Tuesday, June 28, 2011

လေးစားယုံကြည်မှုဆိုတာ

လွန်ခဲ့တဲ့နှစ်ပတ်က ဆရာမကြီး ဒေါ်မြင့်မြင့်ခင် ဖုန်းဆက်ပါတယ်။ ဆရာဦးမောင်မောင်စိန် အတော်နေမကောင်း ဖြစ်နေတယ်။ ဆေးရုံ တက်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အို ဆရာဝန်များ ကျန်းမာမှု စောင့်ရှောက်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ၈၇ နှစ် ရှိပြီဖြစ်တဲ့ ဆရာမကြီးဟာ ကိုယ့်ထက်ငယ်တဲ့ သက်ကြီးဆရာဝန်များရဲ့ ကျန်းမာရေး အတွက် အခုထက်ထိ အားကြိုးမာန်တက် ဆောင်ရွက်နေတာဟာ ဘယ်လောက် လေးစားစရာ ကောင်းပါသလဲ။ (အခုခေတ် ကျန်းမာရေးစရိတ် ကြီးလာတာဟာ အရင်က အောင်မြင်ခဲ့တဲ့ သက်ကြီး ဆရာဝန်ကြီးတွေ အတွက်တောင် ပြဿနာ ဖြစ်နေပါပြီ။)

သူ့ရဲ့တပည့်တွေက မာမီကြီးလို့ ချစ်စနိုးခေါ်တဲ့ ဆရာမကြီးဟာ လွန်ခဲ့တဲ့ ၇ နှစ်စသိခါစက ကျွန်တော် လေးစားစွာဆက်ဆံမှုကို  ကြည့်ပြီး ကျွန်တော့်ကို သူ့တပည့်လို့ ထင်နေခဲ့ပုံရပါတယ်။ ကျွန်တော်ဟာ ဆေး-၁ က ကျောင်းပြီးပြီး အလုပ်သင်ဆရာဝန်အဖြစ် မန္တလေးဆေးရုံကြီးမှာ ဆင်းရတဲ့အချိန်မှာ ဆရာမကြီး ပင်စင်ယူသွားတာ ၃-၄ နှစ်လောက် ရှိသွားပါပြီ။ ဒါပေမယ့် သူ့ရဲ့ကောင်းသတင်းကတော့ ဆေးရုံကြီးမှာ ပျံ့နှံ့နေတုန်းပါပဲ။ ဆေးပညာထူးချွန်တာ၊ Professional ပီသတာ၊ လူနာတွေကို ဆင်းရဲ၊ ချမ်းသာမခွဲတာ၊ တပည့်တွေကို ကျောသား၊ ရင်သား မခွဲတာတွေဟာ ဆရာဝန်တွေကြား၊ သူနာပြုတွေကြားသာမက ဆေးရုံအလုပ်သမားတွေကြားပါ ပင်စင်ယူပြီး အတော်ကြာအထိ ဂုဏ်သတင်း ပျံ့နှံ့နေတုန်းပါပဲ။

အခုနောက်ပိုင်း ဆရာမကြီးနဲ့ သိကျွမ်းလာရတော့ ဆရာမကြီးမှာ ထူးခြားချက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်မထားတဲ့၊ လုပ်ယူမထားတဲ့ ယုံကြည်မှု ရှိတာပါပဲ။ ကိုယ့်ဘ၀မှာ ကိုယ်ဖြတ်သန်းခဲ့တဲ့ ကောင်းသောအရာတွေ၊ လုပ်ဆောင်ခဲ့မှုတွေ၊  အထူးသဖြင့် သူ့ရဲ့ Profession အတွက် ယုံကြည်မှုရှိတဲ့ ပုံပါပဲ။ သူနဲ့ ဆက်ဆံသူတွေဟာလည်း သူ့ဆီက ယုံကြည်မှုတွေကို မျှဝေခံစားနိုင်ပြီး ကောင်းကျိုးကို ဖြစ်စေပါတယ်။

ဆရာမကြီးကပြောပါတယ်။ "ကိုမောင်မောင်စိန်ဟာ ယူတို့ဆရာတော့ မဟုတ်ဘူးထင်တယ်။ ဒါပေမယ့် အလွန်ဖြူစင်ပါတယ်" လို့ ဆိုပါတယ်။" ကျွန်တော်သိပါတယ် ဆရာမကြီး။ ဆရာမကြီး သွားသတင်းမေးရင် လိုက်ချင်ပါတယ်။"

(၂)


ကျွန်တော်တို့ ဆေးကျောင်းသား ဘ၀က ဆေး(၂)ရဲ့ ခွဲစိတ်ပါမောက္ခနဲ့ ဌာနမှူး ဒေါက်တာဦးမောင်မောင်စိန် ဆိုရင် ဆေးကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကြပါတယ်။ အရင်နောင်တော်တွေရဲ့ စကားနဲ့တင် 3rd MB လောက်ကတည်းက သူ့ကို ကြောက်ကြပါတယ်။ Final Part II ရောက်ရင် သူနဲ့တွေ့ရင် အောင်ဖို့က ၅၀/၅၀ စီပဲ။ ကျဖို့ကများတယ်။ ဆရာကြီးက ပညာတော်တယ်။ လူနာတွေအပေါ် စေတနာကောင်းသလောက် အနေတည်တယ်။ ဒါပေမယ့် စာမေးပွဲစစ်ရင် ဘယ်သူဘာပြောပြော ဘယ်သူ့မျက်နှာမှ မထောက်ဘူးတဲ့။ ဆေးကျောင်းသားဘ၀က "Lady's hand / Lion's heart" ဆိုတဲ့ ခွဲစိတ်ဆရာဝန် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော့်အတွက် ဆရာကြီးဟာ ကျွန်တော်ရဲ့ Hero ပါပဲ။ ဒါပေမယ့် ကံဆိုးချင်တော့ Part II မှာဆရာလက်သံပြောင်တဲ့ Short Case မှာမှ တည့်တည့်တိုးပါတယ်။ ဒါကျွန်တော့်အတွက် ဆရာစိန်ကို ပထမဆုံးနဖူးတွေ့ ဒူးတွေ့တွေ့တာပါပဲ။ သူရှေ့ခုံမှာ စထိုင်ခါစက ဒူးတွေတောင်တုန်တာ စားပွဲခုံတောင် လှုပ်နေပါတယ်။


ဒါပေမယ့် ကံကောင်းစွာနဲ့ သူမေးတာတွေ အားလုံးဖြေနိုင်ပါတယ်။ မေးတဲ့တစ်ချိန်လုံး သူတစ်ချက်မှ မပြုံးသလို ဘာမှလည်း မဟောက်ပါဘူး။ အားလုံးဖြေပြီးတော့မှ ဆရာစိန်က "မင်းဖြေနိုင်သားပဲ။ ဘာလို့ ဒီလောက် ကြောက်နေတာလဲ။ ဆရာဝန်လုပ်စားမယ့်သူကို မတတ်ဘဲ အအောင်ပေးလိုက်ရင် ငါလူနာတွေကို ဒုက္ခပေးသလိုဖြစ်နေမှာပေါ့" လို့ တစ်ခွန်းပဲပြောပြီး ထထွက်သွားပါတယ်။

ဒုတိယတစ်ကြိမ် ဆရာစိန်နဲ့ တွေ့တာက ကျွန်တော်ဘွဲ့ရပြီး လေးနှစ်အကြာ စီးပွားရေးလုပ်နေတုန်း အသေးစား ခွဲစိတ်မှုလုပ်ဖို့ လူနာအဖြစ် သွားပြတာပါ။ သူကလည်း မမှတ်မိသလို ကျွန်တော်လည်း ဆရာဝန်လို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ခွဲစိတ်ခါနီးမှာတော့ သူနာပြုတွေကိုတော့ ပြောလိုက်မိပါတယ်။ ခွဲခါနီး ခါးရိုးဆစ်က ထုံဆေးပေးတော့မယ်ဆိုတော့မှ ဆရာစိန် လက်အိတ်စွပ်ပြီး ၀င်လာပါတယ်။ "မင်းဆရာဝန်ဆိုတာ ဘာလို့မပြောတာလဲ။ ငါခွဲစိတ် ခမယူဘူး။" ကျွန်တော် ရင်ထဲလှိုက်ခနဲ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ ဆေးပညာဘွဲ့ယူတုန်းက ရွတ်ဆိုခဲ့တဲ့ ဟစ်ပိုကရေးတီး ကျမ်းကျိန်လွှာမှာပါတဲ့ ကျင့်ဝတ်ကို ခွဲစိတ်ခုံပေါ်အထိ ဆရာကြီး လေးစားလိုက်နာနေတုန်းပါပဲလား။ အဲဒီနောက် ၁၅ နှစ်၊ အနှစ် ၂၀ လောက် ကျွန်တော် ဆရာကြီးနဲ့ ထပ်မတွေ့တော့ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေ အကြောင်းပြောရင် ဒီလိုကျင့်ဝတ်ကို ခွဲစိတ်ခုံနားအထိ လေးစားလိုက်နာတဲ့ ဆရာဝန်ကြီးမျိုးတွေရှိတာကို မကြာခဏပြောဖြစ်ပါတယ်။ မြန်မာပြည် ဆေးပညာသမိုင်းမှာ အထင်ကရတစ်ခုဖြစ်တဲ့ ခိုင်ရွှန်းလဲ့ရည်ပြဿနာဖြစ်တုန်းကတောင် ကျွန်တော့်သတင်းထောက်တွေ၊ အယ်ဒီတာတွေကို ဆရာကြီး အကြောင်းပြောပြီး ဆုံးမရပါသေးတယ်။ လေးစားယုံကြည်ထိုက်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက် ပီသဖို့ဆိုရင် ကိုယ်နဲ့ဆိုင်တဲ့ အတတ်ပညာကျွမ်းကျင်ဖို့အပြင် ကျင့်ဝတ်၊ စိတ်ကောင်းစေတနာရှိဖို့ လိုတာပြောဖြစ်ပါတယ်။

ဆရာစိန်နဲ့ တတိယတစ်ကြိမ်တွေ့တော့ ဆရာကြီး ဝေဒနာကြောင့် စကားသိပ် မပြောနိုင်ပါဘူး။ ဒါပေမယ့် ဆရာကြီးနဲ့တွေ့ဆုံခဲ့တဲ့ နှစ်ကြိမ်မှာ ဆရာကြီးပြောခဲ့တဲ့ စကားတွေ ပြန်ရွတ်ပြပြီး လေးစားယုံကြည်မှုတွေ ပြန်ပြောပြတော့ ဆရာကြီး ရွှင်လန်းလာပါတယ်။ ဆရာကြီးရဲ့ ဘ၀တစ်လျှောက်လုပ်ခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ ဘယ်တော့မှ အချည်းအနှီး မဖြစ်ပါဘူးဆိုတာ ကျွန်တော်ပြောပြခဲ့ပါတယ်။ လေးစားယုံကြည်မှုဆိုတာ ခင်မင်ရင်းနှီးတာ၊ ကျေးဇူးရှိတာ၊ တန်ခိုးအာဏာရှိတာ၊ ငွေကြေးချမ်းသာတာတွေနဲ့လည်း မဆိုင်ပါဘူး။ ဖန်တီးယူလို့မရသလို ဟန့်တားလို့လည်း မရပါဘူး။ တစ်စုံတစ်ဦး၊ တစ်စုံတစ်ယောက်ကြောင့်လည်း ပျက်ပြားမသွားနိုင်ပါဘူး။

(၃)


ပြီးခဲ့တဲ့အပတ်က ကျွန်တော့်မိဘတွေ ဆေးစစ်စရာရှိလို့ ထိုင်းနိုင်ငံ ဘန်ရွန်ဂရက်ဆေးရုံကြီးကို လေး၊ ငါးရက်လောက် ဆက်တိုက်သွားရပါတယ်။ ဒီဆေးရုံကြီးဟာ ၂၀၀၇ ခုနှစ်ကတည်းက သွားဖူးနေတာပါ။ တစ်နှစ်ထက် တစ်နှစ်၊ တစ်ခေါက်ထက် တစ်ခေါက် မြန်မာလူမျိုးတွေ အံ့သြဖွယ် များများလာတာပါပဲ။ တရားဝင် ကိန်းဂဏန်းမရပေမယ့် လေးနှစ်အတွင်း ငါးဆလောက်တက်လာ ပုံရပါတယ်။ နှလုံးဌာနနဲ့ အစာအိမ်အူလမ်းကြောင်းဌာနဆိုရင် မြန်မာလူနာသုံးပုံတစ်ပုံလောက်ကို ရှိနေပါတယ်။ အာရပ်လူမျိုးတွေနဲ့အပြိုင် မြန်မာတွေ အရမ်းများလာတယ်။ လွန်ခဲ့တဲ့လေးနှစ်က မြန်မာတွေ သုံးထောင်လောက် လာပြတာကနေ တစ်နှစ်လာပြသူ ၂၀၀၀၀ လောက်တောင် ရှိမလား တွေးမိပါတယ်။ ဒီဆေးရုံ တစ်ရုံတည်းတောင် ဒီလောက်ရှိနိုင်ရင် ထိုင်းက တခြားဆေးရုံတွေ၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား၊ သြစတြေးလျ၊ အင်္ဂလန်သွားကုတဲ့သူတွေ ပေါင်းရင် တစ်နှစ်ကို တစ်သိန်းကျော်ရှိနိုင်သလို သူတို့သုံးစွဲတဲ့ငွေကြေးဟာလည်း ဒေါ်လာသန်း ၅၀၀ ကနေ တစ်ဘီလျံလောက်အထိ ရှိနိုင်ပါတယ်။  ဘာလို့ နိုင်ငံခြားထွက်ပြီး ဆေးကုသတဲ့သူတွေ များလာတာလဲ။ မြန်မာတွေ အရမ်းချမ်းသာ လာတာလား။ ဆေးရုံတွေကြော်ငြာအား ကောင်းတာလား။ ဂျာနယ်တွေ၊ သတင်းမီဒီယာတွေကပဲ မြန်မာနိုင်ငံက ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေ မကောင်းကြောင်း လှုံ့ဆော်လို့လား။


လေးစားယုံကြည်မှုဆိုတာ ခင်မင်ရင်းနှီးတာ၊ ကျေးဇူးရှိတာ၊ တန်ခိုးအာဏာရှိတာ၊ ငွေကြေးချမ်းသာတာတွေနဲ့လည်း မဆိုင်ပါဘူး။


(၄)


ပြီးခဲ့တဲ့ သုံး၊ လေးပတ်က လျှပ်တပြက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် ဆေးပညာလောကမှာ ဂယက်ထခဲ့ပါတယ်။ ဒီသတင်းနဲ့ နောက်ဆက်တွဲကိစ္စတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးကလွဲလို့ ကာယကံရှင်တွေ ဖြေကြားခြင်းမရှိတဲ့အတွက် အမှား၊ အမှန်အသေးစိတ်တော့ မသိရပါဘူး။ ဒါပေမယ့် သတင်းရဲ့   နောက်ကွယ်၌ရှိသော အကြောင်းအရာများကို ခြုံငုံချက်အရတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်၊ ကျင့်ဝတ်ပိုင်း၊ အချက်အလက်အပိုင်းမှာ မှားယွင်းတယ်လို့ မေးခွန်းထုတ်စရာတွေရှိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အယူအဆ အတွေးအခေါ်နဲ့ ပုဂ္ဂလိကဆေးရုံ ဆရာဝန်စနစ်ကို ဝေဖန်ရာမှာတော့ မှန်ကန်တာတွေ ရှိပါတယ်။ နိုင်ငံတကာ ဆေးရုံစီမံခန့်ခွဲမှုစနစ်၊ ဆရာဝန်တွေရဲ့ တာဝန်ယူ အချိန်ပေးမှု၊ ဆရာဝန်ကြီးများဟာ ဆေးရုံ Management အောက်မှာပဲ ရှိရမယ်ဆိုတာကတော့ ကျွန်တော်တို့လည်း တစ်ချိန်လုံး ထောက်ပြခဲ့တာတွေပါပဲ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ ငြင်းခုံစရာဖြစ်တာက မြန်မာနိုင်ငံဆရာဝန် အသင်း(မန္တလေး)ရဲ့ သဘောထား ကြေညာချက်အပိုဒ် ၂ မှာပါတဲ့ "၎င်းဆောင်းပါးသည် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာ တည်ဆောက်ထားရှိပြီး ဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်" ဆိုတဲ့ အချက်ကိုပါ။ ဒီဆောင်းပါးရှင်ကြောင့် ဒီလိုဖြစ်နိုင်သလား။ သတင်းမီဒီယာ၊ ဂျာနယ်တစ်ခုချင်းစီရဲ့ ရပ်တည်ချက်၊ သြဇာတိက္ကမ လူအများရဲ့ ယုံကြည်မှုရှိတယ်၊ ပျက်ပြားစပြုနေတယ်၊ ပျက်ပြားတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ အပြောင်းအလဲတွေရဲ့ အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ။ အမှန်ကိုသိရမယ်။ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။

(၅)


ကျွန်တော်တို့နိုင်ငံဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ လူအများစုကြီးရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ဒုက္ခသုက္ခတွေ လျော့ကျ ချိန်တန်ပါပြီ။ နိုင်ငံရဲ့ မျှော်လင့်ချက် အနာဂတ်ရောင်ခြည် စတင်ချိန်တန်ပါပြီ။ နိုင်ထက်စီးနင်းလုပ်တာ၊ အမုန်းပွားတာ၊ အပြစ်ကိုချည်းပဲ မြင်တွေ့တတ်တာတွေ၊ အမှန်တရားကို မျက်ကွယ်ပြုတာတွေ ရပ်တန့်သင့်ပါပြီ။

