက်ပေါ်ခဲ့ဘူးပါတယ်။

လက်ရှိ မော်ကွန်းထိန်းဆရာတော်ဘာသာပြန်ဆိုသည့် English Grammar in Use (Intermediate Level) စာအုပ်က ကျောင်းသားများလက်စွဲသဖွယ် ဖြစ်ခဲ့ပါတယ်။

ရိုးရာမပြတ် တက္ကသိုလ်အခေါ် ဝါကျနှစ်ဆယ်နှင့် stylistic transformation grammar များကို

ထိုစဉ်က ပြန့်ပွားဌာန ကထိက ဘဒ္ဒန္တဝိမလ (ယခု၊ သုပြန့်ထုတ် ဌာန)၏ ကျေးဇူးကား မိမိအတွက်မူ ကြီးမားသည့် ကျေးဇူးရှင်အဖြစ်မှတ်တမ်းတင်မိရပါသည်။

#ထို့နောက် Reading Class အဖြစ် ထိုစဉ်က ဓမ္မဓရ ဒေါက်တာ ကုမာရ မှလည်း ညစဉ် ဗုဒ္ဓဘာသာဆိုင်ရာ ခေါင်းစဉ်ငယ်လေးများအား ဖတ်ကြားကာသင်ကြားပေးခဲ့လေသည်။

#တက္ကသိုလ်တက်ရောက်လာသည့် ကျောင်းသားများမှာ ဒုတိယနှစ်လောက်ဆို မိမိဝါသနာပိုင်းကို တစ်စိုက်မတ်မတ်လျောက်လှမ်းဖို့ အချိန်ကောင်းတစ်ခုပင်ဖြစ်သည်။

ပါဠိစာပေဝါသနာပါသူ။ အင်္ဂလိပ်စာပေဝါသနာပါသူ။ မြန်မာစာအရေးအသားဝါသနာပါသူ။ သမိုင်းနှင့် ကမ္ဘာ့ဘာသာကြီးများအကြောင်း ဝါသနာပါသူ ဟု အကြမ်းအားဖြင့် လေးအုပ်စုလောက်ခွဲခြားကြည့်လို့ရမှာ။

#ထိုအထဲတွင်မိမိသည်ကား အကုန်လုံးဝါသနာပါသူ ဖြစ်နေခဲ့လေတော့သည်…

သို့တည်းအတွက် စုံသော်မချွန်ရာ၊ ချွန်သော်မစုံရာ ဟူသည့်အတိုင်း ဘယ်နေရာမှတော့ ထူးချွန်သည့် စာရင်းမ၀င်ခဲ့ပါဘူး။

#မန်း နပသ ရဲ့ တည်နေရာမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်၀င်တစားလာရောက်လေ့ရှိသည့်

ရွှေကျောင်းနှင့် မျက်နှာချင်းဆိုင်မို့ နိုင်ငံခြားသားများနှင့် အစဉ်မပြတ် ထိတွေ့ဆက်ဆံခွင့် ရခြင်းသည်ကား အားသာချက်တစ်ခု ဟု ဆိုရပေတော့မည်။

#ဟုတ် ဟုတ်၊ မဟုတ်ဟုတ်၊ Hi, Nice to meet you! Where’re you from? စသည်ဖြင့် အာစ လျာစ ရှိသူများအတွက် နှုတ်စမ်းစရာ နေရာဖြစ်ပေတော့သည်သာ။

စီနီယာ နောင်ကြီးများ ကုသိုလ်တော်၊ စန္ဒာမုနိ၊ မန်းတောင်ပေါ်များကို တက်ရောက်ကာ လေ့ကျင့်ကြသည်ကို ပထမနှစ်တွင် လေ့လာသင်ယူခဲ့ပြီး ဒုတိယနှစ်တွင် ကိုယ်တိုင် တက်ရောက်ကာ လေ့ကျင့်ခဲ့လေသည်။ သို့အတွက် စကားပြောအတွက် ၁ နှစ်သည် လုံလောက်ပြီဖြစ်သည်။

ထို့နောက် စာကြည့်တိုက်တွင် လှူ ထားသည့် ထိုင်၀မ် မလေးမှ မဟာယာန စာပေများ၊ အခြားသော ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာအုပ်များကို ငှားကာ တစ်ပတ်လျှင် ခေါင်းစဉ်တစ်ခုစာ မှတ်စုထုတ်ပါတယ်။ ပြီးရင် နိုင်ငံခြားသားများနဲ့ လက်တွေ့ ဆွေးနွေးပါတယ်။ ဒါကတော့ မိမိဖြတ်သန်းခဲ့တဲ့ အခြေအနေအချို့ပါ။

#အထက်ပါ အခြေအနေများကို သုံးသပ်ကြည့်ရသော်….