အပြောင်းအလဲတွေရဲ့အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ။ အမှန်ကိုသိရမယ်။ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။ Human Resources ပြဿနာရှိတာ နယ်ပယ်တိုင်းမှာပါ။ ဆေးပညာလောကမှာမှ ဒီပြဿနာမရှိဘူး။ ငါတို့က ပညာတတ်တယ်ဆိုရင်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်ကုန်ပါလိမ့်မယ်။ နေရာတကာမှာ ခေတ်စနစ်ကို ချည်းလက်ညှိုးထိုးပြီး ရေစုန်မျောလိုက်လို့ မရဘူး။ မိုးခါးရေသောက်လို့ မရပါဘူး။ အများညီရုံနဲ့ ဤကို ကျွဲဖတ်လို့ မရပါဘူး။ လူတစ်ဦးချင်း ကျန်းမာရေးအသုံးစရိတ် အသုံးပြုမှုနည်းလို့ ကျန်းမာရေးကဏ္ဍမှာ အားနည်းပြီး လူတွေ ဒုက္ခရောက်ရတယ်ဆိုတာ သိရင် ဘယ်လိုအားနည်းတယ်။ ကျန်းမာရေး အသုံးစရိတ်ကို နောက်နှစ် ငါးဆ၊ နောက်တစ်နှစ် ငါးဆစသည်ဖြင့် ငါးနှစ်အတွင်း အဆ ဘယ်လောက်တင်မှ စနစ်ကို ပြင်လို့ရမယ်။ ဒါတွေကို ပညာရှင်တွေ ရဲရဲဝံ့ဝံ့ တင်ပြသင့်တယ်။ ဒါ့အပြင် ဆေးပညာရှင်တွေရဲ့ တစ်ဦးချင်း စေတနာထားမှုတွေ၊ စိတ်နေစိတ်ထား (attitude) ကျင့်ဝတ်စောင့်ထိန်းမှုတွေ ဘယ်လိုလုပ်ကြမလဲ။ အားလုံး ၀ိုင်းစဉ်းစားရပါမယ်။ နိုင်ငံခြားကို ဆေးသွားကုနိုင်တာ မကျန်းမာသူအားလုံးရဲ့ ငါးရာခိုင်နှုန်းလောက်တောင် မရှိပါဘူး။ ကျွန်တော်တို့ စဉ်းစားရမှာက ကျန်တဲ့ ၉၅ ရာခိုင်နှုန်းရဲ့ ကျန်းမာရေးအတွက် လုံလောက်တဲ့ ၀န်ဆောင်မှုပြဿနာ၊ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ဒါတွေကို ပြည်သူတွေ ဘယ်လို ကြုံတွေ့နေရသလဲ။ ကျန်းမာရေး၊ ပညာရေးတို့မှာ ငွေကြေးသုံးစွဲခြင်းဟာ နိုင်ငံအနာဂတ်အတွက် အကောင်းဆုံးရေရှည် ရင်းနှီးမြှုပ်နှံမှုဆိုတာကို အစိုးရကိုရော၊ ဥပဒေပြု ကိုယ်စားလှယ်တွေကိုရော သိစေချင်ပါတယ်။

တကယ်တော့ လေးစားယုံကြည်မှုဆိုတာ သူများတွေက ဖျက်ဆီးလို့ ရတာမဟုတ်ပါဘူး။ ပျက်ပြားအောင် လုပ်လို့လည်း မရပါဘူး။ သြဇာအာဏာနဲ့လည်း တည်ဆောက်လို့ မရပါဘူး။ လေးစားယုံကြည်မှုဆိုတာ နှလုံးသားနဲ့ပဲ တည်ဆောက်လို့ရတဲ့ အရာပါ။

အပြောင်းအလဲတွေရဲ့ အစဟာ အမှန်ကို စတင်သိမြင်ခြင်းပါပဲ၊ အမှန်ကို သိရမယ်၊ အမှန်ကို ပြောရဲရမယ်။ အမှန်ကို လုပ်ရဲရမယ်။


လေးဖြာ ဗြဟ္မစိုရ်

ဗြဟ္မစိုရ်တရားလေးပါး

ဆေးမကုခင်    

- မေတ္တာဝင်

ကုစဉ်

- ကရုဏာ

ရောဂါကင်းပျောက်

- မုဒိရောက်

ပြီးမြောက်

- ဥပက္ခော

သဘောထားကြီးကြီးဖြင့် ဆက်ဆံရာ၏။

ကြင်နာယုယမှု အပြည့်အ၀ ထားရာ၏။

ဆရာ၏အပြုံးသည် လူနာအဖို့ အကောင်းဆုံး ဆေးချက်ပင်ဖြစ်သည်။

မေတ္တာအခြေခံ၍ ကရုဏာအပြည့်အ၀ရှိပါမူ အတော်ဆုံးသော ဆရာတစ်ယောက် ဖြစ်နိုင်သည်။

ဆေးပညာဘွဲ့ထူး တစ်ခုရရှိထားပြီးသော ပုဂ္ဂိုလ်သည် ဗြဟ္မစိုရ်တရားလေးပါးဖြင့် ပြည့်စုံစေလျက် အမြဲနေထိုင် သွားရမည်။   

လူနာနှင့်မတွေ့မီ၊ လက်ခံကုသသော အချိန်မရောက်မီ အမြဲမပြတ် မေတ္တာရှေ့ထား ပွားများနေရမည်။ မေတ္တာပို့သခြင်းမှစ၍ အမြဲတစေ မေတ္တာစိတ်ယှဉ်လျက် ဆောင်ရွက်မှု အသွယ်သွယ်ကို ဆောင်ရွက်သွားရမည်။

အသက်နှင့်ဆိုင်သော အလုပ်ကိုတာဝန်ယူနေသော ကယ်တင်ရှင်တစ်ယောက်အဖြစ် မှတ်ယူပြီး ဆေးသမာဓိကို မရရအောင် ကြိုးစားရမည်။

လူနာကို လက်ခံကုသသောအခါ၊ ရောဂါရှာဖွေသောအခါ ကြင်နာယုယမှု၊ ငဲ့ညှာမှုကရုဏာကို ရှေ့သွားပြုထားရမည်။ လူနာသည် (လူနာနှင့် ပတ်သက်သူသည်) ရောဂဗျဿန နှိပ်စက်ခံနေရသူ ဖြစ်၏။ ဘောဂဗျဿန တွေ့ကြုံနေသူလည်း ဖြစ်၏။ ကယ်မည့်သူကို ငံ့မျှော်နေသော ပုဂ္ဂိုလ်မျိုးလည်းဖြစ်၏။ ၀မ်းထဲများစွာမချိလှ၊ ကိုယ်ထောင်း စိတ်ကြေနေသူလည်း ဖြစ်၏။

စိတ်ရောကိုယ်ပါ မချမ်းသာသောသူသည် ပြောဆိုရာ၌ လည်းကောင်း၊ ဆရာနှင့် ဆက်ဆံရာ၌လည်းကောင်း များစွာချွတ်ချော်တတ်၏။ စိတ်တိုစရာနှင့် လွန်စွာယှဉ်လာတတ်၏။ ဆရာလုပ်သူသည် လူနာနှင့်တွေ့သော အခါ၌ ဖြစ်ရပ် အားလုံးတို့ကို သဘောထားကြီးကြီး ဆက်ဆံမှုပြေပြေ ကရုဏာစိတ်များများထားလျက် ဆောင်ရွက်မှုအားလုံးကို ကြင်နာ ယုယစွာ ပြောတတ်မှု၊ ဆောင်ရွက်တတ်မှု၊ အရေးကြီး၏။ မနှစ်မြို့ဖွယ်ရာဖြစ်သော ဝေဒနာရှင်၏ ပြုမူပြောဆိုချက်ကို ကရုဏာဖြင့် ကာကွယ်ရာ၏။ မေတ္တာနှင့်ယှဉ်ကာ ကရုဏာနှင့် အခြေခံပြီးလျှင် သူတော်ကောင်း စိတ်များများ မွေးထားသည့်အတိုင်း ကုသနိုင်ပါမူကား သူတကာကုသမှုထက် ဆရာ၏ ဆေးအစွမ်းထက်မည်သာဖြစ်၏။ ထိုဆရာ၏ ကရုဏာနှင့်ယှဉ်သော ပြုမူပုံသည် လူသားတိုင်း နှစ်ခြိုက်ကြမည်သာ ဖြစ်သည်။ ကြင်နာယုယသာယာ ချေငံမှုသည် လူကိုမဆိုထားဘိ တိရစ္ဆာန်များပင် များစွာလိုလားသောကြောင့် ဖြစ်သည်။

ပျောက်ကင်းချမ်းသာအောင် ကုသကယ်မပေးပြီးနောက် ဆရာအတွက် အရေးအကြီးဆုံးသော မျှော်ကိုးရာကား မုဒိတာခေါ် ၀မ်းမြောက်ခြင်းပင်ဖြစ်သည်။ အခက်အခဲ ကျသော ရောဂါများ ပျောက်ကင်းလေလေ ပို၍၀မ်းမြောက် လေလေဖြစ်ရင်း ထိုဇိဝိတအပေါ်၌ ၀မ်းမြောက်စွာဖြင့် တွေးနေပါမူ မည်မျှအထိကြီးမားသော ကုသိုလ်များရနေမည်ဖြစ်သည်ကို မဆုံးဖြတ်နိုင်အောင်ပင် ဖြစ်သည်။

Written by သန်းထွဋ်အောင်   

Credit: www.news-eleven.com

Monday, June 27, 2011

Q and A (Over 18 year readers) May 2011

Q 1: ကျားအင်္ဂါ စိုစွတ်အောင် ဘယ်လို လုပ်ရပါသလဲ။
Q 2: ဘယ်ဟာ ပိတ်တာလဲတော့ မသိဘူး။
Q 3: တကယ်လို့ မွေးလမ်းကြောင်း ပိတ်တယ်ဆို ကလေးမရနိုင်တော့ဘူးပေါ့။
Q 4: Vigrxplus ဆိုတဲ့ ကြီးထွား သန်မာဆေးကို သုံးကြည့်ချင်လို့
Q 5: ကျား+ကျားချင်း လိင်တူ တစ်ယောက်ထဲကိုပဲ ဆက်ဆံတာပဲဖြစ်ဖြစ်
Q 6: လိင်ဆက်ဆံရင် ခဏလေးဘဲ ၂ မိနစ်လောက်ဘဲ မကြာဘူး။
Q 7: Prexil, VigRX Plus, PreJac, Priligy ဆေးတွေက ဘယ်လိုသောက်ရမှာလဲ။
Q 8: KY ဂျယ်လီ ကို စမ်းသပ်သုံးကြည့်ချင်ပါတယ်။
Q 9: တကိုယ်ရေ အာသာဖြေခြင်းနဲ့ ဝခြင်း ပိန်ခြင်းဟာ သက်ဆိုင်ပါသလား။

2011/5/17
Q 1: ကျားအင်္ဂါ စိုစွတ်အောင် ဘယ်လို လုပ်ရပါသလဲ။ ရုပ်ရှင်ထဲမှာတော့ ပါးစပ်သုံးတာ မြင်ဖူးတယ်။ ဒါပေမဲ့ သူက ပါးစပ် မသုံးချင်ဘူးတဲ့။ တခြားနည်းလမ်းရှိလား။ ပြီးတော့ သူပစ္စည်းက ပိတ်နေပါတယ်။ အဲဒါ ဘယ်လုပ်ရပါသလဲ။ ဆေးစားလို့ ရသလား၊ ဘာဆေးလဲ။ မဆက်ဆံဘဲနဲ့ ကလေးရနိုင်သလား။ တကယ်လို့ သူအပေါက်ပိတ်နေရင် ကလေးရနိုင်ဖို့ ခဲယဉ်းသလား။ ကလေးရဖို့က လိင်ဆက်ဆံတာနဲ့ ဆိုင်ပါသလား။
• မရှင်းတာလေး ပြောပါအုံး။ မေးတဲ့သူက နာမည်အရ ယောက်ျားဖြစ်မှာဆိုတော့ သူကဆိုတာ မိန်းကလေးပေါ့။
• ဒါပေမဲ့ သူ့ပစ္စည်းက ပိတ်နေတယ် ဆိုတာ ဘာလဲ။
• မဆက်ဆံဘဲ ကလေးမရပါ။ တခုတော့ရှိတယ်။ ကလေးမရတာကို ရအောင် ဓါတ်ခွဲခန်းမှာ ပေါင်းစပ်ပြီး သားအိမ်ထဲ ပြန်ထည့်နည်းလုပ်ရင် ဆက်တံတာမပါဘဲ ကိုယ်ဝန်ရနိုင်တယ်။
• မိန်းကလေး အပေါက်ပိတ်တယ်ဆိုရင် ဘယ်နေရာလဲ၊ သားအိမ်အဝလား၊ သားအိမ်ပြွန်လား။
• မွေးလမ်းကြောင်း ပိတ်တာဆိုရင် လိင်အင်္ဂါထိုးသွင်းလို့ကို မရနိုင်ပါ။
• ယောက်ျားလေး ပိတ်တယ်ဆိုရင် ပန်းငုံတာလား။
• ယောက်ျားအင်္ဂါ စိုစွပ်မှုဆိုတာ ထူးလုပ်ဘို့ မလိုပါ။ အသက်သိပ်မကြီးသေးသူမှန်သမျှ မလိုပါ။ အမျိုးသမီးကြီးများမှာသာ သွေးဆုံးချိန်ရောက်မှ၊ ဟော်မုန်းနည်းတာ ဖြစ်မှသာ မ-အင်္ဂါစိုစွပ်မှု နည်းတတ်၊ နှေးတတ်တယ်။
• ဘယ်အရွယ်မှာမဆို Foreplay ဆက်ဆံမှုအဆင့် (၁) ကို အချိန်ပေးရင် ဆေးသုံးစရာ မလိုပါ။
• Oral နည်းသုံးရင်တော့ ပိုအဆင်ပြေတယ်။
• လိုအပ်သူတွေသာ KY jelly သုံးဘို့ လိုပါတယ်။

2011/5/18
Q 2: ဘယ်ဟာ ပိတ်တာလဲတော့ မသိဘူး။ အဂါင်္တော့ထိုးလို့ မရဘူး။ သားအိမ်ပြွန်ပိတ်တယ်ဆို ဘယ်လိုလုပ်ရသလဲ။

• သားအိမ်ပြွန်အထိတော့ မဟုတ်သေးပါ။ အင်္ဂါပိတ်တယ်ဆိုတာ သားအိမ်ပြွန်ပိတ်တာကိုမှ ပိတ်တယ် ခေါ်လို့သာ ထည့်ရေးလိုက်တာ ဖြစ်တယ်။
• လိင်အင်္ဂါထိုးသွင်းလို့ မရဘူးဆိုတာ တကယ် မွေးရာပါ ပိတ်နေတာလဲ ရှားရှားပါးပါး ရှိသေးတယ်။
• အပျိုစစ်စစ်ကို ဆက်ဆံရင် နာကျင်မှု၊ စိုးရိမ်မှုကြောင့်လဲ ထိုးသွင်းမရ ဖြစ်နိုင်တယ်။
• လက်ညှိုးကို ရေဆေးပြီး တချောင်းထဲ အသာအယာ ထိုးသွင်းကြည့်ပါ။ သူကိုယ်တိုင်လဲ လုပ်နိုင်တယ်။ လက်ဆစ် ဘယ်လောက်အထိ ဝင်နိုင်သလဲ။ တခါသုံး-လက်အိပ်သုံးတာ အကောင်းဆုံးပါ။
• သားအိမ်ပြွန်အထိတော့ မဟုတ်လောက်ပါ။ သားအိမ်ပြွန်ပိတ်တာကိုမှ ပိတ်တယ် ခေါ်လို့သာ ထည့်ရေးလိုက်တာ ဖြစ်တယ်။
• လိင်အင်္ဂါထိုးသွင်းလို့ မရဘူးဆိုတာ တကယ် မွေးရာပါ ပိတ်နေတာလဲ ရှားရှားပါးပါး ရှိသေးတယ်။
• အပျိုစစ်စစ်ကို ဆက်ဆံရင် နာကျင်မှု၊ စိုးရိမ်မှုကြောင့်လဲ ထိုးသွင်းမရ ဖြစ်နိုင်တယ်။
• လက်ညှိုးကို ရေဆေးပြီး တချောင်းထဲ အသာအယာ ထိုးသွင်းကြည့်ပါ။ သူကိုယ်တိုင်လဲ လုပ်နိုင်တယ်။ တခါသုံး လက်အိတ် သုံးနိုင်ရင် ကောင်းတယ်။ လက်ဆစ် ဘယ်လောက်အထိ ဝင်နိုင်သလဲ။

2011/5/20
Q 3: တကယ်လို့ မွေးလမ်းကြောင်း ပိတ်တယ်ဆို ကလေးမရနိုင်တော့ဘူးပေါ့။ ပြီတော့ သူမက အဖြူဆင်းတာများတယ်။ ရာသီလာရင်လဲ 7 ရက်လောက်ကြာတယ်။

• မွေးလမ်းကြောင်းပိတ်တယ်လို့ ခပ်လွယ်လွယ်ပြောတာက မတိကျသေးပါ။
• Imperforate hymen အပျိုမြှေးပိတ်တာ၊ အပေါက်သိပ်ကျဉ်းတာကို ပြောတာ။
• ရာသီလာနိုင်တဲ့ မိန်းကလေးမှာ အဲဒါမဟုတ်နိုင်ဘူး။
• ကလေးမရနိုင်သူ၊ ရဘို့ခက်သူဆိုတာ သားအိမ်ပြွန် ကျဉ်း-ပိတ် သူတွေမှာ ဖြစ်နိုင်တယ်။

၂ဝ-၅-၂ဝ၁၁

May 25, 2011 at 1:41 PM
Q 4: ကျွန်တော့် အသက်က ၂၈ နှစ်ပါ။ ပြည်ပမှာ အလုပ်လုပ်နေပါတယ်။ Male ပါ။ Vigrxplus ဆိုတဲ့ ကြီးထွား သန်မာဆေးကို သုံးကြည့်ချင်လို့ ဆေးရဲ့ ကောင်းကျိုး-ဆိုးကျိုးလေးတွေ ပြောပြပေးပါးအုံး။ ဆေးက Canada ကလာပြီး ၃ လလောက် သောက်ပြီးယင် နဂိုထက် ပိုကြီး၊ ပိုသန်၊ ပိုကြာလာစေတယ်လို့ ဆိုတယ်။

VigRX Plus ဆိုတဲ့ ယောက်ျား-လိင်အဂ်ါ တိုးတက်-သန်မာစေတဲ့ဆေးဟာ ဆေးကြော်ညာအဆိုအရ သဘာဝ ဒါမှမဟုတ် ဆေးဘက်ဝင် ပစ္စည်းတွေကနေ ဖေါ်စပ်ထားတယ်။ ဒီလိုဆေးမျိုးတွေမှာ ယေဘုယျ ပြောရရင် ဘေးထွက်-ဆိုးကျိုး နည်းလှတယ်။ ဒီဆေးမှာ ရှိနိုင်တာတွေက ခေါင်းကိုက်တာ၊ ဝမ်းချုပိ-ဝမ်းလျှောတာ၊ ပျို့-အန်ချင်တာ၊ အားယုတ်တာ၊ အိပ်မပျော်တာ၊ ကိုယ်မွှေးများတာ၊ အာခေါင်ခြောက်တာ၊ နှာခေါင်းသွေးယိုတာ၊ ရင်သားနာတာ၊ အစားပျက်တာ၊ အစာမကျေတာ၊ လိင်စိတ်နည်းတာ၊ ချွေးထွက်တာတွေ ဖြစ်တယ်။ ဆိုးဝါးတာ မပါဘူး။ ဆေးကြော်ညာမှာဘဲ ကောင်းတယ် ဆိုတာတွေ ပါတယ်။ ဒီဆေး ကောင်းပါတယ်လို့ ထောက်ခံသူတွေထဲမှာ ဆရာဝန်တွေလဲ ပါနေတယ်။ ကျွန်တော့် အနေနဲ့တော့ ဒိထက် ပိုမပြောနိုင်ပါ။

2011/5/27
Q 5: (၁) ကျား+ကျားချင်း လိင်တူ တစ်ယောက်ထဲကိုပဲ ဆက်ဆံတာပဲဖြစ်ဖြစ် မ+မချင်း လိင်တူ တယောက်ထဲကိုပဲ ဆက်ဆံတာပဲ ဖြစ်ဖြစ် ရိုးမြေကြ နေထိုင်သွားရင် ဘာဖြစ်နိုင်ပါလဲ။
(၂) ကျားနဲ့ မနဲ့ လက်မထက်ခင် လိင်ဆက်ဆံမယ် ဆက်ဆံတိုင်း ကိုယ်ဝန်မရတဲ့ ဆေးတွေ သုံးစွဲမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာလောက်တောင်များသလဲ။ နောင်တချိန် ကလေးမရနိုင်တော့တဲ့အထိ ဖြစ်လာနိုင်လား။
(၃) (Kamagra, Tadalis, Viagra) ပုံက ဆေးများသည် ကိုယ်ဝန်မရနိုင်တဲ့ ဆေးများဆိုတာ ဟုတ်ပါရဲ့ လား။

၁။ လိင်တူဆက်ဆံတာကို လူမှုရေးဒေါင့်ကို မရေးလိုပါ။ ကျန်းမာရေးက ကြည့်ရင် ဘယ်သူ့မှာမှ ကူးစရာရောဂါ မရှိရင်တော့ လိင်ကတဆင့် ကူးစက်ရောဂါ ရစရာမရှိပါ။
၂။ ကိုယ်ဝန်တားနည်းတွေအကြောင်း၊ အဆိုး-အကောင်းတွေအကြောင်း ရေးထားပြီးဖြစ်ပါတယ်။ နည်း မတူရင် အကျိုးလဲ မတူပါ။ ကလေးမရ-ရ အကြောင်းမှာ တားဆေးအပြင် တခြား စဉ်းစားစရာတွေလဲ ရှိပါသေးတယ်။ ရေးထားပြီးလဲ ဖြစ်ပါတယ်။ ရှာဖတ်ပါ။ ရှာမတွေ့ရင် သိချင်တဲ့ အကြောင်း တခုချင်း မေးနိုင်ပါတယ်။ ပို့ပေးပါမယ်။
၃။ ပုံထဲကဆေးတွေဟာ ပန်းသေ-ပန်းညှိုးအတွက်ဆေးတွေ ဖြစ်ပါတယ်။ ဆရာ့ ဆိုဒ်ထဲမှာ ရေးထားပြီး ရှိနေပါတယ်။ တားဆေးတွေ မဟုတ်ကြပါ။

2011/4/24
Q 6: ကျွန်တော်က ပိန်တယ် ဝလည်းဝချင်တယ်။ ပြီးတော့ လိင်ဆက်ဆံရင် ခဏလေးဘဲ ၂ မိနစ်လောက်ဘဲ မကြာဘူး။ ဆက်ဆံတိုင်း ဆေးအမြဲသောက်ရတယ်။ ဆေးသောက်ပြီးရင် အမြဲတန်း အန်တယ် ခေါင်းမူးတယ် နေလို့ ထိုင်လို့ မကောင်းဘူး။ ထမင်းလည်း စားလို့ မရဘူး၊ အန်ချင်သလို ဖြစ်နေတယ်။ လေတတ်မှ အဆင်ပြေတယ်။ ကျွန်တော့် အသက်က ၂၅ ရှိပြီ။ ဆေးကတော့ ဆိုင်က ဝယ်သောက်တာ။ သေချာတော့မသိဘူးဗျ။ အိမ်ထောင်သက်က ၄ နစ်ရှိပြီး၊ ကလေးတော့ မယူဖြစ်သေဘူး။ အလုပ်တွေ လုပ်နေရလို့ ဓါတ်မှန်တို့ ဘာတို့တော့ မရိုက်ဘူး။ သွေးတိုးတော့ ရှိတယ်။ သောက်ဆေး ဖြစ်ဖြစ် ဘာလေ့ကျင့်ခန်း လုပ်ရမလဲတော့မသိဘူး။ လေကျင့်ခန်း လုပ်ဖို့တော့ အချိန် သိပ်မပေးနိင်ဘူး။
၁။ Weight gain လှယုံမက ဝချင်သေးရင် ကို ဖတ်ပါ။ လိုက်နာပါ။
၂။ Viagra သန်မာစေတဲ့ဆေး ကို ဖတ်ပါ။ လိုက်နာပါ။
၃။ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ကို ဖတ်ပါ။ လိုက်နာပါ။
၎။ Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည် ကို ဖတ်ပါ။ လိုက်နာပါ။

2011/5/18
Q 7: ဆရာ ဆိုက်ထဲမှာ ပြောထားတဲ့ Prexil, VigRX Plus, PreJac, Priligy ဆေးတွေက ဘယ်လိုသောက်ရမှာလဲ။ တရက် တလုံးလား၊ ဆက်ဆံခါနီးလား။ ဆေးတွေကို တမျိုးကိုပဲ သောက်ရမှာလား၊ အကုန် သောက်ရမှာလား။ ဆေးတွေက ကျားအင်္ဂါ တောင့်တင်းတဲ့ ဆေးတွေနဲ့ကော ရောသောက်လို့ရလား။
• Prexil capsule ဆေးကို တနေ့ ၁ လုံး၊ အစာစားပြီး သောက်ပါ။ ၄-၆ လ ကြာရင် အကောင်းဆုံး အခြေအနေကို ရောက်လာမယ်။ အဲဒီအချိန်မှာ ၂ ရက် ၁ လုံး၊ နောက် ၃ ရက် ၁ လုံးသာ သောက်ပါ။ တရက် ၁ လုံး ဆက်သောက်လဲ ရတယ်။
• VigRX Plus ဆေးကို တနေ့ ၁ လုံးသောက်ပါ။ တချို့ကလဲ တနေ့ ၂ ကြိမ် သောက်တယ်။
• Prejac တနေ့ ကို မနက်ထမင်းစားပြီး ၁ လုံး၊ ညနေထမင်းစားပြီး ၁ လုံးသောက်ပါ။
• Priligy tablet ဆေးကို လိင်မဆက်ဆံမီ ၁-၃ နာရီအလိုမှာ ၁ လုံး သောက်ပါ။ အစာနဲ့ နီးနီး-ဝေးဝေး ရတယ်။
ဆေး အမျိုးအစားတူတာထဲက ၁ မျိုးသာ လိုပါမယ်။ ဆေးအစွမ်းတွေ မတူကြပါ။ ကိုယ်ကဘာအတွက် ရချင်သလဲ အပေါ်မူတည်ပြီး ဆေးရွေးပါလေ။
• ဆေးအပြင် စိတ်အားတိုးတက်-ကောင်းမွန်တာလဲ အလွန်အရေးပါတယ်။ ငါ စွမ်းဆောင်နိုင်တော့မယ်။ တိုးတက်လာပြီ၊ ငါစွမ်းဆောင်နိုင်တဲ့ ယောက်ျားဖြစ်လာ-ဖြစ်နေပြီ။

May 16, 2011 at 10:49 AM
Q 8: KY ဂျယ်လီ ကို စမ်းသပ်သုံးကြည့်ချင်ပါတယ်။ ကျွန်တော်တို့ ၂ ယောက်က ခု (့) မြို့မှာပါ။ (့) မှ ဆေးဆိုင်တွင် သွားဝယ်ကြည့် သော်လည်း မရှိပါ။ မကြာခင် Mandalay ဆင်းဖြစ်မှပဲ ရှာဝယ်လိုက်ပါမယ်။ ဆေးဆိုင်တွင် KY ဂျယ်လီ ဟုဆိုရုံဖြင့် ဝယ်လိုရနိုင်ပါလား။ KY ဂျယ်လီ သည် သုံးလျှင် စိုးရိမ်စရာများရှိပါသလား။ မည်ကဲ့သို့ သုံးစွဲရမည်ကို ဖြေကြားပေးစေလိုပါတယ်။ ကျွန်တော် ပန်းသေးပန်းညိုး ရောဂါ ခံစားနေရသည်ဟု ထင်ပါသည်။ ထိုကြောင့် Viagra ဆေးအစစ် ဝယ်လိုပါတယ်။ မည့်သည့် Brand သို့မဟုတ် မည်ကဲ့သို့သော Viagra ဆေးမျိုးကို ဝယ်ယူသင့်ပါလဲ။ တရုတ် ထုတ်ဆေးမျိုး ဖြစ်မှာစိုးလို့ပါခင်ဗျာ။ ဆရာ့ Website ကို ဝင်ရောက်ဖတ်ရှုလို့မလွယ်ကူ လို့ပါ။ blogspot.com မှန်သမျှကို banned ထားလို့ပါ။

၁။ KY Jelly က အများဆုံးသုံး နာမည် ဖြစ်တယ်။ အဲဒီဘက်မှာ တခြားနာမည် ဖြစ်မလားဘဲ။ ဖြစ်နိုင်တာတွေ ရှာပြီး ပို့လိုက်ပါတယ်။ KY Jelly ကို ချောဆီသဘော သုံးရတာဖြစ်လို့ လိုတဲ့အချိန်မှာ မ အင်္ဂါမှာဖြစ်ဖြစ်၊ ကျားအင်္ဂါဖြစ်ဖြစ် သုတ်လိမ်းပါ။ စောင့်နေစရာမလိုပါ။ ရေကနေဖေါ်စပ်တာဖြစ်လို့ သန့်ရှင်းဘို့လွယ်တယ်။ မသန့်သေးလဲ နေလို့ရတယ်။ မတည့်တဲ့သူ မကြားဘူးသေးပါ။
၂။ Viagra သုံးဘို့ မလိုလောက်လို့ ထင်ပါတယ်။ ဖြစ်နိုင်မှာပါ။ တကယ်စမ်းချင်ရင် ရေးထားတဲ့စာကို တွဲပို့လိုက်ပါတယ်။
၃။ Viagra သန်မာစေတဲ့ဆေး အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၇)
၎။ Blogspot ကနေ အထဲက ဖတ်နိုင်အောင် ပြောင်းဘို့ ကြိုးစားနေပါတယ်။

2011/5/3
Q 9: ကျွန်တော်က အသက် 24 ရှိပါပြီ။ တကိုယ်ရေ အာသာဖြေခြင်းနဲ့ ဝခြင်း ပိန်ခြင်းဟာ သက်ဆိုင်ပါသလား။ ကျွန်တော်က နဲနဲပိန်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းကိုလည်း တစ်ပတ်လျှင် ၃ ကြိမ်မျှ ပြူလုပ်ပါသည်။ ပုံမှန်ထက် အာသာဖြေခြင်းကို ပြူလုပ်ပါက တခြားဆိုးကျိုးများကိုလဲ ရှင်းပြပေးစေလိုပါသည်။

Masturbation (မာစတာဘေးရှင်း) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၅) ကို ဖတ်ပါ။
 

Q and A (Over 18 year readers) April 2011

Q 1: အတူတူနေရင် ဆီးစပ်က ကိုက်ကိုက် လာတတ်ပါတယ်။
Q 2: ရုပ်ရှင်ထဲမှာတော့ ပါးစပ်သုံးတာ မြင်ဖူးတယ်။
Q 3: ညားခါစ အိမ်ထောင်သည် တယောက်ပါ။
Q 4: အဖော် တစ်ယောက်နဲ့ အကာအကွယ်မဲ့ ဆက်ဆံခဲ့မိတယ်။
Q 5: ဆရာရှင့် အရေးပေါ်တားဆေးက ပထမအလုံးက ဘယ်အချိန်မှာ သောက်ရမှာပါလဲရှင့်။

May 16, 2011 at 12:49 PM
Q 1: သားအိမ်ပြင်ပမှာ သန္ဓေတည်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရတတ်ပါသလဲရှင်။ နောက်ပြီး ဘယ်လို ဖြစ်တတ်သလဲ ဆိုတာ သိချင်ပါတယ်။ သမီးက ၃၄ နှစ်ပါ။ လွန်ခဲ့တဲ့ ၂ လ လောက်က စပြီးတော့ အတူတူနေရင် ဆီးစပ်က ကိုက်ကိုက် လာတတ်ပါတယ်။ အောင့်လဲ အောင့်ပါတယ်။ နေနေတုန်းကိုပဲ အောင့်တက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲ။ နောက်ပြီး ထမင်းစားပြီးလို့ရှိရင် ဗိုက်က အရမ်း တင်းပြည့်ပြီး နေလို့ထိုင်လို့ မရအောင် ဖြစ်တတ်ပါတယ်။ နဲနဲပဲစားလဲ ဖြစ်ပါတယ်။ များများစားလဲ ဖြစ်ပါတယ်။ ဗိုက်က ပူပူနေပါတယ်။ အခုက အစာစားစား မစားစား အမြဲပူနေပါတယ်။ စားပြီးလို့ရှိရင်တော့ အရမ်းကိုတင်းပြည့်နေသလို ခံစားရပါတယ်။ နောက်ပြီး ရာသီလာခါနီး ဆက်ဆံရင် ဆီးစပ်ကိုက်တာနဲ့ ဘယ်လိုမှ နေလို့ မရတော့ လောက်အောင် ဖြစ်ဖြစ်လာပါတယ်။ OG နဲ့ ပြသင့်ပါသလား။
• Ectopic Pregnancy ထူးဆန်းသည့် ကိုယ်ဝန် ကို ဖတ်ပါ။
• ဆေးစစ်ဘူးသလား။ အာလ်ထွာဆောင်း ရိုက်ဘူသလား။ ရာသီဆင်းရင် နာတတ်သလား။ အဖြူဆင်းသလား။
• ဗိုက်ပူတာမှ ကိုယ်ဝန်မရှိတာကို ဖယ်ထုတ်ရမယ်။ သေခြာချင်ရင် Urine for pregnancy test ဆီးစစ်ပါ။ နောက် ကိုယ်ဝန်မဟုတ်ရင် လေ၊ အစာခြေလမ်းကို စဉ်းစားရမယ်။ လိုအပ်ရင် Antacid သောက်ပါ။ လိုသေးရင် Digestive enzyme ကို ထမင်းစားပြီး တကြိမ်စီ သောက်ပါ။
• ရာသီလာချိန် ကိုက်တာမျိုးအတွက် Pain killer တခုခုသောက်ပါ။
• မေးတာတွေ ပြည့်စုံမှ ထပ်ဖြေပါမယ်။

2011/5/17
Q 2: ရုပ်ရှင်ထဲမှာတော့ ပါးစပ်သုံးတာ မြင်ဖူးတယ်။ ဒါပေမဲ့သူက ပါးစပ် မသုံးချင်ဘူးတဲ့။ တခြားနည်းလမ်းရှိလား။ ပြီးတော့ သူပစ္စည်းက ပိတ်နေပါတယ်။ အဲဒါ ဘယ်လုပ်ရပါသလဲ။ ဆေးစားလို့ ရသလား။ ဘာဆေးလဲ၊ ဆေးနာမည်ပြောပြပါ။ မဆက်ဆံဘဲနဲ့ ကလေး ရနိုင်သလား။ တကယ်လို သူအပေါက်ပိတ်နေရင် ကလေး ရနိုင်ဖို့ခဲယဉ်းသလား။ ကလေးရဖို့က လိင်ဆက်ဆံတာနဲ့ ဆိုင်ပါသလား၊ ပြောပြပေးပါ။
• မရှင်းတာလေး ပြောပါအုံး။ မေးတဲ့သူက နာမည်အရ ယောက်ျားဖြစ်မှာဆိုတော့ သူက ဆိုတာ မိန်းကလေးပေါ့။ ဒါပေမဲ့ သူ့ပစ္စည်းက ပိတ်နေတယ် ဆိုတာ ဘာလဲ။
• မဆက်ဆံဘဲ ကလေးမရပါ။ တခုတော့ရှိတယ်။ ကလေးမရတာကို ရအောင် ဓါတ်ခွဲခန်းမှာ ပေါင်းစပ်ပြီး သားအိမ်ထဲ ပြန်ထည့်နည်းလုပ်ရင် ဆက်တံတာမပါဘဲ ကိုယ်ဝန်ရနိုင်တယ်။
• မိန်းကလေး အပေါက်ပိတ်တယ်ဆိုရင် ဘယ်နေရာလဲ၊ သားအိမ်အဝလား၊ သားအိမ်ပြွန်လား။ မွေးလမ်းကြောင်း ပိတ်တာဆိုရင် လိင်အင်္ဂါထိုးသွင်းလို့ကို မရနိုင်ပါ။
• ယောက်ျားလေး ပိတ်တယ်ဆိုရင် ပန်းငုံတာလား။