#တက္ကသီလ ကျောင်းသား ရဟန်းတော်အများစုဟာ အင်္ဂလိပ်စာအထူးပြု ကျောင်းသားများလောက် ထူးချွန်ထက်မြတ်မှု မရှိဟု ဆိုနိုင်သော်လည်း အခြား အထောက်အကူအဖြစ် သင်ကြားရသည့် Bachelor သမားများအောက် နိမ့်ကျသည့် အရည်အသွေးမရှိ ဟု ဆိုချင်ပါသည်။

#တက္ကသီလာမှာ လေးနှစ်တာ သင်ယူခဲ့ပြီးနောက် တောင်တန်းတွင် တာ၀န်ထမ်းဆောင်စဉ်မှာတော့ ရေဒီယိုတစ်လုံးကို လက်ကိုင်ထားလျက် အင်္ဂလိပ်အစီအစဉ်များကို နားထောင်ကာ အဆက်မပြတ်စေခဲ့ဘဲနောက်ထပ် သီးသန့် သင်တန်းတစ်စုံတစ်ရာ တတ်ခြင်းမရှိပဲ မြန်မာပြည်တွင်းက ထေရဝါဒ ၀င်ခွင့်စာမေးပွဲ၊ ထိုင်းနိုင်ငံ IBC တွင် မာစတာတန်းအတွက် ၀င်ခွင့်/ မဟာချူလာလောင်ကွန်တက္ကသိုလ်မှာ မာစတာနဲ့ ပါရဂူ ပြီးမြောက်သည်အထိ လေ့လာ သင်ယူနိုင်ခဲ့ပါတယ်။

#ဘာသာရပ်တစ်ခုအဖြစ်မှသည် ဘာသာစကားတစ်ခုအဖြစ် ချဉ်းကပ်လေ့လာ ခြင်းက ပိုမိုထိရောက်သည့် အနေအထားတစ်ခုအဖြစ် သုံးသပ်လိုပါသည်။ ယခုလည်း မိမိအနေဖြင့် အလုံးစုံ တတ်မြောက်သည်ဟု မဆိုနိုင်သေးပဲ နေ့စဉ်နှင့်အမျှ လေ့လာ သင်ယူနေဆဲသာဖြစ်ပါတယ်။

#သို့အတွက်….။ ထာ၀ရ အင်္ဂလိပ်စာပေလေ့လာဆဲ ကျောင်းသားတစ်ယောက်မျှသာဖြစ်ပါတယ်…..။


#သာသနတက္ကသီလဓမ္မာစရိယ= B.A (Buddhism) ဟူသည် (၅)#

         

#နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများတည်ထောင်စဉ်အခါက

မင်းကွန်းဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်သည်ဟုဆိုသော်လည်း ပထမဆုံးအကြိမ်အဖြစ် သံဃာ့ ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီးမှ ချမှတ်ခဲ့သော

ပရိယတ္တိဆိုင်ရာ မူဝါများကို ဦးထိပ်ပန်ဆင်လျက် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများရဲ့ သြဝါဒနဲ့ အညီ ဖွင့်လှစ်ခဲ့တာပါ။

သာသနာပြု ရည်ရွယ်ချက်များဖြစ်သည့် …

(ဂ) ပြည်တွင်း၊ ပြည်ပ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်စေရန်နှင့်

အထူးအားဖြင့် သင်တန်းသား ရဟန်းသံဃာများအား ဆင်းရဲ ချမ်းသာမရွေး ကျေးလက်တောရွာပါမကျန် နေထိုင်သီတင်းသုံး၍

သာသနာပြုနိုင်သည့် စိတ်ဓာတ်မျိုး အလေ့အကျင့်မျိုးရရှိအောင် ဆောင်ရွက်ပေးရန်၊

ထို့နောက် နောက်ဆုံးဖြစ်သည့် (ဃ)လူအများ တွေ့ကြုံ ခံစားနေရသော ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရခြင်း၊ နှလုံးမသာယခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို

ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ဖြင့် သက်သာပျောက်ကင်းစေရန်… ဟူသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျက်ရှိပေသည်။

#လေ့လာသင်ယူကြရသည့် ဘာသာရပ်များထဲမှ ယနေ့ တင်ပြမိတ်ဆက်လိုသည့်ဘာသာရပ်မှာ ...