2011/4/13
Q 3: ကျွန်တော်က အသက်၂ဝ ပါ။ ညားခါစ အိမ်ထောင်သည် တယောက်ပါ။ အမျိုးသမီးကလည်း အသက် ၂ဝ ပါပဲ။ ဒါပေမဲ့ သူက ကျောင်းသူတယောက်ပါ။ အတူတူမနေကြပါဘူး။ သူရှိတဲ့မြို့ကို ကျွန်တော်က တလကို ၄ ရက်လောက် သွားတွေ့ဖြစ်ပါတယ်။ အခုလို သူမ ကျောင်းတက်နေချိန်မှာ ကလေး မယူချင်ပါဘူး။ ဒါကြောင့် ဆေးခန်း သွားပြီး ဆရာဝန်နဲ့ ဆွေးနွေးရန် တိုက်တွန်းတဲ့အခါ သူမက ရှက်သည်ဆိုသောကြောင့် မဆွေးနွေးရသေးပါ။ ရေးထားတဲ့ ကိုယ်ဝန်းတားဆေးများအကြောင်းလဲ ဖတ်ပြီးပါပြီ။ ဒါပေမဲ့ ဥာဏ်မမှီပါဘူး။ ကျွန်တော် လိုချင်တာက ဥပမာ တခါ ဆက်ဆံပြီးရင် တလုံး သောက်ရမဲ့ဆေးမျိုးကို လိုချင်ပါတယ်။ အမျိုးသမီးကို တလလုံး သောက်ရမဲ့ ဆေးမျိုးမဟုတ်ပဲ တခြားနည်းလေးများရှိရင် ညွှန်ပြစေလိုပါတယ်။

စာဖတ်ပြီးရင် နည်းအမျိုးမျိုး တွေ့မှာပါ။ တခါဆက်ဆံ တခါသောက်ရတဲ့ အရေးပေါ်တားဆေးကိုလဲ ဖတ်ပါ။ အရေးပေါ် အတွက်သာ တခါတလေ သုံးဘို့ ကောင်းတယ်။ အဲဒါကို မေးထားတာတွေ ဖြေတာလဲ တွေ့ပါလိမ့်မယ်။ ဖတ်ပါ။ ဆောရီး ကျွန်တော်က စာရေးမကောင်းဘူး။

2011/4/7
Q 4: ကျွန်တော် အသက် ၂၈ ပါ။ လူလွတ်တစ်ယောက် ဖြစ်ပြီး (့) မှာ နေပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်က အဖော် တစ်ယောက်နဲ့ အကာအကွယ်မဲ့ ဆက်ဆံခဲ့မိတယ်။ နေနေပြီးချင်း နောက် တစ်ရက်။ နှစ်ရက်လောက်မှာ လိင်တန်ရဲ့ အရင်းနားနဲ့ အလယ်နား ဝန်းကျင်တွေမှာ တခုခု ဖြစ်နေသလို စတင်ခံစားခဲ့ရပြီးတော့ ဆီးမကြာမကြာ သွားချင်တဲ့ ခံစားမှုမျိုး ခံစားနေရပါတယ်။ ဒါက ဂနိုကျချင်တာမျိုးများ ဖြစ်နိုင်မလား သိချင်ပါတယ်။ အခု ၂ ပတ်အကြာ အထိတော့ ဂနိုကျသလို ထိပ်ဖျားမှာ ယိုစိမ့် ထွက်တာမျိုးလည်း မရှိဘူးဖြစ်နေပါတယ်။ ဆီးကတော့ ခဏခဏလို သွားချင်တဲ့ ခံစားမှုမျိုး ဖြစ်နေပါတယ်။ တကယ်လို့ ဂနိုကျတာမျိုး ဖြစ်လာရင် ပနယ်စလင်နဲ့လည်း မတည့်ဘူးဖြစ်နေတော့ အလွယ် ဝယ်သောက်လို့ရမယ့် ဆေးလေး ညွှန်းလည်း သိချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကလည်း အဲ့ဒီလို တခါ ဖြစ်ခဲ့ဘူးတော့ ရန်ကုန်က ဆေးခန်းတခုမှာ ပြခဲ့ရပါတယ်။ အဲ့ဒီတုန်းက ဆရာဝန် ပေးလိုက်တဲ့ ဆေးညွှန်း အခုအချိန် သိမ်းထားပါတယ်။ ဆေးညွှန်းကို မဖတ်တက်ဘူး ဖြစ်နေပါတယ်။ အဲ့ဒီ ဆေးညွှန်းကိုလည်း တွဲပြီး ပို့ပေးလိုက်ပါတယ်။ ဆေးဆိုင်းတွေမှာ သွားပြပြီး ဝယ်လို့လည်း အဆင်မပြေဖြစ်နေတာကြောင့် (့) မှာ ဝယ်လို့ လွယ်နိုင်ရမယ့်ဆေး ညွှန်ကြားစေချင်ပါတယ်။ ဆက်ဆံစဉ်တုန်းက ပြီးတဲ့အချိန်မှာ အပြင်ထုတ်ပြီး လက်နဲ့ လုပ်လိုက်ပါတယ်။ လိင်ဆက်ဆံမှုက ၄ ကြိမ် လောက်ရှိခဲ့ပါတယ်။ တစ်ယောက်တည်းနဲ့ပါပဲ။ လိင်ဆက်ဆံဖော်ကိုလည်း ဘယ်လိုမေးရမှန်း မသိ၊ အားတုံ့အားနာ ဖြစ်နေတဲ့အတွက် လမ်းညွှန်ပေးပါ။

ဆေးညွှန်း အဟောင်းထဲမှာ ဆေး ၂ မျိုးပါတယ်။
Azicure (Azithromycin) နဲ့ Oflamac (Ofloxacin 200mg) ဖြစ်တယ်။ ပနယ်စလင် မတည့်သူလဲ သောက်နိုင်တဲ့ ပဋိဇီဝဆေးတွေ ဖြစ်ပါတယ်။ ဆေးဆိုင်မှာ အခုရေုးပြသလို မေးဝယ်ရင် ရပါလိမ့်မယ်။ ကောင်းသွားနိုင်ပါတယ်။ လိုသေးရင် မေးပါ။

8 Apr 11, 07:23
Q 5: ဆရာရှင့် အရေးပေါ်တားဆေးက ပထမအလုံးက ဘယ်အချိန်မှာ သောက်ရမှာပါလဲရှင့်။ ဆေး ၂ လုံးက သောက်တဲ့ တရက်တည်းကို အာနိသင် ဖြစ်တာလား၊ နောက်တရက် ထပ်ဖြစ်ရင် နောက်တရက် ထပ်သောက်ရမှာလားရှင့်။

လိင်ဆက်ဆံ ပြီးနောက် ၇၂ နာရီ (၃ ရက်) အတွင်း ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီခြားပြီး ဒုဆိယဆေး ၁ လုံး ထပ်သောက်ပါ။ ဆေး ၂ လုံးသောက်ထားရင် ပြီးခဲ့တဲ့ ၃-၅ ရက်အတွင်း ဆက်ဆံမှု အားလုံး အကြုံးဝင်တယ်။ ဆေး ၂ လုံး သောက်ထားတဲ့နောက် နောက်ထပ် ဘယ်နှစ်ရက်အထိ ကာကွယ်မယ်ဆိုတာ မသေခြာပါ။
1. Emergency Contraception (1) အရေးပေါ်တားဆေးများ (၁)
2. Emergency Contraception (2) အရေးပေါ်တားဆေးများ (၂)
3. Ecee2 ဆေးဆိုတာ တွေကိုလဲ ဖတ်ပါ။
 

ရင့်ကျက်တယ်ဆိုတာ

ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့မရပါဘူး။ အသက်အရွယ်ဆိုတာ ကိုယ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပါ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုမဟုတ်ပါဘူး။

ရင့်ကျက်တယ်ဆိုတာ တိုက်စားခြင်းမခံဘူး၊ သံယောင်မလိုက်ဘူး၊ တခြားသူရဲ့ အရိပ်အကဲကိုမကြည့်ဘူး၊ သွက်သွက်လက်လက် ပါးပါးနပ်နပ်ရှိတာကို မခေါ်ဘူး၊ လေသင့်ရာ ပဲ့ထိုးတာမဟုတ်ဘူး၊ ဉာဏ်နီဉာဏ်နက်များတာကို ခေါ်တာမဟုတ်ဘူး။

ရင့်ကျက်တယ်ဆိုတာ အခက်အခဲနဲ့ရင်ဆိုင်ရသည့်တိုင် မိမိကိုယ်ကိုယ်ယုံကြည်မှု မဲ့မသွားဘူး၊ ဂုဏ်ပြုချီးမွမ်းခံရသည့်တိုင် မဝင့်ကြွား၊ မထောင်လွှားဘူး။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အလိုက်မသိတဲ့ နောက်ပြောင်မှုကို သည်းခံနားလည်ပေးတယ်။ ထင်မှတ်မထားတဲ့ အနှောင့်အယှက်၊ ထိုးနှက်ချက်တွေမှာ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တယ်။

ရင့်ကျက်တယ်ဆိုတာ တဲစုတ်နဲ့နေလည်း မသိမ်ငယ်ဘူး၊ တိုက်တာကြီးနဲ့နေလည်း မာန်မာနမခက်ထန်ဘူး၊ မဝင့်ကြွားဘူး။

ရင့်ကျက်တယ်ဆိုတာ နောက်ကွယ်မှာပြောခဲ့တဲ့စကားကို လူပုံအလည်မှာ ချပြရဲတယ်။

ရင့်ကျက်တယ်ဆိုတာ သူတစ်ပါးရဲ့ အချစ်၊ အမုန်းနဲ့ ကိုယ့်ခံစားချက်ကို မထိန်းချုပ်ဘူး။ လူအများနဲ့နေလည်း ကိုယ့်အားကိုယ်ကိုးတယ်။

ရင့်ကျက်တယ်ဆိုတာ မိဘဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းမိတ်ဆွေ၊ အလုပ်အကိုင်နဲ့ လူ့လောကကို ပိုတွယ်တာ၊ ပိုတာဝန်ယူပြီး ပိုတန်ဖိုးထား မြတ်နိုးတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်နားလည်ခြင်း၊ တည်ငြိမ်ရောင့်ရဲတာတွေ တိုးသထက်တိုးလာပြီး အမုန်းရန်ငြိုး၊ အမြင်ကျဉ်းတာတွေ၊ စိတ်လိုက်မာန်လိုက်လုပ်တာတွေ၊ မောက်မာထောင်လွှားတာတွေ နည်းသထက်နည်းတာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ဆင်းရဲဒုက္ခနဲ့ကြုံခဲ့လည်း မားမားရပ် ရင်ဆိုင်နိုင်တယ်။ အောင်မြင်ကျော်ကြားနေလည်း ဘဝ မမေ့တတ်တာဖြစ်တယ်။

ရင့်ကျက်တယ်ဆိုတာ ကျရှုံးခဲ့လည်း အသစ်ကပြန်စရဲတယ်။ အောင်မြင်ကျော်ကြားခဲ့လည်း အောက်ခြေက ပြန်စရဲတယ်။

ရင့်ကျက်တယ်ဆိုတာ အမှားမရှိတာ မဟုတ်ဘူး။ လုံးဝပြီးပြည့်စုံတာ မဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ မျက်စိစူးစေတဲ့ တောက်ပမှုမျိုး မဟုတ်ဘူး။ မလျော့တဲ့လုံ့လနဲ့ ကိုယ့်ကိုယ်ကို ကောင်းသထက်ကောင်းအောင် ပြုစုပျိုးထောင်တာဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့စိတ်ဓာတ်နဲ့ အောင်မြင်တဲ့လူ့ဘဝဆီ အရောက်လှမ်းတာဖြစ်တယ်။

မူရင်း-- http://www.duwenzhang.com/wenzhang/renshengzheli/20080222/2860.html

နိုင်းနိုင်းစနေ (နားလည်သလို) ဘာသာပြန်သည်။

Credit: http://www.99sanay.com/2011/06/blog-post_24.html

Sunday, June 26, 2011

မိုဘိုင်းပစ္စည်းတွေကပေးတဲ့ ကျန်းမာရေးအန္တာရာယ် တို့ကာကွယ်

ခေတ်ပေါ် ပစ္စည်းတွေဖြစ်တဲ့ Laptop, Smart Phone နဲ့  ဂိမ်းကစားတဲ့ ပစ္စည်းတွေ ၀ယ်သုံး တဲ့အခါ သူတို့ နဲ့  အတူ ပါလာ တဲ့ စာရွက် စာအုပ်တွေကို သေချာ ဖတ်ကြည့်ကြပါသလား။ ဖတ်တယ် ဆိုရင်တော့ ချီးကျူး ရမှာပါ တဲ့။ တော်တော် များများက မဖတ်ကြည့်ကြ ပါဘူး။ တကယ်တော့ ဒီ သတင်းပေးချက်တွေကို သုံးစွဲသူ ဘက်က လေးစား လိုက်နာ သင့်ပါတယ်။ ဒါမှ မဖြစ်သင့်တာတွေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဖြစ် လာတဲ့ အန္တရယ်တွေက ရေဒီယို ဓာတ်ရောင်ခြည်လှိုင်း ထိခိုက်ခံရတာ၊ အမြင်ပိုင်း ဆိုင်ရာ ချို့ ယွင်းလာတာနဲ့  အရေပြား အပူ လောင်ကျွမ်းတာတွေ ဖြစ်ပါတယ်။ မိုဘိုင်း ပစ္စည်း ၃မျိုးကို အဓိက ထားပြောချင်ပါတယ်။

Laptop

Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ပြီး အချိန်ကြာကြာ သုံးရင် အရေပြား ထိခိုက်ပျက်စီးမှု  ဖြစ်စေ ပါတယ်။

Apple ဘက်မှ ဖြေရှင်းချက်
Apple ကွန်ပျူတာသုံးစွဲတဲ့အခါ လုံခြုံ စိတ်ချရဖို့ နဲ့  အပူကြောင့် ဖြစ်လာနိုင်တဲ့ ဒဏ်ရာရရှိတာမျိုးကို မရစေဖို့  စီမံထား ပါတယ်။ Mac Book Pro ကို ခေါင်းအုံး၊ စောင်၊ မွေ့ ရာနဲ့  အခြားနူးညံ့ပျော့ပျောင်းတဲ့ ပစ္စည်းတွေပေါ်မှာ တင်ပြီး မသုံးပါနဲ့ ။ ဘာကြောင့်လဲဆိုတော့ အပူတွေ ထွက်နိုင်ဖို့  လေ၀င်လေထွက် ပိတ်ဆို့ နေလို့  ဖြစ်ပါတယ်။ ပေါင်ပေါ် တင်သုံးနေတယ် ပူလာတယ်လို့  ခံစားရရင် ဖယ်လိုက်ပြီး ခိုင်ခံ့တဲ့ မျက်နှာပြင် တစ်ခုခုပေါ် တင်ပြီး ဆက်သုံးပါ။

Dell မှ မှာကြားချက်
Dell Laptop နဲ့  adaptor ကို လူအသားနဲ့  ထိပြီး အကြာကြီး မသုံးပါနဲ့ ။ Laptop အောက်ပိုင်းမှာ အပူတွေ ထွက်နေ ပါတယ်။ AC Power နဲ့  သုံးရင် ပိုပြီး အပူထွက်ပါတယ်။ မသက်မသာ ခံစားရပြီး အရေပြား အပူလောင်နိုင်ပါတယ်။

Toshiba မှ မှာကြားချက်

Computer တွေက အပူထွက်လာနိုင်ပါတယ်။ အသားအရေနဲ့  ထိတွေ့ ပြီး အကြာကြီး မသုံးပါနဲ့ ။

Sony မှ မှာကြားချက်
အရေပြားနဲ့  ထိတွေ့ ပြီး ကွန်ပျူတာကို မသုံးပါနဲ့ ။ ဖယ်ရှားပြီး ခနာကိုယ် လက်တစ်ကမ်းမှာ ထားသုံးပါ။ အရေပြား ဒဏ်ရာ ရစေနိုင်ပါတယ်။

သုံးစွဲသူရဲ့ စွန့် စားရမှု
Notebook  တွေက ထွက်လာတဲ့ အပူငွေ့ တွေဟာ ဒုက္ခပေးပါတယ်။ လူကို အပူဖုတွေ၊ အရေပြားနီပြီး အပူလောင် တာတွေ၊ အညိုမည်းစွဲတာတွေ ဖြစ်နိုင်တဲ့အပြင် အရေပြားကင်ဆာတောင် ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့  ပြောကြ ပါတယ်။ Laptop ကို ပေါင်ပေါ်တင်ြပီး အကြာကြီး သုံးရင် ယောကျာ်းတွေအတွက် ဗီဇ မျိုးစေ့အကောင် (Sperm) တွေ လျော့ပါး ပျက်စီးစေနိုင်ပါတယ်တဲ့။

အကြံပေးချက်
Laptop ကို ပေါင်ပေါ် တင်ပြီး သုံးစွဲတာမျိုး ရှောင်ကြဉ်ပါ။ Laptop cooler ထည့်ထားရင်တောင်မှ အပူငွေ့ တွေဟာ ကိုယ့်ဆီကို ရောက်လာနိုင်ပါတယ်။ ခဏတဖြုတ်သုံးမယ်ဆိုရင်လည်း အေးတဲ့ အခင်းတစ်ခုကို ပေါင်ပေါ်တင်ပြီးမှ Laptop တင်ပါ။

3D Displays


၆နှစ်အရွယ်နဲ့  ၆နှစ်အောက်ရှိ ကလေးတွေ 3D ပုံတွေ ကြည့်နေတာ ကြာရင် မျက်စိ အမြင်ပိုင်းဆိုင်ရာ ချို့ ယွင်းသွားပါ တယ်။ 3D ပုံတွေ ကြည့်ချင်တယ်ဆိုရင် မိဘတွေရဲ့ ထိန်းချုပ် ခွင့်ပြုမှု လိုအပ်ပါတယ်။

စွန့် စားရမှု
3D digital ပစ္စည်းတွေကြောင့် မျက်စိနဲ့  အမြင်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးစေမှုမှာ ဘယ်လို သက်ရောက်မှု ရှိမှာလဲ ဆိုတာကို ရေတို၊ ရေရှည် လေ့လာမှုတွေ လုပ်နေပေမယ်လို့  အပြီးသတ်မှတ်ချက် ချလို့  မရသေးပါဘူးလို့  ဆိုပါတယ်။ Nintendo ဘက်က သတိပေးထားတာက "ကလေးတွေ 3D အရုပ်တွေ ကြည့်တဲ့အပေါ်မှာ လေ့ လာချက်မှာ ကလေးတွေ 3D ပုံတွေ ကြည့်တာ တကယ့်ရုပ်ဝတ္ထုကို မြင်တာမဟုတ်ပဲ ထင်ယောင်ထင်မှား အမြင်အာရုံ ခံစားရတာ ဖြစ်တယ်။ နေ့ စဉ် လူမှုဆက်ဆံ ပြောဆိုတာတွေ၊ သဘာဝ အရင်း အမြစ် တောတာင် ရေမြေ ပင်လယ်တွေကို တကယ်လို  ခံစားကြည့်ရတာ ဖြစ်ပါတယ်။ Nintendo က ဒီဖွံ့ ဖြိုးရေးလုပ်ငန်းကို လုပ်နေတာ ၃နှစ်တောင် ရှိသွားပြီ။ အပြီးသတ်ပါပြီ" လို့  ပြောပါတယ်။

အကြံပေးချက်

မျက်စိဆရာဝန်တွေရဲ့ အကြံပေးချက်က "3D  ပုံတွေကို အကြာကြီး ဆက်တိုက် မကြည့်ပဲ မကြာခဏ နားပေးပါ။ မျက်စိ ညောင်းလာတယ်လို့  ခံစားရရင်လည်း နားပါ။ သို့ မဟုတ် ခေတ္တ အိပ်ပါ။ မိဘတွေအနေနဲ့ က 3D ကြည့်လို့  မရအောင် 3D ခလုတ် ပိတ်ထားပေးပါ။ ဒါမှမဟုတ် မသင့်တော်တဲ့ အပိုင်းတွေ၊ Application တွေကို ပိတ်ထားပေးပါ" တဲ့။

 

Cell Phone

ရေဒီယို အသံလှိုင်း ကြိမ်နှုန်း Radio Frequency (RF) ထိတွေ့ ချိန် ကြာလာပါက ရောင်ခြည် သင့်တဲ့ အနာတရ ဖြစ်လာနိုင်ပါတယ်။

Apple ဘက်မှ ဖြေရှင်းချက်

iPhone အင်တာနာ စက်ကွင်းမှ လွတ်စေဖို့ အတွက် iPhone ကို phone အထိုင်မှာ ထည့်ထားပေးပြီး လူပခုံးထက် နိမ့်တဲ့နေရာမှာ ထားပေးပါ။ ဖုန်းပြောရတဲ့အခါ ခန္ဓာကိုယ်မှ အထူးသဖြင့် မျက်နှာနားမှ 15mm (5/8 inch) ခွာထားပေးပြီးမှ ပြောပါ။ မကြားရလို့  နားမှာ ဖိကပ်ပြီး မပြောပါနဲ့ ။ ဖုန်းကိုလည်း ခါးပတ်အိတ်၊ ဖုန်းထည့်တဲ့အိတ်ထဲ မှာ ထည့်ပြီး လူ့ အသားနဲ့  မထိစေပဲ 5/8 inch ခွာထားပေးပါ။

HTC ရဲ့ မှာကြားချက်
ဖုန်းကို သတ္တုအဆောက်အဦး ကိုယ်ထည်တွေနားမှာ အသုံးပြုတာမျိုးကို ရှောင်ကြဉ်ပါ။ Microwave မီးဖို၊ စပီကာပုံး အကြီးတွေနားနဲ့ TV, Radio တို့ လို လျှပ်စစ် သံလိုက်လှိုင်း ထုတ်လွှတ်တဲ့ ပစ္စည်းတွေနားမှာ ကပ်ပြီး ဖုန်း အသုံးပြုတာမျိုး ရှောင်ပါ။ မိမိတင်မကပဲ အနီးအနားကသူတွေ အတွက်ပါ စဉ်းစားပြီး ရှောင်ကျဉ် ပေးပါ။ အဓိကဖြစ်တဲ့ Phone အင်တာနာကို လူ့ အသားနဲ့  ခန္ဓာကိုယ် ဘယ်နေရာမဆို ထိကပ် မထားတာ အကောင်းဆုံးပါပဲ။

Motorola မှ သတိပေးချက်
ရေဒီယို လှိုင်းကြိမ်နှုန်းတစ်ခု လူ့ ခန္ဓာကိုယ်ပေါ်ကို စံသတ်မှတ်ထားချက် အမှတ် ၄ ညွှန်ကြားချက်ထက် ပိုပြီး မကျ ရောက်စေပါနဲ့ ။ ဒီညွှန်ကြားချက်နဲ့  သတိပေးချက်တွေကို အမြဲ လိုက်နာဖို့  လိုပါတယ်။ ဖုန်းလာလို့  နားထောင်တဲ့အခါ ကြိုးဖုန်းလို နားမှာ သိပ်ထိကပ် မထားပါနဲ့ ။ ဖုန်းကို ခါးမှာ ချိတ်ထားတယ်ဆိုရင်လည်း Motorola မှ ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲ ထည့်သုံးပါ။ လူ့ အသားနဲ့  ထိကပ်မထားစေပဲ 1 inch ခန့်  ခွာထားပါ။

ဖုန်းသုံးစွဲသူများက စွန့် စားရမှု
ရေဒီယို သတ္တိရှိတဲ့ လှိုင်းကို ခန္ဓာကိုယ်၊ ဦးခေါင်းနားမှာ အချိန်ကြာ ကပ်သုံးနေမယ်ဆိုရင် ဖြစ်နိုင်တဲ့ ဝေဒနာ က ကင်ဆာရောဂါ ဖြစ်စေနိုင်တာပါပဲ။ သို့ သော်လည်း သတ်မှတ် ခွင့်ပြုပေးထားတဲ့ ရေဒီယို သတ္တိ စိမ့်ဝင် နှုန်းက ထုတ်လုပ်သူနဲ့  Cell Phone အမျိုးအစားပေါ် မူတည်ပြီး မတူညီကြပါ။ Cell Phone တွေမှာ Wi-Fi ဆက်သွယ် နည်းနဲ့  သုံးတာဟာ ရိုးရိုး cellular  ထုတ်လွှင့်မှုထက် Specific Absorbtion Rates (SAR) လျော့နည်း နေပါတယ်။

ဒါပေမဲ့ Apple iPhone ကို ခါးမှာ မချိတ်ပဲ အင်္ကျံအိတ်ထဲမှာ ထည့်ထားတာ များလို့  အသားနဲ့  5/8 inch ထက် ပိုပြီး ကပ်နေမှာ သေချာပါတယ်။ Motorola ကတော့ သူတို့ ရဲ့ ဖုန်းကို သတ်မှတ်ထားတဲ့ အကွာအဝေး ထက် ပိုမကပ်ဖို့  ပြောပါတယ်။ ဒါမှမဟုတ် Motorola က ထောက်ခံချက် ပေးထားတဲ့ ခါးချိတ်တဲ့ အိတ်ထဲ ထည့်သုံးကြဖို့  ပြောပါတယ်။

Cell phone သုံးစွဲတာနဲ့  ဦးနှောက် သတိမေ့ရောဂါ ဖြစ်တာ ဘယ်လို ဆက်စပ်မှု ရှိလည်းဆိုတာကို အချိန် များများ အကုန်ခံကာ လေ့လာနေကြပါတယ်။ တိုင်းပြည် ၁၃ပြည်က cell phone သုံးစွဲသူ ၁၂၀၀၀ကျော်မှာ တစ်ဦးသာ ခံစားရတာကို တွေ့ ရပါတယ်။ ဒါပေမဲ့ ဒီအဖြေဟာ အတည်ယူလို့  မရပါတဲ့။ နှစ် ၂၀ - ၃၀ကျော် လောက် လေ့လာရမဲ့ ကိစ္စ ဖြစ်နေပါတယ်တဲ့။

အမျိုးသားကျန်းမာရေးဌာန (အမေရိကန်ပြည်)ရဲ့ လေ့လာချက်အရ မိုဘိုင်းဖုန်းတွေရဲ့ ရေဒီယိုလှိုင်း သက်ရောက်မှုဟာ ဖုန်းနဲ့  ကပ်နေတဲ့ ဦးနှောက် နေရာတစ်ဝိုက်ကို ထိစေပြီး လှိုင်းဒဏ်ကို ပိုမို ခံစားစေ ပါတယ်တဲ့။ လေ့လာချက်ရဲ့ အဖြေကို သေချာ မသိရသေးပါဘူး။ ခုမှ ပထမဆုံး လေ့လာရတဲ့ စမ်းသပ်ချက် ဖြစ်နေပါတယ်လို့  ပြောပါတယ်။

အကြံပေးချက်
Cell phone ရဲ့ အတွင်းဘက် အင်တာနာမှ ရေဒီယို အသံလှိုင်း စွမ်းအင်တွေကို ဖုန်းပြောနေချိန်မှာ ထုတ် လွှတ်နေပါ တယ်။ စကားပြောနေချိန်မှာ ဖုန်းကို ကိုယ်မှ ဖြစ်နိုင်သမျှ ခွာပြောပါ။ Bluetooth headset ဒါမှမဟုတ် speaker phone နဲ့  တပ်ဆင်ပြောရင် ပိုကောင်းပါလိမ့်မယ်။ ဒါက ကားမောင်းတဲ့ သူတွေအတွက် အဆင်အပြေဆုံးပါပဲ။ ဖုန်းကိုလည်း အိတ်ကပ်ထဲ မထည့်ပဲ လွယ်အိတ်၊ လက်ဆွဲအိတ်ထည့်ထားပါ။

မေဇူး
ITZEN Journal

Friday, June 24, 2011

အူအတက်ရောင် ရောဂါ

ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right Iliacfossaဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့ အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါတယ်။

ဗိုက်ညာဘက်နာတာအပြင် ဗိုက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ Sign of Peritonitisလို့ခေါ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ -

(၁) ဗိုက်ညာဘက်နာတယ် (PAIN)

(၂) အဖျားဝင်လာတယ် (FEVER)

(၃) နာတဲ့နေရာထိလိုက်ရင် ပိုနာတယ်၊ TENDERNESS လို့ခေါ်တယ်။

(၄) နာတဲ့နေရာကို အသာလေးဖိလိုက်ပြီး ရုတ်တရက်ဖိထားတာကို လွှတ်လိုက်ရင် ပိုနာလာလို့ လူနာက 'အမယ်လေးဗျ'လို့ အော်တော့ တာပါပဲ။ ဒီလိုနာတာမျိုးကို REBOUND TENDERNESS လို့ ခေါ်ပါတယ်။

(၅) ဗိုက်ဘယ်ဘက်က တင်းမနေဘဲ ညာဘက်က တင်းမာနေတယ်၊ RIGIDITY လို့ခေါ်ပါတယ်။

(၆) ဆရာဝန် လူနာနားကပ်လိုက်ရင်ကိုပဲ မျက်နှာက နာတဲ့ပုံသဏ္ဌာန် ပြလိုက်ပါတယ်။ CONSCIOUS PAIN လို့ခေါ်ပါတယ်။ GUARDING လို့လည်း ပြောကြပါတယ်။

အထက်ပါ လက္ခဏာတွေအားလုံးဟာ အူအတက်ရောင်(အူအတက်ပေါက်) နာတွေရဲ့ လက္ခဏာတွေဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။

တိတိကျကျ ပြောလို့မရပါ

အူအတက်ရောင်ရောဂါ ဟုတ် ၊ မဟုတ်ကို တိတိကျကျ ပြောလို့မရပါဘူး။ အကြောင်းရင်းကတော့ -

(၁) အထက်ပါလက္ခဏာတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘဲ အမျိုးမျိုးခြားနားကြလို့ဖြစ်တဲ့ရောဂါဟာလည်း အူအတက်ပေါက်ရောဂါလို့ တိတိကျကျ မပြောနိုင်ပါဘူး။

(၂) အူအတက်ရောင်ရောဂါက အူသိမ်နေရာ(ILEUM)နဲ့ အူမကြီး (CAEUM) တို့ တွေ့ဆုံဆက်တဲ့နေရာမှာရှိလို့ ဗိုက်ရှေ့ပိုင်းမှာလည်း ရှိတတ်တယ်။ ရှေ့မှာဆိုရင် ဗိုက်ရှေ့က သိပ်နာတတ်ပါတယ်။ နောက်မှာရောက်နေခဲ့ရင် ဗိုက်ရှေ့မှာ မနာမအောင့်ဘဲ နောက်ဘက်မှာ နာတတ်အောင့်တတ်ပါတယ်။ ဗိုက်နောက်ပိုင်းမှာ အောင့်ရင်၊ နာရင် အူအတက်နာအောင့်တယ်လို့မထင်ဘဲ သည်းခြေအိတ်ထဲ ကျောက် တည်တဲ့ရောဂါကြောင့် အောင့်တယ်ထင်တတ်တာရယ်၊ ကျောက်ကပ်ထဲက ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်ရောဂါတို့နဲ့ အူ အတက်ပေါက်ရောဂါတို့ မှားယွင်းကုသတတ်တဲ့အကြောင်း ဆေးပညာမှာ ဆိုရိုးစကားရှိပါတယ်။

ဗိုက်ခွဲပြီးမှ အူအတက်ပေါက်တာ မတွေ့လို့၊ မဟုတ်လို့ မထူးပါဘူးဆိုပြီး အခြေအနေကောင်းရင် အူအတက်ကို ဖြတ်တောက်လိုက် တတ်ကြပါတယ်။

အူအတက်ပေါက်တာဟုတ်၊ မဟုတ်ကိုတော့ အခုစမ်းသပ်စစ်ဆေးတဲ့ (FACILITY) စက်တွေ ပေါ်နေပါပြီ။ ဥပမာ - ULTRASOUND စမ်းသပ်စက်တို့ဖြစ်ပါတယ်။

အဲဒီလို အာထရာဆောင်းစက်ဖြင့် ဖိစမ်းသပ်လိုက်တဲ့အခါမှာ လူနာက နာတယ်နာတယ် လို့ထအော်တတ်ပါတယ်။ စက်ကလည်း ကောင်းမယ်၊ စမ်းသပ်တဲ့ဆရာဝန်ကလည်း တော်မယ်ဆိုလို့ရှိရင် အူအတက်ရောင်တာ၊ ပေါက်နေတာတို့ကို ကောင်းကောင်း မြင်ရ တယ်လို့ ပြောပါတယ်။ အဲဒီလို အူအတက်ပေါက်ခြင်း သိသိသာသာ သိသာရင်တော့ ခွဲစိတ်ဖို့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က လုပ်ပေးကြပါတယ်။

အူအတက်မခွဲရင် ဘာဖြစ်တတ်သလဲ

အူအတက်ရောင်တာကို မခွဲစိတ်ဘူးဆိုပါရင် နောက်ထပ် ဘာတွေဖြစ်နိုင်ပါသလဲဆိုတာကို ကျွန်တော်ပြောပြရပါတော့မယ်။

အူအတက်ရောင်တာကို မခွဲရင် ကောင်းတာလည်းဖြစ်နိုင်တယ်။ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ တချို့အူအတက်ရောင်တာမှာ လည်း Type တွေက အမျိုးမျိုးရှိတယ်။

(၁) Catarnal Type မှာတော့ နည်းနည်းလေးရောင်ပြီး အနည်းငယ် Partially ပိတ်နေပါတယ်။ Catarnal နာတာလည်း သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Type အနေနဲ့ မပိတ်ဆို့နေတဲ့ Non Obstructive အမျိုးအစားဖြစ်လာတယ်။

(၂) Obstructed Type မှာတော့ ပိတ်တဲ့ဟာတွေက Faeces တို့၊ စမြင်းတုံးတွေ၊ နောက် မာလကာသီးအစေ့တွေ၊ ဆီးစေ့တွေဖြစ်ပါ တယ်။ ဒါတွေနဲ့ မပိတ်ရင်တောင်မှ အဲဒီ Appendix မှာရှိတဲ့ Lyphoid Follicles ကြီးလာပြီး ပိတ်တတ်ပါတယ်။

အဲဒီတော့ အူအတက်ကြွက်သားတွေက ညှစ်ရတယ်။ ညှစ်ရတဲ့အခါကျတော့ တစ်ချက်တစ်ချက် ပိုနာပြီး Complication တွေလည်း ဖြစ် တတ်တယ်။ ကံကောင်းတဲ့လူနာတွေမှာ သူ့ဘာသာ Resolve ဖြစ်ပြီး သူ့ဟာသူပျောက်သွားတယ်။ တကယ်လို့ ရောင်ပြီးပိတ်နေရင် တော့ ဒီရောင်တဲ့ဟာက ပိုပိုကြီးလာပြီး အူအတက်ကိုသွားတဲ့ သွေးကြောလေးတွေပါရောင်ပြီးတော့ သွေးခဲနဲ့ ပိတ်သွားပါတယ်။

အဲဒီသွေးမစီးတဲ့အခါကျတော့ ရောင်နေတဲ့အူအတက်က ပုပ်သွားတယ်။ ပုတ်ပြီးတော့မှာ ပေါက်ထွက်သွားတယ်။ Burst Appendix ပေါ့။

အဲဒါဆိုရင် အူအတက်ထဲမှာရှိတဲ့ ပိုးတွေ၊ မစင်တွေက ၀မ်းဗိုက်ခေါင်းထဲပျံ့နှံ့ပြီး Peritonium ၀မ်းဗိုက်အမြှေးပါးပါ ရောင်ရမ်းကာ ပိုးတွေ က ထုတ်ပေးတဲ့ အဆိပ်တွေကြောင့် သွေးဆိပ်တတ်လာပြီး ဒုက္ခရောက်တတ်ပါတယ်။