ဗုဒ္ဓသာသနာနှင့် အခြားဘာသာရေးများ သမိုင်းဌာန ဖြစ်ပြီး ဗုဒ္ဓဒေသနာပြန့်ပွားရေး ဘာသာရပ်အကြောင်းပဲ ဖြစ်ပါတယ်။

ဤဌာနသည် ဗုဒ္ဓသာသနာ သမိုင်း၊ ပါဠိစာပေ သမိုင်းကို အခြေခံလျက် ဗုဒ္ဓဘာသာဝင်နိုင်ငံများ၏ သမိုင်းများ၊ အခြားသော ဘာသာများ၏ သမိုင်းများကို ယဉ်ကျေးမှု ရှူ့ထောင့်၊ အတွေးအခေါ် ရှူ့ထောင့်၊ ပထဝီရှုထောင့်များစသည့် ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးသော ဌာနဖြစ်ပေသည်။

ဤဘာသာရပ်ကိုတော့ ကျောင်းသားအများစုက သဘောကျ နှစ်ခြိုက်လေ့ရှိသည်ကို တွေ့မြင်ရမှာပါ။

အကြောင်းမှာ… ယခင်က မိမိတို့ ပြင်ပတွင် မလေ့လာဖြစ်ခဲ့သည့် ပထဝီဆိုင်ရာများ၊

အတွေးအခေါ် ဖလော်ပိုင်းဆိုင်ရာများ၊ ရာဇင်ဝင်များ၊ သမိုင်းအနေအထားများကို လေ့လာခွင့်ရကြပြီး

အခြားသော ကိုးကွယ်ယုံကြည်မှု ဆိုင်ရာများကိုလည်း အနှစ်ချုပ်ကာ လေ့လာ သင်ကြားခွင့်ရကြသည်မို့ စိတ်ဝင်စားကြခြင်းဖြစ်ဟန်တူပေသည်။

ထိုနည်းတူစွာ ဉာဏ်ရည်ထက်မြတ်သူတို့ မဆိုထားဘိ မိမိကဲ့သို့ အသင့်အတင့်သာ ရှိသူ တစ်ဦးအနေဖြင့်လည်း ကျက်ရမှတ်ရ အရမ်းမခက်ခဲသည်လည်း ပါမည်ထင်ပေသည်။

ဦးစွာပထမ… ပြဌာန်းကျမ်းစာများကို လေ့လာကြည့်ရအောင်ပါ….။

အဓိကပြဌာန်းကျမ်းစာအုပ်များမှာ အောက်ပါအတိုင်းဖြစ်သည်ကို တွေ့ရမှာပါ။

၁။ သာသနာလင်္ကာရစာတမ်း

၂။ သာသနာ့ဗဟုသုတပ်ပကာသနီ

၃။ ဗုဒ္ဓနိုင်ငံတော် (ပ၊ဒု)

၄။ ပိဋကတ်တော်သမိုင်း

၅။ပါဠိစာပေသမိုင်း

၆။ မြန်မာနိုင်ငံသမိုင်း

၇။ မြန်မာနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာ စစ်တမ်း

၈။ ဘာသာကြီးလေးခု အနှစ်သာရများ

၉။ မဟာဝံသပါဠိ (ပ၊ဒု)

၁၀။ မဟာဝင်ဝတ္ထု

၁၁။ သာသနာ့ဝိသုဒ်ဓိဒီပကပါဠိ

၁၂။ ဝံသဒီပနီ

၁၃။ ဝေဒယဉ်ကျေးမှုနှင့် ဘာသာရေးအတွေးအခေါ်

၁၄။ ဗုဒ္ဓသာသနိကပထဝီဝင်

၁၅။ ကမ္ဘာ့ ပထဝီ၊ မြန်မာ့ပထဝီ

၁၆။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိ

၁၇၊ ပါရာဇိကဏ် အဋ္ဌကထာ နိဒါနကထာ

၁၈။ သီဟိုဠ် လင်းရောင်ခြည်

၁၉။ သာသနာ ၂၅၀၀ ခရီး

၂၀။ အိန္ဒိယ မြန်မာ ဗုဒ္ဓဘာသာ

၂၁။ မြန်မာနိုင်ငံ သာသနာပြု အသင်းအဖွဲ့များ … စသည်တို့ ဖြစ်ကြသည်။

ထို့နောက် အထောက်အကူပြု ကျမ်းစာများအနေဖြင့်….