လူနာက Resistant ကိုယ်ခံအားကောင်းတယ်၊ ရောင်တဲ့အချိန်မှာ ဘေးနားကအူတွေနဲ့ Omentum လို့ခေါ်တဲ့ ၀မ်းတွင်းအဆီပြင်တွေက လာရောက်ဖုံးအုပ်တဲ့အခါကျတော့ Appendicular Mass ဖြစ်သွားပါတယ်။

Appendicular Mass ကနေပြီးတော့မှ ဆေးတွေပေးတဲ့အခါမှာ ရောဂါပျောက်ကင်းပြီး Resolve ရနိုင်တယ်။ တချို့ကျတော့ Appendicular Mass ကနေတစ်ဆင့် ပေါက်ထွက်ပြီးတော့မှ ပြည်တည်နာ ဖြစ်သွားတယ်။

ပြည်တည်တာ ဖြစ်လာပြီဆိုရင်တော့ အဖျားကလည်း ပိုတက်လာတယ်။ Mass ကလည်းပဲ ပိုပြီးတော့နာလာတယ်။ အဲဒီအခါမှာ သမားတော်အနေနဲ့ လူနာရဲ့အခြေအနေကို ကြည့်ရပါတယ်။

ဒီမှာလည်း ကျွန်တော်တို့က Two Schools of Thought ပေါ့။ အယူအဆနှစ်မျိုးရှိတယ်။ မခွဲသင့်သေးတဲ့ အခြေအနေနဲ့ ခွဲသင့်ပြီဆိုတဲ့ အခြေအနေ နှစ်မျိုးပါပဲ။

Caurse and Complication ရောဂါအခြေအနေနဲ့ ပြောမယ်ဆိုရင် -

နံပါတ်(၁)က ရောဂါပျောက်ကင်းပြီး ကောင်းသွားနိုင်တယ်။

နံပါတ်(၂)က ပေါက်ကွဲ Burst ဖြစ်သွားနိုင်တယ်။

နံပါတ်(၃)က Mass အလုံးအကျိတ် ဖြစ်သွားနိုင်တယ်။

နံပါတ်(၄)က Abscess ပြည်တည်နာဖြစ်နိုင်တယ်။

နံပါတ်(၅) ကတော့ လူကို ဒုက္ခအများကြီးပေးနိုင်တဲ့ အခြေအနေလို့ပဲပြောလိုက်ပါရစေ။

ဒါကြောင့် စောစီးစွာ ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးပါပဲလို့ ပြောလိုပါတယ်။

ကျွန်တော်ပြောချင်တာ နောက်တစ်မျိုးကတော့ မာလကာစေ့တွေ၊ ခရမ်းချဉ်သီးအစေ့၊ ငရုတ်သီးခြောက်အစေ့ ဒါတွေကြောင့် Appendicitis ဖြစ်တတ်တယ်ဆိုတာကိုတော့ ကျွန်တော် ပြောပါရစေဦး။

Appendicitis မဖြစ်အောင်တော့ ထူးခြားတဲ့ ကာကွယ်နည်း သီးသန့်မရှိပါဘူး။ ၀မ်းချုပ်မခံဘူး။ အစေ့ပါတဲ့ မာလကာသီး၊ ဆီးသီး စတာတွေကို မစားရဘူး။

Viral Infection ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးရင်တော့ ထိုက်သင့်သလောက် အဖြစ်နှုန်း လျော့သွားနိုင်ပါတယ်။

Appendicitis မဖြစ်အောင် အခုနတုန်းက မာလကာသီးက အစေ့တွေ၊ ဆီးစေ့တွေပါအောင် မစားတော့ဘူးဆိုရင်တော့ အဲဒီဟာတွေ ကြောင့်ဖြစ်မယ့် လူနာတွေအတွက်တော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်။

 တချို့ Viral Infection ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Virus) ဆိုတာတွေမှာလည်း အူအတက် အနည်းငယ်ရောင်နေတတ် ပါတယ်။ သတိထားသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲ။

လူတွေအများဆုံးသိလိုတဲ့ အကြောင်းတစ်ရပ်ကတော့ Appendix က ခန္ဓာကိုယ်အတွ့် သိပ်မလိုအပ်ဘူး။ အဲဒါကြောင့် Appendicitis မဖြစ်ခင် တချို့ကလည်း ကြိုပြီးတော့ ခွဲသင့်တယ်ပေါ့။ အခုနောက်ပိုင်းကျတော့လည်း Appendix ကမလိုအပ်ဘူးရယ် မဟုတ်ဘူးပေါ့။ သူက Micro Organism တွေ ခိုအောင်းလို့ရတယ်။ ဒီ Organism တွေက အူလမ်းကြောင်းအတွက် အကျိုးပြုတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခုအနေနဲ့ဖြစ်လာတော့ ကျွန်တော့်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် Appendix က သိပ်ပြီးတော့ Essential တော့မဟုတ်ပါဘူး။ လူတွေမှာလည်း (၁၀၀)မှာ Appendicitis က ဖြစ်မယ်ဆိုရင်လည်း လေး၊ငါးယောက်ပေါ့။ လေး၊ငါးယောက်အတွက် ကျန်ခဲ့တဲ့ (၉၀)ကျော်က ခွဲခံရမယ်ဆိုရင်တော့ မသင့်ဘူးလို့ ထင်တယ်လေ။

ဘယ်လိုလူမျိုးတွေမှာ အကြံပြုနိုင်မလဲဆိုရင် ဥပမာ တချို့ခရီးဝေးသွားရမယ်။ Medical Facility ကမရှိဘူး။ တောတွေဘာတွေမှာ အလုပ်သွားလုပ်ရတယ်။ မိုင်းတွေဘာတွေ သွားရှာရတဲ့ မိုင်းလုပ်တဲ့လူတွေက သွားရေးလာရေး ခက်ခဲတယ်။ ဒီဟာမျိုးတွေမှာတော့ လူနာရဲ့ဆန္ဒရှိရင်တော့ လုပ်ပေး၊ ခွဲပေးသင့်ပါတယ်။

စာဖတ်ပရိသတ်တွေကို အကြံပြုပြောကြားချင်တာကတော့ Acute Abdomen ဆိုတာဟာ လူတွေ့ရဲ့အသက်ကိုပါ အန္တရာယ်ပေးနိုင် ပါတယ်။ ဒါနံပါတ်(၁)အချက်ပေါ့။ နံပါတ်(၂)ကတော့ Acute Abdomen ဖြစ်နိုင်တဲ့ Causes တွေကလည်း အများကြီးရှိတာကြောင့် တိတိကျကျ ဘာကြောင့်နာတယ်ဆိုတာ မပြောနိုင်ပါဘူး။ ရောဂါအဆင့်ဆင့် အခြေအနေနဲ့ စမ်းသပ်ပုံကို ပြောပါရစေ။

(၁) ဗိုက်နာတဲ့အခါ အသာဖိကြည့်ပါ။ ဖိကြည့်လိုက်လို့ နာတာက အဖိကိုခံနိုင်တယ်၊ ဖိထားရင် သက်သာတယ်ဆိုရင် သိပ်အရေးမကြီး ပါဘူး။

(၂) ဒါပေမဲ့ ဗိုက်နာခြင်းက ပြင်းထန်မယ်၊ စဉ်ဆက်မပြတ် နာကျင်မှုဖြစ်မယ်၊ အသက်ရှူရင် လူနာက ရင်ဘတ်နဲ့ရှူပြီး ၀မ်းဗိုက်မှာ တင်း မာမယ်၊ အသက်ရှူတဲ့အခါ ဗိုက်က မလှုပ်ရှားဘူး၊ ဗိုက်ကို လက်ဖ၀ါးနဲ့စမ်းသပ်ရင် အထိမခံနိုင်ဘဲ နာကျင်မယ်ဆိုပါက ဖြစ်နိုင်ရင် ဆေးရုံ ကို အမြန်ပြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် အူအတက်ရောင်ရောဂါအကြောင်း ပြောကြားခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

 

ဒေါက်တာ အောင်ခင်ဆင့်

အလှအပရေးရော အယူအဆအမှားများ

(၁) အေးစိမ့်တဲ့ရေက ချွေးပေါက်တွေကို ကျုံ့စေတယ်။

လူအများစုမှာ ချွေးပေါက်များဟာ မွေးရာပါအရွယ်အစားအတိုင်းသာ တည်ရှိနေပြီး ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတတ်ပါ ဘူး။ရေအေးအေးဟာ သွေးကြောတွေကို ကျုံ့စေနိုင်တာမို့ အသားအရေကို ယာယီတင်းသွားစေရုံအပြင် မစွမ်းဆောင်နိုင်ပါဘူး။ သွေးကြောတွေ ကျုံ့သွားတဲ့အတွက် ချွေးပေါက်တွေကို ခါတိုင်းထက် အနည်းငယ်ကျဉ်းသွားတယ်လို့ ထင်မြင်လာစေခြင်းမျိုးသာ ဖြစ် နိုင်ပါတယ်။ ချွေးပေါက်မှာ အဆီတွေနဲ့ ဆဲလ်သေတွေပိတ်နေတဲ့အခါမျိုးမှာလည်း ချွေးပေါက်တွေ ပိုပြီးကျယ်နေတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် ဆယ်လီစလစ်အက်စစ်ပါဝင်တဲ့ Product မျိုးကိုသုံးပြီး သန့်စင်ပေးသင့်ပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေ သန့်စင် သွားမယ်ဆိုရင် ကျယ်နေတဲ့ချွေးပေါက်တွေလည်း မူလအရွယ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ Collagen တွေ လျော့တွဲ လာရင်လည်း ချွေးပေါက်တွေ ကျယ်တတ်ပါတယ်။ နေရောင်ခြည်က Collagen တင်းရင်းမှုကို ပျက်ပြားစေတာမို့  Sunscreen ကို  ပုံမှန်သုံးပေးခြင်း အားဖြင့် သင့်ရဲ့ချွေးပေါက်ကျယ်ခြင်းကို ရေအေးအေးထက် ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။
 

(၂) ခြောက်သွေ့တဲ့အသားအရေက အရေးအကြောင်းများကို ဖြစ်စေတယ်။

အရေးအကြောင်းများရဲ့ အခြေခံအကြောင်းအရင်းက အရေပြားမျက်နှာပြင်အောက်မှာ Collagen များပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းပါ။ ဒီလို Collagen အပျက်အစီးတွေ ရှိနေတဲ့နေရာမှာ အသားအရေဟာ ပိုမိုခြောက်သွေ့နေတတ်ပါတယ်။ နေရောင်နဲ့ တိုက်ရိုက်အထိ အတွေ့ များလွန်းခြင်းဟာလည်း Collagen များကို ပြိုကွဲပျက်စီးစေပြီး အရေးအကြောင်းများကို ဖြစ်ပေါ်စေတဲ့အချက်တစ်ချက်ပါပဲ။ Moisturizer ဟာ အရေးအကြောင်းများကို ကုသပေးနိုင်တဲ့အစွမ်းမရှိဘဲ အရေးအကြောင်းတစ်ဝိုက်က ခြောက်သွေ့နေတဲ့ အသား အရေကို ယာယီတင်းရင်းစိုပြည်စေနိုင်ရုံပဲ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်တဲ့ Moisturizer ကို လိုချင်ရင်တော့ Sunscreen အာနိသင်ပါပြီး ဗီတာမင်စီလိုမျိုး  Antioxidant လည်းပါဝင်တဲ့ Product အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။
 

(၃) ချောကလက်နဲ့ အဆီများလွန်းတဲ့ အစားအစာတွေက အသားအရေမှာ အဖုအပိမ့်တွေ ထွက်စေတယ်။

သကြားလုံး၊ ချောကလက်နဲ့ အဆီများတဲ့ ပီဇာလိုအစားအစာများမှာ အဖုအပိမ့်ထွက်စေတဲ့ အကြောင်းရင်းမျိုးတွေ မရှိပါဘူး။ နယူးယောက်ခ်က အသားအရေပညာရှင်တစ်ဦးကတော့ ပီဇာနဲ့ မျက်နှာကိုမပွတ်တိုက်သရွေ့ အဖုအပိမ့် ထွက်စရာမရှိပါဘူးလို့ ရယ်သွမ်းသွေးပါတယ်။ ၀က်ခြံနဲ့အဖုအပိမ့်တွေကို ဆိုးဝါးစေတဲ့ တကယ့်အစားအစာများကတော့ ဆူရှီ၊ အခွံမာရေသတ္တ၀ါများနဲ့ ပဲငံပြာရည်တို့လောက်သာ ဖြစ်ပါတယ်။ အထက်ပါအစားအစာများကသာ အိုင်အိုဒင်း ပါဝင်မှုနှုန်းမြင့်မားပြီး အဖုအပိမ့်ထွက်ခြင်းနဲ့ အမှန်တကယ်ဆက်စပ်နေပါတယ်။
 

(၄) အမွှေးနုတ်ပေးခြင်းဖြင့် ပိုမိုထူထဲတဲ့ အမွှေးအမှင် ပြန်ပေါက်နိုင်တယ်။

သင့်အတွက်မလိုလားအပ် အမွေးအမှင်ကလွဲလို့ ကျန်တာတွေကို ခဏခဏ နုတ်ဆွနေခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ ခဏခဏ အမွှေး နုတ်ခြင်းက မွှေးညင်းအိတ်တွေကို အနာတရဖြစ်စေနိုင်ပါတယ်။ Wax အသုံးပြုပြီး အမွှေးအမှင်ဖယ်ရှားခြင်းမျိုးကတော့ အကြိမ်ရေများ များ မပြုလုပ်ရင် အမွှေးပြန်ပေါက်လာနိုင်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။ လေဆာနဲ့ အမွေးအမှင် ဖယ်ရှားခြင်းကတော့ မွှေးညင်း အိတ် တွေကို ပျက်စီးသွားစေနိုင်တာမို့ အမွှေးအများစုက ပြန်မပေါက်တော့ပါဘူး။ ခဏခဏ နုတ်ပေးမယ်ဆိုရင်တော့ အပြီးအပိုင် အမွေးပြန် မပေါက်တော့ပါဘူး။
 

(၅) ချွေးတစိုစိုဖြစ်နေခြင်းက ၀က်ခြံတွေကို ပိုမိုဆိုးရွားစေတယ်။

ဟားဗတ်နဲ့ စတန်းဖို့ရဲ့ လေ့လာချက်များအရ ဒီအချက်အလက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ် အုပ်စု (၃)စုကို နှစ်ပတ်ကြာစမ်းသပ်ပြီးမှ ဒီရလဒ်အဖြေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အုပ်စု(၁)က လူငယ်တွေကို လေ့ကျင့်ခန်းလုံးဝမလုပ်စေ ဘဲ ထားရှိပြီး အုပ်စု(၂)ကို လေ့ကျင့်ခန်းလုပ်စေပြီး သေချာစွာ ရေချိုးသန့်စင်စေပါတယ်။ အုပ်စု(၃)ကိုတော့ လေ့ကျင့်ခန်းလုပ်စေပြီး ရေ မချိုးသေးဘဲ လေးနာရီကြာ စောင့်ဆိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအုပ်စု(၃)စုမှာ ၀က်ခြံပြဿနာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကွဲလွဲသက် ရောက်မှုမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ချွေးက ၀က်ခြံတွေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်ဆိုတာက အယူအမှားတစ်ခုပဲဖြစ်ပါတယ်။ ချွေးနဲ့အ တူ ဖုန်နဲ့ဂျီးတွေ မပေါင်းစပ်သရွေ့ အသားအရေကို ပြဿနာမဖြစ်စေနိုင်ပါဘူး။
 

(၆) တကယ်လို့ သင်က SPF 15 ပါတဲ့ Moisturizer ၊ SPF ပါတဲ့ Sunscreen နဲ့ SPF 15ပါတဲ့ Make-up တို့ကိုလိမ်းခြယ်ထားမယ် ဆိုပါစို့။ သင် စုစုပေါင်း SPF ဘယ်နှဆများရရှိမလဲ။

အဖြေကတော့ SPF 30 သာဖြစ်ပါတယ်။ သင်သုံးသမျှ Product တစ်ခုချင်းစီရဲ့ SPFများကိုပေါင်းပြီး SPF အဆ (၆၀) အထိ သင်မရရှိနိုင် ပါဘူး။ သင့်အနေနဲ့ SPF 15 ပါတဲ့ Sunscreen နှစ်ခုကို တစ်ပြိုင်နက်လိမ်းမယ်ဆိုရင်တောင် သင်ရမှာက SPF 15 ပဲဖြစ်ပါတယ်။ SPF 30 မဟုတ်ပါဘူး။ သင်အသုံးပြုသမျှထဲက Product တစ်ခုခုရဲ့ အမြင့်ဆုံး SPFပမာဏကပဲ သင့်ရဲ့ နေရောင်ဒဏ်ကာကွယ်မှု အဆုံးသတ်ဖြစ် တယ်ဆိုတာ သတိပြုသင့်ပါတယ်။

Thursday, June 23, 2011

SHAMPOOING

လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံပင်က တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ Personality ကို ဆံပင်ကလည်း အများကြီးပံ့ပိုးပေးနိုင်ပါတယ်။ ဆံကေသာကို ပြုစုထိန်းသိမ်းရာမှာ ထိန်းသိမ်းတတ်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်ဆံပင် သားနဲ့ မကိုက်ညီတဲ့ Hair Product ကိုမှားယွင်းသုံးစွဲမိတာမျိုး၊ သင့်တော်တဲ့ပမာဏထက် အလွန်အကျူးသုံးစွဲမိတာမျိုးဆိုရင်လည်း ဆံပင်သားကို ထိန်းသိမ်းရာမရောက်ဘဲ ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တာကအစ Treatment သုံးတာအဆုံး သေသေ ချာချာ ချင့်ချိန်အသုံးပြုတတ်ဖို့ လိုအပ်သလို ဆောင်ရန်၊ရှောင်ရန်တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

 

ခေါင်းလျှော်ခြင်း

အမျိုးသား၊ အမျိုးသမီးအတော်များများအတွက်တော့ နေ့စဉ်ခေါင်းလျှော်ပေးဖို့ မလိုအပ်ပါဘူး။ အဆီထွက်လွန်းတဲ့ ဦးရေပြားပိုင်ရှင် တွေကတော့ ခြွင်းချက်အနေနဲ့ လျှော်ပေးနိုင်ပါတယ်။ ခေါင်းခဏခဏလျှော်ခြင်းက အဆီပိုမိုထွက်တာမျိုး ဒါမှမဟုတ် အဆီခန်းခြောက် တာမျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။ အဆီထွက်လွန်းတဲ့ ဦးရေပြားပိုင်ရှင်တွေဟာ ခေါင်းလျှော်တဲ့အခါ Mild Type Shampoo ကို ရွေးချယ် သင့်ပါတယ်။ နေ့စဉ်လိုလို ခေါင်းလျှော်မှာဖြစ်တဲ့အတွက် ညင်ညင်သာသာ သန့်စင်ပေးနိုင်ပြီး ဦးရေပြားရှိ အဆီတွေအားလုံးကို မဖယ် ရှားပစ်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ရည်ကောင်းကောင်းရွေးချယ်သုံးဖို့အတွက် ပိုက်ဆံမနှမြော သင့်ပါဘူး။ ဈေးပေါတဲ့ တချို့ခေါင်းလျှော်ရည်တွေဟာ အမြှုပ်ထွက်များပြီး ဆံပင်ကို ချက်ချင်းသန့်စင်ပေးနိုင်ပေမယ့် ဦးရေပြားနဲ့ ဆံပင် သားကို ထိခိုက်စေမယ့် ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်နေပါတယ်။ ဦးရေပြားက သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကိုပါ ဖယ်ရှား ပစ်ပါတယ်။ ဒါကြောင့် ဈေးကြီးပေမယ့်လည်း အမျိုးအစားကောင်းတဲ့ ခေါင်းလျှော်ရည်ကို ၀ယ်သုံးဖို့ ၀န်မလေးပါနဲ့။ ပုံမှန်အားဖြင့်တော့ တစ်ရက်ခြားတစ်ခါ သင့်တော်တဲ့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။ ခြောက်သွေ့လွန်းတဲ့ဆံပင်သား၊ ဆေးဆိုးထားတဲ့ ဆံပင်သား၊ ပျက်စီးနေတဲ့ ဆံပင်သားတွေကတော့ မကြာခဏခေါင်းမလျှော်သင့်ပါဘူး။ ဆံပင်အခွေအလိပ်ပြုလုပ်ထားသူနဲ့ ဆံပင် ကောက်ထားသူတွေဟာလည်း သာမန်ဆံပင်သားတွေလို ခေါင်းမလျှော်သင့်ပါဘူး။ ဘယ်လိုခေါင်းလျှော်ရည်အမျိုးအစားကိုပဲ ရွေးချယ် ပါစေ၊ ဦးရေပြားကိုပါ ဂရုစိုက်ပေးမယ့် Scalp Care လို့ညွှန်းထားတာမျိုးကို ရွေးချယ်သင့်ပါတယ်။

ဆံသားအခြေအနေ

ဆံပင်တွေဟာ ရာသီဥတုအခြေအနေကိုလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့်သာမက တခြားအပူဒဏ်တွေ ကြောင့်လည်း ဆံပင်တွေ ကြွပ်ဆတ်ပြီး ပြတ်လွယ်ကျိုးလွယ်တတ်ပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ဆံပင်သားတွေဟာ သိသိ သာသာ ပြောင်းလဲတာကို တွေ့ရတတ်ပါတယ်။ ဒီလိုရာသီတွေမှာ ဆံပင်သားတွေ ထိခိုက်ပျက်ဆီးလွယ်တဲ့အတွက် အထူးဂရုစိုက် ပေးဖို့ လိုအပ်ပါတယ်။ ဘ၀နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ဆံပင်သားကို အကျိုးသက်ရောက်မှုရှိပါတယ်။ ပုံမှန်အားဖြင့် တော့ ကျွမ်းကျင်တဲ့ဆံပင်ပညာရှင်နဲ့ တွေ့ဆုံဖို့လိုအပ်လှပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ဟာ သင့်ဆံပင်ကို စတွေ့လိုက်တာနဲ့ ဆံပင်ရဲ့လိုအပ်ချက်၊ ဆံပင်နဲ့သင့်တော်တဲ့ Product ကိုချက်ခြင်းဆိုသလို ညွှန်ပြနိုင်ပါတယ်။

သုံးစွဲတဲ့ပမာဏ မှန်ကန်ပါစေ

ခေါင်းလျှော်တဲ့အခါ အသုံးပြုမယ့် Shampoo ပမာဏနဲ့ ရေအပူချိန်ကလည်း အရေးပါပါတယ်။ ရေပူလွန်းတဲ့အခါ အဆီပိုမိုထွက်ရှိနိုင်ပြီး ပျက်စီးနေတဲ့ ဆံပင်သားတွေကို ပိုမိုဆိုးရွားစေပါတယ်။ ရေလုံလုံလောက်လာက် မသုံးစွဲပြန်ရင်လည်း ဆံပင်သားကိုထိခိုက်ပြီး ကြမ်းတမ်း လာတတ်ပါတယ်။ ဆံပင်သားတွေ ပြတ်ထွက်ကာ ကွေးဆန့်နိုင်စွမ်း လျော့နည်းလာတတ်ပါတယ်။ ဆံပင်ကိုရေမစွတ်ဘဲ ခြောက်သွေ့နေ တဲ့ဆံပင်ပေါ် ခေါင်းလျှော်ရည်မတင်ပါနဲ့။ ဆံပင်ကိုစိုစွတ်အောင် ရေစွတ်ပြီးမှ ခေါင်းလျှော်ရည်သုံးပါ။ ခေါင်းလျှော်ရည် ပမာဏအများကြီး မသုံးမိအောင်လည်း ဂရုပြုပါ။ ဒင်္ဂါးပြားအရွယ်အစားခန့်သာ အသုံးပြုခြင်းက အကောင်းဆုံးပါပဲ။ ရေနဲ့ သေသေချာချာဆေးချဖို့လည်း လိုအပ်ပါတယ်။ ဦးရေပြားပေါ်မှာ ခေါင်းလျှော်ရည်တွေ မစင်ဘဲ ကျန်ခဲ့တဲ့အခါ စေးကပ်ပြီး သွက်လက်မှုမရှိတဲ့ဆံပင်ကို ရရှိပါလိမ့်မယ်။ ကြာလာတဲ့အခါ ဦးရေပြားပြဿနာများသာမက ကျန်းမာရေးပြဿနာများကိုပါ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ရေများများသုံးပြီး သန့်စင်ဖို့ကိုတော့ ၀န်မလေးပါနဲ့။

ပျော့ဆေး ဘယ်လိုသုံးမလဲ

ပျော့ပျောင်းတဲ့ဆံပင်သားလေးတွေကို အမျိုးသမီးအများစုက နှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်သားကို ပျော့ပျောင်းစေတဲ့ Cnoditioner ကလည်းအရေးပါလာပြန်ပါတယ်။ ပျော့ဆေးသုံးတဲ့အခါ ဆံပင်အဖျားပိုင်းတွေကို အဓိကထားပြီး သုတ်လိမ်းပေးသင့် ပါတယ်။ ခေါင်းလျှော်ရည်သုံးတဲ့အခါ ဦးရေပြားဆီမှ ဆံပင်အဖျားတွေဆီ သုတ်လိမ်းရမှာဖြစ်ပြီး ပျော့ဆေးသုံးတဲ့အခါမှာတော့ ဆံပင် အဖျားပိုင်းမှ အရင်းဘက်ဆီသို့ သုတ်လိမ်းကာ လျှော်ချပေးရပါမယ်။

ဘယ်လိုရွေးဝယ်မလဲ

ခေါင်းလျှော်ရည်ဝယ်တဲ့အခါ အခြေခံအားဖြင့် ဆာလဖိတ်နဲ့ ဖော့စဖိတ်လျော့နည်းတဲ့အမျိုးအစား (သို့မဟုတ်) လုံးဝမပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကိုသာ ရှာဖွေဝယ်ယူသင့်ပါတယ်။ ဘေးဥပဒ်မဖြစ်စေသော သဘာဝပစ္စည်းတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဓာတုပစ္စည်းများ ပါဝင်တာမျိုးကိုသာရွေးချယ်သင့်ပါတယ်။ ယနေ့ဈေးကွက်ထဲမှာ ဒါဇင်ပေါင်းများစွာသော ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေရှိနေပါတယ်။ အကောင်းဆုံးကတော့ ခေါင်းလျှော်ရည်တံဆိပ်တစ်မျိုးကို ရွေးချယ်လိုက်ပြီဆိုရင် ဆံပင်ပျော့ ဆေးကိုလည်း အဲဒီတံဆိပ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒါမှသာ အကျိုးသက်ရောက်မှုကို ပိုပြီး ရရှိမှာဖြစ်ပါတယ်။

Oils for cooking

အစေ့အဆန်များမှ ထုတ်ယူထားတဲ့ ဆီအမျိုးမျိုးကို အစားအစာများ ချက်ပြုတ်ရာမှာနဲ့ ဟင်းရွက်သုပ်များ ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။

CANOLA OIL - Canolaစေ့မှ ထုတ်ယူထားတဲ့ ဒီဆီအမျိုးအစားဟာ ကိုလက်စထရော ပါဝင်မှုမရှိဘဲ ပြည့်ဝဆီလျော့နည်းပါတယ်။ ဒီဆီအမျိုးအစားဟာ အစားအစာများကိုကြော်ဖို့ အကောင်းဆုံးပါပဲ။

CHILLI Oil - ဂျပန်အခေါ် la-yu လို့ခေါ်ဆိုတဲ့ ဒီဆီအမျိုးအစားဟာ နှမ်းဆီ၊ ငရုတ်သီးအနှစ်နဲ့ Paprika တို့ကိုရောနှောပေါင်းစပ်ထား တာဖြစ်ပါတယ်။ ဒီဆီအနည်းငယ်အသုံးပြုရုံနဲ့ ဟင်းလျာတွေကို ပူစပ်စေပါတယ်။

EXTRA VIRGIN OLIVE OIL - သံလွင်သီးများမှ ထုတ်ယူထားတဲ့ သံလွင်ဆီဟာ Salad များနဲ့ပါစတာများပေါ်မှာဆမ်းဖို့အတွက် အကောင်းဆုံးပါ။ ပေါင့်မုန့်မာများကို ဒီဆီနဲ့တို့ပြီး စားသုံးလေ့ရှိကြပါတယ်။ အစားအစာများကို ချက်ပြုတ်ဖို့အသင့်တော်ဆုံး ဆီအမျိုး အစားဖြစ်ပါတယ်။

SESAME OIL - လှော်ထားတဲ့ နှမ်းစေ့များမှ ထုတ်ယူထားတဲ့ နှမ်းဆီမွှေးဖြစ်ပါတယ်။ အနံ့မွှေးတဲ့ဒီဆီအမျိုးအစားကို အစားအစာ အမျိုး မျိုး ပြင်ဆင်ချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အစားအစာများကို ကြော်ဖို့အတွက်တော့ ဒီဆီက သိပ်အဆင်မပြေပါဘူး။

AVOCADO OIL - ထောပတ်သီးမှ ထုတ်ယူထားတဲ့ ဒီဆီအမျိုးအစားဟာ ကိုလက်စထရော ပါဝင်မှုမရှိဘဲ ဗီတာမင်အီး ကြွယ်ဝပါတယ်။ Salad များပြင်ဆင်ရာမှာနဲ့ သနပ်များပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အသားဟင်း၊ ငါးဟင်းများ ချက်ပြုတ်ဖို့အတွက်လည်း သင့်တော်ပါတယ်။

PURE OLIVE OIL - သန့်စင်ပြီးဖြစ်တဲ့ ဒီသံလွင်ဆီဟာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ဆီအမျိုးအစားဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ အသုံး ပြုဖို့သင့်တော်ပါတယ်။

TEMPURA OIL - နေကြာစေ့၊ ပဲပိစပ်နဲ့ နှမ်းဆီတို့ကို ရောနှောထားတဲ့ ဒီဆီအမျိုးအစားဟာ မွှေးမြတဲ့အနံ့အရသာကို ပေးစွမ်းပါတယ်။ အချိန်ကြာကြာ ကြော်လှော်ရမယ့် အစားအစာများအတွက်တော့ ကြော်ဖို့ အကောင်းဆုံး ဆီအမျိုးအစားပါပဲ။

GRAPESEED OIL - ပေါ့ပါးကြည်လင်သော ပုံစံရှိတဲ့ ဒီဆီအမျိုးအစားဟာ အသားများကို ဆီစိမ်ပြီးနှပ်ဖို့အတွက် အကောင်းဆုံးပါပဲ။ အပူချိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ရမည့် အစားအစာများအတွက်လည်း အသုံးပြုဖို့ အကောင်းဆုံး ဆီအမျိုးအစားပါ။

Korean BBQ

စားကြမလား ဒီတစ်ခါ Korean BBQ ။ ကိုရီးယားအသားကင်က အမေရိကန်အသားကင်နဲ့ နည်းနည်းဆင်ပါတယ်။ အဓိကသုံးထားတာ ကတော့ ကြက်သား၊ အမဲသားနဲ့ ၀က်သားတွေပါ။ ကိုရီးယားအသားကင်ရဲ့ သူမတူတဲ့ ထူးခြားချက်ကတော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဟင်းအနှစ်တွေကို ဆလပ်ရွက်တဲမှာ အသားကင်နဲ့အတူ ထုပ်စားရတဲ့ဓလေ့ပါ။ ကိုရီးယားအသားကင်က အိမ်မှာလည်း လုပ်စားရလွယ် ကူတဲ့အပြင် အရသာကောင်းမွန်လို့  သူငယ်ချင်းတို့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။
Korean BBQ (Beef)
ကိုရီးယားအမဲသားကင်လုပ်မယ်ဆိုရင် တွဲဖက်အနေနဲ့ အကောင်းဆုံးဟင်းအနှစ်ကတော့ Galbi ပါပဲ။ အနှစ်ကို အမဲသားထဲမှာ စိမ့်ဝင်နေ စေဖို့ အသားတုံးနဲ့ နံရိုးတွေကို သေးသေးလေးလှီးဖို့လိုပါတယ်။ ဒါမှလည်း ဆလပ်ရွက်နဲ့ ထုပ်ပိုးစားတဲ့အခါမှာ မခက် တော့ဘူးပေါ့။ ကင်တဲ့အခါမှာ မီးသွေးနဲ့ကင်မှ အနံ့ပိုမွှေးမှာပါ။
Galbi ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
သကြားညို - စားပွဲတင်ဇွန်း ၂ဇွန်း
တုံးပြီးသားအမဲနံရိုး - ၅၀ကျပ်သား
ပဲပိစပ်ဆော့စ် - စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ - စားပွဲတင်ဇွန်း ၄ဖွန်း
ထောင်းပြီးသားကြက်သွန်ဖြူ - စားပွဲတင်ဇွန်း၎ဇွန်း
ဆန်အရက် - စားပွဲတင်ဇွန်း ၄ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နာနတ်၊လိမ္မော် (သို့) သစ်တော်သီးအရည် - တစ်ခွက်
ခနောကြက်သားမှုန့် - အနည်းငယ်
အမဲသားကို သကြားညိုဖြူးပြီး ခဏနှပ်ထားပါ။ ပဲပိစပ်ဆော့စ်၊နှမ်းဆီ၊ ထောင်းပြီးသား ကြက်သွန်ဖြူ၊ ဆန်အရက်နဲ့ ငရုတ်ကောင်းတွေကို သမအောင် ရောနယ်ထားပါ။ သကြားဖြူးထားတဲ့အမဲသားကို သစ်သီးရည်ထဲမှာနှစ်ပြီး အပေါ်က ဆော့စ်အရောအနှောကို လောင်းပြီး ထည့်ပေးပါ။ ပြီးရင် ရေခဲသေတ္တာမှာ ၂နာရီလောက် ထည့်ထားလိုက်ပါ။ စားခါနီးမှ ထုတ်ပြီး အကင်ပြားပေါ်မှာ တစ်မိနစ်၊နှစ်မိနစ်လောက် ကင်ပါ။ ပြီးရင်တော့ ဆလပ်ရွက်နဲ့ ထုပ်ပိုးပြီးစားသုံးနိုင်ပါပြီ။
Korean BBQ (Pork)
ကိုရီးယားဝက်သားကင်မှာသုံးတဲ့ ဟင်းအနှစ်ကိုတော့ Bulgogi လို့ခေါ်ပါတယ်။ အရိုးမပါတဲ့ဝက်သားက Bulgogi နဲ့တွဲဖက်ကင်ဖို့ အကောင်းဆုံးပါပဲ။
ပြုလုပ်နည်း
ထောင်းပြီးသားကြက်သွန်ဖြူ - စားပွဲတစ်ဇွန်း ၂ဇွန်း
ထောင်းပြီးသားချင်း - လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ဇွန်း
ငရုတ်မှုန့် (သို့)ငရုတ်နှစ် - လက်ဖက်ရည်ဇွန်း ၄ဇွန်း
နာနတ်ရည် - စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
လှီးပြီးသားကြက်သွန်နီ - ၂လုံး
ခနောကြက်သားမှုန့် - အနည်းငယ်
ပါးပါးလှီးထားတဲ့ ၀က်သား - ၅၀ကျပ်သား
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပါဝင်ပစ္စည်းများနဲ့ ဆော့စ်ပြုလုပ်ပြီး သကြားဖြူးထားတဲ့ဝက်သားကိုရောနယ်ပါ။ ရေခဲသေတ္တာထဲမှာ အနည်းဆုံး (၁)နာရီထားပေးပါ။ အချိန်စေ့တဲ့အခါ အကင်ပြားကို မီးအသင့်အတင့်နဲ့ အပူပေးပြီါ် ကျက်တဲ့အထိ ကင်ပေးပါ။ ပြီးရင် နှစ်သက်ရာ ဟင်းသီးဟင်းရွက်များနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Monday, June 20, 2011