၁။ တိပိဋက ပါဠိမြန်မာအဘိဓာန် နိဒါန်းတိပိဋကပါဠိမွနျမာအဘိဓာနျနိဒါနျး

၂။ ဝိသုဒ္ဓိမဂ်နိဒါန်း

၃။ ကလျာဏီ မွန်ကျောက်စာ (မြန်မာပြန်)

၄။ လက်တွေ့ ဗုဒ္ဓဘာသာ

၅။ စင်ကြယ်သော ဗုဒ္ဓဘာသာ

၆။ ရှေးဟောင်းမြန်မာနိုင်ငံသမိုင်း

၇။ ကမ္ဘာ့ဘာသာကြီးများ လက်စွဲ

၈။ မြန်မာရာဇဝင်ကျမ်းများ

၉။ ဗုဒ္ဓနောက်ပါးမှ ကမ္ဘာ့လူသားများ

၁၀။ သားချင်းတို့အကြောင်းတစေ့တစောင်း

၁၁။ တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ

၁၂။ Men Seeking God (Christopher Mayhew)

၁၃။ Burma through Alien Eyes (Helen Trager)

၁၄။ Vedanta and Buddhism

၁၅။ Guide to Tipitaka (U Ko Lay)

၁၆။ Pali Literature in Burma (Mable Bode)

၁၇။ 2500 Years of Buddhism

၁၈။ History of Ceylon (Walpola Rahula)

၁၉။ The Western Contribution of Buddhism (William Pairis)

၂၀။ The Buddha and five after centuries (Sukumar Dutt)

၂၁။ Folk Elements in Burmese Buddhism by Manung Htin Aung

၂၂။ Lecture notes on Eastern & Western Philosophy

၂၃။ Lecture notes on Ethics

၂၄။ Travel notes of Fahien…. စသည်တို့ဖြစ်ပေသည်။

တက္ကသီလကျောင်းသားများအနေဖြင့် ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်ကို သင်ကြားရသည့်အခါ

ယခင်က စွဲလမ်းတတ်လေ့ရှိသည့် လူမျိုးရေးအစွဲ ဂိုဏ်းဂဏအစွဲ ပုဂ္ဂိုလ်အစွဲများကို လျော့ပါးပြေပျောက်စေသည်ကတော့ ဧကန်မုချ တွေ့မြင်ရလေ့ ရှိသည်သာ။

ချွင်းခြက်အားဖြင့် အစွဲကြီးသူအချို့တော့ ကျန်ကောင်း ကျန်မည်ဖြစ်သော်လည်း ၉၀%ရာခိုင်နှုန်းခန့် အသိအမြင်များ ပွင့်လင်းလာစေသည်ကိုမူ ရဲရဲကြီး အာမခံလိုပါသည်။

လက်ရှိ ဌာနမှူးဆရာတော်မှာ ယမန်နှစ်တွင် ဓမ္မပါရဂူဘွဲ့အတွက် ကျမ်းတင် ပြီးမြောက်ကာ ဓမ္မပါရဂူဘွဲ့ရ ဆရာတော်ဖြစ်လာပြီး မိမိတို့အား သင်ကြားပြသပေးသည့် ဘာသာရပ်များမှာ

ပါဠိစာပေ သမိုင်းဆိုင်ရာများကို အဓိကထား သင်ကြားပေးလေသည်။

မိမိတို့ဘဝအတွက် ပထမဆုံး Geography များကို သင်ကြားပေးသည့် ဆရာမှာ လက်ရှိ ဌာနတွင် တာဝန်ထမ်းဆောင်ဆဲ ဒေါက်တာဘဒ္ဒန္တပရမ (ကထိက၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးဌာန) ဖြစ်သည်။

ယခုအချိန်ထိ ကျောင်းသားများ၏ ရင်ထဲမှာ သူသင်ကြားခဲ့သည့် ပုံရိပ်များစွဲကျန်နေသည်အထိ အသင်အပြကောင်းသည့် ဆရာတစ်ပါးဖြစ်ပြီး ကျောင်းသားများ၏ ချစ်ခင်မှုကို အမြဲရလေ့ရှိသည့်

ဆရာဖြစ်လေသည်။ Glaxy, Milkey way … သည့် ဝေါဟာရများကို မိမိတို့အတွက် စတင်မိတ်ဆက်ပေးခဲ့ပြီး နပသတွင် မြေပုံဆွဲသည့် ဆရာများတွင် သူ့အား မှီသူမရှိဟုပင် ထင်ရလောက်အောင်

ကမ္ဘာ့မြေပုံ၊ မြန်မာ့မြေပုံများကို သေသေချာချာ သင်ပြပေးပါသည်။

တစ်ဖန် အနောက်တိုင်း ဒဿနများကို သင်ကြားပေးခဲ့သည့် ဆရာမှာ ဘဒ္ဒန္တဝိမလ (ကထိက) ဆရာတော်ဖြစ်ပြီး Thales, Anaximander, Plato… စသည့် အနောက်တိုင်းဒဿနများကို

စနစ်တကျ သင်ကြားပေးခဲ့တာပါ။ ထို့နောက် ကထိကဆရာတစ်ပါးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တသာသန သည်လည်း အရှေ့တိုင်းနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို သင်ကြားပေးခဲ့လေသည်။

နောက်ဆုံး ကမ္ဘာ့ဘာသာကြီးများနှင့် ပတ်သက်ကာ မိမိစာတမ်း စာစစ်တာဝန်ကျ ဆရာဖြစ်သည့် ဘဒ္ဒန္တပညာသာမိဖြစ်လေသည်။

အခြားဘာသာများ၏ ကိုးကွယ်ယုံကြည်မှုများ ဓလေ့ထုံးတမ်းစဉ်လာများကို စနစ်တကျ စုဆောင်းကာ သင်ကြားပြသပေးသည့် ဆရာတစ်ပါးဖြစ်ပြီး

မိမိစာတမ်းဖြစ်သည့် ..အစ္စလာမ်ဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လေ့လာခြင်း… ခေါင်းစဉ်အား

အကြံပေးဆွေးနွေးကာ စစ်ဆေးအတည်ပြုပေးသည့် ဆရာလည်းဖြစ်သည်။

ဤဘာသာရပ်ကို သင်ကြားခွင့်ရသည့်အတွက်…

အကျိုးဆက်အနေအားဖြင့်…

၁။ မတူညီသော ဘာသာတရားများအပေါ် နားလည်မှု စွမ်းအားများပိုမိုများပြားလာသဖြင့် မလိုလားအပ်သည့် ဘာသာရေးပြဿနာများကို ရှောင်ရှားလာတတ်ခြင်း။

၂။ အရှေ့တိုင်း၊ အနောက်တိုင်း ဒဿနပညာရပ်များကို စနစ်တကျ လေ့လာခွင့်ရသဖြင့် ကိုယ်ပိုင်အတွေးအခေါ်များမှသည် အဆင့်မြင့် ဒဿနပညာရပ်များကို လေ့လာဆည်းပူးလာနိုင်ခြင်း

၃။ ဌာနေ တိုင်းရင်းသားများရဲ့ မတူညီသော ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို စာနာ၊ နားလည်တတ်လာပြီး မလိုလားအပ်သည့် လူမျိုးရေးခွဲခြားမှု ပြဿနာများကို ရှောင်ရှားနိုင်ခြင်း၊

၄။ ကမ္ဘာ့ပထဝီ၊ မြန်မာ့ပထဝီဝင်များကို လေ့လာခွင့်ရသဖြင့် နေရာဒေသအလိုက် ရာသီဥတု အနေအထားများကို သုံးသပ်ဆင်ခြင်နိုင်ပြီး မိမိသူတစ်ပါး အများစုအား ကျန်းမာရေးစောင့်ရှောက်မှု ပြုနိုင်ခြင်း

၅။ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်း၊ ပါဠိစာပေ သမိုင်းများကို လေ့လာခွင့်ရသဖြင့် ရာဇဝင်အဆင့်မှသည် စနစ်တကျ သုတေသနပြုလျက် သမိုင်းအချက်အလက်များကို လေ့လာနိုင်စွမ်း တိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပေသည်။

အချုပ်အားဖြင့်….အခြားသော နည်းပြဆရာတော်များအဝင်အပါ မိမိတို့ကဲ့သို့ စာသင်နုနယ် ကျောင်းသားငယ်လေးများအား အတွေးအခေါ်၊

အမြင်အယူအဆများကို ကျယ်ကျယ်ပြန့်ပြန့် တွေးတတ်၊ ခေါ်တတ်၊ ဆက်ဆံတတ်လာအောင် သင်ကြားပြသပေးခဲ့သည့်

ဗုဒ္ဓသာသနာနှင့် အခြားဘာသာရေးများ သမိုင်းဌာနမှ ဆရာအပေါင်းအား ဤစာစုဖြင့် ဦးထိပ်တင် ကန်တော့ပန်းဆင်လိုက်ရပေတော့သည်သာတည်း….။


#သာသနတက္ကသီလဓမ္မာစရိယ=B.A (Buddhism) ဟူသည် (၆)#

         


#သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တစ်ခုအတွက် စာသင်သား တစ်ပါးအနေဖြင့် အနည်းဆုံး (၆) နှစ်ဖြစ်ပြီး

ပါဠိတော်၊ အဋ္ဌကထာ ကျမ်းများကို လေ့လာချိန်က အနည်းဆုံး လေးနှစ် ထိတွေ့ကာ လေ့လာသင်ယူကြရပါတယ်။