စက္ကန့် ၆၀အတွင်း ကျန်းမာရေး စစ်ဆေးခြင်း

ယခုဆောင်းပါးမှာ ဖော်ပြမယ့် သတိပေးလက္ခဏာများကို လျစ်လျူရှုခြင်း
မပြုပါနဲ့။ အဲဒီလက္ခဏာတွေဟာ နောက်ခံကျန်းမာရေး ပြဿနာများကို
ညွှန်ပြပေးနေသော လက္ခဏာများဖြစ်နေနိုင်ပါတယ်။

သင့်ရဲ့ကျန်းမာရေးဟာ အခြားသူတွေထက် ပိုမိုကောင်းမွန်နေတယ်လို့
ခံယူထားပါသလား။ ဒါဆိုရင် သင့်ရဲ့ကျန်းမာရေးသည် အကောင်းဆုံးအနေအထားမှာ
ရှိတယ်ဆိုတာသေချာအောင် ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းပြုလုပ်ရမယ်ဆိုတဲ့
အသိကိုလည်း ရရှိထား သင့်ပါတယ်။ ကျွန်ုပ်တို့ ဘယ်လောက်ထိ
ကျန်းမာနေတယ်ဆိုတာ ခန္ဓာကိုယ်က အချက်ပြ သဲလွန်စများပေးနေပါတယ်။ ပုံမှန်
ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းဟာ ကျန်းမာကြံ့ခိုင်စေပြီး
အချို့သောရောဂါဘယများ ကျရောက်မည့် အန္တရာယ်အခွင့်အလမ်းများကိုပါ
ဖယ်ရှားနိုင်ပါတယ်။
ဒါကြောင့် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ စမ်းသပ်စစ်ဆေးမှု ၈မျိုးကို
ဖော်ပြလိုက်ပါတယ်။

၁။ ရေကိုလုံလောက်စွာ သောက်ရဲ့လား
လက်ဖမိုးပေါ်က အရေပြားကို ဆွဲမကြည့်လိုက်ပါ။ လွှတ်လိုက်ရင်
သင့်ရဲ့အရေပြားဟာ မူလအတိုင်း လျင်မြန်စွာ ရောက်ရှိသွားတယ် ဆိုပါက သင်ဟာ
ရေကို လုံလောက်စွာ သောက်နေတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

တကယ်လို့ စက္ကန့်အနည်းငယ်ကြာမှ မူလနေရာပြန်ရောက်သွားတယ်ဆိုရင်
သင့်မှာရေဓာတ်ခန်းခြောက်မှု ရှိနေနိုင်ပါတယ်။ လူ့ခန္ဓာ ကိုယ်ရဲ့
သုံးပုံနှစ်ပုံဟာ ရေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီပမာဏကို
ထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ် ထဲမှာရှိတဲ့
ကလာပ်စည်းတွေရဲ့ ဓာတုတုံ့ပြန်ပြောင်းလဲမှုတွေအတွက် ရေလိုအပ်ခြင်းကြောင့်
ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ အဟာရ ဓာတ်များကို သယ်ယူပို့ဆောင်ပေးတဲ့
သွေးအတွက်လည်း ရေလိုအပ်ပါတယ်။ ဒါကြောင့် တစ်နေ့လျှင် ရေ ၆ဖန်ခွက်မှ
၈ဖန်ခွက်ကြား သောက်ပေးသင့်ပါတယ်။

၂။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပါ
ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း ခံတွင်းကင်ဆာ ဖြစ်ပွားနှုန်းဟာ အမျိုးသားများနဲ့
နှိုင်းယှဉ်ရင် အမျိုးသမီးများအနေနဲ့ သုံးပုံတစ်ပုံခန့် ပိုမိုများပြား
လာတဲ့အတွက်ကြောင့် အမျိုးသမီးများအနေနဲ့ ခံတွင်းစစ်ဆေးမှုကို
ပုံမှန်ပြုလုပ်သင့်ကြောင်း ယူကေနိုင်ငံ ခံတွင်း ကျန်းမာရေးဆိုင်ရာ
ဖောင်ဒေးရှင်းက တိုက်တွန်းထားတာရှိပါတယ်။

ရှာဖွေရမယ့် လက္ခဏာများကတော့ လျှာပေါ်မှာ အနီရောင်အနာများ အဖြူဖတ်များ
အမြဲတမ်းရှိနေပြီး ၄င်းတို့ဟာ ရက်သတ္တပါတ် ၃ပါတ် အတွင်း အနာကျက်သွားခြင်း၊
ပျောက်သွားမှု မရှိခြင်း ဖြစ်ပါတယ်။ ခံတွင်းကင်ဆာရဲ့ ပထမဦးဆုံးသော
လက္ခဏာကတော့ မကျက်နိုင်တဲ့ ပါးစပ်အနာ (သို့မဟုတ်) မပျောက်နိုင်သော
အနီရောင်အနာနဲ့ အဖြူဖတ်များပဲ ဖြစ်ပါတယ်။

ဒါကြောင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်ထံ သွားရောက်ပြီး
ကြိုတင်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။ စောစောစီးစီး ဖော်ထုတ်နိုင်လေ
ပျောက်ကင်းဖို့ အခွင့်အလမ်းများလေ ဖြစ်ပါတယ်။

၃။ လက်သည်းတွေကို ကြည့်လိုက်ပါ
သင့်လက်သည်းတွေကို စစ်ဆေးကြည့်ရှုလိုက်တဲ့အခါ အဖြူကွက်လေးတွေ တွေ့နေရရင်
ဇင့်သတ္တုဓာတ် ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ပါ တယ်။ လက်သည်းတွေက အလွယ်တကူ
ကွဲအက်လွယ်တယ် ဆိုရင်တော့ မရှိမဖြစ်အဆီတွေနည်းပါးနေလို့ ဖြစ်နိုင်ပါတယ်။
သင့်လက် သည်းရဲ့ နောက်ခံအရောင်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့
ပန်းနုရောင်ဖြစ်နေရဲ့လားဆိုတာ ကြည့်ရပါမယ်။ တကယ်လို့ အဲဒီမှာ အပြာ
ရောင်သန်းနေပြီဆိုရင်တော့ သွေးလှည့်ပတ်စီးဆင်းခြင်းမှာ ပြဿနာတစ်ခုခု
ရှိနေနိုင်ပါပြီ။ တစ်ဝက်က ပန်းရောင်ဖြစ်ပြီး နောက်တစ်ဝက် က
အဖြူရောင်ဖြစ်နေတယ်ဆိုရင်လည်း ကျောက်ကပ်ရောဂါများဖြစ်နေတာကို
ညွှန်ပြနေတာဖြစ်ပြီး အ၀ါရောင်ထူထူ ဖြစ်နေပြီဆိုရင်
တော့အဆုတ်ရောဂါများတစ်ခုခု ဖြစ်နေတာကို ညွှန်ပြပါတယ်။

၎။ သင့်အရေပြားကို အနီးကပ်လေ့လာ ကြည့်ရှုစစ်ဆေးပါ
သင်ဟာ အသက် ၂၅နှစ်ကျော်ပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး
အရေပြားပေါ်မှာ အစက်အပြောက်တွေ ပုံမှန်ထက် ပိုနေတယ်ဆိုရင်
သင့်မှာဟော်မုန်းဓာတ်မျှခြေမရှိတာကို ညွှန်ပြနေပါတယ်။ ကြာရင်
သားဥအိမ်အကျိတ် (သို့မဟုတ်) တင်းပါးဆုံရိုးအတွင်း ရောင်ရမ်းမှု ရောဂါ
ဖြစ်ပွားလာနိုင်ပါတယ်။ ဒါပေမယ့် ထိတ်လန့်သွားစရာတော့မလိုပါဘူး။
ယနေ့ခေတ်မှာတော့ ပြေးလွှားလှုပ်ရှားနေရတဲ့ လူနေမှု စရိုက်ကြောင့်
ဝက်ခြံပေါက်တဲ့ လူကြီးအရေအတွက် ပိုမိုများပြားနေပါတယ်။ ဒါပေမဲ့
သင့်ရဲ့အရေပြားကို စောင့်ကြည့်စစ်ဆေးနေခြင်းကို တော့
လုပ်နည်းလုပ်စဉ်တစ်ရပ်အဖြစ် ပြုလုပ်သင့်ပါတယ်။ အရေပြားကင်ဆာ ဖြစ်ပွားမှုဟာ
အမျိုးသမီးများမှာ ပိုပြီးအဖြစ်များလာနေ ပါတယ်။ ဒါကြောင့်
သင့်အရေပြားပေါ်က မှဲ့တွေ ပုံသဏ္ဌာန်ပြောင်းလာရာမှာ ပိုပြီးအရောင်ရင့်လာတာ၊
သွေးစိမ့်ထွက်လာတာမျိုးတွေကို သတိထားမိရင် ဆရာဝန်နဲ့ ချက်ချင်းသွားရောက်
တွေ့ဆုံဆွေးနွေးအကြံဥာဏ်ယူသင့်ပါတယ်။

၅။ သင့်ရဲ့ခါး အချိုးအစားကို တိုင်းပါ။
သင့်ရဲ့ခါး အတိုင်းအတာဘယ်လောက်ရှိတယ် ဆိုတာ သိရရုံတင်မက အပိုအလေးချိန်တွေ
ဘယ်လောက်ရှိနေပြီလဲ ဆိုတာကိုပါ သိနိုင် ပါပြီ။ သင့်ရဲ့ကျန်းမာရေး
ဘယ်လောက်ကောင်းသလဲဆိုတာကိုလည်း သိနိုင်တဲ့ အညွှန်းကိန်းဖြစ်ပါတယ်။
ခါးပတ်လည်ကို တိုင်းတာပါ။ ၈၁ စင်တီမီတာနဲ့ ၈၈ စင်တီမီတာကြားရှိနေရင်
ကျန်းမာရေး ထိခိုက်နိုင်တဲ့ အခွင့်အလမ်းများပါတယ်။ ဥပမာ နှလုံးရောဂါ၊
ဆီးချိုသွေးချို ရောဂါ၊ ကင်ဆာရောဂါ...စတဲ့ ကျန်းမာရေး ပြဿနာများ
ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေအနေ ရောက်နေရင် ကိုယ်အလေးချိန်လျှော့ဖို့
အကြံပေးလာပါတယ်။ သုတေသီများရဲ့ အကြံပေးချက်အရ ပိုနေတဲ့ ကိုယ်အလေးချိန်ရဲ့
၅%မှ ၁၀%လောက်ထိ လျှော့ချနိုင်ရင်ကိုပဲ သင့်ရဲ့အထွေထွေ ကျန်းမာရေးကို
ကြီးမားသောပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်တဲ့။ ကိုလက်စထရောပမာဏကို
ကျဆင်းသွားစေနိုင်ပြီး ဆီးချိုသွေးချို ဖြစ်နိုင်ခြေ အခွင့်အလမ်းလည်း
နည်းသွားမယ်လို့ ဆိုထားပါတယ်။

၆။ နားနေစဉ် သွေးခုန်နှုန်းကိုတိုင်းပါ
လက်ကောက်ဝတ် (သို့မဟုတ်) လည်ပင်းရှိ
သွေးကြောရဲ့သွေးခုန်နှုန်းကိုတိုင်းနိုင်ပါတယ်။ လက်ပတ်နာရီက စက္ကန့်တံကို
ကြည့်ပြီး တစ်မိနစ်လျှင် သွေးခုန်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာ
တိုင်းတာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် သွေးခုန်နှုန်း နှေးလေ
သင်ဟာပို၍ ကြံ့ခိုင်လေပါပဲ။ ပျှမ်းမျှခြင်းအားဖြင့် လူကြီးတစ်ယောက်ရဲ့
သွေးခုန်နှုန်းဟာ တစ်မိနစ်လျှင် ၆၀မှ ၁၀၀ကြားရှိရပါတယ်။ ကာယလေ့ကျင့်ခန်း
ယူပြီးပြီးချင်းတိုင်းတဲ့ သွေးခုန်နှုန်းနဲ့ နောက်ထပ် ၂မိနစ်ကြာမှ
ထပ်တိုင်းတဲ့ သွေးခုန်နှုန်းတို့ကို ပျှမ်းမျှယူခြင်းဖြင့်
ပြန်လည်နာလန်ထူတဲ့နှုန်း ကိုရနိုင်ပါတယ်။ ကာယလေ့ကျင့်ခန်း
ပြုလုပ်ခြင်းကြောင့် သင့်ရဲ့ ကြံ့ခိုင်နှုန်း ပိုကောင်းလာနိုင်ပါတယ်။
ကျလာတာကို တွေ့ရပါမယ်။

၇။ ဆံပင်စမ်းသပ်ခြင်း
ဆံပင်တစ်ချောင်းကို နုတ်လိုက်ပြီး လက်ချောင်းများကြားမှာ
တစ်ဖက်စီမှကိုင်ကာ ဆံပင်မပြတ်စေဘဲ ဆွဲဆန့်လို့ရနိုင်သမျှ ဆန့်ကြည့်ပါ။
ကျန်းမာတဲ့ဆံပင်ဟာ ၅%ခန့်ထိ ဆွဲဆန့်လို့ ရနိုင်ပါတယ်။ ဆံပင်
သန်စွမ်းစေရန်အတွက် အသားဓာတ်လုံလောက်စွာ စားခြင်း၊ အစေ့
အဆန်များစားခြင်း၊ ကြက်ဥနဲ့ပဲများစားခြင်း စသည်တို့ကိုပြုလုပ်ရပါတယ်။
အိန္ဒိယလူမျိုးများလို ဆံပင်ကို နှိပ်နယ်ပေးခြင်းဟာလည်း ဆံပင်အိတ်များကို
လှုံ့ဆော်ပေးရာရောက်တဲ့အတွက် ဆံပင်ကို သန်စွမ်းရှည်လျားလာစေနိုင်ပါတယ်။

၈။ အသက်ရှူပုံကို စစ်ဆေးခြင်း
လက်နှက်ဘက်ကို ခွက်သဏ္ဌာန်ပြုပြီး အဲဒီအထဲကို
အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်ပါ။ ပြီးတော့ ဘာအနံ့ရသလဲဆိုတာကို အနံ့ခံ
ကြည့်ပါ။ အနံ့ဆုံးဖြစ်စေသောအရာ အများကြီးရှိပါသည်။ ပူစပ်သောအစားအစာများ၊
ဆေးဝါးများ ဆေးလိပ်သောက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ အနံ့ဆိုးထွက်ခြင်းဟာ
သွားဖုံးရောဂါရဲ့ ပထမဦးဆုံးသော လက္ခဏာ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးများ
စုပြုံလာတာ ကြောင့်ဖြစ်ပါတယ်။ ပိုပြီးဆိုးတဲ့ တခြားကျန်းမာရေး
ပြဿနာများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ အနံ့သည် သစ်သီးအနံ့မျိုး
ထွက်နေရင် ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ ရှိပါတယ်။ အနံ့ဆိုး
ထွက်နေရင်တော့သွားပွတ်တံနဲ့ သွားကိုသေချာစွာတိုက်ပြီး ခံတွင်း
သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။

ဒေါက်တာ ဖြူပြာနွယ်

Friday, June 17, 2011

ပဲပြားအုန်းနို့ နှင့် ငါးအိုးကပ်

ပဲပြားအုန်းနို့
ပဲပြား - ၂တုံး
အုန်းသီး - ၁လုံး
ဆီ - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
ကြက်သွန်နီ - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ချင်း(ဂျင်း) - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပဲငံပြာရည် - အနည်းငယ်
ပဲပြား ၂တုံးကို အရွယ်တော်လေး များများရအောင်လှီးပြီး ပဲငံပြာရည်နှင့်နယ်ကာ ခဏနှပ်ထားပါ။ အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီ ဆူလာလျှင် ပဲပြားတုံးလေးများထည့်၍ ကြော်ပါ။ ငရုတ်သီး အနည်းငယ်နှင့် ကြက်သွန်ဖြူ ရောထောင်းထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်နှင့် အရောင်တင်မှုန့် ရော၍ဆီသတ်ပါ။ ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူဆက်ထည့်ပါ။ အရောင်ရဲ လာလျှင် ကြော်ထားသော ပဲပြားတုံးလေးများ ထည့်ချက်ပါ။ ပြီးနောက် အုန်းနို့ရည်ထည့်၍ ပွက်လာသည်အထိအုပ်ထားလိုက်ပါ။ အပေါ့ အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ အနံ့မွှေးရန် ချင်းအနည်းငယ်ထည့်ပါ။ ချက်ထားသော ပဲပြားအုန်းနို့ဟင်း ပွက်လာလျှင် ပန်းကန်ထဲသို့ထည့်၍ အသင့်သုံးဆောင်နိုင်ပါပြီ။
ငါးအိုးကပ်
ငါးသစ်တုံး (ငါးပျက်) - ၅ကျပ်သား
ကြက်သွန်ဖြူ/နီ - အနည်းငယ်
ဆီ - အနည်းငယ်
ဆား/သကြား - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပုစွန်ငါးပိ - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
နံနံပင် - အနည်းငယ်
အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ တည်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့် အနည်းငယ်ကိုရောထောင်းထားပါ။ ကြက်သွန်နီအနည်း ငယ်ကို ပါးပါးလှီးထားပါ။  ဆီဆူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများပါ ထည့်၍ဆီသတ်ပါ။ ဆီကျက်နေအောင် သတ်ပြီးလျှင် အိုးထဲသို့ ငါးသစ်တုံးလေးများထည့်၍ မွှေပါ။ မန်ကျည်းရည် အနည်းငယ် ထည့်၍မွှေပါ။ အပေါ့အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ ခေတ္တကြာလျှင် ချက်ထားသော ငါးအိုးကပ်လေးများပေါ်သို့ နံနံပင် အနည်းငယ်အုပ်၍ ပန်းကန်ပြားထဲသို့ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။