စာသင်တိုက်မှာလို လုပ်ချင်လုပ်မယ်၊ မလုပ်ချင် မလုပ်ဘူး နေလို့မရပါဘူး၊ ဘာလို့လည်းဆိုတော့ နှစ်အကန့်အသတ်နဲ့ နေခွင့်ရသည့်နေရာမို့

စာမေးပွဲကျလျှင် ထုတ်ပယ်ခံရမှာဖြစ်တဲ့အတွက် ဆိုင်ရာအတန်းအလိုက် သတ်မှတ်ပြဌာန်းစာများကို မဖြစ်မနေ အရကျက်ရခြင်း၊ သဘောပေါက်နားလည်အောင် ကျိုးစားရမှာ ဖြစ်သည်။

#ဒီနေရာမှာ မိမိကိုယ်တိုင် ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် ကိုယ်ပိုင်အတွေ့အကြုံအချို့ကို တင်ပြလိုပါတယ်။

#တက်ရောက်ခွင့်ရ ကျောင်းသားများအနေဖြင့်လည်း အတော်သတိကြီးကြီးထားရပါတယ်။

တက်ခွင့်မရသည်က ကိစ္စမရှိ၊ တက်ပြီးမှ ဘွဲ့မရခဲ့သည် ရှိသော် ဆိုသည့်အသိက အတော်လေး ဖိအားတစ်ခုသဖွယ် ရုန်းကန်ကြိုးစားရတာပါ။

အချို့သော… ကျောင်းသားများမှာ ပြင်ပ သာသနဓဇ ပြီးမြောက်ပြီးမှ ၀င်ရောက်သည့်အခါ

ယခင်က မဟာတန်းအတွက် တိုက်ရိုက်၀င်ခွင့်မရပဲ တက္ကသီလဓမ္မာစရိယ လေးနှစ်ထပ်မံ တက်ရောက်ရသည့်အတွက် ကျမ်းရင်းများကို ပြန်လည်သင်ယူနေရသဖြင့်ငြီးငွေ့ဖြစ်တတ်သည်။

သို့သော် … ယခုအခါ တိုက်ရိုက် မဟာတန်းကို ၀င်ခွင့်ဖြေဆိုနိုင်သည့်အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်မို့ ထိုကိစ္စအတွက် စိတ်ပူစရာ မလိုဟု ဆိုရပေမည်။

မဟာတန်း၀င်ခွင့်မေးခွန်းအနေအားဖြင့်… ကျမ်းရင်းကို ကျွမ်းကျင်မှု ရှိ၊ မရှိ နှင့် အထွေထွေ ဗဟုသုတမေးခွန်းများသာ ဖြစ်ပါတယ်။

#ထို့အတူ အသက်မှီသည့် ညီနောင်များအတွက်လည်း ပြည်ပမထွက်ပဲ ကိုယ့်တက္ကသိုလ်မှာပင် ပြန်လည်ကာ ၀င်ခွင့်ဖြေဆိုခွင့်ရရှိစေနိုင်မှာဖြစ်ပါတယ်။

#ကျောင်းသားများအနေဖြင့်မူ ယေဘုယျအားဖြင့် ၁။ Super Hyper (ဉာဏ်ကြီးရှင်အုပ်စု)၊ ၂။ Common (သာမန်အုပ်စု) ဟု နှစ်မျိုးခွဲခြားလို့ ခွဲခြားကြည့်လို့ရမှာပါ။

နှစ်စဉ် ရန်ကုန်၊ မန္တလေး နှစ်ခုပေါင်း ၀င်ခွင့်ကျောင်းသား တစ်ထောင် ၀န်းကျင်ခန့်မှ နှစ်ခုပေါင်း ၁၅၀ ခန့်သာ ရွေးချယ်ကာ တက်ရောက်ခွင့် ရကြတာပါ။

#တက္ကသီလဓမ္မာစရိယအတွက်…

ကျမ်းရင်းသုံးကျမ်းကို ကျွမ်းကျင်မှုရှိစေရန် ရှေးရှုကာ အဓိကထားပြီး မေဂျာ ဘာသာရပ်အဖြစ် ပြဌာန်းထားသည်မို့ ပြင်ပကျမ်းရင်း လေ့လာခဲ့ခြင်းမရှိခဲ့မူ အတော်လေး ပင်ပန်းနိုင်ပါတယ်။

သို့အတွက် မိမိက နပသ တက်ရောက်လိုသည့် ညီငယ်များကို ဦးစွာ စာချတန်းအခြေခံများ ပြင်ပတွင် မိမိဉာဏ်ရည်အလိုက် လေ့လာပြီးမှသာ ၀င်ရောက်စေလိုသည်။

အကြောင်းမှာ တက္ကသီလစာမေးပွဲများအတွက် ပေးထားသည့် အချိန်မှာ ဖြေရသည့် ပုစ္ဆာနှင့်ယှဉ်လျှင် အနည်းငယ် နည်းနေသည်ဟု ဆိုနိုင်သည်။

ခေတ်လေ့လာနည်းတစ်ပုဒ်ကို အနည်းဆုံး မိနစ် ၂၅ မိနစ်ခန့်ပေးရမည်။ ထိုမှသာ တစ်ပုဒ်လျှင် ၇-မှတ် သို့ ၈ မှတ်ခန့်ရနိုင်မည်။ ၁၀ မှတ်ဘယ်တော့မှ မပေးသည့် သဘောဖြစ်သည်။

သို့တည်းအတွက် အမှတ် ၁၀၀ အိပ်မက် မက်ခွင့်မရှိပဲ ပ၊ဒု၊တ ရသည့် Super Hyper ညီနောင်များသည်ပင် ၉၈၊ ၉၇ သမားများသာ အများစု ဖြစ်မည်ဖြစ်သည်။

#မိမိကဲ့သို့ Common သာမန်အုပ်စု၀င် တစ်ယောက်အနေဖြင့်မူ အောင်မှတ် ၆၅-မှတ်အထက်၊ ဂုဏ်ထူး ၈၅ မှတ်မို့ ပျမ်းမျှအားဖြင့် ကျမ်းရင်းကို ၇၀ နှင့် ၈၀ ၀န်းကျင်ဖြစ်မည်။

မိမိမှာ ပြင်ပက ဓမ္မာစရိယ ကျမ်းရင်းများကို လေ့လာခဲ့ရသည့်အတွက် တက္ကသိုလ်ကို တက်ရောက်ချိန်မှာ ကျမ်းရင်းပို့ချချက်များကို အခက်အခဲမရှိ ရှင်းရှင်းလင်းလင်း နားလည်နိုင်ခဲ့တာပါ။

သို့သော်… မိမိအားနည်းချက်ကား လက်ရေး နှေးခြင်းဖြင့် ခေတ်လေ့လာနည်းဖြေသည့်အခါ အချိန်မပေးတော့ပဲ ၂ ပုစ္ဆာ ၁၀ မှတ်ဟုသာ သတ်မှတ်ပြီး အခြားသော အတ္ထယောဇနာ နှင့် ဝါကျအဓိပ္ပါယ်ပိုင်းကိုသာ အမှတ်ပြည့်ယူခဲ့ခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ၉၀ ဖိုးမေးခွန်းကို ၆၅ အထက်နှင့် ၈၅ ၀န်းကျင်ထိသာ ရခဲ့ဖူးသည်ဟု ဆိုလိုသည်။

#ထို့နောက်… ပါဠိဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ဗုဒ္ဓဒေသနာပြန့်ပွားရေးဘာသာရပ်များကိုမူ အောင်မှတ် ၅၀၊ ဂုဏ်ထူး ၇၅ မို့ ပျှမ်းမျှ ၆၅ နှင့် ၈၀ ဟု ခန့်မှန်းကာ ဖြေဆိုလေ့ရှိသည်။ ထို့ထက်မပိုခဲ့ပါ။ အချိန်များပို၊ စာရသော်လည်း ဖြေဆိုခဲ့ခြင်း မရှိသည်က များသည်။

#တက္ကသီလ စာမေးပွဲတွေမှာ မျက်မှောက်ခေတ်စားနေသည့် စမ ကိစ္စမရှိသည့်အချက်ကိုပင် မိမိအနေဖြင့် မြတ်နိုးစွာ ဂုဏ်ယူနေဆဲဖြစ်ပါတယ်။

အသံဗလံ တိတ်ဆိတ်လှသည်။ စာသင်ခန်းတစ်ခုမှာ အများဆုံး ၃၅ ပါးခန့်သာ ဖြေဆိုရပြီး အခန်းစောင့် ၄ ပါးအထိ ကြီးကြပ်ရေးဆရာတော်များ ရှိသည်။

#တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ခြင်း၊ စကားပြောခြင်းမျှ မရှိ စာသင်ခန်းတစ်ခုလုံး အတိတိတ်ဆိတ်လှသည်။

ရလျှင်ဖြေ၊ မရလျှင်လည်း နေပေရော့ .. ဟု ဆိုရပေမည်။ ဒါက ၂၀၀၀ ခုနှစ်နောက်ပိုင်းမှသည် မျက်မှောက်ခေတ်အထိ ကျင့်သုံးသည့် သံမဏိ စည်းမျဉ်းဖြစ်သည်။

စမ.. ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြီးကြပ်ရေးဆရာ တစ်ပါးပါးက သံသယ ရှိသော်… ထိုစာသင်သားအား တက္ကသိုလ်မှ ထုတ်ပယ်သည်။

#မိမိနှင့်အတူ ၀င်ခွင့်အောင်မြင်ခဲ့သည့် အပါး (၇၀) တွင် မိမိတို့ တပြိုင်နက် ဘွဲ့ယူအတန်းဖော် ၄၀ ပါး အထက်မကျော်ဟု မှတ်မိနေဆဲပါ။ ထိုအထဲမှ စူပါဟိုက်ပါ မဟာတန်း၀င်ခွင့်ရသူ ၁၁ ပါးခန့်နှင့် မိမိတို့ ရိုးရိုး ၃၅ ပါးခန့်သာ အသားတင်ကျန်မည်ဖြစ်သည်။


နိဂုံး

=======

#အချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မှ ဘွဲ့ရရှိ သံဃာ စာရင်းကို အောက်ပါအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

D.Litt. ဘွဲ့ရဆရာတော် ၂ ပါး။

တက္ကသီလဓမ္မပါရဂူ Ph.D ဘွဲ့ရဆရာတော် ၈ ပါး။

တက္ကသီလမဟာဓမ္မာစရိယ M.A ဘွဲ့ရဆရာတော် ၁၉၅ ပါး။

တက္ကသီလဓမ္မာစရိယ B.A ဘွဲ့ရဆရာတော် ၁၀၇၇ ပါး ဖြစ်သည်။

#ဒါက ပထမအကြိမ် ဘွဲ့နှင်းသဘင်မှသည် ၂၀၁၈ ခုနှစ်အထိ ၂၄ ကြိမ်အတွင်းမှ အရေအတွက်ဖြစ်ပါတယ်။

#မိမိအတွက်မူ ဘွဲ့လတ်မှတ်ထက် သင်ယူခဲ့ရာ အသိပညာရပ်သည်သာ အဖိုးမဖြတ်နိုင်သည့်အချက်များဖြစ်ချေသည်မို့

#အကယ်စင်စစ် မိမိကိုယ်တိုင်ပင် မတက်ရောက်မှီကာလ ၂၀၀၀ ၀န်းကျင်က စိတ်၀င်စားမှု မရှိခဲ့ပါဘူး။

အကြောင်းကား…

ထိုစဉ်က ပြင်ပအချို့ဆရာတော်များက အားမပေးခဲ့သည့်အတွက်ဖြစ်ပါတယ်။

တကယ်၀င်ခွင့်ဖြေဆို တက်ရောက်ချိန်မှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့်ကိုယ်မို့ ကိုယ်တိုင်ကြိုးစားလေ့လာသင်ယူခဲ့ရသည့် နေရာဖြစ်ခြင်းကြောင့်

အမိတက္ကသိုလ်ကို အခြားတက္ကသိုလ်များနှင့်ယှဉ်လို့မရပဲ ချစ်ခြင်းမေတ္တာ ပိုခဲ့မိတာ အမှန်ပါပဲ။

#မိမိအတွက်မူ ဘွဲ့လတ်မှတ်ထက် သင်ယူခဲ့ရာ အသိပညာရပ်များသည်သာ အဖိုးမဖြတ်နိုင်သည့်အရာများဖြစ်ချေသည်မို့…..

#ပြည်ပမှာ မာစတာအတွက် ၃နှစ်၊ ပါရဂူအတွက် ၄ နှစ်ကြာ သင်ယူခဲ့ရသော်လည်း အသစ်တွေ ဘယ်လိုပြောင်းပြောင်း၊အဟောင်းကိုတော့ တဝဲလည်လည်ဆိုသည့်အတိုင်း အမိနိုင်ငံ၊ အမိတက္ကသိုလ်ကိုတော့ တမ်းတမြဲ၊ လွမ်းရစမြဲပင်ဖြစ်ချေတော့သည်သာ။

ဤမျှသော စာတမ်းငယ်ဖြင့်ပင်လျှင် စာဖတ်သူများ အနေဖြင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအကြောင်းနှင့်တက္ကသိုလ်မှ အပ်နှင်းလိုက်သော တက္ကသီလဓမ္မာစရိယ (B.A, Buddhism) အကြောင်းကို ကောင်းမွန်စွာ နားလည်သိမြင်နိုင်လိမ့်မည်..ဟု ယုံကြည်မျှော်လင့်ရင်း နိဂုံးချုပ်လိုက်ရပေတော့သည်။


#မေတ္တာဖြင့်

#အောင်ခန့် (န.ပ.သ) မန်း